Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
Jātaka-aṭṭhakathā(Paṭhamo bhāgo)
Jātaka-aṭṭhakathā(Paṭhamo bhāgo)

[40] 10. Khadiraṅgārajātakavaṇṇanā

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

**ကာမံ ပတာမိ နိရယန္တိ** ဣဒံ၊ ကာမံ ပတာမိ နိရယံ စသော ဤတရားဒေသနာတော်ကို။ သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ‌ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။ အနာထပိဏ္ဍိကံ အာရဗ္ဘ ကထေသိ၊ အနာထပိဏ်သူဌေးကို အကြောင်းပြု၍ ဟောတော်မူပြီ။
ဟိ အနာထပိဏ္ဍိကော၊ ချဲ့ပြောရသော် အနာထပိဏ်သူဌေးသည်။ ဝိဟာရမေဝ အာရဗ္ဘ၊ ဇေတဝန်ကျောင်းတော် တစ်ခုတည်းကိုပင် အကြောင်းပြု၍။ ဗုဒ္ဓသာသနေ စတုပညာသကောဋိဓနံ၊ ဘုရားသာသနာတော်၌ ၅၄-ကုဋေသော ဥစ္စာကို။ ပရိစ္စဇိတွာ ဝိကိရိတွာ၊ စွန့်လွှတ်၍ ဖြန့်ကြဲ၍။ တီဏိ ရတနာနိ ဌပေတွာ၊ ရတနာသုံးပါးတို့ကို ထား၍။ အညတ္ထ ရတနသညမေဝ အနုပ္ပါဒေတွာ၊ အခြားပစ္စည်းစသည်၌ ရတနာဟူသော အမှတ်သညာကိုပင် မဖြစ်စေမူ၍။ သတ္ထရိ ဇေတဝနေ ဝိဟရန္တေ၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူသော်။ ဒေဝသိကံ၊ နေ့တိုင်း။ တီဏိ မဟာဥပဋ္ဌာနာနိ ဂစ္ဆတိ၊ သုံးကြိမ်ကုန်သော ခစားမှုကြီးတို့ကို သွားရောက် ပြုလုပ်၏။
ပါတောဝ ဧကဝါရံ၊ နံနက်စောစော၌ပင် တစ်ကြိမ်လည်းကောင်း။ ကတပါတရာသော ဧကဝါရံ၊ နံနက်စာစားပြီးသော် တစ်ကြိမ်လည်းကောင်း။ သာယနှေ ဧကဝါရံ ဂစ္ဆတိ၊ ညနေချမ်း၌ တစ်ကြိမ်လည်းကောင်း သွား၏။
အညာနိ၊ အခြားကုန်သော။ အန္တရန္တရုပဋ္ဌာနာနိပိ ဟောန္တိယေဝ၊ အကြားအကြား ဆည်းကပ်မှုတို့သည်လည်း ဖြစ်ကြရှိကြသေးသည်သာတည်း။
ဂစ္ဆန္တော စ၊ သွားလျင်လည်း။ "ကိံ အာဒါယ အာဂတော နု ခေါတိ၊ ဘာကို ယူ၍ လာသနည်းဟု။ သာမဏေရာ ဝါ ဒဟရာ ဝါ၊ ကိုရင်တို့သည်လည်းကောင်း, ရဟန်းငယ်တို့သည်၎င်း။ မေ ဟတ္ထမ္ပိ ဩလောကေယျုန္တိ၊ ငါ၏ လက်ကိုလည်း ကြည့်ကုန်ရာ၏"ဟု တွေး၍။ တုစ္ဆဟတ္ထော နာမ န ဂတပုဗ္ဗော၊ လက်ချည်းမည်သည် မသွားဖူးပေ။
ပါတောဝ ဂစ္ဆန္တော၊ နံနက်စောစော၌ပင် သွားသော်။ ယာဂုံ ဂါဟာပေတွာ ဂစ္ဆတိ၊ ယာဂုကို ယူ၍ သွား၏။ ကတပါတရာသော၊ နံနက်စာစားပြီး၍။ (ဂစ္ဆန္တော၊ သွားသော်)။ သပ္ပိနဝနီတမဓုဖာဏိတာဒီနိပိ၊ ထောပတ်, ဆီဦး, ပျားရည်, တင်လဲ စသည်တို့ကိုလည်း။ (ဂါဟာပေတွာ ဂစ္ဆတိ၊ ယူ၍ သွား၏။) သာယနှသမယေ၊ ညနေချမ်း၌။ (ဂစ္ဆန္တော၊ သွားသော်)။ ဂန္ဓမာလာဝတ္ထာဒိဟတ္ထော၊ လက်၌ နံံသာ ပန်း, သင်္ကန်းလျာ စသည်ရှိ၍။ (ဂစ္ဆတီတိ၊ သွား၏ဟု မှတ်)။
ဧဝံ ဒိဝသေ ဒိဝသေ၊ ဤကဲ့သို့ နေ့တိုင်း နေ့တိုင်း၌။ ပရိစ္စဇန္တဿ အဿ၊ စွန့်လွှတ်သော ထိုအနာထပိဏ်သူဌေး၏။ ပရိစ္စာဂေ ပမာဏံ ပန နတ္ထိ၊ စွန့်လွှတ်ခြင်း၌ ပမာဏသည်ကား မရှိ, များလှ၏။
ဗဟူ ဝေါဟာရူပဇီဝိနောပိ၊ များစွာကုန်သော ကုန်သွယ်မှုမှီ, အသက်မွေးသူတို့သည်လည်း။ အဿ ဟတ္ထတော၊ ထိုအနာထပိဏ်သူဌေး၏ လက်မှ။ ပဏ္ဏေ အာရောပေတွာ၊ ပေ၌ မှတ်တမ်းတင်၍။ အဋ္ဌာရသကောဋိသင်္က္ဟျံ ဓနံ၊ ၁၈-ရှစ်ကုဋေ အ‌ရေအတွက်ရှိသော ငွေကြေးဥစ္စာကို။ ဣဏံ ဂဏှိံသု၊ ကြွေးကို ယူကြပြီ။ တေ မဟာသေဋ္ဌိ န အာဟရာပေတိ၊ ထိုကြွေးယူသူတို့ကို အနာထပိဏ်သူဌေးကြီးသည် မဆောင်ယူစေ (ကြွေးဆပ်မခိုင်း)။
ပန နဒီတီရေ နိဒဟိတွာ ဌပိတာ၊ သည်သာမကသေး အစိရဝတီမြစ်ကမ်း၌ မြှုပ်၍ ထားအပ်ကုန်သော။ အဿ ကုလသန္တကာ၊ ထိုအနာထပိဏ်သူဌေး၏ မျိုးရိုးစဉ်လာ ဥစ္စာဖြစ်ကုန်သော။ အညာ အဋ္ဌာရသကောဋိယော၊ အခြားကုန်သော ၁၈- ကုဋေတို့သည်။ အစိရဝတောဒကေန နဒီကုလေ ဘိန္နေ၊ အစိရဝတီမြစ်ရေသည် မြစ်ကမ်းပါးကို ဖြိုဖျက်အပ်သော်( အစိရဝတီမြစ်ရေကြောင့် မြစ်ကမ်းပါးသည် ပြိုသော်)။ မဟာသမုဒ္ဒံ ပဝိဋ္ဌာ၊ မဟာသမုဒ္ဒရာသို့ ဝင်ကုန်ပြီ။ ယထာပိဟိတလဉ္ဆိတာဝ တာ လောဟစာဋိယော၊ ပိတ်အပ် တံဆိပ်ခတ်အပ်သည် အားလျော်စွာသော ဖြစ်ကုန်သော ရွှေငွေပစ္စည်း ထည့်ထားကုန်သော ထိုကြေးအိုးကြီးတို့သည်။ အဏ္ဍဝကုစ္ဆိယံ ပဝဋ္ဋန္တာ ဝိစရန္တိ၊ သမုဒ္ဒရာအလယ်၌ လိမ့်ကုန်လျက် လှည့်လည်ကုန်၏။
အဿ ဂေဟေ ပန၊ ထိုအနာထပိဏ်သူဌေး၏ အိမ်၌ကား။ ပဉ္စန္နံ ဘိက္ခုသတာနံ နိစ္စဘတ္တံ၊ ရဟန်းတော်ငါးရာတို့အတွက် အမြဲဆွမ်းဝတ်သည်။ နိဗဒ္ဓမေဝ ဟောတိ၊ ဖွဲ့အပ်သည်သာ (မြဲသည်သာ) ဖြစ်၏။
ဟိ သေဋ္ဌိနော ဂေဟံ၊ မှန်၏ အနာထပိဏ်သူဌေး၏ အိမ်သည်။ ဘိက္ခုသံဃဿ စတုမဟာပထေ ခတပေါက္ခရဏိသဒိသံ၊ ရဟန်းသံဃာတော်အတွက် လမ်းမလေးခုအဆုံး၌ တူးထားသည့် လေးထောင့်ကန်နှင့်တူ၏။ သဗ္ဗဘိက္ခူနံ မာတာပိတုဋ္ဌာနေ ဌိတံ၊ အလုံးစုံသော သီတင်းသုံးဘော်ငါးဦးတို့၏ မိဘအရာ၌ တည်၏။
တေန အဿ ဃရံ၊ ထို့ကြောင့် ထိုအနာထပိဏ်သူဌေး၏ အိမ်သို့။ သမ္မာသမ္ဗုဒ္ဓေါပိ ဂစ္ဆတိ၊ ဘုရားရှင်သည်လည်း ကြွတော်မူ၏။ အသီတိ မဟာထေရာပိ ဂစ္ဆန္တိယေဝ၊ မဟာထေရ်ရှစ်ကျိပ်တို့သည်လည်း ကြွတော်မူကြသည်သာတည်း။
ဂစ္ဆန္တာနဉ္စ အာဂစ္ဆန္တာနဉ္စ သေသဘိက္ခူနံ၊ ကြွသွားကြကုန်သည်လည်း ဖြစ်ကုန်သော ကြွလာကြကုန်သည်လည်းဖြစ်ကုန်သော ကျန်ရဟန်းတို့၏။ ပမာဏံ ပန နတ္ထိ၊ အတိုင်းအတာကားမရှိ ရေတွက်မရ။
တံ ဃရံ ပန သတ္တဘူမကံ၊ အနာထပိဏ်သူဌေး၏ ထိုအိမ်သည်ကား ဘုံခုနစ်ဆင့်ရှိ၏ ခုနစ်ထပ်ရှိ၏။ သတ္တဒွါရကောဋ္ဌကပဋိမဏ္ဍိတံ၊ တံခါးမုခ်ခုနစ်ထပ်ဖြင့် တန်ဆာဆင်အပ်၏။ တဿ စတုတ္ထေ ဒွါရကောဋ္ဌကေ၊ ထိုအိမ်၏ စတုတ္ထဖြစ်သော တံခါးမုခ်၌။ မိစ္ဆာဒိဋ္ဌိကာ ဧကာဒေဝတာ ဝသတိ၊ မိစ္ဆာအယူရှိသော နတ်သမီးတစ်ယောက်သည် နေ၏။ သမ္မာသမ္ဗုဒ္ဓေ ဂေဟံ ပဝိသန္တေ၊ ဘုရားရှင်သည် အိမ်သို့ ဝင်တော်မူသော်။ သာ အတ္တနော ဝိမာနေ၊ ထိုနတ်သမီးသည် မိမိ၏ ဗိမာန်၌။ ဌာတုံ န သက္ကောတိ၊ တည်နေခြင်းငှာ မစွမ်းနိုင်။ ဒါရကေ ဂဟေတွာ ဩတရိတွာ၊ ကလေးတို့ကို ခေါ်ယူ၍ ဗိမာန်မှ ဆင်း၍။ ဘူမိယံ တိဋ္ဌတိ၊ မြေပေါ်၌ တည်နေရ၏။
အသီတိမဟာထေရေသုပိ အဝသေသတ္ထေရေသုပိ၊ ရှစ်ကျိပ်သော မဟာထေရ်တို့သည်လည်းကောင်း ကျန်သောမထေရ်တို့သည်လည်းကောင်း။ ပဝိသန္တေသု စ နိက္ခမန္တေသု စ၊ ဝင်ကုန်သော်လည်းကောင်း ထွက်ကုန်သော်လည်းကောင်း။ တထေဝ ကရောတိ၊ ထို့အတူသာ ဗိမာန်မှဆင်းမှုပြုရ၏။
သာ၊ ထိုနတ်သမီးသည်။ "သမဏေ ဂေါတမေ စ အဿ သာဝကေသု စ၊ ရဟန်းဂေါတမသည်လည်းကောင်း ထိုရဟန်းဂေါတမ၏ တပည့်တို့သည်လည်းကောင်း။ ဣမံ ဂေဟံ ပဝိသန္တေသု၊ ဤအိမ်သို့ ဝင်ကုန်သော်။ မယှံ သုခံ နာမ နတ္ထိ၊ ငါ့အား ချမ်းသာခြင်းမည်သည် မရှိ။ နိစ္စကာလံ ဩတရိတွာ ဩတရိတွာ၊ အချိန်အမြဲဆင်း၍ ဆင်း၍။ ဘူမိယံ ဌာတုံ န သက္ခိဿာမိ၊ မြေပေါ်၌ တည်နေခြင်းငှာ မစွမ်းနိုင်လတ္တံ့။
ယထာ(ကရောန္တိယံ) ဣမေ၊ အကြင်သို့ (ပြုသော်) ဤရဟန်းဂေါတမနှင့် တပည့်တို့သည်။ ဧတံ ဃရံ န ပဝိသန္တိ၊ ဤအိမ်သို့ မဝင်ကုန်။ တထာ မယာ၊ ထိုကဲ့သို့ မဝင်အောင် ငါသည်။ ကာတုံ ဝဋ္ဋတီတိ စိန္တေသိ၊ ပြုခြင်းငှာ သင့်၏"ဟု ကြံပြီ။
အထ ဧကဒိဝသံ၊ ထိုအခါ တစ်နေ့၌။ သယနူပဂတဿေဝ မဟာကမ္မန္တိကဿ၊ အိပ်ရာဝင်စသာ ဖြစ်သော ကြီးသော လုပ်ငန်းတာဝန်ရှိသူ၏(မန်နေဂျာ၏)။ သန္တိကံ ဂန္တွာ၊ အထံသို့ သွား၍။ ဩဘာသံ ဖရိတွာ အဋ္ဌာသိ၊ ကိုယ်ရောင်ကို ဖြန့်၍ တည်ပြီ။
ဧတ္ထ ကောတိ ဝုတ္တေ စ၊ ဤနေရာ၌ ဘယ်သူလဲဟု မေးအပ်သော်ကား။ အဟံ စတုတ္ထဒွါရကောဋ္ဌကေ၊ ငါကား စတုတ္ထတံခါးမုဒ်၌။ နိဗ္ဗတ္တဒေဝတာတိ အာဟ၊ အစောင့်ဖြစ်သော နတ်သမီးတည်းဟု ဖြေပြီ။
ကသ္မာ အာဂတာ အသီတိ၊ ဘာ့ကြောင့် လာသည် ဖြစ်သနည်းဟု မေးပြီ။
တုမှေ သေဋ္ဌိဿ ကြိယံ၊ သင်မန်နေဂျာတို့သည် အနာထပိဏ်သူဌေး၏ အပြုအမူကို။ န ပဿထ ကိံ၊ မမြင်ကြသလော။ အတ္တနော ပစ္ဆိမကာလံ အနောလောကေတွာ၊ မိမိ၏ နောက်အချိန်ကို မကြည့်မူ၍။ ဓနံ နီဟရိတွာ၊ ပစ္စည်းရှိသမျှကို ထုတ်၍။ သမဏံ ဂေါတမံ ယေဝ ပူဇေတိ၊ ရဟန်းဂေါတမကိုသာ ပူဇော်၏။ ဝဏိဇ္ဇံ နေဝ ပယောဇေတိ၊ ကုန်သွယ်မှုကို မယှဉ်စေ မပြုလုပ်။ ကမ္မန္တေ န ပဋ္ဌပေတိ၊ အလုပ်တို့ကို မဖြစ်စေ။ တုမှေ သေဋ္ဌိံ၊ သင်မန်နေဂျာတို့သည် အနာထပိဏ်သူဌေးကို။ တထာ (ဩဝဒန္တေသု)၊ အကြင်ကဲ့သို့ (ဆုံးမကြသော်)။ အတ္တနော ကမ္မန္တံ ကရောတိ၊ မိမိ၏ စီးပွားရေးအလုပ်ကို ပြုလုပ်၏။ တထာ ဩဝဒထ၊ ထိုသို့ပြုအောင် ဆုံးမကြလော့။
စ ယထာ (ကရောန္တေသု)၊ သည်သာမကသေး အကြင်ကဲ့သို့ (ပြုကြသော်)။ သမဏော ဂေါတမော သသာဝကော၊ ရဟန်းဂေါတမသည် တပည့်များနှင့်တကွ။ ဣမံ ဃရံ န ပဝိသတိ၊ ဤအိမ်သို့ မဝင်။ တထာ ကရောထာတိ၊ ထိုကဲ့သို့ မဝင်အောင် ပြုကြလော့ဟု ပြောပြီ။
အထ နံ သော၊ ထိုအခါ ထိုနတ်သမီးကို ထိုမန်နေဂျာသည်။ "ဗာလဒေဝတေ သေဋ္ဌိ၊ ဟယ် နတ်သမီးမိုက် ငါတို့ သူဌေးသည်။ ဓနံ ဝိဿဇ္ဇေန္တော၊ ပစ္စည်းကို စွန့်လွှတ်သော်။ နိယျာနိကေ ဗုဒ္ဓသာသနေ ဝိဿဇ္ဇေတိ၊ ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ်သော ဘုရားသာသနာတော်၌ စွန့်လွှတ်၏။ သော မံ၊ ထိုအနာထပိဏ်သူဌေးကြီးသည် ငါမန်နေဂျာကို။ စူဠာယံ ဂဟေတွာ၊ ဦးစွန်း၌ ကိုင်၍။ သစေ ဝိက္ကိဏိဿတိ၊ အကယ်၍ ရောင်းစားအံ့။ (ဧဝံ) အဟံ၊ ဤသို့ ရောင်းစားသော်လည်း ငါမန်နေဂျာသည်။ ကိဉ္စိ န ကထေဿာမိ၊ ဘယ်စကားကိုမျှ မဆိုအံ့။ တွံ ဂစ္ဆ ဣတိ အာဟ၊ သင်သည် သွားလော့"ဟု ပြောပြီ။
သာ ပုန ဧကဒိဝသံ၊ ထိုနတ်သမီးသည် တစ်ဖန်တစ်နေ့၌။ သေဋ္ဌိနော ဇေဋ္ဌပုတ္တံ ဥပသင်္ကမိတွာ၊ အနာထပိဏ်သူဌေး၏ သားကြီးသို့ ကပ်၍။ တထေဝ ဩဝဒိ၊ ထိုရှေးအတူပင် ဆုံးမပြန်ပြီ။ သောပိ တံ၊ ထိုသားကြီးသည်လည်း ထိုမိစ္ဆာဒိဋ္ဌိနတ်သမီးကို။ ပုရိမနယေနေဝ တဇ္ဇေသိ၊ ရှေးမန်နေဂျာနည်းဖြင့်ပင် ခြိမ်းခြောက်ပြီ။
သေဋ္ဌိနာ သဒ္ဓိံ ပန၊ သူဌေးနှင့်အတူကား။ ကထေတုံ ယေဝ န သက္ကောတိ၊ ပြောခြင်းငှာပင် မစွမ်းနိုင် (မပြောရဲ)။
ဝေါဟာရေ အကရောန္တဿ၊ ရောင်းဝယ်မှုတို့ကို မပြုဘဲ။ နိရန္တရံ ဒါနံ ဒေန္တဿ၊ အကြားအလပ်မရှိ အလှူကို လှူနေသော။ သေဋ္ဌိနောပိ၊ အနာထပိဏ်သူဌေးအားလည်း။ အာယေ မန္ဒီဘူတေ၊ အဝင်ပစ္စည်းသည် နည်းသည်ဖြစ်၍ ဖြစ်လတ်သော်။ ဓနံ ပရိက္ခယံ အဂမာသိ၊ ဥစ္စာသည် ကုန်ခန်းခြင်းသို့ ရောက်ပြီ။
အထ အနုက္ကမေန၊ ထိုအခါ အစဉ်သဖြင့်။ ဒါလိဒ္ဒိယပ္ပတ္တဿ အဿ၊ ဆင်းရဲခြင်းသို့ ရောက်သော ထိုသူဌေး၏။ ပရိဘောဂသာဋကသယနဘောဇနာနိပိ၊ အသုံးအဆောင်အဝတ်, အိပ်ရာနေရာ, အစာတို့သည်လည်း။ ပုရာဏသဒိသာနိ န ဘဝိံသု၊ ရှေးကနှင့်တူကုန်သည် မဖြစ်ကြပြီ။
ဧဝံဘူတောပိ ဘိက္ခုသံဃဿ၊ ဤသို့ပင် ဖြစ်သော်လည်း ရဟန်းသံဃာအား။ ဒါနံ ဒေတိ၊ အလှူကို လှူမြဲလှူ၏။ ပဏီတံ ပန ကတွာ၊ ကောင်းမွန်သည်ကိုကား ပြု၍။ ဒါတုံ န သက္ကောတိ၊ လှူခြင်းငှာ မစွမ်းနိုင်။
အထ ဧကဒိဝသံ ဝန္ဒိတွာ၊ ထိုအခါ တစ်နေ့၌ ရှိခိုး၍။ နိသိန္နံ နံ သတ္ထာ၊ ထိုင်နေသော ထိုအနာထပိဏ်သူဌေးကို ဘုရားရှင်သည်။ "ဂဟပတိ တေ ကုလေ၊ အိုသူကြွယ် သင်၏အမျိုး၌။ ဒါနံ ဒီယတိ ပန ဣတိ ပုစ္ဆိ၊ အလှူကို လှူအပ်ပါ၏လော"ဤသို့ မေးပြီ။
သော၊ ထိုအနာထပိဏ်သူဌေးသည်။ "ဒီယတိ ဘန္တေ၊ လှူအပ်ပါ၏ အရှင်ဘုရား။ တဉ္စ ခေါ ဗိလင်္ဂဒုတိယံ၊ ထိုအလှူသည်ကား ဆန်ပုံးရည်လျှင် နှစ်ခုမြောက်ရှိသော။ ကဏာဇကံတိ အာဟ၊ ဆန်ကွဲဆွမ်းတည်းဟု လျှောက်ပြီ။
အထ နံ သတ္ထာ၊ ထိုအခါ ထိုအနာထပိဏ်သူဌေးကို ဘုရားရှင်သည်။ "ဂဟပတိ လူခံ ဒါနံ ဒေမီတိ၊ အိုသူကြွယ် ကြမ်းတမ်းသော လှူဖွယ်ကို လှူရ၏ဟု။ စိတ္တံ မာ သင်္ကောစယိတ္ထ၊ စိတ်ကို မတွန့်တို မပျက်စီးစေကုန်လင့်။
ဟိ စိတ္တသ္မိံ ပဏီတေ၊ မှန်၏ စိတ်ထားသည် မွန်မြတ်သော်။ ဗုဒ္ဓပစ္စေကဗုဒ္ဓဗုဒ္ဓသာဝကာနံ၊ ဘုရား, ပစ္စေကဗုဒ္ဓါ, ဘုရားတပည့်သားတို့အား။ ဒိန္နဒါနံ လူခံ နာမ န ဟောတိ၊ လှူအပ်သော လှူဖွယ်သည် ကြမ်းသည် မကောင်းသည် မည်သည် မဖြစ်။
ကသ္မာ ဝိပါကမဟန္တတ္တာတိ အာဟ၊ ဘာ့ကြောင့်နည်း အကျိုးကြီးသည့်အဖြစ်ကြောင့်တည်း"ဟု မိန့်ပြီ။
ဟိ စိတ္တံ ပဏီတံ၊ မှန်၏ စိတ်ထားကို မြင့်မြတ်သည်ကို။ ကာတုံ သက္ကောန္တဿ ဒါနံ၊ ပြုခြင်းငှာ စွမ်းနိုင်သူ၏ လှူဖွယ်သည်။ လူခံ နာမ နတ္ထီတိ ဧဝံ စ၊ ကြမ်းသည် မကောင်းသည်မည်သည် မရှိဟူသော ဤစကားကိုလည်း။
"စိတ္တေ ပသန္နမှိ၊ စိတ်သည် ကြည်လင်သော်။ သမ္ဗုဒ္ဓေ တထာဂတေ ဝါ၊ တရားအားလုံးကို ကိုယ်တိုင်သိတော်မူသော ဘုရားရှင်၌ လည်းကောင်း။ အထ ဝါ တဿ သာဝကေ၊ ထိုမှတစ်ပါး ထိုဘုရားရှင်၏ တပည့်၌လည်းကောင်း။ ဒက္ခိဏာ အပ္ပကာ နာမ နတ္ထိ၊ လှူအပ်သော လှူဖွယ်သည် နည်းသည် မကောင်းသည်မည်သည် မရှိ။
အနောမဒဿိသု ဗုဒ္ဓေသု၊ မြတ်သော ဖူးမြင်ရမှုရှိတော်မူကုန်သော ဘုရား‌ပစ္စေကဗုဒ္ဓါတို့၌။ ပါရိစရိယာ အပ္ပကာ၊ လုပ်ကျွေးပြုစုမှုသည် နည်းသည်ဟူသည်။ န အတ္ထိ ကိရ၊ မရှိဘူးတဲ့။
သုက္ခာယ အလောဏိကာယ စ၊ ခြောက်သွေ့သော ဆားမျှပင် မပါသည်လည်း ဖြစ်သော။ ကုမ္မာသပိဏ္ဍိယာ ဖလံ ပဿ ဣတိ၊ မုယောမုန့်လုံး လှူရခြင်း၏ အကျိုးကို ကြည့်လော့"ဟူသော။ ဧတံ ဧဝံ ‌ဝေဒိတဗ္ဗံ၊ ဤစကားကို ဤဆိုခဲ့ပြီးသည်ဖြင့် သိနိုင်၏။
ဂဟပတိ တွံ၊ အိုသူကြွယ် သင်သည်။ လူခံ ဒါနံ ဒဒမာနော၊ ကြမ်းသော လှူဖွယ်ကို လှူရသော်လည်း။ အဋ္ဌန္နံ အရိယပုဂ္ဂလာနံ တာဝ ဒေသိ၊ ရှစ်ယောက်ကုန်သော အရိယာပုဂ္ဂိုလ်တို့အား ပေးလှူရ၏။ အဟံ ဝေလာမကာလေ၊ ငါဘုရားသည် ဝေလာမပုဏ္ဏားဖြစ်ရာကာလ၌။ သကလဇမ္ဗုဒီပံ ဥန္နင်္ဂလံ ကတွာ၊ ဇမ္ဗူဒိပ်တစ်ကျွန်းလုံးကို အထက်၌ ထွန်တုံးရှိသည်ကို (ထွန်တုံးထောင်ထား လယ်ယာလုပ်မှုပြတ်သွားသည်ကို) ပြု၍။ သတ္တရတနာနိ ဒဒမာနော၊ ရတနာခုနစ်ပါးတို့ကို ပေးလှူသော်။ ပဉ္စမဟာနဒိယော၊ မြစ်ကြီးငါးစင်းတို့ကို။ ဧကောဃပုဏ္ဏံ ကတွာ ဝိယ၊ တစ်ဟုန်တည်းသော ရေဖြင့် ပြည့်သည်ကို ပြုသကဲ့သို့။ မဟာဒါနံ ပဝတ္တယမာနော စ၊ အလှူကြီးကို ဖြစ်စေသော်လည်း။ တိသရဏဂတံ ဝါ ပဉ္စသီလရက္ခနကံ ဝါ၊ ရတနာသုံးပါးဆည်းကပ်သူသော်လည်း ဖြစ်သော ငါးပါးသီလစောင့်ရှောက်သူသော်လည်း ဖြစ်သော။ ကဉ္စိ နာလတ္ထံ၊ တစ်စုံတစ်ယောက်သော အလှူခံကိုမျှ မရခဲ့။ ဒက္ခိဏေယျပုဂ္ဂလာ နာမ ဧဝံ ဒုလ္လဘာ၊ မြတ်သော အလှူခံပုဂ္ဂိုလ်တို့မည်သည် သို့ကလောက် ရခဲကုန်၏။
တသ္မာ၊ ထို့ကြောင့်။ မေ ဒါနံ လူခံ ဣတိ၊ ငါ၏ လှူဖွယ်သည် ကြမ်း၏ ညံ့၏ဟု။ စိတ္တံ မာ သင်္ကောစယိတ္ထာတိ၊ စိတ်ထားကို မတွန့်စေ မပျက်စေလင့်"ဟု။ ဧဝဉ္စ ပန ဝတွာ၊ ဤသို့လည်း မိန့်တော်မူပြီး၍။ ဝေလာမသုတ္တံ ကထေသိ၊ ဝေလာမသုတ်ကို ဟောတော်မူပြီ။
အထ ခေါ သာ ဒေဝတာ၊ ထိုအခါ ထိုတံခါးမုခ်စောင့်နတ်သမီးသည်။ ဣဿရကာလေ သေဋ္ဌိနာ သဒ္ဓိံ၊ အစိုးရရာ, ချမ်းသာရာကာလ၌ အနာထပိဏ်သူဌေးနှင့် အတူ။ ကထေတုံ အသက္ကောန္တီပိ၊ ပြောခြင်းငှာ မစွမ်းနိုင်သော်လည်း။ "ဣဒါနိ အယံ ဒုဂ္ဂတတ္တာ၊ ယခုအခါ ဤအနာထပိဏ်သူဌေးသည် ဆင်းရဲသည့်အဖြစ်ကြောင့်။ မမ ဝစနံ၊ ငါ၏ စကားကို။ ဂဏှိဿတီတိ မညမာနာ၊ နာယူလိမ့်မည်"ဟု မှတ်ထင်၍။ အဍ္ဎရတ္တသမယေ သိရိဂဗ္ဘံ ပဝိသိတွာ၊ သန်းခေါင်ယံ၌ ကျက်သရေခန်းသို့ ဝင်၍။ ဩဘာသံ ဖရိတွာ၊ ကိုယ်‌ရောင်ကို ဖြန့်၍။ အာကာသေ အဋ္ဌာသိ၊ ကောင်းကင်၌ တည်ပြီ။
သေဋ္ဌိ တံ ဒိသွာ၊ အနာထပိဏ်သူဌေးသည် ထိုတံခါးမုခ်စောင့်နတ်သမီးကို မြင်၍။ ဧသော ကောတိ အာဟ၊ ဤသူကား ဘယ်သူနည်းဟု မေးပြီ။
မဟာသေဋ္ဌိ အဟံ၊ အိုသူဌေးကြီး အကျွန်ုပ်ကား။ စတုတ္ထဒွါရကောဋ္ဌကေ အဓိဝတ္ထာ ဒေဝတာတိ၊ စတုတ္ထတံခါးမုခ်၌ စောင့်သော နတ်သမီးတည်းဟု ဖြေပြီ။
ကိမတ္ထာယ အာဂတာ အသီတိ၊ ဘယ်အကျိုးငှာ လာသည်ဖြစ်သနည်းဟု မေးပြီ။
တုယှံ ဩဝါဒံ ကထေတုကာမာ ဟုတွာ၊ သင်သူဌေးကြီးအား ဩဝါဒစကားကို ပြောလိုသည် ဖြစ်၍။ အာဂစ္ဆာမီတိ၊ လာ၏ဟု ဖြေပြီ။
တေန ဟိ ကထေဟီတိ၊ ထိုသို့ဖြစ်လျှင် ပြောလော့ဟု ဆိုပြီ။
"မဟာသေဋ္ဌိ တွံ၊ သူဌေးကြီး သင်သည်။ ပစ္ဆိမကာလံ န စိန္တေသိ၊ နောက်ပိုင်းအချိန်ကို မတွေး။ ပုတ္တဓီတရော န ဩလောကေသိ၊ သားသမီးတို့ကို မကြည့်။ သမဏဿ ဂေါတမဿ သာသနေ၊ ရဟန်းဂေါတမ၏ သာသနာ၌။ တေ ဗဟုံ ဓနံ ဝိပ္ပကိဏ္ဏံ၊ သင်သူဌေးကြီးသည် များစွာသော ပစ္စည်းကို ဖရိုဖရဲကြဲအပ်ပြီ။ သော တွံ အတိဝေလံ၊ ထိုသင်သည် အချိန်လွန်စွာ။ ဓနဝိဿဇ္ဇနေန ဝါ၊ ပစ္စည်းစွန့်လွှတ်လှူဒါန်းခြင်းကြောင့်လည်းကောင်း။ ဝဏိဇ္ဇာဒိကမ္မာနံ အကရဏေန ဝါ၊ ကုန်သွယ်မှု စသော စီးပွားရေးအလုပ်တို့ကို မပြုခြင်းကြောင့်လည်းကောင်း။ သမဏံ ဂေါတမံ နိဿာယ၊ ရဟန်းဂေါတမကို မှီ၍။ ဒုဂ္ဂတော ဇာတော၊ ဆင်းရဲသည် ဖြစ်ပြီ။ ဧဝံဘူတောပိ၊ ဤသို့ ဆင်းရဲသည်ဖြစ်၍ဖြစ်သော်လည်း။ သမဏံ ဂေါတမံ န မုဉ္စသိ၊ ရဟန်းဂေါတမကို မလွှတ်။ အဇ္ဇပိ တေ သမဏာ၊ ယနေ့တိုင်အောင်လည်း ထိုရဟန်းတို့သည်။ တေ ဃရံ ပဝိသန္တိယေဝ၊ သင့်၏ အိမ်သို့ ဝင်ရောက်ကြဆဲသာတည်း။
ယံ တေဟိ တာဝ နီတံ၊ အကြင်ပစ္စည်းကို ထိုရဟန်းတို့သည် ဆောင်ယူအပ်ပြီ။ တံ ပစ္စာဟရာပေတုံ န သက္ကာ၊ ထိုပစ္စည်းကို ပြန်ဆောင်စေခြင်းငှာ မတတ်ကောင်း။ ဂဟိတံ ဂဟိတမေဝ ဟောတု၊ ယူပြီးသားသည် ယူပြီးသားသည်သာ ဖြစ်ပါစေ။ ဣတော ပဋ္ဌာယ ပန၊ ဤနေ့မှ စ၌ကား။ သယဉ္စ၊ ကိုယ်တိုင်လည်း။ သမဏဿ ဂေါတမဿ၊ ရဟန်းဂေါတမ၏။ သန္တိကံ မာ ဂမိတ္ထ၊ အထံသို့ မသွားလင့်။ အဿ သာဝကာနဉ္စ၊ ထိုရဟန်းဂေါတမ၏ တပည့်တို့အားလည်း။ ဣမံ ဃရံ ပဝိသိတုံ မာ အဒါသိ၊ ဤအိမ်သို့ ဝင်ခြင်းငှာ မပေးလင့်။ သမဏံ ဂေါတမံ၊ ‌ရဟန်းဂေါတမကို။ နိဝတ္တိတွာပိ အနောလောကေန္တော၊ နောက်ပြန်လှည့်၌သော်မှလည်း မကြည့်ဘဲ။ အတ္တနော၊ မိမိ၏။ ဝေါဟာရေ စ ဝဏိဇ္ဇဉ္စ ကတွာ၊ အရောင်းအဝယ်တို့ကိုလည်းကောင်း, ကုန်သွယ်မှုကိုလည်းကောင်း ပြု၍။ ကုဋုမ္ဗံ သဏ္ဌပေဟီတိ၊ ပစ္စည်းကို ကောင်းစွာတည်စေလော့"ဟု ပြောပြီ။
အထ နံ သော၊ ထိုအခါ ထိုမိစ္ဆာဒိဋ္ဌိနတ်သမီးကို ထိုအနာထပိဏ်သူဌေးကြီးသည်။ အယံ တယာ၊ ဤသည်ကား သင်က။ မယှံ ဒါတဗ္ဗဩဝါဒေါတိ၊ ငါ့အားပေးအပ်သော ဩဝါဒလော ဟု။ ဧဝံ အာဟ၊ ဤသို့ မေးပြီ။
အာမ အယျာတိ၊ မှန်ပါ အရှင်သူဌေးဟု ဖြေပြီ။
တာဒိသာနံ ဒေဝတာနံ သတေနပိ၊ သင့်အလား ရှုစားအပ်ကုန်သော နတ်တို့၏ ရာပေါင်းများစွာသည် လည်းကောင်း။ သဟဿေနပိ သတသဟဿေနပိ၊ ထောင်ပေါင်းများစွာသည်လည်းကောင်း, သိန်းပေါင်းများစွာသည်လည်းကောင်း။ အဟံ အကမ္ပနီယော၊ ငါ့ကို မတုန်လှုပ်စေနိုင်သည်ကို။ ဒသဗလေန ကတော၊ ကိုယ်အားဉာဏ်အား ဆယ်ပါးသခင် ဘုရားရှင်သည် ပြုတော်မူအပ်ပြီ။
ဟိ မမ သဒ္ဓါ သိနေရု ဝိယ၊ မှန်၏ ငါ၏ ရတနာသုံးပါးယုံကြည်မှုသည် မြင့်မိုရ်တောင်ကဲ့သို့။ အစလာ သုပ္ပတိဋ္ဌိတာ၊ မတုန်လှုပ် ကောင်းစွာတည်ပြီ။ မယာ၊ ငါသည်။ နိယျာနိကေ ရတနသာသနေ၊ ဝဋ်ဆင်းရဲမှထွက်မြောက်စေတတ်သော ရတနာသုံးပါးဘုရား သာသနာတော်၌။ ဓနံ ဝိဿဇ္ဇိတံ၊ ပစ္စည်းဥစ္စာကို စွန့်လှူအပ်ပြီ။ အယုတ္တံ တေ ကထိတံ၊ မသင့်လျော်သည်ကို သင်နတ်သမီးသည် ပြောဆိုအပ်ပြီ။ ဗုဒ္ဓသာသနေ ပဟာရော ဒိန္နော၊ ဘုရားသာသနာတော်အား ပုတ်ခတ်မှုကို ပေးအပ် ပြုအပ်ပြီ။ ဧဝရူပါယ အနာစာရာယ ဒုဿီလာယ၊ ဤသို့ သဘောရှိသော အကျင့်မကောင်းသော သီလမရှိသော။ ကာဠကဏ္ဏိယာ တယာ သဒ္ဓိံ၊ ကျက်သရေ မရှိသော သင်နှင့်အတူ။ ဧကဂေဟေ မမ၊ တစ်အိမ်တည်း၌ ငါ၏။ ဝသနကိစ္စံ နတ္ထိ၊ နေမှုကိစ္စသည် မရှိ။ မမ ဂေဟာ၊ ငါ၏ အိမ်မှ။ သီဃံ နိက္ခမိတွာ၊ လျင်စွာ ထွက်၍။ အညတ္ထ ဂစ္ဆာတိ၊ အခြားသို့ သွားလော့ဟု နှင်ပြီ။
သာ၊ ထိုနတ်သမီးသည်။ သောတာပန္နဿ အရိယသာဝကဿ၊ သောတာပန်ဖြစ်သော အရိယာတပည့်၏။ ဝစနံ သုတွာ၊ စကားကို ကြားရ၍။ ဌာတုံ အသက္ကောန္တီ၊ တည်နေခြင်းငှာ မစွမ်းနိုင်ရကား။ အတ္တနော ဝသနဋ္ဌာနံ ဂန္တွာ၊ မိမိ၏နေရာသို့ သွား၍။ ဒါရကေ ဟတ္ထေန ဂဟေတွာ နိက္ခမိ၊ ကလေးတို့ကို လက်ဖြင့် ဆွဲယူ၍ ထွက်ရရှာပြီ။
နိက္ခမိတွာ စ ပန အညတ္ထ၊ ထွက်လာပြီး၍ကား အခြားအရပ်၌။ ဝသနဋ္ဌာနံ အလဘမာနာ၊ နေရာကို မရ၍။ သေဋ္ဌိံ ခမာပေတွာ၊ အနာထပိဏ်သူဌေးကို သည်းခံစေ၍ ကန်တော့၍။ တတ္ထေဝ ဝသိဿာမီတိ စိန္တေတွာ၊ ထိုရှေးနေရာ၌ပင် နေအံ့ဟု ကြံ၍။ နဂရပရိဂ္ဂါဟကဒေဝပုတ္တဿ၊ မြို့စောင့်နတ်သား၏။ သန္တိကံ ဂန္တွာ၊ အထံသို့ သွား၍။ တံ ဝန္ဒိတွာ အဋ္ဌာသိ၊ ထိုမြို့စောင့်နတ်သားကို ရှိခိုး၍ တည်ပြီ။
"ကေန အဋ္ဌေန အာဂတာ၊ အဘယ့်ကြောင့် လာသည်။ အသီတိ စ ဝုတ္တေ၊ ဖြစ်သနည်းဟုလည်း မေးအပ်သော်။ သာမိ အဟံ၊ အရှင်မြို့စောင့်နတ်မင်း အကျွန်ုပ်သည်။ အတ္တနော ဗာလတာယ၊ မိမိ၏ မိုက်သည့်အဖြစ်ကြောင့်။ အနုပဓာရေတွာ၊ မဆင်မခြင်။ အနာထပိဏ္ဍိကေန သေဋ္ဌိနာ၊ အနာထပိဏ်မည်သော သူဌေးနှင့်။ သဒ္ဓိံ ကထေသိံ၊ အတူပြောမိပြီ။ သော မံ ကုဇ္ဈိတွာ၊ ထိုအနာထပိဏ်သူဌေးသည် အကျွန်ုပ်ကို စိတ်ဆိုး၍။ ဝသနဋ္ဌာနာ နိက္ကဍ္ဎိ၊ နေရာမှ နှင်ထုတ်ပြီ။ မံ သေဋ္ဌိဿ သန္တိကံ၊ အကျွန်ုပ်ကို အနာထပိဏ်သူဌေး၏ အထံသို့။ နေတွာ ခမာပေတွာ၊ ဆောင်ယူ၍ သည်းခံစေ၍ ကန်တော့၍။ ဝသနဋ္ဌာနံ မေ ဒေထာတိ၊ နေရာကို ကျွန်ုပ်အား ပေးပါကုန်လော့ဟု ပြောပြီ။
တယာ ပန ကိံ၊ သင်သည်ကား အဘယ်ကို။ သေဋ္ဌိ ဝုတ္တောတိ၊ အနာထပိဏ်သူဌေးကို ပြောအပ်သနည်းဟု မေးပြီ။ ဣတော ပဋ္ဌာယ ဗုဒ္ဓုပဋ္ဌာနံ၊ ဤနေ့မှစ၍ ဘုရားဆည်းကပ်မှုကိုလည်းကောင်း။ သံဃုပဋ္ဌာနံ မာ ကရိ၊ သံဃာဆည်းကပ်မှုကိုလည်းကောင်း မပြုလင့်။ သမဏဿ ဂေါတမဿ၊ ရဟန်းဂေါတမအား။ ဃရပ္ပဝေသနံ မာ အဒါသီတိ၊ အိမ်သို့ဝင်ခွင့်ကို မပေးလင့်"ဟု။ ဧဝံ မေ၊ ဤကဲ့သို့ အကျွန်ုပ်သည်။ ဝုတ္တော သာမီတိ၊ ပြောမိပါပြီ အရှင်ဟု ဖြေပြီ။
အယုတ္တံ တယာ ဝုတ္တံ၊ မသင့်လျော်သည်ကို သင်သည်ပောအပ်ပြီ။ သာသနေ ပဟာရော ဒိန္နော၊ သာသနာတော်အား ထိပါးပုတ်ခတ်မှုကို ပေးအပ်ပြီ။ အဟံ တံ အာဒါယ၊ ငါသည် သင့်ကို ယူ၍။ သေဋ္ဌိနော သန္တိကံ၊ အနာထပိဏ်သူဌေး၏ အထံသို့။ ဂန္တုံ န ဥဿဟာမီတိ၊ သွားခြင်းငှာ မဝံ့ဟု ပြောပြီ။
သာ တဿ သန္တိကာ၊ ထိုတံခါးမုခ်စောင့် နတ်သမီးသည် ထိုမြို့စောင့်နတ်၏ အထံမှ။ သင်္ဂဟံ အလဘိတွာ၊ ချီးမြှောက်မှုအကူအညီကို မရ၍။ စတုန္နံ မဟာရာဇာနံ၊ စတုမဟာရာဇ်နတ်မင်းကြီးလေးယောက်တို့၏။ သန္တိကံ အဂမာသိ၊ အထံသို့ သွားပြီ။
တေဟိပိ တထေဝ ပဋိက္ခိတ္တာ၊ ထိုနတ်မင်းကြီးလေးယောက်တို့သည်လည်း ထိုမြို့စောင်နတ်အတူသာ ပယ်မြစ်အပ်သော် (ထိုနတ်မင်းကြီးလေးယောက်တို့၏လည်း ထိုမြို့စောင့်နတ်အတူသာ အပယ်ခံရသော်)။ ဒေဝရာဇံ သက္ကံ ဥပသင်္ကမိတွာ၊ နတ်ဘုရင်ဖြစ်သော သိကြားမင်းသို့ ချဉ်းကပ်၍။ တံ ပဝတ္တိံ အာစိက္ခိတွာ၊ ထိုအဖြစ်ကို ပြောကြား၍။ "ဒေဝ အဟံ၊ အရှင်မင်းမြတ် အကျွန်ုပ်သည်။ ဝသနဋ္ဌာနံ အလဘမာနာ၊ နေရာကို မရ၍။ ဒါရကေ ဟတ္ထေန ဂဟေတွာ၊ ကလေးတို့ကို လက်ဖြင့် ဆွဲယူ၍။ အနာထာ ဝိစရာမိ၊ ကိုးကွယ်ရာမဲ့ လှည့်လည်နေရပါ၏။ တုမှာကံ သိရိယာ၊ အရှင်သိကြားမင်းတို့၏ ဘုန်းကံဖြင့်။ မယှံ ဝသနဋ္ဌာနံ ဒါပေထာတိ၊ အကျွန်ုပ် နေရာကို ပေးခိုင်းပါကုန်လော့"ဟု။ သုဋ္ဌုတရံ ယာစိ၊ အထူးရိုသေစွာ တောင်းပန်ပြီ။
သောပိ နံ၊ ထိုသိကြားမင်းသည်လည်း ထိုတံခါး‌မုခ်စောင့်နတ်သမီးကို။ "တယာ အယုတ္တံ ကတံ၊ သင်သည် မလျော်သည်ကို ပြုအပ်ပြီ။ ဇိနသာသနေ ပဟာရော ဒိန္နော၊ ဘုရားရှင့်သာသနာတော်အား ထိပါးပုတ်ခတ်မှုကို ပေးအပ်ပြီ။ အဟမ္ပိ တံ နိဿာယ၊ ငါသိကြားမင်းသည်လည်း သင့်ကို မှီ၍။ သေဋ္ဌိနာ သဒ္ဓိံ၊ အနာထပိဏ်သူဌေးနှင့်အတူ။ ကထေတုံ န သက္ကောမိ၊ ပြောခြင်းငှာ မစွမ်းနိုင်။ သေဋ္ဌိဿ ဧကံ ခမနူပါယံ ပန၊ အနာထပိဏ်သူဌေး၏ တစ်ခုသော သည်းခံကြောင်းနည်းလမ်းကိုကား။ တေ ကထေဿာမီတိ အာဟ၊ သင့်အား ပြောအံ့"ဟု ပြောပြီ။
သာဓု ဒေဝ ကထေဟီတိ၊ ကောင်းပါပြီ အရှင်နတ်မင်း ပြောတော်မူပါဟု ပြောပြီ။
မဟာသေဋ္ဌိဿ ဟတ္ထတော၊ အနာထပိဏ်သူဌေးကြီး၏ လက်မှ။ ပဏ္ဏေ အာရောပေတွာ၊ ပေရွက်ပေါ်၌ စာရင်းတင်၍။ ဂဟိတံ အဋ္ဌာရသကောဋိသင်္က္ဟျံ၊ ချေးငှားယူထားအပ်သော ၁၈-ကုဋေအရေအတွက်ရှိသော။ ဓနံ အတ္ထိ၊ ပစ္စည်းသည် ရှိ၏။ တွံ တဿ၊ သင်နတ်သမီးသည် ထိုအနာထပိဏ်သူဌေး၏။ အာယုတ္တကဝေသံ ဂဟေတွာ၊ အမှုဆောင်ကိုယ်စားလှယ်အသွင်ကို ယူ၍။ ကဉ္စိ အဇာနာပေတွာ၊ မည်သူ့ကိုမျှ မသိစေမူ၍။ တာနိ ပဏ္ဏာနိ အာဒါယ၊ ထိုစာရင်းပေရွက်တို့ကို ယူ၍။ ကတိပယေဟိ ယက္ခတရုဏေဟိ ပရိဝါရိတာ၊ နှစ်ယောက်သုံးယောက်ကုန်သော ဘီလူးပျိုတို့သည် ခြံရံအပ်လျက်။ ဧကေန ဟတ္ထေန ပဏ္ဏံ၊ တစ်ဖက်သော လက်ဖြင့် စာရင်းပေရွက်ကိုလည်းကောင်း။ ဧကေန လေခနိံ ဂဟေတွာ၊ ကျန်လက်တစ်ဖက်ဖြင့် ကညစ်ကိုလည်းကောင်း ကိုင်ယူ၍။ တေသံ ဂေဟံ ဂန္တွာ၊ ထိုချေးယူသူတို့၏ အိမ်သို့ သွား၍။ ဂေဟမဇ္ဈေ ဌိတာ၊ အိမ်ဝန်းအလယ်၌ ရပ်တည်လျက်။ အတ္တနော ယက္ခာနုဘာဝေန၊ မိမိ၏ နတ်တန်ခိုးဖြင့်။ တေ ဥတ္တာသေတွာ၊ ထိုချေးယူထားသော သူတို့ကို ထိတ်လန့်စေ၍။ "ဣဒံ တုမှာကံ ဣဏပဏ္ဏံ၊ ဤသည်ကား သင်တို့၏ ကြွေးစာရင်းပေရွက်တည်း။ အမှာကံ သေဋ္ဌိ၊ ငါတို့၏ သူဌေးကြီးသည်။ အတ္တနော ဣဿရကာလေ၊ မိမိ၏ အစိုးတရ, ပြည့်စုံရာအခါ၌။ တုမှေ ကိဉ္စိ န အာဟ၊ သင်တို့ကို ဘာကိုမျှ မပြော။ ဣဒါနိ ဒုဂ္ဂတော ဇာတော၊ ယခုအခါ ဆင်းရဲသည် ဖြစ်ပြီ။ တုမှေဟိ ဂဟိတကဟာပဏာနိ ဒေထာတိ၊ သင်တို့သည် ယူထားအပ်ကုန်သော ကျပ်ဒင်္ဂါးတို့ကို ပေးကြလော့"ဟု။ အတ္တနော ယက္ခာနုဘာဝံ ဒဿေတွာ၊ မိမိ၏ နတ်တန်ခိုးကို ပြ၍။ သဗ္ဗာပိ၊ ကြွေးအားလုံးလည်း ဖြစ်ကုန်သော။ တာ အဋ္ဌာရသဟိရညကောဋိယော၊ ထို ၁၈-ကုဋေသော ဥစ္စာတို့ကို။ သာဓေတွာ၊ ပြီးစေ, ရစေ၍။ သေဋ္ဌိဿ တုစ္ဆကောဋ္ဌကေ ပူရေတွာ၊ အနာထပိဏ်သူဌေး၏ အချည်းနှီးသော ဂိုဒေါင်တို့ကို ပြည့်စေ၍။ အစိရဝတိနဒီတီရေ နိဒဟိတံ၊ အစိရဝတီမြစ်ကမ်းနား၌ မြှပ်ထားအပ်သော။ နဒီကူလေ ဘိန္နေ၊ မြစ်ကမ်းပါးသည် ပြိုသော်။ သမုဒ္ဒံ ပဝိဋ္ဌံ၊ သမုဒ္ဒရာသို့ ဝင်သွားသော။ အညံ ဓနံ အတ္ထိ၊ အခြားသော ဥစ္စာသည် ရှိ၏။ တမ္ပိ၊ ‌ထိုရေပါသော ဥစ္စာကိုလည်း။ အတ္တနော အာနုဘာဝေန အာဟရိတွာ၊ မိမိ၏ တန်ခိုးဖြင့် ဆောင်ယူ၍။ တုစ္ဆကောဋ္ဌကေ ပူရေတွာ၊ အချည်းနှီးသော ဂိုဒေါင်တို့ကို ပြည့်စေ၍။ အသုကဋ္ဌာနေ နာမ၊ ထိုမည်သော ‌နေရာ၌။ အညမ္ပိ အဿာမိကံ၊ အခြားလည်းဖြစ်သော ပိုင်ရှင်မရှိသော။ အဋ္ဌာရသကောဋိမတ္တမေဝ ဓနံ အတ္ထိ၊ ၁၈-ကုဋေပမာဏရှိသည်သာ ဖြစ်သော ဥစ္စာသည် ရှိ၏။ တမ္ပိ အာဟရိတွာ၊ ထိုပိုင်ရှင်မဲ့ပစ္စည်းကိုလည်း ဆောင်ယူ၍။ တုစ္ဆကောဋ္ဌကေ ပူရေဟိ၊ အချည်းနှီးသော ဂိုဒေါင်တို့ကို ပြည့်စေ‌လော့။ ဣမာဟိ စတုပညာသကောဋီဟိ၊ ဤ၅၄-ကုဋေတို့ဖြင့်။ တုစ္ဆကောဋ္ဌကပူရကံ၊ အချည်းနှီးသော ဂိုဒေါင်တို့ကို ပြည့်စေတတ်သော။ ဣမံ ဒဏ္ဍကမ္မံ ကတွာ၊ ဤဒဏ်ထမ်းသည့်အမှုကို ပြုပြီး၍။ မဟာသေဋ္ဌိံ ခမာပေဟီတိ၊ အနာထပိဏ်သူဌေးကြီးကို ကန်တော့လော့ဟု ပြောပြီ။
သာ သာဓု ဒေဝါတိ၊ ထိုတံခါးမုခ်စောင့်နတ်သမီးသည် ကောင်းပါပြီ အရှင်သိကြားမင်းဟု။ တဿ ဝစနံ သမ္ပဋိစ္ဆိတွာ၊ ထိုသိကြားမင်း၏ စကားကို ဝန်ခံ၍။ ဝုတ္တနယေနေဝ သဗ္ဗံ ဓနံ၊ ဆိုအပ်ခဲ့ပြီးသောနည်းဖြင့်ပင် အလုံးစုံသော ဥစ္စာကို။ အာဟရိတွာ ကောဋ္ဌကေ ပူရေတွာ၊ ဆောင်ယူ၍ ဂို‌ဒေါင်တို့ကို ပြည့်စေ၍။ အဍ္ဎရတ္တသမယေ၊ သန်းခေါင်အခါ၌။ သေဋ္ဌိဿ သိရိဂဗ္ဘံ ပဝိသိတွာ၊ အနာထပိဏ်သူဌေး၏ ကျက်သရေခန်းသို့ ဝင်၍။ ဩဘာသံ ဖရိတွာ၊ ကိုယ်ရောင်ကို ဖြန့်၍။ အာကာသေ အဋ္ဌာသိ၊ ကောင်းကင်၌ တည်ပြီ။
ဧသော ကောတိ ဝုတ္တေ၊ ဤသူကား ဘယ်သူလဲဟု မေးအပ်သော်။ မဟာသေဋ္ဌိ အဟံ၊ အို သူဌေးကြီး အကျွန်ုပ်ကား။ တေ စတုတ္ထဒွါရကောဋ္ဌကေ၊ သင်သူဌေးကြီး၏ စတုတ္ထတံခါးမုခ်၌။ အဓိဝတ္ထာ အန္ဓဗာလဒေဝတာ၊ စောင့်ရှောက်နေသော ကန်းမိုက်သော နတ်သမီးပါတည်း။ မဟာမောဟမူဠှာယ မယာ၊ မောဟဖြင့်ကြီးစွာတွေဝေသော အကျွန်ုပ်သည်။ ဗုဒ္ဓဂုဏေ အဇာနိတွာ၊ ဘုရားဂုဏ်တော်တို့ကို မသိ၍။ ပုရိမေသု ဒိဝသေသု၊ ရှေးဖြစ်ကုန်သော နေ့တို့က။ တုမှေဟိ သဒ္ဓိံ၊ အရှင်သူဌေးကြီးနှင့် အတူတကွ။ ကိဉ္စိ ကထိတံ အတ္ထိ၊ တစ်စုံတစ်ခု ပြောအပ်သော စကားသည် ရှိပါ၏။ မေ တံ ဒေါသံ ခမထ၊ အကျွန်ုပ်၏ ထိုအပြစ်ကို သည်းခံပါကုန်။
ဟိ ဒေဝရာဇဿ သက္ကဿ၊ မှန်၏ နတ်ဘုရင်ဖြစ်သော သိကြားမင်း၏။ ဝစနေန မေ၊ ပြောစကားကြောင့် အကျွန်ုပ်သည်။ တုမှာကံ ဣဏံ သောဓေတွာ၊ အရှင်သူဌေးတို့၏ ကြွေးကို သုတ်သင်၍။ အဋ္ဌာရသကောဋိယော၊ ၁၈-ကုဋေတို့လည်းကောင်း။ သမုဒ္ဒံ ဂတာ အဋ္ဌာရသကောဋိယော၊ ရေမျော၍ သမုဒ္ဒရာသို့ ရောက်သွား, ပါသွားကုန်သော ၁၈-ကုဋေတို့လည်းကောင်း။ တသ္မိံ တသ္မိံ ဌာနေ အဿာမိကဓနဿ၊ ထိုထိုနေရာက ပိုင်ရှင်မရှိသော ပစ္စည်း၏။ အဋ္ဌာရသကောဋိယော၊ ၁၈-ကု‌ဋေတို့လည်းကောင်း။ ဣတိ စတုပဏ္ဏာသကောဋိယော အာဟရိတွာ၊ ဤသို့ ၅၄-ကုဋေတို့ကို ဆောင်ယူ၍။ တုစ္ဆကောဋ္ဌကပူရဏေန၊ အချည်းအနှီးသော ဂိုဒေါင်များကို အပြည့်ဖြည့်မှုဖြင့်။ ဒဏ္ဍကမ္မံ ကတံ၊ ဒဏ်ထမ်းမှုကို ပြုအပ်ပြပြီ။ ဇေတဝနဝိဟာရံ အာရဗ္ဘ ပရိက္ခယံ၊ ဇေတဝန်ကျောင်းတော်ကို အကြောင်းပြု၍ ကုန်ခြင်းသို့။ ဂတဓနံ သဗ္ဗံ သမ္ပိဏ္ဍိတံ၊ ရောက်သော ပစ္စည်းကို အားလုံးကို ပေါင်းစုပေးအပ်ပါပြီ။ ဝသနဋ္ဌာနံ အလဘမာနာ ကိလမာမိ၊ နေစရာဌာနကို မရ၍ ပင်ပန်းလှပါ၏။ မယာ အညာဏတာယ၊ အကျွန်ုပ်သည် မသိတတ်သည့် အဖြစ်ကြောင့်။ ကထိတံ မနသိ အကတွာ၊ ပြောအပ်သည်ကို စိတ်၌ မပြုမထားမူ၍။ ခမထ မဟာသေဋ္ဌီတိ အာဟ၊ သည်းခံတော်မူပါကုန် သူဌေးကြီးဟု ပြောပြီ။
အနာထပိဏ္ဍိကော တဿာ ဝစနံ သုတွာ၊ အနာထပိဏ်သူဌေးသည် ထိုနတ်သမီး၏ စကားကို ကြားရ၍။ "အယံ ဒေဝတာ၊ ဤနတ်သမီးသည်။ ဒဏ္ဍကမ္မဉ္စ မေ ကတန္တိ ဝဒတိ၊ ဒဏ်ထမ်းမှုကိုလည်း အကျွန်ုပ်သည် ပြုအပ်ပြပြီဟု ပြော၏။ အတ္တနော ဒေါသံ စ ပဋိဇာနာတိ၊ မိမိ၏ အပြစ်ကိုလည်း ဝန်ခံ၏။ သတ္ထာ ဣမံ ဝိနေတွာ၊ ဘုရားရှင်သည် ဤနတ်သမီးကို ဆုံးမ၍။ အတ္တနော ဂုဏေ ဇာနာပေဿတိ၊ မိမိ၏ ဂုဏ်ကျေးဇူးတို့ကို သိစေတော်မူလတ္တံ့။ နံ၊ ထိုနတ်သမီးကို။ သမ္မာသမ္ဗုဒ္ဓဿ ဒဿေဿာမီတိ စိန္တေသိ၊ ဘုရားရှင်အား ပြအံ့"ဟု ကြံပြီ။
အထ နံ၊ ထိုအခါ ထိုနတ်သမီးကို။ "အမ္မ ဒေဝတေ မံ ခမာပေတုကာမာ၊ အို နတ်သမီး ငါ့ကို သည်းခံစေလိုသည်။ သစေ အသိ၊ အကယ်၍ ဖြစ်အံ့။ သတ္ထု သန္တိကေ၊ ဘုရားရှင်၏အထံတော်၌။ မံ ခမာပေဟီတိ အာဟ၊ ငါ့ကို သည်းခံခိုင်းလော့"ဟု ပြောပြီ။
သာဓု ဧဝံ ကရိဿာမိ၊ ကောင်းပါပြီ ဤသို့ ပြုပါမည်။ ပန မံ၊ အဟုတ်သော်ကား အကျွန်ုပ်ကို။ သတ္ထု သန္တိကံ ဂဟေတွာ၊ ဘုရားရှင်၏ ထံတော်သို့ခေါ်ယူ၍။ ဂစ္ဆာဟီတိ အာဟ၊ သွားပါလော့"ဟု ပြောပြီ။
သော သာဓူတိ ဝတွာ၊ ထိုအနာထပိဏ်သူဌေးသည် ကောင်းပါပြီဟု ပြော၍။ ရတ္တိယာ ဝိဘာတာယ၊ ညသည် လင်းလတ်သော်။ ပါတောဝ တံ ဂဟေတွာ၊ စောစော၌ပင် ထိုနတ်သမီးကို ခေါ်ယူ၍။ သတ္ထု သန္တိကံ ဂန္တွာ၊ ဘုရားရှင်၏ ထံတော်သို့ သွား၍။ တာယ ကတကမ္မံ သဗ္ဗံ၊ ထိုနတ်သမီးသည် ပြုအပ်သော အမှုကို မချွမ်းမချန် အကုန်လုံးကို။ တထာဂတဿ အာရောစေသိ၊ ရှင်တော်ဘုရားအား လျှောက်ထားပြီ။
သတ္ထာ တဿ ဝစနံ သုတွာ၊ ဘုရားရှင်သည် ထိုအနာထပိဏ်သူဌေး၏ စကားကို ကြားတော်မူရ၍။ "ဂဟပတိ ဣဓ၊ အို သူကြွယ် ဤလောက၌။ ပါပပုဂ္ဂလောပိ၊ ယုတ်မာသော ပုဂ္ဂိုလ်သည်လည်း။ ယာဝ ပါပံ န ပစ္စတိ၊ အကြင်မျှလောက် မကောင်းမှုသည် အကျိုးမပေးသေး။ တာဝ ဘဒြာနိ ပဿတိ၊ ထိုမကောင်းမှု အကျိုးမပေးသေးသမျှ ကာလပတ်လုံး ကောင်းသည်တို့ကို တွေ့မြင်ရ၏။
ယဒါ ပန အဿ ပါပံ ပစ္စတိ၊ အကြင်အခါ၌ ထိုသူ၏ မကောင်းမှုသည် အကျိုးပေး၏။ တဒါ ပါပမေဝ ပဿတိ၊ မကောင်းမှုအကျိုးပေးခွင့်ရရာ ထိုအခါ၌ကား မကောင်းသည်ကိုသာ တွေ့မြင်ရ၏။
ဘဒြပုဂ္ဂလောပိ၊ ကောင်းသော ပုဂ္ဂိုလ်သည်လည်း။ ယာဝ ဘဒြံ န ပစ္စတိ၊ အကြင်မျှလောက် ကောင်းမှုသည် အကျိုးမပေးသေး။ တာဝ ပါပါနိ ပဿတိ၊ ထိုမျှလောက် မကောင်းသည်တို့ကို တွေ့မြင်ရ၏။
ယဒါ ပန အဿ ဘဒြံ ပစ္စတိ၊ အကြင်အခါ၌ကား ထိုကောင်းသူ၏ ကောင်းမှုသည် အကျိုးပေး၏။ တဒါ ဘဒြမေဝ ပဿတီတိ ဝတွာ၊ ထိုအခါ၌ ကောင်းသည်ကိုသာ တွေ့မြင်ရ၏"ဟု မိန့်တော်မူ၍။ ဓမ္မပဒေ၊ ဓမ္မပဒပါဠိတော်၌။
ယာဝ ပါပံ န ပစ္စတိ၊ အကြင်မျှလောက် မကောင်းမှုသည် အကျိုးမပေးသေး။ (တာဝ၊ ထိုမျှလောက်)။ ပါပေါပိ ဘဒြံ ပဿတိ၊ မကောင်းသူသည်လည်း အကောင်းကို တွေ့မြင်ရ၏။
ယဒါ စ ပါပံ ပစ္စတိ၊ အကြင်အခါ၌ကား မကောင်းမှုသည် အကျိုးပေး၏။ အထ ပါပေါ ပါပါနိ ပဿတိ၊ ထိုအခါ မကောင်းသူသည် မကောင်းသည်တို့ကို တွေ့မြင်ရ၏။
ယာဝ ဘဒြံ န ပစ္စတိ၊ အကြင်မျှလောက် ကောင်းမှုသည် အကျိုးမပေးသေး။ (တာဝ၊ ထိုမျှလောက်)။ ဘဒြောပိ ပါပံ ပဿတိ၊ ကောင်းသူသည်လည်း မကောင်းကို တွေ့မြင်ရ၏။
ယဒါ စ ဘဒြံ ပစ္စတိ၊ အကြင်အခါ၌ကား ကောင်းမှုသည် အကျိုးပေး၏။ အထ ဘဒြော ဘဒြာနိ ပဿတိ၊ ထိုအခါ ကောင်းသူသည် ကောင်းသည်တို့ကို တွေ့မြင်ရ၏။ ဣတိ ဣမာ ဒွေ ဂါထာ အဘာသိ၊ ဤသို့ ဤနှစ်ဂါထာတို့ကို ဟောတော်မူပြီ။
ဣမာသံ ဂါထာနံ ပရိယောသာနေ စ ပန၊ ဤဂါထာတို့၏ အဆုံး၌ကား။ သာ ဒေဝတာ သောတာပတ္တိဖလေ ပတိဋ္ဌာသိ၊ ထိုနတ်သမီးသည် သောတာပတ္တိဖိုလ်၌ တည်ပြီ။
သာ သတ္ထု၊ ထိုနတ်သမီးသည် ဘုရားရှင်၏။ စက္ကင်္ကိတေသု ပါဒေသု နိပတိတွာ၊ စက်လက္ခဏာဖြင့် မှတ်သားအပ်ကုန်သော ခြေတော်တို့၌ ဝပ်စင်း၍။ "ဘန္တေ မယာ၊ အိုရှင်တော်ဘုရား တပည့်တော်မသည်။ ရာဂရတ္တာယ ဒေါသပဒုဋ္ဌာယ၊ ရာဂတပ်မက်သဖြင့် ဒေါသဖျက်ဆီးသဖြင့်။ မောဟမူဠှာယ အဝိဇ္ဇန္ဓာယ၊ မောဟကြောင့်တွေဝေသဖြင့် အဝိဇ္ဇာကြောင့် ကန်းသဖြင့်။ တုမှာကံ ဂုဏေ အဇာနန္တိယာ၊ အရှင်ဘုရားတို့၏ ဂုဏ်တော်တို့ကို မသိ၍။ ပါပကံ ဝစနံ ဝုတ္တံ၊ ယုတ်မာသော စကားကို ပြောမိခဲ့ပြီ။ မေ တံ ခမထာတိ၊ တပည့်တော်မ၏ ထိုစကားကို သည်းခံတော်မူပါကုန်"ဟု။ သတ္ထာရံ ခမာပေတွာ၊ ဘုရားရှင်ကို ကန်တော့ပြီး၍။ မဟာသေဋ္ဌိမ္ပိ ခမာပေသိ၊ အနာထပိဏ်သူဌေးကြီးကိုလည်း ကန်တော့ပြီ။
တသ္မိံ သမယေ အနာထပိဏ္ဍိကော၊ ထိုအခါ အနာထပိဏ်သူဌေးသည်။ သတ္ထု ပုရတော၊ ဘုရားရှင်၏ ရှေ့တော်၌။ "ဘန္တေ အယံ ဒေဝတာ၊ အိုရှင်တော်ဘုရား ဤနတ်သမီးသည်။ ဗုဒ္ဓုပဋ္ဌာနာဒီနိ မာ ကရောဟီတိ၊ ဘုရားဆည်းကပ်မှု စသည်တို့ကို မပြုလင့်ဟု။ မံ ဝါရယမာနာပိ၊ တပည့်တော်ကို တားမြစ်သော်လည်း။ ဝါရေတုံ နာသက္ခိ၊ တားမြစ်ခြင်းငှာ မစွမ်းနိုင်ပါ။ ဒါနံ န ဒါတဗ္ဗန္တိ၊ လှူဖွယ်ကို မလှူထိုက်ဟု။ ဣမာယ နိဝါရိယမာနောပိ၊ ဤနတ်သမီးက တားမြစ်အပ်ပါသော်လည်း။ အဟံ ဒါနံ အဒါသိမေဝ၊ တပည့်တော်သည် အလှူကို လှူမြဲလှူသည်သာတည်း။ ဘန္တေ ဧသော၊ အိုရှင်တော်ဘုရား ဤလျှောက်ချက်နှစ်ခုသည်။ မယှံ ဂုဏော နူန ဣတိ၊ တပည့်တော်၏ ဂုဏ်စင်စစ်မဟုတ်ပါလား"ဟု။ အတ္တနော ဂုဏံ ကထေသိ၊ မိမိ၏ ဂုဏ်ကို ထုတ်ဖော်လျှောက်ပြီ။
သတ္ထာ၊ ဘုရားရှင်သည်။ "ဂဟပတိ တွံ ခေါ၊ အိုသူကြွယ် သင်သည်ကား။ အစလသဒ္ဓေါ ဝိသုဒ္ဓဒဿနော၊ မတုန်လှုပ်သော ယုံကြည်မှုရှိသော အထူးစင်ကြယ်သော ဉာဏ်အမြင်ရှိသော။ သောတာပန္နော အရိယသာဝကော အသိ၊ သောတာပန်ဖြစ်သော အရိယာသာဝကသည် ဖြစ်၏။ ဣမာယ အပ္ပေသက္ခဒေဝတာယ ဝါရေန္တိယာ၊ ဤတန်ခိုးနည်းသော နတ်သမီးက တားမြစ်သော်။ တုယှံ အဝါရိတဘာဝေါ န အစ္ဆရိယော၊ သင်၏ တားမြစ်မရသော အဖြစ်သည် မအံ့ဩလောက်သေး။
ပန ပုဗ္ဗေ ပဏ္ဍိတာ၊ အဟုတ်သော်ကား ရှေးကပညာရှိတို့သည်။ ဗုဒ္ဓေ အနုပ္ပန္နေ၊ ဘုရားသည် မပွင့်မီ။ အပရိပက္ကဉာဏေ ဌိတာ၊ မရင့်ကျက်သောဉာဏ်၌ တည်ကုန်လျက်။ ကာမာဝစရိဿရေန မာရေန၊ ကာမာဝစရဘုံအစိုးရသော မာရ်နတ်သည်။ အာကာသေ ဌတွာ၊ ကောင်းကင်၌ တည်၍။ သစေ ဒါနံ ဒဿသိ၊ အကယ်၍ အလှူကို သင်လှူအံ့။ ဣမသ္မိံ နိရယေ ပစ္စိဿသီတိ၊ ဤငရဲ၌ သင်ကျက်ရလတ္တံ့ဟု။ အသီတိဟတ္ထဂမ္ဘီရံ၊ အတောင်ရှစ်ဆယ်အနက်ရှိသော။ အင်္ဂါရကာသုံ ဒဿေတွာ၊ မီးကျီးတွင်းကို ပြ၍။ ဒါနံ မာ အဒါသီတိ၊ အလှူကို သင်မလှူလင့်ဟု။ ဝါရိတာပိ၊ တားမြစ်အပ်ပါကုန်သော်လည်း။ ပဒုမကဏ္ဏိကာမဇ္ဈေ ဌတွာ၊ ကြာချက်အလယ်၌ တည်၍။ ဒါနံ ယံ အဒံသု၊ အလှူကို အကြင်ပေးလှူကုန်ပြီ။ ဣဒံ အစ္ဆရိယန္တိ ဝတွာ၊ မာရ်နတ်ပင် တားမရသော ဤအလှူသည်သာ အံ့ဩဖွယ်ရှိ၏"ဟု မိန့်တော်မူသော်။ အနာထပိဏ္ဍိကေန ယာစိတော၊ အနာထပိဏ်သူဌေးသည် တောင်းပန်အပ်ရကား။ အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။ ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။ ဗောဓိသတ္တော ဗာရာဏသိသေဋ္ဌိဿ၊ ဘုရားလောင်းသည် ဗာရာဏသီသူဌေး၏။ ကုလေ နိဗ္ဗတ္တိတွာ၊ အမျိုး၌ ဖြစ်၍။ နာနပ္ပကာရေဟိ သုခူပကရဏေဟိ၊ အမျိုးမျိုးကုန်သော ချမ်းသာကြောင်းအဆောက်အဦးတို့ဖြင့်။ ဒေဝကုမာရော ဝိယ သံဝဍ္ဎိယမာနော၊ နတ်သားကလေးကိုကဲ့သို့ ကြီးပွားစေအပ်သည် ဖြစ်၍။ အနုက္ကမေန ဝိညုတံ ပတွာ၊ အစဉ်အားဖြင့် သိတတ်သူအဖြစ်သို့ ရောက်၍။ သောဠသဝဿကာလေယေဝ၊ ၁၆-နှစ်အရွယ်ကာလ၌ပင်။ သဗ္ဗသိပ္ပေသု နိပ္ဖတ္တိံ ပတ္တော၊ အတတ်ပညာအားလုံးတို့၌ အပြီးအစီးသို့ ရောက်ပြီ။
သော ပိတု အစ္စယေန၊ ထိုဘုရားလောင်းသည် အဖ၏ ကွယ်လွန်ခြင်းကြောင့်။ သေဋ္ဌိဋ္ဌာနေ ဌတွာ၊ သူဌေးရာထူး၌ တည်၍။ စတူသု နဂရဒွါရေသု၊ လေးခုကုန်သော မြို့တံခါးပေါက် အနီးအနားတို့၌။ စတဿော ဒါနသာလာယော၊ လေးဆောင်ကုန်သော အလှူဇရပ်တို့လည်းကောင်း။ နဂရဿ မဇ္ဈေ ဧကံ၊ မြို့၏အလယ်၌ ဇရပ်တစ်ဆောင်လည်းကောင်း။ အတ္တနော နိဝေသနဒွါရေ ဧကံ၊ မိမိ၏ အိမ်တံခါး၌ ဇရပ်တစ်ဆောင်လည်းကောင်း။ ဣတိ ဆ ဒါနသာလာယော ကာရေတွာ၊ ဤသို့ အလှူဇရပ် ၆-ဆောင်တို့ကို ဆောက်လုပ်စေ၍။ မဟာဒါနံ ဒေတိ၊ အလှူကြီးကို ပေးလှူ၏။ သီလံ ရက္ခတိ၊ ငါးပါးသီလကို စောင့်၏။ ဥပေါသထကမ္မံ ကရောတိ၊ ဥပုသ်စောင့်မှုကို ပြု၏။
အထ ဧကဒိဝသံ၊ ထိုအခါ တစ်နေ့၌။ ပါတရာသဝေလာယ ဗောဓိသတ္တဿ၊ နံနက်စာစားချိန်၌ ဘုရားလောင်းအတွက်။ နာနဂ္ဂရသေ မနုညဘောဇနေ ဥပနီယမာနေ၊ အထူးထူးမြတ်သော အရသာရှိသော နှစ်သက်ဖွယ်ဘောဇဉ်ကို အနီးသို့ ဆောင်ယူအပ်သော်။ ဧကော ပစ္စေကဗုဒ္ဓေါ၊ တစ်ပါးသော ပစ္စေက ဗုဒ္ဓါသည်။ သတ္တာဟစ္စယေန နိရောဓာ ဝုဋ္ဌာယ၊ ခုနစ်ရက်လွန်သဖြင့် နိရောဓသမာပတ်မှ ထ၍။ ဘိက္ခာစာရဝေလံ သလ္လက္ခေတွာ၊ ဆွမ်းခံချိန်ကို ကောင်းစွာ မှတ်သား၍။ "အဇ္ဇ မယာ ဗာရာဏသိသေဋ္ဌိဿ၊ ယနေ့ ငါသည် ဗာရာဏသီသူဌေး၏။ ဂေဟဒွါရံ ဂန္တုံ ဝဋ္ဋတီတိ၊ အိမ်တံခါးသို့ သွားခြင်းငှာ သင့်၏"ဟု။ နာဂလတာဒန္တကဋ္ဌံ ခါဒိတွာ၊ ကွမ်းရိုးဒန်ပူကို စား၍။ အနောတတ္တဒဟေ မုခဓောဝနံ ကတွာ၊ အနဝတတ်အိုင်၌ မျက်နှာသစ်တော်မူမှုကို ပြုတော်မူ၍။ မနောသိလာတလေ ဌိတော၊ ဆေးဒန်းမြင်းသီလာအပြင်၌ ရပ်တော်မူလျက်။ နိဝါသေတွာ၊ သင်းပိုင်ကို ပြင်ဝတ်တော်မူ၍။ ဝိဇ္ဇုလတာသဒိသံ ကာယဗန္ဓနံ ဗန္ဓိတွာ၊ လျှပ်စစ်နွယ်နှင့် တူသော ခါးပန်းကြိုးကို ဖွဲ့ချည်တော်မူ၍။ စီဝရံ ပါရုပိတွာ၊ သင်္ကန်းကို ရုံ၍။ ဣဒ္ဓိမယမတ္တိကာပတ္တံ အာဒါယ၊ တန်ခိုးဖြင့် ဖြစ်သောမြေသပိတ်ကို ယူတော်မူ၍။ အာကာသေန အာဂန္တွာ၊ ကောင်းကင်ခရီးဖြင့် ကြွတော်မူ၍။ ဗောဓိသတ္တဿ ဘတ္တေ ဥပနီတမတ္တေ၊ ဘုရားလောင်းအတွက် ထမင်းပွဲကို အနီးကပ် ဆောင်အပ်ပြီးကာမျှ၌။ ဂေဟဒွါရေ အဋ္ဌာသိ၊ အိမ်တံခါးပေါက်၌ ဆွမ်းရပ်တော်မူပြီ။
ဗောဓိသတ္တော တံ ဒိသွာဝ၊ ဘုရားလောင်းသည် ထိုရှင်ပစ္စေကဗုဒ္ဓါကို ဖူးရလျှင်ပင်။ အာသနာ ဝုဋ္ဌာယ၊ ထိုင်နေရာမှ ထ၍။ နိပစ္စကာရံ ဒဿေတွာ၊ ရိုသေ တုံ့ဝပ်မှုကို ပြု၍။ ပရိကမ္မကာရကံ ဩလောကေသိ၊ အလုပ်အကျွေးကို ကြည့်ပြီ။
ကိံ ကရောမိ သာမီတိ စ ဝုတ္တေ၊ အဘယ်ကို ပြုရအံ့နည်း အရှင်ဟုလည်း မေးအပ်သော်။ "အယျဿ ပတ္တံ၊ အရှင်ပစ္စေကဗုဒ္ဓါ၏ သပိတ်တော်ကို။ အာဟရထာတိ အာဟ၊ ဆောင်ယူခဲ့ကြ"ဟု ပြောပြီ။
တင်္ခဏညေဝ ပါပိမာ မာရော၊ ထိုခဏ၌ပင် ယုတ်မာမှုရှိသော မာရ်နတ်သည်။ ဝိကမ္ပမာနော ဥဋ္ဌာယ၊ တုန်တုန်လှုပ်လှုပ် ထ၍။ "အယံ ပစ္စေကဗုဒ္ဓေါ ဣတော၊ ဤ ပစ္စေကဗုဒ္ဓါသည် ဤနေ့မှ။ သတ္တမေ ဒိဝသေ အာဟာရံ လဘိ၊ ရှေ့ခုနစ်ရက်မြောက်သော နေ့၌ အာဟာရကို ရရှိဘုဉ်းပေးခဲ့ပြီ။ အဇ္ဇ အလဘမာနော ဝိနဿိဿတိ၊ ယနေ့ မရ,မဘုဉ်းပေးရသော် ပျံတော်မူ ပျက်စီးလိမ့်မည်း။ ဣမဉ္စ ဝိနာသေဿာမိ၊ ဤရှင်ပစ္စေကဗုဒ္ဓါကိုလည်း ပျက်စီးစေအံ့။ သေဋ္ဌိနော ဒါနန္တရာယံ စ ကရိဿာမီတိ၊ သူဌေး၏ ဒါနအန္တရာယ်ကိုလည်း ပြုအံ့"ဟု တွေး၍။ တင်္ခဏညေဝ အာဂန္တွာ၊ ထိုခဏ၌ပင် လာရောက်၍။ အန္တရဝတ္ထုမှိ၊ အရှင်ပစ္စေကဗုဒ္ဓါနှင့် အလုပ်အကျွေးအကြား မြေ၌။ အသီတိဟတ္ထမတ္တံ အင်္ဂါရကာသုံ နိမ္မိနိ၊ အတောင်ရှစ်ဆယ်မျှ အနက်ရှိသော မီးကျီးတွင်းကို ဖန်ဆင်းပြီ။
သာ ခဒိရင်္ဂါရပုဏ္ဏာ၊ ထိုမီးကျီးတွင်းသည် ရှာမီးကျီခဲတို့ဖြင့် ပြည့်နေသည်။ သမ္ပဇ္ဇလိတာ သဇောတိဘူတာ၊ အလျှံပြောင်ပြောင်တောက်သည် မီးတောက်မီးလျှံနှင့် တကွဖြစ်၍ ဖြစ်သည်။ (ဟုတွာ၊ ဖြစ်၍)။ အဝီစိမဟာနိရယော ဝိယ ခါယိတ္ထ၊ အဝီစိငရဲကြီးကဲ့သို့ ထင်ရပြီ။
တံ မာပေတွာ ပန၊ ထိုမီးကျီးတွင်းကို ဖန်ဆင်းပြီး၍ကား။ သယံ အာကာသေ အဋ္ဌာသိ၊ ကိုယ်တိုင် ကောင်းကင်၌ တည်ပြီ။
ပတ္တာဟရဏတ္ထာယ ဂစ္ဆမာနော ပုရိသော၊ သပိတ်ယူခြင်းအကျိုးငှာ သွားသော ယောကျ်ားသည်။ တံ ဒိသွာ၊ ထိုမီးကျီးတွင်းကို မြင်၍။ မဟာဘယပ္ပတ္တော နိဝတ္တိ၊ ကြီးစွာသော ကြောက်မှု ရောက်၍ နောက်ပြန်ဆုတ်ပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ "တာတ ကိံ၊ ချစ်သား ဘာ့ကြောင့်။ နိဝတ္တော အသီတိ ပုစ္ဆိ၊ နောက်ပြန်ဆုတ်သည် ဖြစ်ရသနည်း"ဟု မေးပြီ။
သာမိ အန္တရဝတ္ထုမှိ၊ အိုသခင် အရှင်ပစ္စေကဗုဒ္ဓါနှင့် ကျွန်ုပ်တို့အကြား မြေ၌။ မဟတီ အယံ အင်္ဂါရကာသု၊ ကြီးစွာသော ဤမီးကျီးတွင်းသည်။ သမ္ပဇ္ဇလိတာ သဇောတိဘူတာတိ၊ အလျှံပြောင်ပြောင် တောက်လောင်နေပါ၏ မီးတောက်မီးလျှံနှင့်တကွ ဖြစ်၍ ဖြစ်ပါ၏ ဟု ပြောပြီ။
အထ အညော အထ အညောတိ၊ ထိုအခါ အခြားတစ်ယောက်လည်းကောင်း, ထိုအခါ အခြားတစ်ယောက်လည်းကောင်းဟု။ ဧဝံ အာဂတာဂတာ သဗ္ဗေပိ၊ ဤသို့ လာတိုင်းလာတိုင်းကုန်သော လူအားလုံးတို့သည်လည်း။ ဘယပ္ပတ္တာ ဝေဂေန ပလာယိံသု၊ ကြောက်မှုရောက်ကြ၍ အဟုန်ဖြင့် ပြေးကုန်ပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်းသူဌေးသည်။ "အဇ္ဇ မယှံ ဒါနန္တရာယံ၊ ယနေ့ ငါ၏ ဒါနအန္တရာယ်ကို။ ကာတုကာမော ဝသဝတ္တီ မာရော၊ ပြုလိုသော ဝသဝတ္တီနတ်ပြည်နေသော မာရ်နတ်သည်။ ဥယျုတ္တော ဘဝိဿတိ၊ အားထုတ်သည် ဖြစ်လတ္တံ့။ မာရသတေန မာရသဟဿေနပိ၊ မာရ်နတ်တစ်ရာသည် မာရ်နတ်တစ်ထောင်သည်သော်မှလည်း။ မယှံ အကမ္ပိယဘာဝံ န ခေါ ပန ဇာနာတိ၊ ငါ၏ လှူလိုမှုကို မတုန်လှုပ်စေနိုင်ကြောင်းကို မသိရှာပေ။ အဇ္ဇ ဒါနိ၊ ယနေ့ ယခု။ မယှံ ဝါ မာရဿ ဝါ ဗလမဟန္တတံ၊ ငါ၏လည်းကောင်း မာရ်နတ်၏လည်းကောင်း စွမ်းအားကြီးကြောင်းကို။ အာနုဘာဝမဟန္တတံ ဇာနိဿာမီတိ၊ အာနုဘော်ကြီးကြောင်းကို သိရပေတော့အံ့"ဟု တွေး၍။ ယထာသဇ္ဇိတမေဝ တံ ဘတ္တပါတိံ၊ စီရင်အပ်ပြီးသည်အားလျော်စွာသာ ဖြစ်သော ထိုဆွမ်းခွက်ကို။ သယံ အာဒါယ ဂေဟာ နိက္ခမ္မ၊ ကိုယ်တိုင်ယူ၍ အိမ်မှ ထွက်၍။ အင်္ဂါရကာသုတဋေ ဌတွာ၊ မီးကျီးတွင်းကမ်းပါး၌ ရပ်တည်၍။ အာကာသံ ဥလ္လောကေတွာ၊ ကောင်းကင်ကို မော်ကြည့်၍။ မာရံ ဒိသွာ၊ မာရ်နတ်ကို မြင်၍။ တွံ ကော အသီတိ အာဟ၊ သင်ကား ဘယ်သူသည် ဖြစ်သနည်းဟု မေးပြီ။
အဟံ မာရောတိ၊ ငါကား မာရ်နတ်တည်းဟု ဖြေပြီ။
အယံ အင်္ဂါရကာသု တယာ နိမ္မိတာတိ၊ ဤမီးကျီးတွင်းကို သင်သည် ဖန်ဆင်းအပ်သလောဟု မေးပြီ။
အာမ မယာ (နိမ္မိတာ) ဣတိ၊ အေး ငါသည် (ဖန်ဆင်းအပ်ပြီ)ဟု ဖြေပြီ။
ကိမတ္ထာယာတိ၊ ဘယ်အကျိုးငှာလဲဟု မေးပြီ။
တဝ ဒါနဿ အန္တရာယကရဏတ္ထာယ စ၊ သင်၏ အလှူ၏ အန္တရာယ်ပြုခြင်းငှာလည်းကောင်း။ ပစ္စေကဗုဒ္ဓဿ ဇီဝိတနာသနတ္ထာယာ စ ဣတိ၊ ပစ္စေကဗုဒ္ဓါ၏ အသက်ဖျက်ဆီးခြင်းအကျိုးငှာလည်းကောင်းတည်းဟု ဖြေပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ "အဟံ တေ၊ ငါသည် သင်မာရ်နတ်အား။ အတ္တနော ဒါနဿ အန္တရာယံ၊ မိမိ၏ အလှူ၏ အန္တရာယ်ကိုလည်းကောင်း။ ပစ္စေကဗုဒ္ဓဿ ဇီဝိတန္တရာယံ၊ ရှင်ပစ္စေကဗုဒ္ဓါ၏ အသက်အန္တရာယ်ကိုလည်းကောင်း။ ကာတုံ နေဝ ဒဿာမိ၊ ပြုခြင်းငှာ မပေးအံ့။ အဇ္ဇ ဒါနိ၊ ယနေ့ ယခု။ မယှံ ဝါ တုယှံ ဝါ၊ ငါ၏လည်းကောင်း သင်၏လည်းကောင်း။ ဗလမဟန္တတံ အာနုဘာဝမဟန္တတံ၊ စွမ်းအားကြီးကြောင်းကို အာနုဘော်ကြီးကြောင်းကို။ ဇာနိဿာမီတိ၊ သိရတော့အံ့"ဟု ပြော၍။ အင်္ဂါရကာသုတဋေ ဌတွာ၊ မီးကျီးတွင်းကမ်းပါး၌ ရပ်တည်၍။ "ဘန္တေ ပစ္စေကဗုဒ္ဓ အဟံ၊ အိုအရှင်ဘုရား ပစ္စေကဗုဒ္ဓါ တပည့်တော်သည်။ ဣမိဿာ အင်္ဂါရကာသုယာ၊ ဤမီးကျီးတွင်း၌။ အဓောသီသော ပတမာနောပိ၊ ဦးခေါင်းစောက်ထိုးကျပါသော်လည်း။ န နိဝတ္တိဿာမိ၊ ပြန်မဆုတ်အံ့။ ကေဝလံ မယာ၊ စင်စစ် တပည့်တော်သည်။ ဒိန္နံ ဘောဇနံ၊ လှူအပ်သော ဘောဇဉ်ကို။ တုမှေ ပဋိဂ္ဂဏှထာတိ ဝတွာ၊ အရှင်ဘုရားတို့သည် အလှူခံတော်မူပါကုန်ဟု လျှောက်ထား၍။ ဣမံ ဂါထံ အာဟ၊ ဤဂါထာကို ရွတ်ဆိုပြီ။ ဂါထာအနက်ကား--
၄၀။ နိရယံ ဥဒ္ဓံပါဒေါ အဝံသိရော၊ မီးကျီးငရဲသို့ ခြေကားမိုးမျှော် ဦးခေါင်းစိုက်ထိုး။ ကာမံ ပတာမိ၊ စင်စစ် ကျပါစေ။
အနရိယံ န ကရိဿာမိ၊ အရိယာတို့ မပြု, အရိယာမဟုတ်သူတို့ ပြုသည့်အမှုကို တပည့်တော် မပြုအံ့။ ဟန္ဒ ပိဏ္ဍံ ပဋိဂ္ဂဟ၊ ရက်ရက်ရောရော တပည့်တော်လှူသည့် ဆွမ်းကို (ဆွမ်းကို ဦးတည်, ဘုန်းပေးဖွယ်, အသွယ်သွယ်ကို) အလှူခံယူတော်မူပါဘုရား။
တတ္တ အယံ ပိဏ္ဍတ္ထော၊ ထိုဂါထာ၌ ဤဆိုအပ်လတ္တံ့သည်ကား စုပေါင်းအနက်တည်း။ (ကော၊ စုပေါင်းအနက် ဟူသည် အဘယ်နည်း)။ ဘန္တေ ပစ္စေကဝရဗုဒ္ဓ အဟံ၊ အို အရှင်ဘုရား ပစ္စေကဗုဒ္ဓါ တပည့်တော်သည်။ တုမှာကံ ပိဏ္ဍပါတံ ဒေန္တော၊ အရှင်ဘုရားတို့အား ဆွမ်းကို ပေးလှူ၍။ ဧကံသေနေဝ ဣမံ နိရယံ၊ စင်စစ်အားဖြင့်သာလျှင် ဤမီးကျီးတွင်းငရဲသို့။ ဥဒ္ဓံ ပါဒေါ အဝံသိရော ဟုတွာ၊ အထက်၌ ခြေထောက်ရှိသည် ‌အောက်၌ ဦးခေါင်းရှိသည် ဖြစ်၍။ သစေပိ ပတာမိ၊ အကယ်၍မူလည်း ကျအံ့။ တထာပိ၊ ထိုသို့ပင် ကျရသော်လည်း။ ယဒိဒံ အဒါနဉ္စ ယဒိဒံ အသီလဉ္စ၊ အကြင် မလှူခြင်းကိုလည်းကောင်း, အကြင်သူတာ်ကောင်းတို့ အလေ့အကျင့် မဟုတ်သည်ကိုလည်းကောင်း။ အရိယေဟိ အကတ္တဗ္ဗတ္တာ၊ အရိယာတို့သည် မပြုအပ်သည်၏အဖြစ်ကြောင့်လည်းကောင်း။ အနရိယေဟိ ကတ္တဗ္ဗတ္တာ စ၊ အရိယာမဟုတ်သူတို့သည် ပြုအပ်သည်၏ အဖြစ်ကြောင့် လည်းကောင်း။ အနရိယန္တိ ဝုစ္စတိ၊ အနရိယဟူ၍ ခေါ်ဆိုအပ်၏။ တံ အနရိယံ န ကရိဿာမိ၊ ထိုအနရိယအမှုကို မပြုအံ့။ ဟန္ဒ မယာ ဒီယမာနံ၊ ရက်ရက်ရောရော (ရက်ရောစွာ) တပည့်တော်သည် ပေးလှူအပ်သော။ ဣမံ ပိဏ္ဍံ ပဋိဂ္ဂဟ ပဋိဂ္ဂဏှာဟီတိ၊ ဆွမ်းကိုဦးတည် ဤဘုဉ်းပေးဖွယ် အလီလီကို အလှူခံယူတော်မူပါဘုရား။ ဣတိ၊ စုပေါင်းအနက်ဟူသည် ဤသည်ပင်တည်း။
စ ဧတ္ထ၊ ထူးသည်ကား ဤဂါထာ၌။ ဟန္ဒါတိ ဝေါဿဂ္ဂတ္ထေ နိပါတော၊ ဟန္ဒ ဟူသည်ကား စွန့်လွှတ်ခြင်း အနက်၌ နိပါတ်ပုဒ်တည်း။
ဧဝံ ဝတွာ ဗောဓိသတ္တော၊ ဤသို့ ပြော၍ ဘုရားလောင်းသည်။ ဒဠှသမာဒါနေန ဘတ္တပါတိံ ဂဟေတွာ၊ မြဲမြံစွာဆောက်တည်ခြင်းဖြင့် ဆွမ်းဘောဇဉ်ခွက်ကို ယူ၍။ အင်္ဂါရကာသုမတ္ထကေန ပက္ခန္တော၊ မီးကျီးတွင်းထိပ်ပေါ်မှ ပြေးသွားပြီ။ တာဝဒေဝ အသီတိဟတ္ထဂမ္ဘီရာယ အင်္ဂါရကာသုယာ၊ ထိုခဏ၌ပင် အတောင်ရှစ်ဆယ်နက်သော မီးကျီးတွင်း၏။ တလတော ဥပရူပရိဇာတံ၊ ထိပ်ပြင်မှ အထက် အထက်၌ ဖြစ်လာသော။ သတပတ္တပုပ္ဖိတံ ဧကံ မဟာပဒုမံ ဥဂ္ဂန္တွာ၊ တစ်ရာသော ပွင့်ဖတ်ရှိသော တစ်ခုသော ကြာပွင့်ကြီးသည် ပေါက်လာ၍။ ဗောဓိသတ္တဿ ပါဒေ သမ္ပဋိစ္ဆိ၊ ဘုရားလောင်း၏ ခြေတို့ကို ခံလာပြီ။
တတော မဟာတုမ္ဗမတ္တာ ရေဏု ဥဂ္ဂန္တွာ၊ ထိုကြာပွင့်ကြီးမှ ပြည်တောင်းကြီးပမာဏရှိသော ဝတ်မှုံသည် တက်လာ၍။ မဟာသတ္တဿ မုဒ္ဓနိ ဌတွာ၊ ဘုရားလောင်း၏ ထိပ်၌ တည်၍။ သကလသရီရံ၊ တစ်ကိုယ်လုံးကို။ သုဝဏ္ဏစုဏ္ဏသမောကိဏ္ဏမိဝ အကာသိ၊ ရွှေမှုန်တို့ဖြင့် ဖြူးအပ်သကဲ့သို့ ပြုပြီ။
သော ပဒုမကဏ္ဏိကာယ ဌတွာ၊ ထိုဘုရားလောင်းသည် ကြာပွင့်အချက်၌ တည်၍။ နာနဂ္ဂရသဘောဇနံ ပစ္စေကဗုဒ္ဓဿ၊ အထူးထူးမြတ်သော အရသာရှိသော ဘောဇဉ်ကို ‌ပစ္စေကဗုဒ္ဓါ၏။ ပတ္တေ ပတိဋ္ဌာပေသိ၊ သပိတ်၌ တည်စေပြီ, လောင်းလှူပြီ။
သော တံ ပဋိဂ္ဂဟေတွာ၊ ထိုရှင်ပစ္စေကဗုဒ္ဓါသည် ထိုဘောဇဉ်ကို အလှူခံတော်မူ၍။ အနုမောဒနံ ကတွာ၊ ဣစ္ဆိတံ ပတ္ထိတံ စသော အနုမောဒနာတရားဟောမှုကို ပြု၍။ ပတ္တံ အာကာသေ ခိပိတွာ၊ သပိတ်ကို ကောင်းကင်သို့ ပစ်၍။ မဟာဇနဿ ပဿန္တဿေဝ၊ များစွာသော လူအပေါင်းသည် ကြည့်ရှုနေစဉ်ပင်။ သယမ္ပိ ဝေဟာသံ အဗ္ဘုဂ္ဂန္တွာ၊ ကိုယ်တိုင်လည်း ကောင်းကင်သို့ ပျံတက်၍။ နာနပ္ပကာရံ ဝလာဟကပန္တိံ၊ အထူးထူး အပြားပြားသော တိမ်စဉ်တိမ်တန်းကို။ မဒ္ဒမာနော ဝိယ၊ နင်းဘိသကဲ့သို့။ ဟိမဝန္တမေဝ ဂတော၊ ဟိမဝန္တာသို့သာ ကြွသွားပြီ။
မာရောပိ ပရာဇိတော၊ မာရ်နတ်သည်လည်း ရှုံး၍။ ဒေါမနဿံ ပတွာ၊ စိတ်မကောင်းသူအဖြစ်သို့ ရောက်၍။ အတ္တနော ဝသနဋ္ဌာနမေဝ ဂတော၊ မိမိ၏ နေရာဌာနသို့သာ သွားပြီ။
ဗောဓိသတ္တော ပန ပဒုမကဏ္ဏိကာယ ဌိတကောဝ၊ ဘုရားလောင်းသည်ကား ကြာချက်၌ ရပ်လျက်သာ။ မဟာဇနဿ ဒါနသီလသံဝဏ္ဏနေန၊ များစွာသော လူအပေါင်းအား ဒါနသီလချီးမွမ်းသောအားဖြင့်။ ဓမ္မံ ဒေသေတွာ၊ တရားကို ဟော၍။ မဟာဇနေန ပရိဝုတော၊ များစွာသောလူအပေါင်းသည် ခြံရံအပ်လျက်။ အတ္တနော နိဝေသနမေဝ ပဝိသိတွာ၊ မိမိ၏ အိမ်သို့သာ ဝင်၍။ ယာဝဇီဝံ ဒါနာဒီနိ၊ အသက်ရှိသမျှ ကာလပတ်လုံး ဒါနအစရှိှိန်သော။ ပုညာနိ ကတွာ၊ ကောင်းမှုတို့ကို ပြု၍။ ယထာကမ္မံ ဂတော၊ ကံအားလျော်စွာ လားပြီ။
သတ္ထာ၊ ဘုရားရှင်သည်။ "ဂဟပတိ ဧဝံ ဒဿနသမ္ပန္နော တွံ၊ အို သူကြွယ် ဤသို့ သောတာပတ္တိမဂ်ဖိုလ်ဉာဏ်နှင့် ပြည့်စုံသော သင့်ကို။ ဧတရဟိ ဒေဝတာယ၊ ယခုအခါ နတ်သမီးသည်။ ယံ န ကမ္ပိတော၊ အကြင် မတုန်လှုပ်စေနိုင်။ ဣဒံ န အစ္ဆရိယံ၊ ဤမတုန်လှုပ်စေနိုင်ခြင်းသည် အံ့ဖွယ်မရှိသေး။ ပုဗ္ဗေ ပဏ္ဍိတေဟိ၊ ရှေးက ပညာရှိတို့သည်။ ကတမေဝ အစ္ဆရိယန္တိ၊ ပြုအပ်သော အမှုသည်သာ အံ့ဖွယ်ရှိ၏"ဟု။ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဤတရားဒေသနာတော်ကို ဆောင်တော်မူ၍။ အနုသန္ဓိံ ဃဋေတွာ၊ အနုသန္ဓေကို ဆက်စပ်တော်မူ၍။ "တဒါ ပစ္စေကဗုဒ္ဓေါ၊ ထိုအခါက ရှင်ပစ္စေကဗုဒ္ဓါသည်။ တတ္ထေဝ ပရိနိဗ္ဗာယိ၊ ထိုဘဝ၌ပင် ပရိနိဗ္ဗာန်ဝင်စံတော်မူပြီ။ မာရံ ပရာဇေတွာ၊ မာရ်နတ်ကို ရှုံးစေ၍။ ပဒုမကဏ္ဏိကာယ ဌတွာ၊ ကြာချက်၌ ရပ်တည်၍။ ပစ္စေကဗုဒ္ဓဿ ပိဏ္ဍပါတဒါယကော၊ ရှင်ပစ္စေကဗုဒ္ဓါအား ဆွမ်းလှူသော။ ဗာရာဏသိသေဋ္ဌိ ပန အဟမေဝ အဟောသိန္တိ၊ ဗာရာဏသီသူဌေးသည်ကား ငါဘုရားသည်သာ ဖြစ်လာပြီဟု။ ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
**ခဒိရင်္ဂါရဇာတကဝဏ္ဏနာ ဒသမာ**၊ **ဆယ်ခုမြောက် ဖြစ်သော ခဒိရင်္ဂါရဇာတ်အဖွင့်တည်း။**
**ကုလာဝကဝဂ္ဂေါ စတုတ္ထော**၊ **လေးခုမြောက်ဖြစ်သော ကုလာဝကဝဂ်တည်း။**
တဿ ဥဒ္ဒါနံ၊ ထိုကုလာဝကဝဂ်၏ အကျဉ်းချုပ်ခေါင်းစဉ်ကား။
ကုလာဝကဉ္စ၊ ကုလာဝကဇာတ်လည်းကောင်း။ နစ္စဉ္စ၊ နစ္စဇာတ်လည်းကောင်း။ သမ္မောဒမစ္ဆဝဋ္ဋကံ၊ သမ္မောဒမာနဇာတ် မစ္ဆဇာတ် ဝဋ္ဋဇာတ်လည်းကောင်း။
သကုဏံ တိတ္တိရံ ဗကံ၊ သကုဏဇာတ်လည်းကောင်း တိတ္တိရဇာတ်လည်းကောင်း ဗကဇာတ်လည်းကောင်း။ နန္ဒဉ္စ ခဒိရင်္ဂါရံ ဣတိ၊ နန္ဒဇာတ်လည်းကောင်း, ခဒိရင်္ဂါရဇာတ်လည်းကောင်း ဤသည်ပင်တည်း။