**ကာဠေ ဝါ ယဒိ ဝါ ဇုဏှေ**တိ ဣဒံ၊ ကာဠေ ဝါ ယဒိ ဝါ ဇုဏှေ စသော ဤတရားဒေသနာတော်ကို။
သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။
ဒွေ ဝုဍ္ဎပဗ္ဗဇိတေ၊ နှစ်ပါးကုန်သော ရဟန်းကြီးတို့ကို။
အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
တေ ကောသလဇနပဒေ၊ ထိုရဟန်းကြီးနှစ်ပါးတို့သည် ကောသလတိုင်းဇနပုဒ်၌။
ဧကသ္မိံ အရညာဝါသေ ဝသန္တိ ကိရ၊ တောရကျောင်းတစ်ကျောင်း၌ နေကြသတဲ့။
ဧကော ကာဠတ္ထေရော နာမ၊ တစ်ပါးသည် ကာဠထေရ်မည်၏။
ဧကော ဇုဏှတ္ထေရော နာမ၊ တစ်ပါးသည် ဇုဏှထေရ်မည်၏။
အထ ဧကဒိဝသံ ဇုဏှော၊ ထိုအခါက တစ်ရက်၌ ဇုဏှထေရ်သည်။
"ဘန္တေ ကာဠ သီတံ နာမ၊ အိုအရှင်ဘုရား ကာဠ.. ချမ်းအေးမှုမည်သည်။
ကသ္မိံ ကာလေ ဟောတီတိ၊ ဘယ်အခါ၌ ဖြစ်သနည်း"ဟု။
ကာဠံ ပုစ္ဆိ၊ ကာဠထေရ်ကို မေးပြီ။
ကာဠေ ဟောတီတိ၊ လဆုတ်ဘက်၌ ဖြစ်၏ဟု။
သော အာဟ၊ ထိုကာဠထေရ်သည် ဖြေပြီ။
အထ ဧကဒိဝသံ ကာဠော၊ ထိုအခါ တစ်ရက်၌ ကာဠထေရ်သည်။
"ဘန္တေ ဇုဏှ သီတံ နာမ၊ အရှင်ဘုရားဇုဏှ ချမ်းအေးမှုမည်သည်။
ကသ္မိံ ကာလေ ဟောတီတိ၊ ဘယ်အခါ၌ ဖြစ်ပါသနည်း"ဟု။
ဇုဏှံ ပုစ္ဆိ၊ ဇုဏှထေရ်ကို မေးပြီ။
ဇုဏှေ ဟောတီတိ၊ လဆန်းဘက်၌ ဖြစ်၏ဟု။
သော အာဟ၊ ထိုဇုဏှထေရ်သည် ဖြေပြီ။
တေ ဥဘောပိ အတ္တနော ကင်္ခံ၊ ထိုရဟန်းကြီးနှစ်ပါးတို့သည်လည်း မိမိ၏ ယုံမှားသံသယကို။
ဆိန္ဒိတုံ အသက္ကောန္တာ၊ ဖြတ်ခြင်းငှာ မစွမ်းနိုင်ကြ၍။
သတ္ထု သန္တိကံ ဂန္တွာ၊ ဘုရားရှင်၏ အထံတော်သို့ သွားကြ၍။
သတ္ထာရံ ဝန္ဒိတွာ၊ ဘုရားရှင်ကို ရှိခိုး၍။
"ဘန္တေ သီတံ နာမ၊ ရှင်တော်ဘုရား ချမ်းအေးမှုမည်သည်။
ကသ္မိံ ကာလေ ဟောတီတိ ပုစ္ဆိံသု၊ ဘယ်အခါ၌ ဖြစ်ပါသနည်း"ဟု မေးလျှောက်ကုန်ပြီ။
သတ္ထာ၊ ဘုရားရှင်သည်။
တေသံ ကထံ သုတွာ၊ ထိုရဟန်းကြီးတို့၏ အမေးစကားကို ကြားတော်မူရ၍။
"ဘိက္ခဝေ ပုဗ္ဗေပိ အဟံ၊ အိုရဟန်းကြီးတို့ ရှေးကလည်း ငါဘုရားသည်။
တုမှာကံ ဣမံ ပဉှံ ကထေသိံ၊ သင်တို့၏ ဤအမေးကို ဖြေဖူးပြီ။
ပန ဘဝသင်္ခေပဂတတ္တာ၊ ထိုသို့ ဖြေဖူးသော်လည်း ဘဝချဉ်းချုံးခြင်းရောက်သည့် အဖြစ်ကြောင့်။
န သလ္လက္ခယိတ္ထာတိ ဝတွာ၊ မမှတ်မိကုန်ပြီဟု မိန့်တော်မူ၍။
အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဧကသ္မိံ ပဗ္ဗတပါဒေ၊ လွန်လေပြီးသောအခါ တောင်ခြေတစ်ခု၌။
သီဟော စ ဗျဂ္ဃေါ စ ဒွေ သဟာယာ၊ ခြင်္သေ့ရယ် ကျားရယ် သူငယ်ချင်း နှစ်ကောင်တို့သည်။
ဧကိဿာယေဝ ဂုဟာယ ဝသန္တိ၊ တစ်ခုတည်းသာဖြစ်သော ဂူ၌ နေကုန်၏။
တဒါ ဗောဓိသတ္တောပိ၊ ထိုအခါ ဘုရားလောင်းသည်လည်း။
ဣသိပဗ္ဗဇ္ဇံ ပဗ္ဗဇိတွာ၊ ရသေ့ရဟန်းအဖြစ်သို့ ကပ်ရောက်၍။
တသ္မိံယေဝ ပဗ္ဗတပါဒေ ဝသတိ၊ ထိုတောင်ခြေ၌ပင် နေ၏။
အထ ဧကဒိဝသံ တေသံ သဟာယကာနံ၊ ထိုအခါ တစ်ရက်၌ ထိုခြင်္သေ့ ကျား သူငယ်ချင်းတို့၏။
သီတံ နိဿာယ၊ ချမ်းအေးမှုကို အမှီပြု၍။
ဝိဝါဒေါ ဥဒပါဒိ၊ အငြင်းအခုံသည် ဖြစ်ပြီ။
ဗျဂ္ဃေါ၊ ကျားသည်။
ကာဠေယေဝ သီတံ ဟောတီတိ အာဟ၊ လဆုတ်ဘက်၌သာ ချမ်းအေးမှုသည် ဖြစ်၏ဟု ပြောပြီ။
သီဟော၊ ခြင်္သေ့သည်။
ဇုဏှေယေဝ သီတံ ဟောတီတိ အာဟ၊ လဆန်းဘက်၌သာ ချမ်းအေးမှုသည် ဖြစ်၏ဟု ပြောပြီ။
တေ ဥဘောပိ အတ္တနော ကင်္ခံ၊ ထိုခြင်္သေ့ ကျား နှစ်ကောင်တို့သည်လည်း မိမိ၏သံသယကို။
ဆိန္ဒိတုံ အသက္ကောန္တာ၊ ဖြတ်ပယ်ခြင်းငှာ မစွမ်းနိုင်ကြ၍။
ဗောဓိသတ္တံ ပုစ္ဆိံသု၊ ဘုရားလောင်းရသေ့ကို မေးကုန်ပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်းရသေ့သည်။
ဣမံ ဂါထံ အာဟ၊ ဤဂါထာကို ရွတ်ဆိုဖြေကြားပြီ။
၁၇။ "ကာဠေ ဝါ ယဒိ ဝါ ဇုဏှေ၊ လဆုတ်ဘက်၌ဖြစ်စေ သို့မဟုတ် လဆန်းဘက်၌ ဖြစ်စေ။
ယဒါ မာလုတော ဝါယတိ၊ အကြင်အခါ လေသည်လာ၏ တိုက်၏။
(တသ္မိံ သမယေ သီတံ ဟောတိ၊ ထိုလေလာရာ, လေတိုက်ရာအခါ၌ ချမ်းအေးမှုသည် ဖြစ်၏)။
ဟိ သီတာနိ ဝါတဇာနိ၊ အကြောင်းသော်ကား ချမ်းအေးမှုတို့သည် လေကြောင့်ဖြစ်ကုန်၏။
ဥဘော ဧတ္ထ အပရာဇိတာတိ၊ နှစ်ကောင်ကုန်သော သင်တို့သည် ဤအမေး၌ မရှုံးကုန်"။
တတ္ထ၊ ထိုဂါထာ၌။
**ကာဠေ ဝါ ယဒိ ဝါ ဇုဏှေ**တိ၊ ကာဠေ ဝါ ယဒိ ဝါ ဇုဏှေ ဟူသည်ကား လဆုတ်ဘက်၌ဖြစ်စေ လဆန်းဘက်၌ဖြစ်စေ။
**ယဒါ ဝါယတိ မာလုတော**တိ ယသ္မိံ သမယေ၊ ယဒါ ဝါယတိ မာလုတော ဟူသည်ကား အကြင်အခါ၌။
ပုရတ္ထိမာဒိဘေဒေါ ဝါတော ဝါယတိ၊ အရှေ့လေ စသည်အပြားရှိသော လေသည် လာ၏။
တသ္မိံ သမယေ သီတံ ဟောတိ၊ လေလာရာ ထိုအခါ၌ ချမ်းအေးမှုသည် ဖြစ်၏။
ကိံ ကာရဏာ၊ ဘာ့ကြောင့်နည်း။
သီတာနိ ဝါတဇာနိဟိ၊ ချမ်းအေးမှုတို့သည် လေကြောင့် ဖြစ်ကုန်သောကြောင့်တည်း။
ဝါတေ ဝိဇ္ဇန္တေယေဝ၊ လေသည် ရှိသော်, လာသော်သာ။
ယသ္မာ သီတာနိ ဟောန္တိ၊ အကြင့်ကြောင့် ချမ်းအေးမှုတို့သည် ဖြစ်ကုန်၏။
(တသ္မာ၊ ထို့ကြောင့်တည်း)။
ကာဠပက္ခော ဝါ ဇုဏှပက္ခော ဝါ၊ လဆုတ်ဘက်သည်လည်းကောင်း, လဆန်းဘက်သည်လည်းကောင်း။
ဧတ္ထ အပမာဏံ၊ ဤချမ်းအေးရာ၌ ပမာဏမဟုတ်။
ဣတိ ဝုတ္တံ ဟောတိ၊ ဤသို့ ဆိုလိုသည် ဖြစ်၏။
**ဥဘောတ္ထမပရာဇိတာ**တိ ဥဘောပိ တုမှေ၊ ဥဘောတ္ထမပရာဇိတာ ဟူသည်ကား သင်တို့နှစ်ယောက်လုံးတို့သည်လည်း။
ဣမသ္မိံ ပဉှေ အပရာဇိတာ ဣတိ၊ ဤ အငြင်းပွားသည့်အမေး၌ မရှုံးကုန်တည်း ဤကား ဂါထာဖွင့်တည်း။
ဧဝံ ဗောဓိသတ္တော၊ ဤသို့လျှင် ဘုရားလောင်း ရသေ့သည်။
တေ သဟာယကေ သညာပေသိ၊ ထိုခြင်္သေ့နှင့် ကျား သူငယ်ချင်းတို့ကို သိစေပြီ။
သတ္ထာပိ၊ ဘုရားရှင်သည်လည်း။
"ဘိက္ခဝေ ပုဗ္ဗေပိ၊ ရဟန်းတို့ ရှေးကလည်း။
တုမှာကံ အယံ ပဉှော၊ သင်တို့၏ ဤအမေးကို။
မယာ ကထိတောတိ၊ ငါဘုရားသည် ဖြေဆိုအပ်ခဲ့ဖူးပြီ"ဟု။
ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဤတရားဒေသနာကို ဆောင်တော်မူ၍။
သစ္စာနိ ပကာသေသိ၊ သစ္စာတို့ကို ပြတော်မူပြီ။
သစ္စပရိယောသာနေ ဒွေပိ ထေရာ၊ သစ္စာပြပြီးသောအဆုံး၌ ကာဠဇုဏှထေရ်နှစ်ပါးတို့သည်လည်း။
သောတာပတ္တိဖလေ ပတိဋ္ဌဟိံသု၊ သောတာပတ္တိဖိုလ်၌ တည်ကုန်ပြီ။
သတ္ထာ အနုသန္ဓိံ ဃဋေတွာ၊ ဘုရားရှင်သည် အနုသန္ဓေကို ဆက်စပ်တော်မူ၍။
"တဒါ ဗျဂ္ဃေါ ကာဠော အဟောသိ၊ ထိုအခါက ကျားသည် ကာဠထေရ်သည် ဖြစ်လာပြီ။
သီဟော ဇုဏှော၊ ခြင်္သေ့အား ဇုဏှထေရ်တည်း။
ပဉှဝိဿဇ္ဇနကတာပသော ပန အဟမေဝ အဟောသိန္တိ၊ အမေးဖြေဆိုသည့် ရသေ့သည်ကား ငါဘုရားသည်သာ ဖြစ်လာပြီ"ဟု။
ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
**မာလုတဇာတကဝဏ္ဏနာ သတ္တမာ**၊ **ခုနစ်ခုမြောက် ဖြစ်သော မာလုတဇာတ်အဖွင့်တည်း။**