Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
Jātaka-aṭṭhakathā(Paṭhamo bhāgo)
Jātaka-aṭṭhakathā(Paṭhamo bhāgo)

[141] 1. Godhājātakavaṇṇanā

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

**န ပါပဇနသံသေဝီ** တိ ဣဒံ၊ န ပါပဇနသံသေဝီအစရှိသော ဤတရားဒေသနာ တော်ကို။ သတ္ထာ ဝေဠုဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဝေဠုဝန်ကျောင်း၌ နေတော်မူစဉ်။ ဧကံ ဝိပက္ခသေဝိ ဘိက္ခုံ၊ တစ်ပါးသော ဆန့်ကျင်ဘက် မှီဝဲ တက်သော (ဆန့်ကျင်ဘက်အပေါင်းအသင်း လုပ်တတ်သော)ရဟန်းကို။ အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
ပစ္စုပ္ပန္နဝတ္ထု၊ ပစ္စုပ္ပန်ဝတ္ထုကြောင်း သည်။ မဟိဠာမုခဇာတကေ၊ မဟိဠာမုခဇာတ်၌။ ကထိတသဒိသမေဝ၊ ဆိုအပ် ခဲ့ပြီးသည်နှင့် တူသည်သာတည်း။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။ ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။ ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ ဂေါဓာယောနိယံ ပဋိသန္ဓေိံ ဂဏှိ၊ ဖွတ်မျိုး၌ ပဋိသန္ဓေကို ယူပြီ။
သော ဝယပ္ပတ္တော၊ ထိုဘုရားလောင်းသည် အရွယ်ရောက်သော်။ နဒီတီရေ မဟာဗိလေ၊ မြစ်ကမ်း၌ တွင်းကြီး၌။ အနေကဂေါဓာသတပရိဝါရော၊ ရာပေါင်း များစွာသော ဖွတ်အခြံအရံရှိ၍။ ဝါသံ ကပွေသိ၊ နေထိုင်ခြင်းကို ပြုပြီ။
တဿ ပုတ္တော၊ ထိုဘုရားလောင်း၏ သားဖြစ်သော။ ဂေါဓာပိလ္လကော၊ ဖွတ်ငယ်သည်။ ဧကေန ကကဏ္ကေန သဒ္ဓိံ၊ တစ်ကောင်သော ပုတ်သင်နှင့် အတူ။ သန္တဝံ ကတွာ၊ မိတ်ဖွဲ့မှုကို ပြု၍။ တေန သဒ္ဓိံ၊ ထိုပုတ်သင်နှင့် အတူ။ သမ္မောဒမာနော ဝိဟရန္တော၊ ဝမ်းမြောက်ဝမ်းသာ နေသော်။ “ကကဏ္ဏကံ၊ ပုတ်သင်ကို။ ပရိဿဇိ ဿာမီတိ၊ ပွေ့ဖက်မည်”ဟုတွေး၍။ အဝတ္ထရတိ၊ လွှမ်းမိုးဖိစီး၏။
တဿ တေန၊ ထိုဖွတ်ငယ်၏ ထိုပုတ်သင်နှင့်။ သဒ္ဓိံ ဝိဿာသံ၊ အတူ အကျွမ်းဝင်ခြင်းကို။ ဂေါဓာရာဇဿ အာရောစေသုံ၊ ဖွတ်မင်းအား ပြောကုန်ပြီ။
ဂေါမာရာဇာ၊ ဖွတ်မင်းသည်။ ပုတ္တံ ပက္ကောသာပေတွာ၊ သားငယ်ကို ခေါ်စေ၍။ “တာတ တွံ၊ အို. . ချစ်သား သင်သည်။ အဋ္ဌာနေ ဝိဿာသံ ကရောသိ၊ မတော်ရာ၌ အကျွမ်းဝင်မှုကို ပြု၏။ ကကဏ္ဍကာ နာမ နီစဇာတိကာ၊ ပုတ်သင်တို့မည်သည် နိမ့်ကျသော သဘောရှိကုန်၏။ တေဟိ သဒ္ဓိံ၊ ထိုပုတ်သင်တို့နှင့် အတူ။ ဝိဿာသော န ကတ္တဗ္ဗော၊ အကျွမ်းဝင်မှုကို မပြုထိုက်။
တွံ တေန သဒ္ဓိံ၊ သင်သည် ထိုပုတ်သင်နှင့် အတူ။ ပိဿာသံ သစေ ကရိဿသိ၊ အကျွမ်းဝင်ခြင်းကို အကယ်၍ ပြုအံ့။ တံ ကကဏကံ နိဿာယ၊ ထိုပုတ်သင်ကို အမှီပြု၍။ သဗ္ဗမ္ပေဧတံ ဂေါဓာ ကုလံ၊ အားလုံးလည်းဖြစ်သော ဤငါတို့ဖွတ်မျိုးသည်။ ဝိနာသံ ပါပုဏိဿတိ၊ ပျက်စီးခြင်းသို့ ရောက်ရလိမ့်မည်။ ဣတော ပဋ္ဌာယ၊ ဤနေ့မှ စ၍။ ဧတေန သဒ္ဓိံ၊ ထိုပုတ်သင်နှင့် အတူ။ ဝိဿာသံ၊ အကျွမ်းဝင်မှုကို။ မာ အကာသီတိ အာဟ၊ မပြုပါလင့်”ဟု ပြောပြီ။
သော ကရောတိယေဝ၊ ထိုသားငယ်သည် ပြုမြဲပြုသည် သာတည်း။
ဗောဓိသတ္တော ပုနပ္ပုနံ၊ ဘုရားလောင်းသည် ထပ်ခါထပ်ခါ။ ကထေန္တောပိ၊ ပြောပါသော်လည်း။ တဿ တေန သဒ္ဓိံ၊ ထိုသားငယ်၏ ထိုပုတ် သင်နှင့် အတူ။ ဝိဿာသံ ဝါရေတုံ အသက္ကောန္တော၊ အကျွမ်းဝင်မှုကို တားမြစ် ခြင်းငှါ မစွမ်းနိုင်ရကား။ “အဝဿံ အမှာကံ၊ မချွတ်ဧကန် ငါတို့အား။ ဧတံ ကကဏီကံ နိဿာယ၊ ထိုပုတ်သင်ကို အမှီပြု၍။ ဘယံ ဥပ္ပဇ္ဇိဿတိ၊ ဘေးသည် ဖြစ်လိမ့်မည်။ တသ္မိံ ဥပ္ပန္နေ၊ ထိုဘေးရန်သည် ဖြစ်လသော်။ ပလာယနမဂ္ဂံ၊ ပြေးဖို့လမ်းကို။ သမ္ပာဒေတုံ ဝဋ္ဋ တီတိ၊ ပြည့်စုံစေခြင်းငှာ သင့်၏”ဟုတွေး၍။ ဧကေန ပဿန၊ တစ်ခုသော နံပါးဖြင့်။ ဝါတဗိလံ ကာရာပေသိ၊ လေပေါက်ကို ပြုစေပြီ။
အဿ ပုတ္တောပိ၊ ထိုဘုရားလောင်း၏ သားငယ်သည်လည်း။ အနုတ္တမေန၊ အစဉ်အားဖြင့်။ မဟာသရီရော၊ ကြီးသော ကိုယ်ရှိသည်။ အဟောသိ၊ ဖြစ်လာပြီ။ ကကဏ္ဍကော ပန ပုရိမပ္ပမာဏောယေဝ၊ ပုတ်သင်သည်ကား ရှေးကပမာဏ ရှိသည်သာပင်တည်း။
ဣတရော၊ သည့်ပြင်ဖွတ်သည်။ “ကကကံ ပရိဿဇိ သာမီတိ၊ ပုတ်သင်ကို ပွေ့ဖက်မည်ဟု တွေး၍။ အန္တရန္တရာ၊ အကြားအကြား ရံခါရံခါ၌။ အဝတ္ထရတိယေဝ၊ လွှမ်းဖိသည်သာတည်း။ ကကဏ္ဏကဿ ပဗ္ဗတ ကူဋေန၊ ပုတ်သင်အား တောင်ထွဋ်ဖြင့်။ အဝတ္ထရဏကာလော ဝိယ ဟောတိ၊ လွှမ်းဖိရာအခါကဲ့သို့ ဖြစ်၏။
သော ကိလမန္တော၊ ထိုပုတ်သင်သည် ပင်ပန်းသော်။ “အယံ အညာနိ ကတိပယာနိ ဒိဝသာနိ၊ ဤဖွတ်သည် အခြားကုန်သော နှစ်ရက်သုံးရက်တို့ပတ်လုံး။ မံ ဧဝံ၊ ငါ့ကို ဤကဲ့သို့။ သေစေ ပရိဿဇိဿတိ၊ အကယ်၍ပွေ့ဖက်အံ့။ မေ ဇီဝိတံ နတ္ထိ၊ ငါ၏ အသက်သည် မရှိပြီ။ ဧကေန လုဒ္ဒကေန သဒ္ဓိံ၊ တစ်ယောက်သော မုဆိုးနှင့် အတူ။ ဧကတော၊ တစ်ပေါင်းတည်း ဖြစ်၍။ ဣမံ ဂေါဓာကုလံ၊ ဤဖွတ်မျိုးကို။ ဝိနာသေဿာမီတိ စိန္တေသိ၊ ပျက်စီးစေမည်”ဟု တွေးတောပြီ။
အထ ဧကဒိဝသံ၊ ထိုအခါ တစ်နေ့၌။ နိဒါယသမယေ မေဃေ ဝုဋ္ဌေ၊ နွေကာလ၌ အခါမဲ့မိုးသည် ရွာပြီးသော်။ ဝမ္မိက မဇ္ဈိကာ ဥဋ္ဌတိံသု၊ တောင်ပို့မှက်တို့သည် ထွက်ကုန်ပြီ။ တတော တတော ဂေါဓာ နိက္ခမိတွာ၊ ထိုထိုတောင်ပို့မှ ဖွတ်တို့သည် ထွက်လာကြ၍။ မက္ခိကာယော ခါဒန္တိ၊ မှက်တို့ကို စားကုန်၏။
ဧကော ဂေါဓာလုဒ္ဒကော၊ တစ်ယောက်သော ဖွတ်မုဆိုး သည်။ ဂေါဓာဗိထံ ဘိန္နနတ္ထာယ၊ ဖွတ်တွင်းကို တူးခြင်းအကျိုးငှာ။ ကုဒ္ဒါလံ ဂဟေတွာ၊ ပေါက်တူးကို ကိုင်၍။ သုနခေဟိ သဒ္ဓိံ၊ ခွေးတို့နှင့် အတူ။ အရညံ ပါဝိသိ၊ တောထဲသို့ ဝင်လာပြီ။
ကကဏုကော တံ ဒိသွာ၊ ပုတ်သင်သည် ထိုဖွတ် မုဆိုးကို တွေ့၍။ “အဇ္ဇ အတ္တနော၊ ယနေ့ မိမိ၏။ မနောရထံ ပူရေဿာမီတိ၊ စိတ်အလိုကို ပြည့်စေမည်”ဟုတွေး၍။ တံ ဥပသင်္ကမိတွာ၊ ထိုဖွတ်မုဆိုးသို့ ချဉ်းကပ်၍။ အဝိဒူရေ နိပဇ္ဇိတွာ၊ မနီးမဝေး၌ လျောင်း၍။ “ဘော ပုရိသ ကသ္မာ၊ အို. . ယောက်ျား အဘယ့်ကြောင့်။ အရညေ ဝိစရသီတိ ပုစ္ဆိ၊ တောထဲ၌ လှည့်လည်သနည်း”ဟု မေးပြီ။
သော၊ ထိုဖွတ်မုဆိုးသည်။ ဂေါဓာနံ အတ္ထာယာတိ အာဟ၊ ဖွတ်တို့၏ အကျိုးငှာ(ဖွတ်လိုက်ဖို့ရာ)”ဟု ဖြေပြီ။
“အဟံ အနေကသတာနံ ဂေါဓာနံ၊ ငါသည် ရာပေါင်းများစွာကုန်သော ဖွတ်တို့၏။ အာသယံ ဇာနာမိ၊ နေရာကို သိ၏။ အဂ္ဂိ ဉ္စ ပလာလဉ္စ၊ မီးကိုလည်းကောင်း ကောက်ရိုးကိုလည်းကောင်း။ အာဒါယ ဧဟီတိ၊ ယူ၍ လာခဲ့ပါ”ဟုပြော၍။ တံ တတ္ထ နေတွာ၊ ထိုဖွတ်မုဆိုးကို ထိုဖွတ်တွင်းရှိရာသို့ ခေါ်ဆောင်၍။ “ဣမသ္မိံ ဌာနေ ပလာလံ ပက္ခိပိတွာ၊ ဤနေရာ၌ ကောက်ရိုးကို ထည့်၍။ အဂ္ဂိံ ဒတွာ၊ မီးကို ပေး၍ (မီးတိုက်၍)။ ဓူမံ ကတွာ၊ အခိုးကို ပြု၍။ သမန္တာ သုနခေ ဌပေတွာ၊ ပတ်ပတ်လည်မှ ခွေးတို့ကို ထား၍။ သယံ မဟာမုဂ္ဂရံ ဂဟေတွာ၊ ကိုယ်တိုင် လက်ရိုက်ဒုတ်ကြီးကို ကိုင်၍။ နိက္ခန္တာ နိက္ခန္တာ ဂေါဓာ၊ ထွက်လာကုန် ထွက်လာကုန်သော ဖွတ်တို့ကို။ ပဟရိတွာ မာရေတွာ၊ ရိုက်၍ သတ်၍။ ရာသိ ကတွာ ယာဟီတိ၊ အစုအပုံကို ပြု၍ သွားလော”ဟု။ ဧဝံ စ ပန ဝတွာ၊ ဤသို့သာလျှင် ပြောဆိုပြီး၍။ အဇ္ဇ ပစ္စာမိတ္တဿ၊ ယနေ့ ရန်သူ၏။ ပိဋ္ဌ်ံ ပဿိဿာမီတိ၊ ကျောကို မြင်ရလိမ့်မည်”ဟု။ ဧကသ္မိံ ဌာနေ သီသံ၊ တစ်နေရာဦးခေါင်းကို။ ဥက္ခိပိနိပဇ္ဇိ၊ အိပ်ပြီ။
လုဒ္ဒကောပိ၊ ဖွတ်မုဆိုးသည်လည်း။ ပလာလဓူမံ အကာသိ၊ ကောက်ရိုးမီးခိုးကို ပြုပြီ။ မူမော ဗိလံ ပါဝိသိ၊ မီးခိုးသည် ဖွတ်တွင်းထဲသို့ ဝင်သွားပြီ။ ဂေါဓာ ဓူမန္ဓာ၊ ဖွတ်တို့သည် မီးခိုးဖြင့်ကန်းကြရကား။ မရဏဘယတဇ္ဇိတာ၊ သေဘေးခြိမ်းခြောက်မှုခံကြရ၍။ နိက္ခမိတွာ၊ တွင်းမှထွက်၍။ ပလာယိတုံ အာရဒ္ဓါ၊ ပြေးခြင်းငှာ အားထုတ်ကြပြီ။
လုဒ္ဒကော နိက္ခန္တံ နိက္ခန္တံ၊ ဖွတ်မုဆိုးသည် ထွက်လာထွက်လာသော ဖွတ်ကို (ထွက်လာသမျှဖွတ်ကို)။ ပဟရိတွာ မာရေသိ၊ ရိုက်၍ သတ်ပြီ။ တဿ ဟတ္ထတော မုတ္တာ၊ ထိုဖွတ်မုဆိုး၏ လက်မှ လွတ်ကြသော ဖွတ်တို့ကို။ သုနခါ ဂဏှိံ သု၊ ခွေးတို့သည် ဖမ်းယူကုန်ပြီ။
ဂေါဓာနံ၊ ဖွတ်တို့အား။ မဟာဝိနာသော ဥပ္ပဇ္ဇိ၊ ကြီးစွာသော ပျက်စီးခြင်းသည် ဖြစ်ပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ “ကကဏကံ နိဿာယ၊ ပုတ်သင်ကို အမှီပြု၍။ ဘယံ ဥပ္ပန္န ဉတွာ၊ ဘေးသည် ဖြစ်ပြီ”ဟု သိ၍။ “ပါပပုရိသသံသဂ္ဂေါ နာမ၊ ယောက်ျားယုတ်နှင့် ရောနှောမှုမည်သည်ကို။ န ကတ္တဗ္ဗော၊ မပြုထိုက်။ ပါပေ နိဿာယ၊ ယုတ်မာသူတို့ကို အမှီပြု၍။ ဟိတသုခံ နာမ နတ္ထိ၊ စီးပွါး ချမ်းသာမည်သည် မရှိ။ ဧကဿ ပါပကကဏ္ဏကဿ၊ တစ်ကောင်သော ပုတ်သင် ယုတ်၏။ ဝသေန၊ အစွမ်းဖြင့်။ ဧတ္တကာနံ ဂေါဓာနံ၊ ဤမျှရှိကုန်သော ဖွတ်တို့၏။ ဝိနာသော ဇာတောတိ၊ ပျက်စီးခြင်းသည် ဖြစ်ရပြီ”ဟု ပြောလျက်။ ဝါတဗိလေန ပလာယန္တော၊ လေပေါက်ဖြင့် ပြေးလိုလျက်။
ပါပဇနသံသေဝီ၊ လူယုတ်မာမှီဝဲသူသည်။ အစ္စန္တသုခံ န ဧဓတိ၊ စင်စစ်ခိုင်မြဲသည့်ချမ်းသာကို မရနိုင်။
ဂေါဓာကုလံ ကကကာ၊ ဖွတ်မျိုးသည် ပုတ်သင်မှ။ အတ္တာနံ ကလိ ပါပေတိ ဣဝ၊ မိမိကိုယ်ကို ပျက်စီးခြင်းသို့ ရောက်စေသကဲ့သို့။ (တထာ ပါပဇန သံသေပီ၊ ထို့အတူ လူယုတ်မာ မှီဝဲသူ သည်။ အတ္တာနံ ကလိ ပါပေတိ၊ မိမိကိုယ်ကို ပျက်စီးခြင်းသို့ ရောက်စေ၏)။
တတြ အယံ သင်္ခေပတ္ထော၊ ထိုဂါထာ၌ ဤဆိုလတံ့သည်ကား အကျဉ်းဖြစ်သော အနက်တည်း။ (ကော၊ အကျဉ်းဖြစ်သော အနက်ဟူသည် အဘယ်နည်း)။ **ပါပ သံသေဝီ** ပုဂ္ဂလော၊ လူယုတ်မာမှီဝဲလေ့ရှိသော ပုဂ္ဂိုလ်သည်။ **အစ္စန္တသုခံ ** ဥပမာ ဧကန္တသုခံ၊ စစ်မှန်သော ချမ်းသာကို။ နိရန္တရသုခံ နာမ၊ ခိုင်မြဲသောချမ်းသာ မည်သည်ကို။ န ဧဓတိ န ဝိတိ န ပဋိလဘတိ၊ မရနိုင်။
ယထာကိံ၊ ဘယ်ကဲ့သို့နည်း ဟူမူကား။
**ဂေါဓာကုလံ ကကဏာဝ**၊ ဖွတ်မျိုးသည် ပုတ်သင်မှ ကဲ့သို့တည်း။
ကကဏီကတော၊ ပုတ်သင်မှ။ ဂေါဓာကုလံ၊ ဖွတ်မျိုးသည်။ သုခံ န လဘတိ ယထာ၊ ချမ်းသာကို မရသကဲ့သို့။ ဧဝံ ပါပဇနသံသေဝီ၊ ဤအတူ လူယုတ်မာ မှီဝဲလေ့ရှိသော။ ပုဂ္ဂလော သုခံ န လဘတိ၊ ပုဂ္ဂိုလ်သည် ချမ်းသာကို မရနိုင်။
ပန ပါပဇနံ သေဝန္တော၊ အဟုတ်သော်ကား လူယုတ်မာကို မှီဝဲသူသည်။ ဧကန္တေနေဝ အတ္တာနံ၊ စင်စစ်သာလျှင် မိမိကိုယ်ကို။ **ကလိံ ပါပေတိ**၊ ပျက်စီးခြင်းသို့ ရောက်စေ၏။ ဝိနာသော ကလိ ဝုစ္စတိ၊ ပျက်စီးခြင်းကို ကလိဟူ၍ ခေါ်ဆိုအပ်၏။ ဧကန္တေနေဝ ပါပသံသေဝီ၊ စင်စစ်သာလျှင် လူယုတ်မာမှီဝဲ သူသည်။ အတ္တာနဉ္စ အတ္တနာ သဒ္ဓိံ၊ မိမိကိုယ်ကိုလည်းကောင်း မိမိနှင့် အတူ။ ဝသန္တေ အညေ စ၊ နေကြကုန်သော အခြားသူတို့ကိုလည်းကောင်း။ ဝိနာသံ ပါပေတိ၊ ပျက်စီးခြင်းသို့ ရောက်စေ၏။
(ဣတိ၊ ဤသည်ပင်တည်း)။ ပန ပါဠိယံ၊ ဝါဒအထူးပြောရသော် ပါဠိတော်၌။ ဖလံ ပါပေယျာတိ လိခန္တိ၊ ဖလံ ပါပေယျဟု ရေးကြကုန်၏။
တံ ဗျဉ္ဇနံ၊ ထိုဖလံ ပါပေယျဟူသော သဒ္ဒါသည်။ အဋ္ဌကထာယံ နတ္ထိ၊ အဋ္ဌကထာဟောင်း၌ မရှိ။ အဿ အတ္ထောပိ၊ ထိုဖလံ ပါပေယျ၏ အနက်အဓိပ္ပါယ်သည်လည်း။ န ယုဇ္ဇတိ၊ မသင့်လျော်။
တသ္မာ၊ ထို့ကြောင့်။ ယထာဝုတ္တမေဝ ဂဟေတဗ္ဗံ၊ အကြင်အကြင် ဆိုအပ်ခဲ့ပြီး ကလိံ, ပါပေတိကိုပင် ယူထိုက်၏။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာ တော်ကို ဆောင်တော်မူ၍။
“တဒါ ကကဏုကော၊ ထိုရှေးက ပုတ်သင်သည်။ ဒေဝဒတ္တော အဟောသိ၊ ဒေဝဒတ်သည် ဖြစ်လာပြီ။ ဗောဓိသတ္တဿ ပုတ္တော၊ ဘုရားလောင်း၏ သားဖြစ်သော။ အနောဝါဒကော ဂါဓာပိလ္လကော၊ ဆုံးမ မရသော ဖွတ်ငယ်သည်ကား။ ဝိပက္ခသေဝီ ဘိက္ခု၊ ဆန့်ကျင်ဘက်မှီဝဲသော ရဟန်းတည်း။ ဂေါဓာရာဇာ ပန၊ ဖွတ်မင်းသည်ကား။ အဟမေဝ အဟောသိန္တိ၊ ငါဘုရားသည်သာ ဖြစ်လာပြီ”ဟု။ ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
**ဂေါဓာဇာတကဝဏ္ဏနာ ပဌမာ၊ ဂေါဓာဇာတ်အဖွင့်သည် ပဌမတည်း။**