Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
Jātaka-aṭṭhakathā(Paṭhamo bhāgo)
Jātaka-aṭṭhakathā(Paṭhamo bhāgo)

[12] 2. Nigrodhamigajātakavaṇṇanā

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

နိဂြောဓမေဝ သေဝေယျာတိ ဣဒံ၊ နိဂြောဓမေဝ သေဝေယျာ စသော ဤတရားဒေသနာတော်ကို။ သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။ ကုမာရကဿပတ္ထေရဿ မာတရံ၊ ကုမာရကသာပ ထေရ်၏ မယ်တော်ကို။ အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
သာ ရာဇဂဟနဂရေ၊ ထိုကုမာရကဿပထေရ်မယ်တော်သည် ရာဇဂြိုဟ်မြို့က။ မဟာဝိဘဝဿ သေဋ္ဌိနော၊ ပစ္စည်းဥစ္စာများစွာရှိသော သူဌေးတစ်ဦး၏။ ဥဿန္နကုသလမူလာ ပရိမဒ္ဒိတသင်္ခါရာ ပစ္ဆိမဘဝိကာ၊ ကုသိုလ်မူရင်း များပြားသော သုံးသပ်ဆင်ခြင်အပ်သော သင်္ခါရတရားရှိသော နောက်ဆုံးဘဝ၌ ဖြစ်သော။ ဓီတာ အဟောသိ ကိရ၊ သမီးသည် ဖြစ်သတဲ့။ အန္တောဃဋေ ပဒီပေါ ဝိယ၊ အိုးအတွင်းက ဆီမီးကဲ့သို့။ တဿာ ဟဒယေ၊ ထိုသူဌေးသမီး၏ နှလုံးသား၌။ အရဟတ္တူပနိဿယော၊ ရဟန္တာဖြစ်ဖို့ အားကောင်းသော အကြောင်းသည်။ ဇလတိ၊ တောက်ပ၏။
သာ အတ္တာနံ၊ ထိုသူဌေးသမီးသည် ကိုယ့်ကိုယ်ကို။ ဇာနန-ကာလတော ပဋ္ဌာယ၊ သိသောအခါမှ စ၍။ ဂေဟေ အနဘိရတာ၊ အိမ်၌ မပျော်ပိုက်၍။ ပဗ္ဗဇိတုကာမာ ဟုတွာ၊ ရဟန်းပြုလိုသည် ဖြစ်၍။
"အမ္မ တာတာ မယှံ စိတ္တံ၊ အိုမိခင် ဖခင်တို့ ကျွန်မ၏စိတ်သည်။ ဃရာဝါသေ နာဘိရမတိ၊ အိမ်၌ မပျော်ပါ။ အဟံ နိယျာနိကေ၊ ကျွန်မသည် ဝဋ်ဆင်းရဲမှထုတ်ဆောင်တတ်သော။ ဗုဒ္ဓသာသနေ ပဗ္ဗဇိတုကာမာ၊ ဘုရားသာသနာတော်၌ ရဟန်းမ ပြုလိုပါ၏။ မံ ပဗ္ဗာဇေထာတိ၊ ကျွန်မကို ရှင်ရဟန်းပြုပေးကြပါကုန်လော့"ဟု။ မာတာပိတရော အာဟ၊ မိဖတို့ကို ပြောပြီ။
အမ္မ ကိံ ဝဒေသိ၊ သမီး ဘယ်လိုပြောလိုက်တာလဲ။ ဣဒံ ကုလံ ဗဟုဝိဘဝံ၊ ဤအမျိုးကား ပစ္စည်းများစွာရှိသော အမျိုးတည်း။ တွဉ္စ အမှာကံ ဧကဓီတာ၊ သင်သမီးသည်လည်း ငါတို့၏ တစ်ဦးတည်းသော သမီးတည်း။ တယာ ပဗ္ဗဇိတုံ၊ သင်သမီးသည် ရဟန်းပြုခြင်းငှာ။ န လဗ္ဘာတိ၊ မရနိုင်ဟု ပြောကြပြီ။
သာ ပုနပ္ပုနံ ယာစိတွာပိ၊ ထိုသူဌေးသမီးသည် ထပ်ကာထပ်ကာ တောင်းပန်၍လည်း။ မာတာပိတူနံ သန္တိကာ၊ မိဘတို့၏ အထံမှ။ ပဗ္ဗဇ္ဇံ အလဘမာနာ၊ ရဟန်းပြုခွင့်ကို မရသော်။ "ဟောတု' ပတိကုလံ ဂတာ၊ ဖြစ်ပါစေ လင့်အိမ်သို့ ရောက်သော်။ သာမိကံ အာရာဓေတွာ၊ လင်ကို နှစ်သက်စေ၍။ ပဗ္ဗဇိဿာမီတိ စိန္တေသိ၊ ရဟန်းပြုအံ့"ဟု ကြံထားပြီ။
သာ ဝယပ္ပတ္တာ၊ ထိုသူဌေးသမီးသည် အရွယ်ရောက်သော်။ ပတိကုလံ ဂန္တွာ၊ လင့်အိမ်သို့ ပါသွား၍။ ပတိဒေဝတာ ဟုတွာ၊ လင်ဟူသော အိမ်ဦးနတ်ရှိသည် ဖြစ်၍။ သီလဝတီ ကလျာဏဓမ္မာ၊ သီလပြည့်စုံ၍ ကောင်းသောသဘောရှိ၍။ အဂါရံ အဇ္ဈာဝသိ၊ အိမ်၌ နေပြီ။
အထ အဿာ သံဝါသံ အနွာယ၊ ထိုအခါ၌ ထိုသူဌေးသမီးအား ပေါင်းဖော်ခြင်းကို စွဲ၍။ ကုစ္ဆိယံ ဂဗ္ဘော ပတိဋ္ဌဟိ၊ ဝမ်း၌ ကိုယ်ဝန်သည် တည်ပြီ။
သာ ဂဗ္ဘဿ၊ ထိုသူဌေးသမီးသည် ကိုယ်ဝန်၏။ ပတိဋ္ဌိတဘာဝံ န အညာသိ၊ တည်ကြောင်းကို မသိရှာ။
အထ တသ္မိံ နဂရေ၊ ထိုအခါ၌ ထိုရာဇဂြိုဟ်မြို့၌။ နက္ခတ္တံ ဃောသယိံသု၊ နက္ခတ်ပွဲကို ကြွေးကြော်ကုန်ပြီ။ သကလနဂရဝါသိနော နက္ခတ္တံ ကီဠိံသု၊ ရာဇဂြိုဟ်မြို့နေသူ အားလုံးတို့သည် နက္ခတ်ပွဲကို ကစားပျော်ရွှင်ကုန်ပြီ။ နဂရံ ဒေဝနဂရံ ဝိယ၊ ရာဇဂြိုဟ်မြို့သည် နတ်မြို့ကဲ့သို့။ အလင်္ကတပဋိယတ္တံ အဟောသိ၊ တန်ဆာဆင်မှုနှင့် စပ်ယှဉ်သည် ဖြစ်ပြီ။
ပန သာ တာဝ ဥဠာရာယပိ၊ ထူးခြားသည်ကား ထိုသူဌေးသမီးသည် သို့ကလောက် ကြီးကျယ်ခမ်းနား ပျော်စရာကောင်းသည်လည်း ဖြစ်သော။ ဝတ္တမာနာယ နက္ခတ္တကီဠာယ၊ ဖြစ်ဆဲ ကျင်းပနေဆဲဖြစ်သော နက္ခတ်ပျော်ပွဲကြီး၌။ အတ္တနော သရီရံ န ဝိလိမ္ပတိ န အလင်္ကရောတိ၊ မိမိ၏ကိုယ်ကို မလိမ်းကျံ တန်ဆာမဆင်။ ပကတိဝေသေနေဝ ဝိစရတိ၊ ပင်ကိုအသွင်အပြင်ဖြင့်သာ သွားလာလှည့်လည်၏။
အထ နံ သာမိကော၊ ထိုအခါ၌ ထိုသူဌေးသမီးကို လင်သည်။
ဘဒ္ဒေ သကလနဂရံ၊ ချစ်နှမ ရာဇဂြိုဟ်တစ်မြို့လုံးသည်။ နက္ခတ္တနိဿိတံ၊ နက္ခတ်ပွဲကို မှီနေ၏။ တွံ ပန သရီရံ၊ ရှင်မသည်ကား ကိုယ်ကိုပင်။ န ပဋိဇဂ္ဂသီတိ အာဟ၊ မပြုပြင်ဟု ပြောပြီ။
အယျပုတ္တ မေ သရီရံ၊ အိုအရှင့်သား ကျွန်မ၏ ကိုယ်သည်။ ဒွတ္တိံသာယ ကုဏပေဟိ ပူရိတံ၊ ၃၂-မျိုးသော အကောင်ပုပ်တို့ဖြင့် ပြည့်နေ၏။ အလင်္ကတေန ဣမိနာ ကိံ၊ တန်ဆာဆင်အပ်သော ဤကိုယ်ဖြင့် ဘာပြုမည်နည်း။ ဟိ အယံ ကာယော၊ မှန်၏ ဤကိုယ်သည်။ နေဝ ဒေဝနိမ္မိတော န ဗြဟ္မနိမ္မိတော၊ နတ်ဖန်ဆင်းထားအပ်သည်လည်း မဟုတ် ဗြဟ္မာဖန်ဆင်းထားအပ်သည်လည်း မဟုတ်။ န သုဝဏ္ဏမယော န မဏိမယော၊ ရွှေဖြင့် ပြုထားအပ်သည်လည်း မဟုတ် ကျောက်သံပတ္တမြားဖြင့် ပြုထားအပ်သည်လည်း မဟုတ်။ န ဟရိစန္ဒနမယော၊ စန္ဒကူးရွှေဖြင့် ပြုထားအပ်သည်လည်း မဟုတ်။ န ပုဏ္ဍရီကကုမုဒုပ္ပလဂဗ္ဘသမ္ဘူတော၊ ကြာဖြူ, ကုမုဒြာကြာတိုက်တို့၌ ဖြစ်သည်လည်းမဟုတ်။ န အမတောသဓပူရိတော၊ အမြိုက်ဆေးတို့ ပြည့်နေသည်လည်း မဟုတ်။ အထ ခေါ ကုဏပေ ဇာတော၊ စင်စစ်သော်ကား အကောင်ပုပ်၌ ဖြစ်၏။ မာတာပေတ္တိကသမ္ဘဝေါ၊ မိဘတို့သွေးမှ ဖြစ်၏။ အနိစ္စုစ္ဆာဒနပရိမဒ္ဒနဘေဒနဝိဒ္ဓံသနဓမ္မော၊ မမြဲခြင်း, ဖုံးလွှမ်း လိမ်းကျံရခြင်း, ဆုပ်နယ်ရခြင်း, ပျက်စီးခြင်း, ဖရိုဖရဲ ပြန့်ကြဲခြင်း သဘောရှိ၏။ ကဋသိဝဍ္ဎနော တဏှူပါဒိန္နော၊ သင်္ချိုင်းမြေကို တိုးပွားစေတတ်၏ တဏှာကပ်သော ကံ၏အကျိုးဖြစ်၏။ သောကာနံ နိဒါနံ၊ ပူပန်သောကတို့၏ အကြောင်းတည်း။ ပရိဒေဝါနံ ဝတ္ထု၊ ငိုကြွေးမှုတို့၏ တည်ရာတည်း။ သဗ္ဗရောဂါနံ အာလယော၊ ရောဂါအားလုံးတို့၏ မှီရာတည်း။ ကမ္မကရဏာနံ ပဋိဂ္ဂဟော၊ ညှဉ်းဆဲခြင်း, ဒဏ်ပေးခြင်းတို့ကို ခံယူရာ ထွေးခံတည်း။ အန္တောပူတိ ဗဟိနိစ္စပဂ္ဃရဏော၊ အတွင်းပုပ်၍ အပြင်သို့ ရွံဖွယ် အမြဲယိုထွက်နေ၏။ ကိမိကုလာနံ အာဝါသော၊ ပိုးလောက်မျိုးတို့တွင် နေရာဖြစ်၏။ သိဝထိကပယာတော၊ သင်္ချိုင်းသွားတတ်၏။ မရဏပရိယောသာနော၊ သေခြင်းလျှင် အဆုံးရှိ၏။ သဗ္ဗလောကဿ စက္ခုပထေ ဝတ္တမာနောပိ၊ သတ္တလောကသားအားလုံး၏ မျက်စိမြင်ရာလမ်းကြောင်း၌ ဖြစ်ပါသော်လည်း။
အဋ္ဌိနဟာရုသံယုတ္တော၊ အရိုးအကြောတို့ဖြင့် ယှဉ်အပ် ဆောက်လုပ်အပ်၍။ တစမံသာဝလေပနော၊ အရေ, အသားတို့ဖြင့် လိမ်းကျံအပ်၍။
ဆဝိယာ ပဋိစ္ဆန္နော၊ အပေါ်ရေဖြင့် ဖုံးထားအပ်၍။ ကာယော ယထာဘူတံ န ဒိဿတိ၊ ရုပ်ကိုယ်သည် ရွံစရာအဖြစ်ဟုတ်မှန်သည့်အတိုင်း မတွေ့မြင်ရ။
အန္တပူရော ဥဒရပူရော၊ အူမကြီးဖြင့် ပြည့်နေ၏ အစာသစ် ပြည့်နေ၏။ ယကနပေဠဿ ဝတ္ထိနော၊ အသည်းစိုင်ဖြင့်လည်းကောင်း, ဆီးအိမ်ဖြင့်လည်းကောင်း။
ဟဒယဿ ပပ္ဖါသဿ၊ နှလုံးဖြင့်လည်းကောင်း, အဆုတ်ဖြင့်လည်းကောင်း။ ဝက္ကဿ ပိဟကဿ စ၊ အညှို့ ကျောက်ကပ်ဖြင့်လည်းကောင်း, အဖျဉ်းဖြင့်လည်းကောင်း။
သိင်္ဃာဏိကာယ ခေဠဿ၊ နှပ်ဖြင့်လည်းကောင်း, တံတွေးဖြင့်လည်းကောင်း။ သေဒဿ စ မေဒဿ စ၊ ချွေးဖြင့်လည်းကောင်း, အဆီခဲဖြင့်လည်းကောင်း။
လောဟိတဿ လသိကာယ၊ သွေးဖြင့်လည်းကောင်း, အစေးဖြင့်လည်းကောင်း။ ပိတ္တဿ စ ဝသာယ စ၊ သည်းခြေဖြင့်လည်းကောင်း, ဆီကြည်ဖြင့်လည်းကောင်း။ (ပူရိတော၊ ပြည့်နေ၏)။
အထ အဿ နဝဟိ သောတေဟိ၊ ရွံစရာသည်မျှမကသေး ဤကိုယ်၏ ယိုစီးရာအပေါက် ၉-မျိုးတို့မှ။ အသုစီ သဗ္ဗဒါ သဝတိ၊ မစင်မကြယ်ရွံဖွယ်သည် အခါခပ်သိမ်း ထွက်နေ၏။
အက္ခိမှာ အက္ခိဂူထကော၊ မျက်စိမှ မျက်ချေးသည်လည်းကောင်း။ ကဏ္ဏမှာ ကဏ္ဏဂူထကော၊ နားမှ နားဖာချေးသည်လည်းကောင်း။
နာသတော ဧကဒါ မုခေန၊ နှာခေါင်းမှ တစ်ရံတစ်ခါ၌ ခံတွင်းမှ။ သိင်္ဃာဏိကာ စ ဝမတိ၊ နှပ်သည် လည်းကောင်း ပျို့အန်ထွက်၏။
ပိတ္တံ သေမှဉ္စ၊ သည်းခြေသည်လည်းကောင်း, သလိပ်သည်လည်းကောင်း။ မုခေန ဝမတိ၊ ခံတွင်းမှ အန်ထွက်၏။
အထ အဿ သုသိရံ သီသံ၊ ထို့ပြင် ဤကိုယ်၏ အခေါင်းရှိသော ဦးခေါင်းသည်။ မတ္ထလုင်္ဂဿ ပူရိတံ၊ ဦးနှောက်ဖြင့် ပြည့်နေ၏။
အဝိဇ္ဇာယ ပုရက္ခတော ဗာလော၊ အဝိဇ္ဇာသည် ရှေ့၌ပြုအပ်သော လူမိုက်သည်။ နံ သုဘတော မညတိ၊ ထိုကိုယ်ကို တင့်တယ်၏ဟု မှတ်ထင်၏။
ကာယော အနန္တာဒီနဝေါ၊ ဤကိုယ်သည် များသောအပြစ် ရှိ၏။ ဝိသရုက္ခသမူပမော၊ အဆိပ်ပင်နှင့်တူသော ဥပမာရှိ၏။
သဗ္ဗရောဂါနံ အာဝါသော၊ ရောဂါအားလုံးတို့၏ နေရာဖြစ်၏။ ဒုက္ခဿ ပုဉ္ဇော ကေဝလော၊ ဆင်းရဲ၏အစုအပုံ သက်သက်သာတည်း။
ဣမဿ ကာယဿ အန္တော၊ ဤကိုယ်၏အတွင်းသည်။ ဗာဟိရကော သစေ သိယာ၊ အပြင်အပသည် အကယ်၍ ဖြစ်အံ့။
ဒဏ္ဍံ ဂဟေတွာန၊ တုတ်ကို ကိုင်၍။ ကာကေ သောဏေ စ နူန ဝါရယေ၊ ကျီးတို့ကိုလည်းကောင်း ခွေးတို့ကိုလည်းကောင်း ဧကန်တားမြစ်နေရရာ၏။
ကာယော ဒုဂ္ဂန္ဓော အသုစိ၊ ကိုယ်သည် မကောင်းသောအနံ့ဆိုး ရှိ၏ ပြုပြင်သော်လည်း အမြဲမစင်ကြယ်။ ကုဏပေါ ဥက္ကရူပမော၊ အကောင်ပုပ်သာတည်း မစင်တွင်းနှင့် တူ၏။
စက္ခုဘူတေဟိ နိန္ဒိတော၊ မျက်စိသဖွယ် ဖြစ်ကြကုန်သော ပညာရှိတို့သည် ကဲ့ရဲ့အပ်သော။ ကာယော ဗာလာဘိနန္ဒိတော၊ ရုပ်ကိုယ်ကို လူမိုက်တို့ အလွန် နှစ်သက်အပ်၏။
အလ္လစမ္မပဋိစ္ဆန္နော၊ အရေစိုဖြင့် ဖုံးလွှမ်းအပ်၏။ နဝဒွါရော မဟာဝဏော၊ အပေါက်ကိုးပေါက် ရှိသော အမာကြီးဖြစ်၏။
ပူတိဂန္ဓိယော အသုစီ၊ အပုပ်နံ့ရှိကုန်သော မစင်မကြယ် ရွံစဖွယ်တို့ကို။ သမန္တတော ပဂ္ဃရတီတိ၊ ထက်ဝန်းကျင်မှ ယိုစီးနေ၏ ဟုလည်းကောင်း။
အယျပုတ္တ ဣမံ ကာယံ၊ အရှင့်သား ဤကိုယ်ကို။ အလင်္ကရိတွာ ကိံ ကရိဿာမိ၊ တန်ဆာဆင်၍ ဘာပြုမည်နည်း။
ဣမဿ အလင်္ကတကရဏံ၊ ဤကိုယ်ကို တန်ဆာဆင်မှုပြုခြင်းသည်။ ဂူထပုဏ္ဏဃဋဿ ဗဟိ၊ မစင်ပြည့်နေသော အိုးကို အပြင်ပက။ စိတ္တကမ္မကရဏံ ဝိယ ဟောတိ နနူတိ၊ ပန်းချီရေးမှုပြုသကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလောဟုလည်းကောင်း ဖြေပြီ။
သေဋ္ဌိပုတ္တော တဿာ ဝစနံ သုတွာ၊ လင်သူဌေးသားသည် ထိုသူဌေးသမီးမယား၏ စကားကို ကြားရ၍။ "ဘဒ္ဒေ တွံ ဣမဿ သရီရဿ၊ အိုရှင်မ သင်ရှင်မသည် ဤရုပ်ကိုယ်၏။ ဣမေ ဒေါသေ ပဿမာနာ၊ ဤအပြစ်အနာအဆာတို့ကို မြင်သိနေပါလျက်။ ကသ္မာ န ပဗ္ဗဇသီတိ အာဟ၊ အဘယ့်ကြောင့် ရဟန်းမ, မပြုသနည်းဟု မေးပြီ။
အယျပုတ္တ အဟံ၊ အရှင့်သား ကျွန်တော်မသည်။ ပဗ္ဗဇ္ဇံ လဘမာနာ၊ ရဟန်းမ, ပြုခွင့်ကို ရခဲ့သော်။ အဇ္ဇေဝ ပဗ္ဗဇေယျန္တိ၊ ယနေ့ပင် ရဟန်းမ, ပြုပါမည်ဟု ပြောပြီ။
သေဋ္ဌိပုတ္တော၊ လင်သူဌေးသားသည်။ သာဓု အဟံ တံ၊ ကောင်းပြီ ငါသည် သင်ရှင်မကို။ ပဗ္ဗာဇေဿာမီတိ ဝတွာ၊ ရဟန်းမ, ပြုစေအံံ့ဟု ပြော၍။ မဟာဒါနံ ပဝတ္တေတွာ၊ အလှူကြီးကို ဖြစ်စေ၍။ မဟာသက္ကာရံ ကတွာ၊ ပူဇော်သက္ကာရကြီးကို ပြု၍။ မဟန္တေန ပရိဝါရေန၊ များစွာသော အခြံအရံဖြင့်။ ဘိက္ခုနုပဿယံ နေတွာ၊ ဘိက္ခုနီမတို့ကျောင်းသို့ ဆောင်ယူ၍။ တံ ပဗ္ဗာဇေန္တော၊ ထိုအိမ်ရှင်မကို ရဟန်းမ, ပြုပေးသော်။ ဒေဝဒတ္တပက္ခိယာနံ ဘိက္ခုနီနံ၊ ဒေဝဒတ်ဘက်သား ဖြစ်ကုန်သော ရဟန်းမတို့၏။ သန္တိကေ ပဗ္ဗာဇေသိ၊ အထံ၌ ရဟန်းမ, ပြုစေပြီ။
သာ ပဗ္ဗဇ္ဇံ လဘိတွာ၊ ထိုသူဌေးသမီးသည် ရဟန်းမအဖြစ်ကို ရသော်။ ပရိပုဏ္ဏသင်္ကပ္ပါ အတ္တမနာ အဟောသိ၊ အကြံအစည်ပြည့်စုံသည် နှစ်သက်သောစိတ်ရှိသည် ဖြစ်ပြီ။
အထ အဿာ ဂဗ္ဘေ၊ ရဟန်းမ, ဝတ်ပြီးရာ ထိုအခါ၌ ထိုဘိက္ခုနီမ၏ ကိုယ်ဝန်သည်။ ပရိပါကံ ဂစ္ဆန္တေ၊ ရင့်ကျက်ခြင်းသို့ ရောက်သော်။ ဣန္ဒြိယာနံ အညထတ္တံ၊ မျက်စိစသော ဣန္ဒြေတို့၏ တစ်မျိုးတစ်ဖုံဖြစ်သည့်အဖြစ်ကိုလည်းကောင်း။ ဟတ္ထပါဒပိဋ္ဌီနံ ဗဟလတ္တံ၊ လက်ဖမိုးခြေဖမိုးတို့၏ မို့မောက်သည့် အဖြစ်ကိုလည်းကောင်း။ ဥဒရပဋလဿ မဟန္တတံ စ ဒိသွာ၊ ဝမ်းပျဉ်း၏ ကြီးသည့်အဖြစ်ကိုလည်းကောင်း မြင်ကြ၍။ "အယျေ တွံ၊ အိုရှင်မ သင်ရှင်မသည်။ ဂဗ္ဘိနီ ဝိယ ပညာယသိ၊ ကိုယ်ဝန်ရှိသကဲ့သို့ ထင်ရ၏။ ဧတံ ကိန္တိ၊ ဤသည်ကား ဘယ်လိုလဲ"ဟု။ ဘိက္ခုနိယော တံ ပုစ္ဆိံသု၊ ဘိက္ခုနီမတို့သည် ထိုဘိက္ခုနီမလေးကို မေးကုန်ပြီ။
အယျေ၊ ရှင်မတို့။ ဣဒံ နာမ ကာရဏန္တိ န ဇာနာမိ၊ ဤမည်သောအကြောင်းဟု မသိပါ။ မေ သီလံ ပန ပရိပုဏ္ဏန္တိ၊ တပည့်တော်မ၏ သီလသည်ကား ပြည့်စုံပါ၏ဟု ပြောပြီ။
အထ နံ တာ ဘိက္ခုနိယော၊ ထိုအခါ၌ ထိုဘိက္ခုနီမလေးကို ထိုလက်ခံထားသော ဘိက္ခုနီမတို့သည်။ ဒေဝဒတ္တဿ သန္တိကံ နေတွာ၊ ရှင်ဒေဝဒတ်၏အထံသို့ ဆောင်ယူ၍။ "အယျ အယံ ကုလဓီတာ၊ အရှင်ဘုရား ဤအမျိုးကောင်းသမီးလေးသည်။ ကိစ္ဆေန သာမိကံ အာရာဓေတွာ၊ ပင်ပန်းစွာ အိမ်ရှင်ကို နှစ်သက်စေ၍။ ပဗ္ဗဇ္ဇံ လဘိ၊ ရဟန်းမ, အဖြစ်သို့ ရခဲ့ပါပြီ။ ပန ဣဒါနိ အဿာ၊ သို့သော်လည်း ယခုအခါ၌ ဤအမျိုးကောင်းသမီးမှာ။ ဂဗ္ဘော ပညာယတိ၊ ကိုယ်ဝန်သည် ထင်ရှား၏။ မယံ ဣမဿ ဂဗ္ဘဿ၊ တပည့်တော်မတို့သည် ဤကိုယ်ဝန်၏။ ဂိဟိကာလေ ဝါ ပဗ္ဗဇိတကာလေ ဝါ၊ လူဖြစ်စဉ်ကာလ၌လည်းကောင်း ရဟန်းမ, ဖြစ်ပြီးကာလ၌လည်းကောင်း။ လဒ္ဓဘာဝံ န ဇာနာမ၊ ရကြောင်းကို မသိပါကုန်။ ကိံ ဣဒါနိ ကရောမာတိ၊ ဘာကို ယခုအခါ ပြုကြရပါမည်နည်း"ဟု။ ဒေဝဒတ္တံ ပုစ္ဆိံသု၊ ဒေဝဒတ်ကို မေးကုန်ပြီ။
ဒေဝဒတ္တော အတ္တနော အဗုဒ္ဓဘာဝေန စ၊ ဒေဝဒတ်သည် မိမိ၏ ဘုရားမဟုတ်သည့် အဖြစ်ကြောင့်လည်းကောင်း။ ခန္တိမေတ္တာနုဒ္ဒယာနံ နတ္ထိတာယ စ၊ သည်းခံခြင်း, ချစ်ခင်ခြင်း, သနားခြင်းတို့၏ မရှိခြင်းကြောင့်လည်းကောင်း။ "ဒေဝဒတ္တပက္ခိကာ ဘိက္ခုနီ၊ ဒေဝဒတ်ဘက်သားဖြစ်သော ရဟန်းမသည်။ ကုစ္ဆိနာ ဂဗ္ဘံ ပရိဟရတိ၊ ဝမ်းဖြင့် ကိုယ်ဝန်ကို လွယ်၏။ ဒေဝဒတ္တော စ၊ ဒေဝဒတ်သည်လည်း။ တံ အဇ္ဈုပေက္ခတိ ယေဝါတိ၊ ထိုရဟန်းမကို လျစ်လျူရှုသည်သာဟု။ မယှံ ဂရဟာ ဥပ္ပဇ္ဇိဿတိ၊ ငါ့အား ကဲ့ရဲ့ခြင်းသည် ဖြစ်လတ္တံ့။ မယာ ဣမံ၊ ငါဒေဝဒတ်သည် ကိုယ်ဝန်ရှိသူ, ဤရဟန်းမကို။ ဥပ္ပဗ္ဗာဇေတုံ ဝဋ္ဋတီတိ၊ လူထွက်စေခြင်းငှာ သင့်၏"ဟု။ ဧဝံ စိန္တေသိ၊ ဤသို့ ကြံပြီ။
သော အဝီမံသိတွာဝ၊ ထိုဒေဝဒတ်သည် မစူးစမ်းမူ၍သာ။ သေလဂုဠံ ပဝဋ္ဋယမာနော ဝိယ ပက္ခန္ဒိတွာ၊ ကျောက်သားဂုံညှင်းကို လှိမ့်လိုက်သကဲ့သို့ ပြေးသွား၍။ ဂစ္ဆထ၊ သွားကြ။ ဣမံ ဥပ္ပဗ္ဗာဇေထာတိ အာဟ၊ ကိုယ်ဝန်ရှိသော ဤရဟန်းမကို လူထွက်ခိုင်းကြဟု ပြောပြီ။
တာ တဿ ဝစနံ သုတွာ၊ ထိုရဟန်းမတို့သည် ထိုဒေဝဒတ်၏ စကားကို ကြားရ၍။ ဥဋ္ဌာယ ဝန္ဒိတွာ၊ ထ၍ ရှိခိုး၍။ ဥပဿယံ ဂတာ၊ ဘိက္ခုနီမကျောင်းသို့ ပြန်သွားကုန်ပြီ။
အထ သာ၊ ပြန်ရောက်ရာ ထိုအခါ၌ ထိုရဟန်းမငယ်သည်။
"အယျေ ဒေဝဒတ္တတ္ထေရော န ဗုဒ္ဓေါ၊ အရှင်မတို့ ဒေတဒတ်ထေရ်သည် ဘုရားမဟုတ်ပါ။ မယှံ ပဗ္ဗဇ္ဇာပိ၊ တပည့်တော်မ၏ ရဟန်းအဖြစ်သည်လည်း။ တဿ သန္တိကေ န၊ ထိုဒေဝဒတ်ထေရ်၏ အထံ၌ မဟုတ်ပါ။ ပန လောကေ၊ အဟုတ်သော်ကား လောက၌။ အဂ္ဂပုဂ္ဂလဿ သမ္မာသမ္ဗုဒ္ဓဿ၊ ပုဂ္ဂိုလ်အမြတ်ဆုံး ဖြစ်တော်မူသော ဘုရားရှင်၏။ သန္တိကေ မယှံ ပဗ္ဗဇ္ဇာ၊ အထံတော်၌ တပည့်တော်မ၏ ရဟန်းအဖြစ်သည်။ (ဟောတိ၊ ဖြစ်ပါ၏)။ စ ပန သာ၊ ဆက်၍ အထူးလျှောက်ထားရသော် ထိုရဟန်းမ အဖြစ်ကို။ မေ ဒုက္ခေန လဒ္ဓါ၊ တပည့်တော်မသည် ဆင်းရဲခံပြီးမှ ရအပ်ပါပြီ။ နံ မာ အန္တရဓာပေထ၊ ဆင်းရဲခံပြီးမှ ရရှိသည့် ထိုရဟန်းမအဖြစ်ကို မကွယ်ပျောက်ပါစေကုန်လင့်။ ဧထ မံ ဂဟေတွာ၊ လာကြပါလော့ တပည့်တော်မကို ခေါ်ယူ၍။ သတ္ထု သန္တိကံ၊ ဘုရားရှင်၏ အထံတော်သို့။ ဇေတဝနံ ဂစ္ဆထာတိ၊ ဇေတဝန်ကျောင်းတော်သို့ သွားကြပါလော့"ဟု။ တာ ဘိက္ခုနိယော အာဟ၊ ထိုဘိက္ခုနီမကြီးတို့ကို ပြောပြီ။
တာ တံ အာဒါယ၊ ထိုဘိက္ခုနီမကြီးတို့သည် ထိုဘိက္ခုနီလေးကို ခေါ်ယူ၍။ ရာဇဂဟာ ပဉ္စစတ္တာလီသယောဇနိကံ၊ ရာဇဂြိုဟ်မြို့မှ ၄၅-ယူဇနာရှိသော။ မဂ္ဂံ အတိက္ကမ္မ၊ ခရီးကို ကျော်လွန်၍။ အနုပုဗ္ဗေန ဇေတဝနံ ပတွာ၊ အစဉ်သဖြင့် ဇေတဝန်ကျောင်းတော်သို့ ရောက်၍။ သတ္ထာရံ ဝန္ဒိတွာ၊ ဘုရားရှင်ကို ရှိခိုးပြီး၍။ တံ အတ္ထံ အာရောစေသုံ၊ ထိုအကြောင်းကို လျှောက်ထားကုန်ပြီ။
"ဧတိဿာ ဂဗ္ဘော၊ ဤဘိက္ခုနီမလေး၏ ကိုယ်ဝန်သည်။ ဂိဟိကာလေ ကိဉ္စာပိ ပတိဋ္ဌိတော၊ လူဖြစ်စဉ်ကာလက အကယ်၍ကား တည်ခဲ့၏။ ဧဝံ သန္တေပိ သမဏော ဂေါတမော၊ ဤသို့ လူဖြစ်စဉ်ကတည်ခဲ့ပါသော်လည်း ရဟန်းဂေါတမသည်။ ဒေဝဒတ္တေန ဇဟိတံ၊ ဒေဝဒတ်သည် စွန့်ပစ်အပ်သော ဘိက္ခုနီမကို။ အာဒါယ စရတီတိ၊ ခေါ်ယူ၍ လှည့်လည်၏ဟု။ တိတ္ထိယာနံ ဩကာသော ဘဝိဿတိ၊ တိတ္ထိတို့၏ ပြောဆိုခွင့်သည် ဖြစ်လတ္တံ့။
တသ္မာ ဣမံ ကထံ ပစ္ဆိန္ဒိတုံ၊ ထို့ကြောင့် ဤပြောခွင့်စကားကို ပြောမရအောင် ဖြတ်ခြင်းငှာ။ သရာဇိကာယ ပရိသာယ မဇ္ဈေ၊ မင်းနှင့်တကွသော ပရိသတ်၏အလယ်၌။ ဣမံ အဓိကရဏံ ဝိနိစ္ဆိတုံ ဝဋ္ဋတီတိ၊ ဘိက္ခုနီမလေးကိုယ်ဝန်ရှိသည့် ဤအမှုကိစ္စကို ဆုံးဖြတ်ခြင်းငှာ သင့်၏"ဟု။ သတ္ထာ စိန္တေသိ၊ ရှင်တော်ဘုရားသည် ကြံတော်မူပြီ။
ပုနဒိဝသေ ပသေနဒိကောသလံ ရာဇာနံ၊ နောက်နေ့၌ ပသေနဒီကောသလမည်သော မင်းကိုလည်းကောင်း။ မဟာအနာထပိဏ္ဍိကံ စူဠအနာထပိဏ္ဍိကံ၊ အနာထပိဏ်သူဌေးကြီးကိုလည်းကောင်း အနာထပိဏ်သူဌေးလေးကိုလည်းကောင်း။ ဝိသာခံ မဟာဥပါသိကံ၊ ဝိသာခါမည်သော ဥပါသိကာမကြီးကိုလည်းကောင်း။ အညာနိ အဘိညာတာနိ၊ အခြားကုန်သော ထင်ရှားကုန်သော။ မဟာကုလာနိ စ ပက္ကောသာပေတွာ၊ ဆွေကြီးမျိုးကြီးတို့ကိုလည်းကောင်း ခေါ်စေ၍။ သာယနှသမယေ စတူသု ပရိသာသု သန္နိပတိတာသု၊ ညနေချမ်း၌ ပရိသတ်လေးပါးတို့သည် စည်းဝေးကုန်သော်။ "ဂစ္ဆ၊ သွားချေ။ တွံ ဣမိဿာ ဒဟရဘိက္ခုနိယာ ကမ္မံ၊ သင်ဥပါလိသည် ဤဘိက္ခုနီမလေး၏ ကိုယ်ဝန်တည်သည့် အမှုကို။ သောဓေဟီတိ၊ သုတ်သင်လော့ ဆုံးဖြတ်လော့"ဟု။ ဥပါလိတ္ထေရံ အာမန္တေသိ၊ ဥပါလိထေရ်ကို မိန့်ပြီ။
သာဓု ဘန္တေတိ၊ ကောင်းပါပြီ ဘုရားဟု လျှောက်ထား၍။ ထေရော ပရိသမဇ္ဈံ ဂန္တွာ၊ ရှင်ဥပါလိထေရ်သည် ပရိသတ်လယ်သို့ ကြွ၍။ အတ္တနော ပညတ္တာသနေ နိသီဒိတွာ၊ မိမိဖို့ ခင်းထားအပ်သောနေရာ၌ ထိုင်၍။ ရညော ပုရတော၊ ပသေနဒီကောသမင်း၏ ရှေ့၌။ ဝိသာခံ ဥပါသိကံ ပက္ကောသာပေတွာ၊ ဝိသာခါမည်သော ဥပါသိကာမကြီးကို ခေါ်စေ၍။ "ဂစ္ဆ ဝိသာခေ၊ သွားပါချေ အို ဝိသာခါ။ အယံ ဒဟရာ အသုကမာသေ၊ ဤဘိက္ခုနီမလေးသည် ဤမည်သောလ၌။ အသုကဒိဝသေ ပဗ္ဗဇိတာတိ၊ ဤမည်သောနေ့၌ ရဟန်းပြု၏ဟု။ တထတော ဉ တွာ၊ အမှန်အကန် သိပြီး၍။ ပုရေ ဝါ ပစ္ဆာ ဝါ၊ ရဟန်းမပြုမီ ရှေး၌လည်းကောင်း, ရဟန်းပြုပြီး ‌နောက်၌လည်းကောင်း။ ဣမဿ ဂဗ္ဘဿ လဒ္ဓဘာဝံ၊ ဤကိုယ်ဝန်၏ ရကြောင်းကို။ ဇာနာဟီတိ၊ သိလော့ သိအောင် ပြုလော့"ဟု ပြော၍။ ဣမံ အဓိကရဏံ ပဋိစ္ဆာပေသိ၊ ဘိက္ခုနီမလေး ကိုယ်ဝန်ရှိသည့် ဤအမှုကိစ္စကို လက်ခံစေပြီ (အပ်နှင်းပြီ)။
ဥပါသိကာ၊ ဝိသာခါ ဥပါသိကာမကြီးသည်။ သာဓူတိ သမ္ပဋိစ္ဆိတွာ၊ ကောင်းပါပြီ ဘုရားဟု လက်ခံပြီး၍။ သာဏိံ ပရိက္ခိပါပေတွာ၊ တင်းတိမ်ကို ကာရံစေ၍။ အန္တောသာဏိယံ ဒဟရဘိက္ခုနိယာ၊ တင်းတိမ်တွင်း၌ ဘိက္ခုနီမလေး၏။ ဟတ္ထပါဒနာဘိဥဒရပရိယောသာနာဒီနိ ဩလောကေတွာ၊ လက်,ခြေ,ချက်,ဝမ်းဗိုက်အဆုံး စသည်တို့ကို ကြည့်၍။ မာသဒိဝသေ သမာနေတွာ၊ လ,နေ့တို့ကို တွက်ချက်၍။ ဂိဟိဘာဝေ ဂဗ္ဘဿ လဒ္ဓဘာဝံ၊ လူ့အဖြစ်၌ ကိုယ်ဝန်၏ ရကြောင်းကို။ တထတော ဉ တွာ၊ အမှန်အားဖြင့် သိ၍။ ထေရဿ သန္တိကံ ဂန္တွာ၊ ဥပါလိထေရ်၏ အထံသို့သွား၍။ တမတ္ထံ အာရောစေသိ၊ ထိုလူ့ဘဝက ကိုယ်ဝန်ရခဲ့ကြောင်းကို လျှောက်ထားပြီ။
ထေရော စတုပရိသမဇ္ဈေ၊ ရှင်ဥပါလိထေရ်သည် ပရိသတ်လေးပါးအလယ်၌။ တံ ဘိက္ခုနိံ သုဒ္ဓံ အကာသိ၊ ထိုဘိက္ခုနီမလေးကို သီလစင်ကြယ်သူကို ပြုပြီ။
သာ သုဒ္ဓါ ဟုတွာ၊ ထိုဘိက္ခုနီမလေးသည် သီလစင်ကြယ်သူသည် ဖြစ်၍။ ဘိက္ခုသံဃဉ္စ သတ္ထာရဉ္စ ဝန္ဒိတွာ၊ ရဟန်းအပေါင်းကိုလည်းကောင်း ဘုရားရှင်ကိုလည်းကောင်း ရှိခိုး၍။ ဘိက္ခုနီဟိ သဒ္ဓိံ၊ ဘိက္ခုနီမတို့နှင့် အတူ။ ဥပဿယမေဝ ဂတာ၊ ဘိက္ခုနီမတို့ ကျောင်းသို့သာ သွားပြီ။
သာ ဂဗ္ဘပရိပါကံ အနွာယ၊ ထိုဘိက္ခုနီမလေးသည် ကိုယ်ဝန်ရင့်ကျက်ခြင်းကို စွဲ၍။ ပဒုမုတ္တရပါဒမူလေ ပတ္ထိတပတ္ထနံ၊ ပဒုမုတ္တရဘုရားရှင် ခြေတော်ရင်း၌ တောင်းအပ်သောဆု ရှိသော။ မဟာနုဘာဝံ ပုတ္တံ ဝိဇာယိ၊ ကြီးသော အာနုဘော်ရှိသော သားကို ဖွားပြီ။
အထ ဧကဒိဝသံ ရာဇာ၊ သားဖွားပြီးရာ ထိုအခါ၌ တစ်နေ့သ၌ ပသေနီကောသလမင်းသည်။ ဘိက္ခုနုပဿယသမီပေန ဂစ္ဆန္တော၊ ဘိက္ခုနီမတို့ ကျောင်းအနီးဖြင့် သွားသော်။ ဒါရကသဒ္ဒံ သုတွာ၊ ကလေးသံကို ကြား၍။ အမစ္စေ ပုစ္ဆိ၊ အမတ်တို့ကို မေးပြီ။
အမစ္စာ တံ ကာရဏံ ဉ တွာ၊ အမတ်တို့သည် ဘိက္ခုနီမလေး သားဖွားသော ထိုအကြောင်းကို သိ၍။ "ဒေဝ ဒဟရဘိက္ခုနီ၊ အရှင်မင်းမြတ် ဘိက္ခုနီမလေးသည်။ ပုတ္တံ ဝိဇာတာ၊ သားကို ဖွားပြီ။ ဧသော တဿ၊ ဤအသံကား ထိုသားကလေး၏။ သဒ္ဒေါတိ အာဟံသု၊ အသံပါတည်း"ဟ သံတော်ဦးတင်ကုန်ပြီ။
ဘဏေ ဘိက္ခုနီနံ၊ အချင်းအမတ်တို့ ရဟန်းမတို့ဖို့။ ဒါရကပဋိဇဂ္ဂနံ နာမ ပလိဗောဓော၊ ကလေးပြုစုရခြင်းမည်သည် တရားအားထုတ်ရေး အနှောင့်အယှက်တည်း။ မယံ နံ၊ ငါမင်းတရားတို့သည် ထိုသူငယ်ကို။ ပဋိဇဂ္ဂိဿာမာတိ၊ မွေးမြူကုန်အံ့ဟု မိန့်၍။ ရာဇာ တံဒါရကံ၊ ပသေနဒီကောသလမင်းသည် ထိုဘိက္ခုနီမလေး၏ သားငယ်ကို။ နာဋကိတ္ထီနံ ဒါပေတွာ၊ ကချေသည်မတို့အား ပေးစေ၍။ ကုမာရပရိဟာရေန ဝဍ္ဎာပေသိ၊ မင်းသားတို့ အဆောင်အယောင်ဖြင့် ကြီးပြင်းစေ၏။
နာမဂ္ဂဟဏဒိဝသေ စ၊ နာမည်ယူရာ နာမည်မှည့်ရာနေ့၌လည်း။ အဿ နာမံ၊ ထိုဘိက္ခုနီမသားလေး၏ အမည်ကို။ ကဿပေါတိ အကံသု၊ ကဿပဟု ပြုကုန်, မှည့်ကုန်ပြီ။
အထ နံ၊ နာမည်မှည့်ပြီးရာ ထိုအခါ၌ ထိုသူငယ်ကို။ ကုမာရပရိဟာရေန ဝဍ္ဎိတတ္တာ၊ မင်းသားတို့ အဆောင်အယောင်ဖြင့် ကြီးပြင်းသည့် အဖြစ်ကြောင့်။ ကုမာရကဿပေါတိ သဉ္ဇာနိံသု၊ ကုမာရကဿပဟု သိကြကုန်ပြီ။
သော သတ္တဝဿိကကာလေ၊ ထိုကုမာရကဿပသည် ၇-နှစ်သားရှိရာကာလ၌။ သတ္ထု သန္တိကေ ပဗ္ဗဇိတွာ၊ ဘုရားရှင်၏ အထံတော်၌ ရှင်ပြု၍။ ပရိပုဏ္ဏဝဿော ဥပသမ္ပဒံ လဘိတွာ၊ အသက်နှစ်ဆယ်ပြည့်သော် ရဟန်းအဖြစ်ကို ရ၍။ ကာလေ ဂစ္ဆန္တေ ဂစ္ဆန္တေ၊ အချိန်သည် ကုန်သွား, ကုန်သွားသော်။ ဓမ္မကထိကေသု စိတြကထီ အဟောသိ၊ ဓမ္မကထိကတို့တွင် ဆန်းကြယ်စွာ ဟောတတ်သော ရဟန်းသည် ဖြစ်ပြီ။
အထ နံ သတ္ထာ၊ ထိုအခါ၌ ထိုရှင်ကုမာရကဿပကို ဘုရားရှင်သည်။ "ဘိက္ခဝေ ယဒိဒံ ကုမာရကဿပေါ၊ ရဟန်းတို့ အကြင် ကုမာရကဿပသည်။ (အတ္ထိ၊ ရှိ၏)။ မမ သာဝကာနံ၊ ငါဘုရား၏ တပည့် ဖြစ်ကုန်သော။ စိတ္တကထိကာနံ ဘိက္ခူနံ၊ ဆန်းကြယ်စွာ ဟောတတ်ကုန်သော ရဟန်းတို့တွင်။ ဧတံ အဂ္ဂံတိ၊ ဤကုမရကဿပသည် အမြတ်ဆုံး, အသာဆုံးတည်းဟု။ ဧတဒဂ္ဂေ ဌပေသိ၊ ဧတဒဂ်ရာထူး၌ ထားတော်မူပြီ။
သော ပစ္ဆာ၊ ထိုရှင်ကုမာရကဿပသည် နောင်အခါ၌။ ဝမ္မိကသုတ္တေ အရဟတ္တံ ပါပုဏိ၊ ဝမ္မိကသုတ်နာရာ၌ ရဟန္တာအဖြစ်သို့ ရောက်ပြီ။
အဿ မာတာဘိက္ခုနီပိ၊ ထိုရှင်ကုမာရကဿပ၏ မယ်တော်ဖြစ်သော ဘိက္ခုနီမသည်လည်း။ ဝိပဿနံ ဝဍ္ဎေတွာ၊ ဝိပဿနာကို ပွားစေ၍။ အဂ္ဂဖလံ ပတ္တာ၊ အရဟတ္တဖိုလ်သို့ ရောက်ပြီ။
ကုမာရကဿပတ္ထေရော ဗုဒ္ဓသာသနေ၊ ကုမာရကဿပထေရ်သည် ဘုရား‌ဒေသနာတော်၌။ ဂဂနမဇ္ဈေ ပုဏ္ဏစန္ဒော ဝိယ၊ ကောင်းကင်လယ်က လပြည့်ဝန်းကဲ့သို့။ ပါကဋော ဇာတော၊ ထင်ရှားသည် ဖြစ်ပြီ။
အထ ဧကဒိဝသံ တထာဂတော၊ ထိုအခါ၌ တစ်နေ့သ၌ ဘုရားရှင်သည်။ ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တော၊ ဆွမ်းစားပြီးနောက်ကာလ၌ ဆွမ်းခံရွာမှ ဖဲ့ခဲ့၍။ ဘိက္ခူနံ ဩဝါဒံ ဒတွာ၊ ရဟန်းတို့အား ဩဝါဒကို ပေးပြီး၍။ ဂန္ဓကုဋိံ ပါဝိသိ၊ ဂန္ဓကုဋိသို ဝင်တော်မူပြီ။
ဘိက္ခူ ဩဝါဒံ ဂဟေတွာ၊ ရဟန်းတို့သည် ဩဝါဒကို ခံယူ၍။ အတ္တနော အတ္တနော ရတ္တိဋ္ဌာနဒိဝါဋ္ဌာနေသု၊ မိမိ, မိမိတို့၏ ညသန့်ရာ, နေ့သန့်ရာ အရပ်တို့၌။ ဒိဝသဘာဂံ ခေပေတွာ၊ နေ့အဖို့ကို ကုန်စေ၍။ သာယနှသမယေ ဓမ္မသဘာယံ သန္နိပတိတွာ၊ ညနေချမ်းအခါ၌ တရား‌သဘင်၌ စုဝေးကြ၍။ "အာဝုသော ဒေဝဒတ္တေန၊ ငါ့ရှင်တို့ ဒေဝဒတ်သည်။ အတ္တနော အဗုဒ္ဓဘာဝေန စေဝ၊ မိမိ၏ ဘုရားမဟုတ်သည့် အဖြစ်ကြောင့်လည်းကောင်း။ ခန္တိမေတ္တာဒီနံ အဘာဝေန စ၊ သည်းခံခြင်း, ချစ်ခြင်း စသည်တို့၏ မရှိခြင်းကြောင့်လည်းကောင်း။ ကုမာရကဿပတ္ထေရော စ ထေရီ စ၊ ကုမာရကဿပထေရ်ကိုလည်းကောင်း, မယ်တော်ထေရီမကိုလည်းကောင်း။ ဥဘော နာသိတာ၊ သားအမိနှစ်ယောက်တို့ကို ဖျက်ဆီးအပ်ကုန်ပြီ။ သမ္မာသမ္ဗုဒ္ဓေါ ပန အတ္တနော၊ ဘုရားရှင်သည်ကား မိမိ၏။ ဓမ္မရာဇတာယ စေဝ ခန္တိမေတ္တာနုဒ္ဒယသမ္ပတ္တိယာ စ၊ တရားမင်းအဖြစ်ကြောင့်လည်းကောင်း သည်းခံခြင်း, ချစ်ခြင်း, သနားခြင်း ပြည့်စုံမှုကြောင့်လည်းကောင်း။ တေသံ ဥဘိန္နမ္ပိ ပစ္စယော ဇာတောတိ၊ ထိုသားအမိ နှစ်ယောက်တို့အားလည်း အရဟတ္တဖိုလ်တရားထူးဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်ပါစေ၏ဟု။ ဗုဒ္ဓဂုဏေ ဝဏ္ဏယမာနာ နိသီဒိံသု၊ ဘုရားဂုဏ်တော်တို့ကို ချီးမွမ်းကြလျက် ထိုင်နေကုန်ပြီ။
သတ္ထာ ဗုဒ္ဓလီလာယ၊ ဘုရားရှင်သည် ဘုရားတို့၏ တင့်တယ်စံပယ်ခြင်းဖြင့်။ ဓမ္မသဘံ အာဂန္တွာ၊ တရားသဘင်သို့ ကြွလာတော်မူ၍။ ပညတ္တာသနေ နိသီဒိတွာ၊ ခင်းထားအပ်သောနေရာ၌ ထိုင်နေတော်မူပြီး၍။ ဘိက္ခဝေ ဧတရဟိ၊ အို ရဟန်းတို့ ယခုအခါ။ ကာယ ကထာယ၊ အဘယ်မည်သော စကားဖြင့်။ သန္နိသိန္နာ အတ္ထ နုတိ ပုစ္ဆိ၊ ကောင်းစွာ ထိုင်နေကြသည် ဖြစ်ကြသနည်းဟု မေးတော်မူပြီ။
ဘန္တေ၊ အို မြတ်စွာဘုရား။ တုမှာကမေဝ ဂုဏကထာယာတိ၊ ရှင်တော်ဘုရားတို့၏သာ ဂုဏ်တော်နှင့်စပ်သော စကားဖြင့်တည်း စသော။ သဗ္ဗံ အာရောစယိံသု၊ စကားအလုံးစုံကို ‌လျှောက်ထားကုန်ပြီ။
ဘိက္ခဝေ တထာဂတော၊ ရဟန်းတို့ ငါဘုရားသည်။ ဣဒါနေဝ ဣမေသံ ဥဘိန္နံ၊ ယခုအခါ၌သာ ဤသားအမိနှစ်ယောက်တို့၏။ ပစ္စယော စ ပတိဋ္ဌာ စ န ဇာတော၊ ကောင်းကျိုးပြုတတ်သော အကြောင်းသည်လည်းကောင််း, ထောက်တည်မှီခိုရာသည်လည်းကောင်း ဖြစ်သည်မဟုတ်သေး။ ပုဗ္ဗေပိ အဟောသိယေဝါတိ၊ ရှေး၌လည်း ဖြစ်ခဲ့ဖူးပြီဟု မိန့်ပြီ။
ဘိက္ခူ တဿတ္ထဿာဝိဘာဝတ္ထာယ၊ ရဟန်းတို့သည် ထိုအကြောင်းအရာ၏ ထင်စွာဖြစ်ခြင်းငှာ။ ဘဂဝန္တံ ယာစိံသု၊ ဘုရားရှင်ကို တောင်းပန်ကုန်ပြီ။
ဘဂဝါ ဘဝန္တရေန ပဋိစ္ဆန္နံ၊ ဘုရားရှင်သည် ဘဝတစ်ပါးဖြင့် ဖုံးလွှမ်းအပ်သော။ ကာရဏံ ပါကဋံ အကာသိ၊ အကြောင်းအရာကို ထင်ရှားစွာ ပြုတော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။ ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရယမာနေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုနေသော်။ ဗောဓိသတ္တော မိဂယောနိယံ၊ ဘုရားလောင်းသည် သမင်မျိုး၌။ ပဋိသန္ဓိံ ဂဏှိ၊ ပဋိသန္ဓေကို ယူပြီ။
သော မာတုကုစ္ဆိတော နိက္ခန္တော၊ ထိုဘုရားလောင်းသည် အမိဝမ်းမှ ဖွားသော်။ သုဝဏ္ဏဝဏ္ဏော အဟောသိ၊ ရွှေအဆင်းရှိသည် ဖြစ်၏။ အဿ အက္ခီနိ ပန၊ ထိုဘုရားလောင်းသမင်၏ မျက်စိတို့သည်ကား။ မဏိဂုဠသဒိသာနိ အဟေသုံ၊ ပတ္တမြားရွဲလုံးနှင့် တူကုန်သည် ဖြစ်ကုန်ပြီ။ သိင်္ဂါနိ ရဇတဝဏ္ဏာနိ၊ ချိုတို့သည် ငွေရောင် အဆင်းရှိကုန်၏။ မုခံ ရတ္တကမ္ဗလပုဉ္ဇဝဏ္ဏံ၊ မျက်နှာ, ခံတွင်းသည် စုပုံထားသော ကမ္ဗလာနီအဆင်းရှိ၏။ ဟတ္ထပါဒပရိယန္တာ လာခါရသပရိကမ္မကတာ ဝိယ၊ လက်ဖျား, ခြေဖျားတို့သည် ချိပ်ရည်ဖြင့် အပြေအပြစ် ပြုအပ်ကုန်သကဲ့သို့တည်း။ ဝါလဓိ စမရဿ ဝိယ အဟောသိ၊ မြီးဆံဖုတ်ကား စာမရီသားကောင်၏ကဲ့သို့ ဖြစ်ပြီ။ အဿ သရီရံ ပန၊ ထိုဘုရားလောင်း၏ ကိုယ်သည်ကား။ မဟန္တံ အဿပေါတကပ္ပမာဏံ အဟောသိ၊ အရွယ်ကြီးသော မြင်းကလေးပမာဏရှိသည် ဖြစ်ပြီ။
နာမေန နိဂြောဓမိဂရာဇာ နာမ သော၊ အမည်အားဖြင့် နိဂြောဓသမင်မင်းမည်သော ထိုဘုရားလောင်းသည်။ ပဉ္စသတမိဂပရိဝါရော အရညေ၊ သမင် အခြံအရံငါးရာရှိ၍ တော၌။ ဝါသံ ကပ္ပေသိ၊ နေခြင်းကို ပြုပြီ။
အညောပိ ပဉ္စသတမိဂပရိဝါရော၊ အခြားလည်းဖြစ်သော သမင်ငါးရာ အခြံအရံရှိသော။ သာခမိဂေါ နာမ ဝသတိ၊ သာခသမင်မည်သည် နေ၏။ သောပိ သုဝဏ္ဏဝဏ္ဏောဝ အဟောသိ၊ ထိုသာခသမင်သည်လည်း ‌ရွှေရောင်အဆင်းရှိသည်သာ ဖြစ်ပြီ။
တေန သမယေန ဗာရာဏသိရာဇာ၊ ထိုအခါက ဗာရာဏသီမင်းသည်။ မိဂဝဓပ္ပသုတော ဟောတိ၊ သားကောင်သတ်မှု၌ လေ့လာကျွမ်းကျင်သည် ဖြစ်၏။ မံသေန ဝိနာ န ဘုဉ္ဇတိ၊ အသားနှင့် ကင်း၍ မစား (ပွဲတော်မတည်)။ မနုဿာနံ ကမ္မစ္ဆေဒံ ကတွာ၊ တိုင်းသူပြည်သားတို့၏ အလုပ်ပြတ်မှု အလုပ်ပျက်မှုကို ပြု၍။ သဗ္ဗေ နေဂမဇာနပဒေ သန္နိပါတေတွာ၊ နိဂုံး, ဇနပုဒ်နေ လူအားလုံးတို့ကို စုဝေးစေ၍။ ဒေဝသိကံ မိဂဝံ ဂစ္ဆတိ၊ နေ့တိုင်းသားကောင်ရှိရာ ပေါများရာ တောသို့ သွား၍။
"အယံ ရာဇာ အမှာကံ၊ ဤဗြဟ္မဒတ်မင်းသည် ငါတို့၏။ ကမ္မစ္ဆေဒံ ကရောတိ၊ အလုပ်ပြတ်မှု အလုပ်ပျက်မှုကို ပြု၏။ မယံ ဥယျာနေ၊ ငါတို့သည် ဥယျာဉ်ထဲ၌။ မိဂါနံ နိဝါပံ ဝပိတွာ၊ သမင်တို့အတွက် အစာမြက်ကို စိုက်ပျိုး၍။ ပါနီယံ သမ္ပါဒေတွာ၊ သောက်ရေကို ပြည့်စုံစေ၍။ ဗဟူ မိဂေ ဥယျာနံ ပဝေသေတွာ၊ သမင်များစွာတို့ကို ဥယျာဉ်သို့ သွင်း၍။ ဒွါရံ ဗန္ဓိတွာ၊ တံခါးကို ဖွဲ့ချည်၍ (တပ်၍)။ ရညော နိယျာဒေယျာမ ယန္နူနာတိ၊ ဗြဟ္မဒတ်မင်းအား အပ်နှင်းရပါကုန်မူကား ကောင်းလေစွ"ဟု။ မနုဿာ စိန္တေသုံ၊ တိုင်းသူပြည်သားတို့သည် ကြံစည်ကုန်ပြီ။
တေ သဗ္ဗေ ဥယျာနေ၊ ထိုတိုင်းသူပြည်သားအားလုံးတို့သည် ဥယျာဉ်တော်၌။ မိဂါနံ နိဝါပတိဏာနိ ရောပေတွာ၊ သမင်တို့အတွက် အစာမြက်တို့ကို စိုက်ပျိုး၍။ ဥဒကံ သမ္ပာဒေတွာ၊ ရေကို ပြည့်စုံစေ၍။ ဒွါရံ ယောဇေတွာ၊ တံခါးကို ယှဉ်စေ၍ (တပ်၍)။ ဝါဂုရာနိ အာဒါယ၊ ပိုက် ကျော့ကွင်းတို့ကို ယူ၍။ မုဂ္ဂရာဒိနာနာဝုဓဟတ္ထာ၊ ဆောက်ပုတ်စသော လက်နက်အမျိုးမျိုး ကိုင်စွဲကုန်လျက်။ အရညံ ပဝိသိတွာ၊ တောတွင်းသို့ ဝင်၍။ မိဂေ ပရိယေသမာနာ၊ သမင်တို့ကို ရှာကုန်လျက်။ မဇ္ဈေ ဌိတေ၊ အလယ်၌ တည်ကုန်သော။ မိဂေ ဂဏှိဿာမာတိ၊ သမင်တို့ကို ဖမ်းကြအံ့ဟု ကြံကြ၍။ ယောဇနမတ္တံ ဌာနံ ပရိက္ခိပိတွာ၊ တစ်ယူဇနာမျှရှိသော အရပ်ကို ဝိုင်း၍။ သင်္ခိပမာနာ၊ တစ်စတစ်စ ကျဉ်းကြ, ချုံးကြသော်။ နိဂြောဓမိဂသာခမိဂါနံ ဝသနဋ္ဌာနံ၊ နိဂြောဓသမင်မင်း, သာခသမင်မင်းတို့၏ နေရာဌာနကို။ မဇ္ဈေ ကတွာ ပရိက္ခိပိံသု၊ အလယ်၌ ပြု၍ ဝိုင်းကြပြီ။
အထ နံ မိဂဂဏံ ဒိသွာ၊ ထိုအခါ၌ ထိုသမင်အုပ်ကြီးကို မြင်ကြ၍။ ရုက္ခဂုမ္ဗာဒယော စ ဘူမိဉ္စ၊ သစ်ပင် ခြုံပုတ် စသည်တို့ကိုလည်းကောင်း မြေကြီးကိုလည်းကောင်း။ မုဂ္ဂရေဟိ ပဟရန္တာ၊ ဆောက်ပုတ်တို့ဖြင့် ပုတ်ခတ်ကုန်လျက်။ မိဂဂဏံ ဂဟနဋ္ဌာနတော နီဟရိတွာ၊ သမင်အုပ်ကို တောခြုံထူထပ်သော နေရာမှ ထုတ်ဆောင်၍။ အသိသတ္တိဓနုအာဒီနိ အာဝုဓာနိ ဥဂ္ဂိရိတွာ၊ သန်လျက်, လှံ, လေးအစရှိကုန်သော လက်နက်တို့ကို ရွယ်မိုးကြ၍။ မဟာနာဒံ နဒန္တာ၊ ကျယ်စွာသောအသံကို အော်ကြလျက်။ တံ မိဂဂဏံ ဥယျာနံ ပဝေသေတွာ၊ ထိုသမင်အုပ်ကြီးကို ဥယျာဉ်တော်အတွင်းသို့ သွင်းကြ၍။ ဒွါရံ ပိဓာယ၊ တံခါးကို ပိတ်၍။ ရာဇာနံ ဥပသင်္ကမိတွာ၊ ဗြဟ္မဒတ်မင်းသို့ ချဉ်းကပ်၍။ "ဒေဝ နိဗဒ္ဓံ မိဂဝံ ဂစ္ဆန္တာ၊ အရှင်မင်းမြတ် မပြတ် သမင်တောသို့ သွားကုန်လျက်။ အမှာကံ ကမ္မံ နာသေထ၊ ကျွန်တော်မျိုးတို့၏ အလုပ်ကို ပျက်စေကုန်၏။ အမှေဟိ အရညတော၊ ကျွန်တော်မျိုးတို့သည် တောထဲမှ။ မိဂေ အာနေတွာ၊ သမင်တို့ကို ဆောင်ယူ၍။ တုမှာကံ ဥယျာနံ ပူရိတံ၊ အရှင်မင်းကြီးတို့၏ ဥယျာဉ်တော်ကို ပြည့်စေအပ်ပြီ။ ဣတော ပဋ္ဌာယ၊ ဤနေ့မှ စ၍။ တေသံ မံသာနိ ခါဒထာတိ၊ ထိုသမင်တို့၏ အသားတို့ကို စားတော်မူကြပါဟု လျှောက်ထား၍။ ရာဇာနံ အာပုစ္ဆိတွာ ပက္ကမိံသု၊ ဗြဟ္မဒတ်မင်းကို ပန်ကြား၍ ဖဲသွားကုန်ပြီ။
ရာဇာ တေသံ ဝစနံ သုတွာ၊ ဗြဟ္မဒတ်မင်းသည် ထိုတိုင်းသူပြည်သားတို့၏ စကားကို ကြားရ၍။ ဥယျာနံ ဂန္တွာ၊ ဥယျာဉ်တော်သို့ သွား၍။ မိဂေ ဩလောကေန္တော၊ သမင်တို့ကို ကြည့်သော်။ ဒွေ သုဝဏ္ဏမိဂေ ဒိသွာ၊ ‌ရွှေသမင်နှစ်ကောင်တို့ကို တွေ့ရ၍။ တေသံ အဘယံ အဒါသိ၊ ထိုရွှေသမင်နှစ်ကောင်တို့အား ဘေးမဲ့ကို ပေးပြီ။
တတော ပဋ္ဌာယ ပန၊ ထိုနေ့မှ စ၍ကား။ ကဒါစိ သယံ ဂန္တွာ၊ တစ်ရံတစ်ခါ၌ ဘုရင်ကိုယ်တိုင် သွား၍။ ဧကံ မိဂံ ဝိဇ္ဈိတွာ အာနေတိ၊ သမင်တစ်ကောင်ကို ထိုးပစ်၍ ယူဆောင်သွား၏။ ကဒါစိ အဿ ဘတ္တကာရကော၊ တစ်ခါတစ်ရံ၌ ထိုဗြဟ္မဒတ်မင်း၏ စားတော်ကဲသည်။ ဂန္တွာ ဝိဇ္ဈိတွာ အာဟရတိ၊ သွား၍ ထိုးပစ်၍ ဆောင်ယူ၏။
မိဂါ ဓနုံ ဒိသွာဝ၊ သမင်တို့သည် လေးကို မြင်၍သာ။ မရဏဘယေန တဇ္ဇိတာ ပလာယန္တိ၊ သေဘေးသည် ခြိမ်းခြောက်အပ်ကုန်၍ ပေးကုန်၏။ ဒွေ တယော ပဟာရေ၊ နှစ်ချက်သုံးချက်ကုန်သော ပစ်ခတ်မှုတို့ကို။ လဘိတွာ ကိလမန္တိပိ၊ ရ၍, ခံရ၍ ပင်ပန်းမူလည်း ပင်ပန်းကုန်၏။ ဂိလာနာပိ ဟောန္တိ၊ နာသည်မူလည်း ဖြစ်ကုန်၏။ မရဏမ္ပိ ပါပုဏန္တိ၊ ဘုရင့်အတွက်မဟုတ် သက်သက် သေခြင်းသို့မူလည်း ရောက်ကုန်၏။
မိဂဂဏော တံ ပဝတ္တိံ၊ သမင်အပေါင်းသည် ထိုအဖြစ်ကို။ ဗောဓိသတ္တဿ အာရောစေသိ၊ ဘုရားအလောင်း နိဂြောဓသမင်မင်းအား ပြောကြားပြီ။
သော သာခံ ပက္ကောသာပေတွာ၊ ထိုနိဂြောဓသမင်မင်းသည် သာခသမင်မင်းကို ခေါ်စေ၍။
"သမ္မ ဗဟူမိဂါ နဿန္တိ၊ အဆွေ သမင်များစွာတို့သည် ပျက်စီးကုန်၏။ ဧကံသေန မရိတဗ္ဗေ သတိ၊ ဧကန် သေထိုက်သည် ဖြစ်သော်။ ဣတော ပဋ္ဌာယ၊ ဤနေ့မှစ၍။ ကဏ္ဍေန မိဂေ မာ ဝိဇ္ဈန္တု၊ မြားဖြင့် သမင်တို့ကို မပစ်ဖောက်ပါစေကုန်လင့်။ ဓမ္မဂဏ္ဍိကဋ္ဌာနေ မိဂါနံ ဝါရော ဟောတု၊ စဉ်းတီးတုံးထားရာအရပ်၌ သမင်တို့၏ အလှည့်ကျသည် ဖြစ်ပါစေ။
ဧကဒိဝသံ မမ ပရိသာယ၊ တစ်နေ့၌ ငါနိဂြောဓသမင်၏ သမင်ပရိသတ်အား။ ဝါရော ပါပုဏာတု၊ အလှည့်အကြိမ်သည် ရောက်ပါစေ။ ဧကဒိဝသံ တဝ ပရိသာယ၊ တစ်နေ့၌ သင်သာခသမင်၏ သမင်ပရိသတ်အား။ (ဝါရော ပါပုဏာတု၊ အလှည့်အကြိမ်သည် ရောက်ပါစေ။) ဝါရပ္ပတ္တော မိဂေါ၊ အလှည့်ကျရောက်သော သမင်သည်။ ဂန္တွာ ဓမ္မဂဏ္ဍိကာယ၊ သွား၍ စဉ်းတီတုံး၌။ ဂီဝံ ဌပေတွာ နိပဇ္ဇတု၊ လည်ပင်းကို တင်ထား၍ အိပ်ပါစေ။ ဧဝံ သန္တေ မိဂါ၊ ဤသို့ ဖြစ်သော် သမင်တို့သည်။ ကိလန္တာ န ဘဝိဿန္တီတိ အာဟ၊ ပင်ပန်းကုန်သည် မဖြစ်ကြလတ္တံ့"ဟု ပြောပြီ။
သော သာဓူတိ သမ္ပဋိစ္ဆိ၊ ထိုသာခသမင်သည် ကောင်းပြီဟု လက်ခံပြီ။
တတော ပဋ္ဌာယ၊ ထိုနေ့မှ စ၍။ ဝါရပ္ပတ္တောဝ မိဂေါ၊ အလှည့်ကျသည်သာဖြစ်သော သမင်သည်။ ဂန္တွာ ဓမ္မဂဏ္ဍိကာယ၊ သွား၍ စဉ်းတီးတုံး၌။ ဂီဝံ ဌပေတွာ နိပဇ္ဇတိ၊ လည်ပင်းကို တင်ထား၍ အိပ်၏။ ဘတ္တကာရကော အာဂန္တွာ၊ စားတော်ကဲသည် လာ၍။ တတ္ထ နိပန္နကမေဝ၊ ထိုစဉ်းတီးတုံး၌ အိပ်နေသော သမင်ကိုသာ။ ဂဟေတွာ ဂစ္ဆတိ၊ သတ်ယူ၍ သွား၏။
အထ ဧကဒိဝသံ၊ ထိုအခါ တစ်နေ့၌။ သာခမိဂဿ ပရိသာယ၊ သာခသမင်မင်း၏ သမင်ပရိသတ်က။ ဧကိဿာ ဂဗ္ဘိနိမိဂိယာ၊ တစ်‌ကောင်သော ကိုယ်ဝန်သည်သမင်မ၏။ ဝါရော ပါပုဏိ၊ အလှည့်သည် ရောက်ပြီ။
သာ သာခံ ဥပသင်္ကမိတွာ၊ ထိုကိုယ်ဝန်ဆောင်သမင်မသည် သာခသမင်မင်းထံသို့ ချဉ်းကပ်၍။ သာမိ အဟံ ဂဗ္ဘိနီ၊ အရှင်သမင်မင်း ကျွန်တော်မသည် ကိုယ်ဝန်ရှိနေပါ၏။ ပုတ္တံ ဝိဇာယိတွာ၊ သားကို ဖွားမြင်ပြီး၍။ ဒွေ ဇနာ ဝါရံ ဂမိဿာမ၊ သားအမိနှစ်ကောင်တို့သည် အလှည့်သို့ သွားပါကုန်အံ့။ မယှံ ဝါရံ၊ ကျွန်တော်မ၏ စဉ်းတီးတုံးသွားရာ အလှည့်ကို။ အတိက္ကာမေဟီတိ အာဟ၊ ကျော်စေပါ (ကျော်ပေးပါ)ဟု ပြောပြီ။
သော၊ ထိုသာခသမင်မင်းသည်။ တဝ ဝါရံ၊ နင်၏ အလှည့်ကို။ အညေသံ ပါပေတုံ န သက္ကာ၊ အခြားသမင်တို့သို့ ကျရောက်စေခြင်းငှာ မတတ်ကောင်း။ တွမေဝ တုယှံ ဝါရံ ဇာနိဿသိ၊ နင်သည်သာ နင်၏အလှည့်ကို သိရလိမ့်မည်။ ဂစ္ဆာဟီတိ အာဟ၊ သွားဟု ပြောပြီ။
သာ တဿ သန္တိကာ၊ ထိုကိုယ်ဝန်ဆောင်သမင်မသည် ထိုသာခသမင်မင်းထံမှ။ အနုဂ္ဂဟံ အလဘမာနာ၊ ချီးမြှောက်မှုအကူအညီကို မရ၍။ ဗောဓိသတ္တံ ဥပသင်္ကမိတွာ၊ ဘုရားလောင်း နိဂြောဓသမင်မင်းထံသို့ ချဉ်းကပ်၍။ တမတ္ထံ အာရောစေသိ၊ ထိုအကြောင်းကို ပြောကြားပြီ။
သော တဿာ ဝစနံ သုတွာ၊ ထိုနိဂြောဓသမင်မင်းသည် ထိုကိုယ်ဝန်ဆောင်သမင်မ၏ စကားကို ကြားရ၍။ ဟောတု တွံ ဂစ္ဆ၊ ဖြစ်စေ, ရှိစေ နင်သည် သွားတော့။ အဟံ တေ ဝါရံ၊ ငါနိဂြောဓသမင်မင်းသည် နင်၏ သွားလှည့်ကို။ အတိက္ကာမေဿာမီတိ၊ ကျော်လွန်စေမည်ဟု ပြော၍။ သယံ ဂန္တွာ၊ နိဂြောဓသမင်မင်းကိုယ်တိုင် သွား၍။ ဓမ္မဂဏ္ဍိကာယ သီသံ ကတွာ နိပဇ္ဇိ၊ စဉ်းတီးတုံး၌ ခေါင်းတင်သည်ကို ပြု၍ အိပ်ပြီ။
ဘတ္တကာရကော တံ ဒိသွာ၊ စားတော်ကဲသည် ထိုနိဂြောဓသမင်မင်းကို မြင်ရ၍။ လဒ္ဓါဘယော မိဂရာဇာ၊ ဘေးမဲ့ရထားသော ရွှေသမင်မင်းသည်။ ဓမ္မဂဏ္ဍိကာယ နိပန္နော၊ စဉ်းတီးတုံး၌ အိပ်နေ၏။ ကာရဏံ ကိံ နု ခေါတိ၊ အကြောင်းကား ဘာလဲဟု။ ဝေဂေန ဂန္တွာ၊ အရှိန်ဖြင့် သွား၍။ ရညော အာရောစေသိ၊ ဗြဟ္မဒတ်မင်းအား သံတော်ဦးတင်ပြီ။
ရာဇာ တာဝဒေဝ ရထံ အာရုယှ၊ ဗြဟ္မဒတ်မင်းသည် ချက်ချင်းပင် ရထားကိုစီး၍။ မဟန္တေန ပရိဝါရေန အာဂန္တွာ၊ များစွာသော အခြံအရံဖြင့်လာ၍။ ဗောဓိသတ္တံ ဒိသွာ၊ စဉ်းတီးတုံး၌ အိပ်နေသော ဘုရားလောင်း ရွှေသမင်မင်းကို တွေ့မြင်ရ၍။ "သမ္မ မိဂရာဇ မယာ၊ အဆွေတော် ရွှေသမင်မင်း ငါဗြဟ္မဒတ်မင်းသည်။ တုယှံ အဘယံ ဒိန္နံ နနု၊ သင့်အား ဘေးမဲ့ကို ပေးအပ်ခဲ့ပြီ မဟုတ်လော။ ကသ္မာ တွံ ဣဓ နိပန္နောတိ၊ အဘယ့်ကြောင့် သင်ရွှေသမင်မင်းသည် ဤစဉ်းတီးတုံး၌ အိပ်ပါသနည်း"ဟု။ အာဟ၊ မေးပြီ။
မဟာရာဇ ဂဗ္ဘိနီ မိဂီ၊ မင်းမြတ် ကိုယ်ဝန်ရှိသော သမင်မသည်။ အာဂန္တွာ၊ လာ၍။ မမ ဝါရံ၊ ကျွန်မ၏ အလှည့်ကို။ အညဿ ပါပေဟီတိ အာဟ၊ အခြားတစ်ယောက်ကို ရောက်စေပါလော့ဟု ပြောပြီ။ မယာ ဧကဿ မရဏဒုက္ခံ၊ ငါရွှေသမင်မင်းသည် တစ်ကောင်၏ သေမှုဆင်းရဲကို. အညဿ ဥပရိ၊ အခြားတစ်ကောင်၏ အ‌ပေါ်သို့။ နိက္ခိပိတုံ န သက္ကာ ခေါ ပန၊ ပစ်ချလိုက်ခြင်းငှာ မစွမ်းနိုင်သည်သာ။ သွာဟံ အတ္တနော ဇီဝိတံ၊ ထိုငါသည် မိမိ၏ အသက်ကို။ တဿာ ဒတွာ၊ ထိုကိုယ်ဝန်ဆောင်သမင်မအား ပေးလှူ၍။ တဿာ သန္တကံ၊ ထိုကိုယ်ဝန်ဆောင်သမင်မ၏ ဥစ္စာဖြစ်သော (တာဝန်ဖြစ်သော)။ မရဏံ ဂဟေတွာ၊ သေမှုကို ယူ၍။ ဣဓ နိပန္နော၊ ဤစဉ်းတီးတုံး၌ အိပ်နေ၏။ အညံ ကိဉ္စိ၊ အခြားသော တစ်စုံတစ်ရာကို။ မာ အာသင်္ကိတ္ထ မဟာရာဇာတိ၊ သံသယမရှိပါလင့် အရှင်မင်းကြီးဟု ပြောပြီ။
သုဝဏ္ဏဝဏ္ဏ သာမိ မိဂရာဇ၊ ရွှေအဆင်းရှိသော အိုအရှင်သမင်မင်း။ မယာ တာဒိသော၊ ငါဗြဟ္မဒတ်မင်းသည် သင်ရွှေသမင်မင်းအလား ရှုစားအပ်သော။ ခန္တိမေတ္တာနုဒ္ဒယသမ္ပန္နော၊ သည်းခံခြင်း, ချစ်ခြင်း, သနားခြင်းနှင့်ပြည့်စုံသူကို။ မနုဿေသုပိ န ဒိဋ္ဌပုဗ္ဗော၊ လူတို့၌သော်မှလည်း မမြင်ဖူးပါ။ တေန တေ ပသန္နော အသ္မိ၊ ထို့ကြောင့် သင်ရွှေသမင်မင်းအား ငါကြည်ညိုသည် ဖြစ်၏။ ဥဋ္ဌေဟိ တုယှဉ္စ တဿာ စ၊ ထလော့ သင်ရွှေသမင်မင်းအားလည်းကောင်း, ထိုကိုယ်ဝန်ဆောင်သမင်မအားလည်းကောင်း။ အဘယံ ဒမ္မီတိ၊ ဘေးမဲ့ကို ငါပေး၏"ဟု။ ရာဇာ အာဟ၊ ဗြဟ္မဒတ်မင်းသည် ဆိုပြီ။
ဒွီဟိ အဘယေ လဒ္ဓေ၊ ငါသမင်မင်းနှင့် ကိုယ်ဝန်ရှိ သမင်မနှစ်ကောင်တို့သည် ဘေးမဲ့ကို ရအပ်သော်။ အဝသေသာ ကိံ ကရိဿန္တိ နရိန္ဒာတိ၊ ကျန်သမင်တို့သည် ဘယ်သို့ပြုကြအံ့နည်း မင်းကြီးဟု ပြောပြီ။
သာမိ အဝသေသာနမ္ပိ၊ အရှင်သမင်မင်း ကျန်သမင်တို့အားလည်း။ အဘယံ ဒမ္မီတိ၊ ဘေးမဲ့ကို ပေးပါ၏ဟု ပြောပြီ။
မဟာရာဇ ဧဝမ္ပိ၊ မင်းကြီး ဤသို့ ဘေးမဲ့ပေးသော်လည်း။ ဥယျာနေ မိဂါယေဝ၊ ဥယျာဉ်ထဲက သမင်တို့သည်သာ။ အဘယံ လဘိဿန္တိ၊ ဘေးမဲ့ကို ရကြမည်။ သေသာ ကိံ ကရိဿန္တီတိ၊ ကျန်သမင်တို့သည် ဘယ်သို့ ပြုကြမည်နည်းဟု ပြောပြီ။
သာမိ ဧတေသမ္ပိ၊ အရှင်သမင်မင်း ထိုကျန်သမင်တို့အားလည်း။ အဘယံ ဒမ္မိတိ၊ ဘေးမဲ့ကို ပေးပါ၏ဟု ပြောပြီ။
မဟာရာဇ မိဂါ၊ မင်းကြီး သမင်တို့သည်။ အဘယံ တာဝ လဘန္တု၊ ဘေးမဲ့ကို ရကြဦးတော့။ သေသာ စတုပ္ပဒါ၊ ကျန်ကုန်သော ခြေလေးချောင်းသတ္တဝါတို့သည်။ ကိံ ကရိဿန္တီတိ၊ ဘယ်သို့ပြုကြမည်နည်းဟု မေးပြီ။
သာမိ ဧတေသမ္ပိ၊ အရှင်သမင်မင်း ထိုခြေလေးချောင်းသားကောင်တို့အားလည်း။ အဘယံ ဒမ္မိတိ၊ ဘေးမဲ့ကို ပေးပါ၏ဟု ဖြေပြီ။
မဟာရာဇ စတုပ္ပဒါ၊ မင်းမြတ် ခြေလေးချောင်းသားကောင်တို့သည်။ အဘယံ တာဝ လဘန္တု၊ ဘေးမဲ့ကို ရကြဦးတော့။ ဒိဇဂဏာ ကိံ ကရိဿန္တီတိ၊ ငှက်အပေါင်းတို့သည် ဘယ်သို့ပြုကြအံ့နည်းဟု မေးပြီ။
သာမိ ဧတေသမ္ပိ၊ အရှင်သမင်မင်း ထိုငှက်အပေါင်းတို့အားလည်း။ အဘယံ ဒမ္မိတိ၊ ဘေးမဲ့ကို ပေးပါ၏ဟု ပြောပြီ။
မဟာရာဇ ဒိဇဂဏာ၊ မင်းမြတ် ငှက်အပေါင်းတို့သည်။ အဘယံ တာဝ လဘန္တု၊ ဘေးမဲ့ကို ရကြဦးတော့။ ဥဒကေ ဝသန္တာ မစ္ဆာ၊ ရေ၌ နေကုန်သော ငါးစသော ရေသတ္တဝါတို့သည်။ ကိံ ကရိဿန္တီတိ၊ ဘယ်သို့ပြုကြအံ့နည်းဟု မေးပြီ။
သာမိ ဧတေသမ္ပိ၊ အရှင်သမင်မင်း ထိုရေနေသတ္တဝါတို့အားလည်း။ အဘယံ ဒမ္မိတိ၊ ဘေးမဲ့ကို ပေးပါ၏ဟု ဖြေပြီ။
ဧဝံ မဟာသတ္တော၊ ဤသို့လျှင် ဘုရားလောင်းရွှေသမင်မင်းသည်။ ရာဇာနံ သဗ္ဗသတ္တာနံ၊ ဗြဟ္မဒတ်မင်းကို တိရစ္ဆာန်သတ္တဝါအားလုံးတို့အတွက်။ အဘယံ ယာစိတွာ ဥဋ္ဌာယ၊ ဘေးမဲ့ကို တောင်း၍ ထ၍။ ရာဇာနံ ပဉ္စသု သီလေသု ပတိဋ္ဌာပေတွာ၊ ဗြဟ္မဒတ်မင်းကို ငါးပါးသီလတို့၌ တည်စေ၍။ "မဟာရာဇ ဓမ္မံ စရ၊ မင်းမြတ် မင်းကျင့်တရားကို ကျင့်လော့။ မာတာပိတူသု ပုတ္တဓီတာသု၊ မိဖတို့၌လည်းကောင်း သားသမီးတို့၌လည်းကောင်း။ ဗြာဟ္မဏဂဟပတိကေသု နေဂမဇာနပဒေသု၊ ပုဏ္ဏားသူကြွယ်တို့၌လည်းကောင်း နိဂုံးသား ဇနပုဒ်သားတို့၌လည်းကောင်း။ ဓမ္မံ စရန္တော၊ မင်းကျင့်တရားကို ကျင့်သော်။ သမံ စရန္တော၊ မင်းကျင့်တရားနှင့်အညီ ကျင့်သော်။ ကာယဿ ဘေဒါ၊ ခန္ဓာကိုယ်၏ ပျက်စီးခြင်းကြောင့်။ မရဏာ ပရံ၊ သေသည်မှ နောက်၌။ သုဂတိံ သဂ္ဂံ၊ ကောင်းသူတို့ ‌ရောက်ရာဖြစ်သော ကောင်းမြတ်သော။ လောကံ ဂမိဿသီတိ၊ နတ်ပြည်သို့ ရောက်ရလတ္တံ့"ဟု။ ရညော ဗုဒ္ဓလီလာယ၊ ဗြဟ္မဒတ်မင်းအား ဘုရားတို့ တင့်တယ်ခြင်းဖြင့်။ ဓမ္မံ ဒေသေတွာ၊ တရားကို ဟော၍။ ကတိပါဟံ ဥယျာနေ ဝသိတွာ၊ နှစ်ရက် သုံးရက်ပတ်လုံး ဥယျာဉ်တော်၌ နေ၍။ ရညော ဩဝါဒံ ဒတွာ၊ ဗြဟ္မဒတ်မင်းအား အဆုံးအမကို ပေး၍။ မိဂဂဏပရိဝုတော အရညံ ပါဝိသိ၊ သမင်အုပ် ခြံရံအပ်လျက် တောထဲသို့ ဝင်သွားပြီ။
သာပိ ခေါ မိဂဓေနု၊ ထိုကိုယ်ဝန်ဆောင် သမင်မငယ်သည်လည်း။ ပုပ္ဖကဏ္ဏိကသဒိသံ ပုတ္တံ ဝိဇာယိ၊ ပန်းပွင့်အလယ်ချက်နှင့်တူသော သားကို မွေးပြီ။
သော ကီဠမာနော၊ ထိုသမင်ကလေးသည် ကစားသော်။ သာခမိဂဿ သန္တိကံ ဂစ္ဆတိ၊ သာခသမင်မင်း၏ အထံသို့ သွား၏။
အထ နံ မာတာ၊ သွားရာထိုအခါ၌ ထိုသမင်ကလေးကို မိခင်သမင်မသည်။ တဿ သန္တိကံ ဂစ္ဆန္တံ ဒိသွာ၊ ထိုသာခသမင်မင်း၏ အထံသို့ သွားသည်ကို မြင်၍။ "ပုတ္တ ဣတော ပဋ္ဌာယ၊ ချစ်သား ဤနေ့မှ စ၍။ ဧတဿ သန္တိကံ မာ ဂစ္ဆ၊ ထိုသာခသမင်မင်း၏ အထံသို့ မသွားလင့်။ နိဂြောဓဿေ သန္တိကံ ဧဝ ဂစ္ဆေယျာသီတိ၊ နိဂြောဓသမင်မင်း၏ အထံသို့သာ သွားလော့"ဟု။ ဩဝဒန္တီ၊ ဆုံးမလို၍။ ဣမံ ဂါထံ အာဟ၊ ဤဂါထာကို ဆိုပြီ။ ဂါထာအနက်ကား--
၁၂။ "နိဂြောဓမေဝ သေဝေယျ၊ နိဂြောဓသမင်မင်းကိုသာ မှီဝဲဆည်းကပ်ရာ၏။ သာခံ န ဥပသံဝသေ၊ သာခသမင်မင်းသို့ကား အနီးကပ်၍ပင် မနေရာ။
နိဂြောဓသ္မိံ မတံ သေယျော၊ နိဂြောဓသမင်မင်းထံ၌ သေရခြင်းသည် မြင့်မြတ်ကောင်းမွန်၏။ သာခသ္မိံ ဇီဝိတံ ယဉ္စေ သေယျော၊ သာခသမင်မင်းထံ၌ကား အသက်ရှင်နေရခြင်းသည်ပင် မြင့်မြတ်ကောင်းမွန်သည် မဟုတ်"။
တတ္ထ၊ ထိုဂါထာ၌။ **နိဂြောဓမေဝ သေဝေယျာ**တိ၊ နိဂြောဓမေဝ သေဝေယျ ဟူသည်ကား။ တာတ တွံ ဝါ အညော ဝါ၊ ချစ်သား သင်သည်ဖြစ်စေ အခြားသူသည် ဖြစ်စေ။ အတ္တနော ဟိတကာမော၊ မိမိ၏ အကျိုးစီးပွားလိုလားသူသည်။ နိဂြောဓမေဝ သေဝေယျ ဘဇေယျ ဥပသင်္ကမေယျ၊ နိဂြောဓသမင်မင်းကိုသာ မှီဝဲဆည်းကပ်ရာ၏ ချဉ်းကပ်ရာ၏။ **န သာခမုပသံဝသေ**တိ၊ န သာခမုပသံဝသေ ဟူသည်ကား။ သာခမိဂံ ပန၊ သာခသမင်မင်းကိုကား။ န ဥပသံဝသေ ဥပဂမ္မ န သံဝသေယျ၊ အနီးကပ်၍ မနေရာ။ ဧတံ နိဿာယ၊ ထိုသာခသမင်မင်းကို မှီ၍။ ဇီဝိကံ န ကပ္ပေယျ၊ အသက်မွေးမှုကို မပြုရာ။
**နိဂြောဓသ္မိံ မတံ သေယျော**တိ၊ နိဂြောဓသ္မိံ မတံ သေယျေ ဟူသည်ကား။ နိဂြောဓရညော ပါဒမူလေ၊ နိဂြောဓသမင်မင်း၏ ခြေရင်း၌။ မရဏမ္ပိ သေယျော ဝရံ ဥတ္တမံ၊ သေရခြင်းသည်သော်မှလည်း အထူးချီးမွမ်းအပ်၏ တောင့်တထိုက်၏ မြတ်၏။
**ယဉ္စေ သာခသ္မိ ဇီဝိတန္တိ**၊ ယဉ္စေ သာခသ္မိံ ဇီဝိတိံ ဟူသည်ကား။ သာခဿ သန္တိကေ၊ သာခသမင်မင်း၏ အထံ၌။ ယံ ပန ဇီဝိတံ၊ အကြင်အသက်ရှင်နေရခြင်းသည်။ (အတ္ထိ၊ ရှိ၏)။ တံ နေဝသေယျော၊ ထိုအသက်ရှင်နေရခြင်းသည် အထူးမချီးမွမ်းထိုက်။ န ဝရံ န ဥတ္တမံ၊ မတောင့်တထိုက် မမြတ်။ ဣတိ အတ္ထော၊ ဤကား အနက်တည်း။
စ ပန တတော ပဋ္ဌာယ၊ ဆက်၍ အထူးပြောရသော် ဘေးမဲ့ရရာ ထိုအခါမှ စ၍။ အဘယလဒ္ဓကာ မိဂါ၊ ဘေးမဲ့ရကုန်သော သားသမင်တို့သည်။ မနုဿာနံ သဿာနိ ခါဒန္တိ၊ လူတို့၏ ကောက်စပါးတို့ကို စားကုန်၏။ "ဣမေ မိဂါ လဒ္ဓါဘယာတိ၊ ဤသမင်တို့သည် ဘေးမဲ့ရကုန်၏"ဟု တွေး၍။ မနုဿာ မိဂေ၊ လူတို့သည် သမင်တို့ကို။ ပဟရိတုံ ဝါ ပလာပေတုံ ဝါ န ဝိသဟန္တိ၊ ရိုက်ပုတ်ခြင်းငှာလည်းကောင်း ပြေးအောင် ခြောက်လှန့်ခြင်းငှာလည်းကောင်း မလုပ်ဝံ့ကုန်။ တေ ရာဇင်္ဂဏေ သန္နိပတိတွာ၊ ထိုလူတို့သည် မင်းရပ်ပြင်၌ စုဝေးကြ၍။ ရညော တမတ္ထံ အာရောစေသုံ၊ ဗြဟ္မဒတ်မင်းအား ထိုအကြောင်းကို လျှောက်ထားကုန်ပြီ။
ရာဇာ၊ ဗြဟ္မဒတ်မင်းသည်။ "မယာ ပသန္နေန၊ ငါသည် ကြည်ညိုသောကြောင့်။ နိဂြောဓမိဂရာဇဿ ဝရော ဒိန္နော၊ နိဂြောဓရွှေသမင်မင်းအား ဘေးမဲ့ဆုကို ပေးအပ်ပြီ။ အဟံ ရဇ္ဇံ ဇဟေယျံ၊ ငါသည် မင်းအဖြစ်ကို စွန့်အံ့။ တံ ပဋိညံ စ န ဘိန္ဒာမိ၊ ပေးပြီးသော ထိုပဋိညာဉ်ကိုကား မဖျက်အံ့။ ဂစ္ဆထ၊ သွားကြ။ မမ ဝိဇိတေ ကောစိ၊ ငါ၏ နိုင်ငံ၌ မည်သူသည်မျှ။ မိဂေ ပဟရိတုံ၊ သမင်တို့ကို ရိုက်ပုတ်ခြင်းငှာ။ န လဘတီတိ အာဟ၊ အခွင့်မရ"ဟု ပြောပြီ။
နိဂြောဓော တံ ပဝတ္တိံ သုတွာ၊ နိဂြောဓရွှေသမင်မင်းသည် ဗြဟ္မဒတ်မင်းနှင့် တိုင်းသူပြည်သားတို့ ပြောကြသော ထိုအဖြစ်အပျက်ကို ကြားရ၍။ မိဂဂဏံ သန္နိပါတာပေတွာ၊ သမင်အပေါင်းကို စုဝေးစေ၍။ "ဣတော ပဋ္ဌာယ၊ ဤနေ့မှ စ၍။ ပရေသံ သဿံ၊ သူတစ်ပါးတို့၏ ကောက်စပါးကို။ ခါဒိတုံ န လဘိဿထ၊ စားခြင်းငှာ မရကြလတ္တံ့"။ ဣတိ မိဂေ ဩဝဒိတွာ၊ ဤသို့ သမင်တို့ကို ဆုံးမ၌။ "ဣတော ပဋ္ဌာယ၊ ဤနေ့မှ စ၍။ သဿကာရကာ မနုဿာ၊ ကောက်စပါး ပြုလုပ်ကုန်သောလူတို့သည်။ သဿရက္ခဏတ္ထံ ဝတိံ မာ ကရောန္တု၊ ကောက်စပါး စောင့်ရှောက်ခြင်းငှာ အကာအရံကို မပြုကြကုန်လင့်။ ပန ခေတ္တံ အာဝိဇ္ဈိတွာ၊ လုပ်ရမည်ကား လယ်ကို ရစ်ပတ်၍။ ပဏ္ဏသညံ ဗန္ဓန္တူတိ၊ သစ်ရွက်အမှတ်အသားကို ဖွဲ့ချည်ကြလော့"ဟု။ မနုဿာနံ အာရောစာပေသိ၊ လူတို့အား ပြောကြားခိုင်းပြီ။
တတော ပဋ္ဌာယ၊ ထိုနိဂြောဓရွှေသမင်မင်း လက်ထက်မှ စ၍။ ခေတ္တေသု ပဏ္ဏဗန္ဓနသညာ ဥဒပါဒိ ကိရ၊ လယ်ယာတို့၌ သစ်ရွက်ဖွဲ့ချည်မှု အမှတ်အသားသည် ဖြစ်ခဲ့သတဲ့။
တတော ပဋ္ဌာယ၊ ထိုနိဂြောဓရွှေသမင်မင်း ဩဝါဒပေးသောနေ့မှ စ၍။ ပဏ္ဏသညံ အတိက္ကမနမိဂေါ နာမ နတ္ထိ၊ သစ်ရွက်အမှတ်အသားကို လွန်ကျူးသော သားသမင်မည်သည် မရှိ။
အယံ နေသံ၊ သစ်ရွက် အမှတ်အသားကို ဤမလွန်ကျူးခြင်းသည် ထိုသားသမင်တို့အား။ ဗောဓိသတ္တတော လဒ္ဓဩဝါဒေါ ကိရ၊ ဘုရားလောင်းနိဂြောဓရွှေသမင်မင်းထံမှ ရရှိအပ်သော အဆုံးအမ ဖြစ်သတဲ့။
ဧဝံ မိဂဂဏံ ဩဝဒိတွာ၊ ဤသို့ သားသမင် အပေါင်းကို ဆုံးမ၍။ ဗောဓိသတ္တော ယာဝတာယုကံ ဌတွာ၊ ဘုရားလောင်း နိဂြောဓသမင်မင်းသည် အသက်ထက်ဆုံးတည်၍။ မိဂေဟိ သဒ္ဓိံ၊ သမင်တို့နှင့်အတူ။ ယထာကမ္မံ ဂတော၊ ကံအားလျော်စွာ လားပြီ။ ရာဇာပိ ဗောဓိသတ္တဿ၊ ဗြဟ္မဒတ်မင်းသည်လည်း ဘုရားလောင်း ရွှေသမင်မင်း၏။ ဩဝါဒေ ဌတွာ၊ အဆုံးအမ၌ တည်၍။ ပုညာနိ ကတွာ၊ ကောင်းမှုတို့ကို ပြု၍။ ယထာကမ္မံ ဂတော၊ ကံအားလျော်စွာ လားပြီ။
သတ္ထာ၊ ဘုရားရှင်သည်။ "ဘိက္ခဝေ ဣဒါနေဝ အဟံ၊ ရဟန်းတို့ ယခုဘုရားဖြစ်ရာ အခါ၌သာ ငါဘုရားသည်။ ထေရိယာ စ ကုမာရကဿပဿ စ၊ ကုမာရကဿပမယ်တော် ထေရီမ၏လည်းကောင်း, သား ကုမာရကဿပ၏လည်းကောင်း။ န အဝဿယော၊ မှီရာဖြစ်သည် မဟုတ်သေး။ ပုဗ္ဗေပိ အဝဿယော ဧဝါတိ၊ ရှေးကလည်း မှီရာဖြစ်ခဲ့ဖူးသည်သာ"ဟု။ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဤတရားဒေသနာကို ဆောင်တော်မူ၍။ စတုသစ္စဓမ္မဒေသနံ ဝိနိဝဋ္ဋေတွာ၊ သစ္စာလေးပါးတရားဒေသနာကို လည်စေတော်မူ, ဟောတော်မူ၍။ ဒွေ ဝတ္ထူနိ ကထေတွာ၊ ပစ္စုပ္ပန်အတိတ်ဝတ္ထုနှစ်ခုတို့ကို ဟောတော်မူပြီး၍။ အနုသန္ဓိံ ဃဋေတွာ၊ အနုသန္ဓေကို ဆက်စပ်တော်မူ၍။ "တဒါ သာခမိဂေါ၊ ထိုအခါက သာခရွှေသမင်မင်းသည်။ ဒေဝဒတ္တော အဟောသိ၊ ယခုအခါ ဒေဝဒတ်သည် ဖြစ်လာပြီ။ အဿ ပရိသာပိ ဒေဝဒတ္တပရိသာဝ၊ ထိုသာခရွှေသမင်မင်း၏ ပရိသတ်သည်လည်း ယခုဒေဝဒတ်ပရိသတ်သာတည်း။ မိဂဓေနု ထေရီ အဟောသိ၊ ကိုယ်ဝန်ဆောင်သမင်မသည် ကုမာရကဿပမယ်တော် ထေရီမသည် ဖြစ်လာပြီ။ ပုတ္တော ကုမာရကဿပေါ၊ သားဖြစ်သောသမင်အား ကုမာရကဿပတည်း။ ရာဇာ အာနန္ဒော၊ ဗြဟ္မဒတ်မင်းကား အာနန္ဒာတည်း။ နိဂြောဓမိဂရာဇာပန အဟမေဝ အဟောသိန္တိ၊ နိဂြောဓရွှေသမင်မင်းကား ငါဘုရားသည်သာ ဖြစ်လာပြီ"ဟု။ ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
**နိဂြောဓမိဂဇာတကဝဏ္ဏနာ ဒုတိယာ**၊ **နှစ်ခုမြောက်သော နိဂြောဓမိဂဇာတ်အဖွင့်တည်း။**