**အသန္တံ ယော ပဂ္ဂဏှာတီ** တိ ဣဒံ၊ အသန္တံယော ပဂ္ဂဏှာတိအစရှိသော ဤတရားဒေသနာတော်ကို။
သတ္ထာ ဝေဠုဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဝေဠုဝန်ကျောင်း၌ နေတော်မူစဉ်။
အဇာတသတ္တုဿ ရညော၊ အဇာတသတ်မည်သော မင်း၏။
အသန္တပဂ္ဂဟံ အာရဗ္ဘ ကထေသိ၊ မသူတော်ချီးမြှောက်မှုကို အကြောင်းပြု၍ ဟောတော်မူပြီ။
ဟိ သော၊ ချဲ့ပြောရသော် ထိုအဇာတသတ် မင်းသည်။
ဗုဒ္ဓါနံ ပဋိကဏ္ဏကဘူတေ၊ ငါတို့ဘုရား၏ ဆန့်ကျင်ဘက် ရန်ဆူး ရန်ညောင့်ဖြစ်၍ဖြစ်သော။
ဒုဿီလေ ပါပဓမ္မေ၊ သီလမရှိသော ယုတ်မာသော သဘောရှိသော။
ဒေဝဒတွေ ပသီဒိတွာ၊ ဒေဝဒတ်၌ ကြည်ညို၍။
အသန္တံ အသပ္ပုရိသံ၊ မငြိမ်သက်သော သူတော်ကောင်းမဟုတ်သော။
တံ ပဂ္ဂယှ၊ ထိုဒေဝဒတ်ကို ချီးမြှောက်၍။
တဿ သက္ကာရံ၊ ထိုဒေဝဒတ်အား ပူဇော် သက္ကာရကို။
ကရိဿာမီတိ၊ ပြုမည်ဟု တွေး၍။
ဗဟုံ ဓနံ ပရိစ္ဆဇိတွာ၊ များစွာသော ပစ္စည်းကို စွန့်လွှတ်၍။
ဂယာသီသေ၊ ဂယာသီသ၌။
ဝိဟာရံ ကာရေတွာ၊ ကျောင်းကို ဆောက်လုပ်စေ၍။
တဿ ဝစနံ ဧဝ ဂဟေတွာ၊ ထိုဒေဝဒတ်၏ စကားကိုပင် နာယူ၍။
ဓမ္မရာဇာနံ သောတာပန္နံ၊ တရားမင်းဖြစ်သော သောတာပန်ဖြစ်သော။
အရိယသာဝကံ ပိတရံ၊ အရိယာသာဝကဖြစ်သော ခမည်းတော်ကို။
ဃာတေတွာ၊ သတ်ဖြတ်၍။
အတ္တနော သောတာပတ္တိမဂ္ဂဿ၊ မိမိ၏ သောတာပတ္တိမဂ်၏။
ဥပနိဿယံ ဘိန္ဒိတွာ၊ အားကြီးသော ရာ အကြောင်းကို ဖျက်ဆီးပြီး၍။
မဟာဝိနာသံ ပတ္တော၊ ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်ပြီ။
ဟိ သော၊ ချဲ့ပြောရသော် ထိုအဇာတသတ်မင်းသည်။
ဒေဝဒတ္တော ပထဝိယံ၊ ဒေဝဒတ်သည် မြေသို့။
ပဝိဋ္ဌောတိ သုတွာ၊ ဝင်သွားပြီဟု ကြားရ၍။
“ကစ္စိ နုခေါ မမ္ပိ၊ ဘယ်လိုလဲ ငါ့ကိုလည်း။
ပထဝီ ဂိလေယျာတိ၊ မြေသည် မျိုလေ ရာသလော”ဟု။
ဘီတတသိတော၊ ကြောက်ရွံ့ထိတ်လန့်လျက်။
ရဇ္ဇသုခံ န လဘတိ၊ မင်းအဖြစ်၌ ချမ်းသာကို မခံစားနိုင်။
သယနေ အဿာဒသုခံ၊ အိပ်ရာ ပေါ်၌ သာယာမှုချမ်းသာကို။
န ဝိန္ဒ၊ မရရှာ။
တိဗ္ဗကာရဏာဘိတုန္နော ဟတ္ထိပေါတော ဝိယ၊ ထက်စွာသော ညှဉ်းဆဲမှုထိုးဆွအပ်သော ဆင်ပေါက်ကဲ့သို့။
ကမ္မမာနော ဝိစရတိ၊ တုန်လှုပ်လျက် လှည့်လည်၏။
သော ပထဝိံ ဖလမာနံ ဝိယ၊ ထိုအဇာတသတ်မင်းသည် မြေကြီးကို ကွဲလာသကဲ့သို့လည်းကောင်း။
အဝီစိဇာလံ နိက္ခမန္တိံ ဝိယ၊ အဝီစိမီးလျှံကို ထွက်လာဘိသကဲ့သို့လည်းကောင်း။
ပထဝိယာ အတ္တာနံ ဂိလိယမာနံ ဝိယ၊ မြေကြီးက မိမိကို မျိုနေအပ်သကဲ့သို့ လည်းကောင်း။
အာဒိတ္တာယ လောဟပထဝိယာ၊ အလျှံပြောင်ပြောင် တောက် နေသော သံမြေပြင်၌။
ဥတ္တာနကံ နိပဇ္ဇာပေတွာ၊ ပက်လက်အိပ်ခိုင်း၍။
သူလေဟိ ကောဋိယမာနံ ဝိယ စ၊ သံတံကျင်တို့ဖြင့် ထိုးဆွခံနေရသကဲ့သို့ လည်းကောင်း။
သမနုပဿိ၊ ပြင်းစွာရှုမှတ်ထင်မြင်နေပြီ။
တေန၊ ထို့ကြောင့်။
ပဟဋကုက္ကုဋဿေဝ၊ အရိုက်ခံရသော ကြက်ကဲ့သို့။
ကမ္ပ မာနဿ အဿ၊ တုန်လှုပ်နေသော ထိုအဇာတသတ်မင်း၏။
မုဟုတ္တမ္ပိ၊ တစ်မုဟုတ်မျှလည်း။
အဝတ္ထာနံ နာမ နာဟောသိ၊ တည်တန့်စွာ နေနိုင်ခြင်းမည်သည် မဖြစ်ပြီ။
သော သမ္မာသမ္ဗုဒ္ဓံ၊ အဇာတသတ်မင်းသည် ဘုရားရှင်ကို။
ပဿိတုကာမော၊ ဖူးမြော်လိုသည်။
ခမာပေတုကာမော၊ ကန်တော့လိုသည်။
ပဉှံ ပုစ္စိတုကာမော အဟောသိ၊ သိလိုသည်ကို မေးခြင်းငှာ အလိုရှိသည် ဖြစ်ပြီ။
ပန အတ္တနော၊ သို့သော်လည်း မိမိ၏။
အပရာဓမဟန္တတာယ၊ အပြစ်ကြီးလေးလှသည့်၏အဖြစ် ကြောင့်။
ဥပသင်္ကမိတုံ န သက္ကောတိ၊ ချဉ်းကပ်ခြင်းငှာ မစွမ်းနိုင်။
အထ အဿ၊ ထိုအခါ ထိုအဇာတသတ်မင်းသည်။
ရာဇဂဟနဂရေ၊ ရာဇဂြိုဟ် မြို့၌။
ကတ္တိကရတ္တိဝါရေ၊ ညအခါဆင်နွှဲသည့် ကြတ္တိကာနက္ခတ်ပွဲ အလှည့်သည်။
သမ္ပတ္တေ၊ ရောက်သော်။
ဒေဝနဂရံ ဝိယ၊ နတ်မြို့ကဲ့သို့။
နဂရေ အလင်္ကတေ၊ မြို့တော်ကို တန်ဆာဆင်အပ်ပြီးသော်။
မဟာတလေ၊ မြတ်သော နန်းကြမ်းပြင်၌။
အမစ္စဂဏပရိဝုတဿ၊ အမတ်အပေါင်းခြံရံအပ်လျက်။
ကဉ္စနာသနေ နိသိန္နဿ၊ ရွှေပလ္လင်၌ ထိုင်နေစဉ်။
ကောမာရဘစ္စံ ဇီဝကံ၊ အဘယမင်းသား ကောက်ယူ မွေးမြူအပ်သော ဇီဝကကို။
အဝိဒူရေ နိသိန္န ဒိသွာ၊ မနီးမဝေး၌ ထိုင်နေသည်ကို တွေ့ရ၍။
“ဇီဝကံ ဂဟေတွာ၊ ဇီဝကကို ခေါ်ယူ၍။
သမ္မာသမ္ဗုဒ္ဓဿ၊ မှန်စွာ ကိုယ်တိုင် သိတော်မူသော ရှင်တော်ဘုရား၏။
သန္တိကံ ဂမိဿာမိ၊ အထံတော်သို့ သွားမည်။
‘သမ္မ ဇီဝက အဟံ၊ အချင်းဇီဝက ငါသည်။
သယံ ဂန္တုံ န သက္ကောမိ၊ ကိုယ်တိုင်ကား သွားခြင်းငှာ မစွမ်းနိုင်ပါ။
ဧဟိ မံ၊ လာပါ ငါ့ကို။
သတ္ထု သန္တိကံ နေဟီတိ၊ ဘုရားရှင်၏ အထံတော်သို့ ဆောင်ပို့ပါဟု။
မယာ ဥဇုကမေဝ ဝတ္ထုံ၊ ငါသည် အဖြောင့်သာလျှင် ပြောဆိုခြင်းငှာ။
ခေါ ပန သက္ကာ၊ မစွမ်းနိုင်။
ပန ပရိယာယေန၊ စင်စစ်သော်ကား ပရိယာယ်အားဖြင့်။
ရတ္တိသမ္ပဒံ ဝဏ္ဏေတ္ထာ၊ ည၏ပြည့်စုံမှုကို ချီးမွမ်းပြောဆို၍။ '
'ယံ ပယိရုပါသတံ၊ အကြင်ပုဂ္ဂိုလ်ကို ဆည်းကပ်ကုန်သော။
နော စိတ္တံ၊ ငါတို့၏ စိတ်သည်။
ပသီဒေယျ၊ ကြည်လင်ရာ၏။
အဇ္ဇ မယံ၊ ယနေ့ ငါတို့သည်။
ကံ (တံ) သမဏံ ပါ၊ အဘယ်မည်သော (ထို) ရဟန်းသို့သော်လည်းကောင်း။
ကံ (တံ) ဗြာဟ္မဏံ ဝါ၊ အဘယ်မည်သောထိုဗြာဟ္မဏသို့သော်လည်းကောင်း။
ပယိရုပါသေယျာမ နု ခေါတိ၊ ဆည်းကပ် ရပါကုန်အံ့နည်း”ဟု။
ဝက္ခာမိ၊ ပြောအံ့။
တံ သုတွာ အမစ္စာ၊ ထိုပြောစကားကို ကြားရ၍ အမတ်တို့သည်။
အတ္တနော အတ္တနော သက္ကာရာနံ၊ မိမိ၏ မိမိ၏ ဆရာတို့၏။
ဝဏ္ဏံ ကထေဿန္တိ၊ ဂုဏ်အရည်အချင်းကို ပြောကြလိမ့်မည်။
ဇီဝကောပိ သမ္မာသမ္ဗုဒ္ဓဿ၊ ဇီဝကသည်လည်း ဘုရားရှင်၏။
ဝဏ္ဏံ ကထေဿတိ၊ ဂုဏ်တော်ကျေးဇူးတော်ကို ပြောဆိုလိမ့်မည်။
အထ နံ ဂဟေတွာ၊ ထိုအခါ ထိုဇီဝကကို ခေါ်ယူ၍။
သတ္ထု သန္တိကံ၊ ဘုရားရှင်၏ အထံတော်သို့။
ဂမိဿာမီတိ၊ သွားအံ့”ဟု။
ဧတံ အဟောသိ၊ ဤအကြံသည် ဖြစ်ပြီ။
သော၊ ထိုအဇာတသတ် မင်းသည်။
“ဘော ရတ္တိ၊ အို.. အချင်းတို့ ညသည်ကား။
လက္ခညာ ဝတ ဒေါသိနာ ဝတ၊ အမှတ်တရ ဖြစ်ထိုက်ပါပေစွတကား အပြစ်ကင်းပါပေစွတကား။
ဘော ရတ္တိ၊ အို. . အချင်းတို့ ဤညသည်ကား။
အဘိရူပါ ဝတ ဒေါသိနာ ဝတ ဒေါသိနာ ဝတ၊ အလွန်လှ ပါပေစွတကား အပြစ်ကင်းပါပေစွတကား။
ဘော ရတ္တိ၊ အို.. အချင်းတို့ ဤညသည်ကား။
ဒဿနီယာ ဝတ ဒေါသိနာ ဝတ၊ ရှုကြည့်ထိုက်ပါပေစွတကား အပြစ်ကင်းပါပေစွတကား။
ဘော ရတ္တိ၊ အို. . အချင်းတို့ ဤညသည်ကား။
ပါသာဒိကာ ဝတ ဒေါသိနာ ဝတ၊ စိတ်ကြည်စေတတ်ပါပေစွတကား အပြစ်ကင်း ပါပေစွတကား။
ဘော ရတ္တိ၊ အို. . အချင်းတို့ ဤညသည်ကား။
ရမဏီယာ ဝတ ဒေါသိနာ ဝတ၊ ပျော်ဖွယ်ကောင်းပါပေစွတကား အပြစ်ကင်းပါပေစွတကား။
ယံ ပယိရုပါသတံ နော၊ အကြင်သမဏဗြာဟ္မဏကို ဆည်းကပ်ကုန်သော ငါတို့၏။
စိတ္တံ ပသီဒေယျ၊ စိတ်သည် ကြည်လင်ရာ၏။
အဇ္ဇ မယံ၊ ယနေ့ည ငါတို့သည်။
ကံ တံ သမဏံဝါ၊ အဘယ်မည်သော ထိုသမဏကိုသော်လည်းကောင်း။
ကံ တံ ဗြာဟ္မဏံဝါ၊ အဘယ်မည်သော ထိုဗြာဟ္မဏကိုသော်လည်းကောင်း။
ပယိရုပါ သေယျာမ နု ခေါတိ၊ ဆည်းကပ်ရပါကုန်အံ့နည်း”ဟု။
ပဉ္စဟိ ပဒေဟိ၊ ငါးခု ကုန်သော ဝါကျပိုဒ်တို့ဖြင့်။
ရတ္တိံ ဝဏ္ဏသိ၊ ညကို ချီးကျူးပြီ။
အထ ဧကော အမစ္စော၊ ထိုအခါ တစ်ယောက်သော အမတ်သည်။
ပူရဏ ကဿပဿ၊ ပူရဏကဿပ၏လည်းကောင်း။
ဧကော မက္ခလိဂေါသာလဿ၊ အမတ်တစ်ယောက်သည် မက္ခလိဂေါသာလ၏လည်းကောင်း။
ဧကော အဇိတ ကေသကမ္ဗလဿ၊ အမတ်တစ်ယောက်သည် လူဆံပင်ကမ္ဗလာ အသုံးပြုသည့် အဇိတတ်လည်းကောင်း။
ဧကော ပကုဓကစ္စာယနဿ၊ အမတ်တစ်ယောက်သည် ကစ္စည်းအနွယ်ပကုဓ၏လည်းကောင်း။
ဧကော ဗေလဋ္ဌပုတ္တသ သဉ္စယဿ၊ အမတ်တစ်ယောက်သည် ဗေလဋ္ဌသားဖြစ်သော သဉ္စဉ်း၏ လည်းကောင်း။
ဧကော နာဋပုတ္တနိဂဏ္ဌဿ၊ အမတ်တစ်ယောက်သည် နာသော နိဂဏ္ဌ၏လည်းကောင်း။
ဣတိ၊ ဤသို့အသီးသီး။
ဝဏ္ဏံ ကထေသိ၊ ဂုဏ် အရည်အချင်းကို ပြောဆိုပြီ။
ရာဇာ တေသံ ကတံ၊ အဇာတသတ်မင်းသည် ထိုအမတ်တို့၏ ပြောစကားကို။
သုတွာ တုဏှီ အဟောသိ၊ ကြားရပြီး၍ ဆိတ်ဆိတ်သည် ဖြစ်ပြီ။
ဟိ သော၊ မှန်၏ ထိုအဇာတသတ်မင်းသည်။
ဇီဝကသ မဟာအမစ္စဿဧဝ၊ ဇီဝကမည်သော အမတ်ကြီး၏သာ။
ကထံ ပစ္စာသီသတိ၊ ပြောစကားကို တောင့်တမျှော်လင့်၏။
ဇီဝကောပိ၊ ဇီဝကသည်လည်း။
“ရညာ အာရဗ္ဘ၊ မင်းကြီးသည် ငါ့ကို တိုက်ရိုက်အကြောင်းပြု၍။
ကထိတေယေဝ ဇာနိဿာမီတိ၊ ပြောအပ်သော်သာ သိရလိမ့်မည်”ဟုတွေး၍။
အဝိဒူရေ တုဏှီ နိသီဒိ၊ မနီးမဝေး၌ ဆိတ်ဆိတ် ထိုင်နေပြီ။
အထ နံ ရာဇာ၊ ထိုအခါ ထိုဇီဝကကို အဇာတသတ်မင်းသည်။
“သမ္မ ဇီဝက တွံ ပန၊ အို. . အရွယ်တူ ဇီဝက သင်သည် ကား။
ကိံ တုဏီတိ အာဟ၊ ဘာ့ကြောင့် ဆိတ်ဆိတ်ဖြစ်ရသနည်း”ဟု မေးပြီ။
တသ္မိံ ခဏေ ဇီဝကော၊ အခါ၌ ဇီဝကသည်။
အာသနာ ဥဋ္ဌာယ၊ ထိုင်ရာမှ ထ၍။
ယေန ဘဂဝါ၊ အကြင်အရပ်၌ ရှင်တော်ဘုရားသည်။
(အတ္ထိ၊ ရှိ၏။
တေန အဉ္ဇလိံ ပဏာမေတွာ၊ ရှင်တော်ဘုရားရှိရာ ထိုအရပ်သို့ လက်အုပ်ကို ညွှတ်စေ၍။
“ဒေဝ အရဟံ သမ္မာသမ္ဗုဒ္ဓေါ၊ အို. . အရှင်မင်းကြီး ပူဇော်အထူး ခံတော်မူထိုက်သော မှန်စွာကိုယ်တိုင် သိတော်မူသော။
ဧသော ဘဂဝါ၊ ထိုရှင်တော်ဘုရားသည်။
အမှာကံ အမ္ဗဝနေ၊ ကျွန်တော်မျိုးတို့၏ သရက်တော ကျောင်း၌။
အဍ္ဎတေဠသေဟိ ဘိက္ခုသတေဟိ၊ (၁၂၅၀)ကုန်သော ရဟန်းတို့နှင့် (အဍ္ဎတေဠသတိသာ ဖြစ်သင့်)။
သဒ္ဓိံ ဝိဟရတိ၊ အတူတကွ သီတင်းသုံး နေတော်မူ၏။
တံ ခေါ ပန ဘဂဝန္တံ၊ ထိုရှင်တော်ဘုရား၏။
ဧဝံ ကလျာဏော၊ ဤကဲ့သို့ ကောင်းမြတ်သော။
ကိတ္တိသဒ္ဓေါ၊ ချီးမွမ်းအံ့ဩ ကျော်ဇောသံသည်။
အဗ္ဘု ဂ္ဂတောတိ၊ ပျံ့နှံ့တက်ပါ၏”စကုန်သော။
နဝ အရဟာဒိဂုဏေ ဝတွာ၊ ကိုးပါး ကုန်သော အရဟံ အစရှိသောဂုဏ်တို့ကို ချီးမွန်းပြောဆို၍။
ဇာတိတော ပဋ္ဌာယ၊ ပဋိသန္ဓေနေတော်မူသည်မှ စ၍။
ပုဗ္ဗနိမိတ္တာဒိဘေဒံ၊ ရှေ့ပြေးနိမိတ် စသည်အပြားရှိသော။
ဘဂဝတော အာနုဘာဝံ၊ ရှင်တော်ဘုရား၏ တန်ခိုးအာနုဘော်ကို။
ပကာသေတွာ၊ ထင်ရှားပြပြီး၍။
“တံ ဘဂဝန္တံ၊ ထိုဘုရားရှင်သို့။
ဒေဝေါ ပယိရုပါသတု၊ အရှင်မင်းကြီးသည် ဆည်းကပ်တော်မူပါ။
ဓမ္မံ သုဏာတု၊ တရားကို နာယူတော်မူပါ။
ပဉှံ ပုစ္ဆတိ အာဟ၊ သိလိုသည်ကို မေးတော်မူပါ”ဟု လျှောက် ထားပြီ။
ရာဇာ၊ အဇာတသတ်မင်းသည်။
သမ္ပု ဏ္ဏမနောရထော ဟုတွာ၊ ပြည့်ဝသော စိတ်ဆန္ဒရှိသည် ဖြစ်၍။
“သမ္မ ဇီဝက တေန ဟိ၊ အရွယ်တူ အို. . ဇီဝက ထိုသို့ဖြစ်လျှင်။
ဟတ္ထိယာနာနိ ကပ္ပါပေဟီတိ၊ ဆင်ယာဉ်တို့ကို ပြင်ဆင်စေပါ”ဟု။
ယာနာနိ ကပ္ပါပေတွာ၊ ဆင်ယာဉ်တို့ကို ပြင်ဆင်စေပြီး၍။
မဟန္တေန ရာဇာနု ဘာဝေန၊ ကြီးကျယ်မြင့်မြတ်သော မင်းအာနုဘော်ဖြင့်။
ဇီဝကမ္မဝနံ ဂန္တွာ၊ ဇီဝက သရက်တောကျောင်းသို့ သွားရောက်၍။
တတ္ထ မဏ္ဍလမာဠေ၊ ထိုဇီဝက သရက်တောကျောင်း၌ တန်ဆောင်းဝန်း၌။
ဘိက္ခုသင်္ဃပရိဝုတံ၊ ရဟန်းအပေါင်း ခြံရံအပ်သော။
တထာဂတံ ဒိသွာ၊ ဘုရားရှင်ကို ဖူးရ၍။
သန္တဝီစိမဇ္ဈေ မဟာနာဝံ ဝိယ၊ ငြိမ်သက်လှစွာသော လှိုင်းတို့အလယ်၌ လှေကြီးကဲ့သို့။
နိစ္စလံ ဘိက္ခုသင်္ဃံ၊ တစ်စုံတစ်ရာ လှုပ်ရှားမှု မရှိသော ရဟန်းတော်အပေါင်းကို။
ဣတော စ ဣတော စ၊ ဤမှလည်း ဤမှလည်း။
အနုဝိလောကေတွာ၊ အဖန်ဖန်စောင်းငဲ့ဖူးမြော်ပြီး၍။
“ဧဝရူပါ ပရိသာ နာမ၊ ဤသို့ငြိမ်သက်လှစွာသော သဘောရှိသော ပရိသတ် မည်သည်ကို။
မေ န ဒိဋ္ဌပုဗ္ဗာတိ၊ ငါသည် မတွေ့မြင်အပ်ဘူးပေ”ဟု တွေး၍။
ဣရိယာပထေယေဝ ပသီဒိတွာ၊ ဣရိယာပုထ်၌ပင် ကြည်ညို၍။
သင်္ဃဿ အဉ္ဇလိံ ပဂ္ဂဏှိတွာ၊ သံဃာတော်အား လက်အုပ်ကို ချီပြီး၍။
ထုတိံ ကတွာ၊ ချီးမွမ်းမှုကို ပြု၍။
ဘဂဝန္တံ ဝန္ဒိတွာ၊ ဘုရားရှင်ကို ဝပ်ချ၍။
ဧကမန္တံ နိသိန္နော၊ သင့်လျော်ရာ၌ ထိုင်နေလျက်။
သာမညဖလပဉှံ ပုစ္ဆိ၊ သိလိုသည့် ရဟန်းပြုရကျိုးကို မေးလျှောက်ပြီ။
အထ အဿ ဘဂဝါ၊ ထိုအင်္ခါ ထိုအဇာတသတ်မင်းအား ရှင်တော်ဘုရားသည်။
ဒွီဟိ ဘာဏဝါရေဟိ ပဋိမဏ္ဍိတံ၊ နှစ်ခုကုန်သော ဘာဏဝါရတို့ဖြင့် တန်ဆာဆင် အပ်သော(တစ်ဘာဏဝါရလျှင် ရှစ်လုံးဖွဲ့ ဂါထာပေါင်း
၂၅၀ ရှိသည်)။
သာမည ဖလသုတ္တံ ကထေသိ၊ သာမညဖလသုတ်ကို ဟောတော်မူပြီ။
သော သုတ္တ ပရိယောသာနေ၊ ထိုအဇာတသတ်မင်းသည် သာမညဖလသုတ်အဆုံး၌။
အတ္တမနော၊ နှစ်သက်သော စိတ်ရှိ၍။
ဘဂဝန္တံ ခမာပေတွာ၊ ရှင်တော်ဘုရားကို သည်းခံစေ၍ ကန်တော့၍။
အာသနာ ဥဋ္ဌာယ၊ ထိုင်ရာမှ ထ၍။
ပဒက္ခိဏံ ကတွာ ပတ္တာမိ၊ လက်ယာရစ် လည်သည်ကို ပြု၍ ဖဲသွားပြီ။
ရညော အစိရပက္ကန္တဿ၊ အဇာတသတ်မင်းသည် ဖဲသွား၍ မကြာမီ။
သတ္ထာ ဘိက္ခု အာမန္တေတွာ၊ ရှင်တော်ဘုရားသည် ရဟန်းတို့ကို ခေါ်တော်မူ၍။
“ဘိက္ခဝေ အယံ ရာဇာ ခတော၊ အို. . ရဟန်းတို့ ဤအဇာတသတ်မင်းသည် ကိုယ့်ကိုယ်ကို တူးဖြိုးတပ်ပြီ။
ဘိက္ခဝေ အယံ ရာဇာ ဥပဟတော၊ အို. . ရဟန်းတို့ ဤအဇာတ် သတ်မင်းသည် ကိုယ့်ကိုယ်ကို ဖျက်ဆီးအပ်ပြီ။
ဘိက္ခဝေ အယံ ရာဇာ၊ အို.. ရဟန်းတို့ ဤအဇာတသတ်မင်းသည်။
ဣဿရိယဿ ကာရဏာ၊ အစိုးရခြင်း၏ အကြောင်းကြောင့်။
ဓမ္မိကံ ဓမ္မရာဇာနံ ပိတရံ၊ တရားရှိသော တရားမင်းဖြစ်သော ခမည်းတော်ကို။
ဇီဝိတာ သစေ န ဝေါရောပေဿထ၊ အသက်မှ အကယ်၍ မချခဲ့အံ့။
ဣမသ္မိံ ယေဝ အာသနေ၊ ဤထိုင်နေရာ၌ပင်။
ဝိရဇံ ဂီတမလံ၊ အပါယ်ကျကြောင်း ကိလေသာမြူကင်းသော အပါယ်ကျကြောင်း ကိလေသာအညစ်အကြေးကင်းသော။
ဓမ္မစက္ခု ဥပ္ပဇ္ဇိဿထ၊ သောတာပတ္တိ ဉာဏ်မျက်စိသည် ဖြစ်ရလောက်ပြီ။
ဒေဝဒတ္တံ နိဿာယ၊ ဒေဝဒတ်ကို အမှီပြု၍။
အသန္တပဂ္ဂဟံ ကတွာ၊ မသူတော် ချီးမြောက်မှုကို ပြု၍။
သောတာပတ္တိဖလာ၊ သောတာပတ္တိဖိုလ်မှ။
ပရိဟီနောတိ အာဟ၊ ဆုတ်ယုတ်ရရှာပြီ” ဟု မိန့်တော်မူပြီ။
ဒိဝသေ ဘိက္ခူ ဓမ္မသဘာယံ၊ နောက်နေ့၌ ရဟန်းတို့သည် တရားသဘင်၌။
“အာဝုသော အဇာတသတ္တု၊ အို. . ငါ့ရှင်တို့ အဇာတသတ်မင်းသည်။
အသန္တပဂ္ဂဟံ ကတွာ၊ မသူတော်ချီးမြောက်မှုကို ပြု၍။
ဒုဿီလံ ပါပဓမ္မံ၊ သီလမရှိသော ယုတ်မာသောသဘောရှိသော။
ဒေဝဒတ္တံ နိဿာယ၊ ဒေဝဒတ်ကို အမှီပြု၍။
ပီတုဃာ တကကမ္မဿ ကတတ္တာ၊ အဖသတ်ကံကို ပြုလုပ်မိသည့် အဖြစ်ကြောင့်။
သောတာပတ္တိဖလာ၊ သောတာပတ္တိဖိုလ်မှ။
ပရိဟီနော ကိရ၊ ဆုတ်ယုတ်ရရှာပြီတဲ့။
ဒေဝဒတ္တေန ရာဇာ၊ ဒေဝဒတ်သည် အဇာတသတ်မင်းကို။
နာသိတော ကိရ ဣတိ၊ ဖျက်ဆီးအပ်ပြီတဲ့"ဟု။
ကထံ သမုဋ္ဌာပေသုံ၊ စကားကို ဖြစ်စေကုန်ပြီ။
သတ္ထာ အာဂန္တွာ၊ ဘုရားရှင်သည် ကြွလာတော်မူပြီး၍။
“ဘိက္ခဝေ ဧတရဟိ၊ အို. ရဟန်းတို့ ယခုအခါ။
ကာယ ကထာယ သန္နိသိန္နာ၊ အဘယ် မည်သော စကားဖြင့် ကောင်းစွာထိုင်နေကြသည်။
အတ္ထ နုတိ ပုဗ္ဘိတွာ၊ ဖြစ်ကြ သနည်း”ဟု မေးတော်မူ၍။
ဣမာယ နာမာတိ ဝုတ္တေ၊ ဤမည်သော စကားဖြင့် ပါဟု လျှောက်ထားအပ်သော်။
“ဘိက္ခဝေ ဣဒါနေဝ၊ အို. ရဟန်းတို့ ယခုအခါ၌သာ။
အဇာတသတ္တု၊ သည်။
အသန္တပဂ္ဂဟံ ကတွာ၊ မသူတော်ချီးမြှောက်မှုကို ပြု၍။
မဟာဝိနာသံ န ပတ္တော၊ ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်ရသည် မဟုတ်သေး။
ပုဗ္ဗေပိ ဧသော၊ ရှေးကလည်း ဤအဇာတသတ်မင်းသည်။
အသန္တပဂ္ဂဟေနေဝ အတ္တာနံ၊ မသူတော် ချီးမြှောက်ခြင်းဖြင့်ပင် မိမိကိုယ်ကို။
နာသေသီတိ ဝတွာ၊ ဖျက်ဆီးဖူးပြီ”ဟု မိန့်တော်မူ၍။
အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။
ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။
မဟာဝိဘဝေ ဗြာဟ္မဏ ကုလေ နိဗ္ဗတ္တိတွာ၊ ပစ္စည်းများစွာ ရှိသော ပုဏ္ဏားမျိုး၌ ဖြစ်၍။
ဝယပ္ပတ္တော တက္ကသိလံ ဂန္တွာ၊ အရွယ်ရောက်သော် တက္ကသိုလ်မြို့သို့ သွားပြီး၍။
သဗ္ဗသိပ္ပါနိ ဥဂ္ဂဏှိတွာ၊ အတတ်ပညာအားလုံးတို့ကို သင်ယူပြီး၍။
ဗာရာဏသိယံ ဒိသာပါမောက္ခော၊ ဗာရာဏသီမြို့၌ အရပ်မျက်နှာ အကြီးအမှူးဖြစ်သော။
အာစရိယော ဟုတွာ၊ ဆရာကြီးသည် ဖြစ်၍။
ပဉ္စ မာဏဝကသတာနိ၊ လုလင်ငါးရာတို့ကို။
သိပ္ပံ ဝါစေသိ၊ အတတ်ပညာကို သင်ယူစေပြီ သင်ပေးပြီ။
တေ သု မာဏဝေသု ဧကော၊ ထိုလုလင်ငါးရာတို့တွင် တစ်ယောက်သော။
သဉ္စီ ဝေါ နာမ မာဏဝေါ အတ္ထိ၊ သဉ္ဇဝမည်သော လုလင် သည် ပါရှိ၏။
ဗောဓိသတ္တော တဿ၊ ဘုရားလောင်းသည် ထိုသဉ္ဇဝလုလင်အား။
မတကုဋ္ဌာပနမန္တံ အဒါသိ၊ အသေကောင်ထစေတတ်သည့် မန္တာန်ကို သင်ပေးပြီ။
သော ဥဋ္ဌာပနကမန္တမေဝ ဂဟေတွာ၊ ထိုသဉ္ဇလုလင်သည် အသေကောင်ထစေ တတ်သည့် မန္တာန်ကိုသာ သင်ယူ၍။
ပဋိဗာဟနမန္တံ ပန အဂ္ဂဟေတွာဝ၊ တားမြစ် ကာကွယ်သည့် မန္တန်ကိုကား မသင်ယူမူ၍သာ။
ဧကဒိဝသံ မာဏဝေဟိ သဒ္ဓိံ၊ တစ်နေ့၌ လုလင်တို့နှင့် အတူ။
ဒါရုအတ္ထာယ အရညံ ဂန္တွာ၊ ထင်းခွေရန် အကျိုးငှာ တောသို့ သွားသော်။
ဧကံ မတဗျဂ္ဃံ ဒိသွာ၊ တစ်ကောင်သော ကျားသေကို တွေ့၍။
“ဘော ဣမံ မတဗျဂ္ဃံ၊ အို. . သူငယ်ချင်းတို့ ဤကျားသေကို။
ဥဋ္ဌာပေ ဿာမီတိ၊ ထစေမည်”ဟု။
မာဏဝေ အာဟ၊ လုလင်တို့ကို ပြောပြီ။
မာဏဝါ၊ လုလင်တို့က။
န သက္ခိဿသီတိ အာဟံသု၊ စွမ်းနိုင်လိမ့်မည် မဟုတ်ပါဟု ပြောကြပြီ။
ဝေါ ပဿန္တာနညဝ၊ သင်တို့သည် ကြည့်နေကြစဉ်ပင်။
တံ ဥဋ္ဌာပေ ဿာမီတိ၊ ထိုကျားသေကို ထစေမည်"ဟုပြောပြီ။
မာဏဝ သစေ သက္ကောသိ၊ သဉ္ဇီဝလုလင် အကယ်၍ စွမ်းနိုင်အံ့။
ဥဋ္ဌာပေဟီတိ၊ ထစေပါဟု ပြောကြပြီ။
ဝတွာ စ ပန၊ ဤသို့ ပြောကြပြီး၍ကား။
တေ မာဏဝါ၊ ထိုလုလင်တို့သည်။
ရု က္ခံ အဘိရုဟိံသု၊ သစ်ပင်ပေါ်သို့ တက်ကြပြီ။
သဉ္ဇီ ဝေါ မန္တံ ပရိဝတ္တေတွာ၊ သဥ္ဇီ လုလင်သည် မန္တာန်ကို မန်းမှုတ်၍။
မတဗျဂ္ဃံ သက္ခရာဟိ ပဟရိ၊ ကျားသေကို ကျောက်စရစ်ခဲ့တို့ဖြင့် ပစ်ခတ်ပြီ။
ဗျဂ္ဃေါ ဥဋ္ဌာယ၊ ကျားသေသည် ထတည့်၍ ။
ဝေဂေန အာဂန္တွာ၊ အရှိန်ဖြင့် လာ၍။
သဥ္ဇီဝံ ဂလနာဠိယံ ဍံ သိတွာ၊ သဉ္ဇီ ဝလုလင်ကို လည်ချောင်း၌ ကိုက်၍။
သဉ္ဇဝံ ဇီဝိတက္ခယံ ပါပေတွာ၊ သဉ္ဇီ ဝကို အသက်၏ ကုန်ခြင်းသို့ ရောက်စေ၍။
တဝ ပတိ၊ ထိုသဥ္ဇီ ဝအနီး၌ပင် လဲကျပြီ။
သဉ္ဇီ ဝေါပိ ပတိ၊ သဉ္ဇီ ဝလုလင်သည်လည်း ထိုကျားသေအနီး၌ပင် လဲကျပြီး။
ဥဘောပိ ဧကဋ္ဌာနေယေဝ၊ ကျားသေ သဉ္ဇီ ဝလုလင်နှစ်ဦးလုံးတို့သည်လည်း တစ်နေရာ တည်း၌ပင်။
မတာ နိပဇ္ဇိံသု၊ သေကြ၍ အိပ်ကြပြီ။
မာဏဝါ၊ ကျန်လုလင်တို့သည်။
ဒါရူနိ အာဒါယ အာဂန္တွာ၊ ထင်းတို့ကို ခွေယူ၍ ပြန်လာကြ၍။
တံ ပဝတ္တိံ အာစရိယဿ၊ ထိုအဖြစ်ကို ဘုရားလောင်း ဆရာကြီး အား။
အာရောစေသုံ၊ ပြောကြားကုန်ပြီ။
အာစရိယော၊ ဆရာကြီးသည်။
မာဏဝေ အာမန္တေတွာ၊ တပည့်လုလင်တို့ကို ခေါ်ပြီး၍။
“တာတာ အသန္တပဂ္ဂဟကာရာ နာမ၊ အို. . ချစ်သားတို့ မသူတော်ချီးမြှောက်သူတို့မည်သည်။
အယုတ္တဋ္ဌာနေ၊ မသင့်လျော်ရာ ဌာန၌။
သက္ကာရသမ္မာနံ ကရောန္တာ၊ ကောင်းစွာပြုခြင်း, မြတ်နိုးခြင်း ကို ပြုကုန်သော်။
ဧဝရူပံ ဒုက္ခံ၊ ဤသို့ သဘောရှိသော ဒုက္ခကို။
ပဋိလဘန္တိယေဝါတိ ဝတွာ၊ ရကြသည်သာ”ဟု ပြောပြီး၍။
ယော အသန္တံ၊ အကြင်သူသည် မသူတော်ကို။
ပဂ္ဂဏှာတိ၊ ချီးမြှောက်၏။
ယော၊ အကြင်သူသည်။
အသန္တ ဥပသေပတိ၊ မသူတော်ကို မှီဝဲဆည်းကပ်၏။
တမေ၀၊ ထိုချီးမြှောက်သူ မှီဝဲဆည်းကပ်သူကိုပင်။
(သော အသန္တော၊ ထိုချီးမြှောက်ခံရ ဆည်းကပ်ခံရသော မသူတော်သည်)။
ဃာသံ ကုရုတေ၊ ကိုက်စားမှု ပျက်စီးမှုကို ပြုလုပ်၏။
(ကထံ၊ အဘယ်ကဲ့သို့နည်းဟူမူကား)။
သဉ္ဇီ ဝိကော ဗျ ဂ္ဃေါ သဉ္ဇီဝ၊ အသက်သွင်းပေးအပ်သော ကျားသေသည်။
တမေဝ၊ ထိုသဦးကိုပင်။
ယာသံ ကုရုတေ ယထာ၊ ကိုက်စားခြင်း ပျက်စီးခြင်းကို ပြုသကဲ့သို့တည်း။
တတ္ထ၊ ထိုဂါထာ၌။
**အသန္တိန္တိ**၊ အသန္တဟူသည်ကား။
တီဟိ ဒုစ္စရိတေဟိ၊ သုံးမျိုးကုန်သော မကောင်းကျင့်တို့နှင့်။
သမန္နာဂတံ ဒုဿီလံ၊ ပြည့်စုံသော သီလမရှိသော။
ပါပဓမ္မံ၊ ယုတ်မာသော သဘောရှိသူကိုတည်း။
**ယော ပဂ္ဂဏှာတီ** တိ၊ ယော ပဂ္ဂဏှာတိ ဟူသည်ကား။
ခတ္တိယာဒီသု ယော ကောစိ၊ ခတ္တိယမျိုးစသည်တို့တွင် အကြင်အမှတ်မထား တစ်ပါးပါးသောသူသည်။
ဧဝရူပံ ဒုဿီလံ၊ ဤသို့သဘောရှိသော သီလမရှိသော။
ပဗ္ဗဇိတံ ဝါ၊ ရှင်ရဟန်းကိုသော် မူလည်း။
စီဝရာဒိသမ္ပဒါနေန၊ သင်္ကန်းစသည် ကောင်းစွာ ပေးခြင်းဖြင့်။
ဂဟဋ္ဌံ ဝါ၊ လူကိုသော်မူလည်း။
ဥပရဇ္ဇသေနာပတိဋ္ဌာနာဒိသမ္ပဒါနေန၊ အိမ်ရှေ့မင်းရာထူး စစ်သူကြီးရာထူးစသည် ကောင်းစွာပေးခြင်းဖြင့်။
ပဂ္ဂဏှာတိ၊ ချီးမြှောက်အံ့တည်း။
သက္ကာရသမ္မာနံ ကရောတိ၊ ကောင်းစွာပြုခြင်း မြတ်နိုးခြင်းကို ပြုအံ့တည်း။
ဣတိ အတ္ထော၊ ဤကား ယော ပုဂ္ဂဏှာတိအနက်တည်း။
**အသန္တံ စူပသေဝတီ** တိ၊ အသန္တံ စူပသေဝတိဟူသည်ကား။
ယော စ ဧဝရူပံ၊ အကြင်သူသည်လည်း ဤသို့ သဘောရှိသော။
အသန္တံ ဒုဿီလံ၊ မသူတော်ဖြစ်သော သီလမရှိသူကို။
ဥပသေဝတိ ဘဇတိ၊ မှီဝဲဆည်းကပ်အံ့။
ပရိယုပါသတိ၊ အနီးချဉ်းကပ်အံ့။
**တမေဝ ဃာသံ ကုရုတေ** တိ၊ = တမေဝ ဃာသံ ကုရုတေဟူသည်ကား။
အသန္တပဂ္ဂဏှကံ တမေဝ၊ မသူတော်ချီးမြှောက်မိသော ထိုသူ့ကိုပင်။
ဒုဿီလော၊ သီလမရှိသော။
သော ပါပပုဂ္ဂလော၊ ထိုယုတ်မာသော ပုဂ္ဂိုလ်သည်း။
ဃသတိ သံခါဒတိ၊ ကိုက်စား၏။
ဝိနာသံ ပါပေတိ၊ ပျက်စီးခြင်းသို့ ရောက်စေ၏။
ကထံ၊ အဘယ် ကဲ့သို့နည်း ဟူမူကား။
**သဉ္ဇီ ဝိကော ဗျ ဂ္ဃေါ ယထာ**၊ သဉ္ဇီဝအသက်သွင်းပေးအပ် သော ကျားသေကဲ့သို့တည်း။
ဣတိ၊ ဤကားအဖြေတည်း။
သဥ္ဇီဝေန မာဏဝေန၊ သဉ္ဇီ ဝမည်သော လုလင်သည်။
မန္တံ ပရိဝတ္တေတွာ၊ မန္တာန်ကို မန်းမှုတ်၍။
သဉ္ဇီဝိကော မတဗျဂ္ဂေါသဿီဝ၊ အသက်သွင်းပေးအပ်သော ကျားသေသည်။
ဇီဝိတသမ္ပဒါနေန သမ္ပဂ္ဂတော၊ အသက်သွင်းပေးခြင်းဖြင့် ချီးမြှောက်အပ်သော ကျားသေသည်။
အတ္တနော ဇီဝိတဒါယကံ၊ မိမိအား အသက်သွင်းပေးတတ်သော။
သဉ္ဇီ ဝမေဝ၊ သဉ္ဇီဝ ကိုပင်။
ဇီဝိတာ ဝေါရောပေတွာ၊ အသက်မှ ကျစေ၍။
တစ္ဆေ ပါတေတိ ယထာ၊ ထိုကျားသေအနီး၌ပင် လဲကျစေဘိသကဲ့သို့။
ဧဝံ အညော ယောပိ၊ ဤအတူ အခြားသော အကြင်သူသည်လည်း။
အသန္တပဂ္ဂဟံ ကရောတိ၊ မသူတော်ချီးမြှောက်မှုကို ပြုအံ့။
သော ဒုဿီလော၊ ချီးမြှောက်ထားသည့် ထိုဒုဿီလသည်။
အတ္တနော တံ သမ္မဂ္ဂါဟကမေဝ၊ မိမိအား ထိုကောင်းစွာ ချီးမြှောက်ထားသူကိုပင်။
ဝိနာသေတိ၊ ပျက်စီးစေတတ်၏။
ဧဝံ အသန္တ သမဂ္ဂါဟကာ၊ ဤကဲ့သို့ မသူတော်ချီးမြှောက်မှုပြုသူတို့သည်။
ဝိနာသံ ပါပုဏန္တိ၊ ပျက်စီးခြင်းသို့ ရောက်ကြရကုန်၏။
ဣတိ၊ ဤကား ဂါထာဖွင့်အပြီးတည်း။
ဗောဓိသတ္တော ဣမာယ ဂါထာယ၊ ဘုရားလောင်းသည် ဤဂါထာဖြင့်။
မာဏဝါနံ ဓမ္မံ ဒေသေတွာ၊ တပည့်လုလင်တို့အား တရားကို ဟော၍။
ဒါနာဒီနိ ပုညာနိ ကတွာ၊ ဒါနစကုန်သော ကောင်းမှုတို့ကို ပြု၍။
ယထာကမ္မံ ဂတော၊ ကံအားလျော်စွာ လားပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာ တော်ကို ဆောင်တော်မူ၍။
“တဒါ မတဗျဂ္ဃုဋ္ဌာပနကော၊ ထိုရှေးအခါက ကျားသေ ထစေတတ်သော။
မာဏဝေါ၊ သဥ္ဇီ ဝ လုလင်သည်။
အဇာတသတ္တု အဟောသိ၊ အဇာတသတ်မင်းသည် ဖြစ်လာပြီ။
ဒိသာပါမောက္ခော အာစရိယော ပန၊ ဒိသာပါမောက္ခဖြစ်သော ဆရာသည်ကား။
အဟမေဝ အဟောသိန္တိ၊ ငါဘုရား သည်သာ ဖြစ်လာပြီ”ဟု။
ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
**သဉ္ဇီဝဇာတကဝဏ္ဏနာ ဒသမာ၊ သဉ္ဇီ ဝဇာတ်အဖွင့်သည် ဒသမတည်း။**
ကကဏ္ဋကဝဂ္ဂေါ ပန္နရသမော၊ ကကဏီကဝဂ်သည် ပန္နရသမတည်း။
တဿ ဥဒ္ဓါနံ၊ ထိုကကဏုကဝဂ်၏ အကျဉ်းချုပ်ဥဒါန်းစဉ်ကား
ဂေါဓသိင်္ဂါလဝိရောစံ၊ ဂေါဓာဇာတ် သိင်္ဂါလဇာတ် ဝိရောစဇာတ် လည်းကောင်း။
နင်္ဂုဋ္ဌရာဓကောကဥ္စ၊ နင်္ဂုဋ္ဌဇာတ် ရာမဇာတ် သမုဒ္ဒကာကဇာတ် လည်းကောင်း။
ပုပ္ဖရတ္တဉ္စ သိင်္ဂါလံ၊ ပုပ္ဖရတ္တဇာတ်လည်းကောင်း သိင်္ဂါလဇာတ်လည်းကောင်း။
ဧကပဏ္ဏဉ္စ သဥ္ဇီဝံ၊ ဧကပဏ္ဏဇာတ်လည်းကောင်း သဉ္ဇီ ဝဇာတ်လည်းကောင်းတည်း။
အထ ဝဂ္ဂုဒ္ဒါနံ၊ ထို့အပြင် ဝဂ်အကျဉ်းချုပ်ကား--
အပဏ္ဏကော သီလဝဂ္ဂေါ၊ အပဏ္ဏကဝဂ်လည်းကောင်း သီလဝဂ် လည်းကောင်း။
ကုရုင်္ဂေါ စ ကုလာဝကော၊ ကုရုင်္ဂဝဂ်လည်းကောင်း ကုလာဝ ကဝဂ်လည်းကောင်း။
အတ္ထကာမော စ အာသီသော၊ အတ္ထကာမဝဂ် လည်းကောင်း အာသီသဝဂ်လည်းကောင်း။
ဣတ္ထီဝရုဏပါယိမှာ၊ ဣတ္ထိဝဂ် ဝရုဏဝဂ် အပါယိမှဝဂ်တို့လည်းကောင်း။
လိတ္တော ပရောသတံ ဟံစိ၊ လိတ္တဝဂ်လည်းကောင်း ပရောသတဝဂ်လည်းကောင်း ဟံစိဝဂ်လည်းကောင်း။
ကုသနာဠာ သမ္ပဒါနော၊ ကုသနာဠိဝဂ် အသမ္ပဒါနဝဂ်လည်းကောင်း။
ကကဏ္ဍကော ပန္နရသ၊ ကကဏဝဂ်လည်းကောင်း (၁၅)ဝဂ် တို့တည်း။
ဇာတကာ သတပဏ္ဏာသ၊ ဇာတ်တို့သည်ကား (၁၅၀)တည်း။
ဣတိ၊ ပြီးပြီ။
ဧကကနိပါတဝဏ္ဏနာ နိဋ္ဌိတာ၊ ဧကကနိပါတ်အဖွင့်သည် ပြီးပြီ။
ပဌမော ဘာဂေါ နိဋ္ဌိတော၊ ပဌမဖြစ်သော အုပ်သည်ပြီးပြီ။