**ဉာတမေတံ ကုရုင်္ဂဿာ**တိ ဣဒံ၊ ဉာတ မေတံ ကုရုင်္ဂဿ စသော ဤတရားဒေသနာတော်ကို။
သတ္ထာ ဝေဠုဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ်။
ဒေဝဒတ္တံ အာရဗ္ဘ ကထေသိ၊ ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူပြီ။
ဟိ ဧကသ္မိံ သမယေ၊ ချဲ့ပြောရသော် အခါတစ်ပါး၌။
ဓမ္မသဘာယံ သန္နိပတိတာ ဘိက္ခူ၊ တရားသဘင်၌ ကောင်းစွာကျရောက် စုဝေးကုန်သော ရဟန်းတို့သည်။
"အာဝုသော ဒေဝဒတ္တော၊ ငါ့ရှင်တို့ ဒေဝဒတ်သည်။
တထာဂတဿ ဃာတနတ္ထာယ၊ ဘုရားရှင်ကို သတ်ခြင်းငှာ။
ဓနုဂ္ဂဟေ ပယောဇေသိ၊ လေးသမားတို့ကို စေလွှတ်ပြီ။
သိလံ ပဝိဇ္ဈိ၊ ကျောက်လုံးကို လှိမ့်ချပြီ။
ဓနပါလံ ဝိဿဇ္ဇေသိ၊ ဓနပါလခေါ် နာဠာဂိရိဆင်ကို လွှတ်စေပြီ။
သဗ္ဗထာပိ ဒသဗလဿ၊ နည်းမျိုးစုံဖြင့်လည်း ဘုရားရှင်ကို။
ဝဓာယ ပရိသက္ကတီတိ၊ သတ်ခြင်းငှာ အားထုတ်၏"ဟု။
ဒေဝဒတ္တဿ အဝဏ္ဏံ၊ ဒေဝဒတ်၏ ကျေးဇူးမဲ့ကို။
ကထေန္တာ နိသီဒိံသု၊ ပြောကြလျက် ထိုင်နေကုန်ပြီ။
သတ္ထာ အာဂန္တွာ၊ ဘုရားရှင်သည် ကြွလာတော်မူ၍။
ပညတ္တာသနေ နိသိန္နော၊ ခင်းထားအပ်သောနေရာ၌ ထိုင်တော်မူလျက်။
"ဘိက္ခဝေ ဧတရဟိ ကာယ ကထာယ၊ အို ရဟန်းတို့ ယခုအခါ ဘယ်စကားဖြင့်။
သန္နိသိန္နာ အတ္ထ နု ဣတိ၊ ကောင်းစွာထိုင်နေကုန်သည် ဖြစ်ကြသနည်း"ဟု။
ပုစ္ဆိ၊ မေးတော်မူပြီ။
ဘန္တေ ဒေဝဒတ္တော၊ အိုရှင်တော်ဘုရား ဒေဝဒတ်သည်။
တုမှာကံ ဝဓာယ၊ ရှင်တော်မြတ်ဘုရားတို့ကို သတ်ခြင်းငှာ။
ပရိသက္ကတီတိ၊ အားထုတ်၏ဟု။
တဿ အဂုဏကထာယ၊ ထိုဒေဝဒတ်၏ ကျေးဇူးမဲ့ စကားဖြင့်။
သန္နိသိန္နာ အမှာတိ၊ ကောင်းစွာထိုင်နေကုန်သည် ဖြစ်ကြပါ၏ဟု လျှောက်ကုန်ပြီ။
သတ္ထာ၊ ဘုရားရှင်သည်။
"ဘိက္ခဝေ ဒေဝဒတ္တော၊ အို ရဟန်းတို့ ဒေဝဒတ်သည်။
ဣဒါနေဝ မမ၊ ယခုအခါ၌သာ ငါဘုရားကို။
ဝဓာယ န ပရိသက္ကတိ၊ သတ်ခြင်းငှာ အားထုတ်သည်မဟုတ်သေး။
ပုဗ္ဗေပိ မမ၊ ရှေးကလည်း ငါဘုရားကို။
ဝဓာယ ပရိသက္ကိယေဝ၊ သတ်ခြင်းငှာ အားထုတ်ဖူးသည်သာ။
စ ပန မံ၊ အထူးပြောရသော် သတ်ဖို့ရာ အားထုတ်ပါသော်လည်း ငါဘုရားကို။
ဝဓိတုံ နာသက္ခီတိ ဝတွာ၊ သတ်ခြင်းငှာ မစွမ်းနိုင်ဟု မိန့်တော်မူ၍။
အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။
ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။
ဗောဓိသတ္တော ကုရုင်္ဂမိဂေါ ဟုတွာ၊ ဘုရားလောင်းသည် ဒရယ်သည် ဖြစ်၍။
ဧကသ္မိံ အရညာယတနေ၊ တစ်ခုသော တောကြီး၌။
ဖလာနိ ခါဒန္တော ဝသတိ၊ သစ်သီးတို့ကို စားလျက်နေ၏။
သော ဧကသ္မိံ ကာလေ၊ ထိုဘုရားလောင်းဒရယ်သည် အခါတစ်ပါး၌။
ဖလသမ္ပန္နေ သေပဏ္ဏိရုက္ခေ၊ အသီးပြည့်စုံသော ရေမနေ, (ယမနေ)ပင်၌။
သေပဏ္ဏိဖလာနိ ခါဒတိ၊ ရေမနေသီးတို့ကို စား၏။
အထ ဂါမဝါသီ ဧကော အဋ္ဋကလုဒ္ဒကော၊ ထိုအခါ၌ ရွာ၌နေသော တစ်ယောက်သော လင့်စင်ထိုးစောင့်နေသော မုဆိုးသည်။
ဖလရုက္ခမူလေသု မိဂါနံ၊ အသီးရှိသော အပင်ရင်းတို့၌ သားကောင်တို့၏။
ပဒါနိ ဥပဓာရေတွာ၊ ခြေရာတို့ကို စူးစမ်းဆင်ခြင်၍။
ဥပရိ ရုက္ခေ အဋ္ဋကံ ဗန္ဓိတွာ၊ သစ်ပင်ထက်၌ လင့်စင်ကို ဖွဲ့၍ (ထိုး၍)။
တတ္ထ နိသီဒိတွာ၊ ထိုလင့်စင်၌ စောင့်နေ၍။
ဖလာနိ ခါဒိတုံ၊ သစ်သီးတို့ကို စားခြင်းငှာ။
အာဂတာဂတေ မိဂေ၊ လာကုန်လာကုန်သော သားကောင်တို့ကို။
သတ္တိယာ ဝိဇ္ဈိတွာ၊ လှံဖြင့် ပစ်ထိုး၍။
တေသံ မံသံ ဝိက္ကိဏန္တော၊ ထိုသားကောင်တို့၏ အသားကို ရောင်းချလျက်။
ဇီဝိကံ ကပ္ပေတိ၊ အသက်မွေးမှုကို ပြု၏။
သော ဧကဒိဝသံ၊ ထိုလင့်စောင့်မုဆိုးသည် တစ်နေ့၌။
တသ္မိံ ရုက္ခမူလေ ဗောဓိသတ္တဿ၊ ထိုရေမနေပင်ရင်း၌ ဘုရားလောင်း၏။
ပဒဝဠဉ္ဇံ ဒိသွာ၊ ခြေရာကို တွေ့ရ၍။
တသ္မိံ သေပဏ္ဏိရုက္ခေ အဋ္ဋကံ ဗန္ဓိတွာ၊ ထိုရေမနေပင်၌ လင့်စင်ကို ထိုး၍။
ပါတောဝ ဘုဉ္ဇိတွာ၊ စောစောပင် စား၍။
သတ္တိံ အာဒါယ၊ လှံကို ယူ၍။
ဝနံ ပဝိသိတွာ၊ တောသို့ ဝင်၍။
တံ ရုက္ခံ အာရုဟိတွာ၊ ထိုရေမနေပင်ပေါ်သို့ တက်၍။
အဋ္ဋကေ နိသီဒိ၊ လင့်စင်၌ ထိုင်နေပြီ။
ဗောဓိသတ္တောပိ ပါတောဝ၊ ဘုရားလောင်းဒရယ်သည်လည်း စောစောကပင်။
ဝသနဋ္ဌာနာ နိက္ခမိတွာ၊ နေရာဌာနမှ ထွက်ခဲ့၍။
သေပဏ္ဏိဖလာနိ ခါဒိဿာမီတိ အာဂမ္မ၊ ရေမနေသီးတို့ကို စားမည်ဟု လာပြီး၍။
တံ ရုက္ခမူလံ သဟသာဝ အပဝိသိတွာ၊ ထိုရေမနေပင်နားသို့ အဆောတလျင်ပင် မဝင်မူ၍။
"ကဒါစိ အဋ္ဋကလုဒ္ဒကာ၊ ရံခါ လင့်စောင့်မုဆိုးတို့သည်။
ရုက္ခေသု အဋ္ဋကံ ဗန္ဓန္တိ၊ သစ်ပင်တို့၌ လင့်ကို ဖွဲ့ကုန်, ထိုးကုန်၏။
ဧဝရူပေါ ဥပဒ္ဒဝေါ အတ္ထိ နု ခေါတိ၊ ဤသို့ သဘောရှိသော ဘေးရန်သည် ရှိလေသလော"ဟု။
ပရိဂ္ဂဏှန္တော ဗာဟိရတောဝ အဋ္ဌာသိ၊ စူးစမ်းလျက် အပြင်ဘက်၌သာ တည်နေပြီ။
လုဒ္ဒကောပိ ဗောဓိသတ္တဿ၊ လင့်စောင့်မုဆိုးသည်လည်း ဘုရားလောင်းဒရယ်၏။
အနာဂမနံ ဉတွာ၊ မလာမှုကို သိ၍။
အဋ္ဋကေ နိသိန္နောဝ၊ လင့်စင်၌ ထိုင်လျက်ပင်။
သေပဏ္ဏိဖလာနိ ခိပိတွာ ခိပိတွာ၊ ရေမနေသီးတို့ကို ပစ်၍ ပစ်၍။
တဿ ပုရတော ပါတေသိ၊ ထိုဘုရားလောင်းဒရယ်၏ ရှေ့၌ ကျစေပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်းဒရယ်သည်။
"ဣမာနိ ဖလာနိ အာဂန္တွာ၊ ဤရေမနေသီးတို့သည် လာ၍။
မယှံ ပုရတော ပတန္တိ၊ ငါ၏ ရှေ့၌ ကျကုန်၏။
လုဒ္ဒကော ဥပရိ အတ္ထိ နု ခေါတိ၊ လင့်စင်စောင့်မုဆိုးသည် ရေမနေပင်ထက်၌ ရှိလေသလော"ဟု။
ပုနပ္ပုနံ ဥလ္လောကေန္တော၊ ထပ်ကာထပ်ကာ မော်ကြည့်သော်။
လုဒ္ဒကံ ဒိသွာ၊ လင့်စောင့်မုဆိုးကို မြင်၍။
အပဿန္တော ဝိယ ဟုတွာ၊ မမြင်သကဲ့သို့ ဖြစ်၍။
"အမ္ဘောရုက္ခ ပုဗ္ဗေ တွံ၊ အို ရေမနေပင် ရှေးက သင်ရေမနေပင်သည်။
ဩလမ္ဗကံ စာရေန္တော ဝိယ၊ တွဲရရွဲကျလျက် ဖြစ်စေသကဲ့သို့။
ဥဇုကမေဝ၊ ဖြောင့်မတ်စွာ (အောက်တည့်တည့်သာ)။
ဖလာနိ ပါတေသိ၊ အသီးတို့ကို ကျစေ၏ (အသီးကြွေကျ၏)။
အဇ္ဇ ပန တေ၊ ယနေ့ကား ထူးခြားစွာ သင်ရေမနေပင်သည်။
ရုက္ခဓမ္မော ပရိစ္စတ္တော၊ သစ်ပင်တို့သဘောကို စွန့်အပ်ပြီ။
ဧဝံ တယာ၊ ဤကဲ့သို့ သင်ရေမနေပင်သည်။
ရုက္ခဓမ္မေ ပရိစ္စတ္တေ၊ သစ်ပင်တို့သဘောကို စွန့်အပ်သော်။
အဟမ္ပိ အညံ ရုက္ခမူလံ ဥပသင်္ကမိတွာ၊ ငါဒရယ်သည်လည်း အခြားသော သစ်ပင်ရင်းသို့ ချဉ်းကပ်၍။
မယှံ အာဟာရံ၊ ငါ့အတွက် အစာ အာဟာရကို။
ပရိယေသိဿာမီတိ ဝတွာ၊ ရှာအံ့ဟု ပြော၍။
ဣမံ ဂါထံ အာဟ၊ ဤဂါထာကို ရွတ်ဆိုပြီ။
ဂါထာအနက်ကား--
၂၁။ သေပဏ္ဏိ၊ အိုရေမနေပင်။
တွံ၊ သင်ရေမနေပင်သည်။
ယံ သေယျသိ၊ အကြင်သဘော ကျိုးပဲ့၏ (အကြင် စည်းကမ်းပျက်၏)။
ဧတံ၊ သင်၏ ဤစည်းကမ်းပျက်ခြင်းသည်။
ကုရုင်္ဂဿ၊ ငါဒရယ်မှာ။
ဉာတံ၊ ထင်ရှား၏။
မေ၊ ငါဒရယ်အား။
တေ ဖလံ၊ သင်ရေမနေပင်၏ အသီးတည်း။
န ရုစ္စတေ၊ မနှစ်သက်။
(န မေ တေ ရုစ္စတေ ဖလံ၏ ဆိုခဲ့ပြီး အနက်ကား ပါဠိဂတိသဘောအရ အနက်တည်း၊ မြန်မာဂတိသဘောအနက်ကား
မေ၊ ငါဒရယ်သည်။
တေ၊ သင်ရေမနေပင်၏။
ဖလံ၊ အသီးကို။
န ရုစ္စတေ၊ မနှစ်သက်တည်း။)
တတ္ထ **ဉာတန္တိ**၊ ထိုဂါထာ၌ ဉာတံ ဟူသည်ကား။
ပါကဋံ ဇာတံ၊ ထင်ရှားလှသည် ဖြစ်၏တည်း။
**ကုရုင်္ဂဿာ**တိ ကုရုင်္ဂမိဂဿ၊ ကုရုင်္ဂဿ ဟူသည်ကား ဒရယ်သားကောင်မှာတည်း။
**ယံ တွံ သေပဏ္ဏိ သေယျသီ**တိ၊ ယံ တွံ သေပဏ္ဏိ သေယျသိ ဟူသည်ကား။
အမ္ဘော သေပဏ္ဏိရုက္ခ တွံ၊ အိုရေမနေပင် သင်သည်။
ပုရတော ဖလာနိ ပါတယမာနော၊ ငါ့ရှေ့၌ အသီးတို့ကို ကျစေလျက်။
ယံ သေယျသိ ဝိသေယျသိ၊ အကြင်စည်းကမ်း ပျက်၏။
ဝိသိဏ္ဏဖလော ယံ ဟောသိ၊ စည်းကမ်းပျက်သော အသီးရှိသည် အကြင်ဖြစ်၏။
တံ သဗ္ဗံ ကုရုင်္ဂမိဂဿ ပါကဋံ ဇာတံ၊ ထိုစည်းကမ်းပျက်အလုံးစုံသည် ငါဒရယ်မှာ ထင်ရှားလှသည် ဖြစ်၏တည်း။
**န မေ တေ ရုစ္စတေ ဖလန္တိ**၊ န မေ တေ ရုစ္စတေ ဖလံ ဟူသည်ကား။
ဧဝံ ဖလံ ဒဒမာနာယ၊ ဤသို့ အသီးကို ပစ်ပစ်ပေးခြင်းကြောင့်။
တွံ တိဋ္ဌ၊ သင်ရေမနေပင်သည် နေရစ်တော့။
အဟံ အညတ္ထ၊ ငါဒရယ်သည် အခြားအပင်သို့။
ဂစ္ဆိဿာမီတိ အဂမာသိ၊ သွားမည်ဟု ပြော၍ သွားပြီ။
အထ အဿ၊ ထိုအခါ ထိုဘုရားလောင်းဒရယ်အား။
လုဒ္ဒကော အဋ္ဋကေ နိသိန္နောဝ၊ မုဆိုးသည် လင့်စင်၌ နေလျက်သာ။
သတ္တိံ ခိပိတွာ၊ လှံကို ပစ်၍။
"ဂစ္ဆ ဣဒါနိ တံ၊ သွားလိုက်ဦး ယခု သင်ဒရယ်ကို။
ဝိရဒ္ဓေါ အမှီတိ အာဟ၊ လွဲသွားသည် ဖြစ်၏ဟု ပြောပြီ။
ဗောဓိသတ္တော နိဝတ္တိတွာ ဌိတော၊ ဘုရားလောင်းဒရယ်သည် နောက်ပြန်လည်၍ ရပ်လျက်။
"အမ္ဘော ပုရိသ ဣဒါနိ၊ အမောင် ယောကျ်ား ယခုအခါ။
မံ ဝိရဒ္ဓေါ ကိဉ္စာပိ အသိ၊ ငါ့ကို လွဲသွားသည် အကယ်၍ဖြစ်၏။
ပန အဋ္ဌမဟာနိရယေ၊ သို့သော်လည်း ငရဲကြီးရှစ်ထပ်တို့ကို၎င်း။
သောဠသ ဥဿဒနိရယေ၊ ဥဿဒငရဲငယ် ၁၆-ထပ်တို့ကို၎င်း။
ပဉ္စဝိဓဗန္ဓနာဒီနိ ကမ္မကာရဏာနိ စ၊ နှောင်ဖွဲ့ခြင်းငါးမျိုး စကုန်သော ညှဉ်းဆဲမှုတို့ကိုလည်းကောင်း။
အဝိရဒ္ဓေါယေဝ အသီတိ အာဟ၊ မလွဲသည်သာ ဖြစ်၏ဟု ပြောပြီ။
စ ပန ဧဝံ ဝတွာ ပလာယိတွာ၊ ဆက်၍ အထူးပြောရသော် ဤသို့ ပြော၍ ပြေး၍။
ယထာရုစိံ ဂတော၊ အလိုဆန္ဒအတိုင်း သွားပြီ။
လုဒ္ဒေါပိ ဩတရိတွာ၊ လင့်စင်စောင့် မုဆိုးသည်လည်း ဆင်း၍။
ယထာရုစိံ ဂတော၊ အလိုအားလျော်စွာ သွားပြီ။
သတ္ထာပိ၊ ဘုရားရှင်သည်လည်း။
"ဘိက္ခဝေ ဒေဝဒတ္တော၊ အိုရဟန်းတို့ ဒေဝဒတ်သည်။
ဣဒါနေဝ မမ၊ ယခုအခါသာ ငါဘုရားကို။
ဝဓာယ န ပရိသက္ကတိ၊ သတ်ဖို့ရာ အားထုတ်သည် မဟုတ်သေး။
ပုဗ္ဗေပိ ပရိသက္ကိယေဝ၊ ရှေးကလည်း အားထုတ်ဖူးသည်သာ။
စ န ပန မံ၊ ထိုသို့ အားထုတ်ပါသော်လည်း ငါဘုရားကို။
ဝဓိတုံ နာသက္ခီတိ၊ သတ်ခြင်းငှာ မစွမ်းနိုင်ပြီဟု။
ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဤတရားဒေသနာတော်ကို ဆောင်တော်မူ၍။
အနုသန္ဓိံ ဃဋေတွာ၊ အနုသန္ဓေကို ဆက်စပ်တော်မူ၍။
"တဒါ အဋ္ဋကလုဒ္ဒကော၊ ထိုအခါက လင့်စောင့်မုဆိုးသည်။
ဒေဝဒတ္တော အဟောသိ၊ ဒေဝဒတ်သည် ဖြစ်လာပြီ။
ကုရုင်္ဂမိဂေါ ပန အဟမေဝ အဟောသိန္တိ၊ ဒရယ်သားကောင်သည်ကား ငါဘုရားသည်သာ ဖြစ်လာပြီဟု။
ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
**ကုရုင်္ဂမိဂဇာတကဝဏ္ဏနာ ပဌမာ**၊ **ရှေးဦးစွာသော ကုရုင်္ဂမိဂဇာတ်အဖွင့်တည်း။**