**ယော ပုဗ္ဗေ ကတကလျာဏော** တိ ဣဒံ၊ ယော ပုဗ္ဗေ ကတကလျာဏော စသော ဤဒေသနာတော်ကို။
သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။
အနာထပိဏ္ဍိကံ အာရဗ္ဘ ကထေသိ၊ အနာထပိဏ်သူဌေးကို အကြောင်းပြု၍ ဟောတော်မူပြီ။
ဧကော ပစ္စန္တဝါသိကော သေဋ္ဌိ၊ တစ်ယောက်သော ပစ္စန္တရာဇ်၌နေသော သူဌေးသည်။
တဿ အဒိဋ္ဌ သဟာယော၊ ထိုအနာထပိဏ်သူဌေး၏ လူချင်းမတွေ့ဘူးသော သူငယ်ချင်းသည်။
အဟောသိ ကိရ၊ ဖြစ်ပြီတဲ့။
သော ဧကဒါ၊ ထိုပစ္စန္တရာဇ်သူဌေးသည် တရံရော အခါ၌။
ပစ္စန္တေ ဥဋ္ဌာနကဘဏ္ဍဿ၊ ပစ္စန္တရာဇ်၌ ထွက်ပေါ်သော ပစ္စည်းဖြင့်။
ပဉ္စသကဋသတာနိ ပူရေတွာ၊ လှည်းငါးရာတို့ကို ပြည့်စေ၍။
ကမ္မန္တိကမနုဿေ၊ ရောင်းဝယ်ရေးလုပ်ငန်းဆောင်ရွက်သူ လူတို့ကို။
“ဂစ္ဆထ ဘော၊ သွားကြ အမောင်တို့။
ဣမံ ဘဏ္ဍီ သာဝတ္ထိ နေတွာ၊ ဤပစ္စည်းကို သာဝတ္ထိမြို့သို့ ဆောင်ယူ၍။
အမှာကံ သဟာယကဿ၊ ငါတို့၏ သူငယ်ချင်းဖြစ်သော။
အနာထ ပိဏ္ဍိကမဟာသေဋ္ဌိဿ၊ အနာထပိဏ်သူဌေးကြီးအား။
ပစ္စဂ္ဃေ န ဝိက္ကဏိတွာ၊ လက်ရှိတန်ဘိုးဖြင့် ပေါက်ဈေးဖြင့် ရောင်းချ၍။
ပဋိဘဏ္ဍိ အာဟရထာတိ အာဟ၊ ပြန်ကုန်ကို ဆောင်ယူခဲ့ကြ”ဟု ပြောပြီ။
တေ သာမူတိ၊ ထိုရောင်းဝယ်ရေး လုပ်ငန်း လုပ်သူတို့သည် ကောင်းပါပြီဟု။
တဿ ဝစနံ သမ္ပဋိ စ္ဆိတွာ၊ ထိုပစ္စန္တရာဇ်သူဌေး၏ စကားကို နာယူ၍။
သာဝတ္ထိ ဂန္တွာ၊ သာဝတ္ထိမြို့သို့ သွား၍။
မဟာသေဋ္ဌိံ ဒိသွာ၊ အနာထပိဏ်သူဌေးကြီးကို တွေ့၍။
ပဏ္ဏာကာရံ ဒတွာ၊ လက်ဆောင်ကို ပေး၍။
တံ ပဝတ္တိ အာရောစေသုံ၊ ထိုမှာလိုက်သောအဖြစ် ကို ပြောကြားကုန်ပြီ။
မဟာသေဋ္ဌိ၊ အနာထပိဏ်သူဌေးကြီးသည်။
ဝေါ သွာဂန္တိ၊ သင်တို့အား ကောင်းသောလာခြင်းတည်းဟုပြော၍။
တေသံ အာဝါသဉ္စ၊ ထိုရောက်လာ သူတို့အား နေရာကိုလည်းကောင်း။
ပရိဗ္ဗယဉ္စ ဒါပေတွာ၊ စားနပ်ရိက္ခာကို လည်းကောင်း ပေးစေ၍။
သဟာယကဿ သုခံ ပုစ္ဆိ တွာ၊ သူငယ်ချင်း သူဌေး၏ ချမ်းသာကြောင်းကို မေးမြန်း၍။
ဘဏ္ဍံ ဝိတ္တိဏိတွာ၊ ပါလာသော ပစ္စည်းကို ရောင်းချပေး၍။
ပဋိဘဏ္ဍံ ဒါပေသိ၊ ပြန်ကုန်ကို ဝယ်ပေးစေပြီ။
တေ ပစ္စန္တံ ဂန္တွာ၊ ထိုကုန်ရောင်းလာသူတို့သည် ပစ္စန္တရာဇ်သို့ ပြန်သွားကြပြီး၍။
တမတ္ထံ၊ ထိုအကြောင်းကို။
အတ္တနော သေဋ္ဌိဿ အာရောစေသုံ၊ မိမိတို့၏ ပစ္စန္တရာဇ်သူဌေး အား ပြောကြားကုန်ပြီ။
အပရဘာဂေအနာထပိဏ္ဍိကောပိ၊ နောင်အဘို့၌ အနာထပိဏ်သူဌေး သည်လည်း။
တထေဝ ပဉ္စ သကဋသတာနိ၊ ထိုနည်းအတူပင် ကုန်လှည်းငါးရာ တို့ကို။
တတ္ထ ပေသေသိ၊ ထိုပစ္စန္တရာဇ်သို့ စေလွှတ်ပြီ။
မနုဿာ တတ္ထ ဂန္တွာ၊ အနာထပိဏ်သူဌေးလူတို့သည် ထိုပစ္စန္တရာဇ်သို့ သွားကြ၍။
ပဏ္ဏာကာရံ အာဒါယ၊ ပေးစရာလက်ဆောင်ကို ယူ၍။
ပစ္စန္တဝါသိကသေဋ္ဌိံ ပဿိံ သု၊ ပစ္စန္တရာဇ်နေသူဌေး ကို တွေ့ကြပြီ။
သော၊ ထိုပစ္စန္တရာဇ်သူဌေးသည်။
ကုတော အာဂစ္ဆထာတိ ပုစ္ဆိတ္တာ၊ ဘယ်မှ လာကြသနည်းဟု မေး၍။
“သာဝတ္ထိတော တုမှာကံ၊ သာဝတ္ထိမြို့မှ သင်သူဌေးမင်းတို့၏။
သဟာယကဿ အနာထပိဏ္ဍိကဿ၊ သူငယ်ချင်း ဖြစ်သော အနာထပိဏ်သူဌေး၏။
သန္တိကာတိ ဝုတ္တေ၊ အထံမှပါ”ဟု ပြောအပ် သော်။
အနာထပိဏ္ဍိကောတိ၊ အနာထပိဏ်ဟူသည်။
ကဿစိ ပုရိသဿ၊ တစ်စုံ တစ်ယောက်သော ယောက်ျား၏။
နာမံ ဘဝိဿတီတိ၊ နာမည်သည် ဖြစ်လိမ့် မည်”ဟု။
ပရိဟာသံ ကတွာ၊ ပြောင်လှောင်မှုကို ပြု၍။
ပဏ္ဏာကာရံ ဂဟေတွာ၊ ပေးသော လက်ဆောင်ကို ယူ၍။
တုမှေ ဂစ္ဆထာတိ ဥယျောဇေသိ၊ သင်တို့သည် သွားကြဟုပြော၍ လွှတ်လိုက်ပြီ။
နိဝါသံ နေဝ ဒါပေသိ၊ နေစရာကို မပေးပေ။
ပရိဗ္ဗယံ န ဒါပေသိ၊ စားနပ်ရိက္ခာကို မပေးစေ။
ဟေ သယမေဝ၊ ထိုအနာထပိဏ် သူဌေးလူတို့သည် ကိုယ်တိုင်သာ။
ဘဏ္ဍံ ပိတ္တိဏိတွာ၊ ပစ္စည်းကို ရောင်းချ၍။
ပဋိဘဏ္ဍံ အာဒါယ၊ ပြန်ကုန်ကို ဝယ်ယူကြ၍။
သာဝတ္ထိ အာဂန္တွာ၊ သာဝတ္ထိမြို့သို့ ပြန်လာကြ၍။
သေဋ္ဌိ ဿ တံ ပဝတ္တိ အာရောစေသုံ၊ အနာထပိဏ်သူဌေးအား ထိုအဖြစ်ကို ပြောကြားကုန်
အထ သော ပစ္စန္တဝါသီ၊ ထို့နောက် ထိုပစ္စန္တရာဇ်နေ သူဌေးသည်။
ပုနပိ ဧကဝါရီ၊ တစ်ဖန်လည်း နောက်တစ်ကြိမ်။
တထေဝ ပဉ္စသကဋသတာနိ၊ ထိုရှေးအတူပင် တုန်လှည်းငါးရာတို့ကို။
သာဝတ္ထိ ပေသေသိ၊ သာဝတ္ထိမြို့သို့ စေလွှတ်ပြီ။
မနုဿာ ပဏ္ဏာကာရံ အာဒါယ၊ ပစ္စန္တရာဇ်သူဌေးလူတို့သည် ပေးဖို့လက်ဆောင်ကို ယူလာ၍။
မဟာသေဋ္ဌိံ ပဿိံ သု၊ အနာထပိဏ်သူဌေးကြီးကို တွေ့ကြပြီ။
တေ ဒိသွာ ပန၊ ထိုပစ္စန္တရာဇ်သူဌေးလူတို့ကို တွေ့မြင်ပြီး၍ကား။
အနာထပိဏ္ဍိကဿ မနုဿာ၊ အနာထပိဏ်သူဌေး၏ လူတို့သည်။
“သာမိ မယံ၊ အို. အရှင်သူဌေးမင်း ကျွန်တော်တို့သည်။
ဧတေသံ နိဝါသဉ္စ ဘတ္တဉ္စ၊ ဤလူတို့အတွက် နေရာကို လည်းကောင်း ထမင်းကိုလည်းကောင်း။
ပရိဗ္ဗယဉ္စ ဇာနိဿာမာတိ ဝတွာ၊ စားနပ် ရိက္ခာကိုလည်းကောင်း အလိုက်သိကြပါမည်”ဟု ပြောကြ၍။
တေသံ သကဋာနိ၊ ထိုလူတို့၏ လှည်းတို့ကို။
ဗဟိနဂရေ၊ မြို့ပြင်၌။
တထာရူပေ ဌာနေ၊ ထိုသို့သဘော ရှိသော ဌာန၌။
မောစာပေတွာ၊ ဖြုတ်စေချွတ်စေ၍။
“တုမှေ ဣမေဝ ဝသထ၊ သင်တို့သည် ဤနေရာ၌သာ နေကြ။
ဝေါ အမှာကံ ဃရေ၊ သင်တို့အတွက် ငါတို့၏ အိမ်၌။
ယာဂုဘတ္တဉ္စ ပရိဗ္ဗယော စ၊ ယာဂုနှင့်ထမင်းသည်လည်းကောင်း စားရေရိက္ခာသည်လည်းကောင်း။
ဘဝိဿတီတိ ဂန္တွာ၊ ဖြစ်ပါလိမ့်မည်”ဟုပြောသွားကြ၍။
ဒါသကမ္မကရေ သန္နိပါတေတွာ၊ ကျွန်အလုပ်သမားတို့ကို ကောင်းစွာကျရောက်စုဝေးစေ၍။
မဇ္ဈိမယာမသမနန္တရေ၊ မဇ္ဈိမယာမ်အခြားမဲ့၌ (မဇ္ဈိမယာမ်အဆုံး၌)။
ပဉ္စသကဋသတာနိ ဝိလုမ္ပိ တွာ၊ ကုန်လှည်းငါးရာတို့ကို လုယက်၍။
နေသံ နိဝါသနပါရူပနာနိပိ အစ္ဆိန္ဒိတွာ၊ ထိုပစ္စန္တရာဇ်သူဌေးလူတို့၏ ခါးဝတ်ကိုယ်ရုံတို့ကိုလည်း လုယက်၍။
ဂေါဏေ ပလာပေတွာ၊ နွားတို့ကို ပြေးစေ၍။
သကဋာနိ ဝိစက္ကာနိ ကတွာ၊ လှည်းတို့ကို ဘီးမှကင်းသည်တို့ကို ပြု၍ ။
ဘူမိယံ ဌပေတွာ၊ မြေပေါ်၌ ချထား၍။
စက္ကာနိပိ ဂဏှိတွာဝ အဂမံသု၊ လှည်းဘီး တို့ကိုလည်း ယူ၍သာ သွားကြပြီ။
ပစ္စန္တဝါသိနော၊ ပစ္စန္တရာဇ်နေလူတို့သည်။
နိဝါသနမတ္တဿပိ၊ ခါးဝတ်မျှ၏လည်း။
သာမိကာ အဟုတွာ၊ ပိုင်ရှင်တို့သည် မဖြစ်ကြမူ၍။
ဘီတာ ဝေဂေန ပလာယိတွာ၊ ကြောက်ကြ၍ အရှိန်အဟုန်ဖြင့် ပြေး၍။
ပစ္စန္တမေဝ ဂတာ၊ ပစ္စန္တရာဇ်သို့သာ သွားကြပြီ။
သေဋ္ဌိမနုဿာပိ တမတ္ထံ၊ အနာထပိဏ်သူဌေးလူတို့သည်လည်း ထိုအကြောင်းကို။
မဟာသေဋ္ဌိနော အာရောစေသုံ၊ အနာထပိဏ်သူဌေးကြီးအား ပြောကြားကုန်ပြီ။
သော၊ ထိုအနာထ ပိဏ်သူဌေးသည်။
“ဣဒါနိ ဣဒံ ကထာပါဘတံ၊ ယခုအခါ ဤစကားလက်ဆောင် သည်။
အတ္ထိ ဣတိ၊ ရှိ၏”ဟုတွေး၍။
သတ္ထု သန္တိကံ ဂန္တွာ၊ ဘုရားရှင်၏ထံတော်သို့ သွား၍။
အာဒိတော ပဋ္ဌာယ၊ အစမှ စ၍။
သဗ္ဗေ တံ ပဝတ္တိ အာရောစေသိ၊ အလုံးစုံသော ထိုအဖြစ်ကို လျှောက်ထားပြီ။
သတ္ထာ၊ ဘုရားရှင်သည်။
ဂဟပတိ သော ပစ္စန္တဝါသီ၊ အို. သူကြွယ် ထိုပစ္စန္တရာဇ်နေသူဌေးသည်။
ဣဒါနေဝ န ခေါ ဧဝံ သီလော၊ ယခုအခါ၌သာ ဤသို့အကျင့်ရှိသည် မဟုတ်သေး။
ပုဗ္ဗေပိ ဧဝံ သီလောယေဝ၊ ရှေးကလည်း ဤသို့အကျင့်ရှိသည်သာ။
အဟောသီတိ ဝတွာ၊ ဖြစ်ခဲ့ပြီ”ဟု မိန့်တော်မူ၍။
တေန ယာစိတော၊ ထိုအနာထပိဏ်သူဌေးသည် တောင်းပန်အပ်ရကား။
အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။
ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။
ဗောဓိသတ္တော ဗာရာဏသိယံ၊ ဘုရားလောင်းသည် ဗာရာဏသီမြို့၌။
မဟာဝိဘဝေါ သေဋ္ဌိ အဟောသိ၊ များစွာသော စည်းစိမ်ရှိသော သူဌေးသည် ဖြစ်ပြီ။
ဧကော ပစ္စန္တ ဝါသိကော သေဋ္ဌိ၊ တစ်ယောက်သော ပစ္စန္တရာဇ်၌နေသော သူဌေးသည်။
တဿ အဒိဋ္ဌ သဟာယော အဟောသိ၊ ထိုဘုရားလောင်းသူဌေး၏ မမြင်ဘူးသောမိတ်ဆွေသည် ဖြစ်ပြီ။
သဗ္ဗ အတီတဝတ္ထု၊ အလုံးစုံသော အတိတ်ဝတ္ထုကြောင်း သည်။
ပစ္စုပ္ပန္နဝတ္ထုသဒိသမေဝ၊ ပစ္စုပ္ပန်ဝတ္ထုကြောင်းနှင့်တူသည်သာတည်း။
ဗောဓိ သတ္တော ပန အတ္တနော မနုဟိ၊ ဘုရားလောင်းသည်ကား မိမိ၏ လူတို့သည်။
“အဇ္ဇ အမှေဟိ၊ ယနေ့ ကျွန်တော်တို့သည်။
ဣဒံ နာမ ကတန္တိ၊ ဤမည်သောအမှု ကို ပြုအပ်ပါပြီ” ဟု။
အာရောစိတေ၊ ပြောကြားအပ်သော်။
“အတ္တနော ကတံ၊ မိမိ၏အပေါ်၌ ပြုအပ်သော။
ပဌမံ ဥပကာရံ၊ ပဌမဖြစ်သော ကျေးဇူးကို။
အဇာနန္တာ၊ မသိတတ်သူတို့သည်။
ပစ္ဆာ ဧဝရူပံ၊ နောက်၌ ဤကဲ့သို့သဘောရှိ သော ဆင်းရဲကို။
လဘန္တိယေဝါတိ ဝတွာ၊ ရကြကုန်သည်သာ”ဟု ပြောပြီး၍။
သမ္ပတ္တပရိသာယ ဓမ္မံ ဒေသေန္တော၊ ရောက်လာသော ပရိသတ်အား တရားကို ဟောလိုရကား။
ယော၊ အကြင်ပုဂ္ဂိုလ်သည်။
ပုဗ္ဗေ ကတကလျာဏော၊ ရှေးက အခြားသူပြု အပ်သော ကောင်းမှုကျေးဇူးရှိပါလျက်။
ကတတ္ထော၊ အခြားသူ ပြီးစီးအောင် ပြုအပ်သော ကိစ္စရှိပါလျက်။
န အဝဗုဇ္ဈတိ၊ ပြန်လည်၍ကျေးဇူးမသိတတ်။
(သော၊ ထိုသူသည်)။
ပစ္ဆာ ကိစ္စ သမုပ္ပန္နေ၊ နောက်၌ မိမိအလုပ်ကိစ္စသည် ဖြစ်ပေါ်လာသော်။
ကတ္တာရံ နာဓိဂစ္ဆတိ၊ ပြုလုပ်ဆောင်ရွက်ပေးမည့်သူကို မရနိုင်။
တတြ အယံ ပိဏ္ဏတ္ထာ၊ ထိုဂါထာ၌ ဤဆိုလတံ့သည်ကား အပေါင်းအနက် တည်း။
(ကော၊ အပေါင်းအနက်ဟူသည် အဘယ်နည်း)။
ခတ္တိယာဒီသု **ယော** ကောစိ ပုရိသော၊ မင်းမျိုးစသည်တို့တွင် အမှတ်မထားတစ်ပါးပါးသော ယောက်ျား သည်။
**ပုဗ္ဗေ** ပဌမတရံ၊ ရှေးက အထူးဦးစွာ။
အညေန၊ အခြားသူသည်။
**ကတ ကလျာဏော** ကတူပကာရော၊ ပြုအပ်သော ကောင်းမှုကျေးဇူးရှိသည်။
**ကတတ္ထော** နိပ္ဖါ ဒိတကိစ္စော၊ ပြီးစီးအောင်ပြုပေးအပ်သော ကိစ္စရှိသည်။
ဟုတွာ၊ ဖြစ်ပါ လျက်။
ပရေန အတ္တနိ ကတံ၊ အခြားသူ သည် မိမိအပေါ်၌ ပြုအပ်သော။
တံသော၊ ကလျာဏဉ္စဝ တံ အတ္ထစ္စ န ဇာနာတိ= ထိုကျေးဇူးကောင်းကိုလည်းကောင်း ထိုဆောင်ရွက်ပေးသည့်ကိစ္စကိုလည်းကောင်း ပြန်လည်၍ မသိတတ်။
သော၊ သူသည်။
**ပစ္ဆာ** အတ္တနော **ကိစ္စ**၊ နောက်၌ မိမိ၏ အလုပ်ကိစ္စသည်။
သမုပ္ပ န္နေ၊ ဖြစ်ပေါ်လာသော်။
တဿ ကိစ္စဿ **ကတ္တာရံ**၊ ထိုဖြစ်ပေါ်သည့်ကိစ္စကို ပြုလုပ်ဆောင်ရွက်မည့်သူကို။
**နာဓိဂစ္ဆတိ** န လဘတိ၊ မရနိုင်။
ဣတိ၊ ဤသည် ပင်တည်း။
ဧဝံ ဗောဓိသတ္တော၊ ဤသို့ ဘုရားလောင်းသည်။
ဣမာယ ဂါထာယ ဓမ္မံ ဒေသေတွာ၊ ဤဂါထာဖြင့် တရားကို ဟောကြားပြီး၍။
ဒါနာဒီနိ ပုညာနိ ကတွာ၊ ဒါနအစရှိကုန်သော ကောင်းမှုတို့ကို ပြု၍။
ယထာကမ္မံ ဂတော၊ ကံအားလျော်စွာ လားပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာ တော်ကို ဆောင်တော်မူပြီး၍။
“တဒါ ပစ္စန္တဝါသီ၊ ထိုအခါက ပစ္စန္တရာဇ်နေ သူဌေး သည်။
ဣဒါနိပိ ပစ္စန္တဝါသီယေဝ၊ ယခုငါဘုရားလက်ထက်၌လည်း ပစ္စန္တရာဇ်နေ သူဌေးပင်တည်း။
ဗာရာဏသိသေဋ္ဌိ ပန၊ ဗာရာဏသီသူဌေးသည်ကား။
အဟမေဝ အဟောသိန္တိ၊ ငါဘုရားသည်သာ ဖြစ်လာပြီ”။
ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
အကတညုဇာတကဝဏ္ဏနာ ဒသမာ၊ ဆယ်ခုမြောက်သော အကတညုဇာတ်အဖွင့်တည်း။
အပါယိမှဝဂ္ဂေါ နဝမော၊ ကိုးခုမြောက်ဖြစ်သော အပါယိမှဝဂ်တည်း။
တဿ ဥဒ္ဒါနံ၊ ထိုအပါယိမှဝဂ်၏ ဥဒါန်းကား။
သုရာပါနံ မိတ္တဝိန္ဒံ၊ သုရာ ပါနဇာတ်လည်းကောင်း မိတ္တဝိန္ဒကဇာတ်လည်းကောင်း။
ကာဠကဏ္ဏီ အတ္ထ ဒွါရံ၊ ကာဠကဏ္ဏီဇာတ်လည်းကောင်း အတ္ထဿဒွါရဇာတ်လည်းကောင်း။
ကိပက္က သီလဝီမံသံ၊ ကိပက္ကဇာတ် သီလဝီမံသဇာတ်လည်းကောင်း။
မင်္ဂလ ဉ္စာပိ သာရမ္မံ၊ မင်္ဂလဇာတ်လည်းကောင်း သာရတ္တဇာတ်လည်းကောင်း။
ကုဟ ကံ အကတညူ စ၊ ကုဟကဇာတ်လည်းကောင်း အကတညူဇာတ်လည်း ကောင်း။
ဣတိ၊ ဤသည်ပင်တည်း။