**ကရေ သရိက္ခော** တိ ဣဒံ၊ ကရေ သရိက္ခာအစရှိသော ဤတရားဒေသနာ တော်ကို။
သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။
အနာထပိဏ္ဍိကဿ မိတ္တံ၊ အနာထပိဏ်သူဌေး၏ မိတ်ဆွေကို။
အာရဗ္ဗ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
ဟိ အနာထပိဏ္ဍိကဿ၊ ချဲ့ဦးအံ့ အနာထပိဏ်သူဌေး၏။
မိတ္တသုဟဇ္ဇဉာတိဗန္ဓဝါ၊ မိတ်ဆွေ, စိတ်ထား ကောင်းသူ, ဆွေမျိုး,အပေါင်းအဖေါ်တို့သည်။
ဧကတော ဟုတွာ၊ တစ်ပေါင်း တည်းဖြစ်ကြ၍။
“မဟာသေဋ္ဌိ အယံ၊ အို. သူဌေးကြီး ဤသူသည်ကား။
ဇာတိ ဂေါတ္တဓနဓညာဒီဟိ၊ အမျိုးဇာတ်,အနွယ်, ပစ္စည်း, စပါးစသည်တို့ဖြင့်။
တယာ နေဝ သဒိသော၊ သင်သူဌေးကြီးနှင့် တန်းမတူ။
န ဥတ္တရိတရော၊ သာသူလည်း မဟုတ်။
ကသ္မာ ဧတေန သဒ္ဓံ၊ အဘယ့်ကြောင့် ထိုသူနှင့် အတူ။
သန္တဝံ ကရောသိ၊ အပေါင်းအသင်းကိုပြုရသနည်း။
မာ ကရောဟီတိ၊ မပြုပါလင့်”ဟု။
ပုနပ္ပုနံ နိဝါရေ သုံ၊ ထပ်ခါ ထပ်ခါ တားမြစ်ကုန်ပြီ။
အနာထပိဏ္ဍိကော ပန၊ အနာထပိဏ်သူဌေး သည်ကား။
“မိတ္တသန္တဝေါ နာမ၊ မိတ်ဆွေဖွဲ့မှု မည်သည်ကို။
ဟီနေဟိပိ၊ အဆင့်နိမ့် သူတို့နှင့်လည်းကောင်း။
သမေဟိပိ၊ အဆင့်တူသူတို့နှင့်လည်းကောင်း။
အတိရေ ကေဟိပိ၊ အဆင့်သာသူတို့နှင့်လည်းကောင်း။
ကတ္တဗ္ဗောယေဝါတိ၊ ပြုထိုက် သည်သာ”ဟုတွေး၍။
တေသံ အဂ္ဂဟေတွာ၊ ထိုမိတ်ဆွေစသူတို့၏ စကားကို မနာယူမူ၍။
ဘောဂဂါမံ ဂစ္ဆန္တော၊ အပိုင်းစားရာရွာသို့ သွားသော်။
တံ ကုဋုမ္ဗရက္ခကံ၊ ထိုအဆင့်နိမ့်သူမိတ်ဆွေကို ပစ္စည်းအစောင့်အရှောက်ကို။
ကတွာအဂမာသီတိ၊ ပြု၍ သွားပြီစသော။
သဗ္ဗံ၊ အလုံးစုံကို။
ကာဠကဏ္ဏဝတ္ထုသ္မိံ၊ ကာဠ ကဏ္ဏဇာတ်ဝတ္ထုကြောင်း၌။
ဝုတ္တနယေနေဝ ဝေဒိတဗ္ဗံ၊ ဆိုပြီးသော နည်းဖြင့်ပင် သိသင့်၏။
ဣဓ ပန'အနာထပိဏ္ဍိကေန၊ ဤကုသနာဠိဇာတ်၌ကား အနာထံပိဏ် သူဌေးသည်။
အတ္တနော ဃရ ပဝတ္တိယာ၊ မိမိ၏ အိမ်က အဖြစ်ကို။
အာရောစိ. တာယ သတ္ထာ၊ လျှောက်ထားအပ်သော် ရှင်တော်ဘုရားသည်။
“ဂဟပတိ မိတ္တော နာမ၊ အို. . သူကြွယ် မိတ်ဆွေမည်သည်။
ခုဒ္ဒကော နတ္ထိ၊ သေးငယ်သည် မရှိ ။
ဧတ္ထ မိတ္တဓမ္မံ ရက္ခိတုံ၊ ဤမိတ်ဆွေ၌ မိတ်ဆွေကျင့်ဝတ်တရားကို စောင့်ရှောက် ခြင်းငှာ။
သမတ္ထဘာဝေါဝေတ္ထ ပမာဏံ၊ စွမ်းနိုင်သည့်အဖြစ်သည်သာ ပမာဏဖြစ်၏ ။
မိတ္တော နာမ အတ္တနာ သမောပိ၊ မိတ်ဆွေမည်သည်ကို မိမိနှင့် အဆင့်တူသူကို လည်းကောင်း။
ဟီနောပိ သေဋ္ဌောပိ၊ အဆင့်နိမ့်သူကိုလည်းကောင်း အဆင့်မြင့် သူကိုလည်းကောင်း။
ဂဟေတဗ္ဗော၊ ယူသင့် ယူထိုက်၏။
ဟိ သဗ္ဗေပိ ဧတေ၊ မှန်၏ အလုံးစုံလည်းဖြစ်ကုန်သော ထိုမိတ်ဆွေစစ်တို့သည်။
အတ္တနော ပတ္တဘာရံ၊ မိမိအား ကျရောက်ရာတာဝန်ကို။
နိတ္ထရန္တိယေဝ၊ ထုတ်ဆောင်တတ်ကြကုန်သည်။
သာဣဒါနိ တာဝ တွံ၊ ယခုအခါ သင်သည်။
အတ္တနော နီစမိတ္တံ နိဿာယ၊ မိမိ၏ အဆင့်နိမ့်မိတ်ဆွေကို အမှီပြု၍။
ကုဋု မ္ဗဿ သာမိကော ဇာတော၊ ပစ္စည်း ဥစ္စာ၏ ပိုင်ရှင်သည် ဖြစ်မြဲဖြစ်ရပြီ။
ပေါရာဏာ ပန၊ ရှေးပုဂ္ဂိုလ်တို့သည်ကား။
နီစမိတ္တံ နိဿာယ၊ အဆင့်နိမ့်မိတ်ဆွေကို အမှီပြု၍။
ဝိမာနသာမိကာ၊ ဗိမာန် ပိုင်ရှင်တို့သည်။
ဇာတာတိ ဝတွာ၊ ဖြစ်မြဲဖြစ်ရကုန်ပြီ”ဟု မိန့်တော်မူ၍။
တေန ယာစိတော၊ ထိုအနာထပိဏ်သူဌေးသည် တောင်းပန်အပ်ရကား။
အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။
ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုလတ်သော်။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။
ရညော ဥယျာနေ၊ မင်း၏ ဥယျာဉ်၌။
ကုသနာဠိဂစ္ဆေ ဒေဝတာ၊ သမန်းမြက်ခြံ၌ နတ်၏။
ဟုတွာ နိဗ္ဗတ္တိ၊ အဖြစ်ဖြင့် ဖြစ်ပြီ။
တသ္မိံယေဝ ဥယျာနေ၊ ဆက်ပြောရသော် ထိုဥယျာဉ်၌ပင်။
မင်္ဂလသိလံ နိဿာယ၊ မင်္ဂလာ ကျောက်ဖျာကို မှီ၍။
ဥဇုဂတက္ခန္ဓော၊ ဖြောင့်ဖြောင့်တက်သွားသော ပင်စည် ရှိသော။
ပရိမဏ္ဍလသာခါပိဋပသမ္ပန္နော၊ ဝန်းဝိုင်းသော အခက်အခွနှင့် ပြည့်စုံ သော။
ရညော သန္တိကာ၊ မင်း၏ အထံမှ။
လဒ္ဓသမ္မာနော၊ ရအပ်သော မြတ်နိုးခြင်းရှိသော။
ရုစမင်္ဂလရုက္ခော အတ္ထိ၊ ရုစမည်သော မင်္ဂလာသစ်ပင်သည် ရှိ၏။
“မုခ ကောတိပိ ဝုစ္စတိ၊ မုခကပင်”ဟူ၍လည်း ခေါ်ဆိုထိုက်၏။
တသ္မိံ ဧကော၊ ထိုရုစ မင်္ဂလာသစ်ပင်၌ တစ်ပါးသော။
မဟေသက္ခော၊ ဘုန်းတန်ခိုးကြီးသော။
ဒေဝရာဇာ နိဗ္ဗတ္တိ၊ နတ်မင်းသည် ဖြစ်ပြီ။
ဗောဓိသတ္တဿ၊ ဘုရားလောင်းသမန်းမြက်ခြုံစောင့် နတ်၏။
တေန သဒ္ဓိံ၊ ထိုရုစမင်္ဂလာသစ်ပင်စောင့်နတ်မင်းနှင့် အတူ။
မိတ္တသန္တဝေါ အဟောသိ၊ မိတ်ဆွေဖွဲ့ခြင်းသည် ဖြစ်ပြီ။
တဒါ ရာဇာ၊ ထိုအခါက ဗြဟ္မဒတ် မင်းသည်။
ဧကတ္ထမ္ဘကေ၊ တိုင်းတစ်လုံးသာရှိသော။
ဧကသ္မိံ ပါသာဒေ၊ တစ်ခု သော နန်းပြသာဒ်၌။
ဝသတိ၊ နေထိုင် စံမြန်း၏။
တဿ သော ထမ္ဘော၊ ထိုတစ်ပင် တိုင်နန်းပြသာဒ်၏ ထိုတိုင်သည်။
စလိ၊ တုန်လှုပ်ပြီ။
အထ အဿ၊ ထိုအခါ ထိုတိုင်၏။
စလိတဘာဝံ၊ တုန်လှုပ်ကြောင်းကို။
ရညော အာရောစေသုံ၊ မင်းကြီး အား လျှောက်ထားကုန်ပြီ။
ရာဇာ၊ မင်းကြီးသည်။
ဝဍ္ဎကီ ပက္ကောသာပေတွာ၊ လက်သမားတို့ကို ခေါ်စေ၍။
“တာတာ မမ၊ အို..ချစ်သားတို့ ငါ၏။
ဧကတ္ထမ္ဘကဿ၊ တိုင်တစ်လုံးသာရှိသော။
မင်္ဂလပါသာဒဿ၊ မင်္ဂလာနန်း ပြသာဒ်၏။
ထမ္ဘော စလိတော၊ တိုင်သည် ယိမ်းယိုင်တုန်လှုပ်ပြီ။
ဧကံ သာရတ္ထမ္ဘီ၊ တစ်လုံးသော အနှစ်ပြည့်သော တိုင်ကို။
အာဟရိတွာ၊ ဆောင်ယူ၍။
တံ နိစ္စလံ၊ ထိုတစ်ပင်တိုင်မြနန်းကို ယိမ်းယိုင်မှု မရှိသည်ကို။
ကရောထာတိ အာဟ၊ ပြုကြ”ဟု ပြောပြီ။
တေ၊ ထိုလက်သမားတို့သည်။
သာဓု ဒေဝါတိ၊ ကောင်းပါပြီ အရှင်မင်းကြီး ဟု။
ရညော ဝစနံ သမ္ပဋိစ္ဆိတွာ၊ မင်း၏ စကားကို ဝန်ခံ၍။
“တဒနုစ္ဆဝိကံ ရုက္ခံ၊ ထိုနန်းတော်တိုင်အား လျောက်ပတ်သော သစ်ပင်ကို။
ပရိယေသမာနာ၊ ရှာကြကုန် သော်။
အညတ္ထ အဒိသွာ၊ ဥယျဉ်တော်မှတစ်ပါး အခြား၌ မတွေ့ကြ၍။
ဥယျာနံ ပဝိသိတွာ၊ ဥယျာဉ်တော်သို့ ဝင်ပြီး၍။
တံ မုခကရုက္ခံ ဒိသွာ၊ ထိုရုစမင်္ဂလာ သစ်ပင်ကို တွေ့မြင်ရ၍။
ညော သန္တိကံ ဂန္တွာ၊ မင်း၏ အထံသို့ သွားကြ၍။
“တာတာ ဝေါ၊ အို. . ချစ်သားတို့ သင်တို့သည်။
တဒနုစ္ဆဝိ ကော ရုက္ခော၊ ထိုနန်း တော်တိုင်အား လျောက်ပတ်သော သစ်ပင်ကို။
ဒိဋ္ဌော ကိန္တိ ဝုတ္တေ၊ တွေ့မြင် အပ်ပါပြီလော”ဟု မေးအပ်သော်။
“ဒိဋ္ဌာ ဒေဝ၊ တွေ့မြင်အပ်ပါပြီ အရှင်မင်းကြီး။
အပိစ တံ ဆိန္ဒိတုံ၊ သို့သော်လည်း ထိုလျှောက်ပတ်သော သစ်ပင်ကို ခုတ်ဖြတ် ခြင်းငှာ။
န ဝိသဟာမာတိ အာဟံသု၊ မဝန့်ကြပါ”ဟု လျှောက်ကြပြီ။
ကိံ ကာရဏာ တိ၊ ဘာ့ကြောင့်လည်းဟုမေးပြီ။
ဟိ မယံ၊ အကြောင်းပြောရသော် ကျွန်တော်မျိုးတို့သည်။
အညတ္ထ ရုက္ခံ အပဿန္တာ၊ ဥယျာဉ်တော်မှတပါးအခြား၌ သင့်လျှော် သော သစ်ပင်ကို မတွေ့ကြ၍။
ဥယျာနံ ပဝိသိမှ၊ ဥယျာဉ်တော်သို့ ဝင်ခဲ့ကြပါပြီ။
တတြပိ၊ ထိုဥယျာဉ်တော်၌လည်း။
မင်္ဂလရုက္ခံ ဌပေတွာ၊ ရုစမင်္ဂလာသစ်ပင် တော်ကို ထား၍။
အညံ န ပဿာမ၊ အခြားအပင်ကို မတွေ့ခဲ့ကြပါကုန်။
ဣတိ နံ၊ ဤကဲ့သို့ ထိုရုစမင်္ဂလာသစ်ပင်ကို။
မင်္ဂလရုက္ခတာယ၊ မင်္ဂလာသစ်ပင်တော် အဖြစ်ကြောင့်။
ဆိန္ဒိတုံ န ဝိသဟာမာတိ၊ ခုတ်ဖြတ်ခြင်းငှာ မဝန့်ကြပါဟု လျှောက် ထားကုန်ပြီ။
ဂစ္ဆထ၊ သွားကြ။
တံ ဆိန္ဒိတွာ၊ ထိုရုစမင်္ဂလာသစ်ပင်ကို ခုတ်ဖြတ်၍။
ပါသာဒံ ထိရံ ကရောထ၊ တစ်ပင်တိုင်မြနန်းကို ခိုင်ခံ့သည်ကို ပြုလုပ်ကြ။
မ ယံအညံ၊ ငါတို့သည် အခြားသစ်ပင်ကို။
မင်္ဂလရုက္ခံ ကရိဿာမာတိ၊ မင်္ဂလာသစ်ပါ ကို ပြုကြမည်ဟုပြောပြီ။
တေ သာမူတိ၊ ထိုလက်သမားတို့သည် ကောင်းပါပြီဟု။
ဗလိကမ္မံ ဂဟေတွာ၊ ပသမှုပြုလုပ်သင့်သည်ကို ယူ၍။
ဥယျာနံ ဂန္တွာ၊ ဥယျာဉ် တော်သို့ သွား၍။
သွေ ဆိန္ဒိဿာမာတိ၊ နက်ဖန်၌ ခုတ်ဖြတ်ကုန်အံ့ဟုတိုင်တည်၍။
ရုက္ခဿ ဗလိကမ္မံ၊ မင်္ဂလာသစ်ပင်အား ပူဇော်ပသမှုကို။
ကတွာ နိက္ခမိံသု၊ ပြုလုပ်၍ ထွက်သွားကြကုန်ပြီ။
ရုက္ခဒေဝတာ၊ ရုစမင်္ဂလာသစ်ပင်တော်စောင့်နတ်မင်းသည်။
တံ ကာရဏံ ဉတွာ၊ နက်ဖန်ခုတ်ဖြတ်မည့် ထိုအကြောင်းရာကို သိ၍။
“သွေ မယှံ ဝိမာနံ၊ နက်ဖန်၌ ငါ၏ ဘုံဗိမာန်ကို။
နာသေဿန္တိ၊ ဖျက်ဆီးကြလိမ့်မည်။
ဒါရကေ ဂဟေတွာ၊ ကလေးငယ်တို့ကို ခေါ်ယူ၍။
ကုဟိ ဂမိဿာမီတိ၊ ဘယ်သို့ သွားရမည် နည်း”ဟု။
ဂန္တဗ္ဗဋ္ဌာနံ အပဿန္တီ၊ သွားရမည့်ဌာနကို မတွေ့မြင်ရကား။
ပုတ္တကေ ဂီဝါယ၊ သားသမီးငယ်တို့ကို လည်ပင်း၌။
ဂဟေတွာ ပရောဒိ၊ ကိုင်ယူ၍ ငိုကျွေးပြီ။
ကဿာ၊ ထိုရုစမင်္ဂလာသစ်ပင်စောင့်နတ်မင်း၏။
သန္နိဋ္ဌသမ္ဘတ္တာ ရုက္ခဒေဝတာ၊ မျက်နှာသိမိတ်ဆွေ ရင်းနှီးသော မိတ်ဆွေဖြစ်ကြကုန်သော ရုက္ခစိုးနတ်တို့သည်။
အာဂန္တွာ၊ လာရောက်ကြ၍။
ဧတံ ကိန္တိ ပုစ္ဆိတွာ၊ ဤငိုခြင်းသည်ကား ဘာလဲဟု မေးကြ၍။
တံ ကာရဏံ သုတွာ၊ ထိုသစ်ပင်အခုတ်ခံရမည့်အကြောင်းကို ကြားရ ၍။
သယမ္ပိ ဝဍ္ဎကီနံ၊ ကိုယ်တိုင်လည်း လက်သမားတို့၏။
ပဋိက္ကမနူပါယံ၊ ဖဲသွား မည့်နည်းလမ်းကို။
အပဿန္တိယော၊ မတွေ့ကြ၍။
တံ ပရိဿဇိတွာ၊ ထိုမင်္ဂလာ သစ်ပင်စောင့်နတ်မင်းကို လည်ဖက်ကြ၍။
ရောဒိတုံ အာရဘိံသု၊ ငိုခြင်းငှာ အားထုတ်ကြပြီ။
တသ္မိံ သမယေ ဗောဓိသတ္တော၊ ထိုအချိန်၌ ဘုရားလောင်းသည်။
ရုက္ခဒေဝတံ ပဿိဿာမီတိ၊ မင်္ဂလာသစ်ပင်တော်စောင့်နတ်မင်းကို တွေ့မြင်အံ့ဟု။
တတ္ထ ဂန္တွာ၊ ထိုမင်္ဂလာသစ်ပင်တော်စောင့် နတ်မင်းထံသို့ သွားရောက်၍။
တံ ကာရဏံ သုတွာ၊ ထိုသစ်ပင်အခုတ်ခံရမည့် အကြောင်းကို ကြားရ၍။
“ဟောတု စိန္တယိတ္ထ၊ ဖြစ်ပါစေ ရှိပါစေ တွေးမပူကြပါကုန်လင့်။
အဟံ ရုက္ခံ ဆိန္ဒိတုံ၊ ငါသည် ရုစမင်္ဂလာသစ်ပင်တော်ကို ခုတ်ဖြတ်ခြင်းငှာ။
န ဒဿာမိ၊ မပေးအံ့။
သွေ ဝဍ္ဎကီနံ အာဂတကာလေ၊ နက်ဖန်၌ လက်သမားတို့၏ ရောက်လာရာအချိန်၌။
မမ ကာရဏံ ပဿထာတိ၊ ငါ၏ ပြုမည့်အကြောင်းကို ကြည့် ကြပါဟုပြော၍။
တာ ဒေဝတာ သမဿာသေတွာ၊ ထိုတွေးပူနေသော နတ်တို့ကို သက်သာရာရစေ၍။
ပုန ဒိဝသေ၊ နောက်နေ့၌။
ဝဍ္ဎကီ နံ အာဂတဝေလာယ၊ လက်သမားတို့၏ ရောက် လာရာအချိန်၌။
ကကဏီကဝေသံ ဂဟေတွာ၊ ပုတ်သင်ညိုအသွင်ကို ယူ၍။
ဝဍ္ဎကီနံ ပုရတော ဂန္တွာ၊ လက်သမားတို့၏ ရှေ့မှ ပြေးသွား၍။
မင်္ဂလရုက္ခဿ၊ ရုစမင်္ဂလာသစ်ပင်တော်၏။
မူလန္တရံ ပဝိသိတွာ၊ အမြစ်ကြားသို့ ဝင်သွား၍။
တံ ရုက္ခ၊ ထိုရုစမင်္ဂလာသစ်ပင်တော်ကို။
သုသိရံ ဝိယ ကတွာ၊ အခေါင်းရှိသကဲ့သို့ ပြု၍။
ရုက္ခမဇ္ဈေန အဘိရုဟိတွာ၊ ပင်စည်အလယ်ဖြင့် တက်သွား၍။
ခန္ဓမတ္ထကေန နိက္ခမိတွာ၊ ပင်စည်ထိပ်ဖျားဖြင့် ထွက်လာ၍။
သီသံ ကမ္ပယမာနော နိပဇ္ဇိ၊ ဦးခေါင်း ကို လှုပ်စေလျက် အိပ်ပြီ။
မဟာဝဍ္ဎကီ၊ လက်သမားကြီးသည်။
တံ ကကဏ္ဍကံ ဒိသွာ၊ ထိုပုတ်သင်ညိုကို တွေ့မြင်၍။
ရုက္ခံ ဟတ္ထန ပဟရိတွာ၊ သစ်ပင်ကို လက်ဖြင့် ခေါက်ကြည့်၍။
“ဧသော၊ ဤသစ်ပင်ကား။
သုသိရရုက္ခော၊ အခေါင်း ရှိသော သစ်ပင်တည်း။
နိဿာရော၊ အနှစ်မရှိသော အပင်တည်း။
ဟိယျော အနုပဓာရေတွာ၊ မနေ့က မစူးစမ်းမူ၍။
ဗလိကမ္မံ ကရိမှာတိ၊ ပသတင်မြှောက်မှုကို ပြုမိခဲ့ကြပြီ”ဟု။
ဧကဃနံ မဟာရုက္ခံ၊ တစ်လုံးတစ်ခဲတည်းသော သစ်ပင်ကြီးကို။
ဂရဟိတွာ ပက္ကာမိ၊ ကဲ့ရဲ့၍ ထွက်ခွါသွားပြီ။
ရုက္ခဒေဝတာ၊ ရုစမင်္ဂလာသစ်ပင်တော် စောင့်နတ်မင်းသည်။
ဗောဓိသတ္တံ နိဿာယ၊ ဘုရားလောင်းကို အမှီပြု၍။
ဝိမာနဿ သာမိနီ ဇာတာ၊ ဘုံဗိမာန်၏ ပိုင်ရှင်သည် ဖြစ်မြဲဖြစ်ပြီ။
တဿာ ပဋိသန္တာရတ္ထာယ၊ ထိုရုစမင်္ဂလာသစ်ပင်တော်စောင့်နတ်မင်းအား ပျူငှါလောကဝတ်ပြုခြင်းငှါ။
သန္ဒိဋ္ဌမ္ဘတ္တာ၊ မျက်နှာသိမိတ်ဆွေ ရင်းနှီးသော မိတ်ဆွေဖြစ်ကုန်သော။
ဗဟူ ဒေဝတာ၊ များစွာကုန်သော နတ်တို့သည်။
သန္နိပတိံသု၊ ကောင်းစွာကျရောက်စုဝေးမိကုန်ပြီ။
ရုက္ခဒေဝတာ၊ ရုစမင်္ဂလာသစ်ပင်တော်စောင့်နတ်မင်းသည်။
“ဝိမာနံ၊ ဘုံဗိမာန်ကို။
မေ လန္တိ၊ ငါသည် ရမြဲရအပ်ကြံ ဟု။
တုဋ္ဌ စိတ္တာ၊ နှစ်သက်လှသော စိတ်ရှိ၍။
တာသံ ဒေဝတာနံ မဇ္ဈေ၊ ထိုရောက်လာကြ သော မိတ်ဆွေနတ်တို့၏ အလယ်၌။
ဗောဓိသတ္တဿ ဂုဏံ ကထယမာနာ၊ ဘုရား လောင်း၏ ဂုဏ်ကျေးဇူးကို ပြောကြားလိုရကား။
“ဘော ဒေဝတာ၊ အို နတ် အပေါင်းတို့။
မယံ မဟေသက္ခာ ဟုတွာပိ၊ ငါတို့သည် တန်ခိုးကြီးကုန်သည် ဖြစ်ကြ သော်လည်း။
ဒန္ဓပညတာယ၊ နုံချာသော ပညာရှိကုန်သည့်အဖြစ်ကြောင့်။
ဣမံ ဥပါယံ န ဇာနိမှ၊ ဤနည်းလမ်းကို မသိကြပြီ။
ကုသနာဠိဒေဝတာ ပန၊ သမန်းမြက် ခြုံစောင့်နတ်သည်ကား။
အတ္တနော ဉာဏသမ္ပတ္တိယာ၊ မိမိ၏ ဉာဏ်ပြည့်စုံခြင်း ကြောင့်။
အမှေ၊ ငါတို့ကို။
ဝိမာနသာမိကေ အကာသိ၊ ဘုံဗိမာန်ပိုင်ရှင်တို့ကို ပြုပြီ။
မိတ္တော နာမ၊ မိတ်ဆွေမည်သည်ကို။
သဒိသောပိ အဓိကောပိ၊ အဆင့်တူသူ ကိုလည်းကောင်း,အဆင့်သာသူကိုလည်းကောင်း။
ဟီနောပိ ကတ္တဗ္ဗောဝ၊ အဆင် နိမ့်သူကိုလည်းကောင်း ပြုသင့်သည်သာတည်း။
ဟိ သဗ္ဗေပိ၊ မှန်၏ မိတ်ဆွေစစ် အားလုံးတို့သည်လည်း။
အတ္တနော ထာမေန၊ မိမိ၏ စွမ်းရည်ဖြင့်။
သဟာယကာနံ ဥပ္ပန္နံ ဒုက္ခံ၊ သူငယ်ချင်းတို့အား ဖြစ်ပေါ်လာသော ဒုက္ခကို။
နိတ္ထရိတွာ၊ ထုတ်ဆောင် ၍။
သုခေ ပတိဋ္ဌာပေန္တိယေဝါတိ၊ သုခ၌ တည်စေတတ်ကြသည်သာ”ဟု။
မိတ္တဓမ္မံ ဝဏ္ဏေတွာ၊ မိတ်ဆွေတို့ ကျင်ဝတ်တရားကို ချီးမွမ်းပြောဆို၍။
သရိက္ခော၊ အဆင့်တူမျှသူသည်လည်းကောင်း။
အထ ဝါပိ၊ ထို့ပြင်လည်း အဆင့်သာသူသည်လည်းကောင်း။
ကရေ၊ မိတ်ဆွေကျင့်ဝတ် တရားပြုအံ့။
ဧကော နိဟီနကော ဝါပိ၊ အချို့သော အဆင့်နိမ့်သူသည် လည်း။
ကရေယျ၊ မိတ်ဆွေကျင့်ဝတ်တရားပြုအံ့။
ဧတေ၊ ဤမိတ်ဆွေစစ် သုံးယောက်လုံးသည်။
ဗျသနေ၊ ပျက်စီးဖို့ရာသည်။
(ဥပ္ပန္နေ၊ ဖြစ်ပေါ်လသော်)။
ဥတ္တမတ္တံ ကရေယျံ၊ မြတ်သော အကျိုးကို ပြုလုပ်ကုန်သည်သာ။
ရုစာယံ အဟံ၊ ရုစမင်္ဂလာသစ်ပင်တော်က ငါနတ်မင်းသည်လည်းကောင်း။
ကုသနာဠိ၊ သမန်မျက်ခြံစောင့်နတ်သည်လည်းကောင်း။
(မိတ္တသန္တဝံ၊ မိတ်ဆွေ ဖွဲ့မှုကို)။
ကရမှ ယထာ၊ ပြုကြသကဲ့သို့တည်း။
တတ္ထ၊ ထိုဂါထာ၌။
**ကရေ သရိက္ခော** တိ၊ ကရေ သရိက္ခာဟူသည်ကား။
ဇာတိအာဒီဟိ၊ မျိုရိုးဇာတ်စသည်တို့နှင့်။
သဒိသောပိ၊ တူညီသော ပုဂ္ဂိုလ်သည် လည်း။
မိတ္တဓမ္မံ ကရေယျ၊ မိတ်ဆွေကျင့်ဝတ်တရားကို ပြုအံ့တည်း။
**အထ ဝါပိ သေဋ္ဌော** တိ၊ အထ ဝါပိ သေဋ္ဌောဟူသည်ကား။
ဇာတိအာဒီဟိ အဓိကောပိ၊ မျိုးရိုးဇာတ်စသည်တို့ဖြင့် သာသူသည်လည်း။
ကရေယျ၊ မိတ်ဆွေကျင့်ဝတ် တရား ပြုအံ့တည်း။
**နိဟီနကော ဝါပိ ကရေယျ ဧကော** တိ၊ နိဟီနကော ဝါပိ ကရေယျ ဧကောဟူသည်ကား။
ဇာတိအာဒီဟိ၊ မျိုးရိုးဇာတ်စသည်တို့ဖြင့်။
ဟီနော ဧကောပိ၊ အဆင့်နိမ့်သော အချို့သော ပုဂ္ဂိုလ်သည်လည်း။
မိတ္တဓမ္မံ ကရေယျ၊ မိတ်ဆွေကျင့် ဝတ်တရားကို ပြုကျင့်အံ့တည်း။
တသ္မာ သဗ္ဗေပိ ဧတေ၊ ထိုကြောင့် အလုံးစုံလည်း ဖြစ်ကုန်သော ထိုသူသုံးမျိုးတို့ကို။
မိတ္တာ ကာတဗ္ဗာယေဝ၊ မိတ်ဆွေတို့ကို ပြုသင့် ပြုထိုက်ကြသည်သာတည်း။
ဣတိ ဒီပေတိ၊ ဤအနက်အဓိပ္ပါယ်ကို ပြ၏။
ကိံ ကာရဏာ၊ အဘယ့်ကြောင့်နည်း။
**ကရေယျုမေတေ ဗျသနေ ဥတ္တမတ္ထန္တိ**၊ ကရေယျမေတေ ဗျသနေ ဥတ္တမတ္တံ ဟူသည်ကား။
ဧတေ သဗ္ဗေပိ၊ ဤမိတ်ဆွေ သုံးမျိုးလုံးတို့သည်လည်း။
သဟာယဿ ဗျသနေ ဥပ္ပန္နေ၊ သူငယ်ချင်းမှာ ပျက်စီးဖို့ ရာသည် ဖြစ်ပေါ်လသော်။
အတ္တနော အတ္တနော၊ မိမိ မိမိအား။
ပတ္တဘာရံ ဝဟ မာနာ၊ ကျရောက်လာသော တာဝန်ကို ရွက်ဆောင်ကြလျက်။
ဥတ္တမတ္တံ ကရေယျံ၊ မြတ်သော အကျိုးကို ပြုကုန်၏တည်း။
ကာယိကစေတသိကဒုက္ခတော၊ ကိုယ်၌ ဖြစ်သောဒုက္ခ စိတ်၌ဖြစ်သောဒုက္ခမှ။
တံ သဟာယကံ၊ ထိုသူငယ်ချင်းကို။
မောစေယျံ ဧဝ၊ လွတ်မြောက်စေကုန်သည်သာတည်း။
ဣတိ အတ္ထော၊ ဤကား တတိယပါဒအနက်တည်း။
တသ္မာ ဟီနောပိ၊ ထို့ကြောင့် အဆင့်နိမ့်သူကိုလည်း။
မိတ္တော ကာတဗ္ဗောယေ၀၊ မိတ်ဆွေကို ပြုအပ်ပြုလိုက်သည်သာတည်း။
ဣတရေ ပဂေဝ၊ သည့်ပြင်အဆင့်တူညီသူ,သာသူတို့ကိုကား မိတ်ဖွဲ့ရာ၌ အဘယ်ဆိုဖွယ်ရာ ရှိပါအံ့နည်း။
တတြ ဣဒံ ဩပမုံ့၊ ထိုသို့မိတ်ဖွဲ့သင့်ရာ၌ ဤဆိုလတံ့သည်ကား ဥပမာတည်း။
(ကိ၊ ဥပမာဟူသည် အဘယ်နည်း)။
ရုစာယံ အဟံ၊ ရုစမင်္ဂလာသစ်ပင်တော်က ငါနတ်မင်းသည်လည်းကောင်း။
ကုသနာဠိ၊ သမန်မြက်ခြုံစောင့် နတ်သည်လည်းကောင်း။
(မိတ္တသန္တဝံ၊ မိတ်ဆွေဖွဲ့မှုကို။
ကရိမှ ယထာ၊ ကြသကဲ့သို့တည်း)။
ဣတိ၊ ဤသည်ပင်တည်း။
ရုစာယံ နိဗ္ဗတ္တဒေဝတာ အဟံ၊ ရုစမင်္ဂလာသစ်ပင်တော်၌ဖြစ်သော နတ်မင်းဖြစ်သော ငါသည်လည်းကောင်း။
အပွေသက္ခာပိ၊ ဘုန်းတန်ခိုးနည်းသည်လည်းဖြစ်သော။
အယဉ္စ ကုသနာဠိ၊ ဤသမန်းမြက်ခြုံစောင့်နတ်သည်လည်းကောင်း။
မိတ္တသန္တဝံ ကရိမှ ယထာ၊ မိတ်ဆွေဖွဲ့မှုကို ပြုခဲ့ကြသကဲ့သို့တည်း။
တတြပိ အဟံ၊ ထိုနှစ်ယောက်တို့ တွင်လည်း ငါနတ်မင်းသည်။
မဟေသက္ခာ သမာနာပိ၊ ဘုန်းတန်ခိုးကြီးသည် ဖြစ်ပါသော်လည်း။
အတ္တနော ဥပ္ပန္န၊ ဒုက္ခမိမိမှာ ဖြစ်ပေါ်လာသော ဒုက္ခကို။
ဗာလ တာယ၊ မိုက်အ,သည့်အဖြစ်ကြောင့်။
အနုပါယကုသလတာယ၊ နည်းလမ်းနား မလည်သည့်အဖြစ်ကြောင့်။
ဟရိတုံ၊ နာသကွဲ့ဆောင်ယူဖယ်ရှားခြင်းငှါ မစွမ်း နိုင်ပြီ။
အပွေသက္ခံ သမာနမ္ပိ၊ ဘုန်းတန်ခိုးနည်းသည် ဖြစ်ပါသော်လည်း။
ဣမံ ပဏ္ဍိတဒေဝတံ ပန၊ ဤပညာရှိ သမန်မြက်စောင့်နတ်ကိုကား။
နိဿာယ၊ အမှီ ပြု၍။
ဒုက္ခတော မုတ္တော အမှိ၊ ဒုက္ခမှ လွတ်ပြီးသည် ဖြစ်၏။
တသ္မာ အညေဟိပိ၊ ထို့ကြောင့် ငါတို့မှ အခြားလည်းဖြစ်ကုန်သော။
ဒုက္ခာ မုစ္စိတုကာမေဟိ၊ ဒုက္ခမှ လွတ်လိုသူတို့သည်။
သမဝိသိဋ္ဌဘာဝံ အနောလောကေတွာ၊ အဆင့်တူညီ ကြောင်း,သာကြောင်းကို မကြည့်မူ၍။
ဟီနောပိ ပဏ္ဍိတော၊ အဆင့်နိမ့်သော်လည်း ပညာရှိကို။
မိတ္တော ကာတဗ္ဗော၊ မိတ်ဆွေကို ပြုအပ်ပြုလိုက်၏။
ဣတိ၊ ဤကား ဂါထာဖွင့်အပြီးတည်း။
ရုစာဒေဝတာ၊ ရုစမင်္ဂလာသစ်ပင်တော်စောင့်သော နတ်မင်းသည်။
ဣမာယ ဂါထာယ၊ ဤဂါထာ ဖြင့်။
ဒေဝသံဃဿ၊ နတ်အပေါင်းအား။
ဓမ္မံ ဒေသေတွာ၊ တရားကို ဟောကြား၍။
ယာဝတာယုကံ ဌတွာ၊ အသက်အပိုင်းအခြားကာလ ပတ်လုံး တည်ရှိ၍။
ကုသနာဠိဒေဝတာယ သဒ္ဓိံ၊ သမန်းမြက်ခြုံစောင့်နတ်နှင့် အတူ။
ယထာကမ္မံ ဂတာ၊ ကံအားလျော်စွာ လားပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာကို ဆောင်တော်မူ၍။
“တဒါ ရုစာဒေဝတာ၊ ထိုရှေးအခါက ရုစမင်္ဂလာသစ်ပင် တော်စောင့် နတ်မင်းသည်။
အာနန္ဒော အဟောသိ၊ ယခုအခါအာနန္ဒာသည်ဖြစ်လာပြီ။
ကုသနာဠိဒေဝတာ ပန၊ သမန်းမြက်ခြုံစောင့်နတ်သည်ကား။
အဟ မေဝ အဟောသိန္တိ၊ ငါဘုရားသည်သာ ဖြစ်လာပြီ”ဟု။
ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
ကုသနာဠိဇာတကဝဏ္ဏနာ ပဌမာ၊ ရှေးဦးစွာသောကုသနာဠိဇာတ်အဖွင့်တည်း။