Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
Jātaka-aṭṭhakathā(Paṭhamo bhāgo)
Jātaka-aṭṭhakathā(Paṭhamo bhāgo)

[80] 10. Bhīmasenajātakavaṇṇanā

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

**ယံ တေ ပဝိကတ္တိကံ ပုရေ** တိ ဣဒံ၊ ယံ တေ ပ၀ိကတ္ထိကံ ပုရေ စသော ဤတရားဒေသနာတော်ကို။ သတ္ထာ ဇေတဝနေ၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။ အညတရံ ဝိကတ္ထိတံ ဘိက္ခု၊ အညတရ ဖြစ်သော ကြွားဝါတတ်သော ရဟန်းကို။ အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
ဧကော ဘိက္ခု၊ တစ်ပါးသော ရဟန်းသည်။ “အာဝုသော အမှာကံ၊ ငါ့ရှင်တို့ ငါတို့၏။ ဇာတိသမာ ဇာတိ၊ ဇာတ်နှင့်တူသော ဇာတ်သည်လည်းကောင်း။ ဂေါတ္တသမံ ဂေါတ္တံ နာမ နတ္ထိ၊ အနွယ်နှင့်တူသော အနွယ်မည်သည်လည်းကောင်း မရှိ။ မယံ ဧဝရူပေ နာမ၊ ငါတို့သည် ဤသို့ သဘောရှိသည်မည်သော။ မဟာ ခတ္တိယကုလေ ဇာတာ၊ ခတ္တိယအမျိုးကြီး၌ ဖြစ်ကုန်၏။ ဂေါတ္တေန ဝါ ဓနေန ဝါ၊ အနွယ်အားဖြင့်လည်းကောင်း ပစ္စည်းအားဖြင့်လည်းကောင်း။ ကုလပ္ပဒေသေန ဝါ အမှေဟိ၊ ညွှန်ကြားအပ်သော အမျိုးအားဖြင့်လည်းကောင်း ငါတို့နှင့်။ သဒိသော နာမ နတ္ထိ၊ တူသူမည်သည် မရှိ။ အမှာကံ သုဝဏ္ဏရဇတာဒီနံ၊ ငါတို့၏ ရွှေငွေ စသည်တို့၏။ အန္တော နတ္ထိအရေအတွက် အပိုင်းအခြားသည် မရှိ။ နော ဒါသကမ္မကရာပိ၊ ငါတို့၏ ကျွန်အလုပ်သမားတို့သည်သော်မှလည်း။ သာလိ မံသောဒနံ ဘုဉ္ဇန္တိ၊ သလေးသားပြွမ်းထမင်းကို စားရကုန်၏။ ကာသိကဝတ္ထိ နိဝါသေန္တိ၊ ကာသိတိုင်းဖြစ်အဝတ်ကို ဝတ်ကြရကုန်၏။ ကာသိကဝိလေပနံ ဝိလိမ္ပန္တိ၊ ကာသိတိုင်းဖြစ်နံ့သာပျောင်းကို လိမ်းကျံရကုန်၏။
မယံ ပဗ္ဗဇိတဘာဝေန၊ ငါတို့သည် ရဟန်းအဖြစ်ကြောင့်။ ဧတရဟိ ဧဝရူပါနိ၊ ယခုအခါ ဤသို့ သဘောရှိ ကုန်သော။ လူခါနိ ဘောဇနာနိ ဘုဉ္ဇာမ၊ ကြမ်းတမ်းကုန်သော ဘောဇဉ်တို့ကို စားရကုန်၏။ လူခါနိ စီဝရာနိ၊ ကြမ်းတမ်းကုန်သော သင်္ကန်းတို့ကို။ ဓာရေမာတိ၊ ဆောင်ရွက်ဝတ်ရုံကြရ၏”ဟု။ ထေရနဝမဇ္ဈိမာနံ ဘိက္ခူနံ၊ ထေရ်ကြီး, ထေရ်ငယ်, ထေရ်လတ်ဖြစ်ကုန်သော ရဟန်းတို့၏။ အန္တရေ ဝိကတ္ထန္တော၊ အကြား၌ ကြွားဝါလျက်။ ဇာတိအာဒိဝသေန ဝမ္ဘေန္တော၊ အမျိုးဇာတ်စသည်တို့၏ အစွမ်း အားဖြင့် ရှုတ်ချလျက်။ ခုံသေန္တော ဝိစရတိ ကိရ၊ ဆဲရေးလျက် လှည့်လည်ကျက်စား သတဲ့။
အထ ဧကော ဘိက္ခု၊ ထိုအခါ တစ်ပါးသော ရဟန်းသည်။ အဿ ကုလပ္ပဒေသံ ပရိဂ္ဂဏှိတွာ၊ ထိုရဟန်း၏ ညွှန်ပြအပ်သော အမျိုးကို စူးစမ်း၍။ တံ ဝိကတ္ထနဘာဝံ၊ ထိုရဟန်းကို ကြွားဝါကြောင်းကို။ ဘိက္ခူနံ အာရောစေသိ၊ ရဟန်းတို့အား ပြောကြားပြီ။
ဘိက္ခု ဓမ္မသဘာယံ သန္နိပတိတာ၊ ရဟန်းတို့သည် တရားသဘင်၌ ကောင်းစွာ ကျရောက် စုဝေးကြသော်။ “အာဝုသော အသုကော နာမ ဘိက္ခု၊ ငါ့ရှင်တို့ ထိုမည်သော ရဟန်းသည်။ ဧဝရူပေ နိယျာနိကသာသနေ၊ ဤသို့ သဘောရှိသော ဝဋ်ဆင်းရဲမှ ထုတ်ဆောင်တတ်သော သာသနာတော်၌။ ပဗ္ဗဇိတွာ ဝိကတ္ထေန္တော၊ ရဟန်းပြု၍ ကြွားဝါလျက်။ ဝမွှေန္တော သေန္တော၊ သူများရှုတ်ချလျက် ဆဲရေးလျက်။ ဝိစရတီတိ၊ သွားလာလှည့်လည်၏”ဟု။ ဧတဿ အဂုဏံ ကထယိံိံ၊ ထိုရဟန်း၏ အပြစ်ကို ပြောဆိုကြပြီ။
သတ္ထာ အာဂန္တွာ၊ ဘုရားရှင်သည် ကြွလာတော်မူ၍။ “ဘိက္ခဝေ ဧတရဟိ၊ ရဟန်းတို့ ယခုအခါ၌။ ကာယ ကထာယ သန္နိသိန္နာ၊ အဘယ်မည်သော စကားဖြင့် ကောင်းစွာ ထိုင်နေကြသည်။ အတ္ထ နုတိ ပုဗ္ဘိတွာ၊ ဖြစ်ကုန်သနည်း”ဟု မေးတော် မူ၍။ “ဣမာယ နာမာတိ ပုတ္တေ၊ ဤမည်သော စကားဖြင့်ပါ”ဟု လျှောက်ထား အပ်သော်“။ ဘိက္ခဝေ သော ဘိက္ခု၊ ရဟန်းတို့ ထိုရဟန်းသည်။ ဣဒါနေဝ ဝိကတ္ထန္တော၊ ယခုအခါ၌သာ ကြွားဝါလျက်။ ဝမွှေန္တော ခုံသေန္တော၊ သူများရှုတ်ချ လျက် ဆဲရေးလျက်။ န ဝိစရတိ၊ ကျက်စားလှည့်လည်သည် မဟုတ်သေး။ ပုဗ္ဗေပိ ဝိကတ္ထေန္တော၊ ရှေးကလည်း ကြွားဝါလျက်။ ဝမွှေန္တော ခုံသေန္တော၊ သူများရှုတ်ချ လျက် ဆဲရေးလျက်။ ဝိစရီတိ ဝတွာ၊ ကျက်စားသွားလာ ဖူးပြီ”ဟု မိန့်တော်မူ၍။ အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။ ဗြဟ္မဒတ္တေ ရဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။ ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ ဧကသ္မိံ နိဂမဂါမေ ဥဒိစ္စဗြာဟ္မဏကုလေ၊ တစ်ခုသော နိဂုံးရွာ၌ မြင့်မြတ်သော ပုဏ္ဏားမျိုး၌။ နိဗ္ဗတ္တိတွာ ဝယပ္ပတ္တော၊ ဖြစ်၍ အရွယ် ရောက်သော်။ တက္ကသိလာယံ ဒိသာပါမောက္ခဿ အာစရိယဿ၊ တက္ကသိုလ်မြို့၌ ဒိသာပါမောက္ခဖြစ်သော ဆရာကြီး၏။ သန္တိကေ၊ အထံ၌။ တယော ဝေဒေ၊ သုံးပုံ ကုန်သော ဝေဒကျမ်းတို့ကိုလည်းကောင်း။ အဋ္ဌာရသ ဝိဇ္ဇဋ္ဌာနာနိ ဥဂ္ဂဟေတွာ၊ တစ်ဆယ့်ရှစ်ရပ်ကုန်သော ချမ်းသာမှုတည်ရာ အတတ်ပညာတို့ကိုလည်းကောင်း သင်ယူ၍။ သဗ္ဗသိပွေသု နိပ္ဖတ္တိ ပတွာ၊ အားလုံးသော အတတ်ပညာတို့၌ အပြီး အစီးသို့ ရောက်၍။ စူဠဓနုဂ္ဂဟပဏ္ဍိတော နာမ အဟောသိ၊ စူဠဓနုဂ္ဂဟပညာရှိ မည်သည် ဖြစ်ပြီ။
သော တက္ကသိလာတော နိက္ခမိတွာ၊ ထိုဘုရားလောင်းသည် တက္ကသိုလ်မြို့မှ ထွက်ခဲ့၍။ သဗ္ဗသမယသိပ္ပါနိ ပရိယေသမာနော၊ အားလုံးသော အယူဝါဒအတတ်ပညာတို့ကို ရှာဖွေဆည်းပူးလျက်။ မဟိံသကရဋ္ဌံ အဂမာသိ၊ မဟိံသကတိုင်းသို့ သွားပြီ။
ဣမသ္မိံ ပန ဇာတကေ ဗောဓိသတ္တော၊ ဤဘီမသေန ဇာတ်၌ကား ဘုရားလောင်းသည်။ ထောကံ ရာ၊ အနည်းငယ် ပုသည်။ ဩဏတာကာရော အဟောသိ၊ ကုန်းကွသော ပုံစံရှိသည် ဖြစ်ပြီ။
သော၊ ထိုဘုရားလောင်းသည်။ “အဟံ ကဉ္စိရာဇာနံ၊ ငါသည် တစ်စုံတစ်ယောက်သေမင်းသို့။ သစေ ဥပသင်္ကမိဿာမိ၊ အကယ်၍ ချဉ်းကပ်အံ့။ သော၊ ထိုချဉ်းကပ် အပ်သော မင်းသည်။ ဧဝံ ရဿသရီရော တွံ၊ ဤကဲ့သို့ ပုကွသော ကိုယ်ရှိသော သင်သည်။ အမှာကံ ကံ ကမ္မံ၊ ငါတို့၏ အဘယ်မည်သော အမှုကို။ ကရိဿသီတိ ဝက္ခတိ၊ ပြုနိုင်လိမ့်မည်နည်း”ဟု ပြောလတံ့။ အဟံ၊ ငါသည်။ အာရောဟ ပရိဏာဟသမ္ပန္နံ၊ အရပ်အလုံးနှင့်ပြည့်စုံသော။ အဘိရူပံ ဧကံ ပုရိသံ၊ ရုပ်အဆင်း တင့်တယ်သော တစ်ယောက်သော ယောက်ျားကို။ ဖလကံ ကတွာ၊ အကာအကွယ် အမှီကို ပြု၍။ တဿ ပိဋိစ္ဆာယာယ၊ ထိုယောက်ျား၏ ကျောရိပ်ဖြင့်။ ဇီဝိကံ ကပ္ပေယျံ၊ အသက်မွေးခြင်းကို ပြုရပါမူကား။ ယန္ဒူနာတိ စိန္တေသိ၊ ကောင်းလေစွ” ဟု ကြံပြီ။
သော တထာရူပံ ပုရိသံ၊ ထိုဘုရားလောင်းသည် ထိုသို့ သဘောရှိသော ယောက်ျားကို။ ပရိယေသမာနော၊ ရှာဖွေသော်။ ဘီမသေနဿ နာမ၊ ဘီမသေန မည်သော။ ဧကဿ တန္တဝါယဿ၊ တစ်ယောက်သော ရက်ကန်းသည်၏။ တန္တ ဝီတဌာနံ ဂန္တွာ၊ ရက်ကန်းရှယ်ရာ ဌာနသို့(ရက်ကန်း ရက်ရာ ဌာနသို့) ရောက်သွား ၍။ တေန သဒ္ဓိံ၊ ထိုဘီမသေနနှင့် အတူ။ ပဋိသန္တာရံ ကတွာ၊ ပျူငှာလောကဝတ်ကို ပြု၍။ “သမ္မ တွံ ကိန္နာမော၊ မိတ်ဆွေ သင်သည် အဘယ်အမည်ရှိသည်။ အသီတိ ပုစ္ဆိ၊ ဖြစ်သနည်း”ဟု မေးပြီ။
အဟံ ဘီမသေနော နာမာတိ၊ ငါသည် ဘီမသေန မည်၏ဟု ဖြေပြီ။
ကိံ ပ န တွံ၊ အဘယ့်ကြောင့်ကား သင်သည်။ ဧဝံ အဘိရူပေါ၊ ဤသို့ ရုပ်အဆင်းတင့်တယ်သူသည်။ ဥပဓိသမ္ပန္နော ဟုတွာ၊ ဥပဓိရုပ်ကောင်း သူသည် ဖြစ်ပါလျက်။ ဣမံ လာမကကမ္မံ၊ ဤအောက်တန်းကျသော အလုပ်ကို။ ကရောသီတိ၊ လုပ်နေရသနည်း”ဟု မေးပြီ။
ဇီဝိတုံ အသက္ကောန္တောတိ၊ အသက်မွေး ခြင်းငှာ မစွမ်းနိုင်၍ဟု ဖြေပြီ။
“သမ္မ ဧတံ ကမ္မံ မာ ကရိ၊ မိတ်ဆွေ ဤအောက်တန်း စားအလုပ်ကို မလုပ်ပါလင့်။ သကလဇမ္ဗု ဒီပေ၊ ဇမ္ဗူဒိပ်တစ်ကျွန်းလုံး၌။ မယာ သဒိသော၊ ငါနှင့် တန်းတူသော။ ဓနုဂ္ဂဟော နာမ နတ္ထိ၊ လေးသမားမည်သည် မရှိ။
ပန အဟံ၊ သို့သော်လည်း ငါသည်။ ကဉ္စိ ရာဇာနံ သစေ ပဿေ ယျံ၊ တစ်စုံ တစ်ယောက်သော မင်းကို အကယ်၍ ဖူးမြင်အံ့။ သော မံ၊ ထိုမင်းသည် ငါ့ကို။ ရသော အယံ၊ ဤသို့ ပုကွသော ဤသူသည်။ အမှာကံ ကိ ကမ္မံ၊ ငါတို့၏ ဘယ်မည်သော အလုပ်ကိုကရိဿတီတိ ကောပေယျပြုနိုင်လိမ့်မည်နည်းဟု တွေး၍ စိတ်ဆိုးရာ၏။ တွံ ရာဇာနံ ဒိသွာ၊ သင်သည် မင်းကြီးကို ဖူးမြင်၍။ အဟံ ဓနုဂ္ဂဟောတိ ဝက္ခသိ၊ ကျွန်တော်မျိုးသည် လေးသမားပါဟု လျှောက်ထားအံ့။
ရာဇာတေ၊ မင်းသည် သင့်အား။ ပရိဗ္ဗယံ ဒတွာ၊ လစာရိက္ခာကို ပေး၍။ ဝုတ္တိ နိဗဒ္ဓ ဒဿတိ၊ အသက်မွေးခြင်းကို မပြတ်ပေးလတံ့။
အဟံ တေ၊ ငါသည် သင့်အတွက်။ ဥပ္ပန္နကမ္မံ ကရောန္တော၊ ဖြစ်ပေါ်လာသော အမှုကို ပြုလျက်။ တဝ ပိရိစ္ဆာယာယ၊ သင်၏ ကျောရိပ်ဖြင့်။ ဇီဝိဿာမိ၊ အသက်မွေးအံ့။
ဧဝံ ဥဘောပိ၊ ဤသို့လျှင် ဒို့နှစ်ယောက်လုံးတို့သည်လည်း။ သုခိတာ ဘဝိဿာမ၊ ချမ်းသာကြသည် ဖြစ်ကုန် လတံ့။
မမ ဝစနံ၊ ငါ၏ စကားကို။ ကရောဟီတိ အာဟ၊ ပြုလုပ်ပါ လိုက်နာပါ”ဟု ပြောပြီ။
သော သာဓူတိ သမ္ပဋိစ္ဆိ၊ ထိုဘီမသေနသည် ကောင်းပြီဟု ဝန်ခံပြီ။
အထ နံ အာဒါယ၊ ထိုအခါ ထိုဘီမသေနကို ခေါ်ယူ၍။ ဗာရာဏသိ ဂန္တွာ၊ ဗာရာဏသီမြို့သို့ သွား၍။ သယံ စူဠုပဋ္ဌာကော ဟုတွာ၊ ကိုယ်တိုင်က အလုပ် အကျွေးငယ်သည် ဖြစ်၍။ တံ ပုရတော ကတွာ၊ ထိုဘီမသေနကို ရှေ့မှ ထားသည် ကို ပြု၍။ ရာဇဒွါရေ ဌတွာ၊ မင်းတံခါးအနီး၌ ရပ်၍။ ရညော အာရောစာပေသိ၊ မင်းအား လျှောက်ထားစေပြီ။
အာဂစ္ဆန္တိူ ဝုတ္တေ၊ လာကြပါစေဟု မိန့်အပ်သော်။ ဥဘောပိ ပဝိသိတွာ၊ နှစ်ယောက်လုံးတို့သည်လည်း ဝင်၍။ ရာဇာနံ ဝန္ဒိတွာ အဋ္ဌံသု၊ မင်းကို ရှိခိုး၍ တည်ကြပြီ။
“ကိ ကာရဏာ အာဂတာ၊ အဘယ် အကြောင်းကြောင့် လာကုန်သည်။ အတ္ထာတိ စ ဝုတ္တေ၊ ဖြစ်ကြသနည်း” ဟုလည်း မေးအပ်သော်။ ဘီမသေနော၊ ဘီမသေနသည်။ “အဟံ ဓနုဂ္ဂဟော၊ ကျွန်တော်မျိုး ကား လေးသမားတည်း။
သကလဇမ္ဗု ဒီပေ၊ ဇမ္ဗူဒိပ်တစ်ကျွန်းလုံး၌။ မယာ သဒိသော၊ ကျွန်တော်မျိုးနှင့်တူသော။ ဓနုဂ္ဂဟော နတ္ထီတိ အာဟ၊ လေးသမား သည် မရှိ”ဟု လျှောက်ပြီ။
ကိံ ပန လဘန္တော၊ အဘယ်ကိုကား ရသော်။ မံ ဥပဋ္ဌ ဟိဿသီတိ၊ ငါ့ကို ခစားအံ့နည်းဟု မေးပြီ။
အဍ္ဎမာသေ သဟဿံ လဘန္တော၊ လခွဲတိုင်း၌ တစ်ထောင်ကို ရသော်။ ဥပဋ္ဌဟိဿာမိ ဒေဝါတိ၊ ခစားပါမည် အရှင် မင်းကြီးဟု လျှောက်ပြီ။
အယံ ပုရိသော တေ၊ ဤပုကွသော ယောက်ျားသည် သင်နှင့်။ ကိ ဟောတီတိ၊ ဘာဖြစ်သနည်းဟု မေးပြီ။
စူဠုပဋ္ဌာကော ဒေဝါတိ၊ အလုပ်ကျွေးငယ်ပါ အရှင်မင်းကြီးဟုလျှောက်ထားပြီ။
သာဓု ဥပဋ္ဌဟာတိ၊ ကောင်းပြီ ခစားလော့ဟု မိန့်ပြီ။
တတော ပဋ္ဌာယ၊ ထိုနေ့မှ စ၍။ ဘီမသေနော ရာဇာနံ ဥပဋ္ဌဟတိ၊ ဘီမသေနသည် မင်းကိုခစား၏။
ပန အဿ၊ သို့သော်လည်း ထိုဘီမသေနအတွက်။ ဥပ္ပန္နကိန္နံ ဗောဓိသတ္တောဝ နိတ္ထရတိ၊ ဖြစ်ပေါ်လာသော ကိစ္စကို ဘုရားလောင်းသည်သာ ထုတ်ဆောင် ဆောင်ရွက်ရ၏။
တေန ခေါ ပန သမယေန ကာသိရဋ္ဌ၊ ထိုအခါ ကာသိတိုင်း၌။ ကသ္မိံ အရညေ၊ တစ်ခုသော တောအုပ်၌။ ဗဟူနံ မနုဿာနံ သဉ္စရဏမဂ္ဂံ၊ များစွာကုန် သော လူတို့၏ သွားလာရာလမ်းကြောင်းကို။ ဗျဂ္ဂေါ ဆာပေတိ၊ ကျားသည် စွန့်လွှတ်စေ၏။ ဗဟူ မနုဿ၊ များစွာကုန်သော လူတို့ကို။ ဂဟေတွာ ဂဟေတွာ ခါဒတိ၊ ဖမ်းယူ၍ ဖမ်းယူ၍ စား၏။
တံ ပဝတ္တိ ရညော အာရောစေသုံ၊ ထို အကြောင်းကို မင်းအား လျှောက်ထားကုန်ပြီ။
ရာဇာ ဘီမသေနံ ပက္ကောသာပေတွာ၊ မင်းသည် ဘီမသေနကို ခေါ်စေ၍။ “တာတ နံ ဗျ ဂ္ဃံ၊ ချစ်သား ထိုကျားကို။ ဂဏှိတုံ သက္ခိဿသီတိ အာဟ၊ ဖမ်းယူခြင်းငှာ စွမ်းနိုင်အံ့လော”ဟု မေးပြီ။
ဒေဝ၊ အရှင်မင်းမြတ်။ ဗျဂ္ဃံ ဂဟေတုံ၊ ကျားကို ဖမ်းယူခြင်းငှာ။ ယဒိ န သက္ကောမိ၊ အကယ် ၍ မစွမ်းနိုင်အံ့။ အဟံ ကိ ဓနုဂ္ဂဟော နာမ၊ ကျွန်တော်မျိုးသည် ဘယ်မှာ လေး သမားမည်အံ့နည်း။ ဣတိ၊ ဤသို့ လျှောက်ထားပြီ။
ရာဇာ တဿ၊ မင်းသည် ထိုဘီမသေနအား။ ပရိဗ္ဗယံ ဒတွာ ဥယျောဇေသိ၊ ရိက္ခာကို ပေး၍ လွှတ်လိုက်ပြီ။
သော ဃရံ ဂန္တွာ၊ ထိုဘီမသေနသည် အိမ်သို့ သွား၍။ ဗောဓိသတ္တဿ ကထေသိ၊ ဘုရားလောင်းအား ပြောပြပြီ။
သာဓု သမ္မ ဂစ္ဆာတိ၊ ကောင်းပြီ မိတ်ဆွေ သွားပါဟု။ ဗောဓိသတ္တော အာဟ၊ ဘုရားလောင်းသည် ပြောပြီ။
တွံ ပန န ဂမိဿသီတိ၊ သင်သည်ကား မသွားအံ့လောဟု မေးပြီ။
အာမ န ဂမိဿာမိ၊ အေး မသွားအံ့။ ပန တေ၊ သို့သော်လည်း သင့်အား။ ဥပါယံ အာစိက္ခိဿာမီတိ၊ နည်းလမ်းကို ပြောလိုက်မည်ဟု ပြောပြီ။
အာစိက္ခ သမ္မာတိ၊ ပြောကြားပါ မိတ်ဆွေဟု ပြောပြီ။
တွံ ဗျဂ္ဃဿ ဝသနဋ္ဌာနံ၊ သင်သည် ကျား၏ နေရာဌာနသို့။ သဟသာ ဧကကောဝ၊ အဆောတလျှင် တစ်ယောက်တည်းသာ။ မာ အဂမာသိ၊ မသွားလင့်။ ဇနပဒ မနုဿ သန္နိပါတေတွာ ပန၊ ဇနပုဒ်နေလူတို့ကို ကောင်းစွာ ကျရောက် စုဝေး စေပြီး၍ကား။ ဧကံ ဝါ ဒွေ ဝါ ဓနုသဟဿာနိ၊ လေးတစ်ထောင်တို့ကိုလည်း ကောင်း လေးနှစ်ထောင်တို့ကိုလည်းကောင်း။ ဂါဟာပေတွာ တတ္ထ ဂန္တွာ၊ ယူစေ၍ ထိုကျားရှိရာသို့ သွား၍။ ဗျဂ္ဃဿ ဥဋ္ဌိတဘာဝံ၊ ကျား၏ ထကြောင်းကို။ ဉတွာ ပလာယိတွာ၊ သိ၍ ပြေးသွား၍။ ဧကံ ဂုမ္ဗိံ ပဝိသိတွာ၊ တစ်ခုသော ခြုံသို့ ဝင်၍။ ဥရေန နိပဇ္ဇေယျာသိ၊ ရင်ဖြင့် ဝပ်နေလော့။ ဇာနပဒါဝ၊ ဇနပုဒ်နေ လူတို့သည်ပင်။ ဗျဂ္ဃံ ပေါထေတွာ ဂဏိဿန္တိ၊ ကျားကို ရိုက်နှက်၍ ဖမ်းယူကြလတံ့။ ဗျဂ္ဃ ဂဟိတေ၊ ကျားကို ထိုဇနပုဒ်သားတို့သည် ဖမ်းယူအပ်ပြီးသော်။ တွံ ဒန္တေဟိ၊ သင်သည် သွားတို့ဖြင့်။ ဧကံ ဝလ္လိံ ဆိန္ဒိတွာ၊ တစ်ချောင်းသော နွယ်ကို ကိုက်ဖြတ် ၍။ ကောဋိယံ ဂဟေတွာ၊ နွယ်စ၌ ကိုင်၍။ မတဗျဂ္ဃဿ သန္တိကံ ဂန္တွာ၊ သေသော ကျား၏ ထံသို့ သွား၍။ “ဘော ကေန၊ အချင်းတို့ အဘယ်သူသည်။ ဧသော ဗျဂ္ဃေါ မာရိတော၊ ဤကျားကို သတ်အပ်သနည်း။ အဟံ ဣမံ ဗျူဂုံ၊ ငါသည် ဤကျားကို။ ဂေါဏံ ဝိယ ဝလ္လိယာ ဗန္တိတွာ၊ နွားကိုကဲ့သို့ နွယ်ကြိုးဖြင့် ဖွဲ့ချည်၍။ ရညော သန္တိကံ၊ မင်း၏ အထံတော်သို့။ နေဿာမီတိ၊ ဆောင်ယူအံ့”ဟု တွေး၍။ ဝလိအတ္ထာယ ဂုမ္ဗံ ပဝိဋ္ဌော၊ နွယ်ကြိုးအကျိုးငှာ ခြံသို့ ဝင်ပြီ။ မယာ ဝလ္လိယာ အနာဘတာယဧဝ၊ ငါသည် နွယ်ကြိုးကို မဆောင်ယူအပ်မီသာ။ ကေန ဧသော၊ အဘယ်သူသည် ဤကျားကို။ မာရိဟောတိ ကထေယျာသိ၊ သတ်အပ်သနည်းဟု ပြောလော့။
အထ တေ ဇာနပဒါ၊ ထိုအခါ ထိုဇနပုဒ်သားတို့သည်။ ဘီတတသိတာ၊ ကြောက်ရွံ့ထိတ်လန့်ကြလျက်။ “သာမိ ရညော၊ အရှင် မင်းကြီးအား။ မာ အာစိကွီတိ၊ မလျှောက်ပါလင့်”ဟု ပြော၍။ ဗဟုံ ဓနံ ဒဿန္တိ၊ များစွာသော ဥစ္စာကို ပေးကြလတံ့။ ဗျဂ္ဃေါ၊ ကျားကို။ တယာ ဂဟိတော ဘဝိဿတိ၊ သင်သည် ဖမ်းယူရာရောက်သည် ဖြစ်လတံ့။ ရညော သန္တိကာပိ၊ မင်းကြီး၏ အထံမှလည်း။ ဗဟုံ ဓနံ လဘိဿတီတိ၊ များစွာသော ပစ္စည်းကို ရလိမ့်မည်ဟု ပြောပြပြီ။
သော သာတိ သမ္ပဋိစ္ဆိတွာ၊ ထိုဘီမသေနသည် ကောင်းပါပြီဟု ဝန်ခံ၍။ ဗောဓိသတ္တေန ကထိတနိယာမေနေဝ၊ ဘုရားလောင်းသည် ပြောအပ်သော နည်းဖြင့်ပင်။ ဗျဂ္ဃံ ဂဟေတွာ၊ ကျားကို ဖမ်းယူ။ အရညံ ခေမံ ကတွာ၊ တောကို ဘေးမရှိသည်ကို ပြု၍။ မဟာဇနပရိဝုတော၊ များစွာသော လူအပေါင်း ခြံရံအပ်လျက်။ ဗာရာဏသိ အာဂန္တွာ၊ ဗာရာဏသီမြို့သို့ လာ၍။ ရာဇာနံ ဒိသွာ၊ မင်းကို ဖူးမြင်၍။ “ဒေဝ မေ၊ အရှင်မင်းကြီး ကျွန်တော်မျိုးသည်။ ဗျဂ္ဃေါ ဂဟိတော၊ ကျားကို ဖမ်းယူအပ် ခဲ့ပါပြီ။ အရည် ခေမံ၊ တောအုပ်ကို ဘေးမရှိသည်ကို။ ကတန္တိ အာဟ၊ ပြုအပ် ခဲ့ပါပြီ”ဟု လျှောက်ထားပြီ။
ရာဇာ တုဋ္ဌော၊ မင်းသည် နှစ်သက်၍။ ဗဟုံ ဓနံ အဒါသိ၊ များစွာသော ပစ္စည်းကို ပေးပြီ။
ပုန ဧကဒိဝသံ၊ တစ်ဖန် တစ်နေ့၌။ “ဧကမဂ္ဂံ မဟိံသော၊ တစ်ခုသော လမ်းခရီးကို ကျွဲရိုင်းသည်။ ဆဍ္ဍာ ပေတီတိ အာရောစေသုံ၊ စွန့်ပစ်စေ၏”ဟု လာရောက် လျှောက်ထားကြပြီ။ ရာဇာ တထေဝ၊ မင်းသည် ထိုရှေးအတူပင်။ ဘီမသေနံ ပေသေသိ၊ ဘီမသေနကို စေလွှတ်ပြီ။
သောပိ ဗောဓိသတ္တေန၊ ထိုဘီမသေနသည်လည်း ဘုရားလောင်းသည်။ ဒိန္နနယေန ဗျဂ္ဃံ ဝိယ၊ ပေးအပ်သောနည်းဖြင့် ကျားကိုကဲ့သို့။ တမ္ပိ ဂဟေတွာ အာဂဉ္ဆိ၊ ထိုကျွဲရိုင်းကိုလည်း ဖမ်းယူ၍ ပြန်လာပြီ။
ရာဇာ ပုန၊ မင်းသည် တစ်ဖန်။ ဗဟုံ ဓနံ အဒါသိ၊ များစွာသော ပစ္စည်းကို ပေးပြီ။ မဟန္တ ဣဿရိယံ၊ ဇာတ် ကြီးကျယ်မြင့်မြတ်သော အစိုးရမူသည် ဖြစ်ပြီ။ သော ဣဿရိယမဒမတ္တော၊ ထိုဘီမသေနသည် အစိုးရခြင်းမာန်ဖြင့် ယစ်၍။ ဗောဓိသတ္တံ အဝမည် ကတွာ၊ ဘုရားလောင်းကို မထီမဲ့မြင်ကို ပြု၍။ တဿ ဝစနံ န ဂဏှာတိ၊ ထိုဘုရား လောင်း၏ စကားကို မနာယူ။ “တံ နိဿာယ၊ သင့်ကို အမှီပြု၍။ အဟံ ဇီဝါမိ၊ ငါသည် အသက်မမွေး။ တွညေဝ ပုရိသော ကံ၊ သင်သည်သာ ယောက်ျား လော။ ဣတိအာဒီနိ ဖရုသဝစနာနိ ဝဒတိ၊ ဤသို့အစရှိကုန်သော ရိုင်းပျသော စကားတို့ကို ပြောဆို၏
အထ ကတိပါဟစ္စယေန၊ ထိုအခါ နှစ်ရက်သုံးရက်လွန်သဖြင့်။ ဧကော သာမန္တရာဇာ အာဂန္တွာ၊ တစ်ပါးသော ပြည်နီးချင်းမင်းသည် လာ၍။ ဗာရာဏသိံ ဥပရုတွာ၊ ဗာရာဏသီမြို့ကို အနီးကပ်ပိတ်ဆို့၍။ ရဇ္ဇံ ဝါ ယုဒ္ဓံ ဝါ ဒေတု ဣတိ၊ မင်းအဖြစ်ကိုသော်လည်းကောင်း စစ်ထိုးမှုကိုသော်လည်းကောင်း ပေးလော့ဟု။ ရညော သာသနံ ပေသေသိ၊ မင်းအား သတင်းကို ပို့စေပြီ။
ရာဇာ ယုဇ္ဈာဟီတိ၊ မင်းသည် စစ်တိုက်လော့ဟု စေခိုင်းပြီ။
သော သဗ္ဗသန္နာဟသန္နဒ္ဓေါ၊ ထို ဘီမသေန သည် အလုံးစုံချပ်ဝတ်တန်ဆာ ဝတ်ဆင်လျက်။ ရာဇဝေသံ ဂဟေတွာ၊ မင်းအသွင် ကို ယူ၍။ သုသန္နဒ္ဓဿ ဝါရဏဿ၊ ကောင်းစွာချပ်ဝတ်တန်ဆာ ဆင်မြန်းအပ် သော ဆင်တော်၏။ ပိဋ္ဌေ နိသီဒိ၊ ကျောပြင်၌ ထိုင်နေပြီ။
ဗောဓိသတ္တောပိ၊ ဘုရားလောင်းသည်လည်း။ တဿ မရဏဘယေန၊ ထိုဘီမသေန၏ သေမည်ကို ကြောက်သဖြင့်။ သဗ္ဗသန္နာဟသန္နဒ္ဓေါ၊ အလုံးစုံချပ်ဝတ်တန်ဆာ ဝတ်ဆင်လျက်။ ဘီမသေနဿ ပစ္ဆိမာသနေ ဧဝ နိသီဒိ၊ ဘီမသေန၏ နောက်ဖြစ်သော နေရာ၌သာ ထိုင်နေပြီ။
ဝါရဏော မဟာဇနပရိဝုတော၊ ဆင်တော်သည် လူအပေါင်း ခြံရံ အပ်လျက်။ နဂရဒွါရေန နိက္ခမိတွာ၊ မြို့တံခါးဖြင့် ထွက်ခဲ့ပြီး၍။ သင်္ဂါမသီသံ ပါပုဏိ၊ စစ်မြေဦးသို့ ရောက်ပြီ။
ဘီမသေနော ယုဒ္ဓဘေရိသဒ္ဒံ သုတွာဝ၊ ဘီမသေန သည် စစ်စည်သံကို ကြား၍ပင်။ ကပ္ပိတုံ အာရဒ္ဓေါ၊ တုန်လှုပ်ခြင်းငှာ အားထုတ်ပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ “ဣဒါနိ ဧသော၊ ယခုအခါ၌ ဤဘီမသေန သည်။ ဟတ္ထိပိဋ္ဌိတော ပတိတွာ၊ ဆင်ကျောပေါ်မှ ကျ၍။ မရိဿတီတိ၊ သေလိမ့်မည်”ဟု တွေး၍။ ဟတ္ထိက္ခန္ဓတော အပတနတ္ထံ၊ ဆင်ကျောမှ မကျစေ ခြင်းငှါ။ ဘီမသေနံ၊ ဘီမသေနကို။ ယောတ္တေန ပရိက္ခိတွာ ဂဏှိ၊ ကြိုးဖြင့် ကာရံ၍ ယူပြီ။ ဘီမသေနော၊ ဘီမသေနသည်။ သမ္မဟာရဋ္ဌာနံ ဒိသွာ၊ ထိုးခုတ်ပစ်ခတ်ရာ ဌာနကို မြင်ရ၍။ မရဏဘယတဇ္ဇီတော၊ သေဘေးခြိမ်းခြောက်ခံရကား။ သရီရဝလဉ္ဇေ၊ ခန္ဓာကိုယ်အညစ်အကြေးဖြင့်။ ဟတ္ထိပိဋ္ဌိ ဒူသေသိ၊ ဆင်ကျောကို ဖျက်ဆီးပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ “ဘီမသေန တေ၊ ဘီမသေန သင်၏။ ပုရိမေန ပစ္ဆိမံ၊ ရှေးကအဖြစ်နှင့် ယခုနောက်အဖြစ်သည်။ န ခေါ သမေတိ၊ မညီညွတ်။ တွံ ပုဗ္ဗေ၊ သင်သည် ရှေးက။ သင်္ဂါမယောဓော ဝိယ အဟောသိ၊ တိုက်ပွဲဝင်စစ်သားကဲ့သို့ ဖြစ်ပြီ။ ဣဒါနိ ဟတ္ထိပိဋ္ဌိ၊ ယခုတော့ ဆင်ကျောကို။ ဒူသေသီတိ ဝတွာ၊ ဖျက်ဆီးပြီ”ဟုပြော၍။
ဘီမသေန၊ ဘီမသေန။ တေ ပုရေ၊ သင်သည် ရှေးက။ ယံ ပဝိကတ္ထိတံ၊ အကြင်ကြွားဝါ ရှုတ်ချသော စကားကို။ (ဝုတ္တံ၊ ပြောဆိုအပ်ပြီ)။ (ဣဒံ တာဝ ဧကံ၊ ဤကြွားဝါရှုတ်ချသော စကားသည် တစ်ခုတည်း။ အထ ပစ္ဆာ၊ ထိုကြွားဝါရှုတ်ချပြီးနောက်၌။ တေ ပူတိသရာ သဇန္တိ၊ ထိုကိုယ်ပုပ်ရည် တို့သည် ယိုစီးကုန်၏။ တေ ယုဒ္ဓကထာ စ၊ သင်၏ တိုက်ပွဲနှင့်စပ် စကား အရပ်ရပ်သည်လည်းကောင်း။ တေ ဣဒဉ္စ ဝိဟညံ၊ သင်၏ ဆင်ကျော ပျက်အောင် ဤပင်ပန်းမှုသည်လည်းကောင်း။ ဥဘယံ န သမေတိ၊ နှစ်မျိုး စုံသည် ရှေ့နောက်မညီ။
တတ္ထ၊ ထိုဂါထာ၌။ **ယံ တေ ဝိကတ္ထိတံ ပုရေ** ဟိ၊ ယံ တေ ပရိကတ္ထိတံ ပုရေ ဟူသည်ကား။ တယာ ပုဗ္ဗေ၊ သင်သည် ရှေးက။ “တွံယေဝ ပုရိသော ကိံ၊ မင်းသည်သာ ယောက်ျားလော။ အဟံ န ပုရိသော၊ ငါကား ယောက်ျား မဟုတ် သလော။ အဟမ္ပိ သင်္ဂါမယောဓောတိ၊ ငါသည်လည်း တိုက်ပွဲဝင်စစ်သားတည်း” ဟု။ ယံ ဝိကတ္ထိတံ ယံ ဝနဝစနံ ဝုတ္တံ၊ အကြင်ကြွားဝါစကားကို အကြင်ရှုတ်ချစကားကို ပြောဆိုအပ်ပြီ။ ဣဒံ တာဝ ဧက၊ ဤသည်ကားရှေးဦးစွာ ပြောစကား တစ်ခုတည်း။
**အထ တေ ပူတိသရာ သဇန္တိ ပစ္ဆာ** တိ၊ အထ တေ သဇန္တိ ပစ္ဆာ ဟူသည်ကား။ အထ၊ ထိုမှနောက်၌။ ပူတိဘာဝေန သရဏဘာဝေန စ၊ ပုပ်သည်၏အဖြစ်ကြောင့်လည်းကောင်း ယိုစီးတတ်သည်၏ အဖြစ်ကြောင့် လည်းကောင်း။ ပူတိသရာတိ လဒ္ဓနာမာ၊ အပုပ်ရည်တို့ဟု ရအပ်သော အမည် ရှိကုန်သော။ တေ ဣမေ သရီရဝလဉ္ဇဓာရာ၊ ထိုရွံစရာ ဤခန္ဓာကိုယ် အညစ် အကြေးအလျဉ်တို့သည်။ သဇန္တိ ဝလဉ္ဇန္တိ ပဂ္ဃရန္တိ၊ အသုံးပြုကုန်၏ ယိုစီးကုန်၏။
**ပစ္ဆာ** တိ၊ ပုစ္ဆာဟူသည်ကား။ ပုရေ တတော ဝိကတ္ထိတတော အပရဘာဂေ၊ ရှေးက ထိုကြွားဝါရှုတ်ချသည်မှ နောက်အဖို့၌တည်း။ ဣဒါနိ ဣမသ္မိံ သင်္ဂါမသီသေ၊ ယခုအခါ ဤစစ်မြေဦး၌။ ဣတိ အတ္ထော၊ ဤကား ပစ္ဆာအနက်တည်း။
**ဥဘယံ သမေတိ ဘီမသေနာ** တိ၊ ဥဘယံ န သမေတိ ဘီမသေန ဟူသည်ကား။ ဘီမသေန ဣဒံ ဥဘယံ၊ ဘီမသေန ဤစကား နှစ်ရပ်သည်။ န သမေတိ၊ ရှေ့နောက်မညီတည်း။
ကတရံ၊ အဘယ်စကား နှစ်ရပ်နည်း။
တေ ယုဒ္ဓကထာ စ၊ သင်၏ စစ်ပွဲနှင့်စပ်စကားရပ်လည်းကောင်း။ တေ ဣဒဉ္စ ဝိဟညံ၊ သင်၏ ဆင်ကျောပျက်အောင် ဤပင်ပန်းခြင်းလည်းကောင်း။ ဣတိ၊ ဤစကား နှစ်ရပ်တည်း။ ပုရေ ကထိတာ၊ ရှေးက ပြောအပ်ခဲ့သော။ ယာ စ ယုဒ္ဓကထာ၊ အကြင်စစ်ပွဲနှင့်စပ် စကားရပ်လည်းကောင်း။ တေ ဣဒါနိ၊ သင်၏ ယခုအခါ၌။ ယဉ္စ ဝိဟညံ ကိလမထော၊ အကြင်ပင်ပန်းခြင်းလည်းကောင်း။ ဟတ္ထိပိဋ္ဌိ ဒူသနာကာရပ္ပတ္တော၊ ဆင်ကျောပျက်သော အခြင်းအရာသို့ ရောက်သော။ ယော စ ဝိဃာတော၊ အကြင် ပင်ပန်းခြင်းလည်းကောင်း။ ဣတိ၊ ဤကား။ အတ္ထော၊ စတုတ္ထပါဒ၏ အနက်တည်း။
ဗောဓိသတ္တော၊ ဤသို့ ဘုရားလောင်းသည်။ တံ ဂရဟိတွာ၊ ထိုဘီမသေန ကို ကဲ့ရဲ့၍။ “မာ ဘာယိ သမ္မ၊ မကြောက်ပါလင့် မိတ်ဆွေ။ မယိ ဌိတေ၊ ငါသည် တည်ရှိနေပါလျက်။ ကသ္မာ ဝိဟညသီတိ၊ ဘာကြောင့် ပင်ပန်းရသနည်း”ဟု ပြော၍။ ဘီမသေနံ ဟတ္ထိပိဋ္ဌိတော သြတာရေတွာ၊ ဘီမသေနကို ဆင်ကျောပေါ်မှ ဆင်းစေ၍။ “နှာဟိတွာ၊ ရေချိုး၍။ ဂေဟမေဝ ဂစ္ဆာတိ ဥယျောဇေတွာ၊ အိမ်သို့သာ သွားပါလေ”ဟု လွှတ်လိုက်ပြီး၍။ “အဇ္ဇ မယာ၊ ယနေ့ ငါသည်။ ပါကဋေန၊ ထင်ရှားသူသည် ဖြစ်ခြင်းငှာ။ ဝဋ္ဋတိ၊ သင့်၏ဟု တွေး၍။ သင်္ဂါမံ ပဝိသိတွာဥန္နဒိတွာ၊ စစ်ပွဲသို့ ဝင်၍ ကြွေးကြော်၍။ ဗလကောဋ္ဌကံ ဘိန္ဒိတွာ၊ ဗိုလ်ပါအစုကို ဖေါက်ခွဲ၍။ သပတ္တရာဇာနံ၊ ရန်သူမင်းကို။ ဇီဝဂ္ဂါဟံ ဂါဟာပေတွာ၊ အရှင်ဖမ်းယူ ခြင်းကို ဖမ်းယူစေ၍။ ဗာရာဏသိရညော သန္တိကံ အဂမာသိ၊ ဗာရာဏသီမင်း၏ ထံသို့ သွားပြီ။
ရာဇာ တုဋ္ဌော ဗောဓိသတ္တဿ၊ မင်းသည် နှစ်သက်၍ ဘုရား လောင်းအား။ မဟန္တံ ယသံ အဒါသိ၊ များစွာသော စည်းစိမ်အခြံအရံကို ပေးပြီ။
တတော ပဋ္ဌာယ၊ ထိုနေ့မှစ၍။ စူဠဓနုဂ္ဂဟပဏ္ဍိတောတိ၊ စူဠဓနုဂ္ဂဟပဏ္ဍိတဟူ၍။ သကလဇမ္ဗု ဒီပေ၊ ဇမ္ဗူဒိပ်တစ်ကျွန်းလုံး၌။ ပါကဋော အဟောသိ၊ ထင်ရှားသည် ဖြစ်ပြီ။
သော ဘီမသေနဿ၊ ထိုဘုရားလောင်းသည် ဘီမသေနအား။ ပရိဗ္ဗယံ ဒတွာ၊ ရိက္ခာကို ပေး၍။ သကဋ္ဌာနမေဝ ပေသေတွာ၊ မိမိဌာနသို့သာ စေလွှတ်ပြီး ၍။ ဒါနာဒီနိ ပုညာနိ ကတွာ၊ ဒါနအစရှိကုန်သော ကောင်းမှုတို့ကို ပြု၍။ ကမ္မံ ဂတော၊ ကံအားလျော်စွာ လားပြီ။
သတ္ထာ၊ ဘုရားရှင်သည်။ “ဘိက္ခဝေ ဣဒါနေဝ၊ ရဟန်းတို့ ယခုအခါသာ။ ဧသော ဘိက္ခု န ဝိကတ္ထေတိ၊ ဤရဟန်းသည် ကြွားဝါသည်မဟုတ်။ ပုဗ္ဗေပိ၊ ရှေးကလည်း။ ဝိကတ္ထိယေဝါဟိ ဝတွာ၊ ကြွားဝါသည်သာ”ဟု မိန့်တော်မူ၍။ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဤတရားဒေသနာကို ဆောင်တော်မူ၍။ အနုသန္ဓိံ ဃဋေတွာ၊ အနုသန္ဓေကို စပ်တော်မူ၍။
“တဒါ ဘီမသေနော၊ ထိုအခါက ဘီမသေနသည်။ ဝိကတ္ထိတဘိက္ခု အဟောသိ၊ ကြွားဝါသော ရဟန်းသည် ဖြစ်လာပြီ။ စူဠဓနုဂ္ဂဟပဏ္ဍိတော ပန၊ စူဠဓနုဂ္ဂဟပညာရှိသည်ကား။ အဟမေဝ အဟောသိန္တိ၊ ငါဘုရား သည်သာ ဖြစ်လာပြီ”ဟု။ ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
ဘီမသေနဇာတကဝဏ္ဏနာ ဒသမာ၊ ဆယ်ခုမြောက်ဖြစ်သော ဘီမသေနဇာတ်အဖွင့်တည်း။
ဝရုဏဝဂ္ဂေါ အဋ္ဌမော၊ ရှစ်ခုမြောက်ဖြစ်သော ဝရုဏဝဂ်တည်း။
တဿ ဥဒ္ဒါနံ၊ ထိုဝရုဏဝဂ်၏ အကျဉ်းချုပ် ခေါင်းစဉ်ကား။
ဝရုဏံ သီလဝနာဂံ၊ ဝရုဏဇာတ်လည်းကောင်း, သီလဝနာဂဇာတ်လည်းကောင်း။ သစ္စံ ဆိကိရ ရုက္ခဓမ္မံ၊ သစ္စံကိရဇာတ်, ရုက္ခဓမ္မဇာတ်လည်းကောင်း။
မစ္ဆရာဇာ အသကိယံ၊ မစ္ဆရာဇဇာတ်လည်းကောင်း, အသကိယဇာတ်လည်းကောင်း။ မဟာသုပိနဣတ္ထိသံ၊ မဟာသုပိနဇာတ်, ဣတ္ထိသဇာတ်လည်းကောင်း။
ခရဿရံ ဘီမသေနံ ဣတိ၊ ခရဿရဇာတ်လည်းကောင်း ဘီမသေနဇာတ် လည်းကောင်း ဤသည်ပင်တည်း။