Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
Jātaka-aṭṭhakathā(Paṭhamo bhāgo)
Jātaka-aṭṭhakathā(Paṭhamo bhāgo)

[8] 8. Gāmaṇijātakavaṇṇanā

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

**အပိ အတရမာနာနန္တိ** ဣဒံ၊ အပိ အတရမာနာနံ စသော ဤတရားဒေသနာတော်ကို။ သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။ ဩဿဋ္ဌဝီရိယံ ဘိက္ခုံ အာရဗ္ဘ ကထေသိ၊ ကြိုးစားမှု စွန့်လွှတ်သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူပြီ။
ဣမသ္မိံ ပန ဇာတကေ၊ ဤဂါမဏိဇာတ်၌ကား။ ပစ္စုပ္ပန္နဝတ္ထု စ အတီတဝတ္ထု စ၊ ပစ္စုပ္ပန်ဝတ္ထုကြောင်းသည်လည်းကောင်း, အတိတ်ဝတ္ထုကြောင်းသည်လည်းကောင်း။ ဧကာဒသကနိပါတေ သံဝရဇာတကေ အာဝိ ဘဝိဿတိ၊ ဧကာဒသကနိပါတ်၌ သံဝရဇာတ်၌ ထင်စွာ ဖြစ်လတ္တံ့။
ဟိ ဝတ္ထု၊ မှန်၏ ဝတ္ထုကြောင်းသည်။ တသ္မိဉ္စ ဣမသ္မိဉ္စ ဧကသဒိသမေဝ၊ ထိုသံဝရဇာတ်၌လည်းကောင်း, ဤဂါမဏိဇာတ်၌လည်းကောင်း တစ်ခုတည်းဖြစ်၍ တူသည်သာတည်း (အတူတူသာတည်း)။ ဂါထာ ပန နာနာ၊ ဂါထာသည်ကား ကွဲပြား၏။
ဂါမဏိကုမာရော ဗောဓိသတ္တဿ၊ ဂါမဏိမင်းသားသည် ဘုရားလောင်းအမတ်၏။ ဩဝါဒေ ဌတွာ၊ အဆုံးအမ၌ တည်၍။ ဘာတိကသတဿ ကနိဋ္ဌော ဟုတွာပိ၊ နောင်တော်တစ်ရာ၏ ညီငယ်သည် ဖြစ်ပါသော်လည်း။ ဘာတိကသတပရိဝါရိတော၊ နောင်တော်တစ်ရာ ခြံရံအပ်လျက်။ သေတစ္ဆတ္တဿ ဟေဋ္ဌာ၊ ထီးဖြူအောက်၌။ ဝရပလ္လင်္ကေ နိသိန္နော၊ မြတ်သောပလ္လင်ပေါ်၌ ထိုင်လျက်။ အတ္တနော အယံ ယသသမ္ပတ္တိ၊ ငါ ဂါမဏိမင်း၏ စည်းစိမ်အခြံအရံနှင့် ဤပြည့်စုံမှုသည်။ အမှာကံ အာစရိယဿ သန္တကာ၊ ငါတို့၏ ဆရာအမတ်၏ ဥစ္စာတည်း"။ ဣတိ တုဋ္ဌော၊ ဤသို့ တွေးတော နှစ်သက်၍။ ဣမံ ဥဒါနံ ဥဒါနေသိ၊ ဤ ဥဒါန်းကို ကျူးရင့်ပြီ။ ဂါထာအနက်ကား--
၈။ "အပိ အတရမာနာနံ၊ အလျင်စလို မပြုလုပ်သူတို့အား။ ဖလာသာ သမိဇ္ဈတိ ဧဝ၊ အလိုရှိအပ် တောင့်တအပ်သော အကျိုးသည် ပြီးစီးပြည့်စုံသည်သာတည်း။ (အဟံ၊ ငါဂါမဏိမင်းသည်)။
ဝိပက္ကဗြဟ္မစရိယော အသ္မိ၊ ရင့်ကျက်သော မြတ်သော အကြောင်း,မြတ်သောအကျိုး,ရှိသူသည် ဖြစ်၏။ ဧဝံ ဇာနာဟိ ဂါမဏီ၊ ဤကဲ့သို့ ကိုယ့်ကိုယ်ကို သိလော့ ဂါမဏိမင်း"။
တတ္ထ အပီတိ နိပါတမတ္တံ၊ ထိုဥဒါန်း၌ အပိဟူသည်ကား နိပါတ်မျှတည်း။
အတရမာနာနန္တိ၊ အတရမာနာနံ ဟူသည်ကား။ ပဏ္ဍိတာနံ ဩဝါဒေ ဌတွာ၊ ပညာရှိတို့၏ ဆုံးမစကား၌ တည်၍။ အတရိတွာ အဝေဂါယိတွာ၊ အဆောတလျင် မပြုမူ၍။ ဥပါယေန ကမ္မံ ကရောန္တာနံ၊ နည်းလမ်းဖြင့် (နည်းလမ်းကျကျ) အမှုကို ပြုလုပ်သူတို့အား။ (သမိဇ္ဈတိ၊ ပြီးစီးပြည့်စုံ၏)။
ဖလာသာဝ သမိဇ္ဈတီတိ၊ ဖလာသာဝ သမိဇ္ဈတိဟူသည်ကား။ ယထာပတ္ထိကေ ဖလေ၊ အကြင်အကြင် တောင့်တအပ်သော အကျိုး၌။ တဿ ဖလဿ နိပ္ဖတ္တိယာ၊ ထိုအကျိုး၏ ပြီးစီးခြင်းငှာ။ အာသာ သမိဇ္ဈတိယေဝ၊ အာသာဆန္ဒသည် ပြည့်စုံလုံလောက်သည်သာတည်း။
အထ ဝါ ဖလာသာတိ အာသာဖလံ၊ တစ်နည်းကား ဖလာသာဟူသည် တောင့်တအပ်သော အကျိုးတည်း။ ယထာပတ္ထိတံ ဖလံ၊ အကြင်အကြင် တောင့်တအပ်သော အကျိုးသည်။ သမိဇ္ဈတိယေဝ ဣတိ အတ္ထော၊ ပြီးစီးပြည့်စုံသည်သာတည်း ဤကား ဖလာသာ၏ အနက်တည်း။
**ဝိပက္ကဗြဟ္မစရိယောသ္မီ**တိ ဧတ္ထ၊ ဝိပက္ကဗြဟ္မစရိယောသ္မိ ဟူသော ဤပါဌ်၌။ စတ္တာရိ သင်္ဂဟဝတ္ထူနိ၊ ပေးကမ်းခြင်း, ချစ်ဖွယ်ပြောခြင်း, တန်းတူထားခြင်း, ကောင်းကျိုးဆောင်ရွက်ခြင်း စည်းရုံးသိမ်းသွင်းကြောင်းတရား လေးပါးတို့သည်။ သေဋ္ဌစရိယတ္တာ ဗြဟ္မစရိယံ နာမ၊ မြတ်သောအကျင့်၏ အ‌ဖြစ်ကြောင့် ဗြဟ္မစရိယ မည်၏။ တဉ္စ တမ္မူလိကာယ ယသသမ္ပတ္တိယာ၊ ထိုဗြဟ္မစရိယသည်လည်း ထိုဗြဟ္မစရိယအကြောင်းရင်းကြောင့် ဖြစ်သော စည်းစိမ်အခြံအရံကို။ ပဋိလဒ္ဓတ္တာ ဝိပက္ကံ နာမ၊ ရအပ်ပြီးသည်၏ အဖြစ်ကြောင့် ဝိပက္ကမည်၏။
ဝါ အဿ၊ တစ်နည်းကား ထိုဂါမဏိမင်း၏။ ယော ယသော နိပ္ဖန္နော၊ အကြင်စည်းစိမ်အခြံအရံသည် ပြီးစီးပြည့်စုံပြီ။ သောပိ သေဋ္ဌဋ္ဌေန ဗြဟ္မစရိယံ နာမ၊ ထိုစည်းစိမ်အခြံအရံသည်လည်း မြတ်သော အနက်သဘောကြောင့် ဗြဟ္မစရိယမည်၏။
တေန ဝိပက္ကဗြဟ္မစရိယောသ္မီတိ အာဟ၊ ထို့ကြောင့် ဝိပက္ကဗြဟ္မစရိယောသ္မိဟု ဂါမဏိမင်းဆိုပြီ။
ဧဝံ ဇာနာဟိ ဂါမဏီတိ၊ ဧဝံ ဇာနာဟိ ဂါမဏိဟူသော ပါဌ်၌။ ကတ္ထစိ ဂါမိကပုရိသောပိ၊ အချို့အရာ၌ ရွာသားသည်လည်းကောင်း။ ဂါမဇေဋ္ဌကောပိ ဂါမဏီ၊ ရွာလူကြီးသည်လည်းကောင်း ဂါမဏိမည်ကုန်၏။
ဣဓ ပန သဗ္ဗဇနဇေဋ္ဌကံ၊ ဤဂါထာ၌ကား လူအားလုံးတို့အကြီးအမှူးဖြစ်သော။ အတ္တာနံ သန္ဓာယ အာဟ၊ မိမိဂါမဏိမင်းကို ရည်ရွယ်၍ ဂါမဏိမင်းဆိုပြီ။
အမ္ဘော ဂါမဏိ တွံ၊ အမောင်ဂါမဏိမင်း သင်သည်။ ဧတံ ကာရဏံ ဧဝံ ဇာနာဟိ၊ ဤဆိုခဲ့ပြီး အကြောင်းအရာကို ဤသို့ သိလော့။ အာစရိယံ နိဿာယ၊ ဆရာကို မှီ၍။ ဘာတိကသတံ အတိက္ကမိတွာ၊ နောင်တော် တစ်ရာကို ကျော်လွန်၍။ ဣဒံ မဟာရဇ္ဇံ ပတ္တော၊ ကြီးကျယ်သော ဤမင်းအဖြစ်သို့ ‌ရောက်သည်။ အသ္မီတိ ဥဒါနံ ဥဒါနေသိ၊ ငါဖြစ်၏ဟု ဥဒါန်းကို ကျူးရင့်ပြီ။
တသ္မိံ ရဇ္ဇံ ပတ္တေ ပန၊ ထိုဂါမဏိမင်းသည် မင်းအဖြစ်သို့ ရောက်သော်ကား။ သတ္တဋ္ဌဒိဝသစ္စယေန သဗ္ဗေပိ ဘာတရော၊ ၇-ရက် ၈-ရက် လွန်သဖြင့် နောင်တော်အားလုံးတို့သည်လည်း။ အတ္တနော ဝသနဋ္ဌာနံ ဂတာ၊ မိမိတို့၏ နေရာဌာနသို့ ပြန်သွားကုန်ပြီ။
ဂါမဏိရာဇာ ဓမ္မေန၊ ဂါမဏိမင်းသည် တရားသဖြင့်။ ရဇ္ဇံ ကာရေတွာ၊ မင်းအဖြစ်ကို ပြု၍။ ယထာကမ္မံ ဂတော၊ ကံအားလျော်စွာ လားပြီ။ ဗောဓိသတ္တောပိ ပုညာနိ ကတွာ၊ ဘုရားလောင်းပညာရှိအမတ်သည်လည်း ကောင်းမှုတို့ကို ပြု၍။ ယထာကမ္မံ ဂတော၊ ကံအားလျော်စွာ လားပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ၊ ဘုရားရှင်သည် ဤတရားဒေသနာတော်ကို။ အာဟရိတွာ ဒဿေတွာ၊ ဆောင်ပြီး၍ ပြတော်မူ၍။ သစ္စာနိ ပကာသေသိ၊ သစ္စာတို့ကို ပြတော်မူပြီ။ သစ္စပရိယောသာနေ ဩဿဋ္ဌဝီရိယော ဘိက္ခု၊ သစ္စာပြပြီးသော အဆုံး၌ ကြိုးစားမှုစွန့်လွှတ်လိုက်သော ရဟန်းသည်။ အရဟတ္တေ ပတိဋ္ဌိတော၊ ရဟန္တာအဖြစ်၌ တည်ပြီ။
သတ္ထာ ဒွေ ဝတ္ထူနိ ကထေတွာ၊ ဘုရားရှင်သည် ပစ္စုပ္ပန်, အတိတ်ဝတ္ထု နှစ်ခုတို့ကို ဟောတော်မူပြီး၍။ အနုသန္ဓိံ ဃဋေတွာ၊ အနုသန္ဓေကို ဆက်စပ်တော်မူပြီး၍။
"တဒါ ဂါမဏိကုမာရော၊ ထိုအခါ၌ ဂါမဏိမင်းသားသည်။ ဩဿဋ္ဌဝီရိယော ဘိက္ခု အဟောသိ၊ ကြိုးစားမှုစွန့်လွှတ်ပြီးသော ရဟန်းသည် ဖြစ်လာပြီ။ အာစရိယော ပန အဟမေဝ အဟောသိန္တိ၊ ဆရာပညာရှိအမတ်သည်ကား ငါဘုရားသည်သာ ဖြစ်လာပြီ"ဟု။ ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
**ဂါမဏိဇာတကဝဏ္ဏနာ အဋ္ဌမာ**၊ **ရှစ်ခုမြောက် ဖြစ်သော ဂါမဏိဇာတ်အဖွင့်တည်း။**