Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
Jātaka-aṭṭhakathā(Paṭhamo bhāgo)
Jātaka-aṭṭhakathā(Paṭhamo bhāgo)

[138] 8. Godhājātakavaṇṇanā

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

**ကိံ တေ ဇဋာဟိ ဒုမ္မဓာ** တိ ဣဒံ၊ ကိ တေ ဇဋာဟိ ဒုမ္မေဓ အစရှိသော ဤတရားဒေသနာတော် ကို။ သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။ ဧကံ ကုဟကဘိက္ခု၊ တစ်ပါးသော အံ့ဩဖွယ်ပြုတတ်သည့် ရဟန်းကို။ အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောပြီ။
ပစ္စုပ္ပန္နဝတ္ထု၊ ပစ္စုပ္ပန်ဝတ္ထုကြောင်းသည်။ ဟေဋ္ဌာ ကထိတသဒိသမေ၀၊ အောက်ခေါ် ရှေးကုဟကဝတ္ထု၌ ဆိုအပ်ခဲ့ပြီးသည်နှင့် တူသည်သာတည်း။
အတီတေ ပန ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ၌ကား ဗာရာဏသီမြို့၌။ ဗြဟ္မဒတ္တေ ရဇ္ဗံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။ ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ ဂေါဓာယောနိယံ၊ ဖွတ်မျိုး၌။ ပဋိသန္ဓိံ ဂဏှိ၊ ပဋိသန္ဓေကို ယူပြီ။
တဒါ ဧကော ပဉ္စာဘိညော၊ ထိုအခါ တစ်ပါးသော အဘိညာဉ် ငါးပါးရသော။ ဥဂ္ဂတပေါ တာပသော၊ ပြင်းထန်သော အကျင့်ရှိသော ရသေ့သည်။ ဧကံ ပစ္စန္တဂါမံ နိဿာယ၊ တစ်ခုသော ပစ္စန္တရာဇ်ရွာကို အမှီပြု၍။ အရညာယတနေ၊ တောကြီးထဲ၌။ ပဏ္ဏသာလာယံ ဝသတိ၊ သစ်ရွက်မိုးကျောင်း၌ နေ၏။ ဂါမ ဝါသိနော တာပသံ၊ ရွာနေလူတို့သည် ရသေ့ကို။ သက္ကစ္စံ ဥပဋ္ဌဟန္တိ၊ ရိုသေစွာ လုပ်ကျွေးကုန်၏။
ဗောဓိသတ္တော တဿ စင်္ကမနကောဋိယံ၊ ဘုရားလောင်းသည် ထိုရသေ့၏ စင်္ကြံစွန်း၌။ ဧကသ္မိံ ဝမ္မိကေ ဝသတိ၊ တစ်ခုသော တောင်ပို့၌ နေ၏။ စ ပန ဝသန္တော၊ ဆက်၍အထူးပြောရသော် နေထိုင်သောဘုရားလောင်းသည်။ ဒိဝသေ ဒိဝသေ၊ နေ့တိုင်း နေ့တိုင်း။ ဒွေ တယော၊ တိုင်တိုင်။ တာပသံ ဥပသင်္ကမိတွာ၊ ရသေ့ထံသို့ ချဉ်းကပ်၍။ ဓမ္မူပသံဟိတံ၊ အကြောင်းနှင့်စပ်ယှဉ်သည်လည်းဖြစ်သော။ အတ္ထူ ပသံဟိတဉ္စ၊ အကျိုးနှင့် စပ်ယှဉ်သည်လည်း ဖြစ်သော။ ဝစနံ သုတွာ၊ စကားကို နာယူ၍။ တာပသံ ဝန္ဒိတွာ၊ ရသေ့ကို ရှိခိုး၍။ ဝသနဋ္ဌာနမေဝ ဂစ္ဆတိ၊ နေရာဌာနသို့သာ သွား၏။
အပရဘာဂေ တာပသော၊ နောက်အဖို့၌ ရသေ့သည်။ ဂါမဝါသိနော၊ ရွာနေလူတို့ကို။ အာပုစ္ဆိတွာ ပက္ကာမိ၊ ပန်ကြား၍ ထွက်ခွါသွားပြီ။
စ ပန၊ ဆက်၍အထူး ပြောရသော်။ သီလ ဝတသမ္ပန္နေ၊ သီလကျင့်ဝတ်နှင့် ပြည့်စုံသော။ တသ္မိံ တာပသေ၊ ထိုရသေ့သည်။ ပတ္တမန္တေ၊ ဖဲသွားသော်။ အညော ကူဋတာပသော၊ အခြားသော ကောက် ကျစ် သော ရသေ့သည်။ အာဂန္တွာ၊ လာ၍။ တသ္မိံ အဿမပဒေ၊ ထိုသင်္ခမ်းကျောင်း၌။ ဝါသံ ကပွေသိ၊ နေထိုင်ခြင်းကို ပြုပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ “အယမ္ပိ သီလဝါတိ၊ ဤရသေ့သည်လည်း သီလရှိ၏”ဟု။ သလ္လက္ခေတွာ၊ မှတ်ထင်၍။ ပုရိမနယေနေဝ တဿ၊ ရှေးနည်းဖြင့်ပင် ထိုရသေ့၏။ သန္တိကံ အဂမာသိ၊ အထံသို့ သွားပြီ။
အထ ဧကဒိဝသံ၊ ထိုအခါ တစ်နေ့၌။ နိဒါဃသမယေ၊ နွေကာလ၌။ အကာလ မေဃေ ဝုဋ္ဌေ၊ အခါမဲ့မိုးသည် ရွာပြီးသော်။ ဝမ္မိကေဟိ၊ တောင်ပို့တို့မှ။ မက္ခိကာ နိက္ခမိံ သု၊ မှက်တို့သည် ထွက်ကုန်ပြီ။ တာသံ ခါဒနတ္ထံ၊ ထိုမှက်တို့ကို စားခြင်းငှာ။ ဂေါဓာ အာဟိဏ္ဍိံသု၊ ဖွတ်တို့သည် လှည့်လည်ကုန်ပြီ။
ဂါမဝါသိနော နိက္ခမိတွာ၊ ရွာနေလူတို့သည် ထွက်ကြ၍။ မက္ခိကာခါဒကာ ဂေါဓာ၊ မှက်တို့ကို စားကုန်သော ဖွတ်တို့ကို။ ဂဟေတွာ၊ ဖမ်းယူ၍။ သိနိဒ္ဓသမ္ဘာရသံယုတ္တံ၊ နူးညံ့သည့် အဆာ ပလာနှင့် ယှဉ်သော။ အမ္ဗိလာနမ္ဗိလံ၊ ချဉ်, မချဉ်သော။ ဂေါဓာမံသံ၊ ဖွတ်သားကို ပြည့်စုံစေ၍။ တာပသဿ အဒံသု၊ ရသေ့အား လှူကုန်ပြီ။
တာပသော၊ သမ္ပာဒေတွာရသေ့သည်။ ဂေါဓာမံသံ ခါဒိတွာ၊ ဖွတ်သားကို စားရ၍။ ရသတဏှာယ ဗဒ္ဓေါ၊ ရသတဏှာ၏ အနှောင်အဖွဲ့ခံရ၍။ “ဣဒံ မံသံ အတိမဓုရံ၊ ဤအသားကား အလွန်ချိုဆိမ့်၏။ ဧတံ၊ ဤအသားကား။ ကိဿ၊ အဘယ်သတ္တဝါ၏။ မံသံ နာမာတိပုစ္ဆိတ္တာ၊ အသားမည်သနည်း"ဟု မေး၍။ ဂေါဓာမံသန္တိ သုတွာ၊ ဖွတ်သားဟု ကြားရသော်။ “မမ သန္တိကံ၊ ငါ၏ အထံသို့ ။ မဟာဂေါဓာ အာဂစ္ဆတိ၊ ဖွတ်ကြီးတစ်ကောင်သည် လာ၏။ တံ မာရေတွာ၊ ထိုဖွတ်ကြီးကို သတ်၍။ မံသံ ခါဒိဿာမီတိ စိန္တေသိ၊ အသားကို စားမည်”ဟု တွေးထားပြီ။
စိန္တေတွာ စ ပန၊ တွေးပြီး၍ကား။ ဘာဇနာ၊ ချက်ဖို့ရာအိုးခွက်ကိုလည်းကောင်း။ သပ္ပိလောဏာဒီနိ စ၊ ထောပတ်ဆားစသည်တို့ကိုလည်းကောင်း။ အာဟရာပေတွာ၊ ဆောင်ယူစေ ၍။ ဧကမန္တေ ဌပေတွာ၊ တစ်ခုသော အစွန်း၌ ထား၍။ မုဂ္ဂရံ အာဒါယ၊ ဆောက် ပုတ်ကို ယူ၍။ ကာသာဝေန ပဋိစ္ဆာဒေတွာ၊ သင်္ကန်းဖြင့် ဖုံးလွှမ်း၍။ ပဏ္ဏသာလာ ဒွါရေ၊ သစ်ရွက်မိုးကျောင်းတံခါး ၌။ ဗောဓိသတ္တဿ၊ ဘုရားလောင်း၏။ အာဂမနံ ဩလောကယမာနော၊ လာမှုကို မျှော်ကြည့်လျက်။ ဥပသတ္တုပသန္တော ဝိယ ဟုတွာ၊ ငြိမ်သက်သည်ထက် ငြိမ်သက်သကဲ့သို့ ဖြစ်၍။ နိသီဒိ၊ ထိုင်နေပြီ။ ဗောဓိသတ္တော သာယနသမယေ၊ ဘုရားလောင်းသည် ညနေချမ်းအခါ၌။ “တာပသဿ သန္တိကံ၊ ရသေ့၏ အထံသို့။ ဂမိဿာမီတိ၊ သွားမည်”ဟု။ နိက္ခမိတွာ၊ တောင်ပို့မှ ထွက်၍။ ဥပသင်္ကမန္တောဝ၊ ချဉ်းကပ်ဖို့ သွားသော်သာလျှင်။ တဿ ဣန္ဒြိယဝိပ္ပကာရံ၊ ထိုရသေ့၏ ဣန္ဒြေဖောက်ပြန်မှုကို။ ဒိသွာ၊ တွေ့ရ၍။ “အယံ တာပသော၊ ဤရသေ့ သည်။ အညေသု ဒိဝသေသု၊ အခြားကုန်သော နေ့တို့က။ နိသီဒနာကာရေန၊ ထိုင်နေသည့်ပုံစံဖြင့်။ န နိသိန္နော၊ ထိုင်မနေ။ အဇ္ဇဧသော၊ ယနေ့ ဤရသေ့သည်။ မံ ဩလောကေန္တောပိ၊ ငါ့ကို ကြည့်သော်လည်း။ ဒုဋ္ဌိန္ဒိယော ဟုတွာ၊ ပျက်သော ဣန္ဒြေရှိသည် ဖြစ်၍။ ဩလောကေသိ၊ ကြည့်၏။ နံ ပရိဂ္ဂဏှိဿာမိ ဣတိ၊ ထိုရသေ့ကို စုံစမ်းမည်”ဟု။ စိန္တေသိ၊ တွေးမိပြီ။
သော တာပသဿ၊ ထိုဘုရား လောင်းသည် ရသေ့၏။ ဟေဋ္ဌာဝါတေ ဌတွာ၊ လေအောက်၌ တည်၍။ ဂေါဓာ မံသဂန္ဓံ ယာယိတွာ၊ ဖွတ်သားအနံ့ကို အနံ့ရ၍။ “ဣမိနာ ကူဋတာပသေန၊ ဤရသေ့ကောက်သည်။ အဇ္ဇ ဂေါဓာမံသံ၊ ယနေ့ ဖွတ်သားကို။ ခါဒိတံ ဘဝိ ဿတိ၊ စားအပ်သည် ဖြစ်လတံ့။ တေန ဧသော၊ ထို့ကြောင့် ဤရသေ့သည်။ ရသတဏှာယ ဗဒ္ဓေါ၊ ရသတဏှာ၏ အနှောင်အဖွဲ့ခံရ၍။ အဇ္ဇ အတ္တနော သန္တိကံ၊ ယနေ့ မိမိ၏ အထံသို့။ ဥပသင်္ကမန္တံ မံ၊ ချဉ်းကပ်လာသော ငါ့ကို။ မုဂ္ဂရေန ပဟရိတွာ၊ ဆောက်ပုတ်ဖြင့် ရိုက်ပုတ်၍။ မံသံ ပစိတွာ၊ ဖွတ်သားကို ချက်၍။ ခါဒိတုကာမော ဘဝိဿတီတိ၊ စားလိုသည် လိမ့်မည်"ဟုတွေး၍။ သန္တိကံ၊ ထိုရသေ့၏ အထံသို့။ အနုပဂန္တွာဝ၊ မကပ်ရောက်မူ၍သာ။ ပဋိက္ကမိတွာ ဝိစရတိ၊ ဖဲခွါ၍ လှည့်လည်၏။
တာပသော ဗောဓိသတ္တဿ၊ ရသေ့ကောက်သည် ဘုရားလောင်း၏။ အနာဂမနံ ဉတွာ၊ မလာကြောင်းကို သိ၍။ “အယံ မံ၊ ဤရသေ့သည် ငါ့ဖွတ်မင်း ကို။ ပဟရိတုကာမောတိ၊ ရိုက်ပုတ်လို၏ဟု။ ဣမိနာ ဉာတံ ဘဝိဿတိ၊ ဤဖွတ်သည် သိအပ်သည် ဖြစ်လတံ့။ တေန ကာရဏေန န အာဂစ္ဆတိ၊ ထိုသို့ သိခြင်းကြောင့် မလာ။ အနာဂစ္ဆန္တဿာပိ၊ မလာသော်လည်း။ ကုတော အဿ၊ ဘယ်မှာ ထိုဖွတ်အား။ မုတ္တီတိ၊ လွတ်ရမည်နည်း”ဟု။ မုဂ္ဂရံ နီဟရိတွာ ခိပိ၊ ဆောက်ပုတ်ကို ထုတ်ဆောင်၍ ပစ်ပြီ။
သော တဿ၊ ထိုဆောက်ပုတ်သည် ထိုဘုရားလောင်း၏။ အဂ္ဂနင်္ဂုဋ္ဌမေဝ၊ အမြီးဖျားကိုသာ။ အာသာဒေသိ၊ ထိခိုက်ပြီ။
ဗောဓိသတ္တော ဝေဂေန၊ ဘုရားလောင်းသည် အဟုန်ဖြင့်။ ဝမ္မိကံ ပဝိသိတွာ၊ တောင်ပို့သို့ ဝင်၍။ အညေန ဆိဒ္ဒေန၊ အခြားသော အပေါက်ဖြင့်။ သီသံ ဥက္ခိပိတွာ၊ ခေါင်းကို ဖေါ်၍။ “အမ္ဘော ကူဋဇဋိလ၊ အို. . ရသေ့ကောက်။ အဟံ တဝ၊ တပည့်တော်သည် အရှင်ဘုရား၏။ သန္တိကံ ဥပသင်္ကမန္တော၊ အထံသို့ ချဉ်းကပ်သော်။ သီလဝါတိ သညာယ၊ သီလရှိ၏ဟူသော အမှတ်ဖြင့်။ ဥပသင်္ကမိ၊ ချဉ်းကပ်ပါပြီ။ ဣဒါနိ ပန မယာ၊ ယခုအခါ၌ကား တပည့်တော်သည်။ တေ ကူဋဘာဝေါ ဉာတော၊ အရှင်ဘုရား၏ ကောက်ကျစ်ကြောင်းကို သိအပ်ပါပြီ။ တာဒိသဿ၊ အရှင်ဘုရားကဲ့သို့ ရှုအပ်သော။ မဟာစောရဿ၊ ခိုးသူကြီးအား။ ဣမိနာ ပဗ္ဗဇ္ဇာလိင်္ဂေန၊ ဤရသေ့ရဟန်းအသွင်ဖြင့်။ ကိ ဣတိ ဝတွာ၊ ဘာအကျိုး ရှိအံ့နည်း”ဟု ပြောပြီး၍။ တံ ဂရဟန္တော၊ ထိုရသေ့ကောက်ကို ကဲ့ရဲ့လိုရကား။
ဒုမ္မေဓ၊ အသိဉာဏ်မရှိသော အို. . ရသေ့ ကောက်။ ဟေ ဇဋာဟိ ကိံ၊ အရှင်ဘုရားအား ဆံကျစ်တို့ဖြင့် ဘာအကျိုးရှိအံ့နည်း။ အဇိနသာဋိယာ၊ သစ်နက်ရေဖြင့်။
ဟေ ကိံိံ အရှင်ဘုရားအား ဘာအကျိုးရှိအံ့နည်း။ တေ အန္တရံ ဂဟနံ၊ အရှင်ဘုရား၏ ကိုယ်တွင်းသည်ကား ရှုတ်ထွေးလှ၏။ ဗာဟိရံ ပရိမဇ္ဇသိ၊ ခန္ဓာကိုယ်ပြင်ပ၌ကား ပြေပြစ်၏။
တတ္ထ၊ ထိုဂါထာ၌။ **ကိံ တေ ဇဋာဟိ ဒုမ္မဓာ** တိ၊ ကိံ တေ ဇဋာဟိ ဒုမ္မေဓ ဟူသည်ကား။ အမ္ဘော ဒုမ္မေဓ နိပ္ပည၊ အို. . ပညာမဲ့ ရသေ့ကောက်။ ပဗ္ဗဇိတေန၊ ရသေ့ရဟန်း။ ဧတာ ဇဋာ၊ ထိုဆံကျစ်တို့ကို။ ဓာရေတဗ္ဗာ၊ ဆောင်ထိုက် ကုန်၏။ ပဗ္ဗဇ္ဇဂုဏရဟိတဿ တေ၊ ပဗ္ဗဇ္ဇဂုဏ်မှကင်းသော သင့်အား။ တာဟိ ဇဋာဟိ၊ ထိုဆံကျစ်တို့ဖြင့်။ ကိံ၊ အဘယ်ကျိုးရှိအံ့နည်းတည်း။ ဣတိ အတ္တော၊ ဤကား ပဌမပါဒအနက်တည်း။
**ကိံ တေ အဇိနသာဋိယာ** တိ၊ ကိံိံတေ အဇိန သာဋိယာ ဟူသည်ကား။ အဇိနသာဋိယာ၊ သစ်နက်ရေနှင့်။ အနုစ္ဆဝိကဿ သံဝရဿ၊ သင့်လျော်သော စောင့်စည်းမှု၏။ အဘာဝကာလတော ပဋ္ဌာယ၊ မရှိရာအခါမှ စ၍။ တေ အဇိနသာဋိယာ ကံ၊ အရှင်ဘုရားအား သစ်နက်ရေဖြင့် ဘာအကျိုးရှိအံ့နည်းတည်း။
**အဗ္ဘန္တရံတေ ဂဟနန္တိ**၊ အဗ္ဘန္တရံ တေ ဂဟနံ ဟူသည်။ တဝ အတ္တန္တရံ ဟဒယံ၊ အရှင်ဘုရား၏ အတွင်းသားဖြစ်သော စိတ်နှလုံးသည်။ ရာဂဒေါသမောဟဂဟနေန၊ ရာဂဒေါသမောဟအရှုတ်အထွေးဖြင့်။ ဂဟနံ ပဋိစ္ဆန္နံ၊ ရှုတ်ထွေးလှ၏ ဖုံးလွှမ်းအပ်၏။
**ဗာဟိရံ ပရိမဇ္ဇသီ** တိ၊ ဗာဟိရံ ပရိမဇ္ဇသိ ဟူသည်။ သော တွံ၊ ထိုအရှင်ဘုရားသည်။ ဂဟနေ အဗ္ဗန္တရေ၊ ရှုတ်ထွေးသော ကိုယ်တွင်း၌။ နှာနာဒီဟိ စေဝ လိင်္ဂဂဟနေန စ၊ ရေချိုးခြင်း စသည်တို့ဖြင့်လည်းကောင်း အသွင်အပြင်ယူခြင်းဖြင့်လည်းကောင်း။ ဗာဟိရံ ပရိမဇ္ဇသိ၊ ပြင်ပ၌ ပြေပြစ်၏။ တံ ပရိမဇ္ဇန္တော၊ ထိုပြင်ပကို ပြေပြစ်အောင်ပြုသော အရှင်ဘုရားသည်။ ကဉ္စိက ပူရိတလာဗု၀ိယ၊ ဆန်ပုံးရည်ဖြင့်ပြည့်သော ဗူးတောင်းကဲ့သို့လည်းကောင်း။ ဝိသ ပူရိတစာဋိဝိယ၊ အဆိပ်ပြည့်နေသော အိုးကဲ့သို့လည်းကောင်း။ အာသီဝိသပူရိတ ဝမ္မိကော ဝိယ၊ မြွေများပြည့်နေသော တောင်ပို့ကဲ့သို့လည်းကောင်း။ ဂူထပူရိတ စိတ္တယဋောဝိယ စ၊ ကျင်ကြီးပြည့်နေသော ပန်ချီရေးထားသည့်အိုးကဲ့သို့ လည်းကောင်း။ ဗဟိမဋ္ဌာဝ ဟောသိ၊ အပြင်ပပြေပြစ်ရုံသည်သာ ဖြစ်၏။ ကယာ စောရေန၊ အရှင်ဘုရား သူခိုးသည်။ ဣမ ဝသန္တေန ကိံ၊ ဤသစ်ရွက်မိုးကျောင်း၌ နေသဖြင့် ဘာအကျိုးရှိအံ့နည်း။ သီယံ ဣတော ပလာယာဟိ၊ လျင်စွာ ဤကျောင်းမှ ထွက်ပြေးပါလော။ နော စေ ပလာယတိ၊ အကယ်၍ ထွက်မပြေးအံ့။ ဂါမဝါသီနံ၊ ရွာနေလူတို့အား။ တေ အာစိက္ခိတွာ၊ အရှင်ဘုရား၏ အကြောင်း ပြောကြား၍။ နိဂ္ဂဟံ ကာရာပေဿာမီတိ၊ နှိမ်နင်းမှုကို ပြုစေအံ့။ ဤကား ဂါထာဖွင့်အပြီးတည်း။
ဧဝံ ဗောဓိသတ္တော၊ ဤသို့ ဘုရားလောင်းသည်။ ကုဋတာပသံ တဇ္ဇေတွာ၊ ရသေ့ကောက်ကို ခြိမ်းခြောက်၍။ ဝမ္မိကမေဝ ပါဝိသိ၊ တောင်ပို့ထဲသို့သာ ဝင်သွားပြီ။ ကူဋတာပသောပိ၊ ရသေ့ကောက်သည်လည်း။ တတော ပတ္တာမိ၊ ထိုကျောင်းမှ ခွါသွားပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာတော်ကိုဆောင်တော်မူပြီး၍။ ကူဋတာပသော၊ ထိုရှေးအခါက ရသေ့ တော်ကို ဆောင်တော်မူပြီး၍။
တဒါ ကူဋတာပသော၊ ထိုရှေးအခါကရသေ့ကောက်သည်။ အယံ ကုဟကော အဟောသိ၊ ဤအံ့ဩဖွယ်ပြုသော ရဟန်းသည် ဖြစ်လာပြီ။ ပုရိမော သီလဝန္တတာပသော၊ ရှေးဖြစ်သော သီလဝန္တရသေ့ကား။ သာရိပုတ္တော၊ သာရိပုတ္တရာတည်း။ ဂေါဓာပဏ္ဍိတော ပန၊ ဖွတ်ပညာရှိသည်ကား။ အဟမေဝ အဟောသိန္တိ၊ ငါဘုရားသည်သာ ဖြစ်လာပြီဟု။ ဇာတကံ သမော ဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
ဂေါဓာဇာတကဝဏ္ဏနာ အဋ္ဌမာ၊ ဂေါဓာဇာတ်အဖွင့်သည် အဋ္ဌမတည်း။