Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
Jātaka-aṭṭhakathā(Paṭhamo bhāgo)
Jātaka-aṭṭhakathā(Paṭhamo bhāgo)

12. Haṃcivaggo

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

**ဟံစိ တုဂံ ဧဝမညသီ** တိ၊ ဟံစိ တုဝံ ဧဝမညသိဟူသော။ အယမ္ပိ ဂဒြဘပ‌ဉှော၊ ဤဂဒြဘပဉှဇာတ်သည်လည်း။ မဟာဥမင်္ဂဇာတကေယေဝ၊ မဟာဥမင်္ဂဇာတ်၌ ပင်။ အာဝိ ဘဝိဿတိ၊ ထင်စွာ ဖြစ်လိမ့်မည်။
ဂဒြဘပဉှဇာတကဝဏ္ဏနာ ပဌမာ၊ ရှေးဦးစွာဖြစ်သောဂဒြဘပဉှဇာတ်အဖွင့်တည်း။
**ယေန သတ္တုဗိလင်္ဂါ စာ** တိ၊ ယေန သတ္တုဗိလင်္ဂါ စဟူသော။ အယမ္ပိ အမရာ ဒေဝိပဉှော နာမ၊ ဤအမရာဒေဝိပဉှမည်သော ဇာတ်သည်လည်း။ တတ္ထိဝ အာဝိ ဘဝိဿတိ၊ ထိုမဟာဥမင်္ဂဇာတ်၌ပင် ထင်စွာဖြစ်လတံ့။
အမရာဒေဝိပဥဇာတကဝဏ္ဏနာ ဒုတိယာ၊ နှစ်ခုမြောက်ဖြစ်သောအမရာဒေဝီပဥဇာတ်အဖွင့်တည်း။
**သဒ္ဒဟာသိ သိင်္ဂါလဿာ** တိ ဣဒံ၊ သဒ္ဒဟာသိ သိင်္ဂါလဿစသော ဤတရား ဒေသနာတော်ကို။ သတ္ထာ ဝေဠုဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဝေဠုဝန်ကျောင်း တော်၌ နေတော်မူစဉ်။ ဒေဝဒတ္တံ အာရဗ္ဘ ကထေသိ၊ ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူပြီ။
ဟိ တသ္မိံ သမယေ ဘိက္ခူ၊ ချဲ့ပြောရသော် ထိုအခါက ရဟန်းတို့ သည်။ ဓမ္မသဘာယံ သန္နိပတိတွာ၊ တရားသဘင်၌ ကောင်းစွာကျရောက်စုဝေး ကြ၍။ “အာဝုသော ဒေဝဒတ္တေန၊ အို, ငါ့ရှင်တို့ ဒေဝဒတ်သည်။ ပဉ္စဘိက္ခု သတာနိ အာဒါယ၊ ရဟန်းငါးရာတို့ကို ခေါ်ယူ၍။ ဂယာသီသံ ဂန္တွာ၊ = ဂယာသီသ အရပ်သို့ သွား၍။ သမဏော ဂေါတမော၊ ရဟန်းဖြစ်သော ဂေါတမသည်။
ယံ ကရောတိ၊ အကြင်ကို ပြု၏။ သော န ဓမ္မော၊ ထိုရဟန်းဂေါတမပြုသမျှသည်တရား မဟုတ်။ ယ အဟံ ကရောမိ၊ အကြင်ကို ငါသည် ပြု၏။ အယမေဝ ဓမ္မောတိ၊ ဤငါပြုသမျှသည်သာ တရားဟု။ အတ္တနော လဒ္ဓိံ၊ မိမိ၏ အယူဝါဒကို။ တေ ဘိက္ခူ ဂါဟာပေတွာ၊ ထိုရဟန်းတို့ကို ယူစေ၍။ ဌာနပ္ပတ္တံ၊ အပါယ်ကျ ကြောင်းသို့ ရောက်သော။ မုသာဝါဒံ ကတွာ၊ လိမ်ညာပြောမှုကို ပြု၍။ သံဃံ ဘိန္ဒိတွာ၊ သံဃာကို သင်းခွဲ၍။ ဧကသီမာယ၊ တစ်သိမ်ထည်း၌။ ဒွေ ဥပေါသထာ ကတာတိ၊ ဥပုသ်နှစ်ဖွဲ့တို့ကို ပြုအပ်ကုန်ပြီ”ဟု။ ဒေဝဒတ္တဿ အဂုဏကထံ၊ ဒေဝဒတ်၏ ကျေးဇူးမဲ့စကားကို။ ကထေန္တာ နိသီဒိံသု၊ ပြောဆိုကုန်လျက် ထိုင်နေ ကြပြီ။
သတ္ထာ အာဂန္တွာ၊ ဘုရားရှင်သည် ကြွလာတော်မူ၍။ “ဘိက္ခဝေ ဧတရဟိ၊ အို. ရဟန်းတို့ ယခုအခါ၌။ ကာယ ကာယ ကထာယ သန္နိသိန္နာ၊ အဘယ်မည်သော စကားဖြင့် ကောင်းစွာထိုင်နေကြသည်။ အတ္ထ နုတိ ပုဗ္ဘိတွာ၊ ဖြစ်ကြသနည်းဟု မေးတော်မူ၍။ ဣမာယ နာမာတိ ဝုတ္တေ၊ ဤမည်သော စကားဖြင့်ပါဟု လျှောက်ထားအပ်သော်။ ဘိက္ခဝေ ဒေဝဒတ္တော၊ အို ရဟန်းတို့ ဒေဝဒတ်သည်။ ဣဒါနေဝ န မုသာဝါဒီ၊ ယခုအခါ၌သာ မုသားပြောသည် မဟုတ်သေး။ ပုဗ္ဗေပိ၊ ရှေးကလည်း။ မုသာဝါဒီယေဝါတိ ဝတွာ၊ မုသားပြောသည်သာ”ဟု မိန့်တော်မူ၍။ အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။ ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုလတ်သော်။ ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ သုသာနဝနေ ရုက္ခဒေဝတာ၊ သင်းချိုင်းရှိသော တောအုပ်၌ ရုက္ခစိုးနတ်၏ဟုတွာ နိဗ္ဗတ္တိအဖြစ်ဖြင့် ဖြစ်ပြီ။
တဒါ ဗာရာဏသိယံ၊ ထိုအခါ ဗာရာဏသီမြို့၌။ နက္ခတ္တံ ဃုံဋ္ဌံ အဟောသိ၊ နက္ခတ်ပွဲသည် ကြွေးကြော်အပ်သည် ဖြစ်ပြီ။
မနုဿာ၊ လူတို့သည်။ “ယက္ခဗလိကမ္မံ ကရောမာတိ၊ နတ်ပူဇော်ပသမှုကို ပြုကြမည်”ဟုတွေး၍။ တေသု တေသု စစ္စရရစ္ဆာဒိဋ္ဌာနေသု၊ ထိုထိုလမ်းဆုံ မြို့တွင်း လမ်းစသော ဌာနတို့၌။ မစ္ဆမံသာဒီနိ ဝိပ္ပကိရိတွာ၊ ငါး,အမဲစသည်တို့ကို ဖရိုဖရဲ ဖြန့်ကျဲ၍။ ကပါလကေသု၊ ခွက်ငယ်တို့၌။ ဗဟုံ သုရံ ဌပယိံိံ၊ များစွာသော သေကို ထည့်ထားကုန်ပြီ။
အထ ဧကော သိင်္ဂါလော၊ ထိုအခါ တစ်ကောင်သော တောခွေးသည်။ အနုရတ္တသမယေ နိဒ္ဓမနေန၊ သန်းခေါင်အခါ၌ ရေထွက်ပေါက် ဖြင့်။ နဂရံ ပဝိသိတွာ၊ မြို့တွင်းသို့ ဝင်၍။ မစ္ဆမံသံ ခါဒိတွာ၊ ငါး,အမဲကို စား၍။ သုရံ ပိဝိတွာ၊ သေကို သောက်၍။ ပုန္နာဂဂစ္ဆန္တရံ ပဝိသိတွာ၊ ပုံးညက်ပင်ခြုံကြားသို့ဝင်၍။ ယာဝ အရုမနာ၊ အရုဏ်တက်သည့်တိုင်အောင်။ နိဒံ သြက္ကမိ၊ အိပ်ပျော် ခြင်းသို့ သက်ရောက်ပြီ။
သော ပဗုဇ္ဈိတွာ၊ ထိုတောခွေးသည် နိုး၍။ အာလောကံ ဒိသွာ၊ အရောင်အလင်းကို တွေ့မြင်၍။ “ဣဒါနိ နိက္ခမိတုံ န သက္ကာတိ၊ ယခုအခါ မြို့ပြင်ထွက်ခြင်းငှာ မတတ်ကောင်း”ဟုတွေး၍။ မဂ္ဂသမီယံ ဂန္တွာ၊ လမ်းနားသို့ သွား၍။ အဒိဿမာနော နိပဇ္ဇိတွာ၊ မည်သူမျှမမြင်အောင် ဝပ်နေ၍။ အညေ ဒိသွာပိ၊ အခြားကုန်သော လူတို့ကို မြင်၍လည်း။ ကိဉ္စိ အဝတွာ၊ ဘာကို မျှ မပြောမူ၍။ မုခဓောဝနတ္ထာယ ဂစ္ဆန္တံ၊ မျက်နှာသစ်ခြင်းအကျိုးငှာ သွားသော။ ဧကံ ဗြာဟ္မဏံ ဒိသွာ၊ တစ်ယောက်သော ပုဏ္ဏားကို တွေ့၍။ “ဗြာဟ္မဏာ နာမ၊ ပုဏ္ဏားတို့မည်သည်။ ဓနလောလာ ဟောန္တိ၊ ပစ္စည်း၌ လော်လီကြသည် ဖြစ်ကုန် ၏။ ဣမံ ဓနေန ပလောဘေတွာ၊ ဤပုဏ္ဏားကို ပစ္စည်းဖြင့် လှည့်ပတ်၍။ ယထာ၊ အကြင်သို့ ပြုသော်။ မံ ဥပကစ္ဆကန္တရေ ကတွာ၊ ငါ့ကို ချိုင်းကြား၌ ထားမှုပြု၍။ ဥတ္တရာသင်္ဂေန ပဋိစ္စာဒေတွာ၊ အပေါ်ရုံအဝတ်ဖြင့် ဖုံးလွှမ်း၍။ နဂရာ နီဟရတိ၊ မြို့ထဲမှ ထုတ်ဆောင်ပေး၏။ တထာ ကရိဿာမီတိ၊ ထိုကဲ့သို့ ထုတ်ဆောင် ပေးအောင် ပြုမည်”ဟု။ စိန္တေသိ၊ တွေးပြီ။
သော မနုဿဘာသာယ၊ ထိုတောခွေး သည် လူတို့ဘာသာစကားဖြင့်။ “ဗြာဟ္မဏာတိ အာဟ၊ အို. . ပုဏ္ဏား”ဟု ခေါ်ပြီ။
သော နိဝတ္တိတွာ၊ ထိုပုဏ္ဏားသည် ပြန်နစ်၍။ “ကော မံ၊ ဘယ်သူသည် ငါ့ကို။ ပက္ကောသတီတိ အာဟ၊ ခေါ်သနည်း”ဟု မေးပြီ။
အဟံ ဗြာဟ္မဏာတိ၊ ငါသည် အိုပုဏ္ဏားဟုခေါ်ပါပြီ။
ကိံ ကာရဏာတိ၊ ဘာ့ကြောင့်နည်းဟုမေးပြီ။
ဗြာဟ္မဏ မယှံ၊ အို . ပုဏ္ဏား ငါ့အား။ ဒွေကဟာပဏသတာနိ အတ္ထိ၊ ဒင်္ဂါးနှစ်ရာတို့သည် ရှိကုန်၏။
မံ ဥပကန္တရေ ကတွာ၊ ငါ့ကို ချိုင်းကြား၌ ထားမှုပြု၍။ ဥတ္တရာသင်္ဂ ပဋိစ္ဆာဒေတွာ၊ အပေါ်ရုံအဝတ်ဖြင့် ဖုံးလွှမ်း၍။ ယထာ၊ အကြင်သို့ ထွက်စေသော်။ ကောစိ န ပဿတိ၊ မည်သူသည်မျှ မမြင်။ တထာ၊ ထိုကဲ့သို့ မည်သူမျှမမြင်အောင်။ နဂရာ နိက္ခာမေတုံ၊ မြို့တွင်းမှ ထွက်စေခြင်းငှာ။ သစေ သက္ကောတိ၊ အကယ်၍ စွမ်းနိုင်အံ့။ တုယှံ တေ ကဟာပဏေ၊ သင့်အား ထိုဒင်္ဂါးနှစ်ရာတို့ကို။ ဒဿာမီတိ၊ ပေးအံ့”ဟုပြောပြီ။
ဗြာဟ္မဏော ဓနလောဘေန၊ ပုဏ္ဏားသည် ပစ္စည်းလောဘဖြင့်။ “သာမူတိ သမ္ပဋိစ္ဆိတ္တာ၊ ကောင်းပြီဟု ဝန်ခံ၍။ တံ တထာ ကတွာ၊ ထိုတောခွေးကို ထိုတောခွေးပြောသည့်အတိုင်း ပြု၍။ အာဒါယ နဂရာ နိက္ခမိကွာ၊ ယူ၍ မြို့မှ ထွက်ခဲ့၍။ ထောကံ အဂမာသိ၊ အနည်းငယ် သွားပြီ။
အထ နံ သိင်္ဂါလော၊ ထိုအခါ ထိုပုဏ္ဏားကို တောခွေးသည်။ “ကတရဋ္ဌာနံ ဗြာဟ္မဏာတိ၊ ဘယ်နေရာလဲ ပုဏ္ဏားကြီး”ဟု။ ပုစ္ဆိ၊ မေးပြီ။
အသုကံ နာမာတိ၊ ထိုမည်သော နေရာဟု ဖြေပြီ။
အညံ ဌာနံ၊ သော နေရာသို့။ ထောကံ ဂစ္ဆာတိ၊ အတန်ငယ် သွားပါဦးဟု ပြောပြီ။
ဧဝံ ပုနပ္ပုနံ ဝဒန္တော၊ ဤသို့ ထပ်ခါထပ်ခါ ပြောလျက်။ မဟာသုသာနံ ပတွာ၊ သုသာန်ကြီးသို့ ရောက်၍။ “ဣမ မံ၊ ဤသုသာန်ကြီး၌ ငါ့ကို။ ဩတာရေဟီ တိ အာဟ၊ ချပေးပါ”ဟု ပြောပြီ။
တတ္ထ နံ ဩတာရေသိ၊ ထိုသုသာန်ကြီး၌ ထိုဟောခွေးကို ချပေးပြီ။
အထ သိင်္ဂါလော၊ ထိုအခါ တောခွေးသည်။ “ဗြာဟ္မဏ တေန ဟိ၊ အို. . ပုဏ္ဏား ထိုသို့ဖြစ်လျှင်။ ဥတ္တရိသာဋကံ ပတ္တရာကိ၊ အပေါ်ရုံအဝတ်ကို ဖြန့်ခင်းပါ”ဟု ပြောပြီ။
သော ဓနလောဘေန၊ ထိုပုဏ္ဏားသည် ပစ္စည်းလောဘဖြင့်။ သာမူတိ ပတ္ထရိ၊ ကောင်းပြီဟုပြော၍ ဖြန့်ခင်းပြီ။
အထ နံ၊ ထိုအခါ ထိုပုဏ္ဏားကို။ “ဣမံ ရုက္ခမူလံ ခဏာဟီတိ၊ ဤသစ်ပင်ရင်းကို တူးပါ”ဟု။ ပထဝိခဏနေ ယောဇေတွာ၊ မြေတူးမှု၌ အားထုတ်စေ၍။ ဗြာဟ္မဏဿ ဥတ္တရိ သာဋကံ၊ ပုဏ္ဏား၏ အပေါ်ရုံအဝတ်သို့။ အဘိရုယှ၊ တက်၍။ စတူသု ကဏေသု၊ လေးခုကုန်သော ထောင့်တို့လည်းကောင်း။ မဇ္ဈေ စ ဣတိ၊ အလယ်ခေါင် လည်းကောင်း ဤသို့။ ပဉ္စသု ဌာနေသု၊ ငါးပါးကုန်သော ဌာနတို့၌။ သရီရနိဿနွံ ပါတေတွာ၊ ကိုယ်၏ အကျိုးဆက်အညစ်အကြေးကို ယိုချ၍။ မက္ခေတွာ စေဝ တေမေတွာ စ၊ လူးစေ၍လည်းကောင်း စိုစွတ်စေ၍လည်းကောင်း။ သုသာနဝန ပါဝိသိ၊ သုသာန်တောအုပ်သို့ ဝင်သွားပြီ။
ဗောဓိသတ္တော ရုက္ခဝိဋပေ ဌတွာ၊ ဘုရားလောင်းသည် သစ်ပင်ခွကြား၌ တည်၍။
ဗြာဟ္မဏ သုရာပီတဿ၊ အို. . ပုဏ္ဏား သေရည်သောက်ထားသော။ သိင်္ဂါလဿ သဒ္ဒဟာသိ၊ တောခွေအား ယုံကြည်သလော။
သိပ္ပံကာနံ သတံ နတ္ထိခရုတို့၏ တစ်ရာသည်သော်မှလည်း မရှိ။ ဒုဂေ ကံသသတာ ကုတော၊ ဒင်္ဂါးနှစ်ရာတို့သည် အဘယ်မှာရှိပါအံ့နည်း။
တတ္ထ၊ ထိုဂါထာ၌။ **သဒ္ဒဟာသီ** တိ သဒ္ဒဟသိ၊ သဒ္ဒဟာသိဟူသည်ကား ယုံကြည်သလောတည်း။ အယမေဝဝါ ပါဌော၊ ဤသဒ္ဒဟသိသည်ပင်လည်း ပါဠိတော်ပါဌ်တည်း။ ပတ္တိယာယသီတိ၊ ယုံကြည်သလော။ ဣတိ အတ္တော၊ ဤကား သဒ္ဒဟာသိသဒ္ဒဟသိတို့၏ အနက်တည်း။
**သိပ္ပံကာနံ သတံ နတ္ထီ** တိ၊ သိပ္ပံကာနံ သတံ နတ္ထိဟူသည်ကား။ ဟိ၊ ထင်ရှားအောင်ပြောရသော်။ ဧတဿ၊ ထိုတောခွေးမှာ။ သိပ္ပံကာသတမ္ပိ နတ္ထိ၊ ခရုတစ်ရာသည်သော်မှလည်း မရှိ။
**ကုတော ကံသသတာ ဒုဝေ** တိ၊ ကုတော ကံသသတာ ဒုဝေဟူသည်ကား။ ဒွေကဟာပဏသတာနိ ပန၊ ငွေဒင်္ဂါးနှစ်ရာတို့သည်ကား။ အဿ ကုတော ဧဝ၊ ထိုတောခွေးမှာ အဘယ်မှာရှိနိုင်ပါအံ့နည်း။ ဣတိ၊ ဤကားဂါထာဖွင့်တည်း။
ဗောဓိသတ္တော ဣမံ ဂါထံ ဝတွာ၊ ဘုရားလောင်းသည် ဤဂါထာကို ရွတ်ဆို၍။ “ဗြာဟ္မဏ ဂစ္ဆ၊ အို. . ပုဏ္ဏား သွားလော့။ တဝ သာဋကံ၊ သင်၏ အဝတ်ကို။ ဓောဝိတွာ နှာယိတွာ၊ ဖွတ်လျှော်၍ ရေချိုး၍။ အတ္တနော ကမ္မံ၊ မိမိ၏ အလုပ်ကို။ ကရောဟီတိ ဝတွာ၊ ပြုလော့”ဟု ပြော၍။ အန္တရဓာယိ၊ ကွယ်ပြီ။
ဗြာဟ္မဏော တထာ ကတွာ၊ ပုဏ္ဏားသည် ထိုရုက္ခစိုးပြောသည့်အတိုင်း ပြု၍။ “ဝတ ဝဉ္စတော၊ စင်စစ် အညာခံရသည်။ အမှီတိ၊ ဖြစ်၏”ဟုတွေး၍။ ဒေါမနဿပ္ပတ္တော ပက္ကာမိ၊ စိတ်ဆင်းရဲခြင်းရောက်၍ ဖဲခွါသွားပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာ တော်ကို ဆောင်တော်မူ၍။
“တဒါ သိင်္ဂါလော၊ ထိုရှေးအခါက တောခွေးသည်။ ဒေဝဒတ္တော အဟောသိ၊ ယခုအခါဒေဝဒတ်သည် ဖြစ်လာပြီ။ ရုက္ခဒေဝတာ ပန၊ ရုက္ခစိုးနတ်သည်ကား။ အဟမေပ အဟောသိန္တိ၊ ငါဘုရားသည်သာ ဖြစ်လာ ပြီ”ဟု။ ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီး=
သိင်္ဂါလဇာတကဝဏ္ဏနာ တတိယာ၊ သုံးခုမြောက်ဖြစ်သော သိင်္ဂါလဇာတ်အဖွင့်တည်း။
**ဗဟုစိန္တိ အပ္ပစိန္တိ** တိ ဣဒံ၊ ဗဟုစိန္တီ အပ္ပန္တိအစရှိသော ဤတရားဒေသနာ တော်ကို။ သတ္ထာ ဇေတဝနေ့ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။ ဒွေ မဟလ္လကတ္ထေရေ၊ နှစ်ပါးကုန်သော ထေရ်အိုကြီးတို့ကို။ အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
တေ ဇနပဒေ၊ ထိုမထေရ်အိုကြီး တို့သည် ဇနပုဒ်၌။ ဧကသ္မိံ အရညာဝါသေ၊ တစ်ခုသော တောရကျောင်း၌။ ဝဿံ ဝသိတွာ၊ ဝါလပတ်လုံး နေကြပြီး၍။ သတ္ထု ဒဿနတ္ထာယ၊ ဘုရားရှင်အား ဖူးမြင် ခြင်းငှာ။ ဂစ္ဆိဿာမာတိ၊ သွားကြမည်ဟု။ ပါထေယျံ သဇ္ဇေတွာ၊ လမ်းစာရိက္ခာကို စီစဉ်ကြပြီး၍။ “အဇ္ဇ ဂစ္ဆာမ၊ ယနေ့ သွားကြစို့။ သွေ ဂစ္ဆာမာတိ၊ နက်ဖန် သွားကြစို့” ဟု။ မာသံ အတိက္ကာမေတ္တာ၊ တစ်လကို ကျော်လွန်စေ၍။ ပုန ပါထေယျံ သန္ဓေ တွာ၊ တဖန် လမ်းစာရိက္ခာကို စီစဉ်ကြပြီး၍။ တထေဝ မာသံ၊ ထို့အတူသာ တစ်လ လည်းကောင်း။ ပုန မာသန္တိ၊ တဖန် တစ်လလည်းကောင်း စသည်ဖြင့်။ ဧဝံ အတ္တ နော၊ ဤကဲ့သို့ မိမိတို့၏။ ကုသီတဘာဝေန စေပ၊ ပျင်းရိကြသည့်အဖြစ်ကြောင့်လည်း ကောင်း။ နိဝါသဌာနေ အပေက္ခာယ စ၊ နေရာဌာန၌ ငဲ့ကွက်ကြ ခြင်းကြောင့်လည်း ကောင်း။ တယော မာသေ အတိက္ကာမေတွာ၊ သုံးလတို့ကို ကျော်လွန်စေ၍။ တတော နိက္ခမ္မ၊ ထိုတောကျောင်းမှ ထွက်ခဲ့၍။ ဇေတ၀နံ ဂန္တွာ၊ ဇေတဝန်ကျောင်း တော်သို့ သွား၍။ သဘာဂဋ္ဌာနေ၊ သဘာဂဖြစ်ရာဌာန၌။ ပတ္တစီဝရံ ပဋိသာမေ တွာ၊ သပိတ်သင်္ကန်းကို သိုမှီးသိမ်းဆည်း၍။ သတ္ထာရံ ပဿိသု၊ ဘုရားရှင်ကို ဖူးမြင်ကုန်ပြီ။
အထ နေ ဘိက္ခူ၊ ထိုအခါ ထိုမထေရ်အိုကြီးတို့ကို ရဟန်းတို့က။ “အာဝုသော ဗုဒ္ဓပဋ္ဌာနံ၊ အို . ငါ့ရှင်တို့ ဘုရားဆည်းကပ်ခြင်းကို။ အကရောန္တာနံ ဝေါ၊ မပြုကုန်သော သင်တို့အား။ စိရံ၊ ကြာမြင့်လှပြီ။ ကသ္မာ ဧဝံ၊ အဘယ့်ကြောင့် ဤကဲ့သို့။ စိရာယိတ္ထာတိ ပုစ္ဆိံ သု၊ ကြာရကြသနည်း”ဟု မေးကုန်ပြီ။
တေ တမတ္ထံ အာရောစေသုံ၊ ထိုမထေရ်အိုကြီးတို့သည် ထိုကြာမြင့်ခြင်းအကြောင်းကို ပြောကြား ကုန်ပြီ။
အထ နေသံ၊ ထိုအခါ ထိုမထေရ်အိုကြီးတို့၏။ သော အာလသိယ ကုသီတဘာဝေါ၊ ထိုပျင်းသူဖြစ်ကြောင်း ဆုတ်နစ်သူဖြစ်ကြောင်းသည်။ ဘိက္ခု သံယေ ပါကဋာ ဇာတော၊ ရဟန်းသံဃာ၌ ထင်ရှားသည် ဖြစ်ပြီ။
ဓမ္မသဘာယမ္ပိ တေသံ ဘိက္ခုနမေဝ၊ တရားသဘင်၌လည်း ထိုမထေရ်အိုကြီးတို့၏ပင်။ အာလ သိယဘာဝံ နိဿာယ၊ ပျင်းရိကြောင်းကို အမှီပြု၍။ ကထံ သမုဋ္ဌာပေသုံ၊ စကားကို ဖြစ်စေကုန်ပြီ။
သတ္ထာ အာဂန္တွာ၊ ဘုရားရှင်သည် ကြွလာတော်မူ၍။ “ဘိက္ခဝေ ဧတရဟိ၊ အို. . ရဟန်းတို့ ယခုအခါ။ ကာယ ကထာယ သန္နိသိန္နာ၊ အဘယ်မည် သော စကားဖြင့် ကောင်းစွာထိုင် နေကြသည်။ အတ္ထနုတိ ပုဗ္ဘိတွာ၊ ဖြစ်ကြသနည်း”ဟု မေးတော်မူ၍။ “ဣမာယ နာမာတိ ဝုတ္တေ၊ ဤ မည်သော စကားဖြင့်ပါ" ဟု လျှောက်ထားအပ်သော်။ တေ ပက္ကောသာပေတွာ၊ ထိုမထေရ်အိုကြီးတို့ကို ခေါ်စေ၍။ “ဘိက္ခဝေ တုမှေအို. . ရဟန်းတို့ သင်တို့သည်။ အလသာ ကိရ ကုသီတာ ကိရ၊ ပျင်းရိကြသတဲ့ ဆုတ်နစ်ကြသတဲ့ဟု ကြားရသည်ကား။ သစ္စန္တိ ပုစ္ဆိတွာ၊ မှန်သလော”ဟု မေးတော်မူ၍။ “သစ္စံ ဘန္တေတိ ဝုတ္တေ၊ မှန်ပါသည် ဘုရား”ဟု လျှောက်ထားအပ်သော်။ “ဘိက္ခဝေ ဣဒါနေဝ၊ အို. . ရဟန်းတို့ ယခု အခါ၌သာ။ ဧတေ န အလသာ၊ ဤမထေရ်အိုနှစ်ပါးတို့သည် ပျင်းရိကြသည် မဟုတ်သေး။ ပုဗ္ဗေပိ၊ ရှေးကလည်း။ အလသာ စေဝ၊ ပျင်းလည်း ပျင်းရိကြဖူးသည် သာ။ နိဝါသဋ္ဌာနေ၊ နေရာဌာန၌။ သာလယာ သာပေက္ခာ စ ဣတိ၊ တွယ်တာမှု ရှိ၍ ငဲ့ကွက်မှုလည်းရှိကြသည်သာ”ဟု။ ဝတွာ အတီတံ အာဟရိ၊ မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။ ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုလတ်သော်။ ဗာရာဏသိ နဒိယံ၊ ဗာရာဏသီမြစ်၌။ တယော မစ္ဆာ အဟေသုံ၊ ငါးသုံးကောင်တို့သည် ရှိကြပြီ။ ဗဟုစိန္တီ အပ္ပစိန္တီ မိတစိန္တီတိ၊ ဗဟုစိန္တီ အပ္ပစိန္တီ မိတစိန္တီ ဟူသည်တို့သည်။ တေသံ နာမာနိ၊ ထိုငါးသုံးကောင်တို့၏ နာမည်တို့တည်း။
တေ အရညတော၊ ထိုငါးသုံး ကောင်တို့သည် တောအရပ်မှ။ မနုဿပထံ အာဂမိံသု၊ လူတို့နေရာလမ်းကြောင်း သို့ လာကြပြီ။
တတ္ထ မိတစိန္တီ၊ ထိုငါးသုံးကောင်တို့တွင် မိတစိန္တီသည်။ ဣတရေ ဒွေ၊ သည့်ပြင်အခြားကုန်သော ဗဟုစိန္တီ အပ္ပန္တိ ငါးနှစ်ကောင်တို့ကို။ “အယံ မနုဿပထော နာမ၊ ဤလူနေလမ်းမည်သည်။ သာသင်္ကော သပ္ပဋိဘယော၊ ရွံရှာဖွယ်ရှိ၏ ဘေးဘျမ်းနှင့်တကွဖြစ်၏။ ကေဝဋ္ဋာ နာနပ္ပကာရာနိ၊ တံငါသည် တို့သည် အထူးထူး အပြားပြားကုန်သော။ ဇာလကုမိနာဒီနိ ခိပိတွာ၊ ပိုက်ကွန် ပြုံးစသည်တို့ကို ပစ်ချ၍။ မစ္ဆေ ဂဏှန္တိ၊ ငါးတို့ကို ဖမ်းယူကုန်၏။ မယံ အရညမေဝ၊ ငါတို့သည် တောထဲသို့သာ။ ဂစ္ဆာမာတိ၊ သွားကြစို့”ဟု။ ဧဝမာဟ၊ ဤသို့ ပြောပြပြီ။
ဣတရေ ဒွေ ဇနာ၊ ဤမိတစိတ္တီငါးမှ အခြားကုန်သော ဗဟုစိန္တိ အပ္ပစိန္တီ ငါးနှစ် ကောင်တို့သည်။ အလသဟာယ စေဝ၊ ပျင်းရိသည့် အဖြစ်ကြောင့်လည်းကောင်း။ အာမိသဒိဒ္ဓတာယ စ၊ အစာအာမိသမက်မောသည့် အဖြစ်ကြောင့်လည်းကောင်း။ “အဇ္ဇ ဂစ္ဆာမ သွေ ဂစ္ဆာမာတိ၊ ယနေ့ သွားကြစို့ နက်ဖြန် သွားကြစို့ ”ဟု။ တယောမာသေ အတိက္ကာမေသုံ၊ သုံးလတို့ကို ကျော်လွန်စေကုန်ပြီ။
အထ ကေဝဋ္ဋာ၊ ထိုအခါ တံငါသည်တို့သည်။ နဒိယံ ဇာလံ ခိပိံသု၊ မြစ်၌ ကွန်ကို ပစ်ကြကုန်ပြီ။
ဗဟုစိန္တီ စ အပ္ပစိန္တီ စ၊ အကြံများသော ငါးသည်လည်းကောင်း အကြံနည်းသော ငါးသည်လည်းကောင်း။ ဂေါစရံ ဂဏှန္တာ၊ အစာကို ယူကြကုန်လျက်။ ပုရတော ဂစ္ဆန္တိ၊ ရှေ့မှ သွားကုန်၏။
တေ အတ္တနော အန္ဓဗာလတာယ၊ ထိုငါးနှစ်ကောင် တို့သည် မိမိ၏ ကန်းမိုက်သည့်အဖြစ်ကြောင့်။ ဇာလဂန္ဓံ အသလ္လင်္ကေတွာ၊ ပိုက်ကွန်နံ့ကို မမှတ်မိကြ၍။ ဇာလကုစ္ဆိမေဝ ပဝိံသု၊ ပိုက်ကွန်ဝမ်းထဲသို့သာ ဝင်သွားကုန်ပြီ။
မိတစိန္တိ ပစ္ဆတော အာဂစ္ဆန္တော၊ နှိုင်းချိန်စဉ်းစားတတ်သော ငါးသည် နောက်မှလာသော်။ ဇာလဂန္ဒံ သလ္လင်္ကေတွာ စ၊ ပိုက်ကွန်နံ့ ကို မှတ်မိ၍လည်း ကောင်း။ တေသံ၊ ဇာလ၌ထိုငါးနှစ်ကောင်တို့၏ ပိုက်ကွန်ဝမ်းထဲသို့။ ပဝိဋ္ဌဘာဝံ ဉတွာ စ၊ ဝင်သွားကြောင်းကို သိ၍လည်းကောင်း။ “ကုသီတာနံ၊ ပျင်းရိကုန်သော။ ဣမေသံ အန္ဓဗာလာနံ၊ ဤကန်းမိုက်သူတို့အား။ ဇီဝိတဒါနံ ဒဿာမီတိ၊ အသက် အလှူကို ပေးမည်”ဟု။ စိန္တေတွာ၊ တွေးတော၍။ ဗဟိပဿန၊ ပိုက်ကွန်၏ နံဘေးဖြင့်။ ဇာလကုစ္ဆိဋ္ဌာနံ ဂန္တွာ၊ ပိုက်ကွန်ဝမ်းရှိရာဌာနသို့ သွား၍။ ဇာလ၌ ဖာလေတွာ၊ ပိုက်ကွန်ဝမ်းကို ဖေါက်ခွဲ၍။ နိက္ခန္တသဒိသော ဟုတွာ၊ ထွက်လာ သည်နှင့်တူသည် ဖြစ်၍။ ဥဒကံ အာလုဠေန္တော၊ ရေကို မွှေနှောက်လျက်။ ဇာလဿ ပုရတော ပတိတွာ= ပိုက်ကွန်၏ရှေ့မှ ကျ၍။ ပုန ဇာလန္တံ ပဝိသိတွာ= တဖန် ပိုက်ကွန်ဝမ်းထဲသို့ ဝင်၍။ ပစ္ဆိမဘာဂေန ဖာလေတွာ= နောက်အဖို့ဖြင့် ပိုက်ကွန်ဖေါက်ခွဲ၍။ နိက္ခန္တသဒိသော= ထွက်လာသည်နှင့် တူသည်ဖြစ်၍။ ဥဒကံ အာလုဠေန္တော= ရေကို မွှေနှောက်လျက်။ ပစ္ဆိမဘာဂေ ပတိ၊ နောက်အဖို့၌ ကျပြီ။
ကေဝဋ္ဋာ၊ တံငါသည်တို့သည်။ “မစ္ဆာ ဇာလံ၊ ငါးတို့သည် ပိုက်ကွန်ကို။ ဖာလေတွာ ဂတာတိ၊ ဖေါက်ခွဲ၍ သွားကြပြီ”ဟု။ မညမာနာ၊ မှတ်ထင်ကြ၍။ ဇာလကောဋိယံ ဂဟေတွာ၊ ပိုက်ကွန်စွန်း၌ ကိုင်ယူ၍။ ဥက္ခိပိံသု၊ မ,ကြကုန်ပြီ။
တေ ဒွေပိ မစ္ဆာ၊ ထို ဗဟုစိန္တီ အပ္ပစိန္တငါးနှစ်ကောင်တို့သည်လည်း။ ဇာလတော မုစ္စိတွာ၊ ပိုက်ကွန်မှ လွတ်မြောက်ကြ၍။ ဥဒကေ ပတိံ သု၊ ရေ၌ ကျကြကုန်ပြီ။
ဣတိ တေဟိ၊ ဤသို့ ထိုငါးနှစ်ကောင်တို့သည်။ မိတစိန္တိံ နိဿာယ၊ မိတစိန္တိကို အမှီပြု၍။ ဇီဝိတံ လဒ္ဓံ၊ အသက်ကို ရအပ်ပြီ။
သတ္ထာ၊ ဘုရားရှင်သည်။ ဣမံ အတီတံ အာဟရိတွာ၊ ဤအတိတ်ဝတ္ထုကြောင်း ကို ဆောင်ပြတော်မူ၍။ အဘိသမ္ဗုဒ္ဓေါ ဟုတွာ၊ ဘုရားစင်စစ်သည် ဖြစ်တော်မူ၍။
ဗဟုစိန္တီ အပ္ပစိန္တီ ဥဘော၊ အကြံများသော ငါးသည်လည်းကောင်း အကြံ နည်းသော ငါးသည်လည်းကောင်း ငါးနှစ်ကောင်တို့သည်။ ဇာလေ အဗဇ္ဈ ရေ၊ ပိုက်ကွန်ထည်း၌ ဖွဲ့မိနေကြပြီ။
မိတစိန္တီ ပမောစေသိ၊ နှိုင်းချိန်စဉ်းစား တတ်သော ငါးသည် လွတ်မြောက်စေပြီ။ ဥဘော တတ္ထ သမာဂတာ၊ အကြံ များ အကြံနည်း ငါးနှစ်ကောင်တို့သည် ထိုရေထဲ၌ နှိုင်းချိန်စဉ်းစားသော ငါးနှင့်ဆုံမိကုန်ပြီ။
တတ္ထ၊ ထိုဂါထာ၌။ **ဗဟုစိန္တီ** တိ၊ ဗဟုစိန္တီ ဟူသည်ကား။ ဗဟုစိန္တနတာယ၊ များစွာကြံတတ်သည့်အဖြစ်ကြောင့်။ ဝိတက္ကဗဟုလတာယ၊ ဝိတက်များသည့် အဖြစ်ကြောင့်။ ဧဝံ လဒ္ဓနာမော၊ ဤသို့ ဗဟုစိန္တီဟု ရအပ်သော အမည်ရှိသော ငါးတည်း။
ဣတရေသု ဒွီသုပိ၊ သည့်ပြင်ငါးနှစ်ကောင်တို့၌လည်း။ အယမေဝ နယော၊ ဤဆိုအပ်ခဲ့ပြီးသော နည်းပင်တည်း။
**ဥဘော တတ္ထ သမာဂတာ** တိ၊ ဥဘော တတ္ထ သမာဂတာ ဟူသည်ကား။ မိတစိန္တိံ နိဿာယ၊ မိတစိန္တငါးကို အမှီပြု၍။ လဒ္ဓဇီဝိတာ တတ္ထ ဥဒကေ၊ ရအပ်သော အသက်ရှိကြ၍ ထိုရေထဲ၌။ ဖုန ဥဘောပိ ဇနာ၊ တစ်ဖန် အကြံများ အကြံနည်း ငါးနှစ်ကောင်တို့သည်လည်း။ မိတစိန္တနာ သဒ္ဓိံ၊ နှိုင်းချိန်သော ငါးနှင့်အတူ။ သမာဂတာ ဣတိ အတ္ထော၊ ပေါင်းဆုံ မိကြပြီတည်း ဤကား စတုတ္ထပါဒအနက်တည်း။
ဧဝံ သတ္ထာ၊ ဤသို့ ဘုရားရှင်သည်။ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဤတရား ဒေသနာတော်ကို ဆောင်တော်မူ၍။ သစ္စာနိ ပကာသေတွာ၊ သစ္စာတို့ကို ပြတော်မူ၍။ ဇာတကံ သမောမာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။ သစ္စပရိယော သာနေ၊ သစ္စာပြပြီးအဆုံး၌။ မဟလ္လကာ ဘိက္ခူ၊ မထေရ်အိုကြီး နှစ်ပါးတို့သည်။ သောတာပတ္တိဖလေ ပတိဋ္ဌတိံသု၊ သောတာပတ္တိဖိုလ်၌ တည်ကုန်ပြီ။
တဒါ ဗဟုစိန္တီ အပ္ပစိန္တီ စ၊ ထိုအတိတ်အခါက အကြံများသော ငါးသည်လည်းကောင်း အကြံနည်းသော ငါးသည်လည်းကောင်း။ ဣမေ ဒွေ အဟေသုံ၊ ဤမထေရ်အိုကြီး နှစ်ပါးတို့သည် ဖြစ်လာကုန်ပြီ။ မိတစိန္တီ ပန၊ နှိုင်းချိန်တတ်သော ငါးသည်ကား။ အဟမေဝ အဟောသီ၊ ငါဘုရားသည်သာ ဖြစ်လာပြီ။ ဣတိ၊ ဤသို့ ဇာတ်ပေါင်း တော်မူပြီ။
မိတစိန္တီ ဇာတကဝဏ္ဏနာ စတုတ္ထာ၊ လေခုမြောက်ဖြစ်သော မိတစိန္ီဇာတ်အဖွင့်တည်း။
**ယာယညေ မနုသာသတီ** တိ ဣဒံ၊ ယာ'ယညေ မနုသာသတိအစရှိသော ဤတရားဒေသနာတော်ကို။ သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။ အနုသာသိကံ ဧကံ ဘိက္ခုနိ၊ အနု သာသိကာမည်သော တစ်ပါးသော ဘိက္ခုနီမကို။ အာရဗ္ဘ ကထေသိ၊ အကြောင်း ပြု၍ ဟောတော်မူပြီ။
သာဝတ္ထိဝါသိနီ ဧကာ သာ ကုလဓီတာ၊ သာဝတ္ထိမြို့၌ နေသော တစ်ယောက်သော ထိုအမျိုးသမီးသည်။ ပဗ္ဗဇိတွာ၊ ရှင်ရဟန်းပြု၍။ ဥပသမ္ပန္နကာလတော ပဋ္ဌာယ၊ ရဟန်းမဖြစ်ရာကာလမှ စ၍။ သမဏဓမ္မေ အန နုယုတ္တာ၊ ရဟန်းတရားတို့ကို အားမထုတ်သည်။ အာမိသဂိဒ္ဓါ ဟုတွာ၊ အာမိသ တပ်မက်သည် ဖြစ်၍။ အညာ ဘိက္ခုနိယော၊ အခြားကုန်သော ဘိက္ခုနီမတို့သည်။ ယတ္ထ န ဂစ္ဆန္တိ၊ အကြင်နေရာ၌ ဆွမ်းခံမသွားကြကုန်။ နဂရဿ တာဒိသေ ဧကဒေသ၊ မြို့၏ ထိုကဲ့သို့ အများဆွမ်းခံမသွားသော တစ်ခုသော အရပ်၌။ ပိဏ္ဍာယ စရတိ ကိရ၊ ဆွမ်းအကျိုးငှာ လှည့်လည်သတဲ့။
အထ အဿာ မနုဿာ၊ ထိုအခါ ထိုအနုသာသိကာရဟန်းမအား လူတို့သည်။ ပဏီတပိဏ္ဍပါတံ ‌ဒေန္တိ၊ မွန်မြတ်သော ဆွမ်းကို ပေးလှူကြကုန်၏။
သာ ရသတဏှာယ ဗဇ္ဈိ္ဈိာ၊ ထိုအနု သာသိကာရဟန်းမသည် ရသတဏှာဖြင့် ဖွဲ့ချည်၍။ “ဣမသ္မိံ ပဒေသ၊ ဤအရပ်၌။ အညာ ဘိက္ခုနိယောပိ၊ အခြားကုန်သော ဘိက္ခုနီမတို့သည်လည်း။ ပိဏ္ဍာယ သစေ စရိဿန္တိ၊ ဆွမ်းအကျိုးငှာ အကယ်၍ လှည့်လည်ကြအံ့။ မယှံ လာဘော၊ ငါ့အား လာဘ်လာဘသည်။ ပရိဟာယိဿတိ၊ ဆုတ်ယုတ်လတံ့။
ယထာ၊ အကြင်သို့ ပြုသော်။ ဧတံ ပဒေသံ၊ ထိုအရပ်သို့။ အညာ နာဂစ္ဆန္တိ၊ အခြား ရဟန်းမတို့သည် ဆွမ်းခံမလာကြကုန်။ ဧဝံ မယာ၊ ဤသို့ဆွမ်းခံမလာအောင် ငါသည်။ ကာတုံ ဝဋ္ဋ တီတိ စိန္တေတွာ၊ ပြုခြင်းငှာ သင့်၏”ဟု တွေးတော၍။ ဘိက္ခုနုပဿယံ ဂန္တွာ၊ ဘိက္ခုနီမတို့ကျောင်းသို့ သွား၍။ “အယျေ အသုကဋ္ဌာနေ၊ အို. . ရှင်မတို့ ထိုမည်သော ဌာန၌။ စဏ္ဍော ဟတ္ထီ၊ ကြမ်းတမ်းသော ဆင်သည်(စရတိလှည့်လည်ကျက်စား၏)။ စဏ္ဍော အသော၊ ကြမ်းသော မြင်းသည် (စရတိ= လှည့်လည်ကျက်စား၏)။ စဏ္ဍော မေဏ္ဍော၊ ကြမ်းတမ်းသော ဆိတ်သည်။ (စရတိ၊ လှည့်လည်ကျက်စား၏)။ စကော ကုက္ကု ရော စရတိ၊ ကြမ်းတမ်းသော ခွေးသည် လှည့်လည်ကျက်စား၏။ သပရိဿယဋ္ဌာနံ၊ ဘေးအန္တရာယ်ရှိသော ဌာနတည်း။ တတ္ထ ပိဏ္ဍာယ၊ ထိုမည်သော ဌာန၌ ဆွမ်းအကျိုးငှာ။ မာ စရိတ္တာတိ၊ မလှည့်လည်ကြလင့်”ဟု။ ဘိက္ခုနိယော အနုသာသတိ၊ ရဟန်းမတို့ကို အဖန်ဖန် ဆုံးမ၏။
တဿာ ဝစနံ သုတွာ၊ ထိုအနုသာသိကာရဟန်းမ၏ ပြောစကားကို ကြားရ၍။ ဧကာ ဘိက္ခုနီပိ၊ တစ်ပါးသော ရဟန်းမသည်သော်မှလည်း။ တံ ပဒေသံ ဂီဝံ ပရိဝတ္တေတွာ၊ ထိုအရပ်ကို လည်ပင်းကို လှည့်၍။ န ဩလောကေသိ၊ မကြည့် ပြီ။
တဿာ ဧကသ္မိံ ဒိဝသေ၊ ထိုအနုသာသိကာရဟန်းမသည် တစ်ခုသော နေ့၌။ တသ္မိံ ပဒေသေ ပိဏ္ဍာယ စရန္တိယာ၊ ထိုအရပ်၌ ဆွမ်းအကျိုးငှာ လှည့်လည်စဉ်။ ဝေဂေန ဧကံ ဂေဟံ၊ အဟုန်ဖြင့် တစ်လုံးသော အိမ်သို့။ ပဝိသန္တိယာ၊ ဝင်လသော်။ စက္ကော မေဏ္ဍကော ပဟရိတွာ၊ ကြမ်းသော ဆိတ်သည် ခတ်၍။ ဦရုဋ္ဌိကံ ဘိန္တိ၊ ပေါင်မိုးကို ချိုးပြီ။
မနုဿာ ဝေဂေန ဥပဓာဝိတွာ၊ လူတို့သည် အဟုန်ဖြင့် အနီးကပ် ပြေးလာ၍။ ဒွိမာ ဘိန္န ဦရုဋ္ဌိကံ၊ နှစ်ပိုင်း ကျိုးသွားသော ပေါင်ရိုးကို။ ဧကတော ဗန္ဓိတွာ၊ တစ်ဆက်တည်း ဖွဲ့ချည်၍။ တံ ဘိက္ခုနိံ မဉ္ဇန အာဒါယ၊ ထိုအနုသော သိကာရဟန်မကို ကုဋင်ဖြင့် ထမ်းယူ၍။ ဘိက္ခုနုပဿယံ နယိံသု၊ ဘိက္ခုနီမတို့ ကျောင်းသို့ ဆောင်ယူလာကုန်ပြီ။
ဘိက္ခုနီယော၊ ရဟန်းမတို့သည်။ “အယံ အညာ ဘိက္ခုနိယော၊ ဤအနုသာသိကာရဟန်းမသည် အခြားကုန်သော ရဟန်းမတို့ကို။ အနုသာသိတွာ၊ အဖန်ဖန်ဆုံးမပြီး၍။ သယံ တသ္မိံ ပဒေသ၊ ကိုယ်တိုင်ကား ထိုအရပ်၌။ စရန္တီ ဦရုဋ္ဌိကံ၊ ဆွမ်းခံလှည့်လည်၍ ပေါင်ရိုးကို။ ဘိန္ဒာပေတွာ အာဂတာတိ၊ ကျိုးစေ၍ လာပြီ”ဟု ။ ပရိဟာသံ အကံသု၊ ပြောင်လှောင်မှုကိုပြုကြပြီ။
တာယ တမ္ပိ ကတကာရဏံ၊ ထိုအနုသာသိကာရဟန်းမသည် ထိုပြုလုပ် အပ်သော အကြောင်းအရာသည်လည်း။ န စိရဿဝ ဘိက္ခုသင်္ဃေ၊ မကြာမီပင် ရဟန်းသံဃာ၌။ ပါကဋံ အဟောသိ၊ ထင်ရှားသည် ဖြစ်ပြီ။
“အထ ဧကဒိဝသံ၊ ထိုအခါ တစ်နေ့၌။ ဓမ္မသဘာယံ ဘိက္ခူ၊ တရားသဘင်၌ ရဟန်းတို့သည်။ “အာဝုသော အနုသာသိကာ၊ အို.. ငါ့ရှင်တို့ အနုသာသိကာ မည်သော။ အသုကာ ဘိက္ခုနီ၊ ထိုဘိက္ခုနီမသည်။ အညံ အနုသာသိတွာ၊ အခြား သူကို အဖန်ဖန်ဆုံးမပြီး၍။ သယံ တသ္မိံ ပဒေသေ၊ ကိုယ်တိုင်ကား ထိုအရပ်၌။ စရမာနာ စဏ္ဍေန မေဏ္ဍကေန၊ ဆွမ်းခံလှည့်လည်သော် ကြမ်းတမ်းသော ဆိတ် ကို။ ဦရုံ ဘိန္နာပေသီတိ၊ ပေါင်ရိုးကို ချိုးစေ၏”ဟု။ တဿာ အဂုဏကထံ ကထေသုံ၊ ထိုအနုသာသိကာရဟန်းမ၏ အပြစ်နှင့်စပ်သော စကားကို ပြောဆိုကုန်ပြီ။
သတ္ထာ အာဂန္တွာ၊ ဘုရားရှင်သည် ကြွလာတော်မူ၍။ “ဘိက္ခဝေ ဧတရဟိ၊ အို. . ရဟန်းတို့ ယခုအခါ။ ကာယ ကထာယ သန္နိသိန္နာ၊ အဘယ်မည်သော စကားဖြင့် ကောင်းစွာ ထိုင်နေကြသည်။ အတ္ထနုတိ ပုတ္တိတွာ၊ ဖြစ်ကြသနည်း”ဟု မေးတော်မူ၍။ “ဣမာယ နာမာတိ ဝုတ္တေ၊ ဤမည်သော စကားဖြင့်ပါ”ဟု လျှောက်ထားအပ်သော်။ “ဘိက္ခဝေ ဣဒါနေဝ န၊ အို. . ရဟန်းတို့ ယခုအခါ၌သာ မဟုတ်သေး။ ပုဗ္ဗေပိ ဧသာ၊ ရှေးကလည်း ဤရဟန်းမသည်။ အညေ အနုသာသတိယေဝ၊ အခြားသူ တို့ကိုကား အဖန်ဖန်ဆုံးမသည်သာတည်း။ ပန သယံ န ဝတ္တတိ၊ သို့သော်လည်း ကိုယ်တိုင်ကား မကျင့်။ နိစ္စကာလံ ဒုက္ခမေဝ၊ အမြဲ ဆင်းရဲဒုက္ခကိုသာ။ အနုဘောတီ တိ ဝတွာ၊ ခံစားရ၏”ဟု မိန့်တော်မူ၍။ အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။ ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုလတ်သော်။ ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ အရညေ သကုဏယောနိယံ နိဗ္ဗတ္တိတွာ၊ တောထဲ၌ ငှက်မျိုး၌ ဖြစ်၍။ ဝယပ္ပတ္တော၊ အရွယ်ရောက်သော်။ သကုဏဇေဋ္ဌကော ဟုတွာ၊ ငှက်အကြီးအကဲသည် ဖြစ်၍။ အနေကသကုဏသဟဿပရိဝါရော၊ ငှက်ထောင် ပေါင်းများစွာ အခြံအရံရှိ၍။ ဟိမဝန္တံ ပါပိသိ၊ ဟိမဝန္တာသို့ ဝင်နေပြီ။
တဿ တတ္ထ ဝသနကာလေ၊ ထိုဘုရားလောင်း၏ ထိုဟိမဝန္တာ၌ နေရာကာလ၌။ ဧကာ စဏ္ဍသကုဏိကာ၊ တစ်ကောင်သော ကြမ်းတမ်းသောငှက်မသည်။ မဟာဝတ္ထနိမဂ္ဂီ ဂန္တွာ၊ ခရီးဝေးသွားသည့်လမ်းမကြီးသို့ သွား၍။ ဂေါစရံ ဂဏှာတိ၊ အစာကို ရှာဖွေ ယူ၏။
သာ တတ္ထ၊ ထိုကြမ်းတမ်းသော ငှက်မသည် ထိုခရီးဝေးသွားလမ်းမကြီး၌။ သကဋေဟိ ပတိတာနိ၊ လှည်းတို့မှ ကျနေကုန်သော။ ဝီဟိမုဂ္ဂဗီဇာဒီနိ လဘိတွာ၊ စပါးစေ့, ပဲနောက်စေ့စသည်တို့ကို စားရ၍။ “ယထာ၊ အကြင်သို့ပြုသော်။ ဣဒါနိ ဣမံ ပဒေသံ၊ ယခုအခါ ဤအရပ်သို့။ အညေ သကုဏာ နာဂစ္ဆန္တိ၊ အခြားကုန် သော ငှက်တို့သည် မလာကုန်။ တထာ ကရိဿာမီတိ၊ ထိုကဲ့သို့ အခြားငှက်တို့ မလာအောင် ပြုမည်”ဟု ။ စိန္တေတွာ၊ တွေးတော၍။ သကုဏသံဃဿ၊ ငှက် အပေါင်းအား။ “ဝတ္တနိမဟာမဂ္ဂေါ နာမ၊ ခရီးဝေးသွားလမ်းမကြီးမည်သည်။ သပ္ပဋိ ဘယော၊ ဘေးအန္တရာယ်ရှိ၏။ ဟတ္ထိအဿာဒယော စေဝ၊ ဆင်မြင်းစသည်တို့ သည်လည်းကောင်း။ စဏ္ဍဂေါဏယုတ္တယာနာဒီနိ စ၊ ကြမ်းတမ်းသော နွားကသည့် ယာဉ်စသည်တို့သည်လည်းကောင်း။ သဉ္စရန္တိ၊ လှည့်လည်သွားလာကုန်၏။ သဟသာ ဥပ္ပတိတုမ္မိ၊ အဆောတလျင် ပျံခြင်းငှာလည်း။ သက္ကာ န ဟောတိ၊ စွမ်းနိုင်သည် မဖြစ်။ တတ္ထ န ဂန္တန္တိ၊ ထိုခရီးဝေးသွားလမ်းမကြီးသို့ မသွားထိုက်”ဟု။ ဩဝါဒံ ဒေတိ၊ ဩဝါဒကို ပေး၏။
သကုဏသင်္ဃော၊ ငှက်အပေါင်းသည်။ တဿာ နာမံ၊ ထိုငှက်မ၏ နာမည်ကို။ အနုသာသိကာတေဝ အကာသိ၊ အနုသာသိကာ ဟူ၍သာ ပြုပြီ မှည့်ပြီ။
သာ ဧကဒိဝသံ၊ ထိုအနုသာသိကာငှက်မသည် တစ်နေ့၌။ ဝတ္တနိမဟာမ စရန္တီ၊ ခရီးဝေးသွားသော လမ်းမကြီး၌ ကျက်စားသော်။ အတိမဟာဝေဂေန၊ အလွန်ကြီးသော အရှိန်ဖြင့်။ အာဂစ္ဆန္တဿ ယာနဿ၊ လာသော ယာဉ်၏။ သဒ္ဒ သုတွာ၊ အသံကို ကြားရ၍။ နိဝတ္တိတွာ ဩလောကေတွာ၊ ပြန်လည် ဆုတ်နစ်၍ ကြည့်ပြီး၍။ “ဒူရေ တာဝါတိ စရတိယေ၀၊ အဝေးကြီး၌ပါ”ဟု ကျက်စားနေသည် သာတည်း။
အထ နံ ယာနံ၊ ထိုအခါ ထိုယာဉ်သည်။ ဝါတဝေဂေန၊ လေ၏ အဟုန်ဖြင့်။ သိယမေဝ သမ္ပာပုဏိ၊ လျင်စွာသာ ဆိုက်ရောက်လာပြီ။ သာ ဥဋ္ဌာတုံ နာသက္ခိ၊ ထိုအနုသာသိကာငှက်မသည် ထပျံခြင်းငှာ မစွမ်းနိုင်။ စက္ကေန ဒွိဓာ၊ ဘီးသည် နှစ်ပိုင်း။ ဆိန္ဒိတွာ ဂတာ၊ ပိုင်းဖြတ်၍ သွားခံရပြီ။
သကုဏဇေဋ္ဌကော၊ ဘုရားလောင်း ငှက်အကြီးအကဲသည်။ သကုဏေ သမာနေန္တော၊ ငှက်တို့ကို ကောင်းစွာဆောင်ယူသော်။ တံ အဒိသွာ၊ ထိုအနုသာသိကာငှက်မကို မတွေ့ရ၍။ “အနုသာသိကာ န ဒိဿတိ၊ အနုသာသိကာငှက်မကို မတွေ့ အပ် မတွေ့ရ။ နဥပဓာရေထာတိ အာဟ၊ ထိုအနုသာသိကာငှက်မကို ရှာဖွေကြ”ဟု ပြောပြီ။
သကုဏာ ဥပဓာရေန္တာ၊ ငှက်တို့သည် ရှာဖွေကြသော်။ တံ မဟာမဂ္ဂေ၊ ထိုအနုသာ သိကာငှက်မကို လမ်းမကြီး၌။ ဒွိဓာ ဆိန္နံ ဒိသွာ၊ နှစ်ပိုင်း ပြတ်နေသည်ကို တွေ့ရ၍။ သကုဏဇေဋ္ဌကဿ အာရောစေသုံ၊ ငှက်တို့အကြီးအကဲ ဘုရားလောင်းအား ပြောကြားကုန်ပြီ။
သကုဏဇေဋ္ဌကော၊ ငှက်တို့ အကြီးအကဲဘုရားလောင်းသည်။ “အညာ သကုဏိကာ၊ အခြားကုန်သော ငှက်မတို့ကို။ သာ ဝါရေတွာထိုအနုသာ သိကာ၊ ငှက်မသည် တားမြစ်ပြီး၍။ သယံ တတ္ထ စရမာနာ၊ ကိုယ်တိုင်ကား ထိုလမ်းမ ကြီးသို့ သွားလာကျက်စား၍။ ဒွိမာ ဆိန္နာတိ ဝတွာ၊ နှစ်ပိုင်း ပြတ်ရပြီ”ဟု ပြောဆို ၍။
သယံ လောလုပ္ပစာရိနီ၊ ကိုယ်တိုင်ကား လျှပ်ပေါ်သော ကျက်စားမှုရှိ ပါလျက်။ ယာ အညေ အနုသာသတိ၊ အကြင်ငှက်မသည် အခြားငှက်တို့ကို သွန်သင်ဆုံးမ၏။
စက္ကေန ဟတာ၊ လှည်းဘီးသည် သတ်ဖြတ်အပ်သည် ဖြစ်၍။ သာ အယံ သာသိကာ၊ ထိုပြောခဲ့သည့် ဤအနုသာသိကာငှက်မ သည်။ ဝိပက္ခိကာ သေတိ၊ ပျက်စီးသော တောင်ပံရှိလျက် လမ်းမှာအိပ်စက် နေသတည်း။
တတ္ထ၊ ထိုဂါထာ၌။ **ယာယညေ မနုသာသတီ** တိ၊ ယာ'ယညေ မနုသာသတိပါဌ်၌။ ယကာရော ပဒသန္ဓေိကရော၊ ယအက္ခရာသည် ပုဒ်စပ်မှုပြုတတ်၏။ ယာ အညေ အနုသာသတိ၊ အကြင်ငှက်မသည် အခြားငှက်တို့ကို သွန်သင်ဆုံးမ၏။ ဣတိ အတ္ထော၊ ဤကား ပထမပါဒအနက်တည်း။
**သယံ လောလုပ္ပစာရိနီ** တိ၊ သယံ လောလုပ္ပစာရိနီဟူသည်ကား။ အတ္တနာ လောလုပ္ပစာရိနီ သမာနာ၊ ကိုယ်တိုင်ကား လျှပ်ပေါ်သော ကျက်စားမှုရှိသည် ဖြစ်ပါလျှက်တည်း။
**သာယံ ဝိပက္ခိကာ သေတီ** တိ၊ သာယံ ဝိပက္ခိကာ သေတိဟူသည်ကား။ သာ ဧသာ၊ ထိုဆိုခဲ့ပြီး ဤငှက်မသည်။ ဝိဟတပက္ခာ ဟုတွာ၊ ဖျက်ဆီးခံရသော အတောင်ရှိသည် ဖြစ်၍။ မဟာမဂ္ဂေ သယတိ၊ လမ်းမကြီး၌ အိပ်စက်နေသတည်း။
**ဟတာ စက္ကေန သာသိကာ**၊ ဟတာစက္ကေနသာသိကာဟူသည်ကား။ ယာနစက္ကေန ဟတာ၊ လှည်းဘီးသည် ဖျက်ဆီးအပ်သော။ သာသိကာ သကုဏိကာ၊ အနုသ သိကာမည်သော ငှက်မတည်း။ ဣတိ၊ ဤကား ဂါထာဖွင့် အပြီးတည်း။
သတ္ထာ ဣမံ ဓမ္မဒေသန အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာ တော်ကို ဆောင်တော်မူ၍။
“တဒါ အနုသာသိကာ သကုဏိကာ၊ ထိုရှေးအခါက အနုသာသိကာမည်သော ငှက်မသည်။ အယံ အနုသာသိကာ ဘိက္ခုနီ အဟော သိ၊ ဤအနုသာသိကာမည်သော ရဟန်းမသည် ဖြစ်လာပြီ။ သကုဏဇေဋ္ဌကော ပန၊ ငှက်တို့အကြီးအကဲသည်ကား။ အဟမေဝ အဟောသိန္တိ၊ ငါဘုရားသည်သာ ဖြစ်လာပြီ”ဟု။ ဇာတကံ သမောဓာနေသိဇာတ်ကို မပေါင်းတော်မူပြီ။
အနုသာသိကဇာတကဝဏ္ဏနာ ပဉ္စမာ၊ ငါးခုမြောက်ဖြစ်သော အနုသာသိကဇာတ်အဖွင့်တည်း။
**အတိကရမကရာ’စရိယာ** တိ ဣဒံ၊ အတိကရမကရာ’စရိယအစရှိသော ဤတရားဒေသနာတော်ကို။ သတ္ထာ ဇေတဝဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။ ဧကံ ဒုဗ္ဗစဘိက္ခု၊ တစ်ပါးသော ဆုံးမခက် သော ရဟန်းကို။ အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
တဿ ဝတ္ထု နဝကနိပါတေ၊ ထိုဆုံးမခက်သော ရဟန်း၏ ဝတ္ထုကြောင်းသည် နဝကနိပါတ်၌။ ဂိဇ္ဈဇာတကေ အာဝိ ဘဝိဿတိ၊ ဂိဇ္ဈဇာတ်၌ ထင်ရှားစွာ ဖြစ်လတံ့။
သတ္ထာ ပန၊ ဘုရားရှင်သည်ကား။ တံ ဘိက္ခုံ အာမန္တေတွာ၊ ထိုရဟန်းကို ခေါ်တော်မူ၍။ “ဘိက္ခု တွံ၊ အို. . ရဟန်း သင်သည်။ ဣဒါနေဝ န ဒုဗ္ဗစော၊ ယခုအခါသာ ပြောရခက်သည် မဟုတ်သေး။ ပုဗ္ဗေပိ ဒုဗ္ဗစောယေဝ၊ ရှေးကလည်း အပြောရခက်သည်သာ။
ဒုဗ္ဗစ ဘာဝေနေဝ၊ အပြောရခက်သောကြောင့်ပင်။ ပဏ္ဍိတာနံ ဩဝါဒေါ၊ ပညာရှိတို့၏ ဩဝါဒကို။ အကရောန္တော သတ္တိပ္ပဟာရေန၊ မပြုလုပ်ရကား လှံထိုးမိသဖြင့်။ ဇီဝိတက္ခယံ ပတ္တော၊ အသက်ကုန်ခြင်းသို့ ရောက်သည်။ အသီတိဝတွာ၊ ဖြစ်၏”ဟုမိန့်တော်မူ၍။ အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။ ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုလတ်သော်။ ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ လင်္ဃနဋကယောနိယံ၊ လှံခုန်သည့်ကချေသည်မျိုး၌။ ပဋိသန္ဓေိံ ဂဟေတွာ၊ ပဋိသန္ဓေကို ယူ၍။ ဝယပ္ပတ္တော ပညဝါ၊ အရွယ်ရောက်သော် ပညာရှိ သည်။ ဥပါယကုသလော အဟောသိ၊ နည်းလမ်းကျွမ်းကျင်သည် ဖြစ်ပြီ။
သော ဧကဿ လင်္ဃနကဿ၊ ထိုဘုရားလောင်းသည် တစ်ယောက်သော လှံခုန်က သော ဆရာ၏။ သန္တိကေ သတ္တိလင်္ဃနသိပ္ပံ၊ အထံ၌ လှံခုန်အတတ်ကို။ သိက္ခိတွာ အာစရိယေန သဒ္ဓိံ၊ သင်ယူ၍ ဆရာနှင့် အတူ။ သိပ္ပံ ဒဿန္တော ဝိစရတိ၊ အတတ် ပညာကို ပြလျက် လှည့်လည်ကျက်စား၏။
အဿ အာစရိယော ပန၊ ထိုဘုရား လောင်း၏ ဆရာသည်ကား။ စတုန္နံ သတ္တိနံယေဝ၊ လေးချောင်းကုန်သော လှံတို့ ကိုသာ။ လင်္ဃနသိပ္ပံ ဇာနာတိ၊ ခုန်သည့်အတတ်ကို နာလည်တတ်သိ၏။ ပဉ္စန္နံ၊ လှံငါးချောင်းတို့ကို။ (လယ်နသိပ္ပံ= ခုန်သည့်အတတ်ကို)။ န (ဇာနာတိ)= မသိ နားမလည်။
သော ဧကဒိဝသံ၊ ထိုဘုရားလောင်းဆရာသည် တစ်နေ့၌။ ဧကသ္မိံ ဂါမကေ၊ တစ်ခုသော ရွာငယ်၌။ သိပ္ပံ ဒဿန္တော၊ လှံခုန်အတတ်ကို ပြသော်။ သုရာမဒမတ္တော၊ ယစ်မူးကြောင်းသေရည်ဖြင့် ယစ်မူး၍။ “ပဉ္စ သတ္တိယော လယိဿာမီတိ၊ ငါးချောင်းကုန်သော လှံတို့ကို ခုန်မည်”ဟု။ ပဋိပါဋိယာ ဌပေသိ၊ အစဉ်အတိုင်း စိုက်ထားထောင်ထားပြီ။
အထ နံ ဗောဓိသတ္တော၊ ထိုအခါ ထိုဆရာ ကို ဘုရားလောင်းသည်။ “အာစရိယ တွံ၊ အို. . ဆရာ သင်ဆရာသည်။ ပဉ္စ သတ္တိလင်္ဃနသိပ္ပံ န ဇာနာသိ၊ လှံငါးချောင်းခုံသည့်အတတ်ကို မသိပါ နားမလည် ပါ။ ဧကံ သတ္တိ ဟရ၊ တစ်ချောင်းသော လှံကို ဖယ်ရှားထားပါ။
သစေ လင်္ဃိဿသိ၊ အကယ်၍ ခုန်အံ့။ ပဉ္စမာယ သတ္တိယာ၊ ငါးချောင်းမြောက်သော လှံဖြင့်။ ဝိဒ္ဓေါ မရိဿသီတိ အာဟ၊ အထိုးခံရ၍ သေလိမ့်မည်”ဟု ပြောပြီ။
သော သုဋ္ဌ မတ္တ တာယ၊ ထိုဆရာသည် လွန်စွာယစ်မူးသည့်အဖြစ်ကြောင့်။ “တွံ ဟိ မယှံ၊ သင်သည်ကား ငါ၏။ ပမာဏံ န ဇာနာသီတိ၊ အတိုင်းအရှည်ကို (စွမ်းရည်ကို) မသိ”ဟုပြော၍။ တဿ ၀စနံ အနာဒိယိတွာ၊ ထိုဘုရားလောင်း၏ စကားကို မနာယူမူ၍။ စတာ လင်္ဃိတွာ၊ လှံလေးချောင်းတို့ကို ခုန်ပြီး၍ ။ ပဉ္စမာယ သတ္တိယာ၊ ငါးချောင်းမြောက်ဖြစ်သော လှံ၌။ ဒဏ္ဍကေ မဓုကမ္မံ ဝိယ၊ ဒုတ်ကလေး ၌ မယ်ဇယ်ပွင့်သည်ကဲ့သို့။ အာဝုတော၊ ထိုးသီအပ်သည်ဖြစ်၍။ ပရိဒေဝမာနော နိပဇ္ဇိ၊ ငိုးကြွေးမြည်တမ်းလျက် အိပ်ပြီ။
အထ နံ ဗောဓိသတ္တော၊ ထိုအခါ ထိုဆရာကို ဘုရားလောင်းသည်။ “ပဏ္ဍိတာနံ ဝစနံ အကတွာ၊ ပညာရှိတို့၏ စကားကို လိုက်နာ မှုမပြု၍။ ဣမံ ဗျသနံ၊ ဤပျက်စီးခြင်းသို့။ ပတ္တော အသီတိ၊ ရောက်သည် ဖြစ်၏”ဟု (ဝဒန္တော= ပြောလိုရကား)။
အာရိယ အတိကရံ အကရိ၊ အို.. ဆရာ အလွန်အကျွံပြုမှုကို သင်ဆရာပြုပြီ။ မယှမ္ပိ ဧတံ န ရစ္စတိ၊ တပည့်ဖြစ်သူ ကျွန်တော်အားလည်း ဤအလွန်အကျွံပြုမှုသည် မနှစ်သက်။ (ကျွန်တော်သည်လည်း ဤအလွန် အကျွန်ပြုမှုကို မကြိုက်ဟု ဆိုလိုသည်)။
စတုတ္ထ လယ်ယိတွာန၊ လေးချောင်း မြောက်လှံကို ခုန်ပြီး၍။ ပဉ္စမာယ အာဝုတော အသိ၊ ငါးချောင်းမြောက်လှံ၌ ထိုးသီအပ်သည် ဖြစ်၏။
တတ္ထ၊ ထိုဂါထာ၌။ **အတိကရမကရာစရိယာ** တိ၊ အတိကရမကရာ’စရိယ ဟူသည်ကား။ အာစရိယ အ တွံ၊ အို. . ဆရာ ယနေ့ သင်ဆရာသည်။ အတိကရံ အကရိ၊ အပိုအလွန်ပြုမှုကို ပြုပြီ။ အတ္တနော ကရဏတော၊ မိမိ၏ ပြုနေကျထက်။ အတိရေကံ ကရဏံ၊ ပိုလွန်သော အပြုမူကို။ အကရိ၊ ပြုပြီတည်း။ ဣတိ အတ္ထော၊ ဤကား ပထမပါဒအနက်တည်း။
**မယုမွေတံ ရုစ္စတီ** တိ၊ မယှမွေတံ န ရုစွတီ ဟူသည်။ အန္တေဝါသမာနဿပိ၊ မယှံတပည့်သည် ဖြစ်သည်လည်း ဖြစ်သော ကျွန်တော်အား။ တဝ ဧတံ ကရဏံ၊ သင်ဆရာ၏ ဤအပြုအမူသည်။ န ရစ္စတိ၊ မနှစ်သက်။ တေန၊ ထိုဒုတိယပါဒဖြင့်တေ အဟံသင်ဆရာအား ကျွန်တော်သည်။ ပဌမမေဝ ကထေသိန္တိ၊ ပဌမကပင် ပြောခဲ့ပြီဟု။ ဒီပေတိ၊ ပြ၏။
**စတုတ္ထ လင်္ဃယိတွာနာ** တိ၊ စတုတ္ထ လယ်ယိတွာနဟူသည်ကား။ စတုတ္ထ သတ္တိတလေ အပတိတွာ၊ လေးချောင်းမြောက်ဖြစ်သော လှံအပြင်လှံပေါ်၌ မကျမူ၍။ အတ္တာနံ လင်္ဃယိတွာ၊ မိမိကိုယ်ကို ခုန်ကျော်၍တည်း။
**ပဉ္စမာယ'သိ အာဝုတော** တိ၊ ပဉ္စမာယသိ အာဝုတောဟူသည်ကား။ ပဏ္ဍိတာနံ ဝစနံ၊ ပညာရှိတို့၏ စကားကို။ အဂ္ဂဏှန္တော၊ မနာယူရကား။ ဣဒါနိ၊ ယခုအခါ၌။ ပဉ္စမာယ သတ္တိယာ၊ ငါးချောင်းမြောက်ဖြစ်သော လှံ၌။ အာဝုတော အသီတိ၊ ထိုးသီအပ် သည် ဖြစ်၏တည်း ဤကား ဂါထာဖွင့်အပြီးတည်း။
ဣဒံ ဝကွာ အာစရိယံ၊ ဤ စကားကို ပြောဆိုပြီး၍ ဆရာကို။ သတ္တိတော အပနေတွာ၊ လှံမှ ဖယ်ရှား၍။ (လှံစူးနေသည်ကို ဖြုတ်ပေး၍)။ ကတ္တဗ္ဗယုတ္တကံ အကာသိ၊ ပြုထိုက်သည်နှင့် ယှဉ်သည်ကို ပြုပေးပြီ။
သတ္ထာ ဣမံ အတီတံ အာဟရိတွာ၊ ဘုရားရှင်သည် ဤအတိတ်ဝတ္ထုကြောင်း ကို ဆောင်တော်မူ၍။
“တဒါ အာစရိယော၊ ထိုရှေးအခါက လှံခုန်ဆရာသည်။ အယံ ဒုဗ္ဗစော အဟောသိ၊ ဤအပြောရခက်သော ရဟန်းသည် ဖြစ်လာပြီ။ အန္တေ ဝါသိကော ပန၊ တပည့်သည်ကား။ အဟမေဝ အဟောသိန္တိ၊ ငါဘုရားသည်သာ ဖြစ်လာပြီ”ဟု။ ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
ဒုဗ္ဗစဇာတကဝဏ္ဏနာ ဆဋ္ဌာ၊ ခြောက်ခုမြောက်ဖြစ်သော ဒုဗ္ဗစဇာတ်အဖွင့်တည်း။
**အစ္စဂ္ဂတာတိဗလတာ** တိ ဣဒံ၊ အစ္စဂ္ဂတာတိဗလတာအစရှိသော ဤတရားဒေသနာတော်ကို။ သတ္တာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။ ကောကာလိကံ အာရဗ္ဗ ကထေသိ၊ ကောကာလိကကို အကြောင်းပြု၍ ဟောတော်မူပြီ။
တဿ ဝတ္ထု၊ ထိုကောကာ လိက၏ ဝတ္ထုကြောင်းသည်။ တေရသကနိပါတေ၊ တေရသကနိပါတ်၌။ **တက္ကာရိ ယဇာတကေ**၊ တက္ကာရိယဇာတ်၌။ အာဝိ ဘဝိဿတိ၊ ထင်ရှားစွာ ဖြစ်လတံ့။
သတ္ထာ ပန၊ ဘုရားရှင်သည်ကား။ “ဘိက္ခဝေ ကောကာလိကော၊ အို. . ရဟန်းတို့ ကောကာလိကသည်။ ဣဒါနေဝ အတ္တနော ဝါစံ၊ ယခုအခါသာ မိမိ၏ စကားကို။ နိဿာယ နဋ္ဌာ န၊ အမှီပြု၍ ပျက်စီးသည် မဟုတ်သေး။ ပုဗ္ဗေပိ နန္ဒောယေဝါတိ ဝတွာ၊ ရှေးကလည်း ပျက်စီးခဲ့ဖူးသည်သာ”ဟု မိန့်တော်မူ၍။ အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။ ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုလတ်သော်။ ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ ဥဒိစ္စဗြာဟ္မဏကုလေ နိဗ္ဗတ္တိတွာ၊ မြင့်မြတ်သော ပုဏ္ဏားမျိုး၌ ကာမေ ဖြစ်၍။ ဝယပ္ပတ္တော၊ အရွယ်ရောက်သော်။ တက္ကသိလာယံ၊ တက္ကသိုလ်မြို့၌ ။ သဗ္ဗသိပ္ပါနိ ဥဂ္ဂဏှိတ္တာ၊ အလုံးစုံသော အတတ်ပညာတို့ကို သင်ယူပြီး၍။ ပဟာယ၊ ကာမတို့ကို ပယ်စွန့်၍။ ဣသိပဗ္ဗဇ္ဇံ ပဗ္ဗဇိတွာ၊ ရသေ့ရဟန်းအဖြစ်သို့ ကပ်ရောက်၍။ ပဉ္စာဘိညာ၊ အဘိညာဉ်ငါးပါးတို့ကိုလည်းကောင်း။ အဋ္ဌသမာပတ္တိ ယော၊ ရှစ်ပါးကုန်သော သမာပတ်တို့ကိုလည်းကောင်း။ နိဗ္ဗတ္တေသိ၊ ဖြစ်စေပြီ။
ဟိမဝန္တပဒေသေ၊ ဟိမဝန္တာအရပ်၌။ သဗ္ဗော ဣသိဂဏော သန္နိပတိတွာ၊ အားလုံး သော ရသေ့အပေါင်းသည် ကောင်းစွာကျရောက်စုဝေး၍။ တံ ဩဝါဒါစရိယံ၊ ထိုဘုရားလောင်းကို ဩဝါဒါစရိယကို။ ကတွာ ပရိဝါရေသိ၊ ပြု၍ ခြံရံပြီ။
သော ပဉ္စနှံ့ ဣသိသတာနံ၊ ထိုဘုရားလောင်းသည် ရသေ့ငါးရာတို့၏။ ဩဝါဒါစရိယော ဟုတွာ၊ ဩဝါဒါစရိယသည် ဖြစ်၍။ ဈာနကီဠံ ကီဠန္တော၊ ကစားသင့်ဈာန်ကို ကစားလျက်။ ဟိမဝန္တေ ဝသတိ၊ ဟိမဝန္တာ၌ နေ၏။
တဒါ စ ဧတ္ထ၊ ထိုအခါ၌လည်း ထိုရသေ့တို့တွင်။ ဧကော ပဏ္ဍုရောဂီ တာပသော၊ တစ်ပါးသော ဖျော့တော့သော ရောဂါရှိသော ရသေ့သည်။ ကုဌာရိံ ဂဟေတွာ၊ ဓားမကို ကိုင်ယူ၍။ ကဋ္ဌံ ဖာလေတိ၊ ထင်းကို ခွဲနေ၏။
အထ ဧကော မုခရတာပသော၊ ထိုအခါ တစ်ပါးသော စကား များသော ရသေ့သည်။ တဿ သန္တိကေ နိသီဒိတွာ၊ ထိုထင်းခွဲသော ရသေ့၏ အနီး၌ ထိုင်နေ၍။ “ဣဓ ပဟာရံ ဒေဟိ၊ ဤနေရာ၌ ဓားခုတ်မှုကို ပေးလော့။ ဣမ ပဟာရံ ဒေဟီတိ၊ ဤနေရာ၌ ဓားခုတ်မှုကို ပေးလော့”ဟုပြော၍။ တံ တာပသံ ရောသေသိ၊ ထိုထင်းခွဲသော ရသေ့ကို ချုပ်ချယ်ပြီ။
သော ကုဇ္ဈိတွာ၊ ထိုထင်းခွဲသော ရသေ့သည် စိတ်ဆိုး၍။ “ဒါနိ တွံ မေ၊ ယခုအခါ သင်သည် ငါ၏။ ဒါရုဖာလနသိပ္ပံ၊ ထင်းခွဲအတတ်ကို။ န သိက္ခာပနကာစရိယောတိ၊ သင်ယူစေသော ဆရာမဟုတ်” ဟုပြော၍။ တိဂုံ ကုဌာရီ ဥက္ခိပိတွာ၊ ထက်စွာသော ဓားမကို မြှောက်ချီ၍။ နံ ဧကပဟာရေနေဝ၊ ထိုစကားများသော ရသေ့ကို တစ်ချက်တည်းဖြင့်ပင်။ ဇီဝိတ က္ခယံ ပါပေသိ၊ အသက်ကုန်ခြင်းသို့ ရောက်စေပြီ။
ဗောဓိသတ္တော တဿ၊ ဘုရား လောင်းသည် ထိုကွယ်လွန်သော ရသေ့၏။ သရီရ ကိစ္စံ ကာရေသိ၊ အလောင်း ကောင်ကိစ္စကို ပြုစေပြီ။
တဒါ အဿမတော အဝိဒူရေ၊ ထိုအခါ ကျောင်းသင်္ခမ်းမှမနီးမဝေးဖြစ်သော။ ဧကသ္မိံ ဝမ္မိကပါဒေ၊ တစ်ခုသော တောင်ပို့ခြေရင်း၌။ ဧကော တိတ္တိရော ဝသတိ၊ တစ်ကောင်သော ခါသည် နေ၏။
သော သာယံ ပါတံ၊ ထိုခါသည် ညနေချမ်း၌လည်းကောင်း နံနက်ခင်း၌လည်းကောင်း။ တသ္မိံ ဝမ္မိက မတ္ထကေ ဌတွာ၊ ထိုတောင်ပို့ထိပ်၌ တည်၍။ မဟာဝဿိတံ ဝဿတိ၊ ကျယ်စွာ သော တွန်သံကို တွန်၏။
တံ သုတွာ၊ ထိုတွန်သံကို ကြားရ၍။ ဧကော လုဒ္ဒကော၊ တစ်ယောက်သော ဘဝိတဗ္ဗန္တိ ခါသည် ဖြစ်လောက်၏ဟု မုဆိုးသည်။ တိတ္တိရေန စိန္တေတွာ သဒ္ဒသညာယတွေးတော၍ အသံအမှတ်အသားဖြင့်။ တတ္ထ ဂန္တွာ၊ ထိုတောင်ပို့ခြေသို့ သွား၍။ တံ ဝမိတွာထိုခါကို သတ်၍။ အာဒါယ ဂတော၊ ယူ၍ သွားပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ တဿ သဒ္ဒံ အသုဏန္တော၊ ထိုခါ၏ အသံ ကိုမကြားရကား။ “အသုကဋ္ဌာနေ တိတ္တိရော ဝသတိ၊ ထိုမည်သော တောင်ပို့ခြေရင်း ၌ ခါသည် နေ၏။ တဿ သဒ္ဓေါ၊ ထိုခါ၏ အသံကို။ ကိံ နု ခေါ န သူယတီတိ၊ အဘယ်ကြောင့် မကြားရသနည်း”ဟု။ တာပသေ ပုစ္ဆိ၊ ရသေ့တို့ကို မေးပြီ။
တေ တဿ၊ ထိုရသေ့တို့သည် ထိုဘုရားလောင်းအား။ တမတ္ထံ အာရောစေသုံ၊ ထိုအကြောင်းကို ပြောကြားကုန်ပြီ။
သော ဥဘောပိ၊ ထိုဘုရားလောင်းသည် နှစ်မျိုး လည်းဖြစ်ကုန်သော။ တာနိ ကာရဏာနိ သံသန္ဒေတွာ၊ ထိုအကြောင်းအရာတို့ကို နှီးနှောပြီး၍။ ဣသိဂဏမဇ္ဈေ၊ ရသေ့အပေါင်း အလယ်၌။
အတိဝဿိတံ တိတ္တိရံဝ၊ အလွန်တွန်ခြင်းသော ခါကိုကဲ့သို့။ အစ္စုဂ္ဂု အတိဗလတာ၊ အထက်စီးယူမြင့်လွန်းလှသော အထပ်ထပ်ပြောသဖြင့် လွန်ကဲ သော အားရှိသော။ အတိဝေလံ ပဘာသိတာ၊ အချိန်လွန်အောင် ပြောဆိုအပ် သော။ ဝါစာ ဒုမ္မေဓံ ဟနတိ၊ စကားသည် ပညာမဲ့သူကို သတ်တတ်၏။
တတ္ထ၊ ထိုဂါထာ၌။ **အစ္စုပ္ပတာ** ဟိ အတိဥဂ္ဂတာ၊ အစ္စဂ္ဂတာဟူသော ပုဒ်ကို အတိ+ဥဂ္ဂတာ ဟုပုဒ်ဖြတ်။
**အတိဗလတာ** တိ၊ အတိဗလတာဟူသည်ကား။ ပုနပ္ပုနံ ဘာသနေန အတိဗလသဘာဝါ၊ ထပ်ခါထပ်ခါ ပြောသဖြင့် အလွန်အား ရှိသော သဘောရှိသောတည်း။
**အတိဝေလံ ပဘာသိတာ** တိ၊ အတိဝေလီ ပဘာသိတာဟူသည်ကား။ အတိက္ကန္တဝေလာ၊ ကျော်လွန်သော အချိန်အခါရှိ သော။ ပမာဏာတိက္ကမေန ဘာသိတာ၊ ပမာဏကျော်လွန်သဖြင့် ပြောဆိုအပ်သော စကားတည်း။
**တိတ္တိရံ ဝါတိဝဿိတန္တိ**၊ တိတ္တိရံ ဝါတိဝဿိတံဟု သည်ကား။ တိတ္တိရံ အတိဝဿိတံ၊ ခါကို အလွန်တွန်ခြင်းသည်။ ဟနတိ ယတာ၊ သတ်ဘိသကဲ့သို့။ တထာ ဧဝရူပါ ဝါစာ၊ ထို့အတူ ဤသို့ သဘောရှိသော သည်။ ဒုမ္မေဓံ ဗာလပုဂ္ဂလံ၊ ပညာမဲ့သော ဗာလပုဂ္ဂိုလ်ကို။ ဟနတိ၊ သတ်တတ်၏ တည်း။ ဣတိ၊ ဤကား ဂါထာဖွင့် အပြီးတည်း။
ဧဝံ ဗောဓိသတ္တော၊ ဤသို့ ဘုရားလောင်းသည်။ ဣသိဂဏဿ ဩဝါဒံ ဒတွာ၊ ရသေ့အပေါင်းအား ဩဝါဒကို ပေး၍။ စတ္တာရော ဗြဟ္မဝိဟာရေ ဘာဝေတွာ၊ လေးပါးကုန်သော ဗြဟ္မဝိဟာရတရားတို့ကို ဖြစ်စေ၍။ ဗြဟ္မလောကပရာယဏော အဟောသိ၊ ဗြဟ္မာ့ပြည်လျှင်လည်းလျောင်းရာရှိသည် ဖြစ်ပြီ။
သတ္ထာ၊ ဘုရားရှင်သည်။ “ဘိက္ခဝေ ကောကာလိကော၊ အို.. ရဟန်တို့ ကောကာလိကသည်။ ဣဒါနေ၊ ယခုအခါ၌သာ။ အတ္တနော ဝစနံ၊ မိမိ၏ စကား ကို။ နိဿာယ န နဋ္ဌော၊ မှီ၍ ပျက်စီးသည် မဟုတ်သေး။ ပုဗ္ဗေပိ နဋ္ဌောယေဝ၊ ရှေးကလည်း ပျက်စီးဖူးသည်သာ”။ ဣတိ ဝတွာ၊ ဤသို့ မိန့်တော်မူ၍။ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဤတရားဒေသနာကို ဆောင်တော်မူ၍။
“တဒါ မုခရ တာပသော၊ ထိုရှေးအခါက စကားများလွန်းသော ရသေ့သည်။ ကောကာလိကော အဟောသိ၊ ကောကာလိကသည် ဖြစ်လာပြီ။ ဣသိဂဏော ဗုဒ္ဓပရိသာ၊ ရသေ့ အပေါင်းကား ငါဘုရားပရိသတ်တည်း။ ဂဏသတ္ထာ ပန၊ ဂိုဏ်းဆရာ ရသေ့သည် ကား။ အဟမေဝ အဟောသိန္တိ၊ ငါဘုရားသည်သာလျှင် ဖြစ်လာပြီ” ဟု။ ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
တိတ္တိရဇာတကဝဏ္ဏနာ သတ္တမာ၊ ခုနစ်ခုမြောက်ဖြစ်သော တိတ္တိရဇာတ်အဖွင့်တည်း။
**နာစိန္တယန္တော ပုရိသော** တိ ဣဒံ၊ နာစိန္တယန္တော ပုရိသောစသော ဤတရား ဒေသနာတော်ကို။ သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ်။ ဥတ္တရသေဋ္ဌိပုတ္တံ၊ ဥတ္တရသူဌေးသားကို။ အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
သာဝတ္ထိယံ မဟာဝိဘဝေါ၊ သာဝတ္ထိမြို့၌ များသောစည်းစိမ်ဥစ္စာရှိသော။ ဥတ္တရသေဋ္ဌိ နာမ အဟောသိ ကိရ၊ ဥတ္တရသူဌေးမည်သည် ရှိသတဲ့။
တဿ ဘရိယာယ ကုစ္ဆိယံ၊ ထိုဥတ္တရသူဌေး၏ မယား၏ ဝမ်း၌။ ဧကော ပုညဝါ သတ္တော၊ တစ်ယောက်သော ဘုန်းကံကြီးမား သော သတ္တဝါသည်။ ဗြဟ္မလောကာ စပိတွာ၊ ဗြဟ္မာ့ပြည်မှ စုတေ၍။ ပဋိသန္ဓေိံ ဂဟေတွာ၊ ပဋိသန္ဓေကို ယူ၍။ ဝယပ္ပတ္တော အဘိရူပေါ၊ အရွယ်ရောက်သော် အလွန်အဆင်းလှသည်။ ပါသာဒိကော ဗြဟ္မဝဏ္ဏီ အဟောသိ၊ စိတ်နှလုံးကြည် လင်မှုဖြစ်စေတတ်သည် မြတ်သောအဆင်းရှိသည် ဖြစ်ပြီ။
အထ ဧကဒိဝသံ သာဝတ္ထိယံ၊ ထိုအခါ တစ်နေ့၌ သာဝတ္ထိမြို့၌။ ကတ္တိကဆဏေ နက္ခတ္တေ ယုဋ္ဌေ၊ ကြတ္တိကာပွဲဟူသော နက္ခတ်ပွဲကို ကြွေးကြော်အပ်သော် (ကြော်ငြာအပ်သော်)။ သဗ္ဗော လောကော၊ အလုံးစုံသော လူ့လောကသည်။ နက္ခတ္တနိဿိတော အဟောသိ၊ နက္ခတ်ပွဲကိုမှီသည် ဖြစ်ပြီ။
တဿ သဟာယကာ၊ ထိုဥတ္တရသူဌေး သား၏ သူငယ်ချင်းဖြစ်ကုန်သော။ အညေ သေဋ္ဌိပုတ္တာ၊ အခြားကုန်သော သူဌေး သားတို့သည်။ သပဇာပတိကာ အဟေသုံ၊ မယားရှိကြသည် ဖြစ်ကုန်ပြီ။
ဥတ္တရ သေဋ္ဌိပုတ္တဿ ပန ဒီဃရတ္တံ၊ ဥတ္တရသူဌေးသား၏ကား နေ့ညဉ့်ရှည်စွာ။ ဗြဟ္မ လောကေ ဝသိတတ္တာ၊ ဗြဟ္မာ့ပြည်၌ နေခဲ့သည့် အဖြစ်ကြောင့်။ ကိလေသေသု စိတ္တံ န အလ္လိယတိ၊ ကိလေသာတို့၌ စိတ်သည် မကပ်ငြိ။
အထ အဿ သဟာယ ကာ၊ ထိုအခါ ထိုဥတ္တရသူဌေးသား၏ သူငယ်ချင်းတို့သည်။ “ဥတ္တရသေဋ္ဌိ ပုတ္တဿပိ၊ ဥတ္တရသူဌေးသားအတွက်လည်း။ ဧကံ ဣတ္ံ အာနေတွာ၊ တစ်ယောက်သော အမျိုးသမီးကို ဆောင်ယူ၍။ နက္ခတ္တံ ကီဠိဿာမာတိ၊ နက္ခတ် ပွဲကို ကစားကြအံ”ဟု။ သန္တယိတွာ၊ တိုင်ပင်ကြ၍။ တံ ဥပသင်္ကမိတွာ၊ ထိုဥတ္တရ သူဌေးသားသို့ ချဉ်းကပ်၍။ “သမ္မ ဣမသ္မိံ နဂရေ၊ အို မိတ်ဆွေ ဤသာဝတ္ထိမြို့၌။ ကတ္တိကဆဏော ဃုဋ္ဌော၊ ကြတ္တိကာနက္ခတ်ပွဲကို ကြော်ငြာအပ်ပြီ။ တုယှမ္ပိ ဧကံ ဣတ္ထိ၊ သင့်အတွက်လည်း တစ်ယောက်သော အမျိုးသမီးကို။ အာနေတွာ နက္ခတ္တံ၊ ဆောင်ယူ၍ နက္ခတ်ပွဲကို။ ကီဠိဿာမာတိ အာဟံသု၊ ကစားကြမည်”ဟု ပြောကုန် ပြီ။
“မေ ဣတ္ထိယာ န အတ္ထော၊ ငါ့အား အမျိုးသမီးဖြင့် အလိုမရှိပါ။ ဣတိ စ ဝုတ္တေပိ၊ ဤသိုလျှင် ပြောဆိုအပ်သော်လည်း။ ပုနပ္ပုနံ နိဗဇ္ဇိတွာ၊ ထပ်ခါထပ်ခါ စကားဖြင့် ဖွဲ့ချည်၍။ သမ္ပဋိစ္ဆာပေတွာ၊ လက်ခံစေ၍။ ဧကံ ဝဏ္ဏဒါသိ၊ တစ်ယောက် သော ပြည့်တန်ဆာမကို။ သဗ္ဗာလင်္ကာရပဋိမဏ္ဍိတံ ကတွာ၊ အဆင်တန်ဆာ အားလုံးဖြင့် ဆင်မြန်းအပ်သည်ကို ပြု၍။ တဿ ယရံ နေတွာ၊ ထိုဥတ္တရသူဌေး သား၏ အိမ်သို့ ဆောင်ယူ၍။ “တွံ သေဋ္ဌိပုတ္တဿ၊ နင်သည် ဥတ္တရသူဌေးသား၏။ သန္တိကံ ဂစ္ဆာတိ၊ အထံသို့ သွားလော”ဟု။ သယနိယရံ ပေသေတွာ နိက္ခမိံသု၊ အိပ်ခန်းသို့ စေလွှတ်၍ ထွက်သွားကြပြီ။
တံ သယနိယရံ ပဝိဋ္ဌမ္ပိ၊ ထိုပြည့်တန်ဆာမ ကို အိပ်ခန်းသို့ ဝင်လာသော်လည်း။ သေဋ္ဌိပုတ္တော၊ ဥတ္တရသူဌေးသားသည်။ နေ ဩလောကေတိ နာလပတိ၊ ကြည့်လည်းမကြည့် စကားလည်းမပြော။
သာ၊ ထို ပြည့်တန်ဆာမသည်။ “အယံ ဧဝံ ရူပသောဘဂ္ဂပ္ပတ္တံ၊ ဤသူဌေးသားသည် ဤကဲ့သို့ ရုပ်တင့်တယ်မှု,အထွဋ်အထိပ်သို့ ရောက်သော။ ဥတ္တမဝိလာသသမ္ပန္နံ မံ၊ မြင့်မြတ်သော တင့်တယ်စံပယ်မှုနှင့်ပြည့်စုံသော ငါ့ကို။ နေဝ ဩလောကေတိ နာလပတိ၊ ကြည့်လည်းမကြည့် စကားလည်းမပြော။ ဣဒါနိ နံ အတ္တနော၊ ယခု အခါ ထိုသူဌေးသားကို မိမိ၏။ ဣတ္ထိကုတ္တလီလာယ၊ မိန်းမတို့၏ အပြုအမူ တင့်တယ်စံပယ်ခြင်းဖြင့်။ ဩလောကေဿာမီတိ၊ ကြည့်စေမည်”ဟု။ စိန္တေသိ၊ ကြံစီပြီ။ ဣတိ ဣတ္ထိလီလံ ဒန္တီ၊ ဤသို့တွေး၍ မ,၏ တင့်တယ်မှုကို ပြလျက်။ ပဋ္ဌာကာရေန အဂ္ဂဒန္တေ၊ ရယ်ရွှင်သော အခြင်းအရာဖြင့် သွားဖျားတို့ကို။ ဝိဝရိတွာ ဟသိတံ အကာသိ၊ ဖွင့်၍ ရယ်ရွှင်မှုကို ပြုပြီ။
သေဋ္ဌိပုတ္တော ဩလော ကေတွာ၊ ဥတ္တရသူဌေးသားသည် ကြည့်၍။ ဒန္တဋ္ဌိကေ နိမိတ္တံ ဂဏှိ၊ သွားရိုး၌ အဓိကနိမိတ်ကို ယူပြီ။
အထ အဿ၊ ယူပြီးရာ ထိုအခါ၌ ထိုဥတ္တရသူဌေးသား အား။ အဋ္ဌိကသညာ ဥပ္ပဇ္ဇိ၊ အရိုးစုအမှတ်သညာသည် ဖြစ်ပြီ။ သကလမ္ပိ တံ သရီရံ၊ အလုံးစုံလည်းဖြစ်သော ထိုကိုယ်သည်။ အဋ္ဌိကသင်္ခလိကာ ဝိယ ပညာယိ၊ စပ်ဆုပ်ဖွယ်အရိုးစုကဲ့သို့ ထင်လာပြီ။
သော တဿာ၊ ထိုဥတ္တရသူဌေးသားသည် ထိုပြည့်တန်ဆာမအား။ ပရိဗ္ဗယံ ဒတွာ၊ အခစားရိက္ခာကို ပေးပြီး၍။ “ဂစ္ဆာတိ ဥယျောဇေသိ၊ သွားတော့”ဟု လွှတ်လိုက်ပြီ။
တဿ ဃရာ၊ ထိုဥတ္တရသူဌေးသား၏ အိမ်မှ။ ဩတိတ္တံ တံ၊ ဆင်းလာသော ထိုပြည့်တန်ဆာမကို။ ဧကော ဣဿရော၊ တစ်ယောက်သော အစိုးရသူသည်။ အန္တရဝီထိယံ ဒိသွာ၊ မြို့လမ်းအကြား၌ တွေ့ရ၍။ ပရိဗ္ဗယံ ဒတွာ၊ အခစားရိက္ခာကို ပေး၍။ အတ္တနော ဃရံ နေသိ၊ မိမိ၏ အိမ်သို့ ဆောင်ယူသွားပြီ။ သတ္တာဟေ ဝီတိဝတ္တေ၊ ခုနှစ်ရက်သည် ကျော်လွန်သော်။ နက္ခတ္တံ ဩသိတံ၊ နက္ခတ်ပွဲသည် ပြီးဆုံးပြီ။
ဝဏ္ဏဒါသိယာ မာတာ၊ ပြည့်တန်ဆာမ၏ မိခင်သည်။ မီတု အာဂမနံ အဒိသွာ၊ သမီး၏ ပြန်လာမှုကို မတွေ့ရ၍။ သေဋ္ဌိပုတ္တာနံ သန္တိကံ ဂန္တွာ၊ သူဌေး သားတို့၏ အထံသို့ သွား၍။ “သာ ကဟန္တိ ပုစ္ဆိ၊ ထိုငါ့သမီးသည် အဘယ်မှာနည်း” ဟု မေးပြီ။
တေ ဥတ္တရသေဋ္ဌိပုတ္တဿ၊ ထိုသူဌေးသားတို့သည် ဥတ္တရသူဌေးသား၏။ ဃရံ ဂန္တွာ၊ အိမ်သို့ သွားကြ၍။ “သာ ကဟန္တိ ပုစ္ဆိံသု၊ ထိုပြည့်တန်ဆာမသည် အဘယ်မှာနည်း”ဟု မေးကြပြီ။
တင်္ခညေဝ တဿာ၊ ထိုခဏ၌ပင် ထိုပြည့်တန်ဆာမ အား။ ပရိဗ္ဗယံ ဒတွာ၊ အခစားရိက္ခာကို ပေး၍။ ဥယျောဇေသိန္တိ၊ ငါလွှတ်လိုက်ပြီဟု ပြောပြီ။
အထ အဿာ၊ ထိုအခါ ထိုပြည့်တန်ဆာမ၏။ မာတာ ရောဒန္တီ၊ မိခင် သည် ငိုကျွေးလျက်။ “မေ မီတရံ န ပဿာမိ၊ ငါ၏ သမီးကို မတွေ့ရ။ မေ ဂီတရံ၊ ငါ၏ သမီးကို။ သမာနေထာတိ၊ ကောင်းစွာဆောင်ယူပေးကြပါ”ဟု။ ဥတ္တရ သေဋ္ဌိပုတ္တံ အာဒါယ၊ ဥတ္တရသူဌေးသားကို ခေါ်ယူ၍။ ရညော သန္တိကံ အဂမာသိ၊ ကောသလမင်း၏ အထံသို့ ရောက်သွားပြီ။
ရာဇာ အတ္ထံ ဝိနိစ္ဆနန္တော၊ ကောသလ မင်းသည် တရားကို ဆုံးဖြတ်သော်။ “တေ ဣမေ သေဋ္ဌိပုတ္တာ၊ သင့်အတွက် ဤသူဌေးသားတို့သည်။ ဝဏ္ဏဒါသိ အာနေတွာ၊ ပြည့်တန်ဆာမကို ဆောင်ယူ၍။ တုယှံ အဟံသူတိ ပုစ္ဆိ၊ သင့်အား ပေးကြပြီလား”ဟု မေးပြီ။
အာမ ဒေဝါတိ၊ မှန်ပါ ပေးကြပါ၏ အရှင်မင်းကြီးဟုဖြေကြားပြီ။
ဣဒါနိ သာ ကဟန္တိ၊ ယခု ထိုပြည့်တန် ဆာမသည် ဘယ်မှာနည်းဟု စစ်ဆေးပြီ။
န ဇာနာမိ၊ မသိပါ။ တင်္ခဏညေပ နံ၊ ခေါ်လာခဲ့ရာ ထိုခဏမှာပင် ထိုပြည့်တန်ဆာမကို။ ဥယျောဇေသိန္တိ၊ လွှတ်လိုက်ပါပြီ ဟု ဖြေပြီ။
ဣဒါနိ တံ၊ ယခုအခါ ထိုပြည့်တန်ဆာမကို။ သမာနေတုံ သက္ကောသီတိ၊ ကောင်းစွာဆောင်ယူခြင်းငှာ စွမ်းနိုင်မည်လာဟုမေးပြီ။
န သက္ကောမိ ဒေဝါတိ၊ မစွမ်းနိုင်ပါ အရှင်မင်းမြတ်ဟုလျှောက်ထားပြီ။
ရာဇာ၊ ကောသလမင်းသည်။ “သမာနေတုံ၊ ကောင်းစွာဆောင်ယူပေးခြင်းငှာ။ သစေ န သက္ကောတိ၊ အကယ်၍ မစွမ်းနိုင်အံ့။ အဿ ရာဇာဏံ၊ ဥတ္တရသူဌေးသားအား မင်းအာဏာကို။ ကရောထာတိ အာဟ၊ ပြုကြ”ဟု အမိန့်ချပြီ။
အထ နံ၊ ထိုအခါ ထိုဥတ္တရသူဌေး သားကို။ ပစ္ဆာဗာဟံ ဗဇ္ဇိတွာ၊ နောက်၌ လက်မောင်းရှိအောင် ဖွဲ့ချည်၍။ ရာဇာကံ ကရိဿာမာတိ၊ မင်းအာဏာကို ပြုကြအံ့ဟု။ ဂဟေတွာ ပက္ကမိံသု၊ ခေါ်ယူ၍ ဖဲသွားကုန်ပြီ။
“ဝဏ္ဏဒါသိ သမာနေတုံ၊ ပြည့်တန်ဆာမကို ကောင်းစွာဆောင်ယူ ပေးခြင်းငှာ။ အသက္ကောန္တံ သေဋ္ဌိပုတ္တံ၊ မစွမ်းနိုင်သော ဥတ္တရသူဌေးသားကို။ ရာဇာ ရာဇာဏံ၊ ကောသလမင်းသည် မင်းအာဏာကို။ ကာရေသိ ကိရာတိ၊ ပြုစေသတဲ့” ဟု။ သကလနဂရံ၊ သာဝတ္ထိတစ်မြို့လုံးသည်။ ဧကကောလာဟလံ အဟောသိ၊ အုတ်အုတ်ကျက်ကျက်တစ်ခုတည်းရှိသည် ဖြစ်သွားပြီ။
မဟာဇနော ဥရေ၊ လူအများသည် ရင်ဘတ်၌။ ဟတ္ထ ဌပေတွာ၊ လက်တို့ကို တင်ထား၍။ “သာမိ ဧတံ ကိ နာမ၊ အို အရှင် ဤအမှုသည် ဘယ်မည်သော အမှုနည်း။ တေ အတ္တနော၊ အရှင်သူဌေးသားသည် မိမိအား။ န အနုစ္ဆဝိကံ လန္တိ ပရိဒေဝတိ၊ မလျော်သည်ကို ရအပ်ပြီးဟု ငိုကျွေး၏။
သေဌိပိ ပုတ္တဿ၊ ဖခင်သူဌေးသည်လည်း သား၏။ ပစ္စတော ပစ္စတော၊ နောက်မှ နောက်မှ။ ပရိဒေဝန္တော ဂစ္ဆတိ၊ ငိုကျွေးလျက် လိုက်သွား၏။
သေဋ္ဌိပုတ္တော၊ ဥတ္တရသူဌေးသားသည်။ “ဧဝရူပံ ဒုက္ခံ၊ ဤသို့ သဘောရှိသော ဆင်းရဲသည်။ အဂါရေ ဝသနဘာဝေန၊ အိမ်၌ နေခြင်းကြောင့်။ မယုံ ဥပ္ပန္နံ၊ ငါ့အား ဖြစ်ရ၏။
သစေ ဣတော မုစ္စိဿာမိ၊ အကယ်၍ ဤဆင်းရဲမှ လွတ်မြောက်အံ့။ မဟာဂေါတမသမ္မာသမ္ဗုဒ္ဓဿ၊ ကြီးကျယ်မြင့်မြတ်တော်မူသော ဂေါတမနွယ်ဖွား ရှင်တော်ဘုရား၏။ သန္တိကေ ပဗ္ဗဇိဿာမီတိ၊ အထံတော်၌ ရှင်ရဟန်းပြုမည်”ဟု။ စိန္တေသိ၊ တွေးပြီ။
သာပိ ဝဏ္ဏဒါသီ၊ ထိုပြည့်တန်ဆာမသည်လည်း။ တံ ကောလာ ဟလသပ္ပံ သုတွာ၊ ထိုအုတ်အုတ်ကျက်ကျက်ဖြစ်သော အသံကို ကြားရ၍။ “သော ကံ သန္ဓေါ နာမာတိ၊ ဤအသံကား ဘယ်မည်သော အသံနည်း”ဟု ။ ပုဗ္ဘိတွာ၊ မေး၍ ။ ဟံ ပဝတ္တိ သုတွာ၊ ထိုအဖြစ်ကို ကြားရ၍ ။ ဝေဂေန ဩတရိတွာ၊ အရှိန်အဟုန်ဖြင့် ဆင်းလာ၍။ “သာမီ၊ အိုအရှင်တို့။ ဥဿရဏ ဥဿရဏ၊ ဖယ်တော်မူကြပါ ဖယ်တော်မူကြပါ။ မံ ရာဇပုရိသာနံ၊ ကျွန်မကို မင်းချင်းယောက်ျား တို့အား။ ဒဋ္ဌုံ ဒေတာတိ၊ မြင်ခြင်းငှာ ပေးကြပါ”ဟုပြော၍။ အတ္တာနံ ဒဿေသိ၊ မိမိကိုယ်ကို ပြပြီ။
ရာဇပုရိသာ ဟံ ဒိသွာ၊ မင်းချင်းယောက်ျားတို့သည် ထိုပြည့် တန်ဆာမကို တွေ့ရ၍။ မာတရံ ပဋိစ္ဆာပေတွာ၊ မိခင်ကို လက်ခံစေ၍။ သေဋ္ဌိပုတ္တံ မုဉ္ဇိတွာ ပက္ကမိံသု၊ ဥတ္တရသူဌေးသားကို လွှတ်၍ ဖဲသွားကုန်ပြီ။
သော သဟာ ယကပရိဝုတောဝ၊ ထိုဥတ္တရသူဌေးသားသည် သူငယ်ချင်းများခြံရံအပ်လျက်သာ။ နဒိ ဂန္တွာ၊ မြစ်သို့ သွား၍။ သသီသံ နှာယိတွာ၊ ခေါင်းနှင့်တကွ ရေချိုး၍။ ဂေဟံ ဂန္တွာ၊ အိမ်သို သွား၍။ ဘုတ္တပါတရာသော၊ စားအပ်ပြီးသော နံနက်စာရှိသော်။ မာတာပိတရော ဝန္ဒိတွာ၊ မိဘတို့ကို ရှိခိုး၍။ ပဗ္ဗဇ္ဇီ အနုဇာနာပေတွာ၊ ရှင်ရဟန်း အဖြစ်ကို ခွင့်ပြုစေ၍။ စီဝရသာဋကေ အာဒါယ၊ သင်္ကန်းလျာပုဆိုးတို့ကို ယူဆောင်၍။ မဟန္တေန ပရိဝါရေန၊ များစွာသော အခြံအရံဖြင့်။ သတ္တု သန္တိကံ ဂန္တွာ၊ ဘုရားရှင်၏ အထံတော်သို့ သွား၍။ ဝန္ဒိတွာ ပဗ္ဗဇ္ဇံ ယာစိတွာ၊ ရှိခိုးပြီး၍ ရှင်ရဟန်းအဖြစ်ကို တောင်းပန်ပြီး၍။ ပဗ္ဗဇ္ဇ ဥပသမ္ပဒဉ္စ လဘိတွာ၊ ရှင်အဖြစ်ကို လည်းကောင်း ရဟန်းအဖြစ်ကိုလည်းကောင်း ရပြီး၍။ အဝိဿဋ္ဌကမ္မဋ္ဌာနော၊ မစွန့်လွှတ်အပ်သော ကမ္မဋ္ဌာန်းရှိသည်ဖြစ်၍။ ဝိပဿနံ ဝတွာ၊ ဝိပဿနာကို ပွားစေ၍။ န စိရဿဝ၊ မကြာမြင့်မီပင်။ အရဟတ္တေ ပတိဋ္ဌာသိ၊ အရဟတ္တဖိုလ်၌ တည်ပြီ။
အထ ဧကဒိဝသံ ဓမ္မသဘာယံ၊ ထိုအခါ တစ်နေ့၌ တရားသဘင်၌။ သန္နိပတိ တာ ဘိက္ခူ၊ ကောင်းစွာကျရောက်စုဝေးကုန်သော ရဟန်းတို့သည်။ “အာဝုသော ဥတ္တရသေဋ္ဌိပုတ္တော၊ အို ငါရှင်တို့ ဥတ္တရသူဌေးသားသည်။ အတ္တနော ဘယေ ဥပ္ပန္နေ၊ မိမိအား ဘေးအန္တရာယ်သည် ဖြစ်ပေါ်သော်။ သာသနဿ ဂုဏံ ဇာနိတွာ၊ သာသနာတော်၏ ဂုဏ်ကျေးဇူးကို သိ၍။ “ဣမမှာ ဒုက္ခာ မုစ္စမာနော၊ ဤဒုက္ခမှ လွတ်မြောက်သော်။ ပဗ္ဗဇ္ဇိဿာမီတိ စိန္တေတွာ၊ ရှင်ရဟန်းပြုအံ့ဟု တွေးတောပြီး၍။ တေန သုစိန္တိတေန၊ ထိုကောင်းသော အတွေးအတောဖြင့်။ မရဏမုတ္တော စေဝ၊ သေးခြင်းမှလည်း လွတ်မြောက်၏။ ပဗ္ဗဇိတော အဂ္ဂဖလေ၊ ရဟန်းပြု၍ အမြတ်ဆုံး အရဟတ္တဖိုလ်၌။ ပတိဋ္ဌိတော စ ဣတိ၊ တည်လည်းတည်ရ၏"ဟု။ တဿ ဂုဏ ကထံ ကထေသုံ၊ ထိုဥတ္တရသူဌေးသား၏ ဂုဏ်နှင့်စပ်သော စကားကို ပြောဆို ကုန်ပြီ။
သတ္ထာ အာဂန္တွာ၊ ဘုရားရှင်သည် ကြွလာတော်မူ၍။ “ဘိက္ခဝေ ဧတရဟိ၊ အို. . ရဟန်းတို့ ယခုအခါ။ ကာယ ကထာယ သန္နိသိန္နာ၊ အဘယ်မည်သော စကားဖြင့် ကောင်းစွာထိုင်နေကြသည်။ အတ္ထုနုတိ ပုတ္တိတွာ၊ ဖြစ်ကြသနည်း”ဟု မေးတော်မူ၍။ “ဣမာယ နာမာတိ ဝုတ္တေ၊ ဤမည်သော စကားဖြင့်ပါ”ဟု လျှောက် ထားအပ်သော်။ “ဘိက္ခဝေ ဥတ္တရသေဋ္ဌိပုတ္တောဝ၊ အို . ရဟန်းတို့ ဥတ္တရသူဌေး သားသည်သာ။ အတ္တနော ဘယေ ဥပ္ပန္နေ၊ မိမိအား ဘေးအန္တရာယ်သည် ဖြစ်ပေါ် သော်။ ဣမိနာ ဥပါယေန၊ ဤနည်းလမ်းဖြင့်။ ဣမမှာ ဒုက္ခာ၊ ဤဆင်းရဲမှ ။ မုစ္စိဿာမီတိ စိန္တေတွာ၊ လွတ်မြောက်အံ့ဟု တွေးတောကြံစီ၍။ မရဏဘယာ့ န မုတ္တော၊ သေဘေးမှ လွတ်မြောက်သည်မဟုတ်သေး။ အတီတေ ပဏ္ဍိတာပိ၊ ရှေး အခါက ပညာရှိတို့သည်လည်း။ အတ္တနော ဘယေ ဥပ္ပန္နေ၊ မိမိအား ဘေးအန္တရာယ် သည် ဖြစ်ပေါ်သော်။ ဣမိနာ ဥပါယေန၊ ဤနည်းလမ်း ဖြင့်။ ဣမမှာ ဒုက္ခာ၊ ဤဆင်းရဲ မှ။ မုစ္စိဿာမာတိ စိန္တေတွာ၊ လွတ်မြောက်ကြအံ့ဟု တွေးတော၍။ မရဏဘယ၊ တောသေဘေးမှ။ မုစ္စသုယေဝါတိ ဝတွာ၊ လွတ်ဖူးကြသည်သာ”ဟု မိန့်တော်မူ၍။ အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။ ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုလတ်သော်။ ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ စုတိပဋိသန္ဓိဝသေန ပရိဝတ္တန္တော၊ စုတိပဋိသန္ဓေအစွမ်းအား ဖြင့် ချာချာလည်သော်။ ဝဋ္ဋကယောနိယံ နိဗ္ဗတ္တိ၊ ငုံးမျိုး၌ ဖြစ်ပြီ။
တဒါ ဧကော ဝဋ္ဋကလုဒ္ဒကော၊ ထိုအခါ တစ်ယောက်သော ငုံးမုဆိုးသည်။ အရညာ ဗဟု ဝဋ္ဋကေ၊ တောထဲမှ များစွာကုန်သော ငုံးတို့ကို။ အာဟရိတွာ ဂေဟေ ဌပေတွာ၊ ဖမ်းယူ၍ အိမ်၌ မွေးထား၍။ ဂေါစရံ ဒတွာ၊ အစာကို ကျွေး၍။ မူလံ ဂဟေတွာ၊ တန်ဖိုးကို ယူ၍။ အာဂတာဂတာနံ ဟတ္ထ၊ ဝယ်လာ ဝယ်လာသူတို့၏ လက်၌။ ဝဋ္ဋကေ ဝိက္ခိဏန္တော၊ ငုံးတို့ကို ရောင်းချလျက်။ ဇီဝိကံ ကပ္ပေတိ၊ အသက်မွေးမှု ကို ပြု၏။
သော ဧကဒိဝသံ၊ ထိုငုံးမုဆိုးသည် တစ်နေ့၌။ ဗဟိ ဝဋ္ဋကေဟိ သဒ္ဓိံ၊ များစွာကုန်သော ငုံးတို့နှင့် အတူ။ ဗောဓိသတ္တမ္ပိ ဂဟေတွာ အာနေတိ၊ ဘုရားလောင်းကိုလည်း ဖမ်း၍ ဆောင်ယူသွားပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်း သည်။ သစေ အဟံ၊ အကယ်၍ ငါသည်။ ဣမိနာ ဒိန္နံ ဂေါစရာ၊ ဤမုဆိုးသည် ပေးကျွေးအပ်သော အစာကိုလည်းကောင်း။ ပါနိယဉ္စ ပရိက္ခိဿာမိ၊ သောက်ရေ ကိုလည်းကောင်း စားသောက်အံ့။ အယံ မံ ဂဟေတွာ၊ ဤမုဆိုးသည် ငါ့ကို ယူ၍။ အာဝတာနံ မနုသာနံ ဒဿတိ၊ အ၀ယ်လာကုန်သော လူတို့အား ပေးလ တ္တံ။
သစေ ပန န ပရိဘုဉ္ဇိဿာမိ၊ အကယ်၍ကား မစားသောက်အံ့။ အကြံ မိလာယိဿာမိ၊ ငါသည် ညှိုးနွမ်းလိမ့်မည်။ အထ မိလာယန္တိ မံ ဒိသွာ၊ ထိုအခါ ညှိုးနွမ်းသော ငါ့ကို တွေ့မြင်၍။ မနုဿာ န ဂဏှိဿန္တိ၊ လူတို့သည် မ၀ယ်ယူကြလတံ့။
ဧဝံ မေ၊ ဤသို့မဝယ်ယူသော် ငါ့အား။ သောတ္ထိ ဘဝိဿတိ၊ ချမ်းသာ ခြင်းသည် ဖြစ်လတံ့။ ဣမံ ဥပါယံ၊ ဤနည်းလမ်းကို။ ကရိဿာမီတိ စိန္တေသိ၊ ငါပြုမည်”ဟု တွေးမိပြီ။
သော တထာ ကရောန္တော၊ ထိုဘုရားလောင်းသည် ထိုတွေးမိသည့်အတိုင်း ပြုသော်။ မိလာယိတွာ၊ ညှိုးနွမ်း၍။ အဋ္ဌိစမ္မမတော အဟောသိ၊ အရိုးအရေမျှသာရှိသည် ဖြစ်ပြီ။
မနုဿာ တံ ဒိသွာ၊ လူတို့သည် ထိုဘုရားလောင်းကို မြင်၍။ န ဂဏှိံှိံ၊ မဝယ်ယူကြပြီ။
ဗုဒ္ဓကော ဗောဓိသတ္တံ ဌပေတွာ၊ ငုံးမုဆိုးသည် ဘုရားလောင်းကို ချန်ထား၍။ သေသေသု ဝဋ္ဋကေသု ပရိက္ခိဏေသု၊ ကြွင်းကျန်ကုန်သော ငုံးတို့သည် ကုန်ခမ်းကုန်သော်။ ပစ္ဆိံ နီဟရိတွာ၊ ငုံးထည့်သည့်ခြင်းကို ထုတ်ဆောင်၍။ ဒွါရေ ဌပေတွာ၊ တံခါးပေါက်၌ ထား၍။ ဗောဓိသတ္တံ ဟတ္ထတလေ ကတွာ၊ ဘုရားလောင်းကို လက်ဝါးအပြင်၌ ထား၍။ “အယံ ဝဋ္ဋကော၊ ဤငုံးကား။ ကိံ နုခေါတိ စိန္တေတွာ၊ ဘယ်လိုလဲ ”ဟု တွေး၍။ ဩလောကေတုံ အာရဒ္ဓေါ၊ ကြည့်ခြင်းငှာ အားထုတ်ပြီ။
အထ အဿ၊ ထိုအခါ ထိုငုံးမုဆိုး၏။ ပမတ္တဘာဝံ ဉတွာ၊ မေ့လျော့ကြောင်းကို သိ၍။ ဗောဓိသတ္တော ပက္ခေ၊ ဘုရားလောင်းသည် အတောင်တို့ကို။ ပသာရေတွာ ဥပ္ပတိတွာ၊ ဖျန့်၍ ပျံသွား။ အရညမေဝ ဂတော၊ တောထဲသို့သာ သွားပြီ။
အညေ ဝဋ္ဋကာ၊ အခြားကုန်သော ငုံးတို့သည်။ တံ ဒိသွာ၊ ထိုဘုရားလောင်းကို မြင်၍။ “ကိံ နုခေါ န ပညာယတိ၊ အဘယ့်ကြောင့် မထင်ရှားသနည်း။ ကဟံ ဂတော၊ အဘယ်သို့ သွားနေသည်။ အသီတိ ပုဗ္ဘိတွာ၊ ဖြစ်သနည်း”ဟု မေးကြ၍။ “လုဒ္ဒကေန ဂဟိ တော၊ ငုံးမုဆိုးသည် ဖမ်းယူအပ်သည်။ အမှီတိ ဝုတ္တေ၊ ဖြစ်၏”ဟု ပြောအပ် သော်။ “ကိန္တိ ကတွာ၊ ဘယ်ကဲ့သို့ ပြုလုပ်။ မုတ္တော၊ လွတ်မြောက်လာသည်။ အသီတိ ပုစ္ဆိံ သု၊ ဖြစ်သနည်း”ဟု မေးကြပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ “အဟံ တေန ဒိန္နံ၊ ငါသည် ထိုမုဆိုးက ပေးအပ်ကျွေးအပ်သော။ ဂေါစရံ အဂ္ဂဟေ တွာ၊ အစာကို မယူမစားမူ၍။ ပါနီယံ အပိပိတွာ၊ သောက်ရေကို မသောက်မူ၍။ ဥပါယစိန္တာယ၊ လွတ်ကြောင်းနည်းလမ်းတွေးတောခြင်းဖြင့်။ မုတ္တောတိ ဝန္ဒာ၊ လွတ်မြောက်လာ၏”ဟု ပြောပြ၍။
အစိန္တယန္တော ပုရိသော၊ အတွေးအတောမရှိသော ယောက်ျားသည်။ ဝိသေသံ န အဓိဂစ္ဆတိ၊ ကောင်းကျိုးအထူးကို မရရှိနိုင်။ စိန္တိတဿ ဖလံ ပဿ၊ တွေးတောကြံစီမှု၏ ကောင်းကျိုးကို ရှုစမ်းပါ။ ဝဓဗန္ဓနာ မုတ္တော အသ္မိံ၊ အသတ်ခံရခြင်း အနှောင်ဖွဲ့ခံရခြင်းမှ (ငါ) လွတ်မြောက်သည် ဖြစ်၏။
တတ္ထ အယံ ပိဏ္ဍတ္တော၊ ထိုဂါထာ၌ ဤဆိုလတံ့ကား အပေါင်းဖြစ်သော အနက် အဓိပ္ပါယ်တည်း။ (ကော၊ အပေါင်းအနက်အဓိပ္ပါယ်ဟူသည် အဘယ်နည်း)။ **ပုရိသော** ဒုက္ခ ပတွာ၊ ယောက်ျားသည် ဒုက္ခသို့ ရောက်သော်။ ဣမိနာ နာမ ဥပါယေန၊ ဤမည်သော နည်းလမ်းဖြင့်။ ဣမမှာ ဒုက္ခာ၊ ဤဒုက္ခမှ။ မုစ္စိဿာမီတိ၊ လွတ်မြောက်အံ့ဟု။ **အစိန္တယန္တော**၊ မတွေးတောသော်။ အတ္တနော ဒုက္ခာ၊ မိမိ၏ ဒုက္ခမှ။ မောက္ခသင်္ခါတံ ဝိသေသံ၊ လွတ်မြောက်ခြင်းဟုဆိုအပ်သော အကျိုးထူးကို။ **နာဓိဂစ္ဆတိ**၊ မရနိုင်။
ဣဒါနိ ပန၊ ယခုအခါ၌ကား။ မယာ **စိန္တိတ** ကမ္မဿ၊ ငါသည် တွေးတောအပ်သော အမှု၏။ **ဖလံ ပဿ**၊ ကောင်းကျိုးကို ရှုစမ်းပါ။
တေနေဝ ဥပါယေန၊ ထိုနည်းလမ်းဖြင့်သာ။ **ဝဓဗန္ဓနာ**၊ အသတ်ခံရခြင်း အနှောင်အဖွဲ့ခံရ ခြင်းမှ။ မုတ္တော အသ္မိံ၊ ငါ လွတ်မြောက်သည် ဖြစ်၏။ မရဏတော စ ဗန္ဓနတော၊ သေရခြင်းမှလည်းကောင်း အနှောင်အဖွဲ့ခံရခြင်းမှလည်းကောင်း။ အဟံ မုတ္တော အသ္မိံ၊ ငါသည် လွတ်မြောက်သည် ဖြစ်၏။ ဣတိ၊ အပေါင်းအနက် အဓိပ္ပါယ်ဟု သည် ဤသည်ပင်တည်း။
ဧဝံ ဗောဓိသတ္တော၊ ဤကဲ့သို့ ဘုရားလောင်းသည်။ အတ္တနာ ကတ ကာရဏံ၊ မိမိသည် ပြုလုပ်အပ်သော အကြောင်းအရာကို။ အာစိက္ခိ၊ ပြောကြားပြီ။
သတ္တာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာ တော်ကို ဆောင်တော်မူ၍။
“တဒါ မရဏမုတ္တော ဝဋ္ဋကော၊ ထိုအခါက သေမှုမှ လွတ်မြောက်သော ဗုံးသည်။ အဟမေ၀ အဟောသိန္တိ၊ ငါဘုရားသည်သာ ဖြစ်လာပြီ”ဟု။ ဇာတကံ သမာဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
ဝဋ္ဋဇာတက၀ဏ္ဏနာ အဋ္ဌမာ၊ ရှစ်ခုမြောက်ဖြစ်သော ဝဋ္ဋဇာတ်အဖွင့်တည်း။
**အမာတာပိတရသံဝဒ္ဓေါ** တိ ဣဒံ၊ အမာတာပိတရသံဝဒ္ဓေါအစရှိသော ဤတရားဒေသနာတော်ကို။ သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။ အကာလရာဝိံ ဧကံ ဘိက္ံ၊ အခါမဲ့ပြော ဆိုတတ်သော ရဟန်းတစ်ပါးကို။ အာရဗ္ဗ ကထေသိ၊ အကြောင်းပြု၍ ဟောတော် မူပြီ။
သာဝတ္ထိဝါသီ သော ကုလပုတ္တော၊ သာဝတ္ထိမြို့နေသော ထိုအမျိုးသားသည်။ သာသနေ ပဗ္ဗဇိတွာ၊ သာသနာတော်၌ ရှင်ရဟန်းပြု၍။ ဝတ္တံ ဝါ သိက္ခဝါ န ဥဂ္ဂိ၊ ကျင့်ဝတ်ကိုလည်းကောင်း အကျင့်သိက္ခာကိုလည်းကောင်း မသင်ယူ။
သော၊ ထိုရဟန်းသည်။ “ဣမသ္မိံ ကာလေ၊ ဤအချိန်၌။ မယာ ဝတ္တံ ကာတဗ္ဗံ၊ ငါသည် ဝတ်ကြီးဝတ်ငယ်ကို ပြုသင့်၏။ ဣမသ္မိံ ကာလေ ဥပဋ္ဌာတတ္တံ၊ ဤအချိန်၌ ဆည်းကပ်ခစားသင့်၏။ ဣမသ္မိံ ကာလေ ဥဂ္ဂဟေတဗ္ဗံ၊ ဤအချိန်၌ သင်ယူသင့်၏။ ဣမသ္မိံ ကာလေ၊ ဤအချိန်၌။ သဇ္ဈာယိတဗ္ဗန္တိ န ဇာနာတိ၊ ပြန်လှန်သရဇ္ဈာယ် သင့်၏”ဟု မသိ။ ပဌမယာမေပိ မဇ္ဈိမယာမေပိ၊ ပဌမယာမ်၌သော်လည်းကောင်း မဇ္ဈိမယာမ်၌သော်လည်းကောင်း။ ပစ္ဆိမယာမေပိ၊ ပစ္ဆိမယာမ်၌သော်လည်း ကောင်း။ ပဗုဒ္ဓပဗုဒ္ဓက္ခဏေယေဝ၊ နိုးရာနိုးရာအခါ၌ပင်။ မဟာသဒ္ဒံ ကရောတိ၊ ကျယ်စွာသော အသံကို ပြု၏။ ဘိက္ခူ နိဒံ န လဘန္တိ၊ ရဟန်းတို့သည် အိပ်ခွင့်ကို မရကြကုန်။
ဓမ္မသဘာယံ ဘိက္ခူ၊ တရားသဘင်၌ ရဟန်းတို့သည်။ “အာဝုသော အသုကော နာမ ဘိက္ခု၊ အို. . ငါ့ရှင်တို့ ထိုမည်သော ရဟန်းသည်။ ဧဝရူပေ ရတနသာသနေ၊ ဤသို့ သဘောရှိသော ရတနာဖြစ်သော သာသနာ၌။ ပဗ္ဗဇိတွာ၊ ရှင်ရဟန်းပြုပြီး၍။ ဝတ္တံ ဝါ သိပ္ပံ ဝါ၊ ဝတ်ကြီးဝတ်ငယ်ကိုလည်းကောင်း အကျင့် သိက္ခာကိုလည်းကောင်း။ ကာလံ ဝါ အကာလံ ဝါ၊ သင့်လျော်သော အခါကိုလည်း ကောင်း မသင့်လျော်သော အခါကိုလည်းကောင်း။ န ဇာနာတီတိ၊ မသိတတ်”ဟု။ တသ အဂုဏကထံ ကထေသုံ၊ ထိုရဟန်း၏ အပြစ်နှင့်စပ်သော စကားကို ပြောကြကုန်ပြီ။
သတ္တာ အာဂန္တွာ၊ ဘုရားရှင်သည် ကြွလာတော်မူပြီး၍။ “ဘိက္ခဝေ ဧတရဟိ၊ အို . ရဟန်းတို့ ယခုအခါ။ ကာယ ကထာယ သန္နိသိန္နာ၊ အဘယ်မည် သော စကားဖြင့် ကောင်းစွာထိုင်နေကြသည်။ အတ္ထ နုတိ ပုစ္ဆိက္ခာ၊ ဖြစ်ကြ သနည်း” ဟု မေးတော်မူ၍။ “ဣမာယ နာမာတိ ဝုတ္တေ၊ ဤမည်သော စကားဖြင့်ပါ”ဟုလျှောက်ထားအပ်သော်။ “ဘိက္ခဝေ ဣဒါနေဝ၊ အို. . ရဟန်းတို့ ဤယခုအခါ၌ သာ။ ဧသော န အကာလရာဝီ၊ ဤရဟန်းသည် အခါမဲ့အသံပြုတတ်သည် မဟုတ် သေး။ ပုဗ္ဗေပိ အကာလရာဝီယေဝ၊ ရှေးကလည်း အခါမဲ့အသံပြုတတ်သည်သာ။ ကာလာကာလံ၊ သင့်လျော်သောအခါ မသင့်လျော်သောအခါကို။ အဇာနနဘာ ဝေန စ၊ မသိသည်၏ အဖြစ်ကြောင့်လည်း။ ဂီဝါယ ဝဋ္ဋိတာယ၊ လည်ပင်းကို လိမ်ခံ ရသဖြင့်။ ဇီဝိတက္ခယံ ပတ္တောတိ ဝတွာ၊ အသက်ကုန်ခြင်းသို့ရောက်ရပြီ”ဟု မိန့်တော် မူ၍။ အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။ ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုလတ်သော်။ ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ ဥဒိစ္စဗြာဟ္မဏကုလေ နိဗ္ဗတ္တိတွာ၊ မြင့်မြတ်သော ပုဏ္ဏားမျိုး၌ ဖြစ်၍။ ဝယပ္ပတ္တော သဗ္ဗသိပွေသု၊ အရွယ်ရောက်သော် အားလုံးသော အတတ် ပညာတို့၌။ ပါရံ ဂန္တွာ၊ တစ်ဘက်ကမ်းသို့ ရောက်၍။ ဗာရာဏသိယံ ဒိသာပါမော က္ခော၊ ဗာရာဏသီမြို့၌ အရပ်လေးမျက်နှာအကြီးအမှူးဖြစ်သော။ အာစရိယော ဟုတွာ၊ ဆရာသည် ဖြစ်၍။ ပဉ္စသတေ မာဏဝေ၊ ငါးရာကုန်သော လုလင်တို့ကို။ သိပ္ပံ ဝါစေတိ၊ အတတ်ပညာကို ရွတ်ဆိုစေ၏ သင်ပြပေး၏။
တေသံ မာဏဝကာနံ ဧကော၊ ထိုလုလင်တို့မှာ တစ်ကောင်သော။ ကာလရာဝီ ကုက္ကုဋော အတ္ထိ၊ အချိန်မှန် တွန်သော ကြက်သည် ရှိ၏။ တေ တဿ၊ = ထိုလုလင်တို့သည် ထိုအချိန်မှန်တွန်သော ကြက်၏။ ဝဿိတသဒ္ဒေန ဥဋ္ဌာယ၊ တွန်သံဖြင့် ထ၍။ သိပ္ပံ သိက္ခန္တိ၊ အတတ်ပညာ ကို သင်ယူကြ၏။
သော ကာလံ အကာသိ၊ ထိုအချိန် မှန်တွန်သော ကြက်သည် သေခြင်းကို ပြုပြီ။
တေ အညံ ကုုက္ကုဋံ၊ ထိုလုလင်တို့သည် အခြားသော ကြက်ကို။ ပရိယေသန္တာ စရန္တိ၊ ရှာဖွေကြလျှက် လှည့်လည်ကုန်၏။
အထ ဧကော မာဏဝကာ၊ လုလင်သည်။ သုသာနဝနေ ဒါနိ ဥဒ္ဓရန္တော၊ သုသာန် ထိုအခါ တစ်ယောက်သော ရှိသော တောထဲ၌ တင်းတို့ကို ထုတ်ဆောင်သော် ခွေသော်။ ဧကံ ကုက္ကုဋံ ဒိသွာ၊ တစ်ကောင်သော ကြက်ကို တွေ့ရ၍။ အာနေတွာ ပဉ္စရေ ဌပေတွာ၊ ဖမ်းယူ၍ လှောင်ချိုင့်၌ တည့်ထား၍။ ပဋိဇဂ္ဂတိ၊ မွေးမြူ၏။
သော သုသာနေ ဂတတ္တာ၊ ထိုကြက်သည် သုသာန်ထဲ၌ ကြီးပြင်းသည့် အဖြစ်ကြောင့်။ “အသုကဝေလာယ နာမ၊ ထိုမည်သော အချိန်၌။ ဝဿိတန္တိ၊ တွန်သင့်၏”ဟု။ အဇာနန္တော၊ မသိရကား။ ကဒါစီ၊ တစ်ရံတစ်ခါ၌။ အတိရတ္တိံ ဝဿတိ၊ အလွန်စောစွာ တွန်၏။ ကဒါစိအရုဂွမနေ၊ တစ်ရံတစ်ခါ၌ အရုဏ်တက်ချိန်၌။ (ဝဿတိ၊ တွန်၏)။
မာဏဝါ တဿ၊ လုလင်တို့သည် ထိုကြက်၏။ အတိရတ္တံ ဝဿိတကာလေ၊ အလွန်စောစွာ တွန်ရာအခါ၌။ သိပ္ပံ သိက္ခန္တာ၊ အတတ်ပညာကို သင်ယူကြသော်။ ယာဝ အရုဏု ဂ္ဂမနာ၊ အရုဏ်တက်သည့် တိုင်အောင်။ သိက္ခိတုံ န သက္ကောန္တိ၊ သင်ယူခြင်းငှါ မစွမ်းနိုင်ကုန်။ နိဒ္ဒါယမာနာ၊ ငိုက်မြည်းကြ၍။ ဂဟိတဌာနမ္ပိ န ပဿန္တိ၊ သင်ယူရာ ဌာနကိုလည်း မတွေ့မြင်ကုန်။
အတိပဘာတေ ဝဿိတကာလေ၊ အလွန်လင်းအား ကြီးသော အချိန်၌ တွန်ရာကာလ၌။ သဇ္ဈာယဿ၊ ပြန်လှန်သရဇ္ဈာယ်ခြင်း၏။ ဩကာသမေဝ န လဘန္တိ၊ အခွင့်ကိုပင် မရကြကုန်။
မာဏဝါ၊ လုလင်တို့သည်။ “အယံ အတိရတ္တိ ဝါ၊ ဤကြက်သည် အလွန်စောစွာသော်လည်းကောင်း။ အတိ ပဘာတေ ဝါ ဝဿတိ၊ အလွန် လင်းမှသော်လည်းကောင်း တွန်၏။ ဣမံ နိဿာယ၊ ကြက်ကို မှီ၍။ အမှာကံ သိပ္ပံ၊ ငါတို့အား အတတ်ပညာသည်။ န နိဋ္ဌာယိဿတီ တိ၊ ပြီးစီးမှုဖြစ်လိမ့် မဟုတ်”ဟုတွေး၍။ တံ ဂဟေတွာ၊ ထိုကြက်ကို ဖမ်းယူ၍။ ဂီဝံ ဝတွာ၊ လည်ကို လိမ်၍။ ဇီဝိတက္ခယံ ပါပေတွာ၊ အသက်ကုန်ခြင်းသို့ရောက်စေပြီး ၍။ “အကာလ ရာဝီ ကုက္ကုဋော၊ အခါမဲ့တွန်တတ်သော (အချိန်မှန်မတွန်သော) ကြက်ကို။ အမှေဟိ ယာတိတောတိ၊ ကျွန်တော်တို့သည် သတ်အပ်ပါပြီ”ဟု။ အာစရိယဿ ကထေသုံ၊ ဆရာအား ပြောကြားကုန်ပြီ။
အာစရိယော၊ ဘုရားလောင်း ဆရာကြီးသည်။ ဩဝါဒ အဂ္ဂဟေတွာ၊ ဩဝါဒကို မနာယူရမူ၍။ သံဝနိုတဘာဝေန၊ ကြီးပြင်းခဲ့သည့်အဖြစ်ကြောင့်။ မရဏံ ပတ္တောတိ ဝတွာ၊ သေခြင်းသို့ ရောက်ရ၏”ဟု ပြောဆို၍။
အမာတာ ပိတရသံဝဒ္ဓေါ၊ မိကောင်းဖခင်အထံ၌ ကြီးပြင်းလာသူ မဟုတ် သော။ အနာစေရကုလေ ဝသံ၊ ဆရာသမားကောင်းအိမ်၌ မနေဘူးသော။
အယံ ကုက္ကုဋော၊ ဤကြက်သည်။ ကာလံ ဝါ အကာလံ ဝါ၊ တွန်သင့်သော အချိန်ကိုလည်းကောင်း မတွန်သင့်သော အချိန်ကိုလည်းကောင်း။ န အဘိဇာနာတိ၊ မသိ။
တတ္ထ၊ ထိုဂါထာ၌။ **အမာတာပိတရသံဝဒ္ဓေါ** တိ၊ အမာတာပိတရသံဝဒ္ဓေါ ဟူသည်ကား။ မာတာပိတရော နိဿာယ၊ မိကောင်းဖခင်တို့ကို မှီ၍။ တေသံ ဩဝါဒ၊ ထိုမိဘတို့၏ ဩဝါဒကို။ အဂ္ဂဟေတွာ သံဝဍ္ဎော၊ မနာယူရမူ၍ ကြီးပြင်းလာ သောတည်း။
**အနာစေရကုလေ ၀သန္တိ**၊ အနာစေရကုလေ ဝသံဟူသည်ကား။ အာစရိယကုလေပိ အဝသမာနော၊ ဆရာသမားကောင်းအိမ်၌လည်း မနေဘူး သောတည်း။ အာစရသိက္ခာပကံ၊ ကျင့်ဝတ်ကို သင်ပြပေးတတ်သော။ ကဉ္စိ၊ တစ်စုံ တစ်ယောက်ဆရာကို။ နိဿာယ အဝသိတတ္တာ၊ မှီ၍ မနေဘူးသည်အဖြစ် ကြောင့်။ (န အဘိဇာနာတိ၊ မသိ)။ ဣတိ အတ္ထော၊ ဤကား ဒုတိယပါဒအနက် တည်း။
**နာယံ ကာလံ အကာလံ** ဝါတိ၊ နာယံ ကာလံ အကာလံ ဝါ ဟူသည် ကား။ ဣမသ္မိံ ကာလေ ဝဿိတဗ္ဗံ၊ ဤအချိန်၌ တွန်သင့်၏။ ဣမသ္မိံ န ဝဿိတန္တိ၊ ဤအချိန်၌ မတွန်သင့်ဟု။ ဧဝံ ဝဿိတဗ္ဗယုတ္တကံ၊ ဤသို့ တွန်သင့်သည်နှင့် ဆက်စပ်သော။ ကာလံ ဝါ အကာလံ ဝါ၊ သင့်လျော်သော အခါကိုလည်းကောင်း မသင့်လျော်သော အခါကိုလည်းကောင်း။ ဧသော ကုက္ကုဋော န ဇာနာတိ၊ ဤ ကြက်သည် မသိ။ အဇာနနဘာဝေနေဝ၊ မသိသည်အဖြစ်ကြောင့်သာ။ ဇီဝိတ က္ခယံ ပတ္တော ဣတိ၊ အသက်ကုန်ခြင်းသို့ ရောက်ရှာရ၏တည်း ဤကား ဂါထာဖွင့် အပြီးတည်း။
ဣဒံ ကာရဏံ ဒဿတွာ၊ ဤအကြောင်းကို ပြပြီး၍။ ဗောဓိ သတ္တော၊ ဘုရားလောင်းသည်။ ယာဝတာယုကံ ဌတွာ၊ အသက်အပိုင်းခြား ကာလပတ်လုံး တည်ရှိ၍။ ယထာကမ္မံ ဂတော၊ ကံအားလျော်စွာ လားပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာ တော်ကို ဆောင်တော်မူ၍။
“တဒါ အကာလရာဝီ ကုက္ကုဋော၊ ထိုအခါက အခါမဲ့ တွန်တတ်သော ကြက်သည်။ အယံ ဘိက္ခု အဟောသိ၊ ဤအချိန်မဲ့သူတတ်သော ရဟန်းသည် ဖြစ်ပြီ။ အန္တေ၀ါသိကာ ဗုဒ္ဓပရိသာ၊ အနီးနေတပည့်တို့ကား ငါဘုရား ပရိသတ်တို့တည်း။ အာစရိယော ၀န၊ ဒိသာပါမောက္ခဆရာသည်ကား။ အဟ မေဝ အဟောသိ၊ ငါဘုရားသည်သာ ဖြစ်လာပြီ”ဟု။ ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
အကာလရာဝိဇာတကဝဏ္ဏနာ နဝမာ၊ ကိုးခုမြောက်ဖြစ်သောအကာလရာဝိဇာတ်အဖွင့်တည်း။
**အဗဒ္ဓါ တတ္ထ ဗဇ္ဈန္တီ** တိဣဒံ၊ အဗဒ္ဓါတတ္တ ဗဇ္ဈီ အစရှိသော ဤတရား ဒေသနာတော်ကို။ သတ္တာ ဇေတဝန တရမာ၊ ဘုရားရှင်သည် ကောဝန် ကျောင်းတော်၌ နေတော်မူစဉ်။ စိဉ္စမာဏ၀ိကာရာဏသီ၊ မာဏကို အကြောင်းပြု၍ ဟောတော်မူပြီ။
တသာ ဝ တ္ထု၊ ထိုစိဉ္စမာဏဝိကာ၏ဝတ္ထု ကြောင်း သည်။ ဒွါဒသကနိပါတေ၊ ဒွါဒသကနိပါတ်၌။ **မဟာပဒုမဇာတကေ** အာဝိ ဘဝိဿတိ၊ မဟာပဒုမဇာတ်၌ ထင်ရှားစွာ ဖြစ်လတံံ။
တဒါ ၀န အတ္တ၊ ထိုအခါ၌ ကား ဘုရားရှင်သည်။ “ဘိက္ခဝေ စိဉ္စမာဏ၀ိကာ၊ အို. . ရဟန်းတို့ စိဉ္စမာဏသည် ယခုအခါ၌သာ။ မံ အဘူကေန၊ ငါဘုရားကို မဟုတ်မမှန်သည်ဖြင့်။ န အဗ္ဘာစိက္ခတိ၊ စွပ်စွဲသည်မဟုတ်သေး။ ပုဗ္ဗေ ပိ အဗ္ဘာစိက္ခယေဝါသိ၊ ရှေးကလည်း စွပ်စွဲဖူးသည်သာ”ဟု။ ဝကွာ၊ မိန့်တော်မူ၍။ အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။ ဗြဟ္မဒတ္တေ ရဇ္ဇံကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုလတ်သော်။ ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ ပုရောဟိတဿ ဂေဟေ၊ ပုရောဟိတ်၏ အိမ်၌။ နိဗ္ဗတ္တိတွာ ၀ယပ္ပတ္တော၊ ဖြစ်၍ အရွယ်ရောက်သော်။ ပိတု အစ္စယေန၊ အဖ၏ ကွယ်လွန်ရာ အခါ၌။ တဿပ ပုရောဟိတော အဟောသိ၊ ထိုဗြဟ္မဒတ်မင်း၏ပင် ပုရောဟိတ် သည် ဖြစ်ပြီ။
တေန အဂ္ဂမဟေသိယာ၊ ထိုဗြဟ္မဒတ်မင်းသည် မိဖုရားခေါင်ကြီး အား။ “ဘဒ္ဒေ ယံ ဣစ္ဆသိ၊ အို. . ချစ်နှမ အကြင်အရာဝတ္ထုကို အလိုရှိ၏။ တံ ပဒေယျာသီတိ၊ ထိုအလိုရှိသည်ကို ပြောဆိုပါလော့”ဟု။ ဝရော ဒိန္နော ဟောတိ၊ ဆုကို ပေးအပ်သည် ဖြစ်၏။
သာ၊ ထိုမိဖုရားကြီးသည်။ “မယှံ အညော ပရော နာမ၊ ကျွန်တော်မျိုးမအား အခြားသော ဆုမည်သည်ကို။ န ဒုလ္လဘော၊ ရဖို့ မခက်ခဲပါ။ ဣတော ပဋ္ဌာယ ပန၊ ဤနေ့မှ စ၍ကား။ အညာ ဣတ္ထိ၊ အခြားသော အမျိုးသမီးကို ။ တေ ကိလေသဝသေန၊ သင်မင်းကြီးသည် ကိလေသာ၏ အစွမ်း ဖြင့်။ န ဩလောကေတဗ္ဗာတိ၊ မကြည့်ရဟု။ ဧဝံ အာဟ၊ ဤသို့ ဆုစကားပြော ကြားပြီ။
သော ပဋိက္ခိပိတွာ၊ ထိုဗြဟ္မဒတ်မင်းသည် တောင်းသည့်ဆုပယ်ချ၍။ ပုနပ္ပုနံ နိပီဠိယမာနော၊ ထပ်ခါထပ်ခါ နှိပ်စက်ခံရ၍။ တဿာ ဝစနံ၊ ထိုမိဖုရားကြီး၏စကားကို။ အတိက္ကမိတုံ အသက္ကောန္တော၊ ကျော်လွန်ခြင်းငှာ မစွမ်းနိုင်ရကား။ သမ္ပဋိစ္ဆိတွာ၊ ဝန်ခံ၍။ တတော ပဋ္ဌာယ၊ ထိုဝန်ခံရာ နေ့မှ စ၍။ သောဠသသ နာဋကိတ္ထိသဟဿေသု၊ တစ်သောင်းခြောက်ထောင်သော ကချေသည်မတို့တွင်။ ဧကိတ္တိတ္ထိ၊ တစ်ယောက်သော အမျိုးသမီးကိုသော်မှလည်း။ ကိလေသဝသေန န ဩလောကေသိ၊ ကိလေသာ၏အစွမ်းဖြင့် မကြည့်ပြီ။
အထ အဿ၊ ထိုအခါ ထိုဗြဟ္မဒတ်မင်း၏။ ပစ္စန္တော ကုပ္ပိ၊ တိုင်းစွန်ပြည်နားသည် ပျက်စီးပြီ (သူပုန်ထပြီ)။ ပစ္စန္တေ ဌိတာ ယောဓာ၊ တိုင်းစွန်ပြည်နား၌ တည်ရှိကုန် သော စစ်ဗိုလ်စစ်သားတို့သည်။ စောရေဟိ သဒ္ဓိံ၊ ခိုးသားတို့နှင့် အတူ။ ဒွေ တယော သင်္ဂါမေ ကတွာ၊ နှစ်ကြိမ်သုံးကြိမ်ကုန်သော တိုက်ခိုက်မှုတို့ကို ပြုပြီး၍။ ဣတော ဥတ္တရိ၊ ဤနှစ်ကြိမ်သုံးကြိမ်ထက် အလွန်။ မယံ န သက္ကောမာတိ၊ ကျွန်တော်မျိုးတို့ သည် မစွမ်းနိုင်ကြပါ”ဟု။ ရညော ပဏ္ဏ ပေသေသုံ၊ ဗြဟ္မဒတ်မင်းအား သဝဏ်လွှာ ကို ပေးပို့ဆက်သကုန်ပြီ။
ရာဇာ တတ္ထ ဂန္တုကာမော၊ ဗြဟ္မဒတ်မင်းသည် ထိုတိုင်းစွန် ပြည်နားသို့ သွားလို၍။ ဗလကာယံ သံဟရိတွာ၊ ဗိုလ်ပါအပေါင်းကို စုရုံး၍။ တံ ပက္ကောသာပေတွာ၊ ထိုမိဖုရားကြီးကို ခေါ်စေ၍။ “ဘဒ္ဒေ အဟံ၊ ချစ်နှစ်မ ငါသည်။ ပစ္စန္တံ ဂစ္ဆာမိ၊ တိုင်းစွန်ပြည်နားသို့ သွားအံ့။ တတ္ထ နာနာပ္ပကာ ရာနိ၊ ထိုတိုင်းစွန် ပြည်နား၌ အထူး အထူးအပြားပြားကုန်သော။ ယုဒ္ဓါနိ ဟောန္တိ၊ တိုက်ခိုက်မှုတို့ သည် ဖြစ်ကုန်၏။ ဇ ယပရာဇယောပိ အနိဗဒ္ဓေါ၊ နိုင်မှုရှုံးမှုသည်လည်း မခိုင်မြဲ။ တာဒိသေသု ဌာနေသု၊ ထိုကဲ့သို့ရှုအပ်ကုန်သော နေရာဌာနတို့၌။ မာတုဂါမော ဒုပ္ပရိဟာရော၊ မာတုဂါမကို စောင့်ရှောက်ရခက်ခဲ၏။ တွံ ဣဓေဝ၊ သင်မိဖုရားကြီး သည် ဤမြို့တော်၌ပင်။ နိဝတ္တာဟီတိ အာဟ၊ ပြန်ဆုတ်ပါလော”ဟု ပြောပြီ။
သာ၊ ထိုမိဖုရားကြီးသည်။ “ဒေဝ မယာ၊ ရှင်မင်းကြီး ကျွန်တော်မျိုးမသည်။ နိဝတ္တိဘုံ န သက္ကာတိ၊ ပြန်ဆုတ်ခြင်းငှာ မစွမ်းနိုင်ပါ”ဟုပြော၍။ ပုနပ္ပုနံ ရညာ ပဋိက္ခိတ္တာ၊ ထပ်ခါထပ်ခါ ဗြဟ္မဒတ်မင်းသည် ပယ်ချအပ်သော်။ “တေန ဟိ ဧကေကံ ယောဇနံ၊ ထိုသို့ဖြစ်ခဲ့လျှင် တစ်ယူဇနာတစ်ယူဇနာသို့။ ဂန္တွာမယှံ၊ ရောက်သွားသော် ကျွန် တော်မျိုးမ၏။ သုခဒုက္ခဇာနနတ္ထံ၊ သုခဒုက္ခသိရန်အကျိုးငှာ။ ဧကေကံ မနုဿံ၊ တစ်ယောက် တစ်ယောက်သော လူကို။ ပေသေယျာထာတိ အာဟ၊ စေတော် မူကြပါ”ဟု လျှောက်ထားပြီ။
ရာဇာ၊ ဗြဟ္မဒတ်မင်းသည်။ သာမူတိ သမ္ပဋိစ္ဆေတွာ၊ ကောင်းပါပြီဟု ဝန်ခံ၍။ ဗောဓိသတ္တံ နဂရေ ဌပေတွာ၊ ဘုရားလောင်းပုရောဟိတ်ကို မြို့တော်၌ ထားခဲ့၍။ မဟန္တေန ဗလကာယေန၊ များစွာသော စစ်သည်အပေါင်း နှင့်။ နိက္ခမိတွာ ဂစ္ဆန္တော၊ မြို့တော်မှထွက်၍ စစ်တိုက်သွားသော်။ ယောဇနေ ယောဇနေ၊ တစ်ယူဇနာတိုင်း တစ်ယူဇနာတိုင်း၌။ ဧကေကံ ပုရိသံ၊ တစ်ယောက် တစ်ယောက်သော ယောက်ျားကို။ “အမှာကံ အာရောဂျံ၊ ငါတို့၏ ရောဂါကင်း ကွာကျမ်းမာခြင်းကို။ အာရောစေတွာ၊ မိဖုရားကြီးအား လျှောက်ထား၍။ ဒေဝီယာ သုခဒုက္ခံ၊ မိဖုရားကြီး၏ သုခဒုက္ခကို။ ဇာနိတွာ အာဂစ္ဆာတိ ပေသေသိ၊ သိ၍ လာလော့”ဟု စေလွှတ်ပြီ။
သာ၊ ထိုမိဖုရားကြီးသည်။ အာဂတာဂတံ ပုရိသံ၊ ရောက်လာရောက်လာတိုင်းသော ယောက်ျားကို။ “ရာဇာ ကိမတ္ထံ၊ မင်းကြီးသည် ဘယ်အကျိုးငှာ။ တံ ပေသေတီတိ ပုဗ္ဘိတွာ၊ မင့်ကို စေလွှတ်လိုက်သနည်း”ဟု မေးပြီး၍။ “တုမှာကံ၊ သင်မိဖုရားကြီးတို့၏။ သုခဒုက္ခဇာနနတ္ထာယာတိ၊ သုခဒုက္ခ သိဖို့ရာအကျိုးငှာ”ဟု။ ဝုတ္တေ၊ လျှောက်ထားအပ်သော်။ “တေန ဟိ ဧဟီတိ၊ ထိုသို့ဖြစ်လျှင် လာလော့”ဟုပြော၍။ တေန သဒ္ဓိံ၊ ထိုရောက်လာသော မင်းချင်းနှင့် အတူ။ အသဒ္ဓမ္မံ ပဋိသေဝတိ၊ မသူတော်တရားကို မှီဝဲ၏။
ရာဇာ ဒွိတ္တိသယောဇန မဂ္ဂံ၊ ဗြဟ္မဒတ်မင်းသည် သုံးဆယ့်နှစ်ယူဇနာ ခရီးကို။ ဂစ္ဆန္တော၊ ရောက်သွားသော်။ ဒွိတ္တိံ သဇနေ ပေသေသိ၊ သုံးဆယ့်နှစ်ယောက်သော မင်းချင်းတို့ကို စေလွှတ်ပြီ။ သာ သဗ္ဗေဟိပိ တေဟိ သဒ္ဓိံ၊ ထိုမိဖုရားကြီးသည် အားလုံးလည်းဖြစ်ကုန်သော ထိုရောက်လာသူတို့နှင့် အတူ။ တထေဝ အကာသိ၊ ထိုရှေးအတူသာ မသူတော် တရားကို ပြုကျင့်ပြီ။
ရာဇာ ပစ္စတ္တံ ဝူပသမေတွာ၊ ဗြဟ္မဒတ်မင်းသည် ပစ္စန္တရာဇ်ကို ငြိမ်းအေးစေ၍။ ဇနပဒံ သမဿာသေတွာ၊ ဇနပုဒ်ကို သက်သာရာရစေ၍။ ပုန အာဂစ္ဆန္တောပိ၊ တဖန် ပြည်တော်ပြန်လာသော်လည်း။ တထေဝ၊ လိုသွားစဉ်အတူပင်။ ဒွတ္တိသ ဇနေ ပေသေသိ၊ သုံးကျိပ်နှစ်ယောက်သော မင်းချင်းတို့ကို စေလွှတ်ပြီ။ တေဟိပိ သဒ္ဓံ၊ ထိုမိဖုရားကြီးသည် ထိုသုံးကျိပ်နှစ်ယောက်တို့နှင့်လည်း အတူ။ တထေဝ ဝိပ္ပဋိပန္ထိယေဝ၊ ထိုရှင်ဘုရင်သွားစဉ်အတူပင် ဖေါက်ပြန်၍ ကျင့်သည်သာ တည်း။
ရာဇာ အာဂန္တွာ၊ ဗြဟ္မဒတ်မင်းသည် ပြန်လာ၍။ ဇယက္ခန္ဓာဝါရဋ္ဌာနေ ဌတွာ၊ အောင်တပ်ချရာဌာန၌ ရပ်တည်၍။ နဂရံ ပဋိဇဂ္ဂါပေတိ၊ မြို့တော်ကို ရှင်းလင်းသုတ်သင်စေလော့ဟု။ ဗောဓိသတ္တဿ ပဏ္ဏံ ပေသေသိ၊ ဘုရားလောင်း ၏ထံသို့ သဝဏ်လွှာကို ပေးပို့စေပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ သကလနဂရံ၊ ဗာရာဏသီတစ်မြို့လုံးကို။ ပဋိဇဂ္ဂါပေတွာ၊ သုတ်သင်ရှင်းလင်းစေ ပြီး၍။ ရာဇနိဝေသနံ ပဋိဇဂ္ဂါပေန္တော၊ မင်းနန်းတော်ကို သုတ်သင်ရှင်း လင်းစေ သော်။ ဒေဝိယာ ဝသနဋ္ဌာနံ အဂမာသိ၊ မိဖုရားကြီး၏ နေရာဌာနသို့ သွားပြီ။
ဗောဓိသတ္တဿ ရူပသောဘဂ္ဂပ္ပတ္တံ ကာယံ၊ ဘုရားလောင်း၏ ရုပ်တင့်တယ်မှု အထွဋ်အထိပ်ရောက်သော ကိုယ်ကို။ သာ ဒိသွာ၊ ထိုမိဖုရားကြီးသည် တွေ့မြင် အိပ်ရာပေါ်သို့ ရ၍။ သဏ္ဌာတုံ အသက္ကောန္တီ၊ ကောင်းစွာတည်ခြင်းငှါ မစွမ်းနိုင်ရကား။ “ဧဟိ ဗြာဟ္မဏ၊ လာလော့ ပုဏ္ဏား။ သယနံ အဘိရူဟာတိ အာဟ၊ တက်လော့”ဟု ပြောပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ ဧဝံ မာ အဝစ၊ ဤသို့ မပြောပါလင့်။ ရာဇာပိ ဂရု၊ မင်းတရားကိုလည်း အလေးဂရုပြုရပါ၏။ အကုသလမ္ပိ ဘာယာမိ၊ အကုသိုလ်ကိုလည်း ကြောက်လှပါ၏။ ဧဝံ ကာတုံ၊ ဤကဲ့သို့ ပြုလုပ်ခြင်းငှါ။ မယာ န သက္ကာတိ အာဟ၊ ကျွန်တော်မျိုးသည် မစွမ်း နိုင်ပါ”ဟု ပြောပြီ။
စတုသဋ္ဌိယာ ပါဒမူလိကာနံ၊ ခြောက်ဆယ့်လေးယောက်သော ခြေရင်းစောင့်အမှုထမ်းတို့သည်။ ရာဇာ နေဝ ဂရု၊ မင်းကို လုံးဝဂရု မစိုက်အပ်။ အကုသလံ န ဘာယန္တိ၊ အကုသိုလ်ကို မကြောက်ကြကုန်။
တဝေဝ ရာဇာ ဂရု၊ သင်သည်သာ ရှင်ဘုရင်ကို အလေးဂရုပြုအပ်၏။ တွံယေဝ စ၊ သင်သည်သာလျှင် လည်း။ အကုသလံ ဘာယသီတိ၊ အကုသိုလ်ကို ကြောက်၏ဟုပြောပြီ။
အာမ ဒေဝိ၊ မှန်ပါ ရှင်မိဖုရား။ သစေ တေသမ္ပိ၊ အကယ်၍ ထိုခြေရင်း စောင့်တို့အား လည်း။ ဧဝံ ဘဝေယျ၊ ဤသို့ဖြစ်ငြားအံ့။ ဧဝရူပံ န ကရေယျံ၊ ဤသို့သဘောရှိသော မသူတော်တရားကို မပြုကုန်ရာ။
အဟံ ပန ဇာနမာနော၊ ကျွန်တော်မျိုးသည်ကား တတ်သိနားလည်၍။ ဧဝရူပံ သာဟသိယကမ္မံ၊ ဤသို့သဘောရှိသော အနိုင် ကျင့်သည့်အပြုအမူကို။ န ကရိဿာမီတိ၊ မပြုအံ့ဟုပြောပြီ။
ကိံ ဗဟုံ ဝိပ္ပလပသိ၊ ဘယ်မည်သော စကားများစွာကို ယောင်ရမ်းပြောဆိုနေသနည်း။ သစေ မေ ၀စနံ န ကရောသိ၊ အကယ်၍ ငါ၏ စကားကို မပြုလုပ်အံ့။ တေ သီသံ၊ သင်ပုရောဟိတ် ၏ ဦးခေါင်းကို ။ ဆိန္ဒာပေဿာမီတိ၊ ဖြတ်စေအံဟုပြောပြီ။
ဧကသ္မိံ အတ္တဘာဝေ၊ တစ်ခုသော ဘဝ၌။ သီသံ တာဝ တိဋ္ဌတု၊ ဦးခေါင်းသည် တည်ရှိပါစေဦး။ အတ္တ ဘာဝသဟဿာ၊ ဘဝပေါင်းတစ်ထောင်၌။ သီသေ ဆိဇ္ဇန္တေပိ၊ ဦးခေါင်းကို အဖြတ် ခံရသော်လည်း။ မယာ ဧဝရူပံ၊ ငါသည် ဤသို့သဘောရှိသော အမှုကို။ ကာတုံ န သက္ကာတိ၊ ပြုခြင်းငှာ မစွမ်းနိုင်ပါဟုပြောပြီ။
သာ၊ ထိုမိဖုရားကြီသည်။ “ဟောတု၊ ဖြစ်ပါစေ ရှိပါစေ။ ဇာနိဿာမီတိ၊ ငါသည် သိအောင်ပြုမည်”ဟုပြော၍။ ဗောဓိ သတ္တံ တဇ္ဇေတွာ၊ ဘုရားလောင်းကို ခြိမ်းခြောက်၍။ အတ္တနော ဂဗ္ဘိ ပဝိသိတွာ၊ မိမိ၏ အခန်းသို့ ဝင်၍။ သရီရေ နခဝဠဉ္စံ ဒဿေတွာ၊ ကိုယ်ပေါ်၌ လက်သဲခြစ်ရာ ကို ပြ၍။ တေလေန ဂတ္တာနိ အပ္ပဋိတွာ၊ ဆီဖြင့် ကိုယ်တို့ကို သုတ်လိမ်း၍။ ကိလိဋ္ဌဝတ္ထံ နိဝါသေတ္တာ၊ ညစ်နွမ်းသော အဝတ်ကို ဝတ်၍ (ကိုယ်ပေါ်၌ နေစေ၍)။ ဂိလာနာလယံ ကတွာ၊ နာဟန်ကို ပြု၍။ “ရညာ၊ မင်းကြီးသည်။ ကဟံ ဒေဝီတိ ဝုတ္တေ၊ ဘယ်မှာနည်း မိဖုရားကြီး”ဟု မေးအပ်သော်။ ဂီလာနာတိ၊ မကျန်းမာပါဟု။ ကထေယျာထာတိ၊ လျှောက်ထားကြ”ဟု။ ဒါသိယော အာဏာပေသိ၊ ကျွန်မတို့ ကို အာဏာပေးထားပြီ။
ဗောဓိသတ္တောပိ အညော၊ ဘုရားလောင်းသည်လည်း မင်းအား။ ပဋိပထံ အဂမာသိ၊ ရင်ဆိုင်ခရီးသို့ သွားရောက်ပြီ။
ရာဇာ နဂရံ၊ မင်းသည် မြို့တော်ကို။ ပဒက္ခိဏံ ကတွာ၊ လက်ယာရစ်လှည့်လည်မှုကို ပြု၍။ ပါသာဒံ အာရုယှ၊ နန်းပြသာဒ်သို့ တက်ပြီး၍။ ဒေဝီ အပဿန္တော၊ မိဖုရားကြီးကို မတွေ့ရသော်။ “ကဟံ ဒေဝီတိ ပုစ္ဆိ၊ ဘယ်မှာနည်း မိဖုရားကြီး”ဟု မေးပြီ။
ဂိလာနာ ဒေဝါတိ၊ မကျန်းမာပါ အရှင်မင်းမြတ်”ဟုလျှောက်ထားကြပြီ။
သောပိ သိရိဂဗ္ဘိ ပဝိသိတွာ၊ ထိုမင်းသည်လည်း ကျက်သရေခန်းသို့ ဝင်ပြီး၍။ တဿာ ပိဋ္ဌိံ ပရိမဇ္ဇန္တော၊ ထိုမိဖုရားကြီး၏ ကျောကို ပွတ်သတ်လျက်။ “ဘဒွေ တေ၊ အို. . ရှင်မိဖုရား ရှင်မိဖုရားအား။ ကိံ အဖာသုကန္တိ ပုစ္ဆိ၊ အဘယ်မည်သော မချမ်းသာခြင်း ပါနည်း”ဟု မေးပြီ။
သာ တုဏှီ အဟောသိ၊ ထိုမိဖုရားကြီးသည် ဆိတ်ဆိတ်သည် ဖြစ်ပြီ။
တတိယဝါရေ ရာဇာနံ ဩလောကေတွာ၊ တတိယအကြိမ်၌ မင်းကြီးကို စိမ်းစိမ်းကြည့်၍။ “မဟာရာဇ တွမ္ပိ ဇီဝသိနာမ၊ အို. . မင်းမြတ် အရှင်မင်းမြတ် သည်လည်း အသက်ရှင်သည်မည်သေးပါ၏လော။ မာဒိသာ ဣတ္ထိယောပိ၊ ဘုရားကျွန်မကဲ့သို့ ရှုစားအပ်ကုန်သော အမျိုးသမီးတို့သည်လည်း။ သဿာမိကာ ယေဝ နာမာတိ အာဟ၊ အိမ်ထောင်ရှင် ရှိသူမည်ကြသေးပါရဲ့လား”ဟု ပြောပြီ။
“ဘဒွေ ဧတံ ကိန္တိ၊ အိုချစ်နှမ ဤစကားသည် ဘာစကားနည်း”ဟု မေးပြီ။
တုမှေဟိ နဂရံ ရက္ခနတ္ထာယ၊ သင်မောင်တော်တို့သည် မြို့တော်ကို စောင့်ရှောက်ခြင်းငှာ။ ဌပိတော ပုရောဟိတော၊ ထားအပ်ခဲ့သော ပုရောဟိတ်သည်။ တုမှာကံ နိဝေသနံ၊ မောင်တော်မင်းကြီးတို့၏ နန်းတော်ကို။ ပဋိဇဂ္ဂါမီတိ၊ သုတ်သင်ရှင်းလင်းအံ့ဟု ပြော၍။ ဣဓ အာဂန္တွာ၊ ဤအခန်းသို့ ရောက်လာ၍။ အတ္တနော ဝစနံ၊ မိမိ၏ ပြောစကားကို။ အကရောန္တံ မံ ပဟရိတွာ၊ မပြုသော ကျွန်တော်မကို ရိုက်ပုတ်၍။ အတ္တနော မနံ ပူရေတွာ၊ မိမိ၏ စိတ်နှလုံးကို ပြည့်စေ၍။ ဂတောတိ၊ သွားပါပြီဟု လျှောက်ပြီ။
ရာဇာ အဂ္ဂိမှိ၊ မင်းသည် မီး၌။ ပက္ခိတ္တလောဏသက္ခရာ ဝိယ၊ ထည့် အပ်သော ဆားခဲကဲ့သို့။ ကောဓေန တဋတဋာယန္တော၊ အမျက်ဒေါသဖြင့် တဖြတ် ဖြတ်အသံထွက်လျက်။ သိရိဂစ္ဆာ နိက္ခမိတွာ၊ ကျက်သရေခန်းမှ ထွက်ခဲ့ပြီး၍။ ဒေါဝါရိကပါဒမူလိကာဒယော၊ တံခါးမှူးခြေတော်ရင်းစောင့်စသည်တို့ကို ။ ပက္ကော သာပေတွာ၊ ခေါ်စေ၍။ “ဘဏေ ဂစ္ဆထ၊ အချင်းတို့ သွားကြ။ ပုရောဟိတံ၊ ပုရောဟိတ်ကို။ ပစ္ဆာဗာဟံ ဗဇ္ဇိတွာ၊ လက်မောင်းနောက်ပြန် ဖွဲ့ချည်၍။ ဝဇ္ဈဘာဝပတ္တံ ကတွာ၊ အသတ်ခံထိုက်သူအဖြစ်ရောက်သည်ကို ပြု၍။ နဂရာ နီဟရိတွာ၊ မြို့တွင်းမှ ထုတ်ဆောင်၍။ အာဃာတနံ နေတွာ၊ သူသတ်ကုန်းသို့ ဆောင်ယူ၍။ အဿ သီသံ၊ ထိုပုရောဟိတ်၏ ခေါင်းကို။ ဆိန္ဒထာတိ အာဟ၊ ဖြတ်ကြလော”ဟု အမိန့်ချပြီ။
တေ ဝေဂေန ဂန္တွာ၊ ထိုတံခါးမှူးခြေတော်ရင်းစောင့် စသည်တို့သည် အဟုန်ဖြင့် သွားကြ၍။ တံ ပစ္ဆာဗာဟံ ဗဇ္ဓိတွာ၊ ထိုပုရောဟိတ်ကို လက်မောင်းနောက်ပြန် ဖွဲ့ချည်ပြီး၍။ ဝဇ္ဈဘေရိံ စရာပေသုံ၊ သတ်မည့်စည်ကို လှည့်လည်စေကုန်ပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။
“အဒ္ဓါ တာယ ဒုဋ္ဌဒေဝိယာ၊ စင်စစ် ထိုမိဖုရားပျက်သည်။ ရာဇာ၊ မင်းတရားကြီးကို။ ပုရေတရမေဝ ပရိဘိန္နော၊ ဦးအောင်ပင်လျှင် ဖျက်ဆီးအပ်ပြီ။ အဇ္ဇ ဒါနိ အဟံ၊ ယနေ့ ယခု ငါသည်။ အတ္တနော ဗလေနေဝ၊ မိမိ၏ စွမ်းရည်ဖြင့်ပင်။ အတ္တာနံ၊ မိမိကိုယ်ကို။ မောစေဿာမီတိ စိန္တေသိ၊ လွတ်မြောက်စေမည်”ဟု တွေးလိုက်ပြီ။
သော တေ ပုရိသေ၊ ထိုဘုရား လောင်းသည် တိုလာရောက် ဖမ်းဆီးသော ယောက်ျားတို့ကို။ “ဘော တုမှေ၊ အို အချင်းတို့ သင်တို့သည်။ မံ မာရေန္တာ၊ ငါ့ကို သတ်ကြသော်။ ရညော ဒ တွာဝ၊ မင်းကြီးအား ပြပြီး၍သာ။ မာရေထာတိ အာဟ၊ သတ်ကြပါ”ဟု ပြောပြီ။
ကိံ ကာရဏာတိ၊ ဘာ့ကြောင့်နည်းဟုမေးကြပြီ။
အဟံ ရာဇကမ္မိကော၊ ငါသည် မင်းမှုလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ရ၏။ မေ ကတံ ကမ္မံ ဗဟု၊ ငါသည် ပြုအပ်ခဲ့ သော မင်းမှုသည်ကား များလှ၏။ မဟာနိဓိဋ္ဌာနာနိ ဗဟူနိ ဇာနာမိ၊ ဥစ္စာအိုး တည်ရာဖြစ်ကုန်သော နေရာများစွာတို့ကို ငါသိ၏။ ရာဇကုဋမ္ဗံ မယာ ဝိစာရိတံ၊ မင်းတရားကြီးပစ္စည်းများကို ငါသည် စီရင်။
သစေ မံ၊ အကယ်၍ ငါ့ကို။ ရညော န ဒဿေထမင်းကြီးအား မပြကြအံ့။ ဗဟုံ ဓနံ နဿတိ၊ မင်းကြီး ပစ္စည်းများစွာသည် ပျက်စီးလိမ့်မည်။ မယာ ရညော၊ ငါသည် မင်းကြီးအား။ သာပတေယျေ အာစိက္ခိတေ၊ ပစ္စည်းဥစ္စာကို ပြောကြားအပ်ပြီးသော်။ ပစ္ဆာ ကာတဗ္ဗံ ကရောထာတိ၊ နောက်၌ ပြုသင့်သည်ကို ပြုကြပါ”ဟုပြောပြီ။
တေ၊ ထိုအဖမ်းဆီးလာသည့် ယောက်ျားတို့သည် ထိုဘုရားလောင်းပုရောဟိတ်ကို။ ရညော ဒဿယိံသု၊ ဗြဟ္မဒတ်မင်းအား ပြကြပြီ။
ရာဇာ တံ ဒိသွာဝ၊ မင်းသည် ထိုပုရောဟိတ်ကို မြင်လျင်မြင်ခြင်းပင်။ “ဘော ဗြာဟ္မဏ ကသ္မာ၊ အို. . ပုဏ္ဏား ဘာ့ကြောင့်။ မယိ လဇ္ဇံ န အကာသိ၊ ငါ၌ အရှက်အကြောက်ကို မပြုဘိသနည်း။ ကသ္မာ တေ၊ အဘယ့်ကြောင့် သင်သည်။ ဧဝရူပံ ပါပကမ္မံ၊ ဤသို့သဘောရှိသော မကောင်းမှုကို။ ကတန္တိ အာဟ၊ ပြုအပ်သနည်း”ဟု မေးပြီ။
မဟာရာဇ အဟံ၊ အို. . မင်းမြတ် ကျွန်တော်မျိုးသည်။ သောတ္ထိယကုလေ ဇာတော၊ ကောင်းမြတ် စင်ကြယ်သည့်အမျိုး၌ ဖြစ်သူပါတည်း။ မယာ ကုန္ထကိပိလ္လိကမတ္တောပိ၊ ကျွန်တော် မျိုးသည် ပိုးရခြပုံးမျှလည်းဖြစ်သော။ ပါဏာတိပါတော န ကတပုဗ္ဗော၊ သူ့အသက် သတ်မှုကို မပြုအပ်ဘူးပါ။ တိဏသလာကမတ္တမ္ပိ အဒိန္နံ၊ မြက်ဝါးခြမ်းစိပ်မျှလည်း ဖြစ်သော ပိုင်ရှင်မပေးသည့်ပစ္စည်းကို။ န အဒိန္နပုဗ္ဗ၊ မယူအပ်ဖူးပါ။ လောဘ ဝသေန ပရေသံ ဣတ္ထီ၊ လောဘ၏အစွမ်းဖြင့် အခြားသူတို့၏ အမျိုးသမီးကို ။ အကွီနိ ဥမ္မီလေတွာပိ၊ မျက်စိတို့ကို ဖွင့်၍သော်မှလည်း။ န ဩလောကိတပုဗ္ဗာ၊ မကြည့်အပ်ဘူးပါ။ ဟဿဝသေနပိ၊ ရယ်ရွှင်ခြင်းအစွမ်းအားဖြင့်သော်မှလည်း။ မုသာ န ဘာသိတပုဗ္ဗာ၊ မုသားစကားကို မပြောအပ်ဘူးပါ။ ကုသဂ္ဂေနာပိ၊ သမန်း မြက်ဖျားဖြင့်သော်မှလည်း။ မဇ္ဇံ န ပီတပုဗ္ဗံ၊ ယစ်မျိုးပစ္စည်းကို မသောက်ဘူး မသုံးစွဲ ဘူးပါ။ အဟံ တုမှေသု နိရပရာဓော၊ ကျွန်တော်မျိုးသည် ရှင်မင်းကြီးတို့အပေါ်၌ အပြစ်မရှိပါ။
သာ ပန ဗာလာ လောဘဝသေန၊ ထိုအမိုက်မသည်ကား လောဘ၏ အစွမ်းဖြင့်။ မံ ဟတ္ထ ဂဟေတွာ၊ ကျွန်တော်မျိုးကို လက်၌ ကိုင်၍။ မယာ ပဋိက္ခိတ္တာ၊ ကျွန်တော်မျိုးက ပယ်ချအပ်သော်။ မံ တဇ္ဇေတွာ၊ ကျွန်တော်မျိုးကို ခြိမ်းခြောက် ၍။ အတ္တနာ ကတံ ပါပံ၊ မိမိသည် ပြုအပ်ပြီးသော မကောင်းမှုကို။ ဥတ္တာနံ ကတွာ၊ ပေါ်လွင်ထင်ရှားသည်ကို ပြု၍။ မမ အာစိက္ခိတွာ၊ ကျွန်တော်မျိုးအား ထုတ်ဖေါ် ပြောကြား၍။ အန္တောဂက္ကံ ပဝိဋ္ဌာ၊ အခန်းတွင်းသို့ ဝင်သွားပါပြီ။
အဟံ နိရပရာဓော၊ ကျွန်တော်မျိုးသည်ကား အပြစ်မရှိပါ။ ပဏ္ဏံ ဂဟေတွာ၊ မင်းတရားစာလွှာကို ယူ၍။ အာဂတာ စတုသဋ္ဌိဇနာ ပန၊ လာကြကုန်သော ခြောက်ဆယ့်လေးယောက်သော ခြောက်ဆယ့်လေးယောက်တို့ကို ခေါ်စေတော်မူ၍။ “တာယ ဝစနံ၊ ထိုမိဖုရား၏ ပြောစကားကို။ ဝေါ ကတံ န ကတန္တိ၊ သင်တို့သည် ပြုအပ်သလော မပြုအပ်သ လောဟု။ ပုစ္ဆ ဒေဝါတိ၊ တော်မူပါ အရှင်မင်းမြတ်”ဟု လျှောက်ထားပြီ။
ရာဇာ တယ တေ စတုသဋ္ဌိဇနေ၊ မင်းသည် ထိုခြောက်ဆယ့်လေးယောက်တို့ကို။ ဗန္ဓာပေတွာ ဖွဲ့ချည်စေ၍။ ဒေဝိံ ပက္ကောသာပေတွာ၊ မိဖုရားကြီးကို ခေါ်စေတော်မူ၍။ “ ဧတေဟိ သဒ္ဓိံ၊ သင်မိဖုရားသည် ဤခြောက်ဆယ့်လေးယောက်သော သူတို့နှင့် အတူ။ ပါပံ ကတံ၊ မကောင်းမှုကို ပြုအပ်သလော။ အကတန္တိ ပုစ္ဆိ၊ မပြုအပ်သ လော”ဟု မေးပြီ။
ကတံ ဒေဝါတိ ဝုတ္တေ၊ ပြုအပ်ပါပြီ အရှင်မင်းကြီးဟု လျှောက်ထား အပ်သော်။ တေ ပစ္ဆာဗာဟံ၊ ထိုခြောက်ဆယ့်လေးယောက်သော သူတို့ကို လက်မောင်းနောက်ပြန်။ ဗန္ဓာပေတော၊ ဖွဲ့ချည်စေ၍။ “ဣမေသံ စတုသဋ္ဌိဇနာနံ၊ ဤခြောက်ဆယ့်လေးယောက်သော သူတို့၏။ သီသာနိ ဆိန္ဒထာတိ၊ ဦးခေါင်း တို့ကို ဖြတ်ကြလော”ဟု။ အာဏာပေသိ၊ အာဏာပေးပြီ။
အထ နံ ဗောဓိသတ္တော၊ ထိုအခါ ထိုဗြဟ္မဒတ်မင်းကို ဘုရားလောင်းသည်။
“မဟာရာဇ ဧတေသံ၊ အို. . မင်းမြတ် ဤခြောက်ဆယ့်လေးယောက်သော သူတို့အား။ ဒေါသော နတ္ထိ၊ အပြစ်သည် မရှိပါ။ ဒေဝီ အတ္တနော ရုစိ၊ မိဖုရားကြီး သည် မိမိ၏ အလိုဆန္ဒကို။ ကာရာပေသိ၊ ပြုခိုင်းပါပြီ။
ဧတေ နိရပရာဓာ၊ ဤခြောက် ဆယ့်လေးယောက်တို့ကား အပြစ်မရှိကြပါ။ တသ္မာ နေသံ ခမထ၊ ထို့ကြောင့် ထိုခြောက်ဆယ့်လေးယောက်တို့အား သည်းခံတော်မူပါကုန်။
တဿာပိ ဒေါသော နတ္ထိ၊ ထိုမိဖုရားကြီးမှာလည်း အပြစ်သည် မရှိပါ။ ဣတ္ထိယော နာမ၊ အမျိုးသမီးတို့ မည်သည်။ မေထုနဓမ္မေန အတိတ္တာမေထုန်အကျင့်ဖြင့် တင်းတိမ်သည်မရှိကြပါ။
ဟိ ဧသော၊ မှန်၏ ထိုသို့မတင်းတိမ်ခြင်းသည်။ ဇာတိသဘာဝေါ၊ သန္ဓေပါသဘော တည်း။
ဧတာသံ၊ ထိုအမျိုးသမီးတို့အား။ ခမိတဗ္ဗယုတ္တမေဝ၊ သည်းခံသင့်မှုနှင့် ယှဉ်စပ်သည်သာ။ ဟောတိ၊ ဖြစ်၏။
တသ္မာ ဧတိဿာပိ၊ ထို့ကြောင့် ထိုမိဖုရားကြီး အားလည်း။ ခမထာတိ၊ သည်းခံတော်မူကြပါ”ဟု။ နာနပ္ပကာရေန၊ အထူးထူး အပြားပြားအားဖြင့်။ ရာဇာနံ သညာပေတွာ၊ ဗြဟ္မဒတ်မင်းကို သိစေ၍။ စတုသဌိပိ ဇနေ၊ ထိုခြောက်ဆယ့်ယောက်သော တို့လည်းကောင်း။ ဗာလံ၊ ထိုအမိုက်မမိဖုရားကိုလည်းကောင်း။ မောစာပေတွာ၊ သေဘေးမှ လွတ်မြောက်စေ၍။ သဗ္ဗေသံ ယထာသကာနိ ဌာနာနိ၊ အလုံးစုံသော သူတို့အား အကြင်အကြင်မိမိဥစ္စာဖြစ်ကုန်သော ရာထူးတို့ကို။ ဒါပေသိ၊ ပေးစေပြီ။
ဧဝံ၊ ဤသို့ ပေးစေလောက်အောင်။ တေ သဗ္ဗေ မောစေတွာ၊ ထိုအလုံးစုံသော သူတို့ကို သေဘေးမှ လွတ်စေ၍။ သကဌာနေ ပတိဋ္ဌာပေတွာ၊ မိမိလက်ရှိရာထူး၌ တည်စေ ပြီး၍။ ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ ရာဇာနံ ဥပသင်္ကမိတွာ၊ မင်းသို့ ချဉ်းကပ်၍။ “မဟာရာဇ အန္ဓဗာလာနံ နာမ၊ အို. . မင်းမြတ် ကန်းမိုက်သူမည် သည်တို့၏။ အဝတ္ထုကေန ဝစနေန၊ အကြောင်းမဲ့ဖြစ်သော စကားကြောင့်။ အဗန္ဓိ တဗ္ဗယုတ္တကာ၊ မနှောင်ဖွဲ့သင့်သည်နှင့် စပ်ယှဉ်ကုန်သော။ ပဏ္ဍိတာပိ၊ ပညာရှိ တို့သည်လည်း။ ပစ္ဆာဗာဟံ ဗုဒ္ဓါ၊ လက်မောင်းနောက်ပြန် နှောင်ဖွဲ့ခံရကုန်၏။ ပဏ္ဍိတာနံ၊ ပညာရှိတို့၏။ ကာရဏယုတ္တေန ဝစနေန၊ အကြောင်းနှင့်ယှဉ်သော စကားကြောင့်။ ပစ္ဆာဗာဟံ ဗဒ္ဓါပိ၊ လက်မောင်းနောက်ပြန်နှောင်ဖွဲ့ခံရသူတို့ သည်လည်း။ မုတ္တာ၊ သေဘေးမှပင် လွတ်မြောက်ကြကုန်၏။
ဧဝံ ဗာလာ နာမ၊ ဤကဲ့သို့ မိုက်သူတို့မည်သည်။ အဗဇ္ဇိတဗ္ဗယုတ္တကေပိ၊ မနှောင်ဖွဲ့သင့်သည်နှင့် ယှဉ်စပ်သော သူတို့ကိုသော်မှလည်း။ ဗန္ဓာပေန္တိ၊ နှောင်ဖွဲ့စေကြကုန်၏။ ပဏ္ဍိတာ ဗဒ္ဓေပိ၊ ပညာရှိတို့သည်ကား အနှောင်ဖွဲ့ခံရသူတို့ကိုသော်မှလည်း။ မောစေန္တီ တိ ဝတွာ၊ လွတ်မြောက်စေကြ၏”ဟု လျှောက်ထား၍။
ယတ္ထ ဗာလာ ပဘာသရေ၊ အကြင်နေရာ အကြင်ကိစ္စ၌ မိုက်သူတို့သည် ပြောဆိုကုန်၏။ တတ္ထ အဗဒ္ဓါ ဗစ္ဈန္တိ၊ ထိုမိုက်သူတို့ပြောရာဌာနကိစ္စ၌ မနှောင်ဖွဲ့ထိုက်သူတို့သည် အနှောင်အဖွဲ့ခံကုန်၏။
ယတ္ထ ဓီရာ ပဘာသရေ၊ အကြင်နေရာ,အကြင်ကိစ္စ၌ ပညာရှိတို့သည် ပြောဆိုကုန်၏။ တတ္ထ ဗဒ္ဓါပိ မုန္တိ၊ ပညာရှိတို့ ပြောသည့်ထိုနေရာထိုကိစ္စ၌ အနှောင် အဖွဲ့ခံရသူတို့သည် သော်မှလည်း လွတ်မြောက်ကုန်၏။
တတ္ထ၊ ထိုဂါထာ၌။ **အဗဒ္ဓါ** တိ အဗဇ္ဇိတဗ္ဗယုတ္တကာ၊ အဗဒ္ဓါဟူသည်ကား မနှောင်ဖွဲ့သင့်သည်နှင့် စပ်ယှဉ်သောသူတို့တည်း။
**ပဘာသရေ** တိ၊ ပဘာသရေ ဟူသည်ကား။ ပဘာသန္တိ ဝဒန္တိ ကထေန္တိ၊ ပြောကုန်၏ ဆိုကုန်၏ ပြောကြား ကုန်၏တည်း။
ရညော၊ “မယာ ဣ ဧဝံ မဟာသတ္တော= ဤသို့ ဘုရားလောင်းသည်။ ဣမာယ ဂါထာယ၊ ဤဂါထာဖြင့် မင်းအား။ ဓမ္မံ ဒေသေတွာ၊ တရားကို ဟောကြား၍။ “ ဒုက္ခ၊ ငါသည် ဤဒုက္ခကို။ အဂါရေ ဝသနဘာဝေန၊ အိမ်၌ နေသည့်အဖြစ်ကြောင့် ။ လဒ္ဓံ၊ ရရှိခံစားအပ်ပြီ။ ဣဒါနိ မေ၊ ယခုအခါ ငါ့မှာ။ အဂါရေန ကိစ္စံ နတ္ထိ၊ အိမ်ဖြင့် အလုပ်ကိစ္စသည် မရှိ။ မေ ပဗ္ဗဇ္ဇံ၊ ကျွန်တော်မျိုးအား ရသေ့ရဟန်းပြုခြင်းကို။ အနုဇာန ဒေဝါတိ၊ ခွင့်ပြုတော်မူပါ မင်းကြီး”ဟု လျှောက်ထား၍။ ပဗ္ဗဇ္ဇံ အနု ဇာနာပေတွာ၊ ရသေ့ရဟန်းအဖြစ်ကို ခွင့်ပြုစေ၍။ အဿုမုခံ ဉာတိဇနံ၊ မျက်နှာ၌ မျက်ရေရှိသော ဆွေမျိုးအပေါင်းကိုလည်းကောင်း။ မဟန္တံ ဝိဘဝံ စ ပဟာယ၊ များမြတ်လှစွာသော စည်းစိမ်ဥစ္စာကိုလည်းကောင်း ပယ်စွန့်၍။ ဣသိပဗ္ဗဇ္ဇံ ပဗ္ဗဇိတွာ၊ ရသေ့ရဟန်းအဖြစ်သို့ ကပ်ရောက်၍။ ဟိမဝန္တေ ဝသန္တော၊ ဟိမဝန္တာ၌ နေလျက်။ အဘိညာ စ သမာပတ္တိယော စ၊ အဘိညာဉ်တို့ကိုလည်းကောင်း သမာ ပတ်တို့ကိုလည်းကောင်း။ နိဗ္ဗတ္တေတွာ၊ ဖြစ်စေ၍။ ဗြဟ္မလောကပရာယဏော အဟောသိ၊ ဗြဟ္မာ့ပြည်လျှင် လည်းလျောင်းရာရှိသည် ဖြစ်ပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာ တော်ကို ဆောင်တော်မူ၍။
“တဒါ ဒုဋ္ဌဒေဝီ၊ ထိုရှေးအခါက ပျက်စီးသော မိဖုရား ကြီးသည်။ စိဉ္စမာဏဝိကာ အဟောသိ၊ စိဉ္စမာဏသည် ဖြစ်လာပြီ။ ရာဇာ အာနန္ဒော၊ ဗြဟ္မဒတ်မင်းကား အာနန္ဒာတည်း။ ပုရောဟိတော ပန၊ ပုရောဟိတ် ပုဏ္ဏားသည်ကား။ အဟမေဝ အဟောသိန္တိ၊ ငါဘုရားသည်သာ ဖြစ်လာပြီ”ဟု။ ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
ဗန္ဓနမောက္ခဇာတကဝဏ္ဏနာ ဒသမာ၊ ဆယ်ခုမြောက်ဖြစ်သော ဗန္ဓနမောက္ခဇာတ်အဖွင့်တည်း။
ဟံစိဝဂ္ဂေါ ဒွါဒသမော၊ တစ်ဆယ့်နှစ်ခုမြောက်ဖြစ်သော ဟံစိဝဂ်တည်း။
တဿ ဥဒ္ဒါနံ၊ ထိုဟံစိဝဂ်၏ အကျဉ်းချုပ်ခေါင်းစဉ်ကား။
ဂဒြဘပဉှာ အမရာ၊ ဂဒြဘပဉှ ဇာတ်လည်းကောင်း အမရာဒေဝီပဉှ ဇာတ် လည်းကောင်း။ သိင်္ဂါလံ မိတစိန္တိ စ၊ သိင်္ဂါလဇာတ်လည်းကောင်း မိတစိန္တီ ဇာတ်လည်းကောင်း။
အနုသာသိကဒုဗ္ဗစံ၊ အနုသာသိကာဇာတ် ဒုဗ္ဗဇာတ် လည်းကောင်း။ တိတ္တိရံ ဝဋ္ဋကံ ပုန၊ တိတ္တိရဇာတ်လည်းကောင်း ဝဋ္ဋဇာတ် လည်းကောင်း တစ်ဖန်။
အကာလရာဝိ ဗန္ဓနံ၊ အကာလရာပိဇာတ်လည်း ကောင်း ဗန္ဓနမောက္ခဇာတ်လည်းကောင်း။ ဣတိ၊ ဤသည်ပင်တည်း။