Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
Jātaka-aṭṭhakathā(Paṭhamo bhāgo)
Jātaka-aṭṭhakathā(Paṭhamo bhāgo)

[124] 4. Ambajātakavaṇṇanā

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

**ဝါယမေထေဝ ပုရိသော** တိ ဣဒံ၊ ဝါယမေထေဝ ပုရိသောအစရှိသော ဤတရားဒေသနာတော်ကို။ သတ္တာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။ ဝတ္တသမ္ပန္နံ ဧကံ ဘိက္ခုံ၊ ကျင့်ဝတ်ပြည့်စုံ သော တစ်ပါးသော ရဟန်းကို။ အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော် မူပြီ။
သာဝတ္ထိဝါသီ သော ကုလပုတ္တော၊ သာဝတ္ထိမြို့နေသော ထိုအမျိုးတောင် သားသည်။ သာသနေ ဥရံ ဒတွာ၊ သာသနာတော်အား ရင်ကို ပေး၍။ ပဗ္ဗဇိတော၊ ရှင်ရဟန်းပြုသော်။ ဝတ္တသမ္ပန္နော အဟောသိ ကိရ၊ ကျင့်ဝတ်ပြည့်စုံသည် ဖြစ်ပြီတဲ့။ အာစရိယုပဇ္ဈာယဝတ္တာနိ၊ ဆရာ၌ ပြုအပ်သောဝတ် ဥပဇ္ဈာယ်၌ ပြုအပ်သော ဝတ်တို့ကိုလည်းကောင်း။ ပါနီယပရိဘောဇနီယဥပေါသထာဂါရဇန္တာယရာဒိ ဝတ္တာနိ၊ သောက်ရေဝတ် သုံးရေ၀တ် ဥပုသ်အိမ်ဝတ် ဇရုံးအိမ်ဝတ်စသည်တို့ကို လည်းကောင်း။ သာဓုကံ ကရောတိ၊ ကောင်းစွာ ပြု၏။ စုဒ္ဒသသု မဟာဝတ္တေသု၊ တစ်ဆယ့်လေးပါးကုန်သော အာစရိယဝတ်စသော ကျင့်ဝတ်ကြီးတို့၌လည်း ကောင်း။ အသီတိခန္ဓကဝတ္တေသုစ၊ ခန္ဓကလာ ရှစ်ဆယ်သော ကျင့်ဝတ်ငယ်တို့၌ လည်းကောင်း။ ပရိပူရကာရီယေဝ ဟောတိ၊ ပြည့်စုံစွာ ကျင့်လေ့ရှိသည်သာ ဖြစ်၏။ ဝိဟာရံ သမ္မဇ္ဇတိ၊ ကျောင်းကို သန့်ရှင်းရေးပြုလုပ်၏။ ပရိဝေဏီ ဝိတက္ကမာလကံ၊ နေရာအခန်းကိုလည်းကောင်း ကြံစည်ကြရာတန်ဆောင်းဝန်းကို လည်းကောင်း။ ဝိဟာရမဂ္ဂံ သမ္မဇ္ဇတိ၊ ကျောင်းဝင်ထွက်ရာလမ်းကိုလည်းကောင်း သုတ်သင်ရှင်းလင်း၏။
မနုဿာနံ ပါနီယံ ဒေတိ၊ လူတို့အား သောက်ရေကို ပေး၏။ မနုဿာ တဿ၊ လူတို့သည် ထိုရဟန်းတော်၏။ ဝတ္တသမ္ပတ္တိယံ ပသီဒိတွာ၊ ကျင့်ဝတ်ပြည့်စုံမှု၌ ကြည်ညိုကြ၍။ ပဉ္စသတမတ္တာနိ၊ ငါးရာမျှရှိကုန်သော။ ဓုဝ ဘတ္တာနိ အဒံသု၊ အမြဲဆွမ်းဝတ်တို့ကို ပေးလှူကုန်ပြီ။ မဟာလာဘသက္ကာရော ဥပ္ပဇ္ဇိ၊ များလှစွာသော လာဘ်ပူဇော်သက္ကာရသည် ဖြစ်ပြီ။
တံ နိဿာယ၊ ထိုရဟန်း တော်ကို အမှီပြု၍။ ဗဟူနံ၊ များစွာကုန်သော သူတို့အား။ ဖာသုဝိဟာရော ဇာတော၊ ချမ်းသာစွာနေရခြင်းသည် ဖြစ်ပြီ။
အထ ဧကဒိဝသံ၊ ထိုအခါ တစ်ခုခု၌။ ဓမ္မသဘာယံ ဘိက္ခူ၊ တရားသဘင်၌ ရဟန်းတို့သည်။ “အာဝုသော အသုကော နာမ ဘိက္ခု၊ အို. . ငါ့ရှင်တို့ ထိုမည်သော ရဟန်းတော်သည်။ အတ္တနော ဝတ္တ သမ္ပတ္တိယာ၊ မိမိ၏ ကျင့်ဝတ်ပြည့်စုံခြင်းကြောင့်။ မဟန္တ လာဘသက္ကာရံ နိဗ္ဗတ္တေသိ၊ များပြားလှစွာသော လာဘ်ပူဇော်သက္ကာရကို ဖြစ်စေပြီ။ ဧတံ ဧကံ နိဿာယ၊ ထိုရဟန်းတော်တစ်ပါးကို အမှီပြု၍။ ဗဟူနံ ဖာသုဝိဟာရော၊ လူများစွာတို့အား ချမ်းသာစွာနေရခြင်းသည်။ ဇာတောတိ၊ ဖြစ်ပြီ”ဟု။ ကထံ သမုဋ္ဌာပေသုံ၊ စကားကို ဖြစ်စေကုန်ပြီ။
သတ္ထာ အာဂန္တွာ၊ ဘုရားရှင်သည် ကြွလာတော်မူပြီး၍။ “ဘိက္ခဝေ ဧတရဟိ၊ အို. . ရဟန်းတို့ ယခုအခါ။ ကာယ ကထာယ သန္နိသိန္နာ၊ အဘယ်မည် သော စကားဖြင့် ကောင်းစွာထိုင်နေကြသည်။ အတ္ထ နုတိ ပုစ္ဆတွာ၊ ဖြစ်ကြသနည်း” ဟု မေးတော်မူ၍။ “ဣမာယ နာမာတိ ဝုတ္တေ၊ ဤမည်သော စကားဖြင့်ပါ”ဟု လျှောက်ထားအပ်သော်။ “ဘိက္ခဝေ ဣဒါနေ၀ န၊ အို. . ရဟန်းတို့ ယခုအခါ၌သာ မဟုတ်သေး။ ပုဗ္ဗေပိ အဟံ ဘိက္ခု ဝတ္တသမ္ပန္နော၊ ရှေးကလည်း ဤရဟန်းသည် ကျင့်ဝတ်ပြည့်စုံ၏။ ပုဗ္ဗေပိ၊ ရှေးကလည်း။ တံ ဧကံ နိဿာယ၊ ထိုတစ်ယောက်ကို အမှီပြု၍။ ပဉ္စက္ကသိသတာနိ၊ ရသေ့ငါးရာတို့သည်။ ဖလာဖလက္ထာယ၊ သစ်သီး ငယ် သစ်သီးကြီးအကျိုးငှာ။ အရည် အဂန္တွာ၊ တောသို့ မသွားရမူ၍။ ဧတေနေဝ၊ ဤရဟန်းသည်ပင်။ အာနီတဖလာဖလေဟိ၊ ဆောင်ယူအပ်ကုန်သော သစ်သီး ငယ် သစ်သီးကြီးတို့ဖြင့်။ ယာပေသုန္တိ ဝတွာ၊ မျှတဘုဉ်းပေးကြရကုန်ပြီ”ဟု မိန့်တော်မူ၍။ အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။ ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုလတ်သော်။ ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ ဥဒိစ္စဗြာဟ္မဏကုလေ နိဗ္ဗတ္တိတွာ၊ မြင့်မြတ်သော ပုဏ္ဏားမျိုး၌ ဖြစ်၍။ ဝယပ္ပတ္တော ဣသိပဗ္ဗဇ္ဇံ ပဗ္ဗဇိတွာ၊ အရွယ်ရောက်သော် ရသေ့ရဟန်း အဖြစ်သို့ ကပ်ရောက်၍။ ပဉ္စသတက္ကသိပရိဝါရော၊ ရသေ့ငါးရာအခြံအရံရှိ၍။ ပဗ္ဗတပါဒေ ဝိဟာသိ၊ ဟိမဝန္တာတောင်ခြေ၌ နေထိုင်ပြီ။
တဒါ ဟိမဝန္တေ၊ ထိုအခါက ဟိမဝန္တာ၌။ စဏ္ဍော နိဒါဃော အဟောသိ၊ အပူပြင်းထန်သော နွေကာလသည် ဖြစ်ပြီ။ တတ္ထ တတ္ထ၊ ထိုထိုနေရာတို့၌။ ပါနီယာနိ ဆိဇ္ဇိသု၊ သောက်ရေတို့သည် ပြတ်ကုန်ပြီ။ ပါနီယံ အလဘမာနာ၊ သောက်ရေကို မရကြ၍။ တိရစ္ဆာနာ ကိလမန္တိ၊ တိရစ္ဆာန်တို့သည် ပင်ပန်းကုန်၏။
အထ တေသု တာပသေသု၊ ထိုအခါ ထိုရသေ့ ငါးရာတို့တွင်။ ဧကော တာပသော၊ တစ်ပါးသော ရသေ့သည်။ တေသံ ပိပါသဒုက္ခံ ဒိသွာ၊ ထိုတိရစ္ဆာန်တို့၏ ရေငတ်သည့်ဒုက္ခကို တွေ့ရ၍။ ဧကံ ရုက္ခံ ဆိန္ဒိတွာ၊ တစ်ပင်သော သစ်ပင်ကို ခုတ်ဖြတ်၍။ ဒေါဏီ ကတွာ၊ ရေစကျင်းကို ပြုလုပ်၍။ ပါနီယံ ဥဿိဒ္ဓိတွာ၊ သောက်ရေကို သွန်းလောင်းထည့်၍။ ဒေါဏိံ ပူရေတွာ၊ စကျင်းကို ပြည့်စေ၍။ တေသံ ပါနီယံ အဒါသိ၊ ထိုတိရစ္ဆာန်တို့အား သောက်ရေကို ပေးပြီ။
ဗဟူသု သန္နိပတိတွာ၊ တိရစ္ဆာန်များစွာတို့သည် ကောင်းစွာစုဝေး ကျရောက်၍။ ပါနီယံ ပိဝန္တေသု၊ သောက်ရေကို သောက်ကုန်သော်။ ဖလာဖလာယ တာပသဿ၊ သစ်သီးငယ်သစ်သီးကြီးအကျိုးငှာ ရသေ့၏။ ဂမနောကာသော နာဟောသိ၊ သွားလာခွင့်သည် မဖြစ်,မရှိပြီ။
သော နိရာဟာရောပိ၊ ထိုရသေ့သည် အစာအာဟာရ မစားရသော်လည်း။ ပါနီယံ ဒေတိယေဝ၊ သောက်ရေကို ခတ်ပေ သည်သာတည်း။
“မိဂဂဏာ၊ သားကောင်အပေါင်းတို့သည်။ “အယံ အမှာကံ၊ ဤရသေ့သည် ငါတို့အား။ ပါနီယံ ဒေန္တော၊ သောက်ရေကို ခပ်ပေးရ၍။ ဖလာဖလတ္ထာယ ဂန္တုံ၊ သစ်သီးငယ်သစ်သီးကြီးအကျိုးငှာ သွားဖို့ရာ။ ဩကာသံ န လဘတိ၊ အခွင့်ကို မရ။ နိရာဟာရတာယ၊ အစာမစားရသည့်အဖြစ်ကြောင့်။ အတိဝိ ယကိလမတိ၊ အလွန်ပင်ပင်ပန်းရှာ၏။ ဟန္ဒ မယံ၊ ယခု ငါတို့သည်။ ကတိကံ ကရောမာတိ စိန္တေသုံ၊ ကတိကဝတ်ကို ပြုကြအံ့”ဟု တွေးမိကုန်ပြီ။
တေ၊ ထိုသားကောင်အပေါင်းတို့သည်။ “ဣတော ပဋ္ဌာယ၊ ဤနေ့မှ စ၍။ ပါနီယံ ပိဝနတ္ထာယ၊ သောက်ရေကို သောက်ခြင်းငှာ။ အာဂစ္ဆန္တေန၊ လာသူသည်။ အတ္တနော ဗလာနုရူပေန၊ မိမိ၏ ခွန်အားနှင့်လျော်စွာ။ ဖလာဖလံ ဂဟေတွာဝ၊ သစ်သီငယ်သစ်သီးကြီးကို ယူ၍သာ။ အာဂန္တဗန္တိ၊ လာရမည်”ဟု။ ကတိကံ အကံသု၊ ကတိကဝတ်ကို ပြုကြပြီ။
တေ တတော ပဋ္ဌာယ၊ ထိုသားကောင်တို့သည် ထိုနေ့မှ စ၍။ ဧကေကော တိရစ္ဆာနော၊ တစ်ကောင်တစ်ကောင်သော တိရစ္ဆာန် သည်။ အတ္တနော အတ္တနော၊ မိမိ မိမိ၏။ ဗလာနုရူပေန၊ ခွန်အားနှင့်လျော်စွာ။ မဓုရမဓုရာနိ၊ ချိုသော အရသာရှိကုန် ချိုသော အရသာရှိကုန်သော။ အမ္ဗဇမ္ဗုပနသာဒီနိ၊ သရက်သီး သပြေသီး ပိန္နဲသီးအစရှိသည်တို့ကို။ ဂဟေတွာဝ အာဂစ္ဆတိ၊ ယူ၍သာလာကြ၏။
ဧကဿ အတ္ထာယ၊ ရသေ့တစ်ပါး၏ အကျိုးငှာ။ ဘာဘတံ ဖလာဖလံ၊ ဆောင်ယူအပ်ခဲ့သော သစ်သီးငယ် သစ်သီးကြီးသည်။ အဍ္ဎတေယျ သကဋဘာရပ္ပမာဏံ၊ နှစ်လှည်းခွဲတင်,ဝန်ပမာဏရှိသည်။ အဟောသိ၊ ဖြစ်ပြီ။ (လှည်းနှစ်စီးခွဲတိုက်ပမာဏရှိသည်ဖြစ်ပြီ)။
ပဉ္စသတာ တာပသာ၊ ငါးရာကုန်သော ရသေ့တို့သည်။ တဒေဝ ပရိဘုဉ္ဇန္တိ၊ ထိုသစ်သီးငယ်သစ်သီးကြီးကိုသာ ဘုဉ်းပေးကြ ကုန်၏။
အတိရေကံ ဆီယိတ္ထ၊ အပိုအလွန်ကို စွန့်ပစ်အပ်ပြီ (စွန့်ပစ်ရပြီ)။
ဗောဓိသတ္တော တံ ဒိသွာ၊ ဘုရားလောင်းဆရာရသေ့သည် ထိုအဖြစ်ကို တွေ့မြင်ရ၍။ “ဧကံ ဝတ္တသမ္ပန္နံ နာမ နိဿာယ၊ တစ်ယောက်သော ကျင့်ဝတ် ပြည့်စုံသူမည်သည်ကို အမှီပြု၍။ ဧတ္တကာနံ တာပသာနံ၊ ဤမျှရှိကုန်သော ရသေ့တို့၏။ ဖလာဖလတ္ထာယ အဂန္တွာ၊ သစ်သီးငယ်သစ်သီးကြီးအကျိုးငှာ မသွား ရမူ၍။ ယာပနံ ဥပ္ပန္နံ၊ မျှတခြင်းသည် ဖြစ်ပြီ။ ဝီရိယံ နာမ၊ ဝီရိယမည်သည်ကို။ ကာတဗ္ဗမေဝါတိ ဝတွာ၊ ပြုထိုက်သည်သာ”ဟု ပြောဆို၍။
ပုရိသော ဝါယမေထေဝ၊ ယောက်ျားဟူသည် အားထုတ်ရမည်သာတည်း။ ပဏ္ဍိတော န နိဗ္ဗိန္ဒေယျ၊ ပညာရှိသူဟူသည် အားထုတ်ရမှာ မငြီးငွေ့ရာ။
ဝါယာမဿ ဖလံ ပဿ၊ ကြိုးစားမှု၏ ကောင်းကျိုးကို ရှုစမ်းပါလော။ အမ္ဗာ ဘုတ္တာ၊ သရက်သီးအဦးထားသည့်သစ်သီးများစွာတို့ကို စားရကုန်ပြီ။ (တဉ္စ ခေါ ပန၊ ယိုစားရခြင်းသည်လည်း)။ အနီတိဟံ၊ တဆင့်ပြောမဟုတ်လက်တွေ့ သာတည်း။
တတြ အယံ သင်္ခေပတ္ထော၊ ထိုဂါထာ၌ ဤဆိုလတံ့သည်ကား အကျဉ်းချုပ် အနက်တည်း။ (ကော၊ အကျဉ်းချုပ်အနက်ဟူသည် အဘယ်နည်း)။ ပဏ္ဍိတော အတ္တနော၊ ပညာရှိဟူသည် မိမိ၏။ ဝတ္တပူရဏာဒိကေ ကမ္မသ္မိံ၊ ကျင့်ဝတ်ဖြည့်ကျင့် ခြင်းစသော အလုပ်ကိစ္စ၌။ ဝါယမေထေဝ န ဥက္ကဏေယျ၊ အားထုတ်ရမည်သာ မငြီးငွေ့သင့်။
ကိံ ကာရဏာ၊ ဘာ့ကြောင့်နည်း။
ဝါယာမဿ နိပ္ဖလတာယ၊ ကြိုးစားမှု၏ ကောင်းကျိုးမရှိသည့်အဖြစ်၏။ အဘာဝတော၊ မရှိခြင်းကြောင့် တည်း။
ဣတိ မဟာသတ္တော၊ ဤကဲ့သို့ ဘုရားလောင်းသည်။ ဧသော ဝါယာမော နာမ၊ ဤအားထုတ်ခြင်းမည်သည်။ သဖလောဝ ဟောတီတိ၊ ကောင်းကျိုးရှိသည် သာ ဖြစ်၏ဟု ။ ဣသိဂဏံ အာလပန္တော၊ ရသေ့အပေါင်းကို ခေါ်ပြောလိုရကား။ ** ဝါယာမဿ ဖလံ ပဿာ** တိ၊ ဝါယာမဿ ဖလံ ပဿဟု။ အာဟ၊ ပြောပြီ။
ကီဒိသံ၊ အဘယ်ကဲ့သို့ ရှုအပ်သနည်း။
**အမ္ဗာ ဘုတ္ထာ အနီတိဟံ**၊ သရက်သီး အဦးထားသည့်သစ်သီးများစွာတို့ကို စားရကုန်ပြီ တဆင့်ပြောမဟုတ် လက်တွေ့ သာတည်း။
တက္က၊ ဘုတ္တာ အမွာ အနီတိဟံဟူသော ထိုပါဌ်၌။ **အမ္ဗာ** တိ ဒေသနာ မတ္တံ၊ အမွာဟူသည်ကား ဟောကြားချက်မျှသာတည်း။ (ဂါထာစကားအရဟောကြားချက်မျှသာတည်း)။ ပန တေဟိ၊ အဟုတ်ကား ထိုတိရစ္ဆာန်တို့ သည်။ နာနပ္ပကာရာနိ ဖလာဖလာနိ၊ အထူးထူးအပြားပြားကုန်သော သစ်သီးငယ် သစ်သီးကြီးတို့ကို။ အာဘတာနိ၊ ဆောင်ယူအပ်ခဲ့ကုန်ပြီ။
တေသု၊ ထိုဆောင်ယူခဲ့ သည့်သစ်သီးတို့တွင်။ သမ္မန္တတရာနံ၊ အထူးချိုမြိန်ကုန်သည်တို့၏လည်းကောင်း။ ဥဿန္နတရာနံ ဝါ ဝသေန၊ အထူးများပြားကုန်သည်တို့၏လည်းကောင်း အစွမ်းအားဖြင့်။ အမ္ဗာတိ ဝုတ္တံ၊ အမ္ဗာဟု ဘုရားလောင်းရသေ့ရွတ်ဆိုအပ်ပြီ။
ဣမေဟိ ပဉ္စဟိ ဣသိသတေဟိ၊ ဤငါးရာကုန်သော ရသေ့တို့သည်။ အရညံ အဂန္တွာ၊ ကိုယ်တိုင် တောထဲသို့ မသွားရမူ၍။ ဧကဿ အတ္ထာယ၊ ရသေ့ တစ်ပါး၏ အကျိုးငှာ။ အာနီတာ ယေ အမ္ဗာ၊ ဆောင်ယူအပ်ခဲ့ကုန်သော အကြင် သရက်သီးတို့ကို။ ဘုတ္တာ၊ စားရကုန်ပြီ။ ဣဒံ၊ ဤစားရခြင်းသည်။ ဝါယာမသ ဖလံ၊ ရသေ့တစ်ပါးကြိုးစားမှု၏ ကောင်းကျိုးတည်း။
တဉ္စ ပန အနီတိဟံ၊ ခေါ ထိုကောင်းကျိုးသည်လည်း တဆင့်ပြောမဟုတ် လက်တွေ့တည်း။ “ဣတိ အာဟ ဣတိ အာဟာတိ၊ ဤသို့ပြောပြီတဲ့ ဤသို့ပြောပြီတဲ့”ဟု။ ဧဝံ ဣတိဟီတိဟေန၊ ဤသို့ပြောပြီတဲ့ ဤသို့ပြောပြီတဲ့ဟူသော စကားဖြင့်။ ဂဟေတဗ္ဗ န ဟောတိ၊ ယူဆရသည် မဖြစ်,မဟုတ်။ ပစ္စက္ခမေဝ၊ လက်တွေ့ သာဖြစ်သော။ တံ ဖလံ ပဿ၊ ထိုကောင်းကျိုးကို ရှုစမ်းပါလော့။ ဣတိ၊ ဤသည်ပင်တည်း။
ဧဝံ မဟာသတ္တော၊ ဤကဲ့သို့ ဘုရားလောင်းသည်။ ဣသိဂဏဿ၊ ရသေ့အပေါင်းအား။ ဩဝါဒံ အဒါသိ၊ ဩဝါဒကို ပေးပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာ တော်ကို ဆောင်တော်မူ၍။
“တဒါ ဝတ္တသမ္ပန္နော တာပသော၊ ထိုရှေးအခါက ကျင့်ဝတ်ပြည့်စုံသော ရသေ့သည်။ အယံ ဘိက္ခု အဟောသိ၊ သင်တို့ ချီးမွမ်းသော ဤရဟန်းသည် ဖြစ်လာပြီ။ ဂဏသတ္ထာ ပန၊ ဂိုဏ်းဆရာရသေ့သည်ကား။ မေဝ အဟောသိန္တိ၊ ငါဘုရားသည်သာ ဖြစ်လာပြီ”ဟု။ ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
အမ္ဗဇာတကဝဏ္ဏနာ စတုတ္ထာ၊ လေးခုမြောက်ဖြစ်သော အမ္ဗဇာတ်အဖွင့်တည်း။