**န မံ သီတံ န မံ ဥဏှန္တိ** ဣဒံ၊ န မံ သီတံ န မံ ဥဏှံ စသော ဤတရားဒေသနာတော်ကို။
သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။
ပုရာဏဒုတိယိကာပလောဘနံ အာရဗ္ဘ ကထေသိ၊ မယားဟောင်း ဖြားယောင်းမှုကို အကြောင်းပြု၍ ဟောတော်မူပြီ။
ဟိ တဒါ၊ ချဲ့အံ့ ထိုအခါ။
သတ္ထာ တံ ဘိက္ခုံ၊ ဘုရားရှင်သည် ထိုရဟန်းကို။
"ဘိက္ခု တွံ၊ အိုရဟန်း သင်သည်။
ဥက္ကဏ္ဌိတော အသိ ကိရ၊ သာသနာတော်၌ ငြီးငွေ့သည် ဖြစ်သတဲ့။
ဣတိ သစ္စံတိ ပုစ္ဆိ၊ ဤသို့ ကြားရသည်ကား မှန်သလာ"ဟု မေးတော်မူပြီ။
သစ္စံ ဘဂဝါတိ၊ မှန်ပါသည် ဘုရားဟု လျှောက်ပြီ။
ကေန ဥက္ကဏ္ဌာပိတော အသိ ဣတိ၊ အဘယ်သူသည် ငြီးငွေ့စေအပ်သည် ဖြစ်သနည်း"ဟု မေးပြီ။
ဘန္တေ မေ ပုရာဏဒုတိယိကာ၊ အိုရှင်တော်ဘုရား တပည့်တော်၏ မယားဟောင်းသည်။
မဓုရဟတ္ထရသာ၊ ချိုမြိန်သောလက်အရသာရှိပါ၏။
တံ ဇဟိတုံ န သက္ကောမီတိ၊ ထိုမယားဟောင်းကို စွန့်ခြင်းငှာ မစွမ်းနိုင်ပါဟု လျှောက်ပြီ။
အထ နံ သတ္ထာ၊ ထိုအခါ ထိုရဟန်းကို ဘုရားရှင်သည်။
"ဘိက္ခု ဧသာ ဣတ္ထီ၊ အိုရဟန်း ထိုမိန်းမသည််။
တဝ အနတ္ထကာရိကာ၊ သင်၏ အကျိုးမဲ့ပြုတတ်၏။
ပုဗ္ဗေပိ တွံ၊ ရှေးကလည်း သင်သည်။
ဧတံ နိဿာယ၊ ထိုမိန်းမကို မှီ၍။
မရဏံ ပါပုဏန္တော၊ သေခြင်းသို့ ရောက်လုလတ်သော်။
မံ အာဂမ္မ၊ ငါဘုရားကို အကြောင်းပြု၍။
မရဏာ မုတ္တောတိ ဝတွာ၊ သေခြင်းမှ လွတ်ပြီ"ဟု မိန့်တော်မူ၍။
အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။
ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။
တဿ ပုရောဟိတော အဟောသိ၊ ထိုဗြဟ္မဒတ်မင်း၏ ပုရောဟိတ်သည် ဖြစ်ပြီ။
တဒါ ကေဝဋ္ဋာ၊ ထိုအခါ၌။
နဒိယံ ဇာလံ ခိပိံသု၊ မြစ်၌ ကွန်ကို ပစ်ကုန်ပြီ။
အထ ဧကော မဟာမစ္ဆော၊ ထိုအခါ တစ်ကောင်သော ငါးကြီးသည်။
ရတိဝသေန အတ္တနော မစ္ဆိယာ၊ မိတ်လိုက်မှုအစွမ်းဖြင့် မိမိ၏ ငါးမနှင့်။
သဒ္ဓိံ ကီဠမာနော အာဂစ္ဆတိ၊ အတူတကွ ကစားလျက်လာ၏။
တဿ သာ မစ္ဆီ၊ ထိုငါးကြီး၏ ထိုငါးမသည်။
ပုရတော ဂစ္ဆမာနာ၊ ရှေ့မှ သွားသော်။
ဇာလဂန္ဓံ ဃာယိတွာ၊ ကွန်နံ့ကို အနံ့ရ၍။
ဇာလံ ပရိဟရမာနာ ဂတာ၊ ကွန်ကို ရှောင်လျက် သွားပြီ။
ကာမဂိဒ္ဓေါ သော ပန လောလမစ္ဆော၊ ကာမမှု မက်မောသော ထိုလျှပ်ပေါ်သော ငါးသည်ကား။
ဇာလကုစ္ဆိမေဝ ပဝိဋ္ဌော၊ ကွန်အတွင်းသို့သာ ဝင်ပြီ။
ကေဝဋ္ဋာ တဿ၊ တံငါသည်တို့သည် ထိုငါးကြီး၏။
ဇာလံ ပဝိဋ္ဌဘာဝံ ဉတွာ၊ ကွန်သို့ ဝင်ကြောင်းကို သိ၍။
ဇာလံ ဥက္ခိပိတွာ၊ ကွန်ကို မ,ချီ၍။
မစ္ဆံ ဂဟေတွာ၊ ငါးကြီးကို ဖမ်းယူ၍။
အမာရေတွာဝ ဝါလိကာပိဋ္ဌေ ခိပိတွာ၊ မသတ်မူ၍သာ သဲပြင်၌ ပစ်ချထား၍။
"ဣမံ အင်္ဂါရေသု၊ ဤ ငါးကြီးကို မီးကျီးခဲတို့၌။
ပစိတွာ ခါဒိဿာမာတိ၊ ကင်၍ စားကုန်အံ့"ဟု။
အင်္ဂါရေ ကရောန္တိ၊ မီးကျီးခဲတို့ကို ပြုကုန်၏။
သူလံ တစ္ဆေန္တိ၊ တံစို့ကို ရွေစေကုန်၏ (အချောသတ် ချွန်ကုန်၏)။
မစ္ဆော၊ ငါးကြီးသည်။
"ဧတံ အင်္ဂါရတာပနံ ဝါ၊ မီးကျီး၌ ထိုကင်မည့် ဆင်းရဲသည်လည်းကောင်း။
ဧတံ သူလဝိဇ္ဈနံ ဝါ၊ တံစို့ဖြင့် ထိုထိုးမည့် ဆင်းရဲသည်လည်းကောင်း။
အညံ ဝါ ပန ဒုက္ခံ၊ အခြားလည်းဖြစ်သော ဆင်းရဲသည် လည်းကောင်း။
မံ န ကိလမေတိ၊ ငါ့ကို မပင်ပန်းစေ။
သော နူန ရတိယာ၊ ထိုငါးကြီးသည် စင်စစ် မိတ်လိုက်မှုဖြင့်။
အညံ ဂတောတိ၊ အခြားငါးမသို့ လိုက်သွားပြီဟု။
ဧသာ မစ္ဆီ မယိ၊ ထိုငါးမသည် ငါ၌ (ငါ့အပေါ်၌)။
ယံ ပန ဒေါမနဿံ အာပဇ္ဇတိ၊ အကြင်စိတ်မချမ်းခြင်းသို့ကား ရောက်၏။
တမေဝ မံ၊ ငါးမအထင်လွဲ၍ ထိုစိတ်ဆင်းရဲလိမ့်မည်ဟူသော အတွေးသည်သာ ငါ့ကို။
ဗာဓတီတိ ပရိဒေဝမာနော၊ နှိပ်စက်၏"ဟု ငိုကြွေးလိုရကား။
ဣမံ ဂါထံ အာဟ၊ ဤဂါထာကို ရွတ်ဆိုပြီ။
ဂါထာအနက်ကား--
၃၄။ မံ၊ ငါ့ကို။
သီတံ၊ ရေမှ ဆယ်ယူသည့်အခါအအေးသည်လည်း။
န ဗာဓနံ၊ မနှိပ်စက်။
မံ ဥဏှံ၊ ငါ့ကို အအေးကင်းပျောက်နောက်မှ ရောက်သည့် အပူသည်လည်း။
န ဗာဓနံ၊ မနှိပ်စက်။
ဇာလသ္မိံ ဗာဓနံ မံ၊ ကွန်၌ မိခြင်းသည်လည်း ငါ့ကို။
န ဗာဓနံ၊ မနှိပ်စက်။
အညံ သော ရတိယာ ဂတော၊ အခြားငါးမသို့ ထိုငါးကြီးသည် မိတ်လိုက်သော အားဖြင့် လိုက်သွားပြီဟု။
မစ္ဆီ မံ ယဉ္စ မညတေ၊ ငါးမသည် ငါ့ကို အကြင်အထင်လွဲ၏။
(တမေဝ မံ ဗာဓတိ၊ ထိုအထင်လွဲမှုသည်သာ ငါ့ကို နှိပ်စက်၏)။
တတ္ထ၊ ထိုဂါထာ၌။
**န မံ သီတံ န မံ ဥဏှန္တိ**၊ န မံ သီတံ န မံ ဥဏှံ ဟူသည်ကား။
မစ္ဆာနံ ဥဒကာ နီဟဋကာလေ၊ ငါးတို့အား ရေမှဆယ်ယူရာ ကာလ၌။
သီတံ ဟောတိ၊ အအေးသည် ဖြစ်၏။
တသ္မိံ ဝိဂတေ၊ ထိုအအေးသည် ကင်းပျောက်သော်။
ဥဏှံ ဟောတိ၊ အပူသည် ဖြစ်၏။
တဒုဘယမ္ပိ သန္ဓာယ၊ ထိုအေးမှု ပူမှု နှစ်ခုကိုလည်း ရည်ရွယ်၍။
"မံ သီတံ န၊ ငါ့ကို အအေးသည် မနှိပ်စက်။
မံ ဥဏှံ နဗာဓတီတိ၊ ငါ့ကို အပူသည် မနှိပ်စက်"ဟု။
ပရိဒေဝတိ၊ ငိုကြွေး၏။
အင်္ဂါရေသု ပစ္စနမူလကံ၊ မီးကျီးခဲတို့၌ ကင်ခြင်းလျှင် အကြောင်းရင်းရှိသော။
ယမ္ပိ ဒုက္ခံ ဘဝိဿတိ၊ အကြင်ဆင်းရဲသည်လည်း ဖြစ်လတ္တံ့။
တမ္ပိ သန္ဓာယ၊ ထိုဆင်းရဲကိုလည်း ရည်ရွယ်၍။
မံ ဥဏှံ န ဣတိ ပရိဒေဝတေဝ၊ ငါ့ကို အပူသည် မနှိပ်စက်ဟု ငိုကြွေးသည်သာတည်း။
**န မံ ဇာလသ္မိ ဗာဓနန္တိ**၊ န မံ ဇာလသ္မိ ဗာဓနံ ဟူသည်ကား။
ဇာလသ္မိံ မေ၊ ကွန်၌ ငါ၏။
ယမ္ပိ ဗာဓနံ အဟောသိ၊ အကြင် ညှဉ်းဆဲနှိပ်စက်ခံရခြင်းသည်လည်း ဖြစ်ပြီ။
တမ္ပိ မံ၊ ထိုကွန်၌ နှိပ်စက်ခံ ရခြင်းသည်လည်း ငါ့ကို။
န ဗာဓေတီတိ ပရိဒေဝတိ၊ မနှိပ်စက်ဟု ငိုကြွေး၏တည်း။
သာ မစ္ဆီ၊ ထိုငါးမသည်။
ဇာလေ ပတိတဿ မမ၊ ပိုက်ကွန်၌ ကျရောက်သော ငါ၏။
ဣမေဟိ ကေဝဋ္ဋေဟိ ဂဟိတဘာဝံ၊ ဤတံငါသည်တို့က ဖမ်းယူအပ်ကြောင်းကို။
အဇာနန္တီ၊ မသိရကား။
မံ အပဿမာနာ၊ ငါ့ကို မတွေ့ရသော်။
သော မစ္ဆော ဣဒါနိ၊ ထိုငါးကြီးသည် ယခုအခါ။
အညံ မစ္ဆိံ ကာမရတိယာ၊ အခြားသော ငါးမသို့ မိတ်လိုက်မှုဖြင့်။
ဂတော ဘဝိဿတီတိ စိန္တေတိ၊ လိုက်သွားသည် ဖြစ်လတ္တံ့ဟု ကြံတွေး၍။
ဒေါမနဿပ္ပတ္တာယ တဿာ၊ စိတ်ဆင်းရဲခြင်းသို့ ရောက်သော ထိုငါးမ၏။
တံ စိန္တနံ မံ ဗာဓတိ၊ ထိုအထင်မှားကြံစည်တွေးတောခြင်းသည် ငါ့ကို နှိပ်စက်၏။
ဣတိ အယံ ယဉ္စ မန္တိအာဒီသု ပိဏ္ဍတ္ထော၊ ဤဆိုခဲ့ပြီးသည်ကား ယဉ္စ မံ ဤသို့ စသောပုဒ်တို့၌ အပေါင်းအနက်တည်း။
ဣတိ ဝါလိကာပိဋ္ဌေ နိပန္နော ပရိဒေဝတိ၊ ဤသို့ သဲသောင်ပြင်၌ လျောင်းလျက် ငိုကြွေး၏။
တသ္မိံ သမယေ ပုရောဟိတော၊ ထိုအခါ ဘုရားလောင်းပုရောဟိတ်သည်။
ဒါသ ပရိဝုတော နှာနတ္ထာယ၊ ကျေးကျွန်များခြံရံအပ်လျက် ရေချိုးခြင်းငှာ။
နဒီတီရံ အာဂတော၊ မြစ်ကမ်းနားသို့ လာပြီ။
ပန သော သဗ္ဗရုတညူ ဟောတိ၊ ထူးခြားသည်ကား ထိုဘုရားလောင်းပုရောဟိတ်သည် အသံမျိုးစုံသိသည် ဖြစ်၏။
တေန မစ္ဆပရိဒေဝနံ သုတွာ၊ ထိုသို့ အသံမျိုးစုံသိခြင်းကြောင့် ငါးငိုကြွေးခြင်းကို ကြားရ၍။
"အယံ မစ္ဆော ကိလေသဝသေန ပရိဒေဝတိ၊ ဤငါးသည် ကိလေသာအစွမ်းဖြင့် ငိုကြွေး၏။
ခေါ ပန ဧဝံ အာတုရစိတ္တော ဧသော၊ စင်စစ် ဤသို့ ကိလေသာဖြင့် နာကျင်သောစိတ်ရှိ၍ ဤငါးသည်။
မီယမာနော နိရယေယေဝ နိဗ္ဗတ္တိဿတိ၊ သေသွားသော် ငရဲ၌သာ ဖြစ်လတ္တံ့။
အဟံ အဿ၊ ငါပုရောဟိတ်သည် ထိုငါး၏။
အဝဿယော ဘဝိဿာမီတိ၊ မှီရာသည် ဖြစ်အံ့"ဟု။
အဿ ဧတံ အဟောသိ၊ ထိုပုရောဟိတ်၏ ဤဆိုခဲ့ပြီးအကြံသည် ဖြစ်ပြီ။
ဣတိ၊ ဤသို့ အကြံဖြစ်ပြီး၍။
ကေဝဋ္ဋာနံ သန္တိကံ ဂန္တွာ၊ တံငါသည်တို့၏ အထံသို့ သွား၍။
"အမ္ဘော တုမှေ၊ အိုအမောင်တို့ သင်တို့သည်။
အမှာကံ ဧကဒိဝသမ္ပိ၊ ငါတို့အား တစ်နေ့မျှလည်း။
ဗျဉ္ဇနတ္ထာယ မစ္ဆံ၊ ဟင်းလျာ အကျိုးငှာ ငါးကို။
န ဒေထာတိ အာဟ၊ မပေးကြ"ဟု ပြောပြီ။
ကေဝဋ္ဋာ၊ တံငါသည်တို့သည်။
"ကိံ ဝဒေထ သာမိ၊ ဘယ်လို ပြောကြတာလဲ သခင်ကြီး။
တုမှာကံ ရုစ္စနကမစ္ဆံ ဂဏှိတွာ၊ သခင်ကြီးတို့အား (တို့သည်) နှစ်သက်ရာငါးကို ယူကြ၍။
ဂစ္ဆထာတိ အာဟံသု၊ သွားကြပါ"ဟု ပြောကြပြီ။
အမှာကံ အညေန ကမ္မံ နတ္ထိ၊ ငါတို့အား အခြားငါးဖြင့် အလုပ်သည် မရှိ။
ဣမညေဝ ဒေထာတိ၊ ဤငါးကြီးကိုသာ ပေးကြလော့ဟု ပြောပြီ။
ဂဏှထ သာမီတိ၊ ယူကြပါ သခင်ကြီးဟု ပြောကြပြီ။
ဗောဓိသတ္တော တံ၊ ဘုရားလောင်းသည် ထိုငါးကြီးကို။
ဥဘောဟိ ဟတ္ထေဟိ ဂဟေတွာ၊ နှစ်ဖက်ကုန်သော လက်တို့ဖြင့် ယူ၍။
နဒီတီရေ နိသီဒိတွာ၊ မြစ်ကမ်းနား၌ ထိုင်၍။
"အမ္ဘော မစ္ဆ တံ၊ အို ငါး သင့်ကို။
အဟံ အဇ္ဇ သစေ န ပဿေယျံ၊ ငါသည် ယနေ့ အကယ်၍ မတွေ့မြင်အံ့။
ဇီဝိတက္ခယံ ပါပုဏေယျာသိ၊ အသက်ကုန်ခြင်းသို့ သင်ရောက်ရာ၏။
ဣဒါနိ ဣတော ပဋ္ဌာယ၊ ယခုအခါ ဤနေ့မှ စ၍။
ကိလေသဝသိကော မာ အဟောသီတိ၊ ကိလေသာအလိုသို့ လိုက်သည် မဖြစ်လင့်"ဟု။
ဩဝဒိတွာ ဥဒကေ ဝိဿဇ္ဇေတွာ၊ ဆုံးမ၍ ရေ၌ လွှတ်၍။
နှတွာ နဂရံ ပါဝိသိ၊ ရေချိုးပြီး၍ မြို့ထဲသို့ ဝင်သွားပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာတော်ကို ဆောင်တော်မူ၍။
သစ္စာနိ ပကာသေသိ၊ သစ္စာတို့ကို ပြတော်မူပြီ။
သစ္စပရိယောသာနေ ဥက္ကဏ္ဌိတဘိက္ခု၊ သစ္စာပြပြီးသည့်အဆုံး၌ သာသနာတော် ငြီးငွေ့သော ရဟန်းသည်။
သောတာပတ္တိဖလေ ပတိဋ္ဌာသိ၊ သောတာပတ္တိဖိုလ်၌ တည်ပြီ။
သတ္ထာပိ အနုသန္ဓိံ ဃဋေတွာ၊ ဘုရားရှင်သည်လည်း အနုသန္ဓေကို ဆက်စပ်တော်မူ၍။
"တဒါ မစ္ဆီ၊ ထိုအခါက ငါးမသည်။
ပုရာဏဒုတိယိကာ အဟောသိ၊ မယားဟောင်းသည် ဖြစ်လာပြီ။
မစ္ဆော ဥက္ကဏ္ဌိတဘိက္ခု၊ ငါးကြီးကား သာသနာတော်ငြီးငွေ့သောရဟန်းတည်း။
ပုရောဟိတော ပန အဟမေဝ အဟောသိန္တိ၊ ပုရောဟိတ်သည်ကား ငါဘုရားသည်သာ ဖြစ်လာပြီ"ဟု။
ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
**မစ္ဆဇာတကဝဏ္ဏနာ စတုတ္ထာ**၊ **လေးခုမြောက် ဖြစ်သော မစ္ဆဇာတ်အဖွင့်တည်း။**