Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
Jātaka-aṭṭhakathā(Paṭhamo bhāgo)
Jātaka-aṭṭhakathā(Paṭhamo bhāgo)

[48] 8. Vedabbajātakavaṇṇanā

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

**အနုပါယေန ယော အတ္ထန္တိ** ဣဒံ၊ အနုပါယေန ယော အတ္ထံ စသော ဤတရားဒေသနာတော်ကို။ သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။ ဒုဗ္ဗစဘိက္ခုံ အာရဗ္ဘ ကထေသိ၊ ပြောဆိုရခက်သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူပြီ။
ဟိ တံ ဘိက္ခုံ သတ္ထာ၊ မှန်၏ ထိုရဟန်းကို ဘုရားရှင်သည်။ "ဘိက္ခု တွံ၊ ရဟန်း သင်သည်။ ဣဒါနေဝ န ဒုဗ္ဗစော၊ ယခုအခါ၌သာ ပြောဆိုရခက်သည် မဟုတ်သေး။ ပုဗ္ဗေပိ ဒုဗ္ဗစောယေဝ၊ ရှေးကလည်း ပြောဆိုရခက်သည်သာ။ တေနေဝ စ ကာရဏေန၊ ထိုအကြောင်းကြောင့်သာတည်း။ ပဏ္ဍိတာနံ ဝစနံ အကတွာ၊ ပညာရှိတို့၏ စကားကို မပြု၍ မလိုက်နာ၍။ တိဏှေန အသိနာ၊ ထက်လှစွာသော သန်လျက်ဖြင့်။ ဒွိဓာ ကတွာ၊ နှစ်ပိုင်းကို ပြု၍။ ဆိန္နော ဟုတွာ၊ အဖြတ်ခံရသည် ဖြစ်၍။ မဂ္ဂေ နိပတိတ္ထ၊ လမ်းပေါ်၌ ပစ်ထားခံရပြီ။ တဉ္စ ဧကကံ နိဿာယ၊ သင်တစ်ယောက်တည်းကိုလည်း အမှီပြု၍။ ပုရိသသဟဿံ ဇီဝိတက္ခယံ၊ ယောကျ်ားတစ်ယောက်သည် အသက်ကုန်ခြင်းသို့။ ပတ္တန္တိ ဝတွာ၊ ရောက်ရပြီ"ဟု မိန့်တော်မူ၍။ အတီတံ အာဟရိ၊ အတိတ်ကို ဆောင်ပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။ ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်သို့ ပြုသော်။ ဧကသ္မိံ ဂါမကေ၊ တစ်ခုသော ရွာကလေးက။ အညတရော ဗြာဟ္မဏော၊ မထင်ရှားသော ပုဏ္ဏားသည်။ ဝေဒဗ္ဗံ နာမ မန္တံ ဇာနာတိ၊ ဝေဒဗ္ဗမည်သော မန္တန်ကို တတ်သိ နားလည်၏။
သော မန္တော၊ ထိုမန္တန်သည်။ အနဂ္ဃေါ ကိရ၊ တန်းဖိုးမဖြတ်နိုင်ဘူးတဲ့။ မဟာရဟော ကိရ၊ မြင့်မြတ်သူတို့အားသာ ထိုက်တန်သတဲ့။ နက္ခတ္တယောဂေ လဒ္ဓေ၊ နက္ခတ်ယှဉ်မှုကို ရအပ်သော်။ တံ မန္တံ ပရိဝတ္တေတွာ၊ ထိုဝေဒဗ္ဗမန္တန်ကို ရွတ်၍ မန်း၍။ အာကာသေ ဥလ္လောကိတေ၊ ကောင်းကင်ကို မော်ကြည့်အပ်သော်။ အာကာသတော သတ္တရတနဝဿံ ဝဿတိ၊ ကောင်းကင်မှ ရတနာခုနစ်ပါးမိုးသည် ရွာချ၏။
တဒါ ဗောဓိသတ္တော၊ ထိုအခါက ဘုရားလောင်းသည်။ တဿ ဗြာဟ္မဏဿ သန္တိကေ၊ ထိုပုဏ္ဏား၏ အထံ၌။ သိပ္ပံ ဥဂ္ဂဏှာတိ၊ အတတ်ပညာကို သင်ယူနေ၏။
အထ ဧကဒိဝသံ၊ ထိုအခါ တစ်နေ့၌။ ဗြာဟ္မဏော ဗောဓိသတ္တံ အာဒါယ၊ ပုဏ္ဏားသည် ဘုရားလောင်းကို ခေါ်ယူ၍။ ကေနစိဒေဝ ကရဏီယေန၊ တစ်စုံတစ်ခုသာ ဖြစ်သော ပြုဖွယ်ကိစ္စဖြင့်။ အတ္တနော ဂါမာ နိက္ခမိတွာ၊ မိမိ၏ ရွာမှ ထွက်၍။ စေတရဋ္ဌံ အဂမာသိ၊ စေတတိုင်းသို့ သွားပြီ။ အန္တရာမဂ္ဂေ စ ဧကသ္မိံ အရညဋ္ဌာနေ၊ လမ်းခရီးအကြား၌လည်း တစ်ခုသော တောအရပ်၌။ ပဉ္စသတာ ပေသနကစောရာ နာမ၊ ငါးရာကုန်သော ပြန်ပေးဓားပြတို့မည်သည်။ ပန္ထဃာတံ ကရောန္တိ၊ လမ်း၌ ဖျက်ဆီးလုယက်မှုကို ပြုကုန်၏။၊
တေ၊ ထိုပြန်ပေးဓားပြတို့သည်။ ဗောဓိသတ္တဉ္စ ဝေဒဗ္ဗဗြာဟ္မဏဉ္စ ဂဏှိံသု၊ ဘုရားလောင်းကိုလည်းကောင်း ဝေဒဗ္ဗပုဏ္ဏားကိုလည်းကောင်း ဖမ်းယူကုန်ပြီ။
ကသ္မာ ပန ဧတေ၊ အဘယ့်ကြောင့်ကား ထိုဓားပြတို့ကို။ ပေသနကစောရာတိ ဝုစ္စန္တိ၊ ပေသနတစောရတို့ ဟူ၍ ခေါ်ဆိုအပ်ကုန်သနည်း။
တေ ဒွေ ဇနေ ဂဟေတွာ၊ ထိုဓားပြတို့သည် လူနှစ်ယောက်တို့ကို ဖမ်း၍။ ဧကံ၊ တစ်ယောက်ကို။ ဓနာဟရဏတ္ထာယ ပေသေန္တိ ကိရ၊ ပစ္စည်းဆောင်ယူဖို့ရာ စေခိုင်းကြသတဲ့။ တသ္မာ၊ ထို့ကြောင့်။ ပေသနကစောရာတွေဝ ဝုစ္စန္တိ၊ ပေသနကစောရတို့ဟူ၍သာ ခေါ်ဆိုအပ်ကုန်၏။
တေပိ စ ပိတာပုတ္တေ ဂဟေတွာ၊ ထိုပြန်ပေးဓားပြတို့သည်လည်း သားအဖတို့ကို ဖမ်းယူ၍။ ပိတရံ၊ အဖကို။ "တွံ အမှာကံ၊ သင်သည် ငါတို့အတွက်။ ဓနံ အာဟရိတွာ၊ ဥစ္စာကို ယူဆောင်ခဲ့၍။ ပုတ္တံ ဂဟေတွာ၊ သားကို ခေါ်ယူ၍။ ယာဟီတိ ဝဒန္တိ၊ သွားလော့"ဟု ပြောကြကုန်၏။
ဧတေန ဥပါယေန၊ ဤနည်းလမ်းဖြင့်။ မာတုဓီတရော ဂဟေတွာ၊ အမိသမီးတို့ကို ဖမ်းယူ၍။ မာတရံ ဝိဿဇ္ဇေန္တိ၊ အမိကို လွှတ်ကုန်၏။ ဇေဋ္ဌကနိဋ္ဌေ ဂဟေတွာ၊ အကိုညီတို့ကို ဖမ်းယူ၍။ ဇေဋ္ဌဘာတိကံ ဝိဿဇ္ဇေန္တိ၊ အကိုကြီးကို လွှတ်ကုန်၏။ အာစရိယန္တေဝါသိကေ ဂဟေတွာ၊ ဆရာတပည့်တို့ကို ဖမ်းယူ၍။ အန္တေဝါသိကံ ဝိဿဇ္ဇေန္တိ၊ တပည့်ကို လွှတ်ကုန်၏။
တေ တသ္မိံ ကာလေ၊ ထိုပြန်ပေးဓားပြတို့သည် ထိုအခါ၌။ ဝေဒဗ္ဗဗြာဟ္မဏံ ဂဟေတွာ၊ ဝေဒဗ္ဗပုဏ္ဏားကို ဖမ်းယူ၍။ ဗောဓိသတ္တံ ဝိဿဇ္ဇေသုံ၊ တပည့်ဘုရားလောင်းကို လွှတ်ကြပြီ။
ဗောဓိသတ္တော အာစရိယံ ဝန္ဒိတွာ၊ ဘုရားလောင်းသည် ဆရာကို ရှိခိုး၍။ "အဟံ ဧကာဟဒွီဟစ္စယေန၊ ကျွန်တော်သည် တစ်ရက်နှစ်ရက်လွန်သဖြင့်။ အာဂမိဿာမိ၊ လာပါအံ့။ တုမှေ မာ ဘာယိတ္ထ၊ သင်ဆရာတို့သည် မကြောက်ကြပါလင့်။ အပိ စ မမ ဝစနံ ကရောထ၊ စင်စစ်အားဖြင့်ပြောရသော် ကျွန်တော်၏ စကားကို ပြုကြ, လိုက်နာတော်မူကြပါ။ အဇ္ဇ ဓနဝဿာပနကနက္ခတ္တယောဂေါ ဘဝိဿတိ၊ ယနေ့ ရတနာမိုးရွာစေတတ်သော နက္ခတ်နှင့် ယှဉ်ခြင်းသည် ဖြစ်လတံ့။ တုမှေ ဒုက္ခံ အသဟန္တာ၊ သင်ဆရာတို့သည် ဆင်းရဲကို မအောင့်နိုင်၍။ မန္တံ ပရိဝတ္တေတွာ၊ မန္တန်ကို မန်းမှုတ်၍။ ဓနံ မာ ဝဿာပယိတ္ထ၊ ဥစ္စာမိုးကို မရွာစေပါကုန်လင့်။
သစေ ဝဿာပေဿထ၊ အကယ်၍ ရွာစေကုန်အံ့။ တုမှေ စ ဝိနာသံ ပါပုဏိဿထ၊ သင်ဆရာတို့သည်လည်း ပျက်စီးခြင်းသို့ ရောက်ကုန်လတံ့။ ဣမေ စ ပဉ္စသတာ စောရာ၊ ဤပြန်ပေးဓားပြငါးရာတို့သည်လည်း။ ဝိနာသံ ပါပုဏိဿန္တိ၊ ပျက်စီးခြင်းသို့ ရောက်ကြလတံ့။ ဣတိ ဧဝံ အာစရိယံ ဩဝဒိတွာ၊ ဤသို့ ဆရာကို မကောင်းဖြစ်မည်ကို ပြောကြား၍။ ဓနတ္ထာယ အဂမာသိ၊ ဥစ္စာအကျိုးငှာ သွားပြီ။
စောရာပိ သူရိယေ အတ္ထင်္ဂတေ၊ ပြန်ပေးဓားပြတို့သည်လည်း နေသည် ဝင်သော်။ ဗြာဟ္မဏံ ဗန္ဓိတွာ နိပဇ္ဇာပေသုံ၊ ပုဏ္ဏားကို ဖွဲ့ချည်၍ အိပ်စေကုန်ပြီ။
တင်္ခဏညေဝ ပါစီနလောကဓာတုတော၊ ထိုအခိုက်၌ပင် အရှေ့လောကဓာတ်မှ။ ပရိပုဏ္ဏစန္ဒမဏ္ဍလံ ဥဋ္ဌဟိ၊ လပြည့်ဝန်းသည် တက်လာပြီ။
ဗြာဟ္မဏော နက္ခတ္တံ ဩလောကေန္တော၊ ပုဏ္ဏားသည် နက္ခတ်ကို ကြည့်သော်။ "ဓနဝဿာပနကနက္ခတ္တယောဂေါ လဒ္ဓေါ၊ ရတနာမိုးရွာစေတတ်သော နက္ခတ်ယှဉ်မှုကို ရအပ်ပြီ။ ဒုက္ခေန မေ ကိံ၊ ခံစားအပ်သော ဆင်းရဲဖြင့် ငါ့အား ဘာပြုအံ့နည်း။ မန္တံ ပရိဝတ္တေတွာ၊ မန္တန်ကို မန်း၍။ ရတနဝဿံ ဝဿာပေတွာ၊ ရတနာမိုးကို ရွာစေ၍။ စောရာနံ ဓနံ ဒတွာ၊ ပြန်ပေးဓားပြတို့အား ဥစ္စာကို ပေး၍။ ယထာသုခံ ဂမိဿာမီတိ စိန္တေတွာ၊ ချမ်းသာသည့်အားလျော်စွာ သွားအံ့"ဟု ကြံ၍။ စောရေ၊ ပြန်ပေးဓားပြတို့ကို။ "ဘောန္တော စောရာ တုမှေ၊ အို ပြန်ပေးဓားပြတို့ သင်တို့သည်။ မံ ကိမတ္ထာယ၊ ငါ့ကို အဘယ်ကျိုးငှာ။ ဂဏှထာတိ အာမန္တေသိ၊ ဖမ်းယူကြသနည်း"ဟု မေးပြီ။
ဓနတ္ထာယ အယျာတိ၊ ဥစ္စာအကျိုးငှာပါ အရှင်ပုဏ္ဏားကြီးဟု ဖြေကြပြီ။
သစေ ဝေါ ဓနေန အတ္ထော၊ အကယ်၍ သင်တို့အား ဥစ္စာဖြင့် အလိုရှိအံ့။ ခိပ္ပံ မံ ဗန္ဓနာ မောစေတွာ၊ လျှင်စွာ ငါ့ကို အဖွဲ့အချည်မှ လွတ်စေ၍။ သီသံ နှာပေတွာ၊ ဦးခေါင်းကို ရေချိုးစေ၍။ အဟတဝတ္ထာနိ အစ္ဆာဒေတွာ၊ အဝတ်သစ်တို့ကို ဝတ်ရုံစေ၍။ ဂန္ဓေဟိ ဝိလိမ္ပာပေတွာ၊ နံ့သာတို့ကို လိမ်းကျံစေ၍။ ပုပ္ဖာနိ ပိလန္ဓာပေတွာ ဌပေထာတိ၊ ပန်းတို့ကို ပန်စေ၍ ထားကြလော့"ဟု ပြောပြီ။
စောရာ တဿ ကထံ သုတွာ၊ ပြန်ပေးဓားပြတို့သည် ထိုပုဏ္ဏား၏ စကားကို ကြားရ၍။ တထာ အကံသု၊ ထိုပုဏ္ဏား ပြောသည့်အတိုင်း ပြုကြပြီ။
ဗြာဟ္မဏော နက္ခတ္တယောဂံ ဉတွာ၊ ပုဏ္ဏားသည် နက္ခတ်ယှဉ်မှုကို သိ၍။ မန္တံ ပရိဝတ္တေတွာ၊ မန္တန်ကို မန်းမှုတ်၍။ အာကာသံ ဥလ္လောကေသိ၊ ကောင်းကင်ကို မော့ကြည့်ပြီ။ တာဝဒေဝ အာကာသတော၊ ထိုအချိန်၌ပင် ကောင်းကင်မှ။ ရတနာနိ ပတိံသု၊ ရတနာတို့သည် ကျလာကုန်ပြီ။
စောရာ တံ ဓနံ သင်္ကဍ္ဎိတွာ၊ ပြန်ပေးဓားပြတို့သည် ထိုဥစ္စာတို့ကို စုရုံး၍။ ဥတ္တရာသင်္ဂေသု ဘဏ္ဍိကံ ကတွာ၊ အပေါ်ရုံတို့၌ ပစ္စည်းရှိသည်ကို (ပစ္စည်းထုတ်ကို) ပြု၍။ ပါယိံသု၊ သွားကြပြီ။
ဗြာဟ္မဏောပိ တေသံ၊ ပုဏ္ဏားသည်လည်း ထိုပြန်ပေးဓားပြတို့၏။ ပစ္ဆတောဝ အဂမာသိ၊ နောက်မှသာ သွားပြီ။
အထ တေ စောရေ၊ ထိုအခါ ထိုပြန်ပေးဓားပြတို့ကို။ အညေ ပဉ္စသတာ စောရာ ဂဏှိံသု၊ အခြားကုန်သော ငါးရာကုန်သော သူခိုးဓားပြတို့သည် ဖမ်းယူကုန်ပြီ။
ကိမတ္ထံ အမှေ ဂဏှထ၊ ဘာအကျိုးငှာ ငါတို့ကို ဖမ်းယူကုန်သနည်း။ ဣတိ ဝုတ္တာ စ၊ ဤသို့အမေးခံကြရသော်။ ဓနတ္ထာယာတိ အာဟံသု၊ ဥစ္စာအကျိုးငှာ ဖြေကြပြီ။
ဝေါ ဓနေန ယဒိ အတ္ထော၊ သင်တို့အား ဥစ္စာဖြင့် အကယ်၍ အလိုရှိအံ့။ ဧတံ ဗြာဟ္မဏံ ဂဏှထ၊ ထိုပုဏ္ဏားကို ဖမ်းယူကြလော့။ ဧသော အာကာသံ ဥလ္လောကေတွာ၊ ဤပုဏ္ဏားသည် ကောင်းကင်ကို မော့ကြည့်၍။ ဓနံ ဝဿာပေသိ၊ ဥစ္စာမိုးကို ရွာစေပြီ။ အမှာကမ္ပိ ဧတံ၊ ငါတို့အားလည်း ဤပစ္စည်းကို။ ဧတေနေဝ ဒိန္နန္တိ၊ ဤပုဏ္ဏားသည်ပင် ပေးအပ်ပြီဟု ပြောကြပြီ။
စောရာ စောရေ ဝိဿဇ္ဇေတွာ၊ နောက်ခိုးသားဓားပြတို့သည် ရှေ့ခိုးသားဓားပြတို့ကို လွှတ်၍။ "အမှာကမ္ပိ ဓနံ ဒေဟီတိ၊ ငါတို့အားလည်း ဥစ္စာကို ပေးလော့"ဟု ပြော၍။ ဗြာဟ္မဏံ ဂဏှိံသု၊ ပုဏ္ဏားကို ဖမ်းယူကြပြီ။
ဗြာဟ္မဏော၊ ဝေဒဗ္ဗပုဏ္ဏားသည်။ "အဟံ တုမှာကံ၊ ငါသည် သင်တို့အား။ ဓနံ ဒဒေယျံ၊ ဥစ္စာကို ပေးလို၏။ ဓနဝဿာပနကနက္ခတ္တယောဂေါ ပန ဣတော၊ ဥစ္စာမိုးကို ရွာစေတတ်သော နက္ခတ်နှင့်ယှဉ်ခြင်းသည်ကား ဤနေ့မှ။ သံဝစ္ဆရမတ္ထကေ ဘဝိဿတိ၊ တစ်နှစ်အထက်၌ ဖြစ်လိမ့်မည်။
ဝေါ ဓနေန ယဒိ အတ္ထော၊ သင်တို့အား ဥစ္စာဖြင့် အကယ်၍ အလိုရှိအံ့။ အဓိဝါသေထ၊ ဆိုင်းငံ့ကြဦးလော့။ တဒါ ဓနဝဿံ၊ ထိုအခါ ဥစ္စာမိုးကို။ ဝဿာပေဿာမီတိ အာဟ၊ ရွာစေအံ့"ဟု ပြောပြီ။
စောရာ ကုဇ္ဈိတွာ၊ နောက်ခိုးသားဓားပြတို့သည် စိတ်ဆိုး၍။ "အမ္ဘော ဒုဋ္ဌဗြာဟ္မဏ အညေသံ၊ ဟယ်... ပုဏ္ဏားပျက် အခြားသူတို့အား။ ဣဒါနေဝ ဓနံ ဝဿာပေတွာ၊ ယခုပင် ဥစ္စာမိုးကို ရွာစေ၍, ရွာပေး၍။ အမှေ အညံ သံဝစ္ဆရံ၊ ငါတို့ကိုကား အခြားသော နှစ်ပတ်လုံး။ အဓိဝါသာပေသီတိ၊ ဆိုင်းငံ့စေပြီဟု ပြော၍။ တိဏှေန အသိနာ၊ ထက်စွာသော သန်လျက်ဖြင့်။ ဗြာဟ္မဏံ ဒွိဓာ ဆိန္ဒိတွာ၊ ပုဏ္ဏားကို နှစ်ပိုင်းခုတ်ဖြတ်၍။ မဂ္ဂေ ဆဍ္ဍေတွာ၊ လမ်းပေါ်၌ ပစ်ထား၍။ ဝေဂေန အနုဗန္ဓိတွာ၊ အဟုန်ဖြင့် အစဉ်လိုက်ကြ၍။ တေဟိ စောရေဟိ သဒ္ဓိံ ယုဇ္ဈိတွာ၊ ထိုရှေး ခိုးသားဓားပြတို့နှင့်အတူ တိုက်ခိုက်ကြ၍။ တေ သဗ္ဗေပိ မာရေတွာ၊ ထိုရှေးခိုးသားဓားပြအားလုံးတို့ကိုလည်း သတ်၍။ ဓနံ အာဒါယ၊ ဥစ္စာကို ယူ၍။ ပုန ဒွေ ကောဋ္ဌာသာ ဟုတွာ၊ တစ်ဖန် နှစ်ဖွဲ့တို့သည် ဖြစ်ကြ၍။ အညမညံ ယုဇ္ဈိတွာ၊ အချင်းချင်း တိုက်ခိုက်ကြ၍။ အဍ္ဎတေယျာနိ ပုရိသသတာနိ ဃာတေတွာ၊ အခွဲနှင့်တကွ သုံးရာသော ယောကျ်ားတို့ကို, ယောကျ်ား ၂၅၀-တို့ကို သတ်၍။ ဧတေန ဥပါယေန ယာဝ၊ ဤနှစ်ဖွဲ့ကွဲသော နည်းဖြင့် အကြင်မျှလောက်။ ဒွေ ဇနာ အဝသိဋ္ဌာ အဟေသုံ၊ နှစ်ယောက်တို့သည် ကြွင်းကျန်ကုန်သည် ဖြစ်ကုန်ပြီ။ တာဝ အညမညံ ဃာတယိံသု၊ ထိုနှစ်ယောက်သာ ကျန်သည်အထိ အချင်းချင်း သတ်ဖြတ်ကြပြီ။
ဧဝံ တံပုရိသသဟဿံ၊ ဤသို့လျှင် ထိုယောကျ်ားတစ်ထောင်သည်။ ဝိနာသံ ပတ္တံ၊ ပျက်စီးခြင်းသို့ ရောက်ပြီ။
တေ ပန ဒွေ ဇနာ ဥပါယေန၊ ထိုကျန်လူနှစ်ယောက်တို့သည်ကား နည်းဥပါယ်ဖြင့်။ တံ ဓနံ အာဟရိတွာ၊ ထိုဥစ္စာကို ဆောင်ယူခဲ့၍။ ဧကသ္မိံ ဂါမသမီပေ ဂဟနဋ္ဌာနေ၊ တစ်ခုသော ရွာအနီး၌ ရှုပ်ထွေးဖုံးကွယ်သော နေရာ၌။ ဓနံ ပဋိစ္ဆာဒေတွာ၊ ဥစ္စာကို ဖုံးအုပ်၍။ ဧကော ခဂ္ဂံ ဂဟေတွာ၊ တစ်ယောက်သည် သန်လျက်ကိုင်၍။ ရက္ခန္တော နိသီဒိ၊ စောင့်လျက် ထိုင်နေပြီ။ ဧကော တဏ္ဍုလေ ဂဟေတွာ၊ တစ်ယောက်သည် ဆန်တို့ကို ယူ၍။ ဘတ္တံ ပစာပေတုံ၊ ထမင်းကို ချက်စေခြင်းငှာ။ ဂါမံ ပါဝိသိ၊ ရွာသို့ ဝင်ပြီ။
ဧသော လောဘော စ နာမ၊ ဤလောဘမည်သည်လည်း။ ဝိနာသမူလမေဝ၊ ပျက်စီးခြင်း၏ အကြောင်းရင်းသာတည်း။ ဣတိ ဓနသန္တိကေ နိသိန္နော၊ ထို့ကြောင့် ဥစ္စာအနီး၌ ထိုင်နေသူသည်။ "တသ္မိံ အာဂတေ၊ ထိုရွာထဲ ထမင်းချက်ဖို့ သွားသူသည် ပြန်လာသော်။ ဣဒံ ဓနံ ဒွေကောဋ္ဌာသာ၊ ဤဥစ္စာသည် နှစ်ပုံတို့သည် ဖြစ်ကုန်လတံ့။ အဟံ တံ အာဂတမတ္တမေဝ၊ ငါသည် ထိုသူတို့ ရောက်လာခါမျှပင်လျှင်။ ခဂ္ဂေန ပဟရိတွာ၊ သန်လျက်ဖြင့် ခုတ်ဖြတ်၍။ ယန္နူန ဃာတေယျန္တိ စိန္တေသိ၊ သတ်ရမှု ကောင်းလေစွ"ဟု တွေးပြီ။
သော ခဂ္ဂံ သန္နယှိတွာ၊ ထိုဥစ္စာစောင့်နေသူသည် သန်လျက်ကို လွယ်၍။ တဿ အာဂမနံ၊ ထိုသွားသူ၏ ပြန်လာခြင်းကို။ ဩလောကေန္တော နိသီဒိ၊ ကြည့်လျက် ထိုင်နေပြီ။
ဣတရောပိ၊ သည့်ပြင် ရွာထဲသွားသူသည်လည်း။ "တံ ဓနံ ဒွေ ကောဋ္ဌာသာ ဘဝိဿန္တိ၊ ထိုဥစ္စာသည် နှစ်ပုံတို့သည် ဖြစ်ကုန်လတံ့။ အဟံ ဘတ္တေ၊ ငါသည် ထမင်း၌။ ဝိသံ ပက္ခိပိတွာ၊ အဆိပ်ကို ထည့်၍။ တံ ပုရိသံ ဘောဇေတွာ၊ ထိုစောင့်နေသူကို ကျွေး၍။ ဇီဝိတက္ခယံ ပါပေတွာ၊ အသက်ကုန်ခြင်းသို့ ရောက်စေ၍။ ဧကကောဝ၊ တစ်ယောက်တည်းသာ။ ဓနံ ဂဏှေယျန္တိ စိန္တေသိ၊ ဥစ္စာကို ယူအံ့"ဟု ကြံပြီ။
သော ဘတ္တေ နိဋ္ဌိတေ၊ ထိုရွာထဲသွားသူသည် ထမင်းသည် ချက်ပြီးသော်။ သယံ ဘုဉ္ဇိတွာ၊ ကိုယ်တိုင် စားပြီး၍။ သေသကေ ဝိသံ ပက္ခိပိတွာ၊ အကျန်၌ အဆိပ်ကို ထည့်၍။ တံ အာဒါယ၊ ထိုထမင်းကို ယူ၍။ တတ္ထ အဂမာသိ၊ ထိုဥစ္စာထားရာသို့ သွားပြီ။
ဘတ္တံ ဩတာရေတွာ၊ ထမင်းကို ချထားပြီး၍။ ဌိတမတ္တမေဝ တံ၊ တည်ခါမျှသာဖြစ်သော ထိုထမင်းယူလာသူကို။ ဣတရော ခဂ္ဂေန၊ သည့်ပြင် ဥစ္စာစောင့်နေသူသည် သန်လျက်ဖြင့်။ ဒွိဓာ ဆိန္ဒိတွာ၊ နှစ်ပိုင်းခုတ်ဖြတ်၍။ တံ ပဋိစ္ဆန္နဋ္ဌာနေ ဆဍ္ဍေတွာ၊ ထိုအလောင်းကို ကွယ်ရာ၌ စွန့်ပစ်၍။ တံ ဘတ္တံ ဘုဉ္ဇိတွာ စ၊ ထိုထမင်းကို စားပြီး၍လည်း။ သယမ္ပိ တတ္ထေဝ၊ ကိုယ်တိုင်လည်း ထိုနေရာ၌ပင်။ ဇီဝိတက္ခယံ ပါပုဏိ၊ အသက်ကုန်ခြင်းသို့ ရောက်ပြီ။
စ ဧဝံ တံ ဓနံ နိဿာယ၊ ဆက်ပြောရသော် ဤသို့ ထိုပစ္စည်းကို မှီ၍။ သဗ္ဗေဝ ဝိနာသံ ပါပုဏိံသု၊ ခိုးသားနှစ်ဖွဲ့အားလုံးတို့သည်ပင် ပျက်စီးခြင်းသို့ ရောက်ကုန်ပြီ။
ဗောဓိသတ္တောပိ ခေါ ဧကာဟဒွီဟစ္စယေန၊ ဘုရားလောင်းသည်လည်း တစ်ရက်နှစ်ရက်လွန်သဖြင့်။ ဓနံ အာဒါယ၊ ဥစ္စာကို ယူ၍။ အာဂတော၊ လာသော်။ တသ္မိံ ဌာနေ အာစရိယံ အဒိသွာ၊ ထိုနေရာ၌ ဆရာကို မတွေ့ရ၍။ ဝိပ္ပကိဏ္ဏံ ပန ဓနံ ဒိသွာ၊ ဖရိုဖရဲကျဲနေသည် ဖြစ်သော ဥစ္စာကို တွေ့ရ၍။ "အာစရိယေန မမ ဝစနံ အကတွာ၊ ဆရာသည် ငါ၏ စကားကို မပြုဘဲ။ ဓနံ ဝဿာပိတံ ဘဝိဿတိ၊ ဥစ္စာမိုးကို ရွာစေတတ်သည် ဖြစ်လတံ့။ သဗ္ဗေဟိ ဝိနာသံ ပတ္တေဟိ၊ ခိုးသားအားလုံးတို့သည် ပျက်စီးခြင်းသို့ ရောက်ကြသည်။ ဘဝိတဗ္ဗန္တိ၊ ဖြစ်ရာ၏"ဟု တွေးတော၍။ မဟာမဂ္ဂေန ပါယာသိ၊ လမ်းမကြီးဖြင့် သွားပြီ။
ဂစ္ဆန္တော အာစရိယံ၊ သွားသော် ဆရာဝေဒဗ္ဗပုဏ္ဏားကို။ မဟာမဂ္ဂေ ဒွိဓာ၊ လမ်းမကြီး၌ နှစ်ပိုင်း။ ဆိန္နံ ဒိသွာ၊ အဖြတ်ခံထားရသည်ကို တွေ့၍။ "မမ ဝစနံ၊ ငါ၏ စကားကို။ အကတွာ မတောတိ၊ မပြု၍ သေရ၏"ဟု တွေး၍။ ဒါရူနိ ဥဒ္ဓရိတွာ၊ ထင်းတို့ကို ထုတ်ဆောင်၍။ စိတကံ ကတွာ၊ ထင်းကုလားပုံကို ပြု၍။ အာစရိယံ ဈာပေတွာ၊ ဆရာ့အလောင်းကို မီးရှို့၍။ ဝနပုပ္ဖေဟိ ပူဇေတွာ၊ တောပန်းတို့ဖြင့် ပူဇော်၍။ ပုရတော ဂစ္ဆန္တော၊ ရှေ့သို့ ဆက်သွားသော်။ ဇီဝိတက္ခယံ ပတ္တေ ပဉ္စသတေ၊ အသက်ကုန်ခြင်းသို့ ရောက်ကုန်သော ငါးရာတို့လည်းကောင်း။ ပုရတော အဍ္ဎတေယျသတေ၊ ရှေ့တစ်နေရာ၌ ၂၅၀-တို့ကိုလည်းကောင်း။ ဣတိ အနုက္ကမေန၊ ဤသို့ အစဉ်အားဖြင့်။ အဝသာနေ ဒွေ ဇနေ၊ နောက်ဆုံး၌ နှစ်ယောက်တို့ကို။ ဇီဝိတက္ခယံ ပတ္တေ ဒိသွာ၊ အသက်ကုန်ခြင်းသို့ ရောက်နေသည်တို့ကို တွေ့ရ၍။ "ဒွီဟိ ဦနံ၊ နှစ်ယောက်တို့ဖြင့် ယုတ်လျော့နေသော။ ဣမံ ပုရိသသဟဿံ ဝိနာသံ ပတ္တံ၊ ဤယောကျ်ားတစ်ထောင်သည် ပျက်စီးခြင်းသို့ ရောက်ပြီ။ အညေဟိ ဒွီဟိ စောရေဟိ ဘဝိတဗ္ဗံ၊ အခြားကုန်သော ခိုးသားနှစ်ယောက်တို့သည် ရှိရဦးမည်။ တေပိ သန္ထမ္ဘိတုံ နသက္ခိဿန္တိ၊ ထိုနှစ်ယောက်တို့သည်လည်း တောင့်ထားခြင်း ထိန်းထားခြင်းငှာ မစွမ်းနိုင်ကြကုန်လတံ့။ ကဟံ တေ ဂတာ နု ခေါတိ၊ ဘယ်သို့ ထိုကျန်နှစ်ယောက်တို့သည် သွားကြကုန်သနည်း"ဟု တွေး၍။ ဂစ္ဆန္တော၊ ဆက်သွားသော်။ တေသံ ဓနံ အာဒါယ၊ ထိုကျန်နှစ်ယောက်တို့၏ ဥစ္စာကို ယူ၍။ ဂဟနဋ္ဌာနံ ပဝိဋ္ဌမဂ္ဂံ ဒိသွာ၊ ရှုပ်ထွေးဖုံးကွယ်ရာသို့ ဝင်ရာလမ်းကို တွေ့၍။ ဂစ္ဆန္တော ဘဏ္ဍိကဗဒ္ဓဿ ဓနဿ၊ ဆက်သွားသော် အထုပ်ဖြင့် ထုပ်အပ်သော ဥစ္စာ၏။ ရာသိံ ဒိသွာ၊ အစုအပုံကို တွေ့ရ၍။ ဘတ္တပါတိံ အဝတ္ထရိတွာ၊ ထမင်းခွက်ကို မှောက်မိ၍။ မတံ ဧကံ အဒ္ဒသ၊ သေနေသော တစ်ယောက်ကို တွေ့ပြီ။
တတော၊ ထို့နောင်မှ။ "ဣဒံ နာမ တေဟိ၊ ဤမည်သော အမှုကို ထိုကျန်လူနှစ်ယောက်တို့သည်။ ကတံ ဘဝိဿတီတိ၊ ပြုအပ်သည် ဖြစ်လတံ့"ဟု။ သဗ္ဗံ ဉ တွာ၊ အလုံးစုံကို သိ၍။ "သော ပုရိသော ကဟံ နု ခေါ၊ အခုတ်ခံရ၍ နောက်ဆုံးသေသော ထိုယောကျ်ားသည် အဘယ်မှာနည်း"ဟု။ ဝိစိနန္တော၊ ရှာသော်။ တမ္ပိ ပဋိစ္ဆန္နဋ္ဌာနေ၊ ထိုယောကျ်ားကိုလည်း ဖုံးကွယ်ရာ ဌာန၌။ အပဝိဒ္ဓံ ဒိသွာ၊ စွန့်ပစ်ထားအပ်သည်ကို တွေ့၍။ "အမှာကံ အာစရိယော၊ ငါတို့၏ ဆရာသည်။ မမ ဝစနံ အကတွာ၊ ငါ၏ စကားကို မပြု၍, မလိုက်နာ၍။ အတ္တနော ဒုဗ္ဗစဘာဝေန၊ မိမိ၏ အပြောရခက်သည်၏ အဖြစ်ကြောင့်။ အတ္တနာပိ ဝိနာသံ ပတ္တော၊ ကိုယ်တိုင်လည်း ပျက်စီးခြင်းသို့ ရောက်ပြီ။ တေန၊ ထိုငါ့ ဆရာသည်။ အပရမ္ပိ ပုရိသသဟဿံ ဝိနာသိတံ၊ အခြားလည်း ဖြစ်သော ယောကျ်ားတစ်ထောင်ကို ဖျက်ဆီးအပ်ပြီ။ ဝတ အနုပါယေန အကာရဏေန၊ စင်စစ် မဟုတ်သော နည်းဖြင့် မမှန်သောအကြောင်းဖြင့်။ အတ္တနော ဝုဍ္ဎိံ ပတ္ထယမာနာ၊ မိမိ၏ ကြီးပွားချမ်းသာမှုကို လိုလားသူတို့သည်။ အမှာကံ အာစရိယော ဝိယ၊ ငါတို့၏ ဆရာကဲ့သို့။ မဟာဝိနာသမေဝ ပါပုဏိဿန္တီတိ စိန္တေတွာ၊ ပျက်စီးခြင်း ကြီးစွာသို့သာ ရောက်ကြလတံ့"ဟု တွေး၍။ ဣမံ ဂါထံ အာဟ၊ ဤဂါထာကို ရွတ်ဆိုပြီ။ ဂါထာအနက်ကား--
၄၈။ အနုပါယေန ယော အတ္ထံ ဣစ္ဆတိ၊ မဟုတ်သော နည်းလမ်းဖြင့် အကြင်သူသည် မိမိကြီးပွားချမ်းသာမှုကို အလိုရှိ၏။ သော ဝိဟညတိ၊ ထိုသူသည် ပင်ပန်းပျက်စီးရ၏။
စေတာ ဝေဒဗ္ဗံ ဟနိံသု၊ စေတတိုင်းသား သူခိုးဓားပြတို့သည် ဝေဒဗ္ဗမန္တန်တတ်သည့် ပုဏ္ဏားကို သတ်ကြပြီ။ သဗ္ဗေ တေ ဗျသနံ မဇ္ဈဂူ၊ နှစ်ဖွဲ့လုံးဖြစ်ကုန်သော ထိုခိုးသားတို့သည် ပျက်စီးခြင်းသို့ ရောက်ကြပြီ။
တတ္ထ၊ ထိုဂါထာ၌။ **သော ဝိဟညတီ**တိ၊ သော ဝိဟညတိ ဟူသည်ကား။ အနုပါယေန၊ မမှန်သော နည်းလမ်းဖြင့်။ အတ္တနော အတ္ထံ၊ မိမိ၏ အကျိုးကို။ ဝုဍ္ဎိံ သုခံ၊ ကြီးပွားမှုကို ချမ်းသားမှုကို။ ဣစ္ဆာမီတိ အကာလေ၊ အလိုရှိ၏"ဟု တွေး၍ အခါ မဟုတ်သည်၌။ ဝါယာမံ ကရောန္တော၊ အားထုတ်မှုကို ပြုသော။ သော ပုဂ္ဂလော ဝိဟညတိ ကိလမတိ၊ ထိုပုဂ္ဂိုလ်သည် ပင်ပန်းရ၏။ မဟာဝိနာသံ ပါပုဏာတိ၊ ပျက်စီးခြင်းကြီးစွာသို့ ရောက်ရ၏တည်း။
**စေတာ**တိ စေတရဋ္ဌဝါသိနော စောရာ၊ စေတာ ဟူသည်ကား စေတတိုင်း၌ နေကုန်သော ခိုးသားဓားပြတို့တည်း။
**ဟနိံသု ဝေဒဗ္ဗန္တိ**၊ ဟနိံသု ဝေဒဗ္ဗံ ဟူသည်ကား။ ဝေဒဗ္ဗမန္တဝသေန ဝေဒဗ္ဗောတိ၊ ဝေဒဗ္ဗမန္တန်အစွမ်းကြောင့် ဝေဒဗ္ဗဟူ၍။ လဒ္ဓနာမံ ဗြာဟ္မဏံ ဟနိံသု၊ ရအပ်သော နာမည်ရှိသော ပုဏ္ဏားကို သတ်ကြပြီတည်း။
**သဗ္ဗေ တေ ဗျသနမဇ္ဈဂူ**တိ၊ သဗ္ဗေ တေ ဗျသနမဇ္ဈဂူဟူသည်ကား။ တေပိ စ အနဝသေသာ၊ ထိုခိုးသားတို့သည်လည်းပဲ အကြွင်းအကျန်မရှိကြဘဲ။ အညမညံ ဃာတယမာနာ၊ အချင်းချင်း သတ်ဖြတ်ကြလျက်။ ဗျသနံ အဓိဂစ္ဆိံသု ပဋိလဘိံသု၊ ပျက်စီးမှုကိုသာ ရကြပြီတည်း။ ဣတိ၊ ဤကား ဂါထာဖွင့်အပြီးတည်း။
ဧဝံ ဗောဓိသတ္တော၊ ဤသို့ ဘုရားလောင်းသည်။ အမှာကံ အာစရိယော၊ ငါတို့၏ ဆရာသည်။ အနုပါယေန အဋ္ဌာနေ၊ မဟုတ်သော နည်းလမ်းဖြင့် မလျော်သည့် နေရာ၌။ ပရက္ကမံ ကရောန္တော၊ လုံ့လကို ပြုလျက်။ ဓနံ ဝဿာပေတွာ၊ ဥစ္စာမိုးကို ရွာစေခြင်းကြောင့်။ အတ္တနာပိ ဇီဝိတက္ခယံ ပတ္တော ယထာ၊ ကိုယ်တိုင်လည်း အသက်ကုန်ခြင်းသို့ ရောက်ရသကဲ့သို့။ အညေသဉ္စ ဝိနာသပစ္စယော ဇာတော ယထာ၊ အခြားသူတို့၏လည်း ပျက်စီးကြောင်းသည် ဖြစ်ရသကဲ့သို့။ ဧဝမေဝ ယော အညောပိ၊ ဤအတူသာ အကြင် အခြားသူသည်လည်း။ အနုပါယေန၊ မဟုတ်သော နည်းဖြင့်။ အတ္တနော အတ္ထံ ဣစ္ဆန္တော၊ မိမိ၏ အကျိုးကို အလိုရှိ၍။ ဝါယာမံ ကရိဿတိ၊ လုံ့လကို ပြုအံ့။ သော သဗ္ဗော အတ္တနာ စ ဝိနဿိဿတိ၊ ထိုသူအားလုံးသည် ကိုယ်တိုင်လည်း ပျက်စီးလတံ့။ ပရေသံ ဝိနာသပစ္စယော စ ဘဝိဿတီတိ၊ သူတစ်ပါးတို့၏ ပျက်စီးကြောင်းသည်လည်း ဖြစ်လတံ့"ဟု။ ဝနံ ဥန္နာဒေန္တော၊ တောအုပ်ကို ပဲ့တင်ထပ်စေလျက်။ ဒေဝတာသု သာဓုကာရံ ဒဒမာနာသု၊ နတ်တို့သည် ကောင်းချီးကို ပေးကုန်စဉ်။ ဣမာယ ဂါထာယ ဓမ္မံ ဒေသေတွာ၊ ဤဂါထာဖြင့် တရားကို ဟောတော်မူ၍။ တံ ဓနံ ဥပါယေန၊ ထိုဥစ္စာကို နည်းလမ်းမှန်ဖြင့်။ အတ္တနော ဂေဟံ အာဟရိတွာ၊ မိမိ၏ အိမ်သို့ ‌ဆောင်ယူ၍။ ဒါနာဒီနိ ပုညာနိ ကရောန္တော၊ ဒါနစကုန်သော ကောင်းမှုတို့ကို ပြုလျက်။ ယာဝတာယုကံ ဌတွာ၊ အသက်ထက်ဆုံး တည်နေ၍။ ဇီဝိတပရိယောသာနေ သဂ္ဂပထံ၊ အသက်အဆုံး၌ နတ်ပြည်လမ်းကြောင်းကို။ ပူရယမာနော အဂမာသိ၊ ပြည့်စေလျက် သွားပြီ။
သတ္ထာပိ၊ ဘုရားရှင်သည်လည်း။ "ဘိက္ခု တွံ၊ ရဟန်း သင်သည်။ ဣဒါနေဝ န ဒုဗ္ဗစော၊ ယခုအခါ၌သာ အပြောရခက်သည် မဟုတ်သေး။ ပုဗ္ဗေပိ ဒုဗ္ဗစောဝ၊ ရှေးကလည်း အပြောရခက်သည်သာ။ ဒုဗ္ဗစတ္တာ ပန မဟာဝိနာသံ ပတ္တောတိ၊ အပြောရခက်သည့် အဖြစ်ကြောင့်ကား ပျက်စီးခြင်းကြီးစွာသို့ ရောက်ရပြီ"ဟု။ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဤတရားဒေသနာတော်ကို ဆောင်တော်မူ၍။ အနုသန္ဓိံ ဃဋေတွာ၊ အနုသန္ဓေကို စပ်တော်မူ၍။
"တဒါ ဝေဒဗ္ဗဗြာဟ္မဏော၊ ထိုအခါက ဝေဒဗ္ဗပုဏ္ဏားသည်။ ဒုဗ္ဗစဘိက္ခု အဟောသိ၊ အပြောရခက်သော ရဟန်းသည် ဖြစ်လာပြီ။ အန္တေဝါသိကော ပန အဟမေဝ အဟောသိန္တိ၊ တပည့်သည်ကား ငါဘုရားသည်သာ ဖြစ်လာပြီ"ဟု။ ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
**ဝေဒဗ္ဗဇာတကဝဏ္ဏနာ အဋ္ဌမာ**၊ **ရှစ်ခုမြောက် ဖြစ်သော ဝေဒဗ္ဗဇာတ်အဖွင့်တည်း။**