**အပိ နု ဟနုကာ သန္တာ** တိက္ကဒံ၊ အပိ နု ဟနုကာ သန္တာအစရှိသော ဤတရား ဒေသနာတော်ကို။
သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ်။
သမ္ဗဟုလေ မဟလ္လကေ ဘိက္ခူ၊ များစွာကုန်သော ရဟန်းကြီးတို့ကို။
အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
သာဝတ္ထိယံ ကုဋုမ္မိကာ၊ သာဝတ္ထိမြိုက သူကြွယ်ဖြစ်ကုန်သော။
အမှာ မဟဒ္ဓနာ၊ မြှုပ်ထားသည့် ပစ္စည်း ရှိကြကုန်သော နေ့စဉ်သုံးပစ္စည်း များစွာရှိကုန်သော။
ဂိဟိကာလေအညမညသဟာယကာ၊ လူဖြစ်စဉ်က အချင်းချင်းသူငယ်ချင်း ဖြစ်ကုန်သော။
တေ ဧကတော ဟုတွာ၊ ထိုရဟန်းကြီးများစွာတို့သည် တစ်ပေါင်းတည်း ဖြစ်ကြ၍။
ပုညာနိ ကရောန္တာ၊ ကောင်းမှုတို့ကို ပြုကြလျက်။
သတ္ထု ဓမ္မဒေသနံ သုတွာ၊ ဘုရားရှင်၏ ဟောကြားအပ်သော တရားကို နာကြရ၍။
“မယံ မဟလ္လကာ၊ ငါတို့သည် အသက်ကြီးကြပြီ။
နော ဃရာဝါသေန ကိံ၊ ငါတို့အား အိမ်၌နေခြင်းဖြင့် ဘာအကျိုးရှိအံ့နည်း။
သတ္ထု သန္တိကေ၊ ဘုရားရှင်၏ အထံတော်၌။
ရမဏီယေ ဗုဒ္ဓသာသနေ၊ မွေ့လျော်ထိုက်သော ဘုရားသာသနာတော်၌။
ပဗ္ဗဇိတွာ၊ ရှင်ရဟန်းပြုကြ၍။
ဒုက္ခဿ အန္တိ၊ ဝဋ်ဒုက္ခ၏ ကုန်ဆုံးမှုကို။
ကရိဿာမာတိ၊ ပြုကြမည်”ဟုတိုင်ပင်ကြ၍။
သဗ္ဗံ သာပတေယျံ၊ အားလုံးသော ပစ္စည်းကို။
ပုတ္တမီတာဒီနံ ဒတွာ၊ သားသမီးစသူတို့အား ပေးပြီး၍။
အမုခံ ဉာတိသင်္ဃ ပဟာယ၊ မျက်နှာ၌မျက်ရည်ရှိသော ဆွေမျိုးအပေါင်းကို စွန့်ခွါ၍။
သတ္ထာရံ ပဗ္ဗဇ္ဇံ၊ ရှင်တော်ဘုရားကို ရှင်ရဟန်းအဖြစ်ကို။
ယာစိတွာ ပဗ္ဗဇိံ သု ကိရ၊ တောင်းပန်၍ ရှင်ရဟန်းပြုကြပြီတဲ့။
ပဗ္ဗဇိတွာ ပန ပဗ္ဗဇ္ဇာနုရူပံ၊ ရှင်ရဟန်းပြုပြီး၍ကား ရှင်ရဟန်း အဖြစ်အားလျော်စွာ။
သမဏဓမ္မံ န ကရိံသု၊ ရဟန်းတရားကို မပြုကြပြီ။
မဟလ္လက ဘာဝေန၊ အသက်ကြီးသည့်အဖြစ်ကြောင့်။
ဓမ္မမ္မိ န ပရိယာပုဏိံ သု၊ ပရိယတ္တိ တရားကိုလည်း မသင်ယူကြပြီ။
ဂိဟိကာလေ ဝိယ၊ လူဖြစ်စဉ်ကာလ၌ကဲ့သို့။
ပဗ္ဗဇ္ဇိတကာလေပိ၊ ရဟန်းဖြစ်ရာအခါ၌လည်း။
ဝိဟာရပရိယန္တေ၊ ဇေတဝန်ကျောင်း တော်အစွန်အဖျား၌။
ပဏ္ဏသာလံ ကာရေတွာ၊ သစ်ရွက်မိုးကျောင်းကို ဆောက် လုပ်စေ၍။
ဧကတောဝ ဝသိံသု၊ တစ်ပေါင်းတည်းသာ နေကြပြီ။
ပိဏ္ဍာယ စရန္တာပိ၊ ဆွမ်းအကျိုးငှာ သွားကြကုန်သော်လည်း။
အညတ္ထ အဂန္တွာ၊ အခြားအိမ်သို့ မသွားကြမူ၍။
ယေဘုယျေန၊ များသောအားဖြင့်။
အတ္တနော ပုတ္တဒါရဿ ဂေဟံဧဝ၊ မိမိ၏ သား သမီးသားမယား၏ အိမ်သို့သာ။
ဂန္တွာ သုဉ္စိံသု၊ သွား၍ ဘုဉ်ပေးကြပြီ။
တေသု ဧကဿ၊ ထိုရဟန်းကြီးတို့တွင် တစ်ပါး၏။
ပုရာဏ ဒုတိယိကာ၊ မယားဟောင်းသည်။
သဗ္ဗေသမ္ပိ မဟလ္လကတ္ထေရာနံ၊ အားလုံးလည်း ဖြစ်ကုန်သော သက်ကြီးမထေရ်တို့အား။
ဥပကာရာ အဟော၊ ကျေးဇူး ပြုတတ်သည် ဖြစ်ပြီ။
တသ္မာ သေသာပိ၊ ထို့ကြောင့် ကျန်သက်ကြီး မထေရ်တို့သည် လည်း။
အတ္တနာ လဒ္ဓံ၊ မိမိသည် ရရှိအပ်သော။
အာဟာရံ ဂဟေတွာ၊ အာဟာရကို ယူ၍။
တဿာ ဂေဟေဧဝ၊ ထိုမယားဟောင်း၏ အိမ်၌သာ။
နိသီဒိတွာ ဘုဉ္ဇန္တိ၊ နေ၍ ဘုဉ်းပေးကြကုန်၏။
သာပိ တေသံ၊ ထိုမယားဟောင်း သည်လည်း ထိုသက်ကြီးမထေရ်တို့အား။
ယထာသန္တိဟိတံ၊ အကြင်အကြင် ကောင်းစွာစီရင်အပ်သော။
သူပဗျဉ္ဇနံ ဒေတိ၊ ပဲနောက်ဟင်း, လက်သုတ်လျာ ဟင်းကို ပေးလှူ၏။
သာ အညတရေန ရောဂေန၊ ထိုမယားဟောင်းသည် အညတရဖြစ်သော ရောဂါသည်။
ဖုဋ္ဌာ ကာလံ အကာသိ၊ တွေ့ထိနှိပ်စက်အပ်၍ သေမှုကို ပြုပြီ။
အထ တေ မဟလ္လကတ္ထေရာ၊ ထိုအခါ ထိုသက်ကြီးမထေရ် တို့သည်။
ဝိဟာရံ ဂန္တွာ၊ ကျောင်းတော်သို့ သွားကြ၍။
အညမညံ ဂီဝါသု ဂဟေတွာ၊ အချင်းချင်း လည်ပင်းတို့ကို ကိုင်ကြ၍။
“မဓုရဟတ္ထရသာ ဥပါသိကာ၊ ချိုမြိန်သော လက်အရသာရှိသော ဥပါသိကာမသည်။
ကာလကတာတိ၊ သေရှာပြီ”ဟု ပြောကြ၍။
ဝိဟာရပစ္စန္တေ၊ ကျောင်းတော်အစွန်အဖျား၌။
ရောဒန္တာ ဝိစရိံသု၊ ငိုကျွေးကြလျက် လှည့်လည်ကုန်ပြီ။
တေသံ သဒ္ဒံ သုတွာ၊ ထိုသက်ကြီးရဟန်းတို့၏ ငိုသံကို ကြားရ၍။
ဣတော စိတော စ၊ ဤမှလည်း ဤမှလည်း။
ဘိက္ခူ သန္နိပတိတွာ၊ ရဟန်းတို့သည် ကောင်းစွာကျရောက်စုဝေးကြ၍။
“အာဝုသော ကသွာ၊ အို. . ငါ့ရှင်တို့ ဘာ့ကြောင့်။
ရောဒထာတိ ပုစ္ဆိံသု၊ ငိုကြသနည်း”ဟု မေးကုန်ပြီ။
တေ၊ ထိုအသက်မထေရ်တို့သည်။
“အမှာကံ သဟာယကဿ၊ တပည့်တော်တို့၏ သူငယ်ချင်း၏။
ပုရာဏဒုတိယိကာ၊ မယားဟောင်းဖြစ်သော။
မဓုရဟတ္ထရသာ ကာလကတာ၊ ချိုမြိန်သော လက်အရသာရှိသူမသည် သေရှာပြီ။
အတိဝိယ အမှာကံ၊ အလွန်ပင် တပည့်တော်တို့အား။
ဥပကာရာ၊ ကျေးဇူးပြု တတ်၏။
ဣဒါနိ ကုတော၊ ယခုအခါ အဘယ်မှာ။
တထာရူပိံ လဘိဿာမာတိ၊ ထိုသို့သဘောရှိသူမကို ရနိုင်ပါအံ့နည်း’ဟု။
ဣမိနာ ကာရဏေန၊ ဤအကြောင်း ကြောင့်။
ရောဒိမှာတိ အာဟံသု၊ ငိုကြပါပြီ”ဟု လျှောက်ကုန်ပြီ။
တေသံ တံ ဝိပ္ပကာရံ ဒိသွာ၊ ထိုသက်ကြီးရဟန်းတို့၏ ထိုဖောက်ပြန်သော အပြုအမူကို တွေ့ကြရ၍။
ဘိက္ခူ ဓမ္မသဘာယံ၊ ရဟန်းတို့သည် တရားသဘင်၌။
“အာဝုသော ဣမိနာ နာမ ကာရဏေန၊ အို. ငါ့ရှင်တို့ ဤမည်သော အကြောင်း ကြောင့် ။
မဟလ္လတ္ထေရာ အညမညံ၊ သက်ကြီးမထေရ်တို့သည် အချင်းချင်း။
ဂီဝါသု ဂဟေတွာ၊ လည်ပင်တို့ကို ကိုင်ကြ၍။
ဝိဟာရပစ္စန္တေ၊ ကျောင်းတော် အစွန် အဖျား၌။
ရောဒန္တာ ဝိစရန္တီတိ၊ ငိုကုန်လျက် လှည့်လည်ကြ၏”ဟု။
ကထံ သမုဋ္ဌာပေသုံ၊ စကားကို ဖြစ်စေကြကုန်ပြီ။
သတ္ထာ အာဂန္တွာ၊ ဘုရားရှင်သည်ကြွလာတော်မူပြီး၍။
“ဘိက္ခဝေ ဧတရဟိ၊ အို. ရဟန်းတို့ ယခုအခါ ။
ကထာယ သန္နိသိန္နာ၊ အဘယ်မည်သော စကားဖြင့် ကောင်းစွာထိုင်နေကြသည်။
အတ္ထ နုတိ ပုစ္ဆိတွာ၊ ဖြစ်ကြသနည်း”ဟု မေးတော်မူ၍။
ဣမာယ နာမာတိ ဝုတ္တေ၊ ဤမည်သော စကားဖြင့်ပါဟု လျှောက်ထားအပ်သော်။
“ဘိက္ခဝေ ဣဒါနေဝ၊ အို. ရဟန်းတို့ ယခုအခါသာ။
ဧတေ တဿာ ကာလကိရိယာယ၊ ဤသက်ကြီး ရဟန်းတို့သည် ထိုအမျိုးသမီး၏ ပျက်စီးခြင်းကြောင့်။
ရောဒန္တာ န ဝိစရန္တိ၊ ငို ကြွေးကုန်လျက် လှည့်လည်ကြသည် မဟုတ်သေး။
ပုဗ္ဗေပိ ဧတေ၊ ရှေးကလည်း ဤသက်ကြီးရဟန်းတို့ သည်။
ကာကယောနိယံ နိဗ္ဗတ္တိတွာ၊ ကျီးမျိုး၌ ဖြစ်ကြ၍။
သမုဒ္ဓေ မတံ ဣမံ နိဿာယ၊ သမုဒ္ဒရာ၌ သေသော ဤအမျိုးသမီးကို အမှီပြု၍။
‘သမုဒ္ဒဥဒကံ ဥဿိဒ္ဓိတွာ၊ သမုဒ္ဒရာရေကို ငုံကြ၍။
ဧတံ နိဟရိဿာမာတိ၊ ဤကျီးမဖြစ်နေသော အမျိုးသမီးကို ထုတ်ဆောင်ကြအံ့'ဟု။
ဝါယမန္တာ၊ အားထုတ်ကြသော်။
ပဏ္ဍိတေ နိဿာယ၊ ပညာရှိတို့ကို အမှီပြု၍။
ဇီဝိတံ လဘိံသူတိ ဝတွာ၊ အသက်ကို ရဖူးကြပြီ”ဟု မိန့်တော်၍။
အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။
ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။
သမုဒ္ဒဒေဝတာ ဟုတွာ နိဗ္ဗတ္တိ၊ ပင်လယ်စောင့်နတ်သည် ဖြစ်၍ ဖြစ်ပြီ။
အထ ဧကော ကာကော၊ ထိုအခါ တစ်ကောင်သော ကျီးသည်။
အတ္တနော ဘရိယံ၊ မိမိ၏ မယားဖြစ်သော။
ကာကိ အာဒါယ၊ ကျီးမကို ခေါ်ယူ၍။
ဂေါစရံ ပရိယေသမာနော၊ အစာကို ရှာဖွေလျက်။
သမုဒ္ဒတီရံ အဂမာသိ၊ ပင်လယ် ကမ်းနားသို့ ရောက်သွားပြီ။
တသ္မိံ ကာလေ မနုဿာ၊ ထိုအခါက လူတို့သည်။
သမုဒ္ဒတီရေ၊ ပင်လယ်ကမ်းနား၌။
ခီရပါယာသမစ္ဆမံသသုရာဒီဟိ၊ နို့ရည်, နို့ဃနာ, ငါး, အမဲ သေရည်စသည်တို့ဖြင့်။
နာဂဗလိကမ္မံ၊ နဂါးတို့အား ပူဇော်ပသမှုကို။
ကတွာ ပက္ကမိံသု၊ ပြု၍ ဖဲသွားကုန်ပြီ။
အထ သော ကာကာ၊ ထိုအခါ ထိုကျီး သည်။
ဗလိကမ္မဋ္ဌာနံ ဂန္တွာ၊ ပူဇော်မှုပြုရာဌာနသို့ သွား၍။
ခီရာဒီနိ ဒိသွာ၊ နို့ရည် စသည်တို့ကို တွေ့မြင်ရ၍။
ကာကိယာ သဒ္ဓိံ၊ ကျီးမနှင့် အတူ။
ခီရပါယာသ မစ္ဆမံသာဒီနိ ဘုဉ္ဇိတွာ၊ နို့ရည် နို့ဃနာ ငါး အမဲစသည်တို့ကို စားပြီး၍။
ဗဟုံ သုရံ ပိဝိ၊ များစွာသော သေရည်ကို သောက်ပြီ။
တေ ဥဘောပိ သုရာမဒမတ္တာ၊ ထိုကျီဖို,ကျီးမနှစ်ကောင်တို့သည်လည်း သေရည်ရစ်မူးကြကုန်၍။
သမုဒ္ဒကီဠံ ကိဠိဿာမာတိ၊ ပင်လယ်ရေကစားခြင်းကို ကစားကြမည်ဟု တွေး၍။
ဝေလန္တေ နိသီဒိတွာ၊ ပင်လယ်ကမ်းစပ်၌ နေကြ၍။
နှာဟိတုံ အာရဘိသု၊ ရေချိုးခြင်းငှာ ။
အထ ဧကာ ဥမိ အာဂန္တွာ၊ ထိုအခါ တစ်လုံးသော လှိုင်းသည် အားထုတ်ကြပြီ။
အထ ဧကာ၊ ရောက်လာခဲ့၍။
ကာကိံ ဂဟေတွာ၊ ကျီးမကို ယူသွား၍။
သမုဒ္ဒံ ပဝေသေသိ၊ ပင်လယ်ထဲသို့ သွင်းပြီ။
တံ ဧကော မစ္ဆာ၊ ထိုကျီးမကို တစ်ကောင်သော ငါးသည်။
မံသံ ခါဒိတွာ အဇ္ဈောဟရိ၊ အသားကို စားပြီး၍ မျိုချပြီ။
ကာကော၊ ကျီးသည်။
“မေ ဘရိယာ မတာတိ၊ ငါ၏ မယားသည် သေရှာပြီ”ဟု။
ရောဒိ ပရိဒေဝီ၊ ငိုပြီ မြည်တမ်းပြီ။
အထ အဿ၊ ထိုအခါ ထိုကျီး၏။
ပရိဒေဝနသဒ္ဒံ သုတွာ၊ ငိုကျွေးသံကို ကြားရ၍။
ဗဟူ ကာကာ သန္နိပတိတွာ၊ များစွာကုန်သော ကျီးတို့သည် ကောင်းစွာ စုဝေးကျရောက်၍။
“ကိံ ကာရဏာ၊ အဘယ်အကြောင်းကြောင့်။
ရောဒသီတိ ပုစ္ဆိံ သု၊ ငိုကြွေးသနည်း”ဟု မေးကြပြီ။
ဝေါ သဟာယိကာ၊ သင်တို့၏ သူငယ်ချင်း မသည်။
ဝေလန္တေ နှာယမာနာ၊ ကမ်းစပ်၌ ရေချိုးနေသော်။
ဦမိယာ ဟဋာတိ၊ လှိုင်း၏ ဆောင်ယူမှုခံရသည်ဟု ဖြေပြီ။
တေ သဗ္ဗေပိ ဧကရဝံ၊ ထိုကျီးအားလုံး တို့သည်လည်း တစ်ပေါင်းတည်းသော အသံကို။
ရဝန္တာ ရောဒိံသု၊ အသံပြုကြ လျက် ငိုကုန်ပြီ။
အထ နေသံ၊ ထိုအခါ ထိုကျီးတို့မှာ။
“ဣဒံ သမုဒ္ဒဥဒကံ နာမ၊ ဤပင်လယ် ရေမည်သည်။
အမှာကံ ကိ ပဟောသိ၊ ငါတို့အတွက် ဘာဖြစ် လောက်အံ့နည်း။
ဥဒကံ ဥဿိဉ္စိတွာ၊ ပင်လယ်ရေကို ငုံယူထွေးပြစ်၍။
သမုဒ္ဒ တုစ္ဆံ ကတွာ၊ ပင်လယ်ကို ရေမရှိ, အချည်းနှီးကို ပြု၍။
သဟာယိကံ နီဟရိ သာမာတိ၊ သူငယ်ချင်းမကို ဆောင်ယူကြမည်”ဟု။
ဧတံ အဟောသိ၊ ဤအကြံ သည် ဖြစ်ပြီ။
တေ မုခံ၊ ထိုကျီးတို့သည် ခံတွင်းကို။
ပူရေတွာ ပူရေတွာ၊ ပြည့်စေ၍ ပြည့်စေ၍။
ဥဒကံ ဗဟိ ဆဍ္ဍေန္တိ၊ ပင်လယ်ရေကို ပင်လယ်ပြင်ပ၌ စွန့်ကြ တွေးကြကုန်၏။
လောအူဒကေန စ၊ ဆားငန်ရေကြောင့်လည်း။
ဂလေ သုဿမာနေ၊ လည်ချောင်း သည် ခြောက်ကပ်သော်။
ဥဋ္ဌာယ ယုဋ္ဌာယ၊ ထပျံ၍ ထပျံ၍။
ဂန္တွာ ဝိဿမန္တိ၊ ကုန်းပေါ်သို့ သွား၍ အပန်းဖြေကုန်၏။
တေ ဟနူသု ကိလန္တေသု၊ ထိုကျီးတို့သည် မေးတို့သည် ပင်ပန်းကုန်သော်။
မုခေသု သုက္ခန္တေသု၊ အာခံတွင်းတို့သည် ခြောက်ကုန်သော်။
အက္ခီသု ရတ္တေသု၊ မျက်စိတို့သည် နီကုန်သော။
ဒီနာ ကိလန္တာ ဟုတွာ၊ ဆင်းရဲကုန်သည် ပင်ပန်း ကုန်သည် ဖြစ်ကြ၍။
အညမညံ အာမန္တေတွာ၊ အချင်းချင်း ခေါ်ဝေါ်ကြ၍။
“အမ္ဘော မယံ၊ အို. . အချင်းတို့ ငါတို့သည်။
သမုဒ္ဒဥဒကံ ဂဟေတွာ၊ ပင်လယ်ရေကို ယူ၍။
ဗဟိ ပါတေမ၊ ပြင်ပသို့ ကျစေကုန်၏။
ဂဟိတဂဟိတဌာနံ ပုန၊ ယူရာ ယူရာဌာနသည် တစ်ဖန်။
ဥဒကေန ပူရတိ၊ ရေဖြင့် ပြည့်မြဲပြည့်၏။
သမုဒ္ဓံ တုစ္ဆံ၊ ပင်လယ်ကို ရေမရှိ အချည်းနှီးကို။
ကာတုံ၊ ပြုခြင်းငှာ။
န သက္ခိဿာမာတိ ဝတွာ၊ စွမ်းနိုင်ကြလိမ့်မည်မဟုတ်”ဟု ပြောကြ၍။
နော ဟနုကာ အပိ သန္တာ၊ ငါတို့၏ မေးတို့သည်လည်း ပင်ပန်းကုန်ပြီ။
မုခဉ္စ ပရိသုဿတိ၊ အာခံတွင်းသည်လည်း ခြောက်၏။
ဩရမာမ န ပါရေမ၊ ဆွဲငင်ကြ,သက်ဝင်စေကြပါ၏ အချည်းနှီးဖြစ်အောင်ကား မစွမ်းနိုင်ကုန်။
မဟောဒဓိ ပူရတေဝ၊ ပင်လယ်သည် ပြည့်မြဲပြည့်နေသည်သာတည်း။
တတ္ထ၊ ထိုဂါထာ၌။
**အပိ နု ဟနုကာ သန္တာ** တိ၊ အပိ နု ဟနုကာ သန္တာ ဟူသည်ကား။
နော ဟနုကာ အပိ သန္တာ၊ ငါတို့၏ မေးတို့သည်လည်း ပန်းကုန်ပြီ။
အမှာကံ ဟနုကာအပိ ကိလန္တာ၊ ငါတို့၏ မေးတို့သည်လည်း ပင်ပန်းကုန်ပြီတည်း။
**ဩရမာမ န ပါရေမာ** တိ၊ ဩရမာမ န ပါရေမဟူသည်။
မယံ အတ္တနော ဗလေန၊ ငါတို့သည် မိမိ၏ စွမ်းအားဖြင့်။
မဟာသမုဒ္ဒဥဒကံ၊ ပင်လယ်ကြီးထဲကရေကို။
အာကနာမ ဩသာရေမ၊ အပြင်ပသို့ငင်ကြ သက်ဝင်စေကြပါကုန်၏။
ပန တုစ္ဆံ နံ၊ သို့သော်လည်း အချည်းနှီးဖြစ်အောင် ထိုပင်လယ်ကို။
ကာတုံ န သက္ကောမ၊ ပြုခြင်းငှာ မစွမ်းနိုင်ကြကုန်။
ဟိ အယံ **မဟောဒဓိ ပူရတေဝ**၊ မှန်၏ ဤပင် လယ်သည် ပြည့်မြဲပြည့်နေသည်သာတည်း။
ဣတိ၊ ဤကား ဂါထာဖွင့်အပြီးတည်း။
စ ပန ဧဝံ ဝတွာ၊ ဆက်၍အထူး ပြောရသော် ဤသို့ ပြောကြ၍။
သဗ္ဗေပိ တေ ကာကာ၊ အလုံးစုံလည်းဖြစ်ကုန်သော ထိုကျီးတို့သည်။
“တဿာ ကာကိယာ၊ ထိုကျီးမ၏။
ဧဝရူပံ နာမ တုဏ္ဍံ အဟောသိ၊ ဤသို့သဘောရှိသည်မည်သောနှုတ်သီးသည် ဖြစ်ပြီ။
ဝဋ္ဋ က္ခီနိ ဧဝရူပါနိ၊ လုံးဝိုင်းသော မျက်စိတို့သည်ကား ဤသို့သဘောရှိကုန်၏။
ဆဝိသဏ္ဌာနံ ဧဝရူပံ၊ အရေနှင့် ပုံသဏ္ဍာန်သည်ကား ဤသို့ သဘောရှိ၏။
မဓုရသန္ဓေါ ဧဝရူပေါ၊ ချိုသာသော အသံကား ဤသို့ သဘောရှိ၏။
နော သာ၊ ငါတို့၏ ထိုကျီးမသည်။
ဣမံ စောရသမုဒ္ဒံ နိဿာယ၊ ဤပင်လယ်သူခိုးကို အမှီပြု၍။
နဋ္ဌာတိ၊ ပျက်စီးရရှာပြီ”ဟု။
ဗဟုံ ဝိပ္ပလပိံ သု၊ များစွာ အထူးထူးအပြားပြား မြည်တမ်းကြပြီ။
ဧဝံ ဝိပ္ပလပမာနေ တေ၊ ဤကဲ့သို့ အထူးထူး အပြားပြား မြည်တမ်းကြကုန်သော ထိုကျီးတို့ကို။
သမုဒ္ဒဒေဝတာ၊ ပင်လယ်စောင့်နတ်, ဘုရားလောင်းသည်။
ဘေရဝရူပံ ဒတွာ၊ ကြောက် မတ်ဖွယ်ရာ အာရုံကို ဖန်ဆင်းပြ၍။
ပလာပေသိ၊ ပျံပြေးစေပြီ။
ဧဝံ တေသံ၊ ဤကဲ့သို့ ထိုကျီးတို့အား။
သောတ္ထိ အဟောသိ၊ ချမ်းသာခြင်းသည် ဖြစ်ပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာ တော်ကို ဆောင်တော်မူ၍။
“တဒါ ကာကီ၊ ထိုရှေးအခါက ကျီးမသည်။
အယံ ပုရာဏဒုတိယိကာ အဟောသိ၊ ဤမယားဟောင်းသည် ဖြစ်လာပြီ။
ကာကော မဟလ္လတ္ထေရော၊ ကျီးဖိုသည်ကား သက်ကြီးမထေရ်တည်း။
သေသကာကာ သေသမဟလ္လတ္ထေရာ၊ ကြွင်းကျန်သော ကျီးတို့သည်ကား ကြွင်းကျန်သော သက်ကြီးမထေရ်တို့တည်း။
သမုဒ္ဒဒေဝတာ ပန၊ ပင်လယ်စောင့်နတ်သည်ကား။
အဟမေဝ အဟောသိန္တိ၊ ငါဘုရားသည်သာ ဖြစ်လာပြီ”ဟု။
ဇာတကံ သမော ဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
**သမုဒ္ဒကာကဇာတကဝဏ္ဏနာ ဆဋ္ဌာ၊ သမုဒ္ဒကာကဇာတ်အဖွင့်သည်ဆဋ္ဌတည်း။**