Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
云台教理组
中文
Jātaka-aṭṭhakathā(Paṭhamo bhāgo)
Jātaka-aṭṭhakathā(Paṭhamo bhāgo)

[6] 6. Devadhammajātakavaṇṇanā

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

**ဟိရိဩတ္တပ္ပသမ္ပန္နာ**တိ ဣဒံ၊ ဟိရိဩတ္တပ္ပသမ္ပန္န စသော ဤတရားဒေသနာတော်ကို။ ဘဂဝါ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။ အညတရံ ဗဟုဘဏ္ဍိကံ ဘိက္ခုံ၊ မထင်ရှားသော များစွာသော ပစ္စည်းရှိသော ရဟန်းကို။ အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
သာဝတ္ထိဝါသီ ဧကော ကုဋုမ္ဗိကော၊ သာဝတ္ထိမြို့၌နေသော သူကြွယ်တစ်ယောက်သည်။ ဘရိယာယ ကာလကတာယ ပဗ္ဗဇိ ကိရ၊ မယားသည် သေလတ်သော် ရဟန်းပြုပြီတဲ့။
သော ပဗ္ဗဇန္တော၊ ထိုသူကြွယ်သည် ရဟန်းပြုသော်။ အတ္တနော ပရိဝေဏဉ္စ အဂ္ဂိသာလဉ္စ၊ မိမိအတွက် နေထိုင်ရာအခန်းကိုလည်းကောင်း မီးတင်းကုတ်ကိုလည်းကောင်း။ ဘဏ္ဍဂဗ္ဘဉ္စ ကာရေတွာ၊ ဂိုဒေါင်ကိုလည်းကောင်း ပြုစေ၍။ ဘဏ္ဍဂဗ္ဘံ သပ္ပိတဏ္ဍုလာဒီဟိ၊ ဂိုဒေါင်ကို ထောပတ်, ဆန်စသည်တို့ဖြင့်။ ပူရေတွာ ပဗ္ဗဇိ ကိရ၊ အပြည့်ထည့်၍ ရဟန်းပြုပြီတဲ့။
စ ပန ပဗ္ဗဇိတွာ၊ ဆက်၍ အထူးပြောစရာကား ရဟန်းပြုပြီး၍။ အတ္တနော ဒါသေ ပက္ကောသာပေတွာ၊ မိမိ၏ ကျေးကျွန်တို့ကို ခေါ်ခိုင်း၍။ ယထာရုစိတံ အာဟာရံ၊ အကြင်အကြင် နှစ်သက်အပ်သော အစာအာဟာရကို။ ပစာပေတွာ ဘုဉ္ဇတိ ကိရ၊ အချက်ခိုင်း၍ စားသတဲ့။ ဗဟုပရိက္ခာရော စ အဟောသိ၊ ပစ္စည်းပရိက္ခရာများစွာရျိသည်လည်း ဖြစ်ပြီ။ ရတ္တိံ အညံ၊ ညအခါ၌ တစ်မျိုးသော။ နိဝါသနပါရုပနံ ဟောတိ၊ သင်းပိုင်ဧကသီသည် ဖြစ်၏။ ဒိဝါ အညံ၊ နေ့၌ သင်းပိုင်ဧကသီတစ်မျိုးတည်း။
ဝိဟာရပစ္စန္တေ ဝသတိ၊ ဇေတဝန်ကျောင်းတော်စွန်း၌ နေ၏။
တဿ ဧကဒိဝသံ၊ ထိုရဟန်းသည် တစ်နေ့သ၌။ စီဝရပစ္စတ္ထရဏာဒီနိ နီဟရိတွာ၊ သင်္ကန်း, အပေါ်လွှမ်း အခင်းစသည်တို့ကို အပြင်ထုတ်၍။ ပရိဝေဏေ ပတ္ထရိတွာ သုက္ခာပေန္တဿ၊ အခန်း၌ ဖြန့်၍ နေလှမ်းနေစဉ်။ သမ္ဗဟုလာ ဇာနပဒါ ဘိက္ခူ၊ များစွာကုန်သော ဇနပုဒ်၌နေကုန်သော ရဟန်းတို့သည်။ သေနာသနစာရိကံ အာဟိဏ္ဍန္တာ၊ ကျောင်းစဉ်လှည့်လည်မှုကို လှည့်လည်ကုန်လတ်သော်။ ပရိဝေဏံ ဂန္တွာ၊ အခန်းသို့ သွားကြ၍။ စီဝရာဒီနိ ဒိသွာ၊ သင်္ကန်း စသည်တို့ကို မြင်ကြ၍။ ဣမာနိ ကဿ၊ ဤပစ္စည်းတို့သည် အဘယ်သူ၏။ (သန္တကာနိ၊ ပစ္စည်းတို့နည်း)။ ဣတိ ပုစ္ဆိံသု၊ ဤသို့ မေးကုန်ပြီ။
သော အာဝုသော မယှံ၊ ထိုရဟန်းသည် အိုငါ့ရှင်တို့ ငါ၏။ (သန္တကာနိ၊ ပစ္စည်းတို့တည်း)။ ဣတိ အာဟ၊ ဤသို့ ပြောပြီ။
အာဝုသော ဣဒမ္ပိ စီဝရံ ဣဒမ္ပိ နိဝါသနံ၊ အိုငါ့ရှင် ဤဧကသီသင်္ကန်းသည်လည်းကောင်း ဤသင်းပိုင်သည်လည်းကောင်း။ ဣဒမ္ပိ ပစ္စတ္ထရဏံ၊ ဤအပေါ် လွှမ်းအခင်းသည်လည်းကောင်း။ သဗ္ဗံ တုယှမေဝါတိ၊ အားလုံးသည် သင်၏ဟာချည်းသာလောဟု မေးကြပြီ။
အာမ မယှမေဝါတိ၊ အေးငါ၏ဟာချည်းသာဟု ဖြေပြီ။
"အာဝုသော ဘဂဝတာ၊ အိုငါ့ရှင် မြတ်စွာဘုရားသည်။ တီဏိ စီဝရာနိ အနုညာတာနိ၊ သင်းပိုင်, ဧကသီ, ဒုကုဋ် သင်္ကန်းသုံးထည်တို့ကို ခွင့်ပြုအပ်ကုန်ပြီ။ တွံ ဧဝံ အပ္ပိစ္ဆဿ၊ သင်သည် ဤသို့နည်းသော အလိုရှိသော။ ဗုဒ္ဓဿ သာသနေ ပဗ္ဗဇိတွာ၊ ဘုရားရှင်၏ သာသနာတော်၌ ရဟန်းပြု၍။ ဧဝံ ဗဟုပရိက္ခာရော ဇာတော၊ ဤသို့ များသောပရိက္ခရာရှိသူသည် ဖြစ်နေ၏။ ဧဟိ တံ၊ လာလော့ သင့်ကို။ ဒသဗလဿ သန္တိကံ နေဿာမာတိ၊ ဘုရားရှင်၏ အထံတော်ကို ဆောင်ပို့ကုန်အံ့"ဟုပြောကြ၍။ တံ အာဒါယ၊ ထိုရဟန်းကို ခေါ်ယူ၍။ သတ္ထု သန္တိကံ အဂမံသု၊ ဘုရားရှင်၏အထံတော်သို့ သွားကြကုန်ပြီ။
သတ္ထာ ဒိသွာဝ၊ မြတ်စွာဘုရားသည် မြင်တော်မူလျှင်ပင်။ "ဘိက္ခဝေ ကိံ နု ခေါ၊ အိုရဟန်းတို့ အဘယ့်ကြောင့်သာလျှင်။ အနိစ္ဆမာနကံယေဝ ဘိက္ခုံ၊ မလိုက်လိုသည်သာ ဖြစ်သော ရဟန်းကို။ ဂဏှိတွာ အာဂတာ အတ္ထ ဣတိ အာဟ၊ ခေါ်၍ လာကုန်သည် ဖြစ်ကြသနည်း"ဟု မိန့်တော်မူပြီ။
ဘန္တေ အယံ ဘိက္ခု၊ မြတ်စွာဘုရား ဤရဟန်းသည်။ ဗဟုဘဏ္ဍော ဗဟုပရိက္ခာရောတိ၊ များသောပစ္စည်းရှိ၏ များသော ပရိက္ခရာရှိ၏ဟု လျှောက်ကြပြီ။
ဘိက္ခု တွံ ဗဟုဘဏ္ဍောတိ၊ အိုရဟန်း သင်သည် များသော ပစ္စည်းရှိ၏ ဟုကြားရသည်ကား။ သစ္စံ ကိရ ဣတိ၊ မှန်သလောဟု မေးတော်မူပြီ။
သစ္စံ ဘဂဝါတိ၊ မှန်ပါသည် မြတ်စွာဘုရားဟု လျှောက်ပြီ။
ဘိက္ခု ကသ္မာ ပန တွံ၊ အိုရဟန်း အဘယ့်ကြောင့်ကားသင်သည်။ ဗဟုဘဏ္ဍော ဇာတော၊ ပစ္စည်းများစွာရှိသူသည် ဖြစ်ရသနည်း။
အဟံ အပ္ပိစ္ဆတာယ၊ ငါဘုရားသည် လောဘနည်းသူဖြစ်ကြောင်း၏လည်းကောင်း။ သန္တုဋ္ဌိတာယ ပဝိဝေကဿ၊ ရောင့်ရဲလွယ်သူဖြစ်ကြောင်း၏လည်းကောင်း ကိလေသာကင်းဆိတ်ခြင်း၏လည်းကောင်း။ ဝီရိယာရမ္ဘဿ ဝဏ္ဏံ ဝဒါမိ နနု ဣတိ၊ ဝီရိယအားထုတ်ခြင်း၏လည်းကောင်း ဂုဏ်ကျေးဇူးကို ဟောကြားသည် မဟုတ်လောဟု မိန့်တော်မူပြီ။
သော သတ္ထုဝစနံ၊ ထိုရဟန်းသည် ဘုရားရှင်၏ စကားတော်ကို။ သုတွာ ကုပိတော၊ ကြားရသော် စိတ်ဆိုး၍။ ဣဒါနိ ဣမိနာ နီဟာရေန၊ ယခုအခါ ဤနည်းဖြင့်။ စရိဿာမီတိ၊ သွားလာလှည့်လည်အံ့ဟု လျှောက်၍။ ပါရုပနံ ဆဍ္ဍေတွာ၊ ဧကသီကို စွန့်ပစ်ချ၍။ ပရိသမဇ္ဈေ ဧကစီဝရော အဋ္ဌာသိ၊ ပရိသတ်အလယ်၌ သင်းပိုင်သာဝတ်၍ ရပ်တည်ပြီ။
အထ နံ၊ ထိုအခါ၌ ထိုရဟန်းကို။ သတ္ထာ ဥပတ္ထမ္ဘယမာနော၊ ဘုရားရှင်သည် အားပေးထောက်ပံ့လျက်။ "ဘိက္ခု တွံ ပုဗ္ဗေ၊ အိုရဟန်း သင်သည် ရှေး၌။ ဟိရောတ္တပ္ပဂဝေသကော ဒကရက္ခသကာလေပိ၊ အရှက်အကြောက်ကို ရှာမှီး၍ ရေစောင့်ဘီလူး ဖြစ်ရာအခါ၌လည်း။ ဟိရောတ္တပ္ပံ ဂဝေသမာနော၊ အရှက်အကြောက်ကို ရှာမှီးလျက်။ ဒွါဒသသံဝစ္ဆရာနိ ဝိဟာသိ နနု၊ ၁၂-နှစ်တို့ပတ်လုံး နေဖူးပြီ မဟုတ်လော။ အထ ကသ္မာ ဣဒါနိ၊ ထိုသို့ဖြစ်လျက် အဘယ့်ကြောင့် ယခုအခါ၌။ ဧဝံ ဂရုကေ၊ ဤသို့ အလေးဂရုပြုထိုက်သော။ ဗုဒ္ဓသာသနေ ပဗ္ဗဇိတွာ၊ ဘုရားရှင်သာသနာတော်၌ ရဟန်းပြု၍။ စတုပရိသမဇ္ဈေ ပါရုပနံ ဆဍ္ဍေတွာ၊ ပရိသတ်လေးပါးအလယ်၌ ဧကသီကို စွန့်ပစ်ချ၍။ ဟိရောတ္တပ္ပံ ပဟာယ၊ အရှက်အကြောက်ကို ပယ်စွန့်၍။ ဌိတော အသိ ဣတိ၊ ရပ်တည်နေသူသည် ဖြစ်ရသနည်းဟု မိန့်ပြီ။
သော သတ္ထု ဝစနံ သုတွာ၊ ထိုရဟန်းသည် ဘုရားရှင်၏ စကားတော်ကို ကြားရ၍။ ဟိရောတ္တပ္ပံ ပစ္စုပဋ္ဌာပေတွာ၊ အရှက်အကြောက်ကို တစ်ဖန်ဖြစ်စေ၍။ တံ စီဝရံ ပါရုပိတွာ၊ ထိုပစ်ချသော ဧကသီသင်္ကန်းကို ကောက်ရုံပြီး၍။ သတ္ထာရံ ဝန္ဒိတွာ၊ ဘုရားရှင်ကို ရှိခိုး၍။ ဧကမန္တံ နိသီဒိ၊ သင့်တင့်လျောက်ပတ်စွာ ထိုင်နေပြီ။
ဘိက္ခူ တဿ အတ္ထဿ အာဝိဘာဝတ္ထံ၊ ရဟန်းတို့သည် ထိုရေစောင့်ဘီလူးအကြောင်းအရာ၏ ထင်ရှားဖြစ်ခြင်းငှာ။ ဘဂဝန္တံ ယာစိံသု၊ ဘုရားရှင်ကို တောင်းပန်ကုန်ပြီ။ ဘဂဝါ ဘဝန္တရေန၊ ဘုရားရှင်သည် ဘဝတစ်ပါးဖြင့်။ ပဋိစ္ဆန္နံ ကာရဏံ၊ ဖုံးကွယ်အပ်သော အကြောင်းအရာကို။ ပါကဋံ အကာသိ၊ ထင်ရှားသည်ကို ပြုတော်မူပြီ။
အတီတေ ကာသိရဋ္ဌေ ဗာရာဏသိယံ၊ ရှေးအခါ၌ ကာသိတိုင်း၌ ဗာရာဏသီမြို့၌။ ဗြဟ္မဒတ္တော နာမ ရာဇာ အဟောသိ၊ ဗြဟ္မဒတ်မည်သော မင်းသည် ဖြစ်ပြီ။
တဒါ ဗောဓိသတ္တော၊ ထိုအခါ၌ ဘုရားလောင်းသည်။ တဿ အဂ္ဂမဟေသိယာ ကုစ္ဆိမှိ၊ ထိုဗြဟ္မဒတ်မင်း၏ မိဖုယားကြီး၏ ဝမ်း၌။ ပဋိသန္ဓိံ ဂဏှိ၊ ပဋိသန္ဓေကို ယူပြီ။
နာမဂ္ဂဟဏဒိဝသေ တဿ နာမံ၊ နာမည်မှည့်ရာနေ့၌ ထိုဘုရားလောင်း၏ အမည်ကို။ မဟိသာသကုမာရောတိ အကံသု၊ မဟိသာသမင်းသားဟု ပြုကုန်ပြီ မှည့်ကုန်ပြီ။
တဿ အာဓာဝိတွာ၊ ထိုမဟိသာသမင်းသား၏ မိဘစသည်သို့ ရှေးရှုပြေးလာ၍။ ပရိဓာဝိတွာ ဝိစရဏကာလေ၊ ထက်ဝန်းကျင်ပြေးသွား၍ လှည့်လည်နိုင်ရာ အခါ၌။ ရညော အညော ပုတ္တောပိ ဇာတော၊ ဗြဟ္မဒတ်မင်း၏ အခြားသောသားသည်လည်း ဖွားပြန်ပြီ။ တဿ နာမံ၊ ထိုနောက်မှဖွားသောမင်းသား၏ အမည်ကို။ စန္ဒကုမာရောတိ အကံသု၊ စန္ဒမင်းသားဟု ပြုကုန်မှည့်ကုန်ပြီ။
တဿ အာဓာဝိတွာ၊ ထိုစန္ဒမင်းသား၏ မိဘစသည်သို့ ရှေးရှုပြေးလာ၍။ ပရိဓာဝိတွာ ဝိစရဏကာလေ ပန၊ ထက်ဝန်းကျင် ပြေးသွား၍ လှည့်လည်နိုင်ရာအခါ၌ကား။ ဗောဓိသတ္တဿ မာတာ ကာလံ အကာသိ၊ ဘုရားလောင်း မဟိသာသမင်းသား၏ မယ်တော်သည် သေခြင်းကို ပြုပြီ။ ရာဇာ အညံ၊ ဗြဟ္မဒတ်မင်းသည် အခြားအမျိုးသမီးကို။ အဂ္ဂမဟေသိဋ္ဌာနေ ဌပေသိ၊ မိဖုယားကြီး ရာထူး၌ တည်စေပြီ, ထားပြီ။
သာ ရညော၊ ထို့နောက် မိဖုယားကြီးကို ဗြဟ္မဒတ်မင်းသည်။ ပိယာ မနာပါ အဟောသိ၊ ချစ်အပ်သည် မြတ်နိုးအပ်သည် ဖြစ်ပြီ။ သာပိ သံဝါသံ အနွာယ၊ ထိုနောက် မိဖုယားကြီးသည်လည်း ပေါင်း‌ဖော်မှုကို အစွဲပြု၍။ ဧကံ ပုတ္တံ ဝိဇာယိ၊ တစ်ယောက်သော သားကို ဖွားပြီ။ သူရိယကုမာရောတိ အဿ နာမံ အကံသု၊ သူရိယမင်းသားဟု ထိုမင်းသား၏ အမည်ကို ပြုကုန်မှည့်ကုန်ပြီ။
ရာဇာ ပုတ္တံ ဒိသွာ တုဋ္ဌစိတ္တော၊ ဗြဟ္မဒတ်မင်းသည် သားတော်သူရိယမင်းသားကို မြင်ရ၍ နှစ်သက်သော စိတ်ရှိ၍။ ဘဒ္ဒေ တေ ပုတ္တဿ၊ ချစ်နှမ သင်ချစ်နှမ၏ သားအား။ ဝရံ ဒမ္မီတိ အာဟ၊ ဆုတစ်ခုကို ပေး၏ဟု ပြောပြီ။
ဒေဝီ ဝရံ၊ မိဖုယားကြီးသည် ဆုကို။ ဣစ္ဆိတကာလေ ဂဟေတဗ္ဗံ၊ အလိုရှိရာကာလ၌ ယူထိုက်သည်ကို။ ကတွာ ဌပေသိ၊ ပြု၍ ထားပြီ။
သာ ပုတ္တေ ဝယပ္ပတ္တေ၊ ထိုမိဖုယားကြီးသည် သားတော်သူရိယမင်းသားသည် အရွယ်ရောက်လတ်သော်။
"ဒေဝေန မယှံ ပုတ္တဿ၊ အရှင်မင်းကြီးသည် ကျွန်တော်မျိုးမ၏ သားတော်သူရိယမင်းသားအား။ ဇာတကာလေ ဝရော ဒိန္နော၊ မွေးဖွားပြီးရာကာလ၌ ဆုတစ်ခုကို ပေးအပ်ခဲ့ပါပြီ။ မေ ပုတ္တဿ၊ ကျွန်တော်မျိုးမ၏ သားသူရိယမင်းသားအား။ ရဇ္ဇံ ဒေဟီတိ၊ မင်းအဖြစ်ကို ပေးတော်မူပါ"ဟု။ ရာဇာနံ အာဟ၊ ဗြဟ္မဒတ်မင်းကို သံတော်ဦးတင်ပြီ။
ရာဇာ၊ ဗြဟ္မဒတ်မင်းသည်။ "မယှံ ဒွေ ပုတ္တာ အဂ္ဂိက္ခန္ဓာ ဝိယ၊ ငါ၏ သားတော်ကြီး နှစ်ယောက်တို့သည် မီးပုံကြီးတို့ကဲ့သို့။ ဇလမာနာ ဝိစရန္တိ၊ တောက်ပထင်ရှားကုန်လျက် သွားလာလှည့်လည်နေကုန်၏။ တဝ ပုတ္တဿ၊ သင်မိဖုယား၏သား သူရိယမင်းသားအား။ ရဇ္ဇံ ဒါတုံ၊ မင်းအဖြစ်ကို ပေးခြင်းငှာ။ န သက္ကာ ဣတိ ပဋိက္ခိပိတွာပိ၊ မတတ်ကောင်း"ဟု ပယ်မြစ်သော်လည်း။ ပုနပ္ပုနံ ယာစမာနမေဝ၊ ထပ်ကာထပ်ကာ တောင်းနေသည်သာဖြစ်သော။ တံ ဒိသွာ၊ ထိုမိဖုယားကြီးကို မြင်၍။ အယံ မယှံ ပုတ္တာနံ၊ ဤမိဖုယားကြီးသည် ငါ၏သားတော်ကြီးနှစ်ပါးတို့အား။ ပါပကမ္ပိ စိန္တေယျာတိ၊ မကောင်းသည်ကိုလည်း ကြံစည်ပြုလုပ်ရာ၏ဟု တွေး၍။ ပုတ္တေ ပက္ကောသာပေတွာ၊ သားတော်ကြီးနှစ်ပါးတို့ကို ခေါ်စေ၍။
"တာတာ အဟံ၊ အိုသားတော်ကြီးတို့ ငါဖခင်သည်။ သူရိယကုမာရဿ ဇာတကာလေ၊ သူရိယမင်းသား၏ ဖွားပြီးရာကာလ၌။ ဝရံ အဒါသိံ၊ ဆုတစ်ခုကို ပေးခဲ့ပြီ။
ဣဒါနိ အဿ မာတာ၊ ယခုအခါ၌ ထိုသူရိယမင်းသား၏ မယ်တော် မိဖုယားသည်။ ရဇ္ဇံ ယာစတိ၊ မင်းအဖြစ်ကို တောင်းနေ၏။ အဟံ တဿ န ဒါတုကာမော၊ ငါခမည်းတော်သည် ထိုသူရိယမင်းသားအား မင်းအဖြစ် မပေးလို။ မာတုဂါမော နာမ ပါပေါ၊ မာတုဂါမမည်သည် ဆိုးဝါး၏။ တုမှာကံ ပါပကမ္ပိ စိန္တေယျ၊ သင်သားတော်ကြီးတို့အား မကောင်းသည်ကိုလည်း ကြံစည်ပြုလုပ်ရာ၏။ တုမှေ အရညံ ပဝိသိတွာ၊ သင်သားတော်ကြီးတို့သည် တောသို့ဝင်၍။ မမ အစ္စယေန၊ ငါခမည်း‌တော်၏ ကွယ်လွန်ရာအခါ၌။ ကုလသန္တကေ နဂရေ၊ မျိုးရိုးဥစ္စာဖြစ်သော မြို့၌။ ရဇ္ဇံ ကရေယျာထာတိ အာဟ၊ မင်းအဖြစ်ကို ပြုကြလော့"ဟု ပြောပြီ။ ဣတိ ရောဒိတွာ ကန္ဒိတွာ၊ ဤသို့ပြော၍ ငို၍ မြည်တမ်း၍။ သီသေ စုမ္ဗိတွာ ဥယျောဇေသိ၊ ခေါင်း၌ စုပ်၍ လွှတ်လိုက်ပြီ။
တေ ပိတရံ ဝန္ဒိတွာ၊ ထိုသားတော်ကြီးနှစ်ယောက်တို့ကို ခမည်းတော် ဗြဟ္မဒတ်မင်းကို ရှိခိုးပြီး၍။ ပါသာဒါ ဩတရန္တေ၊ ပြာသာဒ်မှ ဆင်းလာသည်တို့ကို။ ရာဇင်္ဂဏေ ကီဠမာနော၊ မင်းရင်ပြင်၌ ကစားနေသော။ သူရိယကုမာရော ဒိသွာ၊ သူရိယမင်းသားသည် မြင်၍။ တံ ကာရဏံ ဉ တွာ၊ နောင်တော်တို့ကို ခမည်းတော်နှင်ထုတ်သည့် ထိုအကြောင်းကို သိ၍။ အဟမ္ပိ ဘာတိကေဟိ၊ ငါသူရိယမင်းသားသည် နောင်တော်တို့နှင့်။ သဒ္ဓိံ ဂမိဿာမီတိ၊ အတူလိုက်သွားအံ့ဟု ပြော၍။ တေဟိ သဒ္ဓိံယေဝ နိက္ခမိ၊ ထိုနောင်တော်တို့နှင့် အတူသာလျှင် ထွက်သွားပြီ။
တေ ဟိမဝန္တံ ပဝိသိံသု၊ ထိုမင်းသားသုံးယောက်တို့သည် ဟိမဝန္တာသို့ ဝင်ကုန်ပြီ။
ဗောဓိသတ္တော မဂ္ဂါ ဩက္ကမ္မ၊ ဘုရားလောင်းမဟိသာသမင်းသားသည် လမ်းမှ သက်ဆင်း၍။ ရုက္ခမူလေ နိသီဒိတွာ၊ သစ်ပင်ရင်း၌ ထိုင်၍။ သူရိယကုမာရံ၊ သူရိယမင်းသားကို။ "တာတ သူရိယကုမာရ ဧတံ သရံ၊ ညီတော်သူရိယမင်းသား ဟိုရေအိုင်သို့။ ဂန္တွာ နှတွာ စ ပိဝိတွာ စ၊ သွား၍ ရေချိုးပြီး၍လည်းကောင်း ရေသောက်ပြီး၍လည်းကောင်း။ ပဒုမိနိပဏ္ဏေဟိ အမှာကမ္ပိ၊ ကြာရွက်တို့ဖြင့် ငါတို့အတွက်လည်း။ ပါနီယံ အာနေဟီတိ အာမန္တေသိ၊ သောက်ရေကို ဆောင်ယူခဲ့လော့"ဟု ခေါ်ပြောပြီ။
တံ ပန သရံ ဝေဿဝဏဿ သန္တိကာ၊ ထိုရေအိုင်ကိုကား ဝေဿဝဏ်နတ်မင်းကြီး၏ အထံမှ။ ဧကေန ဒကရက္ခသေန၊ တစ်ကောင်သော ရေစောင့်ဘီလူးသည်။ လဒ္ဓံ ဟောတိ၊ အပိုင်စားရအပ်သည် ဖြစ်၏။ ဝေဿဝဏော စ တံ၊ ဝေဿဝဏ်နတ်မင်းကြီးသည်လည်း ထိုရေစောင့်ဘီလူးကို။
"ဒေဝဓမ္မဇာနနကေ ဌပေတွာ၊ ဒေဝဓမ္မသိသူတို့ကို ချန်ထား၍။ ယေ အညေ ဣမံ သရံ ဩတရန္တိ၊ အကြင်အခြားသူတို့သည် ဤရေအိုင်သို့ သက်ဆင်းကုန်၏။ တေ ခါဒိတုံ လဘသိ၊ ဒေဝဓမ္မသိသူချန်ထား, ဤရေအိုင်သက်ဆင်းသော ထိုသူတို့ကို သင်စားခြင်းငှာ အခွင့်ရ၏။
အနောတိဏ္ဏေ န လဘသီတိ အာဟ၊ မဆင်းသူတို့ကို စားခွင့်မရ"ဟု ပြောထားပြီ။
တတော ပဋ္ဌာယ၊ ထိုနေ့မှ စ၍။ သော ရက္ခသော ယေ၊ ထိုရေစောင့်ဘီလူးသည် အကြင်သူတို့သည်။ တံ သရံ ဩတရန္တိ၊ ထိုရေအိုင်သို့ သက်ဆင်းကုန်၏။ တေ ဒေဝဓမ္မေ ပုစ္ဆိတွာ၊ ထိုသက်ဆင်းသူတို့ကို ဒေဝဓမ္မတို့ကို မေး၍။ ယေ န ဇာနန္တိ၊ အကြင်သူတို့သည် မသိကုန်။ တေ ခါဒတိ၊ ထိုမသိသူတို့ကို စား၏။
အထ ခေါ သူရိယကုမာရော၊ ထိုအခါ၌ သူရိယမင်းသားသည်။ တံ သရံ ဂန္တွာ၊ ထိုရေအိုင်သို့ သွား၍။ အဝီမံသိတွာဝ ဩတရိ၊ မစူးစမ်းမူ၍သာ ဆင်းပြီ။
အထ နံ၊ ဆင်းရာ ထိုအခါ၌ ထိုသူရိယမင်းသားကို။ သော ရက္ခသော ဂဟေတွာ၊ ထိုရေစောင့်ဘီလူးသည် ဖမ်းယူ၍။ ဒေဝဓမ္မေ ဇာနာသီတိ ပုစ္ဆိ၊ ဒေဝဓမ္မတို့ကို သိ၏လောဟု မေးပြီ။
သော၊ ထိုသူရိယမင်းသားသည်။ ဒေဝဓမ္မာ နာမ စန္ဒိမသူရိယာတိ အာဟ၊ ဒေဝဓမ္မမည်သည်တို့ကား လ,နေတို့တည်းဟု ဖြေပြီ။
အထ နံ၊ ဖြေပြီးရာ ထိုအခါ၌ ထိုသူရိယမင်းသားကို။ တွံ ဒေဝဓမ္မေ၊ သင်သူရိယမင်းသားသည် ဒေဝဓမ္မတို့ကို။ န ဇာနာသီတိ ဝတွာ၊ မသိဟု ပြော၍။ ဥဒကံ ပဝေသေတွာ၊ ရေသို့ ဝင်စေ၍ (ရေနှစ်၍)။ အတ္တနော ဝသနဋ္ဌာနေ ဌပေသိ၊ မိမိရေစောင့်ဘီလူး၏ ဗိမာန်၌ ထားပြီ။
ဗောဓိသတ္တောပိ တံ၊ ဘုရားလောင်း မဟိသာသမင်းသားသည်လည်း ထိုသူရိယမင်းသားကို။ အတိစိရာယန္တံ ဒိသွာ၊ အလွန်ကြာနေသည်ကို တွေ့ရ၍။ စန္ဒကုမာရံ ပေသေသိ၊ စန္ဒမင်းသားကို လွှတ်ပြန်ပြီ။
ရက္ခသော တမ္ပိ ဂဟေတွာ၊ ရေစောင့်ဘီလူးသည် ထိုစန္ဒမင်းသားကိုလည်း ဖမ်းယူ၍။ ဒေဝဓမ္မေ ဇာနာသီတိ ပုစ္ဆိ၊ ဒေဝဓမ္မတို့ကို သိ၏လောဟု မေးပြီ။
အာမ ဇာနာမိ၊ အေး သိပါ၏။ ဒေဝဓမ္မာ နာမ စတဿော ဒိသာတိ၊ ဒေဝဓမ္မတို့မည်သည် အရပ်လေးမျက်နှာတို့တည်းဟု ‌ဖြေပြီ။
ရက္ခသော၊ ရေစောင့်ဘီလူးသည်။ တွံ ဒေဝဓမ္မေ၊ သင်စန္ဒမင်းသားသည် ဒေဝဓမ္မတို့ကို။ န ဇာနာသီတိ၊ မသိဟုပြော၍။ တမ္ပိ ဂဟေတွာ၊ ထိုစန္ဒမင်းသားကိုလည်း ဖမ်းယူ၍။ တတ္ထေဝ ဌပေသိ၊ ထိုနေရာ ဗိမာန်၌သာ ထားလေပြီ။
ဗောဓိသတ္တော တသ္မိမ္ပိ စိရာယန္တေ၊ ဘုရားလောင်းသည် ထိုစန္ဒမင်းသားသည်လည်း ကြာနေပြန်သော်။ ဧကေန အန္တရာယေန ဘဝိတဗ္ဗန္တိ၊ တစ်မျိုးသော အန္တရာယ်သည် ဖြစ်တန်ရာ၏ဟု ကြံ၍။ သယံ တတ္ထ ဂန္တွာ၊ ကိုယ်တိုင် ထိုရေအိုင်သို့သွား၍။ ဒွိန္နမ္ပိ ဩတရဏပဒဝဠဉ္ဇံ ဒိသွာ၊ ညီတော်နှစ်ယောက်တို့၏လည်း ဆင်းသွားသော ခြေရာကို တွေ့ရ၍။ ဣမိနာ သရေန ရက္ခသပရိဂ္ဂဟိတေန၊ ဤရေအိုင်သည် ရေစောင့်ဘီလူးသိမ်းပိုက်အပ်သည်။ ဘဝိတဗ္ဗန္တိ၊ ဖြစ်တန်ရာ၏ဟု သိ၍။ ခဂ္ဂံ သန္နယှိတွာ၊ သန်လျက်ကို ဖွဲ့၍။ ဓနုံ ဂဟေတွာ အဋ္ဌာသိ၊ လေးကိုကိုင်၍ ရပ်တည်ပြီ။
ဒကရက္ခသော ဗောဓိသတ္တံ၊ ရေစောင့်ဘီလူးသည် ဘုရားလောင်းမဟိသာသမင်းသားကို။ ဥဒကံ အနောတရန္တံ ဒိသွာ၊ ရေသို့မဆင်းဘဲ နေသည်ကို မြင်ရ၍။ ဝနကမ္မိကပုရိသော ဝိယ ဟုတွာ၊ တောထဲ အလုပ်လုပ်သော ယောကျ်ားကဲ့သို့ ဖြစ်၍။
"ဘော ပုရိသ တွံ၊ အိုယောကျ်ား သင်သည်။ မဂ္ဂကိလန္တော ကသ္မာ၊ ခရီးပန်းပါလျက် အဘယ့်ကြောင့်။ ဣမံ သရံ ဩတရိတွာ၊ ဤရေအိုင်သို့ ဆင်း၍။ နှတွာ ပိဝိတွာ၊ ချိုး၍ သောက်၍။ ဘိသမုဠာလံ ခါဒိတွာ၊ ကြာစွယ်ကြာရင်းကို စား၍။ ပုပ္ဖာနိ ပိဠန္ဓိတွာ၊ ကြာပန်းတို့ကို ပန်ဆင်၍။ ယထာသုခံ န ဂစ္ဆသီတိ၊ ချမ်းသာသည်အားလျော်စွာ မသွားသနည်း"ဟု။ ဗောဓိသတ္တံ အာဟ၊ ဘုရားလောင်းကို မေးပြီ။
ဗောဓိသတ္တော တံ ဒိသွာ၊ ဘုရားလောင်းသည် ထိုတောအလုပ်လုပ်သော ယောကျ်ားကဲ့သို့သောသူကို မြင်၍။ ဧသော ယက္ခော၊ ဤသူကား ရေစောင့်ဘီလူးသည်။ ဘဝိဿတီတိ ဉ တွာ၊ ဖြစ်လတ္တံ့ဟု သိ၍။ တယာ မေ၊ သင်ရေစောင့်ဘီလူးသည် ငါ၏။ ဘာတိကာ ဂဟိတာတိ အာဟ၊ ညီတော်နှစ်ယောက်တို့ကို ဖမ်းယူထားအပ်ကုန်သလားဟု မေးပြီ။
အာမ ဂဟိတာတိ၊ အေး ဖမ်းယူထားအပ်ကုန်ပြီဟု ဖြေပြီ။
ကိံ ကာရဏာတိ၊ ဘာကြောင့်လဲဟု မေးပြီ။
အဟံ ဣမံ သရံ၊ ငါရေစောင့်ဘီလူးသည် ဤရေအိုင်သို့။ ဩတိဏ္ဏကေ လဘာမီတိ၊ ဆင်းသူတို့ကို ဖမ်းစားခွင့် ရ၏ဟု ဖြေပြီ။
ကိံ ပန၊ ဘယ်လိုလဲ။ သဗ္ဗေဝ လဘသီတိ၊ အကုန်လုံးတို့ကိုပင် ဖမ်းစားခွင့် ရသလောဟု မေးပြီ။
ယေ ဒေဝဓမ္မေ ဇာနန္တိ၊ အကြင်သူတို့သည် ဒေဝဓမ္မတို့ကို သိကုန်၏။ တေ ဌပေတွာ၊ ဒေဝဓမ္မသိသောထိုသူတို့ကို ချန်ထား၍။ အဝသေသေ လဘာမီတိ၊ ကျန်သူတို့ကို ဖမ်းစားခွင့်ရ၏ဟု ဖြေပြီ။
တေ ဒေဝဓမ္မေဟိ၊ သင့်အား ဒေဝဓမ္မတို့ဖြင့်။ အတ္ထော အတ္ထိ ပန ဣတိ၊ အလိုဆန္ဒသည် ရှိသလောဟု မေးပြီ။
အာမ အတ္ထီတိ၊ အေး ရှိ၏ဟုဖြေပြီ။
ယဒိ ဧဝံ အဟံ၊ ယင်းသို့ အလိုရှိလျှင် ငါသည်။ တေ ဒေဝဓမ္မေ ကထေဿာမီတိ၊ သင်ရေစောင့်ဘီလူးအား ဒေဝဓမ္မတို့ကို ဟောအံ့ဟု ပြောပြီ။
တေန ဟိ ကထေဟိ၊ ထိုသို့ ဖြစ်လျှင် ဟောလော့။ အဟံ ဒေဝဓမ္မေ သုဏိဿာမီတိ၊ ငါရေစောင့်ဘီလူးသည် ဒေဝဓမ္မတို့ကို နာယူမည်ဟု ပြောပြီ။
"အဟံ ဒေဝဓမ္မေ ကထေယျံ၊ ငါမဟိသာသမင်းသားသည် ဒေဝဓမ္မတို့ကို ဟောအံ့။ ကိလိဋ္ဌဂတ္တော ပန အမှီတိ၊ ညစ်နွမ်းသော ကိုယ်ရှိသည်ကား ဖြစ်၏"ဟု။ ဗောဓိသတ္တော အာဟ၊ ဘုရားလောင်းသည် ပြောပြီ။
ယက္ခော ဗောဓိသတ္တံ၊ ရေစောင့်ဘီလူးသည် ဘုရားလောင်းကို။ နှာပေတွာ ဘောဇနံ ဘောဇေတွာ၊ ရေချိုးစေ၍ အစာကို စားစေ၍ (ကျွေး၍)။ ပါနီယံ ပါယေတွာ၊ သောက်ရေကို သောက်စေ၍ (တိုက်၍)။ ပုပ္ဖါနိ ပိဠန္ဓာပေတွာ၊ ပန်းတို့ကို ပန်စေ၍။ ဂန္ဓေဟိ ဝိလိမ္ပါပေတွာ၊ နံ့သာတို့ကို လိမ်းကျံစေ၍။ အလင်္ကတမဏ္ဍပမဇ္ဈေ ပလ္လင်္ကံ၊ တန်ဆာဆင်အပ်သော, မဏ္ဍပ်အလယ်၌ ပလ္လင်ကို။ အတ္ထရိတွာ အဒါသိ၊ ခင်း၍ ပေးပြီ။
ဗောဓိသတ္တော အာသနေ နိသီဒိတွာ၊ ဘုရားလောင်းမဟိသာသမင်းသားသည် နေရာပလ္လင်၌ ထိုင်၍။ ယက္ခံ ပါဒမူလေ နိသီဒါပေတွာ၊ ရေစောင့်ဘီလူးကို ခြေရင်း၌ ထိုင်စေ၍။ တေန ဟိ ဩဟိတသောတော၊ ထိုသို့ နာလိုလျှင် တရား၌ ထားအပ်သော နားရှိ၍ (နားစိုက်၍)။ သက္ကစ္စံ ဒေဝဓမ္မေ သုဏာဟီတိ၊ ရိုသေစွာ ဒေဝဓမ္မတို့ကို နာလော့ဟု ပြော၍။ ဣမံ ဂါထံ အာဟ၊ ဤဂါထာကို ဟောပြီ။ ဂါထာအနက်ကား--
၆။ ဟိရိဩတ္တပ္ပသမ္ပန္နာ သုက္ကဓမ္မသမာဟိတာ၊ အရှက်အကြောက်နှင့် ပြည့်စုံကုန်သော ဖြူစင်သော ကုသိုလ်တရားနှင့် ပြည့်စုံကုန်သော။
သန္တော သပ္ပုရိသာ လောကေ၊ ကိုယ်နှုတ်စိတ် ငြိမ်းအေးကုန်သော သူတော်ကောင်းတို့ကိုလောက၌။ ဒေဝဓမ္မာတိ ဝုစ္စရေတိ၊ ဒေဝတရား ရှိသူတို့ဟူ၍ ခေါ်ဆိုအပ်ကုန်၏။
တတ္ထ၊ ထိုဂါထာ၌။ **ဟိရိဩတ္တပ္ပသမ္ပန္နာတိ**၊ ဟိရိဩတ္တပ္ပသမ္ပန္နာ ဟူသည်ကား။ ဟိရိယာ စ ဩတ္တပ္ပေန စ သမန္နာဂတာ၊ အရှက်နှင့်လည်းကောင်း အကြောက်နှင့်လည်းကောင်း ပြည့်စုံကုန်သော။ (သပ္ပုရိသာ၊ သူတော်ကောင်းတို့တည်း)။
တေသု၊ ထိုဟိရိဩတ္တပ္ပတို့တွင်။ ကာယဒုစ္စရိတာဒီဟိ ဟိရိယတိ၊ ကာယဒုစရိုက်စသည်တို့ကို ရှက်တတ်၏။ ဣတိ ဟိရီ၊ ထို့ကြောင့် ဟိရီမည်၏။ ဧတံ လဇ္ဇာယ အဓိဝစနံ၊ ဤဟိရီ အမည်သည် ရှက်မှု၏ အမည်တည်း။
တေဟိယေဝ ဩတ္တပ္ပတိ၊ ထိုကာယဒုစရိုက် စသည်တို့ကြောင့်ပင် ကြောက်လန့်တတ်၏။ ဣတိ ဩတ္တပ္ပံ၊ ထို့ကြောင့် ဩတ္တပ္ပမည်၏။ ဧတံ ပါပတော၊ ဤဩတ္တပ္ပအမည်သည် မကောင်းမှုမှ။ ဥဗ္ဗေဂဿ အဓိဝစနံ၊ ထိတ်လန့်ခြင်း၏ အမည်တည်း။
တတ္ထ ဟိရီ အဇ္ဈတ္တသမုဋ္ဌာနာ၊ ထိုနှစ်ပါးတို့တွင် ဟိရီသည် ကိုယ့်ကိုယ်ကိုကြောင့်ဖြစ်၏။ ဩတ္တပ္ပံ ဗဟိဒ္ဓါသမုဋ္ဌာနံ၊ ဩတ္တပ္ပကား ဗဟိဒ္ဓကြောင့်ဖြစ်၏။
ဟိရီ အတ္တာဓိပတေယျာ၊ ဟိရီကား ကိုယ့်ကိုယ်ကို ဂရုစိုက်၏။ ဩတ္တပ္ပံ လောကာဓိပတေယျံ၊ ဩတ္တပ္ပကား ပြင်ပလောကကို ဂရုစိုက်၏။
ဟိရီ လဇ္ဇာသဘာဝသဏ္ဌိတာ၊ ဟိရီကား ရှက်မှုသဘော၌ ကောင်းစွာတည်၏။ ဩတ္တပ္ပံ ဘယသဘာဝသဏ္ဌိတံ၊ ဩတ္တပ္ပကား ကြောက်လန့်မှုသဘော၌ ကောင်းစွာတည်၏။
ဟိရီ သပ္ပတိဿဝလက္ခဏာ၊ ဟိရီကား ရိုသေထိုက်သူအပြောကို ရိုသေလိုက်နာခြင်းနှင့် တကွဖြစ်သော အမှတ်အသားရှိ၏။ ဩတ္တပ္ပံ ဝဇ္ဇဘီရုကဘယဒဿာဝိလက္ခဏံ၊ ဩတ္တပ္ပကား အပြစ်ကြောက်တတ်ခြင်း အပြစ်ကိုဘေးဟု ရှုတတ်ခြင်းအမှတ်အသားရှိ၏။
တတ္ထ အဇ္ဈတ္တသမုဋ္ဌာနံ ဟိရိံ၊ ထိုနှစ်ပါးတို့တွင် ကိုယ့်ကိုယ်ကိုကြောင့်ဖြစ်သော ဟိရီကို။ ဇာတိံ ပစ္စဝေက္ခိတွာ၊ မျိုးရိုးကို ဆင်ခြင်စဉ်းစား၍လည်းကောင်း။ ဝယံ ပစ္စဝေက္ခိတွာ၊ အသက်အရွယ်ကို ဆင်ခြင်စဉ်းစား၍လည်းကောင်း။ သူရဘာဝံ ပစ္စဝေက္ခိတွာ၊ သတ္တိကောင်းသည်ကို ဆင်ခြင်စဉ်းစား၍လည်းကောင်း။ ဗာဟုသစ္စံ ပစ္စဝေက္ခိတွာ၊ အကြားအမြင်များခြင်းကို ဆင်ခြင်စဉ်းစား၍လည်းကောင်း။ စတူဟိ ကာရဏေဟိ သမုဋ္ဌာပေတိ၊ အကြောင်းလေးပါးတို့ကြောင့် ဖြစ်စေ၏။
ကထံ၊ အဘယ်သို့ ဖြစ်စေသနည်း။
"ဧတံ ပါပကရဏံ နာမ၊ ဤမကောင်းမှု ပြုခြင်းမည်သည်။ ဇာတိသမ္ပန္နာနံ န ကမ္မံ၊ မျိုးရိုးပြည့်စုံသူ, မျိုးရိုးကောင်းသူတို့၏ အလုပ်မဟုတ်။ ဟီနဇစ္စာနံ ကေဝဋ္ဋာဒီနံ ကမ္မံ၊ မျိုးရိုးညံ့ကုန်သော တံငါစသည်တို့၏ အလုပ်တည်း။ မာဒိသဿ ဇာတိသမ္ပန္နဿ၊ ငါကဲ့သို့ရှုအပ်သော မျိုးရိုးပြည့်စုံသူသည်။ ဣဒံ ကမ္မံ ကာတုံ န ယုတ္တံ၊ ဤမကောင်းမှုကို ပြုခြင်းငှာ မသင့်"။ ဣတိ ဧဝံ တာဝ၊ ဤသို့ ရှေးဦးစွာ။ ဇာတိံ ပစ္စဝေက္ခိတွာ၊ မျိုးရိုးကို ဆင်ခြင်၍။ ပါဏာတိပါတာဒိပါပံ အကရောန္တော၊ သူ့သက်သတ်မှုစသော မကောင်းမှုကို မပြုမူဘဲ။ ဟိရိံ သမုဋ္ဌာပေတိ၊ ဟိရီကို ဖြစ်စေ၏။
တထာ ဧတံ ပါပကရဏံ နာမ၊ ထိုမှတစ်ပါး ထို့အတူ ဤမကောင်းမှုပြုခြင်းမည်သည်။ ဒဟရေဟိ ကတ္တဗ္ဗံ ကမ္မံ၊ ငယ်ရွယ်သူတို့သည် ပြုအပ်သော အမှုတည်း။ မာဒိသဿ ဝယေ ဌိတဿ၊ ငါကဲ့သို့ရှုအပ်သော အရွယ်၌တည်သူသည် (အရွယ်ရသူသည်)။ ဣဒံ ကမ္မံ ကာတုံ န ယုတ္တံ၊ ဤမကောင်းမှုကို ပြုခြင်းငှာ မသင့်။ ဣတိ ဧဝံ ဝယံ ပစ္စဝေက္ခိတွာ၊ ဤကဲ့သို့ အသက်အရွယ်ကို စဉ်းစား၍။ ပါဏာတိပါတာဒိပါပံ အကရောန္တော၊ သူ့သက်သတ်မှုစသော မကောင်းမှုကို မပြုမူ၍။ ဟိရိံ သမုဋ္ဌာပေတိ၊ ဟိရီကို ဖြစ်စေ၏။
တထာ ဧတံ ပါပကမ္မံ နာမ၊ ထိုမှတစ်ပါး ထို့အတူ ဤမကောင်းမှုမည်သည်။ ဒုဗ္ဗလဇာတိကာနံ ကမ္မံ၊ စွမ်းရည်သတ္တိနည်းသောသဘောရှိသူတို့၏ အလုပ်တည်း။ မာဒိသဿ သူရဘာဝသမ္ပန္နဿ၊ ငါကဲ့သို့ ရှုအပ်သော သူရသတ္တိရှိသူသည်။ ဣဒံ ကမ္မံ ကာတုံ န ယုတ္တံ၊ ဤမကောင်းမှုကို ပြုခြင်းငှာ မသင့်။ ဣတိ ဧဝံ သူရဘာဝံ ပစ္စဝေက္ခိတွာ၊ ဤကဲ့သို့ သတ္တိကောင်းခြင်းကို ဆင်ခြင်၍။ ပါဏာတိပါတာဒိပါပံ အကရောန္တော၊ ပါဏာတိပါတစသောမကောင်းမှုကို မပြုမူ၍။ ဟိရိံ သမုဋ္ဌာပေတိ၊ ဟိရီကို ဖြစ်စေ၏။
တထာ ဧတံ ပါပကမ္မံ နာမ၊ ထိုမှတစ်ပါး ထို့အတူ ဤမကောင်းမှုမည်သည်။ အန္ဓဗာလာနံ ကမ္မံ၊ ကန်းမိုက်သူ မိုက်ကန်းသူတို့၏ အလုပ်တည်း။ ပဏ္ဍိတာနံ န၊ ပညာရှိတို့၏ အလုပ်မဟုတ်။ မာဒိသဿ ပဏ္ဍိတဿ ဗဟုဿုတဿ၊ ငါကဲ့သို့ရှုအပ်သော ပညာရှိသော အကြားအမြင်များသော သူသည်။ ဣဒံ ကမ္မံ ကာတုံ န ယုတ္တံ၊ ဤမကောင်းမှုကို ပြုခြင်းငှာ မသင့်။ ဣတိဧဝံ ဗာဟုသစ္စံ ပစ္စဝေက္ခိတွာ၊ ဤကဲ့သို့ အကြားအမြင်များခြင်းကို ဆင်ခြင်၍။ ပါဏာတိပါတာဒိပါပံ အကရောန္တော၊ ပါဏာတိပါတ စသော မကောင်းမှုကို မပြုမူ၍။ ဟိရိံ သမုဋ္ဌာပေတိ၊ ဟိရီကို ဖြစ်စေ၏။
ဧဝံ အဇ္ဈတ္တသမုဋ္ဌာနံ ဟိရိံ၊ ဤသို့ ကိုယ့်ကိုယ်ကြောင့်ဖြစ်သော ဟိရီကို။ စတူဟိ ကာရဏေဟိ သမုဋ္ဌာပေတိ၊ မျိုးရိုး, အသက်အရွယ်, စွမ်းရည်သတ္တိ, အကြားအမြင် ပြည့်စုံခြင်းအကြောင်းလေးမျိုးတို့ကြောင့် ဖြစ်စေ၏။
စ ပန သမုဋ္ဌာပေတွာ၊ ဆက်၍ အထူးပြောရသော်ကား ဟိရီကို ဖြစ်စေသော်။ အတ္တနော စိတ္တေ၊ မိမိ၏ စိတ်ထဲ၌။ ဟိရိံ ပဝေသေတွာ၊ ဟိရီကို သွင်း‌ထား၍ (သွင်းထားသကဲ့သို့ ပြု၍)။ ပါပကမ္မံ န ကရောတိ၊ မကောင်းမှုကို မပြု။
ဧဝံ ဟိရီ၊ ဤသို့လျှင် ဟိရီသည်။ အဇ္ဈတ္တသမုဋ္ဌာနာ နာမ ဟောတိ၊ ကိုယ့်ကိုယ်ကိုကြောင့် ဖြစ်သည်မည်သည် ဖြစ်၏။
ကထံ ဩတ္တပ္ပံ ဗဟိဒ္ဓါသမုဋ္ဌာနံ နာမ၊ အဘယ်သို့လျှင် ဩတ္တပ္ပသည် ပြင်ပကြောင့် ဖြစ်သည်မည်သနည်း။
တွံ ပါပကမ္မံ သစေ ကရိဿသိ၊ သင်သည် မကောင်းမှုကို အကယ်၍ ပြုအံ့။ (ဧဝံ၊ ဤသို့ မကောင်းမှု ပြုသော်)။ စတူသု ပရိသာသု ဂရဟပ္ပတ္တော ဘဝိဿသိ၊ ရဟန်း, ရဟန်းမ, ဥပါသကာ, ဥပါသကာမ ပရိသတ်လေးပါးတို့အလယ်၌ ကဲ့ရဲ့ခံရခြင်းရောက်သည် ဖြစ်လိမ့်မည်။
ဟိ၊ ချဲ့ပြောအံ့။ တံ ဝိညူ ဂရဟိဿန္တိ၊ မကောင်းမှုပြုသူ သင့်ကို ပညာရှိတို့သည် ကဲ့ရဲ့ကုန်လတ္တံ့။ နာဂရိကော အသုစိံ ဝဇ္ဇေတိ ယထာ၊ မြို့နေသူ လူအများသည် မစင်မကြယ် ရွံစဖွယ်ကို ရှောင်ကြဉ်သကဲ့သို့။
သီလဝန္တေဟိ ဝဇ္ဇိတော၊ သီလဝန္တပုဂ္ဂိုလ်တို့က ကြဉ်ဖယ်ထားအပ်သောသင်သည်။ ကထံ ကရိဿသိ ဘိက္ခု ဣတိ၊ အဘယ်သို့ ပြုအံ့နည်း ရဟန်းဟု။
ဧဝံ ပစ္စဝေက္ခန္တော၊ ဤသို့ ဆင်ခြင်လျက်။ ဗဟိဒ္ဓါသမုဋ္ဌိတေန ဩတ္တပ္ပေန၊ ဗဟိဒ္ဓကြောင့်ဖြစ်သော ဩတ္တပ္ပကြောင့်။ ပါပကမ္မံ န ကရောတိ၊ မကောင်းမှုကို မပြု။
ဧဝံ ဩတ္တပ္ပံ၊ ဤသို့လျှင် ဩတ္တပ္ပသည်။ ဗဟိဒ္ဓါသမုဋ္ဌာနံ နာမ ဟောတိ၊ ပြင်ပကြောင့်ဖြစ်သည် မည်သည် ဖြစ်၏။
ကထံ ဟိရီ အတ္တာဓိပတေယျာ နာမ၊ အဘယ်သို့လျှင် ဟိရီသည် ကိုယ့်ကိုယ်ကို ဂရုစိုက်သည် မည်သနည်း။
ဣဓ ဧကစ္စော ကုလပုတ္တော၊ ဤသာသနာတော်၌ အချို့သော အမျိုးကောင်းသားသည်။ အတ္တာနံ အဓိပတိံ ဇေဋ္ဌကံ ကတွာ၊ မိမိကိုယ်ကို အကြီးအကဲကို (လူကြီးကို) ပြုလုပ်၍။ မာဒိသဿ သဒ္ဓါပဗ္ဗဇိတဿ၊ ငါကဲ့သို့ရှုအပ်သော ယုံကြည်၍ ရဟန်းပြုသော။ ဗဟုဿုတဿ ဓုတင်္ဂဓရဿ၊ အကြားအမြင်များသော ဓုတင်ဆောင်ပုဂ္ဂိုလ်သည်။ ပါပကမ္မံ ကာတုံ န ယုတ္တံ၊ မကောင်းမှုကို ပြုခြင်းငှာ မသင့်။ ဣတိ ပါပံ န ကရောတိ၊ ဤသို့ တွေး၍ မကောင်းမှုကို မပြု။
ဧဝံ ဟိရီ၊ ဤသို့လျှင် ဟိရီသည်။ အတ္တာဓိပတေယျာ နာမ ဟောတိ၊ ကိုယ့်ကိုယ်ကို ဂရုစိုက်သည် မည်သည် ဖြစ်၏။
တေန ဘဂဝါ၊ ထို့ကြောင့် ဘုရားရှင်သည်။
"သော အတ္တာနံယေဝ၊ ထိုအမျိုးကောင်းသားသည် မိမိကိုယ်ကိုသာလျှင်။ အဓိပတိံ ကတွာ၊ အကြီးအကဲကို ပြု၍။ အကုသလံ ပဇဟတိ၊ အကုသိုလ်ကို ပယ်စွန့်၏။ ကုသလံ ဘာဝေတိ၊ ကုသိုလ်ကို ဖြစ်စေ ပွားစေ၏။
သာဝဇ္ဇံ ပဇဟတိ၊ အပြစ်ရှိသည်ကို ပယ်စွန့်၏။ အနဝဇ္ဇံ ဘာဝေတိ၊ အပြစ်မရှိသည်ကို ဖြစ်စေ, ပွားစေ၏။
အတ္တာနံ သုဒ္ဓံ ပရိဟရတိ၊ မိမိကို စင်ကြယ်စွာ ထက်ဝန်းကျင် ဆောင်ရွက်၏ (ပတ်ပတ်လည် ဆောင်ရွက်၏)။" ဣတိ အာဟ၊ ဤသို့ မိန့်တော်မူပြီ။
ကထံ ဩတ္တပ္ပံ လောကာဓိပတေယျံ နာမ၊ အဘယ်သို့လျှင် ဩတ္တပ္ပသည် ပြင်ပလောကကို ဂရုစိုက်သည်မည်သနည်း။
ဣဓ ဧကစ္စော ကုလပုတ္တော၊ ဤသာသနာတော်၌ အချို့သော အမျိုးကောင်းသားသည်။ လောကံ အဓိပတိံ ဇေဋ္ဌကံ ကတွာ၊ ပြင်ပလောကကို အကြီးအကဲကို (ဂရုစိုက်စရာကို) လူကြီးကို ပြုလုပ်၍။ ပါပကမ္မံ န ကရောတိ၊ မကောင်းမှုကို မပြု။
ယထာဟ၊ အဘယ်ပုဂ္ဂိုလ် အဘယ်သို့ မိန့်ခဲ့ပြီနည်း။
"အယံ လောကသန္နိဝါသော မဟာ ခေါ ပန၊ ဤသတ္တဝါတို့နေရာ လောကသည် ကျယ်ပြန့်လှသည်သာတည်း။
ခေါ ပန မဟန္တသ္မိံ လောကသန္နိဝါသေ၊ စင်စစ် ကျယ်ပြန့်လှစွာသော သတ္တဝါတို့နေရာ လောက၌။ ဣဒ္ဓိမန္တော ဒိဗ္ဗစက္ခုကာ၊ တန်ခိုးကြီးကုန်သော ဒိဗ္ဗစက္ခုအဘိညာဉ်ရကုန်သော။ ပရစိတ္တဝိဒုနော သမဏဗြာဟ္မဏာ သန္တိ၊ သူတစ်ပါးစိတ်သိကုန်သော သမဏဗြာဟ္မဏတို့သည် ရှိကုန်၏။ တေ ဒူရတောပိ ပဿန္တိ၊ တန်ခိုးကြီးသော ထိုသမဏဗြာဟ္မဏတို့သည် အဝေးမှလည်း မြင်ကုန်၏။ အာသန္နာပိ န ဒိဿန္တိ၊ ငါနှင့် နီးကြကုန်သော်လည်း ငါက မမြင်ကြရကုန်။ စေတသာပိ စိတ္တံ ဇာနန္တိ၊ သူတို့စိတ်ဖြင့်လည်း သူတစ်ပါးတို့စိတ်ကို သိကြကုန်၏။ တေပိ မံ၊ တန်ခိုးကြီးသော ထိုသမဏဗြာဟ္မဏတို့သည်လည်း ငါ့ကို။ "ဘော ဣမံ ကုလပုတ္တံ ပဿထ၊ အိုအချင်းတို့ ဤအမျိုးကောင်းသားကို ကြည့်ကြပါလော့။ သဒ္ဓါ အဂါရသ္မာ၊ ခုဘဝ, နောက်ဘဝ ကံ ကံ၏အကျိုးကို ယုံကြည်သဖြင့် အိမ်မှ။ (နိက္ခမ္မ၊ ထွက်၍)။ အနဂါရိယံ ပဗ္ဗဇိတော သမာနော၊ အိမ်၏စီးပွားမရှိရာ ရဟန်းဘောင်သို့ ကပ်ရောက်သူသည် ဖြစ်ပါလျက်။ ပါပကေဟိ အကုသလေဟိ ဓမ္မေဟိ၊ ယုတ်မာကုန်သော အကုသိုလ်ဖြစ်ကုန်သော တရားတို့ဖြင့်။ ဝေါကိဏ္ဏော ဝိဟရတိ ဣတိ၊ ရောပြွမ်းသည် ဖြစ်၍ နေ၏'ဟု။ ဧဝံ ဇာနိဿန္တိ၊ ဤသို့ သိကြလတ္တံ့။
ဣဒ္ဓိမန္တိယော ဒိဗ္ဗစက္ခုကာ၊ တန်ခိုးကြီးကုန်သော နတ်မျက်စိရှိကုန်သော။ ပရစိတ္တဝိဒုနိယော ဒေဝတာ သန္တိ၊ သူတစ်ပါးစိတ်သိကုန်သော နတ်တို့သည် ရှိကုန်၏။ တာ ဒူရတောပိ ပဿန္တိ၊ ထိုနတ်တို့သည် အဝေးမှလည်း မြင်ကုန်၏။ အာသန္နာပိ န ဒိဿန္တိ၊ အနီးအပါးရှိကုန်သော်လည်း ငါက မမြင်အပ် မမြင်ရကုန်။ စေတသာပိ စိတ္တံ ဇာနန္တိ၊ သူတို့ စိတ်ဖြင့်လည်း သူတစ်ပါးစိတ်ကို သိကုန်၏။ တေပိ မံ၊ ထိုနတ်တို့သည်လည်း ငါ့ကို။ 'ဘော ဣမံ ကုလပုတ္တံ ပဿထ၊ အိုအချင်းတို့ ဤအမျိုးကောင်းသားကို ကြည့်ကြပါလော့။ သဒ္ဓါ အဂါရသ္မာ၊ ခုဘဝ, နောင်ဘဝ, ကံ,ကံအကျိုး ယုံကြည်သဖြင့် အိမ်မှ။ (နိက္ခမ္မ၊ ထွက်၍)။ အနဂါရိယံ ပဗ္ဗဇိတော သမာနော၊ အိမ်၏ စီးပွားမရှိရာ ရဟန်းဘောင်သို့ ကပ်ရောက်သူသည် ဖြစ်ပါလျက်။ ပါပကေဟိ အကုသလေဟိ ဓမ္မေဟိ၊ ယုတ်မာကုန်သော အကုသိုလ်ဖြစ်ကုန်သော တရားတို့ဖြင့်။ ဝေါကိဏ္ဏော ဝိဟရတိ ဣတိ၊ ရောပြွမ်းလျက် နေ၏'ဟု။ ဧဝံ ဇာနိဿန္တိ၊ ဤသို့ သိကြလတ္တံ့။
သော လောကံယေဝ၊ ထိုအမျိုးကောင်းသားသည် ပြင်လောကကိုသာ။ အဓိပတိံ ဇေဋ္ဌကံ ကရိတွာ၊ ဂရုစိုက်စရာကို အကြီးအကဲကို ပြု၍။ အကုသလံ ပဇဟတိ၊ အကုသိုလ်အလုပ်ကို ပယ်စွန့်၏။ ကုသလံ ဘာဝေတိ၊ ကုသိုလ်အလုပ်ကို ဖြစ်စေပွားစေ၏။
သာဝဇ္ဇံ ပဇဟတိ၊ အပြစ်ရှိအလုပ်ကို ပယ်စွန့်၍။ အနဝဇ္ဇံ ဘာဝေတိ၊ အပြစ်မဲ့အလုပ်ကို ဖြစ်စေ,ပွားစေ၏။
သုဒ္ဓံ အတ္တာနံ ပရိဟရတိ၊ စင်ကြယ်စွာ မိမိကိုယ်ကို ထက်ဝန်းကျင် ဆောင်ရွက်၏"။ ဣတိ အာဟ၊ ဤသို့ ဘုရားမိန့်တော်မူခဲ့ပြီ။
ဧဝံ ဩတ္တပ္ပံ၊ ဤသို့လျှင် ဩတ္တပ္ပသည်။ လောကာဓိပတေယျံ နာမ ဟောတိ၊ ပြင်ပလောကကို ဂရုစိုက်သည် မည်သည် ဖြစ်၏။
"လဇ္ဇာသဘာဝသဏ္ဌိတာ ဟိရီ, ဘယသဘာဝသဏ္ဌိတံ ဩတ္တပ္ပ"န္တိ ဧတ္ထ ပန၊ "လဇ္ဇာသဘာဝသဏ္ဌိတာ ဟိရီ, ဘယသဘာဝသဏ္ဌိတံ ဩတ္တပ္ပံ'ဟူသော ဤစကား နှစ်ရပ်၌ကား။ လဇ္ဇာတိ လဇ္ဇနာကာရော၊ လဇ္ဇာဟူသည် ရှက်သော အခြင်းအရာတည်း။ တေန သဘာဝေန သဏ္ဌိတာ ဟိရီ၊ ထိုရှက်သောအခြင်းအရာ သဘောဖြင့် ကောင်းစွာ တည်ရှိသည်ကား ဟိရီတည်း။
ဘယန္တိ အပါယဘယံ၊ ဘယံဟူသည် အပါယ်ဘေး, ကြောက်လန့်ခြင်းတည်း။ တေန သဘာဝေန သဏ္ဌိတံ ဩတ္တပ္ပံ၊ အပါယ်ဘေးကြောက်လန့်သော ထိုသဘောဖြင့် ကောင်းစွာတည်သည်ကား ဩတ္တပ္ပတည်း။
တဒုဘယမ္ပိ ပါပပရိဝဇ္ဇနေ၊ ထိုဟိရီဩတ္တပ္ပတစ်စုံသည်လည်း မကောင်းမှု ရှောင်ကြဉ်ရာ၌။ ပါကဋံ ဟောတိ၊ ထင်ရှားသည် ဖြစ်၏။
ဟိ၊ ချဲ့ကားပြောရသော်။ ဧကစ္စော ဧကော ကုလပုတ္တော၊ အချို့သော အမျိုးကောင်းသားတစ်ယောက်သည်။ ဥစ္စာရပဿာဝါဒီနိ ကရောန္တော၊ ကျင်ကြီးကျင်ငယ်စွန့်မှု စသည်တို့ကို ပြုသော်။ လဇ္ဇိတဗ္ဗယုတ္တကံ ဧကံ ဒိသွာ၊ ရှက်ထိုက်မှုနှင့် ယှဉ်တွဲနေသော တစ်ယောက်ယောက်ကို မြင်သော်။ လဇ္ဇနာကာရပ္ပတ္တော၊ ရှက်မှုအခြင်းအရာသို့‌ရောက်သည်။ ဟီဠိတော ဘဝေယျ သေယျထာပိ၊ ရှက်သည် ဖြစ်သကဲ့သို့။ ဧဝမေဝံ၊ ဤအတူ။ အဇ္ဈတ္တံ လဇ္ဇိဓမ္မံ ဩက္ကမိတွာ၊ ကိုယ်တွင်း၌ဖြစ်သော ရှက်ခြင်းသဘောသို့ သက်ရောက်၍။ ပါပကမ္မံ န ကရောတိ၊ မကောင်းမှုကို မပြု။
ဧကစ္စော အပါယဘယဘီတော ဟုတွာ၊ အမျိုးကောင်းသားအချို့သည် အပါယ်ဘေးမှ ကြောက်သည်ဖြစ်၍။ ပါပကမ္မံ န ကရောတိ၊ မကောင်းမှုကို မပြု။
တတြ ဣဒံ ဩပမ္မံ၊ ထိုဟိရီဩတ္တပ္ပအရာ၌ ဤဆိုလတ္တံ့သည်ကား ဥပမာတည်း။ ဟိ၊ ထင်ရှားအောင် ပြောရသော်။ ဒွီသု အယောဂုဠေသု၊ သံလုံးနှစ်လုံးတို့တွင်။ ဧကော၊ တစ်လုံးတည်း။ သီတလော ဂူထမက္ခိတော ဘဝေယျ၊ အေးသည် မစင်လူးနေသည် ဖြစ်ရာ၏။ ဧကော ဥဏှော အာဒိတ္တော၊ တစ်လုံးသည် ပူ၏ ရဲရဲတောက်နေရာ၏။
တတ္ထ သီတလံ၊ ထိုသံလုံးနှစ်လုံးတို့တွင် အေးသော သံလုံးကို။ ဂူထမက္ခိတတ္တာ ဇိဂုစ္ဆန္တော၊ မစင်လူးနေသည်၏ အဖြစ်ကြောင့် ရွံရှာသည်ဖြစ်၍။ ပဏ္ဍိတော န ဂဏှာတိ ယထာ၊ ပညာရှိသည် မကိုင်သကဲ့သို့တည်း။ ဣတရံ ဍာဟဘယေန၊ သည့်ပြင် ရဲရဲတောက်ပူသော သံလုံးကို ပူလောင်မည်ကြောက်သောကြောင့်။ (ပဏ္ဍိတော န ဂဏှာတိ ယထာ၊ ပညာရှိသည် မကိုင်သကဲ့သို့တည်း)။
တတ္ထ သီတလဿ ဂူထမက္ခိတဿ၊ အအေး, အပူသံလုံးတို့ကို ထိုမကိုင်ခြင်းနှစ်မျိုးတွင် အေးသော မစင်လူးသော သံလုံးကို။ ဇိဂုစ္ဆာယ အဂဏှနံ ဝိယ၊ ရွံရှာမှုကြောင့် မကိုင်ခြင်းကဲ့သို့။ အဇ္ဈတ္တံ လဇ္ဇိဓမ္မံ ဩက္ကမိတွာ၊ ကိုယ်တွင်း၌ဖြစ်သော ရှက်ခြင်းသဘောသို့ သက်ရောက်၍။ ပါပဿ အကရဏံ၊ မကောင်းမှုကို မပြုခြင်းကိုလည်းကောင်း။ ဥဏှဿ ဍာဟဘယေန အဂဏှနံ ဝိယ၊ ရဲရဲတောက်ပူသော သံလုံးကို ပူလောင်မည် ကြောက်ခြင်းကြောင့် မကိုင်ခြင်းကဲ့သို့။ အပါယဘယေန ပါပဿ၊ အပါယ်ဘေးမှ ကြောက်ခြင်းကြောင့် မကောင်းမှုကို။ အကရဏံ ဝေဒိတဗ္ဗံ၊ မပြုခြင်းကိုလည်းကောင်း သိထိုက်၏, သိထားရမည်။
'သပ္ပတိဿဝလက္ခဏာ ဟိရီ။ ဝဇ္ဇဘီရုကဘယဒဿာဝိလက္ခဏံ ဩတ္တပ္ပ'န္တိ ဣဒမ္ပိ ဒွယံ၊ 'သပ္ပတိဿဝလက္ခဏာ ဟိရီ။ ဝဇ္ဇဘီရုကဘယဒဿာဝိလက္ခဏံ ဩတ္တပ္ပံ' ဟူသော ဤစကားတစ်စုံသည်လည်း။ ပါပပရိဝဇ္ဇနေယေဝ ပါကဋံ ဟောတိ၊ မကောင်းမှုရှောင်ကြဉ်ရာ၌ပင် ပေါ်လွင်ထင်ရှားသည် ဖြစ်၏။
ဟိ ဧကစ္စော၊ ချဲ့ပြောရသော် အချို့အမျိုးကောင်းသားသည်။ ဇာတိမဟတ္တပစ္စဝေက္ခဏာ သတ္ထုမဟတ္တပစ္စဝေက္ခဏာ၊ မျိုးရိုးမြင့်မြတ်မှုကို ဆင်ခြင်ခြင်းလည်းကောင်း ဆရာမြင့်မြတ်မှုကို ဆင်ခြင်ခြင်းလည်းကောင်း။ ဒါယဇ္ဇမဟတ္တပစ္စဝေက္ခဏာ သဗြဟ္မစာရိမဟတ္တပစ္စဝေက္ခဏာ၊ အမွေခံတရားပစ္စည်း မြင့်မြတ်မှုကို ဆင်ခြင်ခြင်းလည်းကောင်း, သီတင်းသုံးဖော် မိတ်ဆွေတို့ မြင့်မြတ်မှုကို ဆင်ခြင်ခြင်းလည်းကောင်း။ ဣတိ စတူဟိ ကာရဏေဟိ၊ ပေါင်း အကြောင်းလေးပါးတို့ဖြင့်။ သပ္ပတိဿဝလက္ခဏံ ဟိရိံ သမုဋ္ဌာပေတွာ၊ ဂရုစိုက်ထိုက်သူ၏ စကားကို ဂရုစိုက်ခြင်း, ရိုသေခြင်းသဘောရှိသော ဟိရီကို ဖြစ်စေ၍။ ပါပံ န ကရောတိ၊ မကောင်းမှုကို မပြု။
ဧကစ္စော၊ အချို့အမျိုးကောင်းသားသည်။ အတ္တာနုဝါဒဘယံ ပရာနုဝါဒဘယံ၊ ကိုယ့်ကိုယ်ကိုအထင်သေးသော ဘေးလည်းကောင်း သူများအထင်သေးသော ဘေးလည်းကောင်း။ ဒဏ္ဍဘယံ ဒုဂ္ဂတိဘယံ၊ မင်းဘေး, စိုးဒဏ်ဘေးလည်းကောင်း, အပါယ်ကျခြင်းဘေးလည်းကောင်း။ ဣတိ စတူဟိ ကာရဏေဟိ၊ ပေါင်း အကြောင်းလေးမျိုးတို့ဖြင့်။ ဝဇ္ဇဘီရုကဘယဒဿာဝိလက္ခဏံ ဩတ္တပ္ပံ သမုဋ္ဌာပေတွာ၊ အပြစ်ကြောက်ခြင်းသဘော ကြောက်စရာဟု ရှုခြင်းသဘောရှိသော ဩတ္တပ္ပကို ဖြစ်စေ၍။ ပါပံ န ကရောတိ၊ မကောင်းမှုကို မပြု။
တတ္ထ ဇာတိမဟတ္တပစ္စဝေက္ခဏာဒီနိ စေဝ အတ္တာနုဝါဒဘယာဒီနိ စ၊ မျိုးရိုးမြင့်မြတ်မှု ဆင်ခြင်ခြင်း စသည်တို့ကိုလည်းကောင်း ကိုယ့်ကိုယ်ကို အထင်သေးမှု ဘေးစသည်တို့ကိုလည်းကောင်း။ ဝိတ္ထာရေတွာ ကထေတဗ္ဗာနိ၊ အကျယ်ချဲ့၍ ဆိုထိုက်ကုန်၏။
တေသံ ဝိတ္ထာရော၊ ထိုဇာတိမဟတ္တပစ္စဝေက္ခဏ စသည်, အတ္တာနုဝါဒဘေး စသည်တို့၏ အကျယ်ကို။ အင်္ဂုတ္တရနိကာယဋ္ဌကထာယံ ဝုတ္တော၊ အင်္ဂုတ္တရနိကာယ်အဋ္ဌကထာ၌ ငါအဋ္ဌကထာဆရာ ဆိုအပ်ပြီ။
သုက္ကဓမ္မသမာဟိတာတိ၊ သုက္ကဓမ္မသမာဟိတာ ဟူသော ပါဌ်၌။ ဣဒမေဝ ဟိရောတ္တပ္ပံ အာဒိံ ကတွာ၊ ဤအရှက်အကြောက်ကိုပင် အစပြု၍။ ကတ္တဗ္ဗာ ကုသလာဓမ္မာ သုက္ကဓမ္မာ နာမ၊ ပြုထိုက်ကုန်သော ကုသိုလ်တရားတို့သည် ဖြူစင်သော တရားတို့ မည်၏။ တေ သဗ္ဗသင်္ဂါဟကနယေန၊ ထိုဖြူစင်သောတရားတို့သည် အားလုံးသိမ်းကျုံးယူသော နည်းအားဖြင့်။ စတုဘူမကလောကိယလောကုတ္တရဓမ္မာ၊ ဘုံလေးပါးရှိ လောကီလောကုတ္တရာ ကုသိုလ်တရားတို့တည်း။
တေဟိ သမာဟိတာ သမန္နာဂတာ၊ ထိုကုသိုလ်တရားတို့နှင့် ပြည့်စုံကုန်သော။ ဣတိ အတ္ထော၊ ဤကား သုက္ကဓမ္မသမာဟိတာ၏ အနက်တည်း။
**သန္တော သပ္ပုရိသာ လောကေ**တိ၊ သန္တော သပ္ပုရိသာ လောကေ ဟူသော ပါဌ်၌။ ကာယကမ္မာဒီနံ သန္တတာယ သန္တော၊ ကာယကံစသည်တို့၏ ငြိမ်းအေးသည်၏ အဖြစ်ကြောင့် ငြိမ်းအေးကုန်သော။ ကတညုကတဝေဒိတာယ သောဘနာ၊ ကျေးဇူးသိတတ် ဆပ်တတ်သည်၏အဖြစ်ကြောင့် တင့်တယ်ကုန်သော။ ပုရိသာ ဣတိ သပ္ပုရိသာ၊ ယောကျ်ားတို့တည်း ထို့ကြောင့် သပ္ပုရိသမည်ကုန်၏။
**လောကော** ပန သင်္ခါရလောကော၊ လောကသည်ကား သင်္ခါရလောကလည်းကောင်း။ သတ္တလောကော ဩကာသလောကော၊ သတ္တလောကလည်းကောင်း, ဩကာသလောကလည်းကောင်း။ ခန္ဓလောကော အာယတနလောကော၊ ခန္ဓလောကလည်းကောင်း အာယတနလောကလည်းကောင်း။ ဓာတုလောကော ဣတိ အနေကဝိဓော၊ ဓာတုလောကလည်းကောင်း ဤသို့ အမျိုးအစားများစွာရှိ၏။
တတ္ထ၊ ထိုလောကများစွာတို့တွင်။ "အာဟာရဋ္ဌိတိကာ သဗ္ဗေ သတ္တာ ဧကော လောကော၊ အကြောင်းအာဟာရသာ တည်ရာရှိကုန်သော သတ္တဝါအားလုံးတို့သည် လောကတစ်ခုတည်း။ အဋ္ဌာရသ ဓာတုယော အဋ္ဌာရသလောကာ၊ ဓာတ် ၁၈-ပါးတို့သည် လောက ၁၈-မျိုးတို့တည်း"။ ဣတိ ဧတ္ထ၊ စသော ဤပါဠိအရာ၌။ သင်္ခါရလောကော ဝုတ္တော၊ သင်္ခါရလောကကို ဘုရားဟောတော်မူအပ်ပြီ။
ခန္ဓလောကာဒယော တဒန္တောဂဓာယေဝ၊ ခန္ဓာလောက စသည်တို့သည် ထိုသင်္ခါရလောကအတွင်း ပါဝင်သွားကြကုန်သည်သာ။
အယံ လောကော ပရလောကော၊ ဤပစ္စုပ္ပန်လောက တမလွန်လောက။ ဒေဝလောကော မနုဿလောကော၊ နတ်လောက လူ့လောက။ ဣတိအာဒီသု ပန သတ္တလောကော ဝုတ္တော၊ ဤသို့စသော ပါဠိတို့၌ကား သတ္တလောကကို ဘုရားဟောတော်မူအပ်ပြီ။
ယာဝတာ စန္ဒိမသူရိယာ ပရိဟရန္တိ၊ အကြင်မျှအတိုင်းအရှည်ရှိသောအရပ်၌ လနေတို့သည် လှည့်လည်ကုန်၏။ ဒိသာ ဝိရောစမာနာ ဘန္တိ၊ အရပ်မျက်နှာတို့သည် တင့်တယ်ကုန်၍ တောက်ပကုန်၏။
တာဝ လောကော သဟဿဓာ၊ လနေတို့ လှည့်လည်ရာ, တင့်တယ်တောက်ပရာ, ထိုအတိုင်းအရှည်ဖြင့် ဩကာသ လောကပေါင်းသည် တစ်ထောင်ပြား၏။ ဧတ္ထ တေ ဝသော ဝတ္တတေ၊ ဤ ဩကာသတစ်ထောင်၌ သင်ဗကဗြဟ္မာ၏ အလိုသည်ဖြစ်၏။
ဣတိ ဧတ္ထ ဩကာသလောကော ဝုတ္တော၊ ဟူသော ဤပါဠိအရာ၌ ဩကာသလောကကို ဘုရားဟောတော်မူအပ်ပြီ။
တေသု ဣဓ၊ ထိုလောကအများတို့တွင် ဤဒေဝဓမ္မဇာတ်ပါဠိတော်၌။ သတ္တလောကော အဓိပ္ပေတော၊ သတ္တလောကကို လောကဟု အလိုရှိအပ်၏။
ဟိ သတ္တလောကသ္မိံ၊ မှန်၏ သတ္တလောက၌။ ယေ သပ္ပုရိသာ ဧဝရူပါ၊ အကြင်သူတော်ကောင်းတို့သည် ဤသို့အရှက်အကြောက်နှင့်ပြည့်စုံသော သဘောရှိကုန်၏။ တေ ဒေဝဓမ္မာတိ ဝုစ္စန္တိ၊ ထိုသူတော်ကောင်းတို့ကို ဒေဝဓမ်တရားရှိသူတို့ဟူ၍ ခေါ်ဆိုအပ်ကုန်၏ (ခေါ်ဆိုထိုက်ကုန်၏)။
တတ္ထ ဒေဝါတိ၊ ထိုဒေဝဓမ္မာဟူသော ပါဌ်၌ ဒေဝတို့ဟူသည်။ သမ္မုတိဒေဝါ ဥပပတ္တိဒေဝါ၊ သမ္မုတိနတိတို့လည်းကောင်း ဥပပတ္တိနတ်တို့လည်းကောင်း။ ဝိသုဒ္ဓိဒေဝါတိ တိဝိဓာ၊ ဝိသုဒ္ဓိနတ်တို့လည်းကောင်းဟု သုံးမျိုးရှိကုန်၏။
မဟာသမ္မတကာလတော ပဋ္ဌာယ၊ မဟာသမ္မတမင်းလက်ထက်မှ စ၍။ လောကေန ဒေဝါတိ သမ္မတတ္တာ၊ လူအပေါင်းသည် ဒေဝတို့ဟူ၍ သမုတ်အပ်ကုန်သည်၏ အဖြစ်ကြောင့်။ ရာဇရာဇကုမာရာဒယော တေသု သမ္မုတိဒေဝါ နာမ၊ မင်း, မင်းသားစသည်တို့သည် ထိုနတ်သုံးမျိုးတို့တွင် သမ္မုတိနတ်တို့မည်၏။
ဒေဝလောကေ ဥပ္ပန္နာ ဥပပတ္တိ ဒေဝါ နာမ၊ နတ်ပြည်ခြောက်ထပ်၌ ဖြစ်ကုန်သော နတ်တို့သည် ဥပပတ္တိနတ်တို့မည်၏။
ခီဏာသဝါ ပန ဝိသုဒ္ဓိဒေဝါ နာမ၊ ရဟန္တာတို့သည်ကား ဝိသုဒ္ဓိနတ်တို့မည်၏။
စ၊ ရှေ့စကားမှန်၏။ ရာဇာနော ဒေဝိယော၊ မင်းတို့သည်လည်းကောင်း မိဖုယားတို့သည်လည်းကောင်း။ ရာဇကုမာရာ သမ္မုတိဒေဝါ နာမ၊ မင်းသားမင်းသမီးတို့သည်လည်းကောင်း သမ္မုတိနတ်တို့မည်၏။
ဘုမ္မဒေဝေ ဥပါဒါယ၊ ဘုမ္မစိုးနတ်တို့ကို ‌အစထား၍။ တဒုတ္တရိဒေဝါ ဥပပတ္တိဒေဝါ နာမ၊ ထိုမှ အထက်နတ်ဗြဟ္မာတို့သည် ဥပပတ္တိနတ်တို့မည်၏။
ဗုဒ္ဓါ ပစ္စေကဗုဒ္ဓါ၊ ဘုရားရှင်တို့သည်လည်းကောင်း ပစ္စေကဗုဒ္ဓါတို့သည်လည်းကောင်း။ ခီဏာသဝါ ဝိသုဒ္ဓိဒေဝါ နာမ၊ ရဟန္တာတို့သည်လည်းကောင်း ဝိသုဒ္ဓိနတ်တို့မည်၏။ ဣတိ ဧတံ ဝုတ္တမ္ပိ၊ ဤသို့ ဤစကားကို ဟောလည်း ဟောအပ်ပြီ။
ဣမေသံ ဒေဝါနံ ဓမ္မာ၊ ဤနတ်သုံးမျိုးတို့၏ တရားတို့တည်း။ ဣတိ ဒေဝဓမ္မာ၊ ထို့ကြောင့် ဒေဝဓမ္မ မည်ကုန်၏။
ဝုစ္စရေတိ ဝုစ္စန္တိ၊ ဝုစ္စရေဟူသည်ကား ခေါ်ဆိုအပ်ကုန်၏တည်း။
ဟိ ဟိရောတ္တပ္ပမူလကာ၊ ချဲ့ပြောရသော် အရှက်အကြောက်အရင်းခံရှိကုန်သော။ ကုသလာ ဓမ္မာ၊ ကုသိုလ်တရားတို့သည်။ ကုလသမ္ပဒါယ စေဝ ဒေဝလောကေ နိဗ္ဗတ္တိယာ စ၊ အမျိုးပြည့်စုံခြင်း, အမျိုးကောင်းခြင်း၏လည်းကောင်း နတ်ပြည်၌ ဖြစ်ခြင်း၏လည်းကောင်း။ ဝိသုဒ္ဓိဘာဝဿ စ ကာရဏတ္တာ၊ စင်ကြယ်သည်၏ အဖြစ်၏လည်းကောင်း အကြောင်း၏အဖြစ်ကြောင့်။ ကာရဏဋ္ဌေန တိဝိဓာနမ္ပိ၊ အကြောင်းအနက်အားဖြင့် သုံးမျိုးရှိသည်လည်း ဖြစ်ကုန်သော။ တေသံ ဒေဝါနံ ဓမ္မာ၊ ထိုနတ်တို့၏ တရားတို့တည်း။ ဣတိ ဒေဝဓမ္မာ၊ ထို့ကြောင့် ဒေဝဓမ္မ မည်ကုန်၏။ တေဟိ ဒေဝဓမ္မေဟိ သမန္နာဂတာ၊ ထိုဒေဝဓမ္မတို့နှင့် ပြည့်စုံကုန်သော။ ပုဂ္ဂလာပိ ဒေဝဓမ္မာ၊ ပုဂ္ဂိုလ်တို့သည်လည်း ဒေဝဓမ္မမည်ကုန်၏။
တသ္မာ ပုဂ္ဂလာဓိဋ္ဌာန ဒေသနာယ၊ ထို့ကြောင့် ပုဂ္ဂိုလ်တည်ရာဒေသနာတော်ဖြင့်။ တေ ဓမ္မေ ဒဿေန္တော၊ ထိုဒေဝဓမ္မတို့ကို ပြတော်မူလိုသော ဘုရားရှင်သည်။ 'သန္တော သပ္ပုရိသာ လောကေ။ ဒေဝဓမ္မာတိ ဝုစ္စရေ' တိ အာဟ၊ 'သန္တော သပ္ပုရိသာ လောကေ။ ဒေဝဓမ္မာတိ ဝုစ္စရေ'ဟူ၍ ဟောတော်မူပြီ။
ယက္ခော ဣမံ ဓမ္မဒေသနံ သုတွာ၊ ရေစောင့်ဘီလူးသည် ဤတရားဒေသနာကို နာကြားရ၍။ ပသန္နစိတ္တော ဗောဓိသတ္တံ၊ ကြည်ညိုသောစိတ်ရှိ၍ ဘုရားလောင်းမဟိသာသမင်းသားကို။
"ပဏ္ဍိတ အဟံ တုမှာကံ ပသန္နော၊ အိုပညာရှိ ငါရေစောင့်ဘီလူးသည် သင်ပညာရှိတို့အား ကြည်ညို၏။ ဧကံ ဘာတရံ ဒေမိ၊ ညီတစ်ယောက်ကို ပေး၏။ ကတရံ အာနေမီတိ အာဟ၊ အဘယ်ညီကို ယူခဲ့ရမည်နည်း"ဟုမေးပြီ။
ကနိဋ္ဌံ အာနေဟီတိ၊ ညီငယ်သူရိယမင်းသားကို ယူခဲ့ဟုပြောပြီ။
ပဏ္ဍိတတွံ၊ အိုပညာရှိ သင်သည်။ ကေဝလံ ဒေဝဓမ္မေ ဇာနာသိယေဝ၊ အကျင့်မဖက် သက်သက် ဒေဝဓမ္မတို့ကို သိရုံသာ သိ၏။ ပန တေသု န ဝတ္တသီတိ၊ အဟုတ်သော်ကား ထိုဒေဝဓမ္မတို့ကို မကျင့်ဟု ပြောပြီ။
ကိံ ကာရဏာတိ၊ ဘာကြောင့်လဲဟု ဘုရားလောင်းက မေးပြီ။
ယံ ကာရဏာ ဇေဋ္ဌကံ ဌပေတွာ၊ အကြင်အကြောင်းကြောင့် အကြီးစန္ဒမင်းသားကို ထား၍။ ကနိဋ္ဌံ အာဏာပေန္တော၊ အငယ်သူရိယမင်းသားကို ယူခဲ့ဖို့ စေခိုင်းသော သင်မင်းသားသည်။ ဇေဋ္ဌာပစာယိကကမ္မံ န ကရောသီတိ၊ အကြီးရိုသေသောအမှုကို မပြုဟု ပြောပြီ။
ယက္ခ အဟံ၊ အိုရေစောင့်ဘီလူး ငါမင်းသားသည်။ ဒေဝဓမ္မေ စ ဇာနာမိ၊ ဒေဝဓမ္မတို့ကိုလည်း သိ၏။ တေသု စ ဝတ္တာမိ၊ ထိုဒေဝဓမ္မတို့ကိုလည်း ကျင့်၏။
ဟိ မယံ၊ မှန်၏ ငါတို့ ညီအစ်ကိုသုံးယောက်သည်။ ဣမံ အရညံ ဧတံ၊ ဤတောထဲသို့ ထိုညီငယ်သူရိယမင်းသားကို။ နိဿာယ ပဝိဋ္ဌာ၊ အမှီပြု, အကြောင်းပြု၍ ဝင်လာကုန်ပြီ။
ဟိ ဧတဿ အတ္ထာယ၊ မှန်၏ ထိုညီငယ် သူရိယမင်းသား၏ အကျိုးငှာ။ အမှာကံ ပိတရံ၊ ငါတို့၏ ဖခင်ဗြဟ္မဒတ်မင်းကို။ ဧတဿ မာတာ၊ ထိုညီငယ်သူရိယမင်းသား၏ မိခင် မိဖုယားသည်။ ရဇ္ဇံ ယာစိ၊ မင်းအဖြစ်ကို တောင်းပြီ။ အမှာကံ ပိတာ ပန၊ ငါတို့၏ ဖခင်ဗြဟ္မဒတ်မင်းသည်ကား။ တံ ဝရံ အဒတွာ၊ ထိုဆုကို မပေးမူ၍။ အမှာကံ အနုရက္ခဏတ္ထာယ၊ ငါတို့ကို အစဉ်စောင့်ရှောက်ခြင်းငှာ။ အရညဝါသံ အနုဇာနိ၊ တောထဲနေခွင့်ကို ခွင့်ပြုပြီ။
သော ကုမာရော အနုဝတ္တိတွာ၊ ထိုသူရိယမင်းသားသည် နောက်ကလိုက်လာ၍။ အမှေဟိ သဒ္ဓိံ အာဂတော၊ ငါတို့နှင့် အတူလိုက်လာပြီ။
တံ အရညေ၊ ထိုသူရိယမင်းသားကို တောထဲ၌။ ဧကော ယက္ခော ခါဒီတိ၊ ဘီလူးတစ်ကောင်သည် စားပြီဟု။ ဝုတ္တေပိ ကောစိ န သဒ္ဒဟိဿတိ၊ ပြောအပ်ပါသော်လည်း မည်သူမျှ မယုံလတ္တံ့။ တေန အဟံ ဂရဟဘယဘီတော၊ ထို့ကြောင့် ငါမဟိသာသ မင်းသားသည် ကဲ့ရဲ့မည့်ဘေးကြောက်၍။ တမေဝ အာဏာပေမီတိ၊ ထိုသူရိယမင်းသားကိုသာ ယူခဲ့ဖို့ စေခိုင်း၏ဟုပြောပြီ။
"သာဓု သာဓု ပဏ္ဍိတ၊ ကောင်းစွ ကောင်းစွ ပညာရှိ။ တွံ ဒေဝဓမ္မေ စ ဇာနာသိ၊ သင်သည် ဒေဝဓမ္မတို့ကိုလည်း သိ၏။ တေသု စ ဝတ္တသီတိ၊ ထိုဒေဝဓမ္မတို့ကိုလည်း ကျင့်၏ဟု ပြော၍။ ပသန္နော ယက္ခော၊ ကြည်ညိုသော ရေစောင့်ဘီလူးသည်။ ဗောဓိသတ္တဿ သာဓုကာရံ ဒတွာ၊ ဘုရားလောင်းအား ကောင်းချီးကို ပေး၍။ ဒွေပိ ဘာတရော အာနေတွာ အဒါသိ၊ စန္ဒမင်းသား, သူရိယမင်းသား ညီနှစ်ယောက်တို့ကိုလည်း ဆောင်ယူ၍ ပေးပြီ။
အထ နံ ဗောဓိသတ္တော၊ ဆောင်ယူပေးပြီးရာ ထိုအခါ၌ ထိုရေစောင့်ဘီလူးကို ဘုရားလောင်းသည်။
"သမ္မ တွံ ပုဗ္ဗေ၊ အချင်း ရေစောင့်ဘီလူး သင်သည် ရှေး၌။ အတ္တနာ ကတေန ပါပကမ္မေန၊ မိမိသည် ပြုအပ်သော မကောင်းမှုကံကြောင့်။ ပရေသံ မံသလောဟိတခါဒကော၊ သူတစ်ပါးတို့၏ အသားအသွေး စားတတ်သော။ ယက္ခော ဟုတွာ နိဗ္ဗတ္တော၊ ရေစောင့်ဘီလူးသည် ဖြစ်၍ဖြစ်ပြီ။ ဣဒါနိပိ ပါပမေဝ ကရောသိ၊ ယခုအခါ၌လည်း မကောင်းမှုကိုသာ ပြု၏။ တေ ဣဒံ ပါပကမ္မံ၊ သင်၏ ဤမကောင်းမှုသည်။ နိရယာဒီဟိ မုစ္စိတုံ၊ ငရဲစသည်တို့မှ လွတ်ခြင်းငှာ။ တေ ဩကာသံ န ဒဿတိ၊ သင့်အားအခွင့်ကို မပေးလတ္တံ့။ တသ္မာ ဣတော ပဋ္ဌာယ၊ ထို့ကြောင့် ဤနေ့မှ စ၍။ ပါပံ ပဟာယ၊ မကောင်းမှုကို ပယ်စွန့်၍။ ကုသလံ ကရောဟီတိ အာဟ၊ ကုသိုလ်ကို ပြုလော့"ဟု ဆိုပြီ။
စ ပန တံ ဒမေတုံ အသက္ခိ၊ ဆက်၍ အထူးပြောရသော်ကား ထိုရေစောင့်ဘီလူးကို ယဉ်ကျေးအောင် ဆုံးမခြင်းငှာ ဘုရားလောင်းစွမ်းနိုင်ပြီ။
သော တံ ယက္ခံ ဒမေတွာ၊ ထိုဘုရားလောင်းသည် ထိုရေစောင့်ဘီလူးကို ဆုံးမ၍။ တေန သံဝိဟိတာရက္ခော၊ ထိုရေစောင့်ဘီလူးသည် စီမံအပ်သော အစောင့်အရှောက်ရှိ၍။ တတ္ထေဝ ဝသန္တော၊ ထိုရေအိုင်အနီး၌သာ နေလျက်။ ဧကဒိဝသံ နက္ခတ္တံ ဩလောကေတွာ၊ တစ်နေ့၌ နက္ခတ်ကို ကြည့်၍။ ပိတု ကာလကတဘာဝံ ဉ တွာ၊ ခမည်းတော်ဗြဟ္မဒတ်မင်း၏ နတ်ရွာစံကြောင်းကို သိ၍။ ယက္ခံ အာဒါယ၊ ရေစောင့်ဘီလူးကို ခေါ်ယူ၍။ ဗာရာဏသိံ ဂန္တွာ၊ ဗာရာဏသီမြို့သို့ သွား၍။ ရဇ္ဇံ ဂဟေတွာ၊ မင်းအဖြစ်ကို ယူ၍။ စန္ဒကုမာရဿ ဩပရဇ္ဇံ၊ စန္ဒမင်းသားအား အိမ်ရှေ့မင်းအဖြစ်ကိုလည်းကောင်း။ သူရိယကုမာရဿ သေနာပတိဋ္ဌာနံ ဒတွာ၊ သူရိယမင်းသားအား စစ်သူကြီးရာထူးကိုလည်းကောင်း ပေး၍။ ယက္ခဿ ရမဏီယေ ဌာနေ၊ ရေစောင့်ဘီလူးအတွက် မွေ့လျော်ဖွယ်ကောင်းသော ဌာန၌။ အာယတနံ ကာရေတွာ၊ နတ်ကွန်းကို ဆောက်လုပ်စေ၍။ ယထာ သော၊ အကြင်သို့ပြုသော် ထိုရေစောင့်ဘီလူးသည်။ အဂ္ဂမာလံ အဂ္ဂပုပ္ဖံ၊ ပန်းဦးကိုလည်းကောင်း အပွင့်ဦးကိုလည်းကောင်း။ အဂ္ဂဘတ္တဉ္စ လဘတိ၊ အစာဦးကိုလည်းကောင်း ရ၏။ တထာ အကာသိ၊ ထိုကဲ့သို့ ပန်းဦး, အပွင့်ဦး, အစာဦးရအောင် ပြုပြီ။
သော ဓမ္မေန၊ ထိုဘုရားလောင်း မဟိသာသမင်းသည် တရားသဖြင့်။ ရဇ္ဇံ ကာရေတွာ၊ မင်းအဖြစ်ကို ပြု၍။ ယထာကမ္မံ ဂတော၊ ကံအားလျော်စွာ ထားပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဆောင်တော်မူ၍။ ဒဿေတွာ သစ္စာနိ ပကာသေသိ၊ ပြတော်မူ၍ သစ္စာတို့ကို ထင်ရှားပြတော်မူပြီ။ သစ္စပရိယောသာနေ သော ဘိက္ခု၊ သစ္စာပြုပြီးသော အဆုံး၌ ထိုပစ္စည်းများစွာရှိသော ရဟန်းသည်။ သောတာပတ္တိဖလေ ပတိဋ္ဌဟိ၊ သောတာပတ္တိဖိုလ်၌ တည်ပြီ။
သမ္မာ သမ္ဗုဒ္ဓေါပိ ဒွေ ဝတ္ထူနိ ကထေတွာ၊ ဘုရားရှင်သည်လည်း ပစ္စုပ္ပန်အတိတ်ဝတ္ထုကြောင်းနှစ်ခုတို့ကို ဟောတော်မူပြီး၍။ အနုသန္ဓိံ ဃဋေတွာ၊ အနုသန္ဓေကို ဆက်စပ်တော်မူ၍။
တဒါ ဒကရက္ခသော၊ ထိုအခါက ရေစောင့်ဘီလူးသည်။ ဗဟုဘဏ္ဍိကဘိက္ခု အဟောသိ၊ ပစ္စည်းများစွာရှိသော ရဟန်းသည် ဖြစ်လာပြီ။ သူရိယကုမာရော အာနန္ဒော၊ သူရိယမင်းသားအား အာနန္ဒာတည်း။ စန္ဒကုမာရော သာရိပုတ္တော၊ စန္ဒမင်းသားကား ရှင်သာရိပုတ္တရာအလောင်းတည်း။ ဇေဋ္ဌကဘာတာ မဟိသာသကုမာရော ပန၊ အကိုကြီးဖြစ်သော မဟိသာသမင်းသားသည်ကား။ အဟမေဝ အဟောသိန္တိ၊ ငါဘုရားသည်သာ ဖြစ်လာပြီဟု။ ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
**ဒေဝဓမ္မဇာတကဝဏ္ဏနာ ဆဋ္ဌာ**၊ **ခြောက်ခုမြောက် ဖြစ်သော ဒေဝဓမ္မဇာတ်အဖွင့်တည်း။**