Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
Jātaka-aṭṭhakathā(Paṭhamo bhāgo)
Jātaka-aṭṭhakathā(Paṭhamo bhāgo)

[119] 9. Akālarāvijātakavaṇṇanā

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

**အမာတာပိတရသံဝဒ္ဓေါ** တိ ဣဒံ၊ အမာတာပိတရသံဝဒ္ဓေါအစရှိသော ဤတရားဒေသနာတော်ကို။ သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။ အကာလရာဝိံ ဧကံ ဘိက္ံ၊ အခါမဲ့ပြော ဆိုတတ်သော ရဟန်းတစ်ပါးကို။ အာရဗ္ဗ ကထေသိ၊ အကြောင်းပြု၍ ဟောတော် မူပြီ။
သာဝတ္ထိဝါသီ သော ကုလပုတ္တော၊ သာဝတ္ထိမြို့နေသော ထိုအမျိုးသားသည်။ သာသနေ ပဗ္ဗဇိတွာ၊ သာသနာတော်၌ ရှင်ရဟန်းပြု၍။ ဝတ္တံ ဝါ သိက္ခဝါ န ဥဂ္ဂိ၊ ကျင့်ဝတ်ကိုလည်းကောင်း အကျင့်သိက္ခာကိုလည်းကောင်း မသင်ယူ။
သော၊ ထိုရဟန်းသည်။ “ဣမသ္မိံ ကာလေ၊ ဤအချိန်၌။ မယာ ဝတ္တံ ကာတဗ္ဗံ၊ ငါသည် ဝတ်ကြီးဝတ်ငယ်ကို ပြုသင့်၏။ ဣမသ္မိံ ကာလေ ဥပဋ္ဌာတတ္တံ၊ ဤအချိန်၌ ဆည်းကပ်ခစားသင့်၏။ ဣမသ္မိံ ကာလေ ဥဂ္ဂဟေတဗ္ဗံ၊ ဤအချိန်၌ သင်ယူသင့်၏။ ဣမသ္မိံ ကာလေ၊ ဤအချိန်၌။ သဇ္ဈာယိတဗ္ဗန္တိ န ဇာနာတိ၊ ပြန်လှန်သရဇ္ဈာယ် သင့်၏”ဟု မသိ။ ပဌမယာမေပိ မဇ္ဈိမယာမေပိ၊ ပဌမယာမ်၌သော်လည်းကောင်း မဇ္ဈိမယာမ်၌သော်လည်းကောင်း။ ပစ္ဆိမယာမေပိ၊ ပစ္ဆိမယာမ်၌သော်လည်း ကောင်း။ ပဗုဒ္ဓပဗုဒ္ဓက္ခဏေယေဝ၊ နိုးရာနိုးရာအခါ၌ပင်။ မဟာသဒ္ဒံ ကရောတိ၊ ကျယ်စွာသော အသံကို ပြု၏။ ဘိက္ခူ နိဒံ န လဘန္တိ၊ ရဟန်းတို့သည် အိပ်ခွင့်ကို မရကြကုန်။
ဓမ္မသဘာယံ ဘိက္ခူ၊ တရားသဘင်၌ ရဟန်းတို့သည်။ “အာဝုသော အသုကော နာမ ဘိက္ခု၊ အို. . ငါ့ရှင်တို့ ထိုမည်သော ရဟန်းသည်။ ဧဝရူပေ ရတနသာသနေ၊ ဤသို့ သဘောရှိသော ရတနာဖြစ်သော သာသနာ၌။ ပဗ္ဗဇိတွာ၊ ရှင်ရဟန်းပြုပြီး၍။ ဝတ္တံ ဝါ သိပ္ပံ ဝါ၊ ဝတ်ကြီးဝတ်ငယ်ကိုလည်းကောင်း အကျင့် သိက္ခာကိုလည်းကောင်း။ ကာလံ ဝါ အကာလံ ဝါ၊ သင့်လျော်သော အခါကိုလည်း ကောင်း မသင့်လျော်သော အခါကိုလည်းကောင်း။ န ဇာနာတီတိ၊ မသိတတ်”ဟု။ တသ အဂုဏကထံ ကထေသုံ၊ ထိုရဟန်း၏ အပြစ်နှင့်စပ်သော စကားကို ပြောကြကုန်ပြီ။
သတ္တာ အာဂန္တွာ၊ ဘုရားရှင်သည် ကြွလာတော်မူပြီး၍။ “ဘိက္ခဝေ ဧတရဟိ၊ အို . ရဟန်းတို့ ယခုအခါ။ ကာယ ကထာယ သန္နိသိန္နာ၊ အဘယ်မည် သော စကားဖြင့် ကောင်းစွာထိုင်နေကြသည်။ အတ္ထ နုတိ ပုစ္ဆိက္ခာ၊ ဖြစ်ကြ သနည်း” ဟု မေးတော်မူ၍။ “ဣမာယ နာမာတိ ဝုတ္တေ၊ ဤမည်သော စကားဖြင့်ပါ”ဟုလျှောက်ထားအပ်သော်။ “ဘိက္ခဝေ ဣဒါနေဝ၊ အို. . ရဟန်းတို့ ဤယခုအခါ၌ သာ။ ဧသော န အကာလရာဝီ၊ ဤရဟန်းသည် အခါမဲ့အသံပြုတတ်သည် မဟုတ် သေး။ ပုဗ္ဗေပိ အကာလရာဝီယေဝ၊ ရှေးကလည်း အခါမဲ့အသံပြုတတ်သည်သာ။ ကာလာကာလံ၊ သင့်လျော်သောအခါ မသင့်လျော်သောအခါကို။ အဇာနနဘာ ဝေန စ၊ မသိသည်၏ အဖြစ်ကြောင့်လည်း။ ဂီဝါယ ဝဋ္ဋိတာယ၊ လည်ပင်းကို လိမ်ခံ ရသဖြင့်။ ဇီဝိတက္ခယံ ပတ္တောတိ ဝတွာ၊ အသက်ကုန်ခြင်းသို့ရောက်ရပြီ”ဟု မိန့်တော် မူ၍။ အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။ ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုလတ်သော်။ ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ ဥဒိစ္စဗြာဟ္မဏကုလေ နိဗ္ဗတ္တိတွာ၊ မြင့်မြတ်သော ပုဏ္ဏားမျိုး၌ ဖြစ်၍။ ဝယပ္ပတ္တော သဗ္ဗသိပွေသု၊ အရွယ်ရောက်သော် အားလုံးသော အတတ် ပညာတို့၌။ ပါရံ ဂန္တွာ၊ တစ်ဘက်ကမ်းသို့ ရောက်၍။ ဗာရာဏသိယံ ဒိသာပါမော က္ခော၊ ဗာရာဏသီမြို့၌ အရပ်လေးမျက်နှာအကြီးအမှူးဖြစ်သော။ အာစရိယော ဟုတွာ၊ ဆရာသည် ဖြစ်၍။ ပဉ္စသတေ မာဏဝေ၊ ငါးရာကုန်သော လုလင်တို့ကို။ သိပ္ပံ ဝါစေတိ၊ အတတ်ပညာကို ရွတ်ဆိုစေ၏ သင်ပြပေး၏။
တေသံ မာဏဝကာနံ ဧကော၊ ထိုလုလင်တို့မှာ တစ်ကောင်သော။ ကာလရာဝီ ကုက္ကုဋော အတ္ထိ၊ အချိန်မှန် တွန်သော ကြက်သည် ရှိ၏။ တေ တဿ၊ = ထိုလုလင်တို့သည် ထိုအချိန်မှန်တွန်သော ကြက်၏။ ဝဿိတသဒ္ဒေန ဥဋ္ဌာယ၊ တွန်သံဖြင့် ထ၍။ သိပ္ပံ သိက္ခန္တိ၊ အတတ်ပညာ ကို သင်ယူကြ၏။
သော ကာလံ အကာသိ၊ ထိုအချိန် မှန်တွန်သော ကြက်သည် သေခြင်းကို ပြုပြီ။
တေ အညံ ကုုက္ကုဋံ၊ ထိုလုလင်တို့သည် အခြားသော ကြက်ကို။ ပရိယေသန္တာ စရန္တိ၊ ရှာဖွေကြလျှက် လှည့်လည်ကုန်၏။
အထ ဧကော မာဏဝကာ၊ လုလင်သည်။ သုသာနဝနေ ဒါနိ ဥဒ္ဓရန္တော၊ သုသာန် ထိုအခါ တစ်ယောက်သော ရှိသော တောထဲ၌ တင်းတို့ကို ထုတ်ဆောင်သော် ခွေသော်။ ဧကံ ကုက္ကုဋံ ဒိသွာ၊ တစ်ကောင်သော ကြက်ကို တွေ့ရ၍။ အာနေတွာ ပဉ္စရေ ဌပေတွာ၊ ဖမ်းယူ၍ လှောင်ချိုင့်၌ တည့်ထား၍။ ပဋိဇဂ္ဂတိ၊ မွေးမြူ၏။
သော သုသာနေ ဂတတ္တာ၊ ထိုကြက်သည် သုသာန်ထဲ၌ ကြီးပြင်းသည့် အဖြစ်ကြောင့်။ “အသုကဝေလာယ နာမ၊ ထိုမည်သော အချိန်၌။ ဝဿိတန္တိ၊ တွန်သင့်၏”ဟု။ အဇာနန္တော၊ မသိရကား။ ကဒါစီ၊ တစ်ရံတစ်ခါ၌။ အတိရတ္တိံ ဝဿတိ၊ အလွန်စောစွာ တွန်၏။ ကဒါစိအရုဂွမနေ၊ တစ်ရံတစ်ခါ၌ အရုဏ်တက်ချိန်၌။ (ဝဿတိ၊ တွန်၏)။
မာဏဝါ တဿ၊ လုလင်တို့သည် ထိုကြက်၏။ အတိရတ္တံ ဝဿိတကာလေ၊ အလွန်စောစွာ တွန်ရာအခါ၌။ သိပ္ပံ သိက္ခန္တာ၊ အတတ်ပညာကို သင်ယူကြသော်။ ယာဝ အရုဏု ဂ္ဂမနာ၊ အရုဏ်တက်သည့် တိုင်အောင်။ သိက္ခိတုံ န သက္ကောန္တိ၊ သင်ယူခြင်းငှါ မစွမ်းနိုင်ကုန်။ နိဒ္ဒါယမာနာ၊ ငိုက်မြည်းကြ၍။ ဂဟိတဌာနမ္ပိ န ပဿန္တိ၊ သင်ယူရာ ဌာနကိုလည်း မတွေ့မြင်ကုန်။
အတိပဘာတေ ဝဿိတကာလေ၊ အလွန်လင်းအား ကြီးသော အချိန်၌ တွန်ရာကာလ၌။ သဇ္ဈာယဿ၊ ပြန်လှန်သရဇ္ဈာယ်ခြင်း၏။ ဩကာသမေဝ န လဘန္တိ၊ အခွင့်ကိုပင် မရကြကုန်။
မာဏဝါ၊ လုလင်တို့သည်။ “အယံ အတိရတ္တိ ဝါ၊ ဤကြက်သည် အလွန်စောစွာသော်လည်းကောင်း။ အတိ ပဘာတေ ဝါ ဝဿတိ၊ အလွန် လင်းမှသော်လည်းကောင်း တွန်၏။ ဣမံ နိဿာယ၊ ကြက်ကို မှီ၍။ အမှာကံ သိပ္ပံ၊ ငါတို့အား အတတ်ပညာသည်။ န နိဋ္ဌာယိဿတီ တိ၊ ပြီးစီးမှုဖြစ်လိမ့် မဟုတ်”ဟုတွေး၍။ တံ ဂဟေတွာ၊ ထိုကြက်ကို ဖမ်းယူ၍။ ဂီဝံ ဝတွာ၊ လည်ကို လိမ်၍။ ဇီဝိတက္ခယံ ပါပေတွာ၊ အသက်ကုန်ခြင်းသို့ရောက်စေပြီး ၍။ “အကာလ ရာဝီ ကုက္ကုဋော၊ အခါမဲ့တွန်တတ်သော (အချိန်မှန်မတွန်သော) ကြက်ကို။ အမှေဟိ ယာတိတောတိ၊ ကျွန်တော်တို့သည် သတ်အပ်ပါပြီ”ဟု။ အာစရိယဿ ကထေသုံ၊ ဆရာအား ပြောကြားကုန်ပြီ။
အာစရိယော၊ ဘုရားလောင်း ဆရာကြီးသည်။ ဩဝါဒ အဂ္ဂဟေတွာ၊ ဩဝါဒကို မနာယူရမူ၍။ သံဝနိုတဘာဝေန၊ ကြီးပြင်းခဲ့သည့်အဖြစ်ကြောင့်။ မရဏံ ပတ္တောတိ ဝတွာ၊ သေခြင်းသို့ ရောက်ရ၏”ဟု ပြောဆို၍။
အမာတာ ပိတရသံဝဒ္ဓေါ၊ မိကောင်းဖခင်အထံ၌ ကြီးပြင်းလာသူ မဟုတ် သော။ အနာစေရကုလေ ဝသံ၊ ဆရာသမားကောင်းအိမ်၌ မနေဘူးသော။
အယံ ကုက္ကုဋော၊ ဤကြက်သည်။ ကာလံ ဝါ အကာလံ ဝါ၊ တွန်သင့်သော အချိန်ကိုလည်းကောင်း မတွန်သင့်သော အချိန်ကိုလည်းကောင်း။ န အဘိဇာနာတိ၊ မသိ။
တတ္ထ၊ ထိုဂါထာ၌။ **အမာတာပိတရသံဝဒ္ဓေါ** တိ၊ အမာတာပိတရသံဝဒ္ဓေါ ဟူသည်ကား။ မာတာပိတရော နိဿာယ၊ မိကောင်းဖခင်တို့ကို မှီ၍။ တေသံ ဩဝါဒ၊ ထိုမိဘတို့၏ ဩဝါဒကို။ အဂ္ဂဟေတွာ သံဝဍ္ဎော၊ မနာယူရမူ၍ ကြီးပြင်းလာ သောတည်း။
**အနာစေရကုလေ ၀သန္တိ**၊ အနာစေရကုလေ ဝသံဟူသည်ကား။ အာစရိယကုလေပိ အဝသမာနော၊ ဆရာသမားကောင်းအိမ်၌လည်း မနေဘူး သောတည်း။ အာစရသိက္ခာပကံ၊ ကျင့်ဝတ်ကို သင်ပြပေးတတ်သော။ ကဉ္စိ၊ တစ်စုံ တစ်ယောက်ဆရာကို။ နိဿာယ အဝသိတတ္တာ၊ မှီ၍ မနေဘူးသည်အဖြစ် ကြောင့်။ (န အဘိဇာနာတိ၊ မသိ)။ ဣတိ အတ္ထော၊ ဤကား ဒုတိယပါဒအနက် တည်း။
**နာယံ ကာလံ အကာလံ** ဝါတိ၊ နာယံ ကာလံ အကာလံ ဝါ ဟူသည် ကား။ ဣမသ္မိံ ကာလေ ဝဿိတဗ္ဗံ၊ ဤအချိန်၌ တွန်သင့်၏။ ဣမသ္မိံ န ဝဿိတန္တိ၊ ဤအချိန်၌ မတွန်သင့်ဟု။ ဧဝံ ဝဿိတဗ္ဗယုတ္တကံ၊ ဤသို့ တွန်သင့်သည်နှင့် ဆက်စပ်သော။ ကာလံ ဝါ အကာလံ ဝါ၊ သင့်လျော်သော အခါကိုလည်းကောင်း မသင့်လျော်သော အခါကိုလည်းကောင်း။ ဧသော ကုက္ကုဋော န ဇာနာတိ၊ ဤ ကြက်သည် မသိ။ အဇာနနဘာဝေနေဝ၊ မသိသည်အဖြစ်ကြောင့်သာ။ ဇီဝိတ က္ခယံ ပတ္တော ဣတိ၊ အသက်ကုန်ခြင်းသို့ ရောက်ရှာရ၏တည်း ဤကား ဂါထာဖွင့် အပြီးတည်း။
ဣဒံ ကာရဏံ ဒဿတွာ၊ ဤအကြောင်းကို ပြပြီး၍။ ဗောဓိ သတ္တော၊ ဘုရားလောင်းသည်။ ယာဝတာယုကံ ဌတွာ၊ အသက်အပိုင်းခြား ကာလပတ်လုံး တည်ရှိ၍။ ယထာကမ္မံ ဂတော၊ ကံအားလျော်စွာ လားပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာ တော်ကို ဆောင်တော်မူ၍။
“တဒါ အကာလရာဝီ ကုက္ကုဋော၊ ထိုအခါက အခါမဲ့ တွန်တတ်သော ကြက်သည်။ အယံ ဘိက္ခု အဟောသိ၊ ဤအချိန်မဲ့သူတတ်သော ရဟန်းသည် ဖြစ်ပြီ။ အန္တေ၀ါသိကာ ဗုဒ္ဓပရိသာ၊ အနီးနေတပည့်တို့ကား ငါဘုရား ပရိသတ်တို့တည်း။ အာစရိယော ၀န၊ ဒိသာပါမောက္ခဆရာသည်ကား။ အဟ မေဝ အဟောသိ၊ ငါဘုရားသည်သာ ဖြစ်လာပြီ”ဟု။ ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
အကာလရာဝိဇာတကဝဏ္ဏနာ နဝမာ၊ ကိုးခုမြောက်ဖြစ်သောအကာလရာဝိဇာတ်အဖွင့်တည်း။