**မိတ္တော ဟဝေ သတ္တပဒေန ဟောတီ** တိ ဣဒံ၊ မိတ္တော သတ္တပဒေန ဟောတိ အစရှိသော ဤတရားဒေသနာတော်ကို။
သတ္တာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။
အနာထပိဏ္ဍိဿ ဧကံ မိတ္တံ၊ အနာထပိဏ်သူဌေး၏ တစ်ယောက်သော မိတ်ဆွေကို။
အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
အနာထပိဏ္ဍိကေန သဒ္ဓိံ၊ အနာထပိဏ် သူဌေး နှင့်အတူ။
သဟပံသုကီဠိကော၊ အတူမြေမှုန့်ကစားဘက်ဖြစ်သော။
စရိယဿ သန္တိကေဝ၊ တစ်ဦးတည်းသော ဆရာ၏ အထံ၌ပင်။
ဥဂ္ဂဟိတသိပေါ သော၊ သင်ယူအပ်သော အတတ်ပညာရှိသော ထိုမိတ်ဆွေသည်။
နာမေန ကာဠ ကဏ္ဏီ နာမ ကိရ၊ အမည်အားဖြင့် ကာဠကဏ္ဏီမည်သတဲ့။
သော ကာလေ ဂစ္ဆန္တေ၊ ထိုကာဠကဏ္ဏီသည် အချိန်သည် ကုန်သွားသော်။
ဒုဂ္ဂတော ဟုတွာ၊ ဆင်းရဲသည် ဖြစ်၍။
ဇီဝိတုံ အသက္ကောန္တော၊ အသက်မွေးခြင်းငှာ မစွမ်းနိုင်ရကား။
သေဋ္ဌိဿ သန္တိကံ အဂမာသိ၊ အနာထပိဏ်သူဌေး၏ အထံသို့ ရောက်သွားပြီ။
သော တံ သမဿာသေတွာ၊ ထိုအနာထပိဏ်သူဌေးသည် ထိုကာဠကဏ္ဍီကို သက်သာရာ ရစေ၍။
ပရိဗ္ဗယံ ဒတွာ၊ ရိက္ခာကို ပေး၍။
အတ္တနော ကုဋုမ္ဗံ ပဋိစ္ဆာပေသိ၊ မိမိ၏ ပစ္စည်းကို လက်ခံစေပြီ။
သော သေဋ္ဌိနော၊ ထိုကာဠကဏီသည် အနာထပိဏ် သူဌေးအား။
ဥပကာရကော ဟုတွာ၊ ကျေးဇူးပြုတတ်သည် ဖြစ်၍။
သဗ္ဗကိစ္စာနိ ကရောတိ၊ အားလုံးသော ကိစ္စတို့ကို ပြု၏။
တံ သေဋ္ဌိဿ သန္တိကံ၊ ထိုကာဠကဏ္ဍီ ကို အနာထပိဏ်သူဌေး၏ အထံသို့။
အာဂတကာလေ၊ လာရာကာလ၌။
"တိဋ္ဌ ကာဠကဏ္ဌိ၊ ရပ်ပါ ကာဠကဏ္ဍီ။
နိသီဒ ကာဠကဏ္ဌိ၊ ထိုင်ပါ ကာဠကဏ္ဏီ။
ဘုဉ္ဇ ကာဠကဏ္ဏီတိ ၀ဒန္တိ၊ စားပါ ကာဠကဏ္ဏီ”ဟု ပြောကြကုန်၏။
အထ ဧကဒိဝသံ၊ ထိုအခါ တစ်နေ့၌။
သေဋ္ဌိနော မိတ္တာမစ္စာ၊ အနာထပိဏ်သူဌေး၏ မိတ်ဆွေ သူငယ်ချင်းတို့သည်။
သေဋ္ဌိ ဥပသင်္ကမိတွာ၊ အနာထပိဏ်သူဌေးသို့ ချဉ်းကပ်၍။
“မဟာသေဋ္ဌိ ဧတံ၊ သူဌေးကြီး ဤကာဠကဏီကို။
တဝ သန္တိကေ မာ ကရိ၊ သင်သူဌေးကြီး၏ အထံ၌ မပြုပါလင့်။
‘တိဋ္ဌ ကာဠကဏ္ဍိ၊ ရပ်ပါ ကာဠကဏ္ဏီ။
နိသီဒ ကာဠကဏ္ဏီ၊ ထိုင်ပါ ကာဠကဏ္ဍီ။
ဘုဉ္ဇ ကာဠကဏ္ဏီတိ၊ စားပါ ကာဠကဏ္ဍီ'ဟု။
ဣမိနာ သန္ဓေန၊ ဤအသံကြောင့်။
ဟိ ယက္ခောပိ ပလာပေယျ၊ အမှန်သော်ကားဘီလူးသည်သော်မှလည်း ထွက်ပြေးရာ၏။
စ ဧသော၊ သည်သာမကသေ ဤကာဠကဏီသည်။
တယာ န သမာနော၊ သင် သူဌေးကြီးနှင့် တန်းမတူပါ။
ဒုဂ္ဂတော ဒုရူပေတော၊ ဆင်းရဲ၏ မကောင်းခြင်းနှင့် ပြည့်စုံ၏။
တေ ဣမိနာ ကိန္တိ၊ သင်သူဌေးကြီးအား ဤကာဠကဏ္ဏီဖြင့် ဘာပြုအံ့နည်း”ဟု။
ဧဝမာဟံသု၊ ဤသို့ ပြောကြပြီ။
အနာထပိဏ္ဍိကော၊ အနာထပိဏ်သူဌေးသည်။
“နာမံ နာ ဝေါဟာရမတ္တံ၊ နာမည်မည်သည် ခေါ်ဝေါ်ရုံမျှသာတည်း။
တံ ပဏ္ဍိတာ၊ ထိုနာမည် ကို ပညာရှိတို့သည်။
ပမာဏံ န ကရောန္တိ၊ ပမာဏကို မပြုကြကုန်။
သုတ မင်္ဂလိကေန နာမ၊ သုတမင်္ဂလာအယူရှိသူ မည်သည်။
ဘဝိတုံ န ဝဋတိ၊ ဖြစ်ခြင်းငှာ မသင့်။
မယာ နာမမတ္တံ နိဿာယ၊ ငါသည် နာမည်မျှကို အမှီပြု၍။
သဟပံသု ကီဠိကံ သဟာယံ၊ အတူမြေမှုန့် ကစားဖေါ်ဖြစ်သော သူငယ်ချင်းကို။
ပရိစ္စဇိတုံ န သက္ကာတိ၊ စွန့်ပစ်ခြင်းငှာ မစွမ်းနိုင်”ဟု တွေး၍။
တေသံ ဝစနံ အနာဒါယ၊ ထိုမိတ်ဆွေသူငယ်ချင်းတို့၏ ပြောစကားကို မနာယူမူ၍။
ဧကဒိဝသံ အတ္တနော၊ တစ်နေ့၌ မိမိ၏။
ဘောဂဂါမံ ဂစ္ဆန္တော၊ အပိုင်စားရသော ရွာသို့ သွားသော်။
ဂေဟရက္ခကံ ကတွာ အဂမာသိ၊ ထိုကာဠကဏီကို အိမ်စောင့်ကို ပြု၍ သွားပြီ။
စောရာ၊ ခိုးသူတို့သည်။
“သေဋ္ဌိ ဘောဂဂါမံ ဂတော ကိရ၊ အနာထပိဏ် သူဌေးသည် စားရာရွာသို့ သွားသတဲ့။
အဿ ဂေဟံ၊ ထိုအနာထပိဏ်သူဌေး၏ အိမ်ကို။
ဝိလုမ္ဗိဿာမာတိ၊ လုယက်ကုန်အံ့”ဟု တွေး၍။
နာနာဝုဓဟတ္ထာ၊ အမျိုးမျိုးသော လက်နက်လက်စွဲကုန်လျက်။
ရတ္တိဘာဂေ အာဂန္တွာ၊ ညဉ့်အဖို့၌ လာ၍။
ဂေဟံ ပရိဝါရေသုံ၊ အနာထပိဏ်သူဌေးအိမ်ကို ဝိုင်းကြပြီ။
ဣတရောပိ၊ သည့်ပြင် ကာဠကဏီသည်လည်း။
စောရာနံ အာဂမနံ ဧဝ၊ ခိုးသူတို့၏ လာခြင်း ကိုပင်။
အာသက်မာနော၊ သံသယရှိ၍။
အနိဒ္ဒါယန္တောဝ နိသီဒိ၊ မအိပ်မူ၍သာလျှင် ထိုင်နေပြီ။
သော စောရာနံ၊ ထိုကာဠကဏ္ဏီသည် ခိုးသူတို့၏။
အာဂတဘာဝံ ဉတွာ၊ လာကြောင်းကို သိ၍။
မနုဿ ပဗောဓေတုံ၊ အိမ်ရှိလူတို့ကို နိုးစေ ခြင်းငှာ။
“တွံ သင်္ခ ဓမ၊ သင်သည် ခရုသင်းကို မှုတ်လော့။
တွံ မုဒိင်္ဂံ ဝါဒေဟီတိ၊ သင်သည် မရိုးစည်ကို တီးလော့”ဟုပြော၍။
မဟာသမဇ္ဇံ ကရောန္တော ဝိယ၊ ပွဲလမ်းသဘင်ကြီးကို ပြုလုပ်ဘိသကဲ့သို့။
သကလနိဝေသနံ၊ တစ်အိမ်လုံးကို။
ဧကသပ္ပံ ကာရေသိ၊ တပေါင်းတည်းအသံရှိသည်ကို ပြုစေပြီ။
စောရာ၊ ခိုးသူ တို့သည်။
“ဂေဟံ သုညန္တိ၊ အိမ်သည် လူသူကင်းဆိပ်၏ဟု။
အမှေဟိ ဒုဿုတံ၊ ငါတို့သည် မကောင်းသဖြင့် ကြားအပ်ပြီ။
ဣမ မဟာသေဋ္ဌိ၊ ဤအိမ်၌ အနာ ထပိဏ် သူဌေးကြီးသည်။
အစ္စေဝ ဣတိ၊ ရှိသည်သာပင်”ဟု တွေး၍။
ပါသာဏမုဂ္ဂရာဒီနိ၊ ကျောက်ခဲ, ဆောက်ပုတ်စသည်တို့ကို။
တစ္စေဝ ဆဒ္ဒေတွာ ပလာယိံသု၊ ထိုအိမ်ဘေး၌ပင် စွန့်ပစ်၍ ထွက်ပြေးကြပြီ။
ပုနဒိဝသေ မနုဿာ၊ နောက်နေ့၌ လူတို့သည်။
တက္က တတ္ထ ဆဍ္ဍိတေ၊ ထိုထို အရပ်၌ စွန့်ပစ်အပ်ကုန်သော။
ပါသာဏမုဂ္ဂရာဒယော ဒိသွာ၊ ကျောက်ခဲ, ဆောက်ပုတ်စသည်တို့ကို တွေ့ ရ၍။
သံဝေဂပ္ပတ္တာ ဟုတွာ၊ ထိတ်လန့်ခြင်းသို့ ရောက်ကုန်သည် ဖြစ်၍။
“အဇ္ဇ ဧဝရူပေါ ဗုဒ္ဓိသမ္ပန္နော၊ ယနေ့ ဤသို့သဘော ရှိသော အသိဉာဏ်ပြည့်စုံသော။
ယရဝိစာရကော သစေ နာဘဝိဿ၊ အိမ်ကို စီမံသူသည် အကယ်၍ မရှိအံ့။
စောရေဟိ ယထာရုစိယာ၊ ခိုးသားတို့သည် အလိုရှိသလို။
ပဝိသိတွာ သဗ္ဗ ဂေဟံ၊ ဝင်ရောက်ပြီး၍ အလုံးစုံသော အိမ်ကို။
ဝိသုတ္တံ အဿ၊ လုယက်ခံရသည် ဖြစ်ရာ၏။
ဣမံ ဒမိတ္တံ နိဿာယ၊ ဤမြဲမြံသော မိတ်ဆွေကို အမှီပြု၍။
သေဋ္ဌိနော ဝုဍ္ဎိ ဇာတာတိ၊ အနာထပိဏ်သူဌေးကြီးအား ကြီးပွားခြင်းသည် ဖြစ်ပါပေ၏”ဟု။
တံ ပသံသိတွာ၊ ထိုကာဠကဏီကို ချီးကျူး၍။
သေဋ္ဌိဿ ဘောဂဂါမတော၊ အနာထပိဏ်သူဌေး၏ စားရာရွာမှ။
အာဂတ ကာလေ၊ ပြန်လာရာအခါ၌။
သဗ္ဗ တံ ပဝတ္တိ အာရောစယိံ သု၊ အလုံးစုံသော ထိုအဖြစ်ကို ပြောကြားကြပြီ။
အထ နေ သေဋ္ဌိ၊ ထိုအခါ ထိုပြောကြားသူတို့ကို အနာထပိဏ်သူဌေးသည်။
“တုမှေ ဧဝရူပံ၊ သင်တို့သည် ဤသို့သဘောရှိသော။
မမ ဂေဟရက္ခကံ မိတ္တံ၊ ငါ၏ အိမ်ကို စောင့်တတ်သော မိတ်ဆွေကို။
နိက္ကမာ ပေထ၊ နှင်ထုတ်စေကုန်၏။
အယံ တုမှာကံ ဝစနေန၊ ဤကာဠကဏီကို သင်တို့၏ ပြောစကားကြောင့်။
မယာ နိက္ကမိတော၊ ငါသည် နှင်ထုတ်အပ်သည်။
သစေ အဿ၊ အကယ်၍ ဖြစ်အံ့။
အဇ္ဇ မေ ကုဋမ္ဗံ၊ ယနေ့ ငါ၏ ပစ္စည်းသည်။
ကိဉ္စိ နာဘဝိဿ၊ ဘာမျှ မရှိတော့ရာ။
နာမံ နာမ အပ္ပမာဏံ၊ နာမည်မည်သည် ပမာဏ မဟုတ် (အဓိကမဟုတ်)။
ဟိတစိတ္တမေဝ ပမာဏန္တိ အဝေါစ၊ အကျိုးစီးပွား လိုလားသော စိတ်သည်သာ အဓိကတည်း”ဟု ပြောပြီ။
ဣတိ တဿ ဥတ္တရိတရံ၊ ဤသို့ပြော၍ ထိုကာဠကဏီအား သာ၍ပိုသော။
ပရိဗ္ဗယံ ဒတွာ၊ လစာရိက္ခာကို ပေး၍။
“ဒါနိ မေ၊ ယခု ငါ့အား။
ဣဒံ ကထာပါဘတံ၊ ဤစကားလက်ဆောင် သည်။
အတ္ထိ ဣတိ၊ ရှိ၏”ဟု တွေး၍။
သတ္ထု သန္တိကံ ဂန္တွာ၊ ဘုရားရှင်၏ အထံသို့သွား၍။
အာဒိတော ပဋ္ဌာယ၊ အစမှ စ၍။
သပ္ပံ တံ ပဝတ္တိ အာရောစေသိ၊ အလုံးစုံသော ထိုအဖြစ်ကို လျှောက်ထားပြီ။
သတ္ထာ၊ ဘုရားရှင်သည်။
“ဂဟပတိ ဣဒါနေဝ၊ သူကြွယ် ယခုအခါ၌သာ။
ကာဠကဏ္ဌိမိတ္တော အတ္တနော မိတ္တဿ၊ ကာဠကဏ္ဏီမိတ်ဆွေသည် မိမိ၏ မိတ်ဆွေ၏။
ယရေ ကုဋတ္တံ န ခေါ ရက္ခတိံ၊ အိမ်ကပစ္စည်းကို စောင့်ရှောက်သည် မဟုတ်သေး။
ပုဗ္ဗေပိ ရက္ခတိယေဝါတိ ဝတွာ၊ ရှေးကလည်း စောင့်ရှောက်ဖူးသည်သာ”ဟု မိန့်တော်မူ၍။
တေန ယာစိတော၊ ထိုအနာထပိဏ်သူဌေးသည် တောင်းပန်အပ်ရကား။
အတီတံ အာဟရိ၊ အတိ ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။
ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။
မဟာယသော သေဋ္ဌိ အဟောသိ၊ များစွာသော စည်းစိမ် အခြံရံရှိသော သူဌေးသည် ဖြစ်ပြီ။
တဿ မိတ္တော ကာဠကဏီ နာမ၊ ထို ဘုရားလောင်း၏ မိတ်ဆွေသည် ကာဠကဏ္ဏမည်၏။
ဣတိ သဗ္ဗ၊ ဤသို့စသော အလုံးစုံသည်။
ပစ္စုပ္ပန္နဝတ္ထုသဒိသမေဝ၊ ပစ္စုပ္ပန်ဝတ္ထုကြောင်းနှင့် တူသည် သာတည်း။
ဗောဓိသတ္တော ဘောဂဂါမတော အာဂတော၊ ဘုရားလောင်းသည် စားရာရွာမှ ပြန်လာသော်။
တံ ပဝတ္တိ သုတွာ၊ ထိုအဖြစ်ကို ကြားရ၍။
“မယာ တုမှာကံ ဝစနေန၊ ငါသည် သင်တို့၏ ပြောစကားကြောင့်။
ဧဝရူပေါ မိတ္တော၊ ဤသို့ သဘောရှိသော မိတ်ဆွေကို။
နိက္ကမိတော သစေ အဿ၊ နှင်ထုတ်အပ် မိသည် အကယ်၍ ဖြစ်အံ့။
အဇ္ဇ မေ ကုဋမ္ဗံ၊ ယနေ့ ငါ၏ ပစ္စည်းသည်။
ကိဉ္စိ နာဘဝိဿာတိ ဝတွာ၊ ဘာမျှ မရှိတော့ရာ”ဟု ပြော၍။
ဟဝေ မိတ္တော၊ စင်စစ် မိတ်ဆွေသည်။
သတ္တပဒေန ဟောတိ၊ ခုနစ်လှမ်း အတူသွားကာမျှဖြင့် ဖြစ်၏။
သဟာယော ပန၊ အတူဖြစ်တတ်သူ သူငယ်ချင်း ကား။
ဒွါဒသကေန ဟောတိ၊ တစ်ဆယ့်နှစ်ရက် အတူနေကာမျှဖြင့် ဖြစ်၏။
မာသဍ္ဎမာသေန စ ဉာတိ၊ ဟောတိတစ်လ, လဝက်အတူ နေခြင်းဖြင့်ကား ဆွေမျိုးသည် ဖြစ်၏။
တတော ဥတ္တရိ၊ ထိုတစ်လထက် အလွန်။
(ဧကတော ဝါသေန၊ အတူတကွ နေခြင်းဖြင့်ကား)။
အတ္တသမောပိ ဟောတိ၊ ကိုယ် အသက်နှင့် တူသူသည်လည်း ဖြစ်၏။
သော အဟံ၊ ထိုငါသည်။
အတ္တ သုခဿ ဟေတု၊ မိမိချမ်းသာဟူသော အကြောင်းကြောင့်။
စိရသန္တုတံ ကာဠကဏ္ဌိ၊ ကြာမြင့်စွာ ပေါင်းသင်းလာခဲ့သော ကာဠကဏ္ဍီကို။
ကထံ ဇဟေယျံ၊ အဘယ်မှာ စွန့်နိုင်ပါအံ့နည်း။
တတ္ထ၊ ထိုဂါထာ၌။
**ဟဝေ** တိ နိပါတမတ္တံ၊ ဟဝေ ဟူသည်ကား နိပါတ်မျှ သာတည်း။
မေတ္တာယတိ ဣတိ **မိတ္တော**၊ မေတ္တာကို ပြုတတ်၏ ထို့ကြောင့် မိတ်ဆွေမည်၏။
မေတ္တံ ပစ္စုပဋ္ဌာပေတိ၊ မေတ္တာကို အနီးတည့်တည့် တည်စေ တတ်၏။
သိနေဟံ ကရောတိ၊ ခင်မင်မှုကို ပြုတတ်၏။
ဣတိ အတ္ထော၊ ဤကား အနက်တည်း။
သော ပန ဧသော၊ ထိုဆိုခဲ့ပြီး ဤမိတ်ဆွေသည်ကား။
**သတ္တပဒေန ဟောတိ**၊ ခုနစ်လှမ်း သွားကာမျှဖြင့် ဖြစ်၏။
ဧကတော၊ တပေါင်းတည်း။
သတ္တပဒဝီတိဟာရဂမနမတ္တေန၊ ခုနစ်ဖဝါးလှမ်းကာ သွားခြင်းမျှဖြင့်။
ဟောတိ၊ ဖြစ်၏။
ဣတိ အတ္ထော၊ ဤကားအနက်တည်း။
**သဟာယော ပန ဒွါဒသကေန ဟောတီ** တိ၊ သဟာယော ပန ဒွါဒသကေန ဟောတိဟူသော ပါဌ်၌။
သဗ္ဗကိစ္စာနိ၊ အလုံးစုံသော ကိစ္စတို့ကို။
ဧကတော ကရဏဝသေန၊ တပေါင်းတည်း ပြုခြင်း အစွမ်းဖြင့်။
သဒ္ဓိရိယာပထေသု၊ အားလုံးသော ဣရိယာပုထ်တို့၌။
သဟ ဂစ္ဆတိ၊ အတူဖြစ်တတ်၏။
ဣတိ သဟာယော၊ ထို့ကြောင့် သူငယ်ချင်းမည်၏။
သော ပန ဧသော၊ ထိုဆိုခဲ့ပြီးသည့် ဤသူငယ်ချင်းသည်ကား။
ဒွါဒသကေန ဟောတိ၊ တစ်ဆယ့်နှစ်ရက်မျှဖြင့် ဖြစ်၏။
ဒွါဒသာဟံ၊ တစ်ဆယ့်နှစ်ရက်ပတ်လုံး။
ဧကတော နိဝါသေန၊ တပေါင်းတည်း နေခြင်းဖြင့်။
ဟောတိ ဣတိ အတ္ထော၊ ဖြစ်၏ ဤကား အနက်တည်း။
**မာသမ္မာသေန စာ** တိ၊ မာသမ္မာသေန စ ဟူသည်ကား။
မာသေန ဝါ၊ တစ်လဖြင့်သော်လည်းကောင်း။
အဍ္ဎမာသေန ဝါ၊ လဝက်ဖြင့်သော် လည်းကောင်းတည်း။
**ဉာတိ ဟောတီ**တိ၊ ဉာတိ ဟောတိ ဟူသည်ကား။
ဉာတိသမော ဟောတိ၊ ဆွေးမျိုးနှင့်တူသည် ဖြစ်၏တည်း။
**တတုတ္ထရိန္တိ**၊ တတုတ္တရံ ဟူသည်ကား။
တတော ဥတ္တရီ၊ ထိုလဝက်, တစ်လထက် အလွန်။
ဝါသေန၊ တပေါင်းတည်း နေခြင်းဖြင့်။
**အတ္တသမောပိ ဟောတိ** ယေဝ၊ ကိုယ် အသက်နှင့် တူသူသည်လည်း ဖြစ်သည်သာတည်း။
**ဇဟေယျန္တိ**၊ ဇဟေယျံ ဟူသည်ကား။
ဧဝရူပံ သဟာယံ၊ ဤသို့သဘောရှိသော သူငယ်ချင်းကို။
ဇဟေယျံ၊ အဘယ်မှာ စွန့်နိုင်ပါအံ့နည်းတည်း။
ဣတိ မိတ္တဿ ဂုဏံ ကထေသိ၊ ဤသို့ မိတ်ဆွေ၏ ကျေးဇူးကို ပြောဆိုပြီ။
တတော ပဋ္ဌာယ၊ ထိုနေ့မှ စ၍။
ပုန ကောစိ၊ တစ်ဖန် မည်သူမျှ။
တဿ အန္တရေ၊ ထိုဘုရားလောင်း၏ အိမ်တွင်းက ဝတ္တာ နာမ နာဟောသိပြောတတ်သူ မည်သည် မရှိပြီ မဖြစ်ပြီ။
ဣတိ၊ ဤကား ဂါထာဖွင့်အပြီးတည်း။
သတ္ထာ၊ ဘုရားရှင်သည်။
ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဤတရားဒေသနာ တော်ကို ဆောင်တော်မူ၍။
“တဒါ ကာဠကဏ္ဏီ အာနန္ဒော အဟောသိ၊ ထိုအခါက ကာဠကဏ္ဏီသည် အာနန္ဒာသည် ဖြစ်လာပြီ။
ဗာရာဏသိသေဋ္ဌိ ပန အဟမေဝ အဟောသိန္တိ၊ ဗာရာဏသီသူဌေးသည်ကား ငါဘုရားသည်သာ ဖြစ်လာပြီ”ဟု။
ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
ကာဠကဏ္ဏိဇာတကဝဏ္ဏနာ တတိယာ၊ သုံးခုမြောက်ဖြစ်သောကာဠကဏ္ဏိဇာတ်အဖွင့်တည်း။