**သန္တိ ပက္ခာ အပတနာ**တိ ဣဒံ၊ သန္တိ ပက္ခာ အပတနာ စသော ဤတရားဒေသနာတော်ကို။
သတ္ထာ မဂဓေသု စာရိကံ စရမာနော၊ ဘုရားရှင်သည် မဂဓတိုင်းတို့၌ ခရီးလှည့်လည်ခြင်းကို လှည့်လည်တော်မူသော်။
ဒါဝဂ္ဂိနိဗ္ဗာနံ အာရဗ္ဘ ကထေသိ၊ တောမီးငြိမ်းမှုကို အကြောင်းပြု၍ ဟောတော်မူပြီ။
ဟိ ဧကသ္မိံ သမယေ သတ္ထာ၊ ချဲ့ဦးအံ့ အခါတစ်ပါး၌ ဘုရားရှင်သည်။
မဂဓေသု စာရိကံ စရမာနော၊ မဂဓတိုင်းတို့၌ ဒေသစာရီကို လှည့်လည်တော်မူသော်။
အညတရသ္မိံ မဂဓဂါမကေ၊ တစ်ခုသော မဂဓရွာ၌။
ပိဏ္ဍာယ စရိတွာ၊ ဆွမ်းအကျိုးငှာ လှည့်လည်၍။
ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တော၊ ဆွမ်း၏ နောက်အခါ၌ ဆွမ်းခံရွာမှ ထွက်တော်မူခဲ့၍။
ဘိက္ခုဂဏပရိဝုတော မဂ္ဂံ ပဋိပဇ္ဇိ၊ ရဟန်းအပေါင်း ခြံရံအပ်လျက် လမ်းသို့ ကြွတော်မူပြီ။
တသ္မိံ သမယေ မဟာဍာဟော ဥဋ္ဌဟိ၊ ထိုအခါ ကြီးစွာသော တောမီးသည် ထပြီ, တောက်ပြီ။
ပုရတော စ ပစ္ဆတော စ၊ ရှေ့တော်မှလည်းကောင်း,နောက်တော်မှလည်းကောင်း။
ဗဟူ ဘိက္ခူ ဒိဿန္တိ၊ များစွာကုန်သော ရဟန်းတို့ကို တွေ့မြင်အပ်ကုန်၏, တွေ့မြင်ရကုန်၏။
သောပိ ခေါ အဂ္ဂိ၊ ထိုတောမီးသည်လည်း။
ဧကဓူမော ဧကဇာလော ဟုတွာ၊ မီးခိုးလုံးတစ်ခုတည်း ရှိသည် မီးတောက်တစ်ခုတည်း ရှိသည်ဖြစ်၍။
အဝတ္ထရမာနော အာဂစ္ဆတေဝ၊ လွှမ်းမိုးဖိစီးလျက် လာသည်သာ။
တတ္ထ ဧကေ ပုထုဇ္ဇနဘိက္ခူ၊ ထိုသို့ တောမီးလောင်ရာ၌ အချို့ကုန်သော ပုထုဇဉ်ရဟန်းတို့သည်။
မရဏဘယဘီတာ၊ သေဘေးကြောက်ကြ၍။
"ပဋဂ္ဂိံ ဒဿာမ၊ မီးကြို (ကြိုရှို့သော မီး)ကို ပေးကုန်အံ့။
တေန ဒဋ္ဌဋ္ဌာနံ၊ ထိုမီးကြိုသည် လောင်အပ်ပြီးရာ နေရာကို။
ဣတရော အဂ္ဂိ န ဩတ္ထရိဿတီတိ၊ သည့်ပြင်ဖြစ်သော တောမီးသည် မလွှမ်းမိုးနိုင်လတ္တံ့" ဟုတွေးကြ၍။
အရဏိသဟိတံ နီဟရိတွာ၊ ပွတ်ကျည်နှင့် ပွတ်ခုံကို ထုတ်၍။
အဂ္ဂိံ ကရောန္တိ၊ မီးကို ပြုကုန်၏။
"အာဝုသော တုမှေ၊ အို ငါ့ရှင်တို့ သင်တို့သည်။
ကိံ နာမ ကရောထ၊ ဘယ်မည်သော အမှုကို ပြုကြသနည်း။
ဂဂနမဇ္ဈေ ဌိတံ စန္ဒမဏ္ဍလံ၊ ကောင်းကင်လယ်၌ တည်ရှိသော လပြည့်ဝန်းကိုလည်းကောင်း။
ပါစီနလောကဓာတုတော ဥဂ္ဂစ္ဆန္တံ၊ အရှေ့လောကဓာတ်မှ ထွက်လာသော။
သဟဿရံသိပဋိမဏ္ဍိတံ သူရိယမဏ္ဍလံ၊ ထောင်ပေါင်းများစွာ ရောင်ခြည်တို့ဖြင့် တန်ဆာဆင်အပ်သော နေဝန်းကိုလည်းကောင်း။
ဝေလာယ တီရေ ဌိတာ၊ သမုဒ္ဒရာအပိုင်းအခြား၏ ကမ်းနား၌ ရပ်တည်ကြလျက်။
သမုဒ္ဒံ၊ သမုဒ္ဒရာရေကိုလည်းကောင်း။
သိနေရုံ နိဿာယ ဌိတာ၊ မြင့်မိုရ်တောင်ကို မှီ၍ ရပ်တည်ကြလျက်။
သိနေရုံ၊ မြင်းမိုရ်တောင်ကိုလည်းကောင်း။
အပဿန္တာ ဝိယ၊ မမြင်ကြသူတို့ကဲ့သို့။
သဒေဝကေ လောကေ အဂ္ဂပုဂ္ဂလံ၊ နတ်နှင့်တကွသော သတ္တလောက၌ အမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်တော်မူသော။
အတ္တနာ သဒ္ဓိံ ဂစ္ဆန္တမေဝ၊ မိမိတို့နှင့် အတူတကွ ကြွတော်မူလျက်သာဖြစ်သော။
သမ္မာသမ္ဗုဒ္ဓံ အနောလောကေတွာ၊ မှန်စွာ ကိုယ်တိုင် သိတော်မူသည့်ဘုရားရှင်ကို မကြည့်ကြမူ၍။
ပဋဂ္ဂိံ ဒေမာတိ ဝဒထ၊ မီးကြိုကို ပေးကြအံ့ဟု ဆိုကုန်၏။
ဗုဒ္ဓဗလံ နာမ န ဇာနာထ၊ ဘုရားတို့ စွမ်းအားမည်သည်ကို မသိကြကုန်။
ဧထ၊ လာကြ။
သတ္ထု သန္တိကံ ဂမိဿာမာတိ၊ ဘုရားရှင်၏ ထံတော်သို့ သွားကြအံ့"ဟု။
အပရေ အာဟံသု၊ အခြားရဟန်းတို့သည် ဆိုကုန်ပြီ။
ပုရတော စ ပစ္ဆတော စ ဂစ္ဆန္တာ၊ ရှေ့တော်မှလည်းကောင်း, နောက်တော်မှလည်းကောင်း သွားကုန်သော။
တေ သဗ္ဗေပိ ဧကတော ဟုတွာ၊ ထိုရဟန်းအားလုံးတို့သည်လည်း တစ်ပေါင်းတည်း ဖြစ်ကြ၍။
ဒသဗလဿ သန္တိကံ အဂမံသု၊ ကိုယ်အားဉာဏ်အားဆယ်ပါးသခင် ဘုရားရှင်၏ ထံတော်သို့ သွားကြပြီ။
သတ္ထာ မဟာဘိက္ခုသင်္ဃပရိဝါရော၊ ဘုရားရှင်သည် ရဟန်းသံဃာ များစွာခြံရံလျက်။
အညတရသ္မိံ ပဒေသေ အဋ္ဌာသိ၊ တစ်ခုသော အရပ်၌ ရပ်တော်မူပြီ။
ဒါဝဂ္ဂိ အဘိဘဝန္တော ဝိယ၊ တောမီးသည် လွှမ်းမိုးအံ့သကဲ့သို့။
ဝိရဝန္တော အာဂစ္ဆတိ၊ မြည်တမ်းလျက် လောင်လာ၏။
အာဂန္တွာ၊ လောင်လာ၍။
တထာဂတဿ ဌိတဋ္ဌာနံ ပတွာ၊ ဘုရားရှင်၏ ရပ်ရာဌာနသို့ ရောက်ခါနီးသော်။
တဿ ပဒေသဿ သာမန္တာ၊ ထိုရပ်ရာအရပ်၏ ထက်ဝန်းကျင်ပတ်ပတ်လည်မှ။
သောဠသကရီသမတ္တဋ္ဌာနံ ပတ္တော၊ တစ်ဆယ့်ခြောက်ပယ် ပမာဏရှိသော အရပ်သို့ ရောက်သော်။
ဥဒကေ ဩပိလာပိတတိဏုက္ကာဝိယ နိဗ္ဗာယိ၊ ရေ၌ နစ်စေအပ်သော မြက်မီးရှူးကဲ့သို့ ငြိမ်းပြီ။
ဝိနိဗ္ဗေဓတော၊ ဟိုထိပ်ဒီထိပ်ထုတ်ချင်းပေါက်အားဖြင့်။
ဒွတ္တိံသကရီသမတ္တဋ္ဌာနံ၊ သုံးဆယ့်နှစ်ပယ်ပမာဏရှိသော အရပ်ကို။
အဝတ္ထရိတုံ နာသက္ခိ၊ တောမီးလွှမ်းခြင်း လောင်ခြင်းငှာ မစွမ်းနိုင်ပြီ။
ဘိက္ခူ သတ္ထု၊ ရဟန်းတို့သည် ဘုရားရှင်၏။
"ဗုဒ္ဓါနံ ဂုဏာ နာမ အဟော၊ ဘုရားရှင်တို့၏ ဂုဏ်ကျေးဇူးတို့မည်သည် အံ့ဖွယ်ရှိပါပေကုန်စွ။
ဟိ အပေတနော အယံ အဂ္ဂိ နာမ၊ မှန်၏ စိတ်စေတနာမရှိသော ဤမီးမည်သည်ပင်။
ဗုဒ္ဓါနံ ဌိတဋ္ဌာနံ၊ ဘုရားရှင်တို့၏ တည်ရာအရပ်ကို။
အဝတ္ထရိတုံ န သက္ကောတိ၊ လွှမ်းမိုးခြင်းငှာ မစွမ်းနိုင်။
ဥဒကေ တိဏုက္ကာ ဝိယ နိဗ္ဗာယတိ၊ ရေ၌ နှစ်အပ်သော မြက်မီးရှူးကဲ့သို့ ငြိမ်း၏။
ဗုဒ္ဓါနံ အာနုဘာဝေါ နာမာ၊ ဘုရားရှင်တို့၏ တန်ခိုးအာနုဘော် မည်သည်။
အဟောတိ၊ အံ့ဖွယ်ရှိပါပေစွ"ဟု။
ဂုဏကထံ အာရဘိံသု၊ ဂုဏ်တင်စကားကို အားထုတ်ပြောကြားကုန်ပြီ။
သတ္ထာ တေသံ ကထံ သုတွာ၊ ဘုရားရှင်သည် ထိုရဟန်းတို့၏ ဂုဏ်တင်စကားကို ကြားတော်မူရ၍။
"ဘိက္ခဝေ ဧတံ၊ အိုရဟန်းတို့ ဤတောမီးငြိမ်းခြင်းသည်။
ဧတရဟိ မယှံ န ဗလံ၊ ယခု ငါဘုရား၏ စွမ်းအား မဟုတ်။
ဣမံ ဘူမိပ္ပဒေသံ ပတွာ၊ ဤမြေအရပ်သို့ ရောက်သော်။
ဧသော အဂ္ဂိ ယံ နိဗ္ဗာယတိ၊ ဤမီးသည် အကြင်ငြိမ်း၏။
ဣဒံ ပန၊ ဤအရပ်ရောက်သော် ဤမီးငြိမ်းခြင်းသည်ကား။
မယှံ ပေါရာဏကသစ္စဗလံ၊ ငါဘုရား၏ ရှေးဘဝက သစ္စာစွမ်းအားတည်း။
ဟိ ဣမသ္မိံ ပဒေသေ၊ မှန်၏ ဤအရပ်၌။
သကလမ္ပိ ဣမံ ကပ္ပံ၊ အလုံးစုံလည်းဖြစ်သော ဤဘဒ္ဒကမ္ဘာပတ်လုံး။
အဂ္ဂိ န ဇလိဿတိ၊ မိးသည် မတောက်လောင်လတ္တံ့။
ဧတံ ကပ္ပဋ္ဌိယပါဋိဟာရိယံ နာမ၊ ဤမီးမလောင်ခြင်းသည် တစ်ကမ္ဘာပတ်လုံးတည်သော တန်ခိုးမည်၏။"
ဣတိ အာဟ၊ ဤသို့ မိန့်တော်မူပြီ။
အထ အာယသ္မာ အာနန္ဒော၊ ထိုအခါ အရှင်အာနန္ဒာသည်။
သတ္ထု နိသီဒနတ္ထာယ၊ ဘုရားရှင်၏ ထိုင်ဖို့ရာအကျိုးငှာ။
သင်္ဃာဋိံ စတုဂ္ဂုဏံ၊ ဒုကုဋ်တော်ကို လေးထပ်လေးလွှာကို။ (ကတွာ)
ပညပေသိ၊ (ပြု၍) ခင်းပြီ။
ပလ္လင်္ကံ အာဘုဇိတွာ၊ တင်ပလ္လင်ကို ခွေတော်မူ၍။
သတ္ထာ နိသီဒိ၊ ဘုရားရှင်သည် ထိုင်တော်မူပြီ။
ဘိက္ခုသင်္ဃောပိ တထာဂတံ ဝန္ဒိတွာ၊ ရဟန်းသံဃာသည်လည်း ဘုရားရှင်ကို ရှိခိုး၍။
ပရိဝါရေတွာ နိသီဒိ၊ ခြံရံဝိုင်းဝန်း၍ ထိုင်ပြီ။
အထ သတ္ထာ၊ ထိုအခါ ဘုရားရှင်သည်။
"ဘန္တေ ဣဒံ၊ အိုရှင်တော်ဘုရား ဤတောမီးငြိမ်းခြင်းသည်။
အမှာကံ တာဝ ပါကဋံ၊ တပည့်တော်တို့အား ထင်ရှားလှပါ၏။
အတီတံ ပဋိစ္ဆန္နံ၊ အတိတ်မီးငြိမ်းခြင်းသည်ကား ဖုံးကွယ်နေပါ၏။
တံ နော ပါကဋံ၊ ထိုလွန်ခဲ့ပြီး မီးငြိမ်းမှုကို တပည့်တော်တို့အား ထင်ရှားသည်ကို။
ကရောထာတိ ဘိက္ခူဟိ အာယာစိတော၊ ပြုတော်မူပါကုန်"ဟု ရဟန်းတို့သည် ရှေးရှုတောင်းပန်အပ်ရကား။
အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ မဂဓရဋ္ဌေ တသ္မိံယေဝ ပဒေသေ၊ လွန်လေပြီးသောအခါ မဂဓတိုင်း၌ ထိုတောမီးငြိမ်းရာအရပ်၌ပင်။
ဗောဓိသတ္တော ဝဋ္ဋကယောနိယံ၊ ဘုရားလောင်းသည် ငုံးမျိုး၌။
ပဋိသန္ဓိံ ဂဟေတွာ၊ ပဋိသန္ဓေကို ယူ၍။
မာတုကုစ္ဆိတော ဇာတော၊ အမိဝမ်းမှ ဖွားသော်။
အဏ္ဍကောသံ ပဒါလေတွာ နိက္ခန္တကာလေ၊ ဥခွံကို ဖောက်ခွဲ၍ ထွက်ရာအခါ၌။
မဟာဂေဏ္ဍုကပ္ပမာဏော၊ ကျင်(ဂျင်)ကြီး ပမာဏရှိသော။
ဝဋ္ဋကပေါတကော အဟောသိ၊ ငုံးကလေးသည် ဖြစ်ပြီ။
အထ နံ မာတာပိတရော၊ ထိုအခါ ထိုဘုရားလောင်းကို မိဖတို့သည်။
ကုလာဝကေ နိပဇ္ဇာပေတွာ၊ အသိုက်၌ အိပ်စေ၍။
မုခတုဏ္ဍကေန ဂေါစရံ၊ နှုတ်သီးဖြင့် အစာကို။
အာဟရိတွာ ပေါသေန္တိ၊ ဆောင်ယူ၍ မွေးမြူကုန်၏။
တဿ ပက္ခေ ပသာရေတွာ၊ ထိုဘုရားလောင်းအား အတောင်တို့ကို ဆန့်တန်း၍။
အာကာသေ ဂမနဗလံ ဝါ၊ ကောင်းကင်က ပျံသွားနိုင်သော စွမ်းအားသည်လည်းကောင်း။
ပါဒေ ဥက္ခိပိတွာ၊ ခြေတို့ကို ကြွချီ၍။
ထလေ ဂမနဗလံ ဝါ နတ္ထိ၊ မြေပြင်၌ သွားနိုင်သော စွမ်းအားသည်လည်းကောင်း မရှိ။
တဉ္စ ပဒေသံ သံဝစ္ဆရေ သံဝစ္ဆရေ၊ ဘုရားလောင်း မွေးဖွားရာ ထိုအရပ်ကိုလည်း နှစ်တိုင်း နှစ်တိုင်း။
ဒါဝဂ္ဂိ ဂဏှာတိ၊ တောမီးသည် ယူ၏ လောင်၏။
သော တသ္မိမ္ပိ သမယေ၊ ထိုတောမီးသည် ထိုအခါ၌လည်း။
မဟာရဝံ ရဝန္တော၊ အသံကြီးကို မြည်ဟည်းလျက်။
တံ ပဒေသံ ဂဏှိ၊ ထိုအရပ်ကို ယူပြီ လောင်ပြီ။
သကုဏသံဃာ အတ္တနော အတ္တနော၊ ငှက်အပေါင်းတို့သည် မိမိ မိမိ၏။
ကုလာဝကေဟိ နိက္ခမိတွာ၊ အသိုက်တို့မှ ထွက်ကြ၍။
မရဏဘယဘီတာ ဝိရဝန္တာ ပလာယန္တိ၊ သေဘေးကြောက်ကြ၍ မြည်တမ်းကုန်လျက် ပျံပြေးကုန်၏။
ဗောဓိသတ္တဿပိ မာတာပိတရောပိ မရဏဘယဘီတာ၊ ဘုရားလောင်း၏ မိဖတို့သည်လည်း သေဘေး ကြောက်ကြ၍။
ဗောဓိသတ္တံ ဆဍ္ဍေတွာ ပလာယိံသု၊ ဘုရားလောင်းကို စွန့်ထား၍ ပျံပြေးကုန်ပြီ။
ဗောဓိသတ္တော ကုလာဝကေ နိပန္နကောဝ၊ ဘုရားလောင်းသည် အသိုက်၌ အိပ်လျက်သာလျှင်။
ဂီဝံ ဥက္ခိပိတွာ၊ လည်ပင်းကို မော့၍။
အဝတ္ထရိတွာ အာဂစ္ဆန္တံ၊ လွှမ်းမိုး၍ လောင်လာနေသော။
အဂ္ဂိံ ဒိသွာ၊ တောမီးကို မြင်၍။
"ပက္ခေ ပသာရေတွာ၊ အတောင်တို့ကို ဆန့်တန်း၍။
အာကာသေန ဂမနဗလံ၊ ကောင်းကင်ဖြင့် သွားနိုင်သော စွမ်းအားသည်။
မယှံ သစေ ဘဝေယျ၊ ငါ့အား အကယ်၍ ရှိအံ့။
ဥပ္ပတိတွာ အညတ္ထ ဂစ္ဆေယျံ၊ ခြေလှမ်းဖြင့် အခြားနေရာသို့ သွားအံ့။
ပါဒေ ဥက္ခိပိတွာ၊ ခြေတို့ကို ကြွချီ၍။
ဂမနဗလံ သစေ ဘဝေယျံ၊ သွားနိုင်သောစွမ်းအားသည် အကယ်၍ ရှိအံ့။
ပဒဝါရေန အညတ္ထ ဂစ္ဆေယျံ၊ ခြေလှမ်းဖြင့် အခြားနေရာသို့ သွားအံ့။
မေ မာတာပိတရောပိ ခေါ မရဏဘယဘီတာ၊ ငါ၏ မိဖတို့သည်လည်း သေဘေးကြောက်ကြ၍။
မံ ဧကကံ ပဟာယ၊ ငါ့ကို တစ်ကောင်တည်း ပစ်ထားခဲ့၍။
အတ္တာနံ ပရိတ္တာယန္တာ ပလာတာ၊ မိမိကိုယ်ကို စောင့်ရှောက်ကုန်လျက် ပျံပြေးကြပြီ။
ဣဒါနိ မေ၊ ယခု ငါ့အား။
အညံ ပဋိသရဏံ နတ္ထိ၊ အခြားသော မှီခိုရာသည် မရှိ။
အတာဏောအသရဏော အမှိ၊ စောင့်ရှောက်မည့်သူမရှိသည် မှီခိုရာမရှိသည် ဖြစ်၏။
အဇ္ဇ မယာ၊ ယနေ့ ငါသည်။
ကိံ ကာတုံ၊ အဘယ်ကို ပြုခြင်းငှာ။
ဝဋ္ဋတိ နု ခေါတိ စိန္တေသိ၊ သင့်သနည်း"ဟု ကြံပြီ။
အထ အဿ၊ ထိုအခါ ထိုဘုရားလောင်းအား။
"ဣမသ္မိံ လောကေ သီလဂုဏော နာမ အတ္ထိ၊ ဤလောက၌ သီလကျေးဇူးမည်သည် ရှိ၏။
သစ္စဂုဏော နာမ အတ္ထိ၊ မှန်ကန်သော စကားကျေးဇူးမည်သည် ရှိ၏။
အတီတေ ပါရမိယော ပူရေတွာ၊ လွန်လေပြီးသောအခါက ပါရမီတို့ကို ဖြည့်ကျင့်၍။
ဗောဓိမူလေ နိသီဒိတွာ၊ ဗောဓိပင်ရင်း၌ ထိုင်နေတော်မူကြ၍။
အဘိသမ္ဗုဒ္ဓါ၊ တရားအားလုံး သိတော်မူကုန်သော။
သီလ သမာဓိ ပညာ ဝိမုတ္တိ ဝိမုတ္တိဉာဏဒဿနသမ္ပန္နာ၊ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ် ဝိမုတ္တိဂုဏ် ဝိမုတ္တိဉာဏဒဿနဂုဏ်နှင့် ပြည့်စုံတော်မူကုန်သော။
သစ္စာနုဒ္ဒယကာရုညခန္တိ သမန္နာဂတာ၊ သစ္စာစကား, စောင့်ရှောက်ခြင်း, သနားခြင်း, သည်းခံခြင်းနှင့် ပြည့်စုံကုန်သော။
သဗ္ဗသတ္တေသု သမပ္ပဝတ္တမေတ္တာဘာဝနာ၊ သတ္တဝါအားလုံးတို့၌ ထပ်တူထပ်မျှဖြစ်သော မေတ္တာပွားခြင်း ရှိတော်မူကုန်သော။
သဗ္ဗညုဗုဒ္ဓါ နာမ အတ္ထိ၊ သဗ္ဗညုဘုရားရှင်တို့ မည်သည် ရှိကုန်၏။
တေဟိ ပဋိဝိဒ္ဓါ၊ ထိုသဗ္ဗညုဘုရားရှင်တို့သည် ထိုးထွင်းသိတော်မူအပ်ကုန်သော။
ဓမ္မဂုဏာ နာမ စ အတ္ထိ၊ တရားတော်တို့ ဂုဏ်ကျေးဇူးတို့ မည်သည်လည်း ရှိကုန်၏။
မယိ စာပိ ဧကံ သစ္စံ အတ္ထိ၊ ငါ၌လည်း တစ်ခုသော သစ္စာသည် ရှိ၏။
သံဝိဇ္ဇမာနော ဧကော ဧကော သဘာဝဓမ္မော ပညာယတိ၊ ရှိနေသော တစ်ခုသော သဘာဝဓမ္မသည် ထင်ရှား၏။
တသ္မာ အတီတေ ဗုဒ္ဓေ စေဝ၊ ထို့ကြောင့် လွန်တော်မူပြီးကုန်သော ဘုရားရှင်တို့ကိုလည်းကောင်း။
တေဟိ ပဋိဝိဒ္ဓဂုဏေ စ အာဝဇ္ဇေတွာ၊ ထိုလွန်တော်မူပြီး ဘုရားရှင်တို့သည် ထိုးထွင်း သိတော်မူအပ်သည့် တရားဂုဏ်ကျေးဇူးတို့ကိုလည်းကောင်း ဆင်ခြင်၍။
မယိ ဝိဇ္ဇမာနံ၊ ငါ၌ ရှိနေသော။
သစ္စသဘာဝဓမ္မံ ဂဟေတွာ၊ အမှန်သဘောတရားကို ယူ၍။
သစ္စကိရိယံ ကတွာ၊ သစ္စာဆိုမှုကို ပြု၍။
အဂ္ဂိံ ပဋိက္ကမာပေတွာ၊ တောမီးကို ကွင်းစေ၍။
အဇ္ဇ မယာ၊ ယနေ့ ငါသည်။
အတ္တနော စေဝ သေသသကုဏာနဉ္စ၊ မိမိ၏လည်းကောင်း ကြွင်းကျန်သော ငှက်တို့၏လည်းကောင်း။
သောတ္ထိဘာဝံ ကာတုံ ဝဋ္ဋတီတိ၊ ချမ်းသာသည့်အဖြစ်ကို ပြုခြင်းငှာ သင့်၏"ဟု။
ဧတံ အဟောသိ၊ ဤအကြံသည် ဖြစ်ပြီ။
တေန၊ ထိုကဲ့သို့ အကြံဖြစ်ခြင်းကြောင့်။
လောကေ သီလဂုဏော၊ လောက၌ သီလအကျင့်ဂုဏ် လည်းကောင်း။
သစ္စံ သောစေယျံ၊ သစ္စာတရားလည်းကောင်း, စင်ကြယ်သည့် အဖြစ်လည်းကောင်း။
အနုဒ္ဒယာ အတ္ထိ၊ မေတ္တာထားခြင်း သနားခြင်းသည်လည်းကောင်း ရှိ၏။
တေန သစ္စေန၊ ထိုသစ္စာတရားဖြင့်။
အနုတ္တရံ သစ္စကိရိယံ ကာဟာမိ၊ မြတ်သော သစ္စာဆိုမှုပြုခြင်းကို ပြုအံ့။
ဓမ္မဗလံ အာဝဇ္ဇေတွာ၊ တရားအစွမ်း အာနုဘော်ကို ဆင်ခြင်၍။
ပုဗ္ဗကေ ဇိနေ သရိတွာ၊ ပွင့်တော်မူပြီးကုန်သော ငါးမာရ်အောင်မြင် ဘုရားရှင်တို့ကို အောက်မေ့၍။
သစ္စဗလံ အဝဿာယ၊ သစ္စာစကား စွမ်းအားကို အားကိုးသမှုအမှီပြု၍။
သစ္စကိရိယံ အဟံ အကာသိံ၊ သစ္စာဆိုမှုပြုခြင်းကို ငါသည် ပြုခဲ့ပြီ။
ဣတိ ဝုတ္တံ၊ ဤသို့ ဆိုအပ်ပြီ။
အထ ဗောဓိသတ္တော၊ ထိုမှနောက် ဘုရားလောင်းငုံးမင်းသည်။
အတီတေ ပရိနိဗ္ဗုတာနံ ဗုဒ္ဓါနံ၊ အတိတ်က ပရိနိဗ္ဗာန်စံတော်မူပြီးကုန်သော ဘုရားရှင်တို့၏။
ဂုဏေ အာဝဇ္ဇေတွာ၊ ဂုဏ်တော်တို့ကို ဆင်ခြင်၍။
အတ္တနိ ဝိဇ္ဇမာနံ၊ မိမိ၌ ရှိနေသော။
သစ္စသဘာဝံ အာရဗ္ဘ၊ အမှန်သဘောကို အာရုံပြု၍။
သစ္စကိရိယံ ကရောန္တော၊ သစ္စာ ဆိုမှုပြုခြင်းကို ပြုလိုရကား။
ဣမံ ဂါထံ အာဟ၊ ဤဂါထာကို ဆိုပြီ။
ဂါထာအနက်ကား--
၃၅။ ပက္ခာ သန္တိ အပတနာ၊ အတောင်တို့ကား ရှိကုန်၏ မပျံနိုင်ကုန်သေး။
ပါဒါ သန္တိ အဝဉ္စနာ၊ ခြေတို့ကား ရှိကုန်၏ မသွားနိုင်ကုန်သေး။
မာတာပိတာ စ နိက္ခန္တာ၊ အမိသည်လည်းကောင်း အဖသည်လည်းကောင်း အသက်ဘေးကြောင့် ထွက်ပြေးကုန်ပြီ။
ဇာတဝေဒ ပဋိက္ကမ၊ အိုတောမီး ဆုတ်နစ်ရှောင်ရှား ကွင်းသွားပါလော့။
တတ္ထ၊ ထိုဂါထာ၌။
**သန္တိ ပက္ခာ အပတနာ**တိ၊ သန္တိ ပက္ခာ အပတနာ ဟူသည်ကား။
မယှံ ပက္ခာ နာမ အတ္ထိ ဥပလဗ္ဘန္တိ၊ ငါ့အား အတောင်မည်သည်တို့သည် ရှိကုန်၏။
စ ခေါ ဧတေဟိ ဥပ္ပတိတုံ၊ သို့သော်လည်း ထိုအတောင်တို့ဖြင့် ပျံခြင်းငှာ။
အာကာသေန ဂန္တုံ၊ ကောင်းကင်ဖြင့် သွားခြင်းငှာ။
နော သက္ကာ၊ မစွမ်းနိုင်ကုန်။
ဣတိ အပတနာ၊ ထို့ကြောင့် မပျံနိုင်ကုန်သေးတည်း။
**သန္တိ ပါဒါ အဝဉ္စနာ**တိ၊ သန္တိ ပါဒါ အဝဉ္စနာ ဟူသည်ကား။
ပါဒါပိ မေ အတ္ထိ၊ ခြေတို့သည်လည်း ငါ့အား ရှိကုန်၏။
ပန တေဟိ ဝဉ္စိတုံ၊ သို့သော်လည်း ထိုခြေတို့ဖြင့် သွားခြင်းငှာ။
ပဒဝါရဂမနေန ဂန္တုံ န သက္ကာ၊ ခြေလှမ်းသွားခြင်းဖြင့် သွားခြင်းငှာ မတတ်ကောင်းကုန်။
ဣတိ အဝဉ္စနာ၊ ထို့ကြောင့် မသွားနိုင်ကုန်သေးတည်း။
**မာတာပိတာ စ နိက္ခန္တာ**တိ၊ မာတာပိတာ စ နိက္ခန္တာ ဟူသည်ကား။
ယေ စ မံ အညတ္ထ နေယျုံ၊ အကြင် မိဖတို့သည်လည်း ငါ့ကို အခြားမီးလွတ်ရာသို့ ဆောင်ယူကုန်ရာ၏။
တေပိ မာတာပိတရော မရဏဘယေန နိက္ခန္တာ၊ ထိုမိဖတို့သည်လည်း သေဘေးကြောင့် ထွက်ပြေးကုန်ပြီတည်း။
အဂ္ဂိံ **ဇာတဝေဒါ**တိ အာလပတိ၊ တောမီးကို ဇာတဝေဒဟု ခေါ်ဝေါ်သမှု ဘုရားလောင်းပြု၏။
ဟိ သော၊ အကြင့်ကြောင့် ထိုမီးသည်။
ဇာတောဝ ဝေဒယတိ ပညာယတိ၊ ဖြစ်လျှင် ဖြစ်ခြင်းပင် ထင်ရှား၏။
တသ္မာ ဇာတဝေဒေါတိ ဝုစ္စတိ၊ ထို့ကြောင့် ဇာတဝေဒဟု ခေါ်ဆိုအပ်၏။
**ပဋိက္ကမာ**တိ၊ ပဋိက္ကမဟူသည်ကား။
ပဋိဂစ္ဆ နိဝတ္တာတိ၊ နောက်သို့ ပြန်လှည့် ဆုတ်နစ်ရှောင်ကွင်းသွားလော့ဟု။
ဇာတဝေဒံ အာဏာပေတိ၊ တောမီးကို အာဏာပေး၏။
ဣတိ မဟာသတ္တော၊ ဤသို့လျှင် ဘုရားလောင်းသည်။
"မယှံ ပက္ခာနံ အတ္ထိဘာဝေါ၊ ငါ့အား အတောင်တို့၏ ရှိသည့်အဖြစ်သည်လည်းကောင်း။တေ ပသာရေတွာ= ထိုအတောင်တို့ကို ဆန့်တန်း၍။
အာကာသေ အပတနဘာဝေါ စ၊ ကောင်းကင်၌ မပျံနိုင်သည့် အဖြစ်သည်လည်းကောင်း။
ပါဒါနံ အတ္ထိဘာဝေါ၊ ခြေတို့၏ ရှိသည့်အဖြစ်သည်လည်းကောင်း။
တေ ဥက္ခိပိတွာ အဝဉ္စနဘာဝေါ စ၊ ထိုခြေတို့ကို ကြွချီ၍ မသွားနိုင်သည့် အဖြစ်သည်လည်းကောင်း။
မာတာပိတူနံ မံ၊ မိဖတို့၏ ငါ့ကို။
ကုလာဝကေယေဝ ဆဍ္ဍေတွာ၊ အသိုက်ထဲ၌ပင် ပစ်ထားခဲ့၍။
ပလာတဘာဝေါ စ သစေ သစ္စော၊ ထွက်ပြေးသည့် အဖြစ်သည်လည်းကောင်း အကယ်၍ မှန်ကန်အံ့။
သဘာဝဘူတောယေဝ၊ သဘာဝအစစ်သာ ဖြစ်အံ့။
ဇာတဝေဒ ဧတေန သစ္စေန၊ အိုတောမီး ဤသစ္စာစကားကြောင့်။
တွံ ဣတော ပဋိက္ကမာတိ၊ သင်တောမီးသည် ယခုလောင်ဆဲ ဤနေရာမှ နောက်သို့ပြန်လှည့် ဆုတ်ခွါရှောင်ကွင်းသွားပါလေ"ဟု။
ကုလာဝကေ နိပန္နကောဝ၊ အသိုက်ထဲ၌ အိပ်လျက်ပင်။
သစ္စကိရိယံ အကာသိ၊ သစ္စာဆိုမှုပြုခြင်းကို ပြုပြီ။
တဿ သစ္စကြိယာယ သဟ၊ ထိုဘုရားလောင်း၏ သစ္စာဆိုမှုပြုသည်နှင့် အတူ။
သောဠသကရီသမတ္တေ ဌာနေ၊ ၁၆-ပယ် ပမာဏရှိသော နေရာ၌။
ဇာတဝေဒေါ ပဋိက္ကမိ၊ တောမီးသည် ဆုတ်နစ်ပြီ။
ပဋိက္ကမန္တော စ န ဈာယမာနောဝ၊ ဆုတ်နစ်သော်လည်း တောက်လောင်လျက်သာ။
အညံ န ဂတော၊ အခြားသို့ ရှောင်ကွင်းသွားသညါမဟုတ်။
ပန ဥဒကေ၊ အဟုတ်သော်ကား ရေ၌။
ဩပိလာပိတာ ဥက္ကာ ဝိယ၊ နှစ်အပ်သော မီးရှူးကဲ့သို့။
တတ္ထေဝ နိဗ္ဗာယိ၊ ထိုလောင်ရာ၌ပင် ငြိမ်းလေပြီ။
တေန၊ ထို့ကြောင့်။
" မယှံ သစ္စေ ကတေ သဟ၊ ငါသည် သစ္စာဆိုမှုကို ပြုအပ်ပြီးသည်နှင့် အတူ။
မဟာပဇ္ဇလိတော သိခီ၊ ကြီးသော အလျှံရှိသော တောမီးသည်။
သိခီ ဥဒကံ ပတွာ (ဝဇ္ဇေသိ) ယထာ၊ မီးသည် ရေသို့ ရောက်သော် (ရှောင်၏ ငြိမ်း၏)သို့။
သောဠသကရီသာနိ ဝဇ္ဇေသိ၊ ၁၆-ပယ်တို့ကို ရှောင်ကွင်း ငြိမ်းအေးလေပြီ"။
ဣတိ ဝုတ္တံ၊ ဤသို့ ဟောတော်မူအပ်ပြီ။
တံ ပန ဌာနံ၊ ထိုနေရာသည်ကား။
သကလေပိ ဣမသ္မိံ ကပ္ပေ၊ အလုံးစုံသည် ဖြစ်သော ဤဘဒ္ဒကမ္ဘာ၌။
အဂ္ဂိနာ အနဘိဘဝနီယတ္တာ၊ မီးသည် မလွှမ်းမိုးနိုင်သည့် အဖြစ်ကြောင့်။
ကပ္ပဋ္ဌိယပါဋိဟာရိယံ နာမ ဇာတံ၊ ကမ္ဘာပတ်လုံးတည်သော တန်ခိုးပြာဋိဟာ ရှိရာအရပ်မည်သည် ဖြစ်ပြီ။
ဧဝံ ဗောဓိသတ္တော၊ ဤသို့လျှင် ဘုရားလောင်းသည်။
သစ္စကိရိယံ ကတွာ၊ သစ္စာဆိုမှုပြုခြင်းကို ပြု၍။
ဇီဝိတပရိယောသာနေ၊ အသက်အဆုံး၌။
ယထာကမ္မံ ဂတော၊ ကံအားလျော်စွာ လားပြီ။
သတ္ထာ၊ ဘုရားရှင်သည်။
"ဘိက္ခဝေ ဣမဿ ဝနဿ၊ အိုရဟန်းတို့ ဤတောကို။
အဂ္ဂိနာ အနဇ္ဈောတ္ထရဏံ၊ မီးသည် မလွှမ်းမိုးနိုင်ခြင်းသည်။
ဧတရဟိ မယှံ န ဗလံ၊ ယခုအခါ ငါဘုရား၏ စွမ်းအားမဟုတ်။
ဧတံ ပန ဝဋ္ဋပေါတကကာလေ၊ ဤမီးငြိမ်းခြင်းသည်ကား ငုံးကလေးဖြစ်ရာ အခါ၌။
မယှမေဝ ပေါရာဏံကံ သစ္စဗလန္တိ၊ ငါဘုရား၏သာ ရှေးကဖြစ်ခဲ့သော သစ္စာစွမ်းအားတည်း"ဟု။
ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဤတရားဒေသနာကို ဆောင်တော်မူ၍။
သစ္စာနိ ပကာသေသိ၊ သစ္စာတို့ကို ပြတော်မူပြီ။
သစ္စပရိယောသာနေ၊ သစ္စာတို့ကို ပြပြီးသည့်အဆုံး၌။
ကေစိ သောတာပန္နာ၊ အချို့တို့သည် သောတာပန်တို့သည်လည်းကောင်း။
ကေစိ သကဒါဂါမိနော၊ အချို့တို့သည် သကဒါဂါမ်တို့သည်လည်းကောင်း။
ကေစိ အနာဂါမိနော အဟေသုံ၊ အချို့တို့သည် အနာဂါမ်တို့သည် လည်းကောင်း ဖြစ်ကုန်ပြီ။
ကေစိ အရဟတ္တံ ပတ္တာ ဣတိ၊ အချို့တို့ကား ရဟန္တာအဖြစ်သို့ ရောက်ကြပြီ ဤသို့ မှတ်ပါလေ။
သတ္ထာပိ အနုသန္ဓိံ ဃဋေတွာ၊ ဘုရားရှင်သည်လည်း အနုသန္ဓေကို ဆက်စပ်တော်မူ၍။
"တဒါ မာတာပိတရော၊ ထိုငုံးဖြစ်စဉ်အခါက မိဖတို့သည်။
ဧတရဟိ မာတာပိတရောဝ အဟေသုံ၊ ယခုဘုရား ဖြစ်ရာအခါ၌ မယ်တော်ခမည်းတော်တို့သည်သာ ဖြစ်လာကုန်ပြီ။
ဝဋ္ဋကရာဇာပန အဟမေဝ အဟောသိန္တိ၊ ငုံးမင်းသည်ကား ငါဘုရားသည်သာ ဖြစ်လာပြီ"ဟု။
ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
**ဝဋ္ဋကဇာတကဝဏ္ဏနာ ပဉ္စမာ**၊ **ငါးခုမြောက် ဖြစ်သော ဝဋ္ဋကဇာတ်အဖွင့်တည်း။**