Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
Jātaka-aṭṭhakathā(Paṭhamo bhāgo)
Jātaka-aṭṭhakathā(Paṭhamo bhāgo)

[53] 3. Puṇṇapātijātakavaṇṇanā

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

**တထေဝ ပုဏ္ဏာ ပါတိယော** တိ ဣဒံ၊ တထေဝ ပုဏ္ဏာ ပါတိယော စသော ဤတရားဒေသနာတော်ကို။ သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်း‌တော်၌ နေတော်မူစဥ်။ ဝိသဝါရုဏိံ အာရဗ္ဘ ကထေယိ၊ အဆိပ်ခပ်သောသေကို အကြောင်းပြု၍ ဟောတော်မူပြီ။
ဧကံ သမယံ သာဝတ္ထိယံ၊ တစ်ပါးသောအခါ၌ သာဝတ္ထိမြို့၌။ သုရာဓုတ္တာ သန္နိပတိတွာ၊ သေသောက်ကြူးတို့သည် စု‌ဝေးကြ၍။
"သုရာမူလံ နော ခီဏံ၊ သေရည်ဖိုးသည် ငါတို့အားကုန်ပြီ။ ကဟံ လဘိဿာမ နုခေါတိ မန္တယိံသု၊ အဘယ်မှ ရပါကုန်အံ့နည်း" ဟု တိုင်ပင်ကြပြီ။
အထေကော ကက္ခဠဓုတ္တော၊ ထိုအခါတစ်ယောက်သောလူကြမ်းသေသောက်ကြူးသည်။ "မာ စိန္တယိတ္ထ၊ မပူကြနှင့်။ ဧကော ဥပါယော၊ တစ်ခုသောနည်းလမ်းသည်။ အတ္ထီတိ အာဟ၊ ရှိ၏" ဟုပြောပြီ။
ကတရော နာမ ဥပါယောတိ၊ အဘယ်မည်သောနည်းလမ်းနည်းဟုမေးကြပြီ။
အနာထပိဏ္ဍိကော အင်္ဂုလိမုဒ္ဒိကာ ပိဠန္ဓိတွာ၊ အနာထပိဏ် သူဌေးသည် လက်စွပ်တို့ကို ဝတ်ဆင်၍။ မဋ္ဌသာဋကနိဝတ္ထော ရာဇုပဋ္ဌာနံ ဂစ္ဆတိ၊ ချောမွတ်သော အဝတ်ဝတ်လျက် မင်းခစားခြင်းငှာ သွား၏။ မယံ သုရာပါတိယံ၊ ငါတို့သည်သေရည်ခွက်၌။ ဝိသညီကရဏံ ဘေသဇ္ဇံ ပက္ခိပိတွာ၊ သညာကင်းအောင် ပြုတတ်သော ဆေးကို ထည့်၍။ အာပါနံ သဇ္ဇေတွာ နိသီဒိတွာ၊ သေရည်ဝိုင်းကိုစီရင်၍ ထိုင်နေကြ၍။ အနာထပိဏ္ဍိကဿ အာဂမနကာလေ၊ အနာထပိဏ်သူဌေး၏ လာရာအခါ၌။ ဣတော ဧဟိ မဟာသေဋ္ဌီတိ၊ ဤဘက်မှ ကြွလာတော်မူပါ သူဌေးကြီးဟု။ ပက္ကောသိတွာ၊ ခေါ်၍။ တံ သုရံ ပါယေတွာ ဝိသညီဘူတဿ၊ ထိုသေရည်ကို သောက်၍ သညာကင်းသည်ဖြစ်၍ဖြစ်သော်။ အင်္ဂုလိမုဒ္ဒိကာ စ သာဋကေ စ ဂဟေတွာ၊ လက်စွပ်တို့ကိုလည်းကောင်း, ကိုယ်ဝတ်တို့ကိုလည်းကောင်း ချွတ်ယူ၍။ သုရာမူလံ ကရီဿာမာတိ၊ သေရည်ဖိုးကိုပြုကြအံ့ဟု ပြောပြီ။
တေ "သာဓူတိ" သမ္ပဋိစ္ဆိတွာ၊ ထိုသေသောက်ကြူးတို့သည် ကောင်းပြီဟု ဝန်ခံကြ၍။ တထာ ကတွာ၊ ထိုဝန်ခံသည့်အတိုင်း ပြု၍။ သေဋ္ဌိဿ အာဂမနကာလေ၊ အနာထပိဏ်သူဌေး၏ လာရာကာလ၌။ ပဋိမဂ္ဂံ ဂန္တွာ၊ ခရီးရင်ဆိုင် သွားပြီး၍။ "သာမိ ဣတော တာဝ အာဂစ္ဆထ၊ အိုအရှင်သူဌေးမင်း ဤဘက်မှကြွလာတော်မူကြပါ။ အမှာကံ သန္တိကေ၊ ကျွန်တော်တို့၏ အထံ၌။ အယံ သုရာ အတိမနာပါ၊ ဤသေရည်သည် အလွန်နှစ်သက်စရာကောင်းပါ၏။ ထောကံ ပိဝိတွာ၊ အနည်းငယ်သောက်၍။ ဂစ္ဆထာတိိ ဝဒိံသု၊ ကြွတော်မူကြပါ" ဟုပြောကုန််ပြီ။
သောတာပန္နော အရိယသာဝကော၊ သောတာပန်ဖြစ်သော အရိယာ သာဝကသည်။ ကိံ သုရံ ပိဝိဿတိ၊ အဘယ်မှာ သေရည်ကို သောက်ပါအံံနည်း။ ပန၊ ထိုသို့မသောက်သော်လည်း။ အနတ္ထိကော သမာနောပိ၊ အလိုမရှိသည်ဖြစ်ပါသော်လည်း။ ဣမေ ဓုတ္တေ ပရိဂ္ဂဏှိဿာမီတိ၊ ဤသေသောာက်ကြူးတို့ကို စူးစမ်းအံံဟုတွေး၍။ တေသံ အာပါနဘူမိံ ဂန္တွာ၊ ထိုသေသောက်ကြူးတို့၏ သေရည်ဝိုင်းသို့သွား၍။ တေသံ ကိရိယံ ဩလောကေတွာ၊ ထိုသေသောက်ကြူးတို့၏ အမူအရာကိုကြည့်၍။ အယံ သုရာ ဣမေဟိ၊ ဤသေရည်ကို ဤသေသောက်ကြူးတို့သည်။ ဣမိနာ နာမ ကာရဏေန၊ ဤမည်သော အကြောင်းကြောင့်။ ယောဇိတာတိ ဉတွာ၊ ဖော်စပ်အပ်၏ဟုသိ၍။ ဣဒါနိ ဣတော ပဋ္ဌာယ၊ ယခုဤအချိန်မှစ၍။ ဣမေ ဣတော၊ ဤသေသောက်ကြူးတို့ကို ဤနေရာမှ။ ပလာပေဿာမီတိ စိန္တေတွာ၊ ပြေးစေအံ့ဟု ကြံ၍။
"ဟရေ ဒုဋ္ဌဓုတ္တာ တုမှေ၊ ဟယ်.. သေသောက်ကြူးပျက်တို့ သင်တို့သည်။ သုရာပါတိယံ ဘေသဇ္ဇံ ပက္ခိပိတွာ၊ သေရည်ခွက်၌ ဆေးကို ထည့်၍။ အာဂတာဂတေ ပါယေတွာ၊ လာလာသမျှလူတို့ကို သောက်စေ၍ တိုက်၍။ ဝိသညီ ကတွာ ဝိလုမ္ပိဿာမာတိ၊ ကင်းသောသညာရှိသည်တို့ကို ပြု၍ လုယက်ကုန်အံ့ဟု တွေးတော၍။ အာပါန မဏ္ဍလံ သဇ္ဇေတွာ နိသိန္နာ၊ သေရည်ဝိုင်းကိုစီစဉ်၍ ထိုင်နေကြလျက်။ ကေဝလံ ဣမံ သုရံ ဝဏ္ဏေထ၊ သောက်မှုမဖက် သက်သက် ဤသေရည်ကို ချီးမွမ်းကြကုန််၏။ ဧကောပိ တံ ဥက္ခိပိတွာ၊ တစ်ယောက်သည်သော်မှလည်း ထိုသေရည်ကို ချီ, မ၍။ ပိဝိတုံ န ဥဿဟတိ၊ သောက်ခြင်းငှာ မဝံံံ့။
အယံ အယောဇိတာ သစေအဿ၊ ဤသေရည်သည် တစ်စုံတစ်ခု မရောစပ်အပ်သည် အကယ်၍ ဖြစ်အံံ။ ဣမံ တုမှေဝ ပိဝေယျာထာတိ၊ ဤသေရည်ကို သင်တို့ချည်းသာ သောာက်ကြရာ၏" ဟု။ တေ ဓုတ္တေ တဇ္ဇေတွာ၊ ထိုသေသောက်ကြူးတို့ကို ခြိမ််းခြောက်၍။ တထော ပလာပေတွာ၊ ထိုနေရာမှ ပြေးစေ၍။ အတ္တနော ဂေဟံ ဂန္တွာ၊ မိမိ၏အိမ်သို့သွား၍။ "ဓုတ္တေဟိ ကတကာရဏံ၊ သေသောက်ကြူးတို့သည်ပြုအပ်သော အကြောင်းအရာကို။ တထာဂတဿ အာရောစေဿာမီတိ၊ ဘုရားရှင်အား လျှောက်ထားအံ့" ဟု။ စိန္တေန္တော၊ ကြံစည်လျက်။ ဇေတဝနံ ဂန္တွာ အာရောစေသိ၊ ဇေတဝန်ကျောင်းတော်သို့ သွား၍ လျှောက်ထားပြီ။
သတ္ထာ၊ ဘုရားရှင်သည်။ "ဂဟပတိ ဣဒါနိ၊ သူကြွယ် ယခုအခါ။ တေ ဓုတ္တာ တံ၊ ထိုသေသောက်ကြူးတို့သည် သင်သူကြွယ်ကို။ ဝဉ္စေတုကာမာ တာဝဇာတာ၊ လှည့်ပတ်လိုကုန်သည်ဖြစ်ကြ၏။ ပုဗ္ဗေ ပန ပဏ္ဍိတေပိ၊ ရှေးကာလ၌ကား ပညာရှိတို့ကိုလည်း။ ဝဉ္စေတုကာမာ အဟေသုန္တိ ဝတွာ၊ လှည့်ပတ်ချင်ကုန်သည် ဖြစ်ကြပြီ"ဟု မိန့်တော်မူ၍ တေန ယာစိတော၊ ထိုအနာထပိဏ်သူဌေးသည် တောင်းပန််အပ်ရကား။ အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပ်ြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။ ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။ ဗောဓိသတ္တော ဗာရာဏသိသေဋ္ဌိ အဟောသိ၊ ဘုရားလောင်းသည် ဗာရာဏသီသူဌေးသည် ဖြစ်ပြီ။
တဒါ ပိ ဧတေ ဓုတ္တာ၊ ထိုအခါကလည်း ထိုသေသောက်ကြူးတို့သည်။ ဧဝမေဝ သမ္မန္တေတွာ၊ ဤအတူသော ကျနစွာ တိိုင်ပင်၍။ သုရံ ယောဇေတွာ၊ သေရည်ကိုယှဉ်စပ်၍။ ဗာရာဏသိသေဋ္ဌိဿ အာဂမနကာလေ၊ ဗာရာဏသီသူဌေး၏ လာရာအခါ၌။ ပဋိမဂ္ဂံ ဂန္တွာ၊ ရင်ဆိုင်ခရီးသို့သွား၍။ ဧဝမေဝ ကထယိံသု၊ ဤအတူသာ ပြောကြပြီ။
သေဋ္ဌိ အနတ္ထိကော ဟုတွာပိ၊ ဘုရားလောင်းသူဌေးသည် အလိုမရှိသည် ဖြစ်ပါသော်လည်း။ တေ ပရိဂ္ဂဏှိတုကာမော ဂန္တွာ၊ ထိုသေသောက်ကြူးတို့ကို စုံစမ်းလိုရကား သွား၍။ တေသံ ကိရိယံ ဩလော ကေတွာ၊ ထိုသေသောက်ကြူးတို့၏ အပြုအမူကို ကြည့်၍။ " ဣဒံ နာမ ဧတေ ကာတုကာမာ၊ ဤမည်သောအမှုကို ဤသေသောက်ကြူးတို့သည် ပြုလိုကြ၏။ နေ ဣတော ပလာပေဿာမိ၊ ထိုသေသောက်ကြူးတို့ကို ဤနေရာမှ ပြေးစေအံ့"။ ဣတိ စိန္တေတွာ၊ ဤသို့တွေး၍။ "‌ဘောန္တော ဓုတ္တာ သုရံ ပိဝိတွာ၊ အို.. သေသောက်ကြူးတို့ သေရည်ကို သောက်၍။ ရာဇကုလံ ဂန္တုံ နာမ အယုတ္တံ၊ မင်းအိမ်တော်သို့ သွားခြင်းငှာမည်သည် မသင့်လျော်။ ရာဇာနံ ဒိသွာ၊ မင်းကိုဖူးမြင်၍။ ပုန အာဂစ္ဆန္တော ဇာနိဿာမိ၊ တစ်ဖန်ပြန်လာသော် သိရအံံ။ တုမှေ ဣဓေဝ နိသီဒထာတိ၊ သင်တို့သည် ဤနေရာ၌သာ နေကြ" ဟု။ ဧဝံ အာဟ၊ ဤသို့ပြောပြီ။ ဣတိ ရာဇုပဋ္ဌာနံ ဂန္တွာ ပစ္စာဂဉ္ဆိ၊ ဤသို့ပြော၍ မင်းခစားဖို့ သွား၍ ပြန်လာပြီ။
ဓုတ္တာ၊ သေသောက်ကြူးတို့သည်။ ဣတော ဧထ သာမီတိ၊ ဤဘက်မှကြွတော်မူကြပါ အရှင်သူဌေးမင်းတို့ဟု ပြောကြပြီ။
သောပိ တတ္ထ ဂန္တွာ၊ ထိုဘုရားလောင်းသူဌေးသည်လည်း ထိုသေသောက်ကြူးတို့ရှိရာသို့သွား၍။ ဘေသဇ္ဇေန သံယောဇိတာ၊ ဆေးနှင့်ယှဉ်စပ်အပ်ကုန်သော။ သုရာပါတိယော ဩလောကေတွာ၊ သေရည်ခွက်တို့ကိုကြည့်၍။ "ဘောန္တော ဓုတ္တာ တုမှာကံ ကိရိယာ၊ အိုသေသောက်ကြူးတို့ သင်တို့၏ အပြုအမူသည်။ မယှံ န ရုစ္စတိ၊ ငါအားမနှစ်သက်။ တုမှာကံ သုရာပါတိိယော၊ သင်တို့၏ သေရည်ခွက်တို့သည်။ ယထာပူရိတာဝ ဌိတာ၊ ပြည့်မြဲတိုင်းတို့သာ တည်ရှိကုန်၏။ တုမှေ ကေဝလံ၊ သင်တို့သည် မသောက်ဘဲသက်သက်သာ။ သုရံ ဝဏ္ဏေထ၊ သေရည်ကို ချီးမွမ်းကုန််၏။ န ပနပိဝထ၊ သောက်ကားမသောက်ကြကုန်။
အယံ မနာပါ၊ ဤသေရည်သည် နှစ်သက်ဖွယ်သည်။ သစေ အဿ၊ အကယ်၍ ဖြစ်အံံ။ တုမှေပိ ပိဝေယျာထ၊ သင်တို့သည်လည်းသောက်ကုန််ရာ၏။ ပန နမာယ၊ စင်စစ်သော်ကား ဤသေရည်သည်။ ဝိသသံယုတ္တာယ ဘဝိတဗ္ဗံ၊ အဆိပ်နှင့်ယှဉ်စပ်သည် ဖြစ်လောက်၏"။ ဧဝံ အာဟ၊ ဤသို့ဆိုပြီ။ ဣတိ၊ ဤသို့ပြော၍။ တေသံ မနောရထံ ဘိန္ဒန္တော၊ ထိုသေသောက်ကြူးတို့၏ အလိုဆန္ဒကို ဖျက်ဆီးလိုရကား။
ပါတိယော တထေဝ ပုဏ္ဏာ၊ သေရည်ခွက်တို့သည်ကား ထိုရှေးအတိုင်းသာ ပြည့်မြဲပြည့်ကုန်၏။ အယံ ကထာ အညာ ဝတ္တတေ၊ ဤချီးမွမ်းစကားသည်ကား တစ်မျိုးတစ်ခြားသည် ဖြစ်၏။ အယံ သုရာ န စ ဘဒ္ဒိကာ၊ ဤသေရည်သည် မကောင်းဟု။ အာကာရဏေန ဇာနာမိ၊ သိရန်နီးကပ်အကြောင်းနှစ်ရပ်ကြောင့် ငါသိ၏။
တတ္ထ၊ ထိုဂါထာ၌။ **တထေဝါတ** တိ၊ တထေဝဟူသည်ကား။ ဂမနကာလေ၊ သွားစဉ်ကာလ၌။ မယာဒိဋ္ဌာ ယထာ၊ ငါသည် တွေ့မြင်အပ်ကုန်သကဲ့သို့။ တထေဝ ပုဏ္ဏာ၊ ထိုရှေးအတူပင် ပြည့်မြဲပြည့်နေကုန်၏တည်း။
**အညာ' ယံ ဝတ္တတေ ကထာ** တိ၊ အညာ' ယံဝတ္တတေ ကထာဟူသည်ကား။ တုမှာကံ၊ သင်တို့၏။ ယာ အယံ သုရာဝဏ္ဏနကထာ ဝတ္တတိ၊ သေရည်ကို အကြင်ချီးမွမ်းစကားသည် ဖြစ်၏။ သာ အညာဝ၊ ထိုချီးမွမ််းစကားသည် တစ်ခြားသာတည်း။ အဘူတာ အတစ္ဆာ၊ မဟုတ်မမှန်။
ဟိ ဧသာ သုရာ၊ မှန်၏ ဤသေရည်သည်။ မနာပါ ယဒိ အဿ၊ နှစ်သက်ဖွယ်သည် အကယ်၍ ဖြစ်အံ့။ တုမှေပိ ပိိဝေယျာထ၊ သင်တို့သည်လည်း သောက်ကုန်ရာ၏။ ဥပဍ္ဎပါတိယော အဝသိဿေယျုံ၊ ထက်ဝက်သော သေရည်ခွက်တို့သာ ကြွင်းကျန်ကုန်ရာ၏။
ပန တုမှာကံ၊ စင်စစ်သော်ကား သင်တို့တွင်။ ဧကေနာပိ သုရာ န ပီတာ၊ တစ်ယောက်သည်သော်မှလည်း သေရည်ကိုမသောက်အပ်။
**အာကာရဏေန ဇာနာမီ** တိ၊ အာကာရဏေန ဇာနာမိ ဟူသည်ကား။ တသ္မာ ဣမိနာ ကာရဏေန ဇာနာမိ၊ ထိုဆိုခဲ့ပြီး ဤအကြောင်းကြောင့် ငါသိ၏တည်း။
**နစာယံ ဘဒ္ဒိကာ သုရာ** တိ၊ န စာယံ ဘဒ္ဒိကာ သုရာဟူသည်ကား။ အယံ သုရာ နေဝ ဘဒ္ဒိကာ၊ ဤသေရည်သည်မကောင်း။ ဧတာယဝိသ သံယောဇိတာယ ဘဝိတဗ္ဗံ၊ ဤသေရည်သည် အဆိပ်နှင့်ယှဉ်စပ်အပ်သည် ဖြစ်လောက်၏တည်း။ ဣတိ ဓုတ္တေ နိဂ္ဂဏှိတွာ၊ ဤကဲသို့သေသောက်ကြူးတို့ကို နှိမ်နင်း၍။ ယထာ၊ အကြင်သို့ခြိမ်းခြောက်သော်။ ပုန ဧဝရူပံ န ကရောန္တိ၊ တစ်ဖန် ဤသို့သဘောရှိသော အမှုကို မပြုရဲကုန်။ တထာတေ တဇ္ဇေတွာ၊ ထိုမပြုရဲလောက်သော အခြင်းရာအားဖြင့် ထိုသေသောက်ကြူးတို့ကို ခြိမ်းခြောက်၍။ ဝိဿဇ္ဇေသိ၊ လွှတ်လိုက်ပြီ။
သော ယာဝဇီဝံ၊ ထိုဘုရားလောင်းသူဌေးသည် အသက်ရှည်သမျှကာလပတ်လုံး။ ဒါနာဒီနိ ပုညာနိ ကတွာ၊ ဒါနအစရှိကုန်သော ကောင်းမှုတို့ကိုပြု၍။ ယထာကမ္မံ ဂထော၊ ကံအားလျော်စွာ လားပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာကို ဆောင်တော်မူ၍။
တဒါ ဓုတ္တာ၊ ထိုအခါက သေသောက်ကြူးတို့သည်။ ဧတရာဟိ ဓုတ္တာ၊ ယခုအခါသေသောက်ကြူးတို့ပင်တည်း။ ဗာရာဏသိသေဋ္ဌိ ပန အဟမေဝ အဟောသိန္တိ၊ ဗာရာဏသီသူဌေးသည်ကား ငါဘုရားသည်သာ ဖြစ်လာပြီ" ဟု။ ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
**ပုဏ္ဏပါတိဇာတကဝဏ္ဏနာ တတိယာ၊ ပုဏ္ဏပါတိဇာတ်အဖွင့်သည် တတိယတည်း။**