**ဧဝံ စေ သတ္တာ ဇာနေယျုန္တိ** ဣဒံ၊ ဧဝံ စေ သတ္တာ ဇာနေယျုံ စသော ဤတရားဒေသနာတော်ကို။
သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။
မတကဘတ္တံ အာရဗ္ဘ ကထေသိ၊ သေသူရည်စူးကျွေးမွေးအပ်သော ထမင်းကို အကြောင်းပြု၍ ဟောတော်မူပြီ။
ဟိ တသ္မိံ ကာလေ မနုဿာ၊ ချဲ့ရသော် ထိုအခါက လူတို့သည်။
ဗဟူ အဇေဠကာဒယော မာရေတွာ၊ များစွာကုန်သော ဆိတ်နှင့်သိုး စသည်တို့ကို သတ်၍။
ကာလကတေ ဉာတကေ ဥဒ္ဒိဿ၊ ကွယ်လွန်ပြီးကုန်သော ဆွေမျိုးတို့ကို ရည်စူး၍။
မတကဘတ္တံ နာမ ဒေန္တိ၊ သေသူရည်စူး ကျွေးမွေးအပ်သော ထမင်းကို လှူကုန်၏။
ဘိက္ခူ တေ မနုဿေ၊ ရဟန်းတို့သည် ထိုလူတို့ကို။
တထာ ကရောန္တေ ဒိသွာ၊ ထိုသို့ ပြုလုပ်ကြသည်တို့ကို တွေ့မြင်ကြ၍။
"ဘန္တေ ဧတရဟိ မနုဿာ၊ မြတ်စွာဘုရား ယခုအခါ လူတို့သည်။
ဗဟူ ပါဏေ ဇီဝိတက္ခယံ ပါပေတွာ၊ သတ္တဝါများစွာတို့ကို အသက်ကုန်ခြင်းသို့ ရောက်စေကြ၍။
မတကဘတ္တံ နာမ ဒေန္တိ၊ သေသူရည်စူး ကျွေးမွေးအပ်သော ထမင်းမည်သည်ကို ပေးလှူကြကုန်၏။
ဘန္တေ, ဧတ္ထ ဝုဒ္ဓိ အတ္ထိ နု ခေါတိ၊ ရှင်တော်ဘုရား ဤသို့ပြုလုပ်ရာ၌ ကြီးပွားခြင်းသည် ရှိပါသလော"ဟု။
သတ္ထာရံ ပုစ္ဆိံသု၊ ဘုရားရှင်ကို မေးလျှောက်ကုန်ပြီ။
သတ္ထာ၊ ဘုရားရှင်သည်။
"ဘိက္ခဝေ မတကဘတ္တံ၊ အိုရဟန်းတို့ မတကဘတ်ကို။
ဒဿာမာတိ ကတေပိ၊ ပေးလှူကြမည်ဟု ပြုအပ်သော်လည်း။
ပါဏာတိပါတေ ကာစိ ဝုဍ္ဎိ နာမ အတ္ထိ၊ သူ့သက်သတ်မှု၌ တစ်စုံတစ်ခုသော ကြီးပွားမှုမည်သည် မရှိ။
ပုဗ္ဗေ ပဏ္ဍိတာ၊ ရှေးအခါက ပညာရှိတို့သည်။
အာကာသေ နိသဇ္ဇ၊ ကောင်းကင်၌ နေထိုင်၍။
ဓမ္မံ ဒေသေတွာ၊ တရားကို ဟော၍။
ဧတ္ထ အာဒီနဝံ ကထေတွာ၊ သူ့သက်သတ်မှုပြု၍ ဤမတကဘတ်ပေးလှူခြင်းပ အပြစ်ကို ဟောပြောပြီး၍။
သကလဇမ္ဗုဒီပဝါသိကေ ဧတံ ကမ္မံ ဇဟာပေသုံ၊ ဇမ္ဗူဒိပ်တစ်ကျွန်းလုံးနေသူတို့ကို သူ့သက်သတ်မှုပြု၍ ဤမတကဘတ်ပေးလှူမှုကို စွန့်စေဖူးကုန်ပြီ။
ဣဒါနိ ပန ဘဝသင်္ခေပဂတတ္တာ၊ ယခုအခါ၌ ကား ဘဝချုံးခြင်းသို့ ရောက်သည့်အဖြစ်ကြောင့်။
ပုန ပါတုဘူတန္တိ ဝတွာ၊ တစ်ဖန် ထင်ရှားဖြစ်လာပြန်ပြီ"ဟု မိန့်တော်မူ၍။
အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။
ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။
တိဏ္ဏံ ဝေဒါနံ ပါရဂူ၊ ဝေဒသုံးကျမ်းတို့ကို တစ်ဘက်ကမ်းရောက် တတ်မြောက်သော။
ဒိသာပါမောက္ခော ဧကော အာစရိယဗြာဟ္မဏော၊ အရပ်လေးမျက်နှာ၌ အကြီးအမှူးဖြစ်သော တစ်ယောက်သော ဆရာပုဏ္ဏားသည်။
မတကဘတ္တံ ကရိဿာမီတိ၊ မတကဘတ်ကို ပြုမည်ဟု တွေး၍။
ဧကံ ဧဠကံ ဂါဟာပေတွာ၊ သိုးတစ်ကောင်ကို ဖမ်းယူခိုင်း၍။
"တာတာ ဣမံ ဧဠကံ၊ ချစ်သားတို့ ဤသိုးကို။
နဒိံ နေတွာ နှာပေတွာ၊ မြစ်ဆိပ်သို့ ဆောင်ယူ၍ ရေချိုးပေး၍။
ကဏ္ဌေ မာလံ ပရိက္ခိပိတွာ၊ လည်ပင်း၌ ပန်းကို ထက်ဝန်းကျင်ရစ်ပတ်၍။
ပဉ္စင်္ဂုလိကံ ဒတွာ၊ လက်ငါးချောင်းရာကို ပေး၍။
မဏ္ဍေတွာ အာနေထာတိ၊ တန်ဆာဆင်၍ ဆောင်ယူခဲ့ကြ"ဟု။
အန္တေဝါသိကေ အာဟ၊ တပည့်တို့ကို ပြောပြီ။
တေ သာဓူတိ ပဋိဿုဏိတွာ၊ ထိုတပည့်တို့သည် ကောင်းပါပြီဟု ဝန်ခံကြ၍။
တံ အာဒါယ၊ ထိုသိုးကို ယူ၍။
နဒိံ ဂန္တွာ နှာပေတွာ၊ မြစ်သို့ သွား၍ ရေချိုးပေး၍။
မဏ္ဍေတွာ နဒီတီရေ ဌပေသုံ၊ တန်ဆာဆင်၍ မြစ်ကမ်း၌ ထားကြပြီ။
သော ဧဠကော၊ ထိုသိုးသည်။
အတ္တနော ပုဗ္ဗကမ္မံ ဒိသွာ၊ မိမိ၏ ရှေးကံကို သိမြင်၍။
"ဧဝရူပါနာမ ဒုက္ခာ၊ ဤသို့ အသတ်ခံရခြင်း သဘောရှိသည်မည်သော ဆင်းရဲမှ။
အဇ္ဇ မုစ္စိဿာမီတိ၊ ယဗန့ လွတ်ရတော့မည်ဟု တွေး၍။
သောမနဿဇာတော၊ ဝမ်းမြောက်မှုဖြစ်၍။
မတ္တိကာဃဋံ ဘိန္ဒန္တော ဝိယ၊ မြေအိုးကို ခွဲလိုက်ဘိသကဲ့သို့။
မဟာဟသိတံ ဟသိတွာ ပုန၊ ကြီးစွာသော ရယ်ခြင်းကို ရယ်ပြီး၍ တစ်ဖန်။
"အယံ ဗြာဟ္မဏော မံ ဃာတေတွာ၊ ဤဒိသာပါမောက္ခဆရာပုဏ္ဏားသည် ငါ့ကို သတ်၍။
မယာ လဒ္ဓဒုက္ခံ လဘိဿတီတိ၊ ငါသည် ရအပ်ခဲ့ပြီးသော ဆင်းရဲမျိုးကို ရလတ္တံ့"ဟု။
ဗြာဟ္မဏေ ကာရုညံ ဥပ္ပါဒေတွာ၊ ဆရာပုဏ္ဏား၌ သနားမှုကို ဖြစ်စေ၍။
မဟန္တေန သဒ္ဒေန ပရောဒိ၊ ကြီးစွာသော အသံဖြင့် ငိုကြွေးပြီ။
အထ နံ တေ မာဏဝါ၊ ထိုအခါ၌ ထိုသိုးကို ထိုတပည့်လုလင်တို့သည်။
"သမ္မ ဧဠက တွံ၊ အို အမောင်သိုး သင်သိုးသည်။
မဟာသဒ္ဒေန ဟသိ စေဝ ရောဒိ စ၊ အသံကျယ်ကြီးဖြင့် ရယ်လည်းရယ်ပြီ ငိုလည်းငိုပြိီ။
ကေန ကာရဏေန ဟသိ နု ခေါ၊ ဘယ်အကြောင်းကြောင့် ရယ်ပါသနည်း။
ကေန ကာရဏေန ပရောဒီတိ ပုစ္ဆိံသု၊ အဘယ်အကြောင်းကြောင့် ငိုပါသနည်းဟု မေးကြပြီ။
တုမှေ မံ ဣမံ ကာရဏံ၊ သင် လုလင်တို့သည် ငါသိုးကို ဤရယ်ခြင်းအကြောင်း, ငိုခြင်းအကြောင်းကို။
အတ္တနော အာစရိယဿ၊ မိမိတို့၏ ဒိသာပါမောက္ခဆရာ၏။
သန္တိကေ ပုစ္ဆေယျာထာတိ၊ အထံ၌ မေးကြပါဟု ပြောပြီ။
တေ တံ အာဒါယ ဂန္တွာ၊ ထိုတပည့်လုလင်တို့သည် ထိုသိုးကို ယူသွား၍။
ဣဒံ ကာရဏံ အာစရိယဿ အာရောစေသုံ၊ ဤအကြောင်းကို ဆရာအား ပြောကြားကုန်ပြီ။
အာစရိယော တေသံ ဝစနံ သုတွာ၊ ဆရာသည် ထိုတပည့်တို့၏ စကားကို ကြားရ၍။
"ဧဠကံ တွံ၊ အိုသိုး သင်သည်။
ကသ္မာ ဟသိ၊ အဘယ့်ကြောင့် ရယ်သနည်း။
ကသ္မာ ပရောဒီတိ၊ အဘယ့်ကြောင့် ငိုသနည်း"ဟု။
ဧဠက ပုစ္ဆိ၊ သိုးကို မေးပြီ။
ဧဠကော အတ္တနာ ကတကမ္မံ၊ သိုးသည် မိမိသည် ပြုအပ်ခဲ့ဖူးသော မကောင်းမှုကံကို။
ဇာတိဿရဉာဏေန အနုဿရိတွာ၊ ဇာတိဿရဉာဏ်ဖြင့် အဖန်ဖန် အောက်မေ့၍။
"ဗြာဟ္မဏ အဟံ ပုဗ္ဗေ၊ အိုပုဏ္ဏား ငါသည် ရှေးက။
တာဒိသောဝ မန္တဇ္ဈာယကဗြာဟ္မဏော ဟုတွာ၊ သင်ကဲ့သို့ ရှုအပ်သည်သာ ဖြစ်သော မန္တန်ရွတ်ဆိုသည့် ပုဏ္ဏားသည် ဖြစ်၍။
မတကဘတ္တံ ဒဿာမီတိ၊ မတကဘတ်ကို ပေးလှူမည်ဟု။
ဧကံ ဧဠကံ မာရေတွာ၊ သိုးတစ်ကောင်ကို သတ်၍။
မတကဘတ္တံ အဒါသိံ၊ မတကဘတ်ကို ပေးလှူခဲ့ပြီ။
သွာဟံ ဧကဿ ဧဠကဿ ဃာတိတတ္တာ၊ ထို ငါသည် သိုးတစ်ကောင်ကို သတ်အပ်ဖူးသည့် အဖြစ်ကြောင့်။
ဧကေန ဦနေသု ပဉ္စသု အတ္တဘာဝသတေသု၊ တစ်ဘဝဖြင့် ယုတ်လျော့ကုန်သော ဘဝငါးရာတို့၌။
သီသစ္ဆေဒံ ပါပုဏိံ၊ ခေါင်းပြတ်ခြင်းသို့ ရောက်ခဲ့ရပြီ။
မေ အယံ၊ ငါ၏ ဤဘဝသည်ကား။
ကောဋိယံ ဌိတော၊ အစွန်ဆုံး၌ တည်ရှိသော။
ပဉ္စသတိမော အတ္တဘာဝေါ၊ ငါးရာပြည့်သော ဘဝတည်း။
သွာဟံ အဇ္ဇ၊ ထိုငါသည် ယနေ့။
ဧဝရူပါ ဒုက္ခာ မုစ္စိဿာမီတိ၊ ဤသို့သဘောရှိသော ဆင်းရဲမှ လွတ်ရတော့မည်ဟု။
သောမနဿဇာတော၊ သောနဿဖြစ်၍။
ဣမိနာ ကာရဏေန ဟသိံ၊ ဤအကြောင်းကြောင့် ရယ်ပြီ။
ရောဒန္တော ပန၊ ငါငိုသည်ကတော့။
အဟံ ဧကံ ဧဠကံ မာရေတွာ၊ ငါသည် သိုးတစ်ကောင်ကို သတ်၍။
ပဉ္စဇာတိသတာနိ၊ ဘဝငါးရာတို့ ပတ်လုံး။
သီသစ္ဆေဒဒုက္ခံ ပတွာ၊ ခေါင်းပြတ်ခြင်းဆင်းရဲသို့ ရောက်၍။
အဇ္ဇ တမှာ ဒုက္ခာ တာဝ မုစ္စိဿာမိ၊ ယနေ့ ထိုဆင်းရဲမှ လွတ်ရပေတော့အံ့။
အယံ ပန ဗြာဟ္မဏော မံ မာရေတွာ၊ ဤပုဏ္ဏားသည်ကား ငါ့ကို သတ်၍။
အဟံ ဝိယ ပဉ္စဇာတိသတာနိ၊ ငါသည်ကဲ့သို့ ဘဝငါးရာတို့ပတ်လုံး။
သီသစ္ဆေဒဒုက္ခံ လဘိဿတီတိ၊ ခေါင်းပြတ်ခြင်းဆင်းရဲကို ရလိမ့်မည်ဟု။
တယိ ကာရုညေန၊ သင်ပုဏ္ဏား၌ သနားခြင်းကြောင့်။
ရောဒိန္တိ ဗြာဟ္မဏဿ ကထေသိ၊ ငိုပြီ"ဟု ဒိသာပါမောက္ခဆရာပုဏ္ဏားအား ဖြေပြီ။
ဧဠက မာ ဘာယိ၊ အိုသိုး မကြောက်လင့်။
အဟံ တံ န မာရေဿာမီတိ၊ ငါဆရာသည် သင့်ကို မသတ်အံ့ဟု ပြောပြီ။
ဗြာဟ္မဏ ကိံ ဝဒေသိ၊ အိုပုဏ္ဏား ဘယ်လို ပြောလိုက်တာလဲ။
တယိ မာရေန္တေပိ အမာရေန္တေပိ၊ သင်သည် သတ်သော်လည်းကောင်း, မသတ်သော်လည်းကောင်း။
အဇ္ဇ မယာ မရဏာ၊ ယနေ့ ငါသည် သေခြင်းမှ။
မုစ္စိတုံ န သက္ကာတိ၊ လွတ်ခြင်းငှာ မတတ်ကောင်းဟု ပြောပြီ။
ဧဠက မာ ဘာယိ၊ အိုသိုး မကြောက်လင့်။
အဟံ တေ၊ ငါသည် သင့်အတွက်။
အာရက္ခံ ဂဟေတွာ၊ အစောင့်အရှောက်ကို ယူ၍။
တယာ သဒ္ဓိံယေဝ ဝိစရိဿာမီတိ၊ သင်နှင့်အတူသာ လှည့်လည်မည်ဟု ပြောပြီ။
ဗြာဟ္မဏ တဝ အာရက္ခော အပ္ပမတ္တကော၊ အို ပုဏ္ဏား သင်၏ စောင့်ရှောက်မှုသည် မပြောပဖွယ် အနည်းငယ်သာ။
မယာ ကတပါပံ ပန၊ ငါသည် ပြုအပ်ခဲ့သော အကုသိုလ်သည်ကား။
မဟန္တံ ဗလဝန္တိ၊ ကြီးလှ၏ (အားကောင်းလှ၏)ဟု ပြောပြီ။
ဗြာဟ္မဏော ဧဠကံ မုဉ္စိတွာ၊ ဆရာပုဏ္ဏားသည် သိုးကို အသက်ဘေးမှ လွှတ်၍။
ဣမံ ဧဠကံ၊ ဤသိုးကို။
မာရေတုံ၊ သတ်ခြင်းငှာ သတ်ခွင့်ကို။
ကဿစိပိ န ဒဿာမီတိ၊ မည်သူအားမျှလည်း မပေးအံ့ဟု တွေး၍။
အန္တေဝါသိကေ အာဒါယ၊ တပည့်တို့ကို ခေါ်ယူ၍။
ဧဠကေနေဝ သဒ္ဓိံ ဝိစရိ၊ သိုးနှင့်သာ အတူ လှည့်လည်ပြီ။
ဧဠကော ဝိဿဋ္ဌမတ္တောဝ၊ သိုးသည် လွှတ်လိုက်လျှင်ပင်။
ဧကံ ပါသာဏပိဋ္ဌိံ၊ ကျောက်ဖျာတစ်ခုကို။
နိဿာယ ဇာတဂုမ္ဗေ၊ မှီ၍ ပေါက်နေသော ချုံ၍။
ဂီဝံ ပသာရေတွာ၊ လည်ပင်းကို ဆန့်တန်း၍။
ပဏ္ဏာနိ ခါဒိတုံ အာရဒ္ဓေါ၊ အရွက်တို့ကို စားခြင်းငှာ အားထုတ်ပြီ။
တင်္ခဏညေဝ တသ္မိံ ပါသာဏေ၊ ထိုခဏ၌ပင် ထိုကျောက်ဖျာ၌။
အသနိ ပတိ၊ မိုးကြိုးသည် ကျပြီ (ပစ်ပြီ)။
တတော ဧကာ ပါသာဏသကလိကာ ဆိဇ္ဇိတွာ၊ ထိုကျောက်ဖျာမှ တစ်ခုသော ကျောက်ဖျာအပိုင်းအစသည် ကျိုးပြတ်၍။
ဧဠကဿ ပသာရိတဂီဝါယ ပတိတွာ၊ သိုး၏ ဆန့်တန်းသော လည်၌ ကျ၍ (မှန်၍)။
သီသံ ဆိန္ဒိ၊ ဦးခေါင်းကို ဖြတ်ပြီ။
မဟာဇနော သန္နိပတိ၊ လူအများသည် ကောင်းစွာကျရောက် စုဝေးပြီ။
တဒါ ဗောဓိသတ္တော တသ္မိံ ဌာနေ၊ ထိုအခါ ငါတို့ဘုရားလောင်းသည် ထိုဌာန၌။
ရုက္ခဒေဝတာ ဟုတွာ နိဗ္ဗတ္တော၊ ရုက္ခစိုးနတ်သည် ဖြစ်၍ ဖြစ်ပြီ။
သော တဿ မဟာဇနဿ ပဿန္တဿေဝ၊ ထိုဘုရားလောင်းရုက္ခစိုးနတ်မင်းသည် ထိုလူအများသည် ကြည့်နေစဉ်ပင်။
ဒေဝတာနုဘာဝေန အာကာသေ၊ နတ်တန်ခိုးဖြင့် ကောင်းကင်၌။
ပလ္လင်္ကေန နိသီဒိတွာ၊ တင်ပလ္လင်ခွေဖြင့် ထိုင်နေ၍။
"ဣမေ သတ္တာ ဧဝံ၊ ဤသတ္တဝါတို့သည် ဤသိုးကဲ့သို့။
ပါပဿ ဖလံ ဇာနမာနာ၊ မကောင်းမှု၏ မကောင်းကျိုးကို သိကုန်သော်။
ပါဏာတိပါတံ အပ္ပေဝ နာမ န ကရေယျုန္တိ၊ သူ့သက်သတ်မှုကို စင်စစ်သာလျှင် မပြုကုန်ရာ"ဟု။
မဓုရဿရေန ဓမ္မံ ဒေသေန္တော၊ ချိုမြိန်သာယာသော အသံဖြင့် တရားဟောလိုရကား။
ဣမံ ဂါထံ အာဟ၊ ဤဂါထာကို ဟောပြီ။
ဂါထာအနက်ကား--
၁၈။ "အယံ ဇာတိသမ္ဘဝေါ ဒုက္ခော၊ ဤပဋိသန္ဓေတည်နေခြင်း ကြီးပွားခြင်းသည် ဆင်းရဲတည်း (ဆင်းရဲကြောင်းတည်း)။
ဧဝံ စေ သတ္တာ ဇာနေယျုံ၊ ဤသို့ အကယ်၍ သတ္တဝါတို့သည် သိကုန်အံ့။
ပါဏဃာတီ ဟိ သောစတိ၊ အကြင်ကြောင့် သူ့သက်သတ်သူသည် စိုးရိမ်ရ၏။
(တသ္မာ ဧဝံ၊ ထိုသို့ စိုးရမ်ရသောကြောင့် ဤသို့ သိကုန်သော်)။
ပါဏော ပါဏိနံ န ဟညေ၊ သတ္တဝါတစ်ယောက်သည် သတ္တဝါတစ်ယောက်ကို မညှဉ်းဆဲ မသတ်ဖြတ်ရာ"။
တတ္ထ **ဧဝံ စေ သတ္တာ ဇာနေယျုန္တိ**၊ ထိုဂါထာ၌ ဧဝံ စေ သတ္တာ ဇာနေယျုံ ဟူသည်ကား။
ဣမေ သတ္တာ ဧဝံ စေ ဇာနေယျုံ၊ ဤသတ္တဝါတို့သည် ဤသို့ အကယ်၍ သိကုန်အံ့။
ကထံ၊ ဘယ်သို့ သိကုန်ရာသနည်း။
**ဒုက္ခာ ယံ ဇာတိသမ္ဘဝေါ**တိ၊ ဒုက္ခာယံ ဇာတိသမ္ဘဝေါ ဟူသည်ကား။
တတ္ထ တတ္ထ အယံ ဇာတိ စ၊ ထိုထိုဘုံဘဝ၌ ဤပဋိသန္ဓေ တည်နေခြင်းသည်လည်းကောင်း။
ဇာတဿ အနုက္ကမေန၊ မွေးဖွားသူ၏ အစဉ်အားဖြင့်။
ဝဍ္ဎိသင်္ခါတော အယံ သမ္ဘဝေါ စ၊ ကြီးပွားခြင်းဟု ဆိုအပ်သော ဤကောင်းစွာဖြစ်ခြင်းသည်လည်းကောင်း။
ဇရာဗျာဓိမရဏအပ္ပိယသမ္ပယောဂပိယဝိပ္ပယောဂဟတ္ထပါဒစ္ဆေဒါဒီနံ၊ အိုနာသေ, မုန်းသူနှင့်တွဲ, ချစ်သူနှင့်တွဲ, လက်ခြေပြတ်ခြင်း စကုန်သော။
ဒုက္ခာနံ ဝတ္ထုဘူတတ္တာ၊ ဆင်းရဲတို့၏ တည်ရာဖြစ်၍ ဖြစ်ခြင်းကြောင့်။
ဒုက္ခောတိ ယဒိ ဇာနေယျုံ၊ ဒုက္ခဟု အကယ်၍ သိကုန်အံ့။
**န ပါဏော ပါဏိနံ ဟညေ**တိ၊ န ပါဏော ပါဏိနံ ဟညေ ဟူသည်ကား။
ပရံ ဝဓန္တော၊ သူတစ်ပါးကို သတ်သူသည်။
ဇာတိသမ္ဘဝေ ဝဓံ လဘတိ၊ ဖြစ်ရာ ကြီးပွားရာဘဝ၌ သတ်ခံရခြင်းကို ရ၏။
ပီဠေန္တော ပီဠံ လဘတီတိ၊ ညှဉ်းဆဲသူသည် ညှဉ်းဆဲခံရခြင်းကို ရ၏ဟု။
ဇာတိသမ္ဘဝဿ ဒုက္ခဝတ္ထုတာယ၊ ပဋိသန္ဓေတည်နေမှု, ကြီးပွားမှု၏ ဒုက္ခတည်ရာ အဖြစ်ကြောင့်။
ဒုက္ခဘာဝံ ဇာနန္တော၊ ဒုက္ခဖြစ်ကြောင်းကို သိသော်။
ကောစိ ပါဏော အညံ ပါဏိနံ န ဟညေ၊ မည်သည့်သတ္တဝါသည်မျှ အခြားသတ္တဝါကို မညှဉ်းဆဲ, မသတ်ဖြတ်ရာ။
သတ္တော သတ္တံ န ဟနေယျ၊ သတ္တဝါတစ်ယောက်သည် သတ္တဝါတစ်ယောက်ကို မညှဉ်းဆဲ, မသတ်ဖြတ်ရာ။
ဣတိ အတ္ထော၊ ဤကား န ပါဏော ပါဏီနံ ဟညေ၏ အနက်တည်း။
ကိံ ကာရဏာ၊ ဘာ့ကြောင့်နည်း။
**ဟိ ပါဏဃာတီ သောစတီ**တိ၊ အကြင်ကြောင့် သူ့အသက်သတ်သူသည် စိုးရိမ်ရ၏ ထိုကြောင့်တည်း။
ယသ္မာ သာဟတ္ထိကာဒီသု၊ အကြင့်ကြောင့် ကိုယ်ထိလက်ရောက် စကုန်သော။
ဆသု ပယောဂေသု ယေန ကေနစိ ပယောဂေန၊ အားထုတ်ခြင်း ၆-မျိုးတို့တွင် အားထုတ်ခြင်း တစ်မျိုးမျိုးဖြင့်။
ပရဿ ဇီဝိတိန္ဒြိယုပစ္ဆေဒနေန၊ သူတစ်ပါး၏ ဇီဝိတိန္ဒြေကို ဖြတ်ခြင်းဖြင့်။
ပါဏဃာတီ ပုဂ္ဂလော၊ သူ့အသက်သတ်သော ပုဂ္ဂိုလ်သည်။
အဋ္ဌသု မဟာနိရယေသု၊ ငရဲကြီးရှစ်ထပ်တို့လည်းကောင်း။
သောဠသသု ဥဿဒနိရယေသု၊ ဥဿဒငရဲငယ် ၁၆-ထပ်တို့လည်းကောင်း။
နာနပ္ပကာရာယ တိရစ္ဆာနယောနိယာ၊ အထူးထူးအပြားပြားသော တိရစ္ဆာန်မျိုးလည်းကောင်း။
ပေတ္တိဝိသယေ အသုရကာယေတိ၊ ပြိတ္တာဘုံလည်းကောင်း အသုရကာယ်ဘုံလည်းကောင်း ဟူကုန်သော။
ဣမေသု စတူသု အပါယေသု၊ ဤအပါယ်လေးဘုံတို့၌။
မဟာဒုက္ခံ အနုဘဝမာနော၊ ဒုက္ခကြီးကို ခံစားလျက်။
အန္တောနိဇ္ဈာယနလက္ခဏေန သောကေန၊ ရင်တွင်း တောက်လောင်စေခြင်း လက္ခဏာရှိသော သောကဖြင့်။
ဒီဃရတ္တံ သောစတိ၊ ရှည်စွာသော နေ့ညပတ်လုံး စိုးရိမ်ရ၏။
အယံ ဧဠကော မရဏဘယေန၊ ဤသိုးသည် သေဘေးကြောင့်။
သောစတိ ယထာဝ၊ စိုးရိမ်ရသကဲ့သို့သာ။
ဧဝံ ဒီဃရတ္တံ သောစတိ၊ ဤအတူ နေ့ညရှည်စွာပတ်လုံး စိုးရိမ်ရ၏။
ဣတိပိ ဉတွာ၊ ဤသို့လည်း သိခြင်းကြောင့်။
ပါဏော ပါဏိနံ န ဟညေ၊ သတ္တဝါသည် သတ္တဝါကို မညှဉ်းဆဲ, မသတ်ဖြတ်ရာ။
ကောစိ ပါဏာတိပါတကမ္မံ နာမ န ကရေယျ၊ မည်သူသည်မျှ သူ့သက်သတ်မှုမည်သည်ကို မပြုလုပ်ရာ။
ပန မောဟေန မူဠှာ၊ သို့သော်လည်း မောဟဖြင့် တွေဝေကြ၍။
အဝိဇ္ဇာယ အန္ဓီကတာ၊ အဝိဇ္ဇာ၏ ကန်းအောင်ပြုမှု ခံကြရ၍။
ဣမံ အာဒီနဝံ အပဿန္တာ၊ ဤဒုက္ခအပြစ်ကို မမြင်ကြ၍။
ပါဏာတိပါတံ ကရောန္တီ ဣတိ၊ ပါဏာတိပါတကို ပြုကြကုန်၏ ဤကား ဂါထာဖွင့် အပြီးတည်း။
ဧဝံ မဟာသတ္တော၊ ဤသို့လျှင် ဘုရားလောင်းရုက္ခစိုးနတ်မင်းသည်။
နိရယဘယေန တဇ္ဇေတွာ၊ ငရဲဘေးဖြင့် ခြိမ်းခြောက်၍။
ဓမ္မံ ဒေသေသိ၊ တရားကို ဟောပြီ။
မနုဿာ တံ ဓမ္မဒေသနံ သုတွာ၊ လူတို့သည် ထိုတရားဒေသနာကို ကြားနာရ၍။
နိရယဘယဘီတာ ပါဏာတိပါတာ ဝိရမိံသု၊ ငရဲဘေးမှ ကြောက်ကြ၍ ပါဏာတိပါတမှ ရှောင်ကြဉ်ကြပြီ။
ဗောဓိသတ္တောပိ ဓမ္မံ ဒေသေတွာ၊ ဘုရားလောင်း ရုက္ခစိုးနတ်မင်းသည်လည်း တရားကို ဟော၍။
မဟာဇနံ သီလေ ပတိဋ္ဌာပေတွာ၊ လူအများကို သီလ၌ တည်စေ၍။
ယထာကမ္မံ ဂတော၊ ကံအားလျော်စွာ လားပြီ။
မဟာဇနောပိ၊ လူအများသည်လည်း။
ဗောဓိသတ္တဿ ဩဝါဒေ ဌတွာ၊ ဘုရားလောင်း၏ ဩဝါဒ၌ တည်၍။
ဒါနာဒီနိ ပုညာနိ ကတွာ၊ ဒါနစကုန်သော ကောင်းမှုတို့ကို ပြုကြ၍။
ဒေဝနဂရံ ပူရေသိ၊ နတ်ပြည်ကို ပြည့်စေပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာကို ဆောင်တော်မူ၍။
အနုသန္ဓိံ ဃဋေတွာ၊ အနုသန္ဓေကို စပ်တော်မူ၍။
အဟံ တေန သမယေန၊ ငါဘုရားသည် ထိုအခါက။
ရုက္ခဒေဝတာ အဟောသိန္တိ၊ ရုက္ခစိုးနတ်မင်းသည် ဖြစ်ခဲ့ပြီဟု။
ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
**မတကဘတ္တဇာတကဝဏ္ဏနာ အဋ္ဌမာ**၊ **ရှစ်ခုမြောက်ဖြစ်သော မတကဘတ္တဇာတ်အဖွင့်တည်း။**