"ဘဂဝါ၊ မြတ်စွာဘုရားသည်။
သာဝတ္ထိယံ၊ သာဝတ္ထိမြို့အနီး၌။
အနာထပိဏ္ဍိကဿ၊ အနာထပိဏ်သူဌေး၏။
ဇေတဝနေ အာရာမေ၊ ဇေတဝန်မည်သောဥယျာဉ်၌။
ဝိဟရတိ၊ နေတော်မူ၏။
ဝေသာလိယံ၊ ဝေသာလီမြို့အနီး၌။
မဟာဝနေ ကူဋာဂါရသာလာယံ၊ မဟာဝုန်တော၌ စုလစ်မွန်းချွန် အထွတ်တပ်သော ဇရပ်ကျောင်း၌။
ဝိဟရတိ၊ နေတော်မူ၏။"
ဣတိ ဧဝံ၊ ဤသို့။
တေသု တေသု ဌာနေသု၊ ထိုထိုဌာနတို့၌။
ဝိဟရတော၊ နေတော်မူသောဘုရားရှင်မှာ။
တသ္မိံ တသ္မိံ ဌာနေယေဝ၊ ထိုထိုဌာန၌သာ။
သန္တိကေနိဒါနံ ပန၊ **သန္တိကေနိဒါန်း**ကိုကား။
လဗ္ဘတီတိ၊ ရထိုက်၏ဟု။
ဝုတ္တံ၊ ငါအဋ္ဌကထာဆရာ ဆိုအပ်ခဲ့ပြီ။
ဧဝံ ကိဉ္စာပိ ဝုတ္တံ၊ ဤသို့ အကယ်၍ဆိုအပ်၏။
အထ ခေါ၊ ထို့သို့ပင် ဆိုအပ်ပါသော်လည်း။
ပန၊ စင်စစ်ကား။
တမ္ပိ အာဒိတော ပဋ္ဌာယ၊ ထိုသန္တိကေနိဒါန်းကိုလည်း အစမှ စ၍။
ဧဝံ ဝေဒိတဗ္ဗံ၊ ဤသို့ သိထိုက်၏။
(ကိံ၊ အဘယ်သို့ သိထိုက်သနည်း)။
ဟိ၊ အကျယ်သိထိုက်ဖွယ်ကား။
ဥဒါနံ ဥဒါနေတွာ၊ ဥဒါန်းကို ကျူးရင့်တော်မူပြီး၍။
ဇယပလ္လင်္ကေ၊ အပရာဇိတပလ္လင်တော်ပေါ်၌။
နိသိန္နဿ ဘဂဝတော၊ ထိုင်နေတော်မူသော မြတ်စွာဘုရားမှာ။
"အဟံ၊ ငါဘုရားသည်။
ကပ္ပသတသဟဿာဓိကာနိ၊ ကမ္ဘာပေါင်းတစ်သိန်း ပိုလွန်ကုန်သော။
စတ္တာရိ အသင်္ချေယျာနိ၊ လေးအသင်္ချေတို့ကာလပတ်လုံး။
ဣမဿ ပလ္လင်္ကဿ၊ ဤအပရာဇိတပလ္လင်၏။
ကာရဏာ သန္ဓာဝိံ၊ အကြောင်းကြောင့် ကျင်လည်ခဲ့ရလေပြီ။
ဧတ္တကံ ကာလံ၊ ဤလေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း အတိုင်းအရှည်ရှိသော ကာလပတ်လုံး။
ဣမဿေဝ ပလ္လင်္ကဿ၊ ဤအပရာဇိတပလ္လင်၏ပင်။
ကာရဏာ၊ အကြောင်းကြောင့်။
မေ အလင်္ကတသီသံ၊ ငါ၏ တန်ဆာဆင်ထားအပ်သော ခေါင်းကို။
ဂီဝါယ ဆိန္ဒိတွာ ဒိန္နံ၊ လည်ပင်းမှ ဖြတ်၍ လှူအပ်ပြီ။
သုအဉ္ဇိတာနိ အက္ခီနိ၊ မျက်စင်းညို ကောင်းစွာ ကွင်းထားအပ်ကုန်သော မျက်လုံးတို့ကိုလည်းကောင်း။
ဟဒယမံသဉ္စ၊ နှလုံးသားကိုလည်းကောင်း။
ဥဗ္ဗဋ္ဋေတွာ ဒိန္နံ၊ ထုတ်နုတ်၍ လှူအပ်ပြီ။
ဇာလီကုမာရသဒိသာ ပုတ္တာ၊ ဇာလီမင်းသားနှင့် တူကုန်သော သားတော်တို့ကိုလည်းကောင်း။
ကဏှာဇိနကုမာရိသဒိသာ ဓီတရော၊ ကဏှာဇိန် မင်းသမီးနှင့်တူကုန်သော သမီးတော်တို့ကိုလည်းကောင်း။
မဒ္ဒီဒေဝိသဒိသာ ဘရိယာယော စ၊ မဒ္ဒီမိဖုယားနှင့်တူကုန်သော မယားတို့ကိုလည်းကောင်း။
ပရေသံ ဒါသတ္ထာယ၊ သူတစ်ပါးတို့၏ ကျွန်အကျိုးငှာ။
ပရေသံ ဒိန္နာ၊ သူတစ်ပါးတို့အား ပေးလှူအပ်ကုန်ပြီ။
အယံ ပလ္လင်္ကော၊ ဤအပရာဇိတပလ္လင်သည်။
မေ ဇယပလ္လင်္ကော ဝရပလ္လင်္ကော စ၊ ငါဘုရားအဖို့ အောင်ပလ္လင်အစစ်လည်းဖြစ်၏, အမြတ်ဆုံးပလ္လင်အစစ်လည်း ဖြစ်၏။
ဧတ္ထ နိသိန္နဿ မေ၊ ဤအပရာဇိတပလ္လင်၌ ထိုင်နေသော ငါဘုရား၏။
သင်္ကပ္ပါ ပရိပုဏ္ဏာ၊ ကောင်းမြတ်သော အကြံတို့သည် ပြည့်စုံကုန်ပြီ။
ဣတော န တာဝ ဥဋ္ဌဟိဿာမီတိ၊ ဤအပရာဇိတပလ္လင်မှ မထ သေးအံ့" ဟူသော။
ဧတံ အဟောသိ၊ ဤအကြံတော်သည် ဖြစ်ပြီ။
ဣတိ၊ ဤသို့အကြံတော် ဖြစ်ပြီး၍။
အနေကကောဋိသတသဟဿာ၊ ကုဋေသိန်းပေါင်းများစွာကုန်သော။
သမာပတ္တိယော သမာပဇ္ဇိတွာ၊ အရဟတ္တဖိုလ်သမာပတ်တို့ကို ဝင်စားတော်မူပြီး၍။
သတ္တာဟံ တတ္ထေဝ နိသီဒိ၊ ခုနစ်ရက်ပတ်လုံး ထိုအပရာဇိတပလ္လင်တော်၌သာ ထိုင်နေတော်မူပြီ။
ယံ သန္ဓာယ၊ ယင်းအရဟတ္တဖိုလ်သမာပတ် ဝင်စားနေတော်မူခြင်းကို ရည်ရွယ်၍။
အထ ခေါ ဘဂဝါ၊ ဥဒါန်းကျူးပြီးရာ ထိုအခါ၌ မြတ်စွာဘုရားသည်။
သတ္တာဟံ ဧကပလ္လင်္ကေန၊ ခုနစ်ရက်ပတ်လုံး တင်ပလ္လင်ခွေတစ်ခုတည်းဖြင့်။
ဝိမုတ္တိသုခပဋိသံဝေဒီ နိသီဒိ ဣတိ၊ အရဟတ္တဖိုလ်ချမ်းသာခံစားတော်မူလျက် ထိုင်နေတော်မူပြီဟူသော စကားကို။
(အာယသ္မတာ ဥပါလိတ္ထေရေန၊ ရှင်ဥပါလိမထေရ်သည်။)
ဝုတ္တံ၊ မိန့်အပ်ပြီ။
အထ ဧကစ္စာနံ ဒေဝတာနံ၊ ထိုပလ္လင်္ကသတ္တာဟနေတော်မူရာအခါ၌ အချို့ကုန်သော နတ်ဗြဟ္မာတို့မှာ။
"အဇ္ဇာပိ သိဒ္ဓတ္ထဿ၊ ယနေ့တိုင်အောင်လည်း သိဒ္ဓတ္ထမှာ။
ကတ္တဗ္ဗကိစ္စံ အတ္ထိ နု ခေါ၊ ပြုထိုက်သော ကိစ္စသည် ရှိသေးယောင်တကား။
ဟိ ပလ္လင်္ကသ္မိ၊ မှန်၏ အပရာဇိတပလ္လင်တော်၌။
အာလယံ န ဝိဇဟတီတိ၊ နှစ်သက်မှုကို မစွန့်သေး"ဟု။
ပရိဝိတက္ကော ဥဒပါဒိ၊ အကြံသည် ဖြစ်ပြီ။
သတ္ထာ၊ မြတ်စွာဘုရားသည်။
ဒေဝတာနံ ပရိဝိတက္ကံ ဉ တွာ၊ နတ်ဗြဟ္မာတို့၏ အကြံကို သိတော်မူ၍။
တာသံ ဝိတက္ကဝူပသမနတ္ထံ၊ ထိုနတ်ဗြဟ္မာတို့၏ အတွေးအကြံငြိမ်းအေးခြင်းငှာ။
ဝေဟာသံ အဗ္ဘုဂ္ဂန္တွာ၊ ကောင်းကင်သို့ ပျံတက်တော်မူ၍။
ယမကပါဋိဟာရိယံ ဒဿေသိ၊ ရေမီး အစုံအစုံ တန်ခိုးပြာဋိဟာကို ပြတော်မူပြီ။
ဟိ မဟာဗောဓိမဏ္ဍသ္မိ၊ မှန်၏ မဟာဗောဓိမဏ္ဍိုင်၌။
ကတပါဋိဟာရိယဉ္စ၊ ပြုအပ်ပြအပ်သော တန်ခိုးပြာဋိဟာသည်လည်းကောင်း။
ဉာတိသမာဂမေ ကတပါဋိဟာရိယဉ္စ၊ ဆွေတော်မျိုးတော်တို့ပေါင်းဆုံမိရာ ကပိလဝတ်ပြည်၌ ပြုအပ်, ပြအပ်သော တန်ခိုးပြာဋိဟာသည်လည်းကောင်း။
ပါထိကပုတ္တသမာဂမေ ကတပါဋိဟာရိယဉ္စ၊ ပါထိကပုတ္တတက္ကတွန်း အကြောင်းပြု ဖြစ်သော အစည်းအဝေး၌ ပြုအပ်, ပြအပ်သော တန်ခိုးပြာဋိဟာသည်လည်းကောင်း။
သဗ္ဗံ၊ တန်ခိုးပြာဋိဟာအားလုံးသည်။
ကဏ္ဍမ္ဗရုက္ခမူလေ၊ ကဏ္ဍဥယျာဉ်စောင့် စိုက်သည့်သရက်ပင်အနီး၌။
ကတပါဋိဟာရိယသဒိသံ အဟောသိ၊ ပြုအပ်, ပြအပ်သော တန်ခိုးပြာဋိဟာနှင့်တူသည် ဖြစ်ပြီ။
ဧဝံ သတ္ထာ၊ ဤသို့ မြတ်စွာဘုရားသည်။
ဣမိနာ ပါဋိဟာရိယေန၊ ဤရေမီးအစုံအစုံ တန်ခိုးပြာဋိဟာဖြင့်။
ဒေဝတာနံ ဝိတက္ကံ ဝူပသမေတွာ၊ နတ်ဗြဟ္မာတို့၏ အတွေးအကြံကို ငြိမ်းအေးစေတော်မူပြီး၍။
ပလ္လင်္ကတော ဤသကံ၊ အပရာဇိတပလ္လင်တော်မှ အနည်းငယ်။
ပါစီနနိဿိတေ ဥတ္တရဒိသာဘာဂေ ဌတွာ၊ အရှေ့ဖက်မီသော အရှေ့ဖက်ပါသော မြောက်အရပ်၌ ရပ်တော်မူ၍။
"ဣမသ္မိံ ပလ္လင်္ကေ မေ၊ ဤအပရာဇိတပလ္လင်၌ ငါဘုရားသည်။
သဗ္ဗညုတညာဏံ ပဋိဝိဒ္ဓံ ဝတ၊ သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍ သိအပ်ပါပေစွတကား"။
ဣတိ၊ ဤသို့ တွေးတော်မူ၍။
စတ္တာရိ အသင်္ချေယျာနိ၊ လေးအသင်္ချေတို့ပတ်လုံးလည်းကောင်း။
ကပ္ပသတသဟဿဉ္စ၊ ကမ္ဘာတစ်သိန်းပတ်လုံးလည်းကောင်း။
ပူရိတာနံ ပါရမီနံ၊ ဖြည့်ကျင့်တော်မူအပ်ကုန်သော ပါရမီတို့၏။
ဖလာဓိဂမဋ္ဌာနံ ပလ္လင်္ကံ ဗောဓိရုက္ခဉ္စ၊ အကျိုးကိုရရာဖြစ်သော အပရာဇိတပလ္လင်တော်ကိုလည်းကောင်း ဗောဓိပင်ကိုလည်းကောင်း။
အနိမိသေဟိ အက္ခီဟိ ဩလောကယမာနော၊ မမှိတ်ကုန်သော မျက်လုံးတော်တို့ဖြင့် ကြည့်ရှုတော်မူလျက်။
သတ္တာဟံ ဝီတိနာမေသိ၊ ခုနစ်ရက်ကို ကုန်လွန်စေတော်မူပြီ။
တံ ဌာနံ အနိမိသစေတိယံ နာမ ဇာတံ၊ ထိုရပ်ကြည့်တော်မူရာဌာနသည် အနိမိသစေတီ မည်သည် ဖြစ်ပြီ။
အထ၊ ထိုအနိမိသသတ္တာဟ၏ အခြားမဲ့၌။
ပလ္လင်္ကဿ စ ဌိတဋ္ဌာနဿ စ အန္တရာ၊ အပရာဇိတပလ္လင်တော်၏လည်းကောင်း, ရပ်တော်မူရာဌာန၏လည်းကောင်း အကြား၌။
စင်္ကမံ မာပေတွာ၊ စင်္ကြံကို ဖန်ဆင်းတော်မူ၍။
ပုရတ္ထိမပစ္ဆိမတော အာယတေ၊ အရှေ့အနောက်အားဖြင့် ရှည်လျားသော။
ရတနစင်္ကမေ စင်္ကမန္တော၊ ရတနာစင်္ကြံတော်၌ စင်္ကြံကြွတော်မူ၍။
သတ္တာဟံ ဝီတိနာမေသိ၊ ခုနစ်ရက်ကို ကုန်လွန်စေပြီ။
တံ ဌာနံ၊ စင်္ကြံကြွတော်မူရာ ထိုဌာနသည်။
ရတနစင်္ကမစေတိယံ နာမ ဇာတံ၊ ရတနာစင်္ကြံစေတီမည်သည် ဖြစ်ပြီ။
စတုတ္ထေ သတ္တာဟေ ပန၊ စတုတ္ထသတ္တာဟ၌ကား။
ဗောဓိတော ပစ္ဆိမုတ္တရဒိသာဘာဂေ၊ ဗောဓိညောင်ပင်မှ အနောက်မြောက်ထောင့်အရပ်၌။
ဒေဝတာ ရတနဃရံ မာပယိံသု၊ နတ်ဗြဟ္မာတို့သည် ရတနာစံအိမ်ကို ဖန်ဆင်းလှူဒါန်းကြပြီ။
တတ္ထ ပလ္လင်္ကေန နိသီဒိတွာ၊ ထိုရတနာစံအိမ်၌ တင်ပလ္လင်ခွေဖြင့် ထိုင်နေတော်မူ၍။
အဘိဓမ္မပိဋကံ ဝိသေသတော စ၊ အဘိဓမ္မပိဋကကို အထူးအားဖြင့်ကား။
ဧတ္ထ အနန္တနယံ၊ ဤအဘိဓမ္မပိဋက၌ မကုန်ဆုံးနိုင်သောနည်း ရှိသော။
သမန္တပဋ္ဌာနံ ဝိစိနန္တော၊ သမန္တပဋ္ဌာန်းကျမ်းကြီးကို သုံးသပ်ဆင်ခြင်တော်မူလျက်။
သတ္တာဟံ ဝီတိနာမေသိ၊ ခုနစ်ရက်ကို ကုန်လွန်စေတော်မူပြီ။
ရတနဃရံ နာမ၊ ရတနာဃရမည်သည်။
သတ္တရတနမယံ န ဂေဟံ၊ ရတနာခုနစ်ပါးဖြင့်ပြီးသော အိမ်မဟုတ်။
ပန သတ္တန္နံ ပကရဏာနံ၊ အဟုတ်သော်ကား အဘိဓမ္မာခုနစ်ကျမ်းတို့ကို။
သမ္မသိတဋ္ဌာနံ၊ သုံးသပ်တော်မူရာဌာနကို။
ရတနဃရန္တိ ဝုစ္စတီတိ၊ ရတနာဃရမည်၏ဟု ဆိုအပ်၏ဟု။
အာဘိဓမ္မိကာ ပန အာဟု၊ အဘိဓမ္မာတတ်မထေရ်မြတ်တို့သည် ထူးခြားစွာ မိန့်ဆိုကုန်ပြီ။
ယသ္မာ ပန ဧတ္ထ၊ အကြင့်ကြောင့်ကား ဤနေရာ၌။
ဥဘောပိ၊ နှစ်မျိုးလည်းဖြစ်ကုန်သော။
ဧတေ ပရိယာယာ၊ ဤအကြောင်းတို့သည်။
ယုဇ္ဇန္တိ၊ သင့်လျော်ကုန်၏။
တသ္မာ၊ ထို့ကြောင့်။
ဧတံ ဥဘယမ္ပိ၊ ဤအကြောင်းနှစ်မျိုးလုံးကိုလည်း။
ဂဟေတဗ္ဗမေဝ၊ ယူထိုက်သည်သာတည်း။
တတော ပဋ္ဌာယ ပန၊ ထိုနေ့မှ စ၍ကား။
တံ ဌာနံ၊ အဘိဓမ္မာခုနစ်ကျမ်း သုံးသပ်ရာ ထိုဌာနသည်။
ရတနဃရစေတိယံ နာမ ဇာတံ၊ **ရတနာဃရစေတီ**မည်သည် ဖြစ်ပြီ။
ဧဝံ ဗောဓိသမီပေယေဝ၊ ဤသို့ ဗောဓိညောင်ပင်အနီး၌သာလျှင်။
သတ္တာဟာနိ စတ္တာရိ ဝီတိနာမေတွာ၊ ခုနစ်ရက်လေးလီတို့ကို ကုန်လွန်စေတော်မူ၍။
ပဉ္စမေ သတ္တာဟေ၊ ပဉ္စမဖြစ်သော သတ္တာဟ၌။
ဗောဓိရုက္ခမူလာ၊ ဗောဓိညောင်ပင်အနီးမှ။
ယေန အဇပါလနိဂြောဓော၊ အကြင်အရပ်၌ အဇပါလပညောင်ပင်သည်။
(အတ္ထိ၊ ရှိ၏)။
တေန ဥပသင်္ကမိ၊ ထိုအဇပါလညောင်ပင်ရှိရာ အရပ်သို့ ချဉ်းကပ်တော်မူပြီ။
တတြာပိ၊ ထိုအဇပါလပညောင်ပင်အနီး၌လည်း။
ဓမ္မံ ဝိစိနန္တောယေဝ၊ တရားကို ဆင်ခြင်တော်မူလျက်သာ။
ဝိမုတ္တိသုခံ ပဋိသံဝေဒေန္တော နိသီဒိ၊ အရဟတ္တဖိုလ်ချမ်းသာကို ခံစားတော်မူလျက် ထိုင်နေတော်မူပြီ။
တသ္မိံ သမယေ မာရော ဒေဝပုတ္တော၊ ထိုအခါ၌ မာရ်နတ်သားသည်။
"ဧတ္တကံ ကာလံ၊ ဤမျှသော ကာလပတ်လုံး။
အနုဗန္ဓန္တော ဩတာရာပေက္ခောပိ၊ အစဉ်လိုက်လျက် နှောင့်ယှက်ဖို့အခွင့်အလမ်း ရှာပါသော်လည်း။
ဣမဿ ကိဉ္စိ ခလိတံ၊ ဤသိဒ္ဓတ္ထ၏ အနည်းငယ် ချို့ယွင်းချက်ကို။
န အဒ္ဒသံ၊ မတွေ့မြင်ရပြီ။
ဣဒါနိ ဧသော၊ ယခုအခါ၌ ဤသိဒ္ဓတ္ထသည်။
မမ ဝသံ အတိက္ကန္တောတိ၊ ငါမာရ်နတ်၏ အလိုနိုင်ငံကို ကျော်သွားပြီဟု တွေး၍။
ဒေါမနဿပ္ပတ္တော၊ စိတ်ဆင်းရဲသို့ ရောက်၍။
မဟာမဂ္ဂေ နိသီဒိတွာ၊ နတ်လမ်းမကြီးပေါ်၌ ထိုင်၍။
သောဠသ ကာရဏာနိ၊ တစ်ဆယ့်ခြောက်ပါးကုန်သော အကြောင်းတို့ကို။
စိန္တေန္တော၊ ကြံစည်လျက်။
ဘူမိယံ၊ မြေပေါ်၌။
သောဠသ လေခါ ကဍ္ဎိ၊ တစ်ဆယ့်ခြောက်မျိုးကုန်သော အရေးအကြောင်းတို့ကို ရေးခြစ်ဆွဲငင်ပြီ။
(ကိံ၊ အဘယ်သို့ ရေးခြစ်ဆွဲငင်ပြီးနည်း)။
အဟံ ဧသော ဝိယ၊ ငါသည် ဤသိဒ္ဓတ္ထကဲ့သို့။
ဒါနပါရမိံ န ပူရေသိံ၊ ဒါနပါရမီကို မဖြည့်ကျင့်ခဲ့မိ။
တေန ဣမိနာ သဒိသော၊ ထိုသို့ ဒါနပါရမီ မဖြည့်ကျင့်ခဲ့မိသောကြောင့် ဤသိဒ္ဓတ္ထနှင့် တူသူသည်။
န ဇာတော အမှီတိ၊ မဖြစ်သည် ဖြစ်၏ဟု တွေး၍။
ဧကံ လေခံ ကဍ္ဎိ၊ အရေးအကြောင်း တစ်ခုကို ဆွဲငင်ရေးခြစ်ပြီ။
တထာ အဟံ ဧသော ဝိယ၊ ထိုနည်းအတူ ငါသည် ဤသိဒ္ဓတ္ထကဲ့သို့။
သီလပါရမိံ နေက္ခမ္မပါရမိံ၊ သီလပါရမီကိုလည်းကောင်း, နေက္ခမ္မပါရမီကိုလည်းကောင်း။
ပညာပါရမိံ ဝီရိယပါရမိံ၊ ပညာပါရမီကိုလည်းကောင်း, ဝီရိယပါရမီကိုလည်းကောင်း။
ခန္တိပါရမိံ သစ္စပါရမိံ၊ ခန္တီပါရမီကိုလည်းကောင်း, သစ္စပါရမီကိုလည်းကောင်း။
အဓိဋ္ဌာနပါရမိံ မေတ္တာပါရမိံ၊ အဓိဋ္ဌာန်ပါရမီကိုလည်းကောင်း, မေတ္တာပါရမီကိုလည်းကောင်း။
ဥပေက္ခာပါရမိံ န ပူရေသိံ၊ ဥပေက္ခာပါရမီကိုလည်းကောင်း မဖြည့်ကျင့်ခဲ့မိ။
တေန ဣမိနာ သဒိသော၊ ထိုသို့ သီလပါရမီစသည် မဖြည့်ကျင့်ခဲ့မိသောကြောင့် ဤသိဒ္ဓတ္ထနှင့် တူသူသည်။
န ဇာတော အမှီတိ၊ မဖြစ်သည် ဖြစ်၏"ဟု တွေး၍။
ဒသမံ လေခံ ကဍ္ဎိ၊ ဒသမတိုင်အောင်သော အရေးအကြောင်းကို ဆွဲငင်ရေးခြစ်ပြီ။
တထာ အဟံ ဧသော ဝိယ၊ ထို့အတူ ငါမာရ်နတ်သည် ဤသိဒ္ဓတ္ထကဲ့သို့။
အသာဓာရဏဿ၊ တပည့်သာဝကတို့နှင့် မဆက်ဆံ, မပတ်သတ်သော။
ဣန္ဒြိယပရောပရိယတ္တဉာဏဿ၊ သတ္တဝါတို့၏ ပညိန္ဒြေအနုအရင့်သိသော ဉာဏ်ကို။
ပဋိဝေဓာယ ဥပနိဿယဘူတာ၊ ထိုးထွင်းသိခြင်း၏ အားကြီးသော အကြောင်းအစစ် ဖြစ်ကုန်သော။
ဒသပါရမိယော န ပူရေသိံ၊ ပါရမီဆယ်ပါးတို့ကို မဖြည့်ကျင့်ခဲ့မိ။
တေန ဣမိနာ သဒိသော၊ ထို့ကြောင့် ထိုသိဒ္ဓတ္ထနှင့် တူသူသည်။
န ဇာတော အမှီတိ၊ ငါမဖြစ်သည် ဖြစ်၏ဟု တွေး၍။
ဧကာဒသမံ လေခံ ကဍ္ဎိ၊ တစ်ဆယ့်တစ်ခုမြောက်ဖြစ်သော အရေးအကြောင်းကို ဆွဲငင်ရေးခြစ်ပြီ။
တထာ အဟံ ဧသော ဝိယ၊ ထို့အတူ ငါမာရ်နတ်သည် ဤသိဒ္ဓတ္ထကဲ့သို့။
အသာဓာရဏဿ၊ တပည့်သာဝကတို့နှင့် မဆက်ဆံ, မပတ်သက်သော။
အာသယာနုသယဉာဏဿ၊ အာသယာနုသယဉာဏ်ကိုလည်းကောင်း။
မဟာကရုဏာသမာပတ္တိဉာဏဿ၊ မဟာကရုဏာသမာပတ္တိဉာဏ်ကိုလည်းကောင်း။
ယမကပါဋိဟီရဉာဏဿ၊ ယမကပါဋိဟာရိယဉာဏ်ကိုလည်းကောင်း။
အနာဝရဏဉာဏဿ၊ အနာဝရဏဉာဏ်ကိုလည်းကောင်း။
သဗ္ဗညုတညာဏဿ၊ သဗ္ဗညုတဉာဏ်ကိုလည်းကောင်း။
ပဋိဝေဓာယ ဥပနိဿယဘူတာ၊ ထိုးထွင်းသိခြင်း၏ အားကြီးသော, မှီရာအကြောင်းအစစ် ဖြစ်ကုန်သော။
ဒသပါရမိယော န ပူရေသိံ၊ ပါရမီဆယ်ပါးတို့ကို မဖြည့်ကျင့်ခဲ့မိ။
တေန ဣမိနာ သဒိသော၊ ထို့ကြောင့် ဤသိဒ္ဓတ္ထနှင့် တူသူသည်။
န ဇာတော အမှီတိ၊ ငါမဖြစ်သည် ဖြစ်၏ဟု တွေး၍။
သောဠသမံ လေခံ ကဍ္ဎိ၊ တစ်ဆယ့်ခြောက်ခုမြောက်တိုင်အောင်သော အရေးအကြောင်းကို ဆွဲငင်ရေးခြစ်ပြီ။
ဧဝံ၊ ဤသို့။
(ဤ 'ဧဝံ၊ ဤသို့' ကား ရှေးက အမေး 'ကိံ' အဖြေတည်း။)
ဣမေဟိ ကာရဏေဟိ၊ ဤအကြောင်းတို့ကြောင့်။
မဟာမဂ္ဂေ သောဠသ လေခါ၊ နတ်လမ်းမကြီးပေါ်၌ အရေးအကြောင်း တစ်ဆယ့်ခြောက်ခုတို့ကို။
ကဍ္ဎမာနော နိသီဒိ၊ ဆွဲငင်ရေးခြစ်လျက် ထိုင်နေပြီ။
တသ္မိံ သမယေ၊ ထိုအခါ၌။
တဏှာ အရတိ ရဂါတိ၊ တဏှာ, အရတိ, ရဂါ, ဟူကုန်သော။
တိဿော မာရဓီတရော၊ သုံးယောက်ကုန်သော မာရ်နတ်မင်း၏ သမီးတို့သည်။
နော ပိတာ န ပညာယတိ၊ ငါတို့၏ ဖခင်မာရ်နတ်မင်းသည် မထင်ရှား မတွေ့ရ။
ဧတရဟိ၊ ယခုအခါ၌။
ကဟံ နု ခေါတိ ဩလောကယမာနာ၊ ဘယ်မှာနည်းဟု ကြည့်ရှုကုန်လတ်သော်။
တံ ဒေါမနဿပ္ပတ္တံ၊ ထိုဖခင် မာရ်နတ်မင်းကို စိတ်ဆင်းရဲရောက်နေသည်ကို။
ဘူမိံ ဝိလေခမာနံ၊ မြေကြီးကို ရေးခြစ်လျက်။
နိသိန္နံ ဒိသွာ၊ ထိုင်နေသည်ကို တွေ့မြင်ရ၍။
ပိတု သန္တိကံ ဂန္တွာ၊ ဖခင်မာရ်နတ်မင်း၏ အထံသို့ သွားကြ၍။
တာတ ကသ္မာ၊ အိုဖခင် အဘယ့်ကြောင့်။
ဒုက္ခီ ဒုမ္မနောတိ ပုစ္ဆိံသု၊ စိတ်ဆင်းရဲသနည်း စိတ်မကောင်းသနည်းဟု မေးကြပြီ။
အမ္မာ အယံ မဟာသမဏော၊ အိုချစ်သမီးတို့ ဤရဟန်းကြီးသည်။
မယှံ ဝသံ အတိက္ကန္တော၊ ငါ၏ အလိုနိုင်ငံကို ကျော်လွန်သွားပြီ။
ဧတ္တကံ ကာလံ ဩလောကေန္တော၊ ဤခြောက်နှစ်အတိုင်းအရှည်ရှိသော ကာလပတ်လုံးကြည့်နေလျက်။
အဿ ဩတာရံ၊ ဤရဟန်းကြီး၏ အကြားအပေါက်ကို။
ဒဋ္ဌုံ နာသက္ခိံ၊ တွေ့မြင်ခြင်းငှာ ငါမစွမ်းနိုင်ပြီ။
တေန အဟံ၊ ထို့ကြောင့် ငါဖခင်မာရ်နတ်သည်။
ဒုက္ခီ ဒုမ္မနောတိ၊ စိတ်ဆင်းရဲ၏ စိတ်မကောင်းဟုပြောပြီ။
အယံ ဧတံ၊ သမီးဖြစ်ကြသော ကျွန်မတို့သည် ထိုရဟန်းကြီးကို။
အတ္တနော ဝသေ ကတွာ၊ မိမိတို့၏ အလိုနိုင်ငံကို ပြု၍။
အာဒါယ အာဂမိဿာမာတိ၊ ခေါ်ယူ၍ လာကြပါမည်ဟု ပြောကုန်ပြီ။
အမ္မာ ဧသော ကေနစိ၊ အိုချစ်သမီးတို့ ဤရဟန်းကြီးကိုမည်သူသည်မျှ။
ဝသေ ကာတုံ န သက္ကာ၊ မိမိအလိုနိုင်ငံ၌ ပြုခြင်းငှာ မစွမ်းနိုင်။
ဧသော ပုရိသော၊ ဤယောကျ်ားသည်ကား။
အစလာယ သဒ္ဓါယ ပတိဋ္ဌိတောာတိ၊ မတုန်လှုပ်သော သဒ္ဓါ၌ တည်ပြီဟု ပြောပြီ။
တာတ မယံ ဣတ္ထိယော နာမ၊ အိုဖခင် သမီးတို့ အမျိုးသမီးတို့မည်သည်။
ဣဒါနေဝ နံ၊ ယခုပင် ထိုရဟန်းကြီးကို။
ရာဂပါသာဒီဟိ၊ ရာဂကျော့ကွင်းစသည်တို့ဖြင့်။
ဗန္ဓိတွာ အာနေဿာမ၊ ဖွဲ့ချည်၍ ဆောင်ယူခဲ့ပါကုန်အံ့။
တုမှေ၊ သင်ဖခင် မာရ်နတ်မင်းတို့သည်။
မာ စိန္တယိတ္ထာတိ၊ မတွေးကြ, မပူပန်ပါကုန်လင့်ဟု ပြောကြ၍။
ဘဂဝန္တံ ဥပသင်္ကမိတွာ၊ ဘုရားရှင်သို့ ချဉ်းကပ်၍။
သမဏ ပါဒေ တေ၊ အိုရှင်ရဟန်း အရှင်ရဟန်း၏ ခြေတို့ကို။
ပရိစာရေမာတိ အာဟံသု၊ ပြုစုပါကုန်အံ့ဟု လျှောက်ကုန်ပြီ။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
တာသံ ဝစနံ၊ ထိုမာရ်နတ်မင်းသမီးတို့၏ စကားကို။
မနသိ နေဝ အကာသိ၊ စိတ်၌ ပြုတော်မမူ(ထားတော်မမူပြီ)။
အက္ခီနိ ဥမ္မီလေတွာ၊ မျက်စိတို့ကို ဖွင့်၍။
န ဩလောကေသိ၊ ကြည့်တော်မမူပြီ။
အနုတ္တရေ ဥပဓိသင်္ခယေ၊ မိမိထက်မြတ်သော တရားမရှိသော ဥပဓိတို့ ကောင်းစွာကုန်ရာ နိဗ္ဗာန်၌။
ဝိမုတ္တမာနသော၊ ကိလေသာမှလွတ်သောစိတ် ရှိတော်မူ၍။
ဝိဝေကသုခညေဝ အနုဘဝန္တော နိသီဒိ၊ သင်္ခါရကင်းဆိတ်သည့် နိဗ္ဗာန်ချမ်းသာကိုသာ ခံစားလျက်ထိုင်နေတော်မူပြီ။
ပုန မာရဓီတရော၊ တစ်ဖန် မာရ်နတ်မင်းသမီးတို့သည်။
ပုရိသာနံ အဓိပ္ပါယာ ဥစ္စာဝစာ ခေါ၊ ယောကျ်ားတို့၏ အလိုဆန္ဒတို့သည် အမြတ်အယုတ်, အဖြာဖြာရှိကုန်၏။
ကေသဉ္စိ ကုမာရိကာသု၊ အချို့ယောကျ်ားတို့မှာ တစ်ဆယ့်နှစ်နှစ်အရွယ် သတို့သမီးငယ်တို့၌။
ပေမံ ဟောတိ၊ ချစ်ခင်မှုသည် ဖြစ်၏။
ကေသဉ္စိ ပဌမဝယေ ဌိတာသု၊ အချို့ယောကျ်ားတို့မှာ ပထမအရွယ်၌ တည်ရှိသော အမျိုးသမီးတို့၌လည်းကောင်း။
ကေသဉ္စိ မဇ္ဈိမဝယေ ဌိတာသု၊ အချို့ယောကျ်ားတို့မှာ မဇ္ဈိမအရွယ်၌ တည်ရှိသော အမျိုးသမီးတို့၌လည်းကောင်း။
(ပေမံ ဟောတိ၊ ချစ်ခင်မှုသည် ဖြစ်၏)။
မယံ၊ မာရ်နတ်မင်းသမီး ငါတို့သုံးယောက်သည်။
နာနပ္ပကာရေဟိ ရူပေဟိ၊ အထူးထူးအပြားပြားကုန်သော ရုပ်အဆင်းတို့ဖြင့်။
ပလောဘေယျာမာ၊ ဖြားယောင်းရပါကုန်မူကား။
ယန္နူန ဣတိ၊ ကောင်းလေစွတကားဟု တွေး၍။
ဧကမေကာ ကုမာရိဝဏ္ဏာဒိဝသေန၊ မာရ်နတ်မင်းသမီး တစ်ယောက် တစ်ယောက်သည် ကုမာရီအရွယ်ပုံစံစသည် အစွမ်းအားဖြင့်။
သတံ သတံ အတ္တဘာဝေ၊ တစ်ရာ တစ်ရာသော ခန္ဓာကိုယ်တို့ကို။
အဘိနိမ္မိနိတွာ၊ ဖန်ဆင်း၍။
ကုမာရိယော အဝိဇာတာ၊ ကုမာရီအရွယ်တို့သည်လည်းကောင်း, မမွေးဖူးသေးသည့် အရွယ်တို့သည်လည်းကောင်း။
သကိံဝိဇာတာ ဒုဝိဇာတာ၊ တစ်ကြိမ်မွေးဖူးသော အရွယ်တို့သည်လည်းကောင်း, နှစ်ကြိမ်မွေးဖူးသော အရွယ်တို့သည်လည်းကောင်း။
မဇ္ဈိမိတ္ထိယော မဟိတ္ထိယော စ ဟုတွာ၊ မိန်းမလတ်အရွယ်တို့သည်လည်းကောင်း, မိန်းမကြီးအရွယ်တို့သည်လည်းကောင်း ဖြစ်ကြ၍။
ဆက္ခတ္တုံ ဘဂဝန္တံ ဥပသင်္ကမိတွာ၊ ခြောက်ကြိမ်တိုင်တိုင် ဘုရားရှင်သို့ ချဉ်းကပ်၍။
သမဏ တေ ပါဒေ၊ အိုရဟန်း အရှင်ရဟန်း၏ ခြေတို့ကို။
ပရိစာရေမာတိ အာဟံသု၊ ပြုစုပါကုန်အံ့ဟု လျှောက်ကုန်ပြီ။
တမ္ပိ ဘဂဝါ၊ ထိုစကားကိုလည်း မြတ်စွာဘုရားသည်။
န မနသာကာသိ၊ နှလုံးသွင်းတော်မမူ။
အနုတ္တရေ ဥပဓိသင်္ခယေဝ၊ မိမိထက်မြတ်သော တရားမရှိသော ဥပဓိကောင်းစွာကုန်ရာနိဗ္ဗာန်၌သာ။
ဝိမုတ္တော ယထာ၊ အာရုံပြု လွတ်မြောက်ပြီးသူကဲ့သို့တည်း။
(တံ၊ အနက်မရှိ)။
မဟိတ္ထိဘာဝေန ဥပဂတာ၊ မိန်းမကြီးအဖြစ်ဖြင့် ကပ်ရောက်ကုန်သော မာရ်နတ်သမီးတို့ကို။
ဒိသွာ ဘဂဝါ၊ မြင်တော်မူ၍ မြတ်စွာဘုရားသည်။
ဧဝမေဝံ ဧတာ၊ ဤအတူ ဤအတူ ဤမာရ်နတ်သမီးတို့သည်။
ခဏ္ဍဒန္တာ ပလိတကေသာ၊ သွားကျိုးကုန်သည် ဆံဖြူကုန်သည်။
ဟောန္တူတိ အဓိဋ္ဌာသီတိ၊ ဖြစ်ကြပါစေဟု အဓိဋ္ဌာန်တော်မူပြီဟု။
ကေစိ အာစရိယာ၊ အချို့ကုန်သော ဆရာတို့သည်။
ပန ဝဒန္တိ၊ ထူးခြားစွာ မိန့်ဆိုကြကုန်၏။
တံ န ဂဟေတဗ္ဗံ၊ ထိုကေစိဆရာတို့စကားကို အမှန်ဟု မယူထိုက်။
ဟိ၊ မှန်၏။
ဧဝရူပံ အဓိဋ္ဌာနံ၊ ဤသို့သဘောရှိသော အဓိဋ္ဌာန်မှုကို။
သတ္ထာ န ကရောတိ၊ မြတ်စွာဘုရားသည် ဘာကြောင့် ဘယ်ခါ, ဘယ်နေရာမျှ, ပြုတော်မမူ။
ပန ဘဂဝါ၊ အဟုတ်သော်ကား မြတ်စွာဘုရားသည်။
တုမှေ အပေထ၊ သင်တို့သည် ဖယ်ကြကုန်။
ကိံ ဒိသွာ၊ အဘယ်ကို မြင်၍။
ဧဝံ ဝါယမထ၊ ဤသို့ အားထုတ်ကြသနည်း။
ဧဝရူပံ နာမ ကာတုံ၊ ဤသို့ သဘောရှိသော, အမှုမည်သည်ကို ပြုခြင်းငှာ။
အဝီတရာဂါဒီနံ ပုရတော ယုတ္တံ၊ ရာဂမကင်းသူ စသည်တို့၏ ရှေ့၌ သင့်လျော်၏။
တထာဂတဿ ပန၊ ငါဘုရားသည်ကား။
ရာဂေါ ပဟီနော၊ ရာဂကိုလည်း ပယ်အပ်ပြီ။
ဒေါသော ပဟီနော၊ ဒေါသကိုလည်း ပယ်အပ်ပြီ။
မောဟော ပဟီနောတိ၊ မောဟကိုလည်း ပယ်အပ်ပြီဟု မိန့်တော်မူပြီး၍။
အတ္တနော ကိလေသပ္ပဟာနံ အာရဗ္ဘ၊ ကိုယ်တော်၏ ကိလေသာ ပယ်ပြီးခြင်းကို အကြောင်းပြုတော်မူ၍။
ယဿ ဇိတံ နာဝဇီယတိ၊ အကြင်မြတ်စွာဘုရားသည် အောင်နိုင်အပ်ပြီး, ကိလေသာကို ထပ်မံအောင်ဖွယ် မလို။
အဿ ဇိတံ၊ ထိုမြတ်စွာဘုရားသည် အောင်နိုင်အပ်ပြီးကိလေသာသည်။
လောကေ ကောစိ နော ယာတိ၊ လောက၌ တစ်စုံတစ်ခုမျှ အစဉ်မလိုက်။
(အထ၊ ထိုသို့ဖြစ်လျက်။)
အနန္တဂေါစရံ၊ အာရုံအနန္တရှိသည့် သဗ္ဗညုတဉာဏ်တော်ရှင် ဖြစ်သော။
အပဒံ၊ ရာဂစသော အကြောင်းမရှိသော။
တံ ဗုဒ္ဓံ၊ ထိုဘုရားရှင်ကို။
ကေန ပဒေန နေဿထ၊ ဘယ်အကြောင်းဖြင့် မိမိအလိုဆောင်ကုန်အံ့နည်း။
ကုဟိဉ္စိ နေတဝေ၊ တစ်စုံတစ်ခုသော လောကသို့ ဆောင်ခြင်းငှာ။
ယဿ၊ အကြင် မြတ်စွာဘုရားမှာ။
ဇာလိနီ ဝိသတ္တိကာ တဏှာ နတ္ထိ၊ ကွန်ရက်နှင့်တူသော အထူးကပ်ငြိတတ်သော တဏှာသည် မရှိ။
အနန္တဂေါစရံ အပဒံ၊ အာရုံအနန္တရှိသည့် သဗ္ဗညုတဉာဏ်တော်ရှင်ဖြစ်သော ရာဂစသော အကြောင်းမရှိသော။
တံ ဗုဒ္ဓံ ကေန ပဒေန နေဿထ၊ ထိုဘုရားရှင်ကို အဘယ်အကြောင်းကြောင့် မိမိအလို ဆောင်ကုန်အံ့နည်း။
ဣတိ ဓမ္မပဒေ ဗုဒ္ဓဝဂ္ဂေ၊ ဤသို့ ဓမ္မပဒ၌ ဗုဒ္ဓဝဂ်၌။
ဣမာ ဒွေ ဂါထာ ဝဒန္တော၊ ဤနှစ်ဂါထာတို့ကို မိန့်တော်မူလျက်။
ဓမ္မံ ကထေသိ၊ တရားကို ဟောတော်မူပြီ။
တာ၊ ထိုမာရ်နတ်မင်းသမီးသုံးယောက်တို့သည်။
နော ပိတာ၊ ငါတို့၏ဖခင်မာရ်နတ်မင်းသည်။
သစ္စံ အဝေါစ ကိရ၊ အမှန်ကို ပြောခဲ့ပြီးတကား။
လောကေ အရဟံ သုဂတော၊ လောကသုံးပါး၌ ပူဇော်အထူးခံတော်မူထိုက်သော မြတ်စွာဘုရားကို။
ရာဂေန န သုဝါနယော၊ ရာဂဖြင့် ဆောင်ယူ၍ မရ။
ဣတိ အာဒီနိ ဝတွာ၊ ဤသို့စသည်တို့ကို ပြောဆိုကြ၍။
ပိတု သန္တိကံ အဂမံသု၊ ဖခင်မာရ်နတ်မင်း၏ အထံသို့ သွားကြကုန်ပြီ။
ဘဂဝါပိ တတ္ထ၊ မြတ်စွာဘုရားသည်လည်း ထိုအဇပါလပညောင်ပင်အနီး၌။
သတ္တာဟံ ဝီတိနာမေတွာ၊ ခုနစ်ရက်ကို လွန်စေတော်မူ၍။
မုစလိန္ဒမူလံ အဂမာသိ၊ ကျည်းပင်ရင်းသို့ ကြွတော်မူပြီ။
တတ္ထ၊ ထိုကျည်းပင်ရင်း၌။
သတ္တာဟဝဒ္ဒလိကာယ ဥပ္ပန္နာယ၊ ခုနစ်ရက်မိုးစွေခြင်းသည် ဖြစ်လတ်သော်။
သီတာဒိပဋိဗာဟနတ္ထံ၊ ချမ်းအေးမှုစသည် ပယ်ဖျောက်ခြင်းငှာ။
မုစလိန္ဒေန နာဂရာဇေန၊ မုစလိန္ဒမည်သော နဂါးမင်းသည်။
သတ္တက္ခတ္တုံ၊ ခုနစ်ကြိမ်။
ဘောဂေဟိ ပရိက္ခိတ္တော၊ အခွေတို့ဖြင့် ကာရံအပ်သည်ဖြစ်၍။
အသမ္ဗာဓာယ ဂန္ဓကုဋိယံ၊ မကျဉ်းမြောင်းသော ဂန္ဓကုဋိတိုက်ခန်းတော်၌။
ဝိဟရန္တော ဝိယ၊ နေတော်မူရဘိသကဲ့သို့။
ဝိမုတ္တိသုခံ ပဋိသံဝေဒိယမာနော၊ အရဟတ္တဖိုလ်ချမ်းသာကို ခံစားတော်မူလျက်။
သတ္တာဟံ ဝီတိနာမေတွာ၊ ခုနစ်ရက်ကို ကုန်လွန်စေတော်မူ၍။
ရာဇာယတနံ ဥပသင်္ကမိ၊ လင်းလွန်းပင်သို့ ချဉ်းကပ်တော်မူပြီ။
တတ္ထာပိ ဝိမုတ္တိသုခံ၊ ထိုလင်းလွန်းပင်ရင်း၌လည်း အရဟတ္တဖိုလ်ချမ်းသာကို။
ပဋိသံဝေဒိယမာနောယေဝ နိသီဒိ၊ ခံစားလျက်သာ နေတော်မူပြီ။
ဧတ္တာဝတာ၊ ဤမျှအတိုင်းအရှည်ရှိသော စကားဖြင့်။
သတ္တ သတ္တာဟာနိ ပရိပုဏ္ဏာနိ၊ ခုနစ်ရက်ခုနစ်လီတို့သည် ပြည့်ကုန်ပြီ။
ဧတ္ထန္တရေ၊ ဤခုနစ်ရက်ခုနစ်လီအတွင်း၌။
မုခဓောဝနံ၊ မျက်နှာတော်သစ်ခြင်းသည်။
နေဝ အဟောသိ၊ မဖြစ်ပြီ။
သရီရပဋိဇဂ္ဂနံ၊ ကိုယ်လက်သုတ်သင်ခြင်းသည်။
န အဟောသိ၊ မဖြစ်ပြီ။
အာဟာရကိစ္စံ၊ စားသောက်မှုကိစ္စသည်။
န အဟောသိ၊ မဖြစ်ပြီ။
ဈာနသုခဖလသုခေနေဝ ဝီတိနာမေသိ၊ စတုတ္ထဈာန်ချမ်းသာ, အရဟတ္တဖိုလ်ချမ်းသာဖြင့်သာ ကုန်လွန်စေတော်မူပြီ။
အထ အဿ၊ လင်းလွန်းပင်းရင်း နေတော်မူရာ ထိုအခါ၌ ထိုမြတ်စွာဘုရားသည်။
သတ္တသတ္တာဟမတ္ထကေ၊ ခုနစ်ရက်ခုနစ်လီ၏ နောက်ပိတ်, ထိပ်ဆုံးဖြစ်သော။
ဧကူနပညာသတိမေ တသ္မိံ ဒိဝသေ၊ လေးဆယ့်ကိုးရက်မြောက်ဖြစ်သော ထိုဝါဆိုလဆန်း ငါးရက်နေ့၌။
တတ္ထ နိသိန္နဿ၊ ထိုလင်းလွန်းပင်ရင်း၌ နေတော်မူစဉ်။
မုခံ ဓောဝိဿာမီတိ၊ မျက်နှာကို သစ်အံ့ဟု။
စိတ္တံ ဥဒပါဒိ၊ စိတ်တော်သည် ဖြစ်ပြီ။
ဒေဝါနံ ဣန္ဒော သက္ကော၊ နတ်တို့၏ အရှင်ဖြစ်သော သိကြားမင်းသည်။
အဂဒဟရီဋကံ အာဟရိတွာ အဒါသိ၊ ဆေးကြဇုသီးကို ဆောင်ယူ၍ ဆက်ကပ်ပြီ။
သတ္ထာ တံ ပရိဘုဉ္ဇိ၊ မြတ်စွာဘုရားသည် ထိုဆေးကြဇုသီးကို ဘုဉ်းပေးတော်မူပြီ။
တေန အဿ၊ ထိုဆေးကြဇုသီး ဘုဉ်းပေးတော်မူခြင်းကြောင့် ထိုမြတ်စွာဘုရားမှာ။
သရီရဝဠဉ္ဇံ အဟောသိ၊ ကိုယ်လက် သုတ်သင်မှု, ကျင်ကြီး, ကျင်ငယ်မှုသည် ဖြစ်ပြီ။
အထ အဿ သက္ကောယေဝ၊ ကိုယ်လက်သုတ်သင်ပြီးရာ ထိုအခါ၌ ထိုမြတ်စွာဘုရားအား သိကြားမင်းသည်ပင်။
နာဂလတာဒန္တကဋ္ဌဉ္စေဝ၊ နဂါးပြည်ဖြစ် ကွမ်းရိုးဒန်ပူကိုလည်းကောင်း။
မုခဓောဝနဥဒကဉ္စ အဒါသိ၊ မျက်နှာတော်သစ်ရန် အနောတတ်အိုင်ရေကိုလည်းကောင်း ကပ်လှူပြီ။
သတ္ထာ တံ ဒန္တ ကဋ္ဌံ ခါဒိတွာ၊ မြတ်စွာဘုရားသည် ထိုကွမ်းရိုးဒန်ပူကို စားတော်မူ၍။
အနောတတ္တ ဒဟောဒကေန၊ အနောတတ်အိုင်ရေဖြင့်။
မုခံ ဓောဝိတွာ၊ မျက်နှာကို သစ်တော်မူ၍။
တတ္ထေဝ ရာဇာယတနမူလေ နိသီဒိ၊ ထိုလင်းလွန်းပင်ရင်း၌သာ ထိုင်နေတော်မူပြီ။
တသ္မိံ သမယေ တပုဿဘလ္လိကာ နာမ၊ လင်းလွန်းပင်ရင်း ထိုင်နေတော်မူရာ ထိုအခါ၌ တပုဿဘလ္လိက မည်ကုန်သော။
ဒွေ ဝါဏိဇာ၊ ကုန်သည်ညီနောင်တို့သည်။
ပဉ္စဟိ သကဋသတေဟိ၊ လှည်းငါးရာတို့ဖြင့်။
ဥက္ကလာ ဇနပဒါ၊ ဥက္ကလာဇနပုဒ်မှ။
မဇ္ဈိမဒေသံ ဂစ္ဆန္တာ၊ မဇ္ဈိမဒေသသို့ သွားကြကုန်သော်။
အတ္တနော ဉာတိသာလောဟိတာယ ဒေဝတာယ၊ မိမိတို့၏ ဆွေမျိုးသားချင်းတော်ခဲ့ဖူးသောနတ်သည်။
သကဋာနိ သန္နိရုမ္ဘိတွာ၊ လှည်းတို့ကို ကိုယ်ထင်ပြ ပိတ်ဆို့၍။
သတ္ထု အာဟာရသမ္ပာဒနေ ဥဿာဟိတာ၊ မြတ်စွာဘုရားကို အာဟာရပြည့်စုံစေခြင်း၌ တိုက်တွန်းအပ်၍။
မန္ထဉ္စ မဓုပိဏ္ဍိကဉ္စ အာဒါယ၊ မုန့်ကြွက်ကျစ်ကိုလည်းကောင်း, ပျားဆုပ်မုန့်ကိုလည်းကောင်း ယူ၍။
ဘန္တေ ဘဂဝါ၊ အိုရှင်တော်မြတ်ဘုရား ရှင်တော်မြတ်ဘုရားသည်။
နော ဣမံ အာဟာရံ၊ တပည့်တော်တို့၏ ဤမုန့်ကြွက်ကျစ်, ပျားဆုပ်မုန့်အာဟာရကို။
နော အနုကမ္ပံ ဥပါဒါယ၊ တပည့်တော်တို့အား အစဉ်သနားခြင်းကို အကြောင်းပြု၍။
ပဋိဂ္ဂဏှာတူတိ၊ အလှူခံတော်မူပါဟု လျှောက်၍။
သတ္ထာရံ ဥပသင်္ကမိတွာ၊ ဘုရားရှင်သို့ ချဉ်းကပ်၍။
အဋ္ဌံသု၊ တည်ကုန်ပြီ။
ပါယာသပဋိဂ္ဂဟဏဒိဝသေယေဝ၊ နို့ဃနာအလှူခံရာ နေ့၌ပင်။
ပတ္တဿ အန္တရဟိတတ္တာ၊ ရဟန်းပြုရာနေ့က ဃဋိကာရဗြဟ္မာလှူသော သပိတ်၏ကွယ်ပျောက်ပြီးသည်၏ အဖြစ်ကြောင့်။
တထာဂတာ ဟတ္ထေသု န ခေါ ပဋိဂ္ဂဏှန္တိ၊ ဘုရားရှင်တို့သည် လက်တို့ဖြင့် အလှူမခံကုန်။
ကိမှိ အဟံ ပဋိဂ္ဂဏှေယျံ နု ခေါတိ၊ အဘယ်ဖြင့် ငါဘုရားသည် အလှူခံရအံ့နည်းဟု။
ဘဂဝါ စိန္တေသိ၊ မြတ်စွာဘုရားသည် ကြံတော်မူပြီ။
အထ အဿ စိတ္တံ ဉ တွာ၊ ထိုအခါ၌ ထိုမြတ်စွာဘုရား၏ စိတ်အကြံတော်ကို သိ၍။
စတူဟိ ဒိသာဟိ၊ အရပ်လေးမျက်နှာတို့မှ။
စတ္တာရော မဟာရာဇာနော၊ စတုမဟာရာဇ်နတ်မင်းကြီးလေးယောက်တို့သည်။
ဣန္ဒနီလမဏိမယေ ပတ္တေ ဥပနာမေသုံ၊ ဣန္ဒနီလာကျောက်ညိုဖြင့်ပြီးကုန်သော သပိတ်တို့ကို ဆက်ကပ်ကုန်ပြီ။
ဘဂဝါ တေ ပဋိက္ခိပိ၊ ဘုရားရှင်သည် ထိုဣန္ဒနီလာကျောက်ညိုသပိတ်တို့ကို ပယ်တော်မူပြီ။
ပုန မုဂ္ဂဝဏ္ဏသေလမယေ၊ တစ်ဖန် ပဲနောက်အဆင်းရှိသော ကျောက်ဖြင့် ပြီးကုန်သော။
စတ္တာရော ပတ္တေ ဥပနာမေသုံ၊ သပိတ်လေးလုံးတို့ကို ဆက်ကပ်ကုန်ပြီ။
ဘဂဝါ စတုန္နမ္ပိ ဒေဝပုတ္တာနံ၊ မြတ်စွာဘုရားသည် လေးယောက်လည်းဖြစ်ကုန်သော နတ်သားတို့အား။
အနုကမ္ပာယ၊ အစဉ်သနားတော်မူခြင်းဖြင့်။
စတ္တာရောပိ ပတ္တေ ပဋိဂ္ဂဟေတွာ၊ လေးလုံးလည်းဖြစ်ကုန်သော သပိတ်တို့ကို အလှူခံတော်မူ၍။
ဥပရူပရိ ဌပေတွာ၊ အထက်အထက်၌ လေးလုံးဆင့် ထားတော်မူ၍။
ဧကော ဟောတူတိ အဓိဋ္ဌာသိ၊ တစ်လုံးတည်း ဖြစ်စေဟု အဓိဋ္ဌာန်တော်မူပြီ။
စတ္တာရောပိ၊ သပိတ်လေးလုံးတို့သည်လည်း။
မုခဝဋ္ဋိယံ၊ နှုတ်ခမ်းရေး၌။
ပညာယမာနလေခါ ဟုတွာ၊ ထင်ရှားသော အနားရစ်ရှိကုန်သည် ဖြစ်၍။
မဇ္ဈိမေန ပမာဏေန၊ အလယ်အလတ်ဖြစ်သော ပမာဏအားဖြင့်။
ဧကတ္တံ ဥပဂမိံသု၊ တစ်လုံးတည်းအဖြစ်သို့ ကပ်ရောက်ကုန်ပြီ။
ဘဂဝါ၊ ဘုရားရှင်သည်။
ပစ္စဂ္ဃေ သေလမယေ တသ္မိံ ပတ္တေ၊ အသစ်စက်စက်ဖြစ်သော ပဲနောက်အဆင်းရှိ ကျောက်ဖြင့်ပြီးသော ထိုသပိတ်ဖြင့်။
အာဟာရံ ပဋိဂ္ဂဏှိတွာ၊ မုန့်ကြွက်ကျစ်, ပျားဆုပ်မုန့်အာဟာရကို အလှူခံတော်မူ၍။
ပရိဘုဉ္ဇိတွာ အနုမောဒနံ အကာသိ၊ ဘုဉ်းပေးတော်မူပြီး၍ ဝမ်းမြောက်ဖွယ်, အနုမောဒနာတရားကို ဟောကြားမှု ပြုတော်မူပြီ။
ဘာတရော ဒွေ ဝါဏိဇာ၊ ညီနောင်ဖြစ်ကုန်သော ကုန်သည်နှစ်ယောက်တို့သည်။
ဗုဒ္ဓဉ္စ ဓမ္မဉ္စ၊ ဘုရားကိုလည်းကောင်း, တရားကိုလည်းကောင်း။
သရဏံ ဂန္တွာ၊ ကိုးကွယ်ရာဟူ၍ ဆည်းကပ်ကုန်၍။
ဒွေဝါစိကာ ဥပါသကာ အဟေသုံ၊ ဘုရား, တရား နှစ်ခွန်းသာ ဆိုခြင်းရှိကုန်သော (ဘုရားတရား နှစ်မျိုးတို့ကိုသာ ဆိုခြင်းရှိကုန်သော ရတနာနှစ်ရပ် ဆည်းကပ်တတ်သော ဥပါသကာတို့သည် ဖြစ်ကုန်ပြီ။)
အထ၊ ဥပါသကာဖြစ်ပြီးရာ ထိုအခါ၌။
ဘန္တေ နော၊ အို. . . မြတ်စွာဘုရား တပည့်တော်တို့ညီနောင်အား။
ဧကံ ပရိစရိတဗ္ဗဋ္ဌာနံ၊ တစ်ခုသော ဆည်းကပ်ထိုက်သော ဌာနကို။
ဒေထာတိ ဝဒန္တာနံ နေသံ၊ ပေးသနားတော်မူပါကုန်ဟု လျှောက်ထားကုန်သော ထိုကုန်သည်ညီနောင်တို့အား။
အတ္တနော သီသံ၊ ကိုယ်တော်၏ ဦးခေါင်းကို။
ဒက္ခိဏဟတ္ထေန ပရာမသိတွာ၊ ညာလက်တော်ဖြင့် သုံးသပ်တော်မူ၍။
ကေသဓာတုယော အဒါသိ၊ ဆံတော်ရှင်ဓာတ်တို့ကို ပေးသနားတော်မူပြီ။
တေ အတ္တနော နဂရေ၊ ထိုတပုဿ, ဘလ္လိက ကုန်သည်ညီနောင်တို့သည် မိမိတို့၏ ပေါက္ခရဝတီမြို့၌။
တာ ဓာတုယော၊ ထိုဆံတော်ရျင်ဓာတ်တို့ကို။
သုဝဏ္ဏသမုဂ္ဂဿ အန္တော ပက္ခိပိတွာ၊ ရွှေကြုတ်၏အတွင်း၌ ထည့်၍။
စေတိယံ ပတိဋ္ဌာပေသုံ၊ စေတီတော်ကို တည်ထားကုန်ပြီ။
သမ္မာသမ္ဗုဒ္ဓေါပိ ခေါ တတော ဥဋ္ဌာယ၊ ဘုရားရှင်သည်လည်း ထိုလင်းလွန်းပင်ရင်းမှ ထတော်မူ၍။
ပုန အဇပါလနိဂြောဓမေဝ ဂန္တွာ၊ တစ်ဖန် အဇပါလညောင်ပင်သို့သာ ကြွတော်မူ၍။
နိဂြောဓမူလေ နိသီဒိ၊ အဇပါလပညောင်ပင်ရင်း၌ ထိုင်နေတော်မူပြီ။
အထ တတ္ထ၊ ထိုအခါ၌ ထိုအဇပါလပညောင်ပင်ရင်း၌။
နိသိန္နမတ္တဿေဝ အဿ၊ ထိုင်နေကာမျှသာဖြစ်သော ထိုဘုရားရှင်သည်။
အတ္တနာ အဓိဂတဿ ဓမ္မဿ၊ မိမိသည် ရအပ်သိအပ်သော တရားတော်၏။
ဂမ္ဘီရတံ ပစ္စဝေက္ခန္တဿ၊ နက်နဲသည်၏အဖြစ်ကို ဆင်ခြင်တော်မူစဉ်။
သဗ္ဗဗုဒ္ဓါနံ အာစိဏ္ဏော၊ ဘုရားရှင်အားလုံးတို့၏ အလေ့အကျင့် ဖြစ်သော။
အဓိဂတောခေါ မျာယံ ဓမ္မောတိ၊ အဓိဂတော ခေါ မျာယံ ဓမ္မော စသည်ဖြင့်။
ပရေသံ၊ သူတစ်ပါးတို့အား။
ဓမ္မံ အဒေသေတုကမျတာကာရပဝတ္တော၊ တရားကို မဟောလိုသော အခြင်းအရာအားဖြင့်ဖြစ်သော။
ဝိတက္ကော ဥဒပါဒိ၊ အကြံတော်သည် ဖြစ်ပြီ။
အထ သဟမ္ပတိ ဗြဟ္မာ၊ အကြံတော်ဖြစ်ရာ ထိုအခါ၌ **သဟမ္ပတိမည်သောဗြဟ္မာမင်း**သည်။
ဘော လောကော နဿတိ ဝတ၊ အိုအချင်းတို့ လောကသည် ပျက်စီးစွတကား။
ဘော လောကော နဿတိ ဝတာတိ၊ အိုအချင်းတို့ လောကသည် ပျက်စီးစွတကားဟု ကြွေးကြော်၍။
ဒသဟိ စက္ကဝါဠသဟဿေဟိ၊ စကြာဝဠာတစ်သောင်းတို့မှ။
သက္ကသုယာမသန္တုသိတသုနိမ္မိတဝသဝတ္တိမဟာဗြဟ္မာနော အာဒါယ၊ သိကြားမင်း, သုယာမနတ်မင်း, သန္တုသိတနတ်မင်း, သုနိမ္မိတနတ်မင်း, ဝသဝတ္တီနတ်မင်း, ဗြဟ္မာမင်းကြီးတို့ကို ခေါ်ယူ၍။
သတ္ထု သန္တိကံ ဂန္တွာ၊ ဘုရားရှင်၏ အထံသို့ သွား၍။
ဘန္တေ ဘဂဝါ၊ အိုရှင်တော်ဘုရား ရှင်တော်ဘုရားသည်။
ဓမ္မံ ဒေသေတု ဣတိ၊ တရားကို ဟောတော်မူပါ ဤသို့။
အာဒိနာ နယေန၊ စသောနည်းဖြင့်။
ဓမ္မဒေသနံ အာယာစိ၊ တရားဟောတော်မူခြင်းငှာ ရှေးရှုတဲ့တိုး တောင်းပန်ပြီ။
သတ္ထာ တဿ ပဋိညံ ဒတွာ၊ ဘုရားရှင်သည် ထိုသဟမ္ပတိဗြဟ္မာမင်းအား တရားဟောအံ့ဟူသော ဝန်ခံမှုကို ပေးတော်မူပြီး၍။
ကဿ အဟံ၊ အဘယ်သူအား ငါဘုရားသည်။
ပဌမံ ဓမ္မံ၊ ပထမဆုံး တရားတော်ကို။
ဒေသေယျံ နု ခေါတိ စိန္တေန္တော၊ ဟောရအံ့နည်းဟု ကြံစည်တော်မူသော်။
အာဠာရော ပဏ္ဍိတော၊ အာဠာရရသေ့သည် ပညာရှိ၏။
သော ဣမံ ဓမ္မံ၊ ထိုအာဠာရရသေ့သည် ငါဘုရားဟောမည့် ဤတရားကို။
ခိပ္ပံ အာဇာနိဿတီတိ၊ လျင်စွာ သိလတ္တံ့ဟု။
စိတ္တံ ဥပ္ပါဒေတွာ၊ စိတ်ကို ဖြစ်စေတော်မူပြီး၍။
ပုန ဩလောကေန္တော၊ တစ်ဖန် ဉာဏ်ဖြင့်ကြည့်တော်မူသော်။
တဿ သတ္တာဟကာလကတဘာဝံ ဉ တွာ၊ ထိုအာဠာရရသေ့၏ သေပြီးခုနစ်ရက်ရှိသည့် အဖြစ်ကို သိတော်မူ၍။
ဥဒကံ အာဝဇ္ဇေသိ၊ ဥဒကရသေ့ကို စဉ်းစားတော်မူပြီ။
တဿာပိ အဘိဒေါသကာလကတဘာဝံ ဉ တွာ၊ ထိုဥဒကရသေ့၏လည်း ညဦးက သေပြီးသည့်အဖြစ်ကို သိတော်မူ၍။
ပဉ္စဝဂ္ဂိယေ ဘိက္ခူ၊ ပဉ္စဝဂ္ဂီမည်ကုန်သော ရဟန်းတို့သည်။
မေ ခေါ ဗဟူပကာရာ၊ ငါဘုရားအား စင်စစ် ကျေးဇူးများကုန်၏။
ဣတိ ပဉ္စဝဂ္ဂိယာ အာရဗ္ဘ၊ ဤသို့ ပဉ္စဝဂ္ဂီရဟန်းတို့ကို အာရုံပြု၍။
မနသိကာရံ ကတွာ၊ နှလုံးသွင်းမှုကိုပြု၍။
တေ ဧတရဟိ၊ ထိုပဉ္စဝဂ္ဂီရဟန်းတို့သည် ယခုအခါ၌။
ကဟံ ဝိဟရန္တိ နု ခေါတိ အာဝဇ္ဇေန္တော၊ အဘယ်အရပ်၌ နေကုန်သနည်းဟု ဆင်ခြင်တော်မူသော်။
ဗာရာဏသိယံ ဣသိပတနေ၊ ဗာရာဏသီမြို့အနီး၌ ဣသိပတနမည်သော။
မိဂဒါယေတိ ဉ တွာ၊ မိဂဒါဝုန်တော၌ဟု သိတော်မူ၍။
တတ္ထ ဂန္တွာ၊ ထိုမိဂဒါဝုန်တောသို့ ကြွ၍။
ဓမ္မစက္ကံ ပဝတ္တေဿာမီတိ၊ ဓမ္မစကြာကို ဟောတော်မူအံ့ဟု ကြံတော်မူ၍။
ကတိပါဟံ ဗောဓိမဏ္ဍသာမန္တာယေဝ၊ နှစ်ရက်သုံးရက်ပတ်လုံး ဗောဓိမဏ္ဍိုင်အနီးပတ်ဝန်းကျင်၌သာ။
ပိဏ္ဍာယ စရန္တော ဝိဟရိတွာ၊ ဆွမ်းအကျိုးငှာ လှည့်လည်လျက် နေတော်မူ၍။
အာသာဠှိပုဏ္ဏမာသိယံ၊ ဝါဆိုလပြည့်နေ့၌။
ဗာရာဏသိံ ဂမိဿာမီတိ၊ ဗာရာဏသီမြို့သို့ သွားအံ့ဟုကြံတော်မူ၍။
စာတုဒ္ဒသိယံ ပစ္စူသသမယေ၊ ဝါဆိုလဆန်း ဆယ့်လေးရက်နေ့၌ လင်းအားကြီးအခါ၌။
ရတ္တိယာ ဝိဘာတာယ ကာလဿေဝ၊ ညသည် လင်းလတ်သော် စောစော၌ပင်။
ပတ္တစီဝရံ အာဒါယ၊ သပိတ်သင်္ကန်းကို ယူတော်မူ၍။
အဋ္ဌာရသယောဇနမဂ္ဂံ ပဋိပန္နော၊ တစ်ဆယ့်ရှစ်ယူဇနာခရီးကို ကြွတော်မူသော်။
အန္တရာမဂ္ဂေ ဥပကံနာမ၊ လမ်းခရီးအကြား၌ ဥပကမည်သော။
အာဇီဝကံ ဒိသွာ၊ တက္ကတွန်းကို တွေ့မြင်ရ၍။
အတ္တနော ဗုဒ္ဓဘာဝံ၊ မိမိ၏ ဘုရားဖြစ်ကြောင်းကို။
တဿ အာစိက္ခိတွာ၊ ထိုဥပကတက္ကတွန်းအား ပြောကြားပြီး၍။
တံ ဒိဝသံယေဝ သာယနှသမယေ၊ ထိုဝါဆိုလပြည့်နေ့၌ပင် ညနေချမ်းအခါ၌။
ဣသိပတနံ အဂမာသိ၊ ဣသိပတနမည်သော မိဂဒါဝုန်တောသို့ အရောက် ကြွတော်မူပြီ။ ။
ပဉ္စဝဂ္ဂိယာ ထေရာ၊ ပဉ္စဝဂ္ဂီမည်ကုန်သော မထေရ်တို့သည်။
တထာဂတံ ဒူရတောဝ အာဂစ္ဆန္တံ ဒိသွာ၊ ဘုရားရှင်ကို အဝေးမှသာ ကြွလာနေသည်ကို မြင်၍။
အာဝုသော အယံ သမဏော ဂေါတမော၊ ငါ့ရှင်တို့ ဤရဟန်းဂေါတမသည်။
ပစ္စယဗာဟုလ္လာယ အာဝတ္တိတွာ၊ ပစ္စည်းပေါများခြင်းငှာ လှည့်လည်၍။
ပရိပုဏ္ဏကာယော ပီဏိန္ဒြိယော၊ ပြည့်စုံသောကိုယ်ရှိသည် ပြည့်ဖြိုးသော ဣန္ဒြေရှိသည်။
သုဝဏ္ဏဝဏ္ဏော ဟုတွာ အာဂစ္ဆတိ၊ ရွှေအဆင်းရှိသည် ဖြစ်၍ လာနေ၏။
ဣမဿ အဘိဝါဒနာဒီနိ န ကရိဿာမ၊ ဤရဟန်းဂေါတမအား ရှိခိုးခြင်းစသည်တို့ကို မပြုကုန်အံ့။
ခေါ ပန ဧသော မဟာကုလပသုတော၊ စင်စစ်သော်ကား ဤရဟန်း ဂေါတမသည် အမျိုးကြီးမှ မွေးဖွား၍။
အာသနာဘိဟာရံ အရဟတိ၊ နေရာခင်းပေးခြင်းငှာ ထိုက်၏။
တေန အဿ၊ ထို့ကြောင့် ဤရဟန်းဂေါတမဖို့။
အာသနမတ္တံ ပညာပေဿာမာတိ၊ နေရာမျှကို ခင်းထားကုန်အံ့ဟု။
ကတိကံ အကံသု၊ ကတိကဝတ်ကို ပြုကုန်ပြီ။
ဘဂဝါ သဒေဝကဿ လောကဿ စိတ္တာစာရံ၊ ဘုရားရှင်သည် နတ်နှင့်တကွသော သတ္တလောက၏ စိတ်အလိုကို။
ဇာနနသမတ္ထေန ဉာဏေန၊ သိစွမ်းနိုင်သော ပရစိတ္တဝိဇာနနအဘိဉာဏ်ဖြင့်။
ကိံ ဣမေ စိန္တယိံသု နု ခေါတိ အာဝဇ္ဇေတွာ၊ အဘယ်ကို ဤပဉ္စဝဂ္ဂီတို့သည် ကြံကုန်ပြီနည်းဟု ဆင်ခြင်တော်မူ၍။
စိတ္တံ အညာသိ၊ ပဉ္စဝဂ္ဂီတို့စိတ်ထားကို သိတော်မူပြီ။
အထ၊ သိတော်မူပြီးရာ ထိုအခါ၌။
သဗ္ဗဒေဝမနုဿေသု အနောဒိဿကဝသေန၊ နတ်လူအားလုံးတို့အပေါ်၌ မရည်ရွယ်သည်၏အစွမ်းဖြင့်။
ဖရဏသမတ္ထံ မေတ္တစိတ္တံ သင်္ခိပိတွာ၊ ဖြန့်စွမ်းနိုင်သော မေတ္တာစိတ်ကို အကျဉ်းချုံးတော်မူ၍။
နေ ဩဒိဿကဝသေန၊ ထိုပဉ္စဝဂ္ဂီတို့ကို ရည်ရွယ်သည့်အစွမ်းဖြင့်။
မေတ္တစိတ္တေန ဖရိ၊ မေတ္တာစိတ်ဖြင့် ဖြန့်တော်မူပြီ။
တေ ဘဂဝတာ၊ ထိုပဉ္စဝဂ္ဂီရဟန်းတို့သည် ဘုရားရှင်က။
မေတ္တ စိတ္တေန ဖုဋ္ဌာ၊ ရည်ရွယ်ပို့သဘော မေတ္တာစိတ်ဖြင့် တွေ့ထိအပ်ကုန်သော် (အထိခံရကုန်သော်)။
တထာဂတေ ဥပသင်္ကမန္တေ၊ ဘုရားရှင်သည် ချဉ်းကပ်တော်မူသော်။
သကာယ ကတိကာယ၊ မိမိတို့ပြုထားသော ကတိကဝတ်၌။
သဏ္ဌာတုံ အသက္ကောန္တာ၊ တည်ခြင်းငှာ မစွမ်းနိုင်ကုန်ရကား။
အဘိဝါဒနပစ္စုဋ္ဌာနာဒီနိ၊ ရှိခိုးခြင်း, ခရီးဦးကြိုဆိုခြင်း အစရှိကုန်သော။
သဗ္ဗကိစ္စာနိ အကံသု၊ ကိစ္စအားလုံးတို့ကို ပြုကုန်ပြီ။
အဿ သမ္မာသမ္ဗုဒ္ဓဘာဝံ ပန၊ ထိုဘုရားရှင်၏ သမ္မာသမ္ဗုဒ္ဓဘုရားဖြစ်ကြောင်းကိုကား။
အဇာနမာနာ ကေဝလံ၊ မသိကြကုန်၍ ရှိခိုးခြင်းစသည်မဖက် သက်သက်။
နာမေန စ အာဝုသောဝါဒေန စ သမုဒါစရန္တိ၊ ဂေါတမအမည်ဖြင့်လည်းကောင်း, အာဝုသော အသုံးအနှုန်းဖြင့်လည်းကောင်း ခေါ်ဝေါ်ပြောဆိုကြကုန်၏။
အထ နေ ဘဂဝါ၊ ထိုအခါ၌ ထိုပဉ္စဝဂ္ဂီတို့ကို ဘုရားရှင်သည်။
ဘိက္ခဝေ ဝေါ တထာဂတံ၊ အိုရဟန်းတို့ သင်တို့သည် ငါဘုရားကို။
နာမေန စ အာဝုသောဝါဒေန စ မာ သမုဒါစရထ၊ ဂေါတမအမည်ဖြင့်လည်းကောင်း, အာဝုသောအသုံးအနှုန်းဖြင့်လည်းကောင်း မခေါ်ကုန်လင့်။
ဘိက္ခဝေ အရဟံ တထာဂတော သမ္မာသမ္ဗုဒ္ဓေါတိ၊ အိုရဟန်းတို့ ပူဇော်အထူးကို ခံယူထိုက်သော ဘုရားတည်း, ရှေးဘုရားတို့အတူလာတော်မူသော ဘုရားတည်း, မှန်စွာကိုယ်တိုင် အကုန်သိတော်မူသော ဘုရားတည်းဟု။
အတ္တနော ဗုဒ္ဓဘာဝံ သညာပေတွာ၊ မိမိ၏ ဘုရားဖြစ်ကြောင်းကို ကောင်းစွာသိစေတော်မူ၍။
ပညတ္တေ ဝရဗုဒ္ဓါသနေ နိသိန္နော၊ ခင်းထားအပ်သော မြတ်သောဘုရားနေရာ၌ ထိုင်နေတော်မူလျက်။
ဥတ္တရာသာဠှနက္ခတ္တယောဂေ ဝတ္တမာနေ၊ လနှင့် ဥတ္တရာသာဠ်နက္ခတ် ယှဉ်ခြင်းသည် ဖြစ်လတ်သော်။
အဋ္ဌာရသဟိ ဗြဟ္မကောဋီဟိ ပရိဝုတော၊ ဗြဟ္မာပေါင်း တစ်ဆယ့်ရှစ်ကုဋေတို့သည် ခြံရံအပ်၍။
ပဉ္စဝဂ္ဂိယေ ထေရေ အာမန္တေတွာ၊ ပဉ္စဝဂ္ဂီမည်ကုန်သောမထေရ်တို့ကို ခေါ်တော်မူ၍။
ဓမ္မစက္ကပ္ပဝတ္တနသုတ္တန္တံ ဒေသေသိ၊ **ဓမ္မစက္ကပဝတ္တနသုတ္တန်**ကို ဟောကြားတော်မူပြီ။
တေသု အညာသိကောဏ္ဍညတ္ထေရော၊ ထိုပဉ္စဝဂ္ဂီငါးပါးတို့တွင် အညာသိကောဏ္ဍညမထေရ်သည်။
ဒေသနာနုသာရေန ဉာဏံ ပေသေန္တော၊ တရားအစဉ်လျောက်သဖြင့် ဝိပဿနာဉာဏ်ကို စေလွှတ်သော်။
သုတ္တပရိယောသာနေ၊ ဓမ္မစက္ကပဝတ္တနသုတ် အဆုံး၌။
အဋ္ဌာရသဟိ ဗြဟ္မကောဋီဟိ သဒ္ဓိံ၊ ဗြဟ္မာတစ်ဆယ့်ရှစ်ကုဋေတို့နှင့်တကွ။
သောတာပတ္တိဖလေ ပတိဋ္ဌာသိ၊ သောတာပတ္တိဖိုလ်၌ တည်ပြီ။
သတ္ထာ တတ္ထေဝ ဝဿံ ဥပဂန္တွာ၊ ဘုရားရှင်သည် ထိုမိဂဒါဝုန်တော၌ပင် ဝါသို့ ကပ်တော်မူ၍။
ပုနဒိဝသေ ဝပ္ပတ္ထေရံ ဩဝဒန္တော၊ နောက်နေ့၌ ဝပ္ပမထေရ်ကို ဆုံးမတော်မူလျက်။
ဝိဟာရေယေဝ နိသီဒိ၊ ကျောင်းတော်၌ပင် နေတော်မူပြီ။
သေသာ စတ္တာရော ပိဏ္ဍာယ စရိံသု၊ ဝပ္ပထေရ်မှ ကြွင်းကျန်ကုန်သော ထေရ်လေးပါးတို့သည် ဆွမ်းအလို့ငှာ လှည့်လည်ကုန်ပြီ။
ဝပ္ပတ္ထေရော ပုဗ္ဗဏှေ ယေဝ၊ ဝပ္ပထေရ်သည် ဝါဆို လဆုတ်တစ်ရက်နေ့ နံနက်အခါ၌ပင်။
သောတာပတ္တိဖလံ ပါပုဏိ၊ သောတာပတ္တိဖိုလ်သို့ ရောက်ပြီ။
ဧတေနေဝ ဥပါယေန၊ ဤနည်းဖြင့်သာ။
ပုနဒိဝသေ ဘဒ္ဒိယတ္ထေရံ၊ နောက်နေ့၌ ဘဒ္ဒိယထေရ်ကိုလည်းကောင်း။
ပုနဒိဝသေ မဟာနာမတ္ထေရံ၊ နောက်နေ့၌ မဟာနာမ်ထေရ်ကိုလည်းကောင်း။
ပုနဒိဝသေ အဿဇိတ္ထေရံ၊ နောက်နေ့၌ အဿဇိထေရ်ကိုလည်းကောင်း။
ဣတိ သဗ္ဗေ၊ ဤသို့ ပဉ္စဝဂ္ဂီထေရ်အားလုံးတို့ကို။
သောတာပတ္တိဖလေ ပတိဋ္ဌာပေတွာ၊ သောတာပတ္တိဖိုလ်၌ တည်စေတော်မူပြီး၍။
ပက္ခဿ ပဉ္စမိယံ၊ ဝါဆိုလဆုတ်ဖက်၏ ငါးရက်နေ့၌။
ပဉ္စပိ ဇနေ သန္နိပါတေတွာ၊ ပဉ္စဝဂ္ဂီထေရ်ငါးပါးတို့ကိုလည်း စုဝေးစေ၍။
အနတ္တလက္ခဏသုတ္တန္တံ ဒေသေသိ၊ **အနတ္တလက္ခဏသုတ္တန်**ကို ဟောကြားတော်မူပြီ။
ဒေသနာပရိယောသာနေ ပဉ္စပိထေရာ၊ အနတ္တလက္ခဏသုတ်တရားဒေသနာ အဆုံး၌ ပဉ္စဝဂ္ဂီထေရ်ငါးပါးတို့သည်လည်း။
အရဟတ္တဖလေ ပတိဋ္ဌဟိံသု၊ အရဟတ္တဖိုလ်၌ တည်ကုန်ပြီ။
အထ သတ္ထာ၊ ပဉ္စဝဂ္ဂီထေရ်တို့, ရဟန္တာဖြစ်ပြီးရာ ထိုအခါ၌ ဘုရားရှင်သည်။
ယသကုလပုတ္တဿ ဥပနိဿယံ ဒိသွာ၊ ယသအမျိုးသား၏ ရဟန္တာဖြစ်ဖို့ အားကြီးသော အကြောင်းကို မြင်တော်မူ၍။
တံ ရတ္တိဘာဂေ နိဗ္ဗိဇ္ဇိတွာ၊ ထိုယသအမျိုးသားကို ညဖက်၌ ငြီးငွေ့၍။
ဂေဟံ ပဟာယ နိက္ခန္တံ၊ အိမ်ကို စွန့်၍ထွက်လာသည်ကို။
ဧဟိ ယသာတိ ပက္ကောသိတွာ၊ လာလော့ ယသဟု ခေါ်တော်မူ၍။
တသ္မိံယေဝ ရတ္တိဘာဂေ သောတာပတ္တိဖလေ၊ ထိုညဖက်၌ပင် သောတာပတ္တိဖိုလ်၌လည်းကောင်း။
ပုနဒိဝသေ အရဟတ္တေ ပတိဋ္ဌာပေတွာ၊ နောက်နေ့၌ အရဟတ္တဖိုလ်၌လည်းကောင်း တည်စေတော်မူပြီး၍။
တဿ သဟာယကေ၊ ထိုယသထေရ်၏ သူငယ်ချင်းဖြစ်ကုန်သော။
စတုပဏ္ဏာသ အပရေပိ ဇနေ၊ ငါးကျိပ်လေးယောက်သော အခြား သူဌေးသားတို့ကိုလည်း။
ဧဟိဘိက္ခုပဗ္ဗဇ္ဇာယ ပဗ္ဗာဇေတွာ၊ ဧဟိဘိက္ခုရဟန်း ပြုခြင်းဖြင့် ရဟန်းပြုပေးတော်မူ၍။
အရဟတ္တံ ပါပေသိ၊ ရဟန္တာအဖြစ်သို့ ရောက်စေတော်မူပြီ။
ဧဝံ လောကေ ဧကသဋ္ဌိယာ၊ ဤသို့ လူ့လောက၌ ခြောက်ကျိပ်တစ်ပါးသော။
အရဟန္တေသု ဇာတေသု၊ လူသားရဟန္တာတို့သည် ဖြစ်ကုန်, ရှိကုန်လတ်သော်။
သတ္ထာ ဝုတ္ထဝဿော ပဝါရေတွာ၊ ဘုရားရှင်သည် ဝါကျွတ်သော် ပဝါရဏာပြုတော်မူပြီး၍။
ဘိက္ခဝေ စာရိကံ စရထာတိ၊ အိုရဟန်းတို့ ခရီးဒေသစာရီကို သွားကြကုန်လော့ဟု။
သဋ္ဌိဘိက္ခူ ဒိသာသု ပေသေတွာ၊ ခြောက်ကျိပ်သောရဟန်းတို့ကို အရပ်လေးမျက်နှာတို့၌ စေလွှတ်တော်မူပြီး၍။
သယံ ဥရုဝေလံ ဂစ္ဆန္တော၊ ကိုယ်တိုင်ကား ဥရုဝေလတောသို့ ကြွတော်မူသော်။
အန္တရာမဂ္ဂေ ကပ္ပါသိကဝနသဏ္ဍေ၊ လမ်းခရီးအကြားဖြစ်သော ကပ္ပါသိကမည်သော တောအုပ်၌။
ဘဒ္ဒဝဂ္ဂိယကုမာရေ၊ ဘဒ္ဒဝဂ္ဂီမင်းသားဖြစ်ကုန်သော။
တိံသ ဇနေ ဝိနေသိ၊ နောင်ညီ သုံးကျိပ်တို့ကို ဆုံးမတော်မူပြီ။
တေသု၊ ထိုဘဒ္ဒဝဂ္ဂီ နောင်ညီသုံးကျိပ်တို့တွင်။
သဗ္ဗပစ္ဆိမကော သောတာပန္နော၊ အားလုံး၏နောက်ဆုံးဖြစ်သော ပုဂ္ဂိုလ်သည် သောတာပန်သည်။
သဗ္ဗုတ္တမော အနာဂါမီ အဟောသိ၊ အားလုံးထက် အမြတ်ဆုံးပုဂ္ဂိုလ်သည် အနာဂါမ်သည် ဖြစ်ပြီ။
တေပိ သဗ္ဗေ၊ ထိုဘဒ္ဒဝဂ္ဂီ ရဟန်းသုံးကျိပ်လုံးတို့ကိုလည်း။
ဧဟိဘိက္ခုဘာဝေနေဝ ပဗ္ဗာဇေတွာ၊ ဧဟိဘိက္ခုရဟန်းအဖြစ်ဖြင့်သာ ရဟန်းပြုပေးတော်မူ၍။
ဒိသာသု ပေသေတွာ၊ အရပ်မျက်နှာတို့၌ စေလွှတ်တော်မူပြီး၍။
ဥရုဝေလံ ဂန္တွာ၊ ဥရုဝေလတောသို့ ကြွတော်မူ၍။
အဍ္ဎုဍ္ဎာနိ ပါဋိဟာရိယသဟဿာနိ ဒဿေတွာ၊ သုံးထောင့်ငါးရာကုန်သော တန်ခိုးပြာဋိဟာတို့ကို ပြတော်မူ၍။
ဥရုဝေလကဿပါဒယော သဟဿဇဋိလပရိဝါရေ၊ ဥရုဝေလကဿပ အစရှိကုန်သော ရသေ့တစ်ထောင်အခြံအရံရှိကုန်သော။
တေဘာတိကဇဋိလေ ဝိနေတွာ၊ ရသေ့ညီနောင်သုံးယောက်တို့ကို ဆုံးမတော်မူပြီး၍။
ဧဟိဘိက္ခုဘာဝေနေဝ ပဗ္ဗာဇေတွာ၊ ဧဟိဘိက္ခု ရဟန်းအဖြစ်ဖြင့်သာ ရဟန်းပြုတော်မူ၍။
ဂယာသီသေ နိသီဒါပေတွာ၊ ဂယာသီသကျောက်ဖျာ၌ နေစေ၍။
အာဒိတ္တပရိယာယဒေသနာယ၊ **အာဒိတ္တပရိယာယသုတ်**တရားဖြင့်။
အရဟတ္တေ ပတိဋ္ဌာပေတွာ၊ အရဟတ္တဖိုလ်၌ တည်စေတော်မူ၍။
တေန အရဟန္တသဟဿေန ပရိဝုတော၊ ထိုဥရုဝေလကဿပ စသော ရဟန္တာတစ်ထောင်သည် ခြံရံအပ်လျက်။
ဗိမ္ဗိသာရရညော ဒိန္နံ၊ ဗိမ္ဗိသာရမင်းသား ပေးထားခဲ့သော။
ပဋိညံ မောစေဿာမီတိ၊ ဝန်ခံမှုကို လွတ်စေအံ့ဟု။
ရာဇဂဟံ ဂန္တွာ၊ ရာဇဂြိုဟ်မြို့သို့ ကြွတော်မူ၍။
နဂရူပစာရေ လဋ္ဌိဝနုယျာနံ အဂမာသိ၊ ရာဇဂြိုဟ်မြို့ဥပစာ၌ ထန်းတောဥယျာဉ်သို့ ကြွတော်မူပြီ။
ရာဇာ ဥယျာနပါလဿ သန္တိကာ၊ ဗိမ္ဗိသာရမင်းသည် ဥယျာဉ်စောင့်၏ အထံမှ။
သတ္ထာ အာဂတောတိ သုတွာ၊ ဘုရားရှင်သည် ကြွတော်၏ဟု ကြားရ၍။
ဒွါဒသနဟုတေဟိ၊ တစ်သိန်း နှစ်သောင်းကုန်သော။
ဗြာဟ္မဏဂဟပတိကေဟိ ပရိဝုတော၊ ပုဏ္ဏားသူကြွယ်တို့သည် ခြံရံအပ်လျက်။
သတ္ထာရံ ဥပသင်္ကမိတွာ၊ ဘုရားရှင်သို့ ချဉ်းကပ်၍။
သုဝဏ္ဏပဋ္ဋဝိတာနံဝိယ၊ ရွှေပြားမျက်နှာကျက်ကဲ့သို့။
ပဘာသမုဒယံ ဝိဿဇ္ဇန္တေသု၊ အရောင်အပေါင်းကို လွှတ်လျက် နေကုန်သော။
တထာဂတဿ စက္ကဝိစိတ္တတလေသု ပါဒေသု၊ ဘုရားရှင်၏ စက်လက္ခဏာတို့ဖြင့် ဆန်းကြယ်သော အပြင်ရှိကုန်သော ခြေတော်တို့၌။
သိရသာ နိပတိတွာ၊ ဦးခေါင်းဖြင့် ဝပ်လျှိုး၍။
ပရိသာယ သဒ္ဓိံ၊ ပရိသတ်နှင့်တကွ။
ဧကမန္တံ နိသီဒိ၊ သင့်တင့်လျောက်ပတ်သော အရပ်၌ ထိုင်နေပြီ။
အထ ခေါ တေသံ ဗြာဟ္မဏဂဟပတိကာနံ၊ ထိုအခါ၌ ထိုတစ်သိန်းနှစ်သောင်းကုန်သော ပုဏ္ဏားသူကြွယ်တို့မှာ။
"မဟာသမဏော ဥရုဝေလကဿပေ၊ ရဟန်းကြီးသည် ဥရုဝေလကဿပရသေ့ထံ၌။
ဗြဟ္မစရိယံ စရတိ နု ခေါ၊ မြတ်သောအကျင့်ကို ကျင့်လေသလော။
ဥဒါဟု ဥရုဝေလကဿပေါ မဟာသမဏေတိ၊ ထိုသို့မဟုတ် ဥရုဝေလကဿပရသေ့သည် ရဟန်းကြီးထံ၌လော"ဟု။
ဧတံ အဟောသိ၊ ဤအကြံသည် ဖြစ်ပြီ။
ဘဂဝါ တေသံ စေတောပရိဝိတက္ကံ၊ ဘုရားရှင်သည် ထိုပုဏ္ဏားသူကြွယ်တို့၏ စိတ်အကြံကို။
စေတသာ အညာယ၊ ကိုယ်တော့်စိတ်ဖြင့် သိတော်မူ၍။
"ကိမေဝ ဒိသွာ ဥရုဝေလဝါသိ, ပဟာသိ အဂ္ဂိံ ကိသကောဝဒါနော, ပုစ္ဆာမိ တံ ကဿပ ဧတမတ္ထံ ကထံ ပဟီနံ တဝ အဂ္ဂိဟုတ္တ"န္တိ၊ 'ကိမေဝ ဒိသွာ (လ) တဝ အဂ္ဂိဟုတ္တံ'ဟူသော။
ဂါထာယ ထေရံ အဇ္ဈဘာသိ၊ ဂါထာဖြင့် ဥရုဝေလကဿပထေရ်ကို မိန့်ကြားမေးမြန်းတော်မူပြီ။
ဥရုဝေလဝါသိ၊ ဥရုဝေလတောအုပ်၌ နေလေ့ရှိသော အိုကဿပ။
ကိသကောဝဒါနော၊ ခန္ဓာကိုယ်ကြုံလှီသော ရသေ့တို့ကို ဆုံးမသူ ဆရာကြီးဖြစ်လျက်။
ကိမေဝ ဒိသွာ၊ အဘယ်အပြစ်ကို တွေ့မြင်၍။
အဂ္ဂိံ ပဟာသိ၊ မီးပူဇော်မှုကို ပယ်ရှားစွန့်ပစ်သနည်း။
ကဿပ တံ၊ အိုကဿပ သင့်ကို။
ဧတံ အတ္ထံ ပုစ္ဆာမိ၊ ထိုအကြောင်းကို ငါဘုရားမေးတော်မူ၏။
တဝ အဂ္ဂိဟုတ္တံ၊ သင်၏ မီးပူဇော်မှုကို။
ကထံ တဝ ပဟီနံ၊ အဘယ့်ကြောင့် သင်ကဿပသည် စွန့်ပစ်အပ်သနည်း။
ထေရောပိ ဘဂဝတော အဓိပ္ပါယံ ဝိဒိတွာ၊ ဥရုဝေလကဿပထေရ်သည်လည်း ဘုရားရှင်၏ အလိုတော်ကို သိ၍။
ယညာ၊ ယဇ်ပူဇော်ခြင်းကြောင့်။
ကာမာ ဣတ္ထိယော စ အဘိဝဒန္တိ၊ ကာမဂုဏ်တို့သည်လည်းကောင်း, အမျိုးသမီးတို့သည်လည်းကောင်း ပြည့်စုံကုန်၏ဟု ယဇ်ဆရာတို့ ဆိုကြကုန်၏။
ရူပေ စ သဒ္ဒေ စ အထော ရသေ စ၊ အဆင်းတို့ကိုလည်းကောင်း, အသံတို့ကိုလည်းကောင်း ထို့ပြင် အနံ့ အရသာ အတွေ့အထိတို့ကို လည်းကောင်း။
ဥပဓီသု ဧတံ မလန္တိ၊ ခန္ဓူပဓိတို့၌ ဤဆိုခဲ့ပြီးအလုံးစုံကို အညစ်အကြေးသာ ဟူ၍။
(ယသ္မာ ဇာနာမိ၊ အကြင်ကြောင့် တပည့်တော်သိ၏)။
တသ္မာ ဉ တွာ၊ ထိုသို့ သိသောကြောင့်။
ယိဋ္ဌေ န အရဉ္ဇိံ၊ ယဇ်ကြီးပူဇော်မှု၌ မမွေ့လျော်ပြီ။
ဟုတေ န အရဉ္ဇိံ၊ နေ့စဉ် ယဇ်ပူဇော်မှု၌ မမွေ့လျော်ပြီ"။
ဣတိ ဣမံ ဂါထံ ဝတွာ၊ ဟူသော ဤဂါထာကို ရွတ်ဆို လျှောက်ထားပြီး၍။
အတ္တနော သာဝကဘာဝပကာသနတ္ထံ၊ မိမိ၏ တပည့်ဖြစ်ကြောင်း ထင်ရှားပြခြင်းငှာ။
တထာဂတဿ ပါဒပိဋ္ဌေ၊ ဘုရားရှင်၏ ခြေဖမိုးပေါ်၌။
သီသံ ဌပေတွာ၊ ဦးခေါင်းကို တင်ထား၍။
ဘန္တေ ဘဂဝါ မေ သတ္ထာ၊ အိုရှင်တော်ဘုရား ရှင်တော်ဘုရားသည် တပည့်တော် ဥရုဝေလကဿပ၏ ဆရာပါတည်း။
အဟံ သာဝကော၊ တပည့်တော် ဥရုဝေလကဿပသည် တပည့်သည်။
အသ္မီတိ ဝတွာ၊ ဖြစ်ပါ၏ဟု လျှောက်ထား၍။
ဧကတာလံ ဒွိတာလံ တိတာလန္တိ၊ ထန်းတစ်ဆင့် ထန်းနှစ်ဆင့် ထန်းသုံးဆင့် ဤသို့။
ယာဝသတ္တတာလပ္ပမာဏံ၊ ထန်းခုနစ်ဆင့်ပမာဏတိုင်အောင်။
သတ္တက္ခတ္တုံ ဝေဟာသံ အဗ္ဘုဂ္ဂန္တွာ ဩရုယှ၊ ခုနစ်ကြိမ်ကောင်းကင်သို့ ပျံတက်ပြီးသော် သက်ဆင်း၍။
တထာဂတံ ဝန္ဒိတွာ ဧကမန္တံ နိသီဒိ၊ ရှင်တော်ဘုရားကို ရှိခိုး၍ သင့်တင့်လျောက်ပတ်သောနေရာ၌ ထိုင်နေပြီ။
တံ ပါဋိဟာရိယံ ဒိသွာ မဟာဇနော၊ ထိုတန်ခိုးပြာဋိဟာကို ဖူးမြင်ရ၍ လူအများသည်။
ဗုဒ္ဓါ အဟော မဟာနုဘာဝါ၊ ဘုရားရှင်တို့သည် ဪ တန်ခိုးကြီးပါပေကုန်စွ။
ဧဝံ ထာမဂတဒိဋ္ဌိကော၊ ဤသို့ ခိုင်မြဲမှုရောက်သည့် အယူမှားရှိသော။
အရဟာတိ မညမာနော၊ ကိုယ့်ကိုယ်ကို ရဟန္တာဟု ထင်မှတ်နေသော။
ဥရုဝေလကဿပေါ နာမပိ၊ ဥရုဝေလကဿပမည်သော ရသေ့ကိုသော်မှလည်း။
ဒိဋ္ဌိဇာလံ ဘိန္ဒိတွာ၊ အယူမှားကွန်ရက်ကို ဖောက်ခွဲဖျက်ဆီးတော်မူ၍။
တထာဂတေန ဒမိတောတိ၊ ဘုရားရှင်သည် ဆုံးမတော်မူနိုင်ပါပေ၏ဟု။
သတ္ထု ဂုဏကထံယေဝ ကထေသိ၊ ဘုရားရှင်၏ ဂုဏ်တော်နှင့်စပ်သော စကားကိုသာ ပြောဆိုပြီ။
အဟံ ဣဒါနိယေဝ၊ ငါဘုရားသည် ယခုအခါ၌သာ။
ဥရုဝေလကဿပံ န ဒမေမိ၊ ဥရုဝေလကဿပ ရသေ့ကို ဆုံးမသည်မဟုတ်သေး။
အတီတေပိ ဧသော မယာ ဒမိတော ယေဝါတိ၊ ရှေးလွန်လေပြီးသော အခါ၌လည်း ဤဥရုဝေလဥဿပကို ငါဘုရားသည် ဆုံးမတော်မူအပ်ဖူးပြီဟု။
ဘဂဝါ ဝတွာ၊ ဘုရားရှင်သည် မိန့်တော်မူ၍။
ဣမိဿာ အဋ္ဌုပ္ပတ္တိယာ၊ ဤအကြောင်းအတ္ထုပ္ပတ်ကြောင့်။
(စာကိုယ်ပါဠိမှာ "ဣမိဿာ" ရှိသည်။ နိမိတ္တသတ္တမီဖြစ်၍ ဣမာယဖြစ်သင့်ဟု ထင်)။
မဟာနာရဒကဿပဇာတကံ ကထေတွာ၊ **မဟာနာရဒကဿပဇာတ်**ကို ဟောတော်မူ၍။
စတ္တာရိ သစ္စာနိ ပကာသေသိ၊ သစ္စာလေးပါးတို့ကို ပြတော်မူပြီ။
မဂဓရာဇာ၊ မဂဓတိုင်းရှင် ဗိမ္ဗိသာရဘုရင်သည်။
ဧကာဒသဟိ နဟုတေဟိ သဒ္ဓိံ၊ ပုဏ္ဏားသူကြွယ် တစ်သိန်းတစ်သောင်းတို့နှင့် တကွ။
သောတာပတ္တိဖလေ ပတိဋ္ဌာသိ၊ သောတာပတ္တိဖိုလ်၌ တည်ပြီ။
ဧကံ နဟုတံ ဥပါသကတ္တံ ပဋိဝေဒေသိ၊ ပုဏ္ဏားသူကြွယ် တစ်သောင်းသည် ရတနာသုံးပါး ဆည်းကပ်တတ်သည့် ဥပါသကာဖြစ်ကြောင်းကို လျှောက်ထားသိစေပြီ။
ရာဇာ သတ္ထုသန္တိကေ နိသိန္နောယေဝ၊ ဗိမ္ဗိသာရမင်းသည် ဘုရားရှင်၏ အထံတော်၌ ထိုင်လျက်သာ။
ပဉ္စအဿာသကေ ပဝေဒေတွာ၊ တောင့်တချက် ငါးမျိုးတို့ကို လျှောက်ထားပြီး၍။
သရဏံ ဂန္တွာ၊ ကိုးကွယ်ရာဟု ဆည်းကပ်၍။
သွာတနာယ နိမန္တေတွာ၊ နက်ဖြန်ကုသိုလ်ဖြစ်ဖို့ ဆွမ်းစားပင့်၍။
အာသနာ ဝုဋ္ဌာယ၊ နေရာမှ ထ၍။
ဘဂဝန္တံ ပဒက္ခိဏံ ကတွာ ပက္ကာမိ၊ ဘုရားရှင်ကို လက်ယာရစ် လှည့်လည်သည်ကို ပြု၍ ဖဲသွားပြီ။
ပုန ဒိဝသေ ယေဟိ စ ဘဂဝါ ဒိဋ္ဌော၊ နောက်နေ့၌ အကြင်သူတို့သည်လည်း ဘုရားရှင်ကို ဖူးမြင်အပ်ဖူးပြီ။
ယေဟိ စ အဒိဋ္ဌော၊ အကြင်သူတို့သည်လည်း မဖူးမြင်အပ်ဖူးပေ။
ရာဇဂဟဝါသိနော သဗ္ဗေပိ၊ ရာဇဂြိုဟ်မြို့နေ အားလုံးလည်း ဖြစ်ကုန်သော။
အဋ္ဌာရသကောဋိသင်္ခါ မနုဿာ၊ တစ်ဆယ့်ရှစ်ကုဋေအရေအတွက်ရှိကုန်သော လူတို့သည်။
တထာဂတံ ဒဋ္ဌုကာမာ၊ ဘုရားရှင်ကို ဖူးမြင်လိုကုန်၍။
ပါတောဝ ရာဇဂဟတော၊ စောစော၌သာ ရာဇဂြိုဟ်မြို့မှ။
လဋ္ဌိဝနုယျာနံ အဂမံသု၊ ထန်းတောဥယျာဉ်သို့ သွားကြကုန်ပြီ။
တိဂါဝုတော မဂ္ဂေါ နပ္ပဟောသိ၊ သုံးဂါဝုတ်ရှိသော လမ်းသည် မလောက်ပြီ။
သကလလဋ္ဌိဝနုယျာနံ နိရန္တရံ၊ ထန်းတောဥယျာဉ်တစ်ခုလုံးသည် အကြားမလပ် မရှိအောင်။
ဖုဋံ အဟောသိ၊ လူပြည့်ကျပ် ထိစပ်နေသည် ဖြစ်ပြီ။
မဟာဇနော ဒသဗလဿ၊ လူအများသည် ရှင်တော်ဘုရား၏။
ရူပသောဘဂ္ဂပ္ပတ္တံ အတ္တဘာဝံ ပဿန္တော၊ ရုပ်အဆင်းတင့်တယ်မှုအစုသို့ ရောက်တော်မူသော ရူပကာယတော်ကို ဖူးမြင်လျက်။
တိတ္တိံ ကာတုံ နာသက္ခိ၊ ဖူးမြင်၍ အားရတင်းတိမ်မှုကို ပြုခြင်းငှာ မစွမ်းနိုင်ပြီ။
ဧသာ ဝဏ္ဏဘူမိ နာမ၊ ဤနေရာမျိုးသည်ကား အကျယ်တဝင့် ဖွင့်ဆိုရမည့် နေရာမျိုးမည်၏။
ဟိ ဧဝရူပေသု ဌာနေသု၊ မှန်၏ ဤသို့သဘောရှိကုန်သော ဌာနတို့၌။
တထာဂတဿ လက္ခဏာနုဗျဉ္ဇနာဒိပ္ပဘေဒါ၊ ရှင်တော်ဘုရား၏ လက္ခဏာတော်ကြီး သုံးဆယ့်နှစ်ပါး, လက္ခဏာတော်ငယ် ရှစ်ဆယ်စသည်အပြားရှိသော။
ရူပကာယသိရီ သဗ္ဗာပိ၊ ရူပကာယတော်၏ ကျက်သရေအားလုံးကို။
ဝဏ္ဏေတဗ္ဗာ၊ ချီးကျူးဖွင့်ဆိုထိုက်၏။
ဒသဗလဿ ရူပသောဘဂ္ဂပ္ပတ္တံ သရီရံ၊ ရှင်တော်ဘုရား၏ ရုပ်အဆင်းတင့်တယ်မှုအစုသို့ရောက်သော ကာယတော်ကို။
ပဿမာနေန မဟာဇနေန၊ ဖူးမြော်သော လူအများဖြင့်။
ဥယျာနေ စ မဂ္ဂေ စ၊ ထန်းတောဥယျာဉ်သည်လည်းကောင်း, သုံးဂါဝုတ်ရှိ လမ်းသည်လည်းကောင်း။
ဧဝံ နိရန္တရံ ဖုဋေ၊ ဤသို့ အကြားအလပ်မရှိအောင် လူပြည့်ကျပ်ထိစပ်နေသော်။
ဧကဘိက္ခုဿပိ နိက္ခမနောကာသော နာဟောသိ၊ ရဟန်းတစ်ပါး၏သော်မှလည်း ထွက်ဖို့နေရာသည် မဖြစ်ပြီ, မရှိပြီ။
တံ ဒိဝသံ ဘဂဝါ၊ ထိုနေ့၌ ရှင်တော်ဘုရားသည်။
ဆိန္နဘတ္တော ဘဝေယျ ကိရ၊ ပြတ်သော ဆွမ်းရှိသည် (ဆွမ်းမစားရသည်) ဖြစ်လောက်သတဲ့။
တံ မာအဟောသီတိ၊ ထိုပြတ်သော ဆွမ်းရှိမှုသည် မဖြစ်ပါစေလင့်ဟု အကြောင်းပြု၍။
သက္ကဿ နိသိန္နာသနံ၊ သိကြားမင်း၏ ထိုင်နေရာ မြကျောက်ဖျာသည်။
ဥဏှာကာရံ ဒဿေသိ၊ ပူသောအခြင်းအရာကို ပြုပြီ။
သော အာဝဇ္ဇမာနော၊ ထိုသိကြားမင်းသည် ဆင်ခြင်သော်။
တံ ကာရဏံ ဉ တွာ၊ ထိုအကြောင်းကို သိ၍။
မာဏဝကဝဏ္ဏံ အဘိနိမ္မိနိတွာ၊ လုလင်ငယ်အသွင်ကို ဖန်ဆင်း၍။
ဗုဒ္ဓဓမ္မသင်္ဃပဋိသံယုတ္တာ ထုတိယော ဝဒမာနော၊ ဘုရား,တရား,သံဃာနှင့် ဆက်စပ်ကုန်သော ချီးမွမ်းဖွယ်တို့ကို ရွတ်ဆိုလျက်။
ဒသဗလဿ ပုရတော ဩတရိတွာ၊ ရှင်တော်ဘုရား၏ ရှေ့တော်၌ သက်ဆင်း၍။
ဒေဝတာနုဘာဝေန ဩကာသံ ကတွာ၊ နတ်တို့တန်ခိုးဖြင့် ကြွချီလောက်သောအရပ်ကို ပြုလုပ်၍။
သိင်္ဂီနိက္ခသဝဏ္ဏော၊ အကောင်းဆုံး သိင်္ဂနိက်ရွှေနှင့်တူသော အဆင်းရှိတော်မူသော။
ဘဂဝါ၊ ရှင်တော်ဘုရားသည်။
ဒန္တော၊ ယဉ်ကျေးတော်မူပြီး ဖြစ်၍။
ဒန္တေဟိ၊ ယဉ်ကျေးပြီးဖြစ်ကုန်သော။
ဝိပ္ပမုတ္တော၊ ကျွတ်လွတ်တော်မူပြီးဖြစ်၍။
ဝိပ္ပမုတ္တေဟိ၊ ကျွတ်လွတ်ပြီးဖြစ်ကုန်သော။
ပုရာဏဇဋိလေဟိ သဟ၊ ရသေ့ဖြစ်ဟောင်း, ရဟန္တာပေါင်း တစ်ထောင်တို့နှင့် အတူတကွ။
ရာဇဂဟံ ပါဝိသိ၊ ရာဇဂြိုဟ်မြို့တော်သို့ ကြွဝင်တော်မူလာပြီ။
သိင်္ဂီနိက္ခသဝဏ္ဏော၊ အကောင်းဆုံး သိင်္ဂနိက်ရွှေနှင့်တူသော အဆင်းရှိတော်မူသော။
ဘဂဝါ၊ ရှင်တော်ဘုရားသည်။
မုတ္တော၊ ကိလေသာမှ လွတ်တော်မူပြီး ဖြစ်၍။
မုတ္တေဟိ၊ ကိလေသာမှ လွတ်ပြီး ဖြစ်ကုန်သော။
ဝိပ္ပမုတ္တော၊ ဝဋ်သုံးပါးမှ ကျွတ်လွတ်တော်မူပြီးဖြစ်၍။
ဝိပ္ပမုတ္တေဟိ၊ ဝဋ်သုံးပါးမှ ကျွတ်လွတ်ပြီး ဖြစ်ကုန်သော။
ပုရာဏဇဋိလေဟိ သဟ၊ ရသေ့ဖြစ်ဟောင်း, ရဟန္တာပေါင်း တစ်ထောင်တို့နှင့် အတူတကွ။
ရာဇဂဟံ ပါဝိသိ၊ ရာဇဂြိုဟ်မြို့တော်သို့ ကြွဝင်တော်မူလာပြီ။
သိင်္ဂီနိက္ခသဝဏ္ဏော၊ အကောင်းဆုံး သိင်္ဂနိက်ရွှေနှင့်တူသော အဆင်းရှိတော်မူသော။
ဘဂဝါ၊ ရှင်တော်ဘုရားသည်။
တိဏ္ဏော၊ ဩဃလေးခန်းကို ကူးသန်းလွန်မြောက်တော်မူပြီးဖြစ်၍။
တိဏ္ဏေဟိ၊ ဩဃလေးခန်း ကူးသန်းလွန်မြောက်ပြီး ဖြစ်ကုန်သော။
ဝိပ္ပမုတ္တော၊ ဝဋ်သုံးပါးမှ ကျွတ်လွတ်တော်မူပြီး၍။
ဝိပ္ပမုတ္တေဟိ၊ ဝဋ်သုံးပါးမှ ကျွတ်လွတ်ပြီးဖြစ်ကုန်သော။
ပုရာဏဇဋိလေဟိ သဟ၊ ရသေ့ဖြစ်ဟောင်း ရဟန္တာပေါင်းတစ်ထောင်တို့နှင့် အတူတကွ။
ရာဇဂဟံ ပါဝိသိ၊ ရာဇဂြိုဟ်တော်သို့ ကြွဝင်တော်မူလာပြီ။
ဒသဝါသော ဒသဗလော၊ အရိယာတို့ စံအိမ်တရား ဆယ်ပါးရှိတော်မူသော, ကိုယ်အားဉာဏ်အား ဆယ်ပါးလည်း ရှိတော်မူသော။
ဒသဓမ္မဝိဒူ၊ ကမ္မပထတရား ဆယ်ပါးကိုလည်း ပိုင်းခြားသိမြင်တော်မူသော။
ဒသဘိ စ ဥပေတော၊ အသေက္ခအင်္ဂါ ဆယ်ဖြာတို့နှင့်လည်း ပြည့်စုံတော်မူသော။
သော ဘဂဝါ၊ ထိုရှင်တော်ဘုရားသည်။
ဒသသတပရိဝါရော၊ ရသေ့ဖြစ်ဟောင်း ရဟန္တာပေါင်းတစ်ထောင် ခြံရံလျက်။
ရာဇဂဟံ ပါဝိသိ၊ ရာဇဂြိုဟ်မြို့တော်သို့ ကြွဝင်တော်မူလာပြီ။
ဣမာဟိ ဂါထာဟိ၊ ဤလေးဂါထာတို့ဖြင့်။
သတ္ထု ဝဏ္ဏံ ဝဒမာနော၊ ဘုရားရှင့်ဂုဏ်တော်များကို ပြောဆိုချီးမွမ်းလျက်။
ပုရေတော ပါယာသိ၊ ရှေ့တော်မှ သွားပြီ။
တဒါ၊ သိကြားမင်း, လုလင်ယောင်ဆောင်၍ ဂါထာတို့ကို ရွတ်ဆိုသော ဘုရားရှေ့တော်မှသွားရာ ထိုအခါ၌။
မဟာဇနော မာဏဝကဿ၊ ရာဇဂြိုဟ်မြို့သူမြို့သားလူအများသည် လုလင်ငယ်၏။
ရူပသိရိံ ဒိသွာ၊ ရုပ်အဆင်းကျက်သရေကို တွေ့မြင်ရ၍။
အယံ မာဏဝကော အတိဝိယ အဘိရူပေါ၊ ဤလုလင်ငယ်သည် အလွန်အဆင်းလှပါပေ၏။
အမှေဟိ န ခေါ ပန ဒိဋ္ဌပုဗ္ဗောတိ စိန္တေတွာ၊ ငါတို့သည် မမြင်ဖူးဟု ကြံစည်ကုန်၍။
အယံ မာဏဝကော ကုတော၊ ဤလုလင်ငယ်ကား ဘယ်ကလဲ။
အယံ ကဿ ဝါတိ အာဟ၊ ဤလုလင်ငယ်ကား ဘယ်သူ၏ဟာလဲဟု ပြောပြီ။
တံ သုတွာ မာဏဝေါ၊ လူအများပြောသည့် ထိုစကားကိုကြားရ၍ လုလင်ယောင်ဆောင် သိကြားမောင်သည်။
ယော ဓီရော သဗ္ဗဓိ ဒန္တော၊ အကြင်ရှင်တော်မြတ်ဘုရားသည် ဉာဏ်ကြီးရှင်ဖြစ်တော်မူ၏ ဣန္ဒြေအားလုံးတို့၌ ယဉ်ကျေးတော်မူပြီးလည်း ဖြစ်တော်မူ၏။
သုဒ္ဓေါ အပ္ပဋိပုဂ္ဂလော၊ ကိလေသာဟူက, ဝါသနာမျှမကျန်ရအောင်လည်း, စင်ကြယ်တော်မူ၏, တုပြိုင်နိုင်သည့်ပုဂ္ဂိုလ်လည်း ရှိတော်မမူ။
လောကေ အရဟံ သုဂတော၊ လောက၌ ပူဇော်အထူးကိုလည်း ခံတော်မူထိုက်၏ ကောင်းသောစကားကိုလည်း ဆိုတော်မူတတ်၏။
အဟံ တဿ ပရိစာရကောတိ၊ ငါကား ထိုဆိုခဲ့ပြီး ဂုဏ်တော်တို့သခင် ဘုရားရှင်၏အလုပ်အကျွေးပါတည်းဟူသော။
ဂါထံ အာဟ၊ ဂါထာကို ရွတ်ဆိုပြီ။
သတ္ထာ သက္ကေန ကတောကာသံ၊ ဘုရားရှင်သည် သိကြားမင်းသည် သွားလို့ရအောင် ပြုလုပ်အပ်သော။
မဂ္ဂံ ပဋိပဇ္ဇိတွာ၊ လမ်းသို့ (လမ်းအတိုင်း) ကြွတော်မူ၍။
ဘိက္ခုသဟဿပရိဝုတော ရာဇဂဟံ ပါဝိသိ၊ ရဟန်းတစ်ထောင်ခြံရံအပ်လျက် ရာဇဂြိုဟ်မြို့တော်သို့ ကြွဝင်တော်မူပြီ။
ရာဇာ ဗုဒ္ဓပ္ပမုခဿ သံဃဿ၊ ဗိမ္ဗိသာရမင်းသည် ဘုရားအမှူးရှိသော သံဃာအား။
မဟာဒါနံ ဒတွာ၊ အလှူကြီးကို ပေးလှူ၍။
ဘန္တေ အဟံ တီဏိ ရတနာနိ၊ အိုရှင်တော်ဘုရား တပည့်တော်ဗိမ္ဗိသာရမင်းသည် ရတနာသုံးပါးတို့ကို။
ဝိနာ ဝတ္တိတုံ န သက္ခိဿာမိ၊ ကင်း၍ ဖြစ်ခြင်းငှာ မစွမ်းနိုင်ပါ။
ဝေလာယ ဝါ အဝေလာယ ဝါ၊ သင့်လျော်သောအချိန်၌သော်လည်းကာင်း မသင့်လျော်သောအချိန်၌သော်လည်းကောင်း။
ဘဂဝတော သန္တိကံ အာဂမိဿာမိ၊ ဘုရားရှင်၏ အထံတော်သို့ လာပါအံ့။
လဋ္ဌိဝနုယျာနံ နာမ အတိဒူရေ၊ ထန်းတောဥယျာဉ်မည်သည် မြို့နှင့် အလွန်ဝေး၏။
အမှာကံ ဝေဠုဝနံ နာမ၊ တပည့်တော်တို့၏ ဝေဠုဝန်မည်သော။
ဣဒံ ပန ဥယျာနံ နာတိဒူရေ နာစ္စာသန္နေ၊ ဤ ဥယျာဉ်သည်ကား ဝေးလည်းမဝေး, နီးလည်းမနီးပါ။
ဂမနာဂမနသမ္ပန္နံ၊ သွားမှုလာမှုလွယ်ကူ၏။
ဗုဒ္ဓါရဟံ သေနာသနံ၊ ဘုရားတို့နှင့်ထိုက်တန်သော ကျောင်း အိမ်ရာနေရာပါတည်း။
မေ ဣဒံ၊ တပည့်တော်၏ ဤဝေဠုဝန်ဥယျာဉ်ကို။
ဘဂဝါ ပဋိဂ္ဂဏှာတူတိ၊ ရှင်တော်ဘုရားသည် အလှူခံတော်မူပါဟု လျှောက်၍။
သုဝဏ္ဏဘိင်္ကာရေန ပုပ္ဖဂန္ဓဝါသိတံ၊ ရွှေကရားဖြင့် ပန်းနံ့သာတို့ ထုံအပ်သော။
မဏိဝဏ္ဏံ ဥဒကံ အာဒါယ၊ မြကျောက် အဆင်းရှိသော ရေကိုယူ၍။
ဝေဠုဝနုယျာနံ ပရိစ္စဇန္တော၊ ဝေဠုဝန်ဥယျာဉ်တော်ကို စွန့်လှူလျက်။
ဒသဗလဿ ဟတ္ထေ၊ အားဆယ်ပါးသခင်, ဘုရားရှင်၏ လက်တော်၌။
ဥဒကံ ပါတေသိ၊ ရေကို ကျစေပြီ။
တသ္မိံ အာရာမပဋိဂ္ဂဟဏေ၊ ဝေဠုဝန်ဥယျာဉ်ကို အလှူခံတော်မူရာ ထိုအခါ၌။
ဗုဒ္ဓသာသနဿ မူလာနိ၊ ဗုဒ္ဓသာသနာတော်၏ အမြစ်အရင်းတို့သည်။
ဩတိဏ္ဏာနီတိ၊ သက်ဝင်စွဲမြဲကုန်ပြီဟု ပြောသကဲ့သို့ ဖြစ်၍။
မဟာပထဝီ ကမ္ပိ၊ မြေကြီးသည် တုန်လှုပ်ပြီ။
ဟိ၊ မှန်၏။
ဇမ္ဗုဒီပသ္မိံ ဝေဠုဝနံ ဌပေတွာ၊ ဇမ္ဗူဒိပ်ကျွန်း၌ ဝေဠုဝန်ဥယျာဉ်ကို ချန်ထား၍။
မဟာပထဝိံ ကမ္ပေတွာ၊ မြေကြီးကို တုန်လှုပ်စေ၍။
အညံ ဂဟိတသေနာသနံ နာမ နတ္ထိ၊ အခြားသော အလှူခံအပ်သည့် ကျောင်းအရာမ်မည်သည် မရှိပါပေ။
သတ္ထာ ဝေဠုဝနာရာမံ ပဋိဂ္ဂဟေတွာ၊ ဘုရားရှင်သည် ဝေဠုဝန်ဥယျာဉ်ခြံကို အလှူခံတော်မူပြီး၍။
ရညော အနုမောဒနံ ကတွာ၊ ဗိမ္ဗိသာရမင်းအား ဝမ်းမြောက်ဖွယ် အနုမောဒနာတရားကို ဟောကြားမှု ပြုတော်မူ၍။
အာသနာ ဥဋ္ဌာယ၊ နေရာမှ ထ၍။
ဘိက္ခုသင်္ဃပရိဝုတော ဝေဠုဝနံ အဂမာသိ၊ ရဟန်းအပေါင်းခြံရံအပ်လျက် ဝေဠုဝန်ဥယျာဉ်သို့ ကြွတော်မူပြီ။
တသ္မိံ ခေါ ပန သမယေ၊ ဝေဠုဝန်ဥယျာဉ်ဝယ် ဘုရားရှင်နေတော်မူရာ ထိုအခါ၌။
သာရိပုတ္တော စ မောဂ္ဂလ္လာနော စ၊ သာရိပုတ္တရာလည်းကောင်း မောဂ္ဂလာန်လည်းကောင်း။
ဣတိ ဒွေ ပရိဗ္ဗာဇကာ၊ ဤသို့ ပရိဗိုဇ်နှစ်ယောက်တို့သည်။
အမတံ ပရိယေသမာနာ၊ မသေတရားကို ရှာကုန်လျက်။
ရာဇဂဟံ ဥပနိဿာယ ဝိဟရန္တိ၊ ရာဇဂြိုဟ်မြို့ကို အမှီပြု၍ နေကုန်၏။
တေသု သာရိပုတ္တော အဿဇိတ္ထေရံ၊ ထိုပရိဗိုဇ်နှစ်ယောက်တို့တွင် သာရိပုတ္တရာပရိဗိုဇ်သည် အဿဇိထေရ်ကို။
ပိဏ္ဍာယ ပဝိဋ္ဌံ ဒိသွာ၊ ဆွမ်းအကျိုးငှာ ရာဇဂြိုဟ်မြို့တွင်းဝင်သည်ကို ဖူးမြင်ရ၍။
ပသန္နစိတ္တော ပယိရုပါသိတွာ၊ ကြည်ညိုစိတ်ရှိ၍ ချဉ်းကပ်၍။
"ယေ ဓမ္မာ ဟေတုပ္ပဘဝါ’’ တိ ဂါထံ သုတွာ၊ ယေ ဓမ္မာ ဟေတုပ္ပဘဝါ စသော ဂါထာကိုနာယူရ၍။
သောတာပတ္တိဖလေ ပတိဋ္ဌာယ၊ သောတာပတ္တိဖိုလ်၌ တည်၍။
အတ္တနော သဟာယကဿ မောဂ္ဂလ္လာနပရိဗ္ဗာဇကဿပိ၊ မိမိ၏ သူငယ်ချင်းဖြစ်သော မောဂ္ဂလာန်ပရိဗိုဇ်အားလည်း။
တမေဝ ဂါထံ အဘာသိ၊ ထိုယေ ဓမ္မာစသော ဂါထာကိုပင် ဟောပြီ။
သောပိ သောတာပတ္တိဖလေ ပတိဋ္ဌာသိ၊ ထိုမောဂ္ဂလာန်ပရိဗိုဇ်သည်လည်း သောတာပတ္တိဖိုလ်၌ တည်ပြီ။
တေ ဥဘောပိ ဇနာ၊ ထိုသာရိပုတ္တရာမောဂ္ဂလာန် ပရိဗိုဇ်နှစ်ယောက်တို့သည်လည်း။
သဉ္စယံ ဩလောကေတွာ၊ သိဉ္စည်းပရိဗိုဇ်ကို ကြည့်ရှုပန်ကြား၍။
အတ္တနော ပရိသာယ သဒ္ဓိံ၊ မိမိတို့၏ ပရိသတ်နှင့်တကွ။
ဘဂဝတော သန္တိကေ ပဗ္ဗဇိံသု၊ ဘုရားရှင်၏ အထံတော်၌ ရဟန်းပြုကုန်ပြီ။
တေသု မဟာမောဂ္ဂလ္လာနော၊ ထိုနှစ်ပါးတို့တွင် ရှင်မဟာမောဂ္ဂလာန်သည်။
သတ္တာဟေန အရဟတ္တံ ပါပုဏိ၊ ခုနစ်ရက်တည်းဖြင့် ရဟန္တာအဖြစ်သို့ ရောက်ပြီ။
သာရိပုတ္တတ္ထေရော အဍ္ဎမာသေန၊ ရှင်သာရိပုတ္တရာထေရ်ကား လဝက် ၁၅ ရက်ဖြင့်။
အရဟတ္တံ ပါပုဏိ၊ ရဟန္တာအဖြစ်သို့ ရောက်ပြီ။
စ နေ ဥဘောပိ သတ္ထာ၊ ဆက်ပြောရသော် ထိုနှစ်ပါးတို့ကိုလည်း ဘုရားရှင်သည်။
အဂ္ဂသာဝကဋ္ဌာနေ ဌပေသိ၊ အဂ္ဂသာဝက ရာထူး၌ ထားတော်မူပြီ။
သာရိပုတ္တတ္ထေရေန အရဟတ္တပ္ပတ္တဒိဝသေယေဝ၊ ရှင်သာရိပုတ္တရာထေရ်သည် ရဟန္တာအဖြစ်ရောက်ရာနေ့၌ပင်။
သာဝကသန္နိပါတံ အကာသိ၊ သာဝကအစည်းအဝေးကို ပြုတော်မူပြီ။
တသ္မိံယေဝ ဝေဠုဝနုယျာနေ၊ ထိုဝေဠုဝန်ဥယျာဉ်၌ပင်။
တထာဂတေ ဝိဟရန္တေ ပန၊ ဘုရားရှင်သည် နေတော်မူသော်ကား။
သုဒ္ဓေါဒနမဟာရာဇာ၊ သုဒ္ဓေါဒနမင်းကြီးသည်။
"မေ ပုတ္တော၊ ငါ၏ သားတော်သည်။
ဆဗ္ဗဿာနိ ဒုက္ကရကာရိကံ စရိတွာ၊ ခြောက်နှစ်တို့ပတ်လုံး ခဲခဲယဉ်းယဉ်းပြုရသည့် ပြုမှုဟူသော ဒုက္ကရစရိယာအကျင့်ကို ကျင့်ပြီး၍။
ပရမာဘိသမ္ဗောဓိံ ပတွာ၊ မြတ်လှစွာသော အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို ရ၍။
ပဝတ္တဝရဓမ္မစက္ကော၊ ဓမ္မစကြာတရားတော်မြတ် ဟောကြားပြီး၍။
ရာဇဂဟံ ဥပနိဿာယ၊ ရာဇဂြိုဟ်မြို့ကို အမှီပြု၍။
ဝေဠုဝနေ ဝိဟရတိ ကိရ၊ ဝေဠုဝန်ဥယျာဉ်၌ နေသတဲ့"။
ဣတိ သုတွာ၊ ဤသို့ ကြားသိ၍။
အညတရံ အမစ္စံ၊ မထင်ရှားသော အမတ်တစ်ယောက်ကို။
"ဧဟိ ဘဏေ၊ လာလော့ အိုအချင်း။
ပုရိသသဟဿပရိဝါရော၊ ယောကျ်ားတစ်ထောင် ခြံရံ၍။
ရာဇဂဟံ ဂန္တွာ၊ ရာဇဂြိုဟ်မြို့သို့ သွား၍။
မမ ဝစနေန၊ ငါသုဒ္ဓေါဒနမင်း၏ စကားဖြင့်။
ဝေါ ပိတာ၊ အရှင်ဘုရားတို့၏ ခမည်းတော်ဖြစ်သော။
သုဒ္ဓေါဒနမဟာရာဇာ၊ သုဒ္ဓေါဒနမင်းကြီးသည်။
ဒဋ္ဌုကာမောတိ ဝတွာ၊ ဖူးမြင်တော်မူလို၏ဟု လျှောက်ထား၍။
မေ ပုတ္တံ၊ ငါ၏ သားတော်ဘုရားကို။
ဂဏှိတွာ ဧဟီတိ အာမန္တေသိ၊ ပင့်ဆောင်၍ လာခဲ့လော့"ဟု ခေါ်ပြောပြီ။
(အဋ္ဌကထာပါဠိ၌ ကျောင်းစာရေးအမှား အာဟပိုနေ)။
သော ဧဝံ ဒေဝါတိ၊ ထိုအမတ်သည် ကောင်းပါပြီ အရှင်မင်းကြီးဟု။
ရညော ဝစနံ၊ သုဒ္ဓေါဒနမင်းကြီး၏ စကားကို။
သိရသာ သမ္ပဋိစ္ဆိတွာ၊ ဦးခေါင်းဖြင့် ခံယူ၍။
ပုရိသသဟဿပရိဝါရော၊ ယောကျ်ားတစ်ထောင် ခြံရံ၍။
ခိပ္ပမေဝ သဋ္ဌိယောဇနမဂ္ဂံ ဂန္တွာ၊ လျင်စွာသာ ယူဇနာ ခြောက်ဆယ်ခရီးကို သွား၍။
ဒသဗလဿ စတုပရိသမဇ္ဈေ နိသီဒိတွာ၊ ဘုရားရှင်၏ ပရိသတ်လေးပါး အလယ်၌ ထိုင်တော်မူ၍။
ဓမ္မဒေသနာဝေလာယ ဝိဟာရံ ပါဝိသိ၊ တရားဟောတော်မူချိန်၌ ဝေဠုဝန်ကျောင်းတော်သို့ ဝင်သွားပြီ။
ရညော ပဟိတသာသနံ တိဋ္ဌတု တာဝါတိ၊ သုဒ္ဓေါဒနမင်းကြီးသည် မှာထားလိုက်သော သတင်းစကားသည် ရှိစေဦးတော့ဟု နှလုံးပြု၍။
ပရိယန္တေ ဌိတော၊ ပရိသတ်အစွန်၌ တည်၍။
သတ္ထု ဓမ္မဒေသနံ သုတွာ၊ ဘုရားရှင်၏ တရားဒေသနာကို ကြားနာရ၍။
ယထာဌိတောဝ၊ တည်နေသည့် အတိုင်းပင်။
ပုရိသသဟဿေန သဒ္ဓိံ၊ အခြံအရံယောကျ်ားတစ်ထောင်နှင့် အတူတကွ။
အရဟတ္တံ ပတွာ ပဗ္ဗဇ္ဇံ ယာစိ၊ ရဟန္တာအဖြစ်သို့ ရောက်၍ ရှင်ရဟန်းအဖြစ်ကို တောင်းပန်ပြီ။
ဘဂဝါ ဧထ ဘိက္ခဝေါတိ၊ ရှင်တော်ဘုရားသည် 'လာကြ ရဟန်းတို့'ဟု မိန့်တော်မူ၍။
ဟတ္ထံ ပသာရေသိ၊ လက်တော်ကို ဆန့်တန်းတော်မူပြီ။
သဗ္ဗေ တင်္ခဏံယေဝ၊ ရှေ့ဆောင်အမတ်နှင့် အခြံအရံယောကျ်ားအားလုံးတို့သည် မိန့်တော်မူရာ ထိုခဏ၌ပင်။
ဣဒ္ဓိမယပတ္တစီဝရဓရာ၊ တန်ခိုးဖြင့်ပြီးသော သပိတ်ကိုလွယ် သင်္ကန်းကို ဝတ်ရုံကုန်၍။
သဋ္ဌိဝဿတ္ထေရာ ဝိယ အဟေသုံ၊ ဝါတော်ခြောက်ဆယ်ရှိ မထေရ်တို့ကဲ့သို့ ဖြစ်ကုန်ပြီ။
အရဟတ္တံ ပတ္တကာလတော ပဋ္ဌာယ ပန၊ အရဟတ္တဖိုလ်သို့ ရောက်ရာကာလမှ စ၍ကား။
အရိယာ နာမ မဇ္ဈတ္တာဝ ဟောန္တီ၊ အရိယာတို့မည်သည် လူမှုရေးလျစ်လျူရှုကုန်သည်သာ ဖြစ်ကုန်၏။
ဣတိ သော၊ ထို့ကြောင့် ထိုအမတ်ဟောင်း ရဟန္တာထေရ်သည်။
ရညာ ပဟိတသာသနံ၊ သုဒ္ဓေါဒနမင်းကြီးသည် ပို့စေအပ်သော သတင်းစကားကို။
ဒသဗလဿ န ကထေသိ၊ ဘုရားရှင်အား မလျှောက်ပြီ။
ရာဇာ၊ သုဒ္ဓေါဒနမင်းကြီးသည်။
ဂတော နေဝ အာဂစ္ဆတိ၊ သွားသူသည်လည်း ပြန်မလာ။
သာသနံ န သုယျတီတိ၊ သတင်းစကားကိုလည်း မကြားရဟု တွေး၍။
ဧဟိ ဘဏေ၊ လာလော့ အိုအချင်း။
တွံ ဂစ္ဆာဟီတိ၊ သင်သည် သွားလော့ဟု။
တေနေဝ နိယာမေန၊ ထိုနည်းဖြင့်သာ။
အညံ အမစ္စံ ပေသေသိ၊ အခြားသော အမတ်ကို စေလွှတ်ပြန်ပြီ။
သောပိ ဂန္တွာ ပုရိမနယေနေဝ၊ နောက်စေလွှတ်သော ထိုအမတ်သည်လည်း ဘုရားထံတော်သွား၍ ရှေးနည်းဖြင့်သာ။
ပရိသာယ သဒ္ဓိံ၊ ပရိသတ်နှင့် အတူ။
အရဟတ္တံ ပတွာ တုဏှီ အဟောသိ၊ ရဟန္တာအဖြစ်သို့ ရောက်၍ ဆိတ်ဆိတ်ဖြစ်ပြန်ပြီ။
ရာဇာ ဧတေနေဝ နိယာမေန၊ သုဒ္ဓေါဒနမင်းကြီးသည် ဤနည်းဖြင့်သာ။
ပုရိသသဟဿပရိဝါရေ နဝ အမစ္စေ ပေသေသိ၊ ယောကျ်ားတစ်ထောင် အခြံအရံရှိကုန်သော အမတ်ကိုးယောက်တို့တိုင်တိုင် စေလွှတ်ပြီ။
သဗ္ဗေ အတ္တနော ကိစ္စံ နိဋ္ဌာပေတွာ၊ အခြံအရံနှင့် အမတ်ကိုးယောက်လုံးတို့သည် မိမိတို့၏ မဂ်ကိစ္စကို ပြီးစေ၍။
တုဏှီဘူတာ တတ္ထေဝ ဝိဟရိံသု၊ ဆိတ်ဆိတ်ဖြစ်ကုန်လျက် ထိုဝေဠုဝန် ကျောင်းတော်၌သာ နေကုန်ပြီ။
ရာဇာ သာသနမတ္တမ္ပိ အာဟရိတွာ၊ သုဒ္ဓေါဒနမင်းကြီးသည် သတင်းစကားမျှကိုသော်လည်း ဆောင်ယူခဲ့၍။
အာစိက္ခန္တံ အလဘိတွာ၊ ပြောသည့်သူကို မရ၍။
ဧတ္တကာ ဇနာ မယိ၊ ဤမျှတစ်သောင်းကျော် အရေအတွက်ရှိကုန်သော လူတို့သည် ငါသုဒ္ဓေါဒနမင်းအပေါ်၌။
သိနေဟာဘာဝေန၊ ချစ်ခင်မှုမရှိခြင်းကြောင့်။
သာသနမတ္တမ္ပိ န ပစ္စာဟရိံသု၊ သတင်းစကားမျှကိုသော်လည်း တုံ့ပြန်မဆောင်ယူကုန်။
ကော မမ ဝစနံ၊ အဘယ်သူသည် ငါသုဒ္ဓေါဒန၏ စကားကို။
ကရိဿတိ နု ခေါတိ၊ လိုက်နာပြုလိမ့်မည်နည်းဟု တွေး၍။
သဗ္ဗံ ရာဇဗလံ ဩလောကေန္တော၊ အလုံးစုံသော မင်းမှုထမ်း ဗိုလ်ပါကို ကြည့်ရှုစူးစမ်းသော်။
ကာဠုဒါယိံ အဒ္ဒသ၊ ကာဠုဒါသီအမတ်ကို တွေ့မြင်ပြီ။
ရညော သဗ္ဗတ္ထသာဓကော၊ သုဒ္ဓေါဒနမင်းကြီး၏ အမှုအားလုံးကို ပြီးစေတတ်သော။
အဗ္ဘန္တရိကော အတိဝိဿာသိကော၊ အတွင်းသားဖြစ်သော အလွန်အကျွမ်းဝင်သော။
သော အမစ္စော၊ ထိုကာဠုဒါယီအမတ်သည်။
ဗောဓိသတ္တေန သဒ္ဓိံ၊ ဘုရားလောင်းနှင့် အတူတကွ။
ဧကဒိဝသေ ဇာတော၊ တစ်နေ့တည်း၌ မွေးဖွားသော။
သဟပံသုကီဠကော သဟာယော ကိရ၊ မြေမှုန့်အတူ ကစားဖက်ဖြစ်သော သူငယ်ချင်းဖြစ်သတဲ့။
အထ နံ ရာဇာ၊ ထိုအခါ၌ ထိုကာဠုဒါယီအမတ်ကို သုဒ္ဓေါဒနမင်းကြီးသည်။
"တာတ ကာဠုဒါယိ အဟံ၊ အမောင်ကာဠုဒါယီ ငါခမည်းတော်သည်။
မမ ပုတ္တံ ပဿိတုကာမော၊ ငါ၏သားတော်ဘုရားကို ဖူးမြင်လို၍။
နဝ ပုရိသသဟဿာနိ ပေသေသိံ၊ ယောကျ်ားကိုးထောင်တို့ကို စေလွှတ်ပြီ။
ဧကပုရိသောပိ အာဂန္တွာ၊ ယောကျ်ားတစ်ယောက်သည်သော်မှလည်း လာ၍။
သာသနမတ္တံ အာရောစေန္တောပိ နတ္ထိ၊ သတင်းကလေးမျှကို ပြောဖော်ရသည့်သူသည်သော်မျှလည်း မရှိခဲ့။
ဇီဝိတန္တရာယော ပန ဒုဇ္ဇာနော ခေါ၊ အသက်၏အန္တရာယ်ကိုကား သိနိုင်ခဲသည်သာ။
အဟံ ဇီဝမာနောဝ၊ ငါခမည်းတော်သည် အသက်ရှင်စဉ်ပင်။
ပုတ္တံ ဒဋ္ဌုံ ဣစ္ဆာမိ၊ သားတော်ဘုရားကို ဖူးမြင်ခြင်းငှာ အလိုရှိ၏။
မေ ပုတ္တံ မေ ဒဿေတုံ၊ ငါ၏ သားတော်ဘုရားကို ငါခမည်းတော်အား ပြုခြင်းငှာ။
သက္ခိဿသိ နု ခေါတိ အာမန္တေသိ၊ စွမ်းနိုင်အံ့လော"ဟု ခေါ်ပြောပြီ။
သစေ ပဗ္ဗဇိတုံ လဘိဿာမီ၊ အကယ်၍ ရဟန်းပြုခြင်းငှာ ကျွန်တော်မျိုး အခွင့်ရအံ့။
သက္ခိဿာမိ ဒေဝါတိ၊ စွမ်းနိုင်ပါလိမ့်မည် အရှင်မင်းကြီးဟု လျှောက်ပြီ။
တာတ တွံ၊ ချစ်သား ကာဠုဒါယီ သင်သည်။
ပဗ္ဗဇိတွာ ဝါ အပဗ္ဗဇိတွာ ဝါ၊ ရဟန်းပြု၍ဖြစ်စေ ရဟန်း မပြုမူ၍ဖြစ်စေ။
မယှံ ပုတ္တံ ဒဿေဟီတိ၊ ငါ့အား သားတော်ဘုရားကို ပြလော့ဟု မိန့်ပြီ။
သော သာဓု ဒေဝါတိ၊ ထိုကာဠုဒါယီအမတ်သည် ကောင်းပါပြီ အရှင်မင်းကြီးဟု ဝန်ခံ၍။
ရညော သာသနံ အာဒါယ၊ သုဒ္ဓေါဒနမင်းကြီး၏ သတင်းစကားကို ဆောင်ယူ၍။
ရာဇဂဟံ ဂန္တွာ၊ ရာဇဂြိုဟ်မြို့သို့ သွား၍။
သတ္ထု ဓမ္မဒေသနာဝေလာယ၊ ဘုရားရှင်၏ တရားဟောတော်မူချိန်၌။
ပရိသပရိယန္တေ ဌိတော၊ ပရိသတ်အစွန်၌ တည်လျက်။
ဓမ္မံ သုတွာ၊ တရားတော်ကို နာယူ၍။
သပရိဝါရော အရဟတ္တဖလံ ပတွာ၊ အခြံအရံနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်၍။
ဧဟိဘိက္ခုဘာဝေ ပတိဋ္ဌာသိ၊ ဧဟိဘိက္ခုရဟန်းအဖြစ်၌ တည်ပြီ။
သတ္ထာ ဗုဒ္ဓေါ ဟုတွာ၊ ဘုရားရှင်သည် ဘုရားဖြစ်ပြီး၍။
ပဌမံ အန္တောဝဿံ၊ ပထမဖြစ်သော ဝါတွင်း၌။
ဣသိပတနေ ဝသိတွာ၊ ဣသိပတနမိဂဒါဝုန်တော၌ ဝါကပ်တော်မူ၍။
ဝုတ္ထဝဿော ပဝါရေတွာ၊ ဝါကျွတ်ပြီးသော် ပဝါရဏာပြုတော်မူ၍။
ဥရုဝေလံ ဂန္တွာ၊ ဥရုဝေလတောသို့ ကြွတော်မူ၍။
တတ္ထ တယော မာသေ ဝသန္တော၊ ထိုဥရုဝေလတော၌ သုံးလတို့ပတ်လုံးနေတော်မူလျက်။
တေဘာတိကဇဋိလေ ဝိနေတွာ၊ ရသေ့ညီနောင်သုံးယောက်တို့ကို ဆုံးမတော်မူပြီး၍။
ဘိက္ခုသဟဿပရိဝါရော၊ ရဟန်းတစ်ထောင် အခြံအရံရှိ၍။
ဖုဿမာသပုဏ္ဏမာယံ ရာဇဂဟံ ဂန္တွာ၊ ပြာသိုလပြည့်နေ့၌ ရာဇဂြိုဟ်မြို့သို့ ကြွတော်မူ၍။
ဒွေ မာသေ ဝသိ၊ နှစ်လတို့ပတ်လုံး နေတော်မူပြီ။
ဧတ္တာဝတာ၊ ဤမျှ အတိုင်းအရှည်ရှိသော တပေါင်းလပြည့်နေ့တိုင်အောင်သော ကာလဖြင့်။
ဗာရာဏသိတော နိက္ခန္တဿ၊ ဗာရာဏသီမြို့မှ ထွက်ခွါတော်မူခဲ့သော ဘုရားရှင်မှာ။
ပဉ္စမာသာ ဇာတာ၊ ငါးလတို့သည် ဖြစ်ကုန်, ရှိကုန်ပြီ။
သကလော ဟေမန္တော အတိက္ကန္တော၊ အလုံးစုံသော ဆောင်းကာလသည် (ဆောင်းကာလအားလုံးသည်) ကုန်လွန်သွားပြီ။
ကာဠုဒါယိတ္ထေရဿ အာဂတဒိဝသတော၊ ကာဠုဒါယီထေရ်၏ ဘုရားထံရောက်ရာနေ့မှ။
သတ္တဋ္ဌဒိဝသာ ဝီတိဝတ္တာ၊ ခုနစ်ရက်ရှစ်ရက်တို့သည် ကျော်လွန်ကုန်ပြီ။
သော ဖဂ္ဂုဏီပုဏ္ဏမာသိယံ၊ ထိုကာဠုဒါယီထေရ်သည် တပေါင်းလပြည့်နေ့၌။
"ဟေမန္တော အတိက္ကန္တော၊ ဆောင်းကာလသည် ကျော်လွန်သွားပြီ။
ဝသန္တသမယော အနုပ္ပတ္တော၊ နွေဦးပေါက်, ဝသန္တအခါသည် ရောက်လာပြီ။
မနုဿေဟိ သဿာနိ ဥဒ္ဓရိတွာ၊ လယ်သမားတို့သည် ကောက်စပါးတို့ကို ထုတ်နုတ်ကြ၍။
သမ္မုခသမ္မုခဋ္ဌာနေဟိ မဂ္ဂါ ဒိန္နာ၊ ဦးတည့်ရာ, ဦးတည့်ရာအရပ်တို့ဖြင့် သွားလမ်းလာလမ်းတို့ကို ဖွင့်ပေးအပ်ကုန်ပြီ။
ပထဝီ ဟရိတတိဏသဉ္ဆန္နာ၊ မြေပြင်သည် စိမ်းစိုသော မြက်တို့ ဖုံးလွှမ်းနေ၏။
ဝနသဏ္ဍာ သုပုပ္ဖိတာ၊ တောအုပ်သစ်ပင်တို့သည် ကောင်းစွာဖူးပွင့်ကုန်ပြီ။
မဂ္ဂါ ပဋိပဇ္ဇနက္ခမာ၊ သွားလမ်းလာလမ်းတို့သည် သွားလာရန် ခံ့ကုန် ကောင်းကုန်ပြီ။
ဉာတိသင်္ဂဟံ ကာတုံ၊ ဆွေတော်မျိုးတော်သင်္ဂြိုဟ်ချီးမြောက်မှုကို ပြုတော်မူခြင်းငှာ။
ဒသဗလဿ ကာလော၊ အားတော်ဆယ်ပါးသခင် ဘုရားရှင်အဖို့ သင့်လျော်သော အချိန်တည်း"။
ဣတိ စိန္တေသိ၊ ဤသို့ ကြံစည်ပြီ။
အထ ဘဂဝန္တံ ဥပသင်္ကမိတွာ၊ ကြံစည်ပြီးရာ ထိုအခါ၌ ဘုရားရှင်သို့ ချဉ်းကပ်၍။
ဘဒန္တေ၊ အိုရှင်တော်မြတ်ဘုရား။
ဣဒါနိ၊ ယခုအခါ၌။
ဒုမာ၊ သစ်ပင်ဟူသမျှတို့သည်။
ဆဒနံ ဝိပ္ပဟာယ၊ အရွက်ဟောင်းကို ပယ်စွန့်ချွေချ၍။
ဖလေသိနော၊ အသီးသစ်ကို ရှာသကဲ့သို့ ဖြစ်ကြ၍။
အင်္ဂါရိနော၊ ရွက်နုစသည်တို့ဖြင့် မီးကျီးအသွင် နီမြန်းကုန်၏။
တေ၊ ထိုသစ်ပင်ဟူသမျှတို့သည်။
အစ္စိမန္တောဝ ပဘာသယန္တိ၊ အရောင်ရှိကုန်၍သာလျှင် ထွန်းလင်းတောက်ပကုန်၏။
မဟာဝီရ၊ လုံ့လကြီးမား အိုရှင်တော်မြတ်ဘုရား။
အင်္ဂီရသာနံ သမယော၊ ရောင်ခြည်တော်တလက်လက် ထွက်တော်မူကုန်သော ဘုရားရှင်တို့၏ မွေးရပ်ဌာနီ ကြွချီတော်မူရန် လျော်ကန်သင့်မြတ်သော အခါပါဘုရား။ (လ)။
မဟာမုနိ၊ ရဟန်းမြတ်ဖြစ်တော်မူသော အိုရှင်တော်ဘုရား။
နာတိသီတံ နာတိဥဏှံ၊ မအေးလွန်းသောအခါလည်း ဖြစ်ပါသည် ဘုရား,မပူလွန်းသောအခါလည်း ဖြစ်ပါသည် ဘုရား။
နာတိဒုဗ္ဘိက္ခဆာတကံ၊ လမ်းခရီးမှာ စားစရာပေါများ၍ ဒုဗ္ဘိက္ခဘေး ဆာလောင်ဘေးမှ ကင်းဝေးသည့်အခါလည်းဖြစ်ပါသည် ဘုရား။
သဒ္ဒလာ ဘူမိ ဟရိတာ၊ နေဇာမြက်ညွန့်ရှိသော မြေအပြင်သည် စိမ်းလည်းစိမ်းစိုနေပါသည်ဘုရား။
ဧသော ကာလော၊ ဤအချိန်ကား ရှင်တော်ဘုရား ဖွားရပ်ဌာနီ ကြွချီရန်သင့်လျော်သည့် အချိန်တော်ပါဘုရား။
သဋ္ဌိမတ္တာဟိ ဂါထာဟိ၊ ခြောက်ဆယ်အတိုင်းအရှည်ရှိကုန်သော ဂါထာတို့ဖြင့်။
ဒသဗလဿ ကုလနဂရံ ဂမနတ္ထာယ၊ ဘုရားရှင်သည် ဆွေတော်မျိုးတော်တို့ ကပိလဝတ်မြို့သို့ ကြွတော်မူခြင်းအကျိုးငှာ။
ဂမနဝဏ္ဏံ ဒသဗလဿ ဝဏ္ဏေသိ၊ ကြွတော်မူခြင်းဂုဏ်ကျေးဇူးကို ဘုရားရှင်အား ချီးမွမ်းလျှောက်ထားပြီ။
အထ နံ သတ္ထာ၊ လျှောက်ထားရာ ထိုအခါ၌ ထိုကာဠုဒါယီထေရ်ကို ရှင်တော်ဘုရားသည်။
"ဥဒါယိ ကိံ နု ခေါ၊ ကာဠုဒါယီ အဘယ့်ကြောင့်သာလျှင်။
မဓုရဿရေန ဂမနဝဏ္ဏံ၊ သာယာသောအသံဖြင့် ကြွချီတော်မူခြင်း၏ကျေးဇူးကို။
ဝဏ္ဏေသီတိ အာဟ၊ သင်ချီးမွမ်းလျှောက်ထားသနည်း"ဟု မေးမြန်းမိန့်ဆိုတော်မူပြီ။
ဘန္တေ တုမှာကံ ပိတာ၊ အိုရှင်တော်ဘုရား ရှင်တော်ဘုရားတို့၏ ခမည်းတော်ဖြစ်သော။
သုဒ္ဓေါဒနမဟာရာဇာ တုမှာကံ ပဿိတုကာမော၊ သုဒ္ဓေါဒနမင်းကြီးသည် ရှင်တော်ဘုရားတို့အား ဖူးမြင်လိုနေပါသည် ဘုရား။
ဉာတကာနံ သင်္ဂဟံ ကရောထာတိ၊ ဆွေတော်မျိုးတော်တို့အား သဂြိုဟ်ချီးမြှောက်မှုကို ပြုတော်မူကုန်ဟု လျှောက်ထားပြီ။
သာဓု ဥဒါယိ၊ ကောင်းပြီ ချစ်သားကာဠုဒါယီ။
ကရိဿာမိ ဉာတကာနံ သင်္ဂဟံ၊ ဆွေတော်မျိုးတော်တို့အား ချီးမြှောက်မှုကို ငါဘုရားပြုတော်မူအံ့။
ဘိက္ခုသံဃဿ အာရောစေဟိ၊ ရဟန်းအပေါင်းအား ခရီးသွားမည့်အကြောင်း ပြောကြားလော့။
ဂမိကဝတ္တံ ပူရေဿန္တီတိ၊ ခရီးသွားရဟန်းတို့ ပြုရမည့်ကျင့်ဝတ်ကို ပြုကျင့်ကုန်လတ္တံ့ဟု မိန့်တော်မူပြီ။
သာဓု ဘန္တေတိ၊ ကောင်းပါပြီ ရှင်တော်ဘုရားဟု လျှောက်၍။
ထေရော တေသံ အာရောစေသိ၊ ကာဠုဒါယီထေရ်သည် ထိုရဟန်းတို့အား လျှောက်ထားပြီ။
ဘဂဝါ အင်္ဂမဂဓဝါသီနံ၊ ရှင်တော်ဘုရားသည် အင်္ဂတိုင်း, မဂဓတိုင်း၌နေကုန်သော။
ကုလပုတ္တာနံ ဒသဟိ သဟဿေဟိ၊ အမျိုးကောင်းသားတို့၏ တစ်သောင်းတို့လည်းကောင်း။
ကပိလဝတ္ထုဝါသီနံ ဒသဟိ သဟဿေဟိ၊ ကပိလဝတ်မြို့နေ အမျိုးကောင်းသားတို့၏ တစ်သောင်းတို့လည်းကောင်း။
ဣတိ သဗ္ဗေဟေဝ ဝီသတိသဟဿေဟိ၊ ဤသို့ အလုံးစုံ နှစ်သောင်းသာလျှင်ဖြစ်ကုန်သော။
ခီဏာသဝဘိက္ခူဟိ ပရိဝုတော၊ ရဟန္တာရဟန်းတို့သည် ခြံရံအပ်လျက်။
ရာဇဂဟာ နိက္ခမိတွာ၊ ရာဇဂြိုဟ်မြို့မှ ထွက်တော်မူ၍။
ဒိဝသေ ဒိဝသေ ယောဇနံ ဂစ္ဆတိ၊ တစ်နေ့တစ်နေ့၌ တစ်ယူဇနာခရီးကို ကြွတော်မူ၏။
ရာဇဂဟတော သဋ္ဌိယောဇနံ၊ ရာဇဂြိုဟ်မြို့မှ ယူဇနာခြောက်ဆယ်ရှိသော။
ကပိလဝတ္ထုံ ဒွီဟိ မာသေဟိ၊ ကပိလဝတ္ထုမြို့သို့ နှစ်လတို့ဖြင့်။
ပါပုဏိဿာမီတိ၊ ရောက်လိမ့်မည်ဟု တွေးတော်မူ၍။
အတုရိတစာရိကံ ပက္ကာမိ၊ ဖြေးညှင်းသက်သာ သွားလာမှုကို ဖဲကြွတော်မူပြီ။
ထေရောပိ၊ ကာဠုဒါယီထေရ်သည်လည်း။
ဘဂဝတော နိက္ခန္တဘာဝံ၊ ရှင်တော်ဘုရား၏ ထွက်ကြွလာတော်မူကြောင်းကို။
ရညော အာရောစေဿာမီတိ၊ သုဒ္ဓေါဒနမင်းကြီးအား ပြောကြားအံ့ဟု တွေး၍။
ဝေဟာသံ အဗ္ဘုဂ္ဂန္တွာ၊ ကောင်းကင်သို့ ပျံတက်၍။
ရညော နိဝေသနေ ပါတုရဟောသိ၊ သုဒ္ဓေါဒနမင်းကြီး၏ နန်းဘော်၌ ထင်ရှားဖြစ်ပြီ။
ရာဇာ ထေရံ ဒိသွာ၊ သုဒ္ဓေါဒနမင်းကြီးသည် ကာဠုဒါယီထေရ်ကို ဖူးမြင်ရ၍။
တုဋ္ဌစိတ္တော မဟာရဟေ၊ နှစ်သက်သောစိတ် ရှိ၍ မြင့်မြတ်သူတို့အားသာ ထိုက်တန်သော။
ပလ္လင်္ကေ နိသီဒါပေတွာ၊ ပလ္လင်၌ ထိုင်နေစေ၍။
အတ္တနော ပဋိယာဒိတဿ၊ မိမိအတွက် စီမံအပ်သော။
နာနဂ္ဂရသဘောဇနဿ၊ မြတ်သော အရသာအမျိုးမျိုးရှိသော ဘောဇဉ်ဖြင့်။
ပတ္တံ ပူရေတွာ အဒါသိ၊ သပိတ်ကို ပြည့်စေ၍ လှူပြီ။
ထေရော ဥဋ္ဌာယ ဂမနာကာရံ ဒဿေသိ၊ ကာဠုဒါယီထေရ်သည် ထ၍ ကြွမည့်အခြင်းအရာကို ပြပြီ။
နိသီဒိတွာ ဘုဉ္ဇထ တာတာတိ၊ ထိုင်၍ ဘုဉ်းပေးပါကုန် ချစ်သားတို့ဟု လျှောက်ပြီ။
သတ္ထု သန္တိကံ ဂန္တွာ ဘုဉ္ဇိဿာမိ မဟာရာဇာတိ၊ ဘုရားရှင်၏ အထံတော်သို့ သွား၍ ဘုဉ်းပေးအံ့ မင်းကြီးဟု မိန့်ပြီ။
တာတ သတ္ထာ ကဟံ ပနတိ၊ ချစ်သားကာဠုဒါယီ ဘုရားရှင်သည် အဘယ်မှာနည်းဟု မေးပြီ။
ဝီသတိသဟဿဘိက္ခုပရိဝါရော တုမှာကံ ဒဿနတ္ထာယ စာရိကံ နိက္ခန္တော မဟာရာဇာတိ၊ ရဟန်းနှစ်သောင်း အခြံအရံရှိ၍ သင်မင်းကြီးတို့အား ကြည့်ရှုတော်မူခြင်းငှာ ခရီးဒေသစာရီကို ထွက်ကြတော်မူလာပြီ မင်းကြီးဟု ဖြေကြားပြီ။
ရာဇာ တုဋ္ဌမာနသော၊ သုဒ္ဓေါဒနမင်းကြီးသည် နှစ်သက်သော စိတ်ရှိ၍။
"တုမှေ ဣမံ ပရိဘုဉ္ဇိတွာ၊ သင်တို့သည် ဤဆွမ်းကို ဘုဉ်းပေး၍။
ယာဝ မမ ပုတ္တော၊ အကြင်မျှလောက် ငါသုဒ္ဓေါဒနမင်း၏ သားတော်ဘုရားသည်။
ဣမံ နဂရံ ပါပုဏာတိ၊ ဤကပိလဝတ်မြို့သို့ ရောက်၏။
တာဝ အဿ ပိဏ္ဍပါတံ၊ ကပိလဝတ်မြို့သို့ရောက်ရာ ထိုအချိန်တိုင်အောင် ထိုသားတော်ဘုရားဖို့ ဆွမ်းကို။
ဣတောဝ ဟရထာတိ အာဟ၊ ဤကပိလဝတ် နန်းတော်မှသာ ဆောင်ယူပါကုန်"ဟု လျှောက်ထားပြီ။
ထေရော အဓိဝါသေသိ၊ ကာဠုဒါယီထေရ်သည် လက်ခံသာယာပြီ။
ရာဇာ ထေရံ ပရိဝိသိတွာ၊ သုဒ္ဓေါဒနမင်းကြီးသည် ကာဠုဒါယီထေရ်ကို ဆွမ်းကျွေးပြီး၍။
ပတ္တံ ဂန္ဓစုဏ္ဏေန ဥဗ္ဗဋ္ဋေတွာ၊ သပိတ်ကို နံ့သာမှုန့်ဖြင့် ပွတ်တိုက်ဆေးကြော၍။
ဥတ္တမဘောဇနဿ ပူရေတွာ၊ မြင့်မြတ်သော ဘောဇဉ်ဖြင့် ပြည့်စေ၍။
တထာဂတဿ ဒေထာတိ၊ ရှင်တော်ဘုရားအား ပေးလှူပါကုန်ဟု လျှောက်၍။
ထေရဿ ဟတ္ထေ ပတိဋ္ဌာပေသိ၊ ကာဠုဒါယီထေရ်၏ လက်၌ တည်စေပြီ, လှူလိုက်ပြီ။
ထေရော သဗ္ဗေသံ ပဿန္တာနံယေဝ၊ ကာဠုဒါယီထေရ်သည် လူအားလုံးတို့သည် ကြည့်ကုန်စဉ်ပင်။
ပတ္တံ အာကာသေ ခိပိတွာ၊ သပိတ်ကို ကောင်းကင်သို့ ပစ်လိုက်၍။
သယမ္ပိ ဝေဟာသံ အဗ္ဘုဂ္ဂန္တွာ၊ ကိုယ်တိုင်လည်း ကောင်းကင်သို့ ပျံတက်၍။
ပိဏ္ဍပါတံ အာဟရိတွာ၊ ဆွမ်းကို ဆောင်ယူ၍။
သတ္ထု ဟတ္ထေ ဌပေသိ၊ ရှင်တော်ဘုရား၏ လက်တော်၌ ထားပြီ (ကပ်ပြီ)။
သတ္ထာ တံ ပရိဘုဉ္ဇိ၊ ဘုရားရှင်သည် ထိုနန်းတော်က ပို့သည့်ဆွမ်းကို ဘုဉ်းပေးတော်မူပြီ။
ဧတေနုပါယေန ထေရော၊ ဤနည်းဖြင့် ကာဠုဒါယီထေရ်သည်။
ဒိဝသေ ဒိဝသေ အာဟရိ၊ နေ့တိုင်း နေ့တိုင်း ဆွမ်းယူပြီ။
သတ္ထာပိ အန္တရာမဂ္ဂေ၊ ဘုရားရှင်သည်လည်း ရာဇဂြိုဟ် ကပိလဝတ်လမ်းခရီးအကြား၌။
ရညောယေဝ ပိဏ္ဍပါတံ ပရိဘုဉ္ဇိ၊ ခမည်းတော် သုဒ္ဓေါဒနမင်းကြီး၏သာ ဆွမ်းကို ဘုဉ်းပေးတော်မူပြီ။
ထေရောပိ ဘတ္တကိစ္စာဝသာနေ ဒိဝသေ ဒိဝသေ၊ ကာဠုဒါယီထေရ်သည်လည်း ဆွမ်းကိစ္စအပြီး၌ နေ့တိုင်း နေ့တိုင်း၌။
အဇ္ဇ ဧတ္တကံ ဘဂဝါ အာဂတော၊ ယနေ့ ဤမျှအတိုင်းအရှည်ရှိသောအရပ်သို့ ဘုရားရှင်သည် ကြွတော်မူလာပြီ။
အဇ္ဇ ဧတ္တကန္တိ၊ ယနေ့ ဤမျှအတိုင်းအရှည်ရှိသော အရပ်သို့ စသည်ဖြင့်။
သတ္ထုဂုဏပဋိသံယုတ္တာယ ကထာယ၊ ဘုရားဂုဏ်ကျေးဇူးနှင့် စပ်ယှဉ်သော စကားဖြင့်။
သကလံ ရာဇကုလံ၊ အလုံးစုံသော သာကီဝင်မင်းမျိုးကို။
သတ္တုဒဿနံ ဝိနာယေဝ၊ ရှင်တော်ဘုရားအား ဖူးမြင်ရခြင်းကို ကြဉ်ဖယ်ထား၍သာလျှင်။
သတ္ထရိ သဉ္ဇာတပ္ပသာဒံ အကာသိ၊ ဘုရားရှင်အပေါ်၌ ကြည်ညိုမှုကောင်းစွာ ဖြစ်ရှိသည်ကို ပြုပြီ။
တေနေဝ နံ ဘဂဝါ၊ ထို့ကြောင့်ပင် ထိုကာဠုဒါယီထေရ်ကို ရှင်တော်ဘုရားသည်။
"ဘိက္ခဝေ မမ ကုလပ္ပသာဒကာနံ၊ အိုရဟန်းတို့ ငါဘုရား၏ ဆွေမျိုးတို့ကို ကြည်ညိုစေတတ်ကုန်သော။
သာဝကာနံ ဘိက္ခူနံ၊ တပည့်ဖြစ်ကုန်သော ရဟန်းတို့တွင်။
ယဒိဒံ ကာဠုဒါယီ၊ အကြင် ကာဠုဒါယီသည်။
(အတ္တံ၊ ရှိ၏။)
ဧတံ အဂ္ဂံတိ၊ ဤကာဠုဒါယီသည် အမြတ်ဆုံး အသာဆုံးပေတည်းဟု။
ဧတဒဂ္ဂေ ဌပေသိ၊ ဧတဒဂ်ရာထူး၌ ထားတော်မူပြီ။
သာကိယာပိ ခေါ၊ သာကီဝင်မင်းမျိုးတို့သည်လည်း။
ဘဂဝတိ အနုပ္ပတ္တေ၊ ဘုရားရှင်သည် အစဉ်အားဖြင့်ရောက်တော်မူလတ်သော်။
အမှာကံ ဉာတိသေဋ္ဌံ၊ ငါတို့၏ ဆွေမျိုးမြတ်ကို။
ပဿိဿာမာတိ သန္နိပတိတွာ၊ ဖူးကုန်အံ့ဟု စုဝေး၍။
ဘဂဝတော ဝသနဋ္ဌာနံ ဝီမံသမာနာ၊ ဘုရားရှင်အတွက် နေရာဌာနကို စူးစမ်းကုန်သော်။
နိဂြောဓသက္ကဿ အာရာမော ရမဏီယောတိ၊ နိဂြောဓသာကီဝင်မင်း၏ အရာမ်ခြံသည် မွေ့လျော်ဖွယ်ရှိ၏ဟု။
သလ္လက္ခေတွာ တတ္ထ၊ ကောင်းစွာမှတ်သား၍ ထိုနိဂြောဓအရာမ်ခြံ၌။
ပဋိဇဂ္ဂနဝိဓိံ ကာရေတွာ၊ ရှင်းလင်းမှု အစီအရင်ကို ပြုစေ၍။
ဂန္ဓပုပ္ဖဟတ္ထာ ပစ္စုဂ္ဂမနံ ကရောန္တာ၊ နံ့သာပန်းလက်စွဲကုန်လျက် ခရီးဦးကြိုဆိုမှုကို ပြုကုန်သော်။
သဗ္ဗာလင်္ကာရပဋိမဏ္ဍိတေ ဒဟရဒဟရေ၊ အဆင်တန်ဆာအလုံးစုံ ဆင်မြန်းအပ်ကုန်သော ငယ်ကုန် ငယ်ကုန်သော။
နာဂရဒါရကေ စ နာဂရဒါရိကာယော စ၊ မြို့သားသူငယ်တို့ကိုလည်းကောင်း, မြို့သူ သူငယ်မတို့ကိုလည်းကောင်း။
ပဌမံ ပဟိဏိံသု၊ ရှေးဦးစွာ စေလွှတ်ကုန်ပြီ။
တတော ရာဇကုမာရေ စ ရာဇကုမာရိကာယော စ၊ ထို့နောင်မှ မင်းသားငယ်တို့ကိုလည်းကောင်း, မင်းသမီးငယ်တို့ကိုလည်းကောင်း။
(ပဟိဏိံသု၊ စေလွှတ်ကုန်ပြီ။)
တေသံ အနန္တရာ၊ ထိုမင်းသားငယ်, မင်းသမီးငယ်တို့၏ အခြားမဲ့၌။
သာမံ ဂန္ဓပုပ္ဖစုဏ္ဏာဒီဟိ ပူဇယမာနာ၊ ကိုယ်တိုင် နံ့သာပန်း, နံ့သာမှုန့်စသည်တို့ဖြင့် ပူဇော်ကုန်လျက်။
ဘဂဝန္တံ ဂဟေတွာ၊ ဘုရားရှင်ကို ပင့်ယူ၍။
နိဂြောဓာရာမမေဝ အဂမံသု၊ နိဂြောဓာရုံကျောင်းတော်သို့သာ သွားကြကုန်ပြီ။
တတြ ဘဂဝါ ဝီသတိသဟဿခီဏာသဝပရိဝုတော၊ ထိုနိဂြောဓာရုံကျောင်းတော်၌ ရှင်တော်ဘုရားသည် ရဟန္တာနှစ်သောင်း ခြံရံအပ်လျက်။
ပညတ္တဝရဗုဒ္ဓါသနေ နိသီဒိ၊ ခင်းထားအပ်သော ဘုရားနေရာတော်မြတ်၌ ထိုင်နေတော်မူပြီ။
သာကိယာ နာမ မာနဇာတိကာ မာနတ္ထဒ္ဓါ၊ သာကီဝင်တို့မည်သည် ဝမ်းတွင်းမာန်ရှိကုန်၏ မာနထန်ကုန်၏။
သိဒ္ဓတ္ထကုမာရော အမှေဟိ ဒဟရတရော၊ သိဒ္ဓတ္ထမင်းသားသည် ငါတို့ထက် အထူးငယ်၏။
အမှာကံ ကနိဋ္ဌော ဘာဂိနေယျော ပုတ္တော နတ္တာ၊ ငါတို့၏ ညီငယ်တည်း, တူတည်း, သားတည်း, မြေးတည်း။
ဣတိ တေ စိန္တေတွာ၊ ဤသို့ ထိုသာကီဝင်တို့သည် တွေးကုန်၍။
ဒဟရဒဟရေ ရာဇကုမာရေ၊ ငယ်ကုန် ငယ်ကုန်သော မင်းသားတို့ကို။
"တုမှေ ဝန္ဒထ၊ သင်မင်းသားငယ်တို့သည် ရှိခိုးကြကုန်။
တုမှာကံ ပိဋ္ဌိတော၊ သင် မင်းသားငယ်တို့၏ နောက်ကျောနောက်မှ။
မဘံ နိသီဒိဿာမ၊ ငါတို့သည် ထိုင်နေကုန်အံ့"။
ဣတိ အာဟံသု၊ ဤသို့ ပြောကုန်ပြီ။
တေသု ဧဝံ အဝန္ဒိတွာ နိသိန္နေသု၊ ထိုသာကီဝင်တို့သည် ဤသို့ ရှိမခိုးမူ၍ နေကုန်လတ်သော်။
တေသံ အဇ္ဈာသယံ၊ ထိုသာကီဝင်တို့၏ ဇာတိမာန်ကြီးသည့် အတွင်းဆန္ဒကို။
ဘဂဝါ ဩလောကေတွာ၊ ဘုရားရှင်သည် ကြည့်ရှုသိမြင်တော်မူ၍။
"မံ ဉာတယော န ဝန္ဒန္တိ၊ ငါဘုရားကို ဆွေတော်မျိုးတော်တို့သည် ရှိမခိုးကုန်။
ဟန္ဒ ဒါနိ နေ ဝန္ဒါပေဿာမိ၊ ယခု ထိုဆွေတော်မျိုးတော်တို့ကို ရှိခိုးစေအံ့"။
ဣတိ အဘိညာပါဒကံ၊ ဤသို့ ကြံတော်မူ၍ အဘိညာဉ်၏ အခြေခံဖြစ်သော။
စတုတ္ထဇ္ဈာနံ သမာပဇ္ဇိတွာ၊ စတုတ္ထဈာန်ကို ဝင်စားတော်မူ၍။
တတော ဝုဋ္ဌာယ၊ ထိုစတုတ္ထဈာန်မှ ထတော်မူ၍။
အာကာသံ အဗ္ဘုဂ္ဂန္တွာ၊ ကောင်းကင်သို့ ပျံတက်၍။
တေသံ သီသေ၊ ထိုသာကီဝင်တို့၏ ခေါင်းပေါ်၌။
ပါဒပံသုံ ဩကိရမာနော ဝိယ၊ ခြေမှုန့်ကို ကြဲချဘိသကဲ့သို့။
ကဏ္ဍမ္ဗရုက္ခမူလေ ယမကပါဋိဟာရိယသဒိသံ၊ ကဏ္ဍသရက်ပင်ရင်း၌ ရေမီးအစုံ တန်ခိုးပြာဋိဟာနှင့် တူသော။
ပါဋိဟာရိယံ အကာသိ၊ တန်ခိုးပြာဋိဟာကို ပြုတော်မူပြီ။
ရာဇာ တံ အစ္ဆရိယံ ဒိသွာ၊ သုဒ္ဓေါဒနမင်းကြီးသည် ထိုအံ့ဩဖွယ်ကို ဖူးမြင်ရ၍။
"ဘဂဝါ တုမှာကံ ဇာတဒိဝသေ၊ အိုရှင်တော်ဘုရား အရှင်ဘုရားတို့၏ ဖွားတော်မူရာနေ့၌။
ကာဠဒေဝလဿ ဝန္ဒနတ္ထံ၊ ကာဠဒေဝီလရသေ့အား ရှိခိုးခြင်းငှာ။
တုမှာကံ ဥပနီတာနံ၊ အရှင်ဘုရားတို့ကို နီးနီးကပ်ကပ်ဆောင်ယူအပ်ကုန်သော်။
ဝေါ ပါဒေ ပရိဝတ္တိတွာ၊ အရှင်ဘုရားတို့၏ ခြေတော်တို့ကို ချာချာလည်၍။
ဗြာဟ္မဏဿ မတ္ထကေ၊ ကာဠဒေဝီလရသေ့၏ ထိပ်ထက်၌။
ပတိဋ္ဌိတေ ဒိသွာပိ၊ တည်သည်တို့ကို ဖူးမြင်ရ၍လည်း။
အဟံ တုမှေ ဝန္ဒိံ၊ တပည့်တော်သုဒ္ဓေါဒနသည် သားတော်ဘုရားတို့ကို ရှိခိုးခဲ့ပါပြီ။
အယံ မေ ပဌမဝန္ဒနာ၊ ရသေ့ခေါင်းပေါ် ခြေထောက်တည်စဉ်က ဤရှိခိုးမှုသည် တပည့်တော်သုဒ္ဓေါဒန၏ အစဆုံးရှိခိုးခြင်းပါတည်း။
ဝပ္ပမင်္ဂလဒိဝသေ ဇမ္ဗုစ္ဆာယာယ၊ လယ်ထွန်မင်္ဂလာနေ့၌ သပြေပင်ရိပ်၌။
သိရိသယနေ နိသိန္နာနံ ဝေါ၊ ကျက်သရေရှိသော အိပ်ရာ၌ ထိုင်နေကုန်သော အရှင်ဘုရားတို့၏။
ဇမ္ဗုစ္ဆာယာယ အပရိဝတ္တနံ၊ သပြေပင်ရိပ်၏ မပြောင်းလဲမှုကို။
ဒိသွာပိ ဝန္ဒိံ၊ တွေ့မြင်၍လည်း ရှိခိုးခဲ့ပါပြီ။
အယံ မေ ဒုတိယဝန္ဒနာ၊ လယ်ထွန်မင်္ဂလာနေ့ ဤရှိခိုးခြင်းသည် တပည့်တော် သုဒ္ဓေါဒန၏ ဒုတိယရှိခိုးခြင်းပါတည်း။
ဣဒါနိ အဒိဋ္ဌပုဗ္ဗံ၊ ယခုအခါ၌ လုံးလုံးမမြင်ဖူးသော။
ဣမံ ပါဋိဟာရိယံ ဒိသွာပိ၊ ဤတန်ခိုးပြာဋိဟာကို ဖူးမြင်ရ၍လည်း။
အဟံ တုမှာကံ ပါဒေ ဝန္ဒာမိ၊ တပည့်တော်သုဒ္ဓေါဒနသည် သားတော်ဘုရားတို့၏ ခြေတော်တို့ကို ရှိခိုးပါ၏။
အယံ မေ တတိယဝန္ဒနာ၊ ဤရှိခိုးခြင်းသည် တပည့်တော် သုဒ္ဓေါဒန၏ တတိယရှိခိုးခြင်းပါတည်း။"
ဣတိ အာဟ၊ ဤသို့ လျှောက်ထားပြီ။
ရညာ ဝန္ဒိတေ ပန၊ သုဒ္ဓေါဒနမင်းကြီးသည် ရှိခိုးအပ်သော်ကား။
ဘဂဝန္တံ အဝန္ဒိတွာ ဌာတုံ၊ ဘုရားရှင်ကို ရှိမခိုးမူ၍ တည်နေခြင်းငှာ။
သမတ္ထော ဧကသာကိယောပိ နာမ နာဟောသိ၊ စွမ်းနိုင်သော သာကီဝင်တစ်ဦးတစ်ယောက်မည်သည်လည်း မဖြစ်ပြီ, မရှိပြီ။
သဗ္ဗေ ဝန္ဒိံသုယေဝ၊ သာကီဝင်အားလုံးတို့သည် ရှိခိုးပြီးသာ ဖြစ်ကုန်ပြီ။
ဣတိ ဘဂဝါ ဉာတယော ဝန္ဒာပေတွာ၊ ဤသို့ ဘုရားရှင်သည် ဆွေတော်မျိုးတော်တို့ကို ရှိခိုးစေ၍။
အာကာသတော ဩတရိတွာ၊ ကောင်းကင်မှ ဆင်းသက်တော်မူ၍။
ပညတ္တာသနေ နိသီဒိ၊ ခင်းထားအပ်သောနေရာ၌ ထိုင်နေတော်မူပြီ။
ဘဂဝတိ နိသိန္နေ၊ မြတ်စွာဘုရားသည် ထိုင်နေတော်မူပြီးသော်။
သိခါပတ္တော ဉာတိသမာဂမော အဟောသိ၊ အထွတ်အထိပ်ရောက်သော ဆွေတော်မျိုးတော်များ တွေ့ကြုံပေါင်းဆုံမှုသည် ဖြစ်ပြီ။
သဗ္ဗေ ဧကဂ္ဂစိတ္တာ ဟုတွာ နိသီဒိံသု၊ ဆွေတော်မျိုးတော်အားလုံးတို့သည် ဘုရားအာရုံပြုသောစိတ် တစ်ခုသာရှိကုန်သည် ဖြစ်၍ ထိုင်နေကုန်ပြီ။
တတော မဟာမေဃော၊ ထို့နောင်မှ မိုးကြီးသည်။
ပေါက္ခရဝဿံ ဝဿိ၊ ကြာတော၌ ရွာသော မိုးကဲ့သို့ စိုလိုသူစို, မစိုလိုသူ မစိုသော မိုးကိုရွာပြီ။
တမ္ဗဝဏ္ဏံ ဥဒကံ၊ နီမြန်းသော ရေသည်။
ဟေဋ္ဌာ ဝိရဝန္တံ ဂစ္ဆတိ၊ အောက်မြေပြင်၌ တဝေါဝေါ မြည်လျက် စီးသွား၏။
တေမိတုကာမောဝ တေမေတိ၊ စိုလိုသူသည်သာ စို၏။
အတေမိတုကာမဿ သရီရေ၊ မစိုလိုသူ၏ ကိုယ်၌။
ဧကဗိန္ဒုမတ္တမ္ပိ န ပတတိ၊ တစ်ပေါက်သည်မျှသော်လည်း မကျ။
တံ ဒိသွာ၊ ထိုဖြစ်ပုံကို တွေ့မြင်ရ၍။
သဗ္ဗေ အစ္ဆရိယဗ္ဘုတစိတ္တဇာတာ၊ သာကီဝင်အားလုံးတို့သည် အံ့ဖွယ်သရဲ မဖြစ်ဖူးမြဲသော စိတ်ရှိကုန်၍။
အဟော အစ္ဆရိယံ၊ ဪ အံ့ဩဖွယ် ကောင်းပါပေစွ။
အဟော အဗ္ဘုတံ၊ ဪ မဖြစ်စဖူး အဖြစ်ထူးပါပေစွ။
ဣတိ ကထံ သမုဋ္ဌာပေသုံ၊ ဤသို့ စကားကို ဖြစ်စေကုန်ပြီ။
သတ္ထာ၊ ဘုရားရှင်သည်။
မယှံ ဉာတိသမာဂမေ၊ ငါဘုရား၏ ဆွေတော်မျိုးတော်တို့နှင့် ပေါင်းဆုံမိရာ၌။
ဣဒါနေဝ ပေါက္ခရဝဿံ န ဝဿတိ၊ ယခုအခါ၌သာ ပေါက္ခရဝဿမိုးကြီးသည် ရွာသည် မဟုတ်သေး။
အတီတေပိ ဝဿီ၊ ရှေး၌လည်း ရွာဖူးပြီ"။
ဣတိ ဣမာယ အဋ္ဌုပ္ပတ္တိယာ၊ ဤသို့ ဤအကြောင်းအတ္ထုပ္ပတ်ကြောင့်။
(အဋ္ဌကထာမှာ ကျောင်းစာရေးအမှား "ဣမိဿာ"ဟု ရှိနေသည်)။
ဝေဿန္တရဇာတကံ ကထေသိ၊ **ဝေဿန္တရာဇာတ်တော်**ကို ဟောတော်မူပြီ။
ဓမ္မဒေသနံ သုတွာ၊ တရားဒေသနာကို နာယူပြီး၍။
သဗ္ဗေ ဥဋ္ဌာယ၊ သာကီဝင်အားလုံးတို့သည် ထ၍။
ဝန္ဒိတွာ ပက္ကမိံသု၊ ရှိခိုး၍ ဖဲသွားကုန်ပြီ။
ရာဇာ ဝါ ရာဇမဟာမတ္တော ဝါ ဧကောပိ၊ မင်းသည်သော်လည်းကောင်း, မင်းအမတ်ကြီးသည်သော်လည်းကောင်း, တစ်ယောက်သည်သော်မှလည်း။
သွေ အမှာကံ ဘိက္ခံ ဂဏှထာတိ ဝတွာ၊ နက်ဖြန်၌ တပည့်တော်တို့၏ ဆွမ်းကို အလှူခံတော်မူပါဟု လျှောက်ထား၍။
ဂတော နာမ နတ္ထိ၊ သွားသူမည်သည် မရှိ။
သတ္ထာ ပုန ဒိဝသေ၊ ဘုရားရှင်သည် နောက်နေ့၌။
ဝီသတိသဟဿဘိက္ခုပရိဝုတော ကပိလဝတ္ထုံ၊ ရဟန္တာနှစ်သောင်းခြံရံအပ်လျက် ကပိလဝတ်မြို့သို့။
ပိဏ္ဍာယ ပါဝိသိ၊ ဆွမ်းအကျိုးငှာ ဝင်တော်မူပြီ။
တံ ကောစိ ဂန္တွာ န နိမန္တေသိ၊ ထိုဘုရားရှင်ကို မည်သူသညိမျှ သွား၍ မပင့်ဖိတ်ပြီ။
ပတ္တံ ဝါ န အဂ္ဂဟေသိ၊ သပိတ်တော်ကိုသော်လည်း မယူပြီ။
ဘဂဝါ ဣန္ဒခီလေ၊ မြတ်စွာဘုရားသည် ကပိလဝတ်မြို့တံခါးခုံ၌။
ဌိတောဝ၊ ရပ်တော်မူလျက်သာ။
"ပုဗ္ဗဗုဒ္ဓါ ကုလနဂရေ၊ ရှေးဘုရားရှင်တို့သည် ဆွေတော်မျိုးတော်တို့ မြို့၌။
ကထံ နု ခေါ ပိဏ္ဍာယ စရိံသု၊ အဘယ်သို့လျှင် ဆွမ်းအကျိုးငှာ လှည့်လည်ကုန်သနည်း။
ဥပ္ပဋိပါဋိယာ ဣဿရဇနာနံ၊ အစဉ်အတိုင်းမဟုတ်ဘဲ အစိုးရသူ လူတို့၏။
ဃရာနိ အဂမံသု ကိံ၊ အိမ်တို့ကို ကြွကုန်သလော။
ဥဒါဟု သပဒါနစာရိကံ စရိံသု ကိံ၊ ထိုသို့မဟုတ် အိမ်စဉ်လှည့်လည်ခြင်းကို လှည့်လည်ကုန်သလော"။
ဣတိ အာဝဇ္ဇေသိ၊ ဤသို့ ဆင်ခြင်တော်မူပြီ။
တတော ဧကဗုဒ္ဓဿပိ၊ ထို့နောင်မှ တစ်ဆူသော ဘုရားရှင်၏သော်လည်း။
ဥပ္ပဋိပါဋိယာ ဂမနံ အဒိသွာ၊ အိမ်စဉ်မဟုတ်သော အားဖြင့် ဆွမ်းခံကြွမှုကို မြင်တော်မမူ၍။
"မယာပိ ဣဒါနိ၊ ငါဘုရားသည်လည်း ယခုအခါ၌။
အယမေဝ ဝံသော အယမေဝ ပဝေဏီ ပဂ္ဂဟေတဗ္ဗာ၊ ဤဘုရားရှင်တို့အနွယ်ကိုသာ ဤဘုရားရှင်တို့ အစဉ်အဆက်ကိုသာ ချီးမြှောက်ထိုက်၏။
စ အာယတိံ မေ သာဝကာပိ၊ သည်သာမကသေး နောင်အခါ၌ ငါဘုရား၏တပည့်တို့သည်လည်း။
မမညေဝ အနုသိက္ခန္တာ၊ ငါဘုရားကိုသာ အတုလိုက် ကျင့်ကုန်လျက်။
ပိဏ္ဍစာရိကဝတ္တံ ပရိပူရေဿန္တီတိ၊ ဆွမ်းခံကျင့်ဝတ်ကို ဖြည့်ကျင့်ကုန်လတ္တံ့"ဟု မြင်တော်မူ၍။
ကောဋိယံ နိဝိဋ္ဌဂေဟတော ပဋ္ဌာယ၊ အစွန်ဆုံး၌ တည်သော အိမ်မှစ၍။
သပဒါနံ ပိဏ္ဍာယ စရိ၊ အိမ်စဉ်မပျက် ဆွမ်းအကျိုးငှာ လှည့်လည်ပြီ။
အယျော သိဒ္ဓတ္ထကုမာရော၊ အရှင်သခင်ဖြစ်ခဲ့သော သိဒ္ဓတ္ထမင်းသားသည်။
ပိဏ္ဍာယ စရတိ ကိရ၊ ဆွမ်းအကျိုးငှာ လှည့်လည်သတဲ့။
ဣတိ ဒွိဘူမကတိဘူမကာဒီသု ပါသာဒေသု၊ ဤသို့ပြောကြ၍ နှစ်ထပ်သုံးထပ် အစရှိကုန်သော ပြာသာဒ်တို့၌။
သီဟပဉ္ဇရေ ဝိဝရိတွာ၊ ပြူတင်းပေါက်တို့ကို ဖွင့်၍။
မဟာဇနော ဒဿနဗျာဝဋော အဟောသိ၊ လူအများသည် ကြည့်ရှုရန် အားထုတ်သည် ဖြစ်ပြီ။
ရာဟုလမာတာ ဒေဝီပိ၊ ရာဟုလာမယ်တော်ဖြစ်သော မိဖုယားသည်လည်း။
"အယျပုတ္တော ဣမသ္မိံယေဝ နဂရေ၊ အရှင့်သားသည် ဤကပိလဝတ်မြို့တော်၌ပင်။
မဟန္တေန ရာဇာနုဘာဝေန၊ ကြီးကျယ်မြင့်မြတ်လှစွာသော မင်းအာနုဘော်ဖြင့်။
သုဝဏ္ဏသိဝိကာဒီဟိ ဝိစရိတွာ၊ ရွှေထမ်းစင်စသည်တို့ဖြင့် လှည့်လည်တော်မူပြီး၍။
ဣဒါနိ ကေသမဿုံ ဩဟာရေတွာ၊ ယခုအခါ၌ ဆံမုတ်ဆိတ်ကို ပယ်ဖြတ်ရိတ်လှီး၍။
ကာသာယဝတ္ထဝသနော ကပါလဟတ္ထော၊ ဖန်ရည်စွန်း အဝတ်ဝတ်လျက် ခွက်လက်စွဲလျက်။
ပိဏ္ဍာယ စရတိ ကိရ၊ ဆွမ်းအကျိုးငှာ လှည့်လည်သတဲ့။
သောဘတိ နု ခေါ ဣတိ၊ တင့်တယ်ပါ၏လော" ဤသို့တွေး၍။
သီဟပဉ္ဇရံ ဝိဝရိတွာ၊ ပြူတင်းပေါက်ကို ဖွင့်၍။
ဩလောကယမာနာ၊ ဖူးမြင်သော်။
ဘဂဝန္တံ၊ ရှင်တော်ဘုရားကို။
နာနာဝိရာဂသမုဇ္ဇလာယ သရီရပ္ပဘာယ၊ အသီးသီး ထူးခြားနှစ်သက်ဖွယ်ရာ ကောင်းစွာတောက်ပသော ကိုယ်တော်အရောင်ဖြင့်။
နဂရဝီထိယော ဩဘာသေတွာ၊ မြို့လမ်းအသွယ််သွယ်တို့ကို ထွန်းလင်းတောက်ပစေ၍။
ဗျာမပ္ပဘာပရိက္ခေပသမင်္ဂီဘူတာယ၊ တလံမျှလောက်သော ရောင်ခြည်တော်ဝန်းနှင့် ပြည့်စုံသည်ဖြစ်၍ဖြစ်သော။
အသီတိအနုဗျဉ္ဇနာဝဘာသိတာယ၊ လက္ခဏာတော်ငယ်ရှစ်ဆယ်တို့ဖြင့် ထွန်းလင်းစေအပ်သော။
ဒွတ္တိံသမဟာပုရိသလက္ခဏပဋိမဏ္ဍိတာယ၊ ယောကျ်ားမြတ်တို့ လက္ခဏာတော်ကြီးသုံးဆယ့်နှစ်ပါးတို့ဖြင့် တန်ဆာဆင်အပ်သော။
အနောပမာယ ဗုဒ္ဓသိရိယာ၊ နှိုင်းခိုင်းစရာ ဥပမာမရှိသော ဘုရားရှင်တို့ အသရေတော်ဖြင့်။
ဝိရောစမာနံ ဒိသွာ၊ တင့်တယ်လှသည်ကို ဖူးမြင်ရ၍။
ဥဏှီသတော ပဋ္ဌာယ၊ နဖူးသင်းကျစ်တော်မှ စ၍။
ယာဝ ပါဒတလာ၊ ခြေဖဝါးတော်ပြင်တိုင်အောင်။
သိနိဒ္ဓနီလမုဒုကုဉ္စိတကေသော၊ ပြေပြစ်မည်းနက် ပျော့ပြောင်းလျက် လက်ယာခွေပတ် အဖျားညွတ်သော ဆံတော်ရှိတော်မူသော။
သူရိယနိမ္မလတလာဘိနလာဋော၊ အညစ်အကြေးမရှိသည့် နေလုလင်အသွင် နဖူးပြင်လည်း ရှိတော်မူထသော။
ယုတ္တတုင်္ဂမုဒုကာယတနာသော၊ တင့်တယ်ရုံ မြင့်မောက်မှုနှင့် ယှဉ်လျက် နူးညံ့ရှည်သွယ် နှာတံတော်လည်းရှိတော်မူထသော။
ရံသိဇာလဝိတတော၊ ရောင်ခြည်တော်ကွန်ရက်ကို ဖြန့်ကြက်သော ကိုယ်တော်လည်း ရှိတော်မူထသော။
နရသီဟော၊ လူတို့အထွတ် ပုဂ္ဂိုလ်မြတ်ကြီးပါတကား။
စက္ကဝရင်္ကိတရတ္တသုပါဒေါ၊ စက်လက္ခဏာမြတ်ဖြင့် မှတ်သားအပ်သည့် နီတွေးကောင်းမြတ်သော ခြေဖဝါးတော်ရှိတော်မူသော။
လက္ခဏမဏ္ဍိတအာယတပဏှိ၊ လက္ခဏာတော်မြတ်တို့ဖြင့် တန်ဆာဆင်အပ်သည် ရှည်သွယ်သော ဖနောင့်တော်လည်း ရှိတော်မူထသော။
စာမရိဟတ္ထဝိဘူသိတပဏှော၊ စာမရီသားမြီးယပ်ပုံဖြင့် တန်ဆာဆင်အပ်သည့် ဖနောင့်တော်လည်း ရှိတော်မူထသော။
ဧသော ဟိ နရသီဟော၊ လူတို့အထွတ် ထိုပုဂ္ဂိုလ်မြတ်သည်ကား။
တုယှံ ပိတာ၊ သင်သားတော် ရာဟုလာ၏ ခမည်းတော်ပါပေတည်း။
သကျကုမာရော၊ သာကီဝင်မင်းသားစစ်ဖြစ်တော်မူသော။
ဝရဒေါ၊ အမြတ်တရားကိုလည်းပေးတော်မူတတ်ထသော။
သုခုမာလော၊ နူးညံ့သိမ်မွေ့လည်း နူးညံ့သိမ်မွေ့တော်မူထသော။
လက္ခဏဝိစိတ္တပသန္နသရီရော၊ လက္ခဏာတို့ဖြင့် ဆန်းကြယ်, ကြည်ညိုဖွယ်သော ကိုယ်တော်လည်း ရှိတော်မူထသော။
လောကဟိတာယ အာဂတော၊ လောကအစီးအပွါးငှာလည်း ကြွလာတော်မူထသော။
နရဝီရော၊ ဝီရိယအရှိဆုံး လူလည်းဖြစ်တော်မူထသော။
ဧသော ဟိ နရသီဟော၊ လူတို့အထွတ် ထိုပုဂ္ဂိုလ်မြတ်သည်ကား။
တုယှံ ပိတာ၊ သင်သားတော် ရာဟုလာ၏ ခမည်းတော်ပါပေတည်း။
အာယတယုတ္တသုသဏ္ဌိတသောတော၊ သင့်လျော်ရုံ ရှည်သွယ်မှုနှင့် ယှဉ်၍ ကောင်းစွာတည်သော နားလည်းရှိတော်မူထသော။
ဂေါပမုခေါ၊ ဖွားသစ်စနွားကလေး မျက်တောင်မွေးပမာ နူးညံ့သော မျက်တောင်မွေးလည်းရှိတော်မူထသော။
အဘိနီလနေတ္တော၊ ညိုသော မျက်နက်ဝန်းလည်း ရှိတော်မူထသော။
ဣန္ဒဓနုအဘိနီလဘမုကော၊ စို့သက်တင်ရေးကဲ့သို့ ညွတ်ကိုင်း၍ စိမ်းညိုသော မျက်ခုံးတော်လည်း ရှိတော်မူထသော။
ဧသော ဟိ နရသီဟော၊ လူတို့အထွတ် ထိုပုဂ္ဂိုလ်မြတ်သည်ကား။
တုယှံ ပိတာ၊ သင် သားတော်ရာဟုလာ၏ ခမည်းတော်ပါပေတည်း။
(ယဿ၊ အကြင်ရဟန်းတော်မြတ်၏)။
မုခဝဏ္ဏော၊ မျက်နှာတော်အဆင်းသည်။
ပုဏ္ဏစန္ဒနိဘော၊ လပြည့်ဝန်းနှင့်တူ၏။
ဒေဝနရာနံ ပိယော၊ ဗြဟ္မာ နတ် လူတို့သည် ချစ်ခင်လည်း ချစ်ခင်အပ်တော်မူထသော။
နရနာဂေါ၊ လူ့ပြောင်မာတင်ကြီးလည်း ဖြစ်တော်မူထသော။
မတ္တဂဇိန္ဒဝိလာသိတဂါမီ၊ အမုန်ယစ်သော ဆင်မင်းအတူ တင့်တယ်စွာလည်း ကြွသွားတော်မူတတ်ထသော။
ဧသော ဟိ နရသီဟော၊ လူတို့အထွတ် ထိုပုဂ္ဂိုလ်မြတ်သည်ကား။
တုယှံ ပိတာ၊ သင် သားတော်ရာဟုလာ၏ ခမည်းတော်ပါပေတည်း။
သိနိဒ္ဓသုဂမ္ဘီရမဉ္ဇုသဃောသော၊ ပြေပြစ်နက်နဲ သာယာချိုမြိန်သော အသံရှိတော်မူထသော။
ဟိင်္ဂုလဝဏ္ဏရတ္တသုဇိဝှေါ၊ ဟင်္သပြဒါးအဆင်း နီမြန်းကောင်းမွန်သော လျှာတော်ရှိတော်မူထသော။
ဝီသတိ ဝီသတိ သေတသုဒန္တော၊ အထက်နှစ်ဆယ်, အောက်နှစ်ဆယ် ကောင်းစွာဖြူသော သွားတော်လည်း ရှိတော်မူထသော။
ဧသော ဟိ နရသီဟော၊ လူတို့အထွတ် ထိုပုဂ္ဂိုလ်မြတ်သည်ကား။
တုယှံ ပိတာ၊ သင် သားတော်ရာဟုလာ၏ ခမည်းတော်ပါပေတည်း။
ခတ္တိယသမ္ဘဝအဂ္ဂကုလိန္ဒော၊ ခတ္တိယမျိုးကောင်းစွာဖြစ်၍ အမျိုးမြတ်အရှင်သခင် ဖြစ်တော်မူထသော။
ဒေဝမနုဿနမဿိတပါဒေါ၊ နတ်လူတို့ ရှိခိုးထိုက်, ရှိခိုးခံရသော ခြေတော်ရှိတော်မူထသော။
သီလသမာဓိပတိဋ္ဌိတစိတ္တေ၊ ကိုယ်နှုတ် မကောင်းရှောင်, အကောင်းဆောင်သည့်သီလ, ကောင်းမြတ်သော အာရုံ၌ ကောင်းစွာ စိတ်ကိုထားမှု သမာဓိတို့ဖြင့် မြဲမြံစွာတည်ရှိသည် စိတ်ထားလည်း ရှိတော်မူထသော။
ဧသော ဟိ နရသီဟော၊ လူတို့အထွတ် ထိုပုဂ္ဂိုလ်မြတ်သည်ကား။
တုယှံ ပိတာ၊ သင် သားတော်ရာဟုလာ၏ ခမည်းတော်ပါပေတည်း။
ဝဋ္ဋသုဝဋ္ဋသုသဏ္ဌိတဂီဝေါ၊ လုံးဝန်းသည်ထက် ကောင်းစွာလုံးဝန်း၍ ကောင်းသော သဏ္ဌာန်ရှိသော လည်ပင်းလည်းရှိတော်မူထသော။
သီဟဟနုမိဂရာဇသရီရော၊ ခြင်္သေ့မင်းမေးကဲ့သို့ မေးတော်ရှိ၍ ခြင်္သေ့မင်းရှေ့ပိုင်းကိုယ်ကဲ့သို့ ပြည့်ဖြိုးသော ကိုယ်တော်လည်း ရှိတော်မူထသော။
ကဉ္စနသုစ္ဆဝိဥတ္တမဝဏ္ဏော၊ ဇဗ္ဗူရာဇ်ရွှေကဲ့သို့ ကောင်းသောအရေတော်ရှိ၍ မြတ်သောအဆင်းလည်း ရှိတော်မူထသော။
ဧသော ဟိ နရသီဟော၊ လူတို့အထွတ် ထိုပုဂ္ဂိုလ်မြတ်သည်ကား။
တုယှံ ပိတာ၊ သင် သားတော်ရာဟုလာ၏ ခမည်းတော်ပါပေတည်း။
အဉ္ဇနသမဝဏ္ဏသုနီလကေသော၊ မျက်စဉ်းညိုအဆင်းရှိ၍ ကောင်းမြတ်စိမ်းညိုသော ဆံတော်လည်းရှိတော်မူထသော။
ကဉ္စနပဋ္ဋဝိသုဒ္ဓနလာဋော၊ ရွှေပြားကဲ့သို့ စင်ကြယ်ပြန့်ပြူးသော နဖူးအပြင်လည်းရှိတော်မူထသော။
ဩသဓိပဏ္ဍရသုဒ္ဓသုဥဏ္ဏော၊ သောက်ရှူးကြယ်ကဲ့သို့ ဖြူဖွေးစင်ကြယ်ကောင်းမြတ်သော ဥဏ္ဏလုံမွေးရှင်တော်လည်း ရှိတော်မူထသော။
ဧသော ဟိ နရသီဟော၊ လူတို့အထွတ် ထိုပုဂ္ဂိုလ်မြတ်သည်ကား။
တုယှံ ပိတာ၊ သင် သားတော်ရာဟုလာ၏ ခမည်းတော်ပါပေတည်း။
တာရာဂဏပရိဝဍ္ဎိတရူပေါ၊ ကြယ်တာရာအပေါင်းတို့ဖြင့် အလင်းရောင် တိုးပွားသော သဘောရှိသော။
စန္ဒော၊ လမင်းသည်။
အနိလပထေ ဂစ္ဆန္တော ဝိယ၊ လေလမ်းတခွင် ကောင်းကင်ပြင်၌ သွားဘိသကဲ့သို့။
သာဝကမဇ္ဈဂတော၊ တပည့်တို့ အလယ်၌ ကြွတော်မူသော။
သမဏိန္ဒော ဧသော ဟိ နရသီဟော၊ ရဟန်းမင်းတရားဖြစ်တော်မူသော လူတို့အထွတ် ထိုပုဂ္ဂိုလ်မြတ်သည်ကား။
တုယှံ ပိတာ၊ သင် သားတော်ရာဟုလာ၏ ခမည်းတော်ပါပေတည်း။
ဧဝံ ဒသဟိ၊ ဤသို့ ဆယ်မျိုးကုန်သော။
ဣမာဟိ နရသီဟဂါထာဟိ နာမ အဘိတ္ထဝိတွာ၊ ဤ**နရသီဟဂါထာ**မည်သည်တို့ဖြင့် လွန်စွာရွှင်လန်း ချီးမွမ်းပြီး၍။
တုမှာကံ ပုတ္တော၊ သင်မင်းကြီးတို့၏ သားတော်ဘုရားသည်။
ဣဒါနိ ပိဏ္ဍာယ စရတိ ကိရ၊ ယခုအခါ၌ ဆွမ်းအကျိုးငှာ လှည့်လည်သတဲ့။
ဣတိ ရညော အာရောစေသိ၊ ဤသို့ သုဒ္ဓေါဒနမင်းကြီးအား လျှောက်ထားပြီ။
ရာဇာ သံဝိဂ္ဂဟဒယော၊ သုဒ္ဓေါဒနမင်းကြီးသည် ထိတ်လန့်သောစိတ်ရှိ၍။
ဟတ္ထေန သာဋကံ သဏ္ဌပေန္တော၊ လက်ဖြင့် ဝတ်လဲတော်ကို ကောင်းစွာတည်စေလျက် (မ,လျက်)။
တုရိတတုရိတံ နိက္ခမိတွာ၊ လျင်စွာ လျင်စွာ ထွက်၍။
ဝေဂေန ဂန္တွာ၊ အဟုန်ဖြင့် သွား၍။
ဘဂဝတော ပုရတော ဌတွာ၊ မြတ်စွာဘုရား၏ ရှေ့တော်၌ ရပ်၍။
"ဘန္တေ ကိံ အမှေ လဇ္ဇာပေထ၊ အရှင်ဘုရား အဘယ့်ကြောင့် တပည့်တော်တို့ကို အရှက်ရစေကုန်ဘိသနည်း။
ကိမတ္ထံ ပိဏ္ဍာယ စရထ၊ အဘယ်အကျိုးငှာ ဆွမ်းအတွက် လှည့်လည်ရကုန်ဘ်သနည်း။
ဧတ္တကာနံ ဘိက္ခူနံ၊ ဤမျှနှစ်သောင်းအရေအတွက်ရှိကုန်သော ရဟန်းတို့အတွက်။
ဘတ္တံ လဒ္ဓုံ န သက္ကာတိ၊ ဆွမ်းကို ရခြင်းငှာ မစွမ်းနိုင်ဟု။
သညံ ကိံ ကရိတ္ထ၊ အမှတ်သညာကို အဘယ့်ကြောင့် ပြုကုန်ဘိသနည်း"။
ဣတိ အာဟ၊ ဤသို့ လျှောက်ထားပြီ။
မဟာရာဇ ဧတံ၊ မင်းကြီး ဤဆွမ်းခံလှည့်လည်ခြင်းသည်။
အမှာကံ ဝံသစာရိတ္တန္တိ၊ ငါဘုရားတို့၏ အနွယ်တော် အကျင့်တည်းဟု မိန့်ပြီ။
ဘန္တေ အမှာကံ ဝံသော၊ အရှင်ဘုရား တပည့်တော်တို့၏ အနွယ်သည်။
မဟာသမ္မတခတ္တိယဝံသော နာမ နနု၊ မဟာသမ္မတခတ္တိယအနွယ် မည်သည် မဟုတ်ပါလော။
ဧကခတ္တိယောပိ ဘိက္ခာစရော နာမ၊ တစ်ပါးသော မင်းသည်သော်မှလည်း ထမင်းအတွက်လှည့်လည်သည် မည်သည်။
နတ္ထီတိ၊ မရှိပါဟု လျှောက်ပြီ။
မဟာရာဇ အယံ ရာဇဝံသော နာမ၊ မင်းကြီး ဤမင်းမျိုးအဆက်အနွယ် မည်သည်။
တဝ ဝံသော၊ သင်မင်းကြီး၏ အဆက်အနွယ်တည်း။
ဒီပင်္ကရော၊ ဒီပင်္ကရာဘုရားလည်းကောင်း။
ကောဏ္ဍညော၊ ကောဏ္ဍညဘုရားလည်းကောင်း။ပ။
ကဿပေါ၊ ကဿပဘုရားလည်းကောင်း။
ဣတိ၊ ဤသို့။
အမှာကံ အယံ ပန၊ ငါတို့၏ ဤအနွယ်တော်သည်ကား။
ဗုဒ္ဓဝံသော နာမ၊ ဘုရားရှင်တို့အနွယ် မည်၏။
ဧတေ စ၊ ဒီပင်္ကရာစသော ဤဘုရားရှင်တို့သည်လည်းကောင်း။
အညေ အနေကသဟဿသင်္ခါ၊ အခြားကုန်သော ထောင်ပေါင်းများစွာ အရေအတွက်ရှိကုန်သော။
ဗုဒ္ဓါ စ ဘိက္ခာစရာ၊ ဘုရားရှင်တို့သည်လည်းကောင်း ဆွမ်းအတွက် လှည့်လည်ကုန်၏။
ဘိက္ခာစာရေနေဝ ဇီဝိကံ ကပ္ပေသုန္တိ၊ ဆွမ်းခံလှည့်လည်ခြင်းဖြင့်သာ အသက်မွေးမှုကို ပြုတော်မူကုန်ပြီဟု။
အန္တရဝီထိယံ ဌိတောဝ၊ လမ်းအကြား၌ ရပ်တော်မူလျက်ပင်။
ဥတ္တိဋ္ဌေ နပ္ပမဇ္ဇေယျ၊ ဆွမ်းခံရအပ်သော ဆွမ်း၌ မမေ့မလျော့ရာ။
သုစရိတံ ဓမ္မံ စရေ၊ ကောင်းစွာကျင့်အပ်သော ဆွမ်းခံလှည့်လည်ခြင်း အကျင့်ကို ကျင့်ရာ၏။
ဓမ္မစာရီ၊ ဆွမ်းခံအကျင့် မချွတ်ပြုကျင့်လေ့ရှိသော ရဟန်းသည်။
အသ္မိံ လောကေ ပရမှိ စ၊ ဤဘဝ၌လည်းကောင်း နောက်ဘဝ၌လည်းကောင်း။
သုခံ သေတိ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာ အိပ်စက်နေထိုင်ရ၏။
ဣမံ ဂါထံ အာဟ၊ ဤဂါထာကို ဟောတော်မူပြီ။
ဂါထာပရိယောသာနေ ရာဇာ၊ ဂါထာအဆုံး၌ သုဒ္ဓေါဒနမင်းကြီးသည်။
သောတာပတ္တိဖလေ ပတိဋ္ဌာသိ၊ သောတာပတ္တိဖိုလ်၌ တည်ပြီ။
သုစရိတံ ဓမ္မံ စရေ၊ ကောင်းစွာကျင့်အပ်သော ဆွမ်းခံလှည့်လည်ခြင်း အကျင့်ကို ကျင့်ရာ၏။
နံ ဒုစ္စရိတံ န စရေ၊ ထိုဆွမ်းခံအကျင့်ကို အပျိုကြီး, ပဏ္ဍုက်, သေတုင်းကုပ်, ပြည့်တန်ဆာ, မုဆိုးမ, ရဟန်းမတို့ထံ အကျွမ်းတဝင်လှည့်လည်သောအားဖြင့် မကောင်းကျင့်ခြင်းကို မကျင့်ရာ။
ဓမ္မစာရီ၊ ဆွမ်းခံအကျင့် မချွတ်ပြုကျင့်လေ့ရှိသော ရဟန်းသည်။
အသ္မိံ လောကေ ပရမှိ စ၊ ဤဘဝ၌လည်းကောင်း နောက်ဘဝ၌လည်းကောင်း။
သုခံ သေတိ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာ အိပ်စက်နေထိုင်ရ၏။
ဣမံ ဂါထံ သုတွာ၊ ဤဂါထာကို ကြားနာရ၍ကား။
သကဒါဂါမိဖလေ ပတိဋ္ဌာသိ၊ သကဒါဂါမိဖိုလ်၌ တည်ပြီ။
မဟာဓမ္မပါလဇာတကံ သုတွာ၊ **မဟာဓမ္မပါလဇာတ်**ကို ကြားနာရ၍။
အနာဂါမိဖလေ ပတိဋ္ဌာသိ၊ အနာဂါမိဖိုလ်၌ တည်ပြီ။
မရဏသမယေ သေတစ္ဆတ္တဿ ဟေဋ္ဌာ၊ သေခါနီးကာလ၌ ထီးဖြူတော်၏ အောက်၌။
သိရိသယနေ နိပန္နောယေဝ၊ ကျက်သရေရှိသော အိပ်ရာ၌ လျောင်းလျက်ပင်။
အရဟတ္တံ ပါပုဏိ၊ အရဟတ္တဖိုလ်သို့ ရောက်ပြီ။
ပန အရညဝါသေန ပဓာနာနုယောဂကိစ္စံ၊ အထူးကား တောထဲနေခြင်းဖြင့် ကမ္မဋ္ဌာန်းအားထုတ်မှုကိစ္စသည်။
ရညော နာဟောသိ၊ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးအား မဖြစ်ပြီ။
သောတာပတ္တိဖလံ သစ္ဆိကတွာယေဝ ပန၊ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုပြီးသော်သာလျှင်။
ဘဂဝတော ပတ္တံ ဂဟေတွာ၊ ဘုရားရှင်၏ သပိတ်တော်ကို ယူ၍။
သပရိသံ ဘဂဝန္တံ၊ ရဟန်းပရိတ်သတ်နှစ်သောင်းနှင့်တကွသော ရှင်တော်ဘုရားကို။
မဟာပါသာဒံ အာရောပေတွာ၊ နန်းပြာသာဒ်မြတ်ပေါ်သို့ ပင့်တင်၍။
ပဏီတေန ခါဒနီယေန ဘောဇနီယေန ပရိဝိသိ၊ မွန်မြတ်လှစွာသော ခဲဖွယ်ဖြင့်လည်းကောင်း, ဘောဇဉ်ဖြင့်လည်းကောင်း ပြုစုပြီ။
ဘတ္တကိစ္စပရိယောသာနေ၊ ဆွမ်းကိစ္စအဆုံး၌။
ရာဟုလမာတရံ ဌပေတွာ၊ ရာဟုလာမယ်တော်ကို ချန်ထား၍။
သဗ္ဗံ ဣတ္ထာဂါရံ အာဂန္တွာ၊ မောင်းမဆောင် တစ်ခုလုံးသည် လာရောက်၍။
ဘဂဝန္တံ ဝန္ဒိ၊ ဘုရားရှင်ကို ရှိခိုးပြီ။
သာ ပန၊ ထိုရာဟုလာမယ်တော်သည်ကား။
"ဂစ္ဆ အယျပုတ္တံ ဝန္ဒာဟီတိ၊ သွားပါ အရှင့်သားကို ရှိခိုးပါ"ဟု။
ပရိဇနေန ဝုစ္စမာနာပိ၊ အခြွေအရံများက ပြောဆိုအပ်သော်လည်း။
"သစေ မယှံ ဂုဏော အတ္ထိ၊ အကယ်၍ ငါရာဟုလာမယ်တော်၏ ဂုဏ်ကျေးဇူးသည် ရှိအံံ့။
သယမေဝ မမ သန္တိကံ၊ ကိုယ်တော်တိုင်သာ ငါ၏အထံသို့။
အယျပုတ္တော အာဂမိဿတိ၊ အရှင့်သားတော်သည် ကြွလာတော်မူလိမ့်မည်။
အာဂတမေဝ နံ ဝန္ဒိဿာမိ၊ ကြွလာတော်မူသော်သာ ထိုအရှင့်သားတော်ကို ရှိခိုးအံ့"။
ဣတိ ဝတွာ န အဂမာသိ၊ ဤသို့ပြော၍ ရှိခိုးမသွားပြီ။
ဘဂဝါ ရာဇာနံ ပတ္တံ ဂါဟာပေတွာ၊ မြတ်စွာဘုရားသည် ခမည်းတော်မင်းကြီးကို သပိတ်တော်ကို ကိုင်ယူစေ၍။
ဒွီဟိ အဂ္ဂသာဝကေဟိ သဒ္ဓိံ၊ အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလာန် အဂ္ဂသာဝကနှစ်ပါးတို့နှင့်တကွ။
ရာဇဓီတုယ သိရိဂဗ္ဘံ ဂန္တွာ၊ ယသော်ဓရာမင်းသမီး၏ ကျက်သရေတိုက်ခန်းသို့ ကြွမြန်းတော်မူ၍ (ရာဇဓီတာယဟု စာမှားနေ ရာဇဓီတုယာဟု ရှိသင့်)။
ယထာရုစိ ဝန္ဒမာနာ ရာဇဓီတာ၊ အလိုရှိသလို ရှိခိုးသော ယသော်ဓရာမင်းသမီးကို။
ကိဉ္စိ န ဝတ္တဗ္ဗာ၊ ဘာကိုမျှ မပြောရ။
ဣတိ ဝတွာ ပညတ္တာသနေ နိသီဒိ၊ ဤသို့မိန့်တော်မူ၍ ခင်းထားအပ်သောနေရာ၌ ထိုင်တော်မူပြီ။
သာ ဝေဂေန အာဂန္တွာ၊ ထိုယသော်ဓရာမင်းသမီးသည် အဟုန်ဖြင့် လာတည့်၍။
ဂေါပ္ဖကေသု ဂဟေတွာ၊ ဖမျက်တော်တို့ကို ကိုင်ယူ၍။
ယထာအဇ္ဈာသယံ ဝန္ဒိ၊ အလိုရှိသည်အားလျော်စွာ ရှိခိုးပြီ။
ရာဇာ ရာဇဓီတုယာ ဘဂဝတိ၊ သုဒ္ဓေါဒနမင်းကြီးသည် ယသော်ဓရာမင်းသမီး၏ ဘုရားရှင်၌။
သိနေဟဗဟုမာနာဒိဂုဏသမ္ပတ္တိယော၊ ချစ်ခင်မှုများစွာမြတ်နိုးမှု စသော ဂုဏ်တို့နှင့်ပြည့်စုံမှုတို့ကို။
"ဘန္တေ မမ ဓီတာ၊ မြတ်စွာဘုရား တပည့်တော်၏ သမီးတော်သည်။
တုမှေဟိ ကာသာယာနိ ဝတ္ထာနိ နိဝါသိတာနိ၊ အရှင်ဘုရားတို့သည် ဖန်ရည်ဆိုးအပ်ကုန်သော အဝတ်တို့ကို ဝတ်အပ်ကုန်ပြီ။
ဣတိ သုတွာ တတော ပဋ္ဌာယ၊ ဤသို့ကြား၍ ထိုကြားသည်မှ စ၍။
ကာသာယဝတ္ထနိဝတ္ထာ ဇာတာ၊ ဖန်ရည်စွန်းအဝတ်ဝတ်သူသည် ဖြစ်ပြီ။
တုမှာကံ ဧကဘတ္တိကဘာဝံ သုတွာ၊ အရှင်ဘုရားတို့၏ တစ်ထပ်သာ စားကြောင်းကိုကြားရ၍။
ဧကဘတ္တိကာဝ ဇာတာ၊ တစ်ထပ်သာစားသူသည် ဖြစ်ပြီ။
တုမှေဟိ မဟာသယနဿ၊ အရှင်ဘုရားတို့သည် မြတ်သောနေရာကို။
ဆဍ္ဍိတဘာဝံ သုတွာ၊ စွန့်ပစ်ကြောင်းကို ကြားသိရသော်။
ပဋ္ဋိကာမဉ္စကေယေဝ နိပန္နာ၊ ကြိုးပြားခင်း, ညောင်စောင်းငယ်၌သာ အိပ်ပါပြီ။
တုမှာကံ မာလာဂန္ဓာဒီဟိ၊ အရှင်ဘုရားတို့၏ ပန်းနံ့သာစသည်တို့မှ။
ဝိရတဘာဝံ ဉ တွာ၊ ရှောင်ကြဉ်ကြောင်းကို သိရသော်။
ဝိရတမာလာဂန္ဓာဝ ဇာတာ၊ ရှောင်ကြဉ်အပ်သော, ပန်းနံ့သာရှိသူသည်သာ ဖြစ်ပါပြီ။
အတ္တနော ဉာတကေဟိ၊ ယသောဓရာဟူသော မိမိ၏ ဆွေမျိုးတို့သည်။
မယံ ပဋိဇဂ္ဂိဿာမာတိ၊ ငါတို့သည် ပြုစုကုန်အံ့ဟု။
သာသနေ ပေသိတေပိ၊ သတင်းစကားကို ပေးပို့အပ်ပါသော်လည်း။
ဧကဉာတကမ္ပိ န ဩလောကေသိ၊ တစ်ယောက်သော ဆွေမျိုးကိုသော်မျှလည်း မကြည့်မငဲ့ပါ။
မေ ဓီတာ၊ တပည့်တော်၏ သမီးတော်သည်။
ဧဝံ ဂုဏသမ္ပန္နာ ဘဂဝါတိ ကထေသိ၊ ဤသို့ ဂုဏ်ကျေးဇူးနှင့်ပြည့်စုံပါ၏ မြတ်စွာဘုရား"ဟု လျှောက်ထားပြီ။
မဟာရာဇ ဣဒါနိ၊ ခမည်းတော်မင်းကြီး ယခုအခါ၌။
တယာ ရက္ခိယမာနာ ရာဇဓီတာ၊ သင်ခမည်းတော်မင်းကြီးသည် စောင့်ရှောက်နေအပ်ဆဲဖြစ်သော ယသော်ဓရာမင်းသမီးသည်။
ဉာဏေ ပရိပက္ကေ၊ အသိဉာဏ်သည် ရင့်ကျက်သော်။
အတ္တာနံ ယံ ရက္ခေယျ၊ မိမိကိုယ်ကို အကြင်စောင့်ရှောက်နိုင်၏။
(ဧတံ၊ ယခုအခါ မိမိကိုယ်ကို ဤစောင့်ရှောက်နိုင်ခြင်းသည်)။
အနစ္ဆရိယံ၊ အံ့ဩဖွယ်မဟုတ်သေးပါ။
ဧသာ၊ ဤယသော်ဓရာမင်းသမီးအလောင်းအလျာသည်။
ပုဗ္ဗေ အနာရက္ခာ၊ လွန်လေပြီး ရှေးအခါ၌ စောင့်ရှောက်မည့်သူ မရှိဘဲ။
ပဗ္ဗတပါဒေ ဝိစရမာနာ၊ တောင်ခြေ၌ သွားလာနေသည့် ကိန္နရာဖြစ်စဉ်။
ဉာဏေ အပရိပက္ကေ၊ အသိဉာဏ်သည် မရင့်ကျက်မီ။
အတ္တာနံ ရက္ခီတိ ဝတွာ၊ မိမိကိုယ်ကို စောင့်ရှောက်ဖူးပြီဟု မိန့်တော်မူ၍။
စန္ဒကိန္နရီဇာတကံ ကထေတွာ၊ စန္ဒကိန္နရီဇာတ်ကို ဟောတော်မူ၍။
အာသနာ ဥဋ္ဌာယ ပက္ကာမိ၊ နေရာမှထ၍ ဖဲကြွတော်မူပြီ။
ဒုတိယဒိဝသေ ပန နန္ဒဿ ရာဇကုမာရဿ၊ ဒုတိယနေ့၌ကား နန္ဒမင်းသား၏။
အဘိသေကဂေဟပ္ပဝေသနဝိဝါဟမင်္ဂလေသု ဝတ္တမာနေသု၊ အဘိသိက်သွန်းမှု, အိမ်တက်မှု, ထိမ်းမြားမှု, မင်္ဂလာတို့သည် ဖြစ်ကုန်လတ်သော်။
တဿ ဂေဟံ ဂန္တွာ၊ ထိုနန္ဒမင်းသား၏ အိမ်တော်သို့ ကြွတော်မူ၍။
ကုမာရံ ပတ္တံ ဂါဟာပေတွာ၊ နန္ဒမင်းသားကို သပိတ်တော်ကို ကိုင်စေ, ယူစေတော်မူ၍။
ပဗ္ဗာဇေတုကာမော မင်္ဂလံ ဝတွာ၊ ရှင်ရဟန်းပြုစေဝောာ်မူလို၍ မင်္ဂလာတရားကို ဟောတော်မူ၍။
အာသနာ ဥဋ္ဌာယ ပက္ကာမိ၊ နေရာမှ ထ၍ ဖဲကြွတော်မူပြီ။
ဇနပဒကလျာဏီ ကုမာရံ ဂစ္ဆန္တံ ဒိသွာ၊ ဇနပဒကလျာဏီသည် နန္ဒမင်းသားကို ဘုရားနောက်လိုက်သွားရသည်ကို မြင်၍။
အယျပုတ္တ တုဝဋံ ခေါ အာဂစ္ဆေယျာသိ၊ အိုအရှင်သား မြန်မြန်သာ ပြန်လာခဲ့ပါလော့။
ဣတိ ဝတွာ၊ ဤသို့ မှာ၍။
ဂီဝံ ပသာရေတွာ ဩလောကေသိ၊ လည်ကို ဆန့်၍ ကြည့်ပြီ။
သောပိ ဘဂဝန္တံ၊ ထိုနန္ဒမင်းသားသည်လည်း ရှင်တော်ဘုရားကို။
ပတ္တံ ဂဏှထာတိ၊ သပိတ်တော်ကို ယူတော်မူပါဟု။
ဝတ္တုံ အဝိသဟမာနော၊ လျှောက်ထားခြင်းငှာ မရဲဝံ့၍။
ဝိဟာရံယေဝ အဂမာသိ၊ နဂြောဓာရုံကျောင်းတော်သို့သာ လိုက်ပါသွားပြီ။
အနိစ္ဆမာနံယေဝ တံ၊ ရဟန်းမပြုလိုသည်သာဖြစ်သော ထိုနန္ဒမင်းသားကို။
ဘဂဝါ ပဗ္ဗာဇေသိ၊ မြတ်စွာဘုရားသည် ရှင်ရဟန်းပြုစေပြီ။
ဣတိ ဘဂဝါ၊ ဤသို့ ဘုရားရှင်သည်။
ကပိလဝတ္ထုံ ဂန္တွာ၊ ကပိလဝတ်မြို့သို့ ကြွရောက်တော်မူ၍။
တတိယဒိဝသေ နန္ဒံ၊ သုံးရက်မြောက်နေ့၌ နန္ဒမင်းသားကို။
ပဗ္ဗာဇေသိ၊ ရှင်ရဟန်း ပြုစေတော်မူပြီ။
သတ္တမေ ဒိဝသေ ရာဟုလမာတာ၊ ခုနစ်ရက်မြောက်နေ့၌ ရာဟုလမယ်တော်သည်။
ကုမာရံ အလင်္ကရိတွာ၊ ရာဟုလမင်းသားကို တန်ဆာဆင်၍။
ဘဂဝတော သန္တိကံ၊ ဘုရားရှင်၏ အထံတော်သို့။
"ဝီသတိသဟဿသမဏပရိဝုတံ၊ ရဟန်းနှစ်သောင်း ခြံရံအပ်သော။
သုဝဏ္ဏဝဏ္ဏံ ဗြဟ္မရူပဝဏ္ဏံ၊ ရွှေအဆင်းကဲ့သို့အဆင်းရှိတော်မူသော ဗြဟ္မာမင်းကဲ့သို့ရုပ်ပုံသဏ္ဌာန်ရှိတော်မူသော။
ဧတံ သမဏံ ပဿ တာတ၊ ထိုရဟန်းတော်ကို ကြည့်လော့ ချစ်သားရာဟုလာ။
အယံ တေ ပိတာ၊ ဤရဟန်းတော်သည် သင်ချစ်သား ရာဟုလ၏ ခမည်းတော်တည်း။
ဧတဿ မဟန္တာ နိဓယော အဟေသုံ၊ ဤရဟန်းတော်မှာ ရွှေအိုးကြီးတို့သည် ဖြစ်ကုန်ရှိကုန်ပြီ။
တေ အဿ နိက္ခမနကာလတော၊ ထိုရွှေအိုးကြီးတို့သည် ထို သင့်ဖခင်၏ တောထွက်ရာကာလမှ။
ပဋ္ဌာယ န ပဿာမ၊ စ၍ မမြင်ရတော့ကုန်။
ဂစ္ဆ နံ ဒါယဇ္ဇံ၊ သွားချေ ထိုရဟန်းကို ရွှေအိုးကြီးလေးလုံးအမွေကို။
'တာတ အဟံ ကုမာရော၊ အိုဖခင် တပည့်တော်မင်းသားသည်။
အဘိသေကံ ပတွာ၊ အဘိသိက်သွန်းခြင်းသို့ ရောက်၍။
စက္ကဝတ္တီ ဘဝိဿာမိ၊ စကြာမင်းသည် ဖြစ်အံ့။
ဓနေ န မေ အတ္ထော၊ ဥစ္စာဖြင့် တပည့်တော်အား အလိုရှိ၏။
မေ ဓနံ ဒေဟိ၊ တပည့်တော်အား ဥစ္စာကို ပေးပါလော့။
ဟိ ပုတ္တော၊ မှန်၏ သားဟူသည်။
ပိတု သန္တကဿ၊ ဖခင်၏ ဥစ္စာ၏။
သာမိကောတိ ယာစာဟိ၊ ပိုင်ရှင်ပါ'ဟု လျှောက်၍ တောင်းချေလော့"။
ဣတိ ပေသေသိ၊ ဤသို့သင်ပြ၍ စေလွှတ်ပြီ။
ကုမာရော စ ဘဂဝတော သန္တိကံ ဂန္တွာ၊ ရာဟုလာမင်းသားသည်လည်း ဘုရားရှင်၏ အထံတော်သို့ သွား၍။
ပိတုသိနေဟံ ပဋိလဘိတွာ ဟဋ္ဌတုဋ္ဌော၊ အဖဟူသော ချစ်ခြင်းကို အဖန်ဖန်ရ၍ ရွှင်လမ်းနှစ်သက်၍။
သမဏ တေ ဆာယာ၊ အို ရဟန်းတော် အရှင်ဘုရား၏ အရိပ်တော်သည်။
သုခါတိ ဝတွာ၊ ချမ်းသာလှ၏ဟု လျှောက်၍။
အညံ ဗဟုံ၊ အခြားသော များစွာသော။
အတ္တနော အနုရူပံ စ၊ မိမိအား သင့်လျော်သော စကားကိုလည်း။
ဝဒန္တော အဋ္ဌာသိ၊ ပြောဆိုလျက် တည်ပြီ။
ဘဂဝါ ကတဘတ္တကိစ္စော၊ ဘုရားရှင်သည် ဆွမ်းကိစ္စပြုပြီးသော်။
အနုမောဒနံ ကတွာ၊ အနုမောဒနာတရားကို ဟောမှုပြု၍။
အာသနာ ဥဋ္ဌာယ ပက္ကာမိ၊ နေရာမှ ထ၍ ဖဲကြွတော်မူပြီ။
ကုမာရောပိ၊ ရာဟုလမင်းသားသည်လည်း။
သမဏ မေ ဒါယဇ္ဇံ ဒေဟိ၊ အိုရဟန်းတော် တပည့်တော်အား အမွေကို ပေးတော်မူပါ။
သမဏ မေ ဒါယဇ္ဇံ ဒေဟီတိ၊ အိုရဟန်းတော် တပည့်တော်အား အမွေကို ပေးတော်မူပါဟု လျှောက်၍။
ဘဂဝန္တံ အနုဗန္ဓိ၊ ဘုရားရှင်သို့ အစဉ်တစိုက် လိုက်ပြီ။
ဘဂဝါ ကုမာရံ န နိဝတ္တာပေသိ၊ ဘုရားရှင်သည် ရာဟုလမင်းသားကို မနစ်စေပြီ (ပြန်မသွားစေပြီ)။
ပရိဇနောပိ ဘဂဝတာ သဒ္ဓိံ ဂစ္ဆန္တံ၊ အခြွေအရံများသည်လည်း ဘုရားရှင်နှင့်အတူ လိုက်သွားနေသော ရာဟုလမင်းသားကို။
နိဝတ္တေတုံ နာသက္ခိ၊ ပြန်နစ်စေခြင်းငှာ မစွမ်းနိုင်ပြီ။
ဣတိ သော၊ ဤသို့လျှင် ထိုရာဟုလာမင်းသားသည်။
ဘဂဝတာ သဒ္ဓိံ အာရာမမေဝ အဂမာသိ၊ ဘုရားရှင်နှင့်အတူ နိဂြောဓာရုံကျောင်းတော်အရာမ်သို့သာ လိုက်ပါသွားပြီ။
တတော ဘဂဝါ၊ ထိုသို့ လိုက်ပါလာခြင်းကြောင့် ဘုရားရှင်သည်။
"ပိတု သန္တကံ၊ အဖ၏ဥစ္စာဖြစ်သော။
ယံ ဓနံ အယံ ဣစ္ဆတိ၊ အကြင်ပစ္စည်းကို ဤရာဟုလာသည် အလိုရှိ၏။
တံ ဝဋ္ဋာနုဂတံ သဝိဃာတံ၊ ထိုပစ္စည်းသည် ဝဋ်ဆင်းရဲသို့ အစဉ်လိုက်၏ ပင်ပန်းခြင်းနှင့်တကွ ဖြစ်၏။
ဟန္ဒ အဿ၊ ယခု ဤရာဟုလာအား။
ဗောဓိမဏ္ဍေ ပဋိလဒ္ဓံ၊ ဗောဓိမဏ္ဍိုင်၌ ရအပ်သော။
သတ္တဝိဓံ အရိယဓနံ ဒေမိ၊ သဒ္ဓါ သီလ ဟီရိ ဩတ္တပ သုတ စာဂ ပညာခုနစ်ပါးအကြားရှိသော အရိယာတို့ ဥစ္စာကို ငါဘုရားပေးအံ့။
နံ လောကုတ္တရဒါယဇ္ဇဿ၊ ထိုရာဟုလာကို လောကုတ္တရာအမွေ၏။
သာမိကံ ကရောမိ၊ ပိုင်ရှင်ကို ငါဘုရားပြုအံ့"။
ဣတိ စိန္တေသိ၊ ဤသို့ ကြံတော်မူပြီ။
ဣတိ အာယသ္မန္တံ သာရိပုတ္တံ၊ ဤသို့ ကြံတော်မူပြီး၍ အရှင်သာရိပုတ္တရာကို။
"သာရိပုတ္တ တေန ဟိ၊ အို သာရိပုတ္တရာ ထိုသို့ အမွေတောင်းသောကြောင့်သာ။
တွံ ရာဟုလကုမာရံ၊ သင်သာရိပုတ္တရာသည် ရာဟုလမင်းသားကို။
ပဗ္ဗာဇေဟီတိ အာမန္တေသိ၊ ရှင်ပြုပေးလော့"ဟု မိန့်တော်မူပြီ။
ထေရော တံ ပဗ္ဗာဇေသိ၊ အရှင်သာရိပုတ္တရာထေရ်သည် ထိုရာဟုလမင်းသားကို ရှင်ပြုပေးပြီ။
ကုမာရေ ပဗ္ဗဇိတေ ပန၊ ရာဟုလာမင်းသားကို ရှင်ပြုပေးအပ်သော်ကား။
ရညော အဓိမတ္တံ ဒုက္ခံ ဥပ္ပဇ္ဇိ၊ သုဒ္ဓေါဒနမင်းကြီးအား လွန်ကဲသော စိတ်ဆင်းရဲသည် ဖြစ်ပြီ။
တံ အဓိဝါသေတုံ အသက္ကောန္တော၊ ထိုစိတ်ဆင်းရဲကို အောင့်အည်းခြင်းငှာ မတတ်နိုင်ရကား။
ဘဂဝတော နိဝေဒေတွာ၊ ဘုရားရှင်အား လျှောက်ထားပြီး၍။
သာဓု ဘန္တေ၊ တောင်းပန်ပါ၏ဘုရား။
မာတာပိတူဟိ အနနုညာတံ ပုတ္တံ၊ မိဖတို့သည် ခွင့်မပြုအပ်သော သားသမီးကို။
အယျာ န ပဗ္ဗာဇေယျုန္တိ၊ အရှင်ဘုရားတို့သည် ရှင်ရဟန်းမပြုပါကုန်လင့်ဟု။
ဝရံ ယာစိ၊ ဆုကို တောင်းပြီ။
ဘဂဝါ တဿ တံ ဝရံ ဒတွာ၊ ဘုရားရှင်သည် ထိုသုဒ္ဓေါဒနမင်းကြီးအား မိဖတို့ ခွင့်မပြုသည့် သားသမီးကို ရှင်ရဟန်းမပြုရဟူသော ထိုဆုကို ပေးတော်မူပြီး၍။
ပုနဒိဝသေ ရာဇနိဝေသနေ၊ နောက်နေ့၌ မင်းနန်းတော်၌။
ကတပါတရာသော၊ နံနက်ဆွမ်းကိစ္စ ပြုပြီး၍။
ဧကမန္တံ နိသိန္နေန ရညာ၊ သင့်တင့်လျောက်ပတ်စွာ ထိုင်နေသော သုဒ္ဓေါဒနမင်းကြီးသည်။
"ဘန္တေ တုမှာကံ ဒုက္ကရကာရိကကာလေ၊ အရှင်ဘုရား အရှင်ဘုရားတို့၏ ဒုက္ကရစရိယာကျင့်ရာအခါ၌။
ဧကာ ဒေဝတာ မံ ဥပသင်္ကမိတွာ၊ နတ်သားတစ်ယောက်သည် တပည့်တော်သို့ ချဉ်းကပ်၍။
တေ ပုတ္တော၊ သင် သုဒ္ဓေါဒနမင်းကြီး၏ သားတော်သိဒ္ဓတ္ထသည်။
ကာလကတောတိ အာဟ၊ သေပြီဟု ပြောပြီ။
တဿာ ဝစနံ အသဒ္ဒဟန္တော၊ ထိုနတ်သား၏ ပြောစကားကို မယုံကြည်၍။
မယှံ ပုတ္တော၊ ငါသုဒ္ဓေါဒနမင်း၏ သားတော်သိဒ္ဓတ္ထသည်။
ဗောဓိံ အပ္ပတွာ၊ သဗ္ဗညုတဉာဏ်ကို မရမူ၍။
ကာလံ န ကရောတီတိ၊ သေမှုကို မပြုနိုင်ဟု။
တံ ပဋိက္ခိပိန္တိ၊ ထိုနတ်သား ပြောစကားကို ပယ်ခဲ့ပါပြီ"ဟု။
ဝုတ္တေ၊ လျှောက်ထားအပ်သော်။
"ယေ တုမှေ ပုဗ္ဗေပိ၊ အကြင်သင်မင်းကြီးတို့သည် ရှေးအခါ၌လည်း။
အဋ္ဌိကာနိ ဒဿေတွာ၊ အရိုးတို့ကို ပြ၍။
တေ ပုတ္တော၊ သင်၏သား မဟာဓမ္မပါလသည်။
မတောတိ ဝုတ္တေ၊ သေပြီဟု ပြောဆိုအပ်သော်။
န သဒ္ဒဟိတ္ထ၊ မယုံဖူးကုန်။
ဣဒါနိ ကိံ သဒ္ဒဟိဿထ၊ ယခုအခါ၌ အဘယ်မှာလျှင် ယုံကုန်အံ့နည်း။
ဣတိ ဣမာယ အဋ္ဌုပ္ပတ္တိယာ၊ ဤသို့ မိန့်တော်မူ၍ ဤအကြောင်းအတ္ထုပ္ပတ်ကြောင့်။
မဟာဓမ္မပါလဇာတကံ ကထေသိ၊ **မဟာဓမ္မပါလဇာတ်**ကို ဟောတော်မူပြီ။
ကထာပရိယောသာနေ၊ တရားစကားအဆုံး၌။
ရာဇာ အနာဂါမိဖလေ ပတိဋ္ဌာသိ၊ သုဒ္ဓေါဒနမင်းကြီးသည် အနာဂါမိဖိုလ်၌ တည်ပြီ။
ဣတိ ဘဂဝါ ပိတရံ၊ ဤသို့လျှင် ဘုရားရှင်သည် ခမည်းတော်သုဒ္ဓေါဒနမင်းကြီးကို။
တီသု ဖလေသု ပတိဋ္ဌာပေတွာ၊ သုံးပါးကုန်သော ဖိုလ်တို့၌ တည်စေ၍။
ဘိက္ခုသင်္ဃပရိဝုတော၊ ရဟန်းအပေါင်း ခြံရံအပ်လျက်။
ပုနဒေဝ ရာဇဂဟံ ဂန္တွာ၊ တစ်ဖန်သာလျှင် ရာဇဂြိုဟ်မြို့သို့ ကြွတော်မူ၍။
ဝေဠုဝနေ ဝိဟာသိ၊ ဝေဠုဝန်ကျောင်းတော်၌ နေတော်မူပြီ။
တသ္မိံ သမယေ အနာထပိဏ္ဍိကော ဂဟပတိ၊ ထိုအခါ၌ မှီခိုရာမဲ့တို့အား အစာပေးတတ်၍ အနာထပိဏ်မည်သောသူကြွယ်သည်။
ပဉ္စဟိ သကဋသတေဟိ ဘဏ္ဍံ အာဒါယ၊ လှည်းငါးရာတို့ဖြင့် ရောင်းစရာ ကုန်ပစ္စည်းကို ယူခဲ့၍။
ရာဇဂဟေ အတ္တနော၊ ရာဇဂြိုဟ်မြို့၌ မိမိ၏။
ပိယသဟာယကဿ သေဋ္ဌိနော၊ သူငယ်ချင်း ချစ် ဖြစ်သော သူဌေး၏။
ဂေဟံ ဂန္တွာ၊ အိမ်သို့ ရောက်သွားသော်။
တတ္ထ ဗုဒ္ဓဿ ဘဂဝတော၊ ထိုသူငယ်ချင်း ချစ်သူဌေးအိမ်၌ တရားအလုံးစုံ အကုန်သိတော်မူသော ဘုရားရှင်၏။
ဥပ္ပန္နဘာဝံ သုတွာ၊ ဖြစ်တော်မူကြောင်း ပွင့်တော်မူကြောင်းကို ကြားသိရ၍။
ဗလဝပစ္စူသသမယေ ဒေဝတာနုဘာဝေန၊ မိုးသောက်ထနီး လင်းအားကြီးအခါ၌ နတ်တို့တန်ခိုးအာနုဘော်ကြောင့်။
ဝိဝဋေန ဒွါရေန၊ ပွင့်နေသော တံခါးဖြင့်။
သတ္ထာရံ ဥပသင်္ကမိတွာ၊ ဘုရားရှင်သို့ ချဉ်းကပ်၍။
ဓမ္မံ သုတွာ၊ တရားတော်ကို နာရ၍။
သောတာပတ္တိဖလေ ပတိဋ္ဌာယ၊ သောတာပတ္တိဖိုလ်၌ တည်၍။
ဒုတိယဒိဝသေ ဗုဒ္ဓပ္ပမုခဿ ဘိက္ခုသံဃဿ၊ သောတာပန်ဖြစ်ပြီး ဒုတိယနေ့၌ ဘုရားအမှူးရှိသော ရဟန်းအပေါင်းအား။
မဟာဒါနံ ဒတွာ၊ အလှူကြီးကို ပေးလှူ၍။
သာဝတ္ထိံ အာဂမနတ္ထာယ၊ သာဝတ္ထိမြို့သို့ ကြွလာခြင်းအကျိုးငှာ။
သတ္ထု ပဋိညံ ဂဟေတွာ၊ ဘုရားရှင်၏ ဝန်ခံမှုကို ယူ၍။
အန္တရာမဂ္ဂေ ပဉ္စစတ္တာလီသယောဇနဋ္ဌာနေ၊ လမ်းခရီးအကြား၌ ၄၅-ယူဇနာရှိသော ဌာန၌။
သတသဟဿံ သတသဟဿံ ဒတွာ၊ တစ်သိန်းကို တစ်သိန်းကို ပေး၍။
ယောဇနိကေ ယောဇနိကေ ဝိဟာရေ ကာရေတွာ၊ တစ်ယူဇနာအကွာရှိကုန်သော တစ်ယူဇနာအကွာရှိကုန်သော ကျောင်းတို့ကို ဆောက်လုပ်စေ၍။
ဇေတဝနံ ကောဋိသန္ထာရေန၊ ဇေတဝန်ဥယျာဉ်ကို အသပြာအစွန်းချင်းထိအောင် ခင်းခြင်းဖြင့်။
အဋ္ဌာရသဟိရညကောဋီဟိ ကိဏိတွာ၊ ၁၈-ကုဋေသော ငွေတို့ဖြင့် ဝယ်၍။
နဝကမ္မံ ပဋ္ဌပေသိ၊ ကျောင်းဆောက်သည့် အမှုသစ်ကို ဖြစ်စေပြီ။
သော မဇ္ဈေ၊ ထိုအနာထပိဏ်သူဌေးသည် ကျောင်းအလယ်၌။
ဒသဗလဿ ဂန္ဓကုဋိံ ကာရေသိ၊ ဘုရားရှင်အတွက် ဂန္ဓကုဋီကို ဆောက်လုပ်စေပြီ။
တံ ပရိဝါရေတွာ၊ ထိုဂန္ဓကုဋီကို ဝိုင်းရံ၍။
အသီတိ မဟာထေရာနံ၊ တပည့်ကြီးရှစ်ကျိပ်မဟာထေရ်တို့ဖို့။
ပါဋိယေက္ကသန္နိဝေသနေ အာဝါသေ၊ သီးသန့် ကောင်းစွာနေရာဖြစ်ကုန်သော ကျောင်းတို့လည်းကောင်း။
ဧကကူဋာဂါရဒွိကူဋာဂါရဟံသဝဋ္ဋကဒီဃသာလာမဏ္ဍပါဒိဝသေန၊ အထွတ်တစ်ခုပါသောကျောင်း, အထွတ်နှစ်ခုပါသောကျောင်း, ဟင်္သာတောင်လည်၍ မိုးသောကျောင်း, ဇရပ်ရှည်, မဏ္ဍပ်စသည်တို့အစွမ်းဖြင့်။
သေသသေနာသနာနိ၊ ကြွင်းကျန်သော ကျောင်းအိပ်ရာနေရာတို့လည်းကောင်း။
ပေါက္ခရဏီစင်္ကမနရတ္တိဋ္ဌာနဒိဝါဋ္ဌာနာနိ စ၊ လေးထောင့်ကန်, စင်္ကြံကျောင်း, ညသန့်ရာဌာန, နေ့သန့်ရာဌာနတို့လည်းကောင်း။
ဣတိ အဋ္ဌာရသကောဋိပရိစ္စာဂေန၊ ဤသို့ ၁၈-ကုဋေ စွန့်လွှတ်ခြင်းဖြင့်။
ရမဏီယေ ဘူမိဘာဂေ၊ မွေ့လျော်ဖွယ်ကောင်းသော မြေအဖို့၌။
မနောရမံ ဝိဟာရံ ကာရာပေတွာ၊ နှလုံးမွေ့လျော်ရာဖြစ်သော ဇေတဝန်ကျောင်းတော်ကို ဆောက်လုပ်စေ၍။
ဒသဗလဿ အာဂမနတ္ထာယ၊ မြတ်စွာဘုရား၏ ကြွလာတော်မူခြင်းအကျိုးငှာ။
ဒူတံ ပေသေသိ၊ တမန်ကို စေလွှတ်ပြီ။
သတ္ထာ ဒူတဿ ဝစနံ သုတွာ၊ ဘုရားရှင်သည် တမန်၏လျှောက်ထားစကားကို ကြားတော်မူ၍။
မဟာဘိက္ခုသင်္ဃပရိဝုတော၊ များစွာသော ရဟန်းအပေါင်း ခြံရံအပ်လျက်။
ရာဇဂဟာ နိက္ခမိတွာ၊ ရာဇဂြိုဟ်မြို့မှ ထွက်တော်မူ၍။
အနုပုဗ္ဗေန သာဝတ္ထိနဂရံ ပါပုဏိ၊ အစဉ်အားဖြင့် သာဝတ္ထိမြို့သို့ ရောက်ပြီ။
မဟာသေဋ္ဌိပိ ခေါ၊ အနာထပိဏ်သူဌေးကြီးသည်လည်း။
ဝိဟာရမဟံ သဇ္ဇေတွာ၊ ကျောင်းလွှတ်ပူဇော်ပွဲကို စီစဉ်၍။
တထာဂတဿ ဇေတဝနပ္ပဝိသနဒိဝသေ၊ ရှင်တော်ဘုရား၏ ဇေတဝန်ကျောင်းတော်ဝင်ရာနေ့၌။
ပုတ္တံ သဗ္ဗာလင်္ကာရပဋိမဏ္ဍိတံ ကတွာ၊ သားကို အဆင်တန်ဆာအားလုံးဖြင့် တန်ဆာဆင်အပ်သည်ကို ပြု၍။
အလင်္ကတပဋိယတ္တေဟေဝ၊ တန်ဆာဆင်မှုနှင့် စပ်ယှဉ်သည်သာ ဖြစ်ကုန်သော။
ပဉ္စဟိ ကုမာရသတေဟိ၊ သူဌေးသားငယ်ငါးရာတို့နှင့်။
သဒ္ဓိံ ပေသေသိ၊ အတူ စေပြီ။
သော သပရိဝါရော၊ ထိုအနာထပိဏ် သူဌေးသားသည် အခြံအရံနှင့်တကွ။
ပဉ္စဝဏ္ဏဝတ္ထသမုဇ္ဇလာနိ ပဉ္စဓဇသတာနိ ဂဟေတွာ၊ အဆင်းငါးမျိုးရှိ အဝတ်ဖြင့် ကောင်းစွာ တောက်ပြောင်ကုန်သော အလံတံခွန်ငါးရာတို့ကို ယူ၍။
ဒသဗလဿ ပုရတော အဟောသိ၊ ဘုရားရှင်၏ ရှေ့တော်မှဖြစ်ပြီ။
တေသံ ပစ္ဆတော၊ ထိုသူဌေးသားငါးရာတို့၏ နောက်မှ။
မဟာသုဘဒ္ဒါ စူဠသုဘဒ္ဒါ၊ မဟာသုဘဒ္ဒါလည်းကောင်း စူဠသုဘဒ္ဒါလည်းကောင်း။
ဣတိ ဒွေ သေဋ္ဌိဓီတရော၊ ဤသို့နှစ်ယောက်ကုန်သော အနာထပိဏ်သူဌေးသမီးတို့သည်။
ပဉ္စဟိ ကုမာရိကာသတေဟိ သဒ္ဓိံ၊ သူဌေးသမီးငါးရာတို့နှင့် အတူ။
ပုဏ္ဏဃဋေ ဂဟေတွာ နိက္ခမိံသု၊ ရေပြည့်အိုးတို့ကို ရွက်ဆောင်ယူ၍ ထွက်လာကုန်ပြီ။
တာသံ ပစ္ဆတော၊ ထိုသူဌေးသမီးငါးရာတို့၏ နောက်မှ။
သေဋ္ဌိဘရိယာ သဗ္ဗာလင်္ကာရပဋိမဏ္ဍိတာ၊ အနာထပိဏ်သူဌေးကတော် ပုညလက္ခဏဒေဝီသည် အဆင်တန်ဆာအားလုံးဆင်မြန်းအပ်သည်ဖြစ်၍။
ပဉ္စဟိ မာတုဂါမသတေဟိ သဒ္ဓိံ၊ သူဌေးကတော်ငါးရာတို့နှင့် အတူ။
ပုဏ္ဏပါတိယော ဂဟေတွာ နိက္ခမိ၊ နံ့သာရေစသည်ပြည့်သော ရွှေခွက်, ငွေခွက်တို့ကို ကိုင်ဆောင်၍ ထွက်ပြီ။
သဗ္ဗေသံ ပစ္ဆတော သယံ၊ အလုံးစုံသော သူတို့၏နောက်မှ ကိုယ်တိုင်။
မဟာသေဋ္ဌိ အဟတဝတ္ထနိဝတ္ထော၊ အနာထပိဏ်သူဌေးကြီးသည် အဝတ်သစ်ဝတ်လျက်။
အဟတဝတ္ထနိဝတ္ထေဟေဝ ပဉ္စဟိ သေဋ္ဌိသတေဟိ သဒ္ဓိံ၊ အဝတ်သစ် ဝတ်ကုန်သည်သာ ဖြစ်ကုန်သော သူဌေးငါးရာတို့နှင့် အတူ။
ဘဂဝန္တံ အဗ္ဘုဂ္ဂဉ္ဆိ၊ ဘုရားရှင်ကို ခရီးဦးကြိုဆိုပြီ။
ဘဂဝါ ဣမံ ဥပါသကပရိသံ၊ မြတ်စွာဘုရားသည် အနာထပိဏ်သူဌေးခေါင်းဆောင်သော ဤဥပါသကာပရိသတ်ကို။
ပုရတော ကတွာ၊ ရှေ့မှပြုတော်မူ၍။
မဟာဘိက္ခုသင်္ဃပရိဝုတော၊ များစွာသော ရဟန်းအပေါင်းခြံရံအပ်လျက်။
အတ္တနော သရီရပ္ပဘာယ၊ မိမိ၏ ကိုယ်တော်ရောင်ဖြင့်။
ဝနန္တရာနိ သုဝဏ္ဏရသသေကပိဉ္ဇရာနိဝိယ ကုရုမာနော၊ တောကြိုတောကြားတို့ကို ရွှေရည်သွန်းလောင်းအပ်ကုန်သော, ဆေးဒန်းရွှေဝါတို့ကဲ့သို့ ပြုတော်မူလျက်။
အနန္တာယ ဗုဒ္ဓလီလာယ၊ ပြောမဆုံးသော (အဆုံးအပိုင်းအခြားရှိသော) ဘုရားတို့တင့်တယ်စံပယ်ခြင်းဖြင့်။
အပဋိသမာယ ဗုဒ္ဓသိရိယာ၊ နှိုင်းစရာအတူမရှိသော ဘုရားအသရေတော်ဖြင့်။
ဇေတဝနဝိဟာရံ ပါဝိသိ၊ ဇေတဝန်ကျောင်းတော်သို့ ဝင်တော်မူပြီ။
အထ နံ၊ ဝင်တော်မူပြီးရာ ထိုအခါ၌ ထိုမြတ်စွာဘုရားကို။
"ဘန္တေ ကထံ အဟံ၊ မြတ်စွာဘုရား အဘယ်သို့လျှင် တပည့်တော်အနာထပိဏ်သည်။
ဣမသ္မိံ ဝိဟာရေ ပဋိပဇ္ဇာမီတိ၊ ဤဇေတဝန်ကျောင်းတော်၌ ပြုကျင့်ရပါမည်နည်း"ဟု။
အနာထပိဏ္ဍိကော ပုစ္ဆိ၊ အနာထပိဏ်သူဌေးသည် မေးမြန်းလျှောက်ထားပြီ။
ဂဟပတိ တေန ဟိ၊ သူကြွယ် ထိုသို့ဖြစ်လျှင်။
ဣမံ ဝိဟာရံ အာဂတာနာဂတဿ၊ ဤဇေတဝန်ကျောင်းကို ရောက်ပြီး, ရောက်ဆဲ, ရောက်လတ္တံ့ဖြစ်သော။
စာတုဒ္ဒိသဿ ဘိက္ခုသံဃဿ ဒေဟီတိ၊ အရပ်လေးမျက်နှာ၌ရှိသော ရဟန်းအပေါင်းအား လှူလော့ဟု မိန့်တော်မူပြီ။
သာဓု ဘန္တေတိ၊ ကောင်းပါပြီ မြတ်စွာဘုရားဟု လျှောက်၍။
မဟာသေဋ္ဌိ သုဝဏ္ဏဘိင်္ကာရံ အာဒါယ၊ အနာထပိဏ်သူဌေးကြီးသည် ရွှေကရားကို ယူ၍။
ဒသဗလဿ ဟတ္ထေ၊ ဘုရားရှင်၏ လက်တော်၌။
ဥဒကံ ပါတေတွာ၊ ရေကို ကျစေ၍, ချ၍။
ဣမံ ဇေတဝနဝိဟာရံ၊ ဤဇေတဝန်ကျောင်းတော်ကို။
အာဂတာနာဂတဿ စာတုဒ္ဒိသဿ၊ ရောက်ပြီး, ရောက်ဆဲ, ရောက်လတ္တံ့ဖြစ်သော အရပ်လေးမျက်နှာ၌ရှိသော။
ဘိက္ခုသံဃဿ ဒမ္မီတိ အဒါသိ၊ ရဟန်းအပေါင်းအား လှူပါ၏ဟုလျှောက်၍ လှူပြီ။
သတ္ထာ ဝိဟာရံ ပဋိဂ္ဂဟေတွာ၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်ကို အလှူခံတော်မူပြီး၍။
အနုမောဒနံ ကရောန္တော၊ ကျောင်းအနုမောဒနာတရားကို ပြုတော်မူလိုရကား-
သီတံ၊ အအေးကိုလည်းကောင်း။
ဥဏှံ၊ မီးပူကိုလည်းကောင်း။
တတော၊ ထိုမှတစ်ပါး။
ဝါဠမိဂါနိ စ၊ ခြင်္သေ့ သစ်ကျားစသည့် သားရဲတို့ကိုလည်းကောင်း။
သရီသပေ စ မကသေ၊ မြွေ, ကင်း, သန်းတို့ကိုလည်းကောင်း မှက်, ခြင်, ယင်တို့ကိုလည်းကောင်း။
သိသိရေ စာပိ ဝုဋ္ဌိယော၊ အလွန်အေးသည့် အတွေ့တို့ကိုလည်းကောင်း ရွာသွန်းသော မိုးတို့ကိုလည်းကောင်း။
ပဋိဟန္တိ၊ ပယ်ဖျောက်နိုင်၏။
တတော၊ ထိုမှတစ်ပါး။
သဉ္ဇာတော ဃောရော၊ အကြောင်းသင့်၍ ဖြစ်ပွားလာသော အဟုန်ပြင်း၍ ကြမ်းတမ်းစွာသော။
ဝါတာတပေါ ပဋိဟညတိ၊ လေပြင်း, နေပြင်းဒဏ်ကို ပယ်ဖျောက်နိုင်၏။
လေဏတ္ထဉ္စ သုခတ္ထဉ္စ၊ ကိန်းအောင်းခြင်းငှာလည်းကောင်း ချမ်းသာခြင်းငှာလည်းကောင်း။
ဈာယိတုံ စ ဝိပဿိတုံ၊ ဈာန်ဝင်စားခြင်းငှာလည်းကောင်း ဝိပဿနာရှုခြင်းငှာလည်းကောင်း။
သံဃဿ ဝိဟာရဒါနံ၊ သံဃာတော်အား ကျောင်းအလှူကို။
အဂ္ဂံ ဗုဒ္ဓေန ဝဏ္ဏိတံ၊ မြတ်၏ဟူ၍ မြတ်စွာဘုရားသည် ဟောတော်မူအပ်ပြီ။
တသ္မာဟိ အတ္တနော အတ္ထံ၊ ထို့ကြောင့်သာ မိမိ၏ ကောင်းကျိုးကို။
သမ္ပဿံ ပဏ္ဍိတော ပေါသော၊ ကောင်းစွာမြင်သိသော ပညာရှိသော အမျိုးသားသည်။
ရမ္မေ ဝိဟာရေ ကာရယေ၊ မွေ့လျော်ဖွယ်ကောင်းကုန်သော ကျောင်းသင်္ခမ်းတို့ကို ဆောက်လုပ်စေရာ၏။
ဧတ္ထ ဗဟုဿုတေ ဝါသယေ၊ မိမိတို့လှူဒါန်းသည့် ဤကျောင်းသင်္ခမ်းတို့၌ အကြားအမြင်များကုန်သော ရဟန်းတို့ကို အကြီးအမှူးပြုကာ နေထိုင်စေရာ၏။
ဥဇုဘူတေသု တေသံ၊ အတွင်းစိတ်ဓာတ် အဖြောင့်မတ်ကြီး ဖြောင့်မတ်ကုန်သော အကြားအမြင်များသည့် ထိုကျောင်းနေရဟန်းတို့အား။
အန္နဉ္စ ပါနဉ္စ ဝတ္ထသေနာသနာနိ စ၊ ဆွမ်းကိုလည်းကောင်း, အဖျော်ကိုလည်းကောင်း, သင်္ကန်းအိပ်ရာနေရာတို့ကိုလည်းကောင်း။
ဝိပ္ပသန္နေန စေတသာ ဒဒေယျ၊ ရတနာသုံးတန်, ကံ, ကံ၏အကျိုး ယုံကြည်သော စိတ်ဖြင့် ပေးလှူရာ၏။
တေ တဿ၊ အကြားအမြင်များသည့် ထိုကျောင်းနေ ရဟန်းတို့သည် ထိုကျောင်း ဒါယကာအား။
သဗ္ဗဒုက္ခာပနူဒနံ ဓမ္မံ ဒေသေန္တိ၊ ဒုက္ခအားလုံးကုန်ဆုံးအောင် ပယ်ဖျောက်ကြောင်းဖြစ်သော တရားကို ဟောကုန်၏။
သော ဣဓ၊ ထိုကျောင်းဒါယကာသည် ဤသာသနာတော်၌။
ယံ ဓမ္မံ အညာယ၊ ကျောင်းနေရဟန်းတို့ ဟောကြားသည့် ယင်းတရားကို သိ၍။
အနာသဝေါ ပရိနိဗ္ဗာတိ၊ ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်ဝင်စံရ၏။
ဝိဟာရာနိသံသံ ကထေသိ၊ ကျောင်းအကျိုးအာနိသင်ကို ဟောတော်မူပြီ။
အနာထပိဏ္ဍိကော ဒုတိယဒိဝသတော ပဋ္ဌာယ၊ အနာထပိဏ်သူဌေးသည် ဒုတိယနေ့မှ စ၍။
ဝိဟာရမဟံ အာရဘိ၊ ကျောင်းတိုက်ရေစက်ချအောင်ပွဲကို အားထုတ်ကျင်းပပြီ။
ဝိသာခါယ ပါသာဒမဟော၊ ဝသာခါ၏ ပုဗ္ဗာရုံပြာသာဒ်ကျောင်း ရေစက်ချအောင်ပွဲသည်။
စတူဟိ မာသေဟိ နိဋ္ဌိတော၊ လေးလတို့ဖြင့် (လေးလကြာမှ) ပြီးစီး၏။
အနာထပိဏ္ဍိကဿ ဝိဟာရမဟော ပန၊ အနာထပိဏ်သူဌေး၏ ဇေတဝန်ကျောင်းရေစက်ချအောင်ပွဲသည်ကား။
နဝဟိ မာသေဟိ နိဋ္ဌာသိ၊ ကိုးလတို့ဖြင့်, ကိုးလတို့ကြာမှ ပြီးစီး၏။
ဝိဟာရမဟေပိ အဋ္ဌာရသေဝ ကောဋိယော၊ ဇေတဝန်ကျောင်း ရေစက်ချအောင်ပွဲ၌လည်း ၁၈-ကုဋေသော ဥစ္စာတို့သည်။
ပရိစ္စာဂံ အဂမံသု၊ လှူဒါန်းစွန့်ကြဲခြင်းသို့ ရောက်ကုန်ပြီ။
ဣတိ ဧကသ္မိံယေဝ ဝိဟာရေ၊ ဤသို့ ဇေတဝန်တစ်ကျောင်းတည်း၌ပင်။
စတုပဏ္ဏာသကောဋိသင်္ချံ ဓနံ ပရိစ္စဇိ၊ ၅၄-ကုဋေအရေအတွက်ရှိသော ဥစ္စာကို စွန့်လှူပြီ။
ပန အတီတေ၊ ဆက်ပြောရသော် လွန်လေပြီးကာလ၌။
ဝိပဿိဿ ဘဂဝတော ကာလေ၊ ဝိပဿီမည်တော်မူသော ဘုရားရှင်၏ လက်ထက်တော်၌။
ပုနဗ္ဗသုမိတ္တော နာမ သေဋ္ဌိ၊ ပုနဗ္ဗသုမိတ္တမည်သော သူဌေးသည်။
သုဝဏ္ဏိဋ္ဌကာသန္ထာရေန ကိဏိတွာ၊ ရွှေအုတ်ချပ်ချင်းထိအောင် ခင်းခြင်းဖြင့် ဝယ်ယူ၍။
တသ္မိံယေဝ ဌာနေ၊ ထိုဇေတဝန်ကျောင်းနေရာ၌ပင်။
ယောဇနပ္ပမာဏံ သံဃာရာမံ ကာရေသိ၊ တစ်ယူဇနာပမာဏရှိသော သံဃာ့အရာမ်ကို ဆောက်လုပ်စေပြီ။
သိခိဿ ဘဂဝတော ကာလေ၊ သိခီမည်တော်မူသော ဘုရားရှင်၏ လက်ထက်တော်၌။
သိရိဝဍ္ဎော နာမ သေဋ္ဌိ၊ သိရိဝဍ္ဎမည်သော သူဌေးသည်။
သုဝဏ္ဏဖာလသန္ထာရေန ကိဏိတွာ၊ ရွှေထွန်သွားချင်းထိအောင် ခင်းခြင်းဖြင့် ဝယ်ယူ၍။
တသ္မိံယေဝ ဌာနေ၊ ထိုဇေတဝန်ကျောင်းနေရာ၌ပင်။
တိဂါဝုတပ္ပမာဏံ သံဃာရာမံ ကာရေသိ၊ သုံးဂါဝုတ်ပမာဏရှိသော သံဃာ့အရာမ်ကို ဆောက်လုပ်စေပြီ။
ဝေဿဘုဿ ဘဂဝတော ကာလေ၊ ဝေဿဘူမည်တော်မူသော ဘုရားရှင်၏ လက်ထက်တော်၌။
သောတ္ထိဇော နာမ သေဋ္ဌိ၊ သောတ္ထိဇမည်သော သူဌေးသည်။
သုဝဏ္ဏဟတ္ထိပဒသန္ထာရေန ကိဏိတွာ၊ ဆင်ခွါပုံစံ, ရွှေချပ်ချင်းထိအောင် ခင်းခြင်းဖြင့် ဝယ်ယူ၍။
တသ္မိံ ယေဝ ဌာနေ၊ ထိုဇေတဝန်ကျောင်းနေရာ၌ပင်။
အဍ္ဎယောဇနပ္ပမာဏံ သံဃာရာမံ ကာရေသိ၊ ယူဇနာဝက်ပမာဏရှိသော သံဃာ့အရာမ်ကို ဆောက်လုပ်စေပြီ။
ကကုသန္ဓဿ ဘဂဝတော ကာလေ၊ ကကုသန်မည်တော်မူသော ဘုရားရှင်၏ လက်ထက်တော်၌။
အစ္စုတော နာမ သေဋ္ဌိ၊ အစ္စုတမည်သော သူဌေးသည်။
သုဝဏ္ဏိဋ္ဌကာသန္ထာရေန ကိဏိတွာ၊ ရွှေအုတ်ချပ်ချင်း ထိအောင်ခင်းခြင်းဖြင့် ဝယ်ယူ၍။
တသ္မိံယေဝ ဌာနေ၊ ထိုဇေတဝန်ကျောင်းတော်နေရာ၌ပင်။
ဂါဝုတပ္ပမာဏံ သံဃာရာမံ ကာရေသိ၊ တစ်ဂါဝုတ်ပမာဏရှိသော သံဃာ့အရံကို ဆောက်လုပ်စေပြီ။
ကောဏာဂမနဿ ဘဂဝတော ကာလေ၊ ကောဏာဂုံမည်တော်မူသော ဘုရားရှင်၏ လက်ထက်တော်၌။
ဥဂ္ဂေါ နာမ သေဋ္ဌိ၊ ဥဂ္ဂမည်သော သူဌေးသည်။
သုဝဏ္ဏကစ္ဆပသန္ထာရေန ကိဏိတွာ၊ ရွှေလိပ်ရုပ်ချင်းထိအောင် ခင်းခြင်းဖြင့် ဝယ်ယူ၍။
တသ္မိံယေဝ ဌာနေ၊ ထိုဇေတဝန်ကျောင်းတော်နေရာ၌ပင်။
အဍ္ဎဂါဝုတပ္ပမာဏံ သံဃာရာမံ ကာရေသိ၊ ဂါဝုတ်ဝက်ပမာဏရှိသော သံဃာ့အရာမ်ကို ဆောက်လုပ်စေပြီ။
ကဿပဿ ဘဂဝတော ကာလေ၊ ကဿပမည်တော်မူသော ဘုရားရှင်၏ လက်ထက်တော်၌။
သုမင်္ဂလော နာမ သေဋ္ဌိ၊ သုမင်္ဂလမည်သော သူဌေးသည်။
သုဝဏ္ဏကဋ္ဋိသန္ထာရေန ကိဏိတွာ၊ ထိစပ်အောင်ခင်းအပ်သော ရွှေကပ်ပဲ့ ရွှေတုံးဖြင့် ဝယ်ယူ၍။
တသ္မိံယေဝ ဌာနေ၊ ထိုဇေတဝန်ကျောင်းနေရာ၌ပင်။
သောဠသကရီသပ္ပမာဏံ သံဃာရာမံ ကာရေသိ၊ မင်းတို့ပယ်အားဖြင့် ၁၆-ပယ်ပမာဏရှိသော သံဃာ့အာရာမ်ကို ဆောက်လုပ်စေပြီ။
အမှာကံ ဘဂဝတော ကာလေ ပန၊ ငါတို့၏ ဂေါတမဘုရားရှင်၏ လက်ထက်တော်၌ကား။
အနာထပိဏ္ဍိကော နာမ သေဋ္ဌိ၊ အနာထပိဏ်မည်သောသူဌေးသည်။
ကဟာပဏကောဋိသန္ထာရေန ကိဏိတွာ၊ အစွန်းချင်းထိစပ်အောင် ခင်းအပ်သော ရွှေဒင်္ဂါးဖြင့် ဝယ်ယူ၍။
တသ္မိံယေဝ ဌာနေ၊ ရှေးဘုရားတို့လက်ထက် ကျောင်းဆောက်ခဲ့သော ထိုနေရာ၌ပင်။
အဋ္ဌကရီသပ္ပမာဏံ သံဃာရာမံ ကာရေသိ၊ မင်းတို့ပယ် ရှစ်ပယ်ပမာဏရှိသော သံဃာ့အာရာမ်ကို ဆောက်လုပ်စေပြီ။
ဣဒံ ဌာနံ၊ ဤဇေတဝန်ကျောင်းနေရာသည်။
သဗ္ဗဗုဒ္ဓါနံ၊ ဘုရားရှင်အားလုံးတို့သည်။
အဝိဇဟိတဋ္ဌာနမေဝ ကိရ၊ မပယ်စွန့်အပ်သော နေရာသာ ဖြစ်သတဲ့။
ဣတိ မဟာဗောဓိမဏ္ဍေ၊ ဤသို့လျှင် မဟာဗောဓိမဏ္ဍိုင်၌။
သဗ္ဗညုတပ္ပတ္တိတော ယာဝ မဟာပရိနိဗ္ဗာနမဉ္စာ၊ သဗ္ဗညုဘုရားအဖြစ်ရောက်သည်မှ ပရိနိဗ္ဗာန် စံတော်မူရာ ညောင်စောင်းမြတ်တိုင်အောင်။
ယသ္မိံ ယသ္မိံ ဌာနေ၊ အကြင်အကြင် နေရာ၌။
ဘဂဝါ ဝိဟာသိ၊ မြတ်စွာဘုရားသည် နေတော်မူပြီ။
ဣဒံ သန္တိကေ နိဒါနံ နာမ၊ ဘုရားဖြစ်ပြီး နေတော်မူရာ ဤနေရာတိုင်းသည် **သန္တိကေနိဒါန်း**မည်၏။
တဿ ဝသေန၊ ထိုသန္တိကေနိဒါန်း၏ အစွမ်းအားဖြင့်။
သဗ္ဗဇာတကာနိ ဝဏ္ဏယိဿာမိ၊ ဇာတ်အားလုံးတို့ကို ငါအဋ္ဌကထာဆရာတို့ ဖွင့်ပြကုန်အံ့။
**နိဒါနကထာ နိဋ္ဌိတာ**၊ **ဇာတ်နိဒါန်းစကားသည် ပြီးပြီ**။