**လာဗူနိ သီဒန္တီ**တိ ဣဒံ၊ လာဗူနိ သီဒန္တိ စသော ဤတရားဒေသနာတော်ကို။
သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော် မူစဉ်။
သောဠသ မဟာသုပိနေ၊ တစ်ဆယ့်ခြောက်ချက်ကုန်သော အိပ်မက်ကြီး တို့ကို။
အာရတ္တ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
ဧကဒိဝသံ ကောသလ မဟာရာဇာ၊ တစ်နေ့၌ ကောသလမင်းကြီးသည်။
ရတ္တိံ နိပ၀တော၊ ည၌ အိပ်ခြင်းသို့ ကပ်ရောက်သော်။
သောဠသ မဟာသုပိနေ၊ တစ်ဆယ့်ခြောက် ချက်ကုန်သော အိပ်မက်ကြီးတို့ကို။
ပစ္ဆိမယာမေ ဒိသွာ၊ ပစ္ဆိမယာမ်၌ မြင်မက်၍။
ဘီတတသိတော ပဗုဇ္ဈိတွာ၊ ကြောက်ကြောက်လန့်လန့် နိုး၍။
“ဣမေသံ သုပိနာနံ ဒိဋ္ဌတ္တာ၊ ဤအိပ်မက်တို့ကို မြင်မက်အပ်သည့် အဖြစ်ကြောင့်။
ကိ နု ခေါ မေ ဘဝိဿတီတိ၊ အဘယ်သည် ငါ့အား ဖြစ်လတံ့နည်း”ဟု။
မရဏဘယတဇွိတော၊ သေဘေး ခြိမ်းခြောက်ခံရ၍။
သယနပိရွှေ နိသိန္နကောဝ၊ အိပ်ရာပေါ်၌ ထိုင်လျက် သာ။
ရတ္တိ ဝီတိနာမေသိ၊ ညဉ့်ကို ကုန်လွန်စေပြီ။
အထ နံ၊ ထိုအခါ ထိုကောသလမင်းကြီးကို။
ရတ္တိယာ ပဘာတာယ၊ ညဉ့်သည် လင်းသော်။
ဗြာဟ္မဏပုရောဟိတာ ဥပသင်္ကမိတွာ၊ ပုဏ္ဏားပုရောဟိတ်တို့သည် ချဉ်းကပ်ကြ၍။
“သုခံ သယိတ္ထ မဟာရာဇာတိ ပုစ္ဆသု၊ ချမ်းသာစွာ စက်တော် ခေါ်ကြရပါ၏လော အရှင်မင်းကြီး”ဟု မေးလျှောက်ကုန်ပြီ။
အာစရိယာ မေ၊ ဆရာတို့ ငါ့အား။
ကုတော သုခံ၊ ဘယ်မှာ ချမ်းသာပါအံ့နည်း”။
အဇ္ဇာ အဟံ ပစ္စူ သသမယေ၊ ယနေ့ ငါသည် မိုးသောက်ထအခါ၌။
သောဠသ မဟာသုပိနေ ပဿိ၊ တစ်ဆယ့်ခြောက်ချက်ကုန်သော အိပ်မက်ကြီးတို့ကို မြင်မက်ပြီ။
တေသံ ဒိဋ္ဌကာလတော ပဋ္ဌာယ၊ ထိုအိပ်မက်ကြီးတို့ကို မြင်မက်ရာကာလမှ စ၍။
သော ဘယပ္ပတ္တော အမှီတိ၊ ထိုငါသည် ကြောက်ခြင်းသို့ ရောက်သည် ဖြစ်၏ဟု ပြောပြီ။
“ဝဒေထ မဟာရာဇ၊ မိန့်တော်မူကြပါ အရှင်မင်းမြတ်။
သုတွာ ဇာနိဿာမာတိ ဝုတ္တေ၊ ကြားရပြီး၍ အကောင်းအဆိုး သိရပါကုန်အံ့”ဟု လျှောက်ထားအပ်သော်။
ဗြာဟ္မဏာနံ ဒိဋ္ဌသုပိနေ ကထေတွာ၊ ပုဏ္ဏားတို့အား မြင်မက်သော အိပ်မက်တို့ကို ပြောကြားပြီး၍။
“ဣမေသံ ဒိဋ္ဌကာရဏာ၊ ဤအိပ်မက်ကြီးတို့ကို မြင်မက်ခြင်း ဟူသော အကြောင်းကြောင့်။
မေ က နု ခေါ၊ ငါ့အား အဘယ်သည်။
ဘဝိဿတီတိ ပုစ္ဆိ၊ ဖြစ်လတံ့နည်း”ဟု မေးပြီ။
ဗြာဟ္မဏာ ဟတ္ထ ဝိဓုနိံ သု၊ ပုဏ္ဏားတို့သည် လက်တို့ကို အထူးလှုပ်ရှားကုန်ပြီ။
“ကသ္မာ ဟတ္ထိ၊ အဘယ့်ကြောင့် လက်တို့ကို။
ဝိဓုနထာတိ စ ဝုတ္တေ၊ ခါကြသနည်းဟုလည်း” မေးအပ်သော်။
“မဟာရာဇ သုပိနာ ကက္ခဠာတိ၊ မင်းမြတ် အိပ်မက်တို့ကား ကြမ်းတမ်းဆိုးဝါးကုန်၏”ဟု လျှောက် ကြပြီ။
တေသံ နိပ္ဖ တ္တိ၊ ထိုအိပ်မက်တို့၏ ပြီးစီးမှုအကျိုးသည်။
ကာ ဘဝိဿတီတိ၊ အဘယ်သည် ဖြစ်လတံ့နည်းဟု မေးပြီ။
ရဇ္ဇန္တ ရာယော ဇီဝိတန္တရာယော၊ မင်းအဖြစ် အန္တရာယ်လည်းကောင်း အရှင်မင်းကြီးအသက်အန္တရာယ်လည်းကောင်း။
ဘောဂန္တရာယော ဣတိ၊ ထီးနန်းစည်းစိမ်အန္တရာယ်လည်းကောင်း ဤသို့။
တိက္ကံ ဣမေသံ အန္တရာယာနံ၊ သုံးမျိုးကုန်သော ဤအန္တရာယ်တို့တွင်။
အညတရော၊ တစ်မျိုးမျိုးသော သည်။
(ဘဝိဿတိ) ဣတိ၊ (ဖြစ်လတံ့)ဟု လျှောက်ကြ ပြီ။
သပ္ပဋိကမ္မာ အပ္ပဋိကမ္မာတိ၊ ကုစား၍ရကုန်သလော ကုစားမရကုန်သလောဟု မေးပြီ။
ကာမံ ဧတေ သုပိနာ၊ စင်စစ်ကား ဤအိပ်မက်တို့သည်။
အတိဖရုသတ္တာ အပ္ပဋိကမ္မာ၊ အလွန်ကြမ်းတမ်း ဆိုးဝါးကုန်သည့် အဖြစ်ကြောင့် ကုစားမရနိုင်ကုန်။
ပန မယံ၊ သို့သော်လည်း ကျွန်တော်မျိုးတို့သည်။
တေ သပ္ပဋိကမ္မေ ကရိဿာမ၊ ထိုအိပ်မက်ကြီးတို့ကို ကုစားရသည်တို့ကို ပြုပါကုန်အံ့။
ဧတေ ပဋိက္ကမာပေတုံ၊ ထိုအိပ်မက်မကောင်းကျိုးတို့ကို ဖယ်ရှား သွားစေခြင်းငှာ။
အသက္ကောန္တာနံ အမှာကံ၊ မစွမ်းနိုင်ကုန်သော ကျွန်တော်မျိုးတို့၏။
သိက္ခိတဘာဝေါ နာမ က် ကရိဿတီတိ၊ ပညာသင်ထားအပ်သည့် အဖြစ်မည်သည် ဘာလုပ်မည်နည်းဟု ပြောကြပြီ။
ကိံ ပန ကတွာ၊ အဘယ်ကိုကား ပြုကြ၍။
ပဋိက္ကမာပေဿထာတိ၊ မကောင်းကျိုး ဖယ်ရှားသွားစေကုန်အံ့နည်းဟု မေးပြီ။
သဗ္ဗစတုက္ကေန ယညံ၊ အလုံးစုံလေးခုစီဖြင့် ယဇ်ကို။
ယဇိဿာမ မဟာရာဇာတိ၊ ပူဇော်ကြပါမည် အရှင်မင်းကြီးဟု လျှောက်ပြီ။
ရာဇာ ဘီတတသိတော၊ ကောသလမင်းသည် ကြောက်ရွံ့ထိတ်လန့်၍။
“အာစရိယာ တေန ဟိ၊ ဆရာတို့ ထိုသို့ဖြစ်လျှင်။
မမ ဇီဝိတံ၊ ငါ၏ အသက်သည်။
တုမှာကံ ဟတ္ထိ ဟောတု၊ သင်ဆရာတို့၏ လက်၌ ဖြစ်ပါစေ။
မေ သောတ္ထိ၊ ငါ၏ ချမ်းသာ မှုကို။
ခိပ္ပံ ကရောထာတိ အာဟ၊ လျင်စွာ ပြုကြလော့”ဟု ပြောပြီ။
ဗြာဟ္မဏာ၊ ပုဏ္ဏားတို့သည်။
“ဗဟုံ ဓနံ လဘိဿာမ၊ များစွာသော ပစ္စည်းကို ရတော့မည်။
ဗဟုံ ခဇ္ဇဘောဇ္ဇံ၊ များစွာသော ခဲဖွယ်စားဖွယ်ကို။
အာဟရာပေဿာမာတိ၊ ဆောင်ယူခိုင်းကြရတော့မည်”ဟု။
ဟဋ္ဌတုဋ္ဌာ၊ ရွှင်လန်းနှစ်သက်ကြ၍။
“မာစိန္တယိတ္ထ မဟာရာဇာတိ၊ တွေးမပူကြပါနှင့် အရှင်မင်းကြီး”ဟု။
ရာဇာနံ သမဿာသေတွာ၊ ကောသလမင်းကို သက်သာရာရစေ၍။
ရာဇနိဝေသနာ နိက္ခမိတွာ၊ မင်းနန်းတော်မှ ထွက်ခဲ့ကြ၍။
ဗဟိနဂရေ ယညာဝါ ကတွာ၊ မြို့ပြင်ပ၌ ယဇ်တွင်းကို ပြု၍။
ဗဟူ စတုပ္ပဒဂဏေ၊ များစွာကုန်သော ခြေလေးချောင်းရှိ သားကောင်အပေါင်းတို့ကို။
လူကူပနီတေ ကကွာ၊ ယဇ်တိုင်အနီး ဆောင်ယူအပ် သည်တို့ကို ပြု၍။
ပက္ခိဂဏေ သမာဟရိတွာ၊ ငှက်အပေါင်းတို့ကို ကောင်းစွာ ဆောင်ယူ၍။
“ဣဒဉ္စိဒဉ္စလဒ္ဓုံ ဝဋ္ဋ တီတိ၊ ဤပစ္စည်းကိုလည်း ဤပစ္စည်းကိုလည်း ရခြင်းငှာ သင့်၏”ဟု။
ပုနပ္ပုနံ သဉ္စရန္တိ၊ အဖန်ဖန် နန်းတွင်းသွားလာကုန်၏။
ကောသလ အထ ခေါ မလ္လိကာ ဒေဝီ၊ ထိုအခါ မလ္လိကာမည်သော မိဖုရားသည်။
တံ ကာရဏံ ဉတွာ၊ ထိုအကြောင်းကို သိ၍။
ရာဇာနံ ဥပသင်္ကမိတွာ၊ မင်းသို့ ချဉ်းကပ်၍။
“မဟာရာဇ ကိ နု ခေါ၊ မင်းမြတ် အဘယ့်ကြောင့်။
ဗြာဟ္မဏာ ပုနပ္ပုနံ၊ ပုဏ္ဏားတို့သည် အဖန်ဖန်။
သဉ္စရန္တီတိ ပုစ္ဆိ၊ နန်းတွင်း ဝင်ထွက်သွားလာကြ ပါသနည်း”ဟု မေးပြီ။
ဘဒ္ဒေ တွံ သုခိတာ၊ မိဖုရား ရှင်မိဖုရားကား ချမ်းသာ၏။
အမှာကံ ကဏ္ဏ မူလေ၊ ငါတို့၏ နားရင်း၌။
အာသီဝိသံ စရန္တံ၊ မြွေဟောက်ကို သွားနေသည်ကို။
န ဇာနာသီတိ၊ မသိဟု ပြောပြီ။
ဧတံ ကိ မဟာရာဇာတိ၊ ဤစကားသည် ဘာစကားပါနည်း ရှင်မင်းကြီးဟု မေးပြီ။
ဧဝရူပါ ဒုဿုပိနာ၊ ဤသို့သဘောရှိကုန်သော မကောင်းသော အိပ်မက်တို့ကို။
မယာ ဒိဋ္ဌာ၊ ငါသည် မြင်မက်အပ်ကုန်ပြီ။
တိဏ္ဏ အန္တရာယာနံ၊ သုံးမျိုးကုန်သော အန္တရာယ်တို့တွင်။
အညတရော ပညာယတီတိ၊ တစ်မျိုးမျိုးသော အန္တရာယ်သည် ထင်ရှား၏ဟု။
ဗြာက္ခဏာ ဝတွာ၊ ပုဏ္ဏားတို့သည် ပြောကြ၍။
တေသံ ပဋိဃာတာယ၊ ထို အန္တရာယ်တို့ကို ပယ်ဖျောက်ခြင်းငှာ။
ယညံ ယဇိဿာမာတိ ဝတွာ၊ ယဇ်ကို ပူဇော် ကြမည်ဟု ပြော၍။
ပုနပ္ပုနံ သဉ္စရန္တီတိ၊ အဖန်ဖန် နန်းတွင်းဝင်ထွက် သွားလာ ကြ၏ဟု ပြောပြီ။
မဟာရာဇ တေ၊ မင်းမြတ် သင်မင်းမြတ်သည်။
သဒေဝကေ လောကေ၊ နတ်နှင့်တကွသော လောက၌။
အဂ္ဂဗြာဟ္မဏော သုပိနပဋိကမ္မံ၊ အမြတ်ဆုံးပုဏ္ဏားကို အိပ်မက်ကုစားမှုကို။
ပုစ္ဆိတော ကီ ပနာတိ၊ မေးအပ် ပြီလောဟု ပြောပြီ။
ဘဒွေ သဒေဝက လောကေ၊ မိဖုရား နတ်နှင့်တကွသော လောက၌။
ဧသော အဂ္ဂဗြာဟ္မဏော၊ ဤအမြတ်ဆုံးပုဏ္ဏားဟူသည်။
ကတရော ပန ဣတိ၊ အဘယ်သူပါနည်းဟု မေးပြီ။
သဒေဝကေ လောကေ၊ နတ်နှင့်တကွသော လောက၌။
အဂ္ဂပုဂ္ဂလံ သဗ္ဗညု၊ အမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်သော အလုံးစုံ သိသော။
ဝိသုဒ္ဓံ နိက္ကိလေသံ၊ အထူးစင်ကြယ်သော ကိလေသာမရှိသော။
မဟာဗြာဟ္မဏံ န ဇာနာသိ၊ မြင့်မြတ်သော ပုဏ္ဏားကြီးကို မသိသလော။
ဟိ သော ဘဂဝါ၊ မှန်၏ ထိုမြတ်စွာဘုရားသည်။
သုပိနန္တရံ ဇာနေယျ၊ အိပ်မက် အကြောင်းကို သိတော်မူရာ၏။
တွံ ဂစ္ဆ၊ အရှင်မင်းကြီးသည် သွားပါချေ။
တံ ပုစ္ဆ မဟာရာဇာတိ၊ ထိုမြတ်စွာဘုရားကို မေးပါချေ အရှင်မင်းကြီးဟု ပြောပြီ။
“သာဓု ဒေဝီတိ၊ ကောင်းပြီ မိဖုရား”ဟု ပြော၍။
ရာဇာ ဝိဟာရံ ဂန္တွာ၊ ကောသလ မင်းသည် ဇေတဝန်ကျောင်းတော်သို့ သွား၍။
သတ္ထာရံ ဝန္ဒိတွာ နိသီဒိ၊ ဘုရားရှင်ကို ရှိခိုး၍ ထိုင်နေပြီ။
သတ္ထာ မဓုရဿရံ နိစ္ဆာရေတွာ၊ ဘုရားရှင်သည် သာယာချိုမြိန်သော အသံကို ထွက်စေတော်မူ၍။
“မဟာရာဇ က နု ခေါ အတိပ္ပဂေါဝ၊ မင်းမြတ် အဘယ့်ကြောင့် အလွန်စောစွာသာလျှင်။
အာဂတော အသီတိ အာဟ၊ လာသည် ဖြစ်သနည်း”ဟု မေးပြီ။
ဘန္တေ အဟံ ပစ္စူသသမယေ၊ မြတ်စွာဘုရား တပည့်တော်သည် မိုးသောက် အခါ၌။
သောဠသ မဟာသုပိနေ ဒိသွာ၊ တစ်ဆယ့်ခြောက်ချက်ကုန်သော အိပ်မက်ကြီးတို့ကို မြင်မက်၍။
ဘီတော ဗြာဟ္မဏာနံ အာရောစေသိ၊ ကြောက်ရွံ့ ၍ ဖုဏ္ဏားတို့အား ပြောကြားပြီ။
ဗြာဟ္မဏာ၊ ပုဏ္ဏားတို့သည်။
“မဟာရာဇ သုပိနာ ကက္ခဠာ၊ မင်းမြတ် အိပ်မက်တို့သည် ကြမ်းတမ်းဆိုးဝါးကုန်၏။
ဧတေသံ ပဋိဃာတတ္ထာယ၊ ထိုအိပ်မက်တို့၏ မကောင်းကျိုးပယ်ဖျောက်ခြင်းငှာ။
သဗ္ဗ စတုက္ကေန ယညံ၊ အလုံးစုံ လေးခုစီဖြင့်။
ယဇ်ကိုယဇိဿာမာတိ၊ ပူဇော်ကြအံ့”ဟု ပြော၍။
ယညံ သန္တိ၊ ယဇ်ကို စီရင်ကြကုန်၏။
ဗဟူ ပါဏာ မရဏဘယတဒို့တာ၊ များစွာကုန်သော သတ္တဝါတို့သည် သေဘေး ခြိမ်းခြောက်ခံရကုန်၏။
တုမှေ စ၊ အရှင်ဘုရားတို့သည်လည်း။
သဒေဝကေ လောကေ အဂ္ဂပုဂ္ဂလာ၊ နတ်နှင့်တကွ သော လောက၌ အမြတ်ဆုံးပုဂ္ဂိုလ်တို့ပါတည်း။
ဝေါ ဉာဏမုခေ၊ အရှင်ဘုရား တို့၏ ဉာဏ်ဝ၌။
ယော အာပါထံ နာဂစ္ဆတိ၊ အကြင်တရားသည် ရှေးရှုထင်ခြင်းသို့ မရောက်။
အတီတာနာဂတပစ္စုပ္ပန္နံ ဥပါဒါယ၊ အတိတ်အနာဂတ်ပစ္စုပ္ပန်ကို အစ ပြု၍။
သော ဉေ ယျဓမ္မော နတ္ထိ၊ ဘုရားဉာဏ်တော်ဝ ရှေးရှုမထင်သော ထို ဉေယျဓမ်တရားသည် မရှိပါ။
ဧတေသံ သုပိနာနံ နိပ္ပတ္တိ၊ ထိုအိပ်မက်တို့၏ ပြီးစီးမှုအကျိုးကို။
မေ ကထေထ ဘဂဝါတိ၊ တပည့်တော်အား ဟောတော်မူကြပါမြတ်စွာဘုရားဟု လျှောက်ထားပြီ။
မဟာရာဇ ဧတံ ဧဝံ၊ မင်းမြတ် သင်မင်းမြတ် လျှောက်ထားသည့် ဤစကားသည်, လျှောက်ထားသည့်အတိုင်း မှန်ပေ၏။
သဒေဝကေ လောကေ၊ နတ်နှင့်တကွသော လောက၌။
မံ ဌပေတွာ၊ ငါဘုရားကို ထား၍။
ဧတေသံ သုပိနာနံ၊ ဤအိပ်မက်တို့၏။
အန္တရံ ဝါ နိပုတ္တံ ဝါ၊ အကြောင်းကို လည်းကောင်း ပြီးစီးမှုအကျိုးကိုလည်းကောင်း။
ဇာနိတုံ သမတ္တော၊ သိခြင်းငှာ စွမ်းနိုင်သော။
အညော နာမ နတ္ထိ၊ အခြားပုဂ္ဂိုလ်မည်သည် မရှိ။
အဟံ တေ ကထေဿာမိ၊ ငါဘုရားသည် သင်မင်းကြီးအား ဟောပြပေအံ့။
အပိ စ ခေါ် တွံ၊ စင်စစ်သော်ကား သင်မင်းကြီးသည်။
ဒိဋ္ဌဒိဋ္ဌနိယာမေနေဝ၊ မြင်အပ်မြင်အပ်တိုင်း သော နည်းဖြင့်ပင်။
သုပိနေ ကထေဟီတိ၊ အိပ်မက်တို့ကို လျှောက်ထားလော့ဟု မိန့်ပြီ။
သာဓု ဘန္တေတိ၊ ကောင်းပါပြီ မြတ်စွာဘုရားဟု။
ရာဇာ ဒိဋ္ဌနိယာမေနေဝ၊ ကောသလမင်းသည် မြင်အပ်တိုင်းသော နည်းဖြင့်ပင်။
ကထေန္တော၊ လျှောက်ထား လိုရကား။
ဥသဘာ ရုက္ခာ၊ ဝှေ့ယောင်ပြု၍ မဝှေ့သော နွားလားတို့လည်းကောင်း, ငယ်ငယ်ဖြင့် သီးပွင့်ကြသော သစ်ပင်တို့လည်းကောင်း။
ဂါပိယော ဂဝါ စ၊ နွားကလေးနို့ စို့ကြသော နွားမတို့လည်းကောင်း, ဝန်မရုန်းနိုင်သည့် နွားကလေးတို့လည်းကောင်း။
အသော ကံသော၊ ခေါင်းနှစ်လုံးရှိသော မြင်းလည်းကောင်း, ရွှေခွက်လည်းကောင်း။
သိင်္ဂါလီ စ ကုမ္ဘော၊ ကျစ်သမျှ ကြိုးကို စားသော တောခွေးမလည်းကောင်း, ရေပြည့်လျှံသည့် ရေအိုးကြီး လည်းကောင်း။
ပေါက္ခရဏီ စ အပါကစန္ဒနံ၊ ကမ်းနားကြည်၍ အလယ် နောက်သော ရေကန်လည်းကောင်း တစ်အိုးတည်းချက် မကျက်တကျက်ပျော့သောထမင်း, ရက်တက်ရေနှင့် လဲလှယ်စားသော စန္ဒကူးလည်းကောင်း။
လာဗူနိ သီဒန္တိ၊ ဗူးတောင်းတို့သည် နစ်မြုပ်ကုန်၏။
သိလာပ္လဝန္တိ၊ ကျောက်ဖျာ တို့သည် ပေါလောပေါ်ကုန်၏။
မဏ္ဍူကိယော ကဏှသပ္ပေ ဂိလန္တိ၊ ဖားမတို့ သည် မြွေဟောက်တို့ကို စားမျိုကုန်၏။
ကာကံ သုဝဏ္ဏာ ပရိဝါရယန္တိ၊ ကျီးကို ရွှေဟင်္သာတို့သည် ခြံရံကုန်၏။
ဧဠာကာနံ ဘယာ ဟိ၊ သိုးတို့ကို ကြောက် သောကြောင့်သာ။
ဝကာ တသာ၊ ဝံပုလွေတို့သည် လန့်နေကုန်၏။
ဣမံ မာတိကံ၊ ဥသဘာ (ပ) ဘယာ ဟိ ဟူသော ဤမာတိကာကို။
နိက္ခိပိတွာ ကထေသိ၊ ထား၍ လျှောက်ထားပြီ။
(၁) ဘန္တေ အဟံ၊ ရှင်တော်ဘုရား တပည့်တော်သည်။
ဧကံ သုပိနံ၊ တစ်ခုသော အိပ်မက်ကို။
တာဝ ဧဝံ အဒ္ဒသံ၊ ရှေးဦးစွာ ဤသို့ မြင်မက်ပါပြီ။
စတ္တာရော အဉ္စန ဝဏ္ဏာ၊ လေးကောင်ကုန်သော မျက်စဉ်းညိုအဆင်းရှိကုန်သော။
ကာဠဥသဘာ ယုဇ္ဈိဿာမာတိ၊ နွားနက်ကြီးတို့သည် “ဝှေ့ကြမည်”ဟု။
စတူဟိ ဒိသာဟိ၊ လေးပါးကုန်သော အရပ်မျက်နှာတို့မှ။
ရာဇင်္ဂဏံ အာဂန္တွာ၊ မင်းရင်ပြင်သို့ ရောက် လာကြ၍။
“ဥသဘယုဒ္ဓံ ပဿိဿာမာတိ၊ နွားဝှေ့ပွဲကို ကြည့်ကြမည်”ဟု။
မဟာဇနေ သန္နိပတိတေ၊ များစွာသောလူသည် ကောင်းစွာကျရောက်စုဝေးသော်။
ယုဇ္ဈနာကာရံ ဒဿေတွာ၊ ဝှေ့မည့်အခြင်းအရာကို ပြကြ၍။
နဒိတွာ ဂဇ္ဇိတွာ၊ တွန်၍ ဟိန်းဟောက်၍။
အယုဇ္ဈိတွာဝ ပဋိက္ကန္တာ၊ မဝှေ့ကြမူ၍ သာ ဖဲသွားကုန်ပြီ။
ပဌမံ ဣမံ သုပိနံ အဒ္ဒသံ၊ ပဌမဆုံးသော ဤအိပ်မက်ကို မြင်မက်ပါပြီ။
ဣမဿ ဝိပါကော ကောတိ၊ ဤအိပ်မက်၏ အကျိုးကား အဘယ်ပါနည်းဟု လျှောက်ပြီ။
“မဟာရာဇ ဣမဿ ဝိပါကော၊ မင်းမြတ် ဤအိပ်မက်၏ အကျိုးသည်။
တဝ၊ သင်မင်းကြီး၏။
(ကာလေ၊ လက်ထက်၌)။
နေဝ (ဘဝိဿတိ)၊ မဖြစ်လတ္တံ့)။
ကာလေ န ဘဝိဿတိ၊ ငါဘုရား၏ လက်ထက်၌ မဖြစ်လတံ့။
အနာဂတေ ပန၊ နောင်အခါ၌ကား။
အဓမ္မိကာနံ ကပဏရာဇူနံ၊ တရားမရှိကုန်သော မင်းဆင်းရဲ တို့၏လည်းကောင်း။
အဓမ္မိကာနံ မနုဿာနဉ္စ၊ တရားမရှိကုန်သော လူတို့၏ လည်းကောင်း။
ကာလေ၊ လက်ထက်၌။
လောကေ ဝိပရိဝတ္တမာနေ၊ လူ့လောက သည် ပြောင်းပြန်ဖြစ်သော်။
ကုသလေ ဩဿန္နေ၊ ကုသိုလ်သည် နည်းပါးသော်။
အကုသလေ ဥဿန္န၊ အကုသိုလ်သည် များပြားသော်။
လောကဿ ပရိဟာယန ကာလေ၊ လူ့လောက၏ သူတော်ကောင်းတရား ဆုတ်ယုတ်ရာ ကာလ၌။
ဒေဝေါ သမ္မာ န ဝဿိဿတိ၊ မိုးသည် ကောင်းစွာ မရွာလတံ့။
မေဃပါဒါ ပစ္ဆိဇ္ဇိ ဿန္တိ၊ မိုးတိမ်အခြေတို့သည် ပြတ်ကုန်လတံ့။
သဿာနိ မိလာယိဿန္တိ၊ ကောက်ကိုမှတ်သား သီးနှံများတို့သည် ညှိုးနွမ်းကုန်လတံ့။
ဒုဗ္ဘိက္ခံ ဘဝိဿတိ၊ စားနပ်ရိက္ခာ ရှားပါးခြင်းသည် ဖြစ်လတံ့။
ဝဿိတုကာမာ ဝိယ၊ ရွာလိုကုန်သကဲ့သို့။
စတူဟိ ဒိသာဟိ၊ လေးပါးကုန်သော အရပ်မျက်နှာတို့မှ။
မေယာ ဥဋ္ဌဟိတွာ၊ မိုးတိမ်တို့ သည် တက်လာကြ၍။
အာတပေ ပဋ္ဌာနံ ဟိအာဒီနံ၊ နေပူ၌ ဖြန့်လှန်းထားအ ကုန်သော ကောက်စသည်တို့ကို။
တေမနာယေန၊ မိုးစိုမည်ကြောက်သဖြင့်။
ဣတ္ထိကာဟိ အန္တောပဒေသိတကာလေ၊ အမျိုးသမီးတို့သည် အိမ်တွင်းသွင်းပြီးရာ ကာလ၌။
အာဠဗန္ဓနတ္ထာယ၊ ကံသင်းဖွဲ့ခြင်း အကျိုးငှာ။
ကုဒ္ဒါလပိဋကဟတ္တေသု၊ ပေါက်တူး, ခြင်းတောင်း လက်စွဲကုန်သော။
ပုရိသေသု၊ ယောက်ျားတို့သည်။
နိက္ခန္တေသု၊ ထွက်ကုန်သော်။
ဝဿနာကာရံ ဒဿတွာ ဂဇိတွာ၊ ရွာမည့်အခြင်း အရာကို ပြ၍ ခြိမ်း၍။
ဝိဇ္ဇုလတာ နိစ္စာရေတွာ၊ လျှပ်စစ်နွယ်တို့ကို ထွက်စေ၍။
တေ ဥသဘာ အယုဇ္ဈိတွာ၊ ထိုနွားလားတို့သည် မဝှေ့ကြမူ၍။
(ပလာယန္တိ) ဝိယ၊ ပြေးကြကုန်သကဲ့သို့။
အဝဿိတွာဝ ပလာယိဿန္တိ၊ မရွာမူ၍သာ ပြေးကြပျောက်ကြလတံ့။
အယံ ဧတဿ ဝိပါကော၊ ဤသည်ကား ထိုပဌမအိပ်မက်၏ အကျိုး တည်း။
တုယှံ တပ္ပစ္စယာ ပန၊ သင်မင်းကြီးအား ထိုအိပ်မက်ဟူသော အကြောင်း ကြောင့်ကား။
ကောစိ အန္တရာယော နတ္ထိ၊ တစ်စုံတစ်ခုသော အန္တရာယ်သည် မရှိ။
အနာဂတံ အာရဗ္ဘ၊ အနာဂတ်အရေးကို အကြောင်းပြု၍။
ဧသော သုပိနော ဒိဋ္ဌာ၊ ဤအိပ်မက်ကို မြင်မက်အပ်ပြီ။
ဗြာဟ္မဏာ ပန၊ ပုဏ္ဏားတို့သည်ကား။
အတ္တနော ဇီဝိတဝုတ္တိ နိဿာယ၊ မိမိ၏ အသက်မွေးမှုကို မှီ၍။
ကထယသူတိ၊ ပြောကြပြီဟု။
ဧဝံ သတ္ထာ၊ ဤသို့ မြတ်စွာဘုရားသည်။
သုပိနဿ နိဗ္ဗတ္တိ ကထေတွာ၊ အိပ်မက်၏ ပြီးစီးမည့်အကျိုးကို ဟောတော်မူပြီး၍။
“ဒုတိယံ ကထေဟိ မဟာရာဇာတိ အာဟ၊ ဒုတိယအိပ်မက်ကို လျှောက်ထားလော့ မင်းကြီး”ဟု မိန့်တော်မူပြီ။
(၂) ဘန္တေ အဟံ ဒုတိယံ၊ မြတ်စွာဘုရား တပည့်တော်သည် ဒုတိယအိပ်မက် ကို။
ဧဝံ အဒ္ဒသံ၊ ဤသို့ မြင်မက်ပါပြီ။
ခုဒ္ဒကာ ရုက္ခာ စေဝ ဂစ္ဆာ စ၊ ငယ်ကုန်သော သစ်ပင်တို့သည်လည်းကောင်း ခြုံပင်တို့သည်လည်းကောင်း။
ပထဝိံ ဘိန္ဒိတွာ၊ မြေကို ဖောက်ခွဲ၍။
ဝိဒတ္ထိမတ္တမ္ပိ ရတနမတ္တမ္ပိ၊ တစ်ထွာမျှကိုသော်လည်းကောင်း တစ်တောင်မျှကိုသော်လည်းကောင်း။
အနုဂ္ဂန္နာဝ၊ မတက်ကြသေးမူ၍သာ။
ပုပ္ဖန္တိစေဝ ဖလန္တိ စ၊ ပွင့်လည်းပွင့်ပါကုန်၏ သီးလည်းသီးပါကုန်၏။
ဣမံ ဒုတိယံအဒ္ဒသံ၊ ဤဒုတိယအိပ်မက်ကို မြင်မက်ပါပြီ။
ဣမဿ ကော ဝိပါကောတိ၊ ဤအိပ်မက်၏ အကျိုးကား အဘယ်ပါနည်းဟု မေးပြီ။
မဟာရာဇ ဣမဿာပိ ဝိပါကော၊ မင်းမြတ် ဤအိပ်မက်၏လည်း ဆိုးကျိုးသည်။
လောကဿ ပရိဟာယန ကာလေ၊ လူ့လောက၏ သူတော်ကောင်းတရား ဆုတ်ယုတ်ရာ ကာလ၌။
မနုဿာနံ၊ လူတို့၏။
ပရိတ္တာယုကကာလေ ဘဝိဿတိ၊ အသက်တိုရာ ကာလ၌ ဖြစ်လတံ့။
ဟိ အနာဂတသ္မိံ သတ္တာ၊ မှန်၏ နောင်အခါ၌ သတ္တဝါတို့သည်။
တိဗ္ဗရာဂါ ဘဝိဿန္တိ၊ ထက်သော ရာဂရှိကုန်သည် ဖြစ်ကြလတံ့။
အသမ္ပတ္တဝယာဝ ကုမာရိယော၊ အရွယ်မရောက်သေးသည်သာလျှင် ဖြစ်ကုန်သော သူငယ်မ တို့သည်။
ပုရိသန္တရံ ဂန္တွာ၊ ယောက်ျားအထူးသို့ သွားကြ၍။
ဥတုနိယော စေ၀ ဂဏ္ဌိနိယော စ ဟုတွာ၊ ဥတုပန်းပွင့်ကုန်သည်လည်းကောင်း ကိုယ်ဝန်ရှိကုန်သည် လည်းကောင်း ဖြစ်ကြ၍။
ပုတ္တဓီတာတိ ဝဍ္ဎိဿန္တိ၊ သားသမီးတို့ဖြင့် ကြီးပွားကြ လတံ့။
ဟိ၊ ဥပမာဥပမေယျ= နှီးနှောပြရသော်။
ခုဒ္ဒကရုက္ခာနံ ပုပ္ပံ ဝိယ၊ သစ်ပင်ငယ် တို့၏ ပွင့်ခြင်းသည်ကဲ့သို့။
တာသံ ဥတုနိဘာဝေါ၊ ထိုသူငယ်မတို့၏ ဥတုပန်း ပွင့်သည့် အဖြစ်သည်လည်းကောင်း။
ဖလံ ဝိယ၊ သီးခြင်းကဲ့သို့။
ပုတ္တဂီတရော ဘဝိဿန္တိ၊ သားသမီးတို့သည်လည်းကောင်း ဖြစ်ကြလတံ့။
ဣတော နိဒါနမ္ပိ တေ၊ ဤအိပ်မက်ကြောင့်လည်း သင်မင်းကြီးအား။
ဘယံ နတ္ထိ၊ ဘေးသည် မရှိ။
တတိယံ ကထေဟိ မဟာရာဇာတိ၊ တတိယအိပ်မက်ကို လျှောက်လော့ မင်းကြီးဟု မိန့်တော်မူပြီ။
(၃) ဘန္တေ ဂါဝိယော၊ မြတ်စွာဘုရား နွားမကြီးတို့သည်။
တဒဟုဇာတာနံ ဝစ္ဆကာနံ၊ ယနေ့ ဖွားစဖြစ်ကုန်သော နွားမငယ်တို့၏။
ခီရံ ပိဝန္တိယော အဒ္ဒသံ၊ နို့ကို စို့နေသည်တို့ကို မြင်မက်ပါပြီ။
အယံ မေ၊ ဤအိပ်မက်သည် တပည့်တော်၏။
တတိယော သုပိနော၊ တတိယဖြစ်သော အိပ်မက်ပါတည်း။
ဣမဿ ဝိပါကော ကောတိ၊ ဤအိပ်မက်၏ အကျိုးသည် အဘယ်ပါနည်းဟု လျှောက်ပြီ။
ဣမဿာပိ ဝိပါကော၊ ဤအိပ်မက်၏လည်း အကျိုးသည်။
အနာဂတေ ဧဝ၊ နောင်ခါ၌သာ။
မနုဿာနံ၊ လူတို့၏။
ဇေဋ္ဌာပစာယိကကမ္မဿ နဋ္ဌကာလေ၊ ကြီးသူကို ရိုသေ လေးစားမှု ပြုခြင်း၏ ပျောက်ပျက်ရာကာလ၌။
ဘဝိဿတိ၊ ဖြစ်လတံ့။
ဟိ အနာဂတသ္မိံ သတ္တာ၊ ချဲ့ပြောရသော် အနာဂတ်၌ သတ္တဝါတို့သည်။
မာတာပိတူသု ဝါ သဿုသသုရေသု ဝါ၊ မိဘတို့၌လည်းကောင်း ယောက္ခမအမ,ယောက္ခမအထီးတို့၌လည်းကောင်း။
လဇ္ဇံ အနုပဋ္ဌာပေတွာ၊ ရှက်ကြောက်မှုကို မဖြစ်စေကြမူ၍။
သယမေဝ ကုဋုမ္ဗံသံဝိဒဟန္တာဝ၊ ကိုယ်တိုင်သာ စည်းပွားဥစ္စာကို စီမံကြကုန်လျက်သာ။
ဃာသစ္စာဒနမတ္တမ္ပိ၊ စားရုံ ဝတ်ရုံမျှကိုလည်း။
မဟလ္လကာနံ ဒါတုကာမာ ဒဿန္တိ၊ ကြီးသူတို့အား ပေးလိုသူတို့သည် ပေးကြလတံ့။
အဒါတု ကာမာ န ဒသန္တိ၊ မပေးလိုသူတို့သည် မပေးကြလတ္တံ့။
တဒဟုဇာတာန ဝစ္ဆကာနံ၊ ယနေ့ဖွားစဖြစ်ကုန်သော နွားမငယ်တို့၏။
ခီရံ ပိဝန္တိယော၊ နို့ရည်ကို စို့ကုန်သော။
မဟာဂါပိယော ဝိယ၊ နွားမကြီးတို့ကဲ့သို့။
မဟလ္လကာ အနာထာ အသယံဝသီ၊ ကြီးသူတို့သည် မှီခိုရာမရှိကုန်သည် မိမိဆန္ဒအတိုင်း မဖြစ်ကြကုန်သည်။
(ဟုတွာ၊ ဖြစ်၍)။
ဒါရကေ အာရာမေတွာ ဇီဝိဿန္တိ၊ ငယ်သူတို့ကို နှစ်သက်စေ၍ အသက် မွေးကြရလတံ့။
ဣတောနိဒါနမ္ပိ တေ၊ ဤအိပ်မက်ကြောင့်လည်း သင်မင်းကြီးအား။
ဘယံ နတ္ထိ၊ ဘေးသည် မရှိ။
စတုတ္ထ ကထေဟိ မဟာရာဇာတိ၊ စတုတ္ထအိပ်မက်ကို လျှောက်လော့ မင်းကြီးဟု မိန့်တော်မူပြီ။
(၄) ဘန္တေ ဓုရဝါဟေ၊ မြတ်စွာဘုရား ဝန်ကိုဆောင်နိုင်ကုန်သော။
အာရောဟ ပရိဏာဟသမ္ပန္နေ မဟာဂေါဏေ၊ အရပ်အလုံးနှင့်ပြည့်စုံကုန်သော နွားကြီးတို့ကို။
ယုဂပရမ္ပရာယ အယောဇေတွာ၊ ထမ်းပိုးအဆင့်ဆင့်၌ မယှဉ်မကကြမူ၍။
တရုဏေ ဂေါဒမ္မေ၊ ငယ်ရွယ်ကုန်သော ဆုံးမလောက်သည့် နွားပေါက်တို့ကို။
ဓုရေ ယောဇေန္တေ အဒ္ဒသံ၊ ထမ်းပိုး၌ ယှဉ်ကသည်တို့ကို မြင်မက်ပါပြီ။
တေ ဓုရံ၊ ထိုနွားပေါက်တို့သည် ထမ်းပိုးဝန်ကို။
ဝဟိတုံ အသက္ကောန္တာ၊ ရွက်ဆောင်ခြင်းငှာ မစွမ်းနိုင်ကြ၍။
ဆဒ္ဒေတွာ အဋ္ဌံသု၊ စွန့်ပစ်၍ တည်ကြပါကုန်ပြီ။
သကဋာနိ နပ္ပဝဋ္ဋိံသု၊ လှည်းတို့သည် မလိမ့်ကုန်ပြီ။
အယံ မေ၊ ဤအိပ်မက်သည် တပည့်တော် ၏။
စတုတ္ထော သုဿိနော၊ စတုတ္ထဖြစ်သော အိပ်မက်ပါတည်း။
ဣမဿ ဝိပါကော ကောတိ၊ ဤအိပ်မက်၏ အကျိုးကား အဘယ်ပါနည်းဟု မေးပြီ။
ဣမဿာပိ ဝိပါကော အနာဂတေ ဧဝ၊ ဤအိပ်မက်၏လည်း မကောင်းကျိုးသည် နောင်အခါ ၌သာ။
အဓမ္မိကရာဇူနံ ကာလေ၊ တရားမစောင့်သော မင်းတို့၏ လက်ထက်၌။
ဘဝိဿတိ၊ ဖြစ်လတံ့။
ဟိ အနာဂတသ္မိံ၊ မှန်၏ နောင်အခါ၌။
အဓမ္မိကကပဏ ရာဇာနော၊ တရားမရှိ ဆင်းရဲသော မင်းတို့သည်။
ပဏ္ဍိတာနံ ပဝေဏိကုသလာနံ၊ ပညာရှိကုန်သော အစဉ်အလာ နားလည်ကုန်သော။
ကမ္မံ နိတ္ထရဏသမတ္ထာနံ၊ လုပ်ငန်းကို ထုတ်ဆောင်စွမ်းနိုင်ကုန်သော (အောင်မြင်အောင် ဆောင်ရွက်နိုင်ကုန်သော)။
မဟာမတ္တာနံ ယသံ န ဒဿန္တိ၊ အမတ်ကြီးတို့အား စည်းစိမ်အခြံအရံကို မပေးကြလတံ့။
ဓမ္မသဘာယံ ဝိနိစ္ဆယဋ္ဌာနေပိ၊ တရားသဘင်၌ ဝိနိစ္ဆယရုံး၌လည်း။
ပဏ္ဍိတေ ဝေါဟာရကုသလေ၊ ပညာရှိကုန်သော ဥပဒေနားလည်ကုန်သော။
မဟလ္လကေ အမစ္စေ န ဌပေဿန္တိ၊ ကြီးကုန်သော အမတ်တို့ကို မထားကြလတံ့။
တဗ္ဗပရီတာနံ တရုဏတရုဏာနံ ပန၊ ထိုမှပြောင်းပြန်ဖြစ်ကုန်သော ငယ်သူငယ်သူ တို့အားကား။
ယသံ ဒဿန္တိ၊ စည်းစိမ်အခြံအရံကို ပေးကြလတံ့။
တထာရှုပေ ဧဝ၊ ထိုသို့ သဘောရှိသော သူတို့ကိုသာ။
ဝိနိစ္ဆယဌာနေ ဌပေဿန္တိ၊ ဝိနိစ္ဆယရုံး၌ ထားကြလတံ့။
တေ ရာဇကမ္မာနိ စေ၀၊ ထိုရာထူးရှိသူတို့သည် မင်းမှုကိစ္စတို့ကို လည်းကောင်း။
ယုတ္တာယုတ္တဉ္စ အဇာနန္တာ၊ သင့်, မသင့်ကိုလည်းကောင်း မသိကြရကား။
တံ ယသံ ဥက္ခိပိတုံ န သက္ခိဿန္တိ၊ ထိုစည်းစိမ်အခြံအရံကို ဆောင်ရွက်ထားခြင်းငှာ မစွမ်းနိုင်ကြလတံ့။
ရာဇကမ္မာနိ နိတ္ထရိတုံ၊ မင်းမှုကိစ္စတို့ကို ထုတ်ဆောင်ခြင်း အောင်မြင်အောင် လုပ်ခြင်းငှာ။
န သက္ခိဿန္တိ၊ မစွမ်းနိုင်ကြလတံ့။
တေ အသက္ကောန္တာ၊ ထိုငယ်ရွယ်သူတို့သည် မစွမ်းနိုင်ကြ၍။
ကမ္မဓုရံ ဆဒ္ဒေဿန္တိ၊ လုပ်ငန်းတာဝန်ကို စွန့်ပစ်ကြလတံ့။
မဟလ္လကာ ပဏ္ဍိတာ မစ္စာပိ၊ ကြီးကုန်သော ပညာရှိအမတ်တို့သည်လည်း။
ယသံ အလဘန္တာ၊ စည်းစိမ်အခြံအရံကို မရကြ၍။
ကိစ္စာနိ နိတ္ထရိတုံ သမတ္ထာပိ၊ အလုပ်ကိစ္စတို့ကို ထုတ်ဆောင်ခြင်းငှာ စွမ်းနိုင်ကြ သော်လည်း။
“အမှာကံ ဧတေဟိ ကီ၊ ငါတို့အား ဤအလုပ်ကိစ္စတို့ဖြင့် ဘာအကျိုး ရှိအံ့နည်း။
မယံ ဗာဟိရကာ ဇာတာ၊ ငါတို့သည် အပြင်လူတို့သည် ဖြစ်ကြပြီ။
အန္တရိကာ တရုဏဒါရကာ၊ အတွင်းသားဖြစ်ကုန်သော နုပျိုသူလူငယ်တို့သည်။
ဇာနိဿန္တိတိ၊ သိကြလတံ့”ဟု ပြော၍။
ဥပ္ပန္နာနိ ကမ္မာနိ န ကရိဿန္တိ၊ ဖြစ်ပေါ် လာကုန်သော လုပ်ငန်းတို့ကို မပြုကြလတံ့။
ဧဝံ သဗ္ဗထာပိ၊ ဤသို့ အလုံးစုံသော အပြားအားဖြင့်လည်း။
တေသံ ရာဇူနံ၊ ထိုမင်းတို့အား။
ဟာနိယေဝ ဘဝိဿတိ၊ ဆုတ်ယုတ်ခြင်းသည်သာ ဖြစ်လတံ့။
ခုရံ ဝဟိတုံ၊ ဝန်ကို ရွက်ဆောင်ခြင်းငှာ။
အသမတ္ထာနံ ဝစ္ဆဒမ္မာနံ၊ မစွမ်းနိုင်ကုန်သော ဆုံးမလောက်သည့် နွားပေါက်တို့ကို။
ဓုရေ ယောဇိတကာလော ဝိယ၊ ဝန်၌ ယှဉ်က,ရာ ကာလကဲ့သို့လည်းကောင်း။
ဓုရဝါဟာနံ မဟာဂေါဏာနံ၊ ဝန်ကိုဆောင်နိုင်ကုန်သော နွားကြီးတို့။
ယုဂ ပရမ္ပရာယ၊ ထမ်းပိုးအဆင့်ဆင့်ဖြင့်။
အယောဇိတကာလော ဝိယ စ ဘဝိဿတိ၊ မယှဉ် မက,ရာ ကာလကဲ့သို့လည်းကောင်း ဖြစ်လတံ့။
ဣတော နိဒါနမ္ပိ တေ၊ ဤအိပ်မက်ကြောင့်လည်း သင်မင်းကြီးအား။
ဘယံ နတ္ထိ၊ ဘေးသည် မရှိ။
ပဉ္စမ ကထေဟိ မဟာရာဇာတိ၊ ပဉ္စမ အိပ်မက်ကို လျှောက်လော့ မင်းကြီးဟု မိန့်ပြီ။
(၅) ဘန္တေ ဥဘတောမုခံ၊ ရှင်တော်ဘုရား ခံတွင်းနှစ်ပေါက်ရှိသော။
အဿံ အဒ္ဒသံ၊ တစ်ထောင်သော မြင်းကို မြင်မက်ပါပြီ။
ဒီသု ပခု၊ နှစ်ဘက် ကုန်သော နံပါးတို့၌။
တဿ ယဝသံ ဒေန္တိ၊ ထိုမြင်းကား မုယောအစာကို ပေးကြ ကျွေးကြကုန်၏။
သော ဒွိဟိ မုခေဟိ ခါဒတိ၊ ထိုမြင်းသည် နှစ်ပေါက်ကုန်သော ခံတွင်းတို့ဖြင့် စား၏။
အယံ မေ၊ ဤသည်ကား တပည့်တော်၏။
ပဉ္စမော သုပိနော၊ ပဉ္စမအိပ်မက်ပါတည်း။
ဣမဿ ဝိပါကော ကောတိ၊ ဤအိပ်မက်၏ အကျိုးကား အဘယ်ပါနည်းဟု မေးပြီ။
ဣမဿာပိ ဝိပါကော အနာဂတေ၊ ဤအိပ်မက်၏ လည်း အကျိုးသည် နောင်အခါ၌။
အဓမ္မိကရာဇကာလေယေဝ ဘဝိဿတိ၊ တရားမစောင့်သော မင်းတို့လက်ထက်၌သာ ဖြစ်လတံ့။
ဟိ အနာဂတသ္မိံ၊ မှန်၏ နောင်အခါ၌။
အဓမ္မိကာ ဗာလရာဇာနော၊ တရားမစောင့်ကုန်သော ဖျင်းအသော မင်းတို့သည်။
အဓမ္မိကေ လောလမနုဿေ၊ တရားမရှိကုန်သော လျှပ်ပေါ်သူ လူတို့ကို။
ဝိနိစ္ဆယေ ဌပေဿန္တိ၊ တရားဆုံးဖြတ်ရာ၌ ထားကြလတံ့။
ပါပပုညသု အနာဒရာ၊ မကောင်းမှု ကောင်းမှုတို့၌ ရိုသေလေးစားမှု မရှိကုန်သော။
ဗာလာ သဘာယံ နိသီဒိတွာ၊ ထိုဖျင်းအသူတို့သည် တရားသဘင်၌ ထိုင်နေကြ၍။
ဝိနိစ္ဆယံ ဒေန္တာ၊ အဆုံးအဖြတ်ကို ပေးကြကုန်သော်။
ဥဘိန္နမ္ပိ အတ္ထပစ္စတ္ထိကာနံ၊ နှစ်ဘက်လည်းဖြစ်ကုန်သော တရားတွေ့တို့၏။
ဟတ္ထတော လက္ခံ ဂဟေတွာ၊ လက်မှ တံစိုးလက်ဆောင်ကို ယူ၍။
အာ ဗွီဟိ မုခေဟိ၊ မြင်းသည် နှစ်ပေါက် ကုန်သော ခံတွင်းတို့ဖြင့်။
ယဝသံ၊ မုယောအစာကို။
(ခါဒတိ ဝိယ၊ စားဘိသကဲ့သို့)။
ခါဒိဿန္တိ၊ စားကြလတံ့။
ဣတော နိဒါနမ္ပိ တေ၊ ဤအိပ်မက်ကြောင့်လည်း သင်မင်းကြီးအား။
ဘယံ နတ္ထိ၊ ဘေးသည် မရှိ။
ဆဋ္ဌံ ကဏေဟိ မဟာရာဇာတိ၊ ဆဋ္ဌအိပ်မက်ကို လျှောက်လော့ မင်းကြီးဟု မိန့်ပြီ။
(၆) ဘန္တေ မြတ်စွာဘုရား။ မဟာဇနာ၊ လူအများသည်။
သတသဟဿဂ္ဃနိကံ၊ အဖိုးတစ်သိန်းထိုက်သော။
သုဝဏ္ဏပါတီ သမ္မဇ္ဇိတွာ၊ ရွှေခွက်ကို ဆေးကြော သုတ်သင်၍။
“ဣဓ ပဿာဝံ ကရောဟီတိ၊ ဤရွှေခွက်၌ ကျင်ငယ်ကို ပြုပါ လော့”ဟု။
ဧကဿ ဇရသိင်္ဂါလဿ၊ တစ်ကောင်သော မြေခွေးအိုအား။
ဥပနာမေသိ၊ ချပေးပြီ။
တံ တတ္ထ၊ ထိုမြေခွေးအိုကို ထိုရွှေခွက်၌။
ပဿာဝံ ကရောန္တံ အဒ္ဒသံ၊ ကျင်ငယ်ကို ပြုသည် စွန့်သည်ကို မြင်မက်ပါပြီ။
အယံ မေ၊ ဤအိပ်မက် သည်ကား တပည့်တော်၏။
ဆဋ္ဌော သုပိနော၊ ဆဋ္ဌဖြစ်သော အိပ်မက်ပါတည်း။
ဣမဿ ဝိပါကော ကောတိ၊ ဤအိပ်မက်၏ အကျိုးကား အဘယ်ပါနည်းဟု လျှောက်ပြီ။
ဣမဿ ဝိပါကောပိ၊ ဤအိပ်မက်၏ အကျိုးသည်လည်း။
အနာဂတေ ယေဝ ဘဝိဿတိ၊ နောင်အခါ၌သာ ဖြစ်လတံ့။
ဟိ အနာဂတသ္မိံ၊ မှန်၏ နောင် အခါ၌။
အဓမ္မိကာ ဝိဇာတိရာဇာနော၊ တရားမရှိကုန်သော အမျိုးညံ့မင်းတို့သည်။
ဇာတိသမ္ပန္နာနံ ကုလပုတ္တာနံ၊ အမျိုးဇာတ် ကောင်းကုန်သော အမျိုးကောင်းသား တို့အား။
အာသင်္ကာယ၊ သံသယရှိသဖြင့်။
ယသံ န ဒဿန္တိ၊ စည်းစိမ်အခြံအရံကို မပေးကြလတံ့။
အကုလီနာနံယေဝ ဒဿန္တိ၊ အမျိုးညံ့သူတို့အားသာ ပေးကြလတံ့။
ဧဝံ မဟာကုလာနိ၊ ဤသို့ပေးကြသော် ဆွေးကြီးမျိုးကြီးတို့သည်။
ဒုဂ္ဂတာနိ ဘဝိဿန္တိ၊ ဆင်းရဲကြသည် ဖြစ်ကုန်လတ္တံ့။
လာမကကုလာနိ ဣဿရာနိ၊ အမျိုးညံ့ တို့သည် အစိုးရကုန်သည်။
(ဘဝိဿန္တိ၊ ဖြစ်ကြလတံ့)။
တေ စ ကုလီနပုရိသာ၊ ထိုအမျိုးကောင်းသားတို့သည်လည်း။
ဇီဝိတုံ အသက္ကောန္တာ၊ အသက်မွေးခြင်းငှာ မစွမ်းနိုင်ကြရကား။
“ဣမေ နိဿာယ၊ ဤအစိုးရသူတို့ကို မှီ၍။
ဇီဝိဿာမာတိ၊ အသက်မွေးကြအံ့”ဟု တွေး၍။
အကုလီနာနံ ဓီတရော ဒဿန္တိ၊ အမျိုးယုတ်တို့အား သမီးတို့ကို ပေးကြလတံ့။
ဣတိ တာသံ ကုလမီတာနံ၊ ဤသို့ ထိုအမျိုးကောင်းသမီး တို့၏။
အကုလီနေဟိ သဒ္ဓိ သံဝါသော၊ အမျိုးယုတ်တို့နှင့်အတူ ပေါင်းသင်းခြင်း သည်။
ဇရသိင်္ဂါလဿ သုဝဏ္ဏပါတိယံ၊ မြေခွေးအို၏ ရွှေခွက်၌။
ပဿာဝကရဏ သဒိသော ဘဝိဿတိ၊ ကျင်ငယ်စွန့်မှုပြုခြင်းနှင့်တူသည် ဖြစ်လတံ့။
ဣတော နိဒါနမ္ပိ တေ၊ ဤအိပ်မက်ကြောင့်လည်း သင်မင်းကြီးအား။
ဘယံ နတ္ထိ၊ ဘေးသည် မရှိ။
သတ္တမံ ကထေဟီတိ၊ သတ္တမအိပ်မက်ကို လျှောက်လော့ဟု မိန့်ပြီ။
(၇) ဘန္တေ ဧကော ပုရိသော၊ အရှင်ဘုရား တစ်ယောက်သော ယောက်ျား သည်။
ရဇ္ဇုံဝဋ္ဋေတွာ ဝဋ္ဋေတွာ၊ ကြိုးကို ကျစ်၍ ကျစ်၍။
ပါဒမူလေ နိက္ခိပတိ၊ ခြေရင်း၌ ချထား၏။
တေန နိသိန္နပီဌဿ ဟေဋ္ဌာ၊ ထိုယောက်ျားသည် ထိုင်နေ သော အင်းပျဉ်၏ အောက်၌။
သယိတာ ဧကာ ဆာဟသိင်္ဂါလီ၊ ဝပ်နေသော တစ်ကောင်သော ဆာလောင်လှသည့် မြေခွေးမသည်။
တဿ အဇာနန္တဿဝ၊ ထိုယောက်ျားသည် မသိစဉ်ပင်။
တံ ခါဒတိ၊ ထိုကျစ်ကျစ်သမျှ ကြိုးကို စား၏။
ဧဝံ အဟံ အဒ္ဒ၊ ဤသို့ တပည့်တော်သည် မြင်မက်ပါပြီ။
အယံ မေ၊ ဤ အိပ်မက် သည် တပည့်တော်၏။
သတ္တမော သုပိနော၊ သတ္တမဖြစ်သော အိပ်မက်ပါတည်း။
ဣမဿ ဝိပါကော ကောတိ၊ ဤအိပ်မက်၏ အကျိုးကား အဘယ်ပါနည်းဟု လျှောက်ပြီ။
ဣမဿာပိ ဝိပါကော၊ ဤအိပ်မက်၏လည်း မကောင်းကျိုးသည်။
အနာဂတေယေဂ ဘဝိဿတိ၊ နောင်အခါ၌သာ ဖြစ်လတ္တံ့။
ဟိ အနာဂတသ္မိံ၊ မှန်၏ နောင်အခါ၌။
ဣတ္တိယာ ပုရိသလောလာ၊ အမျိုးသမီးတို့သည် ယောက်ျား၌ လော်လည်ကုန်သည်။
သုရာလောလာ အလင်္ကာရလောလာ၊ သေရည်၌ လော် လည်ကုန်သည် အဆင်တန်ဆာ၌ လော်လည်ကုန်သည်။
ပိသိခါလောလာ အာမိသလောလာ၊ ခရီးသွားမှု၌ လော်လည်ကုန်သည် အာမိသ၌ လော်လည် ကုန်သည်။
ဒုဿီလာ ဒုရာစာရာ၊ သီလမရှိကုန်သည် အကျင့်မကောင်းကုန်သည်။
ဘဝိဿန္တိ၊ ဖြစ်ကြလတံ့။
တာ သာမိကေဟိ၊ ထိုအမျိုးသမီးတို့သည် အိမ်ထောင် ရှင်တို့သည်။
ကသိဂေါရက္ခာဒီနိ ကမ္မာနိ ကတွာ၊ လယ်ထွန်ခြင်း နွားကျောင်းခြင်း အစရှိသော အမှုတို့ကို လုပ်ကြ၍။
ကိစ္ဆေန ကသိရေန၊ ဆင်းရဲစွာ ပင်ပန်းစွာ။
သမ္ဘတံ ဓနံ၊ ဆည်းပူး ရှာဖွေအပ်သော ဥစ္စာကို။
ဇာရေဟိ သဒ္ဓံ၊ လင်ငယ်တို့နှင့် အတူ။
သုရံ ပိဝန္တိယော၊ သေအရက်ကို သောက်ကြလျက်။
မာလာဂန္ဓဝိလေပနံ ဓာရယမာနာ၊ ပန်း, နံ့သာ, နံ့သာပျောင်းကို ပန်ဆင်ခြယ်သကြလျက်။
အန္တောဂေဟေ အစ္စာယိကံ၊ အိမ်တွင်း၌ အလျင်အမြန် ပြုထိုက်သော။
ကိစ္စမ္ပိ အနောလောကေတွာ၊ ကိစ္စကိုသော်မှလည်း မကြည့်ကြမူ၍။
ဂေဟေ ပရိက္ခေပဿ၊ အိမ်၌ အကာအရံ၏။
ဥပရိဘာဂေနပိ ဆိဒ္ဒဋ္ဌာနေဟိပိ၊ အထက်အဖို့ဖြင့်လည်းကောင်း အပေါက်ရှိရာဌာန တို့ဖြင့်လည်းကောင်း။
ဇာရေ ဥပဓာရယမာနာ၊ လင်ငယ်တို့ကို စူးစမ်းရှာဖွေကြလျက်။
သွေ ပိတဗ္ဗယုတ္တကံ၊ နက်ဖန်၌ စိုက်သင့်သော။
ဗီဇမ္ပိ ကောဋေတွာ၊ မျိုးစပါးကို သော်မှလည်း ထောင်းထု၍။
ယာဂုဘတ္တခဇ္ဇာဒီနိ သမ္ပာဒေတွာ၊ ယာဂု, ထမင်း, ခဲဖွယ်စသည်တို့ကို ပြည့်စုံစေ၍။
ခါဒမာနာ၊ ခဲစားကြကုန်လျက်။
ဟေဋ္ဌာ ပီဌကေအင်းပျဉ်အောက်၌။
နိပန္နဘာတသိင်္ဂါလီ၊ ဝပ်နေသည့် ဆာလောင်လှသော မြေခွေး မသည်။
ဝဋ္ဋေတွာ ဝဋ္ဋေတွာ၊ ကျစ်၍ကျစ်။
ပါဒမူလေ နိက္ခိတ္တာရ၊ ခြေရင်း၌ ချထားအပ် သော သားရေကြိုးကို။
(ခါဒမာနာ ဝိယ၊ စားသကဲ့သို့)။
ဝိလုမ္ဗိဿန္တိ၊ လုယက်ကြလတံ့။
ဣတော နိဒါနမ္ပိ တေ၊ ဤအိပ်မက်ကြောင့်လည်း သင်မင်းကြီးအား။
ဘယံ နတ္ထိ၊ ဘေးသည် မရှိ။
အဋ္ဌမံ ကထေဟီတိ၊ အဋ္ဌမအိပ်မက်ကို လျှောက်လော့ဟု မိန့်ပြီ။
(၈) ဘန္တေ ရာဇဒွါရေ၊ မြတ်စွာဘုရား မင်းတံခါးအနီး၌။
ဗဟူဟိ တစ္ဆကုတ္တေဟိ၊ များစွာကုန်သော ရေမရှိသော အိုးတို့ဖြင့်။
ပရိဝါရေတွာ ဌပိတံ၊ ခြံရံ၍ ထားအပ် သော။
ဧကံ မဟန္တ၊ တစ်လုံးသော ကြီးသော။
ပူရိတကုမ္ဘံ အဒ္ဒသံ၊ ရေပြည့် အိုးကို မြင်မက်ပါပြီ။
ပန စတ္တာရော ဝဏ္ဏာပိ၊ ထူးခြားသည်ကား လေးမျိုးလည်း ဖြစ်ကုန်သော အမျိုးတို့သည်လည်း။
စတူဟိ ဒိသာဟိ၊ လေးပါးကုန်သော အရပ် မျက်နှာတို့မှလည်းကောင်း။
စတူဟိ အနုသာဟိ စ၊ လေးပါးကုန်သော ထောင့် အရပ်တို့မှလည်းကောင်း။
ဃဋေတိ ဥဒကံ၊ အိုးတို့ဖြင့် ရေကို။
အာဟရိတွာ အာဟရိတွာ၊ ဆောင်ယူ၍ ဆောင်ယူ၍။
ပူရိတကုမ္ဘမော ပူရေန္တိ၊ ပြည့်နေသော အိုးကိုသာ ဖြည့်ကြ လောင်းကြကုန်၏။
ပူရိတပူရိတံ ဥဒကံ၊ ဖြည့်တိုင်း ဖြည့်တိုင်း သော ရေသည်။
ဥတ္တရိတွာ ပလာယတိ၊ လျှံ၍ ပြေးသွား၏။
တေပိ ပုနပ္ပုနံ၊ ထိုအမျိုးလေးပါးတို့သည်လည်း ထပ်ကာထပ်ကာ။
တစ္ဆေ၀ ဥဒကံ အာသိဉ္စန္တိ၊ ထိုပြည့်နေသော အိုး၌သာ ရေကို လောင်းကြကုန်၏။
တစ္ဆေကုတ္တေ ပန၊ ရေမရှိသော အိုးတို့ကိုကား။
ဩလောကေန္တာပိ နတ္ထိ၊ ကြည့်သူတို့သည်သော်မှလည်း မရှိကုန်။
အယံ မေ၊ ဤအိပ်မက်သည် တပည့်တော်၏။
အဋ္ဌမော သုပိနော၊ အဋ္ဌမဖြစ်သော အိပ်မက်ပါတည်း။
ဣမဿ ဝိပါကော ကောတိ၊ ဤအိပ်မက်၏ အကျိုးကား အဘယ်ပါနည်းဟု လျှောက်ပြီ။
ဣမဿာပိ ဝိပါကော၊ ဤအိပ်မက်၏လည်း အကျိုးသည်။
အနာဂတေယေဝ ဘဝိဿတိ၊ နောင်အခါ၌သာ ဖြစ်လတံ့။
ဟိ အနာဂတသ္မိံ၊ မှန်၏ နောင်အခါ၌။
လောကော ပရိဟာယိဿတိ၊ လူ့ လောက သည် ဆုတ်ယုတ်လိမ့်လတံ့။
ရဋ္ဌံ နိရောဇံ ဘဝိဿတိ၊ တိုင်းနိုင်ငံသည် အဆီဩဇာ မရှိသည် ဖြစ်လတံ့။
ရာဇာနော ဒုဂ္ဂတာ၊ မင်းတို့သည် ဆင်းရဲကုန်သည်။
ကပဏာ ဘဝိဿန္တိ၊ အထီးကျန်သူတို့သည် ဖြစ်ကြလတံ့။
ဣဿရော ဘဝိဿတိ၊ အကြင်သူသည် အစိုးရသည် ဖြစ်အံ့။
တဿ ဘဏ္ဍာဂါ၊ ရေထိုအစိုးရဖြစ်မည့်သူ၏ ဘဏ္ဍာတိုက်၌။
သတသဟဿမတ္တာ ကဟာပဏာ ဘဝိဿန္တိ၊ တစ်သိန်းမျှသာ ရှိကုန်သော ကျပ်ဒင်္ဂါးတို့သည် ဖြစ်ကုန်လတံ့။
တေ ဧဝံ ဒုဂ္ဂတာ၊ ထိုအစိုးရသူတို့ သည် ဤသို့ ဆင်းရဲကြသော်။
သဗ္ဗေ ဇာနပဒေ၊ အလုံးစုံကုန်သော ဇနပုဒ်နေ လူတို့ကို။
အတ္တနော ကမ္မေ ဧ၀ ကာရေဿန္တိ၊ မိမိ၏ အမှုတို့ကိုသာ ပြုစေကုန် လတံ့။
ဥပဒ္ဒုတာ မနုဿာ၊ နှိပ်စက်ခံရကုန်သော လူတို့သည်။
သကေ ကမ္မန္တေ ဆဍ္ဍေတွာ၊ ကိုယ်ပိုင်ဖြစ်ကုန်သော လုပ်ငန်းတို့ကို စွန့်ပစ်၍။
ရာဇူနံ အတ္ထာယဧဝ၊ မင်းတို့၏ အကျိုးငှာသာ။
ပုဗ္ဗဏ္ဏာပရဏ္ဏာနိ၊ ကောက်ပဲသီးနှံတို့ကို။
ဝပန္တာ ရက္ခန္တာ၊ စိုက်ပျိုးကုန်လျက် စောင့်ရှောက်ကုန်လျက်။
လာယန္တာ မဒ္ဒန္တာ၊ ရိတ်ကုန် လျက် နယ်ကုန်လျက်။
ပဝေသေန္တာ၊ ဂိုထောင်ထဲ သွင်းကုန်လျက်။
ဥခေတ္တာ " ကရောန္တာ၊ ကြံခင်းတို့ကို ပြုကုန်လျက်။
ယန္တာနိ ကရောန္တာ၊ ကြံကြိတ်စက်တို့ကို ပြုကုန်လျက်။
ယန္တာနိ ဝါဟေန္တာ၊ ကြံကြိတ်စက်တို့ကို လည်ပတ်စေကုန်လျက်။
ဖာဏိတာဒီနိ ပစန္တာ၊ တင်လဲစသည်တို့ကို ကျိုချက်ကုန်လျက်။
ပုပ္ဖါရာမေ ဖလာရာမေ စ ကရောန္တာ၊ ပန်းခြံတို့ကိုလည်းကောင်း သစ်သီးခြံတို့ကိုလည်းကောင် ပြုကြလျက်။
တတ္ထ တတ္ထ နိပ္ဖန္နာနိ၊ ထိုထိုအရပ်၌ ပြီးစီးကုန်သော။
ပုဗ္ဗဏ္ဏာဒိစ္စ အာဟရိတွာ၊ စပါးစသည်တို့ကို ဆောင်ယူကြ၍။
ရညော ကောဋ္ဌာဂါရမေ၊ မင်း၏ ဘဏ္ဍာတိုက်ကိုသာ။
ပူရေဿန္တိ၊ ပြည့်စေကြကုန်လတ္တံ့။
အတ္တနော ဂေဟေသု၊ မိမိ၏ အိမ်တို့၌။
တုစ္ဆကာဌေ၊ အချီးနှီးသော ကျီကြတို့ကို။
ဩလောကေန္တာပိ န ဘဝိဿန္တိ၊ ကြည့်သူတို့သည်သော်မှလည်း မရှိကုန်လတ္တံ့။
တစ္ဆကုမ္ဘေ အနောလောကေတွာ၊ အချည်းနှီးသော အိုးတို့ကို မကြည့်မူ၍။
ပူရိတကုမ္ဘေ ပူရဏသဒိသမေဝ၊ ပြည့်နေသော အိုး၌ ဖြည့်သည်နှင့်တူသည်သာ။
ဘဝိဿတိ၊ ဖြစ်လတံ့။
ဣတော နိဒါနမ္ပိ တေ၊ ဤအိပ်မက်ကြောင့်လည်း သင်မင်းကြီးအား။
ဘယံ နတ္ထိ၊ ဘေးသည် မရှိ။
နဝမံ ကထေဟီတိ၊ နဝမအိပ်မက်ကို လျှောက်လော့ဟု မိန့်ပြီ။
(၉) ဘန္တေ ဧကံ၊ မြတ်စွာဘုရား တစ်ခုသော။
ပဉ္စသုဝဏ္ဏပဒုမသဉ္ဆ န္နံ ဂမ္ဘီရံ၊ ကြာမျိုးငါးပါးကောင်းစွာ ဖုံးလွှမ်းအပ်သော နက်သော။
သဗ္ဗတော တိတ္ထံ၊ အလုံးစုံ သော ဘက်မှ သက်ဆင်း၍ရသော။
ပေါက္ခရဏိံ အဒ္ဒသံ၊ ရေကန်ကို မြင်မက်ပြီ။
သမန္တတော ဒွိပဒစတုပ္ပဒါ ဩတရိတွာ၊ ပတ်ပတ်လည်မှ ခြေနှစ်ချောင်း သတ္တဝါ ခြေလေးချောင်းသတ္တဝါတို့သည် သက်ဆင်း၍။
တတ္ထ ပါနီယံ ပိဝန္တိ၊ ထိုရေကန်၌ ရေကို သောက်ကုန်၏။
တဿာ မဇ္ဈေ ဂမ္ဘီရဋ္ဌာနေ၊ ထိုရေကန်၏ အလယ်ခေါင်ဖြစ် သော ရေနက်ရာဌာန၌။
ဥဒကံ အာဝိလံ၊ ရေသည် နောက်ကျု၏။
တီရပ္ပဒေ သေသု၊ ကမ်းစပ်အရပ်တို့၌။
ဒွိပဒစတုပ္ပဒါနံ အက္ကမဋ္ဌာနေ၊ ခြေနှစ်ချောင်းသတ္တဝါ ခြေလေးချောင်းသတ္တဝါတို့၏ သက်ဆင်းရာဌာန၌။
အခွံ ဝိပ္ပသန္နံ အနာဝိလံ၊ ကြည်၏ အထူးကြည်လင်၏ မနောက်။
ဧဝံ အဟံ အဒ္ဒသံ၊ ဤသို့ တပည့်တော် သည် မြင်မက်ပါပြီ။
အယံ မေ၊ ဤအိပ်မက်သည် တပည့်တော်၏။
နဝမောသုပိနော၊ နဝမဖြစ်သော အိပ်မက်ပါတည်း။
ဣမဿာပိ ဝိပါကော ကောတိ၊ ဤအိပ်မက်၏လည်း အကျိုးသည် အဘယ်ပါနည်းဟု လျှောက်ပြီ။
ဣမဿ ဝိပါကောပိ၊ ဤအိပ်မက်၏ အကျိုးသည်လည်း။
အနာဂတေယေဝ ဘဝိဿတိ၊ နောင်ခါ၌သာ ဖြစ်လိမ့်မည်။
ဟိ အနာဂတသ္မိံ၊ မှန်၏ နောင်အခါ၌။
ရာဇာနော အဓမ္မိကာ ဘဝိဿန္တိ၊ မင်းတို့သည် တရားမစောင့်ကုန်သည် ဖြစ်ကြလတံ့။
ဆန္ဒာဒိ ဝသေန၊ ချစ်ခြင်းစသည်တို့၏ အစွမ်းဖြင့်။
အဂတိံ ဂစ္ဆန္တာ၊ အဂတိကို လိုက်ကြ ကုန်လျက်။
ရဇံ ကာရေဿန္တိ၊ မင်းအဖြစ်ကို ပြုကြလတံ့။
ဓမ္မေန ဝိနိစ္ဆယံ နာမ န ဒဿန္တိ၊ တရားသဖြင့် အဆုံးအဖြတ် မည်သည်ကို မပေးကြလတံ့။
လဝိတ္တကာ၊ လာဘ်စားခြင်းလျှင် ဥစ္စာရှိကုန်သည်။
ဓနလောလာ ဘဝိဿန္တိ၊ ပစ္စည်း၌ လော်လည်ကုန်သည် ဖြစ်ကြလတံ့။
ရဌဝါသိကေသု၊ တိုင်းပြည်နေလူတို့အပေါ်၌။
နေသံ ခန္တမေတ္တာနုဒ္ဒယာ နာမ၊ ထိုမင်းတို့၏ သည်းခံခြင်းမေတ္တာထားခြင်း, သနားခြင်းတို့မည်သည်။
န ဘဝိဿန္တိ၊ မဖြစ်ကြလတံ့။
ကက္ခဠာ ဖရုသာ၊ ကြမ်းတမ်းကုန်သည် ရိုင်းပျကုန်သည်။
(ဟုတွာ၊ ဖြစ်၍)။
ဥစ္ဆယန္တေ ဥစ္ခုဂဏ္ဌိကာ ဝိယ၊ ကြံကြိတ်စက်၌ ကြံဆစ်တို့ကိုကဲ့သို့။
မနုဿေ ပီဠေန္တာ၊ လူတို့ကို နှိပ်စက် ကုန်လျက်။
နာနပ္ပကာရေန ဗလိ ဥပ္ပါဒေန္တာ၊ အမျိုးမျိုးအစားအစား အပြားပြားဖြင့် အခွန်အတုတ်ကို ဖြစ်စေကြလျက်။
ဓနံ ဂဏှိဿန္တိ၊ ဥစ္စာကို ယူကြလတံ့။
ဗလိ ပီဠိတာ မနုဿာ၊ အခွန်အတုပ် နှိပ်စက်ခံရကုန်သော လူတို့သည်။
ကိဉ္စိ ဒါတုံ အသက္ကောန္တာ၊ တစ်စုံတစ်ခုကို ပေးခြင်းငှာ မစွမ်းနိုင်ကြဘဲ။
ဂါမနိဂမာဒယော ဆဍ္ဍေ တွာ၊ ရွာနိဂုံးစသည်တို့ကို စွန့်ပစ်၍။
ပစ္စန္တံ ဂန္တွာ၊ တိုင်းစွန်ပြည်နားသို့ သွားကြ၍။
ဝါသံ ကပွေဿန္တိ၊ နေမှုကို ပြုကြလတံ့။
ပေါက္ခရဏိယာ မဇ္ဈေ၊ ရေကန်၏ အလယ်၌။
ဥဒကံ အာဝိလံ သေယျထာပိ၊ ရေသည် နောက်ကျူသကဲ့ သို့။
ပရိယန္တေ ဝိပ္ပသန္နံ သေယျထာပိ၊ ကမ်းစပ်၌ ကြည်လင်သကဲ့သို့။
မဇ္ဈိမဇနပဒေါ သုညော၊ မဇ္ဈိမဇနပုဒ်သည် လူသူ ကင်းဆိတ်သည်။
ပစ္စန္တော ယနဝါသော၊ တိုင်းစွန်ပြည်နားသည် လူနေထူထပ်သည်။
ဘဝိဿတိ၊ ဖြစ်လတံ့။
ဣတော နိဒါနမ္ပိ တေ၊ ဤအိပ်မက်ဟူသော အကြောင်းကြောင့်လည်း သင်မင်းကြီးအား။
ဘယံ နတ္ထိ၊ ဘေးသည် မရှိ။
ဒသမံ ကထေဟီတိ၊ ဒသမအိပ်မက်ကို လျှောက်ကြား လော့ဟု မိန့်ပြီ။
(၁၀) ဘန္တေ ဧကိဿာယေဝ ကုမ္ဘီယာ၊ မြတ်စွာဘုရား တစ်လုံးတည်းသာ ဖြစ်သော အိုး၌။
ပစ္စမာနံ ဩဒနံ၊ ချက်အပ်သော ထမင်းကို။
အပါကံ အဒ္ဒသံ၊ အကျက်မညီသည်ကို မြင်မက်ပါပြီ။
အပါကန္တိ၊ “အကျက်မညီ”ဟူသည်ကား။
ဝိစာရေတွာ ဝိဘဇိတွာ ဌပိတံ ဝိယ၊ စီစဉ်၍ ခွဲဝေ၍ ထားအပ်သကဲ့သို့။
တီဟိ အာကာရေဟိ ပစ္စမာနံ၊ သုံးပါးကုန်သော အခြင်းအရာတို့ဖြင့် ချက်အပ်သည် တည်း။
ဧကသ္မိံ ပသေ၊ တစ်ဖက်သော နံပါး၌။
အတိကိလိန္နော ဟောတိ၊ အလွန် စိုစွတ်သည် ပျော့သည် ဖြစ်၏။
ဧကသ္မိံ ဥတ္တဏ္ဍုလော၊ နံပါးတစ်ဘက်၌ မကျက်။
ဧကသ္မိံ သုပဏ္ဏောတိ၊ နံပါးတစ်ဘက်၌ ကောင်းစွာကျက်၏ဟု မှတ်။
အယံ မေ ဒသမော သုပိနော၊ ဤအိပ်မက်သည်ကား တပည့်တော်၏ ဒသမဖြစ်သော အိပ်မက်ပါတည်း။
ဣမဿ ဝိပါကော ကောတိ၊ ဤအိပ်မက်၏ အကျိုးကား အဘယ်ပါနည်းဟု လျှောက်ပြီ။
ဣမဿ ဝိပါကောပိ၊ ဤအိပ်မက်၏ အကျိုး သည်လည်း။
အနာဂတေယေဝ ဘဝိဿတိ၊ နောင်ခါ၌သာ ဖြစ်လတံ့။
ဟိ အနာဂတသ္မိံ၊ မှန်၏ နောင်အခါ၌။
ရာဇာနော အဓမ္မိကာ ဘဝိဿန္တိ၊ မင်းတို့သည် တရားမစောင့်ကုန်သည် ဖြစ်ကြလတံ့။
တေသု အဓမ္မိကေသု၊ ထိုမင်းတို့သည် တရားမစောင့်ကြသော်။
ရာဇယုတ္တာပိ၊ မင်းနှင့်စပ်သူတို့သည်လည်းကောင်း။
ဗြာဟ္မဏဂဟပတိကာပိ၊ ပုဏ္ဏားသူကြွယ်တို့သည်လည်းကောင်း။
နေဂမ ဇာနပဒါပိ၊ နိဂုံးနေသူ,ဇနပုဒ်နေသူတို့သည်လည်းကောင်း။
ဣတိ၊ ဤသို့။
သမဏဗြာဟ္မဏေ ဥပါဒါယ၊ ရဟန်းပုဏ္ဏားတို့ကို အစပြု၍။
သဗ္ဗေ မနုဿာ၊ အားလုံးကုန်သော လူတို့သည်။
အဓမ္မိကာ ဘဝိဿန္တိတရားမစောင့်ကုန်သည် ဖြစ်ကြလတံ့။
တတော တေသံ အာရက္ခဒေဝတာ၊ ထို့ကြောင့် ထိုမင်းစသည်တို့၏ အစောင့်အရှောက်နတ်တို့လည်းကောင်း။
ဗလိပဋိဂ္ဂါဟိကာဒေဝတာ၊ ဗလိနတ်စာ ခံယူကုန်သော နတ်တို့လည်းကောင်း။
ရုက္ခဒေဝတာ၊ ရုက္ခစိုးနတ်တို့လည်းကောင်း။
အာကာသဋ္ဌဒေဝတာ၊ အာကာသစိုးနတ်တို့လည်းကောင်း။
ဣတိ ဧဝံ ဒေဝတာပိ၊ ဤသို့ နတ်တို့သည်လည်း။
အဓမ္မိကာ ဘဝိဿန္တိ၊ တရားမစောင့်ကုန်သည် ဖြစ်ကြ လတံ့။
အဓမ္မိကရာဇူနံ ရဇ္ဇေ စ၊ တရားမစောင့်သော မင်းတို့၏ မင်းပြုရာ ကာလ၌ ကား။
ဝိသမာ ခရာ၊ မညီညွတ်ကုန်သော ကြမ်းတမ်းကုန်သော။
ဝါတာ ဝါယိ ဿန္တိ၊ လေတို့သည် တိုက်ခိုက်ကုန်လတံ့။
တေ အာကာသဋ္ဌဝိမာနာနိ ကမ္ဗေဿန္တိ၊ ထိုမညီမညွတ်ကြမ်းတမ်းသည့် လေတို့သည် ကောင်းကင်တည်ရှိ ဗိမာန်တို့ကိုတုန်လှုပ်စေကုန်လတံ့။
တေသု ကမ္မိတေသု၊ ထိုကောင်းကင်တည်ရှိဗိမာန်တို့သည် တုန်လှုပ်ကုန်သော်။
ဒေဝတာ ကုပိတာ၊ နတ်တို့သည် စိတ်ဆိုးကြ၍။
ဒေဝံ ဝဿိတုံ န ဒဿန္တိ၊ မိုးကို ရွာခြင်းငှာ မပေးကြလတံ့။
ဝဿမာနောပိ သကလရဋ္ဌ၊ ရွာသော် လည်း အလုံးစုံသော နိုင်ငံ၌။
ဧကပ္ပဟာရေန န ပဿိဿတိ၊ တစ်ပဟိုရ်တည်း တစ်ချိန်တည်းဖြင့် မရွာလတံ့။
ဝဿမာနောပိ သဗ္ဗတ္ထ၊ ရွာသော်လည်း ရွာသည့် နေရာ အားလုံး၌။
ကသိကမ္မဿ ဝါ ဝပ္ပကမ္မဿ ဝါ၊ ထွန်ယက်မှုလုပ်ငန်းအား လည်းကောင်း စိုက်ပျိုးမှုလုပ်ငန်းအားလည်းကောင်း။
ဥပကာရကော ဟုတွာ န ဝဿိဿတိ၊ ကျေးဇူးပြုတတ်သည်ဖြစ်၍ မရွာလတံ့။
ရဋ္ဌေ ယထာ စ၊ မြို့ပြ ပြည်ရွာ၌ကဲ့သို့ပင်။
ဧဝံ ဇနပဒေပိ ဂါမေပိ၊ ဤအတူ ဇနပုဒ်၌လည်းကောင်း ရွာ၌လည်းကောင်း။
ဧကတဠာကေပိ ဧကသရေပိ၊ တစ်ခုသော တစ်ဖက် ဆည်ကန်၌လည်းကောင်း တစ်ခုသော ရေအိုင်၌လည်းကောင်း။
ဧကပ္ပဟာရေ နေဝ န ဝဿိဿတိ၊ တစ်ချိန်တည်းဖြင့်သာ မရွာလတံ့။
တဠာကဿ ဥပရိဘာဂေ ဝဿန္တော၊ တစ်ဖက်ဆည်ကန်၏ အထက် ရေညာအဖို့၌ ရွာသော်။
ဟေဋ္ဌာ ဘာဂေ န ဝဿိဿတိ၊ အောက်အဖို့၌ မရွာလတံ့။
ဟေဋ္ဌာဝဿန္တော၊ ဆည် အောက်ရွာသော်။
ဥပရိ န ဝဿိဿတိ၊ အထက်ပိုင်း ဆည်ညာ၌ မရွာလတံ့။
ဧကသ္မိံ ဘာဂေ သဿံ၊ တစ်ခုသော အရပ်အဖို့၌ ကောက်ကိုမှတ်သား သီးနှံ များသည်။
အတိဝသေန နဿိဿတိ၊ မိုးများသဖြင့် ပျက်လိမ့်လတံ့။
ဧကသ္မိံ အဝဿနေန မိလာယိဿတိ၊ တစ်ခုသော နေရာ၌ မိုးမရွာသဖြင့် ညှိုးနွမ်းလတံ့။
ဧကသ္မိံ သမ္မာ ဝဿမာနော၊ တစ်ခုသော နေရာ၌ ကောင်းစွာ မိုးရွာ၍။
သမ္ပာဒေဿတိ၊ ကောက်ပဲသီးနှံ ပြည့်စုံလတံ့။
ဧဝံ ဧကဿ ရညော ရဇ္ဇေ၊ ဤသို့ တစ်ပါးသော မင်း၏ တိုင်းပြည်၌။
ဝုတ္တသဿာ၊ ကောက်ကို မှတ်သားစိုက်ပျိုး အပ်သော သီးနှံများသည်။
ဧကကုတ္တိယာ ဩဒနော ဝိယ၊ တစ်အိုးတည်းဖြင့် ချက်အပ်သော ထမင်းကဲ့သို့။
တိပ္ပကာရာ ဘဝိဿန္တိ၊ သုံးမျိုးအပြားရှိကုန်သည် ဖြစ်ကုန်လတံ့။
ဣတော နိဒါနမ္ပိ တေ၊ ဤအိပ်မက်ဟူသော အကြောင်းကြောင့် လည်း သင်မင်းကြီးအား။
ဘယံ နတ္ထိ၊ ဘေးသည် မရှိ။
ဧကာဒသမံ ကလေဟီတိ၊ ဧကာဒသမအိပ်မက်ကို လျှောက်လော့ဟု မိန့်ပြီ။
(၁၁) ဘန္တေ သတသဟဿနိကံ စန္ဒနသာရံ၊ မြတ်စွာဘုရား အဖိုးတစ်သိန်း ထိုက်သော စန္ဒကူးနှစ်ကို။
ပူတိတက္ကေန ဝိက္ခိဏန္တေ အဒ္ဒသံ၊ ပုပ်သော ရက်တက်ဖြင့် ရောင်းဝယ်လဲလှယ်နေသည်တို့ကို မြင်မက်ပြီ။
အယံ မေ ဧကာဒသမော သုပိနော၊ ဤအိပ်မက်သည် တပည့်တော်၏ ဧကာဒသမဖြစ်သော အိပ်မက်ပါ တည်း။
ဣမဿ ဝိပါကော ကောတိ၊ ဤအိပ်မက်၏ အကျိုးကား အဘယ်ပါ နည်းဟု လျှောက်ပြီ။
ဣမဿ ဝိပါကောပိ၊ ဤအိပ်မက်၏ အကျိုးသည်လည်း။
မယှံ သာသနေ ပရိဟာယန္တေ၊ ငါဘုရား၏ သာသနာသည် ဆုတ်ယုတ်သော်။
အနာဂတေယေဝ ဘဝိဿတိ၊ နောင်အခါ၌သာ ဖြစ်လတံ့။
ဟိ အနာဂတသ္မိံ၊ မှန်၏ နောင်အခါ၌။
ပစ္စယလောလာ အလဇ္ဇီ ဘိက္ခူ၊ ပစ္စည်း၌ လော်လည်ကုန် သော အလဇ္ဇီဖြစ်ကုန်သော ရဟန်းတို့သည်။
ဗဟူ ဘဝိဿန္တိ၊ များကုန်သည် ဖြစ်ကုန်လတံ့။
တေ၊ ပစ္စည်းလော်လည် ထိုရဟန်းတို့သည်။
မယာ ပစ္စယလောလုပ္ပံ နိမ္မထေတွာ၊ ငါဘုရားသည် ပစ္စည်းလော်လည်သူအဖြစ်ကို မွှေနှောက်ချောက်ချား ၍။
ကထိတဓမ္မဒေသနံ၊ ဟောကြားအပ်သော တရားဒေသနာတော်ကို။
စီဝရာဒိ စတုပစ္စယဟေတု၊ သင်္ကန်းစသော ပစ္စည်းလေးပါး အကြောင်းကြောင့်။
ပရေသံ ဒေဿန္တိ၊ သူတစ်ပါးတို့အား ဟောကြားကြလတံ့။
ပစ္စယေဟိ မုစ္ဆိတာ၊ ပစ္စည်း တို့ဖြင့် တွေဝေကြသော ရဟန်းတို့သည်။
နိဿရဏပက္ခေ ဌိတာ၊ ဝဋ်မှထွက် မြောက်ရာဘက်၌ တည်ကြလျက်။
နိဗ္ဗာနာဘိမုခံ ကတွာ၊ နိဗ္ဗာန်ရှေးရှူသည်ကို ပြု၍။
ဒေသေတုံ န သက္ခိဿန္တိ၊ ဟောခြင်းငှာ မစွမ်းနိုင်ကြလတံ့။
ကေဝလံ၊ နိဿရဏတ္ထနှင့် မရောမယှက် သက်သက်။
“ပဒဗျဉ္ဇနသပ္ပတ္တိံစေဝ၊ ပုဒ် ဗျည်းပြည့်စုံ မှုကိုလည်းကောင်း။
မဓုရသဒ္ဒဉ္စ သုတွာ၊ သာယာသော အသံကိုလည်းကောင်း ကြား၍။
မဟဂ္ဂါနိ စီဝရာဒီနိ၊ များစွာအဖိုးထိုက်ကုန်သော သင်္ကန်းစသည်တို့ကို။
ဒဿန္တိ၊ လှူကြလတံ့”။
ဣစ္စေဝံ ဒေသေဿန္တိ၊ ဤသို့ စိတ်ကူး၍ ဟောကြလတံ့။
အပရေ၊ အခြားရဟန်းတို့သည်။
အန္တရဝီထိစတုက္ကရာဇဒွါရာဒီသု နိသီဒိတွာ၊ လမ်းကြား, လမ်းလေးခွ, မင်းတံခါးစသည်တို့၌ ထိုင်၍။
ကဟာပဏအ ဍ္ဎကဟာပဏပါဒမာသကရူပါဒီနိပိ၊ တစ်ကျပ်, ငါးမူး, တစ်မတ်, တစ်ပဲစသည်တို့ကို လည်း။
နိဿာယ ဒေသေဿန္တိ၊ စွဲမှီ၍ ဟောကြလတံ့။
ဣတိ မယာ၊ ဤသို့လျှင် ငါဘုရားသည်။
နိဗ္ဗာနဂ္ဃနကံ ကတွာ၊ နိဗ္ဗာန်တန်ဖိုးထိုက်သည်ကို ပြု၍။
ဒေသိတံ ဓမ္မံ၊ ဟောအပ်သော တရားကို။
စတုပစ္စယတ္ထာယ စေဝ၊ ပစ္စည်းလေးပါးအကျိုးငှာ လည်းကောင်း။
ကဟာပဏဍ္ဎကဟာပဏာဒီနံ အတ္ထာယ စ၊ တစ်ကျပ်, ငါးမူး စသည်တို့၏ အကျိုးငှာလည်းကောင်း။
ဝိတ္တိဏိတွာ ဒေသန္တာ၊ ရောင်းချ၍ဟောကြသော်။
သတသဟဿဂ္ဃနံ စန္ဒနသာရံ၊ တစ်သိန်းအဖိုးထိုက်သော စန္ဒကူးနှစ်ကို။
ပူတိတက္ကေန ဝိတ္ကဏန္တာ ၀ိယ၊ ပုပ်သော ရက်တက်ဖြင့် ရောင်းချကုန် သကဲ့သို့။
ဘဝိဿန္တိ၊ ဖြစ်ကြလတံ့။
ဣတော နိဒါနမ္ပိ၊ ဤအိပ်မက်ဟူသော အကြောင်း ကြောင့်လည်း သင်မင်းကြီးအား။
ဘယံ နတ္ထိ၊ ဘေးသည် မရှိ။
ဒွါဒသမံ ကလေဟီတိ၊ ဒွါဒသမအိပ်မက်ကို လျှောက်လော့ဟု မိန့်ပြီ။
(၁၂) ဘန္တေ တုစ္ဆလာဗူနိ၊ အရှင်ဘုရား အချည်းနှီးသော ဗူးတောင်းတို့ကို။
ဥဒကေ သီဒန္တာနိ အဒ္ဒသံ၊ ရေ၌ နစ်မြုပ်သည်တို့ကို မြင်မက်ပါပြီ။
ဣမသ ဝိပါကော ကောတိ၊ ဤအိပ်မက်၏ အကျိုးကား အဘယ်ပါနည်းဟု လျှောက်ပြီ။
ဣမဿ ဝိပါကောပိ၊ ဤအိပ်မက်၏ အကျိုးသည်လည်း။
အနာဂတေ အဓမ္မိက ရာဇကာလေ၊ နောင်အခါ၌ တရားမစောင့်သော မင်းတို့လက်ထက်၌။
လောကေ ဝိပရိဝတ္တန္တေယေဝ၊ လူ့ လောကသည် ပြောင်းပြန်လှန် ဖောက်ပြန်သော်သာလျှင်။
ဘဝိဿတိ၊ ဖြစ်လတံ့။
ဟိ တဒါ ရာဇာနော၊ မှန်၏ ထိုအခါ မင်းတို့သည်။
ဇာတိ သမ္ပန္နာနံ ကုလပုတ္တာနံ၊ အမျိုးဇာတ်ပြည့်စုံကုန်သော အမျိုးကောင်းသားတို့အား။
ယသံ န ဒဿန္တိ၊ စည်းစိမ်အခြံအရံကို မပေးကြလတံ့။
အကုလီနာနံယေဝ ဒဿန္တိ၊ အမျိုးယုတ်တို့အားသာ ပေးကြလတံ့။
တေ ဣဿရာ ဘဝိဿန္တိ၊ ထိုအမျိုးယုတ် တို့သည် အစိုးရကုန်သည် ဖြစ်ကြလတံ့။
ဣတရေ ဒလိဒ္ဒါ၊ သည့်ပြင် အမျိုးကောင်း တို့သည် ဆင်းရဲကုန်သည်။
(ဘဝိဿန္တိ၊ ဖြစ်ကြလတံ့)။
ရာဇသမ္မု ခေပိ ရာဇဒွါရေပိ၊ မင်းမျက်မှောက်၌လည်းကောင်း မင်းအိမ်တံခါး၌လည်းကောင်း။
အမစ္စသမ္မု ခေပိ ဝိနိစ္ဆယဋ္ဌာနေပိ၊ အမတ်တို့မျက်မှောက်၌လည်းကောင်း တရား ဆုံးဖြတ်ရာဌာန၌ လည်းကောင်း။
တုစ္ဆလာဗုသဒိသာနံ အကုလီနာနံ၊ အချည်းနှီးသော ဗူးတောင်းနှင့် တူကုန်သော အမျိုးယုတ်တို့၏။
ကထာဝ ဩသီဒိတွာ ဌိတာ ဝိယ၊ ပြောစကား သည်သာ နစ်မြုပ်၍ တည်ဘိသကဲ့သို့။
နိစ္စလာ သုပ္ပတိဋ္ဌိတာ ဘဝိဿတိ၊ မလှုပ်ရှားသည် ကောင်းစွာတည်သည် ဖြစ်လတံ့။
သံဃသန္နိပါတေသုပိ၊ သံဃာ အစည်းဝေးတို့၌လည်း။
သံဃကမ္မဂဏကမ္မဋ္ဌာနေသု စေ၀၊ သံဃကိစ္စဂိုဏ်းကိစ္စ လုပ်ရာဌာနတို့၌လည်းကောင်း။
ပတ္တစီဝရပရိဝေဏာဒိဝိနိစ္ဆယဌာနေသု စ၊ သပိတ်သင်္ကန်း, ပရိဝုဏ်စသည်တို့ ဆုံးဖြတ်ရာဌာနတို့၌လည်းကောင်း။
ဒုဿီလာနံ ပါပပုဂ္ဂလာနံယေဝ၊ သီလမရှိကုန်သော ယုတ်မာသော ပုဂ္ဂိုလ်တို့၏သာ။
ကထာ နိယျာနိကာ ဘဝိဿတိ၊ ပြောစကားသည် လုပ်ငန်းကိစ္စထုတ်ဆောင်တတ်သည်(အရာရောက်သည်) ဖြစ်လတံ့။
လဇ္ဇီဘိက္ခူနံ၊ လဇ္ဇီရဟန်းတို့၏။
ကထာ၊ ပြော စကားသည်။
န၊ အရာမရောက်လတံ့။
ဣတိ ဧဝံ သဗ္ဗတ္ထာပိ၊ ဤကဲ့သို့ ရဟန်း ရှင်လူ အလုံးစုံသော ပြောစကားအပြားအားဖြင့်လည်း။
တစ္ဆလာဗုသီဒနကာလော ဝိယ ဘဝိဿတိ၊ အချည်းနှီးသော ဗူးတောင်းတို့ နစ်ရာကာလကဲ့သို့ ဖြစ်လတ္တံ့။
ဣတော နိဒါနမ္ပိ တေ၊ ဤအိပ်မက်ဟူသော အကြောင်းကြောင့်လည်း သင် မင်းကြီးအား။
ဘယံ နတ္ထိ၊ ဘေးသည် မရှိ။
တေရသမံ ကထေဟီတိ၊ တေရသမ အိပ်မက်ကို လျှောက်လော့ဟု မိန့်ပြီ။
(၁၃) ဘန္တေ မဟန္တမဟန္တာ၊ အရှင်ဘုရား ကြီးကုန်ကြီးကုန်သော။
ကူဋာ ဂါရုပ္ပမာဏာ ဃနသိလာ၊ အိမ်ထွတ်ပမာဏရှိကုန်သော တစ်လုံး တစ်ခဲတည်း သော ကျောက်တုံးတို့သည်။
နာဝါ ဝိယ၊ လှေတို့ကဲ့သို့။
ဥဒကာနာ အဒ္ဒသံ၊ ရေ၌ ပေါလောမျောနေသည်တို့ကို မြင်မက်ပါပြီ။
ဣမဿ ဝိပါကော ကောတိ၊ ဤအိပ်မက်၏ အကျိုးကား အဘယ်ပါနည်းဟု လျှောက်ပြီ။
ဣမဿ ဝိပါကောပိဤအိပ်မက်၏ အကျိုးသည်လည်း။
တာဒိသေယေဝ ကာလေ ဘဝိဿတိ၊ ထိုကဲ့သို့ရှူအပ်သည်သာ ဖြစ်သော လူ့လောကဖောက်ပြန်ရာ အချိန်၌ ဖြစ်လတံ့။
ဟိ တဒါ အဓမ္မိကရာဇာနော၊ မှန်၏ ထိုအခါ တရားမစောင့်သော မင်းတို့သည်။
အကုလီနာနံ ယသံ ဒဿန္တိ၊ အမျိုးယုတ်တို့အား စည်းစိမ်အခြံအရံကို ပေးကြလတံ့။
တေ ဣဿရာ ဘဝိဿန္တိ၊ ထိုအမျိုးယုတ်တို့သည် အာဏာရှိကုန်သည် ဖြစ်ကြ လတံ့။
ကုလီနာ ဒုဂ္ဂတာ၊ အမျိုးကောင်းတို့သည် ဆင်းရဲကြသည်။
(ဘဝိဿန္တိ၊ ဖြစ်ကြလတံ့)။
တေသု ကေစိ၊ ထိုအမျိုးကောင်းတို့၌ မည်သူတို့သည်မျှ။
ဂါရဝံ န ကရိဿန္တိ၊ ဂရုစိုက်မှုကို မပြုကြလတံ့။
ဣတရေသုယေဝ ကရိဿန္တိ၊ သည့်ပြင်အမျိုး ယုတ်တို့၌သာ ဂရုစိုက်မှု ပြုကြလတံ့။
ရာဇသမ္ဗုခေ ဝါ အမစ္စသမ္မုခေ ဝါ၊ မင်း မျက်မှောက်၌လည်းကောင်း အမတ်တို့မျက်မှောက်၌လည်းကောင်း။
ဝိနိစ္ဆယ ဌာနေ ဝါ၊ တရားဆုံးဖြတ်ရာ ဌာန၌လည်းကောင်း။
ဝိနိစ္ဆယကုသလာနံ ယန သိလာသဒိသာနံ၊ တရားအဆုံးအဖြတ်နားလည်ကုန်သော တစ်လုံးတစ်ခဲတည်း သော ကျောက်တုံးနှင့် တူကုန်သော။
ကုလပုတ္တာနံ ကထာ၊ အမျိုးကောင်းသား တို့၏ ပြောစကားသည်။
ဩဂါဟိတွာ န ပတိဋ္ဌတိဿတိ၊ စွဲမြဲသက်ဝင်၍ မတည် လိမ့်လတံ့။
တေသု ကထေန္တေသု၊ ထိုအမျိုးကောင်းသားတို့သည် ပြောကြသော်။
ဣမေ ကထေန္တိတိ၊ ဘာကို ဤသူတို့သည် ပြောကြသနည်းဟု။
ဣတရေ၊ သည့်ပြင် အမျိုးတို့သည်။
ပရိဟာသမေဝ ကရိဿန္တိ၊ ပြောင်လှောင်မှုကိုသာ ပြုကြလတံ့။
ဘိက္ခုသန္နိပါတေသုပိ၊ ရဟန်းသံဃာအစည်းဝေးတို့၌လည်း။
ဝုတ္တပ္ပကာရေသု ဌာနေသု၊ ဆိုအပ်ပြီးအပြားရှိကုန်သော ဌာနတို့၌။
ပေသလေ ဘိက္ခူ၊ သီလချစ်မြတ်နိုးကုန်သော ရဟန်းတို့ကို။
ဂရုကာတဗ္ဗေ န မညိဿန္တိ၊ ဂရုစိုက်မှုပြုသင့်ကုန်၏ဟု မထင်မှတ်ကြကုန်လတ္တံ့။
တေသံ ကထာ၊ ထို သီလဝန္တရဟန်းတို့၏ ပြောစကားသည်။
ပရိယောဂါဟိတွာ နာပိ ပတိဋ္ဌတိဿတိ၊ စွဲမြဲသက်ဝင်၍ မတည်လတံ့။
သိလာနံ၊ ကျောက်တုံးကြီးတို့၏။
ပူဝနကာလော ဝိယ ဘဝိဿတိ၊ ပေါလောပေါ်ရာ ကာလကဲ့သို့ ဖြစ်လတံ့။
ဣတော နိဒါနမ္ပိ တေ၊ ဤအိပ်မက်ဟူသော အကြောင်းကြောင့်လည်း သင်မင်းကြီးအား။
ဘယံ နတ္ထိ၊ ဘေးသည် မရှိ။
စုဒ္ဒသမံ ကထေဟီတိ၊ စုဒ္ဒသမအိပ်မက်ကို လျှောက်လော့ဟု မိန့်ပြီ။
(၁၄) ဘန္တေ ခုဒ္ဒကမဓုကပုပ္ဖပ္ပမာဏာ မဏ္ဍုကိယာ၊ အရှင်ဘုရား မည်စည် ပွင့်ငယ် ပမာဏရှိကုန်သော ဖားမကလေးတို့သည်။
မဟန္တမဟန္တေ ကဏှသပွေ၊ ကြီးကုန်ကြီးကုန်သော မြွေဟောက်တို့ကို။
ဝေဂေန အနုဗဇ္ဇိတွာ၊ အဟုန်ဖြင့် အစဉ် လိုက်ကြ၍။
ဥပ္ပလနာငွေ ဝိယ ဆိန္ဒိတွာ ဆိန္ဒိတွာ၊ ကြာရိုးတို့ကိုကဲ့သို့ ဖြတ်၍ ဖြတ်၍။
မံသံ ခါဒိတွာ၊ အသားကို ကိုက်စား၍။
ဂိလန္တိယော အဒ္ဒသံ၊ မျိုချနေသည် တို့ကို မြင်မက်ပါ။
ဣမဿ ဝိပါကော ကောတိ၊ ဤအိပ်မက်၏ အကျိုးကား အဘယ်ပါနည်းဟု လျှောက်ပြီ။
ဣမဿ ဝိပါကောပိ၊ ဤအိပ်မက်၏ အကျိုး သည်လည်း။
လောကေ ပရိဟာယန္တေ၊ လူလောကသည် သူတော်ကောင်းတရား ဆုတ်ယုတ်သော်။
အနာဂတေ ဧဝ ဘဝိဿတိ၊ နောင်အခါ၌သာ ဖြစ်လတံ့။
ဟိ တဒါ မနုဿာ၊ မှန်၏ ထိုအခါ လူတို့သည်။
တိဗ္ဗရာဂဇာတိကာ၊ ထက်မြက်သော ရာဂသဘောရှိကုန်သည်။
ကိလေသာနုဝတ္တကာ ဟုတွာ၊ ကိလေသာအစဉ်လိုက် ကုန်သည် ဖြစ်ကြ၍။
အတ္တနော တရုဏတရုဏာနံ ဘရိယာနံ၊ မိမိအောက် ငယ်ကုန်ငယ်ကုန်သော မယားတို့၏။
ဝသေ ၀သေ ၀တ္တိဿန္တိ၊ အလိုဆန္ဒ၌ ဖြစ်ကြလတံ့။
ဂေဟေ ဒါသကမ္မကရာဒယောပိ၊ အိမ်၌ ကျွန်အလုပ်သမားစသည်တို့သည် လည်းကောင်း။
ဂေါမဟိသာဒယောပိ၊ နွားကျွဲစသည်တို့သည်လည်းကောင်း။
ဟိရညသုဝဏ္ဏမ္ပိ၊ ငွေရွှေသည်လည်းကောင်း။
သပ္ပံ တာသညဝ၊ ရှိသမျှပစ္စည်း အားလုံးသည် ထိုမယားတို့နှင့်သာ။
အာယတ္တံ ဘဝိဿတိ၊ ဆက်စပ်သည်ဖြစ်လတံ့။
“အသုကံ ဟိရညသုဝဏ္ဏ ဝါ၊ ထိုမည်သော ငွေရွှေသည်လည်းကောင်း။
ပရိစ္ဆဒါဒိဇာတံ ဝါ၊ ဖုံးလွှမ်းထားသော တန်ဆာစသော ပစ္စည်းသည်လည်းကောင်း။
ကဟန္တိ ဝုတ္တေ၊ ဘယ်မှာနည်း”ဟု မေးအပ်သော်။
“ယတ္ထ ဝါ တတ္ထ ဝါ ဟောတု၊ အကြင်အရပ်၌သော်လည်းကောင်း ထိုအရပ်၌သော်လည်းကောင်း ရှိပါစေ (ရှိချင် ရာမှာ ရှိပါစေ)။
တုယှံ ဣမိနာ ဗျာပါရေန ကိ၊ ရှင့်အား ဤကြောင့်ကြစိုက်ခြင်း ဖြင့် ဘာအကျိုးရှိအံ့နည်း။
တွံ မယုံ ယရေ၊ နင်သည် ငါ၏ အိမ်၌။
သန္တံ ဝါ အသန္တံ ဝါ ဇာနိတုကာမော၊ ရှိသည်ကိုလည်းကောင်း မရှိသည်ကိုလည်းကောင်း သိချင်သည်။
ဇာတောတိ ဝတာ၊ ဖြစ်၏”ဟု ပြော၍။
နာနပ္ပကာရေဟိ အက္ကော သိတွာ၊ အမျိုးမျိုးသော အပြားတို့ဖြင့် ဆဲရေး၍။
မုခသတ္တိဟိ ကော ဋ္ဋေတွာာ၊ နှုတ်လှံတို့ဖြင့် ထိုးကြ၍။
ဒါသစေဋကေ ဝိယ၊ ကျွန်, အစေအပါးကလေးတို့ကို ကဲ့သို့။
အတ္တနော ဝသေ ကတွာ၊ မိမိ၏ အလိုဆန္ဒ၌ ၍။
အတ္တနော ဣဿရိယံ ပဝတ္တေဿန္တိ၊ မိမိ၏ အစိုးရသူအဖြစ်ကို ဖြစ်စေကြလတံ့။
ဧဝံ မဓုကပုပ္ဖပ္ပမာဏာနံ၊ ဤကဲ့သို့ မည်စည်ပွင့်ပမာဏရှိကြကုန်သော။
မဏ္ဍူ ကပေါတိကာနံ၊ ဖားမကလေး တို့၏။
အာသီဝိသေ ကဏှသပ္ပေ၊ လျင်သော အဆိပ်ရှိကုန်သော (အဆိပ်တက် မြန်ကုန်သော) မြွေဟောက်တို့ကို။
ဂိလနကာလော ဝိယ ဘဝိဿတိ၊ စားမျိုရာ ကာလကဲ့သို့ ဖြစ်လတံ့။
ဣတော နိဒါနမ္ပိ တေ၊ ဤအိပ်မက်ဟူသော အကြောင်း ကြောင့်လည်း သင်မင်းကြီးအား။
ဘယံ နတ္ထိ၊ ဘေးသည် မရှိ။
ပန္နရသမံ ကထေဟီတိ၊ ပန္နရသမအိပ်မက်ကို လျှောက်လော့ဟု မိန့်ပြီ။
(၁၅) ဘန္တေ ဒသဟိ အသဒ္ဓမ္မေဟိ သမန္နာဂတံ၊ အရှင်ဘုရား ဆယ်မျိုးကုန် သော မသူတော်တရားတို့နှင့် ပြည့်စုံသော။
ဂါမဂေါစရံ ကာကံ၊ ရွာ၌ ကျက်စား သော ကျီးကို။
ကဉ္စနဝဏ္ဏတာယ သုဝဏ္ဏာတိ လဒ္ဓနာမေ၊ ရွှေအဆင်း ရှိသည့် အဖြစ်ကြောင့် “သုဝဏ္ဏ”ဟု အမည်ရကုန်သော။
သုဝဏ္ဏဟံသရာဇေ၊ ရွှေဟင်္သာ မင်းတို့ကို။
ပရိဝါရေန္တေ အဒ္ဒသံ၊ ခြံရံနေသည်တို့ကို မြင်မက်ပြီ။
ဣမဿ ဝိပါကော ကောတိ၊ ဤအိပ်မက်၏ အကျိုးကား အဘယ်ပါနည်းဟု လျှောက်ပြီ။
ဣမဿ ဝိပါကောပိ၊ ဤအိပ်မက်၏ အကျိုးသည်လည်း။
အနာဂတေ ဒုဗ္ဗလရာဇကာလေ ယေဝ၊ နောင်အခါ၌ အားနည်းသော မင်းတို့လက်ထက်၌သာ။
ဘဝိဿတိ၊ ဖြစ် လတံ့။
ဟိ အနာဂတသ္မိံ ရာဇာနော၊ မှန်၏ နောင်ခါ၌ မင်းတို့သည်။
ဟတ္ထိ သိပ္ပါဒီသု အကုသလာ၊ ဆင်အတတ်စသည်တို့မကျွမ်းကျင်ကုန်သည်။
ယုဒ္ဓေသုအဝိသာရဒါ ဘဝိဿန္တိ၊ စစ်ပွဲတို့၌ ရွံ့ရှားခြင်းကင်း ရဲတင်းမှု မရှိကုန်သည် ဖြစ်ကုန်လတံ့။
တေ အတ္တနော၊ ထိုမင်းတို့သည် မိမိ၏။
ရဝိပတ္တိ အာသင်္က မာနာ၊ မင်းအဖြစ်ပျက်စီးမှုကို သံသယရှိကြ၍။
သမာနဇာတိကာနံ ကုလပုတ္တာနံ၊ တူသော အမျိုးဇာတ်ရှိကုန်သော အမျိုးကောင်းသားတို့အား။
ဣဿရိယံ အဒတွာ၊ အစိုးရခြင်းကို မပေးမူ၍။
အတ္တနော၊ မိမိ၏။
ပါဒမူလိကနှာပကကပ္ပကာဒီနံ ဒဿန္တိ၊ ခြေရင်းစောင့်ရေချိုးပေးသူ, ဆတ္တာသည် စသည်တို့အား ပေးကြလတံ့။
ဇာတိဂေါတ္တသမ္ပန္နာ ကုလပုတ္တာ၊ အမျိုးအနွယ်ကောင်းကုန်သော အမျိုးကောင်း သားတို့သည်။
ရာဇကုလေ ပတိဋ္ဌံ အလဘမာနာ၊ မင်းမျိုး၌ တည်ရာကို မရကုန် သည်။
ဇီဝိကံ ကပွေတုံ၊ အသက်မွေးမှုကို ပြုခြင်းငှာ။
အသမတ္ထာ ဟုတွာ၊ မစွမ်းနိုင် ကုန်သည် ဖြစ်၍။
ဣဿရိယေ ဌိတေ၊ အစိုးရခြင်း၌ တည်ရှိကုန်သော။
ဇာတိ ဂေါတ္တဟီနေ အကုလီနေ၊ အမျိုးအနွယ်ညံ့ကုန်သော အမျိုးယုတ်တို့ကို။
ဥပဌဟန္တာ ဝိစရိဿန္တိ၊ ခစားလုပ်ကျွေးကုန်လျက် လှည့်လည်ကြလတံ့။
သုဝဏ္ဏရာဇဟံသေဟိ ကာကဿ၊ ရွှေဟင်္သာမင်းတို့သည် ကျီးကို။
ပရိဝါရိတကာလော ဝိယ ဘဝိဿတိ၊ ခြံရံအပ်ရာ ကာလကဲ့သို့ ဖြစ်လတံ့။
ဣတော နိဒါနမ္ပိ တေ၊ ဤအိပ်မက်ဟူသော အကြောင်းကြောင့်လည်း အရှင်မင်းကြီးအား။
ဘယံ နတ္ထိ၊ ဘေးရန်သည် မရှိ။
သောဠသမံ ကထေဟီတိ၊ သောဠသမအိပ်မက်ကို လျှောက်လော့ဟု မိန့်ပြီ။
(၁၆) ဘန္တေ ပုဗ္ဗေ ဒီပိနော၊ အရှင်ဘုရား ရှေးက ကျားသစ်တို့သည်။
ဧဠကေ ခါဒန္တိ၊ သိုးတို့ကို စားကုန်၏။
အဟံ ပန ဧဠကေ၊ တပည့်တော်သည်ကား သိုး တို့ကို။
ဒီပိနော အနုဗဇ္ဇိတွာ၊ ကျားသစ်တို့ကို အစဉ်တစိုက်လိုက်၍။
မုရုမုရူတိ၊ မြုံမြုံမြုံမြုံပြု၍။
ခါဒန္တေ အဒ္ဒသံ၊ ကိုက်စားနေသည်တို့ကို မြင်မက်ပြီ။
အညေ၊ ထိုအခါ တစ်ပါးကုန်သော။
တသာ ဝကာ၊ ထိတ်လန့်ကုန်သော ဝံပုလွေ တို့သည်။
ဧဠကေ ဒူရတော ဒိသွာ၊ သိုးတို့ကို အဝေးမှပင် မြင်ကြ၍။
တသိတာ တာသပ္ပတ္တာ ဟုတွာ၊ ထိတ်လန့်ကြ၍ လန့်ခြင်းသို့ ရောက်ကုန်သည် ဖြစ်၍။
ဧဠကာနံ ဘယာ၊ သိုးတို့ကို ကြောက်ခြင်းကြောင့်။
ပလာယိတွာ၊ ပြေးကြ၍။
ဂုမ္ဗ ဂဟနာဒီနိ၊ ခြုံရှုပ်ထွေးရာစသည်တို့သို့။
ပဝိသိတွာ နိလီယံသု၊ ဝင်၍ ပုန်းအောင်း ကြပြီ။
ဧဝံ အဟံ အဒ္ဒသံ၊ ဤသို့ တပည့်တော်သည် မြင်မက်ပါပြီ။
ဣမဿ ဝိပါကော ကောတိ၊ ဤအိပ်မက်၏ အကျိုးကား အဘယ်ပါနည်းဟု လျှောက်ပြီ။
ဣမဿ ဝိပါကောပိ၊ ဤအိပ်မက်၏ အကျိုးသည်လည်း။
အနာဂတေ၊ နောင်အခါ၌။
အဓမ္မိကရာဇကာလေယေဝ ဘဝိဿတိ၊ တရား မစောင့်သော မင်းတို့လက်ထက် ၌သာ ဖြစ်လတံ့။
ဟိ တဒါ၊ မှန်၏ ထိုအခါ။
အကုလီနာ ရာဇဝလ္လဘာ၊ အမျိုး ယုတ်သူတို့သည် မင်းကျွမ်းဝင်ကုန်သည်။
ဣဿရာ ဘဝိဿန္တိ၊ အစိုးရကုန်သည် ဖြစ်ကြလတံ့။
ကုလီနာ အပညာတာ၊ အမျိုးကောင်းသားတို့သည် မထင်ရှားကုန် သည်။
ဒုဂ္ဂတာ၊ ဆင်းရဲကုန်သည်။
(ဘဝိဿန္တိ၊ ဖြစ်ကြလတံ့)။
တေ ရာဇဝလ္လဘာ၊ မင်းကျွမ်းဝင်သည့် ထိုအမျိုးယုတ်တို့သည်။
ရာဇာနံ အတ္တနော ကထံ ဂါဟာပေတွာ၊ မင်းကို မိမိတို့၏ စကားကို ယူစေ၍။
ဝိနိစ္ဆယဋ္ဌာ နာဒီသု ဗလဝန္တော ဟုတွာ၊ တရား ဆုံးဖြတ်ရာဌာနစသည်တို့၌ အားရှိကုန်သည် ဖြစ်ကြ၍။
ကုလီနာနံ ပဝေဏိ အာဂတာနိ၊ အမျိုးကောင်းသူတို့၏ အစဉ်အဆက် ပိုင်ဆိုင်လာကုန်သော။
ခေတ္တ ဝတ္ထာဒီနိ၊ လယ်ယာစသည်တို့ကို။
“ဧတာနိ အမှာကံ၊ ဤလယ်ယာစသည်တို့သည် ငါတို့၏။
သန္တကာနီတိ အဘိယုဉ္စိ တွာ၊ ဥစ္စာတည်း”ဟု တရားစွဲကုန်သော်။
တေသု၊ ထိုအမျိုးကောင်းတို့က။
“တုမှာကံ န၊ သင်တို့၏ ဥစ္စာတွေမဟုတ်။
အမှာကန္တိ၊ ငါတို့၏ ဥစ္စာတွေ”ဟု။
အာဂန္တွာ ဝိနိစ္ဆယဌာနာဒီသု၊ လာ၍ ဆုံးဖြတ်ရာဌာနစသည်တို့၌။
ဒန္တေသု၊ ငြင်းကြသော်။
ဝေတ္တလတာဒီဟိ ပဟရာပေတွာ၊ ကြိမ်နွယ်စသည်တို့ဖြင့် ရိုက်ပုတ်စေ၍။
ဂီဝါယံ ဂဟေတွာ၊ လည်ပင်းက ကိုင်၍။
အပကဍ္ဎာ ပေတွာ၊ ဆွဲငင် ထုတ်စေ၍။
“အတ္တနော ပမာဏံ န ဇာနာထ၊ မိမိ၏ ပမာဏကို မသိကြ။
မှေဟိ သဒ္ဓိံ ဝိဝဒထ၊ ငါတို့နှင့် အတူ ငြင်းကြဘိ၏။
ဣဒါနိ ရညော ကထေတွာ၊ ယခု မင်း တရားအား လျှောက်ထား၍။
ဝေါ ဟတ္ထပါဒစ္ဆေဒနာဒီနိ၊ သင်တို့၏ လက်ခြေ ဖြတ်ခြင်းစသည်တို့ကို။
ကာရေဿာမာတိ သန္တဇ္ဇေဿန္တိ၊ ပြုစေကုန်အံ့”ဟု ခြိမ်း ထိုအမျိုးယုတ် ခြောက်ကြလတံ့။
တေ တေသံ ဘယေန၊ ထိုအမျိုးကောင်းတို့သည် တို့ကို ကြောက်သဖြင့်။
အတ္တနော သန္တကာနိ ဝတ္ထူနိ၊ မိမိ၏ဥစ္စာဖြစ်ကုန်သော ပစ္စည်းတို့ကို။
“တုမှာကံယေ၀ ဧတာနိ၊ သင်တို့အတွက်သာ ဤလယ်ယာစသည် တို့ကို။
ဂဏှထာတိ နိယျာဒေတွာ၊ ယူကြပါ”ဟု အပ်နှင်း၍။
အတ္တနော ဂေဟာနိ ပဝိသိတွာ၊ မိမိတို့၏ အိမ်တို့သို့ ဝင်၍။
ဘီတာ နိပဇ္ဇိဿန္တိ၊ ကြောက်ရွံ့ကုန်၍ အိပ်ကြ လတံ့။
ပါပဘိက္ခုပိ ပေသလေ ဘိက္ခူ၊ ယုတ်မာသော ရဟန်းတို့သည်လည်း သီလချစ်မြတ်နိုးကုန်သော ရဟန်းတို့ကို။
ယထာရုစိ ဝိဟေဌေဿန္တိ၊ အလိုရှိသလို ညှဉ်းဆဲကြလတံ့။
ပေသလာ တေ ဘိက္ခူ၊ သီလကို ချစ်မြတ်နိုးကုန်သော ထိုရဟန်းတို့သည်။
ပဋိသရဏံ အလဘမာနာ၊ မှီခို အားထားရာကို မရကြ၍။
အရညံ ပဝိသိတွာ၊ တောသို့ ဝင်၍။
ဂဟနဋ္ဌာနေသု နိလီယိဿန္တိ၊ ရှုပ်ထွေးရာဌာနတို့၌ ပုန်းအောင်း ကြရလတံ့။
ဧဝံ ဟီနဇဟိ စေဝ ပါပဘိက္ခူဟိ စ၊ ဤကဲ့သို့ အမျိုးယုတ်တို့သည် လည်းကောင်း ရဟန်းယုတ်တို့သည်လည်းကောင်း။
ဥပတာနံ၊ နှိပ်စက်အပ် ကုန်သော။
ဇာတိမန္တကုလပုတ္တာနဉ္ဇဝ၊ မျိုးရိုးကြီးသူ မျိုးရိုးမြတ်သူ အမျိုးကောင်း တို့၏လည်းကောင်း။
ပေသလဘိက္ခူနဉ္စ၊ သီလချစ်မြတ်နိုးကုန်သော ရဟန်းတို့၏ လည်းကောင်း။
ဧဠကာနံ ဘယေန၊ သိုးတို့ကို ကြောက်သဖြင့်။
တသဝကာနံ ပလာယနကာလော ဝိယ၊ ထိတ်လန့်ကုန်သော ဝံပုလွေတို့၏ ပြေးရာကာလကဲ့သို့ (ပလာယနကာလော= ပြေးရာကာလသည်)။
ဘဝိဿတိ၊ ဖြစ်လတံ့။
ဣတော နိဒါနမ္ပိ၊ ဤအိပ်မက်ဟူသော အကြောင်းကြောင့်လည်း သင်မင်းကြီးအား။
ဘယံ နတ္ထိ၊ ဘေးရန်သည် မရှိ။
ဟိ အယမ္ပိ သုပိနော၊ မှန်၏ ဤအိပ်မက်ကိုလည်း။
အနာဂတံယေဝ အာရဗ္ဘ ဒိဋ္ဌာ၊ နောင်အခါကိုပင် အကြောင်းပြု၍ မြင်မက်အပ်ပြီ။
ဗြာဟ္မဏာ ပန ဓမ္မသုဓမ္မတာယ၊ ပုဏ္ဏားတို့သည်ကား သဘောစစ် သဘောမှန်ရှိ သည်၏ အဖြစ်ကြောင့်။
တယိ သိနေဟေန၊ သင်မင်းကြီး၌ ချစ်မြတ်နိုးခြင်းဖြင့်။
န ကထယိသု၊ ပြောကြသည် မဟုတ်ကုန်။
“ဗဟုဓနံ လဘိဿာမာတိ၊ များစွာ သော ပစ္စည်းကို ရကြတော့မည်”ဟု တွေး၍။
အာမိသာပေက္ခတာယ၊ ပစ္စည်း အာမိသကို ငဲ့ကုန်သည့် အဖြစ်ကြောင့်။
ဇီဝိတဝုတ္တိ နိဿာယ၊ အသက်မွေးမှုကို မှီ၍။
ကထယ်သူတိ၊ ပြောကြပြီဟု မိန့်တော်မူပြီ။
ဧဝံ သတ္ထာ၊ ဤကဲ့သို့ မြတ်စွာဘုရားသည်။
သောဠသန္နံ မဟာသုပိနာနံ၊ တစ်ဆယ့်ခြောက်ချက်ကုန်သော အိပ်မက်ကြီးတို့၏။
နိပ္ဖတ္တိ ကထေတွာ၊ ပြီးစီးမှု အကျိုးကို ဟောတော်မူပြီး၍။
“မဟာရာဇ ဧတရဟိ၊ မင်းမြတ် ယခုအခါ။
တွညော ဣမေ သုပိနေ၊ သင်မင်းကြီးသည်သာ ဤအိပ်မက်တို့ကို။
န ခေါ အဒ္ဒသ၊ မြင်မက်သည် မဟုတ်။
ပေါရာဏကရာဇာနောပိ အဒ္ဒသံသု၊ ရှေးမင်းတို့သည် လည်း မြင်မက်ဖူးကုန်ပြီ။
ဗြာဟ္မဏာပိ နေသံ ဧ၀မေ၀၊ ပုဏ္ဏားတို့သည်လည်း ထိုရှေးမင်းတို့အား ဤအတူပင်။
ဣမေ သုပိနေ ဂဟေတွာ၊ ဤအိပ်မက်တို့ကို ယူ၍။
ယညမတ္ထကေ ခိပိံ သု၊ ယဇ်ပူဇော်မှုအပေါ်၌ ပစ်ချကြပြီ (ယဇ်ပူဇော်ဖို့ အားထုတ်ကြပြီ)။
တတော ပဏ္ဍိတေဟိ၊ ထိုနောင်မှ ပညာရှိတို့သည်။
ဒိန္နနယေန ဂန္တွာ၊ ပေးအပ်သော နည်းဖြင့် သွား၍။
ဗောဓိသတ္တံ ပုစ္ဆိံသု၊ ဘုရားလောင်းကို မေးကြပြီ။
ပေါရာဏကာ ပဏ္ဍိတာပိ၊ ရှေးကဖြစ်ကုန်သော ပညာရှိတို့သည်လည်း။
ဣမေ သုပိနေ ကထေန္တာ၊ ဤအိပ်မက်တို့ကို ပြောကြကုန်သော်။
ဣမိနာဝ နိယာမေဝ နေသံ၊ ဤနည်းဖြင့်သာ ထိုမင်းတို့အား။
ကထေသုန္တိ ဝတွာ၊ ဖြေကြား ကြပြီ”ဟု မိန့်တော်မူ၍။
တေန ယာစိတော၊ ထိုကောသလမင်းသည် တောင်းပန် အပ်ရကား။
အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။
ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။
ဗောဓိသတ္တော၊ ဘုရား လောင်းသည်။
ဥဒိစ္စဗြာဟ္မဏကုလေ နိဗ္ဗတ္တိတွာ၊ မြင့်မြတ်သော ပုဏ္ဏားမျိုး၌ ဖြစ်၍။
ဝယပ္ပတ္တော ဣသိပဗ္ဗဇ္ဇံ ပဗ္ဗဇိတွာ၊ အရွယ်ရောက်သော် ရသေ့ရဟန်း အဖြစ်သို့ ကပ်ရောက်၍။
အဘိညာ စေဝ သမာပတ္တိယော စ နိဗ္ဗတ္တေတွာ၊ အဘိညာဏ် တို့ကိုလည်းကောင်း သမာပတ်တို့ကိုလည်းကောင်း ဖြစ်စေ၍။
ဟိမဝန္တပဒေသေ၊ ဟိမဝန္တာအရပ်၌။
ဈာနကီဠံ ကီဠန္တော ဝိဟရတိ၊ ဈာန်ကစားခြင်းကို ကစားလျက် နေ၏။
တဒါ ဗာရာဏသိယံ ဗြဟ္မဒတ္တော၊ ထိုအခါက ဗာရာဏသီမြို့၌ ဗြဟ္မဒတ် မင်းသည်။
ဣမိနာဝ နိယာမေန၊ ဤနည်းဖြင့်ပင်။
ဣမေ သုပိနေ ဒိသွာ၊ ဤအိပ်မက် တို့ကို မြင်မက်၍။
ဗြာဟ္မဏေ ပုစ္ဆ၊ ပုဏ္ဏားတို့ကို မေးပြီ။
ဗြာဟ္မဏာ ဧဝမေဝ၊ ပုဏ္ဏား တို့သည် ဤအတူပင်။
ယညံ ယဇိတုံ အာရဘိသု၊ ယဇ်ကို ပူဇော်ခြင်းငှာ အားထုတ် ကြပြီ။
တေသု ပုရောဟိတဿ၊ ထိုပုဏ္ဏားတို့တွင် ပုရောဟိတ်၏။
ပဏ္ဍိတော ဗျတ္တော၊ ပညာရှိသော ထူးခြားသော စိတ်ထားရှိသော။
အန္တေဝါသိကမာဏဝေါ အာစရိယံ၊ တပည့်လုလင်သည် ဆရာပုရောဟိတ်ကို။
“အာစရိယ တုမှေဟိ၊ ဆရာ အရှင်ဆရာ ကြီးတို့သည်။
မယံ တယော ဝေဒေ၊ ကျွန်တော်တို့ကို သုံးပုံကုန်သော ဝေဒကျမ်းတို့ကို။
ဥဂ္ဂဏှာပိတာ၊ သင်ယူစေအပ်ကုန်ပြီ။
တေသု ဧကံ မာရေတွာ၊ ထိုဝေဒကျမ်းတို့၌ တစ်ယောက်ကို သတ်၍။
ဧကဿ သောတ္ထိကမ္မဿ၊ တစ်ယောက်၏ ချမ်းသာမှု ပြုခြင်း၏။
ကာရဏံ နာမ နတ္ထိ နနုတိ အာဟ၊ အကြောင်းမည်သည် မရှိသည် မဟုတ်ပါလော”ဟု ပြောပြီ။
တာတ ဣမိနာ ဥပါယေန၊ ချစ်သား ဤနည်းလမ်းဖြင့်။
အမှာကံ ဗဟုဓနံ ဥပ္ပဇ္ဇိဿတိ၊ ငါတို့အား များစွာသော ဥစ္စာသည် ဖြစ်လိမ့်မည်။
တွံ ပန ရညော ဓနံ၊ မင်းသည်ကား (မင်းကတော့) ရှင်ဘုရင်၏ ဥစ္စာကို။
ရက္ခိတု ကာမော မညေတိ၊ စောင့်ရှောက်ချင်ဟန် ထင်၏”ဟု ပြောပြီ။
မာဏဝေါ၊ လုလင် သည်။
“အာစရိယ တေန ဟိ၊ ဆရာ ထိုသို့ဖြစ်လျှင်။
တုမှေ တုမှာကံ၊ အရှင်ဆရာကြီး တို့သည် အရှင်ဆရာကြီးတို့၏။
ကမ္မံ ကရောထ၊ အလုပ်ကို လုပ်ကြပါကုန်။
အဟံတုမှာကံ သန္တိကေ၊ ကျွန်တော်သည် အရှင်ဆရာကြီးတို့၏ အထံ၌။
ကိံ ကရိဿာမီတိဘာကို ပြုရမည်နည်း”ဟု ပြော၍။
ဝိစရန္တော၊ လှည့်လည်သော်။
ရညော ဥယျာနံ အဂမာသိ၊ မင်း၏ ဥယျာဉ်တော်သို့ ရောက်သွားပြီ။
တံ ဒိဝသမေဝ ဗောဓိသတ္တောပိ၊ ထိုနေ့၌ပင် ဘုရားလောင်းသည်လည်း။
တံကာရဏံ ဉတွာ၊ ထိုအကြောင်းကို သိ၍။
“အဇ္ဇ မဟိ၊ ယနေ့ ငါသည်။
မနုဿ ပထံ ဂတေ၊ လူတို့ခရီးသို့ သွားသော်။
မဟာဇနဿ ဗန္ဓနာမောက္ခော၊ သတ္တဝါ များစွာ၏ အနှောင်အဖွဲ့မှ လွတ်မြောက်ခြင်းသည်။
ဘဝိဿတီတိ၊ ဖြစ်လတံ့”ဟု တွေး၍။
အာကာသေန ဂန္တွာ၊ ကောင်းကင်ခရီးဖြင့် သွား၍။
ဥယျာနေ ဩတရိတွာ၊ ဥယျာဉ်တော်၌ ဆင်းသက်၍။
သုဝဏ္ဏပဋိမာ ဝိယ၊ ရွှေဆင်းတုကဲ့သို့။
မင်္ဂလ သိလာတလေ နိသီဒိ၊ မင်္ဂလာကျောက်ဖျာအပြင်၌ ထိုင်နေပြီ။
မာဏဝေါ ဗောဓိ သတ္တံ၊ လုလင်သည် ဘုရားလောင်းသို့။
ဥပသင်္ကမိတွာ ဝန္ဒိတွာ၊ ချဉ်းကပ်၍ ရှိခိုး၍။
ဧကမန္တံ နိသီဒိတွာသင့်လျော်ရာ၌ ထိုင်နေ၍။
ပဋိသန္တာရံ အကာသိ၊ ပျူငှာ လောကဝတ်ကို ပြုပြီ။
ဗောဓိသတ္တောပိ တေန သဒ္ဓိံ၊ ဘုရားလောင်းသည်လည်း ထိုလုလင်နှင့်အတူ။
မဓုရပဋိသန္တာရံ ကတွာ၊ ချိုမြိန်သော ပျူငှာလောကဝတ်ကို ပြု၍။
“မာဏဝ ကိ နု ခေါ၊ အမောင်လုလင် ဘယ်လိုလဲ။
ရာဇာ ဓမ္မေန၊ မင်းသည် တရားသဖြင့်။
ရဇံ ကာရေတီတိ ပုစ္ဆိ၊ မင်းအဖြစ်ကို ပြုပါ၏လော”ဟု မေးပြီ။
ဘန္တေ ရာဇာ နာမ ဓမ္မိကော၊ အရှင်ဘုရား မင်းမည်သည်ကား တရားရှိပါ၏။
အပိ စ ခေါ တံ၊ သို့သော်လည်း ထိုမင်းကို။
ဗြာဟ္မဏာ အတိတ္ထ ပက္ခန္ဒာပေန္တိ၊ ပုဏ္ဏားတို့သည် မသင့်လျော်သော အကုသိုလ်ဆိပ်ကမ်း၌ ပြေးသွားစေကုန်၏။
ရာဇာ၊ မင်းသည်။
သောဠသသုပိနေ ဒိသွာ၊ တစ်ဆယ့်ခြောက်ချက်ကုန်သော အိပ်မက်တို့ကို မြင်မက်၍။
ဗြာဟ္မဏာနံ အာရောစေသိ၊ ပုဏ္ဏားတို့အား ပြော ကြားပြီ။
“ယညံ ယဇိဿာမာတိ၊ ယဇ်ကို ပူဇော်ကုန်အံ့”ဟု။
ဗြာဟ္မဏာ အာရဒ္ဓါ၊ ပုဏ္ဏားတို့သည် အားထုတ်နေကြပါပြီ။
ဘန္တေ ကိံ နု ခေါ၊ အရှင်ဘုရား ဘယ်လို ပါလဲ။
“အယံ နာမ၊ ဤမည်သည်ကား။
ဣမေသံ သုပိနာနံ၊ ဤအိပ်မက်တို့၏။
နိပ္ဖတ္တီတိ၊ ပြီးစီးခြင်းအကျိုး”ဟု။
ရာဇာနံ သညာပေတွာ၊ မင်းကို သိစေ၍။
မဟာဇနံ ဘယာ၊ သတ္တဝါများစွာကို ဘေးမှ။
တုမှာကံ မောစေတုံ၊ အရှင်ဘုရားတို့သည် လွတ်စေခြင်းငှာ။
န ဝဋ္ဋတီတိ၊ မသင့်ပါလောဟု လျှောက်ထားပြီ။
မာဏဝ အမှေ န ဇာနာတိ၊ မင်းကလည်း ငါတို့ကို မသိ။
ဣမ အာဂန္တွာ၊ ဤဥယျာဉ်တော်သို့ လာ၍။
သစေ ပန ပုစ္ဆေယျ၊ အကယ်၍ကား မေးငြားအံ့။
အဿ မယံ က ယျာမာတိ၊ ထိုမင်းအား ငါတို့သည် ဖြေဆိုကုန်အံ့ဟု မိန့်ပြီ။
မာဏဝေါ၊ သည်။
“ဘန္တေ အဟံ၊ အရှင်ဘုရား တပည့်တော်သည်။
တံ အာနေဿာမိ၊ ထိုမင်းကို ခေါ်ဆောင်ခဲ့ပါအံ့။
တုမှေ မမ အာဂမနံ၊ အရှင်ဘုရားတို့သည် တပည့်တော်၏ လာခြင်းကို။
ဥဒိက္ခန္တာ မုဟုတ္တံ၊ မျှော်ကြည့်ကုန်လျက် တစ်မုဟုတ်မျှ။
နိသီဒထာတိ၊ ထိုင်နေတော်မူကြပါ”ဟု။
ဗောဓိသတ္တံ ပဋိဇာနာပေတွာ၊ ဘုရားလောင်းကိုဝန်ခံစေ၍။
ရညော သန္တိကံ ဂန္တွာ၊ မင်း၏ အထံသို့ သွား၍။
“မဟာရာဇ ဧကော၊ မင်းမြတ် တစ်ပါးသော။
အာကာသစာရိကော တာပသော၊ ကောင်းကင်ခရီးဖြင့် သွားလာ လှည့်လည်သော ရသေ့သည်။
တုမှာကံ ဥယျာနေ ဩတရိတွာ၊ ရှင်မင်းကြီးတို့၏ ဥယျာဉ်တော်၌ သက်ဆင်း၍။
တုမှေဟိ ဒိဋ္ဌသုပိနာနံ၊ ရှင်မင်းကြီးတို့သည် မြင်မက်အပ်ကုန်သော အိပ်မက် တို့၏။
နိပ္ပတ္တိ ကထေဿာမီတိ၊ ပြီးစီးမှုအကျိုးကို ဟောမည်'ဟု။
တုမှေ ပက္ကောသတီတိ အာဟ၊ ရှင်မင်းကြီးတို့ကို ခေါ် နေပါ၏”ဟု လျှောက်ပြီ။
ရာဇာ တဿ ကထံ သုတွာ၊ မင်းသည် ထိုလုလင်၏ စကားကို ကြား၍။
တာဝဒေဝ မဟန္တေန ပရိဝါရေန၊ ထိုခဏ၌ပင် များစွာသော အခြံအရံဖြင့်။
ဥယျာနံ ဂန္တွာ၊ ဥယျာဉ်တော်သို့ သွား၍။
တာပသံ ဝန္ဒိတွာ၊ ရသေ့ကို ရှိခိုး၍။
ဧကမန္တံ နိသိန္နော၊ သင့်လျော်ရာ၌ ထိုင်လျက်။
“ဘန္တေ တုမှေ၊ အရှင်ဘုရား အရှင်ဘုရားတို့သည်။
ဒိဋ္ဌသုပိနာနံ၊ တပည့်တော်သည် မြင်မက်အပ်ကုန်သော အိပ်မက်တို့၏။
နိတ္တံ မသာ ဇာနာထ ကိရာတိ ပုစ္ဆိ၊ ပြီးစီးမှုအကျိုးကို သိတော်မူကြသတဲ့လား”ဟု မေးပြီ။
အာမ မဟာရာဇာတိ၊ အေး. သိ၏ မင်းကြီးဟု မိန့်ပြီ။
တေန ဟိ ကထေထာတိ၊ ထိုသို့ ဖြစ်လျှင် မိန့်တော်မူကြပါဟု လျှောက်ပြီ။
ကထေမိ မဟာရာဇ၊ မိန့်မည် အရှင်မင်းကြီး။
ယထာဒိဋ္ဌေ သုပိနေ၊ အကြင်အကြင် မြင်မက်အပ်ကုန်သော အိပ်မက်တို့ကို။
မံ သာဝေဟီတိ၊ ငါ့ကို ကြားစေလော့ လျှောက်ထားလော့ဟု မိန့်ပြီ။
သာဓု ဘန္တေတိ၊ ကောင်းပါပြီ အရှင်ဘုရားဟု လျှောက်၍။
ရာဇာ၊ မင်းသည်။
ဥသဘာ ရုက္ခာ၊ ဝှေ့ယောင်ပြု၍ မဝှေ့သော နွားတို့လည်းကောင်း ငယ်ငယ်ဖြင့် သီးပွင့်ကြသော သစ်ပင်တို့လည်းကောင်း။
ဂါဝိယော ဂဝါ စ၊ နွားကလေးနို့ စို့ကြသော နွားမကြီးတို့လည်းကောင်း ဝန်မရုန်းနိုင်သည့် နွားကလေး တို့လည်းကောင်း။
အသော ကံသော၊ ခေါင်းနှစ်လုံးရှိသော မြင်းလည်းကောင်း, ရွှေခွက်လည်းကောင်း။
သိင်္ဂါလီ စ ကုမ္ဘော၊ ကျစ်သမျှကြိုးကို စားသော တောခွေးမ လည်းကောင်း ရေပြည့်လျှံသည့် ရေအိုးကြီးလည်းကောင်း။
ပေါက္ခရဏီ စ အပါကစန္ဒနံ၊ ကမ်းနားကြည်၍ အလယ်နောက်သော ရေကန်လည်းကောင်း တစ်အိုးတည်းချက် မကျက် အကျက် ပျော့သော ထမင်း, ရက်တက်ရည်နှင့် လဲစားသော စန္ဒကူးလည်းကောင်း။
လာဗူနိ သီဒန္တိ၊ ဗူးတောင်းတို့သည် နစ်မြုပ် ကုန်၏။
သိလာပ္ပဝန္တိ၊ ကျောက်ဖျာတို့သည် ပေါလောပေါ်ကုန်၏။
မဏ္ဍူကိယော ကဏှသပ္ပေ ဂိလန္တိ၊ ဖားမတို့သည် မြွေဟောက်တို့ကို စားမျိုကုန်၏။
ကာကံ သုဝဏ္ဏာ ပရိဝါရယန္တိ၊ ကျီးကို ရွှေဟင်္သာတို့သည် ခြံရံကုန်၏။
ဧဠကာနံ ဘယာ ဟိ၊ သိုးတို့ကို ကြောက်သောကြောင့်သာ။
ဝကာ တသာ၊ ဝံပုလွေတို့သည် လန့်နေကုန်၏။
ဝတွာ၊ “ဥသဘာ(ပ)ဘယာ ဟိ”ဟု လျှောက်ထား၍။
ပသေနဒိပညာ ကထိတနိယာမေနေဝ၊ ပသေနဒီကောသလမင်းသည် လျှောက်ထားအပ်သော နည်းဖြင့်ပင်။
သုပိနေ ကထေသိ၊ အိပ်မက်တို့ကို လျှောက်ပြီ။
ဣဒါနိ သတ္ထာရာ ကထိတနိယာမေနေဝ၊ ယခုအခါ ဘုရားရှင်သည် ဖြေဆို အပ်သော နည်းဖြင့်ပင်။
ဗောဓိသတ္တောပိ တေသံ နိပ္ပတ္တိ၊ ဘုရားလောင်းသည် လည်း ထိုအိပ်မက်တို့၏ ပြီးစီးမှုအကျိုးကို။
ဝိတ္ထာရတော ကထေတွာ၊ အကျယ် အားဖြင့် ဖြေကြားပြီး၍။
ပရိယာသာနေ သယံ၊ ဖြေကြားပြီးအဆုံး၌ ကိုယ်တိုင်။
“ဝိပရိယာသော ဝတ္တတိ န ယိဓမတ္ထီ"တိ ဣဒံ ကထေသိ၊ ဝိပရိယာသော ဝတ္တတိ န ယိဓမတ္ထိဟူသော ဤစကားကို မိန့်ကြားပြီ။
(ဝိပရိယာသော ဝတ္တတိ၊ ဖောက်ပြန်သောအားဖြင့် ဖြစ်၏။
မေ ဣဓ၊ သင်နှင့်ငါ၏ ဤလက်ထက်၌။
န အတ္ထိ၊ အိမ်မက် သောအားဖြင့် အကျိုး မဖြစ်,မရှိ)။
တတြ အယံ အတ္ထော၊ ထိုပရိယာသော ဝတ္တတိ န ယိဓမတ္ထိဟူသော ပါဌ်၌ ဤဆိုလတံ့သည်ကား အနက်အဓိပ္ပါယ်တည်း။
(အတ္ထော ကော၊ အနက်အဓိပ္ပါယ် ဟူသည် အဘယ်နည်း)။
မဟာရာဇ ဣမေသံ သုပိနာနံ၊ မင်းမြတ် ဤအိပ်မက် တို့၏။
အယံ နိပ္ပတ္တိ၊ ဤဆိုခဲ့ပြီးကား ပြီးစီးခြင်းအကျိုးတည်း။
တေသံ ပဋိဃာ တတ္ထာယ၊ ထိုအကျိုးတို့ကို ပယ်ဖျောက်ခြင်းငှာ။
ယံ ပနေတံ ယညကမ္မံ၊ အကြင် ယဇ်ပူဇော်ခြင်းအမှုသည် ဖြစ်၏။
တံ ဝိပရိယာသော ဝတ္တတိ၊ ထိုယဇ်ပူဇော်ခြင်း အမှုသည် ဖောက်ပြန်သောအားဖြင့် ဖြစ်၏။
ဝိပရီတတော ဝတ္တတိ၊ လွဲမှားသော အားဖြင့် ဖြစ်၏။
ဝိပလ္လာသေန ဝတ္တတိ၊ မမှန်သောအားဖြင့် ဖြစ်၏။
ဣတိ ဝုတ္တံ ဟောတိ၊ ဤသို့ဆိုလိုသည် ဖြစ်၏။
ကိ ကာရဏာ၊ အဘယ့်ကြောင့်နည်း။
ဟိ ဣမေသံ နိပ္ဖတ္တိ နာမ၊ အကြင့်ကြောင့် ဤအိပ်မက်တို့၏ ပြီးစီးမှုအကျိုးမည်သည်။
လောကဿ ဝိပရိဝတ္တနကာလေ၊ လူ့လောက၏ ဖောက်ဖောက် ပြန်ပြန် ဖြစ်ရာ ကာလ၌။
အကာရဏဿ ကာရဏန္တိ ဂဟဏကာလေ၊ အကြောင်း မဟုတ်သည် ကို အကြောင်းဟု ယူဆရာ ကာလ၌။
အကာရဏန္တိ ကာရဏဿ ဆဍ္ဍ နကာလေ၊ အကြောင်းမဟုတ်ဟု ယူဆ၍ အကြောင်းဟုတ်သည်ကို စွန့်ပစ်ရာ ကာလ၌။
အဘူတဿ ဘူတန္တိ ဂဟဏကာလေ၊ မဟုတ်သည်ကို အဟုတ်ဟု ယူဆရာ ကာလ၌။
ဘူတဿ အဘူတန္တိ ဇဟနကာလေ၊ အဟုတ်ကို မဟုတ်ဟု ပယ်စွန့်ရာ ကာလ၌။
အလဇ္ဇီနံ ဥဿန္နကာလေ၊ အလဇ္ဇီပုဂ္ဂိုလ်တို့၏ ထူထပ်များပြားရာ ကာလ၌။
လဇ္ဇီနဉ္စ ပရိဟီနကာလေ၊ လဇ္ဇီပုဂ္ဂိုလ်တို့၏လည်း ဆုတ်ယုတ် နည်းပါးရာ ကာလ၌။
ဘဝိဿတိ၊ ဖြစ်လတံ့။
(တသ္မာ၊ ထို့ကြောင့်တည်း)။
** န ယိဓမတ္ထီ** တိ၊ န ဟိဓမတ္ထိ ဟူသည်ကား။
ဣဒါနိ ပန၊ ယခုအခါ၌ကား။
တဝ ဝါ မမ ဝါ ကာလေ၊ သင်မင်းကြီး၏လည်းကောင်း ငါ၏လည်းကောင်း လက်ထက် ကာလ၌။
ဣမသ္မိံ ပုရိသယုဂေ၊ ဤယောက်ျားအစုံသည်။
ဣမ ဝတ္တမာနေ၊ ဤဖြစ်ဆဲကာလ၌။
ဧတေသံ နိပ္ပတ္တိ နတ္ထိ၊ ထိုအိပ်မက်တို့၏ ပြီးစီးခြင်းအကျိုးသည် မရှိ။
တသ္မာ တေသံ ပဋိဃာတာယ၊ ထို့ကြောင့် ထိုအကျိုးတို့ကို ပယ်ဖျောက်ခြင်းငှာ။
ဝတ္တမာနံ ယည ကမ္မံ၊ ဖြစ်နေသော ယဇ်ပူဇော်ခြင်းအမှုသည်။
ဝိပလ္လာသေန ဝတ္တတိ၊ ဖောက်ပြန် သောအားဖြင့် ဖြစ်၏။
တေန အလံ၊ ထိုယဇ်ပူဇော်ခြင်းအမှုဖြင့် အကျိုးမရှိ။
တေဣတော နိဒါနံ၊ သင်မင်းကြီးအား ဤအိပ်မက်ဟူသော အကြောင်းကြောင့်။
ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ နတ္ထိ၊ ကြောက်စရာသည်လည်းကောင်း ခန္ဓာကိုယ်ခက်ထန်သည့် အဖြစ်သည်လည်းကောင်း မဖြစ်, မရှိ။
(ဣတိ၊ ဤသည်ပင်တည်း)။
ဣတိ မဟာ ပုရိသော၊ ဤသို့ ဘုရားလောင်းရသေ့သည်။
ရာဇာနံ သမဿာသေတွာ၊ ရှင်ဘုရင် ကို သက်သာရာ ရစေ၍။
မဟာဇနံ ဗန္ဓနာ မောစေတွာ၊ သတ္တဝါများစွာကို အနှောင်အဖွဲ့မှ လွတ်စေ၍။
ပုန အာကာသေ ဌတွာ၊ တစ်ဖန် ကောင်းကင်၌ တည်၍။
ရညော ဩဝါဒံ ဒတွာ၊ မင်းအား ဩဝါဒကို ပေး၍။
ပဉ္စသု သီလေသု ပတိဋ္ဌာပေတွာ၊ ငါးပါးကုန်သော သီလတို့၌ တည်စေ၍။
“မဟာရာဇ ဣတော ပဋ္ဌာယ၊ မင်းမြတ် ဤနေ့မှ စ၍။
ဗြာဟ္မဏေဟိ သဒ္ဓိံ၊ ပုဏ္ဏားတို့နှင့် အတူ။
ဧကတော ဟုတွာ၊ တပေါင်းတည်း ဖြစ်၍။
ပသုယာတယညံ မာ ယဇီတိ၊ သားကောင်တို့ကို သတ်သည့် ယဇ်ပူဇော်မှုကို မပူဇော်လင့်”ဟု။
ဓမ္မံ ဒေသေတွာ၊ တရားကို ဟော၍။
အတ္တနော ဝသနဋ္ဌာနံ၊ မိမိ၏ နေရာဌာနသို့။
အာကာသေနေဝ အဂမာသိ၊ ကောင်းကင်ခရီးဖြင့်ပင် ကြွသွားပြီ။
ရာဇာပိ တဿ ဩဝါဒေ ဌိတော၊ မင်းသည်လည်း ထိုဘုရားလောင်း၏ ဩဝါဒ၌ တည်လျက်။
ဒါနာဒီနိ ပုညာနိ ကတွာ၊ ဒါနအစရှိကုန်သော ကောင်းမှုတို့ကို ပြု၍။
ယထာကမ္မံ ဂတော၊ ကံအားလျော်စွာ လားပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရား ဒေသနာ တော်ကို ဆောင်တော်မူ၍။
“သုပိနပစ္စယာ တေ၊ အိပ်မက်ဟူသော အကြောင်း ကြောင့် သင်မင်းကြီးအား။
ဘယံ နတ္ထိ၊ ကြောက်စရာသည် မရှိ။
ဧတံ ယသံ ဟရ ဣတိ၊ ဤယဇ်ပူဇော်မှုကို ဖယ်ရှားလော့”ဟု။
ယညံ ဟာရေတွာ၊ ယဇ်ပူဇော် မှုကို ဖယ်ရှားစေ၍။
မဟာဇနဿ ဇီဝိတဒါနံ ဒတွာ၊ သတ္တဝါ အများအား ဇီဝိတဒါနကို ပေးလှူ၍။
အနု သန္ဓိံဃဋေတွာ၊ အနုသန္ဓေကို စပ်တော်မူ၍။
“တဒါ ရာဇာ၊ ထိုအခါက မင်းသည်။
အာနန္ဒော အဟောသိ၊ အာနန္ဒာသည် ဖြစ်လာပြီ။
မာဏဝေါ သာရိပုတ္တော၊ လုလင်ကား သာရိပုတ္တရာတည်း။
တာပသော ပန အဟမေဝ အဟောသိန္တိ၊ ရသေ့သည်ကား ငါဘုရားသည်သာ ဖြစ်လာပြီ”ဟု။
ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
ပန ဘဂဝတိ ပရိနိဗ္ဗုတေ၊ ထူးခြားသည်ကား ဘုရားရှင်သည် ပရိနိဗ္ဗာန်စံတော် မူပြီးသော်။
သင်္ဂီတိကာရကာ၊ သင်္ဂါယနာတင်မှု ပြုတော်မူကြကုန်သော မထေရ်တို့သည်။
ဥသဘာတိအာဒီနိ၊ “ဥသဘာ” ဤသို့ အစရှိကုန်သော။
တီဏိ ပဒါနိ၊ သုံးပါဒတို့ကို။
အဋ္ဌကထံ အာရောပေတွာ၊ အဋ္ဌကထာသို့ သက်ရောက်စေ၍။
လာဗူနီတိအာဒီနိ၊ “လာဗူနိ”ဤသို့အစရှိကုန်သော။
စတ္တာရိ ပဒါနိ၊ လေးခု ကုန်သော ပါဒတို့ကို။
ဧကံ ဂါထံ ကတွာ၊ တစ်ခုသော ဂါထာကို ပြု၍။
ဧကက နိပါတပါဠိံ အာရောပေသုံ၊ ဧကကနိပါတ်ပါဠိတော်သို့ တက်ရောက်စေကုန်ပြီ။
ဣတိ၊ ဤသို့ မှတ်ပါလေ။
**မဟာသုပိနဇာတကဝဏ္ဏနာ သတ္တမာ၊ ခုနစ်ခုမြောက်ဖြစ်သောမဟာသုပိနဇာတ်အဖွင့်တည်း။**