Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
Jātaka-aṭṭhakathā(Paṭhamo bhāgo)
Jātaka-aṭṭhakathā(Paṭhamo bhāgo)

[65] 5. Anabhiratijātakavaṇṇanā

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

**ယထာ နဒီ စ ပန္ထော စာ** တိ ဣဒံ၊ ယထာ နဒီ စ ပန္ထော စစသော ဤတရားဒေသနာတော်ကို။ သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။ တထာရူပံ ဥပါသကံယေဝ၊ ထိုသို့ သဘောရှိသော ဥပါသကာကိုပင်။ အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
သောပန ပရိဂ္ဂဏှန္တော၊ ထိုဥပါသကာသည်ကား စူးစမ်းသော်။ တဿာ ဒုဿီလဘာဝံ ဉတွာ၊ ထိုမယား၏ သီလမရှိကြောင်းကို သိ၍။ ဘဏ္ဍိတော စိတ္တဗျာကုလတာယ၊ ငြင်းခုံ၍ စိတ်ရှုပ်ခြင်းရှိသည်၏အဖြစ်ကြောင့်။ သတ္တဋ္ဌဒိဝသေ၊ ခုနစ်ရက်ရှစ်ရက်တို့ပတ်လုံး။ ဥပဋ္ဌာနံ နာဂမာသိ၊ ဆည်းကပ်ခြင်းငှာမသွားပြီ။
သော ဧကဒိဝသံ၊ ထိုဥပါသကာသည် တစ်နေ့၌။ ဝိဟာရံဂန္တွာ၊ ကျောင်းတော်သို့သွား၍။ တထာဂတံ ဝန္ဒိတွာ နိသိန္နော၊ ဘုရားရှင်ကို ရှိခိုး၍ ‌ထိုင်နေသော်။ "ကသ္မာ သတ္တဋ္ဌဒိဝသာနိ၊ ဘာ့ကြောင့်ခုနစ်ရက်ရှစ်ရက်တို့ပတ်လုံး။ နာဂတော အသီတိ ဝုတ္တေ၊ မလာသည် ဖြစ်သနည်း"ဟုမေးတော်မူအပ်သော်။ ဘန္တေ မေ၊ မြတ်စွာဘုရား...တပည့်တော်၏။ ဘရိယာ ဒုဿီလာ၊ မယားသည် သီလမရှိပါ။ တဿာ ဥပရိ၊ ထိုမယား၏ အပေါ်၌။ ဗျာကုလ စိတ္တတာယ၊ ရှုပ်ထွေးသော စိတ်ရှိသည်၏အဖြစ်ကြောင့်။ နာဂတော အမှီတိ အာဟ၊ မလာသည်ဖြစ်ပါ၏"ဟုလျှောက်ပြီ။
သတ္ထာ၊ ဘုရားရှင်သည်။ ဥပါသက၊ ဥပါသကာ။ ဧ‌တာ အနာစာရာတိ၊ ဤမိန်းမတို့သည် မလျော်သော အကျင့်ရှိကုန်၏ဟု။ ဣတ္ထီသု ကောပံ အကတွာ၊ မိန််းမတို့၌ စိတ်ဆိုးမှုကိုမပြုမူ၍။ မဇ္ဈတ္တေနေဝ ဘဝိတုံ ဝဋ္ဋတီတိ၊ လျစ်လျူရှုသူသည်သာ ဖြစ်ခြင်းငှာ သင့်၏ဟု။ ပုဗ္ဗေပိတေ၊ ရှေးကလည်းသင့်အား။ ပဏ္ဍိတာ ကထယိံသု၊ ထိုအကြောင်းကို။ နသလ္လက္ခေသီတိ ဝတွာ၊ ‌ကောင်းစွာမမှတ်မိ"ဟုမိန့်တော်မူ၍။ တေန ယာစိတော၊ ထိုဥပါသကာသည်တောင်းပန်အပ်ရကား။ အတီတံ အာဟရိ၊ အတိတ်ကိုဆောင်တော်မူပြီ။
အတီတေ ဗာရာစသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။ ဗြဟ္မဒတ္တေ ရဇ္ဇံကာရေန္တေ၊ ‌ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကိုပြုသော်။ ဗောဓိသတ္တော ပုရိမ နယေနေဝ၊ ဘုရားလောင်းသည် ရှေးနည်းဖြင့်ပင်။ ဒိသာပါမောက္ခော အာစရိယော အဟောသိ၊ အရပ်မျက်နှာအကြီးအမှူးဖြစ်သော ဆရာကြီးသည် ဖြစ်ပြီ။
အထအဿ အန္တေဝါသိကော၊ ထိုအခါထိုဘုရားလောင်း၏ တပည့်သည်။ ဘရိယာယ ဒေါသံ ဒိသွာ၊ မယား၏ အပြစ်ကိုမြင်၍။ ဗျာကုလစိတ္တတာယ ကတိပါဟံအနာဂန္တွာ၊ ရှုပ်ထွေးသော စိတ်ရှိသည်၏ အဖြစ်ကြောင့် နှစ်ရက်သုံးရက်ပတ်လုံး ဆရာ့ထံ မ လာမူ၍။ ဧကဒိဝသံ အာစရိယေန ပုစ္ဆိတော၊ တစ်နေ့၌ ဆရာသည် မေးအပ်သော်။ တံကာ‌ရဏံ နိဝေဒေသိ၊ ထိုမိန််းမမကောင်းကြောင်းကိုသိစေပြီ။
အထ အဿ အာစရိယော၊ ထိုအခါ ထိုတပည့်အားဆရာသည်။ "တာတ ဣတ္ထိယောနာမ၊ ချစ်သားမိန််းမတို့မည်သည်။ သဗ္ဗသာဓာရဏာ၊ အားလုံးနှင့်သက်ဆိုင်ကုန်၏။ တာသု၊ ထိုမိန်းမတို့၌။ ဧတာဒုဿီလာတိ၊ ဤမိန်းမတို့သည်သီလမရှိကုန်ဟု။ ပဏ္ဍိတာ ကောပံ၊ ပညာရှိတို့သည် စိတ်ဆိုးမှုကို။ န ကရောန္တီတိ ဝတွာ၊ မပြုကြ"ဟုပြောဆို၍။ ဩဝါဒဝသေန၊ ဩဝါဒပေးသည်၏ အစွမ်းဖြင့်။
နဒီ ယထာ စ၊ မြစ်ကဲ့သို့လည်းကောင်း။ ပန္တော ယထာစ၊ လမ်းကဲ့သို့လည်းကောင်း။ ပါနာဂါရံ ယထာစ၊ သေတင်းကုတ်ကဲ့သို့လည်းကောင်း။ ဘဘာယထာစ၊ အစည်းအဝေးသဘင်ကဲ့သို့လည်းကောင်း။ လောကေ ဣတ္ထိယောနာမ ဧဝံ၊ လောက၌ မိန်းမတို့မည်သည် ဤအတူပင်တည်း။ ပဏ္ဍိတာ အာသံန ကုဇ္ဈန္တိ၊ ပညာရှိတို့သည် ထိုမိန််းမတို့အား အမျက်မထွက်ကုန််။
တတ္ထ၊ ထိုဂါထာ၌။ **ယထာ နဒီ** တိ၊ ယထာ နဒီဟူသည်ကား။ အနေကတိတ္ထာ နဒီ၊ ရေချိုးဆိပ်များစွာရှိသော မြစ်သည်။ နှာနတ္ထာယ သမ္ပတ္တသမ္ပတ္တာနံ၊ ရေချိုးခြင်းငှာ ရောက်လာရောက်လာကုန်သော။ စဏ္ဍာလာဒီနမ္ပိ၊ စဏ္ဍာလမျိုး စသည်တိ့နှင့်လည်းကောင်း။ ခတ္တိယာဒီနမ္ပိ၊ မင်းမျိုးစသည်တို့နှင့်လည်းကောင်း။ သာဓာရဏာ ယထာ၊ ဆက်ဆံသကဲ့သို့တည်း။ တတ္ထ၊ ထိုမြစ်၌။ ကောစိ နှာယိတုံ၊ တစ်စုံတစ်ယောက်သော သူသည်ရေချိုးခြင်းငှာ။ နနလဘတိနာမ၊ မရသည် မည်သည်မရှိတည်း။
**ပန္ထော** တိအာဒီသုပိ၊ ပန္တော ဤသို့စသည်တို့၌လည်း။ အတ္ထောဧဝံ ဝေဒိတဗ္ဗော၊ အဓိပ္ပာယ်နက်ကို ဤသို့သိထိုက်၏။ မဟာမဂ္ဂေါပိ၊ လမ်းမကြီးသည်လည်း။ သဗ္ဗေသံသာဓာရဏော ယထာ၊ သူအားလုံးတို့နှင့်သက်ဆိုင်သကဲ့သို့။ ကောစိ၊ တစ်စုံတစ်ယောက်သော သတ္တဝါသည်။ တေန ဂန္တုံ၊ ထိုလမ်းမကြီးဖြင့်သွားခြင်းငှာ။ နန လဘတိ ယထာ၊ မရသည်မရှိသကဲ့သို့။
ပါနာဂါရံ သုရာဂေဟမ္ပိ၊ သောက်ရာအိမ်ဖြစ်သော သေတင်းကုတ်သည်လည်း။ သဗ္ဗေသံ သာဓာရဏံ ယထာ၊ လူအားလုံးတို့နှင့် သက်ဆိုင်သကဲ့သို့။ ယော‌ယော ပါတုကာမော၊ အကြင်သူ အကြင်သူသည်သောက်လို၏။ (သဗ္ဗော သောသော၊ အလုံးစုံသော ထိုသောက်လိုသူ သောက်လိုသူသည်)။ တတ္ထ ပဝိသတေဝ၊ ထိုသေတင်းကုတ်သို့ဝင်သွားသည်သာတည်း။
ပုညတ္ထိကေဟိ တတ္ထ တတ္ထ၊ ကုသိုလ်လိုချင်သူတို့သည် ထိုထိုအရပ်၌။ မနုဿာနံ နိဝါသတ္ထာယ၊ လူတို့၏ တည်းခိုနေဖို့အကျိုးငှာ။ ကတာ သဘာပိ၊ ပြုလုပ်အပ်သော နေရာသဘင်သည်လည်း။ သာဓာရဏာ၊ သူအားလုံးနှင့်ဆက်ဆံသည်သာ။ တတ္ထ ကောစိ၊ ထိုနေရာသဘင်သို့တစ်စုံတစ်ယောက်သော သူသည်။ ပဝိသိတုံ န နလဘတိ၊ ဝင်ခြင်းငှာ မရသည်မရှိ ရသည်သာတည်း။
မဟာမဂ္ဂေ၊ လမ်းမကြီး၌။ ပါနီဘစာဋိယော ဌပေတွာ၊ သောက်ရေအိုးကြီးတို့ကို ထား၍။ ကတာ ပပါပိ၊ ပြုလုပ်အပ်သော ရေအိုးစင်သည်လည်း။ သဗ္ဗေသံ သာဓာရဏာ၊ သူခပ်သိမ်းတို့နှင့်သက်ဆိုင်၏။ တတ္ထ ကောစိ၊ ထိုရေအိုးစင်၌ တစ်စုံတစ်ယောက်သောသူသည်။ ပါနီယံ ပိဝိတုံ၊ သောက်‌ရေကိုသောက်ခြင်းငှာ။ နနလဘတိ၊ မရသည်မရှိသည်သာ။
**ဧဝံ လောကိတ္ထိယောနာမ** တိ၊ ဧဝံ လောကိတ္ထိယော နာမဟူသည်ကား။ တာတ မာဏဝ ဧဝမေဝ၊ ချစ်သားလုလင်..ဤအတူသာ။ ဣမသ္မိံ လောကေ ဣတ္ထိယောပိ၊ ဤလောက၌ မိန်းမတို့သည်လည်း။ သဗ္ဗသာဓာရဏာဝ၊ သူခပ်သိမ်းနှင့် သက်ဆိုင်ကုန်သည်သာတည်း။ တေနေဝေ စသာဓာရဏ‌ဋ္ဌေန၊ ထိုသို့သက်ဆိုင်သောအနက်သဘောကြောင့်သာလည်း။ နဒီပန္ထပါနာ ဂါရသဘာပပါသဒိသာ၊ မြစ်,လမ်းမ,ဘုံဆိုင်,နေရာသဘင်,ရေအိုးစင်နှင့်တူကုန်၏။
တသ္မာတာသံ၊ ထို့ကြောင့်ထိုအမျိုးသမီးတို့အား။ ပဏ္ဍိတာန ကုဇ္ဈန္တိ၊ ပညာရှိတို့သည် စိတ်မဆိုးကုန်။ "ဧတာ လာမိကာ၊ ဤမိန်းမတို့သည် ယုတ်မာကုန်၏။ အနာစာရာဒုဿီလာ၊ မလျော်သော အကျင့်ရှိကုန်၏"ဟုတွေး၍။ ပဏ္ဍိတာ ဆေကာ ဗုဒ္ဓိသမ္ပန္နာ၊ ပညာရှိတို့သည် လိမ်မာသူတို့သည် အသိညဏ်ပြည့်စုံသူတို့သည်။ ဧတာသံ ဣတ္ထီနံန ကုဇ္ဈန္တိ၊ ထိုမိန်းမတို့အား စိတ်မဆိုးကုန်။ ဣတိ၊ ဤကားဂါထာအဖွင့်တည်း.
ဧဝံ ဗောဓိသတ္တော၊ ဤကဲ့သို့ဘုရားလောင်းသည်။ အန္တေဝါသိကဿ ဩဝါဒံ အဒါသိ၊ တပည့်အား ဩဝါဒကိုပေးပြီ။ သောတံ ဩဝါဒံသုတွာ၊ ထိုတပည့်သည်ထိုဩဝါဒကိုကြားနာရ၍။ မဇ္ဈတ္တော အဟောသိ၊ လျစ်လျူရှုသူသည်ဖြစ်ပြီ။
အဿ ဘရိယာပိ၊ ထိုတပည့်၏ မယားသည်လည်း။ "အာစရိယေန ဉာတာ၊ ဆရာကြီးသည်သိအပ်သည်။ အမှိ ကိရဣတိ၊ ဖြစ်သတဲ့"ဟု သိ၍။ တတောပဋ္ဌာယ၊ ထိုနေ့မှစ၍။ ပါပက္မံ နအကာသိ၊ မကောင်းမှုကိုမပြုပြီ။
တဿပိ ဥပါသကဿ ဘရိယာ၊ ထိုဥပါသကာ၏လည်းမယားသည်။ "သတ္ထာရာ ဉာတာ၊ ဘုရားရှင်သည် သိတော်မူအပ်သည်။ အမှိ ကိရ ဣတိ၊ ဖြစ်သတဲ့"ဟုသိ၍။ တတော ပဋ္ဌာယ၊ ထိုသိရာနေ့မှစ၍။ ပါပကမ္မံန အကာသိ၊ မကောင်းမှုကိုမပြုတော့ပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာတော်ကို ဆောင်တော်မူ၍။ သစ္စာနိ ပကာသေသိ၊ သစ္စာတို့ကို ပြ‌တော်မူပြီ။ သစ္စပရိယောသာနေ ဥပါသကော၊ သစ္စာပြပြီးအဆုံး၌ ဥပါသကာသည်။ သောတာပတ္တိဖလေ ပတိဋ္ဌဟိ၊ သောတာပတ္တိဖိုလ်၌တည်ပြီ။
သတ္ထာပိ အနုသန္ဓိ့ ဃဋေတွာ၊ ဘုရားရှင်သည်လည်း အနုသန္ဓေကိုစပ်တော်မူ၍။
"တဒါ ဇယမ္မတိကာဝ၊ ထိုအခါက မယားလင်တို့သည်ပင်။ ဧတရဟိ ဇယမ္ပတိကာ၊ ယခုအခါမယားလင်တို့တည်း။ အာစရိယဗြဟ္မဏော ပန၊ ဆရာပုဏ္ဏားသည်ကား။ အဟမေဝ အဟောသိန္တိ၊ ငါဘုရားသည်သာဖြစ်လာပြီ.ဟု။ ဇာတကံ သမောဓာနေသိ၊ ဇာတ်ကိုပေါင်း‌တော်မူပြီ.
**အနဘိရတိဇာတကဝဏ္ဏနာပဉ္စမာ၊ ငါးခုမြောက်ဖြစ်သော အနဘိရတိဇာတ်အဖွင့်တည်း။**