Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
Jātaka-aṭṭhakathā(Paṭhamo bhāgo)
Jātaka-aṭṭhakathā(Paṭhamo bhāgo)

[29] 9. Kaṇhajātakavaṇṇanā

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

**ယတော ယတော ဂရု ဓုရန္တိ** ဣဒံ၊ ယတော ယတော ဂရု ဓုရံ စသော ဤတရားဒေသနာတော်ကို။ သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။ ယမကပါဋိဟာရိယံ အာရဗ္ဘ ကထေသိ၊ ရေမီးအစုံ, တန်ခိုးပြာဋိဟာပြတော်မူခြင်းကို အကြောင်းပြု၍ ဟောတော်မူပြီ။
တံ ဒေဝေါရောဟဏေန သဒ္ဓိံ၊ ထိုရေမီးအစုံ တန်ခိုးပြာဋိဟာပြတော်မူခြင်းသည် နတ်ပြည်မှ ဆင်းသက်တော်မူခြင်းနှင့်အတူ။ တေရသကနိပါတေ သရဘမိဂဇာတကေ၊ တေရသကနိပါတ်၌ သရဘမိဂဇာတ်၌။ အာဝိ ဘဝိဿတိ၊ ထင်စွာ ဖြစ်လတ္တံ့။
သမ္မာသမ္ဗုဒ္ဓေ၊ ဘုရားရှင်သည်။ ယမကပါဋိဟာရိယံ ကတွာ၊ ရေမီးအစုံ တန်ခိုးပြာဋိဟာပြတော်မူခြင်းကို ပြုတော်မူပြီး၍။ ဒေဝလောကေ တေမာသံ ဝသိတွာ၊ တာဝတိံသာနတ်ပြည်၌ ဝါတွင်းသုံးလပတ်လုံး နေတော်မူပြီး၍။ မဟာပဝါရဏာယ သင်္ကဿနဂရဒွါရေ ဩရုယှ၊ သီတင်းကျွတ်လပြည့် မဟာပဝါရဏနေ့၌ သင်္ကဿမြို့တံခါး၌ ဆင်းသက်တော်မူ၍။ မဟန္တေန ပရိဝါရေန၊ များစွာသော အခြံအရံဖြင့်။ ဇေတဝနံ ပဝိဋ္ဌေ ပန၊ ဇေတဝန်ကျောင်းတော်သို့ ဝင်တော်မူသော်ကား။ ဘိက္ခူ ဓမ္မသဘာယံ သန္နိပတိတွာ၊ ရဟန်းတို့သည် တရားသဘင်၌ ကောင်းစွာကျရောက်စုဝေးကြ၍။ "အာဝုသော တထာဂတော နာမ အသမဓုရော၊ ငါ့ရှင်တို့ ဘုရားရှင်မည်သည် အတုမရှိ ဝန်ကို ရွက်ဆောင်နိုင်၏။ တထာဂတေန ဝုဠှဓုရံ၊ ဘုရားရှင်သည် ရွက်ဆောင်အပ်သော တာဝန်ကို။ အညော၊ ဘုရားမှတစ်ပါးသော။ ဝဟိတုံ သမတ္ထော နာမ နတ္ထိ၊ ရွက်ဆောင်ခြင်းငှာ စွမ်းနိုင်သူ မည်သည်မရှိ။ ဆ သတ္ထာရော၊ တိတ္ထိဆရာကြီး ၆-ယောက်တို့သည်။ မယမေဝ ပါဋိဟာရိယံ ကရိဿာမ၊ ငါတို့သည်သာ တန်ခိုးပြာဋိဟာကို ပြုကုန် ပြကုန်အံ့။ မယမေဝ ပါဋိဟာရိယံ ကရိဿာမာတိ ဝတွာ၊ ငါတို့သည်သာ တန်ခိုးပြာဋိဟာကို ပြုကုန်, ပြကုန်အံ့"ဟု ‌ပြောဆို၍။ ဧကမ္ပိ ပါဋိဟာရိယံ န အကံသု၊ တန်ခိုးပြာဋိဟာတစ်ခုကိုသော်မှလည်း မပြုနိုင်ကုန်ပြီ, မပြနိုင်ကုန်ပြီ။ အဟော သတ္ထာ အသမဓုရောတိ၊ အော် ဘုရားရှင်ကား အတုမရှိဝန်ကို ဆောင်ရွက်တော်မူနိုင်ပါပေ၏"ဟု။ သတ္ထုဂုဏကထံ၊ ဘုရားရှင်၏ ဂုဏ်ကျေးဇူးနှင့် ဆက်စပ်သော စကားကို။ ကထေန္တာ နိသီဒိံသု၊ ပြောလျက် ထိုင်နေကုန်ပြီ။
သတ္ထာ အာဂန္တွာ၊ ဘုရားရှင်သည် ကြွလာတော်မူ၍။ "ဘိက္ခဝေ ဧတရဟိ ကာယ ကထာယ၊ ရဟန်းတို့ ယခု ဘယ်စကားဖြင့်။ သန္နိသိန္နာ အတ္ထ နုတိ ပုစ္ဆိ၊ ကောင်းစွာ ထိုင်နေကြသည် ဖြစ်ကုန်သနည်း"ဟု မေးတော်မူပြီ။
ဘန္တေ မယံ၊ ရှင်တော်ဘုရား တပည့်တော်တို့သည်။ အညာယ ကထာယ န၊ အခြားသော စကားဖြင့် မဟုတ်ပါ။ တုမှာကမေဝ ဧဝရူပါယ၊ ရှင်တော်ဘုရားတို့၏သာ ဤသို့ အံ့ဩဖွယ်သဘောရှိသော။ ဂုဏကထာယာ နာမတိ၊ ဂုဏ်တော်နှင့်စပ်, စကားမည်သည်ဖြင့်တည်း"ဟုလျှောက်ကြပြီ။
"ဘိက္ခဝေ ဣဒါနိ မယာ၊ ရဟန်းတို့ ယခုအခါ ငါဘုရားသည်။ ဝုဠှဓုရံ ကော ဝဟိဿတိ၊ ရွက်ဆောင်အပ်သောတာဝန်ကို ဘယ်သူသည် ရွက်ဆောင်နိုင်လတ္တံ့နည်း။ ပုဗ္ဗေ တိရစ္ဆာနယောနိယံ နိဗ္ဗတ္တောပိ၊ ရှေးက တိရိစ္ဆာန်မျိုး၌ ဖြစ်စဉ်ကသော်မှလည်း။ အဟံ အတ္တနာ သမဓုရံ၊ ငါဘုရားသည် မိမိနှင့် တန်းတူတာဝန်ဆောင်နိုင်သော။ ကဉ္စိ နာလတ္ထန္တိ ဝတွာ၊ တစ်စုံတစ်ယောက်ကိုမျှ မရခဲ့"ဟု မိန့်တော်မူ၍။ အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။ ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။ ဗောဓိသတ္တော ဂေါယောနိယံ၊ ဘုရားလောင်းသည် နွားမျိုး၌။ ပဋိသန္ဓိံ ဂဏှိ၊ ပဋိသန္ဓေကို ယူပြီ။
အထ နံ သာမိကာ၊ ထိုအခါ၌ ထိုဘုရားလောင်းနွားကို ပိုင်ရှင်တို့သည်။ တရုဏဝစ္ဆကကာလေယေဝ၊ နွားကလေးအရွယ်ကာလကပင်။ ဧကိဿာ မဟလ္လိကာယ၊ တစ်ယောက်သော အဖွားအို၏။ ဃရေ ဝသိတွာ၊ အိမ်၌ နေ၍။ တဿာ နိဝါသဝေတနတော၊ ထိုအဖွားအိုအား တည်းခိုခအနေအားဖြင့်။ ပရိစ္ဆိန္ဒိတွာ အဒံသု၊ ပိုင်းဖြတ်သတ်မှတ်၍ ပေးကြပြီ။
သာ တံ၊ ထိုအဖွားအိုသည် ထိုဘုရားလောင်း နွားကလေးကို။ ယာဂုဘတ္တာဒီဟိ ပဋိဇဂ္ဂမာနာ၊ ယာဂုထမင်းစသည်တို့ဖြင့် ပြုစုကျွေးမွေးလျက်။ ပုတ္တဋ္ဌာနေ ဌပေတွာ ဝဍ္ဎေသိ၊ သားအရာ၌ ထား၍ ကြီးပွားစေပြီ။
သော အယျိကာကာဠကောတွေဝ၊ ထိုဘုရားလောင်းသည် အဖွားနွားနက်ကလေးဟူ၍သာ။ နာမေန ပညာယိတ္ထ၊ အမည်အားဖြင့် ထင်ရှားပြီ။
ဝယပ္ပတ္တော စ အဉ္ဇနဝဏ္ဏော ဟုတွာ၊ အရွယ်ရောက်သော်ကား မျက်စဉ်းညိုအဆင်းရှိသည် ဖြစ်၍။ ဂါမဂေါဏေဟိ သဒ္ဓိံ စရတိ၊ ရွာနွားတို့နှင့် အတူလှည့်လည်ကျက်စား၏။ သီလာစာရသမ္ပန္နော အဟောသိ၊ သီလအကျင့် ပြည့်စုံကောင်းမွန်သည် ဖြစ်ပြီ။
ဂါမဒါရကာ၊ ရွာသားကလေးတို့သည်။ သိင်္ဂေသုပိ ကဏ္ဏေသုပိ ဂလေပိ၊ ချိုတို့ကိုလည်းကောင်း, နားရွက်တို့ကိုလည်းကောင်း, လည်ပင်းကိုလည်းကောင်း။ ဂဟေတွာ ဩလမ္ဗန္တိ၊ ကိုင်ဆွဲ၍ ခိုစီးကုန်၏။ နင်္ဂုဋ္ဌေပိ ဂဟေတွာ ကီဠန္တိ၊ မြီးထူးကိုလည်း ကိုင်ဆွဲ၍ ကစားကုန်၏။ ပိဋ္ဌိယမ္ပိ နိသီဒန္တိ၊ ကျောပေါ်၌လည်း ထိုင်စီးကုန်၏။
သော ဧကဒိဝသံ၊ ထိုဘုရားလောင်းနွားနက်သည် တစ်နေ့၌။ "မယှံ မာတာ ဒုဂ္ဂတာ၊ ငါ၏ ကျွေးမိခင်သည် ဆင်းရဲ၏။ မံ ပုတ္တဋ္ဌာနေ ဌပေတွာ၊ ငါ့ကို သားအရာ၌ ထား၍။ ဒုက္ခေန ပေါသေသိ၊ ဆင်းရဲစွာ မွေးမြူပြီ။ အဟံ ဘတိံ ကတွာ၊ ငါသည် လုပ်ခရမည့်အလုပ်ကို ပြုလုပ်၍။ ဣမံ ဒုဂ္ဂတဘာဝတော၊ ဤကျွေးမိခင်ကို ဆင်းရဲသည့်အဖြစ်မှ။ ယန္နူန မောစေယျန္တိ စိန္တေသိ၊ လွတ်စေရပါမူကား ကောင်းလေစွ"ဟု ကြံပြီ။
သော တတော ပဋ္ဌာယ၊ ထိုဘုရားလောင်းနွားနက်သည် ထိုနေ့မှ စ၍။ ဘတိံ ဥပဓာရေန္တော စရတိ၊ လုပ်ခရသည့်အလုပ်ကို စူးစမ်းရှာဖွေလျက် လှည့်လည်ကျက်စား၏။
အထ ဧကဒိဝသံ၊ ထိုအခါ တစ်နေ့၌။ ဧကော သတ္ထဝါဟပုတ္တော၊ တစ်ယောက်သော လှည်းကုန်သည်သားသည်။ ပဉ္စဟိ သကဋသတေဟိ၊ လှည်းငါးရာတို့ဖြင့်။ ဝိသမတိတ္ထံ သမ္ပတ္တော၊ မညီညာသော ဆိပ်ကမ်းသို့ ဆိုက်ရောက်ပြီ။ တဿ ဂေါဏာ၊ ထိုလှည်းကုန်သည်သား၏ နွားတို့သည်။ သကဋာနိ ဥတ္တာရေတုံ န သက္ကောန္တိ၊ လှည်းတို့ကို အထက်တက်ရောက်စေခြင်းငှာ မစွမ်းနိုင်ကုန်။ ပဉ္စသု သကဋသတေသု ဂေါဏာ၊ လှည်းငါးရာတို့၌ လှည်းငါးရာတို့က နွားတို့ကို။ ယုဂပရမ္ပရာယ ယောဇိတာပိ၊ ထမ်းပိုး အဆင့်ဆင့်ဖြင့် ယှဉ်စေအပ် ကအပ်ကုန်‌သော်လည်း။ ဧကံ သကဋံပိ၊ တစ်စီးသော လှည်းကိုသော်မှလည်း။ ဥတ္တာရေတုံ နာသက္ခိံသု၊ အထက်တက်ရောက်စေခြင်းငှာ မစွမ်းနိုင်ကုန်ပြီ။
ဗောဓိသတ္တောပိ ဂါမဂေါဏေဟိ သဒ္ဓိံ၊ ဘုရားလောင်းနွားနက်သည်လည်း ရွာနွားတို့နှင့်အတူ။ တတ္ထ သမီပေ စရတိ၊ ထိုမညီညာသော ဆိပ်အနီး၌ လှည့်လည်ကျက်စား၏။
သတ္ထဝါဟပုတ္တောပိ ဂေါသုတ္တဝိတ္တကော၊ လှည်းကုန်သည်သားသည်လည်း နွားလက္ခဏာ ကျမ်းဥစ္စာရှိ၏ (နွားကျမ်းနားလည်၏)။ သော၊ ထိုလှည်းကုန်သည်သားသည်။ "ဧတေသံ ဂုန္နံ အန္တရေ၊ ထိုနွားတို့၏ အတွင်း၌။ ဣမာနိ သကဋာနိ ဥတ္တာရေတုံ၊ ဤကုန်လှည်းတို့ကို ဆိပ်ကမ်းထက် တက်ရောက်စေခြင်းငှာ။ သမတ္ထော ဥသဘာဇာနီယော၊ စွမ်းနိုင်သော နွားအာဇာနီသည်။ အတ္ထိ နု ခေါတိ ဥပဓာရယမာနော၊ ရှိလေသလော"ဟု စူးစမ်းသော်။ ဗောဓိသတ္တံ ဒိသွာ၊ ဘုရားလောင်း နွားနက်ကို မြင်၍။ "အယံ အာဇာနီယော မယှံ သကဋာနိ၊ ဤနွားအာဇာနီသည် ငါ၏ ကုန်လှည်းတို့ကို။ ဥတ္တာရေတုံ သက္ခိဿတိ၊ ဆိပ်ကမ်းပေါ် တက်စေခြင်းငှာ စွမ်းနိုင်လတ္တံ့။ အဿ သာမိကော၊ ထိုနွားအာဇာနီ၏ ပိုင်ရှင်ကား။ ကော နု ခေါတိ၊ ဘယ်သူလေနည်း"ဟု တွေး၍။ "ဘော၊ အမောင်နွားကျောင်းသားတို့။ ဣမဿ သာမိကော ကော နု ခေါ၊ ဤနွားနက်၏ ပိုင်ရှင်ကား မည်သူနည်း။ အဟံ ဣမံ၊ ငါသည် ဤနွားနက်ကို။ သကဋေ ယောဇေတွာ၊ လှည်း၌ ယှဉ်စေ၍ က၍။ သကဋေသု ဥတ္တာရိတေသု၊ ကုန်လှည်းတို့ကို ကမ်းပေါ်တက်စေအပ်ကုန်သော်။ ဝေတနံ ဒဿာမီတိ၊ လုပ်ခကို ပေးမည်"ဟု။ ဂေါပါလကေ ပုစ္ဆိ၊ နွားကျောင်းသားတို့ကို မေးပြီ။
တေ၊ ထိုနွားကျောင်းသားတို့သည်။ "နံ ဂဟေတွာ ယောဇေထ၊ ထိုနွားနက်ကို ဖမ်းယူ၍ ယှဉ်စေကြ, ကကြပါ။ ဣမသ္မိံ ဌာနေ ဣမဿ သာမိကော၊ ဤနေရာ၌ ဤနွားနက်၏ပိုင်ရှင်သည်။ နတ္ထီတိ အာဟံသု၊ မရှိ"ဟု ပြောကြပြီ။
သော နံ၊ ထိုလှည်းကုန်သည်သားသည် ထိုဘုရားလောင်းနွားနက်ကို။ နာသာယ ရဇ္ဇုကေန ဗန္ဓိတွာ၊ နှာခေါင်း၌ ကြိုးဖြင့် ဖွဲ့ချည်၍။ အာကဍ္ဎေန္တော စာလေတုမ္ပိ နာသက္ခိ၊ ဆွဲငင်သော် လှုပ်စေခြင်းငှာသော်မှလည်း မစွမ်းနိုင်ပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ "ဘတိယာ ကထိတာယ၊ အဖိုးအခကို ပြောအပ်ပြီးသော် ပြောပြီးမှ။ ဂမိဿာမီတိ၊ လိုက်သွားအံ့"ဟု ကြံ၍။ န အဂမာသိ ကိရ၊ မသွားဘဲ နေပြီတဲ့။
သတ္ထဝါဟပုတ္တော၊ လှည်းကုန်သည်သားသည်။ တဿ အဓိပ္ပါယံ ဉတွာ၊ ထိုဘုရားလောင်းနွားနက်၏ အလိုဆန္ဒကို သိ၍။ "သာမိ တယာ၊ အိုအရှင်နွားမင်း အသင်နွားမင်းသည်။ ပဉ္စသု သကဋသတေသု ဥတ္တာရိတေသု၊ ကုန်လှည်းငါးရာတို့ကို ကမ်းထက် တက်စေအပ်ကုန်သော် (ကမ်းပေါ်ရောက်အောင် ရုန်းပေးနိုင်ကုန်သော်)။ ဧကေကဿ သကဋဿ၊ တစ်စီးတစ်စီးသော လှည်းအတွက်။ ဒွေ ဒွေ ကဟာပဏေ၊ နှစ်ကျပ် နှစ်ကျပ်တို့ကို။ ဘတိံ ကတွာ၊ အဖိုးအခကို ပြု၍။ သဟဿံ ဒဿာမီတိ အာဟ၊ တစ်ထောင်ကို ပေးပါမည်"ဟု ပြောပြီ။
တဒါ ဗောဓိသတ္တော၊ အခစားနား, ပြောပြီးရာ ထိုအခါ၌ ဘုရားလောင်းသည်။ သယမေဝ အဂမာသိ၊ အလိုလိုသာ သွားပြီ။
အထ နံ ပုရိသာ၊ ထိုအခါ ထိုဘုရားလောင်းနွားနက်ကို ကုန်သည်ယောကျ်ားတို့သည်။ ပုရိမသကဋေသု ယောဇေသုံ၊ ရှေ့လှည်း ရှေ့လှည်းတို့၌ ယှဉ်စေကုန်, ကကုန်ပြီ။
အထ နံ၊ ကပြီးရာထိုအခါ၌ ထိုရှေ့ဆုံးလှည်းကို။ ဧကဝေဂေနေဝ ဥက္ခိပိတွာ၊ တစ်ဟုန်တည်းဖြင့်သာ ရွက်ဆောင်၍ ကမ်းပေါ်ဆွဲတင်၍။ ထလေ ပတိဋ္ဌာပေသိ၊ ကုန်းပေါ်၌ တည်စေပြီ။
ဧတေန ဥပါယေန၊ ဤနည်းဖြင့်။ သဗ္ဗသကဋာနိ ဥတ္တာရေသိ၊ ကုန်လှည်းအားလုံးတို့ကို ကမ်းပေါ်တက်စေပြီ ကမ်းပေါ်တင်ပေးပြီ။
သတ္ထဝါဟပုတ္တော၊ လှည်းကုန်သည်သားသည်။ ဧကေကဿ သကဋဿ၊ တစ်စီးတစ်စီးသော ကုန်လှည်းအတွက်။ ဧကေကံ ကတွာ၊ တစ်ကျပ်တစ်ကျပ်ကို ပြု၍။ ပဉ္စသတာနိ ဘဏ္ဍိကံ ကတွာ၊ ငါးရာတို့ကို အထုပ်ကို ပြု၍။ တဿ ဂလေ ဗန္ဓိ၊ ထိုဘုရားလောင်း၏ လည်ပင်း၌ ချည်ပေးပြီ။
သော၊ ထိုဘုရားလောင်းနွားနက်သည်။ "အယံ မယှံ၊ ဤကုန်သည်သားသည် ငါ့အား။ ယထာပရိစ္ဆိန္နံ၊ ပိုင်းခြားသတ်မှတ်အပ်ပြီးသည် အားလျော်သော။ ဘတိံ န ဒဒါတိ၊ အဖိုးအခကို မပေး။ ဣဒါနိ အဿ၊ ယခုအခါ ထိုလှည်းကုန်သည်သားအား။ ဂန္တုံ န ဒဿာမိ၊ သွားခြင်းငှာ သွားခွင့်ကို မပေးအံ့။" ဣတိ ဂန္တွာ၊ ဤသို့ ကြံကာ သွား၍။ သဗ္ဗပုရိမသကဋဿ ပုရတော၊ လှည်းအားလုံးတွင် ရှေ့ဆုံးလှည်း၏ ရှေ့မှ။ မဂ္ဂံ နိဝါရေတွာ အဋ္ဌာသိ၊ လှည်းလမ်းကို ပိတ်ဆို့တားမြစ်၍ တည်နေပြီ။
အပနေတုံ ဝါယမန္တာပိ၊ ဖယ်ရှားခြင်းငှာ အားထုတ်ကုန်သော်လည်း။ နံ အပနေတုံ နာသက္ခိံသု၊ ထိုဘုရားလောင်းနွားနက်ကို ဖယ်ရှားခြင်းငှာ မစွမ်းနိုင်ကြပြီ။
သတ္ထဝါဟပုတ္တော၊ လှည်းကုန်သည်သားသည်။ အတ္တနော ဘတိယာ ဦနဘာဝံ၊ မိမိအတွက် အဖိုးအခ၏ ယုတ်လျော့ကြောင်း မပြည့်ကြောင်းကို။ ဧသော ဇာနာတိ မညေတိ၊ ဤနွားနက်သည် သိသည်ထင်၏"ဟု ကြံ၍။ ဧကေကသ္မိံ သကဋေ၊ တစ်စီးတစ်စီးသော လှည်း၌။ ဒွေ ဒွေ ကတွာ၊ နှစ်ကျပ် နှစ်ကျပ်တို့ကို ပြု၍။ သဟဿဘဏ္ဍိကံ ဗန္ဓိတွာ၊ တစ်ထောင်ထုပ်ကို ထုပ်၍။ "အယံ တေ၊ ဤတစ်ထောင်ထုပ်သည် အရှင်နွားမင်းအတွက်။ သကဋုတ္တရဏဘတီတိ၊ လှည်းဖျား ဆွဲတင်ခ"ဟုပြော၍။ ဂီဝါယံ လဂ္ဂေသိ၊ လည်ပင်း၌ ဆွဲပေးပြီ။
သော၊ ထိုဘုရားလောင်းနွားနက်သည်။ သဟဿဘဏ္ဍိကံ အာဒါယ၊ ငွေတစ်ထောင်ထုပ်ကို ယူ၍။ မာတု သန္တိကံ အဂမာသိ၊ ကျွေးမိခင်၏ အထံသို့ သွားပြီ။
ဂါမဒါရကာ၊ ရွာသားကလေးတို့သည်။ "အယျိကာ ကာဠကဿ ဂလေ၊ အဖွားအို နွားနက်၏ လည်းပင်း၌။ ဧတံ ကိံ နာမ ဣတိ၊ ဟိုအထုပ်ကား ဘာမည်သော အထုပ်နည်း"ဟု ပြောကြ၍။ ဗောဓိသတ္တဿ သန္တိကံ အာဂစ္ဆန္တိ၊ ဘုရားလောင်း၏ အထံသို့ လာကုန်၏။
သော တေ အနုဗန္ဓိတွာ၊ ထိုဘုရားလောင်းသည် ထိုရွာသားကလေးတို့ကို နောက်မှလိုက်၍။ ဒူရတောဝ ပလာပေန္တော၊ အဝေးမှပင် ပြေးစေ၍။ မာတု သန္တိကံ ဂတော၊ ကျွေးမိခင်၏ထံသို့ သွားပြီ။
ပဉ္စန္နံ သကဋသတာနံ ဥတ္တာရိတတ္တာ ပန၊ လှည်းငါးရာတို့ကို ကမ်းပေါ်ဆွဲတင်ရသည့်အဖြစ်ကြောင့်ကား။ ရတ္တေဟိ အက္ခီဟိ၊ နီကုန်သော မျက်စိတို့ဖြင့်။ ကိလန္တရူပေါ ပညာယိတ္ထ၊ ပင်ပန်းသောသဘောသည် ထင်ရှားပြီ။
အယျိကာ တဿ ဂီဝါယ၊ အဘွားအိုသည် ထိုဘုရားလောင်း၏ လည်ပင်း၌။ သဟဿတ္ထဝိကံ ဒိသွာ၊ တစ်ထောင်ထုပ်ကို မြင်၍။ "တာတ တေ အယံ၊ အို ချစ်သား သင်ချစ်သားသည် ဤတစ်ထောင်ထုပ်ကို။ ကဟံ လဒ္ဓါတိ၊ ဘယ်က ရအပ်ခဲ့သနည်း"ဟု ပြောပြီး၍။ ဂေါပါလကဒါရကေ ပုစ္ဆိတွာ၊ နွားကျောင်းသားကလေးတို့ကို မေးသော်။ တံ အတ္ထံ သုတွာ၊ ထိုလှည်းငါးရာရုန်းခဲ့သော အကြောင်းကို ကြားရ၍။ "တာတ တယာ လဒ္ဓဘတိယာ၊ ချစ်သား သင်ချစ်သားသည် ရအပ်သော အဖိုးအခဖြင့်။ အဟံ ဇီဝိတုကာမာ ကိံ၊ ငါအမေအိုသည် အသက်မွေးလိုလို့လား။ ကိံ ကာရဏာ ဧဝရူပံ ဒုက္ခံ၊ ဘယ်အကြောင်းကြောင့် ဤသို့သဘောရှိသော ဆင်းရဲကို။ အနုဘောသီတိ ဝတွာ၊ ခံစားရသနည်း"ဟု ပြော၍။ ဗောဓိသတ္တံ ဥဏှောဒကေန နှာပေတွာ၊ ဘုရားလောင်းကို ရေနွေးဖြင့် ရေချိုးစေ၍ ရေချိုးပေး၍။ တေလေန မက္ခေတွာ၊ ဆီဖြင့် လိမ်းကျံ၍။ ပါနီယံ ပါယေတွာ၊ သောက်ရေကို သောက်စေ၍, တိုက်၍။ သပ္ပါယံ ဘောဇနံ ဘောဇေတွာ၊ သင့်လျော်သော ဘောဇဉ်ကို စားစေ၍, ကျွေး၍။ ဇီဝိတပရိယောသာနေ၊ အသက်အဆုံး၌။ ဗောဓိသတ္တေန သဒ္ဓိံ၊ ဘုရားလောင်းနှင့်အတူ။ ယထာကမ္မံ ဂတာ၊ ကံအားလျော်စွာ လားပြီ။
သတ္ထာ၊ ဘုရားရှင်သည်။ "ဘိက္ခဝေ တထာဂတော၊ အိုရဟန်းတို့ ငါဘုရားသည်။ ဣဒါနေဝ န အသမဓုရော၊ ယခုအခါသာ သူမတူအောင် တာဝန်ထမ်းနိုင်သည် မဟုတ်သေး။ ပုဗ္ဗေပိ အသမဓုရောယေဝ၊ ရှေးကလည်း သူမတူအောင် တာဝန်ထမ်းနိုင်သည်သာတည်း"။ ဣတိ ဝတွာ၊ ဤသို့ မိန့်တော်မူ၍။ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဤတရား‌ဒေသနာတော်ကို‌ ဆောင်တော်မူ၍။ အနုသန္ဓိံ ဃဋေတွာ၊ အနုသန္ဓေကို စပ်တော်မူ၍။ အဘိသမ္ဗုဒ္ဓေါ ဟုတွာ၊ ဘုရားသည် ဖြစ်တော်မူ၍။ ဣမံ ဂါထံ အာဟ၊ ဤဂါထာကို ဟောတော်မူပြီ။
၂၉။ ယတော ယတော၊ အကြင်နေရာ အကြင်နေရာ၌။ ဂရု ဓုရံ၊ လေးလံလှသော ဝန်ထုပ်ဝန်ပိုးသည်။ (ဟောတိ၊ ဖြစ်၏ ရှိ၏)။ ယတော ဂမ္ဘီရဝတ္တနီ၊ အကြင်နေရာ၌ လမ်း,စောက်နက်၏ လမ်းဆိုးလှ၏။
တဒါ ကဏှံ ယုဉ္ဇန္တိ၊ ဝန်လေး လမ်းဆိုး, ထိုအခါမျိုး၌ ကဏှခေါ်ရ နွားနက်လှကိုသာ အသုံးပြုရကုန်၏။ သော တံ ဓုရံ ဝဟတေ၊ ထိုကဏှမည်ရ နွားနက်လှသည်လေးလံလှငြား ထိုဝန်များကို တာဝန်ကျေကျေ ထမ်းဆောင်လေ၏။
တတ္ထ၊ ထိုဂါထာ၌။ **ယတော ယတော ဂရု ဓုရန္တိ**၊ ယတော ယတော ဂရု ဓုရံ ဟူသည်ကား။ ယသ္မိံ ယသ္မိံ ဌာနေ၊ အကြင်နေရာ အကြင််နေရာ၌။ ဓုရံ ဂရုဘာရိယံ ဟောတိ၊ ဝန်ထုပ်ဝန်ပိုးသည် လေးလံလှသည် ဖြစ်၏။ အညေ ဗလိဗဒ္ဒါ၊ အခြားကုန်သော နွားလားတို့သည်။ ဥက္ခိပိတုံ န သက္ကောန္တိ၊ ချီခြင်း, ရုန်းခြင်း, ရွက်ဆောင်ခြင်းငှာ မစွမ်းနိုင်ကုန်တည်း။
**ယတော ဂမ္ဘီရဝတ္တနီ**တိ၊ ယတော ဂမ္ဘီရဝတ္တနီဟူသော ပါဌ်၌။ (အဝယဝတ္တော ဧဝံ ဝေဒိတဗ္ဗော၊ အစိတ်အစိတ်အနက်ကို ဤဆိုလတ္တံ့နည်းဖြင့် သိထိုက်၏)။ ဧတ္ထ ဝတ္တန္တိ၊ ဤလမ်း၌ ဖြစ်ကုန်၏။ ဣတိ ဝတ္တနီ၊ ထိုသို့ဖြစ်ရာ ဖြစ်သောကြောင့် ဝတ္တနီမည်၏။ ဧတံ မဂ္ဂဿ နာမံ၊ ဤဝတ္တနီအမည်သည် လမ်း၏ အမည်တည်း။ ယသ္မိံ ဌာနေ မဂ္ဂေါ၊ အကြင်နေရာ၌ လမ်းသည်။ ဥဒကစိက္ခလ္လမဟန္တတာယ ဝါ၊ ရေနှင့် ရွှံ့ညွန်ှများပြားသည့် အဖြစ်ကြောင့်လည်းကောင်း။ ဝိသမစ္ဆိန္နတဋဘာဝေန ဝါ၊ မညီညာသည့်ပြင် ကမ်းပါးပြတ်ရှိသည့် အဖြစ်ကြောင့်လည်းကောင်း။ မဂ္ဂေါ ဂမ္ဘီရော ဟောတိ၊ လမ်းသည် စောက်နက်နေသည် ဖြစ်၏။ ဣတိ အတ္ထော၊ ဤကား ဂမ္ဘီရဝတ္တနီအနက်တည်း။
**တဒါဿု ကဏှံ ယုဉ္ဇန္တီ**တိ ဧတ္ထ၊ တဒါဿု ကဏှံ ယုဉ္ဇန္တိ ဟူသော ဤပါဌ်၌။ **အဿူ**တိ နိပါတမတ္တံ၊ အဿု ဟူသည်ကား နိပါတ်မျှတည်း (အနက်မရှိ ဟောရာတွင် ပြည့်စုံပြေပြစ်ရန် ကျရောက်ပါဝင်သော အသံမျှတည်း)။ တဒါ ကဏှံ၊ ထိုအခါ နွားနက် အာဇာနီကို။ ယုဉ္ဇန္တိ ဣတိ အတ္ထော၊ အသုံးပြုကုန်၏ ဤကား တဒါဿု ကဏှံ ယုဉ္ဇန္တိ အနက်တည်း။
ယဒါ၊ အကြင်အခါ၌။ ဓုရဉ္စ ဂရု၊ ဝန်ကလည်း လေးလံလှသည်လည်းကောင်း။ မဂ္ဂေါ စ ဂမ္ဘီရော၊ လမ်းကလည်း အစောက်နက် ဆိုးလှသည်လည်းကောင်း။ ဟောတိ၊ ဖြစ်၏။ တဒါ၊ ဝန်ကလေး, လမ်းကဆိုး ထိုအခါမျိုး၌။ အညေ ဗလိဗဒ္ဒေ အပနေတွာ၊ အခြားကုန်သော နွားလားတို့ကို ဘေးဖယ်ထား၍။ ကဏှမေဝ ယောဇေန္တိ၊ အာဇာနည်နွားနက်ကိုသာ ယှဉ်စေကြ, ကကြကုန်၏။ ဣတိ ဝုတ္တံ ဟောတိ၊ ဤသို့ ဆိုလိုသည် ဖြစ်၏။
**သွာဿု တံ ဝဟတေ ဓုရန္တိ** ဧတ္ထာပိ၊ သွာဿု တံ ဝဟတေ ဓုရံ ဟူသော ဤပါဌ်၌လည်း။ **အဿူ**တိ နိပါတမတ္တမေဝ၊ အဿု ဟူသည်ကား နိပါတ်မျှသာတည်း။ သော တံ ဓုရံ ဝဟတိ၊ ထိုအာဇာနည် နွားနက်သည် ထိုလေးလံလှစွာသောဝန်ကို ရွက်ဆောင်၏။ ဣတိ အတ္ထော၊ ဤကား သွာဿု တံ ဝဟတေ ဓုရံ အနက်တည်း။
ဧဝံ ဘဂဝါ၊ ဤသို့ဘုရားရှင်သည်။ "ဘိက္ခဝေ တဒါ ကဏှောဝ၊ အိုရဟန်းတို့ ထိုအခါက အာဇာနီနွားနက်သည်သာ။ တံ ဓုရံ ဝဟတိ၊ ထိုလေးလံလှစွာသော ဝန်ကို ရွက်ဆောင်၏"။ ဣတိ ဒဿေတွာ၊ ဤသို့ ပြတော်မူ၍။ အနုသန္ဓိံ ဃဋေတွာ၊ အနုသန္ဓေကို စပ်တော်မူ၍။
"တဒါ မဟလ္လိကာ၊ ထိုအခါက ကျွေးမေအဖွားအိုသည်။ ဥပ္ပလဝဏ္ဏာ အဟောသိ၊ ဥပ္ပလဝဏ်ထေရီမသည် ဖြစ်လာပြီ။ အယျိကာကာဠကော ပန၊ အဖွားအို၏ အာဇာနီနွားနက်သည်ကား။ အဟမေဝ အဟောသိန္တိ၊ ငါဘုရားသည်သာ ဖြစ်လာပြီဟု။ ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
**ကဏှဇာတကဝဏ္ဏနာ နဝမာ**၊ **ကိုးခုမြောက် ဖြစ်သော ကဏှဇာတ်အဖွင့်တည်း။**