Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
Jātaka-aṭṭhakathā(Paṭhamo bhāgo)
Jātaka-aṭṭhakathā(Paṭhamo bhāgo)

[123] 3. Naṅgalīsajātakavaṇṇanā

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

**အသဗ္ဗတ္ထဂါမိံ ဝါစန္တိ** ဣဒံ၊ အသဗ္ဗတ္ထဂါမိ ဝါစံအစရှိသော ဤတရားဒေသနာ တော်ကို။ သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။ လာဠုဒါယိတ္ထေရံ အာရဗ္ဘ ကထေသိ၊ လာဠုဒါယီမထေရ်ကို အကြောင်းပြု၍ ဟောတော်မူပြီ။
သော ဓမ္မံ ကထေန္တော၊ ထိုလာဠုဒါယီထေရ် သည် တရားကို ဟောသော်။ “ဣမသ္မိံ ဌာနေ ဣဒံ ကထေတဗ္ဗံ၊ ဤအကြောင်း အရာ၌ ဤတရားကို ဟောသင့်၏။ ဣမသ္မိံ ဌာနေ ဣဒံ န ကထေတဗ္ဗန္တိ၊ ဤအကြောင်းအရာ၌ ဤတရားကို မဟောသင့်”ဟု။ ယုတ္တာယုတ္တံ န ဇာနာတိ၊ သင့် မသင့်ကို မသိ။ မင်္ဂလေ အဝမင်္ဂလံ ဝဒန္တော၊ မင်္ဂလာကိစ္စ၌ မင်္ဂလာမရှိသည်ကို ဟောပြောလျက်။ “တိရောကုဋ္ဋေ သု၊ နံရံတစ်ဘက်တို့၌လည်းကောင်း။ သန္တိ သိင်္ဃာဋကေသု စ၊ အိမ်ခြံစပ်လမ်းဆုံတို့၌လည်းကောင်း။ တိဋ္ဌန္တိ ဣတိ၊ တည်ကုန် ၏"စသည်ဖြင့်။ ဣဒံ အဝမင်္ဂလံ၊ ဤအမင်္ဂလာတရားကို။ မင်္ဂလံ ကရောန္တော၊ မင်္ဂလာတရားကို ပြု၍။ အနုမောဒနံ ကထေတိ ကိရ၊ အနုမောဒနာတရားကို ဟောသတဲ့။
အဝမင်္ဂလေသု၊ အမင်္ဂလာကိစ္စတို့၌။ အနုမောဒနံ ကရောန္တော၊ အနု မောဒနာတရားကို ပြုသော်။ ဗဟူ ဒေဝါ မနုဿာ စ၊ များစွာကုန်သော နတ်တို့ သည်လည်းကောင်း လူတို့သည်လည်းကောင်း။ မင်္ဂလာနိ အစိန္တယုန္တိ၊ မင်္ဂလာ တရားတို့ကို တွေးတောကြပြီ”စသည်ဖြင့်။ ဂတွာ၊ ဟောပြောပြီး၍။ “ဧဝရူပါနံ မင်္ဂလာနံ၊ ဤသို့သဘောရှိကုန်သော မင်္ဂလာတို့၏။ သတမ္ပိ သဟဿမ္ပိ၊ တစ်ရာ ကိုလည်းကောင်း တစ်ထောင်ကိုလည်းကောင်း။ ကာတုံ သမတ္တာ၊ ပြုခြင်းငှာ စွမ်းနိုင်ကုန်သည်။ ဟောထာတိ ဝဒတိ ကိရ၊ ဖြစ်ကြပါစေ”ဟု ဟောပြောသတဲ့။
အထ ဧကဒိဝသံ၊ ထိုအခါ တစ်နေ့၌ ။ ဓမ္မသဘာယံ ဘိက္ခူ၊ တရားသဘင်၌ ရဟန်း တို့သည်။ “အာဝုသော လာဠုဒါယီ၊ အိုငါ့ရှင်တို့ လာဠုဒါယီသည်။ ယုတ္တာယုတ္တံ ဇာနာတိ၊ သင့်မသင့်ကို မသိတတ်။ သဗ္ဗတ္ထ အဘာသိတဗ္ဗဝါစံ၊ ကိစ္စအားလုံး၌ န မပြောသင့်သော စကားကို။ ဘာသတီတိ၊ ပြော၏”ဟု။ ကထံ သမုဋ္ဌာပေသုံ၊ စကားကို ဖြစ်စေကုန်ပြီ။
သတ္ထာ အာဂန္တွာ၊ ဘုရားရှင်သည် ကြွလာတော်မူပြီး၍။ “ဘိက္ခဝေ ဧတရဟိ၊ အို. . ရဟန်းတို့ ယခုအခါ။ ကာယ ကထာယ သန္နိသိန္နာ၊ အဘယ်မည်သော စကားဖြင့် ကောင်းစွာထိုင်နေကြသည်။ အတ္ထနုတိ ပုဏ္ဏိတွာ၊ ဖြစ်ကြသနည်း”ဟု မေးတော်မူ၍။ “ဣမာယ နာမာတိ ဝုတ္တေ၊ ဤမည်သော စကားဖြင့်ပါ”ဟု လျှောက်ထားအပ်သော်။ “ဘိက္ခဝေ လာဠုဒါယီ၊ အိုရဟန်းတို့ လာဠုဒါယီသည်။ ဣဒါနေဝ ဒန္ဓပရိသတ္တနော၊ ယခုအခါသာ နုံချာသော အားထုတ်မှုရှိ၍။ ယုတ္တာယုတ္တံ န ဇာနာတိ န၊ သင့်,မသင့်ကို မသိသည် မဟုတ် သေး။ ပုဗ္ဗေပိ ဧဝရူပေါ အဟောသိ၊ ရှေးကလည်း ဤသို့သဘောရှိသည် ဖြစ်ခဲ့ပြီ။ ဧသော နိစ္စံ၊ ဤလာဠုဒါယီသည် အမြဲ။ လာဠကောယေဝ ဣတိ ဝတွာ၊ တံတွေး များသည်သာ”ဟု မိန့်တော်မူ၍။ အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။ ဗြဟ္မဒတွေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုလတ်သော်။ ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ ဗြာဟ္မဏ မဟာသာလကုလေ နိဗ္ဗတ္တိတွာ၊ ပုဏ္ဏားလူချမ်းသာ မျိုး၌ ဖြစ်၍။ ဝယပ္ပတ္တော တက္ကသိလာယံ၊ အရွယ်ရောက်သော် တက္ကသိုလ်မြို့၌။ သဗ္ဗသိပ္ပါနိ ဥဂ္ဂဟေတွာ၊ အလုံးစုံသော အတတ်ပညာတို့ကို သင်ယူပြီး၍။ ဗာရာဏသိယံ ဒိသာပါမောက္ခော၊ ဗာရာဏသီမြို့၌ အရပ်လေးမျက်နှာအကြီးအမှူးဖြစ်သော။ အာစရိယော ဟုတွာ၊ ဆရာကြီးသည် ဖြစ်၍။ ပဉ္စမာဏဝက စကော သတာနိ၊ လုလင်ငါးရာတို့ကို။ သိပ္ပံ ဝါစေသိ၊ အတတ်ပညာကို ဆိုစေပြီ။ (သင်ပေး ပြီ)။
တဒါ တေသု မာဏဝေသု၊ ထိုအခါက ထိုပညာသင်လုလင်တို့တွင်။ ဒန္ဓပရိသက္ကနော၊ တစ်ယောက်သော နုံချာသော လုံ့လရှိသော။ လာဠကော မာဏဝေါ၊ တံတွေးများသော လုလင်သည်။ ဓမ္မန္တေဝါသိကော ဟုတွာ၊ ဓမ္မန္တေ ဝါသိကသည် ဖြစ်၍။ သိပ္ပံ ဥဂ္ဂဏှာတိ၊ အတတ်ပညာကို သင်ယူ၏။ ဒန္ဓဘာဝေန ပန၊ နုံချာသည်၏အဖြစ်ကြောင့်ကား။ ဥဂ္ဂဏှိတုံ န သက္ကာတိ၊ သင်ယူခြင်းငှာ မစွမ်းနိုင်။
ဗောဓိသတ္တဿ ပန၊ ဘုရားလောင်းအားကား။ ဥပကာရော ဟောတိ၊ ကျေးဇူးပြုတတ်သည် (ကျေးဇူးများသည်) ဖြစ်၏။ ဒါသော ဝိယ၊ ကျွန်ကဲ့သို့။ သဗ္ဗကိစ္စာနိ ကရောတိ၊ ကိစ္စအားလုံးတို့ကို ပြုလုပ်၏။
အထ ဧကဒိဝသံ၊ ထိုအခါ တစ်နေ့၌။ ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ သာယမာသံ ဘုဉ္ဇိတွာ၊ ညနေစာ ကို စားပြီး၍။ သယနေ နိပန္နော၊ အိပ်ရာ၌ လျောင်းသော်။ ဟတ္ထပါဒပိဋ္ဌိပရိကမ္မာနိ၊ လက်ခြေကျောဆုတ်နယ်ခြင်းတို့ကို။ ကတွာ ဂစ္ဆန္တံ၊ ပြီး၍ သွားသော။ တံ မာဏဝံ၊ ထိုလုလင်ကို။ “တာတ မဉ္စပါဒေ၊ အို. ချစ်သား ညောင်စောင်းခြေတို့။ ဥပတ္ထ မ္ဘေတွာ ယာဟီတိ အာဟ၊ ခု၍ သွားလော” ဟု ပြောပြီ။
မာဏဝေါ၊ လုလင်သည်။ ဧကံ ပါဒံ၊ ညောင်စောင်းခြေတစ်ချောင်းကို။ ဥပတ္ထမ္ဘေတွာ၊ ခုပြီး၍။ ဧကဿ၊ တစ်ချောင်းအတွက်။ ဥပတ္ထမ္ဘကံ၊ ခုစရာကို။ အလဘန္တော၊ မရသည်ဖြစ်၍။ အတ္တနော ဦရုမှိ၊ မိမိ၏ ပေါင်ပေါ်၌။ ဌပေတွာ ရတ္တိံ ခေပေသိ၊ တင်ထား၍ ညကို ကုန်စေပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ ပစ္စူ သသမယေ ဥဋ္ဌာယ၊ မိုးသောက် အခါ၌ ထ၍။ တံ ဒိသွာ၊ ထိုလုလင်ကို တွေ့ရ၍။ “တာတ ကံ နိသိန္နော၊ အို. ချစ်သား ဘာ့ကြောင့် ထိုင်နေသည်။ အသီသိ ပုတ္တိ၊ ဖြစ်သနည်း”ဟု မေးပြီ။
အာစရိယ ဧကဿ မဉ္စပါဒဿ၊ အိုဆရာကြီး တစ်ချောင်းသော ညောင်စောင်း ခြေ၏။ ဥပတ္ထမ္ဘကံ အလဘန္တော၊ ခုစရာကို မရ၍။ ဦရုမှိ ဌပေတွာ၊ ပေါင်ပေါ်၌ တင်ထား၍။ နိသိန္နော အမှီတိ၊ ထိုင်နေသည် ဖြစ်၏ဟုပြောပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ သံဝိဂ္ဂမာနသော ဟုတွာ၊ ထိတ်လန့်သော စိတ်ရှိသည် ဖြစ်၍။ “အယံ အတိဝိယ၊ ဤလုလင်သည် အလွန်ပင်။ မယှံ ဥပကာရော၊ ငါအား ကျေးဇူးပြုတတ်၏။ ပန ဧတ္တကာနံ၊ သို့သော်လည်း ဤမျှရှိကုန်သော။ မာဏဝကာနံ အန္တရေ၊ လုလင်တို့၏ အကြား၌။ အယမေဝ ဒန္ဓော၊ ဤလုလင် သည်သာ နုံချာ၍။ သိပ္ပံ သိက္ခိတုံ န သက္ကောတိ၊ အတတ်ပညာကို သင်ယူခြင်းငှါ မစွမ်းနိုင်။ ကထံ နုခေါ အဟံ၊ အဘယ်သို့လျှင် ငါသည်။ ဣမံ ပဏ္ဍိတံ၊ ဤလုလင် ကို ပညာရှိကို။ ကရေယန္တိ စိန္တေသိ၊ ပြုနိုင်မည်နည်းဟု တွေးတောပြီ။
အထ အဿ၊ ထိုအခါ ထိုဘုရားလောင်းအား။ “ဧကော ဥပါယော အတ္ထိ၊ တစ်ခုသော နည်းလမ်းသည် ၏။ အဟံ ဣမံ မာဏဝံ၊ ငါသည် ဤလုလင်ကို။ ဒါရုအတ္ထာယ ပဏ္ဏတ္ထာယ စ၊ ထင်းအကျိုးငှါလည်းကောင်း ဟင်းရွက်အကျိုးငှါလည်းကောင်း။ ဝနံ ဂန္တွာ အာဂတံ၊ တောထဲသို့ သွားပြီး၍ ပြန်လာသည်ကို။ “အဇ္ဇ တေ၊ ယနေ့ သင်သည်။ ကိံ ဒိဋ္ဌံ၊ အဘယ်ကို တွေ့မြင်အပ်သနည်း။ ကံ ကတန္တိ ပုစ္ဆိဿာမိ၊ အဘယ်ကို ပြုအပ်ခဲ့သနည်း'ဟု မေးအံ့။
အထ မေ၊ ထိုအခါ ငါ့အား။ ဣဒံ နာမ အဇ္ဇ၊ ဤမည်သည်ကို ယနေ့။ မယာ ဒိဋ္ဌံ၊ ကျွန်တော်သည် မြင်အပ်ခဲ့ပါပြီ။ ဣဒံ ကတန္တိ၊ ဤအမှုကို ပြုအပ်ခဲ့ပါပြီဟု။ အာစိက္ခိဿတိ၊ ပြောကြားလတံ့။
အထ နံ၊ ထိုပြောကြားရာ အခါ၌ ထိုလုလင်ကို။ တယာ ဒိဋ္ဌံ စ ကတဉ္စ၊ သင်လုလင်သည် မြင်အပ်သော ပစ္စည်းသည်လည်းကောင်း ပြုအပ်သော အမှုသည်လည်းကောင်း။ ကီဒိသန္တိ ပုစ္ဆိဿာမိ၊ အဘယ်သို့ရအပ်ပါသနည်းဟု မေးမည်။ သော၊ ထိုလုလင် သည်။ ဧဝရူပံ နာမာတိ၊ ဤသို့သဘောရှိသည် မည်ပါ၏ဟု။ ဥပမာယ စ၊ ဥပမာ ဖြင့်လည်းကောင်း။ ကာရဏေန စ၊ အကြောင်းဖြင့်လည်းကောင်း။ ကထေဿတိ၊ ဖြေဆိုလိမ့်မည်။
ဣတိ နံ၊ ဤသို့လျှင် ထိုလု လင်ကို။ နဝံ နဝံ၊ အသစ်အသစ်ဖြစ် သော။ ဥပမဉ္စ ကာရဏဉ္စ ကထာပေတွာ၊ ဥပမာကိုလည်းကောင်း အကြောင်းကို လည်းကောင်း ပြောဆိုစေ၍။ ဣမိနာ ဥပါယေန ပဏ္ဍိတံ၊ ဤနည်းလမ်းဖြင့် ပညာ ရှိကို။ ကရိဿာမီတိ၊ ပြုမည်”ဟု။ ဧတံ အဟောသိ၊ ဤအကြံသည် ဖြစ်ပြီ။
တံ ပက္ကောသာပေတွာ၊ ထိုဘုရားလောင်းသည် ထိုလုလင်ကို ခေါ်စေ၍။ “တာတ မာဏဝ၊ ချစ်သား လုလင်။ ဣတော ပဌာယ၊ ဤနေ့မှ စ၍။ ဒါရုအတ္ထာယ ဝါ၊ ထင်းအကျိုးငှါလည်းကောင်း။ ပဏ္ဏတ္ထာယ ဝါ၊ ဟင်းရွက်အကျိုးငှါလည်းကောင်း။ ဂတဋ္ဌာနေ၊ သွားရာဌာန၌။ ယံ တေ၊ အကြင်ပစ္စည်းကို သင်ချစ်သားသည်။ တတ္ထ ဒိဋ္ဌိ ဝါ၊ ထိုသွားရာဌာန၌ မြင်ခဲ့ရသည်လည်းကောင်း။ သုတံ ဝါ ဘုတ္တံ ဝါ၊ ကြားခဲ့ ရသည်လည်းကောင်း စားခဲ့ရသည်လည်းကောင်း။ ပီတံ ဝါ ခါဒိတံ ဝါ ဟောတိ၊ သောက်ခဲ့ရသည်လည်းကောင်း ကိုက်စားခဲ့ရသည်လည်းကောင်း ဖြစ်၏။ တံအာဂန္တွာ၊ ထိုမြင်ခဲ့ရသည့်ပစ္စည်းစသည်ကို လာရောက်၍။ မယှံ အာရော စေယျာသီတိ အာဟ၊ ငါ့အား ပြောကြားလော့”ဟု ပြောဆို မှာထားပြီ။
သော သာဓူတိ ပဋိဏိတွာ၊ ထိုလုလင်သည် ကောင်းပါပြီဟု ဝန်ခံပြီး၍။ ဧကဒိဝသံ မာဏဝေဟိ သဒ္ဓိံ၊ တစ်နေ့၌ လုလင်တို့နှင့် အတူ။ ဒါရုအတ္ထာယ အရည် ဂတော၊ ယင်းအကျိုးငှါ တောထဲသို့ သွားသော်။ တတ္ထ သပ္ပံ၊ ထိုတောထဲ၌ မြွေကို။ ဒိသွာ အာဂန္တွာ၊ တွေ့ရ၍ လာရောက်၍။ “အာစရိယ သဂ္ဂေါ၊ အို. ဆရာ ကြီး မြွေကို။ မေ ဒိဋ္ဌောတိ၊ ကျွန်တော်သည် မြင်ခဲ့ရပြီ”ဟု။ အာရောစေသိ၊ ပြောကြားပြီ။
တာတ သန္ဓေါ နာမ၊ အို. ချစ်သား မြွေမည်သည်ကို။ ကီဒိသော ဟောတီတိ၊ အဘယ်သို့ရှုအပ်သည် ဖြစ်သနည်းဟု မေးပြီ။
သေယျထာပိ နင်္ဂလီသာတိ၊ ထွန်တုံး ထွန်တန်ကဲ့သို့ပါဟုဖြေပြီ။
တာတ သာဓုအို. ချစ်သား ကောင်းလှ၏။ တေ မနာပါ၊ သင်ချစ်သားသည် နှစ်သက်ဖွယ်ဖြစ်သော။ ဥပမာ အာဟဋာ၊ ဥပမာကို ဆောင်ယူအပ်ပေပြီ။ သပ္ပါ နာမ၊ မြွေတို့မည်သည်။ နင်္ဂလီသသဒိသာဝ၊ ထွန်တုံးထွန်တန်နှင့်တူကြသည်သာ။ ဟောန္တိတိ၊ ဖြစ်ကုန်၏ဟု ပြောပြီ။
အထ ဗောဓိသတ္တော၊ ထိုအခါ ဘုရားလောင်းသည်။ “မာဏဝကေန မနာပါ၊ လုလင်ငယ်သည် နှစ်သက်ဖွယ်ကောင်းသော။ ဥပမာ အာဟဋာ၊ ဥပမာကို ဆောင်ယူအပ်ခဲ့ပြီ။ နံ ပဏ္ဍိတံ ကာတုံ၊ ထိုလုလင်ကို ပညာရှိကို ပြုခြင်းငှါ။ သက္ခိဿာမိ ဣတိ၊ စွမ်းနိုင်လိမ့်မည်ဟုတွေးပြီ။
မာဏဝေါ ပုန ဧကဒိဝသံ၊ လုလင် သည် တဖန် တစ်နေ့၌။ အရညေ ဟတ္ထိ ဒိသွာ၊ တောထဲ၌ ဆင်ကို တွေ့ခဲ့၍။ အာစရိယ မေ ဟတ္ထီ၊ အို. ဆရာကြီး ကျွန်တော်မျိုးသည် ဆင်ကို။ ဒိဋ္ဌောတိ အာဟ၊ တွေ့ခဲ့ရပြီ”ဟု ပြောပြီ။
တာတ ဟတ္ထီ နာမ၊ အို. ချစ်သား ဆင်မည် သည်ကို။ ကီဒိသောတိ၊ အဘယ်ကဲ့သို့ ရှုအပ်ပါသနည်းဟု မေးပြီ။
သေယျထာပိ နင်္ဂလီသာတိ၊ ထွန်တုံးထွန်တန်ကဲ့သို့ပါဟုဖြေပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်း သည်။ “ဟတ္ထိဿ သောဏ္ဍာ၊ ဆင်၏ နှာမောင်းတို့သည်။ နင်္ဂလီသသဒိသာ ဟောန္တိ၊ ထွန်တုံးထွန်တန်နှင့်တူကုန်သည် ဖြစ်ကုန်၏။ ဒန္တာဒယော၊ အစွယ်စသည် တို့သည်ကား။ ဧဝရူပါ စ ဧဝရူပါ စ၊ ဤသို့ သဘောလည်း ရှိကုန်၏ ဤသို့သဘော လည်းရှိကုန်၏။
အယံ ပန ဗာလတာယ၊ ဤလုလင်သည်ကား ဖျင်းအသည့် အဖြစ်ကြောင့်။ ဝိဘဇိတွာ ကထေတုံ၊ ခွဲခြား၍ ဖြေဆိုခြင်းငှါ။ အသက္ကောန္တေ၊ မစွမ်းနိုင်ရကား။ သောဏ္ဍံ သန္ဓာယ၊ နှာမောင်းကို ရည်ရွယ်၍။ ကထေသိ မညေတိ၊ ဖြေဆိုသည် ထင်၏ဟု။ တုဏှီ အဟောသိ၊ ဆိတ်ဆိတ်သည် ဖြစ်ပြီ။
ဧကဒိဝသံ၊ ထိုအခါ တစ်နေ့၌။ နိမန္တနေ ဥက္ကံ လဘိတွာ၊ ထမင်းစား ဖိတ်ရာ၌ ကြံချောင်းကို ရခဲ့၍။ “အာစရိယ အဇ္ဇ၊ အို. ဆရာကြီး ယနေ့။ မယံ ဥစ္ဆု၊ ကျွန်တော် တို့သည် ကြံချောင်းကို။ ခါဒိမှာတိ အာဟ၊ စုပ်ခဲ့ကြရပါပြီ”ဟု ပြောပြီ။
ဥစ္ဆု နာမ ကီဒိသောတိ ဝုတ္တေ၊ ကြံချောင်းမည်သည်ကို ဘယ်ကဲ့သို့ရအပ်သနည်းဟု မေးအပ် သော်။ သေယျထာပိ နင်္ဂလီသာဟိ အာဟ၊ ထွန်တုံး ထွန်တန်ကဲ့သို့ပါဟု ဖြေပြန်ပြီ။
အာစရိယော၊ ဘုရားလောင်း ဆရာကြီးသည်။ ထောကံ ပတိရူပံ၊ အနည်းငယ် သင့်လျော်သော။ ကာရဏံ ကထေသီတိ၊ အကြောင်းအရာကို ဖြေဆို၏”ဟု။ တုဏီ ဇာတော၊ ဆိတ်ဆိတ်သည် ဖြစ်ပြီ။
ပုန ဧကဒိဝသံ နိမန္တနေ၊ တစ်ဖန် တစ်နေ့၌ ထမင်းစားဖိတ်ရာ၌။ ဧကစွေ မာဏဝါ၊ အချို့ကုန်သော လုလင်တို့သည်။ ဂုင္ငံ ဒမိနာ ဘုဉ္ဇိံ သု၊ တင်လဲခဲကို နို့ဓမ်းဖြင့် စားကြပြီ။ ဧကစ္စေ ခီရေန၊ အချို့လုလင်တို့သည် နို့ရည်ဖြင့်။ (ဂုင္ငံ ဘုံသု၊ တင်လဲခဲကို စားကြပြီ)။
သော အာဂန္တွာ၊ ထိုနုံချာသော တပည့်သည် လာ၍။ “အာစရိယ အဇ္ဇ မယံ၊ အို. . ဆရာကြီး ယနေ့ ကျွန်တော်တို့သည်။ ဒဓိနာ ခီရေန၊ နို့ဓမ်းဖြင့်လည်းကောင်း နို့ရည်ဖြင့်လည်းကောင်း။ ဘုဉ္ဇိမှာတိ ဝတွာ၊ စားခဲ့ကြ ပါပြီ”ဟု ပြောဆို၍။ “ဒဓိခီရံ နာမ ကီဒိသံ၊ နို့ဓမ်းနို့ရည်မည်သည် အဘယ်ကဲ့သို့ ရှုအပ်သည်။ ဟောတီတိ ဝုတ္တေ၊ ဖြစ်သနည်း”ဟု မေးအပ်သော်။ “သေယျထာပိ နင်္ဂလီသာတိ အာဟ၊ ထွန်းတုံးထွန်တန်ကဲ့သို့ပါ”ဟု ဖြေဆိုပြီ။
အာစရိယော၊ ဘုရား လောင်းဆရာကြီးသည်။ “အယံ မာဏဝေါ၊ ဤလုလင်သည်။ “သပ္ပေါ နင်္ဂလီသ သဒိသောတိ၊ မြွေသည် ထွန်တုံးထွန်တန်နှင့်တူ၏'ဟု။ ကထေန္တော၊ ပြောဆိုသော်။ သုကထိတံ တာဝ ကထေသိ၊ ကောင်းစွာပြောဆိုအပ်သည်ကို ပြောဆိုပြီ။ `ဟတ္ထီ နင်္ဂလီသသဒိသောတိ၊ ဆင်သည် ထွန်းတုံးထွန်းတန်နှင့်တူ၏'ဟု။ ကထေန္တေနာပိ၊ ပြောဆိုစဉ်ကလည်း။ သောဏ္ဍံ သန္ဓာယ၊ နှာမောင်းကို ရည်ရွယ်၍။ လေသေန ကထိတံ၊ တူမှုအရိပ်အမြွက်အားဖြင့် ပြောဆိုအပ်ပါပေ၏။
ဥစ္ဆု နင်္ဂလီသသဒိသန္တိ၊ ကြံချောင်းသည် ထွန်းတုံးထွန်တန်နှင့်တူ၏'ဟု။ ကထနေပီ၊ ပြောဆိုရာ၌လည်း။ လေသော အတ္ထိ၊ တူညီမှုအရိပ်အမြွက်သည် ရှိသေး၏။ “ပန၊ ဆန့်ကျင်ဘက် ပြောရသော်။ ဒဓိဓီရာနိ၊ နို့ဓမ်းနို့ရည်တို့သည်။ နိစ္စံ ပဏ္ဍရာနိ၊ အမြဲဖြူဖွေးကုန်၏။ ပက္ခိတ္တဘာဇနသဏ္ဌာနိ၊ ထည့်ထားအပ်သော ခွက်သဏ္ဌာန်ရှိကြ၏။ ဣတိ ဣဓ၊ ထို့ကြောင့် ဤနို့ဓမ်းနို့ရည်တို့ ထွန်းတုံးထွန်တန်နှင့်တူ၏ဟူသော စကား၌။ သဗ္ဗေန သဗ္ဗ၊ အချင်းခပ်သိမ်း။ ဥပမံ န ကထေသိ၊ ဥပမာကိုပြုလုပ်မပြောသင့်။ ဣမံ လာဠကံ၊ တံထွေးများသူ ဤအနုံအချာကို။ သိက္ခာပေတုံ န သက္ကာ၊ တတ်မြောက်အောင် သင်ယူစေခြင်းငှာ မတတ်ကောင်း။ ဣတိ ဝတွာ၊ ဤသို့ ပြောဆို၍။
ဗာလော၊ နုံချာသော တပည့်သည်။ အသဗ္ဗတ္ထဂါမိံ ဝါစံ၊ အားလုံး၌ ဥပမာမဖြစ်သင့်သော စကားကို။ သဗ္ဗတ္ထ ဘာသတိ၊ အရာဝတ္ထု အရာဝတ္ထု အားလုံး၌ ဥပမာအနေ ပြောဆိုလေ၏။
အယံ၊ ဤဖျင်းအ,သော တပည့် သည်။ ဒဓိံ၊ နို့ဓမ်းကို။ န ဝေဒိ၊ ကွဲကွဲခြားခြားမသိ။ နင်္ဂလီသံ၊ ထွန်းတုံး ထွန်တန်ကိုလည်း။ န ဝေဒိ၊ ကွဲကွဲပြားပြားမသိ။ ကိံ ကာရဏာ၊ ဘာ့ကြောင့် နည်း)။ (ယသ္မာ၊ အကြင့်ကြောင့်)။ အယံ ဒဓိမ္ပိ၊ ဤနုံချာသော တပည့်သည် နို့ဓမ်းကိုလည်း။ နင်္ဂလီသံ မညတိ၊ ထွန်းတုံးထွန်းတန်ဟူ၍ အောင့်မေ့ မှတ်ထင်၏။ (တစ်နည်းကား) ဒဓိပ္ပယံ၊ နို့ဓမ်းနို့ရည်ကိုလည်း။ (အယံ၊ ဤနုံချာသော တပည့်သည်)။ နင်္ဂလီသံ မညတိ၊ ထွန်းတုံးထွန်တန်ဟူ၍ပင် မှတ်ထင်၏။ (တသ္မာ၊ ထို့ကြောင့်တည်း)။
တတြ အယံ သင်္ခေပတ္တော၊ ထိုဂါထာ၌ ဤဆိုလတံ့ကား အကျဉ်းချုပ်အနက် တည်း။ (ကော၊ အကျဉ်းချုပ်အနက်ဟူသည် အဘယ်နည်း)။ ယာ ဝါစာ ဩပမ္မ ဝသေန၊ အကြင်စကားသည် ဥပမာ၏ အစွမ်းဖြင့်။ သဗ္ဗတ္ထ န ဂစ္ဆတိ၊ အရာဝတ္ထု အားလုံး၌ မဖြစ်။ ဒန္ဓပုဂ္ဂလော **ဗာလော**၊ နုံချာသော ပုဂ္ဂိုလ်ဖြစ်သော လူအသည်။ **အသဗ္ဗတ္ထဂါမိံ** တံ **ဝါစံ**၊ အရာဝတ္ထုအားလုံး၌ ဥပမာမဖြစ်သော ထိုစကားကို။ **သဗ္ဗတ္ထ ဘာသတိ**၊ အရာဝတ္ထုအားလုံး၌ ဥပမာအနေပြောဆိုလေ၏။ “ဒမိ နာမ ကီဒိသန္တိ၊ နို့ဓမ်းမည်သည် အဘယ်ကဲ့သို့ ရှုအပ်သနည်း”ဟု။ ပုဋ္ဌောပိ၊ မေးအပ် သော်လည်း (အမေးခံရသော်လည်း)။ “သေယျထာပိ နင်္ဂလီသာတိ၊ ထွန်တုံး ထွန်တန်ကဲ့သို့ဟူ၍”။ ဝဒတေဝ၊ ပြောပြန်သည်သာ။
ဧဝံ အယံ၊ ဤကဲ့သို့ပြောဆိုသော ဤနုံချာသူသည်။ **ဒ ဓိံ န ဝေဒိ**၊ နို့ဓမ်းကို ခွဲခွဲခြားခြားမသိ။ **နင်္ဂလီသံ** န ဝေဒိ၊ ထွန်းတုံးထွန်တန်ကို ကွဲကွဲပြားပြားမသိ။
ကိံ ကာရဏာ၊ အဘယ့်ကြောင့် နည်း။
**ဒဓိပ္ပယံ မညတိ နင်္ဂလီသံ**၊ ဒဓိပ္ပယံ မည နင်္ဂလီသံဖြစ်သောကြောင့် တည်း။ ယသ္မာ အယံ ဒဓိမ္ပိ၊ အကြင့်ကြောင့် ဤနုံချာသူသည် နို့ဓမ်းကိုလည်း။ နင်္ဂလီသမေဝ မညတိ၊ ထွန်းတုံးထွန်တန်ကဲ့သို့သာဟု မှတ်ထင်၏။
အထ ဝါ၊ တစ်နည်းကား။ ဒခီတိ၊ ဒဓိဟူသည်။ ဒဓိမေဝ၊ နို့ဓမ်းပင်တည်း။ ပယန္တိပယံ ဟူသည်ကား။ ခီရံ၊ နို့ရည်ပင်တည်း။ ဒဓိ စ ပယဉ္စ၊ နို့ဓမ်းသည်လည်းကောင်း နို့ရည်သည်လည်းကောင်း။ ဒဓိပ္ပယံ၊ နို့ဓမ်းနို့ရည်သည်။
ယသ္မာ ဒမိခီရာနိပိ အဟံ၊ အကြင့်ကြောင့် နို့ဓမ်းနို့ရည်တို့ကိုလည်း ဤနုံချာသူသည်။ နင်္ဂလီသမေဝ မညတိ၊ ထွန်းတုံးထွန်တန်ကဲ့သို့သာဟု မှတ်ထင်၏။ (တသ္မာ၊ ထို့ကြောင့်တည်း)။ အယံ ဗာလော ဧဒိသော စ၊ ဤအ,သူသည်ကား ဤသို့ရှုအပ်သည်လည်းဖြစ်၏။ ဣမိနာ ကံ၊ ဤနုံချာသူဖြင့် ဘာအကျိုးရှိအံ့နည်း။ (ဣတိ၊ ဤသည်ပင်တည်း)။ ဣတိ အန္တေဝါသိကာနံ၊ ဤကဲ့သို့ အနီးနေတပည့်တို့အား။ ဓမ္မကထံ ကထေတွာ၊ တရား စကားကို ဟောကြားပြီး၍။ ပရိဗ္ဗယံ ဒတွာ၊ လမ်းစာရိက္ခာကို ပေးပြီး၍။ တံ ဥယျောဇေသိ၊ ထိုနုံချာသော တပည့်ကို လွှတ်လိုက်ပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာ တော်ကို ဆောင်တော်မူ၍။
“တဒါ လာဠကမာဏဝေါ၊ ထိုရှေးအခါက တံတွေးယို သော လုလင်သည်လာဠုဒါယီ အဟောသိလာဠုဒါယီသည် ဖြစ်လာပြီ။ ဒိသာ ပါမောက္ခော အာစရိယော ပန၊ အရပ်လေးမျက်နှာအကြီးအမှူးဖြစ်သော ဆရာ ကြီးသည်ကား။ အဟမေဝ အဟောသိန္တိ၊ ငါဘုရားသည်သာ ဖြစ်လာပြီ”ဟု။ ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
နင်္ဂလီသဇာတကဝဏ္ဏနာ တတိယာ၊ သုံးခုမြောက်ဖြစ်သောနင်္ဂလီသဇာတ်အဖွင့်တည်း။