**ကုသလူပဒေသေ မိတိယာ ဒဠှာယ စာ** တိ ဣဒံ၊ ကုသလူပဒေသ မိတိယာ ဒဠှာယ စ အစရှိသော ဤတရားဒေသနာတော်ကို။
သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။
အဇပါလနိဂြောဓေ မာရမီတာနံ၊ အဇပါလပင်ညောင်ပင်ရင်း၌ မာရ်နတ်မင်း, သမီးတို့၏။
ပလောဘန သုတ္တန္တံ အာရဗ္ဘ ကထေသိ၊ ဖျားယောင်းသော သုတ်ကို အကြောင်းပြု၍ တော်မူပြီ။
ဟိ ဘဂဝတာ၊ ချဲ့ပြောရသော် ဘုရားရှင်သည်။
အာဒိတော ပဋ္ဌာယ ဝုတ္တံ၊ အစမှ စ၍ ဟောတော်မူအပ်ပြီ။
(ကိ၊ အဘယ်သို့ ဟောတော်မူအပ်ပြီနည်း)။
တဏှာ စ အရတီ ရဂါ၊ တဏှာသည်လည်းကောင်း အရတီသည် လည်းကောင်း ရဂါသည်လည်းကောင်း။
ဒဒ္ဒလ္လမာနာ အာဂံဉ္ဆုံ၊ ထွန်းလင်း တောက်ပကုန်လျက် လာကြပြီ။
သတ္ထာ တာ၊ ဘုရားရှင်သည် ထိုမာရ် နတ်မင်း, သမီးတို့ကို။
မာလုတော ဘဋ္ဌံ တူလံဝ၊ လေသည် ကျလာသော လဲမှိုကိုကဲ့သို့။
တတ္ထ ပနုဒီ၊ ထိုအဇပါလပင်ညောင်ပင်ရင်း၌ ပယ်ဖျောက် တော်မူပြီ။
ဧဝံ၊ ဤသို့စသည်ဖြင့်။
ယာဝ ပရိယောသာနာ၊ ဆုံးသည်တိုင်အောင်။
တဿ သုတ္တန္တဿ၊ ထိုပလောဘနသုတ္တန်ကို။
ကထိတကာလေ၊ ဟောတော်မူအပ်ပြီးရာ ကာလ၌။
ဓမ္မသဘာယံ သန္နိပတိတာ ဘိက္ခူ၊ တရားသဘင်၌ ကောင်းစွာ ကျရောက်စုဝေးကုန်သော ရဟန်းတို့သည်။
“အာဝုသော သမ္မာသမ္ဗုဒ္ဓေါ၊ အို. . ငါ့ရှင်တို့ ရှင်တော်မြတ်ဘုရားသည်။
အနေကသတာနိပိ ဒိဗ္ဗရူပါနိ၊ ရာပေါင်းများစွာလည်း ဖြစ်ကုန်သော နတ်အဆင်းတို့ကို။
မာပေတွာ ပလောဘ နတ္ထာယ၊ ဖန်းဆင်းပြီး၍ ဖျားယောင်းခြင်းအကျိုးငှာ။
ဥပသင်္ကမန္တိယော မာရဂီတရော၊ ချဉ်းကပ်လာကုန်သော မာရ်နတ်မင်းသမီးတို့ကို။
အက္ခီနိ ဥမ္မီလေတွာပိ၊ မျက်စိတို့ကို ဖွင့်၍သော်မှတောင်လည်း။
န ဩလောကသိ၊ ကြည့်တော်မမူ။
ဗုဒ္ဓဗလံ နာမ၊ ဘုရားတို့စွမ်းအား မည်သည်။
အစ္ဆရိယန္တိ၊ အော် အံ့ဩဖွယ်ကောင်းပါပေစွ”ဟု။
ကထံ သမုဋ္ဌာပေသုံ၊ စကားကို ဖြစ်စေကုန်ပြီ။
သတ္ထာ အာဂန္တွာ၊ ဘုရားရှင်သည် ကြွလာတော်မူပြီး၍။
“ဘိက္ခဝေ ဧတရဟိ၊ အို. . ရဟန်းတို့ ယခုအခါ။
ကာယ ကထာယ သန္နိသိန္နာ၊ အဘယ်မည်သော စကားဖြင့် ကောင်းစွာထိုင်နေကြသည်။
အတ္ထ နုတိ ပုဗ္ဘိတွာ၊ ဖြစ်ကြသနည်း”ဟု မေးတော်မူ၍။
“ဣမာယ နာမာတိ ဝုတ္တေ၊ ဤမည်သော စကားဖြင့်ပါ”ဟု လျှောက်ထားအပ်သော်။
“ဘိက္ခဝေ ဣဒါနေဝ၊ အို. . ရဟန်းတို့ ယခုအခါ၌သာ။
သဗ္ဗာသဝေ ခေပေတွာ၊ အာသဝေါအားလုံးတို့ကို ကုန်ခမ်းစေပြီး၍။
သဗ္ဗညုတံ သမ္ပတ္တဿ၊ သဗ္ဗညုဘုရားအဖြစ်သို့ ကောင်းစွာရောက်တော်မူသော။
မယှံ၊ ငါဘုရား၏။
မာရမီတာနံ၊ မာရ်နတ်မင်းသမီးတို့အား။
အနောလောကနံ နာမ န အစ္ဆရိယံ၊ မကြည့်ခြင်းမည်သည် အံ့ဩဖွယ်မရှိသေး။
ဟိ အဟံ ပုဗ္ဗေ၊ မှန်၏ ငါဘုရားသည် ရှေးက။
ဗောဓိဉာဏံ ပရိယေသမာနော၊ သမ္မာသမ္ဗောဓိဉာဏ်ကို ရှာဖွေစဉ်။
သကိလေသကာလေပိ၊ ကိလေသာရှိရာ ကာလကသော်မှလည်း။
အဘိသင်္ခတံ ဒိဗ္ဗရူပံ၊ ပြုပြင်ဖန်ဆင်းအပ်သော နတ်ရုပ် နတ်အဆင်းကို။
ဣန္ဒြိယာနိ ဘိန္ဒိတွာ၊ ဣန္ဒြေတို့ကို ဖောက်ဖျက်၍။
ကိလေသဝသေန၊ ကိလေသာ၏အစွမ်း ဖြင့်။
အနောလောကေတွာဝ ဂန္တွာ၊ မကြည့်မူ၍သာ သွား၍။
မဟာရဇ္ဇံ ပါပုဏိန္တိ ဝတွာ၊ ကြီးမြတ်သော မင်းအဖြစ်ကို ရရှိပြီ”ဟု မိန့်တော်မူ၍။
အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။
ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုလတ်သော်။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။
ဘာတိကသတဿ ကနိဋ္ဌော အဟောသိ၊ နောင်တော် တစ်ရာ၏ အငယ်ဆုံးသည် ဖြစ်ပြီ။
ဣတိ သဗ္ဗံ ဟေဌာ၊ စသော အလုံးစုံကို အောက်ဖြစ်သော။
တက္ကသီလဇာတကေ၊ တေလပတ္တဇာတ်ခေါ် တက္ကသီလ ဇာတ်၌။
ဝုတ္တနယေနေဝ ဝိတ္ထာရိတဗ္ဗံ၊ ဆိုအပ်ခဲ့ပြီးသော နည်းဖြင့်ပင် အကျယ် ချဲ့ပါလေ။
တဒါ ပန တက္ကသိလာနဂရဝါသီဟိ၊ ထိုအခါ၌ကား တက္ကသိုလ်မြို့နေသူ တို့သည်။
ဗဟိနဂရေ သာလာယ၊ တက္ကသိုလ်မြို့ပြင်ပ၌ ဇရပ်၌။
ဗောဓိသတ္တ ဥပသင်္ကမိတွာ၊ နေသော ဘုရားလောင်းသို့ ချဉ်းကပ်၍။
ယာစိတွာ ရဇ္ဇံ ပဋိစွာပေတွာ၊ တောင်းပန်၍ မင်းအဖြစ်ကို လက်ခံစေ၍။
အဘိသေကေ ကတေ၊ အဘိသိက်သွန်းခြင်းကို ပြုအပ်ပြီးသော်။
တက္ကသိလာ နဂရဝါသိနော၊ တက္ကသိုလ် မြို့နေသူတို့သည်။
နဂရံ ဒေဝနဂရံ ဝိယ၊ တက္ကသိုလ်မြို့ကို နတ်မြို့ကဲ့သို့လည်း ကောင်း။
ရာဇဘဝနံ ဣန္ဒဘဝနံ ဝိယ စ၊ မင်းနန်းတော်ကို သိကြားဗိမာန်ကဲ့သို့ လည်းကောင်း။
အလင်္ကရိံ သု၊ တန်ဆာဆင်ကြပြီ။
တဒါ ဗောဓိသတ္တော၊ ထိုအခါ ဘုရားလောင်းသည်။
နဂရံ ပဝိသိတွာ၊ တက္ကသိုလ်မြို့တွင်းသို့ ဝင်ပြီး၍။
ရာဇ ဘဝနေ ပါသာဒေ၊ မင်းနန်းတော်၌ နန်းပြာသာဒ်၌။
မဟာတလေ၊ မြတ်သော အပြင်၌။
သမုဿိတသေတစ္ဆတ္တံ၊ စိုက်ထောင်အပ်ပြီးသော ထီးဖြူရှိသော။
ရတနဝရပလ္လင်္က အဘိရုယှ၊ မြတ်သော ရတနာပလ္လင်ထက်သို့ တက်ရောက်ပြီး၍။
ဒေဝရာဇလီလာယ နိသီဒိ၊ နတ်မင်းတို့၏တင့်တယ်စံပယ်ခြင်းဖြင့် ထိုင်နေပြီ။
အမစ္စာ စ ဗြာဟ္မဏဂဟပတိကာဒယော စ၊ အမတ်တို့သည်လည်းကောင်း ပုဏ္ဏား သူကြွယ် စသူတို့သည်လည်းကောင်း။
ခတ္တိယကုမာရာ စ၊ ခတ္တိယမျိုး, မင်းသား တို့သည်လည်းကောင်း။
သဗ္ဗာလင်္ကာရပဋိမဏ္ဍိတာ၊ အဆင်တန်ဆာအလုံးစုံ ဆင်မြန်းအပ်ကုန်လျက်။
ပရိဝါရေတွာ အဋ္ဌံသု၊ ဝိုင်းရံ၍ တည်ကုန်ပြီ။
ဒေဝစ္ဆရာ ပဋိဘာဂါ၊ နတ်သမီးနှင့်တူကုန်သော။
နစ္စဂီတဝါဒိတကုသလာ၊ ကမူ သီဆိုမှု တီးမှုတ်မှု ကျွမ်းကျင်ကုန်သော။
ဥတ္တမဝိလာသသမ္ပန္နာ၊ မြင့်မြတ်သော တင့်တယ် စံပယ်မှုနှင့် ပြည့်စုံကုန်သော။
သောဠသ သဟဿနာဋကိတ္ထိယော၊ တစ်သောင်း ခြောက်ထောာင်ကုန်သော ကချေသည်မတို့သည်။
နစ္စဂီတဝါဒိတာနိ ပယော ဇေသုံ၊ ကမှု သီဆိုမှု တီးမှုတ်မှုတို့ကို ယှဉ်စေကုန်ပြီ။
ဂီတဝါဒိတသဒ္ဒေန ရာဇဘဝနံ၊ သီဆိုအပ် တီးမှုတ်အပ်သော အသံဖြင့် မင်းနန်းတော်သည်။
မေဃတ္ထနိတပူရိတာ၊ မိုးချုန်းသံပြည့်နေသော။
မဟာသမုဒ္ဒစ္ဆိ ဝိယ၊ ပင်လယ်ဝမ်း ဗိုက်ကဲ့သို့။
ဧကနိန္နာဒံ အဟောသိ၊ ပဲ့တင်သံတစ်ခုတည်းရှိသည် ဖြစ်ပြီ။
ဗောဓိ သတ္တော အတ္တနော၊ ဘုရားလောင်းသည် မိမိ၏။
တံ သိရိသောဘဝံ့၊ ထိုမြင့်မြတ်တင့်တယ်သော ကျက်သရေကို။
ဩလောကယမာနောဝ၊ ကြည့်လျက်သာ။
“အဟံ တာသံ ယက္ခိနီနံ၊ ငါသည် ထိုဘီလူးမတို့၏။
အဘိသင်္ခတံ ဒိဗ္ဗရူပံ၊ ပြုပြင် ဖန်ဆင်းအပ်သော ။
သစေ ဩလောကဿံ၊ အကယ်၍ ကြည့်ရှု ခဲ့အံ့။
ဇီဝိတက္ခယံ၊ နတ်အဆင်းကို။
ပတ္တော၊ အသက်ကုန်ခြင်းသို့ ရောက်သည်။
အဘဝိဿံ၊ ဖြစ် လောက်ပြီ။
ဣမံ သိရိသောဘဂ္ဂံ၊ ဤမြင့်မြတ်တင့်တယ်သော ကျက်သရေကို။
န ဩလောကေဿံ၊ မတွေ့ရလောက်ပြီ။
ပစ္စေကဗုဒ္ဓါနံ ဩဝါဒေ၊ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့၏ ဩဝါဒ၌။
ဋ္ဌိတဘာဝေန ပန၊ တည်နေသည်၏အဖြစ်ကြောင့်ကား။
ဣဒံ မယာ သမ္ပန္တိ၊ ဤစည်းစိမ်ကို ငါသည် ကောင်းစွာ ရအပ်ပြီ”ဟု။
စိန္တေသိ၊ ကြံစည်ပြီ။
ဧဝဉ္စ ပန စိန္တေတွာ၊ ဤသို့သာလည်း ကြံစည်ပြီး၍။
ဥဒါနံ ဥဒါနေန္တော၊ ဥဒါန်းစကားကို ကျူးရင့်ပြောဆိုလိုရကား။
ကုသလူပဒေသေ၊ ကောင်းမှုကျွမ်းကျင် ပစ္စေကဗုဒ္ဓါအရှင်တို့ ဩဝါဒ၌။
ဒဠှာ ယ ဓိတိယာစ၊ ခိုင်မြဲသော အကြားမရှိတရစပ်ကြိုးစားမှုကြောင့် လည်းကောင်း။
ဘယဘီရုတာယ အနိဝတ္တိတတ္တာစ၊ လန့်ခြင်း, ကြီးစွာ ကြောက်ခြင်းဖြင့် မဆုတ်နစ်သည်၏ အဖြစ်ကြောင့်လည်းကောင်း။
ရက္ခသီနံ ဝသံ၊ ဘီလူးမတို့၏ အလိုဆန္ဒသို့။
န အဂမိမှသေ၊ မလိုက်ခဲ့ကြကုန်။
မေမဟတာ ဘယေန၊ ငါအား ကြီးစွာသော ဘေးမှ။
သော သောတ္ထိဘာဝေါ၊ ထိုဘေးရန်ကင်းကွာ ချမ်းသာခြင်းသည်။
(ဇာတော၊ ဖြစ်ပြီ)။
တတ္ထ၊ ထိုဂါထာ၌။
**ကုသလူ ပဒေသ** တိ၊ ကုသလူပဒေသဟူသည်ကား။
ကုသလာနံ ဥပဒေသေ၊ ကုသိုလ်မှုလိမ်မာကျွမ်းကျင် ပစ္စေကဗုဒ္ဓါအရှင်တို့၏ နည်းပေးလမ်းပြဩဝါဒ၌တည်း။
ပစ္စေကဗုဒ္ဓါနံ ဩဝါဒေ၊ ပစ္စေကဗုဒ္ဓါတို့၏ ဩဝါဒ၌။
ဣတိ အတ္တော၊ ဤကား ကုသလူပဒေသေအနက်တည်း။
**ဓိတိယာ ဒဠာယ စာ** တိ၊ မိတိယာ ဒဠာယ စဟူသည်ကား။
ဒဋ္ဌာယ ဓိတိယာ စ၊ ခိုင်မြဲသော အကြားမရှိ တရစပ်ကြိုးစားမှုကြောင့်လည်းကောင်းတည်း။
ထိရေန၊ ခိုင်မြဲသော။
အာစိန္နနိရန္တရဂီရိယေနစ၊ မပြတ်မစဲ အကြားမရှိဖြစ်သော ကြိုးစားမှုကြောင့် လည်းကောင်း။
ဣတိ အတ္ထော၊ ဤကား မိတိယာ ဒဠာယ စအနက်တည်း။
**အနိဝတ္တိတတ္တာ ဘယဘီရူတာယစာ** တိ၊ အနိဝတ္တိတတ္တာ ဘယဘီရူတာယ စ ဟူသည်ကား။
ဘယဘီရုတာယ၊ အကြောက်သေးခြင်း အကြောက်ကြီးဖြင့်။
အနိဝတ္တိတတ္တာ၊ မဆုတ်နစ်သည်၏အဖြစ်ကြောင့်လည်းကောင်းတည်း။
တတ္ထ **ဘယန္တိ**၊ ထိုဒုတိယပါဒ၌ ဘယံဟူသည်ကား။
စိတ္တုတြာသမတ္တံ ပရိတ္တဘယံ၊ စိတ်ထိတ်လန့်ရုံမျှသာဖြစ်သော အကြောက်သေးခြင်းတည်း။
**ဘီရုတာ** တိ၊ ဘီရူတာ ဟူသည်ကား။
သရီရကမ္ပနပတ္တံ၊ ခန္ဓာကိုယ်တုန်လှုပ်ခြင်းသို့ ရောက်သော။
မဟာဘယံ၊ အကြောက်ကြီးခြင်းတည်း။
ဣဒံ ဥဘယမ္ပိ၊ ဤအကြောက်ငယ်, အကြောက်ကြီးနှစ်မျိုးလုံးသည်လည်း။
မဟာသတ္တဿ၊ ဘုရားလောင်းအား။
“ဧတာ ယက္ခိနီယော နာမ၊ ဤဘီလူးမတို့မည်သည်။
မနုဿခါဒိကာတိ၊ လူကို စားတတ်ကုန်၏”ဟု။
ဘေရဝါရမ္မဏံ ဒိသွာပိ၊ ကြောက်ဖွယ်အာရုံကို တွေ့ကြုံရ၍ သော်လည်း။
နာဟောသိ၊ မဖြစ်ခဲ့ပေ။
တေန၊ ထိုသို့မဖြစ်ခဲ့ခြင်းကြောင့်။
အနိဝတ္တိတတ္တာ ဘယဘီရုတာယ စာတိအနိဝတ္ထိတတ္တာ ဘယဘီရုတာယ စ ဟူ၍။
အာဟ၊ ဆိုပြီ။
ဘယဘီရုတာယ၊ အကြောက်ငယ် အကြောက်ကြီး၏။
အဘာဝေနေဝ၊ မရှိခြင်းကြောင့်ပင်။
ဘေရဝါရမ္မဏံ ဒိသွာပိ၊ ကြောက်ဖွယ်အာရုံကို တွေ့ကြုံရပါသော်လည်း။
အနိဝတ္တနဘာဝေန၊ မဆုတ်နစ်သည်၏အဖြစ်ကြောင့်။
ဣတိ အတ္ထော၊ ဤကား ဒုတိယပါဒအနက်တည်း။
**န ရုက္ခသီနံ ဝသ'မာ ဂမိမှသေ** တိ၊ န ရက္ခသီနံ'ဝသ'မာဂမိမှသေဟူသည်ကား။
ယက္ခကန္တာရေ၊ ဘီလူးတို့နေရာ ကန္တာရ၌။
တာသံ ရက္ခသီနံ၊ ထိုဘီလူးမတို့၏။
ဝသံ န အဂမိမှ၊ အလိုသို့ မလိုက်ခဲ့ကြကုန်။
ယသ္မာ အမှာကံ၊ အကြင့်ကြောင့် ငါတို့မှာ။
ကုသလူပ ဒေသေ၊ ပစ္စေကဗုဒ္ဓါတို့ ဩဝါဒ၌။
ဓိတိ စ ဒဠှာ အဟောသိ၊ မပြတ်မစဲ တရစပ် ဖြစ်သော ဝီရိယသည်လည်း ခိုင်မြဲသည် ဖြစ်ပြီ။
ဘယဘီရုတာဘာဝေန စ၊ အကြောက်ကြီး အကြောက်ငယ်မရှိခြင်းကြောင့်လည်း။
အနိဝတ္တနသဘာဝါ အဟုမှာ၊ မဆုတ်နစ်ခြင်းသဘောရှိကုန်သည် ဖြစ်ခဲ့ကုန်ပြီ။
တသ္မာ ရက္ခနံ၊ ထို့ကြောင့် ဘီလူးမတို့၏။
၀သံ န အဂမိမှ၊ အလိုဆန္ဒသို့ မလိုက်ကုန်ပြီ။
ဣတိ ဝုတ္တံ ဟောတိ၊ ဤသို့ ဆိုလိုသည် ဖြစ်၏။
**သ သောတ္ထိဘာဝေါ မဟတာ ဘယေနမေ** တိ၊ သ သောတ္ထိဘာဝေါ မဟတာ ဘယေန မေ ဟူသည်ကား။
မယှံ အဇ္ဇ၊ ငါ ၏ ယနေ့။
မာတာ ဘယေန၊ ကြီးစွာသော ဘေးမှလည်းကောင်း။
ရက္ခသီနံ သန္တိကာ၊ ဘီလူးမတို့၏ အထံမှ။
ပတ္တဗ္ဗေန ဒုက္ခဒေါမနဿန၊ ရောက်လိုက်သော ကိုယ်ဆင်းရဲ, စိတ်ဆင်းရဲမှလည်းကောင်း။
သော အယံ သောတ္ထိဘာဝေါ၊ ထိုဆိုခဲ့ပြီး ဤချမ်းသာခြင်းသည်။
သော အယံ ခေမဘာဝေါ၊ ထိုဆိုခဲ့ပြီးဤဘေးကုန်ခြင်းသည်။
သော အယံ ပီတိသောမနဿဘာဝေါယေဝ၊ ထိုပီဗွီ သောမနဿဖြစ်ရခြင်းသည်ပင်။
ဇာတာ၊ ဖြစ်ရပြီ။
ဣတိ၊ ဤကား ဂါထာဖွင့် အပြီးတည်း။
ဧဝံ မဟာသတ္တော၊ ဤကဲ့သို့ ဘုရားလောင်းသည်။
ဣမာယ ဂါထာယ၊ ဤဂါထာဖြင့်။
ဓမ္မံ ဒေသေတွာ၊ တရားကို ဟောကြားပြီး၍။
ဓမ္မေန ရဇ္ဇံ ကာရေတွာ၊ တရားသဖြင့် မင်းအဖြစ်ကို ပြုပြီး၍။
ဒါနာဒီနိ ပုညာနိ ကတွာ၊ ဒါနအစရှိကုန်သော ကောင်းမှုတို့ကို ပြုပြီး၍။
ယထာကမ္မံ ဂတော၊ ကံအား လျော်စွာ လားပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာ တော်ကို ဆောင်တော်မူ၍။
“အဟံ တေန သမယေန၊ ငါဘုရားသည် ထိုရှေး အခါက။
တက္ကသိလံ ဂန္တွာ၊ တက္ကသိုလ်ပြည်သို့ သွားရောက်၍။
ရဇ္ဇပ္ပတ္တကုမာရော အဟောသိန္တိ၊ မင်းအဖြစ်ရောက်သော မင်းသားသည် ဖြစ်ခဲ့ပြီ”ဟု။
ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
ဘီရုကဇာတကဝဏ္ဏနာ ဒုတိယာ၊ ဘီရုကဇာတ်အဖွင့်သည် ဒုတိယတည်း။