Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
Jātaka-aṭṭhakathā(Paṭhamo bhāgo)
Jātaka-aṭṭhakathā(Paṭhamo bhāgo)

[47] 7. Vāruṇidūsakajātakavaṇṇanā

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

**န ဝေ အနတ္ထကုသလေနာ**တိ ဣဒံ၊ န ဝေ အနတ္ထကုသလေန အစရှိသော ဤတရားဒေသနာတော်ကို။ သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။ ဝါရုဏိဒူသကံ အာရဗ္ဘ ကထေသိ၊ သေရည်ဖျက်သူကို အကြောင်းပြု၍ ဟောတော်မူပြီ။
အနာထပိဏ္ဍိကဿ သဟာယော၊ အနာထပိဏ်သူဌေး၏ သူငယ်ချင်းဖြစ်သော။ ဧကော ဝါရုဏိဝါဏိဇော၊ တစ်ယောက်သော သေရည်ကုန်သည်သည်။ တိခိဏံ ဝါရုဏိံ ယောဇေတွာ၊ ထက်စွာသော သေရည်ကို ဖော်စပ်၍။ ဟိရညသုဝဏ္ဏာဒီနိ ဂဟေတွာ၊ ငွေရွှေစသည်တို့ကို ယူ၍။ ဝိက္ကိဏန္တော မဟာဇနေ သန္နိပတိတေ၊ ရောင်းနေသော် လူအများသည် စုဝေးသော်။ "တာတ တွံ မူလံ ဂဟေတွာ၊ အို အမောင် သင်သည် တန်ဖိုးကို ယူ၍။ ဝါရုဏိံ ဒေဟီတိ၊ သေရည်ကို ပေးလေ"ဟု။ အန္တေဝါသိကံ အာဏာပေတွာ၊ အနီးနေတပည့်ကို စေခိုင်း၍။ သယံ နှာယိတုံ အဂမာသိ၊ မိမိသည် ‌ရေချိုးခြင်းငှာ သွားပြီ။
အန္တေဝါသိကော မဟာဇနဿ၊ အနီးနေတပည့်သည် လူအများကား။ ဝါရုဏိံ ဒေန္တော၊ သေရည်ကို ပေးသော်။ မနုဿေ အန္တရန္တရာ၊ လူတို့ကို အကြားအကြား၌။ လောဏသက္ခရာ အာဟရာပေတွာ၊ ဆားပွင့်တို့ကို ဆောင်ယူစေ၍။ ခါဒန္တေ ဒိသွာ၊ စားသည်တို့ကို တွေ့၍။ "အယံ သုရာ အလောဏိကာ ဘဝိဿတိ၊ ဤသေရည်သည် ဆားမပါသည် ဖြစ်လတံ့။ လောဏံ ဧတ္ထ ပက္ခိပိဿာမီတိ၊ ဆားကို ဤသေရည်၌ ထည့်အံ့"ဟု တွေး၍။ သုရာစာဋိယံ၊ သေရည်အိုးတုတ်ကြီး၌။ နာဠိမတ္တံ လောဏံ ပက္ခိပိတွာ၊ တစ်စလယ်မျှသော ဆားကို ခတ်ထည့်၍။ တေသံ သုရံ အဒါသိ၊ ထိုသူတို့အား သေရည်ကို ပေးပြီ။
တေ မုခံ၊ ထိုသူတို့သည် ခံတွင်းကို။ ပူရေတွာ ပူရေတွာ ဆဍ္ဍေတွာ၊ ပြည့်စေ၍ ပြည့်စေ၍ ထွေးစွန့်ပစ်၍။ ကိံ တေ ကတန္တိ ပုစ္ဆိံသု၊ အဘယ်ကို သင်သည် ပြုအပ်သနည်း"ဟု မေးကြပြီ။
တုမှေ သုရံ ပိဝိတွာ၊ သင်တို့သည် သေရည်ကို သောက်၍။ လောဏံ အာဟရာပေန္တေ ဒိသွာ၊ ဆားကို ဆောင်ယူစေသည်တို့ကို တွေ့ရ၍။ လောဏေန ယောဇေသိန္တိ၊ ဆားနှင့် ယှဉ်စေပြီဟု ဖြေပြီ။
ဧဝရူပံ မနာပံ ဝါရုဏိံ နာမ၊ ဤသို့သဘောရှိသော နှစ်သက်ဖွယ်သော သေရည်မည်သည်ကို။ နာသေသိ ဗာလာတိ၊ မင်းဖျက်ဆီး၏ လူအ,ဟု။ တံ ဂရဟိတွာ၊ ထိုတပည့်ကို ကဲ့ရဲ့၍။ ဥဋ္ဌာယုဋ္ဌာယ ပက္ကန္တာ၊ ထ၍ ထ၍ ဖဲသွားကုန်ပြီ။
ဝါဏိဇော အာဂန္တွာ၊ သေရည်ကုန်သည်သည် ရေချိုးပြန်လာ၍။ ဧကမ္ပိ အဒိသွာ၊ တစ်ယောက်ကို သော်မှလည်း မတွေ့၍။ "ဝါရုဏိပါယကာ ကဟံ၊ သေရည်သောက်သူတို့သည် အဘယ်သို့။ ဂတာတိ ပုစ္ဆိ၊ သွားကြသနည်း"ဟု မေးပြီ။ သော တမတ္ထံ အာရောစေသိ၊ ထိုတပည့်သည် ထိုအကြောင်းကို ပြောပြပြီ။
အထ နံ အာစရိယော၊ ထိုအခါ ထိုတပည့်ကို ပိုင်ရှင်ဆရာသည်။ "ဗာလ ဧဝရူပါ သုရာ နာမ၊ အို လူအ ဤသို့သဘောရှိသော ထက်သော သေရည်မည်သည်ကို။ တေ နာသိတာတိ ဂရဟိတွာ၊ မင်းသည် ဖျက်ဆီးအပ်ပြီ"ဟု ကဲ့ရဲ့၍။ ဣမံ ကာရဏံ အနာထပိဏ္ဍိကဿ အာရောစေသိ၊ ဤအကြောင်းကို အနာထပိဏ်သူဌေးအား ပြောပြပြီ။
အနာထပိဏ္ဍိကော၊ အနာထပိဏ်သူဌေးသည်။ ဣဒါနိ မေ၊ ယခုအခါ ငါ့မှာ။ ဣဒံ ကထာပါဘတံ အတ္ထီတိ၊ ဤစကားလက်‌ဆောင်သည် ရှိ၏"ဟု တွေး၍။ ဇေတဝနံ ဂန္တွာ၊ ဇေတဝန်ကျောင်းတော်သို့ သွား၍။ သတ္ထာရံ ဝန္ဒိတွာ၊ ဘုရားရှင်ကို ရှိခိုး၍။ ဧတမတ္ထံ အာရောစေသိ၊ ဤအကြောင်းကို လျှောက်ထားပြီ။
သတ္ထာ၊ ဘုရားရှင်သည်။ "ဂဟပတိ ဧသော၊ အို သူကြွယ် ဤတပည့်သည်။ ဣဒါနေဝ န ဝါရုဏိဒူသကော၊ ဤယခုအခါ၌သာ သေရည်ကို ဖျက်ဆီးတတ်သည် မဟုတ်သေး။ ပုဗ္ဗေပိ ဝါရုဏိဒူသကောယေဝါတိ၊ ရှေးကလည်း သေရည်ဖျက်ဆီးတတ်သည်သာတည်း"ဟု။ ဝတွာ တေန ယာစိတော၊ မိန့်တော်မူ၍ ထိုအနာထပိဏ်သူဌေးသည် တောင်းပန်အပ်ရကား။ အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။ ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။ ဗောဓိသတ္တော ဗာရာဏသိယံ၊ ဘုရားလောင်းသည် ဗာရာဏသီမြို့၌။ သေဋ္ဌိ အဟောသိ၊ သူဌေးသည် ဖြစ်ပြီ။
တံ ဥပနိဿာယ၊ ထိုဘုရားလောင်းသူဌေးကို အားကိုးတစ်ခု အမှီကြီးပြု၍။ ဧကော ဝါရုဏိဝါဏိဇော ဇီဝတိ၊ တစ်ယောက်သော သေရည်ကုန်သည်သည် အသက်မွေး၏။
သော တိခိဏံ သုရံ ယောဇေတွာ၊ ထိုသေရည်ကုန်သည်သည် ထက်စွာသော သေရည်ကို ဖောါ်စပ်၍။ ဣမံ ဝိက္ကိဏာဟီတိ၊ ဤသေရည်ကို ရောင်းလော့ဟု။ အန္တေဝါသိကံ ဝတွာ၊ တပည့်ကို မှာခဲ့၍။ နှာယိတုံ ဂတော၊ ရေချိုးခြင်းငှာ သွားပြီ။
အန္တေဝါသိကော တသ္မိံ ဂတမတ္တေယေဝ၊ တပည့်သည် ထိုပိုင်ရှင်ဆရာသည် သွားကာမျှသော်သာလျှင်။ သုရာယ လောဏံ ပက္ခိပိတွာ၊ သေရည်၌ ဆားကို ထည့်၍။ ဣမိနာဝ နယေန သုရံ ဝိနာသေသိ၊ ဤဆိုခဲ့ပြီးနည်းဖြင့်ပင် သေရည်ကို ဖျက်ဆီးပြီ။
အထ အဿ၊ ထိုအခါ ထိုတပည့်၏။ အာစရိယော အာဂန္တွာ၊ ပိုင်ရှင်ဆရာသည် လာ၍။ တံ ကာရဏံ ဉ တွာ၊ ထိုအကြောင်းကို သိ၍။ သေဋ္ဌိဿ အာရောစေသိ၊ ဘုရားလောင်းသူဌေးအား ပြောပြီ။
သေဋ္ဌိ၊ ဘုရားလောင်းသူဌေးသည်။ "အနတ္ထကုသလာ ဗာလာ နာမ၊ အတ္ထနားမလည် အနတ္ထနားလည်ကုန်သော ဖျင်းအလွန်းသူတို့မည်သည်။ အတ္ထံကရိဿာမီတိ၊ အကျိုးကို ပြုမည်ဟုတွေး၍။ အနတ္ထမေဝ ကရောန္တီတိ ဝတွာ၊ အကျိုးမဲ့ကိုသာ ပြုကြ၏"ဟု ပြောဆိုပြီး၍။ ဣမံ ဂါထံ အာဟ၊ ဤဂါထာကို ရွတ်ဆိုပြီ။ ဂါထာအနက်ကား--
၄၇။ အနတ္ထ ကုသလေန အတ္ထစရိယာ ဣမံ ဂါထံ အာဟ၊ အကျိုးနားမလည် အကျိုးမဲ့နားလည်သူသည် အကျိုးရအောင် ပြုကျင့်ခြင်းသည်။ ဝေ န သုခါဝဟာ၊ စင်စစ်ဧကန် ချမ်းသာကို မဆောင်တတ်။
ကောဏ္ဍညော ဝါရုဏိံ၊ တပည့်ကောဏ္ဍညသည် သေရည်ကို။ ဟာပေတိ ယထာ၊ ဆုတ်ယုတ်စေ, ပျက်စီးစေသကဲ့သို့။ ဧဝံ၊ ဤအတူ။ ဒုမ္မေဓော အတ္ထံ ဟာပေတိ၊ ပညာမဲ့သူ, လူအ,သည် အကျိုးကို ဆုတ်ယုတ်‌စေ၏။
တတ္ထ၊ ထိုဂါထာ၌။ **ကောဏ္ဍညော ဝါရုဏိံ ယထာ**တိ၊ ကောဏ္ဍညော ဝါရုဏိံ ယထာ ဟူသည်ကား။ ကောဏ္ဍညနာမကော အယံ အန္တေဝါသိကော၊ ကောဏ္ဍည အမည်ရှိသော ဤတပည့်သည်။ အတ္ထံ ကရိဿာမီတိ၊ အကျိုးကို ပြုအံ့ဟု တွေး၍။ လောဏံ ပက္ခိပိတွာ၊ ဆားကို ထည့်၍။ ဝါရုဏိံ ဟာပေသိ ပရိဟာပေသိ ဝိနာသေသိ ယထာ၊ သေရည်ကို ဆုတ်ယုတ်စေသကဲ့သို့။ ဝိနာသေတိ ယထာ၊ ပျက်စီးစေသကဲ့သို့။ ဧဝံ သဗ္ဗောပိ အနတ္ထကုသလော၊ ဤအတူသာ တစ်ယောက်တည်း သာမက, အလုံးစုံလည်းဖြစ်သော အနတ္ထနားလည် အတ္ထနားမလည်သူသည်။ အတ္ထံ ဟာပေတိ၊ အကျိုးကို ဆုတ်ယုတ်စေ၏တည်း။ ဣတိ ဗောဓိသတ္တော၊ ဤသို့ ဘုရားလောင်းသည်။ ဣမာယ ဂါထာယ ဓမ္မံ ဒေသေသိ၊ ဤဂါထာဖြင့် တရားကို ‌ဟောပြီ။
သတ္ထာပိ၊ ဘုရားရှင်သည်လည်း။ "ဂဟပတိ ဧသော၊ သူကြွယ် ဤတပည့်သည်။ ဣဒါနေဝ န ဝါရုဏိဒူသကော၊ ယခုအခါ၌သာ သေရည်ဖျက်ဆီးတတ်သည် မဟုတ်သေး။ ပုဗ္ဗေပိ ဝါရုဏိဒူသကောယေဝါတိ ဝတွာ၊ ရှေး၌လည်း သေရည်ဖျက်ဆီးဖူးသည်သာ"ဟု မိန့်တော်မူ၍။ အနုသန္ဓိံ ဃဋေတွာ၊ အနုသန္ဓေကို စပ်တော်မူ၍။
**တဒါ ဝါရုဏိဒူသကော၊ ထိုအခါက သေရည် ဆားထည့် ဖျက်ဆီးခဲ့သော တပည့်သည်။ ဣဒါနိပိ ဝါရုဏိဒူသကောဝ အဟောသိ၊ ယခုအခါ၌လည်း သေရည်ဆားထည့် ဖျက်တတ်သော တပည့်သည်သာ ဖြစ်လာပြီ။ ဗာရာဏသိသေဋ္ဌိ ပန အဟမေဝ အဟောသိန္တိ၊ ဗာရာဏသီသူဌေးသည်ကား ငါဘုရားသည်သာ ဖြစ်လာပြီ"ဟု။ ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
**ဝါရုဏိဒူသကဇာတကဝဏ္ဏနာ သတ္တမာ**၊ **ခုနစ်ခုမြောက် ဖြစ်သော ဝါရုဏိဒူသကဇာတ် အဖွင့်တည်း။**