Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
Jātaka-aṭṭhakathā(Paṭhamo bhāgo)
Jātaka-aṭṭhakathā(Paṭhamo bhāgo)

[130] 10. Kosiyajātakavaṇṇanā

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

**ယထာ ဝါစာ စ ဘုဉ္စဿူ** တိ ဣဒံ၊ ယထာ ဝါစာ စ ဘုဉ္ဇအစရှိသော ဤတရားဒေသနာတော်ကို။ သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။ သာဝတ္ထိယံ ဧကံ မာတုဂါမံ၊ သာဝတ္ထိမြို့က တစ်ယောက်သော မာတုဂါမကို။ အာရဗ္ဘ ကထေသိ၊ အကြောင်း ပြု၍ ဟောတော်မူပြီ။
ဧကဿ သဒ္ဓါသမ္ပန္နဿ၊ တစ်ယောက်သော သဒ္ဓါတရားနှင့် ပြည့်စုံသော။ ဥပါသကဗြာဟ္မဏဿ၊ ရတနာသုံးပါးကိုးကွယ်သော ပုဏ္ဏား၏။ သာ ဗြာဟ္မဏီ၊ ထိုပုဏ္ဏေးမသည်။ ဒုဿီလာ ပါပဓမ္မာ၊ သီလမရှိသည်ယုတ်မာသော အကျင့်ရှိသည်။ ရတ္တိံ အတိစရိတွာ၊ ည၌ လွန်ကျူးဖောက်ပြန် ကျင့်၍။ ဒိဝါ၊ နေ့အခါ၌။ ကိဉ္စိ ကမ္မံ အကတွာ၊ တစ်စုံတစ်ခုသော အလုပ်ကို မပြုမူ၍။ ဂိလာနာလယံ ဒဿတွာ၊ နာဖျားဟန်ကို ပြ၍။ နိတ္ထုနမာနာ နိပဇ္ဇတိ ကိရ၊ ငြီးငြူလျက် အိပ်နေသတဲ့။
အထ နံ ဗြာဟ္မဏော၊ ထိုအခါ ထိုပုဏ္ဏေးမကို လင်ပုဏ္ဏားသည်။ “ဘဒ္ဒေ တေ၊ အို. . ရှင်မ သင်ရှင်မ၏။ အဖာသုကံ ကိန္တိ ပုစ္ဆိ၊ မချမ်းသာခြင်းကား ဘာပါနည်း”ဟု မေးပြီ။
ဝါတာ မေ ဝိဇ္ဈန္တိတိ၊ လေတို့သည် ငါ့အား ထိုးကုန်၏ဟု ဖြေပြီ။
အထ ကိံ၊ ထိုသို့လေထိုးသော် အဘယ်ကို။ လဒ္ဓုံ ဝဋ္ဋတီတိ၊ ရခြင်းငှာ သင့်သနည်းဟု မေးပြီ။
သိနိဒ္ဓမဓုရာနိ၊ နူးညံ့ချိုဆိမ့်ကုန်သော။ ပဏီတပဏီတာနိ၊ မွန်မြတ်, မွန်မြတ်ကုန်သော။ ယာဂုဘတ္တတေလာဒီနိ၊ ယာဂု ထမင်း ဆီစသည်တို့ကို (လံ ဒ္ဓုံ ဝဋ္ဋ တီတိ= ရခြင်းငှာ သင့်၏ဟု ဖြေပြီ)။
ဗြာဟ္မဏော ယံ ယံ၊ လင်ပုဏ္ဏားသည် အကြင်အကြင်ပစ္စည်းကို။ သာ ဣစ္ဆတိ၊ ထိုမယား ပုဏ္ဏေးမသည် အလိုရှိ၏။ တံ တံ၊ မယားပုဏ္ဏေးမ အလိုရှိသည့် ထိုထိုပစ္စည်းကို။ အာဟရိတွာ ဒေတိ၊ ဆောင်ယူ၍ ပေး၏။ ဒါသော ဝိယ၊ ကျွန်ကဲ့သို့။ သဗ္ဗကိစ္စာနိ ကရောတိ၊ ကိစ္စအားလုံးတို့ကို ပြုလုပ်ပေး၏။
ပန သာ၊ သို့သော်လည်း ထိုပုဏ္ဏေး မသည်။ ဗြာဟ္မဏဿ ဂေဟံ၊ လင်ပုဏ္ဏား၏ အိမ်သို့။ ပဝိဋ္ဌကာလေ နိပဇ္ဇတိ၊ ဝင်လာရာအခါ၌ အိပ်နေ၏။ ဗဟိ နိက္ခန္တကာလေ၊ အိမ်ပြင်ပသို့ ထွက်သွားရာ အချိန်၌။ ဇာရေဟိ သဒ္ဓိံ၊ လင်ငယ်တို့နှင့် အတူ။ ဝီတိနာမေတိ၊ အချိန်ကုန်စေ၏။
အထ ဗြာဟ္မဏော၊ ထိုအခါ လင်ပုဏ္ဏားသည်။ “ဣမိဿာ သရီရေ၊ ဤမယား ပုဏ္ဏေးမ၏ ခန္ဓာကိုယ်၌။ ဝိဇ္ဈနဝါတာနံ ပရိယန္တော၊ ထိုးသောလေတို့၏ သက်သာ ပျောက်ကင်းမှု အပိုင်းအခြားသည်။ န ပညာယတီတိ၊ မထင်ရှား မသိရ”ဟုတွေး၍။ ဧကဒိဝသံ၊ တစ်နေ့၌။ ဂန္ဓမာလာဒီနိ အာဒါယ၊ နံ့သာပန်း စသည်တို့ကို ယူ၍။ ဇေတဝနံ ဂန္တွာ၊ ဇေတဝန်ကျောင်းတော်သို့ သွားပြီး၍။ သတ္ထာရံ ပူဇေတွာ ဝန္ဒိတွာ၊ ဘုရားရှင်ကို ပူဇော်ပြီး၍ ရှိခိုးပြီး၍။ ဧကမန္တံ နိသီဒိတွာ၊ သင့်လျော်ရာ၌ ထိုင်ပြီးသော်။ “ဗြာဟ္မဏ ကိံ၊ အို. . ပုဏ္ဏား ဘာ့ကြောင့်။ န ပညာယသီတိ ပုတ္တေ၊ မထင်သနည်း မတွေ့ရသနည်း”ဟု မေးတော်မူအပ်သည်ရှိသော်။ “ဘန္တေ မေ ဗြာဟ္မဏိယာ၊ အို. . ရှင်တော်ဘုရား တပည့်တော်၏ ပုဏ္ဏေးမ၏။ မေ သရီရေ၊ ကျွန်မ၏ကိုယ်၌။ ဝါတာဝိဇ္ဈန္တိ ကိရ၊ လေတို့သည် ထိုးကုန်သတဲ့။ သွာဟံ တဿာ၊ ထိုတပည့်တော်သည် ထိုအိမ်ရှင်မအတွက်။ သပ္ပိ တေလာဒီနိ စေ၀၊ ထောပတ်ဆီစသည်တို့ကိုလည်းကောင်း။ ပိဏတပဏီ တဘောဇနာနိ စ၊ မွန်မြတ်,မွန်မြတ်ကုန်သော ဘောဇဉ်တို့ကိုလည်းကောင်း။ ပရိယေသာမိ၊ ရှာပေးရ၏။ အဿာ သရီရံ၊ ထိုအိမ်ရှင်မ၏ ကိုယ်သည်။ ဃ နံ၊ လုံးလုံးခဲခဲသည်။ ဝိပ္ပသန္န စိဝဏ္ဏံ ဇာတံ၊ အထူးကြည်လင်သော ကိုယ်အဆင်းရှိသည် ဖြစ်ပါပြီ။ ပန ဝါတရောဂဿ၊ သို့သော်လည်း လေနာရောဂါ၏။ ပရိယန္တော န ပညာယတိ၊ သက်သာပျောက်ကင်းမှု အပိုင်းအခြားသည် မထင်ရှားပါ, မတွေ့ရပါ။
အဟံ တံ ပဋိဇဂ္ဂန္တောဝ၊ တပည့်တော်သည် ထိုအိမ်ရှင်မကို ပြုစုလျက်သာ။ အာဂမနဿ၊ ဤရှင်တော်ဘုရားထံသို့ လာရောက်ခြင်း၏။ ဩကာသံ လဘာမီတိ အာဟ၊ အခွင့်ကို မရပါ”ဟု လျှောက်ထားပြီ။
သတ္ထာ ဗြာဟ္မဏိယာ၊ ဘုရားရှင်သည် မယားပုဏ္ဏေးမ၏။ ပါပဘာဝံ ဉတွာ၊ ယုတ်မာကြောင်းကို သိ၍။ “ဗြာဟ္မဏ ဧဝံ နိပန္နဿ၊ အို. ပုဏ္ဏား ဤကဲ့သို့ အိပ်၍သာနေသော။ မာတုဂါမသ ရောဂေ၊ မာတုဂါမ၏ ရောဂါသည်။ အပူပသမန္တေ၊ မငြိမ်းအေး, မပျောက် ကင်းသော်။ ဣဒဉ္စိ ဣဒဉ္စ ဘေသဇ္ဇံ၊ ဤဆေး ဤဆေးကိုလည်း။ ကာတုံ ဝဋ္ဋတီ တိ၊ စားခိုင်းမှုပြုခြင်းငှာ သင့်၏'ဟု။ ပုဗ္ဗေပိ တေ၊ ရှေးတုန်းကလည်း သင့်အား။ ပဏ္ဍိတေဟိ ကထိတံ၊ ပညာရှိတို့သည် ပြောကြားအပ်ဖူးပြီ။ ပန ဘဝသင်္ခေပ ဂတတ္တာ၊ သို့ပါသော်ငြားလည်း ဘဝချဉ်းချုံးမှုရောက်သည့်အဖြစ်ကြောင့်။ န သံလ္လက္ခေသီတိ ဝတွာ၊ သင်မမှတ်မိ”ဟု မိန့်တော်မူ၍။ တေန ယာစိတော၊ ထိုပုဏ္ဏားသည် တောင်းပန်အပ်ရကား။ အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။ ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုလတ်သော်။ ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ ဗြာဟ္မဏမဟာသာလကုလေ နိဗ္ဗတ္တိတွာ၊ ပုဏ္ဏားလု ချမ်းသာမျိုး၌ ဖြစ်၍။ ဝယပ္ပတ္တော တက္ကသိလာယံ၊ အရွယ်ရောက်သော် တက္ကသိုလ်မြို့၌။ သဗ္ဗသိပ္ပါနိ ဥဂ္ဂဏှိတွာ၊ အတတ်ပညာအားလုံးတို့ကို သင်ယူ၍။ ဗာရာဏသိယံ ဒိသာပါမောက္ခော၊ ဗာရာဏသီမြို့၌ အရပ်လေးမျက်နှာ အကြီးအမှူးဖြစ်သော။ အာစရိယော အဟောသိ၊ ဆရာကြီးသည် ဖြစ်ပြီ။
ဧကသတရာဇာနီသု၊ တစ်ရာ့တစ်ပါးသော မင်းနေပြည်တို့က။ ခတ္တိယကုမာရာ စ၊ ခတ္တိယမျိုး မင်းသားတို့သည်လည်းကောင်း။ ဗြာဟ္မဏကုမာရာ စ၊ ပုဏ္ဏားမျိုးလူငယ်တို့သည်လည်းကောင်း။ ယေဘုယျေန တဿ သန္တိကေဧဝ၊ များသော အားဖြင့် ထိုဘုရားလောင်း၏ အထံ၌သာ။ သိပ္ပံ ဥဂ္ဂဏှန္တိ၊ အတတ်ပညာကို သင်ယူကြကုန်၏။
အထ ဧကော၊ ထိုအခါ တစ်ယောက်သော။ ဇနပဒဝါသီ ဗြာဟ္မဏမာဏဝေါ၊ ဇနပုဒ်နေသော ပုဏ္ဏားလုလင်သည်။ ဗောဓိသတ္တဿ သန္တိကေ၊ ဘုရားလောင်း၏ အထံ၌။ တယော ဝေဒေ၊ သုံးပုံကုန်သော ဝေဒကျမ်း တို့ကိုလည်းကောင်း။ အဋ္ဌာရသဝိဇ္ဇာဋ္ဌာနာနိ စ၊ တစ်ဆယ့်ရှစ်ရပ်ကုန်သော အတတ်ပညာတို့ကိုလည်းကောင်း။ ဥဂ္ဂဏှိတွာ၊ သင်ယူ၍။ ဗာရာဏသိယံယေဝ၊ ဗာရာဏသီမြို့၌ပင်။ ကုဋုမ္မံ သဏ္ဌပေတွာ၊ ပစ္စည်းကို ကောင်းစွာထား၍။ ဒိဝသေ ဒိဝသေ ဒိတ္တက္ခတ္တုံ၊ နေတိုင်း နေ့တိုင်း၌ နှစ်ကြိမ် သုံးကြိမ်။ ဗောဓိသတ္တဿ သန္တိကံ၊ ဘုရားလောင်း၏ အထံသို့။ အာဂစ္ဆတိ၊ လာရောက်၏။
တဿ ဗြာဟ္မဏီ၊ ထိုပုဏ္ဏားလုလင်၏ ပုဏ္ဏေးမကား။ ဒုဿီလာ ပါပဓမ္မာ၊ သီလမရှိသည် ယုတ် မာသော အကျင့်ရှိသည်။ အဟောသိက္ကတိ သဗ္ဗံ၊ ဖြစ်ပြီစသော အလုံးစုံသည်။ ပစ္စုပ္ပန္နဝတ္ထုသဒိသမေဝ၊ ပစ္စုပ္ပန်ဝတ္ထုကြောင်းနှင့် တူသည်သာတည်း။
“ဣမိနာ ကာရဏေန၊ ဤအကြောင်းကြောင့်။ ဩဝါဒဂဟဏာယ၊ ဩဝါဒခံယူဖို့။ ဩကာသံ န လဘာမီတိ ဝုတ္တေ၊ အခွင့်အခါကို ကျွန်တော်မရပါ”ဟု ပြောကြားအပ်သော်။ “သာ မာဏဝိကာ၊ ထိုပုဏ္ဏေး လုလင်ငယ်မသည်။ ဣမံ ဝဉ္ဇိတွာ၊ ဤလုလင်ကို လိမ်ညာ၍။ နိပဇ္ဇတီတိ၊ အိပ်နေ၏”ဟု။ ဗောဓိသတ္တော ပန ဉတွာ၊ ဘုရားလောင်းသည်ကား သိရှိ၍။ “တဿာ ရောဂါနုစ္ဆဝီကံ၊ ထိုပုဏ္ဏေးသူငယ်မ၏ ရောဂါနှင့် သင့်လျော်သော။ ဘေသဇ္ဇံ အာစိက္ခိဿာမီတိ၊ ဆေးကို ပြောမည်”ဟု။ စိန္တေတွာ၊ တွေးတော၍။ “တာတ တွံ၊ အို. . ချစ်သား သင်သည်။ ဣတော ပဋ္ဌာယ၊ ဤနေ့မှ စ၍။ တဿာ၊ လိုအိမ်ရှင်မအား။ သပ္ပိ ခံရရသာဒီနီ၊ ထောပတ်နို့ရည်အရသာစသည်တို့ကို။ မာ အဒါသိ၊ မပေး မကျွေးလင့်။ ဂေါမုတ္တေ ပန၊ နွားကျင်ငယ်၌ကား။ ပဉ္စပဏ္ဏာနိ၊ တမာစသော အရွက်ငါးမျိုး တို့ကိုလည်းကောင်း။ ဖလာဒီနီစ၊ ဆီးဖြူစသော အသီးတို့ကိုလည်းကောင်း။ ပက္ခိပိတွာ ကောဋေတွာ၊ ထည့်၍ ထောင်းထု၍။ နဝကမ္ဗလောဟဘာဇနေ ပက္ခိပိတွာ၊ ကြေးနီခွက်အသစ်၌ ထည့်၍။ လောဟဂန္ဓံ ဂါဟာပေတွာ၊ ကြေးနံ့ကို ယူစေ၍။ ရဇ္ဇုံ ဝါ ယောက္ကံဝါ၊ ရိုးရိုးကြိုးကိုသော်လည်းကောင်း သားရေကြိုးကို သော်လည်းကောင်း။ ရုက္ခံ ဝါ လတံ ဝါ ဂဟေတွာ၊ အသားချောင်းကိုသော် လည်းကောင်း ကြိမ်နွယ်စသည်ကိုသော်လည်းကောင်း ကိုင်ယူ၍။ ဣဒံ တေ ရောဂဿ၊ ဤဆေးသည်ကား နင်၏ ရောဂါနှင့်။ အနုစ္ဆဝိကဘေသဇ္ဇံ၊ သင့်လျော်သော ဆေးတည်း။ ဣဒံ ဝါ ပိဝ၊ ဤဆေးကိုသော်မူလည်း သောက် လော့။ ဥဋ္ဌာယ တယာ ဘုတ္တဘတ္တဿ၊ ထ၍ နင်သည် စားထားအပ်သော ထမင်းအား။ အနုစ္ဆဝိကံ ကမ္မံဝါ၊ သင့်လျော်သော အလုပ်ကိုသော်မူလည်း။ ကရောတီတိ ဝတ္ထာ၊ ပြုလော" ဟု ပြောဆို၍။ ဣမံ ဂါထံ ဝဒေယျာသိ၊ ဤဂါထာကို ရွတ်ဆိုပါလေ။
ဘေသဇ္ဇံ သစေ န ပိဝတိ၊ ဆေးကို အကယ်၍ မသောက်အံ့။ အထ နံ၊ ဆေးမသောက်ရာ ထိုအခါ၌ ထိုအိမ်ရှင်မကို။ ရယာ ဝါ ယောတ္တေန ဝါ၊ ကြိုးရိုးရိုးဖြင့်သော်လည်းကောင်း သားရေကြိုးဖြင့်သော်လည်းကောင်း။ ရုက္ခေန ဝါ လတာယ ဝါ၊ သစ်သားဖြင့်သော်လည်းကောင်း ကြိမ်စသော နွယ်ဖြင့်သော် လည်းကောင်း။ ကတိစိ ပဟာရေ ပဟရိတွာ၊ နှစ်ချက် သုံးချက် ရိုက်မှုတို့ကို ရိုက်မှုပြုပြီး၍။ ကေသေသု ဂဟေတွာ၊ ဆံပင်တို့၌ ကိုင်၍။ အာကဍ္ဎိတွာ၊ ဆွဲထည့် ၍။ ကပ္ပရေန ပေါထေယျာသိ၊ တံတောင်ဆစ်ဖြင့် ထောင်းလော့။ သာ တင်္ခဏ ညေဝ ဥဋ္ဌာယ၊ ထိုအိမ်ရှင်မသည် ထိုခဏ၌ပင် အိပ်ရာမှ ထ၍။ ကမ္မံ ကရိဿတီတိ အာဟ၊ အမှုကို လုပ်လိမ့်မည်”ဟု ပြောပြပြီ။
သော သာဓူတိ သမ္ပဋိစ္ဆိတွာ၊ ထိုတပည့်လုလင်သည် ကောင်းပါပြီဟု လက်ခံပြီး၍။ ဝုတ္တနိယာမေနေဝ၊ ဆိုခဲ့ပြီး နည်းဖြင့်ပင်။ ဘေသဇ္ဇံ ကတွာ၊ ဆေးကို ဖေါ်စပ်မှုပြု၍။ “ဘဒ္ဒေ ဣမံ ငဘသဇံ၊ အို. . ရှင်မ ဤဆေးကို။ ပိဝါတိ အာဟ၊ သောက်လော”ဟု ပြောပြီ။
ကေန တေ၊ အဘယ်သူသည် ရှင့်အား။ ဣဒံ အာစိက္ခိတန္တိ၊ ဤဆေးနည်းကို ပြောကြား အပ်သနည်းဟုမေးပြီ။
ဘဒ္ဒေ အာစရိယေန ဣတိ၊ အို. . ရှင်မ ဆရာကြီးသည်ဟု ဖြေပြီ။
တံ အပနေဟိ၊ ထိုဆေးကို ဖယ်ထားပါ။ န ပိဝိဿာမီတိ၊ မသောက်အံ့ဟု ပြောပြီ။
မာဏဝေါ၊ လုလင်သည်။ “တွံ အတ္တနော ရုစိယာ၊ နင်သည် မိမိ၏ ဆန္ဒဖြင့်။ န ပိဝိဿသီတိ၊ သောက်လိမ့်မည် မဟုတ်ဟု ပြော၍။ ရဇ္ဇုံ ဂဟေတွာ၊ ကြိုးရိုးရိုးကို ကိုင်၍။ “အတ္တနော ရောဂဿ အနုစ္ဆဝိကံ၊ မိမိ၏ ရောဂါအား သင့်မြတ်သော။ ဘေသဇ္ဇံ ဝါ ပိဝ၊ ဆေးကိုသော်မူလည်း သောက်ပါ။ ယာဂု ဘတ္တာနုစ္ဆဝိကံ၊ စားသောက်ထားသော ယာဂုထမင်းစသည်အား လျော်သော။ ကမ္မံဝါ ကရောတီတိ ဝတွာ၊ အလုပ်ကိုသော်မူလည်း ပြုလုပ်ပါ”ဟု ပြောဆို၍။
ယထာဝါစာ စ ဘုဉ္ဇဿု၊ ပြောစကားအားလျော်သည့် ဆေးကိုသော် လည်း စားသောက်လော့။ ယထာဘုတ္တဉ္စ ဗျာဟရ၊ စားထားသည့် အစား အားလျော်သော စကားကိုမူလည်း ပြောပါလော့။
ကောသိယေ၊ ကောသိယ နွယ်ဝင် အို. . အိမ်ရှင်မ။ တေ ဝါစာ ဘုတ္တဉ္စ၊ နင်၏ ပြောစကားသည် လည်းကောင်း အစားအသောက်သည်လည်းကောင်း။ ဥဘယံ န သမေတိ၊ စကားနှင့်အစား နှစ်ပါးသည် မကိုက်ညီ။
တတ္ထ၊ ထိုဂါထာ၌။ **ယထာဝါစာ စ ဘုဥ္ဇဿု** တိ၊ ယထာဝါစာ ၈ ဘုဉ္ဇ ဟူသည်ကား။ ယထာ တေ ဝါစာ၊ အကြင်အခြင်းရာအားဖြင့် နင်၏ ပြောစကား သည်။ (ဟောတိ၊ ဖြစ်၏)။ တထာ ဘုဉ္ဇဿု၊ ထိုပြောစကားအခြင်းအရာအားဖြင့် တိုက်ကျွေးသည့်ဆေး စားသောက်ပါလော့။ “ဝါတာ မေ ဝိဇ္ဈန္တီ တိ၊ လေတိုသည် ကျမအား ထိုးကုန်၏”ဟူသော။ ဝါစာယ အနုစ္ဆဝိကမေဝ၊ ပြောစကားနှင့် သင့်လျော်သည်ကိုသာ။ ကတွာ ဘုဉ္ဇ၊ ပြု၍ စားသောက်လော့။ ဣတိ အတ္ထော၊ ဤကား ပထမပါဒအနက်တည်း။
“ယထာဝါစံ ဝါတိ၊ ယထာဝါစံ ဝါဟူသော”။ ပါဌောပိ ယုဇ္ဇတိ၊ ပါဠိပါဌ်သည်လည်း သင့်လျော်၏။ “ယထာ ဝါစယာတိပိ ပန္တိ၊ ယထာဝါစာယဟူ၍လည်း ရွတ်ဖတ်ကြကုန်၏။ သဗ္ဗတ္ထ၊ ပါဠိသုံးမျိုးလုံး၌။ အယမေဝ အတ္ထော၊ ဤဖွင့်ဆိုခဲ့ပြီး အနက်သည်ပင်တည်း။
**ယထာဘုတ္တဉ္စ ဗျာဟရာ** တိ၊ ယထာဘုတ္တဉ္စ ဗျာဟရဟူသည်ကား။ ယံ၊ အကြင် စားသောက်ဖွယ်ကို။ ယထာ တေ၊ အကြင်အခြင်းရာအားဖြင့် နင်သည်။ ဘုတ္တံ၊ စားသောက်အပ်ပြီ။ တဿ၊ ထိုစားသောက်ထားသည့် အစားအသောက်အား။ အနာဝိကမေဝ ဗျာဟရ၊ သင့်လျော်သည်ကိုသာ ပြောဆိုပါ။ အရောဂါမှီတိ ဝဇ္ဇာ၊ ရောဂါမရှိသည်ဖြစ်၏ဟု ပြော၍။ ဂေဟေ ကတ္တဗ္ဗံ၊ အိမ်က ပြုလုပ်စရာဟူသမျှကို။ ကရောသိ၊ ပြုလုပ်ပါ။ ဣတိ အတ္ထော၊ ဤကား ဒုတိယပါဒအနက်တည်း။
“ယထာဘူတဉ္စာတိပိ ပါဋ္ဌာ၊ ယထာဘူတဥဟုလည်း ပါဌ်ပါဠိသည်။ (အတ္ထိ၊ ရှိသေး၏)။ အထ ဝါ၊ တစ်နည်းကား (ယထာဘူတဉ္စတစ်နည်းကား)။ အရောဂါ အမှီတိ၊ ရောဂါမရှိသည် ဖြစ်၏ဟု။ ယထာဘူတမေဝ ဝတွာ၊ ဟုတ်မှန်တိုင်းကိုသာ ပြောဆို၍။ ကမ္မံ ကရောဟိ၊ အလုပ်ကို လုပ်ပါ။ ဣတိ အတ္တော၊ ဤသည်ကား ဒုတိယနည်းအနက်တည်း။
** ဥဘယံ တေ န သမေတိ၊ ဝါစာဘုတ္တဥ ကောသိ ယေ** တိ၊ ဥဘယံ တေ န သမေတိ။ ဝါစာဘုတ္တဉ္စ ကောသိယေ ဟူသည်ကား။ ဝါတာ မံဝိဇ္ဈန္တီတိ၊ လေတို့သည် ကျမကို ထိုးကုန်၏ဟု။ တေ ယာ စ အယံ ဝါစာ၊ နင်၏ အကြင်ဤပြောစကားသည်လည်းကောင်း။ တေ ဘုတ္တံ၊ နင်သည် စားအပ်သော။ ယဉ္စ ဣဒံ ပဏီတဘောဇနံ၊ ဤကောင်းမြတ်သော အကြင် ဘောဇဉ်သည်လည်းကောင်း။ (အတ္ထိ၊ ရှိ၏)။ တုယှံ၊ နင်၏။ ဣဒံ ဥဘယမ္ပိ၊ ဤစကား, အစားနှစ်ပါးလုံးသည်လည်း။ န သမေတိ၊ ရှေ့နောက်မညီ။ တသာ ဥဋ္ဌာယ၊ ထို့ကြောင့် ထ၍။ ကမ္မံ ကရောဟိ၊ အိမ်မှုကိစ္စကို ပြုလုပ်ပါ။
ကောသိ ယေတိ၊ ကောသိယနွယ်ဝင် ရှင်မဟု။ တံ၊ ထိုပုဏ္ဏေးမကို။ ဂေါတ္တေန အာလပတိ၊ အနွယ်အားဖြင့် ခေါ်၏။
ဧဝံ ဝုတ္တေ၊ ဤသို့ ပြောဆိုအပ်သော်။ ကောသိယဗြာဟ္မဏဓီတာ၊ ကောသိယ နွယ်ဝင်ပုဏ္ဏားသမီးသည်။ “အာစရိယေန ဥက္ကံ၊ ဆရာကြီးသည် ကြောင့်ကြ စိုက်မှုသို့။ အာပန္နကာလတော ပဋ္ဌာယ၊ ရောက်ရာကာလမှ စ၍။ မယာ ဧသော န ဝဇ္ဇေတုံ၊ ငါသည် ဤအိမ်ရှင်ကို လိမ်ညာခြင်းငှာ။ န သက္ကာ၊ မတတ်ကောင်းတော့။ ဥဋ္ဌာယ ကမ္မံ၊ အိပ်ရာမှထ၍ အိမ်မှုကိစ္စကို။ ကရိဿာမီတိ၊ ပြုတော့မည်ဟု တွေး၍ ။ ဥဋ္ဌာယ ကမ္မံ အကာသိ၊ အိပ်ရာမှ ထ၍ အိမ်မှုကိစ္စကို ပြုပြီ။
“အာစရိယေန မေ၊ ဆရာကြီးသည် ငါ၏။ ဒုဿီလဘာဝေါ ဉာတော၊ သီလမရှိကြောင်းကို သိအပ်ပြီ။ ဣဒါနိ ဣတော ပဋ္ဌာယ၊ ယခု ဤအချိန်မှ စ၍။ ပုန ဧဝရူပံ၊ တစ်ဖန် ဤသို့သောအမှုကို။ ကာတုံ န သက္ကာ ဣတိ၊ ပြုခြင်းငှာ မတတ်ကောင်း”ဟု တွေး၍။ အာစရိယေ ဂါရဝေန၊ ဆရာကြီး၌ ရိုသေလေးစားသဖြင့်။ ပါပကမ္မတာပိ ဝိရမိတွာ၊ မကောင်းမှုအလုပ်မှလည်း ရှောင်ကြဉ်၍။ သီလဝတီ အဟောသိ၊ သီလကောင်းသည် ဖြစ်ပြီ။
သာပိ ဗြာဟ္မဏီ၊ ငါတို့ဘုရားလက်ထက် ထိုပုဏ္ဏေးမ သည်လည်း။ “သမ္မာသမ္ဗုဒ္ဓေန ဉာတာ၊ ဘုရားရှင်သည် သိအပ်ပြီးသည်။ အမှိ ကိရ ဣတိ၊ ဖြစ်ပြီတဲ့”ဟု ကြား၍။ သတ္ထုရိပိ ဂါရဝေန၊ ဘုရားရှင်၌လည် ရိုသေလေးစားခြင်းကြောင့်။ ပုန အနာစာရံ၊ တစ်ဖန် မသင့်လျော်သော အကျင့်ကို။ အကာသိ၊ မပြုကျင့်ပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာ တော်ကို ဆောင်တော်မူ၍။
“တဒါ ဇယမ္ပတိကာ၊ ထိုရှေးအခါက မယား လင်တို့သည်။ ဣဒါနိ ဇယမ္ပတိကာဝ၊ ယခုငါဘုရား လက်ထက် မယားလင်တို့ပင် တည်း။ အာစရိယော ပန၊ ဒိသာပါမောက္ခဆရာကြီးသည်ကား။ အဟမေဝ အဟောသိန္တိ၊ ငါဘုရားသည်သာ ဖြစ်လာပြီ”ဟု။ ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
ကောသိယဇာတကဝဏ္ဏနာ ဒသမာ၊ ကောသိယဇာတ်အဖွင့်သည်ဒသမတည်း။
ကုသနာဠိဝဂ္ဂေါ တေရသမော၊ ကုသနာဠိဝဂ်သည် တေရသမတည်း။
တဿ ဥဒ္ဒါနံ၊ ထိုကုသနာဠိဝဂ်၏ အကျဉ်းချုပ်ခေါင်းစဉ်ကား။
ကုသနာဠိ စ ဒုမ္မေဓံ၊ ကုသနာဠိဇာတ်လည်းကောင်း ဒုမ္မဓဇာတ် လည်းကောင်း။ နင်္ဂလီသမ္မကဋာဟံ၊ နင်္ဂလီသဇာတ် အမ္ဗဇာတ် ကဋာဟက ဇာတ်လည်းကောင်း။
အသိလက္ခဏကလဏ္ဍုကံ၊ အသိလက္ခဏဇာတ် ကလဏ္ဍကဇာတ်လည်းကောင်း။ ဗိဠာရဂ္ဂိကကောသိယံ၊ ဗိဠာရဝတဇာတ် အဂ္ဂိကဘာရဒွါရဇာတ် ကောသိယဇာတ်လည်းကောင်း။ ဣတိ၊ ဤသည် ပင်တည်း။