**ဒုမ္မေဓာနန္တိ ဣဒံ**၊ ဒုမ္မေဓာနံ အစရှိသော ဤတရားဒေသနာတော်ကို။
သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။
လောကတ္ထစရိယံ အာရဗ္ဘ ကထေသိ၊ အများအကျိုးကျင့်တော်မူမှုကို အကြောင်းပြု၍ ဟောတော်မူပြီ။
သာ ဒွါဒသကနိပါတေ မဟာကဏှဇာတကေ၊ ထိုအများအကျိုး ကျင့်တော်မူမှုသည် ဒွါဒသကနိပါတ်၌ မဟာကဏှဇာတ်၌။
အာဝိ ဘဝိဿတိ၊ ထင်ရှားစွာ ဖြစ်လတ္တံ့။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။
ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။
ဗောဓိသတ္တော တဿ ရညော အဂ္ဂမဟေသိယာ၊ ဘုရားလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ မိဖုယားကြီး၏။
ကုစ္ဆိမှိ ပဋိသန္ဓိံ ဂဏှိ၊ ဝမ်း၌ ပဋိသန္ဓေကို ယူပြီ။
မာတုကုစ္ဆိတော နိက္ခန္တဿ တဿ နာမံ၊ မယ်တော်ဝမ်းမှ ဖွားတော်မူသော ထိုဘုရားလောင်း၏ အမည်ကို။
နာဂ္ဂဟဏဒိဝသေ ဗြဟ္မဒတ္တကုမာရောတိ အကံသု၊ နာမည်ယူရာ မှည့်ရာနေ့၌ ဗြဟ္မဒတ် မင်းသားဟု ပြုကြမှည့်ကြပြီ။
သော သောဠသဝဿုဒ္ဒေသိကော ဟုတွာ၊ ထိုဗြဟ္မဒတ်မင်းသားသည် ၁၆-နှစ်ရှိသည် ဖြစ်သော်။
တက္ကသိလာယံ သိပ္ပံ ဥဂ္ဂဏှိတွာ၊ တက္ကသိုလ်မြို့၌ အတတ်ပညာကို သင်ယူ၍။
တိဏ္ဏံ ဝေဒါနံ ပါရံ ဂန္တွာ၊ သုံးခုကုန်သော ဝေဒကျမ်းတို့၏ တစ်ဖက်ကမ်းသို့ ရောက်၍။
အဋ္ဌာရသန္နံ ဝိဇ္ဇဋ္ဌာနာနံ၊ ၁၈-ရပ်ကုန်သော အတတ်ပညာတို့၏။
နိပ္ဖတ္တိံ ပါပုဏိ၊ အပြီးအစီးသို့ ရောက်ပြီ။
အထ အဿ ပိတာ၊ ထိုအခါ ထိုဘုရားလောင်းအား ခမည်းတော်သည်။
ဩပရဇ္ဇံ အဒါသိ၊ အိမ်ရှေ့မင်းရာထူးကို ပေးပြီ။
တသ္မိံ သမယေ ဗာရာဏသိဝါသိနော၊ ထိုအခါက ဗာရာဏသီမြို့နေသူတို့သည်။
ဒေဝတာမင်္ဂလိကာ ဟောန္တိ၊ နတ်ကိုးကွယ်လျှင် မင်္ဂလာရှိသည်, ကုသိုလ်ရသည်ဟု အယူရှိကြသည် ဖြစ်ကုန်၏။
ဒေဝတာ နမဿန္တိ၊ နတ်တို့ကို ရှိခိုးကုန်၏။
ဗဟူ အဇေဠကကုက္ကုဋဘူကရာဒယော ဝဓိတွာ၊ များစွာကုန်သော ဆိတ်, သိုး, ကြက်, ဝက်စသည်တို့ကို သတ်၍။
နာနပ္ပကာရေဟိ ပုပ္ဖဂန္ဓေဟိ စေဝ၊ အထူးထူးအပြားပြားကုန်သော ပန်းနံ့သာတို့ဖြင့်လည်းကောင်း။
မံသလောဟိတေဟိ စ ဗလိကမ္မံ ကရောန္တိ၊ အသားသွေးတို့ဖြင့်လည်းကောင်း နတ်ပူဇော်ပသမှုကို ပြုကုန်၏။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။
"ဣဒါနိ သတ္တာ ဒေဝတာမင်္ဂလိကာ၊ ယခုအခါ လူသတ္တဝါတို့သည် 'နတ်ကိုးကွယ်လျှင် မင်္ဂလာရှိသည်' ကုသိုလ်ရသည်ဟု အယူရှိကြ၏။
ပါဏဝဓံ ဗဟုံ ကရောန္တိ၊ အသက်သတ်မှုကို များစွာ ပြုကုန်၏။
မဟာဇနော ယေဘုယျေန၊ လူအများသည် များသောအားဖြင့်။
အဓမ္မသ္မိံယေဝ နိဝိဋ္ဌော၊ မတရားမှု၌သာ စွဲမြဲသက်ဝင်နေ၏။
အဟံ ပိတုအစ္စယေန၊ ငါသည် ခမည်းတော်၏ လွန်သဖြင့်။
ရဇ္ဇံ လဘိတွာ၊ မင်းအဖြစ်သို့ ရသော်။
ဧကမ္ပိ အကိလမေတွာ၊ တစ်ကောင်တစ်ယောက်ကိုသော်မှလည်း မပင်ပန်းစေမူ၍။
ဥပါယေနေဝ ပါဏဝဓံ၊ နည်းလမ်းအမှန်ဖြင့်သာ သူ့အသက်သတ်မှုကို။
ကာတုံ န ဒဿာမီတိ စိန္တေသိ၊ ပြုခြင်းငှာ မပေးအံ့"ဟု တွေးပြီ။
သော ဧကဒိဝသံ၊ ထိုဘုရားလောင်းသည် တစ်နေ့၌။
ရထံ အဘိရုယှ၊ ရထားကို စီး၍။
နဂရာ နိက္ခန္တော၊ မြို့မှ ထွက်သော်။
ဧကသ္မိံ မဟန္တေ ဝဋရုက္ခေ၊ တစ်ပင်သော ကြီးစွာသော ပညောင်ပင်၌။
မဟာဇနံ သန္နိပတိတံ၊ လူများစွာကို စုဝေးနေသည်ကို လည်းကောင်း။
တသ္မိံ ရုက္ခေ နိဗ္ဗတ္တဒေဝတာယ သန္တိကေ၊ ထိုပင်ညောင်ပင်၌ ဖြစ်သော ရုက္ခစိုး၏ အထံ၌။
ပုတ္တဓီတုယသဓနာဒီသု၊ သားသမီးအခြံအရံဥစ္စာ စသည်တို့တွင်။
ယံ ယံ ဣစ္ဆတိ၊ အကြင်အကြင်အရာဝတ္ထုကို အလိုရှိ၏။
တံ တံ ပတ္ထေန္တံ အဒ္ဒသ၊ ထိုထို လိုလားသည်ကို ဆုတောင်းနေသည်ကိုလည်းကောင်း တွေ့ရပြီ။
သော တံ ဒိသွာ၊ ထိုဘုရားလောင်းသည် ထိုစုဝေးနေမှု, ဆုတောင်းနေမှုကို တွေ့ရပြီး၍။
ရထာ ဩရုယှ၊ ရထားမှ ဆင်း၍။
တံ ရုက္ခံ ဥပသင်္ကမိတွာ၊ ထိုပညောင်ပင်သို့ ချဉ်းကပ်၍။
ဂန္ဓပုပ္ဖေဟိ ပူဇေတွာ၊ နံ့သာပန်းတို့ဖြင့် ပူဇော်၍။
ဥဒကေန အဘိသေကံ ကတွာ၊ ရေဖြင့် ရိုသေစွာ သွန်လောင်းမှုကို ပြု၍။
ရုက္ခံ ပဒက္ခိဏံ ကတွာ၊ ပညောင်ပင်ကို အရိုအသေကို ပြု၍။
ဒေဝတာမင်္ဂလိကော ဝိယ ဟုတွာ၊ နတ်ကိုးကွယ်လျှင် မင်္ဂလာ ရှိသည်, ကုသိုလ်ရသည်ဟု အယူရှိသကဲ့သို့ ဖြစ်၍။
ဒေဝတံ နမဿိတွာ၊ ပညောင်ပင်စောင့်နတ်ကို ရှိခိုး၍။
ရထံ အဘိရုယှ နဂရံ ပါဝိသိ၊ ရထားကို စီး၍ မြို့သို့ ဝင်၍။
တတော ပဋ္ဌာယ ဣမိနာဝ နိယာမေန၊ ထိုနေ့မှစ၍ ဤနည်းဖြင့်သာ။
အန္တရန္တရေ တတ္ထ ဂန္တွာ၊ အကြားကြား၍ ထိုပညောင်ပင်သို့ သွား၍။
ဒေဝတာမင်္ဂလိကော ဝိယ ပူဇံ ကရောတိ၊ နတ်ကိုးကွယ်လျှင် မင်္ဂလာရှိသည် ကုသိုလ်ရသည်ဟု အယူရှိသူသည်ကဲ့သို့ ပူဇော်မှုကို ပြု၏။
သော အပရေန သမယေန၊ ထိုဘုရားလောင်းသည် တစ်ပါးသော အခါ၌။
ပိတုအစ္စယေန၊ ခမည်းတော်၏ ကွယ်လွန်ခြင်းကြောင့်။
ရဇ္ဇေ ပတိဋ္ဌာယ၊ မင်းအဖြစ်၌ တည်၍။
စတဿော အဂတိယော ဝဇ္ဇေတွာ၊ လေးပါးကုန်သော အဂတိတို့ကို ရှောင်ကြဉ်၍။
ဒသ ရာဇဓမ္မေ အကောပေန္တော၊ ဆယ်ပါးကုန်သော မင်းကျင့်တရားတို့ကို မပျက်စေဘဲ။
ဓမ္မေန ရဇ္ဇံ ကာရေန္တော၊ တရားသဖြင့် မင်းအဖြစ်ကို ပြုသော်။
"မယှံ မနောရထော၊ ငါ၏ စိတ်ဆန္ဒသည်။
မတ္ထကံ ပတ္တော၊ အထွတ်အထိပ်သို့ ရောက်ပြီ။
ရဇ္ဇေ ပတိဋ္ဌိတော အမှီတိ၊ မင်းအဖြစ်၌ တည်ပြီးသည် ဖြစ်၏။
အဟံ ပုဗ္ဗေ၊ ငါသည် ရှေးက။
ဧကံ ယံ အတ္ထံ ပန စိန္တယိံ၊ တစ်ခုသော အကြင်ကိစ္စကိုကား တွေးကြံခဲ့ပြီ။
ဣဒါနိ တံ မတ္ထကံ ပါပေဿာမီတိ စိန္တေသိ၊ ယခု ထိုရှေးက တွေးကြံခဲ့သည်ကိစ္စကို အထွတ်အထိပ်သို့ ရောက်စေအံ့"ဟု တွေးပြီ။
ဣတိ၊ ဤသို့ တွေးပြီး၍။
အမစ္စေ စ၊ အမတ်တို့ကိုလည်းကောင်း။
ဗြာဟ္မဏဂဟပတိကာဒယော စ၊ ပုဏ္ဏားသူကြွယ်စသည်တို့ကိုလည်းကောင်း။
သန္နိပါတာပေတွာ၊ စုဝေးစေ၍။
"ဘော မယာ ကေန ကာရဏေန၊ အချင်းတို့ ငါသည် ဘာ့ကြောင့်။
ရဇ္ဇံ ပတ္တန္တိ၊ မင်းအဖြစ်သို့ ရောက်၏ဟု။
ဇာနာထာတိ အာမန္တေသိ၊ သိကြသနည်း"ဟု မေးပြီ။
န ဇာနာမ ဒေဝါတိ၊ မသိကြပါ အရှင်မင်းကြီးဟု ဖြေကြပြီ။
ဝေါ အဟံ၊ သင်တို့သည် ငါ့ကို။
အသုကံ နာမ ဝဋရုက္ခံ၊ ဤမည်သော ပညောင်ပင်ကို။
ဂန္ဓာဒီဟိ ပူဇေတွာ၊ နံ့သာ စသည်တို့ဖြင့် ပူဇော်၍။
အဉ္ဇလိံ ပဂ္ဂဟေတွာ၊ လက်အုပ်ကို ချီ၍။
နမဿမာနော အပိ ဒိဋ္ဌပုဗ္ဗောတိ၊ ရှိခိုးသည်ကို မြင်ခဲ့ဖူးပါသလား"ဟု မေးပြီ။
အာမ ဒေဝါတိ၊ မြင်ခဲ့ရဖူးပါသည် အရှင်မင်းကြီးဟု လျှောက်ကြပြီ။
တဒါ အဟံ၊ ထိုအခါက ငါသည်။
"သစေ ရဇ္ဇံ ပါပုဏိဿာမိ၊ အကယ်၍ မင်းအဖြစ်သို့ ရောက်အံ့။
ဗလိကမ္မံ တေ ကရိဿာမီတိ၊ နတ်ပူဇော်ခြင်းအမှုကို အသင်နတ်မင်းအား ပြုအံ့"ဟု ပြော၍။
ပတ္ထနံ အကာသိံ၊ ဆုတောင်းမှုကို ပြုခဲ့ပြီ။
မေ တဿာ ဒေဝတာယ အာနုဘာဝေန၊ ငါသည် ထိုနတ်မင်း၏ တန်ခိုးကြောင့်။
ဣဒံ ရဇ္ဇံ လဒ္ဓံ၊ ဤမင်းအဖြစ်ကို ရပြီ။
ဣဒါနိ အဿာ၊ ယခုအခါ ထိုနတ်မင်းအား။
ဗလိကမ္မံ ကရိဿာမိ၊ နတ်ပူဇော်ခြင်းအမှုကို ပြုအံ့။
တုမှေ ပပဉ္စံ အကတွာ၊ သည်တို့သည် ကြာမြင့်မှုကို မပြုမူ၍။
ဒေဝတာယ ဗလိကမ္မံ၊ ပညောင်ပင်စောင့်နတ်မင်းအား နတ်ပူဇော်မှုပြုထိုက်သည်ကို။
ခိပ္ပံ သဇ္ဇေထာတိ၊ လျင်မြန်စွာ စီစဉ်ကြဟု ပြောပြီ။
ကိံ ကိံ ဂဏှာမ ဒေဝါတိ၊ ဘာကို ဘာကို ယူရကုန်အံ့နည်း အရှင်မင်းကြီးဟု လျှောက်ကြပြီ။
ဘော အဟံ၊ အချင်းတို့ ငါသည်။
ဒေဝတာယ အာယာစမာနော၊ နတ်မင်းအား တောင်းပန်သော်။
"မယှံ ရဇ္ဇေ၊ ကျွန်ုပ်၏ နိုင်ငံ၌။
ယေ၊ အကြင်သူတို့သည်။
ပါဏာတိပါတာဒီနိ ပဉ္စဒုဿီလကမ္မာနိ၊ သူ့အသက် သတ်ခြင်း အစရှိကုန်သော ငါးမျိုးကုန်သော သီလမရှိသူအမှုတို့ကိုလည်းကောင်း။
ဒသအကုသလကမ္မပထေ၊ ဆယ်ပါးကုန်သော အကုသလကမ္မပထတို့ကိုလည်းကောင်း။
သမာဒါယ ဝတ္တိဿန္တိ၊ ဆောက်တည်၍ ဖြစ်ကုန်အံ့။
တေ ဃာတေတွာ၊ ထိုငါးပါးသီလ မလုံသူ စသည်တို့ကို သတ်၍။
အန္တဝဋ္ဋိမံသလောဟိတာဒီဟိ၊ အူခွေအသားအသွေးစသည်တို့ဖြင့်။
ဗလိကမ္မံ ကရိဿာမီတိ အာယာစိံ၊ နတ်ပူဇော်ခြင်းအမှုကို ပြုပါမည်"ဟု တောင်းပန်ခဲ့ပြီ။
တသ္မာ တုမှေ၊ ထို့ကြောင့် သင်တို့သည်။
"အမှာကံ ရာဇာ၊ ငါတို့၏ မင်းတရားကြီးသည်။
ဥပရာဇကာလေယေဝ၊ အိမ်ရှေ့မင်းဖြစ်ရာအခါ၌ပင်။
သစေ အဟံ ရဇ္ဇံ ပါပုဏိဿာမိ၊ အကယ်၍ အကျွန်ုပ်သည် မင်းအဖြစ်သို့ ရောက်အံ့။
မေ ရဇ္ဇေ၊ အကျွန်ုပ်၏ နိုင်ငံ၌။
ယေ ဒုဿီလာ ဘဝိဿန္တိ၊ အကြင်သူတို့သည် သီလ မရှိကြသည် ဖြစ်ကုန်အံ့။
တေ သဗ္ဗေ ဃာတေတွာ၊ ထိုသီလမရှိသူအားလုံးတို့ကို သတ်၍။
ဗလိကမ္မံ ကရိဿာမီတိ၊ နတ်ပူဇော်အမှုကို ပြုပါမည်"ဟု။
ဧဝံ ယာစိ၊ ဤသို့ တောင်းပန်ခဲ့ပြီ။
သော ဣဒါနိ၊ ထိုငါတို့မင်းတရားကြီးသည် ယခုအခါ။
ပဉ္စဝိဓံ ဒုဿီလကမ္မံ၊ ငါးပါးအပြားရှိသော သီလမရှိမှုကိုလည်းကောင်း။
ဒသဝိဓံ အကုသလကမ္မပထံ၊ ဆယ်ပါးအပြားရှိသော အကုသလကမ္မပထကို လည်းကောင်း။
သမာဒါယ ဝတ္တမာနာနံ ဒုဿီလာနံ၊ ဆောက်တည်၍ ဖြစ်ကုန်သော သီလမရှိသူတို့၏။
သဟဿံ ဃာတေတွာ၊ တစ်ထောင်ကို သတ်၍။
တေသံ ဟဒယမံသာဒီနိ ဂါဟာပေတွာ၊ ထိုသူတို့၏ နှလုံးသားစသည်တို့ကို ယူစေ၍။
ဒေဝတာယ ဗလိကမ္မံ ကာတုကာမော၊ ပညောင်ပင်စောင့်နတ်မင်းအား နတ်ပူဇော်ခြင်းအမှုကို ပြုတော်မူလို၏။
ဧဝံ နဂရဝါသိနော ဇာနန္တူတိ၊ ဤသို့ မြို့နေသူတို့သည် သိထားကြလော့"ဟု။
ဧဝံ ဘေရိံ စရာပေထာတိ၊ ဤသို့ စည်ကို လှည့်လည်စေကြလော့ဟု မိန့်ပြီ။
စ ပန ဧဝံ ဝတွာ၊ ဆက်၍ အထူးပြောရသော် ဤသို့ မိန့်ပြီး၍။
"ဣဒါနိ ဣတော ပဋ္ဌာယ၊ ယခုအခါ ဤနေ့မှ စ၍။
ယေ ဒုဿီလကမ္မေ ဝတ္တိဿန္တိ၊ အကြင်သူတို့သည် သီလမရှိသူအမှု၌ ဖြစ်ကုန်အံ့။
တေသံ သဟဿံ ဃာတေတွာ၊ သီလမရှိသူ အမှု၌ဖြစ်ကြကုန်သော ထိုသူတို့၏ တစ်ထောင်ကို သတ်၍။
ယညံ ယဇိတွာ၊ ယဇ်ကို ပူဇော်၍။
အာယာစနတော မုစ္စိဿာမီတိ၊ တောင်းပန်ခြင်းမှ လွတ်တော့အံ့"ဟု ပြော၍။
ဧတမတ္ထံ ပကာသေန္တော၊ ဤအနက်အဓိပ္ပါယ်ကို ထင်ရှားပြလျက်။
ဣမံ ဂါထံ အာဟ၊ ဤဂါထာကို ရွတ်ဆိုပြီ။
ဂါထာအနက်ကား--
ဒုမ္မေဓာနံ သဟဿေန၊ ဉာဏ်မဲ့သူ, ဉာဏ်ပျက်စီးသူတို့၏ တစ်ထောင်ဖြင့်။
ယညော မေ ဥပယာစိတော၊ ယဇ်ပူဇော်မှုကို ငါသည် တောင်းပန်အပ်ပြီ။
ယသ္မာ၊ အကြင့်ကြောင့်။
အဓမ္မိကော ဇနော ဗဟု၊ တရားမရှိသော လူသည် များပြား၏။
တသ္မာ၊ ထို့ကြောင့်။
ဣဒါနိ ခေါ အဟံ ယဇိဿာမိ၊ ယခုအခါ စင်စစ် ငါသည် ယဇ်ပူဇော်အံ့။
တတ္ထ၊ ထိုဂါထာ၌။
ဒုမ္မေဓာနံ သဟဿေနာတိ၊ ဒုမ္မေဓာနံ သဟဿေန ဟူသည်ကား။
ဣဒံ ကမ္မံ ကာတုံ ဝဋ္ဋတိ၊ ဤအမှုကို ပြုခြင်းငှာ သင့်၏။
ဣဒံ န ဝဋ္ဋတီတိ အဇာနနဘာဝေန၊ ဤကား မသင့်ဟု မသိခြင်းကြောင့်။
ဝါ ပန ဒသသု အကုသလကမ္မပထေသု၊ တစ်နည်းသော်ကား ဆယ်ပါးကုန်သော အကုသလကမ္မပထတို့၌။
သမာဒါယ ဝတ္တနဘာဝေန၊ ဆောက်တည်၍ဖြစ်သည့် အဖြစ်ကြောင့်။
တေသံ မေဓာ ဒုဋ္ဌာ၊ ထိုသူတို့၏ ပညာကို ဖျက်ဆီးအပ်ပြီ။
ဣတိ၊ ထို့ကြောင့်။
ဒုမ္မေဓာ၊ ဒုမ္မေဓမည်ကုန်၏။
ဒုမ္မေဓာနံ နိပ္ပညာနံ ဧတေသံ ဗာလပုဂ္ဂလာနံ၊ ဉာဏ်မဲ့ ဉာဏ်ပျက်စီးကုန်သော ပညာမရှိကုန်သော ထိုမိုက်သူ ပုဂ္ဂိုလ်တို့၏။
ဂဏိတွာ ဂဟိတေန သဟဿေန၊ ရေတွက်၍ ဖမ်းယူအပ်သော တစ်ထောင်ဖြင့်တည်း။
**ယညော မေ ဥပယာစိတော**တိ၊ ယညော မေ ဥပယာစိတော ဟူသည်ကား။
မယာ ဒေဝတံ ဥပသင်္ကမိတွာ၊ ငါသည် ပညောင်ပင်စောင့်နတ်ကို ချဉ်းကပ်၍။
ဧဝံ ယဇိဿာမီတိ၊ ဤသို့ ပူဇော်ပါမည်ဟု။
ယညော ယာစိတော၊ ယဇ်ပူဇော်မှုကို တောင်းပန်အပ်ပြီးတည်း။
**ဣဒါနိ ခေါဟံ ယဇိဿာမီ**တိ၊ ဣဒါနိ ခေါဟံ ယဇိဿာမိ ဟူသည်ကား။
သော အဟံ ဣမိနာ အာယာစနေန၊ ထိုငါသည် ဤရှေ့ရှုတောင်းပန်မှုကြောင့်။
ရဇ္ဇဿ ပဋိလဒ္ဓတ္တာ၊ မင်းအဖြစ်ကို ရအပ်သည်အဖြစ်ကြောင့်။
ဣဒါနိ ယဇိဿာမီတိ၊ ယခုအခါ ယဇ်ပူဇော်အံ့တည်း။
ကိံ ကာရဏာ၊ ဘာ့ကြောင့်နည်း။
ဟိ ဣဒါနိ၊ အကြင့်ကြောင့် ယခုအခါ။
အဓမ္မိကော ဇနော ဗဟု၊ တရားမရှိသော လူသည် များ၏။
တသ္မာ ဣဒါနေဝ၊ ထို့ကြောင့် ယခုပင်။
နံ ဂဟေတွာ၊ ထိုဉာဏ်မဲံ ဉာဏ်ပျက်စီးမှု တစ်ထောင်ကို ဖမ်းယူ၍။
ဗလိကမ္မံ ကရိဿာမီတိ၊ နတ်ပူဇော်ခြင်းအမှုကို ပြုအံ့ ဤကား ဂါထာအဖွင့်တည်း။
အမစ္စာ ဗောဓိသတ္တဿ ဝစနံ သုတွာ၊ အမတ်တို့သည် ဘုရားလောင်း၏ စကားကို ကြားရ၍။
သာဓု ဒေဝါတိ၊ ကောင်းပါပြီ အရှင်မင်းကြီးဟု ဝန်ခံ၍။
ဒွါဒသယောဇနိကေ ဗာရာဏသိနဂရေ၊ ၁၂-ယူဇနာရှိသော ဗာရာဏသီမြို့၌။
ဘေရိံ စရာပေသုံ၊ စည်ကို လှည့်လည်စေကုန်ပြီ။
ဘေရိယာ အာဏံ သုတွာ၊ စည်ဖြင့် ထုတ်ပြန်သော အမိန့်အာဏာကို ကြားရ၍။
ဧကံ ဒုဿီလကမ္မမ္ပိ၊ တစ်ခုသော သီလမရှိသူအမှုကိုသော်မှလည်း။
သမာဒါယ ဌိတော ဧကပုရိသောပိ နာဟောသိ၊ ဆောက်တည်၍ တည်နေသော ယောကျ်ားတစ်ယောက်သော်မျှလည်း မဖြစ်, မရှိပြီ။
ဣတိ ယာဝ၊ ဤသို့ အကြင်မျှလောက်။
ဗောဓိသတ္တော ရဇ္ဇံ ကာရေသိ၊ ဘုရားလောင်းသည် မင်းအဖြစ်ကို ပြုပြီ။
တာဝ ဧကပုဂ္ဂလောပိ၊ ထိုမျှလောက်ပုဂ္ဂိုလ် တစ်ယောက်သော်မျှလည်း။
ပဉ္စသု ဒသသု ဝါ ဒုဿီလကမ္မေသု၊ ငါးပါးကုန်သော ဆယ်ပါးလည်းဖြစ်ကုန်သော သီလမရှိသူ အမှုတို့တွင်။
ဧကံ ကမ္မမ္ပိ၊ တစ်ခုသော အမှုကိုမျှလည်း။
ကရောန္တော န ပညာယိတ္ထ၊ ပြုသူသည် မထင်ရှားပြီ, မရှိပြီ။
ဧဝံ ဗောဓိသတ္တော၊ ဤကဲ့သို့ ဘုရားလောင်းသည်။
ဧကပုဂ္ဂလမ္ပိ အကိလမေန္တော၊ ပုဂ္ဂိုလ်တစ်ယောက်ကိုသော်မျှလည်း မပင်ပန်းစေမူ၍။
သကလရဋ္ဌဝါသိနော သီလံ ရက္ခာပေတွာ၊ တစ်တိုင်းပြည်လုံးနေထိုင်သူတို့ကို သီလကို စောင့်စေ၍။
သယမ္ပိ ဒါနာဒီနိ ပုညာနိ ကတွာ၊ မိမိကိုယ်တိုင်လည်း ဒါန အစရှိကုန်သော ကောင်းမှုတို့ကို ပြု၍။
ဇီဝိတပရိယောသာနေ၊ အသက်၏ အဆုံး၌။
အတ္တနော ပရိသံ အာဒါယ၊ မိမိ၏ ပရိသတ်ကို ခေါ်ယူ၍။
ဒေဝနဂရံ ပူရေန္တော အဂမာသိ၊ နတ်ပြည်ကို ပြည့်စေလျက် သွားပြီ။
သတ္ထာပိ၊ ဘုရားရှင်သည်လည်း။
"ဘိက္ခဝေ တထာဂတော၊ အို...ရဟန်းတို့ ငါဘုရားသည်။
လောကဿ အတ္ထံ၊ သတ္တလောက၏ အကျိုးကို။
ဣဒါနေဝ န စရတိ၊ ယခုအခါ၌သာ ကျင့်သည်မဟုတ်သေး။
ပုဗ္ဗေပိ စရိယေဝါတိ၊ ရှေးကလည်း ကျင့်ခဲ့ဖူးသည်သာ"ဟု။
ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဤတရားဒေသနာတော်ကို ဆောင်တော်မူ၍။
အနုသန္ဓိံ ဃဋေတွာ၊ အနုသန္ဓေကို စပ်တော်မူ၍။
"တဒါ ပရိသာ၊ ထိုအခါက ပရိသတ်တို့သည်။
ဗုဒ္ဓပရိသာ အဟေသုံ၊ ဘုရားပရိသတ်တို့သည် ဖြစ်လာကုန်ပြီ။
ဗာရာဏသိရာဇာ ပန၊ ဗာရာဏသီမင်းသည်ကား။
အဟမေဝ အဟောသိန္တိ၊ ငါဘုရားသည်သာ ဖြစ်လာပြီ"ဟု။
ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
**ဒုမ္မေဓဇာတကဝဏ္ဏနာ ဒသမာ**၊ **ဆယ်ခုမြောက် ဖြစ်သော ဒုမ္မေဓဇာတ်အဖွင့်တည်း။**
**အတ္ထကာမဝဂ္ဂေါ ပဉ္စမော**၊ **ငါးခုမြောက် ဖြစ်သော အတ္တကာမဝဂ်တည်း။**
တဿ ဥဒ္ဒါနံ၊ ထိုအတ္ထကာမဝဂ်၏ အကျဉ်းချုပ်ခေါင်းစဉ်ကား။
လောသကတိဿကပေါတဝေဠုကံ မကသမ္ပိ စ၊ လောသကတိဿထေရ်ဖြင့် မှတ်အပ်သော လောသကဇာတ် ကပေါတဇာတ် ဝေဠုကဇာတ်လည်းကောင်း မကသဇာတ်လည်းကောင်း။
ရောဟိဏီ အာရာမဒူသံ၊ ရောဟိဏီဇာတ် အာရာမဒူသကဇာတ်လည်းကောင်း။
ဝါရုဏီဒူသဝေဒဗ္ဗံ၊ ဝါရုဏီဒူသကဇာတ် ဝေဒဗ္ဗဇာတ်လည်းကောင်း။
နက္ခတ္တံ ဒုမ္မေဓံ ဒသ ဣတိ၊ နက္ခတ္တဇာတ်လည်းကောင်း ဒုမ္မေဓဇာတ်လည်းကောင်း ဆယ်ဇာတ်တို့တည်း ဤသည်တို့တည်း။
**ပဌမော ပဏ္ဏာသကော**၊ **ပဌမဆုံးဖြစ်သော ဇာတ်(၅၀)တည်း။**