**ယတော ဝိလုတ္တာ စ ဟတာ စ ဂါဝေါ** တိ ဣဒံ၊ ယတော ဝိလုတ္တာ ဟတာ စ ဂါဝေါ အစရှိသော ဤတရားဒေသနာကို။
သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။
အညတရံ အမစ္စံ၊ တစ်ယောက်သော အမတ်ကို။
အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
ကောသလရညော ဧကော အမစ္စော၊ ကောသလမင်း၏ တစ်ယောက်သော အမတ်သည်။
ရာဇာနံ အာရာဓေတွာ၊ ကောသလမင်းကို နှစ်သက်စေ၍။
ပစ္စန္တဂါမေ ရာဇဗလိံ လဘိတွာ၊ ပစ္စန္တရစ်ရွာ၌ မင်းခွန်စိုးခွန်ကို ရ၍။
စောရေဟိ သဒ္ဓိ၊ ခိုးသားတို့နှင့် အတူ။
ဧကတော ဟုတွာ၊ တပေါင်းတည်း ဖြစ်၍။
“အဟံ မနုဿ အာဒါယ၊ ငါသည် ရွာနေလူတို့ကို ခေါ်ယူ၍။
အရညံ ပဝိသိဿာမိ၊ တောသို့ ဝင်အံ့။
တုမှေ ဂါမံ ဝိလုမ္ဗိတွာ၊ သင်တို့သည် ရွာကို လုယက် ၍။
ဥပမုံ့ မယှံ၊ တစ်ဝက်ကို ငါ့အား။
ဒဒေယျာထာတိ ဝတွာ၊ ပေးကြ”ဟု ပြော၍။
ပဂေဝ မနုဿ သန္နိပါတေတွာ၊ ရှေးဦးစွာပင် ရွာနေလူတို့ကောင်းစွာ ကျရောက်စုဝေးစေ၍။
အရညံ ဂန္တွာ၊ တောသို့ သွား၍။
စောရေသု အာဂန္တွာ၊ ခိုးသားတို့သည် လာ၍။
ဂါဝိယော ယာတေတွာ၊ နွားမတို့ကို သတ်ဖြတ်၍။
မံသံ ခါဒိတွာ၊ အသားကို စား၍။
ဂါမံ ဝိလုမ္ဗိတွာ ဂတေသု၊ ရွာကို လုယက်၍ သွားကြ သော်။
သာယနှသမယေ၊ ညနေချမ်းအခါ၌။
မဟာဇနပရိဝုတော အာဂစ္ဆတိ၊ များစွာသော လူအပေါင်းခြံရံအပ်လျက် ပြန်လာ၏။
တဿ တံ ကမ္မံ၊ ထိုအမတ်၏ ထိုလုပ်ရပ်သည်။
န စိရသော ပါကဋံ ဇာတံ၊ မကြာမီပင် ထင်ရှားသည် ဖြစ်ပြီ။
မနုဿာ ရညော အာရောစေသုံ၊ ရွာနေလူတို့သည် ကောသလမင်းအား လျှောက်ထားကုန်ပြီ။
ရာဇာ တံ ပက္ကောသာပေတွာ၊ ကောသလမင်းသည် ထိုအမတ်ကို ခေါ်စေ၍။
ဒေါသံ ပတိဋ္ဌာပေတွာ၊ အပြစ်ကို အမှန်အတိုင်းတည်စေ၍။
သုနိဂ္ဂဟိတံ နိဂ္ဂဟေတွာ၊ မှန်မှန်ကန်ကန် နှိမ်နင်းအပ်သည်ကို နှိမ်နင်း ၍။
အညံ ဂါမဘောဇကံ ပေသေတွာ၊ အခြားသော ရွာစားကို ပို့လွှတ်၍။
ဇေတဝနံ ဂန္တွာ၊ ဇေတဝန်ကျောင်းတော်သို့ သွား၍။
ဘဂဝတော ဧတမတ္ထံ အာရောစေသိ၊ ဘုရားရှင်အား ဤအကြောင်းကို လျှောက်ထားပြီ။
ဘဂဝါ၊ ဘုရားရှင်သည်။
“မဟာရာဇ ဣဒါနေ၀၊ မင်းမြတ် ယခုအခါသာ။
ဧသော န ဧဝံသီလော၊ ဤအမတ် သည် ဤသို့အကျင့်ရှိသည် မဟုတ်သေး။
ပုဗ္ဗေပိ၊ ရှေးကလည်း။
ဧဝံ သီလော ယေဝါတီ ဝတွာ၊ ဤသို့ အကျင့်ရှိသည်သာတည်း”ဟု မိန့်တော်မူ၍။
တေန ယာစိတော၊ လိုကောသလမင်းသည် တောင်းပန်အပ်ရကား။
အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။
ဗြဟ္မဒတ္တေ ရဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။
ဧကစ္စဿ အမစ္စဿ၊ တစ်ယောက်သော အမတ်အား။
ပစ္စန္တဂါမံ အဒါသိ၊ ပစ္စန္တရစ်ရွာကို ရွာစားပေးပြီ။
သဗ္ဗေ ပုရိမသဒိသမေဝ၊ အားလုံးသော အဖြစ်အပျက်သည် ရှေးပစ္စုပ္ပန်ဝတ္ထုနှင့် တူသည်သာတည်း။
တဒါ ပန ဗောဓိသတ္တော၊ ထိုအခါ၌ကား ဘုရားလောင်း သည်။
ဝဏိဇ္ဇာယ ပစ္စန္တေ ဝိစရန္တော၊ ကုန်သွယ်ခြင်းငှာ ပစ္စန္တရစ်အရပ်၌ လှည့်လည် လျက်။
တသ္မိံ ဂါမကေ နိဝါသံ ကပ္ပသိ၊ ထိုရွာငယ်၌ နေထိုင်မှုကို ပြုပြီ။
တသ္မိံ ဂါမဘောဇကေ၊ ထိုဘုရားလောင်းသည် ထိုရွာစားသည်။
သာယနုသမယေ မဟာဇနပရိဝါရေန၊ ညနေချမ်းအခါ၌ များစွာသော လူအခြံအရံဖြင့်။
ဘေရိယာ ဝဇ္ဇမာနာယ အာဂစ္ဆန္တေ၊ စည်ကို တီးခတ်အပ်လျက် ပြန်လာသော်။
“အယံ ဒုဋ္ဌဂါမဘောဇကော၊ ဤရွာစားပျက်သည်။
စောရေဟိ သဒ္ဓိံ၊ ခိုးသားတို့နှင့် အတူ။
ဧကတော ဟုတွာ၊ တပေါင်းတည်း ဖြစ်၍။
ဂါမံ ဝိလုမ္မာပေတွာ၊ ရွာကို လုယက် ခိုင်း၍။
စောရေသု ပလာယိတွာ၊ ခိုးသားတို့သည် ပြေးကြ၍။
အဋ ဝိံ ပဝိဋ္ဌေသု၊ တောအုပ်သို့ ဝင်ကြသော်။
ဣဒါနိ ဥပသန္တုပသန္တော ဝိယ၊ ယခုအခါ၌ ငြိမ်သက် သည်ထက် ငြိမ်သက်သကဲ့သို့ ဖြစ်၍။
ဘေရိယာ ဝဇ္ဇမာနာယ၊ စည်ကို တီးခတ် အပ်လျက်။
အာဂစ္ဆတီတိ ပတွာ၊ ပြန်လာ၏”ဟု ပြောဆို၍။
ယတော ဂါဝေါ၊ အကြင်အခါ၌ နွားတို့ကို။
ဝိလုတ္တာ၊ လုလည်း လုယက်အပ်ကုန်ပြီ, သတ်လည်း သတ်အပ်ကုန်ပြီ။
ဂေဟာနိ ဒဍ္ဎာနိ၊ အိမ်တို့ကို လောင်ကျွမ်းစေအပ်ကုန်ပြီ။
ဇနော စ နီတော၊ ရွာနေလူများကိုလည်း ဆောင်ယူအပ်ပြီ။
အထ ပုတ္တဟတာယ ပုတ္တော၊ ထိုအခါ သားသေသော မိန်းမ၏သားသည်။
ခရဿရံ ခိတ္တိမံ ဝါဒယန္တော၊ ကြမ်းက သော အသံရှိသော တိုက်စည်ကို တီးလျက်။
အာဂမာ၊ ပြန်လာပြီ။
တတ္ထ၊ ထိုဂါထာ၌။
**ယတော** တိ ယဒါ၊ ယတော ဟူသည်ကား အကြင်အခါ ၌တည်း။
**ဝိလုတ္တာ စ ဟတာ စာ** တိ၊ ဝိသုတ္တာ စ ဟတာ စ ဟူသည်ကား။
ဝိလုမ္ဗိတွာ ဗန္တိတွာ စ နီတာ၊ လုယက်၍လည်းကောင်း ချည်တုပ်၍လည်းကောင်း ဆောင်လည်း ဆောင်ယူအပ်ကုန်ပြီတည်း။
မံသံ ခါဒနတ္ထာယ ဟတာ စ၊ အသားကို စားဖို့ရာ သတ်လည်း သတ်အပ်ကုန်ပြီတည်း။
**ဂါဝေါ** တိ ဂေါရူပါနိ၊ ဂါဝေါ ဟူသည်ကား နွားတို့ကိုတည်း။
**ဒဍ္ဎာနီ** တိ၊ ဒဍ္ဎာနိ ဟူသည်ကား။
အဂ္ဂိ ဒတွာ ဈာပိတာနိ၊ မီးကို ပေး၍ လောင်ကျွမ်းစေအပ်ကုန်ပြီတည်း။
**ဇနော စ နီတော** တိ၊ ဇနော စ နီတော ဟူသည်ကား။
ကရမရဂ္ဂါဟံ ဂဟေတွာ နီတော၊ သုံ့ပန်းဖမ်းယူခြင်းကို ဖမ်းယူ၍ အပ်ပြီတည်း။
**ပုတ္တဟတာယ ပုတ္တော** တိ၊ ပုတ္တဟတာယ ပုတ္တော ဟူသည်ကား။
ဟတပုတ္တာယ ပုတ္တော၊ သတ်အပ်သော သားရှိသော မိန်းမ၏ သားသည်တည်း။
နိလ္လဇော ဣတိ အတ္ထော၊ အရှက်မရှိ သူတည်း ဤကား အဓိပ္ပါယ်နက်တည်း။
ဟိ ဆိန္နဟိရောတ္တပ္ပဿ၊ အကြင့်ကြောင့် ပြတ်သော အရှက်အကြောက်ရှိသူမှာ။
မာတာ နာမ နတ္ထိ၊ မိခင်မည်သည် မရှိ။
ဣတိ၊ ထို့ကြောင့်။
တဿာ သော၊ ထိုမိန်းမ၏ ထိုသားသည်။
ဇီဝန္တောပိ၊ အသက် ရှင်နေပါသော်လည်း။
ဟတပုတ္တဋ္ဌာနေ၊ သတ်အပ်သော သားအရာ၌။
တိဋ္ဌတိ၊ တည်၏။
ဣတိ၊ ဤကဲ့သို့။
ဟတပုတ္တာယ၊ သတ်အပ်သော သားရှိသော မိန်းမ၏။
ပုတ္တော နာမ ဟောတိ၊ သားမည်သည် ဖြစ်၏။
**ခရဿရ** န္တိ ထဒ္ဓပ္ပံ၊ ခရဿရံဟူသည်ကား ကြမ်းတမ်းသော အသံရှိသောတည်း။
**ဍိဏ္ဍိမန္တိ** တိ ပဋဟဘေရိံ၊ ဍိဏ္ဍိမံ ဟူသည်ကား တိုက်စည်ကို စည်ကိုတည်း။
ဧဝံ ဗောဓိသတ္တော၊ ဤကဲ့သို့ ဘုရားလောင်းသည်။
ဣမာယ ဂါထာယ၊ ဤဂါထာဖြင့်။
တံ ပရိဘာသိ၊ ထိုအမတ်ကို ရေရွတ်ခြိမ်းခြောက်ပြီ။
န စိရေနေဝ စ တဿ၊ မကြာမြင့်မီသာလျှင်လည်း ထိုအမတ်၏။
တံ ကမ္မံ ပါကဋံ ဇာတံ၊ ထိုလုပ်ရပ်သည် ထင်ရှားသည် ဖြစ်ပြီ။
အထ အဿ ရာဇာ၊ ထိုအခါ ထိုအမတ်အား မင်းသည်။
ဒေါသာနုရူပံ၊ အပြစ်အားလျော်စွာ။
နိဂ္ဂဟံ အကာသိ၊ နှိမ်နင်းမှုကို ပြုပြီ။
သတ္ထာ၊ ဘုရားရှင်သည်။
“မဟာရာဇ ဣဒါနေဝ၊ မင်းမြတ် ယခုအခါ၌သာ။
ဧသော န ဧဝံ သိလော၊ ဤအမတ်သည် ဤသို့အကျင့်ရှိသည် မဟုတ်သေး။
ပုဗ္ဗေပိ၊ ရှေးကလည်း။
ဧဝံသီလောယေဝါတိ ဝတွာ၊ ဤသို့အကျင့်ရှိသည် သာတည်း”ဟု မိန့်တော်မူ၍။
ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဤတရားဒေသနာကို ဆောင်တော်မူ၍။
အနုသန္ဓေိံ ဃဋေတွာ၊ အနုသန္ဓေကို စပ်တော်မူ၍။
“တဒါ အမစ္စော၊ ထိုအခါက အမတ်သည်။
ဣဒါနိ အမစ္စောယေဝ၊ ဤယခုအခါ အမတ် ပင်တည်း။
ဂါထာယ ဥဒါဟာရကပဏ္ဍိတမနုသော၊ ပနဂါထာကို ထုတ်ဆောင် ရွတ်ဆိုသော ပညာရှိသူလူသည်ကား။
အဟမေဝ အဟောသိန္တိ၊ ငါဘုရားသည် သာ ဖြစ်လာပြီ”ဟု။
ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
**ခရဿရဇာတကဝဏ္ဏနာ နဝမာ၊ ကိုးခုမြောက်ဖြစ်သော ခရဿရဇာတ်အဖွင့်တည်း။**