Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
Jātaka-aṭṭhakathā(Paṭhamo bhāgo)
Jātaka-aṭṭhakathā(Paṭhamo bhāgo)

[143] 3. Virocajātakavaṇṇanā

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

**လသီ စ တေ နိပ္ဖလိတာ** တိ ဣဒံ၊ လသီ စ တေ နိပ္ဖလိတာအစရှိသော ဤတရားဒေသနာတော်ကို။ သတ္ထာ ဝေဠုဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ်။ ဒေဝဒတ္တဿ ဂယာ သီသေ၊ ဒေဝဒတ်၏ ဂယာသီသ၌။ သုဂတာလယဿ ဒဿိတဘာဝံ၊ ဘုရားဟန်ပန်ကို ပြသည့် အဖြစ်ကို။ အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
ဟိ ဒေဝဒတ္တော၊ ချဲ့ပြောရသော် ဒေဝဒတ်သည်။ ပရိဟီနဇ္ဈာနော၊ ယုတ်လျော့သော ဈာန်ရှိသော် (ဈာန်လျောလတ်သော်)။ လာဘသက္ကာရပရိဟီနော၊ လာဘ်ပူဇော်သက္ကာရ ဆုတ်ယုတ်သော်။ “ဧကော ဥပါယော၊ တစ်ခုသော နည်းလမ်းသည်။ အတ္တီတိ စိန္တေတွာ၊ ရှိ၏”ဟု တွေးပြီး၍။ ပဉ္စဝတ္ထူ နိ၊ ငါးမျိုးကုန်သော အကြောင်းအရာတို့ကို။ သတ္ထာရံ ယာစိတွာ၊ ဘုရားရှင်ကို တောင်းဆို၍။ အလဘမာနော၊ မရသော်။ ဒိန္နံ အဂ္ဂသာဝကာနံ၊ နှစ်ပါးကုန်သော အဂ္ဂသာဝကတို့၏။ သဒ္ဓိဝိဟာရိကေ၊ အတူနေတပည့်ဖြစ်ကုန်သော။ အ ဓုနာ ပဗ္ဗဇိတေ၊ ယခုမှ ရှင်ရဟန်းပြုကြ ကုန်သော။ ဓမ္မဝိနယမှိ အကောဝိဒေ၊ ဓမ္မဝိနယ၌ မလိမ်မာကြကုန်သော။ ပဉ္စသတေ ဘိက္ခူ၊ ငါးရာကုန်သော ရဟန်းတို့ကို။ ဂဟေတွာ၊ ဆွဲဆောင်ယူ၍။ ဂယာသီသံ ဂန္တွာ၊ ဂယာသီသသို့ သွား၍။ သံယံ ဘိန္ဒိတွာ၊ သံဃာကို သင်းခွဲ၍။ ဧကသီမာယံ အာဝေဏိကံ၊ တစ်သိမ်တည်း၌ သီးခြားဖြစ်သော။ သံဃကမ္မံ အကာသိ၊ သံဃကံကို ပြုပြီ။
သတ္ထာ တေသံ ဘိက္ခူနံ၊ ဘုရားရှင်သည် ထိုရဟန်း ငါးရာတို့၏။ ဉာဏပရိပါကကာလံ ဉတွာ၊ ဉာဏ်ရင့်ကျက်ရာအခါကို သိတော်မူ၍။ ဒွေ အဂ္ဂသာဝကေ ပေသေသိ၊ အဂ္ဂသာဝကနှစ်ပါးတို့ကို စေလွှတ်တော်မူပြီ။
တေ ဒိသွာ၊ ထိုအဂ္ဂသာဝကနှစ်ပါးတို့ကို တွေ့မြင်ရ၍။ ဒေဝဒတ္တော တုဋ္ဌမာနသော၊ ဒေဝဒတ်သည် နှစ်သက်သော စိတ်ရှိ၍။ ရတ္တိံ ဓမ္မံ ဒေသယမာနော၊ ည၌ တရားကို ဟောသော်။ “ဗုဒ္ဓလီလံ ကရိဿာမီတိ၊ ဘုရားတို့ စံပယ်မှုကို ပြုမည်”ဟု။ သုဂတာလယံ ဒဿန္တော၊ ဘုရားဟန်ပန်ကို ပြလျက်။ “အာဝုသော သာရိပုတ္တ၊ ငါ့ရှင် သာရိပုတ္တရာ။ ဘိက္ခု သင်္ဃော၊ ရဟန်းအပေါင်း သည်။ ဝိဂတထိနမိဒ္ဓေါ ခေါ၊ ကင်းသော ထိနမိဒ္ဓရှိသည်သာ။ ဘိက္ခူနံ ဓမ္မိကထာ၊ ရဟန်းတို့အတွက် တရားစကားသည်။ တံ ပိဋ္ဌိ ဘာတု၊ သင်၏ ဉာဏ်မှာထင်ပါစေ။ ပိဋ္ဌိ၊ ငါ၏ ကျောသည်။ အာဂိလာယတိ၊ နာ၏။ တံ အဟံ၊ ထိုကျောကို ငါသည်။ အာယမိဿာမီတိ ဝတွာ၊ ဆန့်ဦးမည်”ဟု ပြော၍။ နိဒ္ဓံ ဥပဂတော၊ အိပ်ပျော်ခြင်းသို့ ကပ်ရောက်ပြီ။
ဒွေ အဂ္ဂသာဝကာ၊ အဂ္ဂသာဝကနှစ်ပါးတို့သည်။ တေသံ ဘိက္ခူနံ၊ ထိုအတူနေ တပည့်ရဟန်းငါးရာတို့အား။ ဓမ္မံ ဒေသေတွာ၊ တရားကို ဟောကြားပြီး၍။ မဂ္ဂဖလေဟိ ပဗောဓေတွာ၊ မဂ်ဖိုလ်တို့ကို သိစေပြီး၍။ သဗ္ဗေ အာဒါယ၊ ရဟန်းငါးရာအားလုံးကို ခေါ်ယူ၍။ ဝေဠုဝနမေဝ် ပစ္စာဂမိံ သု၊ ဝေဠုဝန်ကျောင်းတော်သို့သာ ပြန်လာကြကုန်ပြီ။
ကောကာလိကော တုစ္ဆံ ဝိဟာရံ၊ ကောကာလိကသည် ရဟန်းမရှိ အချည်းနှီး ဖြစ်နေသော ကျောင်းကို။ ဒိသွာ ဒေဝဒတ္တဿ၊ တွေ့ရ၍ ဒေဝဒတ်၏။ သန္တိကံ ဂန္တွာ၊ အထံသို့ သွား၍။ “အာဝုသော ဒေဝဒတ္တ တေ ပရိသံ၊ အို. . ငါ့ရှင် ဒေဝဒတ် သင်၏ ပရိသတ်ကို။ ဘိန္ဒိတွာ ဒွေ အဂ္ဂသာဝကာ၊ ဖျက်ဆီး၍ အဂ္ဂသာဝက နှစ်ပါးတို့သည်။ ဝိဟာရံ တုစ္ဆံ၊ ကျောင်းကို အချည်းနှီးဟောင်းလောင်း ဖြစ်နေ သည်ကို။ ကတွာ ဂတာ၊ ပြု၍ သွားကြကုန်ပြီ။ တွံ ပန နိဒ္ဒါယသိယေဂ၊ သင်သည် ကား အိပ်နေဆဲသာတည်း”။ ဣတိ ဝတာ၊ ဤသို့ ပြော၍။ အဿ ဥတ္တရာသင်္ဂ အပနေတွာ၊ ထိုဒေဝဒတ်၏ ဧကသီကို ဖယ်ရှား၍။ ဘိတ္တိယံ ပိဋ္ဌိကဏကံ ဖုသန္တော ဝိယ၊ နံရံ၌ ကျောရိုးကို တွေ့ထိမသကဲ့သို့။ ပဏ္ဍိယာ နံ၊ ဖနောင့်ဖြင့် ထိုဒေဝဒတ်ကို။ ဟဒယေ ပဟရိ၊ ရင်၌ ကန်ကျောက်ပြီ။
တာဝဒေဝ အဿ မုခတော၊ ထိုခဏ၌ပင် ထိုဒေဝဒတ်၏ ခံတွင်းမှ။ လောဟိတံ ဥဂ္ဂဉ္ဆိ၊ သွေးသည် အံထွက်ပြီ။
သော တတော ပဋ္ဌာယ၊ ထိုဒေဝဒတ်သည် ထိုနေ့မှ စ၍။ ဂိလာနော အဟောသိ၊ မကျန်းမာသည် ဖြစ်ပြီ။
သတ္ထာ ထေရံ၊ ရှင်တော် ဘုရားသည် ရှင်သာရိပုတ္တရာထေရ်ကို။ “သာရိပုတ္တ၊ အို. သာရိပုတ္တရာ။ တုမှာကံ ဂတကာလေ၊ သင်တို့၏ သွားရာအခါ၌။ ဒေဝဒတ္တော၊ ဒေဝဒတ်သည်။ ကိံ အကာသီတိ ပုစ္ဆ၊ ဘာကို ပြုပြီနည်း”ဟု မေးပြီ။
“ဘန္တေ ဒေဝဒတ္တော၊ အို. ရှင်တော်ဘုရား ဒေဝဒတ်သည်။ အမှေ ဒိသွာ၊ တပည့်တော် တို့ကို တွေ့သော်။ ဗုဒ္ဓလီလံ ကရိဿာမီတိ၊ ဘုရားတို့ စံပယ်မှုကို ပြုအံ့”ဟု။ သုဂတာလယ် ဒဿေတွာ၊ ဘုရားတို့ဟန်ပန်ကို ပြ၍။ မဟာဝိနာသံ ပတ္တောတိ၊ ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်ရှာပြီ”ဟုလျှောက်ထားပြီ။
သတ္ထာ၊ ဘုရားရှင်သည်။ “သာရိပုတ္တ ဒေဝဒတ္တော၊ အို. . သာရိပုတ္တရာ ဒေဝဒတ်သည်။ ဣဒါနေဝ၊ ယခုအခါ၌သာ။ မမ အနုကရောန္တော၊ ငါဘုရားအား အတုပြုရကား။ ဝိနာသံ န ခေါ ပတ္တော၊ ပျက်စီးခြင်းသို့ ရောက်သည်မဟုတ်သေး။ ပုဗ္ဗေပိ၊ ရှေးကလည်း။ ပတ္တောယေဝါတိ ဝတွာ၊ ရောက်ဖူးသည်သာ”ဟု မိန့်တော်မူ၍။ ထေရေန ယာစိတော၊ ရှင်သာရိ ပုတ္တရာထေရ်သည် တောင်းပန်အပ်ရကား။ အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။ ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။ ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ ကေသရသီဟော ဟုတွာ၊ ကေသရာဇာခြင်္သေ့သည် ဖြစ်၍။ ဟိမဝန္တပ္ပဒေသေ၊ ဟိမဝန္တာအရပ်၌။ ကဉ္စနဂုဟာယံ၊ ရွှေဂူ၌။ ဝါသံ ကပွေသိ၊ နေမှုကို ပြုပြီ။
သော ဧကဒိဝသံ၊ ထိုဘုရားလောင်းသည် တစ်နေ့၌။ ကဉ္စနဂုဟာယ နိက္ခမိတွာ၊ ရွှေဂူမှ ထွက်ခဲ့၍။ ဝိဇမ္ဘိ တွာ၊ လူးလာတုံ့ခေါက်စံပယ်ပြီး၍။ စတုဒ္ဒိသံ ဩလောကေတွာ၊ အရပ်လေးမျက်နှာသို့ ကြည့်ပြီး၍။ သီဟနာဒံ နဒိတွာ၊ ခြင်္သေ့သံကို ဟိန်းဟောက်ပြီး၍။ ဂေါစရာယ ပက္ကန္တော၊ အစာအကျိုးငှာ ဖဲသွားသော်။ မဟာမဟိံသံ ဝဓိတွာ၊ ကျွဲကြီးကို ကိုက်သတ်၍။ ဝရမံသံ ခါဒိတွာ၊ ကောင်းမြတ်သော အသားကို စားပြီး၍။ ဧကံ သရံ ဩတရိတွာ၊ တစ်ခုသော ရေအိုင်သို့ သက်ဆင်း၍။ မဏိဝဏ္ဏဿ ဥဒကဿ၊ ပတ္တမြားအဆင်းရှိသော ရေဖြင့်။ ကုစ္ဆိံ ပူရေတွာ၊ ဝမ်းကို ပြည့်စေ၍။ ဂုဟံ သန္ဓာယ ပါယာသိ၊ နေရာ ရွှေဂူကို ရည်မှန်း၍ သွားပြီ။
အထ ဧကော သိင်္ဂါလော၊ ထိုအခါ တစ်ကောင်သော မြေခွေးသည်။ ဂေါစရပ္ပသုတော၊ အစာရှာသွားသော်။ သဟသာဝ သီဟံ၊ အလျင်အမြန်ပင် ခြင်္သေ့ကို။ ဒိသွာ ပလာယိတုံ၊ တွေ့ရ၍ ပြေးသွားခြင်းငှာ။ အသက္ကောန္တော၊ မစွမ်းနိုင်ရကား။ သီဟဿ ပုရတော၊ ခြင်္သေ့၏ ရှေ့၌။ ပါဒေသု ပတိတွာ နိပဇ္ဇိ၊ ခြေတို့၌ လဲကျ၍ ဝပ်ပြီ။
“ကိံ ဇမ္ဗုကာတိ ဝုတ္တေ စ၊ ဘာလဲ ဇမ္ဗူက”ဟု မေးအပ်သော်ကား။ “သာမိ အဟံ၊ အို. . အရှင် ကျွန်တော်မျိုးသည်။ တေ ပါဒေ၊ သင်ခြင်္သေ့မင်း၏ ခြေရင်း၌။ ဥပဋ္ဌာတုကာမောတိ၊ ခစားလိုပါ၏”ဟု။ အာဟ၊ ပြောပြီ။
သီဟော၊ ဘုရားလောင်းခြင်္သေ့သည်။ “သာဓု ဧဟိ၊ ကောင်းပြီ လာပါ။ မံ ဥပဋ္ဌဟ၊ ငါ့ကို ခစားပါ။ ဝရမံသာနိ တံ၊ ကောင်းမြတ်သော အသားတို့ကို သင့်ကို။ ခါဒါပေဿာမီတိ ဝတွာ၊ စားစေမည်”ဟု ပြော၍။ သိင်္ဂါလံ အာဒါယ၊ မြေခွေးကို ခေါ်ယူ၍။ ကဉ္စန ဂုဟံ အဂမာသိ၊ ရွှေဂူသို့ သွားပြီ။
သိင်္ဂါလော တတော ပဋ္ဌာယ၊ မြေခွေးသည် ထိုနေမှ စ၍။ သီဟဝိယာသံ ခါဒတိ၊ ခြင်္သေ့စားကြွင်းကို စားရ၏။
သော ကတိပါဟစ္စယေနေဝ၊ ထိုမြေခွေးသည် နှစ်ရက်သုံးရက် လွန်သဖြင့်သာ။ ထူလသရီရော အဟောသိ၊ ဆူဖြိုးသော ကိုယ်ရှိသည် ဖြစ်ပြီ။
အထ နံ ဧကဒိဝသံ၊ ထိုအခါ ထိုမြေခွေးကို တစ်နေ့၌။ ဂုဟာယ နိပန္နကောဝ၊ ရွှေဂူ၌ အိပ်လျက်ပင်။ သီဟော၊ ဘုရားလောင်းခြင်္သေ့သည်။ “ဇမ္ဗုက ဂစ္ဆ၊ အို.. မြေခွေး သွားပါချေ။ ပဗ္ဗတသိခရေ ဌတွာ၊ တောင်ထွဋ်၌ တည်၍။ ပဗ္ဗတပါဒေ သဉ္စရန္တေသု၊ တောင်ခြေ၌ လှည့်လည်ကျက်စားကုန်သော။ ဟတ္ထိ အဿမဟိံသာဒီသု၊ ဆင် မြင်း ကျွဲစသည်တို့တွင်။ ယဿ မံသံ၊ အကြင် အကောင်၏ အသားကို။ ခါဒိတုကာမော အသိ၊ သင်စားလိုသည် ဖြစ်၏။ တံ ဩလောကေတွာ အာဂန္တွာ၊ ထိုအကောင်ကို ကြည့်၍ လာ၍။ အသုကမံသံ ခါဒိတုကာမော၊ ထိုမည်သော အသားကို စားလိုသည်။ အမှီတိ ဝတွာ၊ ဖြစ်ပါ၏” ဟု ပြောကြား၍။ မံ ဝန္ဒိတွာ၊ ငါ့ကို ရှိခိုး၍။ “သာမိ ဝိရောစ ဣတိ ဝဒါဟိ၊ အိုအရှင်ခြင်္သေ့မင်း တင့်တယ်တော်မူပါဟု ပြောလော့။ အဟံ တံ ဝဓိတွာ၊ ငါသည် သင်စားလိုသည့်ထိုအကောင်ကို သတ်၍။ မဓုရမံသံ ခါဒိတွာ၊ ချိုဆိမ့်သော အသားကို စားပြီး၍။ တုယမ္ပိ ဒဿာမီတိ၊ သင့်အားလည်း ပေးမည်”ဟု။ အာဟ၊ ပြောပြီ။
သိင်္ဂါလော ပဗ္ဗတသိခရံ၊ မြေခွေးသည် တောင်ထွဋ်သို့။ အဘိရုဟိတွာ၊ တက်၍။ နာနပ္ပကာရေ မိဂေ၊ အထူးထူးအပြားပြားကုန်သော သားကောင်တို့ကို။ ဩလောကေတွာ၊ ကြည့်၍။ ယဝ မံသံ၊ အကြင်သားကောင်၏သာ အသားကို။ ခါဒိတုကာမော ဟောတိ၊ စားလိုဖြစ်၏။ ကဉ္စနဂုဟံ ပဝိသိတွာ၊ ရွှေဂူတွင်းသို့ ဝင်ပြီး၍။ တမေဝ သီဟဿ အာရောစေတာ၊ စားလိုသော ထိုသား ကောင်ကိုပင် ခြင်္သေ့အား ပြောကြား၍။ ပါဒေသု ပတိတွာ၊ ခြင်္သေ့မင်းခြေတို့၌ လဲကျ၍။ “ဝိရောစ သာမီတိ ၀ဒတိ၊ တင့်တယ်တော်မူပါ အရှင်ခြင်္သေ့မင်း”ဟု ပြောဆို၏။
သီဟော ဝေဂေန ပက္ခန္ဒိတွာ၊ ခြင်္သေ့သည် အဟုန်ဖြင့် ပြေးသွား၍။ မတ္တဝရဝါရဏော၊ အမုံယစ်သော ဆင်ပြောင်သည်။ သစေပိ ဟောတိ၊ အကယ်၍ လည်း ဖြစ်စေကာမူ။ တက္ကေဝ နံ၊ ထိုနေရာ၌ပင် ထိုဆင်ပြောင်ကို။ ဇီဝိတက္ခယံ ပါပေတွာ၊ အသက်ကုန်ခြင်းသို့ ရောက်စေ၍။ သယမ္ပိ ဝရမံသံ ခါဒတိ၊ ကိုယ်တိုင် လည်း ကောင်းမြတ်သော အသားကို စား၏။ သိင်္ဂါလဿပိ ဒေတိ၊ မြေခွေး အားလည်း ပေး၏ကျွေး၏။
သိင်္ဂါလော ကုစ္ဆိပူရံ၊ မြေခွေးသည် ဗိုက်ပြည့်အောင်။ မံသံ ခါဒိတွာ၊ အသားကို စား၍။ ဂုဟံ ပဝိသိတွာ၊ ဂူထဲသို့ ဝင်၍။ နိဒ္ဒါယတိ၊ အိပ်၏။
သော ကာလေ၊ ထိုမြေခွေးသည် အချိန်သည်။ ဂစ္ဆန္တေ ဂစ္ဆန္တေ၊ ကုန်သွား ကုန်သွားသော်။ အဟမ္ပိ စတုပ္ပဒေါဝ၊ ငါသည်လည်း ခြေလေး ချောင်းရှိသော သားကောင်ပင်တည်း။ ကိံ ကာရဏာ၊ ဘာ့ကြောင့်။ ဒိဝသေ ဒိဝသေ၊ နေ့တိုင်း နေ့တိုင်း။ ပရေဟိ ပေါသိယမာနော၊ သူတစ်ပါးတို့သည် ကျွေးမွေးအပ်လျက်။ ဝိဟရာမိ၊ နေရအံ့နည်း။ ဣတော ပဋ္ဌာယ၊ ဤနေ့မှ စ၍။ အဟမ္ပိ ဟတ္ထိ အာဒယော၊ ငါသည်လည်း ဆင်စသည်တို့ကို။ ဟနိတွာ၊ ကိုယ်တိုင် သတ်၍။ မံသံ ခါဒိဿာမိ၊ အသားကို စားအံ့။ မိဂရာဇာ သီဟောပိ၊ သားတို့မင်းဖြစ်သော ခြင်္သေ့သည်လည်း။ ဝိရောစ သာမီတိ၊ တင့်တယ်တော်မူပါ အရှင်ဟု။ ဝုတ္တံ ပဒံဧဝ၊ ပြောဆိုအပ်သော ပုဒ်ကိုပင်။ နိဿာယ၊ အမှီပြု၍။ ဝရုဝါရဏေ ဝခေတိ၊ ဆင်ပြောင်တို့ကို သတ်၏။ အဟမ္ပိ သီဟေန၊ ငါသည်လည်း ခြင်္သေ့ကို။ ဝိရောစ ဇမ္ဗုကာ၊ တိတင့်တယ်တော်မူပါ ဇမ္ဗူကဟု။ မံ ဝဒါပေကွာ၊ ငါ့ကို ရည်ရွယ်ဆိုစေ၍။ ဧကံ ဝရဝါရဏံ ဝဓိတွာ၊ တစ်ကောင်သော ဆင်ပြောင်ကို သတ်၍။ မံသံ ခါဒိ ဿာမီတိ၊ အသားကို စားမည်”ဟု။ မာနံ ဝသိ၊ မာနကို တိုးပွားစေပြီ။
သော သီဟံ ဥပသင်္ကမိတွာ၊ ထိုမြေခွေးသည် ခြင်္သေ့သို့ ချဉ်းကပ်၍။ “သာမိ မယာ ဒီဃရတ္တံ၊ အို. အရှင်ခြင်္သေ့မင်း အကျွန်ုပ်သည် ရှည်စွာသော ညဉ့်ပတ်လုံး။ တုမှေဟိ၊ အရှင်ခြင်္သေ့မင်းတို့သည်။ ဝဓိတဝရဝါရဏာနံ၊ သတ်ဖြတ်အပ်ပြီး ဆင်ပြောင်ကြီးတို့၏။ မံသံ ခါဒိတံ၊ အသားကို စားခဲ့ရပြီ။ ဧကံ ဝါရဏံ၊ တစ် ကောင်သော ဆင်ပြောင်ကို။ အဟမ္ပိ မာရေတွာ၊ ကျွန်ုပ်သည်လည်း သတ်၍။ မံသံ ခါဒိတုကာမော၊ အသားကို စားလိုပါ၏။ တသ္မာ တုမှေဟိ၊ ထို့ကြောင့် အရှင်ခြင်္သေ့မင်းတို့သည်။ နိပန္နဋ္ဌာနေ၊ အိပ်ရာဌာန၌။ ကဉ္စနဂုဟာယံ၊ ရွှေဂူ၌။ နိပဇ္ဇိဿာမိ၊ အိပ်ပါအံ့(အိပ်ပါရစေ)။ တုမှေ ပဗ္ဗတပါဒေ၊ အရှင်ခြင်္သေ့မင်းတို့သည် တောင်ခြေ၌။ ဝိစရန္တံ ဝရဝါရဏံ၊ ကျက်စားနေသော ဆင်ပြောင်ကို။ ဩလော ကေတွာ၊ ကြည့်ခဲ့ပြီး၍။ မမ သန္တိကံ၊ ကျွန်ုပ်၏ထံသို့။ အာဂန္တွာ၊ လာပြီး၍။ ဝိရောစ ဇမ္ဗုကာတိ၊ တင့်တယ်တော်မူပါ ဇမ္ဗူကဟု။ ဝဒေထ၊ ပြောပေးပါကုန်လော့။ ဧတ္တက မတ္တသ္မိံ၊ ဤမျှလောက်၌။ မစ္ဆေရံ မာ ကရိတ္ထာတိ၊ ဝန်တိုမှုကို မပြုကုန်လင့်”ဟု။
ဧတံ အဝေါစ၊ ဤစကားကို ပြောပြီ။ အထ နံ သီဟော၊ ထိုအခါ ထိုမြေခွေးကို ဘုရားလောင်းခြင်္သေ့သည်။ “ဇမ္ဗူက တွံ၊ အိုမြေခွေး သင်သည်။ ပါရဏေ ဝမိတုံ၊ ဆင်ပြောင်တို့ကို သတ်ခြင်းငှါ။ သမတ္တေ သီဟကုလေ၊ စွမ်းနိုင်သော ခြင်္သေ့မျိုး၌။ န ဥပ္ပန္နော၊ မဖြစ်။ ဝါရဏံ ဝဓိတွာ၊ ဆင်ပြောင်ကို သတ်၍။ မံသံ ခါဒနသမတ္တော၊ အသားကို စားရန်စွမ်းနိုင်သော။ သိင်္ဂါလော နာမ လောကေ၊ မည်သည် လောက၌ မရှိ။ တေ ဧတံ မာ ရုစွိ၊ သင်မြေခွေးအား ဤဆင်ပြောင် သတ်လိုမှုသည် မနှစ်သက်လင့်(သင်ဆင်ပြောင် မသတ်ချင်နှင့်)။ မယာ၊ ငါသည်။ ဝဓိတဝရဝါရဏာနညေဝ၊ သတ်ဖြတ်အပ်ပြီး ဆင်ပြောင်ကြီးတို့၏သာ။ မံသံ ခါဒိတွာ၊ အသားကို စား၍။ ဝသာတိ အာဟ၊ နေပါ”ဟု ပြောပြီ။
သော ဝုတ္တေပိ၊ ထိုမြေခွေးသည် ဤသို့ ပြောအပ်ပါသော်လည်း။ ဝိရမိတုံ န ဣစ္ဆိ၊ ရှောင်ကြဉ်ခြင်းငှါ အလိုမရှိပြီ။ ပုနပ္ပုနံ ယာစိယေဝ၊ ထပ်ခါထပ်ခါ တောင်းဆိုသည် သာတည်း။
သီဟော တံ၊ ဘုရားလောင်းခြင်္သေ့သည် ထိုမြေခွေးကို။ ဝါရေတုံ အသက္ကောန္တော၊ တားမြစ်ခြင်းငှါ မစွမ်းနိုင်ရကား။ သမ္ပဋိစ္ဆိတွာ၊ လက်ခံပြီး၍ ။ “တေန ဟိ မမ၊ ထိုသို့ဖြစ်လျှင် ငါ၏။ ဝသနဌာနံ ပဝိသိတွာ၊ နေရာဌာနသို့ ဝင်၍။ နိပဇ္ဇာတိ၊ အိပ်လော့”ဟုပြော၍။ ဇမ္ဗုကံ ကဉ္စနဂုဟာယံ၊ မြေခွေးကို ရွှေဂူ၌။ နိပဇ္ဇာပေတွာ၊ အိပ်စေ၍။ ပဗ္ဗတပါဒေ မတ္တဝရဝါရဏံ၊ တောင်ခြေ၌ အမုန်ယစ်သော ဆင်ပြောင်ကို။ သယံ ဩလောကေတွာ၊ ကိုယ်တိုင် ကြည့်ပြီး၍။ ဂုဟာဒွါရံ ဂန္တွာ၊ ရွှေဂူတံခါးသို့ သွား၌။ ဝိရောစ ဇမ္ဗုကာတိ အာဟ၊ တင့်တယ် တော်မူပါ အို. မြေခွေး”ဟု ပြောပြီ။
သိင်္ဂါလော ကဉ္စနဂုဟာယ၊ မြေခွေးသည် ရွှေဂူမှ။ နိက္ခမိတွာ ဝိဇမ္ဘိတွာ၊ ထွက်ခဲ့၍ ကွန့်မြူး၍။ စတုဒ္ဒိသံ ဩလောကေတွာ၊ အရပ်လေးမျက်နှာကို ကြည့်ပြီး၍။ တိက္ခတ္တံ ဝဿိတွာ၊ သုံးကြိမ် ဟောင်ပြီး၍။ မတ္တဝရ ဝါရဏဿ၊ အမုန်ယစ်သော ဆင်ပြောင်၏။ ကုမ္ဘေ ပတိဿာမီတိ၊ ဦးကင်း၌ ကျမည်”ဟု။ ပက္ခန္ဒိ တွာ ဝိရဇ္ဈိတွာ၊ ပြေးသွား၍ လွဲချော်၍။ ပါဒမူလေ ပတိ၊ ဆင်ပြောင်ခြေရင်း၌ ကျပြီ။
ဝါရဏာ ဒက္ခိဏပါဒံ၊ ဆင်ပြောင်သည် ညာခြေကို။ ဥက္ခိပိတွာ၊ မ,ချီ၍။ တဿ သီသံ အက္ကမိ၊ ထိုမြေခွေး၏ ဦးခေါင်းကို နင်းပြီ။ သီသဋ္ဌီနိ၊ ခေါင်းရိုးတို့သည်။ စုဏ္ဏဝိစုဏ္ဏာနိ၊ မှုန့်မှုန့်ညက်ညက်တို့သည်။ အဟေသုံ၊ ဖြစ်ကုန်ပြီ။
အထ အဿ သရီရံ၊ ထိုအခါ ထိုမြေခွေး၏ ကိုယ်ကို။ ဝါရဏော၊ ဆင်ပြောင်သည်။ ပါဒေန သင်္ဃ ရိတွာ၊ ခြေထောက်ဖြင့် စုရုံး၍။ ရာသီ ကတွာ၊ အစုအပုံကို ပြု၍။ ဥပရိ လဏ္ဍံ ပါတေတွာ၊ အပေါ်၌ ဆင်ချေးကို ယိုချ၍။ ကောဉ္စနာဒံ နဒန္တော၊ ကြိုးကြာသံကို မည်လျက်။ အရည် ပါဝိသိ၊ တောထဲသို့ ဝင်သွားပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်းခြင်္သေ့သည်။ ဣမံ ပဝတ္တိ ဒိသွာ၊ ဤအဖြစ်ကို တွေ့ရ၍။ “ဇမ္ဗူက ဣဒါနိ၊ အို. မြေခွေး ယခုအခါ။ ဝိရောစ ဣတိ ဝတွာ၊ တင့်တယ်ပါလော့”ဟု ပြောပြီး၍။
တေ လသီ စ နိပ္ဖလိတာ၊ သင်မြေခွေး၏ ဦးနှောက်သည်လည်း ထွက် နေပြီ။ မတ္ထကော စ ပဒါလိတော၊ ဦးခေါင်းကိုလည်း ခွဲအပ်ပြီ။
တေ သဗ္ဗာ ဖါသုကာ ဘဂ္ဂါ၊ သင်၏ အားလုံးကုန်သော နံရိုးတို့သည် ကျိုးကုန်ပြီ။ အဇ္ဇ ခေါ တွံ ဝိရောစသိ၊ ယနေ့ကား သင်သည် တင့်တယ်လှ၏။
တတ္ထ၊ ထိုဂါထာ၌။ **လသီ** တိ မတ္ထလုင်္ဂ၊ လသီဟူသည်ကား ဦးနှောက်တည်း။
**နိပ္ဖလိတာ** တိ နိက္ခန္တာ၊ နိပ္ဖလိတာဟူသည်ကား ထွက်နေပြီတည်း။
ဧဝံ ဗောဓိသတ္တော၊ ဤကဲ့သို့ ဘုရားလောင်းသည်။ ဣမံ ဂါထံ ဝတွာ၊ ဤဂါထာကို ရွတ်ဆိုပြီး၍။ ယာဝတာယုကံ ဌတွာ၊ အသက်ရှည်သမျှ ကာလပတ်လုံး တည်နေပြီး၍။ ယထာကမ္မံ ဂတော၊ ကံအားလျော်စွာ လားပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤဒေသနာတော်ကို ဆောင်တော်မူ၍။
“တဒါ သိင်္ဂါလော၊ ထိုရှေးအခါက မြေခွေးသည်။ ဒေဝဒတ္တော အဟောသိ၊ ဒေဝဒတ်သည် ဖြစ်လာပြီ။ သီဟော ပန၊ ခြင်္သေ့သည်ကား။ အဟမေဝ အဟောသိန္တိ၊ ငါဘုရားသည်သာ ဖြစ်လာပြီ”ဟု။ ဇာတကံ သမော ဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
ဝိရောစဇာတကဝဏ္ဏနာ တတိယာ၊ ဝိရောစဇာတ်အဖွင့်သည်တတိယတည်း။