Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
Jātaka-aṭṭhakathā(Paṭhamo bhāgo)
Jātaka-aṭṭhakathā(Paṭhamo bhāgo)

[3] 3. Serivavāṇijajātakavaṇṇanā

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

**ဣဓ စေ နံ ဝိရာဓေသီ**တိ ဣမမ္ပိ ဓမ္မဒေသနံ၊ ဣဓ စေ နံ ဝိရာဓေသိ စသော ဤတရားဒေသနာတော်ကိုလည်း။ ဘဂဝါ သာဝတ္ထိယံ ဝိဟရန္တော၊ ဘုရားရှင်သည် သာဝတ္ထိမြို့တော်အနီး၌ နေတော်မူစဉ်။ ဧကံ ဩဿဋ္ဌဝီရိယမေဝ ဘိက္ခုံ ဧဝ၊ တစ်ပါးသော စွန့်လွှတ်အပ်သောဝီရိယရှိသော ရဟန်းကိုပင်။ အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
ဟိ ပုရိမနယေနေဝ၊ ချဲ့ပြောအံ့ ရှေ့နည်းဖြင့်ပင်။ ဘိက္ခူဟိ အာနီတံ၊ ရဟန်းတို့သည် ခေါ်ဆောင်အပ်ခဲ့သော။ တံ ဒိသွာ၊ ထိုရဟန်းကို မြင်တော်မူ၍။
"ဘိက္ခု တွံ၊ အိုရဟန်း သင်သည်။ ဧဝရူပေ မဂ္ဂဖလဒါယကေ၊ ဤသို့မြင့်မြတ်သော သဘောရှိသော မဂ်ဖိုလ်ကျိုးပေးတတ်သော။ သာသနေ ပဗ္ဗဇိတွာ၊ သာသနာတော်၌ ရှင်ရဟန်းပြု၍။ ဝီရိယံ ဩဿဇန္တော၊ ဝီရိယကို စွန့်လွှတ်သော်။ သတသဟဿဂ္ဃနိကာယ ကဉ္စနပါတိယာ၊ အဖိုးတစ်သိန်းထိုက်သော ရွှေခွက်မှ။ ပရိဟီနော သေရိဝဝါဏိဇော ဝိယ၊ ဆုတ်ယုတ်ဆုံးရှုံးသော သေရိဝကုန်သည်ကဲ့သို့။ စိရံ သောစိဿသီတိ၊ ကြာမြင့်စွာပတ်လုံး ပူပန်ရလတ္တံ့"ဟု။ သတ္ထာ အာဟ၊ ဘုရားရှင်သည် မိန့်တော်မူပြီ။
ဘိက္ခူ တဿ အတ္ထဿ၊ ရဟန်းတို့သည် ထိုသေရိဝကုန်သည်အကြောင်း၏။ အာဝိဘာဝတ္ထံ ဘဂဝန္တံ ယာစိံသု၊ ထင်စွာဖြစ်ခြင်းအကျိုးငှာ ဘုရားရှင်ကို ဟောဖို့တောင်းပန်ကုန်ပြီ။ ဘဂဝါ ဘဝန္တရေန၊ ဘုရားရှင်သည် ဘဝတစ်ပါးဖြင့်။ ပဋိစ္ဆန္နကာရဏံ ပါကဋံ အကာသိ၊ ဖုံးလွှမ်းအပ်သော သေရိဝကုန်သည်အကြောင်းကို ထင်ရှားသည်ကို ပြုတော်မူပြီ။
အတီတေ ဣတော ပဉ္စမေ ကပ္ပေ၊ လွန်လေပြီးသောအခါ၌ ဤဘဒ္ဒကမ္ဘာမှ နောက်ပြန်ရေတွက်သော် ငါးခုမြောက်ဖြစ်သော ကမ္ဘာ၌။ ဗောဓိသတ္တော သေရိဝရဋ္ဌေ၊ ဘုရားလောင်းသည် သေရိဝတိုင်း၌။ ကစ္ဆပုဋဝါဏိဇော အဟောသိ၊ လည်ဆွဲတန်ဆာ ရောင်းသူသည် (ရွဲကုန်သည်သည်) ဖြစ်ပြီ။
သော သေရိဝနာမကေန၊ ထိုဘုရားလောင်းသည် သေရိဝအမည်ရှိသော။ ဧကေန လောလကစ္ဆပုဋဝါဏိဇေန သဒ္ဓိံ၊ တစ်ယောက်သော လော်လည်သည့် လည်ဆွဲတန်ဆာရောင်းသူနှင့် တကွ။ ဝေါဟာရတ္ထာယ ဂစ္ဆန္တော၊ အရောင်းအဝယ်အကျိုးငှာသွားသော်။ နီလဝါဟံ နာမ နဒိံ ဥတ္တရိတွာ၊ နီလဝါဟမည်သော မြစ်ကို ကူး၍။ အရိဋ္ဌပုရံ နာမ နဂရံ ပဝိသန္တော၊ အရိဋ္ဌပုရမည်သော မြို့သို့ ဝင်သော်။ နဂရဝီထိယော ဘာဇေတွာ၊ မြို့လမ်းမတို့ကို ခွဲဝေကြ၍။ အတ္တနော ပတ္တဝီထိယာ၊ မိမိအတွက် ကျရောက်ရာလမ်း၌။ ဘဏ္ဍံ ဝိက္ကိဏန္တော ဝိစရိ၊ လည်ဆွဲတန်ဆာဘဏ္ဍာကို ရောင်းချလျက် လှည့်လည်ပြီ။
ဣတရောပိ အတ္တနော ပတ္တဝီထိံ ဂဏှိ၊ ဤဘုရားလောင်းမှတစ်ပါး သေရိဝကုန်သည်သည်လည်း မိမိအတွက် ကျရောက်ရာလမ်းကို ယူပြီ, ယူ၍အရောင်းအဝယ်ပြုပြီ။
တသ္မိံ စ နဂရေ ဧကံ သေဋ္ဌိကုလံ၊ ထိုအရိဋ္ဌပုရမြို့၌လည်း တစ်မြုံသော သူဌေးမျိုးသည်။ ပရိဇိဏ္ဏံ အဟောသိ၊ ယိုယွင်းပျက်စီးသည် ဖြစ်ပြီ။ သဗ္ဗေ ပုတ္တဘာတိကာ စ ဓနဉ္စ၊ သားသမီး မောင်နှမအားလုံးတို့သည်လည်းကောင်း, စည်းစိမ်ဥစ္စာသည်လည်းကောင်း။ ပရိက္ခယံ အဂမံသု၊ ကုန်ခန်းပျက်စီးခြင်းသို့ ရောက်ကုန်ပြီ။ ဧကာ ဒါရိကာ၊ တစ်ယောက်သော သူငယ်မသည်။ အယျိကာယ သဒ္ဓိံ၊ ဘွားအေနှင့်တကွ။ အဝသေသာ အဟောသိ၊ ကျန်နေသည် ဖြစ်ပြီ။ တာ ဒွေပိ ပရေသံ၊ ထိုမြေး, အဖွားနှစ်ယောက်တို့သည်လည်း သူတစ်ပါးတို့၏။ ဘတိံ ကတွာ ဇီဝန္တိ၊ လက်ခစားကို ပြုလုပ်၍ အသက်မွေးရကုန်၏။
တာသံ ဂေဟေ ပန၊ ထိုမြေးအဖွားတို့၏ အိမ်၌ကား။ မဟာသေဋ္ဌိနာ ပရိဘုတ္တပုဗ္ဗာ၊ သူဌေးကြီးသည် အသုံးပြုခဲ့သော။ ဘာဇနန္တရေ နိက္ခိတ္တာ သုဝဏ္ဏပါတိ၊ အိုးခွက်တို့အကြား၌ ထားအပ်သော ရွှေခွက်သည်။ ဒီဃရတ္တံ အဝလဉ္ဇိယမာနာ၊ ရှည်စွာသောညဉ့်ပတ်လုံး အသုံးမပြုအပ်သော်။ မလဂ္ဂဟိတာ အဟောသိ၊ အညစ်အကြေးစွဲယူအပ်သည်, အညစ်အကြေးအလိမ်းလိမ်းကပ်သည် ဖြစ်ပြီ။ တာ တဿာ၊ ထိုမြေး, အဖွားတို့သည် ထိုရွှေခွက်၏။ သုဝဏ္ဏပါတိဘာဝမ္ပိ န ဇာနန္တိ၊ ရွှေခွက်ဖြစ်ကြောင်းကိုပင်လည်း မသိကြကုန်။
သော လောလဝါဏိဇော တသ္မိံ သမယေ၊ ထိုလော်လည်သော လည်ဆွဲကုန်သည်သည် ထိုအခါ၌။ "မဏိကေ ဂဏှထ၊ လည်ဆွဲတန်ဆာတို့ကို ဝယ်ယူကြကုန်လော့။ မဏိကေ ဂဏှထာတိ ဝိစရန္တော၊ လည်ဆွဲတန်ဆာတို့ကို ဝယ်ယူကြကုန်လော့"ဟု လှည့်လည်‌ရောင်းချလျက်။ တံ ဃရဒွါရံ ပါပုဏိ၊ မြေးအဖွားတို့၏ ထိုအိမ်တံခါးပေါက်သို့ ရောက်လာပြီ။
သာ ကုမာရိကာ တံ ဒိသွာ၊ ထိုမြေးသူငယ်မသည် ထိုလော်လည်သော လည်ဆွဲတန်ဆာကုန်သည်ကိုမြင်၍။ "အမ္မ မယှံ၊ အိုအဖွား ကျွန်မအတွက်။ ဧကံ ပိဠန္ဓနံ ဂဏှာတိ၊ တစ်ခုသော လည်ဆွဲတန်ဆာကို ဝယ်ယူပေးပါလော့"ဟု။ အယျိကံ အာဟ၊ အဖွားကို ပြောပြီ။
အမ္မ မယံ ဒုဂ္ဂတာ၊ အိုငါ့မြေး ငါတို့သည် ဆင်းရဲကုန်၏။ ကိံ ဒတွာ ဂဏှိဿာမာတိ၊ ဘာကို ပေး၍ ဝယ်ယူကြကုန်အံ့နည်းဟု ပြောပြီ။
နော အယံ ပါတိ အတ္ထိ၊ ကျွန်မတို့အား ဤခွက်သည် ရှိ၏။ အမှာကံ နော စ ဥပကာရာ၊ ကျွန်မတို့အား ကျေးဇူးလည်း မများပါ။ ဣမံ ဒတွာ ဂဏှာတိ၊ ဤခွက်ကို ပေး၍ ဝယ်ယူပါလော့ ဟုပြောပြီ။
သာ ဝါဏိဇံ ပက္ကော သာပေတွာ၊ ထိုအဖွားသည် လည်ဆွဲတန်ဆာကုန်သည်ကို ခေါ်စေ၍ (အခေါ်ခိုင်း၍)။ အာသနေ နိသီဒါပေတွာ၊ နေရာ၌ ထိုင်စေ၍။ တံ ပါတိံ ဒတွာ၊ ထိုရွှေခွက်ကို ပေး၍။ "အယျ ဣမံ ဂဟေတွာ၊ အိုအမောင် ဤခွက်ကို ယူ၍။ တဝ ဘဂိနိယာ၊ အမောင်၏ နှမအား။ ကိဉ္စိဒေဝ ဒေဟီတိ အာဟ၊ လည်ဆွဲတန်ဆာတစ်စုံတစ်ခုကို ပေးပါလော့"ဟု ပြောပြီ။
ဝါဏိဇော ပါတိံ၊ လည်ဆွဲတန်ဆာကုန်သည် ထိုလော်လည်သည် ခွက်ကို။ ဟတ္ထေန ဂဟေတွာဝ၊ လက်ဖြင့် ကိုင်ပြီး၍ပင်။ သုဝဏ္ဏပါတိ ဘဝိဿတီတိ၊ ရွှေခွက်သည် ဖြစ်လိမ့်မည်ဟု ထင်၍။ ပရိဝတ္တေတွာ ပါတိပိဋ္ဌိယံ၊ အထက်အောက် ချာချာလှည့်၍ ခွက်ကျော,ခွက်ဖင်၌။ သူစိယာ လေခံ ကဍ္ဎိတွာ၊ အပ်ဖြင့် အကြောင်းကလေးကို ဆွဲကြည့်သော်။ သုဝဏ္ဏဘာဝံ ဉ တွာ၊ ရွှေဖြစ်ကြောင်းကို သိ၍။ ဣမာသံ ကိဉ္စိ အဒတွာဝ၊ "ဤမြေးအဖွားတို့အား တစ်စုံတစ်ခုကို မပေးမူ၍သာ။ ဣမံ ပါတိံ ဟရိဿာမီတိ၊ ဤခွက်ကို ဆောင်ယူအံ့"ဟု တွေး၍။ "အယံ ကိံ အဂ္ဃတိ၊ ဤခွက်သည် ဘာတန်လို့လဲ။ အဿာ မူလံ၊ ဤခွက်၏ တန်ဖိုးသည်။ အဍ္ဎမာသကောပိ န ဟောတီတိ၊ ပဲဝက်သည်လည်း မဖြစ်မရှိ"ဟု ပြော၍။ ဘူမိယံ ခိပိတွာ၊ မြေပေါ်၌ ပစ်ချ၍။ အာသနာ ဥဋ္ဌာယ ပက္ကာမိ၊ နေရာမှ ထ၍ ဖဲသွားပြီ။
ဧကေန ပဝိသိတွာ နိက္ခန္တဝီထိံ၊ တစ်ယောက်သည် ဝင်ရောင်းပြီး၍ ထွက်သွားသော လမ်းသို့။ ဣတရော ပဝိသိတုံ လဘတိ၊ သည့်ပြင်တစ်ယောက်သည် ဝင်ခြင်းငှာ (ဝင်ရောင်းခြင်းငှာ) အခွင့်ရ၏။ ဣတိ ဗောဓိသတ္တော၊ ထို့ကြောင့် ဘုရားလောင်းသည်။ တံ ဝီထိံ ပဝိသိတွာ၊ မြေးအဖွားတို့‌‌နေရာ ထိုလမ်းသို့ ဝင်၍။ "မဏိကေ ဂဏှထ၊ လည်ဆွဲတန်ဆာတို့ကို ဝယ်ယူကြကုန်လော့။ မဏိကေ ဂဏှထာတိ ဝိစရန္တော၊ လည်ဆွဲတန်ဆာတို့ကို ဝယ်ယူကုန်လော့"ဟု လှည့်လည်ရောင်းလျက်။ တမေဝ ဃရဒွါရံ ပါပုဏိ၊ မြေးအဖွားတို့နေရာ ထိုအိမ်တံခါးပေါက်သို့ပင် ရောက်ပြီ။
ပုန သာ ကုမာရိကာ၊ တစ်ဖန် ထိုမြေးသူငယ်မသည်။ တထေဝ အယျိကံ အာဟ၊ ထိုရှေးအတူပင် အဖွားကို ပူဆာစကားပြောပြီ။
အထ နံ အယျိကာ၊ ထိုအခါ၌ ထိုမြေးမကို အဖွားသည်။ "အမ္မ ပဌမံ အာဂတဝါဏိဇော၊ အိုငါ့မြေး ရှေးဦးစွာ လာသောလည်ဆွဲတန်ဆာကုန်သည်သည်။ ပါတိံ ဘူမိယံ၊ ခွက်ကို မြေ၌။ ခိပိတွာ ဂတော၊ ပစ်ချ၍ သွားပြီ။ ဣဒါနိ ကိံ ဒတွာ၊ ယခုအခါ၌ အဘယ်ကို ပေး၍။ ဂဏှိဿာမာတိ အာဟ၊ ဝယ်ယူကုန်အံ့နည်းဟု ပြောပြီ။
အမ္မ သော ဝါဏိဇော ဖရုသဝါစော၊ အိုအဖွား ထိုထွက်သွားသော ကုန်သည်သည် ကြမ်းတမ်းသော စကားရှိ၏။ အယံ ပန ပိယဒဿနော မုဒုသလ္လာပေါ၊ ဤကုန်သည်သည်ကား ချစ်ခင်ဖွယ်ရှုကြည့်မှုရှိ၏, နူးညံ့သောအပြောအဆို ရှိ၏။ နံ အပ္ပေဝ နာမ ဂဏှေယျာတိ၊ ထိုခွက်ကို ယူမှု, ယူတန်ရာပါ၏ဟု ပြောပြီ။
အမ္မ တေန ဟိ ပက္ကောသာဟီတိ၊ အိုမြေး ထိုသို့ဖြစ်လျှင် ခေါ်လော့ဟု ပြောပြီ။
သာ တံ ပက္ကောသိ၊ ထိုမြေးငယ်မသည် ထိုဘုရားလောင်း လည်ဆွဲတန်ဆာကုန်သည်ကို ခေါ်ပြီ။
အထ၊ ခေါ်ပြီးရာ ထိုအခါ၌။ ဂေဟံ ပဝိသိတွာ၊ အိမ်သို့ ဝင်၍။ နိသိန္နဿ အဿ၊ ထိုင်နေသော ထိုဘုရားလောင်း လည်ဆွဲတန်ဆာကုန်သည်အား။ တံ ပါတိံ အဒံသု၊ ထိုခွက်ကို ပေးကုန်ပြီ။
သော တဿာ၊ ထိုဘုရားလောင်း လည်ဆွဲတန်ဆာကုန်သည်သည် ထိုခွက်၏။ သုဝဏ္ဏပါတိဘာဝံ ဉ တွာ၊ ရွှေခွက်ဖြစ်ကြောင်းကို သိ၍။ "အမ္မ အယံ ပါတိ၊ အို မိခင် ဤရွှေခွက်သည်။ သတသဟဿံ အဂ္ဃတိ၊ တစ်သိန်းကို ထိုက်တန်၏။ သတသဟဿဂ္ဃနကဘဏ္ဍံ၊ တစ်သိန်းတန်လည်ဆွဲတန်ဆာပစ္စည်းသည်။ မယှံ ဟတ္ထေ၊ ကျွန်တော်၏ လက်၌။ နတ္ထီတိ အာဟ၊ မရှိပါ"ဟု ပြောပြီ။
အယျ ပဌမံ အာဂတဝါဏိဇော၊ အိုအမောင် ရှေးဦးစွာလာသော လည်ဆွဲတန်ဆာကုန်သည်သည်။ "အယံ အဍ္ဎမာသကမ္ပိ၊ ဤခွက်သည် ပဲဝက်ကိုမျှလည်း။ န အဂ္ဃတီတိ ဝတွာ၊ မထိုက်တန်ဟု ပြော၍။ ဘူမိယံ ခိပိတွာ ဂတော၊ မြေ၌ ပစ်ချ၍ သွားပြီ။ တဝ ပုညေန၊ သင်အမောင်၏ ကုသိုလ်ကံကြောင့်။ အယံ ပန သုဝဏ္ဏပါတိ၊ ဤခွက်သည်ကား ရွှေခွက်သည်။ ဇာတာ ဘဝိဿတိ၊ ဖြစ်လာသည် ဖြစ်လတ္တံ့။ မယံ ဣမံ၊ မြေးအဖွား ငါတို့သည် ဤခွက်ကို။ တုယှံ ဒေမ၊ သင်အမောင်အား ပေးကုန်၏။ နော ကိဉ္စိဒေဝ ဒတွာ၊ မြေးအဖွား ငါတို့အား တစ်စုံတစ်ရာကိုသာ ပေး၍။ ဣမံ ဂဟေတွာ ယာဟီတိ၊ ဤခွက်ကို ယူ၍ သွားလော့"ဟု ပြောကုန်ပြီ။
ဗောဓိသတ္တော တသ္မိံ ခဏေ၊ ဘုရားလောင်းသည် ထိုအခါ၌။ ဟတ္ထဂတာနိ ပဉ္စကဟာပဏသတာနိ၊ လက်၌ရှိနေကုန်သော ငွေငါးရာတို့ကိုလည်းကောင်း။ ပဉ္စသတဂ္ဃနကံ၊ ငါးရာတန်သော။ သဗ္ဗံ ဘဏ္ဍဉ္စ ဒတွာ၊ အလုံးစုံသော လည်ဆွဲတန်ဆာပစ္စည်းကိုလည်းကောင်း ပေးပြီး၍။ "မယှံ ဣမံ တုလဉ္စ၊ ကျွန်တော်အား ဤချိန်ခွင်ကိုလည်းကောင်း။ ဣမံ ပသိဗ္ဗကဉ္စ အဋ္ဌကဟာပဏေ စ၊ ဤအိတ်ကိုလည်းကောင်း, ငွေရှစ်ကျပ်တို့ကိုလည်းကောင်း။ ဒေထာတိ ဧတ္တကံ ယာစိတွာ၊ ပေးပါကုန်လော့"ဟု ဤမျှကို တောင်း၍။ အာဒါယ ပက္ကာမိ၊ ယူ၍ ဖယ်သွားပြီ။
သော သီဃမေဝ၊ ထိုဘုရားလောင်းသည် လျင်မြန်စွာသော။ နဒီတီရံ ဂန္တွာ၊ မြစ်ကမ်းသို့ သွား၍။ နာဝိကဿ အဋ္ဌကဟာပဏေ ဒတွာ၊ ကူးတို့သမားအား ငွေရှစ်ကျပ်တို့ကို ပေး၍။ နာဝံ အဘိရုဟိ၊ လှေကို တက်စီးပြီ။
တတော လောလဝါဏိဇောပိ၊ ထို့နောက်မှ လော်လည်သော လည်ဆွဲတန်ဆာကုန်သည်သည်လည်း။ ပုန တံ ဂေဟံ ဂန္တွာ၊ တစ်ဖန် မြေးအဖွားတို့၏ ထိုအိမ်သို့သွား၍။ "တံ ပါတိံ အာဟရထ၊ ထိုခွက်ကို ဆောင်ခဲ့ကြကုန်လော့။ တုမှာကံ ကိဉ္စိဒေဝ၊ သင်တို့အား တစ်စုံတစ်ခုသော လည်ဆွဲတန်ဆာကိုသာ။ ဒဿာမီတိ အာဟ၊ ပေးအံ့"ဟု ပြောပြီ။
သာ တံ ပရိဘာသိတွာ၊ ထိုမြေးငယ်မသည် ထိုလော်လည်သော လည်ဆွဲတန််ဆာကုန်သည်ကို ရေရွတ်မောင်းမဲ၍။ "တွံ အမှာကံ၊ သင်သည် ငါတို့၏။ သတသဟဿဂ္ဃနိကံ သုဝဏ္ဏပါတိံ၊ အဖိုးတစ်သိန်းထိုက်သော ရွှေခွက်ကို။ အဍ္ဎမာသဂ္ဃနိကမ္ပိ န အကာသိ၊ ပဲဝက်တန်ဖိုးရှိသည်ကိုသော်လည်း မပြုပြီ။ တုယှံ သာမိကသဒိသော၊ သင်၏ သခင်နှင့်တူသော။ ဧကော ဓမ္မိကော ဝါဏိဇော ပန၊ တစ်ယောက်သော တရားရှိသော လည်ဆွဲတန်ဆာကုန်သည်သည်ကား။ အမှာကံ သဟဿံ ဒတွာ၊ ငါတို့အား တစ်ထောင်ကို ပေး၍။ တံ အာဒါယ၊ ထိုခွက်ကို ယူ၍။ ဂတောတိ အာဟ၊ သွားပြီ"ဟု ပြောပြီ။
တံ သုတွာဝ၊ ထိုစကားကို ကြား၍သာလျှင်။ သတသဟဿဂ္ဃနိကာယ သုဝဏ္ဏပါတိယာ၊ အဖိုးတစ်သိန်းထိုက်သော ရွှေခွက်မှ။ ပရိဟီနော အမှိ၊ ဆုတ်ယုတ်ဆုံးရှုံးသည် ဖြစ်၏။ အယံ မေ၊ ဤသူကား ငါ၏။ မဟာဇာနိကရော၊ စင်စစ် အရှုံးကြီးကိုပြုတတ်သူတည်းဟု တွေး၍။ သဉ္ဇာတဗလဝသောကော၊ ကောင်းစွာဖြစ်သော သောကအားရှိ၍။ သတိံ ပစ္စုပဋ္ဌာပေတုံ အသက္ကောန္တော၊ သတိကို ရှေးရှုတည်စေခြင်းငှာ (ထားခြင်းငှာ) မစွမ်းနိုင်ရကား။ ဝိသညီ ဟုတွာ၊ အမှတ်သညာကင်းသူသည် ဖြစ်၍။ အတ္တနော ဟတ္ထဂတေ၊ မိမိ၏ လက်၌ ရှိနေကုန်သော။ ကဟာပဏေ စေဝ ဘဏ္ဍိကဉ္စ၊ ငွေတို့ကိုလည်းကောင်း လည်ဆွဲတန်ဆာပစ္စည်းစုကိုလည်းကောင်း။ ဃရဒွါရေယေဝ ဝိကိရိတွာ၊ အိမ်တံခါး၌သာ ဖြန့်ကြဲ၍။ နိဝါသနပါရုပနံ ပဟာယ၊ ခါးဝတ်ကိုယ်ရုံကို ပယ်စွန့်၍ (ချွတ်၍)။ တုလာဒဏ္ဍံ မုဂ္ဂရံ ကတွာ အာဒါယ၊ ချိန်ခွင်ရိုးကို ဆောက်ပုတ်သဖွယ်ကို ပြု၍ ယူ၍။ ဗောဓိသတ္တဿ အနုပဒံ ပက္ကန္တော၊ ဘုရားလောင်း၏ ခြေရာအစဉ်အတိုင်း ဖဲသွားသော်။ နဒီတီရံ ဂန္တွာ၊ မြစ်ကမ်းသို့ ရောက်သွား၍။ ဗောဓိသတ္တံ ဂစ္ဆန္တံ ဒိသွာ၊ ဘုရားလောင်းကို လှေစီးသွားနေသည်ကို မြင်၍။ "အမ္ဘော နာဝိက နာဝံ၊ အို အမောင်လှေသမား လှေကို။ နိဝတ္တေဟီတိ အာဟ၊ နစ်လော့ နောက်ပြန် လာလော့"ဟု ပြောပြီ။
ဗောဓိသတ္တော ပန၊ ဘုရားလောင်းသည်ကား။ "တာတ မာ နိဝတ္တယီတိ ပဋိသေဓေသိ၊ အိုအမောင် မနစ်လင့်"ဟု တားမြစ်ပြီ။
ဂစ္ဆန္တံ ဗောဓိသတ္တံ၊ လှေစီးသွားနေသော ဘုရားလောင်းကို။ ပဿန္တဿေဝ ဣတရဿပိ၊ မြင်နေရသည်သာဖြစ်သော သည့်ပြင် လော်လည်သော လည်ဆွဲတန်ဆာကုန်သည်အားလည်း။ ဗလဝသောကော ဥဒပါဒိ၊ အားကောင်းသော ပူပန်မှုသည် သိသာထင်ရှားစွာ ဖြစ်ပြီ။ ဟဒယံ ဥဏှံ အဟောသိ၊ နှလုံးသားသည် ပူသည် ဖြစ်ပြီ။ မုခတော လောဟိတံ ဥဂ္ဂဉ္ဆိ၊ ခံတွင်းမှ သွေးသည် အန်ပြီ။ ဝါပိကဒ္ဒမော ဝိယ ဟဒယံ ဖလိ၊ ရေအိုင်မှ ရွှံ့ညွန်ကဲ့သို့ နှလုံးသားသည် ကွဲပြီ။
သော ဗောဓိသတ္တေ၊ ထိုလော်လည်သော လည်ဆွဲတန်ဆာကုန်သည်သည် ဘုရားလောင်း၌။ အာဃာတံ ဗန္ဓိတွာ၊ ရန်ငြိုးကို ဖွဲ့၍။ တတ္ထေဝ ဇီဝိတက္ခယံ ပါပုဏိ၊ ထိုမြစ်ကမ်း၌ပင် အသက်ကုန်ခြင်းသို့ ရောက်ပြီ။
ဗောဓိသတ္တေ ဒေဝဒတ္တဿ၊ ဘုရားလောင်းအပေါ်၌ ဒေဝဒတ်၏။ ဣဒံ၊ ဤရန်ငြိုးဖွဲ့ခြင်းသည်။ ပဌမံ အာဃာတဗန္ဓနံ၊ အစဆုံးသော ရန်ငြိုးဖွဲ့ခြင်းတည်း။
ဗောဓိသတ္တော ဒါနာဒီနိ၊ ဘုရားလောင်းသည် ဒါနအစရှိကုန်သော။ ပုညာနိ ကတွာ၊ ကောင်းမှုတို့ကို ပြု၍။ ယထာကမ္မံ ဂတော၊ ကံအားလျော်စွာ လားပြီ။
သမ္မာသမ္ဗုဒ္ဓေါ ဣမံ ဓမ္မဒေသနံ ကထေတွာ၊ ဘုရားရှင်သည် ဤတရား‌ဒေသနာတော်ကို ဟောတော်မူပြီး၍။ ဣမံ ဂါထံ၊ ဤဂါထာကို။ အဘိသမ္ဗုဒ္ဓေါဝ ကထေသိ၊ ဘုရားဖြစ်တော်မူပြီး၍သာ (ဘုရားဖြစ်တော်မူပြီးမှသာ) ဟောတော်မူပြီ။ ဂါထာအနက်ကား--
၃။ ဣဓ၊ ဤသာသနာတော်၌။ သဒ္ဓမ္မဿ၊ သူတော်ကောင်းတရား၏။ နံ နိယာမတံ၊ ထိုမြဲသည်၏အဖြစ်ကို။ စေ ဝိရာဓေသိ၊ အကယ်၍ ချွတ်ယွင်းစေအံ့။ (ဧဝံ၊ ဤသို့ ချွတ်ယွင်းစေသော်)။
သေရိဝေါ၊ သေရိဝမည်သော။ အယံ ဝါဏိဇော ဣတိ၊ ဤလည်ဆွဲတန်ဆာကုန်သည်ကဲ့သို့။ စိရံ တွံ အနုတပ္ပေသိ၊ ကြာမြင့်စွာ သင်ရဟန်းသည် အဖန်ဖန် ပူရလတ္တံ့ ပင်ပန်းရလတ္တံ့။
တတ္ထ၊ ထိုဂါထာ၌။ **ဣဓ စေ နံ ဝိရာဓေသိ, သဒ္ဓမ္မဿ နိယာမတန္တိ**၊ 'ဣဓ စေ နံ ဝိရာဓေသိ, သဒ္ဓမ္မဿ နိယာမတံ'ဟူသည်ကား။ ဣမသ္မိံ သာသနေ၊ ဤသာသနာတော်၌။ သဒ္ဓမ္မဿ နိယာမတာသင်္ခါတံ၊ သူတော်ကောင်းတရား၏ မြဲသည်၏အဖြစ်ဟု ဆိုအပ်သော။ ဧတံ သောတာပတ္တိမဂ္ဂံ ဝိရာဓေသိ၊ ထိုသောတာပတ္တိမဂ်ကို ချွတ်ယွင်းစေအံ့။
ယဒိ ဝိရာဓေသိ၊ အကယ်၍ ချွတ်ယွင်းစေအံ့။ ဝီရိယံ ဩဿဇန္တော၊ ဝီရိယကို စွန့်သောကြောင့်။ နာဓိဂစ္ဆသိ၊ မရောက်အံ့။ န ပဋိလဘသိ၊ မရအံ့။ ဣတိ အတ္ထော၊ ဤကား ဝိရာဓေသိအဖွင့် နာမိဂစ္ဆသိ အနက်တည်း။
**စိရံ တွံ အနုတပ္ပေသီ**တိ၊ စိရံ တွံ အနုတပ္ပေသိ ဟူသည်ကား။ ဧဝံ သန္တေ၊ ဤသို့ ချွတ်ယွင်းစေမှု ဖြစ်လတ်သော်။ တွံ ဒီဃံ အဒ္ဓါနံ၊ သင်ရဟန်းသည် ရှည်စွာသော ကာလပတ်လုံး။ သောစန္တော ပရိဒေဝန္တော၊ စိုးရိမ်လျက် ငိုကြွေးလျက်။ အနုတပေဿသိ၊ အဖန်ဖန် ပူပန်ရလတ္တံ့။ အထ ဝါ ဩဿဋ္ဌဝီရိယတာယ၊ တစ်နည်းကား စွန့်လွှတ်အပ်ပြီးသော ဝီရိယရှိသည်၏အဖြစ်ကြောင့်။ အရိယမဂ္ဂဿ ဝိရာဓိတတ္တာ၊ အရိယာမဂ်ကို ချွတ်ယွင်းစေအပ်သည်၏အဖြစ်ကြောင့်။ ဒီဃရတ္တံ၊ ရှည်စွာသော ညဉ့်ပတ်လုံး။ နိရယာဒီသု ဥပ္ပန္နော၊ ငရဲစသည်တို့၌ ဖြစ်၍။ နာနပ္ပကာရာနိ ဒုက္ခာနိ အနုဘဝန္တော၊ အထူးထူးအပြားပြားကုန်သော ဆင်းရဲတို့ကို ခံစားရလျက်။ အနုတပ္ပိဿသိ ကိလမိဿသိ၊ အဖန်ဖန်ပူပန်ရလတ္တံ့ ပင်ပန်းရလတ္တံ့။ ဣတိ အယံ ဧတ္ထ အတ္ထော၊ ဤကား ဤစိရံ တွံ အနုတပ္ပေသိပါဌ်၌ အနက်တည်း။
ကထံ၊ ဘယ်သူကဲ့သို့နည်း။
သေရိဝါယံဝ ဝါဏိဇောတိ၊ သေရိဝါယံဝ ဝါဏိဇောတိ ဟူသည်ကား။ သေရိဝါတိ ဧဝံ နာမကော၊ သေရိဝဟု ဤသို့ နာမည်ရှိသော။ အယံ ဝါဏိဇော ယထာ၊ ဤလည်ဆွဲတန်ဆာကုန်သည်ကဲ့သို့တည်း။
"ပုဗ္ဗေ၊ ရှေး၌။ သေရိဝနာမကော ဝါဏိဇော၊ သေရိဝအမည်ရှိသော လည်ဆွဲတန်ဆာကုန်သည်သည်။ သတသဟဿဂ္ဃနိကံ သုဝဏ္ဏပါတိံ လဘိတွာ၊ အဖိုးတစ်သိန်းထိုက်သော ရွှေခွက်ကို ရသလိုဖြစ်ပါလျက်။ တဿာ ဂဟဏတ္ထာယ၊ ထိုရွှေခွက်ကို ယူခြင်းငှာ။ ဝီရိယံ အကတွာ၊ မှန်ကန်သော ဝီရိယကို မပြုသောကြောင့်။ တတော ပရိဟီနော အနုတပ္ပိ ယထာ၊ ထိုရွှေခွက်မှ ဆုတ်ယုတ်ဆုံးရှုံး၍ အဖန်ဖန်ပူပင်ရရှာသကဲ့သို့။ ဧဝမေဝ တွမ္ပိ၊ ဤအတူသာ သင်ရဟန်းသည်လည်း။ ဣမသ္မိံ သာသနေ၊ ဤသာသနာတော်၌။ ပဋိယတ္တသုဝဏ္ဏပါတိသဒိသံ အရိယမဂ္ဂံ၊ စီရင်အပ်သော ရွှေခွက်နှင့်တူသော အရိယာမဂ်ကို။ ဩဿဋ္ဌဝီရိယတာယ အနဓိဂစ္ဆန္တော၊ စွန့်လွှတ်အပ်သော ဝီရိယရှိသည်၏ အဖြစ်ကြောင့် မရသော်။ တတော ပရိဟီနော၊ ထိုအရိယာမဂ်မှ ဆုတ်ယုတ်ဆုံးရှုံး၍။ ဒီဃရတ္တံ အနုတပ္ပိဿသိ၊ ရှည်စွာ သောညဉ့်ပတ်လုံး အဖန်ဖန်ပူပင်ရလတ္တံ့။
သစေ ပန ဝီရိယံ န ဩဿဇိဿသိ၊ အကယ်၍ ထူးထူးခြားခြား ဝီရိယကို မစွန့်လွှတ်အံ့။ ပဏ္ဍိတဝါဏိဇော သုဝဏ္ဏပါတိံ အလဘိ ဝိယ၊ ပညာရှိလည်ဆွဲတန်ဆာကုန်သည်သည် ရွှေခွက်ကို ရရှိသွားသကဲ့သို့။ မမ သာသနေ၊ ငါဘုရား၏ သာသနာတော်၌။ နဝဝိဓမ္ပိ လောကုတ္တရဓမ္မံ၊ ကိုးပါးအပြားရှိသည်လည်းဖြစ်သော လောကုတ္တရာ တရားကို။ ပဋိလဘိဿသီတိ၊ ရလိမ့်မည်"ဟု။ ဣဒံ ဝုတ္တံ ဟောတိ၊ ဤအဓိပ္ပါယ်ကို ရှင်တော်ဘုရား ဆိုလိုသည် ဖြစ်၏။
ဧဝံ အဿ၊ ဤသို့ ထိုရဟန်းအား။ သတ္ထာ အရဟတ္တေန၊ ဘုရားရှင်သည် အရဟတ္တဖိုလ်ဖြင့်။ ကူဋံ ဂဏှန္တော၊ အထွတ်အထိပ်ကို ယူလျက်။ ဣမံ ဓမ္မဒေသနံ ဒဿေတွာ၊ ဤတရားဒေသနာတော်ကို ပြတော်မူ၍။ စတ္တာရိ သစ္စာနိ ပကာသေသိ၊ သစ္စာလေးပါးတို့ကို ပြတော်မူပြီ။ သစ္စပရိယောသာနေ၊ သစ္စာလေးပါးပြတော်မူပြီးသည့် အဆုံး၌။ ဩဿဋ္ဌဝီရိယော ဘိက္ခု၊ စွန့်လွှတ်အပ်သော ဝီရိယရှိသော ရဟန်းသည်။ အဂ္ဂဖလေ အရဟတ္တေ ပတိဋ္ဌာသိ၊ အမြတ်ဆုံး အကျိုးဖြစ်သော ရဟန္တာဘဝ၌ တည်ပြီ။
သတ္ထာပိ ဒွေ ဝတ္ထူနိ ကထေတွာ၊ ဘုရားရှင်သည်လည်း အတိတ်ပစ္စုပ္ပန်ဝတ္ထုကြောင်းနှစ်ခုတို့ကို ဟောတော်မူပြီး၍။ အနုသန္ဓိံ ဃဋေတွာ၊ အနုသန္ဓေကို ဆက်စပ်တော်မူ၍။
"တဒါ ဗာလဝါဏိဇော၊ ထိုရှေးအခါက လည်ဆွဲတန်ဆာကုန်သည် မိုက်သည်။ ဒေဝဒတ္တော အဟောသိ၊ ယခုအခါဒေဝဒတ်သည် ဖြစ်လာပြီ။ ပဏ္ဍိတဝါဏိဇော ပန၊ ထိုအခါက လည်ဆွဲတန်ဆာကုန်သည် ပညာရှိသည်ကား။ အဟမေဝ အဟောသိန္တိ၊ ယခုအခါ ငါဘုရားသည်သာ ဖြစ်လာပြီ"ဟု။ ဇာတကံ သမောဓာနေတွာ ဒဿေသိ၊ ဇာတ်ကို ပေါင်း၍ ပြတော်မူပြီ။ ဣတိ ဒေသနံ နိဋ္ဌာပေသိ၊ ဤသို့ဇာတ်ပေါင်းပြ၍ တရားဒေသနာတော်ကို ပြီးဆုံးစေတော်မူပြီ။
**တတိယာ သေရိဝဝါဏိဇဇာတကဝဏ္ဏနာ**၊ **သုံးခုမြောက်ဖြစ်သော သေရိဝဝါဏိဇဇာတ် အဖွင့်တည်း။**