**ဓမေ ဓမေ** တိ၊ ဓမေ ဓမေစသော ဤတရားဒေသနာတော်ကို။
သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဥ်။
ဒုဗ္ဗစမေဝ၊ ဆုံးမခက်သော ရဟန်းကိုပင်။
အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။
ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုလတ်သော်။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။
သင်္ခဓမကကုလေ နိဗ္ဗတ္တိတွာ၊ ခရုသင်းမှုတ်သည့် အမျိုး၌ ဖြစ်၍။
ဗာရာဏသိယံ နက္ခတ္တေ ဃုဋ္ဌေ၊ ဗာရာဏမြို့၌ နက္ခတ််ပွဲကို ကြွေးကြော်အပ်သော်။
ပိတရံ အာဒါယ၊ အဖကိုခေါ်ယူ၍။
သင်္ခဓမနကမ္မေန ဓနံ လဘိတွာ၊ ခရုသင်း မှုတ်ခြင်းအမှုဖြင့် ပစ္စည်းဥစ္စာကို ရ၍။
အာဂမနကာလေ စောရာဋဝိယံ၊ ပြန််လာရာ ကာလ၌ ခိုးသူတို့တောအုပ်၌။
နိရန္တရံ သင်္ခံ ဓမန္တံ၊ အကြားအလပ်မရှိ(မပြတ်) ခရုသင်းကို မှုတ်သော။
ပိတရံ ဝါရေသိ၊ အဖကို တားမြစ်ပြီ။
သော၊ ထိုအဖသည်။
"သင်္ခသဒ္ဒန စောရေ၊ ခရုသင်းသံဖြင့်ခိုးသားတို့ကို။
ပလာပေဿာမီတိ၊ ပြေးစေအံ့" ဟုပြော၍။
နိရန္တရမေဝ ဓမိ၊ အကြားအလပ်မရှိပင်မှုတ်ပြီ။
စောရာ ပုရိမနယေနေဝ၊ ခိုးသားတို့သည်ရှေးနည်းဖြင့်ပင်။
အာဂန္တွော ဝိလုမ္ပိံသု၊ လာ၍လုယူကြပြီ။
ဗောဓိသတ္ထော ပုရိမနယေနေဝ၊ ဘုရားလောင်းသည် ရှေးနည်းဖြင့်ပင်။
ဓမေ ဓမေ နာတိဓမေ၊ မှုတ်ရာ၏, အလွန်ကားမမှုတ်ရာ။
ဟိ အတိဓန္တံ ပါပကံ၊ မှန််၏ အလွန်မှုတ်ခြင်းသည် မကောင်း။
ဓန္တေန ဘောဂါ အဓိဂတာ၊ မှန်မှန်မှုတ်သဖြင့် ပစ္စည်းတို့ကိုရအပ်ကုန်ပြီ။
တေ တာတော၊ ထိုပစ္စည်းတို့ကိုဖခင်သည်။
ဓမံ ဝိဓမီ၊ လွန်စွာမှုတ်လျက် ဖျက်ဆီးပြီ။
တတ္ထ၊ ထိုဂါထာ၌။
**တေ တာတော ဝိဓမီ ဓမ** န္တိ၊ တေ တာတော ဝိဓမီ ဓမံ ဟုသည်ကား။
သင်္ခံ ဓမိတွာ တေ လဒ္ဓဘောဂေ၊ ခရုသင်းကို မှန်မှန်မှုတ်၍ ထိုရအပ်သော ပစ္စည်းတို့ကို။
မမပိတာ ပုနပ္ပုနံ၊ ငါ၏ ဖခင်သည် ထပ်ကာထပ်ကာ။
ဓမန္တော ဝိဓမိ၊ မှုတ်လျက် ဖျက်ဆီးပြီ။
ဝိဒ္ဓံသေဘိ ဝိနာသေသိ ဣတိ၊ ပျက်စီးစေပြီတည်း ဤကားဂါထာဖွင့်အပြီးတည်း။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာကို ဆောင်တော်မူ၍။
အနုသန္ဓိံ ဃဋေတွာ၊ အနုသန္ဓေကို စပ်တော်မူ၍။
"တဒါ ပိတာ၊ ထိုအခါကဖခင်သည်။
ဒုဗ္ဗစဘိက္ခု အဟောသိ၊ အပြောရခက်သော ရဟန်းသည် ဖြစ်လာပြီ။
အဿ ပုတ္တော ပန၊ ထိုဖခင်၏ သားသည်ကား။
အဟမေဝ အဟောသိန္တိ၊ ငါဘုရားသည်သာ ဖြစ်လာပြီ" ဟု။
ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
**သင်္ခဓမဇာတကဝ ဝဏ္ဏနာ ဒသမာ၊ ဆယ်ခုမြောက်ဖြစ်သော သင်္ခဓမဇာတ်အဖွင့်တည်း။**
အာသီသဝဂ္ဂေါ ဆဋ္ဌော၊ အာသီသဝဂ်သည် ဆဋ္ဌတည်း။
တဿဥဒ္ဒါနံ၊ ထိုအာသီသဝဂ်၏ အကျဉ်းချုပ်ခေါင်းစဥ်ကား။
မဟာသီလဝ ဇနကံ၊ မဟာသီလဝဇာတ် စူဠဇနကဇာတ်လည်းကောင်း။
ပုဏ္ဏပါတိ စ ကိံဖလံ၊ ပုဏ္ဏာပါတိဇာတ်လည်းကောင်း ကိံဖလဇာတ်လည်းကောင်း။
ပဉ္စာဝုဓကဉ္စနက္ခန္ဓံ၊ ပဥ္စာဝုဓဇာတ် ကဉ္စနက္ခန္ဓဇာတ်လည်းကောင်း။
ဝါနရိန္ဒံ တယောဓမ္မံ၊ ဝါန ရိန္ဒဇာတ်လည်းကောင်း တယောဓမ္မဇာတ်လည်းကောင်း။
ဘေရိဝါဒသင်္ခဓမန္တိ၊ ဘေရိဝါဒက ဇာတ် သင်္ခမေဇာတ်လည်းကောင်း ဤသည်ပင်တည်း။