**အာယတိံ ဒေါသံ နာညာယာ** တိ ဣဒံ၊ အာယတိံ ဒေါသံ နာညာယ စသော ဤတရားဒေသနာတော်ကို။
သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။
ဧကံ ဥက္ကဏ္ဌိတဘိက္ခု၊ တစ်ပါးသော သာသနာငြီးငွေ့ သော ရဟန်း။
အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟော တော်မူပြီ။
အညတရော ကုလပုတ္တော၊ = တစ်ယောက်သော အမျိုးကောင်းသား သည်။
ဗုဒ္ဓသာသနေ ဥရံ ဒတွာ၊ ဗုဒ္ဓသာသနာ၌ ရင်ကိုပေး၍။
ပဗ္ဗဇိတော ဧကဒိဝသံ၊ ရှင်ရဟန်းပြု၍ တစ်နေ့၌။
သာဝတ္ထိယံ ပိဏ္ဍာယ စရန္တော၊ သာဝတ္ထိမြို့၌ ဆွမ်းအကျိုးငှာ လှည့်လည်သော်။
ဧကံ အလင်္ကတက္ကတ္ထိ၊ တစ်ယောက်သော တန်ဆာ ဆင်အပ်သော မိန်းမကို။
ဒိသွာ ဥက္ကဏ္ဌိ၊ မြင်ရ၍ ငြီးငွေ့ပြီ။
အထ နံ အာစရိယုပဇ္ဈာယာ၊ ထိုအခါ ထိုရဟန်းကို ဆရာ, ဥပဇ္ဈာယ်တို့သည်။
သတ္တု သန္တိကံ အာနယိံသု၊ ဘုရားရှင်၏ထံသို့ ဆောင်ယူကုန်ပြီ။
သတ္ထာ၊ ဘုရားရှင်သည်။
“ဘိက္ခု တွံ၊ ရဟန်း သင်သည်။
ဥက္ကဏ္ဏတော၊ ငြီးငွေ့သည်။
အသိ ကိရ၊ ဖြစ်သတဲ့ဟု ကြားရသည်ကား။
သစ္စန္တိ ပုန္တိတွာ၊ မှန်သလော”ဟု မေးတော်မူ၍ ။
သန္တိ ဝုတ္တေ၊ မှန်ပါ၏ဟု လျှောက်အပ်သော်။
“ဘိက္ခု ဧတေ ပဉ္စ ကာမဂုဏာ နာမ၊ ရဟန်း ဤငါးပါးကုန်သော ကာမဂုဏ်တို့မည်သည်။
ပရိဘောဂကာလေ ရမဏီယာ၊ သုံးဆောင်ခံစားရာ အခါ၌ မွေ့လျော်ဖွယ်ရှိကုန်၏။
ပန တေသံ သော ပရိဘောဂေါ၊ သို့သော်လည်း ထိုကာမဂုဏ်တို့ကို ထိုသုံးဆောင်ခံစားခြင်းသည်။
နိရယာဒီသု ပဋိသန္ဓိဒါယကတ္တာ၊ ငရဲစသည်တို့၌ ပဋိသန္ဓေကျိုးပေးတတ်သည့် အဖြစ်ကြောင့်။
ကိံပတ္တဖလပရိဘောဂသဒိသော ဟောတိ၊ အဆိပ်သီးမှည့် သုံးဆောင်ခြင်းနှင့်တူသည် ဖြစ်၏။
ကိပက္ကဖလံ နာမ ဝဏ္ဏဂန္ဓရသသန္နံ၊ အဆိပ် သီးမှည့်မည်သည် အဆင်း, အနံ့, အရသာကောင်း၏။
ခါဒိတံ ပန၊ စားအပ်မိ သော်ကား။
အန္တာနိ ခဏ္ဍိတွာ၊ အူတို့ကို ဖြတ်၍။
ဇီဝိတက္ခယံ ပါပေတိ၊ အသက် ကုန်ခြင်းသို့ ရောက်စေတတ်၏။
ပုဗ္ဗေ ဗဟူ ဗာဇနာ၊ ရှေးက များစွာကုန်သော လူမိုက်တို့သည်။
တဿ ဒေါသံ အဒိသွာ၊ ထိုအဆိပ်သီးမှည့်၏ အပြစ်ကို မသိမြင်ကြ။
ဝဏ္ဏဂန္ဓရသေသု ဗဇ္ဈိတွာ၊ အဆင်း, အနံ့အရသာတို့၌ စွဲမက်၍။
တံ ဖလံ ပရိဘုဉ္ဇိတွာ၊ ထိုအဆိပ်သီးမှည့်ကို စားသုံး၍။
ဇီဝိတက္ခယံ ပါပုဏိသူတိ ဝတွာ၊ အသက်ကုန်ခြင်းသို့ ရောက်ဖူးကြပြီ”ဟု မိန့်တော်မူ၍။
တေဟိ ယာစိတော၊ ထိုရဟန်းတို့သည် တောင်းပန်အပ်ရကား။
အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။
ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။
ဗောဓိသတ္တော သတ္တဝါဟော ဟု၊ ဘုရားလောင်းသည် လှည်းမှူးသည် ဖြစ်၍။
ပဉ္စဟိ သကဋသတေဟိ၊ လှည်းငါးရာတို့ဖြင့်။
ပုဗ္ဗန္တာပရန္တံ ဂစ္ဆန္တော၊ ဇမ္ဗူဒိပ် အရှေ့စွန်းမှ အနောက်စွန်းသို့ သွားသော်။
အဋဝိမုခံ ပတွာ၊ တောအုပ်အဝင်ဝသို့ ရောက်၍။
မနုဿ သန္နိပါတေကွာ၊ ကောင်းကျရောက်စုဝေးစေ၍။
“ဣမိဿာ အဋဝိယာ၊ ဤတောအုပ်၌။
ဝိသရုက္ခာ နာမ အတ္ထိ၊ အဆိပ်ပင်တို့ မည်သည် ရှိကုန်၏။
မံ အနာပုစ္ဆာ၊ ငါ့ကို မပန်ကြားမူ၍။
ပုဗ္ဗေ အခါဒိတပုဗ္ဗာနိ၊ ရှေးက မစားဘူးကုန်သော။
ဖလာဖလာနိ၊ သစ်သီးကြီးငယ်တို့ကို။
မာ ခေါ ခါဒိတ္ထာတိ ဩ၀ဒိ၊ မစားကြလင့်”ဟု ဆုံးမပြီ။
မနုဿာ အဋဝိံ အတိက္ကမိတွာ၊ လူတို့သည် တောအုပ်ကို ကျော်လွန်၍။
အဋဝိမုခ ဧကံ၊ တောအုပ်အထွက်ဝ၌တစ်ပင်သော အဆိပ်ပင်ကို။
ဖလဘာရဩဏမိတသာခံ အဒ္ဒသံသု၊ အသီးဝန်ဖြင့် ကိုင်းညွတ်သော အခက်ရှိသည်ကို တွေ့ကြပြီ။
တဿ ခန္ဓသာခါပတ္တဖလာနိ၊ ထိုအဆိပ်ပင်၏ ပင်စည်, အခက်, အရွက်, အသီးတို့သည်။
သဏ္ဌာနဝဏ္ဏရသ ဂမ္မေဟိ၊ ပုံသဏ္ဌာန်, အဆင်း, အရသာ, အနံ့တို့ဖြင့်။
အမ္ဗသဒိသာနေဝ၊ သရက်နှင့် တူကုန်သည်သာတည်း။
တေသု ဧကစ္စေ၊ ထိုလူတို့တွင် အချို့ သူတို့သည်။
ဝဏ္ဏ ဂန္ဓရသေသု ဗဇ္ဇိတွာ၊ အဆင်း, အနံ့, အရသာတို့၌ စွဲမက်၍။
အမွေဖလသညာယ၊ သရက်သီးအမှတ်ဖြင့်။
ဖလာနိ ခါဒသု၊ အသီးတို့ကို စားကြပြီ။
ဧကစ္စေ၊ အချို့သူ တို့သည်။
“သတ္တဝါဟံ ပုဗ္ဘိတွာ၊ လှည်းကုန်သည်မှူးကို မေး၍။
ခါဒိဿာမာတိ၊ စားကြမည်”ဟု တွေး၍။
ဂဟေတွာ အဋ္ဌံသု၊ ကိုင်၍ တည်ကုန်ပြီ။
ဗောဓိသတ္တော တံ ဌာနံ ပတွာ၊ ဘုရားလောင်းသည် ထိုဌာနသို့ ရောက်လာပြီး၍။
ယေ ဂဟေတွာ ဌိတာ၊ အကြင်သူတို့သည် ကိုင်၍တည်နေကုန်ပြီ။
တေ ဖလာနိ ဆာပေတွာ၊ ထိုကိုင်နေသူတို့ကို အဆိပ်သီးတို့ကို စွန့်ပစ်စေ၍။
ယေ ခါဒမာနာ အဋ္ဌံသု၊ အကြင် သူတို့သည် စားနေကြလျက် တည်ကုန်ပြီ။
တေ ဝမနံ ကာရေတွာ၊ ထိုစားနေသူ တို့ကို အန်ထုတ်မှုကို ပြုစေ၍။
တေသံ ဘေသဇ္ဇံ အဒါသိ၊ ထိုအန်ပြီးသူတို့အား ဆေးကို ပေးပြီ။
တေသု ဧကစ္စေ၊ ထိုဆေးစားသူတို့တွင် အချို့သူတို့သည်။
အရောဂါ ဇာတာ၊ ရောဂါမရှိကြသည် ဖြစ်ကုန်ပြီ။
ပဌမမေဝ၊ စောစောကပင်။
ခါဒိတွာ ဌိတာ ပန၊ စား၍ တည်နေသူတို့သည်ကား။
ဇီဝိတက္ခယံ ပတ္တာ၊ အသက် ကုန်ခြင်းသို့ ရောက်ကြပြီ။
ဗောဓိသတ္တောပိ ဣစ္ဆိတဋ္ဌာနံ၊ ဘုရားလောင်းသည်လည်း လိုရာဌာနသို့။
သောတ္ထိနာ ဂန္တွာ၊ ချမ်းသာစွာ သွား။
လာဘံ လဘိတွာ၊ ရထိုက် သည်ကို ရ၍။
ပုန သကဋ္ဌာနမေဝ အာဂန္တွာ၊ တစ်ဖန် မိမိဌာနသို့သာ လာ၍။
ဒါနာဒီနိ ပုညာနိ ကတွာ၊ ဒါနအစရှိကုန်သော ကောင်းမှုတို့ကို ပြု၍။
ယထာကမ္မံ ဂတော၊ ကံအားလျော်စွာ လားပြီ။
သတ္ထာ တံ ဝတ္ထု ကထေတွာ၊ ဘုရားရှင်သည် ထိုအတိတ်ဝတ္ထုကြောင်းကို ဟောတော်မူပြီး၍။
အဘိသမ္ဗုဒ္ဓေါ ဟုတွာ၊ ဘုရားစင်စစ်သည် ဖြစ်တော်မူ၍။
အာယတိံ ဒေါသံ နာညာယ၊ နောင်အခါ၌ ခံရမည့်အပြစ်ကို မသိ၍။
ယော ကာမေ ပဋိသေ၀တိ၊ အကြင်သူသည် ဝတ္ထု,ကိလေကာမနှစ်ထွေ တို့ကို မှီဝဲ၏။
နံ ဝိပါကန္တေ ဟနန္တိ၊ ထိုမှီဝဲသူကို အကျိုးဟု ခေါ်ဆိုအပ်သော အဆုံး၌ သတ်တတ်ကုန်၏။
(ကထံ၊ အဘယ်ကဲ့သို့နည်း)။
ဘက္ခိတံ ကိပက္ကမိဝ၊ စားအပ်သော အဆိပ်သီးကဲ့သို့တည်း။
တတ္ထ၊ ထိုဂါထာ၌။
**အာယတိံ ဒေါသံ နာညာယာ** တိ၊ အာယတိံ ဒေါသံ နာညာယ ဟူသည်ကား။
အနာဂတေ ဒေါသံ န အညာယ၊ နောင်အခါ၌ ခံရမည့် အပြစ်ကို မသိ၍တည်း။
အဇာနိတွာ ဣတိ အတ္ထော၊ မသိ၍ ဤကား န အညာယ၏ အနက်တည်း။
**ယော ကာမေ ပဋိသေ၀တီ** တိ၊ ယော ကာမေ ပဋိသေဝတိ ဟူသည်ကား။
ယော ဝတ္ထုကာမေ စ၊ အကြင်သူသည် ဝတ္ထုကာမ တို့ကိုလည်းကောင်း။
ကိလေသကာမေ စ ပဋိသေဝတိ၊ ကိလေသာကာမတို့ကို လည်းကောင်း မှီဝဲ၏။
**ဝိပါကန္တေ ဟနန္တိ နန္တိ**၊ ဝိပါကန္တေ ဟနန္တိ နံ ဟူသည်ကား။
တေ ကာမာ၊ ထိုကာမနှစ်မျိုးတို့သည်။
အတ္တနော ဝိပါကသင်္ခါတေ အန္တေ၊ မိမိ၏ အကျိုးဟု ခေါ်ဆိုအပ်သော အဆုံး၌။
နိရယာဒီသု ဥပ္ပန္နံ တံ ပုရိသံ၊ ငရဲစသည် တို့၌ဖြစ်သော ထိုမှီဝဲသူယောက်ျားကို။
နာနာပွကာရေန ဒုက္ခေန၊ အထူးထူး အပြားပြားသော ဆင်းရဲနှင့်။
သံယောဇယမာနာ ဟနန္တိ၊ ယှဉ်တွဲစေကြလျက် သတ်တတ်ကုန်၏။
ကထံ၊ အဘယ်ကဲ့သို့နည်း။
ဘဒ္ဒိကံ ကိပက္ကမိဝ၊ စားအပ် မိသော အဆိပ်သီးကဲ့သို့တည်း။
**ကိံပက္ကမိဝ ဘက္ခိတ** န္တိ၊ က်ိပက္ကမိဝ ဘက္ခိတံ ဟူသည်ကား။
ပရိဘောဂကာလေ၊ သုံးဆောင်ရာကာလ၌။
ဝဏ္ဏဂန္ဓရသ သမ္ပတ္တိယာ မနာပံ ကိပက္ကဖလံ၊ အဆင်း, အနံ့, အရသာနှင့် ပြည့်စုံခြင်းကြောင့် နှစ်သက်ဖွယ်ရှိသော အဆိပ်သီးသည်။
အနာဂတဒေါသံ အဒိသွာ ဘက္ခိတံ၊ နောင်တွေ့မည့်အပြစ်ကို မသိမြင်မူ၍ စားအပ်သော်။
အန္တေ ဟနတိ ယထာ၊ အဆုံး၌ သတ်တတ်သကဲ့သို့။
ဇီဝိတက္ခယံ ပါပေတိ ယထာ၊ အသက်ကုန်ခြင်းသို့ ရောက်စေသကဲ့သို့။
ဧဝံ ပရိဘောဂကာလေ၊ ဤအတူ သုံးဆောင်ရာကာလ၌။
မနာပါ ကာမာပိ၊ နှစ်သက်ဖွယ်ရှိကုန်သော ကာမတို့သည်လည်း။
ဝိပါကကာလေ ဟန၊ အကျိုးပေးရာကာလ၌ သတ်တတ်ကုန်၏။
ဣတိ ဒေသန၊ ဤကဲ့သို့ တရား ဒေသနာကို။
ယထာနုသန္ဓိံ ပါပေတွာ၊ အနုသန္ဓေအားလျော်စွာသို့ ရောက်စေ၍။
သစ္စာနိ ပကာသေသိ၊ သစ္စာတို့ကို ပြတော်မူပြီ။
သစ္စပရိယောသာနေ ဥက္ကဏ္ဍိတဘိက္ခု၊ သစ္စာပြပြီးအဆုံး၌ သာသနာတော်ငြီးငွေ့သော ရဟန်းသည်။
သောတာ ပတ္တိဖလံ ပါပုဏိ၊ သောတာပတ္တိဖိုလ်သို့ ရောက်ပြီ။
သေသပရိသာယပိ ကေစိ သောတာပန္နာ၊ ကြွင်းကျန်သော ပရိသတ်တွင်လည်း အချို့တို့သည် သောတာပန် တို့သည်လည်းကောင်း။
ကေစိ သကဒါဂါမိနော၊ အချို့တို့သည် သကဒါဂါမ်တို့သည်လည်းကောင်း။
ကေစိ အနာဂါမိနော၊ အချို့တို့သည် အနာဂါမ်တို့သည် လည်းကောင်း။
ကေစိ အရဟန္တော အဟေသုံ၊ အချို့တို့သည် ရဟန္တာတို့သည် လည်းကောင်း ဖြစ်ကုန်ပြီ။
သတ္ထာပိ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည်လည်း ဤတရား ဒေသနာကို ဆောင်တော်မူ၍။
“တဒါ ပရိသာ၊ ထိုအခါက ပရိသတ်သည်။
ဗုဒ္ဓပရိသာ အဟောသိ၊ ဘုရားပရိသတ်သည် ဖြစ်လာပြီ။
သတ္တဝါဟော ပန၊ လှည်းကုန်သည်မှူးသည်ကား။
အဟမေဝ အဟောသိန္တိ၊ ငါဘုရားသည်သာ ဖြစ်လာပြီ” ဟု။
ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။ ။
ကိံ ပတ္တဇာတကဝဏ္ဏနာ ပဉ္စမာ၊ ငါးခုမြောက်ဖြစ်သော ကိပက္ကဇာတ်အဖွင့်တည်း။