Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
Jātaka-aṭṭhakathā(Paṭhamo bhāgo)
Jātaka-aṭṭhakathā(Paṭhamo bhāgo)

[122] 2. Dummedhajātakavaṇṇanā

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

**ယသံ လဒ္ဓါန ဒုမ္မေဓော** တိ ဣဒံ၊ ယသံ လဒ္ဓါန ဒုမ္မေဓာအစရှိသော ဤတရား ဒေသနာတော်ကို။ သတ္ထာ ဝေဠုဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဝေဠုဝန်ကျောင်း တော်၌ နေတော်မူစဉ်။ ဒေဝဒတ္တံ အာရဗ္ဘ ကထေသိ၊ ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူပြီ။
ဟိ ဓမ္မသဘာယံ ဘိက္ခူ၊ ချဲ့ပြောရသော် တရားသဘင်၌ ရဟန်းတို့ သည်။ “အာဝုသော ဒေဝဒတ္တော၊ အို. . ငါ့ရှင်တို့ ဒေဝဒတ်သည်။ ပုဏ္ဏစန္ဒ သဿိရိက မုခံ၊ လပြည့်ဝန်းကဲ့သို့ ကျက်သရေရှိသော မျက်နှာတော်ရှိသော။ အသီတာနုဗျဉ္ဇနဒွတ္တိံသမဟာပုရိသလက္ခဏပဋိမဏ္ဍိတံ၊ ယောက်ျားမြတ်တို့၏ လက္ခဏာတော်ငယ်ရှစ်ဆယ် လက္ခဏာတော်ကြီးသုံးဆယ့်နှစ်ပါးတို့ဖြင့် တန်ဆာ ဆင်အပ်သော။ ဗျာမပ္ပဘာပရိက္ခိတ္တံ၊ တစ်လံမျှသော ကိုယ်တော်ရောင်ဖြင့် ခြံရံ အပ်သော။ အာဝေဠာဝေဠာဘူတာ၊ အသွယ်လိုက်အသွယ်လိုက်ဖြစ်ကြ၍။ ယမကယမကဘူတာ၊ အစုံလိုက် အစုံလိုက်ဖြစ်ကြ၍။ ဃနဗုဒ္ဓရက္ခိယော၊ တစ်လုံး တစ်ခဲတည်းသော ဘုရားရောင်ခြည်တော်တို့ကို။ ဝိဿဇ္ဇေန္တံ၊ လွှတ်တော်မူနေ သော။ ပရမသောဘဂ္ဂပ္ပတ္တံ၊ လွန်စွာတင့်တယ်မှုအထွဋ်အထိပ်သို့ ရောက်တော်မူ သော။ တထာဂတဿ အတ္တဘာဝံ၊ ဘုရားရှင်၏ ရုပ်ကိုယ်တော်ကို။ (မျက်နှာ တော်ရှိသော, တန်ဆာဆင်အပ်သော, ခြံရံအပ်သော, လွှတ်တော်မူနေသောရောက်တော်မူသောဤသောငါးခုကို ရုပ်ကိုယ်တော်ကိုနှင့်တွဲစပ်အဓိပ္ပါယ်ယူပါ ) ဩလောကေတွာ စ၊ ဖူးမြင်ရ၍လည်း။ စိတ္တံ ပသာဒေတုံ၊ စိတ်ကို ကြည်လင်စေ ခြင်းငှာ။ န သက္ကောတိ၊ မစွမ်းနိုင်။ ဥသူယမေဝ ကရောတိ၊ ငြူစူမှုကိုသာ ပြု၏။
ဗုဒ္ဓါ နာမ ဧဝရူပေန၊ ဘုရားရှင်တို့မည်သည် ဤသို့ မြင့်မြတ်လှသော သဘောရှိ သော။ သီလေန သမာဓိနာ၊ သီလနှင့်လည်းကောင်း သမာဓိနှင့်လည်းကောင်း။ ပညာယ ဝိမုတ္တိယာ၊ ပညာနှင့်လည်းကောင်း ဝိမုတ္တိဂုဏ်နှင့်လည်းကောင်း။ ဝိမုတ္တိ ဉာဏဒဿနေန၊ ဝိမုတ္တိဉာဏဒဿနဂုဏ်နှင့်လည်းကောင်း။ သမန္နာဂတာတိ ဝုစ္စမာနေ၊ ပြည့်စုံတော်မူကြကုန်၏ဟု ပြောဆိုအပ်သော်။ ဝဏ္ဏ သတိတုံ န သက္ကောတိ၊ ဂုဏ်ကျေးဇူးပြောသည်ကို သည်းခံခြင်းငှာ မစွမ်းနိုင်။ ဥသူယမေဝ ကရောတီတိ၊ ငြူစူမှုကိုသာ ပြု၏”ဟု။ ဒေဝဒတ္တဿ၊ ဒေဝဒတ်၏။ အဂုဏကထံ ကထယိံိံ၊ အပြစ်နှင့်စပ်သော စကားကို ပြောဆိုကြပြီ။
သတ္ထာ အာဂန္တွာ၊ ဘုရား ရှင်သည် ကြွလာတော်မူပြီး၍။ “ဘိက္ခဝေ ဧတရဟိ၊ အို. . ရဟန်းတို့ ယခုအခါ။ ကာယ ကထာယ သန္နိသိန္နာ၊ အဘယ်မည်သော စကားဖြင့် ကောင်းစွာထိုင်နေ ကြသည်။ အတ္ထနုတိ ပုစ္ဆိတွာ၊ ဖြစ်ကြသနည်း”ဟု မေးတော်မူ၍။ “ဣမာယ နာမာတိ ဝုတ္တေ၊ ဤမည်သော စကားဖြင့်ပါ”ဟု လျှောက်ထားအပ်သော်။ ဘိက္ခဝေ ဣဒါနေဝ၊ အို. . ရဟန်းတို့ ယခုအခါသာ။ ဒေဝဒတ္တော မမ ဝဏ္ဏေ၊ ဒေဝဒတ်သည် ငါဘုရား၏ ဂုဏ်ကျေးဇူးကို။ ဘညမာနေ ဥသူယံ န ကရောတိ၊ ပြောဆိုနေအပ်သော် ငြူစုမှုကို ပြုသည်မဟုတ်။ ပုဗ္ဗေပိ အကာသိယေဝါတိ ဝတွာ၊ ရှေးကလည်း ပြုဖူးသည်သာ”ဟု မိန့်တော်မူ၍။ အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ မဂဓရဋ္ဌ ရာဇဂဟနဂရေ၊ လွန်လေပြီးသောအခါ မဂဓတိုင်း၌ ရာဇဂြိုဟ်မြို့၌။ ဧကသ္မိံ မဂဓရာဇေ၊ တစ်ပါးသော မဂဓမင်းသည်။ ရဇ္ဇံ ကာရေန္တေ၊ မင်းအဖြစ်ကို ပြုသော်။ ဗောဓိသတ္တော ဟတ္ထိယောနိယံ နိဗ္ဗတ္တိတွာ၊ ဘုရားလောင်း သည် ဆင်မျိုး၌ ဖြစ်၍။ သဗ္ဗသေတော၊ တစ်ကိုယ်လုံးဖြူသည်။ ဟေဋ္ဌာ ဝဏ္ဏတ သဒိသာယ၊ ရှေးခေါ် အောက်၌ ချီးမွမ်းအပ်ပြီးသည်နှင့်တူသော။ ရူပသမ္ပတ္တိယာ၊ ရုပ်၏ တင့်တယ်မှုနှင့်။ သမန္နာဂတော အဟောသိ၊ ပြည့်စုံသည် ဖြစ်ပြီ။
အလ နံ၊ ထိုအခါ ထိုဘုရားလောင်းကို။ “အယံ လက္ခဏသမ္ပန္နောတိ၊ ဤဆင်ကား ကောင်းသော ကျန်အင်လက္ခဏာနှင့်ပြည့်စုံ၏”ဟု။ သော ရာဇာ၊ ထိုမဂဓမင်း သည်။ မင်္ဂလဟတ္ံ အကာသိ၊ မင်္ဂလာဆင်တော်ကို ပြုပြီ။
အထ ဧကသ္မိံ ဆဏ ဒိဝသေ၊ ထိုအခါ တစ်ခုသော ပွဲလမ်းသဘင်နေ့၌။ သကလနဂရံ ဒေ၀နဂရံ ဝိယ၊ တစ်မြို့လုံးကို နတ်ပြည်ကိုကဲ့သို့။ အလင်္ကာရာပေတွာ၊ တန်ဆာဆင်စေ၍။ သဗ္ဗာ လင်္ကာရပဋိမဏ္ဍိတံ၊ အဆင်တန်ဆာအလုံးစုံဖြင့် တန်ဆာဆင်အပ်သော။ မင်္ဂလ ဟတ္ထိံ အဘိရုဟိတွာ၊ မင်္ဂလာဆင်တော်ကို စီး၍။ မဟန္တေန ရာဇာနုဘာဝေန၊ ကြီးကျယ်မြင့်မြတ်သော မင်းအာနုဘော်ဖြင့်။ နဂရံ၊ မြို့တော်ကို။ ပဒက္ခိဏံ အကာသိ၊ လက်ယာရစ်လှည့်လည်သည်ကို ပြုပြီ။
မဟာဇနော၊ လူအများသည်။ တတ္ထ တတ္ထ ဌတွာ၊ ထိုထိုနေရာ၌ တည်ကြ၍။ မင်္ဂလဟတ္ထိနော၊ မင်္ဂလာဆင်တော် ၏။ ရူပသောဘဂ္ဂပ္ပတ္တံ၊ ရုပ်တင့်တယ်မှုအထွဋ်အထိပ်သို့ ရောက်သော။ သရီရံ ဒိသွာ၊ ခန္ဓာကိုယ်ကို တွေ့မြင်ရ၍။ ရူပံ အဟော၊ ရုပ်အဆင်းသည် အံ့ဖွယ်ကောင်း စွ။ ဂတိ အဟော၊ သွားလာပုံသည်လည်း အံ့ဖွယ်ကောင်းစွ။ လီဠာ အဟော၊ တင့်တယ်စံပါယ်မှုသည်လည်း အံ့ဖွယ်ကောင်းစွ။ လက္ခဏသမ္ပတ္တိ အဟော၊ ကျန်အင်လက္ခဏာပြည့်စုံမှုသည်လည်း အံ့ဖွယ်ကောင်းစွ။ ဧဝရူပေါ နာမ၊ ဤသို့သဘောရှိသည်မည်သော။ သဗ္ဗသေတဝရဝါရဏော၊ တစ်ကိုယ်လုံး ဆွတ် ဆွတ်ဖြူသော ဆင်တော်မြတ်သည်။ စက္ကဝတ္တိရညော အနုစ္ဆဝိကောတိ၊ စကြ ဝတေးမင်းအား လျှောက်ပတ်၏”ဟု။ မင်္ဂလဟတ္ထိမေဝ ဝဏ္ဏသိ၊ မင်္ဂလာဆင် တော်ကိုသာ ချီးမွမ်းပြီ။
ရာဇာ၊ မဂဓမင်းသည်။ မင်္ဂလဟတ္ထိဿ၊ မင်္ဂလာဆင်တော်အား။ ဝဏ္ဏ သုတွာ၊ ချီးမွမ်းစကားကို ကြားရ၍။ သဟိတုံ အသက္ကောန္တော၊ သည်းခံခြင်းငှာ မစွမ်း နိုင်ရကား။ ဥသူယံ ဥပ္ပါဒေတွာ၊ ငြူစူမှုကို ဖြစ်စေ၍။ “အဇ္ဇေဝ တံ၊ ယနေ့ပင်သာ ထိုမင်္ဂလာဆင်တော်ကို။ ပဗ္ဗတပါဒေ ပါတေတွာ၊ တောင်ခြေ၌ လိမ့်ကျစေ၍။ ဇီဝိတက္ခယံ ပါပေဿာမီတိ၊ အသက်ကုန်ခြင်းသို့ ရောက်စေမည်”ဟုတွေး၍။ ဟတ္ထာစရိယံ ပက္ကောသာပေတွာ၊ ဆင်ဆရာကို ခေါ်စေ၍။ “ကိန္တိ ကတွာ၊ အဘယ် ကဲ့သို့ ပြု၍။ တယာ အယံ နာဂေါ၊ သင်ဆင်ဆရာသည် ဤမင်္ဂလာဆင်တော်ကို။ သိက္ခာပိတောတိ အာဟ၊ သင်ယူစေအပ်သနည်း သင်ပေးထားအပ်သနည်း”ဟု မေးပြီ။
သုသိက္ခာပိတော ဒေဝါတိ၊ ကောင်းစွာသင်ပေးထားအပ်ပါပြီ အရှင် မင်းကြီးဟုဖြေကြားပြီ။
န သုသိက္ခိတော၊ ကောင်းစွာသင်ပေးထားအပ်သည် မဟုတ်။ ဒုသိက္ခိတောတိ၊ မကောင်းသဖြင့် သင်ပေးထားအပ်၏ဟု။ (အာဟ၊ ဘုရင်ကပြောပြီ)။
သုသိက္ခိတော ဒေဝါတိ၊ ကောင်းစွာသင်ပေးထားအပ်ပါပြီ အရှင် မင်းကြီးဟု။ (အာဟဆင်ဆရာက လျှောက်ပြန်ပြီ)။
ယဒိ သုသိက္ခိတော၊ အကယ် ၍ ကောင်းစွာသင်ပေးထားအပ်သည်ဖြစ်အံ့။ နံ ဝေပုလ္လပဗ္ဗတမတ္ထကံ၊ ထိုမင်္ဂလာ ဆင်တော်ကို ဝေပုလ္လတောင်ထိပ်သို့။ အာရောပေတုံ သက္ခိဿသိ ဣတိ၊ တက်ရောက်စေခြင်းငှာ စွမ်းနိုင်မည်လော”ဟု မေးပြီ။
အာမ ဒေဝါတိ၊ မှန်ပါ စွမ်းနိုင်ပါ၏ အရှင်မင်းကြီးဟုဖြေကြားပြီ။
တေန ဟိ ဧဟီတိ၊ ထိုသို့ဖြစ်လျှင် လာလော့ ဟုပြော၍။ သယံ ဩတရိတွာ၊ ကိုယ်တိုင် ဆင်ပေါ်မှဆင်း၍။ ဟတ္ထာစရိယံ အာရောပေတွာ၊ ဆင်ဆရာကို စီးစေ၍။ ပဗ္ဗတပါဒ ဂန္တွာ၊ ဝေပုလ္လတောင်ခြေသို့ သွား၍။ ဟတ္ထာစရိယေန၊ ဆင်ဆရာသည်။ ဟတ္ထိပိရိယံ နိသီဒိတွာဝ၊ ဆင်ကျော ပေါ်၌ ထိုင်နေ၍သာ။ ဟတ္ထိမှိ ဝေပုလ္လပဗ္ဗတမတ္ထကံ၊ ဆင်တော်ကို ဝေပုလ္လတောင် ထိပ်သို့။ အာရောပိတေ၊ တက်စေအပ်ပြီးသော်။ သယမ္ပိ၊ ရှင်ဘုရင်ကိုယ်တိုင် လည်း။ အမစ္စဂဏပရိတော၊ အမတ်အပေါင်းသည် ခြံရံအပ်လျက်။ ပဗ္ဗတမတ္တကံ အဘိရုဟိတွာ၊ တောင်ထိပ်သို့ တက်ရောက်ပြီး၍။ ဟတ္ထိ၊ မင်္ဂလာဆင်တော်ကို။ ပပါတာဘိမုခံ ကာရေတွာ၊ ကမ်းပါးပြတ်သို့ ရှေးရှုမျက်နှာရှိသည်ကို ပြုစေ၍။ “မယာ ဧသော၊ ကျွန်တော်မျိုးသည် ဤဆင်တော်ကို။ သုသိက္ခာပိတောတိ၊ ကောင်းစွာ သင်ယူစေအပ်ပါပြီဟု။ တွံ ဝဒေသိ၊ သင်ဆင်ဆရာသည် ပြောဆို၏။ နံ၊ ထိုဆင်တော်ကို။ တီဟိယေဝ ပါဒေဟိ၊ သုံးချောင်းသာဖြစ်ကုန်သော ခြေတို့ဖြင့်။ တာဝ ဌပေဟီတိ အာဟ၊ ရပ်ခိုင်းလော့”ဟု ပြောပြီ။
ဟတ္ထာစရိယော၊ ဆင်ဆရာ သည်။ ပိဋ္ဌိယံ နိသီဒိတွာဝ၊ ဆင်ကျောပေါ်၌ ထိုင်လျှက်ပင်သာ။ “ဘော တီဟိ ပါဒေဟိ၊ အို. . ဆင်တော် သုံးချောင်းကုန်သော ခြေတို့ဖြင့်။ တိဋ္ဌာတိ၊ ရုပ်ပြပါ”ဟု။ ပဏ္ဍိကာယ ဟတ္ထိဿ၊ ဖနောင့်ဖြင့် ဆင်တော်အား။ သညံ အဒါသိ၊ အမှတ်သညာ ကို ကို ပေးပြီ။ မဟာသက္ကော တထာ အကာသိ၊ ဘုရားလောင်းဆင်တော်သည် ထိုဆင်ဆရာပြောသည့်အတိုင်း ခြေသုံးချောင်းဖြင့် ရပ်မှုပြုပြီ။
ပုန ရာဇာ၊ တဖန် မဂဓမင်းသည်။ “ဒီဟိ ပုရိမပါဒေဟိယေဝ၊ နှစ်ချောင်းကုန်သော ရှေ့ခြေတို့ဖြင့်သာ။ ဌပေဟီတိ အာဟ၊ အရပ်ခိုင်းလော့”ဟု ပြောပြီ။ မဟာသတ္တော၊ ဘုရားလောင်း ဆင်တော်သည်။ ဒွေပစ္ဆိမပါဒေ ဥက္ခိပိတွာ၊ နှစ်ချောင်းကုန်သော နောက်ခြေတို့ကို မြှောက်ထား၍။ ပုရိမပါဒေဟိ အဋ္ဌာသိ၊ ရှေ့ခြေနှစ်ချောင်းတို့ဖြင့် ရုပ်ပြပြီ။
ပစ္ဆိမပါဒေဟိယေဝါတိ ဝုတ္တေပိ၊ နောက်ခြေတို့ဖြင့်သာဟု ပြောအပ်သော်လည်း။ ဒွေ ပုရိမပါဒေ ဥက္ခိပိတွာ၊ နှစ်ချောင်းကုန်သော ရှေ့ခြေတို့ကို မြှောက်ချီ၍။ ပစ္ဆိမ ပါဒေဟိ အဋ္ဌာသိ၊ နောက်ခြေနှစ်ချောင်းတို့ဖြင့် ရပ်ပြပြီ။ ဧကေနာပိ ဝုတ္တေပိ၊ တစ်ချောင်းဖြင့်ဟု ပြောအပ်သော်လည်း။ တယော ပါဒေ ဥက္ခိပိတွာ၊ သုံးချောင်း ကုန်သော ခြေတို့ကို မြှောက်ချီ၍။ ဧကေနေဝ အဋ္ဌာသိ၊ ခြေတစ်ချောင်းတည်း ဖြင့်သာ ရပ်ပြပြီ။
အထ အဿ၊ ထိုအခါ ထိုဘုရားလောင်းဆင်တော်၏။ အပတနဘာဝံ ဉတွာ၊ မကျကြောင်းကို သိရ၍။ “သစေ ပဟောသိ၊ အကယ် ၍ စွမ်းနိုင်အံ့။ အာကာသေ နံ၊ ကောင်းကင်၌ ထိုဆင်တော်ကို။ ဌပေတီတိ အာဟ၊ အရပ်ခိုင်းပါ”ဟု ပြောပြီ။
အာစရိယော၊ ဆင်ဆရာသည်။
“သကလဇမ္ဗူဒီပေ၊ ဇမ္ဗူဒိပ်တစ်ကျွန်းလုံး၌။ ဣမိနာ သဒိသော သုသိက္ခိတော၊ ဤဆင်တော်နှင့်တူသော ကောင်းစွာသင်ပြထား အပ်သော။ ဟတ္ထီ နာမ နတ္ထိ၊ ဆင်မည်သည် မရှိ။ ပန နိဿံသယံ ဧသော၊ စင်စစ် သော်ကား သံသယမရှိဤရှင်ဘုရင်သည်။ ဧတံ ပပါတေ ပါတေတွာ၊ ဤဆင်တော် ကို ကမ်းပါးပြတ်၌ လိမ့်ကျစေ၍။ မာရေတုကာမော ဘဝိဿတီတိ၊ သေစေလိုသည် ဖြစ်လိမ့်မည်”ဟု။ စိန္တေသိ၊ တွေးမိပြီ။
သော တဿ ကဏ္ဍမူလေ၊ ထိုဆင်ဆရာသည် ထိုဆင်တော်၏ နားရင်း၌။ “တာတ အယံ ရာဇာ၊ ချစ်သား ဤမင်းသည်။ တံ ပပါတေ ပါတေတွာ၊ သင်ချစ်သားကို ကမ်းပါးပြတ်၌ လိမ့်ကျစေ၍။ မာရေတု ကာမော၊ သေစေလို၏။ တွံ ဧတဿ၊ သင်ချစ်သားသည် ဤမင်းအား။ န အနုကော၊ မထိုက်တန်။ တေ အာကာသေန ဂန္တုံ၊ သင်ချစ်သားအား ကောင်းကင် ဖြင့် သွားခြင်းငှာ။
ဗလံ သစေ အတ္ထိ၊ စွမ်းအားသည် အကယ်၍ရှိအံ့။ မံ ယထာ နိသိန္နီယေဝ အာဒါယ၊ ငါ့ကို အကြင်ကြင်ထိုင်နေသည်အားလျော်စွာပင် ယူဆောင်၍။ ဝေဟာသံ အဗ္ဘုဂ္ဂန္န၊ ကောင်းကင်သို့ ပျံတက်၍။ ဗာရာဏသိ ဂစ္ဆာတိ၊ ဗာရာဏသီမြို့သို့ သွားလော”ဟု။ မန္တေသိ၊ တိုင်ပင်ပြောဆိုပြီ။
ပုညိဒ္ဓိယာ သမန္နာဂတော၊ ဘုန်းတန်ခိုးနှင့် ပြည့်စုံသော။ မဟာသတ္တော၊ ဘုရားလောင်း ဆင်တော်သည်။ တင်္ခဏညေဝ အာကာသေ အဋ္ဌာသိ၊ ထိုခဏ၌ပင် ကောင်းကင်၌ တည်ပြီ။
ဟတ္ထာစရိယော၊ ဆင်ဆရာသည်။ “မဟာရာဇ အယံ ဟတ္ထီ၊ အို. . မင်းမြတ် ဤဆင်တော်သည်။ ပုညိဒ္ဓိယာ သမန္နာဂတော၊ ဘုန်းတန်ခိုးနှင့် ပြည့်စုံ၏။ တာဒိသဿ မန္ဒပုညဿ၊ အရှင်မင်းကြီးကဲ့သို့ရှုအပ်သော ဘုန်းကံနည်းသော။ ဒုဗ္ဗုဒ္ဓိနော န အနုဗ္ဘဝိကော၊ အလိမ္မာဉာဏ်မရှိသူအား မတော်ပါ။ ပဏ္ဍိတဿ ပုညသမ္ဗုဒ္ဓဿ၊ ပညာရှိသော ဘုန်းကံပြည့်စုံသော။ ရညာ အနုဂိကော၊ မင်းအား သင့်လျှော်၏။ တာဒိသာ မန္ဒပုညာ နာမ၊ သင်မင်းကြီးကဲ့သို့အပ်ကုန်သော ဘုန်းကံ နည်းသူတို့မည်သည်။ ဧဝရူပံ ဝါဟဏံ လဘိတွာ၊ ဤသို့သဘောရှိသော ယာဉ်ကောင်းယာဉ်မြတ်ကို ရကြ၍။ တဿ ဂုဏံ အဇာနန္တာ၊ ထိုယာဉ်ကောင်း ယာဉ်မြတ်၏ ဂုဏ်အရည်အချင်းကို မသိကြရကား။ တစ္စေဝ ဝါဟဏံ၊ ထိုယာဉ်ကောင်းယာဉ်မြတ်ကိုလည်းကောင်း။ အဝသေသံ ယသသမ္ပတ္တိ၊ ကြွင်းကျန်သော အခြံအရံစည်းစိမ်ကိုလည်းကောင်း။ နာသေန္တိယေဝါတိ ဝတွာ၊ ဖျက်ဆီးကြကုန် သည်သာ”ဟု လျှောက်ထား၍။ ဟတ္ထိက္ခန္ဓေ နိသိန္နောဝ၊ ဆင်ပုခုံးပေါ်၌ ထိုင်နေ လျှက်ပင်။
ဒုမ္မေဓော ယသံ လဒ္ဓါန၊ အလိမ္မာ ဉာဏ်မရှိသူသည် စည်းစိမ်အခြံရံကို ရရှိပြီး၍။ အတ္တနော အနတ္ထ စရတိ၊ မိမိ၏ အကျိုးမဲ့ကို ပြုကျင့်၏။
အတ္တနော စ ပရေသဉ္စ၊ မိမိ၏လည်းကောင်း အခြားသူတို့၏လည်းကောင်း။ ဟံသာယ ပဋိပဇ္ဇတီ၊ ပင်ပန်းခြင်း ဒုက္ခဖြစ်ခြင်းငှာသာ ပြုကျင့်၏။
တတြ အယံ သင်္ခေပတ္ထော၊ ထိုဂါထာ၌ ဤဆိုလတံ့သည်ကား အကျဉ်းချုပ် အနက်တည်း။ (ကော၊ အကျဉ်းချုပ်အနက်ဟူသည် အဘယ်နည်း)။ မဟာရာဇ တာဒိသော၊ အို. . မင်းမြတ် သင်မင်းကြီးကဲ့သို့ ရှူအပ်သော။ ဒုမ္မေဓော နိပ္ပညော ပုဂ္ဂလော၊ အလိမ္မာဉာဏ်မရှိသော အလိမ္မာပညာမရှိသော ပုဂ္ဂိုလ်သည်။ ပရိဝါရ သမ္ပတ္တိံ လဘိတွာ၊ အခြံအရံစည်းစိမ်ကို ရရှိပြီး၍။ အတ္တနော အနတ္ထ စရတိ၊ မိမိ ၏ အကျိုးမဲ့ကို ပြုကျင့်၏။
ကိံ ကာရဏာ၊ အဘယ့်ကြောင့်နည်း။
ဟိ သော၊ ဟိ အကြင့်ကြောင့် ထိုအလိမ္မာဉာဏ်မရှိသူသည်။ ယသမဒမတ္တော၊ စည်းစိမ်အခြံအရံ မာန်ရစ်ခြင်းဖြင့် ယစ်မူး၍။ ကတ္တဗွာကတ္တဗ္ဗံ အဇာနန္တော၊ ပြုသင့်,မပြုသင့်မသိရကား။ အတ္တနော စ ပရေသဉ္စ၊ မိမိ၏လည်းကောင်း အခြားသူတို့၏ လည်းကောင်း။ ဟိံ သာယ ပဋိပဇ္ဇတိ၊ ပင်ပန်းခြင်း ဆင်းရဲခြင်းငှာ ပြုကျင့်၏။ (တသ္မာ၊ ထို့ကြောင့်တည်း)။
ကိလမနံ ဒုက္ခုပ္ပါဒနံ၊ ပင်ပန်းခြင်းကို ဒုက္ခဖြစ်စေ ခြင်းကို။ ဟံသာ ဝုစ္စတိ၊ ဟံသာဟု ခေါ်ဆိုအပ်၏။ တဒတ္ထာယ ဧ၀၊ ထိုပင်ပန်းခြင်း ဆင်းရဲခြင်းငှာသာ။ ဣတိ၊ ပြုကျင့်၏ ဤသည်ပင်တည်း။
ဧဝံ ဣမာယ ဂါထာယ၊ ဤသို့ ဤဂါထာဖြင့်။ ရညော ဓမ္မံ ဒေသတွာ၊ မဂဓ မင်းအား တရားကို ဟောပြီး၍။ တွံ ဒါနိ တိဋ္ဌဣတိ ဝတွာ၊ သင်မင်းကြီးသည် ယခုနေရစ်တော့ ဤသို့ လျှောက်ထား၍။ အာကာသေ ဥပ္ပတိတွာ၊ ကောင်းကင်သို့ ပျံတက်၍။ ဗာရာဏသိနဂရံ ဂန္တွာ၊ ဗာရာဏသီမြို့သို့ သွား၍။ ရာဇင်္ဂဏေ အာကာသေ အဋ္ဌာသိ၊ မင်းရင်ပြင်၌ ကောင်းကင်၌ ရပ်တည်ပြီ။
သကလနဂရံ သင်္ခဘိတွာ၊ ဗာရာဏသီတစ်မြို့လုံးသည် တုန်လှုပ်ခြောက်ခြား၍။ “အမှာကံ ရညော၊ ငါတို့၏ မင်းကြီးအတွက်။ သေတ၀ရဝါရဏော၊ ဆင်ဖြူတော်မြတ်သည်။ အာကာသေန အာဂန္တွာ၊ ကောင်းကင်ခရီးဖြင့် လာရောက်၍။ ရာဇင်္ဂဏေ ဌိတော တိ၊ မင်းရင်ပြင်၌ တည်၏”ဟု။ ဧကကောလာဟလံ အဟောသိ၊ တစ်ခုတည်း သော အုတ်အုတ်ကျက်ကျက်အသံသည် ဖြစ်ပြီ။
ဝေဂေန ရညောပိ အာရောစေ သုံ၊ အရှိန်အဟုန်ဖြင့် ဗာရာဏသီမင်းအားလည်း လျှောက်ထားကုန်ပြီ။
ရာဇာ နိက္ခမိတွာ၊ ဗာရာဏသီမင်းသည် ထွက်လာပြီး၍။ “မယှံ ဥပဘောဂတ္ထာယ၊ ငါ၏ အသုံးအဆောင်အကျိုးငှာ။ သစေ အာဂတော အသိ၊ အကယ်၍ လာရောက် သည် ဖြစ်အံ့။ ဘူမိယံ ပတိဋ္ဌာဟီတိ အာဟ၊ မြေ၌ တည်ပါလော”ဟု ပြောပြီ။
ဗောဓိသတ္တော ဘူမိယံ ပတိဋ္ဌာတိ၊ ဘုရားလောင်းသည် မြေပြင်၌ တည်ပြီ။ အာစရိယော ဩတရိတွာ၊ ဆင်ဆရာသည် ဆင်ပေါ်မှ ဆင်း၍။ ရာဇာနံ ဝန္ဒိတွာ၊ ဗာရာဏသီမင်းကို ရှိခိုးပြီး၍။ “တာတ ကုတော၊ အို. . ချစ်သား အဘယ်မှ။ အာဂတော အသိ ဣတိ ဝုတ္တေ၊ လာသည် ဖြစ်သနည်း”ဟု မေးအပ်သော်။ ရာဇဂဟတောတိ ဝတွာ၊ ရာဇဂြိုဟ်မြို့မှပါဟု ဖြေကြားပြီး၍။ သဗ္ဗ ပဝတ္တိ အာရောစေသိ၊ အလုံးစုံသော အဖြစ်ကို လျှောက်ထားပြီ။
ရာဇာ၊ ဗာရာဏသီ မင်းသည်။ “တာတ ဣဓ ဂစ္ဆန္တေနာ၊ အို. . ချစ်သား ဤဗာရာဏသီမြို့သို့ လာသော။ တေ မနာပံ ကတံ၊ သင်သည် နှစ်သက်ဖွယ်ကို ပြုအပ်ပါပေပြီ။ ဣတိ တုဋ္ဌဟဋ္ဌော၊ ဤကဲ့သို့ နှစ်သက်ရွှင်လန်းလှ၍။ နဂရံ သဇ္ဇာပေတွာ၊ မြို့ကို စီရင် စေ၍ (ပြင်ဆင်စေ၍)။ ဝါရဏံ၊ ဘုရားလောင်းဆင်မင်းကို။ မင်္ဂလဟတ္ထိဋ္ဌာနေ ဌပေတွာ၊ မင်္ဂလာဆင်တော်ရာထူး၌ ထားပြီး၍။ သကလရဇ္ဇံ၊ အလုံးစုံသော မင်းအဖြစ်ကို။ တယော ကောဋ္ဌာသေ ကတွာ၊ သုံးခုကုန်သော အစုအပုံတို့ကို ပြုပြီး၍။ ဧကံ ဗောဓိသတ္တဿ အဒါသိ၊ တစ်ပုံကို ဘုရားလောင်းဆင်မင်းအား ပေးပြီ။ ဧကံ အာစရိယဿ၊ တစ်ပုံကို ဆင်ဆရာအား။ (အဒါသိ၊ ပေးပြီ)။ ဧကံ အတ္တနာ အဂ္ဂဟေသိ၊ တစ်ပုံကို မိမိသည် ယူပြီ။
ဗောဓိသတ္တဿ၊ ဘုရားလောင်း မင်္ဂလာဆင်တော်၏။ အာဂတကာလတော၊ ရောက်လာရာကာလမှ။ ပဋ္ဌာယေဝပန၊ စ၍သာလျှင်ကား။ သကလဇမ္ဗု ဒီပေ ရဇ္ဇံ၊ ဇမ္ဗူဒိပ်တစ်ကျွန်းလုံး၌ မင်းအဖြစ် ရောက်သည် သည်။ ရညော ဟတ္ထဂတမေဝ ဇာတံ၊ ဗာရာဏသီမင်း၏ လက်သို့ သာ ဖြစ်ပြီ။
သော ဇမ္ဗုဒီပေ၊ ထိုဗာရာဏသီမင်းသည် ဇမ္ဗူဒိပ်ကျွန်း၌။ အဂ္ဂရာဇာ ဟုတွာ၊ အမြတ်ဆုံးမင်းသည် ဖြစ်၍။ ဒါနာဒီနိ ပုညာနိ ကတွာ၊ ဒါနအစရှိကုန်သော ကောင်းမှုတို့ကို ပြု၍။ ယထာကမ္မံ အဂမာသိ၊ ကံအားလျော်စွာ လားပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာ တော်ကို ဆောင်တော်မူ၍။
“တဒါ မဂဓရာဇာ၊ ထိုရှေးအခါက မဂဓမင်းသည်။ ဒေဝဒတ္တော အဟောသိ၊ ဒေဝဒတ်သည် ဖြစ်လာပြီ။ ဗာရာဏသိရာဇာ သာရိ ပုတ္တော၊ ဗာရာဏသီမင်းကား သာရိပုတ္တရာတည်း။ ဟတ္ထာစရိယော အာနန္ဒော၊ ဆင်ဆရာကား အာနန္ဒာတည်း ။ ဟတ္ထီ ပန၊ မင်္ဂလာဆင်တော်သည်ကား။ အဟ အဟောသိန္တိ၊ ငါဘုရားသည်သာ ဖြစ်လာပြီ”ဟု။ ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
ဒုမ္မဓဇာတကပဏ္ဏနာ ဒုတိယာ၊ နှစ်ခုမြောက်ဖြစ်သော ဒုမ္မဓဇာတ်အဖွင့်တည်း။