**ဥဘော ခဉ္ဇာ** တိ ဣဒံ၊ ခဉ္ဇာ အစရှိသော ဤတရားဒေသနာတော်ကို။
သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော် မူစဉ်။
မစ္ဆရိယကောသိယသေဋ္ဌိ အာရဗ္ဘ ကထေသိ၊ မစ္ဆရိယကောသိယသူဌေးကို အကြောင်းပြု၍ ဟောတော်မူပြီ။
ရာဇဂဟနဂရဿ အဝိဒူရေ၊ ရာဇဂြိုဟ်မြို့၏ မနီးမဝေး၌။
သက္ကာရံ နာမ နိဂမော အဟောသိ ကိရ၊ သက္ကာရမည်သော နိဂုံးသည် ရှိခဲ့ပြီတဲ့။
တတ္ထ ဧကော၊ ထိုသက္ကာရနိဂုံး၌ တစ်ယောက်သော။
မစ္ဆရိယ ကောသိယော နာမ အသီတိကောဋိဝိဘဝေါ၊ မစ္ဆရိယကောသိယမည်သော ကုဋေ ရှစ်ဆယ်ဥစ္စာရှိသော။
သေဋ္ဌိ ပဋိဝသတိ၊ သူဌေးသည် နေ၏။
သော တိဏဂွေန၊ ထိုမစ္ဆရိယကောသိယသူဌေးသည် မြက်ဖျားဖြင့်။
တေလဗိန္ဒုမတ္တမ္ပိ၊ ဆီပေါက်မျှ လောက်ကိုသော်မှလည်း။
ပရေသံ နေဝ ဒေတိ၊ သူတစ်ပါးတို့အား မပေး။
အတ္တနာ န ပရိဘုဉ္ဇတိ၊ မိမိသည် မသုံးဆောင်။
ဣတိ တဿ၊ ဤသို့လျှင် ထိုသူဌေး၏။
တံ ဝိဘဝဇာတံ၊ ထိုဥစ္စာအပေါင်းသည်။
ပုတ္တဒါရာဒီနံ အတ္ထံ၊ သားသမီးမယား စသည်တို့၏ အကျိုးကိစ္စကို။
နေဝ အနုဘောတိမပြီးစေ။
သမဏဗြာဟ္မဏာနံ အတ္ထံ၊ ရဟန်းပုဏ္ဏားတို့၏ အကျိုးကိစ္စကို။
န အနုဘောတိ၊ မပြီးစေ။
ရက္ခသ ပရိဂ္ဂဟိတပေါက္ခရဏီ ဝိယ၊ ရေစောင့်ဘီလူး စောင့်ရှောက်အပ်သော ရေကန် ကဲ့သို့။
အပရိဘောဂံ တိဋ္ဌတိ၊ အသုံးမဝင်သည်ဖြစ်၍ တည်ရှိ၏။
သတ္ထာ ဧကဒိဝသံ ပစ္စူ သသမယေ၊ ဘုရားရှင်သည် တစ်နေ့ မိုးသောက်ထ အခါ၌။
မဟာကရုဏာသမာပတ္တိတော ဝုဋ္ဌာယ၊ မဟာကရုဏာသမာပတ်မှ ထတော်မူ၍။
သကလလောကဓာတုယံ၊ အလုံးစုံသော လောကဓာတ်၌။
ဗောဓ နေယျဗန္ဓဝေ ဩလောကန္တော၊ သိစေထိုက်သော သတ္တဝါတို့ကို ကြည့်တော်မူ သော်။
ပဉ္စစတ္တာလီသယောဇနမတ္ထကေ ဝသန္တဿ၊ လေးဆယ့်ငါးယူဇနာထက်၌ နေသော။
သပဇာပတိကဿ တဿ သေဋ္ဌိနော၊ မယားနှင့် တကွသော ထိုသူဌေး ၏။
သောတာပတ္တိဖလဿ ဥပနိဿယံ အဒ္ဒသ၊ သောတာပတ္တိဖိုလ်၏ အားကြီး သော မှီရာဥပနိဿယကို မြင်တော်မူပြီ။
တတော ပုရိမဒိဝသေ ပန၊ ထိုမြင်တော် မူရာ နေ့မှ ရှေးဖြစ်သော နေ့၌ကား။
ရာဇာနံ ဥပဋ္ဌာတုံ၊ မင်းအား ခစားခြင်းငှာ။
ရာဇဂေဟံ ဂန္တွာ၊ မင်းအိမ်တော်သို့ သွား၍။
ရာဇူပဋ္ဌာနံ ကတွာ အာဂစ္ဆန္တော၊ မင်းခစားမှုကို ပြု၍ ပြန်လာသော်။
ဆာတဇ္ဈတ္တံ ဧကံ ဇနပဒမနုဿံ၊ ဆာလောင်မှု နှိပ်စက်သော တစ်ယောက်သော ဇနပုဒ်သားကို။
ကုမ္မာသပူရံ ကပလ္လဝံ၊ မုယော ဖြင့် ပြည့်သော အိုးကင်းကြော်မုန့်ကို။
ခါဒန္တ ဒိသွာ၊ ကိုက်စားနေသည်ကို တွေ့ရ၍။
တတ္ထ ပိပါသံ ဥပ္ပါဒေတွာ၊ ထိုအိုးကင်းကြော်မုန့်၌ စားလိုမှုကို ဖြစ်စေ၍။
အတ္တနော ဃရံဂန္တွာ၊ မိမိ၏ အိမ်သို့ သွား၍။
“အဟံ ကပလ္လပူဝံ၊ ငါသည် အိုးကင်းကြော် မုန့်ကို။
ခါဒိတုကာမော အမှီတိ၊ စားချင်သည် ဖြစ်၏ဟု။
သစေ ဝက္ခာမိ၊ အကယ်၍ ပြောအံ့။
ဗဟူ မယာ သဒ္ဓိံ၊ လူများစွာတို့သည် ငါနှင့် အတူ။
ခါဒိတုကာမာ ဘဝိဿန္တိ၊ စားချင်ကုန်သည် ဖြစ်ကြလတံ့။
ဧဝံ မေ၊ ဤသို့ စားချင်ကြသော် ငါ၏။
ဗဟူနိ တဏ္ဍုလသပ္ပိမဓုဖာဏိတာဒီနိ၊ များစွာကုန်သော ဆန်, ထောပတ်, ပျားရည်, တင်လဲစသည်တို့သည်။
ပရိက္ခယံ ဂမိဿန္တိ၊ ကုန်ခြင်းသို့ ရောက်ကြ လတံ့။
ကဿစိ န ကထေဿာမီတိ၊ တစ်စုံတစ်ယောက်အား မပြောအံ့”ဟု ကြံပြီ။
ဣတိ တဏှ၊ ဤသို့ကြံ၍ စားလိုမှုတဏှာကို။
အဓိဝါသေန္တော ဝိစရတိ၊ အောင့် အည်းလျက် လှည့်လည်၏။
သော ကာလေ ဂစ္ဆန္တေ ဂစ္ဆန္တေ၊ ထိုသူဌေးသည် အချိန်ကာလသည် ကုန်သွား ကုန်သွားသော်။
ဥပ္ပဏ္ဍုပဏ္ဍုကဇာတော၊ ဖျော့တော့ သည်ထက် ဖျော့တော့သည် ဖြစ်၍ ဖြစ်သည်။
ဓမနိသုန္တကဂတ္တော ဇာတော၊ အကြောဖြင့် ခင်းအပ်သော ကိုယ်ရှိသည် ဖြစ်ပြီ။
တတော တဏှ၊ ထို့ကြောင့် စားလိုမှုတဏှာကို။
အဓိဝါသေတုံ အသက္ကောန္တော၊ အောင့်အည်းခြင်းငှာ မစွမ်း နိုင်ရကား။
ဂမ္ဘီ ပဝိသိတွာ၊ အခန်းတွင်းသို့ ဝင်၍။
မဉ္စကံ ဥပဂူဟိတွာ နိပဇ္ဇိ၊ ညောင်စောင်းငယ်ကို မှီ၍အိပ်ပြီ။
ဧဝံဂတောပိ ဓနဟာနိဘယေန၊ ဤသို့ဖြစ်သော် လည်း ပစ္စည်းလျော့မည်ကို ကြောက်သော ကြောင့်။
ကဿစိ ကိဉ္စိ န ကထေသိ၊ မည်သူအားမျှ ဘာကိုမျှ မပြောပြီ။
အထ နံ ဘရိယာ၊ ထိုအခါ မစ္ဆရိယကောသိယသူဌေးကို သူဌေးကတော်သည်။
ဥပသင်္ကမိတွာ ပိဋ္ဌိံ ပရိမဇ္ဇိတွာ၊ ချဉ်းကပ်၍ ကျောကို ပွတ်သပ်၍။
“သာမိ၊ အရှင် အရှင့်အား။
ကဲ အဖာသုကန္တိ ပုစ္ဆိ၊ အဘယ်မည်သော မချမ်းသာခြင်း ပါနည်းဟု မေးပြီ။
မေ ကိဉ္စိ အဖာသုကံ၊ ငါ့အား တစ်စုံတစ်ခုသော မချမ်းသာ ခြင်းသည်။
န အတ္ထီတိ၊ မရှိဟုဖြေပြီ။
ကိန္န ခေါ တေ၊ အသို့နည်း အရှင့်အား။
ရာဇာကုပိတောတိ၊ မင်းသည် စိတ်ဆိုးပါသလောဟု မေးပြီ။
ရာဇာပိ မေ၊ မင်းသည်လည်း ငါ့အား။
န ကုပ္ပတီတိ၊ စိတ်မဆိုးဟု ဖြေပြီ။
အထ တေ၊ ထိုသို့ဖြစ် လျှင် အရှင်သည်။
ပုတ္တဓီတာဟိ ဝါ၊ သားသမီးတို့သည်သော်လည်းကောင်း။
ဒါသကမ္မကရာဒီဟိ ဝါ၊ ကျွန်, အလုပ်သမား စသည်တို့သည်သော်လည်းကောင်း။
ကိဉ္စိ အမနာပံ၊ တစ်စုံတစ်ခုသော မနှစ်သက်ဖွယ်သော။
ကတံ အတ္ထိ ကိန္တိ၊ ပြုအပ်သော အမှုသည် ရှိပါသလောဟု မေးပြီ။
ဧဝရူပမ္ပိ နတ္ထီတိ၊ ဤသို့သဘော ရှိသော အမှုသည်လည်း မရှိပါဟု ဖြေပြီ။
ကိသိဒ္ဓိ ပန တေ၊ တစ်စုံတစ်ခု၌ကား ရှင်၏။
တဏှာ အတ္တီတိ၊ လိုချင်မှုတဏှာသည် ရှိနေပါသလောဟု မေးပြီ။
ဧဝံ ဝုတ္တေပိ ဓနဟာနိဘယေန၊ ဤသို့ မေးအပ်သော်လည်း ပစ္စည်းလျော့မည် ကြောက်သောကြောင့်။
ကိဉ္စိ အဝတွာ၊ ဘာကိုမျှ မပြောမူ၍။
နိဿဂ္ဂေါဝ နိပဇ္ဇိ၊ အသံမပြုမူ၍သာ အိပ်ပြီ။
အထ နံ ဘရိယာ၊ ထိုအခါ ထိုသူဌေးကို သူဌေး ကတော်သည်။
ကထေဟိ သာမိ၊ ပြောပါ အရှင်။
ကိသ္မိံ တေ၊ အဘယ်၌ ရှင်၏။
တဏှာတိ အာဟ၊ တဏှာဖြစ်နေသနည်းဟု မေးပြီ။
သော ဝစနံ ပရိဂိလန္တော ဝိယ၊ ထိုသူဌေးသည် စကားကို မျိုချသကဲ့သို့။
“မေ ဧကာ တဏှာ၊ ငါ့မှာ တစ်ခုသော တဏှာသည်။
အတ္ထိ ဣတိ အာဟ၊ ရှိနေ၏”ဟု ပြောပြီ။
ကိံ တဏှာ သာမီတိ၊ ဘာတဏှာလဲ အရှင်သူဌေးကြီးဟု မေးပြီ။
ကပလ္လပူဝံ ခါဒိတုကာမော၊ အိုးကင်းကြော်မုန့်ကို စားချင်သည်။
အမှီတိ၊ ဖြစ်၏ဟု ပြောပြီ။
အထ ကိမတ္ထံ န ကထေသိ၊ ထိုသို့ဖြစ်လျှင် အဘယ့်ကြောင့် မပြောသနည်း။
တွဲ ဒလိဒ္ဓေါ ကိ၊ ရှင်သည် ဆင်းရဲလို့လား။
ဣဒါနိ၊ ယခု။
သကလသတ္တာရနိဂမဝါသီနံ၊ သက္ကာရနိဂုံးနေ လူအားလုံးတို့အတွက်။
ပဟောနကေ ကပလ္လပူဝေ၊ စားလောက်ကုန်သော အိုးကင်းကြော်မုန့်တို့ကို။
ပစိဿာမီတိ၊ ကြော်အံ့ဟု ပြောပြီ။
တေ ဧတေဟိ ကိံ၊ ရှင်မ၏ ထိုလူတို့ဖြင့် ဘာလုပ်ဖို့လဲ။
တေ အတ္တနော ကမ္မံ ကတွာ၊ ထိုလူတို့သည် မိမိ၏ အလုပ်ကို လုပ်၍။
ခါဒိဿန္တိတိ၊ စားကြလိမ့်မည်ဟု ပြောပြီ။
တေန ဟိ ဧကရစ္ဆဝါသီနံ၊ ထိုသို့ဖြစ်လျှင် တစ်လမ်းထဲ နေသူတို့အတွက်။
ပဟောနကေ ပစာမီတိ၊ စားလောက်ကုန်သော မုန့်တို့ကို ကြော်အံ့ဟု ပြောပြီ။
တဝ မဟဒ္ဓနဘာဝံ၊ နင်၏ များစွာပစ္စည်းရှိကြောင်းကို။
အဟံ ဇာနာမိ ဣတိ၊ ငါသည် သိပါ၏ဟု ပြောပြီ။
တေန ဟိ ဣမသ္မိံ ဂေဟမတ္တေ၊ ထိုသို့ဖြစ်လျှင် ဤတစ်အိမ်မျှ၌။
သဗ္ဗေသံ ပဟောနကံ ကတွာ၊ အားလုံးသော လူတို့အတွက် လောက်ငသည်ကို ပြု၍။
ပစာမီတိ၊ ကြော်မည်ဟု ပြောပြီ။
တဝ မဟဇ္ဈာသယ ဘာဝံ၊ ရှင်မ၏ သဘောကောင်းရှိကြောင်းကို။
အဟံ ဇာနာမိ ဣတိ၊ ငါသည် သိပါ၏ဟု ပြောပြီ။
တေန ဟိ တေ၊ ထိုသို့ဖြစ်လျှင် ရှင်သူဌေးမင်း၏။
ပုတ္တဒါရ မတ္တဿဝ၊ သားသမီးသားမယားမျှအတွက်သာ။
ပဟောနကံ ကတွာ၊ လောက်င သည်ကို ပြု၍။
ပစာမီတိ၊ ကြော်မည်ဟု ပြောပြီ။
တေ ဧတေဟိ၊ ရှင်မ၏ ထိုသား သမီးစသည်တို့ဖြင့်။
ကိံ ပန ဣတိ၊ ဘာလုပ်မှာလဲဟု ပြောပြီ။
တေန ဟိ မယှဉ္စ၊ ထိုသို့ဖြစ်လျှင် ရှင့်အတွက်လည်းကောင်း ကျွန်မအတွက်လည်းကောင်း။
ပဟောနကံ ကတွာ ပစာမီတိ၊ လောက်ငသည်ကို ပြု၍ ကြော်မည်ဟု ပြောပြီ။
တွံ ကိ ကရိဿသီတိ၊ ရှင်မသည် ဘာလုပ်ဖို့လဲဟု ပြောပြီ။
တေန ဟိ ဧကဿပ တေ၊ ထိုသို့ဖြစ်လျှင် တစ်ယောက်တည်းသာဖြစ်သော ရှင့်အတွက်။
ပဟောနကံ ကတွာ ပစာမီတိ၊ လောက်ငသည်ကို ပြု၍ ကြော်အံ့ဟု ပြောပြီ။
ဣမသ္မိံ ဌာနေ ပစ္စမာနံ၊ ဤနေရာ၌ ကြော်ခဲ့သော်။
ဗဟူ ပစ္စာသီသန္တိ၊ များစွာသော လူတို့သည် မျှော်ကြကုန်၏။
သကလတဏ္ဍလေ ဌပေတွာ၊ ဆန်ဖြူ ဆန်ကောင်း အားလုံးတို့ကို ထား၍။
ဘိန္နတဏ္ဍုလေ စ ဥဒ္ဓနကပလ္လာဒီနိ စ၊ ဆန်ကျိုးတို့ကိုလည်းကောင်း ဖိုခုံလောက်, အိုးကင်းစသည်တို့ကိုလည်းကောင်း။
အာဒါယ၊ ယူ၍။
ထောကံ ခီရသပ္ပိမဓုဖာဏိတဉ္စ ဂဟေတွာ၊ အနည်းငယ်သော နို့ရည်, ထောပတ်, ပျားရည်, တင်လဲကိုလည်း ယူ၍။
သတ္တုဘူမိကဿ ပါသာဒဿ၊ ခုနစ်ထပ်ရှိသော ပြာသာဒ် ၏။
ဥပရိမတလံ အာရုယှ ပစ၊ အထက်ဆုံးအထပ်သို့ တက်၍ ကြော်လော့။
တတ္ထ အဟံ၊ ထိုအထက်ဆုံးအထပ်၌ ငါသည်။
ဧကကောဝ နိသီဒိတွာ၊ တစ်ယောက်တည်းသာ ထိုင်၍။
ခါဒိဿာမီတိ အာဟ၊ စားမည်ဟု ပြောပြီ။
သာ သာဓူတိ ပဋိဏိ၊ ထိုသူဌေးကတော်သည် ကောင်းပြီဝန်ခံ။
ဂဟေတဗ္ဗ ဂါဟာပေတွာ၊ ယူသင့်သည်ကို ယူစေ၍။
ပါသာဒံ အာရုယှ၊ ပြာသာ သို့ တက်၍။
ဒါသိယော ဝိဿဇ္ဇေတွာ၊ ကျွန်မတို့ကို လွှတ်လိုက်၍။
သေဋ္ဌိံ ပက္ကောသာပေသိ၊ သူဌေးကို ခေါ်စေပြီ။
သော အာဒိတော ပဋ္ဌာယ၊ ထိုသူဌေး သည် အစဆုံးအထပ်မှ စ၍။
ဒွါရာနိ ပိဒဟန္တော၊ လူဝင်ပေါက်တို့ကို ပိတ်လျက်။
သဗ္ဗဒွါရေသု သူစိယဋိကာနိ ဒတွာ၊ လူဝင်တံခါးအားလုံးတို့၌ တံခါးကျည် မင်းတုပ် တို့ကို ပေး၍။
သတ္တမတလံ အဘိရုဟိတွာ၊ သတ္တမအထပ်သို့ တက်၍။
တတ္ထပိ၊ ထိုသတ္တမအထပ်၌လည်း။
ဒွါရံ ပိဒဟိတွာ နိသီဒိ၊ လူဝင်တံခါးကို ပိတ်၍ ထိုင်နေပြီ။
အဿ ဘရိယာပိ၊ ထိုသူဌေး၏ မယားသည်လည်း။
ဥဒ္ဓနေ အဂ္ဂ ဇာလေတွာ၊ ဖိုခွင်၌ မီးကို မွှေး၍။
ကပလ္လကံ အာရောပေတွာ၊ အိုးကင်းကို တင်၍။
ပူလေ ပစိတုံ အာရဘိ၊ မုန့်တို့ကို ကြော်ခြင်းငှာ အားထုတ်ပြီ။
အထ သတ္ထာ ပါတောဝ၊ ထိုအခါ ရှင်တော်ဘုရားသည် စောစော၌ပင်။
မဟာ မောဂ္ဂလ္လာနတ္ထရံ၊ ရှင်မဟာမောဂ္ဂလ္လာန်မထေရ်ကို။
“မောဂ္ဂလ္လာန ရာဇဂဟ နဂရဿ၊ မောဂ္ဂလ္လာန် ရာဇဂြိုဟ်မြို့၏။
အဝိဒူရေ သက္ကာရနိဂမေ၊ မနီးမဝေး ဖြစ်သော သက္ကာရနိဂုံး၌။
ဧသော မစ္ဆရိယကောသိယသေဋ္ဌိ၊ ထိုမစ္ဆရိယ ကောသိယသူဌေးသည်။
ကပလ္လပူဝေ ခါဒိဿာမီတိ၊ အိုးကင်းကြော်မုန့်တို့ကို စားမည်ဟု တွေး၍။
အညေသံ ဒဿနဘယေန၊ အခြားသူတို့၏ မြင်မည်မှ ကြောက်ခြင်းကြောင့်။
သတ္တဘူမိကေ ပါသာဒေ၊ ခုနစ်ထပ်ရှိသော ပြာသာဒ် အထက်၌။
ကပလ္လပူဝေ ပစာပေသိ၊ အိုးကင်းကြော်မုန့်တို့ကို ကြော်စေပြီ။
တွံ တတ္ထ ဂန္တွာ၊ သင်သည် ထိုနေရာသို့ သွား၍။
သေဋ္ဌိ ဒမေတွာ၊ ထိုသူဌေးကို ဆုံးမ၍။
နိဗ္ဗိသေဝနံ ကတွာ၊ နှမြောမှုကို အထူးမှီဝဲမှုမရှိသည်ကို ပြု၍။
ဥဘောပိ ဇယမ္ပတိကေ၊ လင်မယားနှစ်ယောက်လုံးတို့ကိုလည်း။
ပူဝေ စ၊ မုန့်တို့ကိုလည်း ကောင်း။
ခီရသပ္ပံမဓုဖာဏိတာဒီနိ စ၊ နို့ရည်, ထောပတ်, ပျားရည် တင်လဲစသည် တို့ကိုလည်းကောင်း။
ဂါဟာပေတွာ၊ ယူစေ၍။
အတ္တနော ဗလေန၊ မိမိ၏ စွမ်းအား ဖြင့်။
ဇေတဝနံ အာနေဟိ၊ ဇေတဝန်ကျောင်းတော်သို့ ခေါ်ဆောင်ခဲ့လော့။
အဇ္ဇ အဟံ၊ ယနေ့ ငါဘုရားသည်။
ပဉ္စဟိ ဘိက္ခုသတေဟိ သဒ္ဓိ၊ ငါးရာကုန်သော ရဟန်းတို့နှင့်အတူ။
ဝိဟာရေယေဝ နိသီဒိဿာမိ၊ ကျောင်းတော်၌သာ နေအံ့။
ပူဝေဟေဝ ဘတ္တကိစံ၊ မုန့်တို့ဖြင့်သာ ဆွမ်းကိစ္စကို။
ကရိဿာမီတိ အာမန္တေသိ၊ ပြုအံ့”ဟု ခေါ်ပြောပြီ။
ထေရော၊ အရှင်မဟာမောဂ္ဂလ္လာန်ထေရ်သည်။
သာဓု ဘန္တေတိ၊ ကောင်းပါပြီ ဘုရားဟု။
သတ္ထု၀စနံ သမ္ပဋိစ္ဆိတွာ၊ ဘုရားရှင်၏ စကား တော်ကို ဝန်ခံ၍။
တာဝဒေဝ ဣဒ္ဓိဗလေန၊ ထိုခဏ၌ပင် တန်ခိုးစွမ်းအားဖြင့်။
တံ နိဂမံ ဂန္တွာ၊ ထိုသက္ကာရနိဂုံးသို့ ကြွတော်မူ၍။
တဿ ပါသာဒဿ၊ မုန့်ကြော်နေ သည့် ထိုပြာသာဒ်၏။
သီဟပဉ္စရဒွါရေ၊ ခြင်္သေ့ရုပ်ခံသည့် လေသောက် ပြူတင်း တံခါး၌။
သုနိဝဏ္ဏော သုပါရတော၊ ကောင်းစွာဝတ်လျက် ကောင်းစွာရုံလျက်။
အာကာသေယေဝ၊ ကောင်းကင်၌သာ။
မဏိရူပကံ ၀ိယ အဋ္ဌာသိ၊ ပတ္တမြားရုပ်တု ကဲ့သို့ ရပ်တော်မူပြီ။
ထေရံ ဒိသွာဝ၊ အရှင်မောဂ္ဂလ္လာန်ထေရ်ကို မြင်၍ပင်။
မဟာသေဋ္ဌိနော ဟဒယမံသံ ကမ္ပိ၊ မစ္ဆရိယကောသိယသူဌေးကြီး၏ နှလုံးသားသည် တုန်လှုပ် သွားပြီ။
သော၊ ထိုမစ္ဆရိယကောသိယသူဌေးသည်။
“အဟံ ဧဝရူပါနံ ဘယေန ဧဝ၊ ငါသည် ဤသို့သဘောရှိသော ပုဂ္ဂိုလ်တို့ကို ကြောက်သောကြောင့်ပင်။
ဣမံ ဌာနံ အာဂတော၊ ဤနေရာသို့ ရောက်လာ၏။
အယဉ္စ အာဂန္တွာ၊ ဤရဟန်း သည်လည်း လာ၍။
ဝါတပါနဒွါရေ ဌိတောတိ၊ ပြုတင်းပေါက်၌ ဆွမ်းရပ် နေ၏” ဟု တွေး၍။
သော ဂဟေတဗ္ဗဂဟဏံ ပဿန္တော၊ ထိုမစ္ဆရိယကောသိယသူဌေး ဟု သည် ယူသင့်ယူကြောင်းကို မတွေ့မြင်၍။
အဂ္ဂမှိ ပက္ခိတ္တလောဏသက္ခရာ ဝိယ၊ မီး၌ ထည့်အပ်သော ဆားပွင့်ကဲ့သို့။
ဒေါသေန တဋတဋာယန္တော၊ ဒေါသဖြင့် တဖျစ်ဖျစ် မြည်လျက်။
“သမဏ, အာကာသေ ဌတွာ၊ ရဟန်းကောင်းကင်၌ ရပ်၍။
တွံ ကိံ လဘိဿသိ၊ သင်သည် ဘာကိုရလိမ့်မည်နည်း။
အပဒေ အာကာ သေ၊ ခြေရာမထင်သော ကောင်းကင်၌။
ပဒံ ဒဿေတွာ စင်္ကမန္တောပိ၊ ခြေရာကို ပြ၍ စင်္ကြံလျှောက်နေသော်လည်း။
နေဝ လဘိဿသီတိ၊ ရလိမ့်မည် မဟုတ်”ဟု။
ဧဝံ အာဟ၊ ဤသို့ ပြောပြီ။
ထေရော တသ္မိံယေဝ ဌာနေ၊ အရှင်မောဂ္ဂလ္လာန် ထေရ်သည် ထိုဌာန၌ပင်။
အပရာပရံ စင်္ကမိ၊ လူးလာတုံ့ခေါက် စင်္ကြံလျှောက်ပြီ။
“စင်္ကမန္တော က လဘိဿသိ၊ စင်္ကြံလျှောက်သော်လည်း ဘာကို ရလိမ့်မည်နည်း။
အာကာသေ ပလ္လင်္ကေန၊ ကောင်းကင်၌ တင်ပလ္လင်ခွေဖြင့်။
နိသီဒမာနောပိ၊ ထိုင်နေ သော်လည်း။
န လဘိဿသိယေဝါတိ၊ ရလိမ့်မည် မဟုတ်သည်သာတည်း”ဟု။
သေဋ္ဌိ အာဟ၊ သူဌေးသည် ပြောပြီ။
ထေရော ပလ္လင်္က၊ အရှင်မောဂ္ဂလ္လာန် ထေရ်သည် တင်ပလ္လင်ကို။
အာဘုဇိတွာ နိသီဒိ၊ ခွေ၍ နေပြီ။
အထ နံ၊ ထိုအခါထိုအရှင်မောဂ္ဂလ္လာန်ထေရ်ကို။
“နိသိန္နော ကိံလဘိဿသိ၊ ထိုင်နေသော်လည်း ဘာကို ရလိမ့်မည်နည်း။
အာဂန္တွာ ဝါတပါနဥမ္မာရေ၊ လာ၍ ပြူတင်းတံခါးခုံ၌။
ဌိတောပိ န လဘိဿသီသိ အာဟ၊ ရပ်သော်လည်း ရလိမ့် မည်မဟုတ်ဟု ပြောပြီ။
အထ ထေရော၊ ထိုအခါ အရှင်မောဂ္ဂလ္လာန်ထေရ်သည်။
ဥမ္မာရေ အဋ္ဌာသိ၊ ပြူတင်းတံခါးခုံ၌ ရပ်တော်မူပြီ။
အထ နံ၊ ထိုအခါ ထို အရှင်မောဂ္ဂလ္လာန်ထေရ်ကို။
“ဥမ္မာရေ ဌိတော၊ ပြူတင်းတံခါးခုံ၌ ရပ်သော်လည်း။
ကိံ လဘိဿသိ၊ ဘာကို ရလိမ့်မည်နည်း။
မူမာယန္တောပိ၊ မီးခိုးထွက် မီးခိုးလွှတ် သော်လည်း။
န လဘိဿသိယေဝါဟိ အာဟ၊ မရလတံ့သာတည်း”ဟု ပြောပြီ။
ထေရော ဓူမာယိ၊ ရှင်မောဂ္ဂလ္လာန်ထေရ်သည် မီးခိုးထွက် မီးခိုးလွှတ်ပြီ။
ပါသာဒေါ၊ ပြာသာဒ်တစ်ဆောင်လုံးသည်။
ဧကမူမော အဟောသိ၊ မီးခိုး တစ်လုံးတည်းသည် ဖြစ်ပြီ။
သေဋ္ဌိနော အက္ခီနံ၊ သူဌေးကြီး၏ မျက်စိတို့ကို။
သူစိယာ၊ အပ်ဖြင့်။
ဝိဇ္ဇနကာလော ဝိယ ဇာတော၊ ထိုးရာကာလကဲ့သို့ ဖြစ်ပြီ။
ဂေဟဇ္ဈာယန ဘယေန ပန နံ၊ အိမ်မီးလောင်မည်ကြောက်သောကြောင့်ကား ထိုအရှင် မောဂ္ဂလ္လာန်ထေရ်ကို။
“ပဇ္ဇလန္တောပိ၊ မီးလျှံလွှတ်သော်လည်း။
န လဘိဿသီတိ အဝတွာ၊ မရလတံ့”ဟု မပြောမူ၍။
“အယံ သမဏော သုဠု လဂ္ဂေါ၊ ဤရဟန်း သည် လွန်စွာ မက်မောနေ၏။
အလဒ္ဓါ န ဂမိဿတိ၊ မရသော် မသွားလတံ့။
အဿ ဧကံ ပူဝံ၊ ဤရဟန်းအား တစ်ခုသော မုန့်ကို။
ဒါပေဿာမီတိ စိန္တေသိ၊ လှူစေအံ့”ဟု တွေးပြီ။
ဣတိ ဘရိယာ၊ ဤသို့တွေး၍ မယားကို။
“ဘဒ္ဒေ ဧကံ ခုဒ္ဒကပူဝံ၊ နှမ တစ်ခုသော မုန့်ကလေးကို။
ပစိတွာ သမဏဿ ဒတွာ၊ ကြော်၍ ရဟန်းအား လှူ၍။
နံ ဥယျောဇေဟီတိ အာဟ၊ ထိုရဟန်းကို လွှတ် လိုက်ပါ”ဟု ပြောပြီ။
သာ ထောကညေဝ ပိဋ္ဌံ၊ ထိုမယားသည် အနည်းငယ်သာ ဖြစ်သော မုန့်ရည်ကို။
ကပလ္လပါတိယံ ပက္ခိပိ၊ ဒယ်အိုးကင်း၌ ထည့်ပြီ။
မဟာပူဝေါ ဟုတွာ၊ မုန့်ကြီးသည် ဖြစ်၍။
သကလပါတီ ပူရေတွာ၊ အိုးကင်းတစ်ခုလုံးကို ပြည့်စေ၍။
ဥဒ္ဓုမာတော အဋ္ဌာသိ၊ အထက်၌ ပွတက်၍ (ပွပွရွရွကြီး) တည်ပြီ။
သေဋ္ဌိ တံ ဒိသွာ၊ မစ္ဆရိယကောသိယသူဌေးသည် ထိုမုန့်ကြီးကို မြင်ရ၍။
“တယာ ဗဟု ပိဋ္ဌံ၊ နင်သည် များစွာသော မုန့်ရည်ကို။
ဂဟိတံ ဘဝိဿတီတိ၊ ယူအပ်သည် ဖြစ်လတံ့”ဟု ပြော၍။
သယမေဝ ဒဗ္ဗိကဏ္ဏေ န၊ ကိုယ်တိုင်ပင် ဇွန်း ဖျားဖြင့်။
ထောကတရံ ပိဋ္ဌံ၊ သာ၍နည်းသော မုန့်ရည်ကို။
ဂဟေတွာ ပက္ခိပိ၊ ယူ၍ ထည့်ပြီ။
ပူဝေါ ပုရိမဂ္ဂဝတော၊ နောကမုန့်သည် ရှေးမုန့်ထက်။
ဇာတော၊ သာ၍ကြီးသည် ဖြစ်ပြီ။
ဧဝံ ယံ ယံ ပစတိ၊ ဤသို့ အကြင်အကြင်မုန့်ကို ကြော်၏။
သော သော၊ ထိုထိုနောက်ကြော်သော မုန့်သည်။
မဟန္တမဟန္တောဝ ဟောတိ၊ ကြီးသည်ထက် ကြီးသည်သာ ဖြစ်၏။
သော နိဗ္ဗိန္နော၊ ထိုသူဌေးသည် ငြီးငွေ့၍။
“ဘဒွေ ဣမဿ၊ ရှင်မ ဤရဟန်းအား။
ဧကံ ပူဂံ ဒေဟီတိ၊ တစ်ချပ်သော မုန့်ကို လှူလိုက်ပါ”ဟု။
ဘရိယံ အာဟ၊ မယားကို ပြောပြီ။
ပစ္ဆိတော ဧကံ ပူဝံ၊ တောင်းထဲမှ တစ်ချပ်သော မုန့်ကို။
ဂဏှန္တိယာ တဿာ၊ ယူသော ထိုသူဌေးမအား။
သဗ္ဗေ ဧကာဗုဒ္ဓါ အလ္လီယိံသု၊ မုန့်အားလုံးတို့သည် တပေါင်းတည်း ဖွဲ့စပ်၍ ကပ်နေ ကုန်ပြီ။
သာ သေဋ္ဌိံ၊ ထိုသူဌေးကတော်သည် သူဌေးကြီးကို။
“သာမိ သဗ္ဗေ ပုဝါ၊ အရှင် အားလုံးကုန်သော မုန့်တို့သည်။
ဧကကော လဂ္ဂါ၊ တပေါင်းတည်း ကပ်နေ ကုန်၏။
ဝိသုံ ကာတုံ၊ တစ်ခုစီဖြစ်အောင် ပြုခြင်းငှာ။
န သက္ကောမီတိ အာဟ၊ မစွမ်းနိုင်”ဟု ပြောပြီ။
အဟံ ကရိဿာမီတိ၊ ငါသည် ပြုအံ့ဟု ပြော၍။
သောပိ ကာတုံ နာသက္ခိ၊ ထိုသူဌေးသည်လည်း ပြုခြင်းငှာ မစွမ်းနိုင်ပြီ။
ဥဘော ဇနာ၊ နှစ်ယောက်ကုန်သော လင်မယားတို့သည်။
ကောဋိယံ ဂဟေတွာ ကဍ္ဎန္တာပိ၊ အစွန်း ၌ ကိုင်၍ ဆွဲကြသော်လည်း။
ဝိယောဇေတုံ နာသင်္ကြံသုယေဝ၊ ခွါခြင်းငှာ မစွမ်းနိုင် ကြသည်။
သာအထ ပူဝေဟိ သဒ္ဓိံ၊ ထိုအခါ မုန့်တို့နှင့် အတူ။
ဝါယမန္တသေဝ အဿ၊ အားထုတ်သည်သာဖြစ်သော ထိုသူဌေး၏။
သရီရတော သေဒါ မုစ္စိံသု၊ ကိုယ်မှ ချွေးတို့သည် လွတ်ကုန် ထွက်ကုန်ပြီ။
ပိပါသာ စ ပစ္ဆိဇ္ဇိ၊ စားချင်မှုသည် လည်း ပြတ်သွားပြီ။
တတော ဘရိယံ၊ ထို့ကြောင့် မယားကို။
“ဘဒွေ မေ၊ ရှင်မ ငါ့အား။
ပူဝေဟိ န အတ္ထော၊ မုန့်တို့ဖြင့် အလိုမရှိ။
ပစ္ဆိယာ သဒ္ဓိံယေဝ၊ တောင်းနှင့် အတူသာ။
ဣမဿ ဘိက္ခုဿ၊ ဤရဟန်းအား။
ဒေဟီတိ အာဟ၊ လှူလိုက်ပါ”ဟု ပြောပြီ။
သာ ပစ္ဆိံ အာဒါယ၊ ထိုသူဌေးကတော်သည် မုန့်တောင်းကို ယူ၍။
ထေရံ ဥပသင်္ကမိတွာ၊ အရှင်မောဂ္ဂလ္လာန်ထေရ်သို့ ချဉ်းကပ်၍။
သဗ္ဗေ ပူဝေ၊ အားလုံးကုန် သော မုန့်တို့ကို။
ထေရဿ အဒါသိ၊ အရှင်မောဂ္ဂလ္လာန်ထေရ်အား လှူပြီ။
လေရော ဥဘိန္နမ္ပိ၊ အရှင်မောဂ္ဂလ္လာန်ထေရ်သည် လင်မယားနှစ်ယောက်တို့အားလည်း။
ဓမ္မံ ဒေသေသိ၊ တရားကို ဟောပြီ။
တိဏ္ဏ ရတနာနံ၊ သုံးပါးကုန်သော ရတနာတို့၏။
ဂုဏေ ကထေသိ၊ ဂုဏ်တို့ကို ဟောပြောပြီ။
“ဒိန္နံ အတ္ထိ၊ အလှူအကျိုးသည် ရှိ၏။
ယိဒံ အတီတိ၊ ပူဇော်မှုအကျိုးသည် ရှိ၏”ဟု။
ဒါနာဒီနံ ဖလံ၊ ဒါနစသည်တို့၏ကောင်းကျိုးကို။
ဂဂနတလေ၊ ကောင်းကင်ပြင်၌။
ပုဏ္ဏစန္ဒ ဝိယ ဒဿေသိ၊ လပြည့်ဝန်းကဲ့သို့ ဟောပြပြီ။
သုတွာ၊ ထိုတရားစကားကို ကြားနာရ၍။
ပသန္နစိတ္တော သေဋ္ဌိ၊ ကြည်ညို သော စိတ်ရှိသော သူဌေးကြီးသည်။
“ဘန္တေ အာဂန္တွာ၊ အရှင်ဘုရား ကြွလာ၍။
ဣမသ္မိံ ပလ္လင်္ကေ နိသီဒိတွာ၊ ဤပလ္လင်ပေါ်၌ ထိုင်တော်မူ၍။
ပူဝေ ပရိဘုဉ္ဇထာတိ အာဟ၊ မုန့်တို့ကို ဘုဉ်းပေးတော်မူကြပါ”ဟု လျှောက်ပြီ။
ထေရော၊ အရှင် မောဂ္ဂလ္လာန်ထေရ်သည်။
“မဟာသေဋ္ဌိ သမ္မာသမ္ဗုဒ္ဓေါ၊ သူဌေးကြီး ရှင်တော် မြတ်ဘုရားသည်။
ပူဝေ ခါဒိဿာမီတိ၊ အိုးကင်းကြော်မုံ့တို့ကို ဘုဉ်းပေးတော်မူ မည်ဟု။
ပဉ္စဟိ ဘိက္ခုသတေဟိ သဒ္ဓိံ၊ ငါးရာကုန်သော ရဟန်းတို့နှင့် အတူ။
ဝိဟာရေ နိသိန္နော၊ ကျောင်းတော်၌ ထိုင်နေတော်မူ၏။
တုမှာကံ ရုစိယာ သတိ၊ သင်သူဌေးကြီးတို့၏ အလိုဆန္ဒသည် ရှိခဲ့သော်။
သေဋ္ဌိဘရိယံ ပူဝေ စ၊ သူဌေးကတော်ကို မုန့်တို့ကိုလည်းကောင်း။
ခီရာဒီနိ ဂဏှာပေထ၊ နွားနို့စသည် တို့ကိုလည်းကောင်း ယူစေကုန်လော့။
သတ္ထု သန္တိကံ၊ ဘုရားရှင်၏ အထံသို့။
ဂမိဿာမာတိ အာဟ၊ သွားကြမည်”ဟု မိန့်ပြီ။
ဘန္တေ ဧတရဟိ၊ အိုအရှင်ဘုရား ယခုအခါ၌။
သတ္ထာ ကဟံ ပန ဣတိ၊ ရှင်တော်ဘုရားသည် ဘယ်မှာနည်းဟု မေးပြီ။
တော ပဉ္စ စတ္တာလီသယောဇနမတ္ထကေ၊ ဤသက္ကာရနိဂုံးမှ လေးဆယ့် ငါးယူဇနာ ထက်၌။
ဇေတဝနမဟာဝိဟာရေတိ၊ ဇေတဝန်ကျောင်းတော်ကြီး၌ဟု ဖြေပြီ။
ဘန္တေ ကာလံ အနတိက္ကမိတွာ၊ အရှင်ဘုရား ဆွမ်းစားချိန်ကို မကျော်လွန် မူ၍။
ဧတ္တကံ အဒ္ဓါနံ၊ ဤမျှရှိသော ခရီးကို။
ကထံ ဂမိဿာမာတိ၊ ဘယ်ကဲ့သို့ သွားကြ မည်နည်းဟု မေးပြီ။
မဟာသေဋ္ဌိ တုမှာကံ၊ သူဌေးကြီး သင်တို့၏။
ရုစိယာ သတိ၊ အလိုဆန္ဒသည် ရှိခဲ့သော်။
အတ္တနော ဣဒ္ဓိဗလေန၊ မိမိ၏ တန်ခိုးစွမ်းအား ဖြင့်။
အဟံ ဝေါ နေဿာမိ၊ ငါသည် သင်တို့ကို ဆောင်ပို့အံ့။
တုမှာကံ ပါသာဒေ၊ သင်တို့၏ ပြာသာဒ်၌။
သောပါနသီသံ၊ စောင်းတန်းဦးသည်။
အတ္တနော ဌာနေ ယေဝ ဘဝိဿတိ၊ မိမိ၏ နေရာ၌ပင် ဖြစ်လတံ့။
သောပါနပရိယောသာနံ ပန၊ စောင်းတန်းလှေခါးအဆုံးသည်ကား။
ဇေတဝနဒွါရကောဋ္ဌကေ ဘဝိဿတိ၊ ဇေတဝန်ကျောင်းတော်တံခါးမုခ်၌ ဖြစ်လိမ့်မည်။
ဥပရိပါသာဒါ ဟေဋ္ဌာပါသာဒံ၊ ပြာသာဒ်ထက်မှ ပြာသာဒ်အောက်သို့။
ဩတရဏကာလမတ္တေန၊ သက်ဆင်းရာ အချိန်မျှဖြင့်။
ဝေါ ဇေတဝနံ နေဿာမီတိ၊ သင်တို့ကို ဇေတဝန်ကျောင်းသို့ ဆောင်ပို့အံ့ဟု ပြောပြီ။
သော၊ ထိုသူဌေးကြီးသည်။
သာဓု ဘန္တေတိ သမ္ပဋိစ္ဆိ၊ ကောင်းပါပြီ အရှင်ဘုရားဟု လျှောက်ထားလက်ခံပြီ။
ထေရော သောပါနသီသံ၊ အရှင် မောဂ္ဂလ္လာန်ထေရ်သည် စောင်းတန်းဦးကို။
တစ္စေဝ ကတွာ၊ ထိုရှိမြဲနေရာ၌ပင် ပြုတော်မူ၍။
“သောပါနပါဒမူလံ၊ စောင်းတန်းခြေရင်းသည်။
တဝနဒွါရ ကောဋ္ဌကေ၊ ဇေတဝန်ကျောင်းတော်တံခါးမုခ်၌။
ဟောတူတိ အဓိဋ္ဌာသိ၊ ဖြစ်စေ” ဟု အဓိဋ္ဌာန်တော်မူပြီ။
တထေဝ အဟောသိ၊ ထိုအဓိဋ္ဌာန်သည့်အတိုင်းသာ ဖြစ်ပြီ။
ဣတိ ထေရော၊ ဤကဲ့သို့ ရှင်မောဂ္ဂလ္လာန်ထေရ်သည်။
သေဋ္ဌိံ စ သေဋ္ဌိဘရိယဉ္စ၊ သူဌေးကိုလည်းကောင်း သူဌေးကတော်ကိုလည်းကောင်း။
ဥပရိပါသာဒါ၊ ပြာသာဒ်ထက်မှ။
ဟေဋ္ဌာ ဩတရဏကာလတော ခိပ္ပတရံ၊ ပြာသာဒ်အောက် ဆင်းရာအချိန်ထက် သာ၍ မြန်စွာ။
ဇေတဝနံ သမ္ပာပေသိ၊ ဇေတဝန်ကျောင်းတော် သို့ ကောင်းစွာ ရောက်စေပြီ။
တေ ဥဘောပိ သတ္ထာရံ၊ ထိုသူဌေးလင်မယား နှစ်ယောက်တို့သည်လည်း ဘုရားရှင်ကို။
ဥပသင်္ကမိတွာ ဝန္ဒိတွာ၊ ချဉ်းကပ်၍ ရှိခိုး၍။
ကာလံ အာရောစေသုံ၊ ဆွမ်းစားချိန်ကို လျှောက်ထားကုန်ပြီ။
သတ္ထာ ဘတ္တတ္တံ ပဝိသိတွာ၊ ဘုရားရှင်သည် ဆွမ်းစားကျောင်းသို့ ဝင်တော်မူ၍။
ပညတ္တဝရ ဗုဒ္ဓါသနေ၊ ခင်းထားအပ်သော မြတ်သော ဘုရားနေရာ၌။
ဘိက္ခုသင်္ဃေန သဒ္ဓိ နိသီဒိ၊ ရဟန်းသံဃာနှင့်အတူ ထိုင်တော်မူပြီ။
မဟာသေဋ္ဌိ ဗုဒ္ဓပ္ပမုခဿ ဘိက္ခုသင်္ဃဿ၊ သူဌေးကြီးသည် ဘုရားအမှူးရှိသော ရဟန်းသံဃာအား။
ဒက္ခိဏောဒကံ အဒါသိ၊ အလှူရေစက်ကို ပေးလှူပြီ။
သေဋ္ဌိဘရိယာ တထာဂတဿ ပတ္တေ၊ သူဌေးကတော်သည် ဘုရားရှင်၏ သပိတ်တော်၌။
ပူဝေ ပတိဋ္ဌာပေသိ၊ မုန့်တို့ကို ထည့်ပြီ လောင်းလှူပြီ။
သတ္ထာ အတ္တနော၊ ဘုရားရှင်သည် ကိုယ်တော် အတွက်။
ယာပနမတ္တံ ဂဏှိ၊ မျှတရုံမျှကို အလှူခံယူတော်မူပြီ။
ပဉ္စသတာ ဘိက္ခုူပိ၊ ငါးရာကုန်သော ရဟန်းတို့သည်လည်း။
တထေဝ ဂဏှိံ သု၊ ထို့အတူသာ အလှူခံယူ တော်မူကြပြီ။
ခီရသပ္ပံမဓုဖာဏိတသက္ခရာဒီနိ၊ နို့ရည်, ထောပတ်, ပျားရည် တင်လဲ သကာခဲစသည်တို့ကို။
သေဋ္ဌိ ဒဒမာနော အဂမာသိ၊ သူဌေးကြီးသည် ပေးလှူ လျက် သွားပြီ။
သတ္ထာ၊ ဘုရားရှင်သည်။
ပဉ္စဟိ ဘိက္ခုသတေဟိ၊ ရဟန်းငါးရာ တို့နှင့် အတူ။
ဘတ္တကိစ္စ နိဋ္ဌာပေသိ၊ ဆွမ်းကိစ္စကို ပြီးစေတော်မူပြီ။
မဟာသေဋ္ဌိပိ၊ သူဌေးကြီးသည်လည်း။
ဘရိယာယ၊ မယားနှင့် အတူ။
ယာဝဒတ္ထံ ခါဒိ၊ အလိုရှိတိုင်း စားပြီ။
ပူဝါနံ ပရိယောသာနမေဝ၊ မုန့်တို့၏ ကုန်ဆုံးမှုသည်ပင်။
နပညာယတိ၊ မထင် မတွေ့ရ။
သကလဝိဟာရေ၊ ကျောင်းတိုက်တစ်ခုလုံးကို။
ဘိက္ခူ နဉ္စ ဝိယာသာဒါနဉ္စ၊ ရဟန်းတို့အားလည်းကောင်း စားကြွင်းတို့အား လည်းကောင်း။
ဒိန္နေပိ၊ ပေးလှူအပ်ပါသော်လည်း။
ပရိယန္တော န ပညာယတိ၊ အဆုံးအပိုင်းခြားသည် မထင်ရှား။
“ဘန္တေ ပုဝါ၊ မြတ်စွာဘုရား မုန့်တို့သည်။
ပရိက္ခယံ န ဂစ္ဆန္တီတိ၊ ကုန်ခြင်းသို့ မရောက်ကြပါ”ဟု။
ဘဂဝတော အာရောစေသုံ၊ မြတ်စွာဘုရားအား လျှောက်ထားကုန်ပြီ။
တေနဟိ၊ ထိုသို့ဖြစ်လျှင်။
ဇေတဝန် ဒွါရကောဌကေ၊ ဇေတဝန်တံခါးမုခ်၌။
ဆဍ္ဍေထာတိ၊ စွန့်ကြဟု မိန့်တော်မူပြီ။
အထ နေ၊ ထိုအခါ ထိုမုန့်တို့ကို။
ဒွါရကောဋ္ဌကဿ အဝိဒူရေ၊ ကျောင်းတိုက် တံခါးမုခ်၏ မနီးမဝေး၌။
ပဗ္ဗာရဌာနေ ဆဍ္ဍယိံသု၊ ချိုင့်ဝှမ်းရာဌာန၌ စွန့်ပစ်ကြပြီ။
အဇ္ဇတနာပိ တံ ဌာနံ၊ ယနေ့တိုင်အောင်လည်း ထိုဌာနသည်။
ကပလ္လဝ ပတ္တာရောတွေဝ ပညာယတိ၊ အိုးကင်းကြော်မုန့်ချိုင့်ဝှမ်းဟူ၍သာ ထင်ရှား၏။
သေဋ္ဌိ ဘရိယာယ သဒ္ဓိံ၊ သူဌေးကြီးသည် မယားနှင့် အတူ။
ဘဂဝန္တံ ဥပသင်္က မိတွာ၊ ဘုရားရှင်သို့ ချဉ်းကပ်၍။
ဧကမန္တံ အဋ္ဌာသိ၊ သင့်လျော်ရာ၌ တည်ပြီ။
ဘဂဝါ အနုမောဒနံ အကာသိ၊ ဘုရားရှင်သည် ဝမ်းမြောက်ကြောင်း တရားစကား ကို ဟောကြားမှု ပြုတော်မူပြီ။
အနုမောဒနာပရိယောသာနေ၊ အနုမောဒနာတရားအဆုံး၌။
ဘောပိ သောတာပတ္တိဖလေ ပတိဋ္ဌာယ၊ လင်မယားနှစ်ယောက် တို့သည်လည်း သောတာပတ္တိဖိုလ်၌ ။
တည်ကြသတ္တာရံ ဝန္ဒိတွာ၊ ဘုရားရှင်ကို ရှိခိုး၍။
ဒွါရကောဋ္ဌကေ သောပါနံ အာရုယှ၊ ဇေတဝန် ကျောင်းတိုက်တံခါးမုခ်၌ စောင်းတန်းသို့ တက်ကြ၍။
အတ္တနော ပါသာဒေယေဝ ပတိဋ္ဌတိံသု၊ မိမိ၏ ပြာသာဒ်၌သာ တည်ကြပြီ။
တတော ပဋ္ဌာယ၊ ထိုနေ့မှ စ၍။
မဟာသေဋ္ဌိ၊ သူဌေး ကြီးသည်။
အသီတိကောဋိဓနံ၊ ကုဋေရှစ်ဆယ်သော ဥစ္စာကို။
ဗုဒ္ဓသာသနေယေဝ ဝိကိရိ၊ မြတ်စွာဘုရားသာသနာတော်၌သာ စွန့်ကြဲလှူဒါန်းပြီ။
ပုနဒိဝသေ သမ္မာသမ္ဗုဒ္ဓေ၊ နောက်နေ့၌ ဘုရားရှင်သည်။
သာဝတ္ထိယံ ပိဏ္ဍာယ စရိတွာ၊ သာဝတ္ထိမြို့ ၌ ဆွမ်းအကျိုးငှာ လှည့်လည်၍။
ဇေတဝနံ အာဂမ္မ၊ ဇေတဝန် ကျောင်းတော်သို့ လာ၍။
ဘိက္ခူနံ သုဂတောဝါဒံ ဒတွာ၊ ရဟန်းတို့အား ဘုရားတို့ ဩဝါဒကို ပေးတော်မူ၍။
ဂန္ဓကုဋိံ ပဝိသိတွာ ပဋိသလ္လနေ၊ ဂန္ဓကုဋိသို့ ဝင်တော်မူ၍ ကိန်းအောင်းတော်မူသော်။
သာယနှသမယေ ဓမ္မသဘာယံ၊ ညနေချမ်းအခါ၌ တရားသဘင်၌။
သန္နိပတိတာ ဘိက္ခူ၊ ကောင်းစွာကျရောက်စုဝေးကုန်သောရဟန်းတို့သည်။
“အာဝုသော မဟာမောဂ္ဂလ္လာနတ္ထေရဿ၊ ငါ့ရှင်တို့ အရှင်မဟာ မောဂ္ဂလ္လာန်မထေရ်၏။
အာနုဘာဝံ ပဿထ၊ တန်ခိုးအာနုဘော်ကို ကြည့်ကြပါ ကုန်။
“သဒ္ဓံ အနုပဟစ္စ၊ သဒ္ဓါတရားကို မထိပါးမူ၍။
ဘောဂေ အနုပဟစ္စ၊ စည်းစိမ် ဥစ္စာတို့ကို မထိခိုက်မူ၍။
မစ္ဆရိယသေဋ္ဌိံ၊ မစ္ဆရိယသူဌေးကို။
မုဟုတ္တေနေဝ ဒမေတွာ၊ တစ်မုဟုတ်ခြင်းဖြင့်သာ ဆုံးမ၍။
နိဗ္ဗိသေဝနံ ကတွာ၊ နှမြောမှု၌ အထူးမှီဝဲမှုမရှိ သည်ကို ပြု၍။
ပူဝေ ဂါဟာပေတွာ၊ အိုးကင်းကြော်မုန့်တို့ကို ယူစေ၍။
ဇေတဝနံ အာနေတွာ၊ ဇေတဝန်ကျောင်းတော်သို့ ခေါ်ဆောင်၍။
သတ္ထု သမ္မုခံ ကတွာ၊ ဘုရားရှင်၏ မျက်မှောက်ကို ပြု၍။
သောတာပတ္တိဖလေ ပတိဌာပေသိ၊ သောတာ ပတ္တိဖိုလ်၌ တည်စေပြီ။
ထေရော အဟော မဟာနုဘာဝေါတိ၊ အရှင်မောဂ္ဂလ္လာန် ထေရ်သည် အော်. တန်ခိုးကြီးပါပေစွ”ဟု။
ထေရဿ ဂုဏကထံ၊ အရှင် မောဂ္ဂလ္လာန်ထေရ်၏ ဂုဏ်နှင့်စပ်သော စကားကို။
ကထေန္တာ နိသီဒိံသု၊ ပြောကြ လျက် ထိုင်နေကုန်ပြီ။
သတ္ထာ အာဂန္တွာ၊ ဘုရားရှင်သည် ကြွလာတော်မူ၍။
“ဘိက္ခဝေ ဧတရဟိ၊ ရဟန်းတို့ ယခုအခါ၌။
ကာယ ကထာယ သန္နိသိန္နာ၊ အဘယ် မည်သော စကားဖြင့် ကောင်းစွာ ထိုင်နေကြသည်။
အတ္ထ နူတိ ပုဗ္ဘိတွာ၊ ဖြစ်ကုန် သနည်း”ဟု မေးတော်မူ၍။
“ဣမာယ နာမာတိ ဝုတ္တေ၊ ဤမည်သော စကား ဖြင့်ပါ”ဟု လျှောက်ထားအပ်သော်။
“ဘိက္ခဝေ ကုလဒမကေန ဘိက္ခုနာ နာမ၊ ရဟန်းတို့ ဒါယကာဒါယိကာမတို့အား ဆုံးမသော ရဟန်းမည်သည်။
ကုလေ၊ ဒါယကာဒါယိကာမတို့ကို။
အဝိဟေဌေတွာ အကိလမေတွာ၊ မညှင်းဆဲမူ၍ မပင်ပန်းစေမူ၍။
ပုပ္ပတော ရေဏုံ၊ ပန်းပွင့်မှ ဝတ်ရည်ကို။
ဂဏှန္တေန ဘမရေန ဝိယ၊ စုပ်ယူသော ပျားပိတုံးကဲ့သို့။
ဥပသင်္ကမိတွာ၊ ချဉ်းကပ်၍။
ဗုဒ္ဓဂုဏေ ဇာနာပေတန္တိ ဝတွာ၊ ဘုရားဂုဏ်ကျေးဇူးတို့ကို သိစေလိုက်၏”ဟု မိန့်တော်မူ၍။
ထေရံ ပသံသန္တော၊ အရှင်မောဂ္ဂလ္လာန်ထေရ်ကို ချီးမွမ်းလိုရကား။
ပုပ္ဖံ ဝဏ္ဏဂန္ဓ၊ အပွင့်ကိုလည်းကောင်း အဆင်းအနံ့ကိုလည်းကောင်း။
အဟေဌယံ၊ မညှင်းဆဲ မထိခိုက်စေမူ၍။
ရသံ အာဒါယ၊ ပန်းဝတ်ရည်ကို စုပ်ယူ၍။
ဘမရော ပလေတိ ယထာပိ၊ ပျားပိတုံးသည် ပျံသွားဘိသကဲ့သို့။
ဧဝံ မုနိ၊ ဤအတူသာ ရဟန်းတော်သည်။
ဂါမေ စရေ၊ ရွာကိုမှတ်သား လူနေဌာနများ၌ ကျင့်သုံးရာ၏။
ဣမံ ဂါထံ ဓမ္မပဒေ ဝတွာ၊ ဤဂါထာကို ဓမ္မ ပဒ၌ ဟောတော်မူ၍။
ဥတ္တရိပိ ထေရဿ၊ ထို့ထက်အလွန်လည်း အရှင် မောဂ္ဂလ္လာန်ထေရ်၏။
ဂုဏံ ပကာသေတုံ၊ ဂုဏ်ကို ထင်ရှားပြခြင်းငှာ။
"ဘိက္ခဝေ ဣဒါနေဝ မောဂ္ဂလ္လာနေန၊ ရဟန်းတို့ ယခုအခါ၌သာ မောဂ္ဂလ္လာန်သည်။
သေဋ္ဌိ ဒမိတော န၊ မစ္ဆရိယကို ဆုံးမအပ်သည် မဟုတ်သေး။
ပုဗ္ဗေပိ တံ ဒမေတွာ၊ ရှေးကလည်း ထိုမစ္ဆရိယသူဌေးကို ဆုံးမ၍။
ကမ္မဖလသမ္ဗန္ဓံ၊ ကံ၏အကျိုးနှင့် စပ်သည်ကို။
ဇာနာပေသိယေဝါသိ ဝတွာ၊ သိစေဖူးသည်သာ”ဟု မိန့်တော်မူ၍။
အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။
ဗြဟ္မဒတ္တေ ရဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။
အသီတိကောဋိဝိဘဝေါ၊ ကုဋေရှစ်ဆယ်စည်းစိမ်ရှိသော။
ပုရိသဒေါသသမန္နာဂတော၊ ယောက်ျားယုတ် အပြစ်တို့နှင့် ပြည့်စုံသော။
ခဉ္စော ကုဏီ၊ ခြေခွင်သော လက်ကောက်သော။
ဝိသမတ္ထိ မဏ္ဍလော၊ မညီညွတ်သော မျက်ဝန်းရှိသော။
အဿဒ္ဓေါ အပ္ပသန္နော၊ သဒ္ဓါတရား မရှိသော သူတော်ကောင်းမကြည်ညိုသော။
မစ္ဆရီ၊ ဝန်တိုသော။
ဣတ္ထိသော နာမ သေဋ္ဌိ အဟောသိ၊ ဣလ္လိသမည်သော သူဌေးသည် ရှိပြီ။
အညေသံ နေဝ ဒေတိ၊ အခြားသူတို့အား လုံးဝမပေး။
သယံ န ပရိဘုဉ္ဇတိ၊ ကိုယ်တိုင်လည်း အသုံးမပြု။
အဿ ဂေဟံ၊ ထိုက္ကလိသသူဌေး၏ အိမ်သည်။
ရက္ခသပရိဂ္ဂဟိတပေါက္ခရဏီ ဝိယ အဟောသိ၊ ရေစောင့်ဘီလူး သိမ်းပိုက်အပ်သော ရေကန်ကဲ့သို့ ဖြစ်ပြီ။
အဿ မာတာပိတရော ပန၊ ထိုဣတ္ထိသသူဌေး၏ မိဘဘိုးဘွားတို့သည်ကား။
ယာဝကုလ ပရိဝဋ္ဋာ၊ ခုနစ်ဆက်မြောက်တိုင်အောင်သော အမျိုးအစဉ်ဆက်တိုင်အောင်။
ဒါယကာ ဒါနပတိနော၊ အလှူဒါယကာတို့ဖြစ်ကုန်၏ အလှူရှင်တို့ဖြစ်ကုန်၏။
သေဋ္ဌိဋ္ဌာနံ လဘိတွာယေ၀၊ ထိုက္ကလိသသည် သူဌေးရာထူးကို ရ၍ပင်။
ကုလဝံသံ နာသေတွာ၊ အမျိုးအနွယ်အစဉ်လာကို ဖျက်ဆီး၍။
ဒါနသာလံ ဈာပေတွာ၊ အလှူ မဏ္ဍပ်ကို မီးရှို့၍။
ယာစကေ ပေါထေတွာ နိက္ကမိတွာ၊ တောင်းသူတို့ကို ရိုက်ပုတ်၍ ဆွဲငင်ထုတ်၍။
ဓနမေဝ သဏ္ဌာပေသိ၊ ပစ္စည်းကိုသာ ကောင်းစွာတည်စေပြီ။
သော ဧကဒိဝသံ၊ ထိုဣတ္ထိသသူဌေးသည် တစ်နေ့၌။
ရာဇပဋ္ဌာနံ ဂန္တွာ၊ မင်းခစားခြင်းငှာ သွား၍။
အတ္တနော ဃရံ အာဂစ္ဆန္တော၊ မိမိ၏ အိမ်သို့ ပြန်လာ သော်။
ဧကံ မဂ္ဂကိလန္တ ဇာနပဒမနုဿံ၊ တစ်ယောက်သော ခရီးပန်းသော ဇနပုဒ် သားကို။
ဧကံ သုရာဝါရကံ အာဒါယ၊ တစ်ခုသော သေရည်ထည့်သော ပုံးငယ်ကို ယူ၍။
ပီဌကေ နိသီဒိတွာ၊ ကုလားထိုင်ငယ်၌ ထိုင်၍။
အမ္ဗလသုရာယ ကောသကံ၊ ချဉ်စုတ်သော သေရည်ဖြင့် ခွက်ငယ်ကို။
ပူရေတွာ ပူရေတွာ၊ ပြည့်စေ ၍ ပြည့်စေ၍။
ပူတိမစ္ဆကေန ဥတ္တရိဘင်္ဂေန၊ ငါးပုပ်ခြောက်ဟူသော လက်သုပ် ဟင်းလျာဖြင့် (လက်သုပ်အမြည်းဖြင့်)။
ပိဝန္တ ဒိသွာ၊ သောက်နေသည်ကို တွေ့ရ၍။
သုရံ ပါတုကာမော ဟုတွာ၊ သေရည်ကို သောက်လိုသည် ဖြစ်၍။
“အဟံ သုရံ၊ ငါသည် သေရည်ကို။
သစေ ပိဝိဿာမိ၊ အကယ်၍ သောက်အံ့။
မယိ ပိဝန္တေ၊ ငါသည် သောက်သော်။
ဗဟူ ပိဝိတုကာမာ ဘဝိဿန္တိ၊ လူများစွာတို့သည် သောက်ချင်ကြသည် ဖြစ်ကုန်လတံ့။
ဧဝံ မေ ဓနပရိက္ခယော၊ ဤသို့ ဖြစ်သော် ငါ၏ ပစ္စည်းကုန်ခြင်းသည်။
ဘဝိဿတီတိ စိန္တေသိ၊ ဖြစ်လိမ့်မည်”ဟု တွေးပြီ။
သော တဏှ အမိဝါသေန္တော၊ ထိုက္ကလိသသူဌေးသည် သောက်ချင်သော တဏှာ ကို အောင့်အည်းလျက်။
ဝိစရိတွာ၊ လှည့်လည်၍။
ကာလေ ဂစ္ဆန္တေ ဂစ္ဆန္တေ၊ အချိန် သည် ကုန်သွားကုန်သွားသော်။
အဓိဝါသေတုံ အသက္ကောန္တော၊ အောင့်အည်း ခြင်းငှာ မစွမ်းနိုင်ရကား။
ဝိဟတကပ္ပါသော ဝိယ ပဏ္ဍုသရီရော၊ ဖပ်ထားအပ်သော ဝါဂွမ်းကဲ့သို့ ဖျော့တော့သော ကိုယ်ရှိသည်။
ဓမ္မနိသန္တတဂတ္တော၊ အကြောဖြင့် ခင်းအပ်သောကိုယ်ရှိသည်။
ဇာတော အဟောသိဖြစ်သည် ဖြစ်ပြီ (တကယ်ဖြစ် ပြီ)။
အထ ဧကဒိဝသံထိုအခါ တစ်နေ့၌။
ဂမ္ဘီ ပဝိသိတွာ၊ အခန်းတွင်းသို့ ဝင်၍။
မဉ္စကံ ဥပဂ္ဂဟိတွာ နိပဇ္ဇိ၊ ညောင်စောင်းငယ်ကို ဖက်၍ အိပ်ပြီ။
တမေနံ ဘရိယာ၊ ထိုက္ကလိသသူဌေးကို မယားသည်။
ဥပသင်္ကမိတွာ ပိဋ္ဌိံ ပရိမဇ္ဇိတွာ၊ ချဉ်းကပ်၍ ကျောကို ပွတ်သပ်၍။
“သာမိ တေ ကိ၊ အရှင် အရှင့်အား အဘယ်မည်သော။
အဖာသုကန္တိ ပုစ္ဆိ၊ မချမ်းသာခြင်းပါနည်း”ဟု မေးပြီ။
သဗ္ဗ ဟေဋ္ဌာ၊ အလုံးစုံကို အောက်ခေါ်သော ရှေးပစ္စုပ္ပန်ဝတ္ထု၌။
ကထိတနိယာမေနေဝ ဝေဒိတဗ္ဗံ၊ ဆိုအပ်ခဲ့ ပြီးသော နည်းဖြင့်ပင် သိပါလေ။
“တေန ဟိ ဧကဿဝ တေ၊ ဧကဝ တေထိုသို့ဖြစ်လျှင် တစ်ယောက်တည်းသာဖြစ်သော ရှင့်အား။
ပဟောနကံ သုရံ၊ သောက်လောက် သော သေကို။
ကရောမီတိ ဝုတ္တေ ပန၊ မည်” ဟု ပြောအပ်သော်ကား။
“ဂေဟေသုရာယ ကာရိယမာနာယ၊ အိမ်၌ သေကို ပြုလုပ်အပ်သော်။
ဗဟူ ပစ္စာသီသန္တိ၊ လူများစွာတို့သည် သောက်လိုကြ မျှော်ကြကုန်၏။
အန္တရာပဏတော အာဟရာ ပေတွာပိ၊ ဈေးအတွင်းမှ ဆောင်ယူစေ၍လည်း။
ဣဓ နိသိန္နေန၊ ဤအိမ်၌ နေသော အားဖြင့်။
ပိဝိတုံ န သက္ကာတိ၊ သောက်ခြင်းငှာ မသင့်”ဟု ပြော၍။
မာသကမန္တံ ဒတွာ၊ တစ်ပဲမျှကို ပေး၍။
အန္တရာပဏတော သုရာဝါရကံ အာဟရာပေတွာ၊ ဈေးအတွင်းမှ သေရည် ပုံးငယ်ကို ဆောင်ယူစေ၍။
စေတကေန ဂါဟာပေတွာ၊ အလုပ်အကျွေးငယ်ကို ယူစေ၍။
နဂရာ နိက္ခမ္မ၊ မြို့မှ ထွက်၍။
နဒီတိရံ ဂန္တွာ၊ မြစ်ကမ်းနားသို့ သွား၍။
မဟာမဂ္ဂသမီပေ၊ လမ်းမကြီးအနီး၌။
ဧကံ ဂုမ္မံ ပဝိသိတွာ၊ တစ်ခုသော ခြုံသို့ဝင်၍။
သုရာဂါရကံ ဌပါပေတွာ၊ သေရည်ပုံးငယ်ကို ထားစေ၍။
“တွံ ဂစ္ဆ ဣတိ၊ မင်းသည် သွားတော့”ဟု။
စေတကံ ဒူရေ နိသီဒါပေတွာ၊ အခိုင်း အစေလေးကို အဝေး၌ နေစေ၍။
ကောသကံ ပူရေတွာ၊ ခွက်ငယ်ကို ပြည့်စေ၍။
သုရံ ပါတုံ အာရဘိ၊ သေရည်ကို သောက်ခြင်းငှာ ပြင်ဆင်ပြီ။
အဿ ပိတာ ပနထိုဣတ္ထိသ၊ သူဌေး၏ ဖခင်သည်ကား။
ဒါနာဒီနံ ပုညာနံ ကတတ္တာ၊ ဒါနအစရှိကုန်သော ကောင်းမှုတို့ကို ပြုအပ်သည့်အဖြစ်ကြောင့်။
ဒေဝလောကေ၊ နတ်ပြည်၌။
သက္ကော ဟုတွာ နိဗ္ဗတ္တိ၊ သိကြား၏ အဖြစ်ဖြင့် ဖြစ်ပြီ။
သော တသ္မိံ ခဏေ၊ ဖခင်သိကြားမင်းသည် ထိုခဏ၌။
မေ ဒါနဂ္ဂံ၊ ငါ၏ အလှူမဏ္ဍပ်သည်။
ပဝတ္တတိ နု ခေါ၊ ဖြစ်သလော။
ဥဒါဟု နောတိ အာဝဇ္ဇေ န္တော၊ သို့မဟုတ် မဖြစ်သလော”ဟု ဆင်ခြင်သော်။
တဿ အပ္ပဝတ္တိ ဉတွာ စ၊ ထိုအလှူမဏ္ဍပ်၏ မဖြစ်ကြောင်းကို သိ၍လည်းကောင်း။
ပုတ္တဿ ကုလဝံသံ နာသေတွာ၊ သားဣလ္လိသ၏ မျိုးနွယ်စဉ်လာကို ဖျက်ဆီး၍။
ဒါနသာလံ နိက္ကမိတွာ ဈာပေတွာ၊ အလှူမဏ္ဍပ်ကို မီးရှို့၍။
ယာစကေနိက္ကဍ္ဎိတွာ၊ တောင်းသူတို့ကို ဆွဲငင်ထုတ်၍။
မစ္ဆရိယဘာဝေ ပတိဋ္ဌာယ၊ ဝန်တိုသူအဖြစ်၌ တည်၍။
“အညေသံ ဒါတပ္ပံ ဘဝိဿတီတိ၊ အခြားသူတို့အား ပေးရသည် ဖြစ်လိမ့်မည်”ဟု။
ဘယေန၊ ပေးရမည်ကြောက်သဖြင့်။
ဂုမ္မံ ပဝိသိတွာ၊ ခြုံထဲသို့ ဝင်၍။
ဧကကဝ၊ တစ်ယောက်တည်းသာ။
သုရံ ပိဝနဘာဝဉ္စ ဒိသွာ စ၊ သေရည်ကို သောက်သည့် အဖြစ်ကို တွေ့မြင်၍လည်းကောင်း။
“ဂစ္ဆာမိ၊ သွားမည်။
နံ သင်္ခါဘေတွာ ဒမေတွာ၊ ထိုက္ကလိသသူဌေးကို ကောင်းစွာချောက်ချားစေ၍ ဆုံးမ၍။
ကမ္မဖလ သမ္ဗန္ဓ ဇာနာပေတွာ၊ ကံ၏အကျိုးနှင့် ဆက်စပ်သည်ကို သိစေ၍။
ဒါနံ ဒါပေတွာ၊ အလှူကို လှူစေ၍။
ဒေဝလောကေ နိဗ္ဗတ္တနာရဟံ၊ နတ်ပြည်၌ ဖြစ်ထိုက်သည်ကို။
ကရောမီတိ၊ ပြုအံ့”ဟု တွေး၍။
မနုဿပထံ ဩတရိတွာ၊ လူတို့လမ်းကြောင်းသို့ သက်ဆင်း၍။
ဣတ္ထိသသေဋ္ဌိနာ သဒိသံ၊ ဣလ္လိသသူဌေးနှင့် တူသော။
ခဉ္ဇံ ကုဏိံ၊ ခြေခွင်သော လက်ကောက်သော။
ဝိသမစက္ခုမဏ္ဍလံ၊ မညီသော မျက်ဝန်းရှိသော။
အတ္တဘာဝံ နိမ္မိနိတွာ၊ အတ္တဘောကို ဖန်ဆင်း၍။
ဗာရာဏသိနဂရံ ပဝိသိတွာ၊ ဗာရာဏသီမြို့သို့ဝင်၍။
ရညော နိဝေသနဒွါရေ ဌတွာ၊ မင်း၏ နန်းတံခါး၌ တည်၍။
အတ္တနော အာဂတဘာဝံ အာရောစာပေတွာ၊ မိမိ၏ လာကြောင်းကို လျှောက်ထား စေ၍။
ပဝိသတူတိ ပုတ္တေ၊ ဝင်စေဟု မိန့်အပ်သော်။
ပဝိသိတွာ၊ နန်းတွင်းဝင်၍။
ရာဇာနံ ၀န္ဒိတွာ အဋ္ဌာသိ၊ မင်းကို ရှိခိုး၍ တည်ပြီ။
ရာဇာ၊ ဗြဟ္မဒတ်မင်းသည်။
“မဟာသေဋ္ဌိ အဝေလာယ၊ သူဌေးကြီး အခါမဟုတ်သည်၌။
ကိံ အာဂတော၊ အဘယ့်ကြောင့်လာသည်။
အသီတိ အာဟ၊ ဖြစ်သနည်း ”ဟု မေးပြီ။
အာမ အာဂတော အမှိ၊ မှန်ပါ လာသည် ဖြစ်ပါ၏။
ဒေဝ မေ ဃရေ၊ အရှင်မင်းကြီး ကျွန်တော်မျိုး၏ အိမ်၌။
အသီတိကောဋိမတ္တံ ဓနံ အတ္ထိ၊ ကုဋေရှစ်ဆယ်မျှသော ပစ္စည်းသည် ရှိပါ၏။
တံ ဒေဝေါ အာဟရာပေတွာ၊ ထိုပစ္စည်းကို အရှင်မင်းကြီးသည် ဆောင်ယူစေ၍။
အတ္တနော ဘဏ္ဍာဂါရံ၊ မိမိ၏ ဘဏ္ဍာတိုက်ကို။
ပူရာပေတူတိ၊ ပြည့်စေတော်မူပါဟု လျှောက်ပြီ။
အလံ မဟာသေဋ္ဌိ၊ တော်ပြီ သူဌေးကြီး။
တဝ ဓနတော၊ သင်သူဌေးကြီး၏ ပစ္စည်းထက်။
အမှာကံ ဂေဟေ၊ ငါတို့၏ အိမ်တော်၌။
ဓနံ ဗဟုတရန္တိ၊ ပစ္စည်းကား သာ၍များ၏ဟု ပြောပြီ။
ဒေဝ တုမှာကံ၊ အရှင်မင်းမြတ် အရှင်မင်းမြတ်တို့အား။
ကမ္မံ သစေ နတ္ထိ၊ ပြုလုပ်စရာအမှုသည် အကယ်၍ မရှိအံ့။
ယထာရုစိယာ ဓနံ ဂဟေတွာ၊ အလိုရှိသည်အားလျော်စွာ ပစ္စည်းကို ယူ၍။
ဒါနံ ဒမီတိ၊ အလှူကိုလှူပါမည်ဟု လျှောက်ပြီ။
ဒေဟိ မဟာသေဋ္ဌီတိ၊ လှူပါ သူဌေးကြီးဟု ပြောပြီ။
သော “သာဓု ဒေဝါတိ၊ ထိုသိကြားမင်းသည် ကောင်းပါပြီ အရှင်မင်းကြီး”ဟု။
နံ ဝန္တိတွာ နိက္ခမိတွာ၊ မင်းကို ရှိခိုး၍ နန်းတော်မှ ထွက်ခဲ့၍။
ဣလ္လိသသေဋ္ဌိနော ဂေဟံ အဂမာသိ၊ ဣလ္လိသသူဌေး၏ အိမ်သို့ သွား။
သဗ္ဗေ ဥပဋ္ဌာကမနုဿာ ပရိဝါရေသုံ၊ အလုံးစုံကုန်သော အလုပ်အကျွေးလူတို့သည် ခြံရံကုန်ပြီ။
အယံ ဣလ္လိသောတိ၊ ဤသူကား ဣတ္ထိသသူဌေးအစစ် မဟုတ်ဟု။
ဧကောပိ ဇာနိတုံ၊ တစ်ယောက်သော်မှလည်း သိခြင်းငှာ။
သမတ္ထော နာမ နတ္ထိ၊ စွမ်းနိုင်သူမည်သည်မရှိ။
သော ဂေဟံ ပဝိသိတွာ၊ ထိုသိကြားမင်းသည် အိမ်သို့ ဝင်၍။
အန္တော ဥမ္မာရေ ဌတွာ၊ တံခါးခုံအတွင်း၌ ရပ်၍။
ဒေါဝါရိကံ ပက္ကောသာပေတွာ၊ တံခါးစောင့်ကို ခေါ် စေ၍။
“မယာ သမာနရူပေါ၊ ငါနှင့် တူသော ရုပ်သွင်ရှိသော။
အညော ယော အာဂန္တွာ၊ ငါမှအခြားသော အကြင်သူသည် လာ၍။
ဧတံ မမ၊ ဤအိမ်ကား ငါ၏ အိမ်ဟု ပြော၍။
ပဝိသိပုံ အာဂစ္ဆတိ၊ ဝင်ခြင်းငှါ လာအံ့။
တံ ပိဋ္ဌိယံ ပဟရိတွာ၊ ထိုလာသူကို ကျော၌ ရိုက်ပုတ်၍။
နီဟရေယျာထာတိ၊ နှင်ထုတ်ကြလော့”ဟု ပြော၍။
ပါသာဒံ အာရုယှ၊ ပြာသာဒ်သို့ တက်၍။
ရဟေ အာသနေ နိသီဒိတွာ၊ မြင့်မြတ်သူတို့အားသာ ထိုက်သော နေရာ၌ ထိုင်နေ ၍။
သေဋ္ဌိဘရိယံ ပတ္တောသာပေတွာ၊ သူဌေးကတော်ကို ခေါ်စေ၍။
သိတာကာရံ ဒဿေတွာ၊ ပြုံးရယ်ဟန်ကို ပြ၍ ။
“ဘဒ္ဒေ ဒါနံ၊ နှမ အလှူကို။
ဒေမာတိ အာဟ၊ လှူကြအံ့ဟု ပြောပြီ။
တဿ တံ ဝစနံ သုတွာဝ၊ ထိုသိကြားမင်း၏ ထိုပြောစကား ကို ကြားရ၍ပင်။
သေဋ္ဌိဘရိယာ စ ပုတ္တဂီတရော စ၊ သူဌေးကတော်သည် လည်းကောင်း သားသမီးတို့သည်လည်းကောင်း။
ဒါသကမ္မကရာ စ၊ ကျွန်အလုပ် သမားတို့သည်လည်းကောင်း။
“ဧတ္တကံ ကာလံ ဒါနံ၊ ဤမျှရှိသော ကာလပတ်လုံး အလှူကို။
ဒါတုံ စိတ္တမေဝ နတ္ထိ၊ ပေးလှူခြင်းငှာ စိတ်သည်ပင် မရှိ။
ပန အဇ္ဇ၊ ထူးခြားသည်ကား ယနေ့။
သုရံ ပိဝိတွာ၊ သေရည်ကို သောက်၍။
မုဒုစိတ္တော ဟုတွာ၊ နူးညံ့သော စိတ်ရှိသည် ဖြစ်၍။
ဒါတုကာမော ဇာတော၊ ပေးလိုသည် ဖြစ်သည်။
ဘဝိဿတီတိ ဝဒိသု၊ ဖြစ်လိမ့်မည်”ဟု ပြောကြပြီ။
အထ နံ သေဋ္ဌိ ဘရိယာ၊ ထိုအခါ ထိုသိကြားမင်းကို သူဌေးကတော်သည်။
ယထာရုစိယာ ဒေထ၊ သာမီတိ အာဟဆန္ဒအားလျော်စွာ လှူတော်မူကြပါ အရှင်သူဌေးမင်း”ဟု ပြောပြီ။
တေန ဟိ ဘေရိဝါဒကံ ပက္ကောသာပေတွာ၊ ထိုသို့ဖြစ်လျှင် စည်တီးတတ်သူကို ခေါ်စေ၍။
“သုဝဏ္ဏရဇတမဏိမုတ္တာဒီဟိ၊ ရွှေငွေ ပတ္တမြားပုလဲစသည်တို့ဖြင့်။
အတ္ထိကာ၊ အလိုရှိသူတို့သည်။
ဣလ္လိသသေဋ္ဌိဿ ဃရံ၊ ဣလ္လိသသူဌေး၏ အိမ်သို့။
ဂစ္ဆန္တူတိ၊ သွားကြလေဟု။
သကလနဂရေ၊ တစ်မြို့လုံး၌။
ဘေရိံ စရာပေဟီတိ၊ စည်ကို လှည့်လည်စေပါဟု ပြောပြီ။
သာ စ တထာ ကာရေသိ၊ ထိုသူဌေးကတော်သည်လည်း ထိုသိကြားမင်းပြောသည့်အတိုင်း ပြုစေပြီ။
မဟာဇနော၊ များစွာသော လူအပေါင်းသည်။
ပစ္ဆိပသိဗ္ဗကာဒီနိ ဂဟေတွာ၊ တောင်း, ခြင်းစသည်တို့ကို ယူ၍။
ဂေဟဒွါရေ သန္နိပတိ၊ အိမ်တံခါးအနီး၌ကောင်းစွာ ကျရောက်စုဝေးပြီ။
သက္ကော သတ္တရတနပူရေ၊ သိကြားမင်းသည် ရတနာခုနစ်ပါးပြည့်နေကုန်သော။
ဂဗ္ဘေ ဝိဝရာပေတွာ၊ ပစ္စည်းထားသည့် တိုက်ခန်း တို့ကို ဖွင့်စေ၍။
“တုမှာကံ ဒမ္မိ၊ သင်တို့အား ပေးလှူ၏။
ယာဝဒိစ္ဆကံ ဂဟေတွာ၊ အလိုရှိတိုင်းကို ယူ၍။
ဂစ္ဆထာတိ အာဟ၊ သွားကြ”ဟု ပြောပြီ။
မဟာဇနော ဓနံ နီဟရိတွာ၊ များစွာသော လူအပေါင်းသည် ရွှေငွေစသော ဥစ္စာကို အပြင် ထုတ်၍။
မဟာတလေ ရာသိ ကတွာ၊ ကျယ်သော မြေပြင်၌ အပုံကို ပြု၍။
အာဘတဘာဇနာနိ ပူရေတွာ ဂစ္ဆတိ၊ ဆောင်ယူခဲ့သော ထည့်စရာတို့ကို ပြည့်စေ ၍ ယူသွား၏။
အညတရော ဇနပဒမနုဿာ၊ မထင်ရှားသော ဇနပုဒ်သားတစ်ယောက် သည်။
ဣလ္လိသသေဋ္ဌိနော ဂေါဏေ၊ ဣလ္လိသသူဌေး၏ နွားတို့ကို။
တဝ ရထေ ယောဇေတွာ၊ ထိုက္ကလိသသူဌေး၏သာ လှည်းရထား၌ ယှဉ်က၍။
သတ္တဟိ ရတနေဟိ ပူရေတွာ၊ ခုနစ်မျိုးကုန်သော ရတနာတို့ဖြင့် ပြည့်စေ၍။
နဂရာ နိက္ခမ္မ၊ မြို့မှ ထွက်၍။
မဟာမဂ္ဂ ပဋိပဇ္ဇိတွာ၊ လမ်းမကြီးသို့ မောင်းသွားပြီး၍။
တဿ ဂုမ္ဗဿ အဝိဒူရေန၊ ဣလ္လိသသူဌေး သေရည်သောက်နေသော ထိုချုံ၏ မနီး မဝေးဖြင့်။
ရထံ ပေသေန္တော၊ လှည်းရထားကို မောင်းသွားစေသော်။
“သာမိ ဣလ္လိသသေဋ္ဌိ၊ အရှင်ဣလ္လိသသူဌေးမင်း။
ဝဿသတံ ဇီဝ၊ နှစ်တစ်ရာပတ်လုံး အသက်ရှည်ပါ။
တံ နိဿာယ၊ သင်သူဌေးမင်းကို မှီ၍။
ဣဒါနိ မေ၊ ယခုအခါ အကျွန်ုပ်သည်။
ယာဝဇီဝံ ကမ္မံ အကတွာ၊ အသက်ရှည်သမျှကာလပတ်လုံး အလုပ်ကို မလုပ်မူ၍။
ဇီဝိတဗ္ဗံ ဇာတံ၊ အသက်မွေးနိုင်သည် ဖြစ်ပြီ။
ရထောဝ၊ သင်သူဌေးမင်း၏ လှည်းရထားသာတည်း။
တဝေဝဂေါဏာဝ၊ သင်သူဌေးမင်း၏ နွားတို့သာတည်း။
တဝ ဂေဟေ၊ သင်သူဌေးမင်း၏ အိမ်က။
သတ္တရတနာနိ ဧဝ၊ ရတနာခုနှစ်ပါးတို့သာတည်း။
မာတရာ နေဝ ဒိန္နာနိ၊ မွေးမိခင်သည် ပေးအပ်သည် မဟုတ်ကုန်။
ပိတရာ န၊ မွေးဖခင်သည် ပေးအပ်သည်မဟုတ်ကုန်။
တံ နိဿာယ၊ သင်သူဌေးမင်းကို မှီ၍။
လဒ္ဓါနိ သာမီတိ၊ ရအပ်ကုန်ပြီ အရှင်သူဌေးမင်း”ဟု။
သေဋ္ဌိနော ဂုဏကတံ၊ ဣလ္လိသသူဌေး၏ ကျေးဇူးစကားကို။
ကထေန္တော ဂစ္ဆတိ၊ ပြောဆိုလျက် သွား၏။
သော တံ သဒ္ဓံ သုတွာ၊ ထိုဣလ္လိသသူဌေးသည် ထိုပြောသံ ကို ကြားရ၍။
ဘီတတသိတော၊ ကြောက်ကြောက်လန့်လန့်။
“အယံ မမ နာမံ ဂဟေတွာ၊ ဤသူသည် ငါ၏ နာမည်ကို ယူ၍။
ဣဒက္ခိဉ္စ ဝဒတိ၊ ဤစကားဤစကားကိုလည်း ပြောဆို၏။
ကစ္စ နု ခေါ၊ အသို့နည်း။
မမ ဓနံ ရညာ၊ ငါ၏ ပစ္စည်းကို မင်းသည်။
လောကဿ ဒိန္နန္တိ၊ လူအပေါင်းအား ပေးလှူ အပ်သလော ဟု။
စိန္တေသိ၊ တွေးတောပြီ။
ဣတိ ဂုမ္မာ နိက္ခမိတွာ၊ ဤသို့ တွေး၍ ခြုံထည်းမှ ထွက်ခဲ့၍။
ဂေါဏေ စ ရထဉ္စသဉ္ဇာနိတွာ၊ နွားတို့ကိုလည်းကောင်း လှည်းရထား ကိုလည်းကောင်း မှတ်မိ၍။
“အရေ စေဋက မယုံ ဂေါဏာ၊ ဟယ် အ အပါးလေး ငါ၏ နွားတို့တည်း။
မယုံ ရထောတိ၊ ငါ၏ လှည်းရထားတည်း'ဟု။
ဝဇ္ဇာ ဂန္တွာ၊ ပြော၍ သွား။
ဂေါဏေ နာသာရဇ္ဈယံ ဂဏှိ၊ နွားတို့ကို နဖါးကြိုး၌ ကိုင်ယူပြီ။
ဂဟပတိကော ရထာ ဩရုယှ၊ အိမ်ရှင်ဇနပုဒ်သားသည် လှည်းရထားမှ ဆင်းသက်၍။
“အရေ ဒုဋ္ဌစေဋက၊ ဟယ် အစေအပါးပျက်။
ဣလ္လိသမဟာသေ သကလနဂရဿ၊ ဣတ္ထိသသူဌေးကြီးသည် တစ်မြို့လုံးနေသူ လူများအား။
ဒါနံ ဒေတိ၊ အလှူကို လှူနေ၏။
တွံ ကိ အဟောသီတိ၊ သင်သည် ဘာဖြစ်နေ သနည်း”ဟု ပြော၍။
ပက္ခဇ္ဇိတွာ၊ ပြေးသွားတည့်၍။
အသနိံ ပါတေန္တော ဝိယ၊ မိုးကြိုးကို ကျစေဘိသကဲ့သို့။
ခန္ဓေ ပဟရိတွာ၊ ပခုံး၌ ရိုက်ပုတ်၍။
ရထံ အာဒါယ အဂမာသိ၊ လှည်းရထားကို ယူ၍ မောင်းသွားပြီ။
သော ပုန၊ ထိုဣလ္လိသ သူဌေး သည် တစ်ဖန်။
မာနော ဥဋ္ဌာယ၊ တုန်တုန်လှုပ်လှုပ် ထ၍။
ပံသုံ ပုဉ္စိတွာ ပုဉ္စိတွာ၊ မြေမှုန့်ကို သုတ်၍ သုတ်၍။
ဝေဂေန ဂန္တွာ၊ အဟုန်ဖြင့် သွား၍။
ရထံ ဂဏီ၊ လှည်းရထားကို ဆွဲကိုင်ပြီ။
ဂဟပတိကော ရထာ ဩတရိတွာ၊ အိမ်ရှင် ဇနပုဒ်သားသည် လှည်းရထားမှ ဆင်းသက်၍။
ကေသေသု ဂဟေတွာ ဩနာ မေတွာ၊ ဆံပင်တို့ကို ဆွဲကိုင်၍ ညွတ်ကိုင်းစေ၍။
ကပ္ပရပဟာရေဟိ ကောဋေကွာ၊ ရိုက်ပုတ်ကြောင်း တံတောင်တို့ဖြင့် ထောင်းထု၍။
ဂလေ ဂဟေတွာ၊ လည်ဂုတ်၌ ကိုင်၍။
အာဂတမဂ္ဂါဘိမုခံ၊ လာရာလမ်းသို့ ရှေးရှု။
ပိတွာ ပတ္တာမိ၊ ပစ်ချ၍ ထွက်သွားပြီ။
ဧတ္တာဝတာ အဿ၊ ဤမျှအတိုင်းအရှည်ရှိသော နှိပ်စက်ခံရမှုဖြင့် ထိုက္ကလိသသူဌေးမှာ။
သုရာမဒေါ ဆိဇ္ဇိ၊ သေရည်ယစ်မူးခြင်းသည် ကင်းပြတ်ပြီ။
သောကမ္မာနာ၊ ထိုဣလ္လိသသူဌေးသည် တုန်တုန်လှုပ်လှုပ်။
ဝေဂေန နိဝေသန ဒွါရံ ဂန္တွာ၊ အဟုန်ဖြင့် အိမ်တံခါးသို့ သွား၍။
ဓနံ အာဒါယ၊ ယူ၍ သွားကြကုန်သော။
မဟာဇနေ ဒိသွာ၊ များစွာသော လူတို့ကို တွေ့ရ၍။
“အမ္ဘော ဧတံ ကိံ နာမ၊ အို အမောင်တို့ ဤအမှုသည် ဘယ်မည်သော အမှုနည်း။
ရာဇာ မမ ဓနံ၊ မင်းကြီးသည် ငါ၏ ပစ္စည်းကို။
ဝိလုမ္ပာပေသိ ကိန္တိ၊ လုယက်စေသလော”ဟု ပြော၍။
တံ တံ ဂန္တွာ ဂဏှာတိ၊ ထိုထိုသူကို သွား၍ ကိုင်၏။
ဂဟိတဂဟိတာ ပဟရိတွာ၊ ကိုင်အပ် ကိုင်အပ်ကုန်သော လူတို့သည် ရိုက်ပုတ်၍။
ပါဒမူလေယေဝ ပါတေန္တိ၊ ခြေရင်း၌သာ လဲကျစေကုန်၏။
သော ဝေဒနာပ္ပတ္တော၊ ထိုဣလ္လိသသူဌေးသည် ဆင်းရဲဝေဒနာသို့ ရောက်၍။
ဂေဟံ ပဝိသိတုံ အာရဘိ၊ အိမ်သို့ ဝင်ခြင်းငှာ အားထုတ်ပြီ။
ဒွါရပါလာ၊ တံခါးစောင့်တို့သည်။
“အရေ ဒုဋ္ဌဂဟပတိ၊ ဟယ်. သူကြွယ်ပျက်။
ကဟံ ပဝိသသီတိ၊ ဘယ်သို့ ဝင်အံ့နည်း”ဟု ပြော၍။
ဝံသပေသိကာဟိ ပေါထေတွာ၊ ဝါးခြမ်းစိပ်တို့ဖြင့် ရိုက်ပုတ်၍။
ဂီဝါယံ ဂဟေတွာ နီဟရိံသု၊ လည်ဂုတ်၌ ကိုင်၍ နှင်ထုတ်ကုန်ပြီ။
သော၊ ဣလ္လိသသူဌေးသည်။
“ဣဒါနိ ရာဇာနံ ဌပေတွာ၊ ယခုအခါ မင်းကို ထား၍။
မေ အညော ကောစိ၊ ငါ့အား မင်းမှတစ်ပါးသော တစ်စုံတစ်ယောက် သော။
ပဋိသရဏော နတ္ထီတိ၊ ကိုးကွယ်ရာသည် မရှိ”ဟု တွေးမိ၍။
ရညော သန္တိကံ ဂန္တွာ၊ မင်း၏ အထံသို့ သွား၍။
“ဒေဝ မမ ဂေဟံ တုမှေ၊ အရှင်မင်းမြတ် ကျွန်တော်မျိုး၏ အိမ်ကို အရှင်မင်းမြတ်တို့သည်။
ဝိလုမ္ပာပေထာတိ အာဟ၊ လုယက်စေကြပါသလောဟု လျှောက်ပြီ။
သေဋ္ဌိ အဟံ န ဝိလုမ္မာပေမိ၊ သူဌေး ငါသည် မလုယက်စေပါ။
တွမေဝ အာဂန္တွာ၊ သင်သည်ပင် လာ၍။
“တုမှေ သစေ န ဂဏှထ၊ အရှင်မင်းကြီးတို့သည် အကယ်၍ မယူကုန်အံ့။
အဟံ မမ ဓနံ၊ ကျွန်တော်မျိုးသည် ကျွန်တော်မျိုး၏ ပစ္စည်းကို။
ဒါနံ ဒဿာမီတိ၊ အလှူကို လှူအံ့”ဟု လျှောက်၍။
နဂရေ ဘေရိံ စရာပေတွာ၊ မြို့၌ စည်ကို လှည့်လည် စေ၍။
ဒါနံ အဒါသိ နနူတိ၊ အလှူကို လှူပြီမဟုတ်လောဟု မေးပြီ။
ဒေဝ အဟံ တုမှာကံ၊ အရှင်မင်းမြတ် ကျွန်တော်မျိုးသည် အရှင်မင်းမြတ်တို့၏။
သန္တိကံ န အာဂစ္ဆာမိ၊ အထံသို့ မလာပါ။
တုမှေ မယှံ၊ အရှင်မင်းမြတ်တို့သည် ကျွန်တော် မျိုး၏။
မစ္ဆရိယဘာဝံ န ဇာနာထ ကိံ၊ နှမျောကြောင်းကို မသိကြပါကုန်သလော။
အဟံ တိဏဂ္ဂေန တေလဗိန္ဓုမ္ပိ၊ ကျွန်တော်မျိုးသည် မြက်ပင်အဖျားဖြင့် ဆီပေါက် ကိုသော်မှလည်း။
ကဿစိ န ဒေမိ၊ မည်သူအားမျှ မပေးပါ။
ယော ဒါနံ ဒေတိ၊ အကြင်သူသည် အလှူကို လှူ၏။
တံ ပက္ကောသာပေတွာ၊ ပေးလှူသည့် ထိုသူကို ခေါ်စေ၍။
ဝီမံသတ ဒေဝါတိ၊ စူးစမ်းတော်မူကြပါ မင်းမြတ်ဟု လျှောက်ပြီ။
ရာဇာ သက္ကံ ပက္ကောသာပေသိ၊ မင်းသည် သိကြားမင်းကို ခေါ်စေပြီ။
ဒွိန္နံဇနာနံ ဝိသေသံ၊ သိကြား,က္ကလိသသူဌေး နှစ်ယောက်ကုန်သော သူတို့၏ အထူးကို။
ရာဇာ နေဝဇာနာတိ၊ မင်းသည် မသိ။
အမစ္စာ န၊ အမတ်တို့သည် မသိကြ။
မစ္ဆရိယသေ၊ ဝန်တိုနှမျောသော ဣတ္ထိသသူဌေးသည်။
“ဒေဝ အယံ၊ အရှင်မင်းမြတ် ဤသူသည်။
သေဋ္ဌိ ကိ၊ ဣလ္လိသသူဌေးလော။
အဟံ သေဋ္ဌိ၊ ကျွန်တော်မျိုးသည်ပင် ဣတ္ထိသ သူဌေးလော”။
ဣတိ အာဟ၊ ဤသို့ မေးပြီ။
မယံ န သဉ္ဇာနာမ၊ ငါတို့သည် ကွဲကွဲ ပြားပြား မသိကြ။
တေ သဉ္ဇာနနကော၊ သင့်ကို ကောင်းစွာသိရှိမှတ်မိသော။
ကောစိအတ္ထီတိ၊ တစ်စုံတစ်ယောက်သည် ရှိသလောဟု မေးပြီ။
ဒေဝ မေ ဘရိယာ၊ အရှင် မင်းမြတ် ကျွန်တော်မျိုး၏ မယားသည်။
(အတ္ထိ၊ ရှိပါ၏)။
ဣတိ၊ ဤသို့ လျှောက်ပြီ ။
ဘရိယံ ပက္ကောသာပေတွာ၊ သူဌေးကတော်ကို ခေါ်စေ၍။
“တေ သာမိကေ၊ သင်၏ လင်ကား။
ကတရောတိ ပုစ္ဆိံသု၊ ဘယ်သူနည်း”ဟု မေးကြပြီ။
သာ အယန္တိ၊ ထိုသူဌေးကတော်သည် “ဤသူပါ”ဟု ပြော၍။
သက္ကဿ သန္တိကေ ဧဝ အဋ္ဌာသိ၊ သိကြား၏ အထံ၌သာ တည်ပြီ။
ပုတ္တဂီတရော၊ သားသမီးတို့ကိုလည်းကောင်း။
ဒါသကမ္မကရေ စ၊ ကျွန်အလုပ်သမားတို့ကိုလည်းကောင်း။
ပက္ကောသာပေတွာ ပုစ္ဆိံသု၊ ခေါ်စေ၍ မေးကြပြီ။
သဗ္ဗေပိ သက္ကဿ၊ သားသမီး, ကျွန်အလုပ်သမား အားလုံးတို့သည်လည်း သိကြားမင်း၏။
သန္တိကေဝ တိဋ္ဌန္တိ၊ အထံ၌သာ တည်ကုန်၏။
ပုန သေဋ္ဌိ၊ တစ်ဖန် ဣလ္လိသသူဌေးသည်။
“မနှံ သီသေ၊ ငါ၏ ခေါင်း၌ ။
ကေသေဟိ ပဋိစ္ဆန္နာ၊ ဆံပင်တို့ဖြင့် ဖုံးလွှမ်းအပ်သော။
ပိဋကာ အတ္ထိ၊ အဖုသည် ရှိ၏။
တံ ခေါ ပန၊ ထိုအဖုကိုကား။
ကပ္ပကော ဧဝ ဇာနာတိ၊ ဆတ္တာသည်သည်သာ သိ၏။
တံ ပက္ကောသာပေဿာမီတိ စိန္တေသိ၊ ထိုဆတ္တာသည်ကို ခေါ်စေအံ့”ဟု ကြံပြီ။
သော၊ ထိုက္ကလိသသူဌေးသည်။
“ဒေဝ မံ၊ အိုအရှင်မင်းကြီး ကျွန်တော်မျိုးကို။
ကပ္ပကော သဉ္ဇာနာတိ၊ ဆတ္တာသည်သည် ကောင်းစွာ သိရှိမှတ်မိ၏။
တံ၊ ထိုဆတ္တာ သည်ကို။
ပက္ကောသာပေထာတိ အာဟ၊ ခေါ်စေတော်မူကြပါ”ဟု လျှောက်ပြီ။
တသ္မိံ ပန ကာလေ ဗောဓိသတ္တော၊ ထိုအခါ၌ကား ငါတို့ဘုရားလောင်းသည်။
တဿ ကပ္ပကော အဟောသိ၊ ထိုဣလ္လိသသူဌေး၏ ဆတ္တာသည်သည် ဖြစ်ပြီ။
ရာဇာ တံ ပက္ကောသာပေတွာ၊ ဗြဟ္မဒတ်မင်းသည် ထိုဆတ္တာသည်ကို ခေါ်စေ၍။
ဣလ္လိသသေဋ္ဌိ၊ ဣလ္လိသသူဌေးကို။
ပုစ္ဆ၊ သင်သိသလောဟု မေးပြီ။
သီသံ ဩလောကေတွာ၊ ခေါင်းကို ကြည့်၍။
ဇာနိဿာမိ ဒေဝါတိ၊ သိပါလိမ့်မည် အရှင်မင်းကြီးဟု လျှောက်ပြီ။
တေနဟိ ဒွိန္နမ္ပိ၊ ထိုသို့ဖြစ်လျှင် နှစ်ယောက်လုံး တို့၏လည်း။
သီသံ ဩလောကေဟီတိ၊ ဦးခေါင်းကို ကြည့်လော့ဟု အမိန့်ချပြီ။
တသ္မိံ ခဏေ သက္ကော၊ ထိုခဏ၌ သိကြားမင်းသည်။
သံသေ ပဠကံ၊ ခေါင်း၌ အဖုကို ဖန်ဆင်းပြီ။
ဗောဓိသတ္တော ဒွိန္နမ္ပိ၊ ဘုရားလောင်းသည် နှစ်ယောက် လုံးတို့၏လည်း။
သီသံ ဩလောကန္တော၊ ခေါင်းကို ကြည့်သော်။
ပိဠကာ ဒိသွာ၊ အဖုတို့ကို တွေ့ ရ၍။
“မဟာရာဇ ဂိမ္မိ၊ မင်းမြတ် နှစ်ယောက်လုံးတို့၏လည်း။
သီသေ ပိဠကာ အတ္ထ၀၊ ဦးခေါင်း၌ အဖုသည် ရှိသည်သာ။
အဟံ ဧတေသု၊ ကျွန်တော်မျိုးသည် ဤနှစ်ယောက်တို့တွင်။
ဧကဿာပိ၊ တစ်ယောက်၏သော်မှ လည်း။
ဣလ္လိသဘာဝံ သဉ္ဇာနိတုံ၊ ဣတ္ထိသအစစ်ဖြစ်ကြောင်းကို ကောင်းစွာ မှတ်မိသိရှိခြင်းငှာ။
န သက္ကောမီတိ ဝတွာ၊ မစွမ်းပါ”ဟု လျှောက်ထား၍။
ဥဘော ခဉ္ဇာ၊ နှစ်ယောက်လုံးတို့သည် ခြေခွင်ကြကုန်၏။
ဥဘော ကုဏီ၊ နှစ်ယောက်လုံးတို့သည် လက်ကောက်ကြကုန်၏။
ဥဘော ဝိသမစက္ခုကာ၊ နှစ်ယောက်လုံးတို့သည် မညီမညာ ငွေသော မျက်စိရှိကြကုန်၏။
ဥဘိန္န၊ နှစ်ယောက်လုံးတို့၏။
(သီသေ၊ ဦးခေါင်း၌)။
ပိဋကာ ဇာတာ၊ အဖုတို့သည် ဖြစ်ကြရှိကြကုန်၏။
အဟံ ဣတ္ထိသံ န ပဿာမိ၊ ကျွန်တော်မျိုးသည် ဣလ္လိသ သူဌေးအစစ်ကို မမြင်သိပါ။
တတ္ထ၊ ထိုဂါထာ၌။
**ဥဘော** တိ ဒွေပိ ဇနာ၊ ဥဘော ဟူသည်ကား နှစ်ယောက် လုံးလည်းဖြစ်ကုန်သော လူတို့သည်တည်း။
**ခဉ္ဇာ** တိ ကုဏ္ဏပါဒါ၊ ခဉ္ဇာ ဟူသည်ကား တုံးသော ခြေရှိကြကုန်၏တည်း။
ကုဏီ တိ ကုဏ္ဏဟတ္ထာကုဏီဟူသည်ကား တုံးသော လက်ရှိကြကုန်၏တည်း။
**ဝိသမစက္ခုကာ** တိ ဝိသမဇ္ဈိမဏ္ဍလာ ကေကရာ၊ ဝိသမစက္ခုကာဟူသည်ကား မညီညွတ်သော မျက်ဝန်းရှိကုန်သော မျက်စိစွေကုန်၏တည်း။
**ပိဠကာ** တိ ဒွိန္နမ္ပိ၊ ပိဠကာ ဟူသည်ကား နှစ်ယောက်လုံး တို့၏လည်း။
ကသ္မိံယေဝ သီသပဒေသေ၊ နေရာတူသာဖြစ်သော ဦးခေါင်း အရပ်၌။
ဧကသဏ္ဌာနာဝ ပိဠကာ ဇာတာ၊ တူသော သဏ္ဌာန်သာရှိကုန်သော အဖုတို့သည် ဖြစ်ကြ ရှိကြကုန်၏တည်း။
**နာဟံ ပဿာမိ** တိ၊ နာဟံ ပဿာမိဟူသည်ကား။
အဟံ၊ ကျွန်တော်မျိုးသည်။
“ဣမေသု အယံ၊ ဤသူနှစ်ယောက် တို့တွင် ဤသူကား။
ဣတ္ထိသော နာမာတိ န ပဿာမိ၊ ဣတ္ထိသမည်ပါ၏ ဟု မသိမြင်ပါ။
ဧကဿာပိ ဣတ္ထိသဘာဝံ၊ တစ်ယောက်၏သော်မှလည်း ဣတ္ထိသ အစစ်ဖြစ်ကြောင်းကို။
န ဇာနာမိ၊ မသိမြင်ပါတည်း။
ဣတိ အဝေါစ၊ ဤသို့ လျှောက်ထားပြီ။
ဗောဓိသတ္တဿ ဝစနံ သုတွာ၊ ဘုရားလောင်း၏ စကားကို ကြားရ၍။
သေဋ္ဌိ ကမ္ပမာနော၊ ဣလ္လိသသူဌေးသည် တုန်လှုပ်လျက်။
ဓနသောကေန သတိ၊ ပစ္စည်း သောကကြောင့် သတိကို။
ပစ္စုပဋ္ဌာပေတုံ အသက္ကောန္တော၊ ဖြစ်စေခြင်းငှာ မစွမ်း နိုင်ရကား။
တတ္ထေဝ ပတိ၊ ထိုနေရာ၌ပင် လဲကျပြီ။
တသ္မိံ ခဏေ သက္ကော၊ ထိုခဏ၌ သိကြားမင်းသည်။
“မဟာရာဇ အဟံ၊ ၀င်းမြတ် ငါကား။
န ဣတ္ထိသော၊ ဣလ္လိသအစစ် မဟုတ်။
အဟံ သက္ကော၊ ငါကား သိကြားမင်းသည်။
အသ္မီတိ၊ ဖြစ်၏”ဟု ပြော၍။
မဟတိယာ သက္ကလီလာယ၊ မြင့်မြတ်သော သိကြားတို့ စမ္ပယ်တင့်တယ်ခြင်းဖြင့်။
အာကာသေ အဋ္ဌာသိ၊ ကောင်းကင်၌ တည်ပြီ။
ဣလ္လိ သဿ မုခံ ပုဉ္ဆိတွာ၊ ဣလ္လိသသူဌေး၏ မျက်နှာကို သုတ်၍။
ဥဒကေန သိဉ္စိံသု၊ ရေဖြင့် ဖျန်းကြကုန်ပြီ။
သော ဥဋ္ဌာယ၊ ထိုဣလ္လိသသူဌေးသည် ထ၍။
ဒေဝရာဇာနံ သက္ကံ၊ နတ်ဘုရင်ဖြစ်သော သိကြားမင်းကို။
ဝန္ဒိတွာ အဋ္ဌာသိ၊ ရှိခိုး၍ တည်ပြီး။
အထ နံ သက္ကော၊ ထိုအခါ ထိုဣတ္ထိသသူဌေးကို သိကြားမင်းသည်။
“ဣတ္ထိသ ဣဒံ ဓနံ၊ ဣလ္လိသ ဤဥစ္စာကား။
မမ သန္တကံ၊ ငါ၏ ဥစ္စာတည်း။
တဝန၊ သင်၏ ဥစ္စာမဟုတ်။
ဟိ အဟံ၊ မှန်၏ ငါကား။
တေ ပိတာ၊ သင်၏ ဖခင်တည်း။
တွံ မမ ပုတ္တော၊ သင်သည်ကား ငါ၏ သားတည်း။
အဟံ ဒါနာဒီနိ၊ ငါသည် ဒါနအစရှိ ကုန်သော။
ပုညာနိ ကတွာ၊ ကောင်းမှုတို့ကို ပြု။
သက္ကတ္တံ ပတ္တော၊ သိကြားမင်း အဖြစ်သို့ ရောက်ပြီ။
တွံ ပန၊ သင်ဣတ္ထိသသည်ကား။
မေ ဝံသံ ဥပစ္ဆိန္ဒိတွာ၊ ငါ၏ အမျိုးအနွယ်အစဉ်ကို ဖြတ်၍။
အဒါနသီလော ဟုတွာ၊ လှူလေ့မရှိသည် ဖြစ်၍။
မစ္ဆရိယေ ပတိဋ္ဌာယ၊ ဝန်တိုခြင်း၌ တည်၍။
ဒါနသာလာယော ဈာပေတွာ၊ အလှူမဏ္ဍပ်တို့ကို မီးရှို့၍။
ယာစက နိက္ကမိတွာ၊ တောင်းသူတို့ကို ဆွဲငင်ထုတ်၍။
ဓနမေဝ သဏ္ဌာပေသိ၊ ပစ္စည်းကိုသာ ကောင်းစွာ တည်စေပြီ။
တံ တွံ နေဝ ပရိ ဘုဉ္ဇသိ၊ ထိုပစ္စည်းကို သင်သည် မသုံးဆောင်။
အညေသံ န ဒေသိ၊ အခြားသူ တို့အား မပေးလှူ။
ရက္ခသပရိဂ္ဂဟိတံ ဝိယ တိဋ္ဌတိ၊ ရေစောင့်ဘီလူးစောင့်ရှောက်အပ်သကဲ့သို့ တည်ရှိ၏။
မေ ဒါနသာလာ၊ ငါ၏ အလှူမဏ္ဍပ်တို့ကို။
ပါကတိကာ ကတွာ၊ ပင်ကိုအတိုင်းတို့ကို ပြု၍။
ဒါနံ သစေ ဒဿသိ၊ အလှူကို အကယ်၍ လှူအံ့။
ဣစ္စေတံ ကုသလံ၊ ဤသို့ လှူခြင်းသည် အပြစ်မရှိ ကောင်း၏။
စေ နော ဒဿသိ၊ အကယ်၍ မလှူအံ့။
တေ သပ္ပံ ဓနံ၊ သင်၏ အလုံးစုံသော ပစ္စည်းကို။
အန္တရဓာပေတွာ၊ ကွယ်ပျောက်စေ၍။
ဣမိနာ ဣန္ဒဝဇိရေန၊ ဤသိကြားလက်နက် ဖြင့်။
တေ သီသံ ဆိန္ဒိတွာ၊ သင်၏ ဦးခေါင်းကို ပစ်ဖြတ်၍။
ဇီဝိတက္ခယံ ပါပေဿာမီတိ အာဟ၊ အသက်ကုန်ခြင်းသို့ ရောက်စေမည်”ဟု ပြောပြီ။
ဣတ္ထိသ သေန္တိ၊ ဣလ္လိသသူဌေးသည်။
မရဏဘယေန သန္တဇ္ဇိတော၊ သေဘေးသည် ခြိမ်းခြောက်အပ်ရကား။
“ဣတော ပဋ္ဌာယ၊ ဤနေ့မှ စ၍။
ဒါနံ ဒဿာမီတိ၊ အလှူကို လှူပါမည်”ဟု။
ပဋိညံ အဒါသီ၊ ဝန်ခံမှုကို ပေးပြီ။
သက္ကော၊ သိကြားမင်း သည်။
တဿ ပဋိညံ ဂဟေတွာ၊ ထိုဣတ္ထိသသူဌေး၏ ဝန်ခံမှုကို ယူပြီး၍။
အာကာသေ နိသိန္နောဝ၊ ကောင်းကင်၌ ထိုင်လျက်ပင်။
ဓမ္မံ ဒေသေတွာ၊ တရားကို ဟော၍။
တံသီလေသု ပတိဋ္ဌာပေတွာ၊ ထိုက္ကလိသသူဌေးကို ငါးပါးသီလတို့၌ တည်စေ၍။
သကဋ္ဌာနမေဝ အဂမာသိ၊ မိမိဌာနသို့သာ ပြန်သွားပြီ။
ဣလ္လိသောပိ၊ ဣလ္လိသသူဌေးသည်လည်း။
ဒါနာဒီနိ ပုညာနိ ကတွာ၊ ဒါနစကုန်သော ကောင်းမှု တို့ကို ပြု၍။
သဂ္ဂပရာယဏော အဟောသိ၊ နတ်ပြည်လျှင် လဲလျောင်းရာရှိသည် ဖြစ်ပြီ။
သတ္ထာ၊ ဘုရားရှင်သည်။
“ဘိက္ခဝေ ဣဒါနေဝ၊ ရဟန်းတို့ ယခုအခါ၌သာ။
မောဂ္ဂလ္လာနော မစ္ဆရိယသေဋ္ဌိံ၊ သည် မစ္ဆရိယသူဌေးကို။
ဒမေတိ န၊ ဆုံးမသည် မဟုတ်သေး။
ပုဗ္ဗေပိ ဧသော၊ ရှေးကလည်း ဤမစ္ဆရိယသူဌေးကို။
ဣမိနာ ဒမိတောယေဝါတိ၊ ဤမောဂ္ဂလ္လာန်သည် ဆုံးမအပ်ဖူးသည်သာ”ဟု။
ဝတွာ၊ မိန့်တော်မူ၍။
ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဤတရားဒေသနာကို ဆောင်တော်မူ၍။
အနုသန္ဓေိံ ဃဋေတွာ၊ အနုသန္ဓေကို စပ်တော်မူ၍။
“တဒါ ဣလ္လိသော၊ ထိုအခါက ဣတ္ထိသသူဌေးသည်။
မစ္ဆရိယသေဋ္ဌိ အဟောသိ၊ မစ္ဆရိယ သူဌေးသည် ဖြစ်လာပြီ။
ဒေဝရာဇာ သက္ကော၊ နတ်တို့ဘုရင်ဖြစ်သော သိကြားမင်း သည်ကား။
မဟာမောဂ္ဂလ္လာနော၊ မဟာမောဂ္ဂလ္လာန်တည်း။
ရာဇာ အာနန္ဒာ၊ ဗြဟ္မဒတ်မင်းကား အာနန္ဒာတည်း။
ကပ္ပကော ပန၊ ဆတ္တာသည်သည်ကား။
အယမေဝ အဟောသိန္တိ၊ ငါဘုရားသည်သာ ဖြစ်လာပြီ”ဟု။
ဇာတကံ သမောဓာ နေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
**ဣတ္ထိသဇာတကဝဏ္ဏနာ အဋ္ဌမာ၊ ရှစ်ခုမြောက်ဖြစ်သောဣတ္ထိသဇာတ်အဖွင့်တည်း။**