Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
Jātaka-aṭṭhakathā(Paṭhamo bhāgo)
Jātaka-aṭṭhakathā(Paṭhamo bhāgo)

[147] 7. Puppharattajātakavaṇṇanā

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

**နယိဒံ ဒုက္ခံ အဒုံ ဒုက္ခန္တိ ** ဣဒံ၊ နယိဒံ ဒုက္ခံ အဒုံ ဒုက္ခံအစရှိသော ဤတရားဒေသနာတော်ကို။ သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။ ဧကံ ဥက္ကဏ္ဌိ တဘိက္ခုံ အာရဗ္ဘ ကထေသိ၊ တစ်ပါးသော သာသနာတော်ငြီးငွေ့သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ ပြီ။
ဟိ သော ဘဂဝတာ၊ ချဲ့ပြောရသော် ထိုရဟန်းကို ဘုရားရှင်က။ “ဘိက္ခုံ တွံ၊ အို. ရဟန်း သင်သည်။ ဥက္ကဏ္ဌိတော ကိရ၊ ငြီးငွေ့သတဲ့ဟု ကြားရသည်ကား။ သစ္စန္တိ ဝုတ္တေ၊ မှန်သလောဟု မေးတော်မူအပ်သော်။ သစ္စန္တိ ဝတွာ၊ မှန်ပါ၏ဟု လျှောက်ထား၍။ ကေန ဥက္ကက္ကာပိတော၊ အဘယ်သူသည် ငြီးငွေ့စေအပ်သည်။ အသီတိ စ ပုဋ္ဌော၊ ဖြစ်သနည်း”ဟုလည်း ပေးတော်မူအပ်သော်။ “ပုရာဏ ဒုတိယိကာယာတိ ဝတွာ၊ မယားဟောင်းပါဟု ဖြေကြားပြီး၍။ “ဘန္တေ သာ ဣတ္ထိ၊ အို. . ရှင်တော်ဘုရား ထိုအမျိုးသမီးသည်။ မဓုရဟတ္ထရသာ၊ ချိုမြိန်သော လက်အရသာရှိ၏။ တံ ဝိနာ၊ ထိုအမျိုးသမီးကို ကြဉ်ဖယ်ထား၍။ ဝသိတုံ န သက္ကောမိ ဣတိ အာဟ၊ နေခြင်းငှာ မစွမ်းနိုင်ပါ”ဟု လျှောက်ထားပြီ။
အထ နံ သတ္ထာ၊ ထိုအခါ ထို ရဟန်းကို ဘုရားရှင်သည်။ “ဘိက္ခု ဧသော တေ၊ အို. . ရဟန်း ဤအမျိုးသမီးသည် သင့်အား။ အနတ္ထကာ ရိကာ၊ အကျိုးမဲ့ ပြုတတ်၏။ ပုဗ္ဗေပိ တွံ၊ ရှေးကလည်း သင်သည်။ ဧတံ နိဿာယ၊ ဤအမျိုးသမီးကို အမှီပြု၍။ သူလေ ဥတ္တာသိတော၊ တံကျင်၌ အလျှိုခံရသော်။ ဧတညေဝ ပတ္ထယမာနော၊ ဤအမျိုး သမီးကိုသာ တောင့်တလျက်။ ကာလံ ကတွာ၊ သေခြင်းကို ပြု၍။ နိရယေ နိဗ္ဗတ္တော၊ ငရဲ၌ ဖြစ်ခဲ့ရပြီ။ ဣဒါနိ နံ ကသ္မာ၊ ယခုအခါ ထိုအမျိုးသမီးကို ဘာ့ကြောင့်။ ပုန ပတ္ထေသီတိ ဝတွာ၊ ထပ်ခါ တောင့်တရသနည်း”ဟု မိန့်တော် မူ၍။ အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။ ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။ ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ အာကာသဋ္ဌဒေဝတာ အဟောသိ၊ အာကာသစိုးနတ်သည် ဖြစ်ပြီ။
အထ ဗာရာဏသိယံ၊ ထိုအခါက ဗာရာဏသီမြို့၌။ ကတ္တိကရတ္တိဝါရ ဆဏော၊ ညအခါကြတ္တိကာနက္ခတ်ပွဲ ဆင်နွှဲသည့်အကြိမ်သည်။ သမ္ပတ္တော ဟောတိ၊ ရောက်လာသည် ဖြစ်၏။ နဂရံ၊ ဗာရာဏသီမြို့ကို။ ဒေဝနဂရံ ဝိယ အလင်္ကရိံ သု၊ နတ်မြို့ကဲ့သို့ တန်ဆာဆင်ကြပြီ။
သဗ္ဗော ဇနော၊ အားလုံးသော မြို့နေလူများသည်။ ဆဏကီဠာနိဿိတော အဟောသိ၊ ပွဲလမ်းကစား ပျော် ပါးမှုမှီသည် ဖြစ်ပြီ။
ဧကဿ ဒုဂ္ဂတမနုဿဿ ပန၊ တစ်ယောက်သော ဆင်းရဲသား လူအားကား။ ဧကမေဝ၊ တစ်စုံသာဖြစ်သော။ ဃနသာဋကယုဂံ အဟောသိ၊ ထူထဲသော ဝတ်စုံသည် ဖြစ်ပြီ ရှိပြီ။
သော တံ သုဓော တံ၊ ထိုဆင်းရဲသားသည် ထိုရှိသည့်ဝတ်စုံကို ကောင်းစွာဖွတ်လျှော်အပ်သည်ကို။ ဓောပါပေတွာ၊ ဖွတ်လျှော်စေ၍။ ဩဘဉ္ဇာပေတွာ၊ အချိုးကျကျခေါက်စေ၍။ သတဝလိကံ သဟဿဝလိကံ၊ အတွန့်အလိပ်တစ်ရာရှိသည်ကို အတွန့်အလိပ်တစ်ထောင်ရှိသည်ကို။ ကာရေတွာ ဌပေသိ၊ ပြုစေ၍ ထားပြီ။
အထ နံ ဘရိယာ၊ ထိုအခါ ထိုဆင်းရဲသားကို သည်။ “သာမိ အဟံ၊ အို. . အရှင် ကျမသည်။ ဧကံ ကုသုမ္ဘရတ္တံ နိဝါသေတွာ၊ တစ်ထည်သော ဝတ်ပန်းဆိုးအဝတ်ကို ဝတ်၍။ ဧကံ ပါရူပိတွာ၊ တစ်ထည်ကို ခြုံ၍။ တဝ ကဏ္ဌေ လဂ္ဂါ၊ ရှင်၏ လည်ပင်း၌ ငြိကပ်တွဲခိုလျက်။ ကတ္တိကရတ္တိဝါရံ၊ ညကြတ္တိကာပွဲ အလှည့်အကြိမ်ကို။ စရိတုံ ဣစ္ဆာမိ ဣတိ၊ လှည့်လည်ခြင်းငှာ အလိုရှိပါ၏”ဟု။ ဧဝံ အာဟ၊ ဤသို့ ပြောပြီ။
“ဘဒ္ဒေ ဒလိဒ္ဒါနံ အမှာကံ၊ အို. . ချစ်နှမ ဆင်းရဲကုန်သော ငါတို့အား။ ကုမုမ္ဘံ ကုတော၊ ဝတ်ပန်းဆိုး အဝတ်သည် အဘယ်မှာရှိပါအံ့ နည်း။ သုဒ္ဓဝတ္ထံ နိဝါသေတွာ၊ စင်ကြယ်သော အဝတ်ကို ဝတ်၍။ ကီဠာဟီတိ၊ ကစားပျော်ရွှင်ပါဟု”ပြောပြီ။
ကုသုမ္ဘရတ္တံ အလဘမာနာ၊ ဝတ်ပန်းဆိုးအဝတ်ကို မရသော်။ ဆဏကီဠံ န ကီဠိဿာမိ၊ ပွဲလမ်းပျော်ရွှင်မှုကို မပျော်ရွှင်အံ့။ တွံ အညံ ဣတ္ထိ၊ ရှင်သည် အခြားသော အမျိုးသမီးကို။ ဂဟေတွာ ကီဠသူတိ၊ ခေါ်ယူ၍ ပျော်ရွှင်ပါ”ဟုပြောပြီ။
ဘဒွေ ကိ မံ ပီဠေသိ၊ အို. . ချစ်နှစ်မ ဘာ့ကြောင့် ငါ့ကို ညှဉ်းဆဲသနည်း။ အမှာကံ ကုသုမ္ဘံ၊ ငါတို့အား ဝတ်ပန်းအဝတ်သည်။ ကုတောတိ၊ ဘယ်မှာရှိပါ မည်နည်း”ဟုပြောပြီ။
သာမိ ပုရိသဿ ဣစ္ဆာယ၊ အို. . အရှင် ယောက်ျား၏ အလိုဆန္ဒသည်။ သတိ က နာမ နတ္ထိ၊ ရှိခဲ့သော် အဘယ်အရာမည်သည် မရှိဘဲဖြစ်အံ့နည်း။ ရညော ကုသုမ္ဘဝတ္ထုသ္မိံ၊ မင်းကြီး၏ ဝတ်ပန်းစိုက်ပျိုးသည့် ယာမြေ၌။ ကုသုမ္ဘံ ဗဟု နနု ဣတိ၊ ဝတ်ပန်းသည် များစွာပင်မဟုတ်ပါလောဟု ပြောပြီ။
ဘဒ္ဒေ တံဌာနံ၊ အို.. ချစ်နှမ ထိုနေရာသည်။ ရက္ခသပရိဂ္ဂဟိတ ပေါက္ခရဏိသဒိသံ၊ ရေစောင့်ဘီလူးစောင့်ရှောက်အပ်သည် ရေကန်နှင့် တူ၏။ ဗလဝါရက္ခာ၊ အားကောင်းသော အစောင့်အရှောက်ရှိ၏။ ဥပသင်္ကမိတုံ န သက္ကာ၊ ချဉ်းကပ်ခြင်းငှာ မတတ်ကောင်း။ တေ ဧတံ မာ ရုစ္စိ၊ နင့်အား ဤဝတ်ပန်းသည် မနှစ်သက်လင့်(နင်သည်ဤဝတ်ပန်းကို မနှစ်သက်လင့်ဟု ဆိုလိုသည်)။ ယထာလဒ္ဓေနေဝ၊ အကြင်အကြင်ရအပ်သော အဝတ်ဖြင့်ပင်။ တုဿတိ၊ နှစ်သက် ကျေနပ်ပါလောဟု ပြောပြီ။
သာမိ ရတ္တိဘာဂေ၊ အို. . အရှင် ညအဖို့၌။ အန္ဓကာရေ သတိ၊ အမှောင်သည် ဖြစ်ခဲ့သော်။ ပုရိသဿ၊ ယောက်ျားအဖို့။ အဂမနီယဋ္ဌာနံ နာမ နတ္ထိတိ၊ မသွားနိုင်သော ဌာနမည်သည် မရှိပါဟု ပြောပြီ။
ဣတိ သော တာယ၊ ဤသို့လျှင် ထိုယောက်ျားသည် ထိုမယားက။ ပုနပ္ပုနံ ကထေန္တိယာ၊ ထပ်ခါထပ်ခါ ပြောကြားသော်။ ကိလေသဝသေန တဿာ၊ ကိလေသာ၏အစွမ်းဖြင့် ထိုအမျိုးသမီး၏။ ဝစနံ ဂဟေတွာ၊ ပြောစကားကို နာယူ၍။ “ဘဒွေ ဟောတု၊ အို. . ချစ်နှမ ရှိပါစေ။ မာ စိန္တယိတ္ထာတိ၊ မပူကြ လင့်”ဟုပြော၍။ တံ သမဿာသေတွာ၊ ထိုမယားကို နှစ်သိမ့်ပြီး၍။ ရတ္တိဘာဂေ ဇီဝိတံ ပရိစ္စဇိတွာ၊ ညအဖို့၌ အသက်ကို စွန့်၍။ နဂရာ နိက္ခမိတွာ၊ မြို့မှ ထွက်၍။ ရညော၊ မင်း၏။ ကုသုမ္ဘဝတ္ထုံ ဂန္တွာ၊ ဝတ်ပန်းစိုက်ပျိုးရာ ယာမြေသို့ သွား၍။ ဝတိံ မဒ္ဒိတွာ၊ အကာအရံကို နင်း၍။ အန္တောဝတ္ထုံ ပါဝိသိ၊ ဝတ်ပန်းယာကွက် အတွင်းသို့ ဝင်သွားပြီ။
အာရက္ခမနုဿာ၊ အစောင့်အရှောက်လူတို့သည်။ ဝတိသဒ္ဒံ သုတွာ၊ အကာအရံအသံကို ကြားကြ၍။ “စောရော စောရောတိ၊ သူခိုး သူခိုး”ဟု။ ပရိဝါရေတွာ ဂဟေတွာ၊ ဝိုင်း၍ ဖမ်းကြ၍။ ပရိဘာသေတွာ ကောဋ္ဋေ တွာ၊ ခြိမ်းခြောက်၍ ထောင်းထု၍။ ဗဇ္ဓိတွာ ရတ္တိယာ၊ ဖွဲ့ချည်ထားပြီး၍ ညသည်။ ပဘာတာယ ရညော ဒဿသုံ၊ လင်းလသော် မင်းအား ပြကြပြီ။
ရာဇာ၊ မင်းသည်။ “ဂစ္ဆထသွားကြ။ နံ သူလေ၊ ထိုသူခိုးကို တံကျင်၌။ ဉတ္တာသေထာတိ အာဟ၊ လျှိုကြလော့(အထက်ထက် နောက်ကာလ နောက်လူများကို ထိတ်လန့်စေကြလော)”ဟု မိန့်ပြီ။
အထ နံ ပစ္ဆာဗာဟံ၊ ထိုအခါ ထိုသူခိုးကို နောက်၌ လက်မောင်းရှိသော ဖွဲ့ချည်မှုကို။ ဗဇ္ဓိတွာ၊ ဖွဲ့ချည်၍။ ဝဇ္ဈဘေရိယာ ဝဇ္ဇမာနာယ၊ သတ်မည် ကြေငြာသည့်စည်ကို တီးအပ်သည်ရှိသော်။ နဂရာ နိက္ခမာပေတွာ၊ မြို့မှ ထုတ်၍။ သူလေ ဥတ္တာသေသုံ၊ တံကျင်၌ လျှိုထားကုန်ပြီ။
ဗလဝဝေဒနာ ပဝတ္တန္တိ၊ အားကြီးကုန်သော ဆင်းရဲဝေဒနာတို့သည် ဖြစ်ကုန်၏။ ကာကာ သီသေ နိလီယိတွာ၊ ကျီးတို့သည် ခေါင်းပေါ်၌ နားကြ၍။ ကဏယဂ္ဂ သဒိသေဟိ တုဏှေဟိ၊ ခက်ရင်းဖျားနှင့် တူကုန်သော နှုတ်သီးတို့ဖြင့်။ အက္ခီနိ ဝိဇ္ဈန္တိ၊ မျက်စိတို့ကို ထိုးဖောက်ကုန်၏။
သော တထာရူပံ ဒုက္ခမ္ပိ၊ ထိုသူခိုးယောက်ျားသည် ထိုသို့သဘောရှိသော ဆင်းရဲကိုသော်မှလည်း။ အမနသိကရိတွာ၊ နှလုံးမသွင်းနိုင်မူ၍။ တမေဝ ဣတ္ထိ အနုဿရိတွာ၊ ထိုအိမ်ရှင်မကိုပင် အဖန်ဖန်အမှတ်ရ၍။ “ဃနပုပ္ဖရတ္တဝတ္ထ နိဝတ္ထာယ၊ တစ်ခဲနက်သော ဝတ်ပန်းအဝတ် ဝတ်ဆင်ထားသော။ ကဏ္ဌေအာသတ္တဗာဟုယုဂဠာယ၊ ငါ့လည်ပင်း၌ ငြိကပ်ဆွဲကိုင်သော လက်မောင်းအစုံ ရှိသော။ တာယ နာမ သဒ္ဓိံ၊ ထိုအိမ်ရှင်မမည်သည်နှင့် အတူ။ ကတ္တိကရတ္တိ ဝါရတော၊ ညအခါ ဆင်နွဲသည့် ကြတ္တိကာပွဲအကြိမ်မှ။ ပရိဟီနော အမှိ၊ ဆုတ်ယုတ်ရ, လက်လွတ်ရသည် ဖြစ်ရ၏”။ ဣတိ စိန္တေတွာ၊ ဤသို့ ကြံ၍။
ဣဒံ န ဒုက္ခံ၊ ဤတံကျင် လျှိုခံရသောဒုက္ခသည် ဒုက္ခမဟုတ်ပါ။ မံ ဝါယသော ယံ တုဒတိ၊ ငါ့ကို ကျီးသည် အကြင်ထိုးဆိတ်၏။ (ဣဒံ န ဒုက္ခံ၊ ဤကျီးထိုးဆိတ်ခြင်းသည်လည်း ဒုက္ခမဟုတ်ပါ)။ သာမာ ပုပ္ဖရတ္တေန၊ အသားညိုချော အိမ်ရှင်မသည် ဝတ်ပန်းအဝတ်ဖြင့်။ ကတ္တိကံ ယံ နာနုဘောဿတိ၊ ညအခါဆင်နွှဲသည့် ကြတ္တိကာပွဲအလှည့်ကို မခံစား ရလတံ့။ အဒုံ ဒုက္ခံ၊ ထိုမခံစားရခြင်းသည်သာ ငါ့အတွက်ဒုက္ခတည်း။
တတ္ထ၊ ထိုဂါထာ၌။ **နယိဒံ ဒုက္ခံ အဒုံ ဒုက္ခံ၊ ယံ မံ တုဒတိ ဝါယသော** တိ၊ နယိဒံ ဒုက္ခံ အဒုံ ဒုက္ခံ၊ ယံ မံ တုဒတိ ဝါယသောဟူသည်ကား။ သူလေ လဂ္ဂ နပစ္စယံ၊ တံကျင်၌ ငြိကပ်လျှိုထားခြင်းအကြောင်းရှိသော။ ယဉ္စ ဣဒံ ကာယိကစေတသိက ဒုက္ခံ၊ အကြင်ကိုယ်စိတ်၌ဖြစ်သော ဤဆင်းရဲသည်။ (အတ္ထိ၊ ရှိ၏)။ လောဟ မယေဟိ ဝိယ၊ သံကြေးသဖွယ်ဖြစ်ကုန်သော။ တုဏ္ဍေဟိ၊ နှုတ်သီးတို့ဖြင့်။ ဝါယသော ယဉ္စ တုဒတိ၊ ကျီးသည် အကြင်ထိုးဆိတ်၏။ သဗ္ဗမ္ပိ ဣဒံ၊ အလုံးစုံ လည်းဖြစ်သော ဤဆင်းရဲနှစ်မျိုးသည်။ မယှံ န ဒုက္ခံ၊ ငါ့အတွက် ဒုက္ခမဟုတ်။ အဒုံ ဒုက္ခံ ဧတံယေ၀ ပန၊ ဟို. . ဆင်းရဲသည်သာ။ မေ ဒုက္ခ ဣတိ အတ္ထော၊ ငါ့ အတွက် ဒုက္ခတည်း ဤကား ရှေ့ထက်ဝက်အနက်တည်း။
ကတရံ၊ ဟို ဒုက္ခဟူသည် အဘယ်နည်း။
**သာမာ ပုပ္ဖရတ္တေန**၊ အသားညိုချော အိမ်ရှင်မသည် ဝတ်ပန်းအဝတ်ဖြင့်။ ကတ္တိကံ ယံ နာနုဘောဿတီတိ၊ ညအခါဆင်နွှဲသည့် ကြတ္တိကာပွဲအလှည့်ကို အကြင်မခံစားရလတံ့။ ဣတိ၊ ဤမခံစားရခြင်းပင်တည်း။ မမ ပိယင်္ဂု သာမာ၊ ငါ၏ အသားညိုချောမဖြစ်သော။ သာ ဘရိယာ၊ ထိုမယားသည်။ ဧကံ ကုသုမ္ဘရတ္တံ၊ တစ်ထည်သော ဝတ်ပန်းအဝတ်ကို။ နိဝါသေတွာ၊ ဝတ်၍။ ဧကံ ပါရုပိတွာ၊ တစ်ထည်ကို ခြုံ၍။ ဧဝံ ဃနပုပ္ပရတ္တေန၊ ဤကဲ့သို့ တစ်ခဲနက် ဝတ်ပန်းဆိုးရည်,ဆိုးထားအပ်သော။ ဝတ္ထယုဂေန၊ ဝတ်စုံဖြင့်။ အစ္ဆန္နာ၊ ဖုံးလွှမ်း ဝတ်ဆင်အပ်လျက်။ မမ ကဏ္ဏေ ဂဟေတွာ၊ ငါ၏ လည်ပင်းကို ဆွဲကိုင်၍။ ကတ္တိကရတ္တိဝါရံ၊ ညအခါဆင်နွှဲသည့် ကြတ္တိကာပွဲအလှည့်ကို။ ယံ နာနုဘဝိဿတိ၊ အကြင်မခံစားရလတံ့။ ဣဒံ မယှံ ဒုက္ခံ၊ ဤမခံစားရခြင်းသည် ငါ့အဖို့ ဆင်းရဲလှ၏။ ဟိ ဧတဒေဝ၊ မှန်၏ ဤမခံစားရခြင်းသည်သာ။ မံ ဗာဓတိ၊ ငါ့ကို နှိပ်စက်လျက် နေ၏။ ဣတိ၊ ဤကား ဂါထာဖွင့်အပြီးတည်း။
သော ဧဝံ၊ ထိုယောက်ျားသည် ဤကဲ့သို့။ မာတုဂါမံ အာရဗ္ဗ၊ မာတုဂါမကို အာရုံပြု၍။ ဝိပ္ပလပန္တောယေဝ၊ ယောင်ရမ်းမြည်တမ်းလျက်သာ။ ကာလံ ကတွာ၊ သေမှုကို ပြု၍။ နိရယေ နိဗ္ဗတ္တိ၊ ငရဲ၌ ဖြစ်ရရှာပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာ တော်ကို ဆောင်တော်မူ၍။
“တဒါ ဇယမ္ပတိကာဝ၊ ထိုရှေးက မယားလင်တို့သည် ပင်။ ဣဒါနိ ဇယမ္ပတိကာ၊ ယခုအခါ မယားလင်တို့တည်း။ တံ ကာရဏံ ပစ္စက္ခံ တံ ကတွာ၊ ထိုအကြောင်းအရာကို မျက်မှောက်ကို ပြု၍။ ဌိတာ အာကာသဋ္ဌဒေဝတာ ပန၊ တည်ရှိသော အာကာသစိုးနတ်သည်ကား။ အဟမေဝ အဟောသိန္တိ၊ ငါဘုရားသည်သာ ဖြစ်လာပြီ”ဟု။ ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
ပုပ္ဖရတ္တဇာတကဝဏ္ဏနာ သတ္တမာ၊ ပုပ္ဖရတ္တဇာတ်အဖွင့်သည်သတ္တမတည်း။