**ယေ ဝုဍ္ဎမပစာယန္တီ**တိ ဣဒံ၊ ယေ ဝုဍ္ဎမပစာယန္တိ စသော ဤတရားဒေသနာတော်ကို။
သတ္ထာ သာဝတ္ထိံ ဂစ္ဆန္တော၊ ဘုရားရှင်သည် သာဝတ္ထိမြို့သို့ ကြွသော်။
သာရိပုတ္တတ္ထေရဿ သေနာသနပဋိဗာဟနံ၊ အရှင်သာရိပုတ္တရာအား ကျောင်းအိပ်ရာ နေရာ တားမြစ်မှုကို။
အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
ဟိ အနာထပိဏ္ဍိကေန၊ ချဲ့ဦးအံ့ အနာထပိဏ်သူဌေးသည်။
ဝိဟာရံ ကာရေတွာ၊ ဇေတဝန်ကျောင်းတော်ကို ဆောက်လုပ်စေပြီး၍။
ဒူတေ ပေသိတေ၊ တမန်ကို စေလွှတ်အပ်သော်။
သတ္ထာ ရာဇဂဟာ နိက္ခမ္မ၊ ဘုရားရှင်သည် ရာဇဂြိုဟ်မြို့မှ ထွက်တော်မူခဲ့၍။
ဝေသာလိံ ပတွာ၊ ဝေသာလီမြို့သို့ ရောက်၍။
တတ္ထ ယထာဘိရန္တံ ဝိဟရိတွာ၊ ထိုဝေသာလီမြို့၌ အလိုရှိတော်မူသရွေ့ နေတော်မူပြီး၍။
သာဝတ္ထိံ ဂမိဿာမီတိ၊ သာဝတ္ထိမြို့သို့ ကြွအံ့ဟု။
မဂ္ဂံ ပဋိပဇ္ဇိ၊ လမ်းသို့ ကြွတော်မူပြီ။
တေန စ သမယေန ဆဗ္ဗဂ္ဂိယာနံ အန္တေဝါသိကာ၊ ထိုအခါ၌လည်း ၆-ပါးအုပ်စုရှိ ဆဗ္ဗဂ္ဂီရဟန်းတို့၏ အနီးနေတပည့်တို့သည်။
ပုရတော ပုရတော ဂန္တွာ၊ ရှေ့မှ ရှေ့မှ သွားကြ၍။
ထေရာနံ သေနာသနေသု အဂ္ဂဟိတေသွေဝ၊ မထေရ်ကြီးတို့သည် ကျောင်းအိပ်ရာနေရာတို့ကို မယူအပ်ကုန်မီပင်။
"ဣဒံ သေနာသနံ အမှာကံ ဥပဇ္ဈာယဿ၊ ဤကျောင်းအိပ်ရာ နေရာသည် ငါတို့၏ ဥပဇ္ဈာယ်ဆရာဖို့လည်းကောင်း။
ဣဒံ အာစရိယဿ၊ ဤကျောင်းအိပ်ရာနေရာသည် ဆရာဖို့လည်းကောင်း။
ဣဒံ အမှာကမေဝ ဘဝိဿတီတိ၊ ဤကျောင်းအိပ်ရာနေရာသည် ငါတို့ဖို့သာလည်းကောင်း ဖြစ်လတ္တံ့"ဟု။
သေနာသနာနိ ပလိဗုန္ဓေန္တိ၊ ကျောင်းအိပ်ရာနေရာတို့ကို နှောင့်ယှက်ကုန်၏။
ပစ္ဆာ အာဂတာ ထေရာ၊ နောက်မှ ရောက်လာကုန်သော မထေရ်တို့သည်။
သေနာသနာနိ န လဘန္တိ၊ ကျောင်းအိပ်ရာနေရာတို့ကို မရကုန်။
သာရိပုတ္တတ္ထေရဿာပိ အန္တေဝါသိကာပိ၊ အရှင်သာရိပုတ္တရာမထေရ်၏ တပည့်တို့သည်လည်း။
ထေရဿ သေနာသနံ၊ အရှင်သာရိပုတ္တရာမထေရ်ဖို့ ကျောင်းအိပ်ရာနေရာကို။
ပရိယေသန္တာ န လဘိံသု၊ ရှာကြသော် မရကုန်ပြီ။
ထေရော သေနာသနံ အလဘန္တော၊ အရှင်သာရိပုတ္တရာထေရ်သည် ကျောင်းအိပ်ရာနေရာကို မရသော်။
သတ္ထုသေနာသနဿ အဝိဒူရေ၊ ဘုရားရှင်၏ ကျောင်းအိပ်ရာနေရာ၏ မနီးမဝေး၌။
ဧကသ္မိံ ရုက္ခမူလေ၊ တစ်ခုသော သစ်ပင်ရင်း၌။
နိသဇ္ဇာယ စ စင်္ကမေန စ၊ ထိုင်ခြင်းဖြင့်လည်းကောင်း စင်္ကြံသွားခြင်းဖြင့် လည်းကောင်း။
ရတ္တိံ ဝီတိနာမေသိ၊ ညဉ့်ကို ကုန်လွန်စေပြီ။
သတ္ထာ ပစ္စူသသမယေ၊ ဘုရားရှင်သည် လင်းအားကြီးအခါ၌။
နိက္ခမိတွာ ဥက္ကာသိ၊ ကျောင်းတော်မှ ထွက်၍ ချောင်းဟန့်တော်မူပြီ။
ထေရောပိ ဥက္ကာသိ၊ အရှင်သာရိပုတ္တရာထေရ်သည်လည်း ချောင်းဟန့်ပြီ။
ဧသော ကောတိ၊ ဤသူကား မည်သူနည်းဟု မေးတော်မူပြီ။
ဘန္တေ အဟံ သာရိပုတ္တောတိ၊ အိုရှင်တော်ဘုရား တပည့်တော်ကား သာရိပုတ္တရာပါတည်းဟု လျှောက်ပြီ။
သာရိပုတ္တ ဣမာယ ဝေလာယ၊ အို သာရိပုတ္တရာ ဤအချိန်၌။
ဣဓ ကိံ ကရောသီတိ၊ ဤနေရာ၌ ဘာကို ပြုနေသနည်းဟု မေးတော်မူပြီ။
သော တံ ပဝတ္တိံ အာရောစေသိ၊ ထိုအရှင်သာရိပုတ္တရာသည် ထိုနေရာမရသော အဖြစ်ကို လျှောက်ပြီ။
သတ္ထာ ထေရဿ ဝစနံ သုတွာ၊ ဘုရားရှင်သည် အရှင်သာရိပုတ္တရာထေရ်၏ စကားကို ကြားရ၍။
"ဣဒါနိ မယိ ဇီဝန္တေယေဝ၊ ယခု ငါဘုရားသည် အသက်ရှိနေစဉ်ပင်။
ဘိက္ခူ အညမညံ၊ ရဟန်းတို့သည် အချင်းချင်း။
အဂါရဝါ အပတိဿာ တာဝ ဝိဟရန္တိ၊ ဂါဝရမရှိကြပဲ ရိုသေမှုမရှိကြဘဲ နေကြသေး၏။
ပရိနိဗ္ဗုတေ ကိံ နု ခေါ၊ ပရိနိဗ္ဗာန်ပြုသော် အဘယ်သို့ ပြုကြလတ္တံ့နည်း"။
(ဣတိ အာဝဇ္ဇေသိ၊ ဤသို့ ဆင်ခြင်တော်မူပြီ။
ဣတိ အာဝဇ္ဇေန္တဿ၊ ဤသို့ ဆင်ခြင်တော်မူသော ဘုရားရှင်အား)။
ဓမ္မသံဝေဂေါ ဥဒပါဒိ၊ ဓမ္မသံဝေဂသည် ဖြစ်တော်မူပြီ။
(ရှေ့တုံးပြ 'သတ္တာ'နှင့် ကိုက်ညီစေရန် ကွင်းအတွင်း ပြင်၍ ထည့်၍ အနက်ပေးလိုက်သည် ရှေ့တုံးပြ 'သတ္တာ'ကား စာရိုက်လွဲဖြစ်သည် 'သတ္တု'သာ ရှိရမည်)။
သော ရတ္တိယာ ပဘာတာယ၊ ထိုဘုရှားရှင်သည် ညသည် လင်းလတ်သော်။
ဘိက္ခုသံဃံ သန္နိပါတာပေတွာ၊ ရဟန်းသံဃာကို စည်းဝေးစေ၍။
"ဘိက္ခဝေ ဆဗ္ဗဂ္ဂိယာ ဘိက္ခူ၊ အိုရဟန်းတို့ ၆-ပါးအစုရှိကုန်သော ဆဗ္ဗဂ္ဂီရဟန်းတို့သည်။
ပုရတော ပုရတော ဂန္တွာ၊ ရှေ့မှ ရှေ့မှ သွားကြ၍။
ထေရာနံ ဘိက္ခူနံ၊ မထေရ်ကြီး ဖြစ်ကုန်သော ရဟန်းတို့အား။
သေနာသနံ ပဋိဗာဟန္တိ ကိရ၊ ကျောင်းအိပ်ရာနေရာကို တားမြစ်ကြသတဲ့။
ဣတိ သစ္စံ တိ၊ ဤသို့ ကြားရသည်ကား မှန်သလော"ဟု မေးတော်မူပြီ။
သစ္စံ ဘဂဝါတိ၊ မှန်ပါသည် မြတ်စွာဘုရားဟု လျှောက်ကုန်ပြီ။
တတော ဆဗ္ဗဂ္ဂိယေ ဂရဟိတွာ၊ ထိုလျှောက်ပြီးနောက်၌ ဆဗ္ဗဂ္ဂီရဟန်းတို့ကို ကဲ့ရဲ့တော်မူ၍။
ဓမ္မိံ ကထံ ကတွာ၊ တရားနှင့်ယှဉ်သော စကားကို ပြုတော်မူ၍။
"ဘိက္ခဝေ ကော၊ အိုရဟန်းတို့ အဘယ်ရဟန်းသည်။
အဂ္ဂါသနံ အဂ္ဂေါဒကံ၊ နေရာဦးကိုလည်းကောင်း သောက်ရေဦးကိုလည်းကောင်း။
အဂ္ဂပိဏ္ဍံ အရဟတိ နု ခေါတိ၊ ဆွမ်းဦးကိုလည်းကောင်း ရထိုက်သနည်း"ဟု။
ဘိက္ခူ အာမန္တေသိ၊ ရဟန်းတို့ကို မေးတော်မူပြီ။
ဧကစ္စေ၊ ရဟန်းအချို့တို့သည်။
ခတ္တိယကုလာ ပဗ္ဗဇိတောတိ အာဟံသု၊ မင်းမျိုးမှ ရဟန်းပြုသူတည်းဟု လျှောက်ကြပြီ။
ဧကစ္စေ၊ တစ်ချို့ရဟန်းတို့သည်။
ဗြာဟ္မဏကုလာ ဂဟပတိကုလာ၊ ပုဏ္ဏားမျိုးမှ, သူကြွယ်မျိုးမှ။
ပဗ္ဗဇိတောတိ၊ ရဟန်းပြုသူတည်းဟု လျှောက်ကြပြီ။
အပရေ၊ အခြားတစ်ပါး ရဟန်းတို့သည်။
"ဝိနယဓရော ဓမ္မကထိကော၊ ဝိနည်းဓိုရ်တည်း, ဓမ္မကထိကတည်း။
ပဌမဿ ဈာနဿ လာဘီ၊ ပထမဈာန်ရသော ရဟန်းတည်း။
ဒုတိယဿ တတိယဿ၊ ဒုတိယဈာန်ရ ရဟန်းတည်း, တတိယဈာန်ရ ရဟန်းတည်း။
စတုတ္ထဿ ဈာနဿ လာဘီတိ၊ စတုတ္ထဈာန်ကို ရသော ရဟန်းတည်း"ဟု လျှောက်ကြပြီ။
အပရေ၊ အခြားတစ်ပါး ရဟန်းတို့သည်။
"သောတာပန္နော သကဒါဂါမီ၊ သောတာပန်ရဟန်းတည်း, သကဒါဂါမ်ရဟန်းတည်း။
အနာဂါမီ အရဟာ၊ အနာဂါမ်ရဟန်းတည်း, ရဟန္တာရဟန်းတည်း။
တေဝိဇ္ဇော ဆဠဘိညောတိ အာဟံသု၊ ဝိဇ္ဇာသုံးပါးရ ရဟန်းတည်း, အဘိညာဉ် ၆-ပါးရ ရဟန်းတည်း"ဟု လျှောက်ကြပြီ။
ဧဝံ တေဟိ ဘိက္ခူဟိ၊ ဤသို့လျှင် ထိုရဟန်းတို့သည်။
အတ္တနော အတ္တနော ရုစိဝသေန၊ မိမိ မိမိ၏ ဆန္ဒအစွမ်းအားဖြင့်။
အဂ္ဂါသနာဒိရဟာနံ ကထိတကာလေ၊ နေရာဦးစသည် ထိုက်တန်သူတို့ကို လျှောက်အပ်ပြီးရာ အခါ၌။
သတ္ထာ၊ ဘုရားရှင်သည်။
"ဘိက္ခဝေ မယှံ သာသနေ၊ အိုရဟန်းတို့ ငါဘုရား၏ သာသနာတော်၌။
အဂ္ဂါသနာဒီနိ ပတွာ၊ နေရာဦးစသည်တို့ကို ရခွင့်ရောက်သော်။
ခတ္တိယကုလာ ပဗ္ဗဇိတော န ပမာဏံ၊ မင်းမျိုးမှ ရဟန်းပြုသူသည် ပမာဏမဟုတ် (ပဓာနမကျ)။
ဗြာဟ္မဏကုလာ ပဗ္ဗဇိတော န၊ ပုဏ္ဏားမျိုးမှ ရဟန်းပြုသူသည် ပမာဏမဟုတ် (ပဓာနမကျ)။
ဂဟပတိကုလာ ပဗ္ဗဇိတော န၊ သူကြွယ်မျိုးမှ ရဟန်းပြုသူသည်လည်း ပမာဏမဟုတ် (ပဓာနမကျ)။
ဝိနယဓရော န၊ ဝိနည်းဓိုရ်သည်လည်း ပမာဏမဟုတ် (ပဓာနမကျ)။
သုတ္တန္တိကော န၊ သုတ္တန်ဆောင်ရဟန်းသည်လည်း ပမာဏမဟုတ် (ပဓာနမကျ)။
အာဘိဓမ္မိကော န၊ အဘိဓမ္မာဆောင်ရဟန်းသည်လည်း ပမာဏမဟုတ် (ပဓာနမကျ)။
ပဌမဇ္ဈာနာဒိလာဘိနော န၊ ပထမဈာန်စသည် ရကြသော ရဟန်းတို့သည်လည်း ပမာဏမဟုတ် (ပဓာနမကျ)။
သောတာပန္နာဒယော န ပမာဏံ၊ သောတာပန်စသော ရဟန်းတို့သည်လည်း ပမာဏမဟုတ် (ပဓာနမကျ)။
ဘိက္ခဝေ အထ ခေါ၊ အိုရဟန်းတို့ အဟုတ်သော်ကား။
ဣမသ္မိံ သာသနေ ယထာဝုဍ္ဎံ၊ ဤ ငါတရားဒေသနာတော်၌ ဝါကြီးစဉ်ငယ်လိုက်။
အဘိဝါဒနံ ပစ္စုဋ္ဌာနံ၊ ရှိခိုးခြင်းကိုလည်းကောင်း နေရာမှထ, ခရီးဦးကြိုဆိုခြင်းကိုလည်းကောင်း။
အဉ္ဇလိကမ္မံ သာမီစိကမ္မံ ကာတဗ္ဗံ၊ လက်အုပ်ချီမှုကိုလည်းကောင်း, အရိုအသေပြုမှုကိုလည်းကောင်း ပြုရမည်။
အဂ္ဂါသနံ အဂ္ဂေါဒကံ၊ နေရာဦးကိုလည်းကောင်း သောက်ရေဦးကိုလည်းကောင်း။
အဂ္ဂပိဏ္ဍော လဒ္ဓဗ္ဗော၊ ဆွမ်းဦးကိုလည်းကောင်း ရထိုက်၏။
ဣဒံ ဧတ္ထ ပမာဏံ၊ ဤသိက္ခာဝါကြီးခြင်းသည် ဤရှိခိုးမှုအစ ဆွမ်းဦးအထိ ခုနစ်မျိုးရခြင်း၌ ပမာဏတည်း။
တသ္မာ ဝုဍ္ဎတရော ဘိက္ခု၊ ထိုသို့ သိက္ခာဝါ, ပမာဏဖြစ်သောကြောင့် သိက္ခာဝါ, သာ၍ကြီးသော ရဟန်းသည်။
ဧတေသံ အနုစ္ဆဝိကော၊ ထိုရှိခိုးမှုစသော ခုနစ်မျိုးတို့အား ထိုက်တန်၏။
ဘိက္ခဝေ ခေါ ပန ဣဒါနိ၊ အိုရဟန်းတို့ စင်စစ် ယခုအခါ၌။
မယှံ အဂ္ဂသာဝကော၊ ငါဘုရား၏ အမြတ်ဆုံးတပည့်ဖြစ်သော။
အနုဓမ္မစက္ကပ္ပဝတ္တကော သာရိပုတ္တော၊ ငါဘုရားအတူ တရားစကြာကို ဖြစ်စေတတ် လည်စေတတ်သော သာရိပုတ္တရာသည်။
မမ အနန္တရံ၊ ငါဘုရား၏ အခြားမဲ့၌။
သေနာသနံ လဒ္ဓုံ အရဟတိ၊ ကျောင်းအိပ်ရာနေရာကို ရခြင်းငှာ ထိုက်သူဖြစ်၏။
သော ဣမံ ရတ္တိံ၊ ထိုသာရိပုတ္တရာသည် ဤည၌။
သေနာသနံ အလဘန္တော၊ ကျောင်းအိပ်ရာ နေရာကို မရ၍။
ရုက္ခမူလေ ဝီတိနာမေသိ၊ သစ်ပင်ရင်း၌ အချိန်ကုန်လွန်စေရပြီ။
တုမှေ ဣဒါနေဝ၊ သင်တို့သည် ယခုအခါ၌ပင်။
ဧဝံ အဂါရဝါ အပတိဿာ၊ ဤသို့ ဂါဝရမရှိကြကုန်, ရိုသေမှုမရှိကြကုန်။
ဂစ္ဆန္တေ ဂစ္ဆန္တေ ကာလေ၊ ကုန်သွား ကုန်သွားသော အချိန်ကာလ၌။
ကိန္တိ ကတွာ ဝိဟရိဿထာတိ၊ ဘယ်သို့ ပြု၍ နေကြမည်နည်း"ဟု။
အာဟ၊ မိန့်တော်မူပြီ။
အထ နေသံ ဩဝါဒဒါနတ္ထာယ၊ မိန့်တော်မူပြီးရာ ထိုအခါ၌ ထိုရဟန်းတို့အား ဩဝါဒပေးခြင်းငှာ။
"ဘိက္ခဝေ ပုဗ္ဗေ တိရစ္ဆာနဂတာပိ၊ အိုရဟန်းတို့ ရှေးက တိရစ္ဆာန်တို့သည်သော်မှလည်း။
မယံ အညမညံ၊ ငါတို့သည် အချင်းချင်း။
အဂါရဝါ အပတိဿာ၊ ဂါဝရမရှိကြဘဲ ရိုသေမှု မရှိကြဘဲ။
အသဘာဂဝုတ္တိနော ယံ ဝိဟရေယျာမ၊ သဘောတူအသက်မွေးခြင်း မရှိကြဘဲ အကြင်နေကုန်ရာ၏။
ခေါ ပန ဧတံ၊ စင်စစ် ဤဂရုစိုက်မှု, ရိုသေမှု, အသက်မွေးတူမှု မရှိဘဲ နေခြင်းသည်။
အမှာကံ န ပတိရူပံ၊ ငါတို့အား မသင့်လျော်။
အမှေသု မဟလ္လကတရံ ဇာနိတွာ၊ ငါတို့တွင် အထူးကြီးသူကို သိအောင်ပြု၍။
တဿ၊ ထိုအထူးကြီးသူအား။
အဘိဝါဒနာဒီနိ ကရိဿာမာတိ၊ ရှိခိုးခြင်း စသည်တို့ကို ပြုကြအံ့ဟု။
သာဓုကံ ဝီမံသိတွာ၊ ကောင်းစွာ စူးစမ်း၍။
အယံ နော၊ ဤသူကား ငါတို့တွင်။
မဟလ္လကောတိ ဉ တွာ၊ ကြီးသူဟု သိ၍။
တဿ အဘိဝါဒနာဒီနိ ကတွာ၊ ထိုကြီးသူအား ရှိခိုးခြင်းစသည်တို့ကို ပြုကြ၍။
ဒေဝပထံ ပူရယမာနာ၊ နတ်ရွာလမ်းကို ပြည့်စေကြလျက်။
ဂတာတိ ဝတွာ၊ သွားကြပြီ"ဟု မိန့်တော်မူ၍။
အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဟိမဝန္တပ္ပဒေသေ၊ လွန်လေပြီးသောအခါ ဟိမဝန္တာအရပ်၌။
ဧကံ မဟာနိဂြောဓံ ဥပနိဿာယ၊ တစ်ပင်သော ပညောင်ပင်ကြီးကို မှီ၍။
တိတ္တိရော မက္ကဋော ဟတ္ထီတိ၊ ခါလည်းကောင်း, မျောက်လည်းကောင်း, ဆင်လည်းကောင်း ဤသို့။
တယော သဟာယာ ဝိဟရိံသု၊ သုံးကောင်ကုန်သော သူငယ်ချင်းတို့သည် နေကြပြီ။
တေ အညမညံ၊ ထိုသူငယ်ချင်းသုံးကောင်တို့သည် အချင်းချင်း။
အဂါရဝါ အပတိဿာ၊ ဂါဝရမရှိကြသည်, ရိုသေမှုမရှိကြသည်။
အသဘာဂဝုတ္တိနော အဟေသုံ၊ တူသော အသက်မွေးမှုမရှိကြသည် ဖြစ်ကုန်ပြီ။
အထ နေသံ၊ ထိုအခါ ထိုသူငယ်ချင်းသုံးကောင်တို့အား။
"ဧဝံ ဝိဟရိတုံ၊ ဤသို့ အချင်းချင်း ဂါရဝစသည် မရှိဘဲ နေခြင်းငှာ။
အမှာကံ န ယုတ္တံ၊ ငါတို့အား မသင့်လျော်။
ယော နော မဟလ္လကတရော၊ အကြင်သူသည် ငါတို့တွင် အထူးကြီး၏။
တဿ အဘိဝါဒနာဒီနိ ကရောန္တာ၊ ထိုအသက်ကြီးသူအား ရှိခိုးခြင်းစသည်တို့ကို ပြုကြလျက်။
မယံ ဝိဟရေယျာမ၊ ငါတို့သည် နေကြရပါမူကား။
ယန္နူနာတိ ဧတံ အဟောသိ၊ ကောင်းလေစွ"ဟု ဤအကြံသည် ဖြစ်ပြီ။
ကော ပန နော မဟလ္လကတရောတိ၊ ဘယ်သူသည်ကား ငါတို့တွင် အသက်အကြီးဆုံး ဖြစ်သနည်းဟု။
စိန္တေန္တာ ဧကဒိဝသံ၊ ကြံစည်ကြသော် တစ်နေ့၌။
ဧသော ဥပါယော အတ္ထေီတိ၊ အသက်ကြီးသူသိကြောင်း ဤနည်းလမ်းသည် ရှိ၏ဟု။
တယောပိ ဇနာ နိဂြောဓမူလေ နိသီဒိတွာ၊ သုံးကောင်လုံးတို့သည်လည်း ပညောင်ပင်ရင်း၌ နေကြ၍။
တိတ္တိရော စ မက္ကဋော စ၊ ခါသည်လည်းကောင်း, မျောက်သည်လည်းကောင်း။
"သမ္မ ဟတ္ထိ တွံ၊ အဆွေဆင် သင်သည်။
ဣမံ နိဂြောဓရုက္ခံ၊ ဤပညောင်ပင်ကို။
ကီဝပ္ပမာဏကာလတော ပဋ္ဌာယ၊ ဘယ်ပမာဏ အရွယ်အခါမှ စ၍။
ဇာနာသီတိ၊ သိပါသနည်း"ဟု။
ဟတ္ထိံ ပုစ္ဆိံသု၊ ဆင်ကို မေးကုန်ပြီ။
သော၊ ထိုဆင်သည်။
"သမ္မာ အဟံ၊ အဆွေတို့ ငါသည်။
တရုဏပေါတကကာလေ၊ နုပျိုငယ်ရွယ်စဉ်ကာလ၌။
ဣမံ နိဂြောဓဂစ္ဆံ အန္တရသတ္ထီသု၊ ဤပညောင်ပင် ခြုံပုတ်ကို ပေါင်အကြားတို့၌။
ကတွာ ဂစ္ဆာမိ၊ ပြု၍ သွား၏။
အဝတ္ထရိတွာ ဌိတကာလေ စ ပန၊ လွှမ်းဖိ၍ တည်ရာအခါ၌ကား။
ဧတဿ အဂ္ဂသာခါ၊ ဤပညောင်ပင်၏ အကိုင်းအဖျားသည်။
မေ နာဘိံ ဃဋ္ဋေတိ၊ ငါဆင်၏ ချက်ကို ထိခိုက်၏။
ဧဝံ အဟံ ဣမံ၊ ဤသို့ ငါသည် ပညောင်ပင်ကို။
ဂစ္ဆကာလတော ပဋ္ဌာယ၊ ချုံပင်အရွယ်အခါမှ စ၍။
ဇာနာမီတိ အာဟ၊ သိ၏ မှတ်မိ၏"ဟု ပြောပြီ။
ပုန ဥဘောပိ ဇနာ၊ တစ်ဖန် ဆင်နှင့် ခါ နှစ်ကောင်တို့သည်လည်း။
ပုရိမနယေနေဝ မက္ကဋံ ပုစ္ဆိံသု၊ ရှေးနည်းဖြင့်ပင် မျောက်ကို မေးကြပြီ။
သော၊ ထိုမျောက်သည်။
"သမ္မာ အဟံ၊ အို အဆွေတို့ ငါသည်။
မက္ကဋစ္ဆာပကော သမာနော၊ မျောက်ပေါက်စကလေးသည် ဖြစ်နေစဉ်။
ဘူမိယံ နိသီဒိတွာ၊ မြေပေါ်၌ ထိုင်၍။
ဂီဝံ အနုက္ခိပိတွာဝ၊ လည်ပင်းကို မမော့မူ၍သာ။
ဣမဿ နိဂြောဓပေါတကဿ၊ ဤပညောင်ပင်ပေါက်ကလေး၏။
အဂ္ဂင်္ကုရေ ခါဒါမိ၊ အညွန်ဖျားတို့ကို ကိုက်စား၏။
ဧဝံ အဟံ ဣမံ၊ ဤသို့ ငါမျောက်သည် ဤပညောင်ပင်ကို။
ခုဒ္ဒကကာလတော ပဋ္ဌာယ၊ ငယ်စဉ်ကာလမှ စ၍။
ဇာနာမီတိ အာဟ၊ သိ၏ မှတ်မိ၏"ဟု ပြောပြီ။
အထ ဣတရေ ဥဘောပိ၊ ထိုအခါ၌ ဤ ခါမှတစ်ပါးကုန်သော မျောက်, ဆင်နှစ်ကောင်တို့သည်လည်း။
ပုရိမနယေနေဝ တိတ္တိရံ ပုစ္ဆိံသု၊ ရှေးနည်းဖြင့်ပင် ခါကို မေးကြပြီ။
သော၊ ထိုခါသည်။
"သမ္မာ ပုဗ္ဗေ အသုကသ္မိံ နာမ ဌာနေ၊ အို အဆွေတို့ ရှေးက ထိုမည်သောနေရာ၌။
မဟာနိဂြောဓရုက္ခော အဟောသိ၊ ပညောင်ပင်ကြီးသည် ရှိခဲ့ပြီ။
အဟံ တဿ ဖလာနိ ခါဒိတွာ၊ ငါသည် ထိုပညောင်ပင်ကြီး၏ အသီးတို့ကို စား၍။
ဣမသ္မိံ ဌာနေ ဝစ္စံ ပါတေသိံ၊ ဤနေရာ၌ ကျင်ကြီးကို ကျစေပြီ, ယိုချပြီ။
တတော ဧသော ရုက္ခော ဇာတော၊ ထိုကျင်ကြီးမှ ဤပညောင်ပင်ကြီးသည် ပေါက်လာပြီ။
ဧဝံ အဟံ ဣမံ၊ ဤသို့ ငါခါသည် ဤပညောင်ပင်ကို။
အဇာတကာလတော ပဋ္ဌာယ ဇာနာမိ၊ မပေါက်မီမှ စ၍ သိ၏, မှတ်မိ၏။
တသ္မာ အဟံ၊ ထို့ကြောင့် ငါသည်။
တုမှေဟိ ဇာတိယာ၊ သင်တို့ထက် မွေးဖွားသောအားဖြင့်။
မဟလ္လကတရောတိ အာဟ၊ သာ၍ကြီး၏"ဟု ပြောပြီ။
ဧဝံ ဝုတ္တေ၊ ဤသို့ ပြောဆိုအပ်သော်။
မက္ကဋော စ ဟတ္ထီ စ တိတ္တိရပဏ္ဍိတံ၊ မျောက်သည်လည်းကောင်း ဆင်သည်လည်းကောင်း ထိုခါပညာရှိကို။
"သမ္မ တွံ၊ အိုအဆွေ အဆွေခါသည်။
အမှေဟိ မဟလ္လကတရော၊ အကျွန်ုပ်တို့ထက် သာ၍ အသက်ကြီး၏။
ဣတော ပဋ္ဌာယ၊ ဤနေ့မှ စ၍။
မယံ တဝ၊ အကျွန်ုပ်တို့သည် အသင်ခါအား။
သက္ကာရဂရုကာရမာနနဝန္ဒနပူဇနာနိ စေဝ၊ ကောင်းစွာပြုမှု ဂရုစိုက်မှု မြတ်နိုးမှု ရှိခိုးမှု ပူဇော်မှုတို့ကိုလည်းကောင်း။
အဘိဝါဒနပစ္စုဋ္ဌာနအဉ္ဇလိကမ္မသာမီစိကမ္မာနိ စ ကရိဿာမ၊ ကျန်းမာပါစေ စသည်ဖြင့် မင်္ဂလာစကား ဆိုစေမှု နေရာမှထမှု လက်အုပ်ချီမှု ရိုသေမှုတို့ကိုလည်းကောင်း ပြုကုန်အံ့။
တေ ဩဝါဒေ စ ဌဿာမ၊ အသင်ခါ၏ ဩဝါဒ၌လည်း တည်ကုန်အံ့။
တွံ ပန ဣတော ပဋ္ဌာယ၊ အသင်ခါသည်ကား ဤနေ့မှ စ၍။
အမှာကံ ဩဝါဒါနုသာသနိံ၊ အကျွန်ုပ်တို့အား ဆုံးမကံမြစ်မှုကို။
ဒဒေယျာသီတိ အာဟံသု၊ ပေးပါလော့"ဟု ပြောကြပြီ။
တတော ပဋ္ဌာယ တိတ္တိရော၊ ထိုအခါမှစ၍ ခါသည်။
တေသံ ဩဝါဒံ အဒါသိ၊ ထိုမျောက် ဆင်တို့အား ဩဝါဒကို ပေးပြီ။
သီလေသု ပတိဋ္ဌာပေသိ၊ ငါးပါးသီလတို့၌ တည်စေပြီ။
သယမ္ပိ သီလာနိ သမာဒိယိ၊ ကိုယ်တိုင်လည်း ငါးပါးသီလတို့ကို ဆောက်တည်ပြီ။
တယောပိ တေ ဇနာ၊ ခါမျောက်ဆင် သုံးကောင်လည်း ဖြစ်ကုန်သော ထိုသတ္တဝါတို့သည်။
ပဉ္စသု သီလေသု ပတိဋ္ဌာယ၊ ငါးပါးကုန်သော သီလတို့၌ တည်ကြ၍။
အညမညံ သဂါရဝါ သပတိဿာ၊ အချင်းချင်း ဂါရဝရှိကုန်သည် ရိုသေမှုရှိကုန်သည်။
သဘာဂဝုတ္တိနော ဟုတွာ၊ ငါးပါးသီလ မပျက်သည့် တူသောအသက်မွေးခြင်းရှိကုန်သည် ဖြစ်၍။
ဇီဝိတပရိယောသာနေ၊ အသက်ဆုံးသော်။
ဒေဝလောကပရာယဏာ အဟေသုံ၊ နတ်ပြည်လျှင် လဲလျောင်းရာ ရှိကုန်သည် ဖြစ်ကြပြီ။
တေသံ တိဏ္ဏံ သမာဒါနံ၊ ထို ခါ,မျောက်,ဆင် သုံးကောင်တို့သည် ဆောက်တည်ခဲ့သော အကျင့်သည်။
တိတ္တိရိယံ ဗြဟ္မစရိယံ နာမ အဟောသိ၊ ခါပညာရှိ ဟောကြားအပ်သော အကျင့်မြတ်မည်သည် ဖြစ်ပြီ။
ဘိက္ခဝေ တေ ဟိ နာမ တိရစ္ဆာနဂတာ၊ အိုရဟန်းတို့ ထိုတိရစ္ဆာန်မည်သည်တို့သော်မှလည်း။
အညမညံ သဂါရဝါ၊ အချင်းချင်း ဂါရဝရှိကြ၍။
သပ္ပတိဿာ ဝိဟရိံသု၊ ရိုသေမှုရှိကြ၍ နေကြကုန်သေး၏။
တုမှေ ဧဝံ၊ သင်တို့သည် ဤသို့။
သွာခါတေ ဓမ္မဝိနယေ ပဗ္ဗဇိတွာ၊ ကောင်းစွာဟောကြားအပ်သော တရားသဖြင့် ဆုံးမရာ သာသနာတော်၌ ရဟန်းပြုကြ၍။
အညမညံ အဂါရဝါ အပတိဿာ၊ အချင်းချင်း ဂါရဝမရှိကြဘဲ ရိုသေမှုမရှိကြဘဲ။
ကသ္မာ ဝိဟရထ၊ ဘာ့ကြောင့် နေကြရကုန်သလဲ။
ဘိက္ခဝေ ဣတော ပဋ္ဌာယ၊ ရဟန်းတို့ ဤနေ့မှ စ၍။
တုမှာကံ ယထာဝုဍ္ဎံ၊ သင်ရဟန်းတို့အား သိက္ခာဝါ, ကြီးစဉ်ငယ်လိုက်။
အဘိဝါဒနံ ပစ္စုဋ္ဌာနံ၊ ရှိခိုးခြင်းကိုလည်းကောင်း နေရာမှ ထ, ခရီးဦးကြိုဆိုခြင်းကိုလည်းကောင်း။
အဉ္ဇလိကမ္မံ သာမီစိကမ္မံ၊ လက်အုပ်ချီမှုကိုလည်းကောင်း အရိုအသေ ပြုမှုကိုလည်းကောင်း။
ယထာဝုဍ္ဎံ အဂ္ဂါသနံ၊ သိက္ခာဝါစဉ်အလိုက် နေရာဦးကိုလည်းကောင်း။
အဂ္ဂေါဒကံ အဂ္ဂပိဏ္ဍံ အနုဇာနာမိ၊ သောက်ရေဦးကို လည်းကောင်း, ဆွမ်းဦးကိုလည်းကောင်း ငါဘုရားခွင့်ပြုတော်မူ၏။
ဣတော ပဋ္ဌာယ စ၊ ဤနေ့မှ စ၍လည်း။
နဝကတရေန ဝုဍ္ဎတရော၊ သိက္ခာငယ်ရဟန်းသည် သိက္ခာကြီးရဟန်းကို။
သေနာသနေန န ပဋိဗာဟိတဗ္ဗော၊ ကျောင်းအိပ်ရာနေရာဖြင့် မတားမြစ်ရ။
ယော ပဋိဗာဟေယျ၊ အကြင်ရဟန်းသည် တားမြစ်အံ့။
ဒုက္ကဋဿာ အာပတ္တိ(ဟောတိ)၊ ဒုက္ကဋ်အာပတ်သို့ ရောက်ခြင်းသည် (ဖြစ်၏)။
ဣတိ ဧဝံ သတ္ထာ၊ ဤသို့ ရှင်တော်ဘုရားသည်။
ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဤတရားဒေသနာကို ဆောင်တော်မူ၍။
အဘိသမ္ဗုဒ္ဓေါ ဟုတွာ၊ ဘုရားသည် ဖြစ်တော်မူ၍။
ဣမံ ဂါထံ အာဟ၊ ဤဂါထာကို ဟောတော်မူပြီ။
ဂါထာနက်ကား--
၃၇။ ဓမ္မဿ ကောဝိဒါ၊ ကြီးသူရိုသေမှုတရား၌ လိမ္မာကြကုန်သော။
ယေ နရာ၊ အကြင်သူတို့သည်။
ဝုဍ္ဎံ အပစာယန္တိ၊ ကြီးသူကို ရိုသေကြကုန်၏။
(တေ၊ ထိုသူတို့သည်)။
ဒိဋ္ဌေဝ ဓမ္မေ ပါသံသာ၊ မျက်ဝါးထင်ထင် တွေ့မြင်ရသော ဤဘဝ၌ပင် ချီးမွမ်းထိုက်ကုန်၏။
သမ္ပရာယေ စ သုဂတိ၊ သွားရောက်ရမည့် နောက်ဘဝ၌ကား ကောင်းသောလားရာသည်သာ။
(ဟောတိ၊ ဖြစ်၏)။
တတ္ထ၊ ထိုဂါထာ၌။
**ယေ ဝုဍ္ဎမပစာယန္တီ**တိ၊ ယေ ဝုဍ္ဎမပစာယန္တိ ဟူသော ပါဌ်၌။
ဝုဍ္ဎာ၊ ကြီးသူတို့သည်။
ဇာတိဝုဍ္ဎော ဝယောဝုဍ္ဎော ဂုဏဝုဍ္ဎော၊ အမျိုးဇာတ်ကြီးသူလည်းကောင်း, အရွယ်ကြီးသူလည်းကောင်း, ဂုဏ်ကြီးသူလည်းကောင်း။
ဣတိ တယော၊ ဤသို့ သုံးမျိုးတို့တည်း။
တေသု ဇာတိသမ္ပန္နော ဇာတိဝုဍ္ဎော နာမ၊ ထိုသုံးမျိုးတို့တွင် မျိုးရိုးကောင်းသူသည် ဇာတိဝုဍ္ဎ မည်၏။
ဝယေ ဌိတော ဝယောဝုဍ္ဎော နာမ၊ တတိယအရွယ်၌ တည်သူသည် ဝယောဝုဍ္ဎ မည်၏။
ဂုဏသမ္ပန္နော ဂုဏဝုဍ္ဎော နာမ၊ သီလစသော ဂုဏ်ပြည့်စုံသူသည် ဂုဏဝုဍ္ဎ မည်၏။
တေသု ဂုဏသမ္ပန္နော ဝယောဝုဍ္ဎော၊ ထိုသုံးယောက်တို့တွင် သီလစသော ဂုဏ်ရှိသော အရွယ်ကြီးသူကို။
ဣမသ္မိံ ဌာနေ ဝုဍ္ဎောတိ အဓိပ္ပေတော၊ ဤဂါထာအရာ၌ ဝုဍ္ဎဟူ၍ အလိုရှိအပ်၏။
**အပစာယန္တီ**တိ၊ အပစာယန္တိ ဟူသည်ကား။
ဇေဋ္ဌာပစာယိကကမ္မေန ပူဇေန္တိ၊ ကြီးသူရိုသေမှုရှိသူတို့ အပြုအမူဖြင့် ပူဇော်ကုန်၏တည်း။
**ဓမ္မဿ ကောဝိဒါ**တိ၊ ဓမ္မဿ ကောဝိဒါ ဟူသည်ကား။
ဇေဋ္ဌာပစာယနဓမ္မဿ ကောဝိဒါ ကုသလာ၊ ကြီးသူရိုသေမှုတရား၌ လိမ္မာကုန်သောတည်း။
**ဒိဋ္ဌေဝ ဓမ္မေတိ ဣမသ္မိံ** ယေဝ အတ္တဘာဝေ၊ ဒိဋ္ဌေဝ ဓမ္မေဟူသည်ကား ဤဘဝ၌ပင်တည်း။
**ပါသံသာ**တိ ပသံသာရဟာ၊ ပါသံသာဟူသည်ကား ချီးမွမ်းထိုက်ကုန်၏တည်း။
**သမ္ပရာယေ စ သုဂ္ဂတီ**တိ၊ သမ္ပရာယေ စ သုဂ္ဂတိ ဟူသည်ကား။
ဣမံ လောကံ ဟိတွာ၊ ဤလောက ဤဘဝကို စွန့်ပစ်၍။
သမ္ပရေတဗ္ဗေ ဂန္တဗ္ဗေ ပရလောကေပိ၊ သွားရမည်ဖြစ်သော နောက်လောက နောက်ဘဝ၌လည်း။
တေသံ သုဂတိယေဝ ဟောတိ ဣတိ၊ ကြီးသူရိုသေသည့် ထိုသူတို့အား ကောင်းသော လားရာသည်သာ ဖြစ်၏ ဤသို့ မှတ်အပ်၏။
ဧတ္ထ၊ ဤဂါထာ၌။
ဘိက္ခဝေ ခတ္တိယာ ဝါ ဗြာဟ္မဏာ ဝါ၊ ရဟန်းတို့ မင်းမျိုးတို့သည်သော်လည်းကောင်း ပုဏ္ဏားမျိုးတို့သည်သော်လည်းကောင်း။
ဝေဿာ ဝါ သုဒ္ဒါ ဝါ၊ ကုန်သည်မျိုးတို့သည်သော်လည်းကောင်း ဆင်းရဲသားမျိုးတို့သည် သော်လည်းကောင်း။
ဂဟဋ္ဌာယ ဝါ ပဗ္ဗဇိတာ ဝါ တိရစ္ဆာနဂတာ ဝါ ဟောန္တု၊ လူဝတ်ကြောင်တို့သည်သော်လည်းကောင်း ရသေ့ရဟန်း ကိုရင်တို့သည်သော်လည်းကောင်း တိရစ္ဆာန်တို့သည်သော်လည်းကောင်း ဖြစ်ကြပါစေ။
ယေ ကေစိ သတ္တာ ဇေဋ္ဌာပစိတိကမ္မေ၊ အကြင်အမှတ်မထား တစ်ပါးပါးသော သတ္တဝါတို့သည် ကြီးသူကို ရိုသေလေးစားခြင်း အမှု၌။
ဆေကာ ကုသလာ၊ ကျွမ်းကျင်ကြ၍, လိမ္မာကြ၍။
ဂုဏသမ္ပန္နာနံ ဝယောဝုဍ္ဎာနံ၊ သီလစသော ဂုဏ်ပြည့်စုံကုန်သော အသက်ကြီးသူတို့အား။
အပစိတိံ ကရောန္တိ၊ ရိုသေလေးစားမှုကို ပြုကုန်၏။
တေ ဣမသ္မိဉ္စ အတ္တဘာဝေ၊ ထိုကြီးသူကို ရိုသေလေးစားသူတို့သည် ဤဘဝ၌လည်း။
ဇေဋ္ဌာပစိတိကာရကာတိ၊ ကြီးသူကို ရိုသေလေးစားသူတို့ ဟူ၍။
ပသံသံ ဝဏ္ဏနံ၊ ချီးမွမ်းခြင်းကို ဂုဏ်ကျေးဇူးကို။
ထောမနံ လဘန္တိ၊ ဂုဏ်ပြုခြင်းကို ရကုန်၏။
ကာယဿ ဘေဒါ စ၊ ခန္ဓာကိုယ်၏ ပျက်ခြင်းကြောင့်ကား။
သဂ္ဂေ နိဗ္ဗတ္တန္တိ၊ နတ်ပြည်၌ ဖြစ်ရကုန်၏။"
"ဣတိ အယံ ပန ပိဏ္ဍတ္ထော၊ ဤဆိုခဲ့ပြီးသည်ကား အပေါင်း ဖြစ်သောအနက်တည်း။
ဧဝံ သတ္ထာ၊ ဤကဲ့သို့ မြတ်စွာဘုရားသည်။
ဇေဋ္ဌာပစိတိကမ္မဿ ဂုဏံ ကထေတွာ၊ ကြီးသူရိုသေလေးစားမှုပြုခြင်း၏ ဂုဏ်ကျေးဇူးကို ဟောတော်မူပြီး၍။
အနုသန္ဓိံ ဃဋေတွာ၊ အနုသန္ဓေကို ဆက်စပ်တော်မူ၍။
"တဒါ ဟတ္ထိနာဂေါ၊ ထိုအခါက ဆင်ပြောင်ကြီးသည်။
မောဂ္ဂလ္လာနော အဟောသိ၊ မောဂ္ဂလာန်သည် ဖြစ်လာပြီ။
မက္ကဋော သာရိပုတ္တော၊ မျောက်ကား သာရိပုတ္တရာတည်း။
တိတ္တိရပဏ္ဍိတော ပန အဟမေဝ အဟောသိန္တိ၊ ခါပညာရှိကား ငါဘုရားသည်သာ ဖြစ်လာပြီ"ဟု။
ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
**တိတ္တိရဇာတကဝဏ္ဏနာ သတ္တမာ**၊ **ခုနစ်ခုမြောက် ဖြစ်သော တိတ္တိရဇာတ်အဖွင့်တည်း။**