Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
Jātaka-aṭṭhakathā(Paṭhamo bhāgo)
Jātaka-aṭṭhakathā(Paṭhamo bhāgo)

[145] 5. Rādhajātakavaṇṇanā

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

**န တွံ ရာဓ ဝိဇာနာသီ** တိ ဣဒံ၊ န တွံ ရာဓ ဝိဇာနာသိအစရှိသော ဤတရား ဒေသနာတော်ကို။ သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ်။ ပုရာဏဒုတိယိကာပလောဘနံ၊ မယားဟောင်း ဖျားယောင်းမှုကို။ အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
ပစ္စုပ္ပန္နဝတ္ထု၊ ပစ္စုပ္ပန်ဝတ္ထုကြောင်းသည်။ ဣန္ဒြိယဇာတကေ၊ ဣန္ဒြိယဇာတ်၌။ အာဝိ ဘဝိဿတိ၊ ထင်စွာ ဖြစ်လတံ့။
သတ္ထာ ပန၊ ဘုရားရှင်သည်ကား။ တံ ဘိက္ခုံ အာမန္တေတွာ၊ ထိုရဟန်းကို ခေါ်တော်မူ၍။ “ဘိက္ခု မာတုဂါမော နာမ၊ အို ရဟန်း မာတုဂါမ မည်သည်။ အရက္ခိယော၊ စောင့်ရှောက်၍ မရ။ အာရက္ခံ ဌပေတွာ၊ အစောင့် အရှောက်ကို ထား၍။ ရက္ခန္တာပိ၊ စောင့်ရှောက်ကြသော်လည်း။ ရက္ခိတုံ သက္ကောန္တိ၊ စောင့်ရှောက်ခြင်းငှာ မစွမ်းနိုင်ကုန်။
တွံပိ ပုဗ္ဗေ၊ သင်သည်လည်း ရှေးက။ ဧတံ အာရက္ခံ၊ ဤအမျိုးသမီးကို အစောင့်အရှောက်ကို။ ဌပေတွာ ရက္ခန္တောပိ၊ ထား၍ စောင့်ရှောက်ခဲ့သော်လည်း။ ရက္ခိတုံ နာသက္ခိ၊ စောင့်ရှောက် ခြင်းငှာ မစွမ်းနိုင်ခဲ့။ ဣဒါနိ ကထံ၊ ယခုအခါ ဘယ်မှာလျှင်။ ရက္ခိဿသီတိ ဝတွာ၊ လုံအောင် စောင့်ရှောက်နိုင်လိမ့်မည်နည်း”ဟု မိန့်တော်မူ၍။ အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။ ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။ ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ သုကယောနိယံ နိဗ္ဗတ္တိ၊ ကျေးသားမျိုး၌ ဖြစ်ပြီ။
ကာသိရဋ္ဌေ ဧကော ဗြာဟ္မဏော၊ ကာသိတိုင်းက တစ်ယောက်သော ပုဏ္ဏားသည်။ ဗောဓိသတ္တာ အဿ ကနိဋ္ဌဘာတရဉ္စ၊ ဘုရားလောင်းကိုလည်းကောင်း ထိုဘုရားလောင်း၏ ညီငယ်ကိုလည်းကောင်း။ ပုတ္တဋ္ဌာနေ ဌပေတွာ၊ သားအရာ၌ ထား၍။ ပေါသေသိ၊ မွေးမြူပြီ။
တေသု ဗောဓိသတ္တဿ နာမံ၊ ထိုကျေးသားနှစ်ကောင်တို့တွင် ဘုရားလောင်း၏ နာမည်သည်။ “ပေါဋ္ဌပါဒေါတိ အဟောသိ၊ ပေါဋ္ဌပါဒ”ဟု ဖြစ်ပြီ။ ဣတရဿ၊ သည့်ပြင်ကျေးသား၏။ (နာမံနာ၊ မည်သည်)။ “ရာဓောတိ၊ ရာဓ မည်၏” ။
တဿ ဗြာဟ္မဏဿ ဘရိယာ ပန၊ ထိုပုဏ္ဏား၏ မယားသည်ကား။ အနာစာရာ၊ မလျော်သော အကျင့်ရှိသည်။ ဒုဿီလာ ဟောတိ၊ သီလမရှိသည် ဖြစ်၏။
သော ဝေါဟာရတ္ထာယ၊ ထိုပုဏ္ဏားသည် ရောင်းဝယ်ခြင်းငှာ။ ဂစ္ဆန္တော၊ သွားသော်။ ဥဘော ဘာတရောပိ၊ နှစ်ကောင်ကုန်သော ကျေးသားညီနောင် တို့ကိုလည်း။
“တာတာ ဝေါ၊ အို. . ချစ်သားတို့ မင်းတို့၏။ မာတာ ဗြာဟ္မဏီ၊ မိခင်ဖြစ်သော ပုဏ္ဏေးမသည်။ အနာစာရံ သစေ အာစရတိ၊ မလျော်သော အကျင့်ကို အကယ်၍ပြုကျင့်အံ့။ နံ ဝါရေယျာထ၊ ထိုမိခင်ပုဏ္ဏေးမကို တားမြစ်ကြ။ ဣတိ အာဟ၊ ဤသို့ မှာထားခဲ့ပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ “သာဓု တာတ၊ ကောင်းပါပြီ အို. . ဖခင်။ ဝါရေတုံ သက္ကောန္တာ၊ တားမြစ်ခြင်းငှာ စွမ်းနိုင် ကြသော်။ ဝါရေယျာမ၊ တားမြစ်ပါကုန်အံ့။ အသက္ကောန္တာ၊ မစွမ်းနိုင်ကြသော်။ တုဏှီ ဘဝိဿာမာတိ၊ ဆိတ်ဆိတ် ဖြစ်ကြရပါလိမ့်မည်”ဟု။ အာဟ၊ ပြန်ပြောပြီ။
ဧဝံ ဗြာဟ္မဏော ဗြာဟ္မဏိံ၊ ဤသို့လျှင် ပုဏ္ဏားသည် ပုဏ္ဏေးမကို။ သုကာနနိယျာဒေတွာ၊ ကျေးသားတို့အား အပ်နှင်းခဲ့၍။ ဝေါဟာရတ္ထာယ ဂတော၊ ရောင်းဝယ်ခြင်းအကျိုးငှာ ထွက်ခွါသွားပြီ။
တဿ ဂတဒိဝသတော၊ ထိုပုဏ္ဏား၏ ထွက်သွားရာနေ့မှ။ ပဋ္ဌာယ ပန ဗြာဟ္မဏီ၊ စ၍ကား ပုဏ္ဏေးမသည်။ အတိစရိတုံ အာရဒ္ဓါ၊ လွန်ကျူးကျင့်ခြင်းငှါ အားထုတ်ပြီ။ ပဝိသန္တာနဉ္စ၊ အိမ်ဝင်လာသူတို့၏လည်းကောင်း။ နိက္ခမန္တာနဉ္စ၊ အိမ်မှ ထွက်သွားသူတို့၏လည်းကောင်း။ အန္တော နတ္ထိ၊ အဆုံးအပိုင်းအခြားသည် မရှိ။ တဿာ ကိရိယံ ဒိသွာ၊ ထိုပုဏ္ဏေးမ၏ အပြုအမူကို တွေ့ရ၍။ ရာဓော ဗောဓိသတ္တံ၊ ညီရာဓသည် ဘုရားလောင်းကို။
“ဘာတိက အမှာကံ ပိတာ၊ အို. နောင်တော် ငါတို့၏ ဖခင်သည်။ ဝေါ မာတာ၊ မင်းတို့၏ အမိသည်။ အနာစာရံ သစေ အာစရတိ၊ မလျော်သော အကျင့်ကို အကယ်၍ ပြုကျင့်အံ့။ ဝါရေယျာထာတိ၊ တားမြစ်ကြဟု။ ဝတွာ ဂတော၊ မှာထား၍ သွားပြီ။ ဣဒါနိ စ ဧသာ၊ ယခုအခါ၌လည်း ဤမိခင်သည်။ အနာစာရံ အာစရတိ၊ မလျော်သော အကျင့်ကို ပြုကျင့်၏။ နံ ဝါရေမ ဣတိ၊ ထိုမိခင်ကို တားမြစ်ကုန်အံ့” ဟု။ အာဟ၊ ပြောပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ “တာတ တွံ၊ အို. ချစ်ညီ သင်သည်။ အတ္တနော အဗျတ္တတာယ၊ မိမိ၏ မလိမ္မာသည့်အဖြစ်ကြောင့်။ ဗာလဘာဝေန ဧဝံ ဝဒေသိ၊ မိုက်,အသည့်အဖြစ်ကြောင့် ဤကဲ့သို့ ပြောဆို၏။ မာတုဂါမံ နာမ ဥဒ္ဒိပိတွာ၊ မာတုဂါမမည်သည်ကို မ,ချီ၍။ စရန္တာပိ ရက္ခိတုံ၊ လှည့်လည်ကြ သော်လည်း စောင့်ရှောက်ခြင်းငှါ။ န သက္ကောန္တိ၊ မစွမ်းနိုင်ကုန်။
ယံ ကမ္မံ ကာတုံ န သက္ကာ၊ အကြင်အမှုကို ပြုခြင်းငှါ မစွမ်းနိုင်။ တံ ကာတုံ၊ မစွမ်းနိုင်သည့်ထိုအမှုကို ပြုခြင်းငှါ။ န ဝဋ္ဋ တီတိ ဝတာ၊ မသင့်”ဟု ပြောပြီး၍။
ရာမ တွံ၊ အို. ချစ်ညီရာဓ သင်သည်။ အဍ္ဎရတ္တေ အနာဂတေ၊ သန်းခေါင် အချိန်သည် မရောက်သေးမိ။ န ဇာနာသိ၊ ဘယ်လောက်လာမည်ဟု မသိ။
အဗျယတံ ဝိလပသိ၊ မပီမပြင် ပြောမှုကို ပြောဆိုဘိ၏။ ကောသိယာယနေ ဝိရတ္တာ၊ ကောသိယနွယ်ဝင် ငါတို့ဖခင်အပေါ်၌ မိခင်သည် ချစ်ခင်မှုမရှိ။
တတ္ထ၊ ထိုဂါထာ၌။ ** န တွံ ရာဓ ဝိဇာနာသိ၊ အဍ္ဎရတ္တေ အနာဂတေ** တိ၊ န တွံ ရာဓ။ ပ။အနာဂတေ ဟူသည်။ တာတ ရာဓ တွံ န ဇာနာသိ၊ အို. ချစ်ညီရာဓ သင်သည် မသိ။ အဍ္ဎရတ္တ အနာဂတေ၊ သန်းခေါင်အခါသည် မရောက် သေးသော။ ပဌမယာမေယေဝ၊ ပဌမယာမ်၌ပင်။ ဧတ္တကာ ဇနာ၊ ဤမျှရှိကုန်သော လူတို့သည်။ အာဂတာ၊ လာကြပြီ။ ဣဒါနိ ကော ဇာနာတိ၊ ယခုအခါ ဘယ်သူသည် သိအံ့နည်း။ ကိတ္တကာပိ အာဂမိဿန္တိ၊ ဘယ်မျှတို့သည်လည်း လာကြလိမ့်ဦး မည်နည်း။
**အဗျယတံ ဝိလပသီ** တိ၊ အဗျယတံ ဝိလပသိဟူသည်ကား။ တွံ အဗျတ္တဝိလာပံ၊ မင်းသည် မပီမပြင်ပြောမှုကို။ ဝိလပသိပြောဆိုဘိ၏။
**ပိရစ္ဆာ ကောသိ ယာယနေ** တိ၊ ဝိရတ္တာ ကောသိယာယနေဟူသည်ကား။ နော မာတာ၊ ငါတို့၏ မိခင်ဖြစ်သော။ ကောသိယာယနီ ဗြာဟ္မဏီ၊ ကောသိယနွယ်ဝင်ဖြစ်သော ပုဏ္ဏေးမသည်။ အမှာကံ ပိတရိ၊ ငါတို့၏ ဖခင်အပေါ်၌။ ဝိရတ္တာ နိဗ္ဗေမာ ဇာတာ၊ ချစ်ခင်မှုမရှိသည် ဖြစ်ပြီ။
အဿာ တသ္မိံ၊ ထိုမိခင်၏ ထိုဖခင်အပေါ်၌။ သိနေဟော ဝါ ပေမံ ဝါ၊ ခင်မင်မှုသည်လည်းကောင်း ချစ်ခြင်းသည်လည်းကောင်း။ သစေ ဘဝေယျ၊ အကယ်၍ ဖြစ်အံ့ ရှိအံ့။ ဧဝရူပံ အနာစာရံ၊ ဤသို့သဘောရှိသော မလျော်သော အကျင့်ကို။ န ကရေယျ၊ မပြုရာ။ ဣတိ ဣမံ အတ္ထံ၊ ဤကဲ့သို့ ဤအနက်အဓိပ္ပါယ်ကို။ ဧတေဟိ ဗျဉ္ဇနေဟိ၊ ဤသဒ္ဒါတို့ဖြင့်။ ပကာသေသိ၊ ထင်ရှားပြပြီ။
စ ပန၊ ဆက်၍ အထူးပြောပြရသော်။ ဧဝံ ပကာသေတွာ၊ ဤသို့ထင်ရှားပြပြီး၍။ ဗြာဟ္မဏိယာ သဒ္ဓိံ ဝတ္တုံ၊ ပုဏ္ဏေးမနှင့် အတူ ပြောခြင်းငှါ။ ရာဓဿ န အခါသိ၊ ရာဓအား မပေးပြီ။
သာပိ ဗြာဟ္မဏဿ၊ ထိုပုဏ္ဏေးမသည်လည်း ပုဏ္ဏား၏။ ယာဝ အနာဂမနာ၊ မလာမချင်း။ ယထာရုစိယာ ဝိစရိ၊ ကြိုက်သည်အား လျော်စွာ ပြုကျင့်ပြီ။
ဗြဟ္မဏော အာဂန္တွာ၊ ပုဏ္ဏားသည် ပြန်ရောက်လာ၍။ ပေါဋ္ဌပါဒ၊ ဘုရားလောင်း ပေါဋ္ဌပါဒကို။
“တာတ ဝေါ မာတာ၊ ချစ်သား မင်းတို့၏ မိခင်သည်။ ကီဒိသီတိ ပုစ္ဆိ၊ ဘယ်ကဲ့သို့ ရှူအပ်သနည်း”ဟု မေးပြီ။
ဗောဓိသတ္တော ဗြာဟ္မဏဿ၊ ဘုရားလောင်းသည် မွေးစားပုဏ္ဏားအား။ သဗ္ဗံ ယထာဘူတံ၊ အလုံးစုံကို ဟုတ်မှန်သည့်အတိုင်း။ ကထေတွာ၊ ပြောကြားပြီး၍။ “တာတ တေ၊ အို. ဖခင် သင်ဖခင်အား။ ဧ၀ရူပါယ ဒုဿီလာယ၊ ဤသို့သဘောရှိသော သီလမရှိသော အိမ်ရှင်မဖြင့်။ ကိန္တိ ဝတွာ၊ ဘာလုပ်မှာလဲ”ဟု ပြောပြီး၍။ “တာတ အမှေဟိ၊ အို. ဖခင် ကျွန်တော်တို့သည်။ မာတုယာ ဒေါသဿ၊ မိခင်၏ အပြစ်ကို။ ကထိတကာလတော ပဋ္ဌာယ၊ ပြောပြီးချိန်မှ စ၍။ ဣဓ ဝသိတုံ၊ ဤအိမ်၌ နေခြင်းငှါ။ န သက္ကာတိ၊ မတတ်ကောင်း”ဟုပြော၍။ ဗြာဟ္မဏဿ ပါဒေ ဝန္ဒိတွာ၊ ပုဏ္ဏား၏ ခြေတို့ကို ရှိခိုး၍။ ရာဓေန သဒ္ဓိံ ဥပ္ပတိတွာ၊ ရာမနှင့် အတူ ပျံသွား၍။ အရညံ အဂမာသိ၊ တောထဲသို့ ပျံသွားပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာ တော်ကို ဆောင်တော်မူ၍။ သစ္စာနိ ပကာသေသိ၊ သစ္စာတို့ကို ပြတော်မူပြီ။ သစ္စပရိယောသာနေ၊ သစ္စာပြပြီးအဆုံး၌။ ဥက္ကဏ္ဌိတဘိက္ခု၊ သာသနာတော် ငြီးငွေ့သော ရဟန်းသည်။ သောတာပတ္တိဖလေ ပတိဋ္ဌဟိ၊ သောတာပတ္တိဖိုလ်၌ တည်ပြီ။
“တဒါ ဗြာဟ္မဏော စ ဗြာဟ္မဏီ စ၊ ထိုရှေးအခါက ပုဏ္ဏားသည် လည်းကောင်း ပုဏ္ဏေးမသည်လည်းကောင်း။ ဧတေယေဝ ဒွေ ဇနာ အဟေသုံ၊ ထိုရဟန်း, မယားဟောင်းနှစ်ယောက်တို့သည်သာ ဖြစ်လာကြပြီ။ ရာဓော အာနန္ဒော၊ ရာဓသည်ကား အာနန္ဒာတည်း။ ပေါဋ္ဌပါဒေါ ပန၊ ပေါဋ္ဌပါဒသည် ကား။ အဟမေဝ အဟောသိ ဣတိ၊ ငါဘုရားသည်သာ ဖြစ်လာပြီ ဤကားဇာတ်ပေါင်းခန်းတည်း။
** ရာဓဇာတကဝဏ္ဏနာ ပဉ္စမာ၊ ရာဓဇာတ်အဖွင့်သည် ပဉ္စမတည်း။**