Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
Jātaka-aṭṭhakathā(Paṭhamo bhāgo)
Jātaka-aṭṭhakathā(Paṭhamo bhāgo)

[58] 8. Tayodhammajātakavaṇṇanā

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

**ယဿ ဧတေ တယော ဓမ္မာ** တိ၊ ယဿ ဧတေ တယော ဓမ္မာ အစရှိသော ဤတရားဒေသနာ တော်ကို။ သတ္ထာ ဝေဠုဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဥ်။ ဒေဝဒတ္တဿ ဝဓာယ ပရိသက္ကနမေဝ၊ ဒေဝဒတ်၏ သတ်ဖို့ ကြိုးစားမှုကိုပင်။ အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီး‌သောာအခါ ဗာရာဏသီမြို့၌။ ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။ ဒေဝဒတ္တော ဝါနရယောနိယံ နိဗ္ဗတ္တိတွာ၊ ဒေဝဒတ်သည် မျောက်မျိုး၌ ဖြစ်၍။ ဟိမဝန္တပ္ပဒေသေ ယူထံ ပရိဟရန္တော၊ ဟိမဝန္တာအရပ်၌ မျောက်အုပ်ကိုကြီးမှုးဆောင်ယူသော်။ အတ္တာနံ ပဋိစ္စ၊ မိမိကို စွဲ၍။ ဇာတာနံ ဝါနရေပေါတကာနံ၊ မွေးဖွားကုန်သော မျောက်ငယ်တို့ကို။ "ဝုဍ္ဎိပ္ပတ္တာ ဣမေ၊ ကြီးခြင်းသို့‌ရောက်ကုန်သော ဤမျောက်ငယ်တို့သည်။ ယူထံ ပရိဟရေယျုန္တိ ဘယေန၊ မျောက်အုပ်ကိုကြီးမှုးဆောင်ရွက်ကုန်ရာ၏ " ဟုတွေးတောကြောက်သဖြင့်။ ဒန္တေဟိ ဍံသိတွာ၊ သွားတို့ဖြင့်ကိုက်၍။ တေသံ ဗီဇာနိ ဥပ္ပါဋေတိ၊ ထိုသားမျောက်ငယ်တို့၏ ဝှေးစေ့တို့ကိုထုတ်နုတ်၏။
တဒါ ဗောဓိသတ္တာပိ၊ ထိုအခါ ဘုရားလောင်း သည်လည်း။ တညေဝ ပဋိစ္စ၊ ထိုဒေဝဒတ်အလောင်း မျောက်မင်းကိုပင် စွဲ၍။ ဧကိဿာ ဝါနရိယာ ကုစ္ဆိသ္မိံ၊ တစ်ကောင်သော မျောက်မ၏ ဝမ်း၌။ ပဋိသန္ဓိံ ဂဏှိ၊ ပဋိသန္ဓေကိုယူပြီ။
အထသာ ဝါနရီ၊ ထိုအခါ ထိုမျောက်မသည်။ ဂဗ္ဘဿ ပတိဋ္ဌိတဘာတံ ဉတွာ၊ ကိုယ်ဝန်၏တည်ကြောင်းကို သိ၍။ အတ္တနော ဂဗ္ဘံ အနုရက္ခမာနာ၊ မိမိ၏ ကိုယ်ဝန်ကို စောင့်ရှောက်လျက်။ အညံ ပဗ္ဗတပါဒံ အဂမာသိ၊ အခြားသော တောင်ခြေသို့သွားပြီ။
သာ ပရိပက္ကဂဗ္ဘာ၊ ထိုမျောက်မသည် ရင့်ကျက်သော ကိုယ်ဝန်ရှိသော်။ ဗောဓိသတ္တံ ဝိဇာယိ၊ ဘုရားလောင်းကို မွေးဖွားပြီ။
သော ဝုဍ္ဎိ မနွာယ၊ ထိုဘုရားလောင်းသည် ကြီးမှုးကို စွဲ၍။ ဝိညုတံ ပတ္တော၊ သိတတ်သူအဖြစ်သို့ ရောက်သော်။ ထာမ သမ္ပန္နော အဟောသိ၊ အားနှင့်ပြည့်စုံသည်ဖြစ်ပြီ။
သော ဧကဒိဝသံ မာတရံ၊ ထိုဘုရားလောင်းသည် တစ်နေ့၌ မိခင်ကို။ "အမ္မ မယှံ ပိတာ၊ မိခင် ငါ့၏ ဖခင်သည်။ ကဟန္တိ ပုစ္ဆိ၊ ဘယ်မှာနည်း" ဟုမေးပြီ။
တာတ အသုကသ္မိံ နာမ ပဗ်ဗတပါဒေ၊ ချစ်သာား ထိုမည်သော တောင်ခြေ၌။ ယူထံ ပရိဟရန္တော၊ မျောက်အုပ်ကိုကြီးမှုးဆောင်ရွက်လျက်။ ဝသတီတိ၊ နေ၏ဟုဖြေပြီ။
အမ္မ မံတဿ၊ အမေငါ့ကိုထိုမျောက်မင်း၏။ သန္တိကံ နေဟီတိ၊ အထံသို့ ဆောင်ပို့ပါ လော့ဟုပြောပြီ။
တာတတယာ၊ ချစ်သား သင်သည်။ ပိတုသန္တိကံ၊ ဖခင်မျောက် မင်း၏ အထံသို့။ ဂန္တုံနသက္ကာ၊ သွားခြင်းငှာ မတတ််ကောင်း(မသင့်)။
ဟိ တေ ပိတာ၊ မှန်၏ သင်၏ ဖခင်မျောက်မင်းသည်။ အတ္တာနံ ပဋိစ္စ၊ မိမိကိုစွဲ၍။ ဇာတာနံ ဝါနရပေါတကာနံ၊ မွေးဖွားကုန်သော မျောက်ငယ်တို့ကို။ ယူထပရိဟရဏ ဘယေန၊ မျောက်အုပ်ကိုကြီးမှုးဆောင်ရွက်မည် ကြောက်သောကြောင့်။ ဒန္တေဟိ ဍံသိတွာ၊ သွားတို့ဖြင့်ကိုက်၍။ ဗီဇာနိ ဥပ္ပါဋေတီတိ၊ ဝှေးစေ့တို့ကို ထုတ်နုတ်၏ဟုပြောပြပြီ။
အမ္မမံ တက္ကနေဟိ၊ မိခင်ငါ့ကို ထိုဖခင်ထံသို့ ဆောင်ပို့ပါလော့။ အဟံ ဇာနိဿာမီတိ၊ ငါသည် သိပါအံ့ဟုပြောပြီ။
သာပုတ္တံ အာဒါယ၊ ထိုမျောက်မသည် သားဘုရားလောင်းကိုခေါ်ယူ၍။ တဿ သန္တိကံ အဂမာတိ၊ ထိုမျောက်မင်း၏ အထံသို့သွားပြီ။
သော ဝါနရော အတ္တနော ပုတ္တံ ဒိသွာဝ၊ ထိုမျောက်မင်းသည် မိမိ၏သားကို မြင်၍ပင်။ "အယံ ဝဍ္ဎန္တော၊ ဤမျောက်ကလေးသည် ကြီးသော်။ ယူထံ ပရိဟရိတုံ၊ မျောက်အုပ်ကိုကြီးမှုးဆောင်ယူခြင်းငှာ။ မယှံန ဒဿာတိ၊ ငါအား ပေးလိမ့်မည် မဟုတ်။ ဣဒါနေဝ မာရေတဗ္ဗောတိ၊ ယခုပင် သတ်သင့်၏" ဟုတွေး၍။ "ဧတံ အာလိင်္ဂန္တော ဝိယ၊ ဤမျောက်ကလေးကို ပွေ့ဖက်သကဲ့သို့။ ဂါဠှံ ပီဠေတွာ၊ မြဲမြံစွာ ဖြစ်ညှစ်၍။ ဇီဝိတက္ခယံ ပါပေဿာမီတိ စိန္တေတွာ၊ အသက်ကုန်ခြင်းသို့ရောက်စေအံ့" ဟုကြံ၍။ "ဧဟိ တာတ၊ လာ..ငါ့သား။ ဧတ္တကံ ကာလံ ကဟံ၊ ဤမျှရှိသော ကာလပတ်လုံးဘယ်သို့။ ဂတော အသီတိ၊ သွားနေသည် ဖြစ်သနည်း" ဟု။ ဗောဓိသတ္တံ၊ ဘုရားလောင်းကို။ အာလိင်္ဂန္တော ဝိယ နီပ္ပီဠေသိ၊ ပွေ့ဖက်သကဲ့သို့ ဖြစ်ညှစ်ပြီ။
ဗောဓိသတ္တော ပန၊ ဘုရားလောင်းသည်ကား။ နာဂဗလော ထာမသမ္ပန္နော၊ ဆင်ပြောင်ကဲ့သို့ အားရှိ၏။ သောပိ နံ နိပ္ပီဠေသိ၊ ထိုဘုရားလောင်းသည်လည်း ထိုမျောက်မင်းကိုဖြစ်ညှစ်ပြီ။ အထ အဿ အဋ္ဌီနိ၊ ထိုအခါထိုမျောက်မင်း၏ အရိုးတို့သည်။ ဘိဇ္ဇနာကာရပ္ပတ္ထာနိ အဟေသုံ၊ ကျိုးကွဲအံ့သော အခြင်းအရာသို့ ရောက်ကုန််သည် ဖြစ်ကုန်ပြီ။
အထ အဿ၊ ထိုအခါ ထိုမျောက်မင်းအား။ "အယံ ဝဍ္ဎန္တော မံမာရေဿတိ၊ ဤသားသည် ကြီးသော် ငါ့ကိုသတ်လတံံ့။ ကေန ဥပါယေန ပုရေတရညေဝ၊ ဘယ်နည်းဖြင့် ရှေးဦးစွာသာ(ကြိုတင်၍သာ)။ မာရေယျံ နုခေါတိ၊ သတ်ရအံ့နည်း"ဟု။ ဧတံ အဟောသိ၊ ဤအကြံသည်ဖြစ်ပြီ။
တတော၊ ထို့နောက်မှ။ "အဝိဒူရေ ရက္ခသပရိဂ္ဂဟိတော၊ မနီးမဝေး၌ ရေစောင့်ဘီလူးသိမ်းပိုက်အပ်သော။ အယံ သရော အတ္ထိ၊ ဤရေအိုင်သည်ရှိ၏။ တတ္ထနံ၊ ထိုရေအိုင်၌ ထိုမျောက်ကို။ ရက္ခသေန ခါဒါပေဿာမီတိ စိန္တေသိ၊ ရေစောင့်ဘီလူးကို အစားခိုင်းအံ့" ဟုကြံပြီ။
အထနံ၊ ထိုအခါထိုသားမျောက်ကို။ "တာတအဟံမဟလ္လကော၊ ချစ်သား ငါသည်ကြီးပြီ။ ဣမံ ယူထံတုယှံ နိယျာဒေမိ၊ ဤမျောက်အုပ်ကို သင့်အားအပ်နှင်းအံ့။ အ‌ဇ္ဇေဝတံ၊ ယနေ့ ပင် သင့် ကို။ ရာဇာနံ ကရောမိ၊ မင်းကိုပြုအံ့ (မင်း‌‌မြှောက်အံ့)။ အသုကသ္မိံ နာမ ဌာနေ၊ ထိုမည်သော ဌာန၌။ သရော အတ္ထိ၊ ‌ရေအိုင်သည် ရှိ၏။ တတ္ထ ဒွေ ကုမုဒိနိယော၊ ထိုရေအိုင်၌ နှစ်ခုကုန်သော ကြာဖြူတို့သည်လည်းကောင်း။ တိဿော ဥပ္ပလိနိယော၊ သုံးခုကုန်သော ကြာညိုရုံတို့သည်လည်းကောင်း။ ပဥ္စ ပဒုမိနိယော စ ပုပ္ဖန္တိ၊ ငါးခုကုန်သော ပဒုမ္မာကြာရုံတို့သည်လည်းကောင်း ပွင့်ကုန်၏။ ဂစ္ဆ တတော၊ သွားချေ ထိုရေအိုင်မှ။ ပုပ္ပါနိ အာဟရာတိ၊ ကြာပွင့်တို့ကို ဆောင်ခဲ့လော့" ဟု။ ဧဝံ အာဟ၊ ဤသို့ပြောပြီ။
သော၊ ထိုဘုရားလောင်းသည်။ သာဓု တာတ၊ ကောင်းပါပြီ ဖခင်။ အာဟရိဿမီတိ ဂန္တာ၊ ဆောင်ယူခဲ့ပါမည်ဟု သွား၍။ သဟသာ အနောတရိတွာ၊ အဆောတလျင် မဆင်းမူ၍။ သမန္တာပဒံ ပရိစ္ဆိန္တော၊ ထက်ဝန်းကျင်မှ ‌ခြေရာကို ဆုံးဖြတ်စုံစမ်းသော်။ ဩတိဏ္ဏပဒညေဝ အဒ္ဒသ၊ ဆင်းသော ခြေရာကိုသာ တွေ့ ရပြီ။ ဥတ္တိဏ္ဏပဒံန၊ တက်သောခြေရာကို ကားမတွေ့ ရ။ သော၊ ထိုဘုရားလောင်းသည်။ "ဣမိနာ သရေန၊ ဤရေအိုင်သည်။ ရက္ခသပရိဂ္ဂဟိတေန ဘဝိတဗ္ဗံ၊ ရေစောင့်ဘီလူး သိမ်းပိုက်အပ်သည် ဖြစ်လောက်၏။ မယှံ ပိတာ၊ ငါ့ဖခင်သည်။ အတ္တနာ မာရေတုံအသက္ကောန္တော၊ ကိုယ်တိုင်သတ်ခြင်းငှာ မစွမ်းနိုင်၍။ ရက္ခသေန မံ၊ ရေစောင့်ဘီလူးကို ငါ့ကို။ ခါဒါပေတုကာမော ဘဝိဿတိ၊ အစားခိုင်းလိုသည် ဖြစ်လိမ့်မည်။ အဟံ ဣမဥ္စ သရံ၊ ငါသည် ဤရေအိုင်သို့လည်း နဩတရိဿာမိ= မဆင်းအံ့။ ပုပ္ဖါနိ စဂဟေဿာမီတိ၊ ကြာပန်းတို့ကိုလည်း ခူးယူအံ့"ဟု တွေး၍။ နိရုဒကဋ္ဌာနံ ဂန္တွာ၊ ရေမရှိရာ ဌာနသို့ သွား၍။ ဝေဂံ ဂဟေတွာ၊ အရှိန်အဟုန်ကို ယူ၍။ ဥပ္ပတိတွာ ပရတော ဂစ္ဆန္တော၊ ခုန်၍ ဟိုဘက်ကမ်းသို့ သွားသော်။ နိရုဒကေ ဩကာသေ၊ ရေမထိသော အရပ်၌။ ဌိတာနေဝ ဒွေပုပ္ပါနိ၊ တည်ရှိသည်သာဖြစ်ကုန််သော ကြာနှစ်ပွင့်တို့ကို။ ဂဟေတွာ ပရတီရေပတိ၊ ခူးယူ၍ ဟိုဘက်ကမ်း၌ကျပြီ။
ပရတီရတောပိ၊ ဟိုဘက်ကမ်းမှလည်း။ ဩရိမတီရံ အာဂစ္ဆန္တော၊ ဤဘက်ကမ်းသို့ ခုန်လာသော်။ တေနဝ ဥပါယေန ဒွေ ဂဏှိ၊ ထိုနည်းဖြင့်ပင် ကြာနှစ်ပွင့်တို့ကို ခူးယူပြီ။
ဧဝံ ဥဘောသု ပဿောသု၊ ဤကဲ့သို့ နှစ်ဖက်ကုန်သောကမ်းနံပါးတိုံ၌။ ရာသိံ ကရောန္တော၊ အစုအပုံကိုပြုလျက်။ ပုပ္ဖါနိ စ ဂဏှိ၊ ကြာပန်းတို့ကိုလည်း ခူးယူပြီ။ ရက္ခသဿ အာဏဋ္ဌာနံ စန ဩတရိ၊ ရေစောင့်ဘီလူး၏ အာဏာ သက်ရာဌာန သို့လည်း မသက်ဆင်း။
အထ အဿ၊ ထိုအခါ ထိုဘုရားလောင်းသည်။ "ဣတော ဥတ္တရိ ဥက္ခိပိတုံ၊ ဤထက်အလွန် မ,ယူခြင်းငှာ။ န သက္ခိဿမီတိ၊ စွမ်းနိုင်လိမ့်မည် မဟုတ်"ဟုတွေး၍။ တာနိ ပုပ္ဖါနိဂဟေတွာ၊ ထိုကြာပန်းတို့ကို ယူ၍။ ဧကသ္မိံ ဌာနေ ရာသိံ ကရောန္တဿ၊ တစ်ခုသောဌာနေ၌ အပုံကိုပြုနေစဉ်။ သော ရက္ခသော၊ ထိုရေစောင့်ဘီလူးသည်။ "မယာ ဧတ္တကံ ကာလံ၊ ငါသည် ဤမျှရှိသော ကာလပတ်လုံး။ ဧတရူပေါ ပညဝါ၊ ဤသို့သဘောရှိသော ပညာရှိသော။ အစ္ဆရိယပုရိဿော န ဒိဋ္ဌ ပုဗ္ဗော၊ အံ့ဖွယ်ရှိသော ယောကျာ်းကို ရှေးက မမြင်အပ်ဘူးပေ။ ပုပ္ဖေါနိ စ နာမ၊ ကြာပန်းတို့မည်သည်ကိုလည်း။ ယာဝဒိစ္ဆကံ ဂဟိတာနိ၊ အလိုရှိတိုင်း ယူအပ် ကုန်ပြီ။ မယှံအာဏာဋ္ဌာနဉ္စ၊ ငါ၏ အာဏာသက်ရာဌာနကိုလည်း။ န ဩတရီတိ၊ မသက်ဆင်း"ဟု တွေး၍။ ဥဒကံ ဒွိဓာ ဘိန္ဒန္တော၊ ရေကို နှစ်ဖြာခွဲလျက်။ ဥဒကတော ဥဋ္ဌာယ၊ ရေမှထ၍။ ဗောဓိသတ္တံ ဥပသင်္ကမိတွာ၊ ဘုရားလောင်းသို့ ချဉ်းကပ်၍။ "ဝါနရိန္ဒ ဣမသ္မိံ လောကေ၊ မျောက်မင်း ဤလောက၌။ ယဿ တယော ဓမ္မာ အတ္တိ၊ အကြင်ပုဂ္ဓိုလ်အား သုံးပါးကုန်သော တရားတို့သည် ရှိကုန်၏။ သောပစ္စာမိတ္တံ အဘိဘဝတိ၊ ထိုသူသည် ရန်သူကို လွှမ်းမိုးနိုင်၏။ တေသဗ္ဗေပိ တဝ အဗ္ဘန္တရေ၊ ထိုတရားအားလုံးတို့သည်လည်း သင်မျောက်မင်း၏ ကိုယ်တွင်း၌။ အတ္တိမညေတိ ဝတွာ၊ ရှိကြကုန်ယောင်တကား"ဟုပြော၍။ ဗောဓိသတ္တဿ ထုတိံကရောန္တော၊ ဘုရားလောင်းအား ချီးမွမ်းမှုကို ပြုလိုရကား။
ဝါနရိန္ဒ တဝ ယထာ၊ မျောက်မင်း သင့်မှာကဲ့သို့။ ယဿ ဒက္ခိယံ သူရိယံ ပညာ၊ အကြင်သူအား ညဏ်ယှဉ်သော ဝီရိယလည်းကောင်း မကြောက် မရွံ့ ရဲရင့်ခြင်းလည်းကောင်း နည်းလမ်းနားလည်သော ပညာလည်းကောင်း။ တယော ဧတေ ဓမ္မာ၊ သုံးပါးကုန်သော ဤတရားတို့သည်။ (အတ္တိ၊ ရှိကုန်၏)။ သော ဒိဋ္ဌံ အတိဝတ္တတိ၊ ထိုသူသည် ရန်သူကို လွန်၍ဖြစ်၏(နိုင်၏)။
တတ္ထ၊ ထိုဂါထာ၌။ ဒက္ခိယန္တိ ဒက္ခဘာဝေါ၊ ဒက္ခိယံ ဟူသည်ကား နားးလည်သူ၏ဖြစ်ကြောင်းတည်း။ ဧတံ၊ ထိုဒက္ခိယဟူသော အမည်သည်။ သမ္ပတ္တဘယံ ဝိဓမိတုံ၊ ရောက်လာသော ဘေးကို ပယ်ဖျောက်ခြင်းငှာ။ ဇာနနပညာယ၊ နားလည်သောပညာနှင့်။ သမ္ပယုတ္တဥတ္တမဝီရိယဿ၊ ယှဉ်တွဲမြင့်မြတ်သော ဝီရိယ၏။ နာမံ၊ အမည်တည်း။
သူရိယန္တိ သူရဘာဝေါ၊ သူရိယံ ဟူသည်ကား ရဲရင့်သူ၏ဖြစ်ကြောင်းဖြစ်ရာတည်း။ ဧတံ နဗ္ဘယဘာဝဿ နာမံ၊ ဤသူရိယဟူသော အမည်သည် ကြောက်ရွံမှုမရှိခြင်း၏ အမည်တည်း။
ပညာတိ ဧတံ၊ ပညာဟူသော ဤအမည်သည်။ ပညာပဒဋ္ဌာနာယ၊ ပင်ကိုညဏ်လျှင် နီးစွာသော အကြောင်းရှိသော။ ဥပါယပညာယ နာမံ၊ နည်းလမ်းနားလည်သော ပညာ၏ နာမည်တည်း။
ဧဝံ သော ဒကရက္ခသော၊ ဤကဲ့သို့ ထိုရေစောင့်ဘီလူးသည်။ ဣမာယ ဂါထာယ ဗောဓိသတ္တဿ၊ ဤဂါထာဖြင့် ဘုရားလောင်းအား။ ထုတိံ ကတွာ၊ ချီးမွမ်းမှုကိုပြု၍။ "ဣမာနိ ပုပ္ဖါနိ ကိမတ္ထံ၊ ဤကြာပန်းတို့ကို ဘယ်အကျိုးငှာ။ ဟရသီတိ ပုစ္ဆိ၊ ဆောင်ယူသနည်း"ဟုမေးပြီ။
ပိတာ မံ၊ ဖခင်သည် ငါ့ကို။ ရာဇာနံ ကာတုကာမော၊ မင်းကိုပြုစေလို၏။ တေန ကာရဏေန ဟရာမီတိ၊ ထိုအကြောင်းကြောင့် ဆောင်ယူ၏ဟု ဖြေပြီ။
"တာဒိသေန ဥတ္တမပုရိသေန၊ သင်ကဲ့သို့ရှုအပ်သော ယောကျာ်းမြတ်သည်။ ပုပ္ဖါနိ ဝဟိတုံန သက္ကာ၊ ကြာပန်းတို့ကို ကိုယ်တိုင်ဆောင်ယူခြင်းငှာ မတက်ကောင်း(မသင့်)။ အဟံ ဝဟိဿမီတိ၊ ငါသည် ဆောင်ယူအံ့"ဟု။ ဥက္ခိပိတွာ၊ မ,၍။ တဿပစ္ဆတော ပစ္ဆတော အဂမာသိ၊ ထိုဘုရားလောင်း၏နောက်မှ နောက်မှ လိုက်သွားပြီ။
အထ အဿ ပိတာ၊ ထိုအခါ ထိုဘုရားလောင်း၏ ဖခင်သည်။ ဒူရတောဝ တံ ဒိသွာ၊ အဝေးမှပင် ထိုဘုရားလောင်းကို မြင်၍။ "အဟံ ဣမံ၊ ငါသည်ဤသားကို။ ရက္ခသဘတ္ထံ ဘဝိဿတီတိ၊ ရေစောင့်ဘီလူးအစာသည် ဖြစ်လတံ့ဟု။ ပဟိဏိံ၊ စေခဲ့ပြီ။ ဣဒါနိသောဧသော၊ ယခုအခါ ထိုသားသည်။ ရက္ခသံ ပုပ္ဖါနိ၊ ရေစောင့်ဘီလူးကိုကြာပန်းတို့ကို။ ဂါဟာပေန္တော အာဂစ္ဆတိ၊ ယူစေလျက် လာ၏။ ဣဒါနိ နဋ္ဌော၊ ယခုအခါ ပျက်စီးသည်။ အမှီတိ စိန္တေန္တော၊ ဖြစ်၏" ဟုကြံလျက်။ သတ္တဓာ ဟဒယ ဖာလနံ ပတွာ၊ ခုနစ်စိပ် နှလုံးကွဲခြင်းသို့ ရောက်၍။ တတ္ထေဝ ဇီဝိတက္ခံယံ ပတ္တော၊ ထိုနေရာ၌ပင် အသက်ကုန််ခြင်းသို့ ရောက်ပြီ။
သေသဝါနရာ သန္နိပတိတွာ၊ ကြွင်းကျန််သော မျောက်တို့သည် စုဝေး၍။ ဗောဓိသတ္တံ ရာဇာနံ အကံသု၊ ဘုရားလောင်းကို မင်းကို ပြုကြ မြှောက်ကြပြီ။
သတ္ထာ၊ ဘုရားရှင်သည်။ ဣမံ ဓမ္မဒေသနံ ဃဋေတွာ၊ အနုသန္ဓေကို စပ်တော်မူ၍။
"တဒါ ယူထပတိ၊ ထိုအခါကမျောက်မင်းသည်(မျောက်သင်းအုပ်သည်။)။ ဒေဝဒတ္ထော အဟောသိ၊ ဒေဝဒတ်သည်ဖြစ်လာပြီ။ ယူထပတိပုတ္တော ပန၊ မျောက်သင်းအုပ်သည်ကား။ အဟမေဝအဟောသိန္တိ၊ ငါဘုရားရှင်သည် ဖြစ်လာပြီ" ဟု။ ဇာတကံ သမောဓာနေသိ၊ ဇာတ််ကို ပေါင်းတော်မူပြီ။
**တယောဓမ္မဇာတကဝဏ္ဏနာ အဋ္ဌာမာ၊ ရှစ်ခုမြောက်သော တယောဓမ္မဇာတ်အဖွင့်တည်း။**