**အသာတံ သာတရူပေနာ** တိ ဣဒံ၊ အသာတံ သာတရူပေနစသော ဤတရား ဒေသနာတော်ကို။ သတ္ထာ ကုဏ္ဍိယနဂရံ ဥပနိဿာယ= ဘုရားရှင်သည် ကုဏ္ဍိယ မြို့ကို မှီ၍။ ကုဏ္ဍဓာနဝနေ ဝိဟရန္တော= ကုဏ္ဍဓာနတော၌ နေတော်မူစဉ်။ ရာဇဓီတရံ သုပ္ပဝါသံ ဥပါသိကံ= ကောလိယမင်း၏ သမီးဖြစ်သော သုပ္ပဝါသာမည်သော ဥပါသိကာမကို။ အာရဗ္ဘ ကထေသိ= အကြောင်းပြု၍ ဟောတော်မူပြီ။
ဟိ သာ တသ္မိံ သမယေ၊ ချဲ့ပြောရသော် ထိုသုပ္ပဝါသာသည် ထိုအခါက။ သတ္တဝဿာနိ= ခုနစ်နှစ်တို့ပတ်လုံး။ ကုစိနာ ဂဗ္ဘံ ပရိဟရိတွာ= ဝမ်းဖြင့် ကိုယ်ဝန်ကို ဆောင်ယူ၍ လွယ်၍။ သတ္တာဟံ= ခုနစ်ရက်ပတ်လုံး။ မူဠှဂဗ္ဘာ အဟောသိ တွေဝေသော ကိုယ်ဝန်ရှိသည် ဖြစ်ပြီ။ အဓိမတ္တာ ဝေဒနာ ပဝတ္တိံသု= လွန်ကဲပြင်းထန်ကုန်သော ဝေဒနာတို့သည် ဖြစ်ကုန်ပြီ။
သာ ဧဝံ အဓိမတ္တဝေဒနာ ဘိဘူတာပိ၊ ထိုသုပ္ပဝါသာသည် ဤကဲ့သို့ လွန်ကဲ ပြင်းထန်သော ဝေဒနာဖိစီး ခံရသော်လည်း။ “ယော ဧဝရူပဿ ဒုက္ခဿ= အကြင်ရှင်တော်ဘုရားသည် ဤသို့ သဘောရှိသော ဆင်းရဲကို။ ပဟာနာယ ဓမ္မံ ဒေသေတိ= ပယ်နိုင်ခြင်းငှါ တရားကို ဟောတော်မူ၏။ သော ဘဂဝါ= ငါယခု ခံစားနေရသော ဆင်းရဲကဲ့သို့သော ဆင်းရဲ မျိုးပယ်ရှားနိုင်ဖို့ရာ တရားဟောသော ထိုရှင်တော်ဘုရားသည်။ သမ္မာသမ္ဗုဒ္ဓေါ ဝတ= တရားအာလုံးကို မှန်စွာကိုယ်တိုင် သိတော်မူပါပေစွတကား။ ယော ဧဝရူပဿ ဒုက္ခဿ= အကြင်တပည့်သားအပေါင်းသည် ဤသို့သဘောရှိသော ဒုက္ခကို။ ပဟာနာယ ပဋိပန္နော= ပယ်နိုင်ခြင်းငှါ ကျင့်ကြံတော်မူ၏။
တဿ ဘဂဝ တော သော သာဝကသင်္ဃော၊ ထိုရှင်တော်ဘုရား၏ ထိုတပည့်သားအပေါင်း သည်။ သုပ္ပဋိပန္နော ဝတ= ကောင်းစွာကျင့်ကြံတော်မူပါပေစွတကား။ ယတ္ထ ဧဝရူပီ ဒုက္ခ နတ္ထိ= အကြင်နိဗ္ဗာန်၌ ဤသို့သဘောရှိသော ဒုက္ခသည် လုံးဝမရှိ။
တံ နိဗ္ဗာနံ သုသုခံ ဝတ ဣတိ၊ ထိုနိဗ္ဗာန်သည် အလွန်ချမ်းသာပေစွတကား”ဟု။ ဣမေဟိ တီဟိ ဝိတက္ကေဟိ= ဤသုံမျိုးကုန်သော မြင့်မြတ်သည့်အကြံတို့ဖြင့်။ အဓိဝါသေသိ= အောင့်အည်းသီးခံနေပြီ။
သာ သာမိကံ ပက္ကောသေတွာ၊ ထိုသုပ္ပဝါသာသည် လင်ကို ခေါ်၍။ အတ္တနော တာ ပဝ= မိမိ၏ ထိုအဖြစ်ကိုလည်းကောင်း။ ဝန္ဒနသာ သနဉ္စ အာရောစေတုံ= ရှိခိုးသော သတင်းစကားကိုလည်းကောင်း လျှောက်ထား စေခြင်းငှါ။ သတ္ထု သန္တိကံ ပေသေသိ= ဘုရာရှင်၏ ထံသို့ စေလွှတ်ပြီ။
သတ္ထာဝန္ဒနသာသနံ သုတွာဝ၊ ဘုရားရှင်သည် ရှိခိုးကြောင်းသတင်းကို ကြားတော်မူ၍ပင်။ “ကောလိယမီတာ သုပ္ပဝါသာ= ကောလိယမင်းသမီးဖြစ်သော သုပ္ပဝါသာသည်။ သုခိနီ ဟောတု= ချမ်းသာခြင်းရှိသည် ဖြစ်ပါစေ။ သုခိနီ အရောဂါ= ချမ်းသာခြင်း ရှိသည် ရောဂါမရှိသည်။ (ဟုတွာ= ဖြစ်၍)။ အရောဂံ ပုတ္တံ= ရောဂါမရှိသော သားကို။ ဝိဇာယတူတိ အာဟ= ဖွားမြင်ပါစေ”ဟု မိန့်တော်မူပြီ။
ဘဂဝတော ဝစနနေန သဟ ဧ၀ ပန၊ ဘုရားရှင်၏ မိန့်တော်မူသော စကားနှင့် အတူသာပင်။ ကောလိယမီတာ သုပ္ပဝါသာ= ကောလိယမင်းသမီးဖြစ်သော သုပ္ပဝါသာသည်။ သုခိနီ အရောဂါ= ချမ်းသာခြင်းရှိသည် ရောဂါမရှိသည်။ (ဟုတွာ= ဖြစ်၍)။ အရောဂံ ပုတ္တံ ဝိဇာယိ= ရောဂါမရှိသော သားကို ဖွားပြီ။
အထ အဿာ သာမိကော၊ ထိုအခါ ထိုသုပ္ပဝါသာ၏ လင်သည်။ ဂေဟံ ဂန္တွာ= အိမ်သို့ သွား၍။ တံ ဝိဇာတံ ဒိသွာ= ထိုသုပ္ပဝါသာကို သားဖွားပြီးနေသည်ကို တွေ့ရ၍။ “ဘော အစ္ဆရိယံ ဝတာတိ= အို. အချင်းတို့ အံ့ချီးထိုက်ပါပေစွတကား”ဟု။ တထာဂတဿ အာနုဘာဝေန= မြတ်စွာဘုရား၏ တန်ခိုးအာနုဘော်ဖြင့်။ အတိဝိယ= အလွန်သာ။ အစ္ဆရိယဗ္ဘု တစိတ္တဇာတော အဟောသိ= ဖြစ်ပေါ်လာသော အံ့ဩသောစိတ် မဖြစ် ဘူးသော စိတ်ရှိသည် ဖြစ်ပြီ။
သုပ္ပဝါသာပိ ပုတ္တံ ဝိဇာယိတွာ၊ သုပ္ပဝါသာသည်လည်း သားကို ဖွားမြင်ပြီး၍။ ဗုဒ္ဓပ္ပမုခဿ သံဃဿ= ဘုရားအမှူးရှိသော သံဃာတော်အား။ သတ္တာဟံ ဒါနံ ဒါတုကာမာ= ခုနစ်ရက်ပတ်လုံး အလှူကို ပေးလှူလို၍။ နိမန္တနတ္ထာယ တံ= ဆွမ်းစား ပင့်ခြင်းအကျိုးငှာ ထိုအိမ်ထောင်ရှင်ကို။ ပုန ပေသေသိ= တဖန် စေလွှတ်ပြီ။
တေန ခေါ ပန သမယေန၊ ထိုအခါက။ မဟာမောဂ္ဂလ္လာနဿ ဥပဋ္ဌာကေန= ရှင်မဟာ မောဂ္ဂလ္လာန်၏ အလုပ်ကျွေးဥပါသကာသည်။ ဗုဒ္ဓပ္ပမုခေါ သံင်္ဃော = ဘုရားအမှူး ရှိသော သံဃာကို။ နိမဟော ဟောတိ= ဆွမ်းစားပင့်တပ်ပြီးသည် ဖြစ်။
သာ သုပ္ပဝါသာယ၊ ဘုရားရှင်သည် သုပ္ပဝါသာ၏။ ဒါနဿ ဩကာသဒါနတ္ထာယ= အလှူ လှူခွင့်ရခြင်းအကျိုးငှာ။ ထေရံ တဿ သန္တိကံ= မဟာမောဂ္ဂလ္လာန်ထေရ် ကို ထိုပင့်ထားပြီး ဥပါသကာ၏ အထံသို့။ ပေသေတွာ တံ သညာပေလွှာ= စေလွှတ်ပြီး၍ ထိုပင့်ထားပြီး ဥပါသကာကို သိစေပြီး၍။ သတ္တာဟံ က ဒါနံ= ခုနစ်ရက်ပတ်လုံး ထိုသုပ္ပဝါသာ၏ အလှူကို။ ဘိက္ခုသံ င်္ဃေန သဒ္ဓိံ ပဋိဂ္ဂဟေသီ= ရဟန်းသံဃာနှင့် အတူ အလှူခံတော်မူပြီ။
သတ္တမေ ဒိဝသေ ပန၊ ခုနစ်ရက်မြောက်သော နေ့၌ကား။ သုပ္ပဝါသာ ပုတ္တံ= သုပ္ပဝါသာသည် သားဖြစ် သော။ သီဝလိကုမာရံ မဏ္ဍေတွာ= သီဝလိမင်းသားကို တန်ဆာဆင်၍။ သတ္ထာရ ဝ ဘိက္ခုသံင်္ဃဉ္စ ဝန္ဒာပေသိ= ဘုရားရှင်ကိုလည်းကောင်း ရဟန်းသံဃာကို လည်းကောင်း ရှိခိုးစေပြီ။
တသ္မိံ ပဋိပါဋိယာ၊ ထိုသီဝလိမင်းသားကို အစဉ်အတိုင်း။ သာရိပုတ္တတ္ထေရဿ သန္တိကံ နီတေ= ရှင်သာရိပုတ္တရာထေရ်၏ အထံသို့ ဆောင်ယူ အပ်သော်။ ထေရော တေန သဒ္ဓိံ= ရှင်သာရိပုတ္တရာထေရ်သည် ထိုသီဝလိမင်းသား နှင့် အတူ။ “ကစ္စိ သီဝလိ= ဘယ်လိုလဲ သီဝလိ။ တေ ခမနီယန္တိ= သင့်အား ခံကျန်း ပါလော့”ဟု။ ပဋိသန္တာရံ အကာသိ= ပျူငှာလောကဝတ်ကို ပြုတော်မူပြီ။
သော၊ ထိုသီဝလိမင်းသားသည်။ “ဘန္တေ ကုတော မေ သုခံ= အို. . အရှင်ဘုရား ဘယ်မှာ တပည့်တော်အား ချမ်းသာပါမည်နည်း။ သွာဟံ သတ္တဝဿာနိ= ထိုတပည့်တော် သည် ခုနစ်နှစ်တို့ပတ်လုံး။ လောဟိတကုမ္ဘိယံ ဝသိန္တိ= သွေးအိုးထဲ၌ နေခဲ့ရပါပြီ”ဟု။ ထေရေန သဒ္ဓိံ= ရှင်သာရိပုတ္တရာထေရ်နှင့် အတူ။ ဧဝရူပံ ကထံ ကထေသိ= ဤသို့ သဘောရှိသော တရားသံပါသော စကားကို ပြောဆိုပြီ။
သုပ္ပဝါသာ တဿ၊ မယ်တော်သုပ္ပဝါသာသည် ထိုသားသီဝလိ၏။ ဝစနံ သုတွာ= စကားကို ကြားရ၍။ “မေ သတ္တာဟဇာတော ပုတ္တော= ငါ၏ ဖွားပြီးခုနစ်ရက်သာရှိသေးသော သား သီဝလိသည်။ အနုဗုဒ္ဓေန ဓမ္မသေနာပတိနာ= ဘုရားငယ်ဖြစ်သော တရားစစ်သူကြီး ရှင်သာရိပုတ္တရာနှင့်။ သဒ္ဓိံ မန္တေတီတိ= အတူ တိုင်ပင်ပြောဆို၏”ဟု။ သောမန သပ္ပတ္တာ အဟောသိ= စိတ်လက်ရွှင်ပြ သောမနဿရသည် ဖြစ်ပြီ။
သတ္ထာ၊ ဘုရား ရှင်သည်။ “သုပ္ပဝါသေ အညေပိ= အို. . သုပ္ပဝါသာ အခြားလည်းဖြစ်ကုန်သော။ ဧဝရူပေ ပုတ္တေ= ဤသီဝလိလိုသဘောရှိကုန်သော သားတို့ကို။ အပိနု ဣစ္ဆသီတိ အာဟ= လိုချင်ပါသေးသလား”ဟု မေးတော်မူပြီ။ ဘန္တေ ဧဝရူပေ အညေ= အို .မြတ်စွာဘုရား ဤသီပလိကဲ့သို့ သဘောရှိကုန်သော အခြားကုန်သော။
သတ္တ ပုတ္တေ သစေ လဘေယျံ၊ ခုနစ်ယောက်ကုန်သော သားတို့ကို အကယ်၍ ရနိုင်အံ့။ အဟံ ဣစ္ဆေယျမေဝ ဣတိ= တပည့်တော်မသည် လိုချင်သည်သာဟု လျှောက် ထားပြီ။
သတ္ထာ ဥဒါနံ ဥဒါနေတွာ၊ ဘုရားရှင်သည်။ အသာတံ သာတရူပေန= စသော ဥဒါန်းကို ကျူးရင့်တော်မူပြီး၍။ အနုမောဒနံ ကတွာ ပတ္တာမိ= အနုမောဒနာ တရား ဟောခြင်းပြုတော်မူ၍ ဖဲကြွတော်မူပြီ။
သီဝလိကုမာရောပ ခေါ၊ သီဝလိ မင်းသားသည်လည်း။ သတ္တဝဿိကကာလေယေဝ= ခုနစ်နှစ်သားရှိရာအခါ၌ပင်။ သာသနေ ဥရံ ဒတွာ= သာသနာတော်အား ရင်ကို ပေး၍။ ပဗ္ဗဇိတွာ ပရိပုဏ္ဏ = ရှင်ပြု၍ ပြည့်သော အသက်နှစ်ဆယ်ရှိသော်။ ဥပသမ္ပဒံ လဘိတွာ = ရဟန်းအဖြစ်ကို ရ၍။ ပုညဝါ လာဘဂ္ဂပ္ပတ္တော ဟုတွာ= ဘုန်းကံကြီးသူသည် လာဘ်လာဘအထွဋ်အထိပ်ရသူသည် ဖြစ်၍။ ပထဝိ ဥန္နာဒေတွာ= မြေပြင်ကို ပဲ့တင်ထပ်စေ၍။ အရဟတ္တံ ပတွာ= ရဟန္တာအဖြစ်သို့ ရောက်၍။ အန္တရေ= ဘုန်းကြီးသော ရဟန်းတို့၏ အတွင်း၌။ ဧတဒဂ္ဂဋ္ဌာနံ ပါပုဏိ= အထွဋ် အထိပ်ဧတဒဂ်ရာထူးကို ရရှိပြီ။
အထ ဧကဒိဝသံ၊ ထိုအခါ တစ်နေ့၌။ ဘိက္ခူ ဓမ္မသဘာယံ သန္နိပတိတွာ= ရဟန်းတို့သည် တရားသဘင်၌ ကောင်းစွာကျရောက်စုဝေးကြ၍။ “အာဝုသော= ငါရှင်တို့။ ဧဝရူပေါ= ဤသို့သဘောရှိသော။ သီဝလိတ္တေရော နာမ= သီဝလိထေရ် မည်သည်။ မဟာပုညော ပတ္ထိတပတ္ထနော= ဘုန်းကံကြီးမားသူဖြစ်ပါလျက် တောင်းအပ်သော ဆုတောင်းရှိလျက်။ ပစ္ဆိမဘဝိကသတ္တော= ကျွတ်ရမည့်ဘဝ ရောက်နေသော သတ္တဝါဖြစ်ပါလျက်။ သတ္တဝဿာနိ= ခုနစ်နှစ်တို့ပတ်လုံး။ လောဟိတကုမ္ဘိယံ ဝသိတွာ= သွေးအိုးထဲ၌ နေ၍။ သတ္တဝဿာနိ= ခုနစ်ရက်ပတ်လုံး။ မူဠှဂဗ္ဘဘာဝံ အာပဇ္ဇ= တွေဝေသော ကိုယ်ဝန်သားအဖြစ်သို့ ရောက်ရ၏။ မာတာ ပုတ္တာ= အမိသားတို့သည်။ မဟန္တံ ဒုက္ခံ= ကြီးစွာသော ဆင်းရဲကို။ အဟော အနု ဘဝိံသု= အော်, ခံစားရကုန်ပြီ။ ကိံ နု ခေါ ကမ္မံ အကံသူတိ= အဘယ်မည်သော မကောင်းမှုကို ပြုမိခဲ့ကြလေသနည်း”ဟု။ ကထံ သမုဋ္ဌာပေသုံ= စကားကို ဖြစ်စေကြပြီ။
သတ္ထာ တတ္ထ အာဂန္တွာ၊ ဘုရားရှင်သည် ထိုတရားသဘင်သို့ ကြွလာ တော်မူ၍။ “ဘိက္ခဝေ ဧတရဟိ= အို. . ရဟန်းတို့ ယခုအခါ။ ကာယ ကထာယ သန္နိသိန္နာ= အဘယ်မည်သော စကားဖြင့် ကောင်းစွာထိုင်နေကြသည်။ အတ္ထုကို ပုထွာ= ဖြစ်ကြသနည်း”ဟု မေးတော်မူ၍။ “ဣမာယ နာမာတိ ဝုတ္တေ= ဤမည် သော စကားဖြင့်ပါ”ဟု လျှောက်ထားအပ်သော်။ “ဘိက္ခဝေ မဟာပုညဝ သီဝလီနော= အို. . ရဟန်းတို့ ဘုန်းကံကြီးမားသော သီဝလိ၏။ သတ္တဝဿာနိ= ခုနစ်နှစ်တို့ပက်လုံး။ လောဟိတသံ နိဝါသော စ= သွေးအိုးထဲ၌ နေရခြင်းသည် လည်းကောင်း။ သတ္တာဟံ= ခုနစ်ရက်ပတ်လုံး။ မူဠှဝဂ္ဂဘာဝပတ္တိ စ= မဖွားနိုင်သောကိုယ်ဝန်သားအဖြစ်ရောက်ခြင်းသည်လည်းကောင်း။ အတ္တနာ ကတက မူလကာဝ= မိမိသည် ပြုအပ်သော ကံသာလျှင်အရင်းရှိကုန်၏။ သုပ္ပဝါသာယပိ= သုပ္ပဝါသာ၏လည်း။ သတ္တဝဿာနိ= ခုနစ်နှစ်တို့ပတ်လုံး။ ကုစ္ဆိနာ ဂဗ္ဘပရိဟရဏ ဒုက္ခဉ္စ= ဝမ်းဖြင့် ကိုယ်ဝန်လွယ်ရခြင်းဒုက္ခသည်လည်းကောင်း။ သတ္တာဟံ မူဠှ ဂဗ္ဘဒုက္ခဉ္စ= ခုနစ်ရက်ပတ်လုံး တွေဝေသော ကိုယ်ဝန်သားကြောင့် ဆင်းရဲခြင်းသည် လည်းကောင်း။ အတ္တနာ ကတကမ္မမူလကမေဝ= မိမိသည် ပြုအပ်သော ကံသာ အရင်းရှိပေ၏”။ ဣတိ ဝတွာ= ဤသို့ မိန့်တော်မူ၍။ တေဟိ ယာစိတော= ထိုရဟန်း တို့သည် တောင်းပန်အပ်ရကား။ အတီတံ အာဟရိ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။ ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ= ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။ ဗောဓိသတ္တော= ဘုရား လောင်းသည်။ တဿ အဂ္ဂမဟေသိယာ= ထိုဗြဟ္မဒတ်မင်း၏ မိဖုရားကြီး၏။ ကုစ္ဆိသ္မိံ ပဋိသန္ဓိံံ ဂဏှိတွာ= ဝမ်း၌ ပဋိသန္ဓေကို ယူပြီး၍။ ဝယပ္ပတ္တော တက္ကသိလာ ယံ= အရွယ်ရောက်သော် တက္ကသိုလ်မြို့၌။ သဗ္ဗသိပ္ပါနိ ဥဂ္ဂဏှိတွာ= အတတ်ပညာ အားလုံးတို့ကို သင်ယူ၍။ ပိတု အစ္စယေန= ခမည်းတော်၏ ကွယ်လွန်သဖြင့်။ ရဇ္ဇံ ပတွာ= မင်းအဖြစ်သို့ ရောက်၍။ ဓမ္မေန ရနံ့ ကာရေသိ= တရားဖြင့် မင်းအဖြစ်ကို ပြုပြီး။
တသ္မိံ သမယေ ကောသလမဟာရာဇာ၊ ထိုအခါ ကောသလမင်းကြီးသည်။ မဟန္တေန ဗလေန အာဂန္တွာ= များစွာသော ဗိုလ်ပါဖြင့် လာရောက်၍။ ဗာရာဏသိ ဂဟေတွာ= ဗာရာဏသီမြို့ကို သိမ်းယူ၍။ ရာဇာနံ မာရေတွာ= ဗာရာဏသီမင်းကို သတ်ဖြတ်၍။ တဿ အဂ္ဂမဟေသီ ဧဝ= ထိုဗာရာဏသီမင်း၏ မိဖုရားကြီးကိုပင်။ အတ္တနော အဂ္ဂမဟေသိ အကာသိ= မိမိ၏ မိဖုရားကြီးကို ပြုပြီ။
ဗာရာဏသိရညော ပုတ္တော ပန၊ ဗာရာဏသီမင်း၏ သားသည်ကား။ ပိတု မရဏကာလေ= ဖခင်၏ ကွယ်လွန်ရာကာလ၌။ နိဒ္ဓမနဒွါရေန ပလာယိတွာ= ရေထွက်ပေါက်တံခါးဖြင့် ထွက်ပြေး၍။ ဗလံ သံဟရိတွာ= ဗိုလ်ပါကို ကောင်းစွာစုရုံး၍။ ဗာရာဏသိ အာဂန္တွာ= ဒာတရာဏသီမြို့သို့ လာ၍။ အဝိဒူရေ နိသီဒိပွာ= မနီးမဝေး၌ နေ၍။ တဿ ရမညာ= ထိုရန်သူကောသလမင်းအား။ “ရဇ္ဇံဝါ ယုဒ္ဓံ ဝါ ဒေတူထိ= မင်းအဖြစ် ကိုသော်လည်းကောင်း စစ်တိုက်မှုကိုသော်လည်းကောင်း ပေးလော့”ဟု။ ပဏ္ဍိ ပေသေသိ= သဝဏ်လွှာကို ပို့လိုက်ပြီ။
သော၊ ထိုရန်သူမင်းသည်။ ယုဒ္ဓံ ဒေမီတိ= စစ်တိုက်မှုကို ပေးမည်ဟု။ ပဋိပတ္တံ ပေသေသိ= တုံ့ပြန်သဝဏ်လွှာကို ပို့လိုက်ပြီ။
ရာဇကုမာရဿ မာတာ ပန၊ မင်းသား၏ မယ်တော်သည်ကား။ တံ သာသနံ သုတွာ= ထိုသတင်းကို ကြားရ၍။ “ယုန ကမ္မံ နတ္ထိ= စစ်တိုက်မှုဖြင့် လုပ်စရာအမှုသည် မရှိ။ သဗ္ဗဒိသာသု သဉ္စာရံ ပစ္ဆိန္တိတွာ= အရပ်မျက်နှာအားလုံးတို့၌ သွားလာမှုကို ဖြတ်ပစ်၍။ ဗာရာဏသိနဂရံ ပရိဝါရေတု= ဗာရာဏသီမြို့ကို ဝိုင်းရံ ထားလော့။ တတော= ထိုသို့ ပိုင်းရံထားခြင်းကြောင့်။ ဒါရူဒကဘတ္တပရိက္ခယေန= ထင်းရေစားနပ်ရိက္ခာကုန်ခန်းသဖြင့်။ ကိလန္တမနုဿံ နဂရံ= လူအားလုံးပင်ပန်း နေသော မြို့ကို။ ယုဒ္ဓေန ဝိနာဝ= စစ်တိုက်မှုနှင့် ကင်း၍သာ။ ဂဏိဿသီတိ= သင်ယူနိုင်လိမ့်မည်”ဟု။ ပဏ္ဏ ပေသေသိ= သဝဏ်လွှာကို ပို့စေပြီ။ မာတုသာသနံ= မယ်တော်၏ သတင်းစကားကို။
သော သုတွာ၊ ထိုမင်းသားသည် ကြားသိရ၍။ သတ္တ ဒိဝသာနိ= ခုနစ်ရက်ပတ်လုံး။ သဉ္ဇာရံ ပစ္ဆိန္ဒိတွာ= သွားလာမှုကို ဖြတ်ပစ်၍။ နဂရံ ရုန္ဓိ= ဗာရာဏသီမြို့ကို ပိတ်ဆို့ပြီ။ နာဂရာ သဉ္စာရံ အလဘမာနာ= မြို့သူ မြို့သားတို့သည် သွားလာမှုကို မရကုန်ရကား။ သတ္တမေ ဒိဝသေ= ခုနစ်ရက်မြောက် သော နေ့၌။ တဿ ရညော သီသံ ဂဟေတွာ= ထိုရန်သူမင်း၏ ဦးခေါင်းကို ဖြတ်ယူ၍။ ကုမာရဿ အဒံသု= မင်းသားအား ဆက်သကုန်ပြီ။
ကုမာရော ပန နဂရံ ပဝိသိတွာ၊ မင်းသားသည်ကား ဗာရာဏသီမြို့သို့ ဝင်၍။ ရဇ္ဇံ ဂဟေတွာ= မင်းအဖြစ်ကို ယူ၍။ ဇီဝိတပရိယောသာနေ= အသက်အဆုံး၌။ ယထာကမ္မံ ဂတော= ကံအားလျော်စွာ လားပြီ။
သော သတ္တဒိဝသာနိ၊ ထိုသီဝလိသည် ခုနစ်ရက်တို့ပတ်လုံး။ သဉ္စာရံ ပစ္ဆန္တိတွာ= သွားလာမှုကို ဖြတ်တောက်၍။ နဂရံ ရုန္ဓိတွာ= မြို့ကို ပိတ်ဆို့ပြီး၍။ ဂဟိတကမ္မ နိဿန္နေန= ယူခဲ့သော အကုသိုလ်ကံ အကျိုးဆက်ကြောင့်။ ဧတရဟိ သတ္တ ဝဿာနိ= ယခုအခါ ခုနစ်နှစ်တို့ပတ်လုံး။ လောဟိတကုပ္ပိယံ ဝသိတာ= သွေးအိုးထဲ၌ နေရပြီး၍။ သတ္တာဟံ= ခုနစ်ရက်ပတ်လုံး။ မူဠှဂမ္ဘဘာဝံ အာပဇ္ဇိ= တွေဝေသော ကိုယ်ဝန်သားအဖြစ်သို့ ရောက်ရပြီ။
သော၊ ထိုသီဝလိသည်။ ပဒုမုတ္တရဿ ဘ တော= ပဒုမုတ္တရမည်တော်မူသော ဘုရားရှင်၏။ ပါဒမူလေ= ခြေတော်ရင်း၌= “လာဘီနံ အဂ္ဂေါ ဘဝေယျန္တိ= လာဘ်လာဘရသူတို့တွင် အမြတ်ဆုံးအသာဆုံး သည် ဖြစ်ရပါလို၏"ဟု။ မဟာဒါနံ ဒတွာ= အလှူကြီးကို ပေးလှူ၍။ ယံ ပါ ပတ္ထနံ အကာသိ= အကြင်ဆုတောင်းခြင်းကိုကား ပြုခဲ့ပြီ။ ၀ိပဿိဗုဒ္ဓကလေ= ဝိပဿီဘုရားလက်ထက်တော်၌။ နာဂရေဟိ သဒ္ဓိံ = မြို့သူမြို့သားတို့နှင့် အတူ။ သဟဿဂ္ဃနကံ= အဖိုးတစ်ထောင်ထိုက်သော။ ဂုဠဒဓိံ ဒတွာ= တင်လဲနို့ခမ်းကို လှူ၍။ ယဉ္စ ပတ္ထနံ အကာသိ= အကြင်ဆုတောင်းမှုကိုလည်း ပြုခဲ့ပြီ။ တသအာနုဘာဝေန= ထိုဆုတောင်းမှုပြုခဲ့သည်၏ အာနုဘော်ကြောင့်။ လာဘီနံ အဂ္ဂေါ ဇာတော= လာဘ်လာဘရှိသူတို့တွင် အမြတ်ဆုံး အသာဆုံးသည် ဖြစ်ရပြီ။
သုပ္ပဝါသာပိ၊ သုပ္ပဝါသာသည်လည်း။ “နဂရံ ရုန္ဒိတွာ= မြို့ကို ပိတ်ဆို့၍။ ဂဏှ တာတာတိ= ယူလော့ ချစ်သား”ဟု။ ပေသိတဘာဝေန= စေခိုင်းအပ်ဖူးသည် အဖြစ်ကြောင့်။ သတ္တဝဿာနိ ကုစ္ဆိနာ= ခုနစ်နှစ်တို့ပတ်လုံး ဝမ်းဖြင့်။ ဂဗ္ဘံ ဘီ ပရိဟရိ တွာ= ကိုယ်ဝန်ကို ဆောင်ယူ၍။ သတ္တာဟံ= ခုနစ်ရက်ပတ်လုံး။ မူဠှဂဗ္ဘာ ဇာတာ= တွေဝေသော ကိုယ်ဝန်သားရှိသည် ဖြစ်ပြီ။
သတ္ထာ ဣမံ အတီတံ အာဟရိတွာ၊ ဘုရားရှင်သည် ဤအတိတ်ဝတ္ထုကို ဆောင်တော်မူ၍။ အဘိသမ္ဗုဒ္ဓေါ ဟုတွာ= ဘုရားရှင်သည် ဖြစ်တော်မူ၍။
အသာတံ သာတရူပေန၊ မသာယာဖွယ်သည် သာယာဖွယ်အသွင်ဖြင့် လည်းကောင်း။ အပ္ပိယံ ပိယရူပေန= မချစ်ခင်ဖွယ်သည် ချစ်ခင်ဖွယ်အသွင်ဖြင့် လည်းကောင်း။
ဒုက္ခံ သုခဿ ရူပေန၊ ဒုက္ခသည် သုခ၏ အသွင်ဖြင့်လည်း ကောင်း။ ပမတ္တံ အဘိဝတ္တတိသတိ= မေ့လျော့ပေါ့ဆသူကို လွှမ်းမိုးဖိစီး နှိပ်စက်၏။
တတ္ထ၊ ထိုဂါထာ၌။ **အသာတံ သာတရူပေနာ** တိ= အသာတံ သာတရူပေန သည်ကား။ အမဓုရမေဝ မဓုရပတိရူပကေန= မသာယာယ်သည်ပင် သာယာယ် အသွင်ဖြင့်တည်း။
**ပမတ္တမတိဝတ္တတီ** တိ၊ ပမတ္တံမဝတ္ထုတိဟူသည်ကား။ အသာတံ အပိယံ ဒုက္ခန္တိ= မသာယာဖွယ် မချစ်ခင်ဖွယ် ဆင်းရဲဟူသော။ ဧတံ တိဝိဓမ္မိ= သုံးမျိုးရှိသော ဤသဘောသည်လည်း။ သာတရူပါဒိနာ= သာယာဖွယ် အသွင်အစရှိသော။ ဧတေန အာကာရေန= ဤအခြင်းအရာအားဖြင့်။ သတိ ဝိပ္ပဝါသဝသေန= သတိကင်းကွာနေထိုင်ခြင်း၏ အစွမ်းဖြင့်။ ပမတ္တံ ပုဂ္ဂလံ= မေ့လျော့ သော ပုဂ္ဂိုလ်ဟူသမျှကို။ အတိဝတ္တတိ အဘိဘဝတိ= ကျော်လွန်၍ ဖြစ်၏ ဖိစီး၍ ဖြစ်၏။ အဇ္ဈော တ္ထရတိဣတိ အတ္ထော= လွှမ်းမိုး၍ဖြစ်၏ ဤကား အဘိဘဝတိအနက်တည်း။
ဣဒံ ဘဂဝတာ၊ ဤဂါထာတရားတော်ကို ဘုရားရှင်သည်= သန္ဓာယ ဝုတ္တံ= ရည်ရွယ်၍ ဟောတော်မူအပ်ပြီ၌ “ဤဂါထာတရားတော်ကို ဟောတော်မူအပ်ပြီး'ဟု စာခြင်းတွဲစပ် အဓိပ္ပါယ်ယူပါ။ (တေ မာတာပုတ္တာ= သုပ္ပဝါ သာနှင့် ရှင်သီဝလိဟူသော ထိုအမိနှင့်သားတို့ကို။ ဝါ= ထိုအမိနှင့်သားတို့သည် တို့ကို အဇ္ဈောတ္ထတာ= လွမ်းမိုးအပ်ဟု စာခြင်းတွဲစပ်။ တို့သည် ထည့်ပါဌ် အကံသုံ= ပြုခဲ့ပြီ အဓိပ္ပါယ်ယူ။ ဂဗ္ဘပရိဟရဏဂဗ္ဘဝါသသင်္ခါတေန= ကိုယ်ဝန်ဆောင်ရခြင်း အမိဝမ်းနေခြင်းဟု ဆိုအပ်သော။ ဣမိနာ အသာတာဒိနာ= ဤမသာယာဖွယ် စသည်သည်။ ပုဗ္ဗေ= ရှေးဘဝက။ နဂရရုန္ဓနသာတာဒိပတိရူပကေန= မြို့ကို ပိတ်ဆို့ ခြင်းသာယာဖွယ်စသည့် အသွင်ဖြင့်။ အဇ္ဈောတ္ထဋာ= လွှမ်းမိုးအပ်ကုန်သည်။ (ဟုတွာ= ဖြစ်၍)။ ယဉ္စ= အကြင်မြို့ပိတ်ခိုင်းခြင်းကိုလည်း။ (အကံသု= ပြုခဲ့ကုန်ပြီ)။ ဣဒါနိ သာ ဥပါသိကာ= ယခုအခါ ထိုသုပ္ပဝါသာ ဥပါသိကာမကို။ ဝါ= သည်ကို။ အဇ္ဈတ္ထဋာ= လွှမ်းမိုးအပ်ဟု စာခြင်းတွဲစပ်။ သည် အဝစ= ပြောဆိုပြီဟု စာခြင်း တွဲစပ် အဓိပ္ပါယ်ယူ။ ပေမဝတ္ထုဘူတေန= ချစ်ခင်မှုတည်ရာဖြစ်၍ဖြစ်သော။ ပုတ္တ သင်္ခါတေန= သားဟုဆိုအပ်သော။ သာတာဒိပတိရူပကေန= သာယာဖွယ်စသော အသွင်ဖြင့်။ အဇ္ဈတ္ထဋာ ဟုတွာ= လွှမ်းမိုးအပ်သည် ဖြစ်၍။ ပုနပိ သတ္တက္ခတ္တုံ= တဖန်လည်း ခုနစ်ကြိမ်။ ဧဝရူပံ= ဤသို့ခုနစ်နှစ် ခုနစ်ရက် ဆင်းရဲခြင်းသဘော ရှိသော။ ယဉ္စ အသာတံ= အကြင်မသာယာဖွယ်ကိုလည်းကောင်း။ ယဉ္စ အပ္ပိယံ= အကြင်မချစ်ခင်ဖွယ်ကိုလည်းကောင်း။ ယဉ္စဒုက္ခံ= အကြင်ဆင်းရဲဖွယ်ကိုလည်း ကောင်း။ တထာ အဝစ= ထိုကဲ့သို ရလျှင်လိုခြင်ပါ၏ဟုလျှောက်ထားပြီး= ဤကွင်းတွင်း ပါဠိကို မြန်မာပြန်ဆိုရာ၌ ဤနိဿယ ဆရာအဖို့ ပင်ပန်းလှသည် အခြား၌လည်း သည်အဖွင့်မျိုး မတွေ့ရ။ သည်ထက် ကောင်းအောင် မှန်အောင် မြန်မာပြန်ဆိုနိုင်ဖို့ အရှင်ကောင်းတို့ ကြိုးစားကြပါ။ တံ သမ္ဗမ္ပိ= ထိုမြို့ပိတ်ခိုင်းခြင်း မြို့ပိတ်ခြင်း လျှောက်ထားခြင်း အလုံးစုံကိုလည်း။ သန္ဓာယ ဝုတ္တန္တိ ဝေဒိတဗ္ဗံ= ရည်ရွယ်၍ ဟောတော်မူအပ်ပြီဟု သိပါလေ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာ တော်ကို ဆောင်တော်မူ၍။
“တဒါ နဂရာ ရုတွာ၊ ထိုအခါက မြို့ကို ပိတ်ဆို့၍ ။ ရဇ္ဇပတ္တကုမာရော= မင်းအဖြစ်ရခဲ့သော မင်းသားသည်။ သီဝလိ အဟောသိ = သီဝလိသည် ဖြစ်လာပြီ။ မာတာ သုပ္ပဝါသာ= ထိုအခါကမယ်တော်ကား ယခုအခါ သုပ္ပဝါသာတည်း။ ပိတာ ဗာရာဏသိရာဇာ ပနခမည်းတော်ဖြစ်သော ဗာရာဏ သီမင်းသည်ကား။ အဟမေဝ အဟောသိန္တိ= ငါဘုရားသည်သာ ဖြစ်လာပြီ”ဟု။ ဇာတကံ သမောဓာနေသိ= ဇာတ်ကို ပေါင်းတော်မူပြီ။
အသာတရူပဇာတက၀ဏ္ဏနာ ဒသမာ၊ ဆယ်ခုမြောက်သော အသာတရူပဇာတ်အဖွင့်တည်း။
လိတ္တဝဂ္ဂေါ ဒသမော၊ ဆယ်ခုမြောက်ဖြစ်သော လိတ္တဝဂ်တည်း။
တဿ ဥဒ္ဒါနံ၊ ထိုလိတ္တဝဂ်၏ အကျဉ်းချုပ်ခေါင်းစဉ်ကား။
လိတ္တတေဇံ မဟာသာရံ၊ လိတ္တံ တေဇသာဖြင့် မှတ်အပ်သော လိတ္တဇာတ် လည်းကောင်း မဟာသာရဇာတ်လည်းကောင်း။ ဝိဿာသ လောမဟံသနံ= ဝိဿာသဘောဇနဇာတ် လောမဟံသဇာတ်လည်းကောင်း။
သုဒဿန တေလပတ္တံ၊ မဟာသုဒဿနဇာတ် တေလပတ္တဇာတ်လည်းကောင်း။ နာမ သိဒ္ဓိ ကူဋဝါဏိဇံ= နာမသိဒ္ဓိဇာတ် ကူဋဝါဏိဇဇာတ်လည်းကောင်း။
ပရော သဟဿ အသာတရူပံ၊ ပရောသဟဿဇာတ် အသာတရူပဇာတ်လည်း ကောင်း။ ဣတိ= ဤသည်ပင်တည်း။
မဇ္ဈိမပဏ္ဏာသကော နိဋ္ဌိတော၊ အလယ်ဇာတ်ငါးဆယ်သည် ပြီးပြီ။