**ဥက္ကဋ္ဌေ သူရမိစ္ဆန္တီ** တိ ဣဒံ၊ ဥက္ကဋ္ဌ သူရမိစ္ဆန္တိ စသော ဤဒေသနာတော်ကို။
သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။
အာယသ္မန္တံ အာနန္ဒတ္ထေရံ၊ အရှင်အာနန္ဒာမထေရ်ကို။
အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
ဟိ ဧကသ္မိံ သမယေ၊ ချဲ့ဦးအံ့ အခါတစ်ပါး၌။
ကောသလရညော ဣတ္ထိယော၊ ကောသလမင်း၏ မောင်းမတို့ သည်။
“ဗုဒ္ဓုပ္ပါဒေါ နာမ ဒုလ္လဘော၊ ဘုရားပွင့်ရာအခါမည်သည် ရခဲ၏။
မနုဿ ပဋိလာဘော ပရိပုဏ္ဏာယတနတာ စ တထာ၊ လူ့အဖြစ်ရခြင်းသည်လည်းကောင်း ပြည့်စုံသော အာယတနရှိသူအဖြစ်သည်လည်း
ကောင်း ထို့အတူ ရခဲ၏။
မယဉ္စ၊ ငါတို့သည်လည်း။
ဒုလ္လဘံ၊ ရခဲသော။
ဣမံ ခဏသမဝါယံ လဘိတွာပိ၊ ဤအခါ အခွင့်ကို ရကြ၍သော်လည်း။
နော ရုစိယာ၊ မိမိတို့၏ ဆန္ဒဖြင့်။
ဝိဟာရံ ဂန္တွာ၊ ကျောင်းတော်သို့ သွား၍။
ဓမ္မံ ဝါ သောတုံ၊ တရားကိုလည်း နာယူခြင်းငှာ။
ဗုဒ္ဓပူဇံ ဝါ ကာတုံ၊ ဘုရားပူဇော်မှုကိုလည်း ပြုခြင်းငှာ။
ဒါနံ ဝါ ဒါတုံ န လဘာမ၊ ဒါနဝတ္ထုကိုလည်း ပေးလှူခြင်းငှာ မရကြကုန်။
မဉ္ဇူသာယ၊ သေတ္တာ၌။
ပက္ခိတ္တာ ဝိယဝသာမ၊ ထည့်ထားအပ်ကုန်သကဲ့သို့ နေကြရပြီ။
ရညော ကထေတွာ၊ ကောသလမင်းအား လျှောက်ထား၍။
အမှာကံ ဓမ္မံ ဒေသေတုံ၊ ငါတို့အား တရား ကို ဟောခြင်းငှာ။
အနုစ္ဆဝိကံ ဧကံ ဘိက္ခုံ၊ သင့်လျှော်သော တစ်ပါးသော ရဟန်း ကို။
ပက္ကောသာပေတွာ၊ ပင့်ခိုင်း၍။
တဿ သန္တိကေ၊ ထိုရဟန်း၏ အထံ၌။
ဓမ္မံ သောဿာမ၊ တရားကို နာကုန်အံ့။
တတော ယံ သက္ခိဿာမ၊ ထိုရဟန်းထံမှ အကြင်တရားကို သင်ယူ စွမ်းနိုင်ကြအံ့။
တံ ဥဂ္ဂဏိဿာမ၊ ထိုတရားကို သင်ယူကုန် အံ့။
ဒါနာဒီနိ ပုညာနိ စ ကရိဿာမ၊ ဒါနအစရှိကုန်သော ကောင်းမှုတို့ကိုလည်ပြုကြအံ့။
ဧဝံ နော၊ ဤသို့ ပြုကြသော် ငါတို့အား။
အယံ ခဏပဋိလာဘော၊ ဤအခါအခွင့်ကို ရခြင်းသည်။
သဖလော ဘဝိဿတီတိ စိန္တယိံသု၊ အကျိုးရှိသည် ဖြစ်လတံ့”ဟု ကြံကြပြီ။
တာ သဗ္ဗာပိ၊ ထိုမောင်းမအားလုံးတို့သည်လည်း။
ရာဇာနံ ဥပသင်္ကမိတွာ၊ ကောသလမင်းသို့ ချဉ်းကပ်ကြ၍။
အတ္တနာ၊ မိမိသည်။
စိန္တိတ ကာရဏံ ကလယိံသု၊ ကြံစီအပ်သော အကြောင်းအရာကို လျှောက်ထားကုန်ပြီ။
ရာဇာ သာဓူ သမ္ပဋိစ္ဆိ၊ ကောသလမင်းသည် ကောင်းပြီဟု ဝန်ခံပြီ။
အလ ဧကဝိပသံ၊ ထိုအခါ တစ်နေ့၌။
ရာဇာ၊ ကောသလမင်းသည်။
ဥယျာန ကီဠံ ကီဠိတုကာမော၊ ဥယျာဉ်ကစားမှုကို ကစားလို၍။
ဥယျာနပါလံ ပက္ကောသာ ပေတ္တာ၊ ဥယျာဉ်စောင့်ကို ခေါ် စေ၍။
“ဥယျာနံ သောမေဟီတိ အာဟ၊ ဥယျာဉ်ကို ရှင်းလင်းလော့”ဟု ပြောပြီ။
ဥယျာနပါလော၊ ဥယျာဉ်စောင့်သည်။
ဥယျာနံ သောဓေန္တော၊ ဥယျာဉ်ကို ရှင်းလင်းသော်။
အညတရသ္မိံ ရုက္ခမူလေ၊ တစ်ခုသော သစ်ပင်ရင်း၌။
သတ္ထာရံ နိသိန္န ဒိသွာ၊ ဘုရားရှင်ကို ထိုင်နေတော်မူသည်ကို ဖူးမြင်ရ၍။
ရညော သန္တိကံ ဂန္တွာ၊ ကောသလမင်း၏ အထံသို့ သွား၍။
“ဒေဝ ဥယျာနံ သုဒ္ဓံ၊ အရှင်မင်းကြီး ဥယျာဉ်သည် ရှင်းလင်းပါပြီ။
အပိစ ဧတ္ထ၊ စင်စစ် သော်ကား ဤဥယျာဉ်ထဲ၌။
အညတရသ္မိံ ရုက္ခမူလေ၊ တစ်ခုသော သစ်ပင်ရင်း၌။
ဘဂဝါ နိသိန္နောတိ အာဟ၊ ဘုရားရှင်သည် ထိုင်နေတော်မူ၏”ဟု လျှောက် ထားပြီ။
ရာဇာ၊ ကောသလမင်းသည်။
“သာဓု သမ္မ၊ ကောင်းပြီ အချင်းဥယျာဉ် စောင့်။
သတ္ထု သန္တိကေ၊ ဘုရားရှင်၏ အထံတော်၌။
ဓမ္မမ္ပိ သောဿာမာတိ၊ တရားတော်ကိုလည်း နာယူကုန်အံ့”ဟု တွေး၍။
အလင်္ကတရထံ အဘိရု၊ တန်ဆာဆင်အပ်သော ရထားကို တက်စီး၍။
ဥယျာနံ ဂန္တွာ၊ ဥယျာဉ်တော်သို့ သွား၍။
သတ္ထု သန္တိကံ အဂမာသိ၊ ဘုရားရှင်၏ အထံတော်သို့ သွားပြီ။
တသ္မိံ စ သမယေ၊ ထိုအခါကလည်း။
ဆတ္တပါဏိနာမ ဧကော၊ ဆတ္တပါဏိမည် သော တစ်ယောက်သော။
အနာဂါမီ ဥပါသကော၊ အနာဂါမ်ဖြစ်သော ဥပါသကာ သည်။
သတ္ထု သန္တိကေ၊ ဘုရားရှင်၏ အထံတော်၌။
ဓမ္မံ သုဏမာနော၊ တရားတော် ကို နာယူလျက်။
နိသိန္နော ဟောတိ၊ ထိုင်နေသည် ဖြစ်၏။
ရာဇာ တံ ဒိသွာ၊ ကောသလမင်းသည် ထိုဥပါသကာကို တွေ့ရ၍။
အာသင်္ကမာနော၊ သံသယရှိ၍။
မုဟုတ္တံ ဌတွာ ပုန၊ တမုဟုတ်မျှ ရပ်၍ တဖန်။
"သော အယံ၊ အကယ်၍ ဤသူသည်။
ပါပကော ဘဝေယျ၊ ယုတ်မာသူသည် ဖြစ်အံ့။
သတ္ထု သန္တိကေ နိသီဒိတွာ၊ ဘုရားရှင်၏ အထံတော်၌ ထိုင်၍။
ဓမ္မံ န သုဏေယျ၊ တရားတော်ကို မနာယူရာ။
ဣမိနာ အပါပကေန၊ ဤသူသည် မယုတ်မာသူသည်။
ဘဝိတဗ္ဗန္တိ စိန္တေတွာ၊ ဖြစ်လောက် ၏”ဟု တွေး၍။
သတ္ထာရံ ဥပသင်္ကမိတွာ ဝန္ဒိတွာ၊ ဘုရားရှင်ကို ချဉ်းကပ်၍ရှိခိုး၍။
ဧကမန္တံ နိသီဒိ၊ သင့်လျော်ရာ၌ ထိုင်နေပြီ။
ဥပါသကော ဗုဒ္ဓဂါရဝေန၊ ဥပါသကာ သည် ဗုဒ္ဓဂါရဝဖြင့်။
ရညော ပစ္စုဋ္ဌာနံ ဝါ၊ မင်းအား ခရီးဦးကြိုဆိုခြင်းကို လည်းကောင်း။
ဝန္ဒနံ ဝါ န အကာသိ၊ ရှိခိုးခြင်းကိုလည်းကောင်း မပြုပြီ။
တေန အဿ ရာဇာ၊ ထို့ကြောင့် ထိုဥပါသကာအား ကောသလမင်းသည်။
အနတ္တမနော အဟောသိ၊ မနှစ်သက်သော စိတ်ရှိသည် ဖြစ်ပြီ။
သတ္ထာ တဿ၊ ဘုရားရှင်သည် ထိုကောသလမင်း၏။
အနတ္တမနဘာဝံ ဉတွာ၊ မနှစ်သက်သော စိတ်ရှိကြောင်းကို သိတော်မူ၍။
မဟာရာဇ အယံ ဥပါသကော၊ အို... မင်းမြတ် ဤဥပါသကာ သည်။
ဗဟုဿုတော အာဂတာဂမော၊ ဗဟုသုတရှိ၏ လာသောပါဠိအာဂုမ်ရှိ၏။
ကာမေသု ဂီတရာဂေါတိ၊ ကာမတို့၌ ကင်းသော ရာဂရှိ၏”ဟု။
ဥပါသကဿ ဂုဏံ ကထေသိ၊ ဥပါသကာ၏ ဂုဏ်အရည်အချင်းကို ပြောပြတော်မူပြီ။
ရာဇာ၊ ကောသလမင်းသည်။
ယဿ ဂုဏံ၊ အကြင်ဥပါသကာ၏ ဂုဏ်အရည် အချင်းကို။
သတ္ထာ ဝဏ္ဏသိ၊ ဘုရားရှင်သည် ချီးမွမ်းတော်မူပြီ။
ဣမိနာ ဩရကေန၊ ဤဥပါသကာသည် အညံ့စားသည်။
န ဘပိတဗုံ ဣတိ စိန္တေတွာ၊ မဖြစ်တန်ရာ”ဟု ကြံစီ၍။
“ဥပါသက၊ အို. . ဥပါသကာ။
ယေန တေ အတ္ထော၊ အကြင်အရာဝတ္ထု ဖြင့် သင့်အား အလိုရှိ၏။
(တံ၊ အလိုရှိသော ထိုအရာဝတ္ထုကို)။
ဝဒေယျာသိ၊ ပြောလော့”။
ဣတိ အာဟ၊ ဤသို့ ပြောပြီ။
ဥပါသကော၊ ဥပါသကာသည်။
သာဓူတိ သမ္ပဋိစ္ဆိ၊ ကောင်းပါပြီဟု ဝန်ခံပြီ။
ရာဇာ သတ္ထု သန္တိကေ၊ ကောသလ မင်းသည် ဘုရားရှင်၏ အထံတော်၌။
ဓမ္မံ သုတွာ၊ တရားတော်ကို နာယူ၍။
သတ္ထာရံ၊ ဘုရားရှင်ကို။
ပဒက္ခိဏံ ကတွာ ပတ္တာမိ၊ အရိုအသေကို ပြု၍ ဖဲသွားပြီ။
သော ဧကဒိဝသံ၊ ထိုကောသလမင်းသည် တစ်နေ့၌။
ဥပရိပါသာဒေ မဟာ ဝါတပါနံ၊ ပြာသာဒ်ထက်၌ ပြတင်းပေါက်ကြီးကို။
ဝိဂရိတွာ ဌိတော၊ ဖွင့်၍ ရပ်နေ သော်။
ဘုတ္တပါတရာသံ တံ ဥပါသကံ၊ စားပြီးသော နံနက်စာရှိသော ထိုဥပါသကာ ကို။
ဆတ္တံ အာဒါယ၊ ထီးကို ကိုင်ယူ၍။
ဇေတဝနံ ဂစ္ဆတ္တံ၊ ဇေတဝန်ကျောင်းတော်သို့ သွားနေသည်ကို။
ဒိသွာ ပက္ကောသာပေတွာ၊ မြင်၍ ခေါ်စေ၍။
“ဥပါသက တွံ၊ အို. . ဥပါသကာ သင်ကား။
ဗဟုဿုတော ကိရ၊ ဗဟုသုတရှိသတဲ့။
အမှာကံဣတ္ထိယော စ၊ ငါတို့၏ မောင်းမတို့သည်လည်း။
ဓမ္မံ သောတုကာမာ စေဝ၊ တရားကို နာလည်းနာလိုကုန်၏။
ဥဂ္ဂဟေတုကာမာ စ၊ သင်ယူလည်း သင်ယူ လိုကုန်၏။
တာသံ၊ ထိုမင်းမောင်းမတို့အား။
သစေ ဓမ္မံ ဝါစေယျာသိ၊ အကယ်၍ တရားကို သင်ပေးအံ့။
ဝတ သာဓု အဿ၊ စင်စစ် ကောင်းသည် ဖြစ်ရာ၏ ။
ဣတိ ဧဝံ အာဟ၊ ဤသို့ ပြောပြီ။
ဒေဝ ဂိဟီနံ နာမ၊ အရှင်မင်းမြတ် လူတို့အား မည်သည်။
ရာဇန္တေပုရေ၊ မင်းနန်းတော်တွင်း၌။
ဓမ္မံ ဒေသေတုံ ဝါ၊ တရားကို ဟောခြင်းငှာလည်းကောင်း။
ဝါစေတုံ ဝါ န ပဋိရူပံ၊ သင်ပြပေးခြင်းငှာလည်းကောင် မသင့်လျော်ပါ။
အယျာနံ ဧဝ ပဋိရူပန္တိ၊ ရဟန်းတော်အရှင်မြတ်တို့အားသာ သင့်လျော်ပါ၏ဟုလျှောက်ပြီ။
ရာဇာ၊ ကောသလမင်းသည်။
ဧသော သစ္စ ဝဒတီတိ၊ ဤဥပါသကာသည် အမှန်ကို လျှောက်ထား၏”ဟု။
ဥယျောဇေတွာ၊ လွှတ်လိုက်၍။
ဣတ္ထိယော ပက္ကောသာပေတွာ၊ မောင်းမတို့ကို ခေါ်စေ၍။
“ဘဒွေ အဟံ၊ အို. . ရှင်မတို့ ငါသည်။
တုမှာကံ ဓမ္မဒေသနတ္ထာယ စ၊ သင်တို့အား တရားဟောခြင်းအကျိုးငှာလည်း ကောင်း။
ဓမ္မဝါစနတ္ထာယ စ၊ တရားသင်ပြပေး ခြင်းအကျိုးငှာလည်းကောင်း။
သတ္ထု သန္တိကံ ဂန္တွာ၊ ဘုရားရှင်၏ အထံတော်သို့ သွား၍။
ဧကံ ဘိက္ခုံ ယာစာမိ၊ တစ်ပါးသော ရဟန်းကို တောင်းပေးအံ့။
အသီ တိယာ မဟာသာဝကေသု၊ ရှစ်ကျိပ်သော တပည့်ကြီးတို့တွင်။
ကတရံ ယာစာမီတိ အာဟ၊ အဘယ်ရဟန်းကို တောင်းပေးရအံ့နည်း”ဟု ပြောပြီ။
တာ သဗ္ဗာပိ မန္တေတွာ၊ ထိုမောင်းမအားလုံးတို့သည်လည်း တိုင်ပင်၍။
ဓမ္မဘဏ္ဍာဂါရိကံ၊ တရားဘဏ္ဍာစိုးဖြစ်သော။
အာနန္ဒတ္ထရမေဝ အာရောစေသုံ၊ အာနန္ဒာထေရ်ကို သာ ရလိုကြောင်းလျှောက်ထားကုန်ပြီ။
ရာဇာ သတ္ထု သန္တိကံ၊ ကောသလမင်းသည် ဘုရားရှင်၏ အထံတော်သို့။
ဂန္တွာ ဝန္ဒိတွာ၊ သွားပြီး၍ ရှိခိုးပြီး၍။
ဧကမန္တံ နိသိန္နော၊ သင့်လျော်ရာ၌ ထိုင်နေလျက်။
“ဘန္တေ အမှာကံ ဂဟေ၊ အို. . ရှင်တော်ဘုရား တပည့်တော်တို့၏ အိမ်တော်၌။
ဣတ္ထိယော၊ မင်းမောင်းမတို့သည်။
အာနန္ဒ တ္တေရဿ သန္တိကေ၊ အာနန္ဒာထေရ်၏ အထံ၌။
ဓမ္မံ သောတုံ စ၊ တရားတော်ကို နာယူခြင်းငှာလည်း ကောင်း။
ဥဂ္ဂဏှိတုံ စ ဣစ္ဆန္တိ၊ သင်ယူခြင်းငှာလည်းကောင်း အလိုရှိကုန်၏။
ထေရော အမှာကံ ဂဟေ၊ ရှင်အာနန္ဒာထေရ်သည် တပည့်တော် တို့၏ အိမ်တော်၌။
သစေ ဓမ္မံ၊ အကယ်၍ တရားကို။
ဒေသေယျ စေဝ ဝါစေယျစ၊ ဟောမူလည်း 'ဟောအံ့ သင်ပြမူလည်း သင်ပြအံ့။
သာဓု ဝတ ဣတိ၊ ကောင်းလေစွ တကား”ဟု။
ဧဝံ အာဟ၊ ဤသို့ လျှောက်ထားပြီ။
သတ္ထာ၊ ဘုရား ရှင်သည်။
သာဓူတိ သမ္ပဋိစ္ဆိတွာ၊ ကောင်းပြီဟု ဝန်ခံ၍။
ထေရံ အာဏာပေသိ၊ ရှင်အာနန္ဒာထေရ်ကို စေခိုင်းတော်မူပြီ။
တတော ပဋ္ဌာယ၊ ထိုနေ့မှ စ၍။
ရညော ဣတ္ထိယော၊ ကောသလမင်း၏ မောင်းမတို့သည်။
ထေရဿ သန္တိကေ၊ ရှင်အာနန္ဒာထေရ်၏ အထံ၌။
ဓမ္မံ သုဏန္တိ စေ၀ ဥဂ္ဂဏှန္တိ စ၊ တရားတော်ကို နာလည်းနာယူကုန်၏ သင်လည်းသင်ယူကုန်၏။
အထ ဧကဒိဝသံ၊ ထိုအခါ တစ်နေ့၌။
ရညော စူဠာမဏိ နဋ္ဌော၊ ကောသလ မင်း၏ ပတ္တမြားဆံထိုးသည် ပျောက်ပြီ။
တဿ နဋ္ဌဘာဝံ၊ ထိုပတ္တမြားဆံထိုး၏ ပျောက်ကြောင်းကို။
ရာဇာ သုတွာ၊ ကောသလမင်းသည် ကြားရ၍။
“သဗ္ဗေ အန္တောဝ ဠဉ္ဇနကေ၊ အလုံးစုံကုန်သော နန်းတွင်းသုံးဆောင်ကုန်သော။
မနုဿ ဂဟေတွာ၊ လူတို့ကို ခေါ်ယူ၍။
စူဠာမဏိ အာဟရာပေထာတိ၊ ပတ္တမြားဆံထိုးကို ဆောင်ယူခိုင်းကြလော့” ဟု။
အမစ္စေ အာဏာပေသိ၊ အမတ်တို့ကို အာဏာပေး ပြီ။
အမစ္စာ၊ အမတ်တို့သည်။
မာတုဂါမေ အာဒိ ကတွာ၊ မာတုဂါမတို့ကို အစကို ပြု၍။
စူဠာမဏိံ ပရိပုစ္ဆန္တာ၊ ပတ္တမြားဆံထိုးကို မေးမြန်းစီစစ်ကြသော်။
အဒိသွာ၊ မတွေ့ကြရ၍။
မဟာဇနံ ကိလမေန္တိ၊ များစွာသော လူအပေါင်းကို ပင်ပန်းစေ ကုန်၏။
တံ ဒိဝသံ အာနန္ဒတ္ထေရော၊ ထိုနေ့၌ ရှင်အာနန္ဒာထေရ်သည်။
ရာဇနိဝေသနံ ပဝိဋ္ဌော၊ မင်းနန်းတော်သို့ ကြွဝင်သွားပြီ။
တာ ဣတ္ထိယော ပုဗ္ဗေ၊ ထိုမင်းမောင်းမတို့သည် ရှေးက။
ထေရံ ဒိသွာဝ၊ ရှင်အာနန္ဒထေရ်ကို ဖူးရ၍ပင်။
ဟဋ္ဌတုဋ္ဌာ ဓမ္မံ၊ ရွှင်လန်းနှစ်သက်ကုန်လျက် တရားတော်ကို။
သုဏန္တိ ယထာ စေဝ၊ နာယူကြကုန်သကဲ့သို့လည်းကောင်း။
ဥဂ္ဂဏှန္တိယထာ စ၊ သင်ယူကြသကဲ့သို့ လည်းကောင်း။
ဥဂ္ဂဏှန္တိယထာ စ၊ သင်ယူကြသကဲ့သို့ လည်းကောင်း။
တထာ အကတွာ၊ ထိုကဲ့သို့ မပြုကြမူ၍။
သဗ္ဗာ၊ မင်းမောင်းမ အားလုံးတို့သည်။
ဒေါမနဿပ္ပတ္တာဝ အဟေသုံ၊ စိတ်မကောင်းသည့်အဖြစ်သို့ ရောက်ကြသည်သာ ဖြစ်ကုန်ပြီ။
တတော ထေရေန၊ ထို့ကြောင့် ရှင်အာနန္ဒာ မထေရ်သည်။
“ကသ္မာ တုမှေ၊ အဘယ့်ကြောင့် သင်တို့သည်။
အဇ္ဇ ဧဝရူပါ ဇာတာတိ၊ ယနေ့ ဤသို့စိတ်မကောင်းသော သဘောရှိကြသည် ဖြစ်ကြသနည်း” ဟု။
ပုစ္ဆတာ၊ အမေးခံရကုန်သော်။
“ဘန္တေ ရညော၊ အို. . အရှင်ဘုရား မင်းကြီး၏။
စူဠာမဏိံ ပရိယေသာမာတိ၊ ပတ္တမြားဆံထိုးကို ရှာကြမည်”ဟုပြော၍။
အမစ္စာ၊ အမတ်တို့သည်။
မာတုဂါမေ ဥပါဒါယ၊ မာတုဂါမတို့ကို အစပြု၍။
အန္တောဝဠဥ္ဇနကေ ကိလမေန္တိ၊ နန်းတွင်းသုံးဆောင်သူအားလုံးတို့ကို ပင်ပန်းစေကုန်၏။
ကဿ ကိံ ဘဝိဿတီတိ၊ ဘယ်သူအား ဘာသည် ဖြစ်လိမ့်မည်နည်းဟု။
ဇာနာမ၊ တပည့်တော်များ မသိကြကုန်။
တေန ဒေါမနဿပ္ပတ္တာ၊ ထို့ကြောင့် စိတ်မကောင်းသည့်အဖြစ်သို့ ရောက်ကုန်သည်။
အမှ ဣတိ၊ ဖြစ်ပါကုန်၏”ဟု ။
ဧ၀မာဟံသု၊ ဤသို့လျှောက်ထားကုန်ပြီ။
ထေရော မာစိန္တေထာတိ၊ ရှင်အာနန္ဒာ ထေရ်သည် တွေးမပူကြနှင့်ဟု။
တာ သမဿာသေတွာ၊ ထိုမင်းမောင်းမတို့ကို သက်သာရာ ရစေ၍။
ရညော သန္တိကံ ဂန္တွာ၊ ကောသလမင်း၏ တံသို့ ကြွသွား၍။
ပညတ္တာသနေ နိသီဒိတွာ၊ ခင်းထားအပ်သော နေရာ၌ ထိုင်တော်မူ၍။
“မဟာရာဇ တေ၊ အို. မင်းမြတ် သင်မင်းမြတ်၏။
မဏိ၊ ပတ္တမြားဆံထိုး သည်။
နဋ္ဌော ကိရ ဣတိ ပုစ္ဆိ၊ ပျောက်သတဲ့လားဟု မေးပြီ။
ဘန္တေတိ၊ ပျောက်သည် မှန်ပါ၏ ဘုရားဟုလျှောက်ပြီ။
တံ အာဟရာပေတုံ၊ ထိုပတ္တမြားဆံထိုးကို ဆောင်ယူစေခြင်း ငှါ။
အသက္ခိ ပန ဣတိ၊ စွမ်းနိုင်ပါပြီလားဟုမေးပြီ။
ဘန္တေ သဗ္ဗ အန္တောဇနံ၊ အို. အရှင်ဘုရား အားလုံးသော နန်းတွင်းသားအပေါင်းကို။
ဂဟေတွာ ကိလမေ န္တောပိ၊ ခေါ်ယူ၍ စစ်ဆေးမေးမြန်းပင်ပန်းစေသော်လည်း။
အာဟရာပေတုံ၊ ဆောင်ယူစေခြင်းငှါ။
န သက္ကောမိ ဣတိ၊ မစွမ်းနိုင်ပါဟုလျှောက်ပြီ။
မဟာရာဇ မဟာဇနံ၊ အို. မင်းမြတ် များစွာသော လူအပေါင်းကို။
ကိလမိတွာဝ၊ မပင်ပန်း စေမူ၍သာ။
အာဟရဏူပါယော၊ ဆောင်ယူရရှိဘို့ နည်းလမ်းသည်။
အတ္ထီတိ၊ ရှိ၏ဟုမိန့်ပြီ။
ကတရော ဘန္တေတိ၊ အဘယ်နည်းလမ်းပါနည်း အရှင်ဘုရားဟု လျှောက်ပြီ။
ပိဏ္ဍဒါနံ မဟာရာဇာတိ၊ အဆုပ်အခဲပေးသော နည်းလမ်းတည်း မင်းကြီးဟုမိန့်ပြီ။
ဘန္တေ ပိဏ္ဍဒါနံ၊ အို. အရှင်ဘုရား အဆုပ်အခဲပေးသော နည်းလမ်းဟူသည်။
ကတရံတိ၊ အဘယ်နည်းဟု လျှောက်ပြီ။
“မဟာရာဇ ယတ္တကေသု၊ အို. မင်းမြတ် အကြင်မျှရှိသော သူတို့၌။
သင်္ကာ အတ္ထိ၊ သံသယသည် ရှိ၏။
တေ ဂဟေတွာ၊ ထိုသံသယရှိသူတို့ကို ခေါ်ယူ၍။
ဧကေကဿ ဧကေကံ၊ တစ်ယောက်တစ်ယောက်အား တစ်ခုတစ်ခုသော။
ပလာလပိဏ္ဏ ဝါ၊ ကောက်ရိုးထုံးကိုသော်လည်းကောင်း။
မတ္တိကာပိတ္တံ ဝါ ဒတွာ၊ မြေစိုင်ခဲကိုသော်လည်းကောင်း ပေးပြီး၍။
ဣမံ ပစ္စူ သကာလေ၊ ဤကောက်ရိုးထုံး မြေစိုင်ခဲကို မိုးသောက်ထအခါ၌။
အာဟရိတွာ၊ ဆောင်ယူခဲ့၍။
အသုကဋ္ဌာနေ နာမ၊ ဤမည်သော ဌာန၌။
ပါတေထာတိ ဝတ္တပ္ပံ၊ ချထားကြလော့ဟု အမိန့်ထုတ်ရမည်။
ယေန ဂဟိတော ဘဝိဿတိ၊ အကြင်သူသည် ယူထားအပ်သည် ဖြစ်လ တံ့။
သော တသ္မိံ၊ ထိုယူထားသူသည် ထိုကောက်ရိုးထုံး မြေစိုင်ခဲ၌။
ပက္ခိပိတွာ အာဟရိဿတိ၊ ထည့်ယူ၍ ဆောင်ခဲ့လိမ့်မည်။
ပဌမဒိဝသေယေဝ၊ ပဌမဆုံးနေ့၌ ပင်။
သစေ ပါတေန္တိ၊ အကယ်၍ချထားကုန်အံ့။
ဣစ္စေတံ ကုသလံ၊ ဤသို့ချထား ခြင်းသည် အပြစ်မရှိ ကောင်း၏။
စေ နော ပါတေန္တိ၊ အကယ်၍ ချမထားကုန်အံ့။
ဒုတိယဒိဝသေပိ တတိယဒိဝသေပိ၊ ဒုတိယနေ့၌လည်းကောင်း တတိယနေ့၌လည်း ကောင်း။
တထေဝ ကာတဗ္ဗံ၊ ထိုအတူပင် ပြုရမည်။
ဧဝံ မဟာဇနော စ၊ ဤသို့ ပြုသော် များစွာသော လူအပေါင်းသည်လည်း။
န ကိလမိဿတိ၊ မပင်ပန်းလတံ့။
မဏိ စ လဘိဿတီတိ၊ ပတ္တမြားဆံထိုးကိုလည်း သင်မင်းကြီးပြန်ရလိမ့်မည်ဟု။
ဧဝံ ဝတွာ၊ ဤသို့ မိန့်၍။
ထေရော အဂမာသိ၊ ရှင်အာနန္ဒာထေရ်သည် ကြွသွားပြီ။
ရာဇာ ဝုတ္တနယေနေဝ၊ ကောသလမင်းသည် ရှင်အာနန္ဒာပြောသော နည်းဖြင့် ပင်။
တယော ဒိဝသေ ဒါပေသိ၊ သုံးရက်တို့တိုင်တိုင် အဆုပ်ပေးစေပြီ။
မဏိံ နေဝ အာဟရိသု၊ ပတ္တမြားဆံထိုးကို မဆောင်ယူခဲ့ကြကုန်ပြီ။
ထေရော၊ ရှင် အာနန္ဒာထေရ်သည်။
တတိယဒိဝသေ အာဂန္တွာ၊ တတိယနေ့၌ ကြွလာတော်မူ ၍။
“က မဟာရာဇ၊ ဘယ်လိုလဲ မင်းမြတ်။
မဏီ ပါတိတောတိ ပုစ္ဆိ၊ ပတ္တမြားဆံထိုး ကို ချထားအပ်ပြီလော”ဟု မေးပြီ။
န ပါတေန္တိ ဘန္တေတိ၊ ချမထားကြပါ အရှင်ဘုရား ဟုလျှောက်ပြီ။
“မဟာရာဇ တေန ဟိ၊ အို.. မင်းမြတ် ထိုသို့ဖြစ်လျှင်။
မဟာ တလသ္မိံယေဝ ပဋိစ္ဆန္နဋ္ဌာနေ၊ ကွင်းပြင်ကျယ်၌ပင် ဖုံးကွယ်ရာဌာန၌။
မဟာစာဋိ ဌပါပေတွာ၊ အိုးတုတ်ကြီးကို ထားစေ၍။
ဥဒကဿ ပူရာပေတွာ၊ ရေဖြင့် ပြည့်စေ ၍။
သာဏိ ပရိက္ခိပါပေတွာ၊ တင်းတိမ်ကို ကာရံစေ၍။
သဗ္ဗေ၊ အလုံးစုံကုန်သော။
အန္တောဝလဉ္ဇနကမနုဿာ စ၊ နန်းတွင်းသုံးဆောင်သူတို့သည်လည်းကောင်း။
ဣတ္ထိယော စ၊ မင်းမောင်းမတို့သည်လည်းကောင်း။
ဥတ္တရာသင်္ဂ ကတွာ၊ အပေါ်ရုံကို ဝတ်ရုံမှုပြု၍။
ဧကေကောဝ၊ တစ်ယောက်တစ်ယောက်စီသာ။
အန္တော သာဏ ပဝိသိတွာ၊ တင်းတိမ်တွင်းသို့ ဝင်၍။
ဟတ္ထံ ဓောဝိတွာ၊ လက်ကို ဆေး၍။
အာဂစ္ဆန္တူတိ၊ လာခဲ့ကြဟု။
ဝဒေဟီတိ၊ အမိန့်ချလော့ဟုပြော၍။
ထေရော ဣမံ ဥပါယံ၊ ရှင်အာနန္ဒာထေရ်သည် ဤနည်းလမ်းကို။
အာစိက္ခိတွာ ပက္ကာမိ၊ ပြောကြား ၍ ဖဲကြွသွားပြီ။
ရာဇာ တထာ ကာရေသိ၊ ကောသလမင်းသည် ထို ရှင်အာနန္ဒာ နည်းပေးသော အခြင်းအရာအားဖြင့် ပြုစေပြီ။
မဏိစောရော၊ ပတ္တမြားဆံထိုးသူခိုးသည်။
“ဓမ္မဘဏ္ဍာဂါရိကော၊ တရားဘဏ္ဍာစိုး ရှင်အာနန္ဒာသည်။
ဣမံ အဓိကရုဏံ၊ ဤပတ္တမြားဆံထိုး ပျောက်သည့် ကိစ္စအဓိကရုဏ်းကို။
အာဒါယ၊ လက်ခံယူပြီး၍။
မဏိ အဒသေတ္တာ၊ ပတ္တမြားဆံထိုးကို မပြနိုင်မူ၍။
ဩသတ္တိ ဿတီတိ၊ နောက်ဆုတ်လတံ့ဟူသော။
ဧတံ၊ ဤအကြောင်းသည်။
အဋ္ဌာနံ၊ သင့်လျော်သော အကြောင်းမဟုတ်။
ဒါနိ ပါတေတုံ၊ ယခုအခါ ချထားခြင်းငှါ။
ဝတ္တကီတိ၊ သင့်၏ဟုတွေး၍။
မဏိ ပဋိစ္ဆန္နံ၊ ပတ္တမြားဆံထိုးကို ဖုံးကွယ်အပ်သည် ကို။
ကကွာ အာဒါယ၊ ပြု၍ ယူခဲ့၍။
အန္တောသာကိ ပဝိသိတွာ၊ တင်းတိမ်တွင်းသို့ ဝင်၍။
စာဋိယံ ပါတေတွာ နိက္ခမိ၊ အိုးတုတ်ကြီးထဲ၌ ချထား၍ ထွက်သွားပြီ။
သဗ္ဗေသံ နိက္ခန္တကာလေ၊ လူအားလုံးတို့၏ ထွက်သွားပြီးရာအခါ၌။
ဥဒကံ ဆဍ္ဍေတွာ၊ ရေကို စွန့်သွန်ပစ်၍။
မဏိံ အဒ္ဒသံသု၊ ပတ္တမြားဆံထိုးကို တွေ့ကြကုန်ပြီ။
ရာဇာ၊ ကောသလမင်းသည်။
“ထေရံ နိဿာယ၊ ရှင်အာနန္ဒာထေရ်ကို အမှီပြု၍။
မဟာဇနံ အကိလမေတွာဝ၊ များစွာသော လူအပေါင်းကို မပင်ပန်းစေမူ၍ သာ။
မေ မဏိ၊ ငါသည် ပတ္တမြားဆံထိုးကို။
လဒ္ဓေါတိ တုဿိ၊ ရအပ်ပြီ”ဟု သဘောကျ ပြီ။
အန္တောဝလဠဉ္ဇနကမနုဿာပိ၊ နန်းတွင်းအသုံးပြုသူ လူတို့သည်လည်း။
“ထေရံ နိဿာယ၊ ရှင်အာနန္ဒာထေရ်ကို အမှီပြု၍။
မဟာဒုက္ခတော မုတ္တာ၊ ဒုက္ခကြီးမှ လွတ်ကုန်သည်။
အမှာတိ သုဿိံသု၊ ဖြစ်ကြရပြီ”ဟု သဘောကျကုန်ပြီ။
“ထေရဿ အာနုဘာဝေန၊ ရှင်အာနန္ဒာထေရ်၏ အစွမ်းအာနုဘော်ကြောင့်။
ရညော စူဠာမဏိ၊ ကောသလမင်းသည် ပတ္တမြားဆံထိုးကို။
လဒ္ဓေါတိ၊ ရအပ်ပြီဟု။
ထေရဿ အာနုဘာဝေါ၊ ရှင်အာနန္ဒာထေရ်၏ အစွမ်းအာနုဘော်သည်။
သကလ နဂရေ စေဝ ဘိက္ခု သံဃေစ၊ တစ်မြို့လုံး၌လည်းကောင်း ရဟန်းအပေါင်း၌ လည်းကောင်း။
ပါကဋော ဇာတော၊ ထင်ရှားသည် ဖြစ်ပြီ။
ဓမ္မသဘာယံ သန္နိသိန္နာ ဘိက္ခူ၊ တရားသဘင်၌ ကောင်းစွာ ထိုင်နေကြ ကုန်သော ရဟန်းတို့သည်။
“အာဝုသော အာနန္ဒတ္ထေရော၊ အို. ငါ့ရှင်တို့ အာနန္ဒာထေရ်သည်။
အတ္တနော ဗဟုဿုတတာယ၊ မိမိ၏ ဗဟုသုတရှိသည်၏ အဖြစ်ကြောင့်။
ပဏ္ဍိစ္စေန ဥပါယကုသလတာယ၊ ပညာရှိသည်၏အဖြစ်ကြောင့် နည်းလမ်းနားလည်သည့်အဖြစ်ကြောင့်။
မဟာဇနံ အကိလမေတွာ၊ လူအများကို မပင်ပန်းစေမူ၍။
ဥပါယေနေဝ ရညော၊ နည်းလမ်းဖြင့်ပင် ကောသလမင်းအား။
မဏိ ဒဿေသီတိ၊ ပတ္တမြားဆံထိုးကို ပြပြီ”ဟု။
ထေရဿ ဂုဏံ ဝဏ္ဏယိံသု၊ ရှင်အာနန္ဒာထေရ်၏ ဂုဏ်အရည်အချင်းကို ချီးမွမ်းကြပြီ။
သတ္ထာ အာဂန္တွာ၊ ဘုရား ရှင်သည် ကြွလာတော်မူ၍။
“ဘိက္ခဝေ ဧတရဟိ၊ အို. ရဟန်းတို့ယခုအခါ၌။
ကာယ ကထာယ သန္နိသိန္နာ၊ အဘယ်မည်သော စကားဖြင့် ကောင်းစွာထိုင်နေကြသည်။
အတ္ထ နုတိ ပုစ္ဆတွာ၊ ဖြစ်ကြသနည်း”ဟု မေးတော်မူ၍။
ဣမာယ နာမာတိ ဝုတ္တေ၊ ဤမည်သော စကားဖြင့်ပါဟု လျှောက်အပ်သော်။
“ဘိက္ခဝေ ဣဒါနို၊ အို. ရဟန်းတို့ ယခုအခါ၌။
ပရဟတ္ထဂတံ ဘဏ္ဍ၊ သူများလက်ရောက်နေသော ပစ္စည်းကို။
အာနန္ဒေနေဝ န ဒဿိတံ၊ အာနန္ဒာသည်သာ ပြနိုင်ပြအပ်သည် မဟုတ်သေး။
ပုဗ္ဗေ ပဏ္ဍိတာပိ၊ ရှေးက ပညာရှိတို့သည်လည်း။
မဟာဇနံ အကိလမေတွာ၊ လူအများကို မပင်ပန်းစေမူ၍။
ဥပါယေနေဝ၊ နည်းလမ်းဖြင့်ပင်။
ရစ္ဆာနဟတ္ထဂတံ ဘဏံ၊ တိရစ္ဆာန်လက်ထဲ ရောက်နေသော ပစ္စည်းကို။
ဒဿယသူတိ ဝတွာ၊ ပြဖူးကြပြီ”ဟု မိန့်တော်မူ၍။
အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။
ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။
ဗောဓိသတ္တော သဗ္ဗ သိပ္ပသု၊ ဘုရားလောင်းသည် အလုံးစုံသော အသက်မွေးဝမ်းကြောင်း အတတ်တို့၌။
နိပ္ဖတ္တိံ ပတ္တော၊ အပြီးအစီးသို့ ရောက်၍။
တဿေဝ အမစ္စော အဟောသိ၊ ထိုဗြဟ္မဒတ်မင်း၏ပင် အမတ်သည် ဖြစ်ပြီ။
အထ ဧကဒိဝသံ၊ ထိုအခါ တစ်နေ့၌။
ရာဇာ မဟန္တေန ပရိဝါရေန၊ ဗြဟ္မဒတ်မင်းသည် များစွာသော အခြံအရံဖြင့်။
ဥယျာနံ ဂန္တွာ၊ ဥယျာဉ်တော်သို့ သွား၍။
ဝနန္တရာနိ ဝိစရိတွာ၊ တောကြိုဟောကြားတို့သို့ လှည့်လည်၍။
ဥဒကကီဠံ ကီဠိတုကာမော၊ ရေကစားမှုကို ကစားလို၍။
မင်္ဂလ ပေါက္ခရဏီံ ဩတရိတွာ၊ မင်္ဂလာရေကန်တော်သို့ သက်ဆင်း၍။
ဣတ္ထာဂါရမိ ပက္ကောသိ၊ မင်းမောင်းမအပေါင်းကိုလည်း ခေါ်ပြီ။
ဣတ္ထိယော အတ္တနော အတ္တနော၊ မင်းမောင်းမတို့သည် မိမိ၏ မိမိ၏။
သီသူပဂဂီပူပဂါဒီနိ အာဘရဏာနိ၊ ခေါင်းဝတ် တန်းဆာ, လည်ဝတ်တန်ဆာအစရှိကုန်သော အဆင်တန်ဆာတို့ကို။
ဩမုစ္စိတွာ၊ ချွတ်ကြ၍။
ဥတ္တရာသင်္ဂေသု ပက္ခိပိတွာ၊ အပေါ်ရုံတို့၌ ထည့်၍။
သမုဂ္ဂပိဋ္ဌေသု ဌပေတွာ၊ သေတ္တာတို့၌ ထည့်၍။
ဒါသိယော ပဋိစ္ဆာပေတွာ၊ ကျွန်မတို့ကို အပ်နှင်း၍။
ပေါက္ခရဏီ ဩတရိသု၊ ရေကန်တော်သို့ သက်ဆင်းကုန်ပြီ။
အထ ဧကာ ဥယျာန မကဋီ၊ ထိုအခါ တစ်ကောင်သော ဥယျာဉ်ထဲရှိမျောက်မသည်။
သာခန္တရေ နိသိန္နာ၊ သစ်ခက်ကြား၌ နေလျက်။
ဒေဝိံ ပိဠန္ဓနာနိ ဩမုဉ္စိတွာ၊ မိဖုရားကြီးကို အဆင်တန်ဆာတို့ကို ချွတ်၍။
ဥတ္တရာသင်္ဂေ ပက္ခိပိတွာ၊ အပေါ်၌ ထည့်၍။
သမုဂ္ဂပိဋ္ဌေ ဌပယမာနံ ဒိသွာ၊ သေတ္တာထဲ၌ ထားနေသည်ကို မြင်၍။
တဿာ မုတ္တာဟာရံ၊ ထိုမိဖုရားကြီး၏ ပုလဲသွယ်ကို။
ပိဠန္ဓိတုကာမာ ဟုတွာ၊ ဆင်မြန်းလိုသည် ဖြစ်၍။
ဒါသိယာ ပမာဒံ၊ ကျွန်မ၏ မေ့လျော့မှုကို။
ဩလောကယမာနာ နိသီဒိ၊ ကြည့်လျက် ထိုင်နေပြီ။
ဒါသီပိ တံ ရက္ခမာနာ၊ ကျွန်မသည်လည်း ထိုပုလဲသွယ်ကို စောင့် ရှောက်လျက်။
တမံ တဟံ ဩလောကေတွာ၊ ထိုထိုအရပ်ကို ကြည့်၍။
နိသိန္နာ ယေဝ နိဒ္ဒါယိတုံ အာရဘိ၊ ထိုင်လျက်သာလျှင် ငိုက်မြည်းခြင်းငှာ အားထုတ်ပြီ။
မက္ကဋီ၊ မျောက်မသည်။
တဿာ ပမာဒဘာဝံ ဉတွာ၊ ထိုကျွန်မ၏ မေ့လျော့ ကြောင်းကို သိ၍။
ဝါတဝေဂေန ဩတရိတွာ၊ လေ၏အဟုန်ဖြင့် ဆင်းသက်၍။
မဟာမုတ္တာဟာရံ ဂီဝါယ ပဋိမုဉ္ဇိတွာ၊ ပုလဲသွယ်ကြီးကို လည်ပင်း၌ စွပ်၍။
ဝါတ ဝေဂေန ဥပ္ပတိတွာ၊ လေ၏အဟုန်ဖြင့် ခုန်တက်၍။
သာခန္တရေ နိသီဒိတွာ၊ သစ်ခက် ကြား၌ နေ၍။
အညာသံ မက္ကဋီနံ ဒဿနယေန၊ အခြားကုန်သော မျောက်မတို့ ၏ မြင်မည်ကို ကြောက်ခြင်းကြောင့်။
ဧကသ္မိံ ရုက္ခဒုသိရဋ္ဌာနေ ဌပေတွာ၊ တစ်ခုသော သစ်ခေါင်းရှိရာဌာန၌ ထား၍။
ဥပသန္တူပသန္တာဝိယ၊ ငြိမ်သက်သည် ထက် ငြိမ်သက်သည်ကဲ့သို့ ဖြစ်၍။
တံ ရက္ခမာနာ နိသီဒိ၊ ထိုပုလဲသွယ်ကို စောင့် ရှောက်လျက် ထိုင်နေပြီ။
သာပိ ခေါ ဒါသီ ပဋိဗုဇ္ဈိတွာ၊ ထိုကျွန်မသည်လည်း တဖန်နိုးလာ၍။
မုတ္တာဟာရံ အပဿန္တီ ကမ္မမာနာ၊ ပုလဲသွယ်ကို မတွေ့ရကား တုန်တုန်လှုပ်လှုပ်။
အညံ ဥပါယံ အဒိသွာ၊ တစ်ခြားသော နည်းလမ်းကို မမြင်၍။
“ပုရိသော ဒေဝိယာ၊ ယောက်ျား တစ်ယောက်သည် မိဖုရားကြီး၏။
မုတ္တာဟာရံ ဂဟေတွာ၊ ပုလဲသွယ်ကို လုယူ၍။
ပလာတောတိ၊ ပြေးပါသည်”ဟု။
မဟာဝိရဝံ ဝိရဝိ၊ ကြီးစွာသော မြည်တမ်းမှုကို မြည်တမ်းပြီ။
အာရက္ခမနုဿာ၊ အစောင့်အရှောက်လူတို့သည်။
တတော တတော သန္နိပတိတွာ၊ ထိုမှ ထိုမှ ကောင်းစွာကျရောက်စုဝေးကြ၍။
တဿာ ဝစနံ သုတွာ၊ ထိုကျွန်မ၏ အော်သော စကားကို ကြားရ၍။
ရညော အာရောစယိံသု၊ မင်းအား လျှောက်ထားကြပြီ။
ရာဇာ၊ ဗြဟ္မဒတ်မင်းသည်။
“စောရံ ဂဏှထာတိ အာဟ၊ ခိုးသူကို ဖမ်းယူကြ”ဟု အမိန့်ရှိပြီ။
ပုရိသာ ဥယျာနာ နိက္ခမိတွာ၊ ယောက်ျားတို့သည် ဥယျာဉ်တော်မှ ထွက်ခဲ့ကြ၍။
“စောရံ ဂဏှထ၊ ခိုးသူကို ဖမ်းကြ။
စောရံ ဂဏှထာ တိ၊ ခိုးသူကို ဖမ်းကြ”ဟုအော်၍။
ဣတောစိတော စ ဩလောကေန္တိ၊ ထိုမှဤမှလည်း ကြည့်ကြကုန်၏။
အထ ဧကော ဇာနပဒေါ၊ ထိုအခါ တစ်ယောက်သော ဇနပုဒ်၌ နေသော။
ဗလိကာရကပုရိသော၊ အခွန်ထမ်းယောက်ျားသည်။
တံ သဒ္ဒံ သုတွာ၊ ထိုအော်သံကို ကြားရ၍။
ကမ္မမာနော ပလာယိ၊ တုံတုံလှုပ်လှုပ် ပြေးပြီ။
တံ ဒိသွာ ရာဇပုရိသာ၊ ထိုပြေးသူကို တွေ့ရ၍ မင်းချင်းယောက်ျားတို့သည်။
အယံ စောရော ဘဝိဿတီတိ၊ ဤသူကား ခိုးသူသည်ဖြစ်လတံ့”ဟု။
အနုဗဇ္ဇိတွာ တံ ဂဟေတွာ၊ အစဉ်လိုက်၍ ထိုယောက်ျားကို ဖမ်းယူ၍။
ပေါထေတွာ၊ ရိုက်နှက်၍။
“အရေ ဒုဋ္ဌစောရ၊ ဟယ်. . ခိုးသူပျက်။
ဧဝံ မဟာသာရံ နာမ၊ ဤသို့ များစွာအနှစ်ရှိသည်မည်သော။
ပိဠန္ဓန အဝဟရိဿသီတိ၊ အဆင်တန်းဆာကို ခိုးယူဘိ၏”ဟု။
ပရိဘာသိသု၊ ရေရွတ်ခြိမ်းခြောက်ကုန်ပြီ။
သော၊ ထိုဇနပုဒ်သား ယောက်ျားသည်။
“န ဂဏှာမီတိ၊ မယူရပါဟု။
သစေ အဟံ ဝက္ခာမိ၊ အကယ်၍ ငါသည် ပြောအံ့။
အဇ္ဇ မေ၊ ယနေ့ ငါ၏။
ဇီဝိတံ နတ္ထိ၊ အသက်သည် မရှိလတံ့။
ပေါလေန္တာယေဝ၊ ရိုက်နှက်ကုန်လျှက်သာ။
မံ မာရေဿန္တိ၊ ငါ့ကို သတ်ကြလတံ့။
နံ သမ္ပဋိစ္ဆာမီတိ၊ ထိုခိုးမှုကို ဝန်ခံအံ့”ဟု။
စိန္တေသိ၊ တွေးမိပြီ။
သော၊ ထိုဇနပုဒ်သား ယောက်ျားသည်။
“သာမိ မေ၊ အို... အရှင် ကျွန်တော်မျိုးသည်။
အာမ ဂဟိတန္တိ၊ မှန်ပါ ယူအပ်ပါပြီ”ဟု။
အာဟ၊ ပြောပြီ။
အထ နံ ဗန္ဓိတွာ၊ ထိုအခါ ထိုဇနပုဒ်သား ယောက်ျားကို ဖွဲ့ချည်၍။
ရညော သန္တိကံ အာနယိံသု၊ မင်း၏ ထံတော်သို့ ခေါ်ဆောင်ခဲ့ကုန်ပြီ။
ရာဇာပိ နံ၊ မင်းသည်လည်း ထိုဇနပုဒ်သားကို။
“မဟာသာရ ပိဠန္ဓနံ၊ များစွာသော ဥစ္စာနှစ်ရှိသော အဆင်တန်ဆာကို။
တေ ဂဟိတန္တိ၊ သင်သည် ယူအပ်သလော”ဟု။
ပုစ္ဆိ၊ မေးပြီ။
အာမ ဒေဝါတိ၊ မှန်ပါ ယူမိပါ၏ အရှင်မင်းကြီးဟုလျှောက်ပြီ။
ဣဒါနိ တံ ကဟန္တိ၊ ယခု ထိုအဆင်တန်းဆာသည် ဘယ်မှာနည်းဟုမေးပြီ။
ဒေဝ မယာ၊ အို. . အရှင် မင်းမြတ် ကျွန်တော်မျိုးသည်။
မဟာသာရံ နာမ၊ များစွာသော အနှစ်ရှိသည်မည်သော။
မဉ္စပီဌမ္ပိ န ဒိဋ္ဌပုဗ္ဗံ၊ ညောင်စောင်းအင်းပျဉ်ကိုသော်မှလည်း မမြင်ဘူးပါ။
ပန သေဋ္ဌိ မံ၊ သို့သော်လည်း သူဌေးကြီးသည် ကျွန်တော်မျိုးကို။
မဟာသာရပိဠန္ဓနံ ဂဏှာပေသိ၊ များစွာသော။
သော အဟံ တံ ဂဟေတွာဝ၊ ဥစ္စာနှစ်ရှိသော အဆင်တန်ဆာကို အယူခိုင်းပြီ။
သော အဟံ တံ၊ ထိုကျွန်တော်မျိုးသည် ထိုမဟာသာရတန်ဆာကို ယူပြီး၍ပင်။
တဿ အဒါသိ၊ ထိုသူဌေးကြီးအား ပေးလိုက်ပါပြီ။
သော နံ၊ ထိုသူဌေးကြီးသည် ထိုမဟာသာရ တန်ဆာကို။
ဇာနာတီတိ၊ သိပါ၏ဟုလျှောက်ထားပြီ။
မဟာ ရာဇာ သေဋ္ဌိ ပက္ကောသာပေတွာ၊ ဗြဟ္မဒတ်မင်းသည် သူဌေးကို ခေါ်စေ၍။
ဣမဿ ဟတ္ထတော၊ သင်သူဌေးသည် ဤဇနပုဒ်သား၏ လက်မှ။
သာရပိဠန္ဓနံ၊ မဟာသာရတန်ဆာကို။
ဂဟိတန္တိ ပုစ္ဆိ၊ ယူအပ်သလော”ဟု မေးပြီ။
အာမ ဒေဝါတိ၊ မှန်ပါ ယူမိပါ၏အရှင်မင်းကြီးဟုဖြေပြီ။
တံ ကဟန္တိထိုမဟာသာရ၊ တန်ဆာသည် ဘယ်မှာနည်းဟုမေးပြီ။
ပုရောဟိတဿ၊ ပုရောဟိတ်အား။
မေ ဒိစ္ဆန္တိ၊ ကျွန်တော်မျိုးသည် ပေးအပ်ပါပြီဟုဖြေပြီ။
ပုရောဟိတမ္ပိ ပက္ကေသာပေတွာ၊ ပုရောဟိတ်ကိုလည်း ခေါ်စေ၍။
တထေဝ ပုစ္ဆိ၊ ထို့အတူပင် မေးပြီ။
သောပိ သမ္ပဋိစ္ဆိတွာ၊ ထိုပုရောဟိတ်သည်လည်း ယူကြောင်း ဝန်ခံ၍။
“ဂန္ဓဗ္ဗဿ မေ၊ စောင်းသမားအား ကျွန်တော်မျိုးသည်။
ဒိန္နန္တိ အာဟ၊ ပေးအပ်ပါပြီ”ဟု လျှောက် ထားပြီ။
တမ္ပိ ပက္ကောသာပေတွာ၊ ထိုစောင်းသမားကိုလည်း ခေါ်စေ၍။
“ပုရော ဟိတဿ ဟတ္ထတော၊ ပုရောဟိတ်၏ လက်မှ။
တေ မဟာသာရပိဠန္ဓနံ၊ သင်သည် မဟာသာရတန်ဆာကို။
ဂဟိတန္တိ ပုစ္ဆိ၊ ယူအပ်သလော”ဟု မေးပြီ။
အာမ ဒေဝါတိ၊ မှန်ပါ ယူမိပါ၏ အရှင်မင်းကြီးဟုဖြေပြီ။
တံ ကဟန္တိ၊ ထိုမဟာသာရတန်ဆာသည် ဘယ်မှာနည်းဟု မေးပြီ။
ကိလေသဝသေန မေ၊ ကိလေသာ၏ အစွမ်းဖြင့် ကျွန်တော်မျိုးသည်။
ဝဏ္ဏဒါသိယာ ဒိန္နန္တိ၊ ပြည့်တန်ဆာမအား ပေးအပ်ပါပြီဟု လျှောက်ထားပြီ။
တမ္ပိ ပက္ကောသာပေတွာ ပုစ္ဆိ၊ ထိုပြည့်တန်ဆာမကိုလည်း ခေါ်စေ ၍ မေးပြီ။
သာ၊ ထိုပြည့်တန်ဆာမသည်။
“န ဂဏှာမီတိ အာဟ၊ မယူရပါ” ဟု လျှောက်ပြီ။
တေ ပဉ္စဇနေ၊ ထိုလူငါးယောက်တို့ကို။
ပုစ္ဆန္တာနညဝ၊ မေးမြန်းကြကုန် စဉ်ပင်။
သူရိယော အတ္ထံ ဂတော၊ နေသည် ဝင်ပြီ။
ရာဇာ၊ ဗြဟ္မဒတ်မင်းသည်။
“ဣဒါနိ ဝိကာလော ဇာတော၊ ယခုအခါ အချိန်မဲ့သည် ဖြစ်ခဲ့ပြီ။
သွေ ဇာနိဿာမာ တိ၊ နက်ဖန်၌ သိကြရလိမ့် မည်”ဟု ပြော၍။
တေ ပဉ္စဇနေ၊ ထိုငါးယောက်သော လူတို့ကို။
အမစ္စာနံ ဒတွာ၊ အမတ်တို့အား ပေးအပ်ခဲ့၍။
နဂရံ ပါဝိသိ၊ မြို့တော်သို့ ဝင်သွားပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။
“ဣဒံ ပိဠန္ဓနံ၊ ဤမဟာသာရတန်ဆာ သည်။
အန္တောဝဠဉ္ဇ နဋ္ဌံ၊ နန်းတွင်းသားတို့အသုံးပြုသည့်နေရာ၌ ပျောက်ခဲ့၏။
အယဉ္စ ဂဟပတိကော၊ ဤဇနပုဒ်သား သူကြွယ်သည်ကား။
ဗဟိဝဠာဉ္စော၊ နန်းပြင် သုံးဆောင်သူတည်း။
ဒွါရေပိ ဗလပါရက္ခော၊ ဥယျာဉ်တော်တံခါး၌လည်း အားကောင်းသော အစောင့်အရှောက်ရှိ၏။
တသ္မာ၊ ထို့ကြောင့် အန္တောဝဠဉ္ဇနကာနမ္မိ= နန်းတွင်းသုံးဆောင် သူတို့သည်လည်း။
တံ ဂဟေတွာ၊ ထိုမဟာသာရ တန်ဆာကို ယူ၍။
ပလာယိတုံ န သက္ကာ၊ ထွက်ပြေးခြင်းငှာ မတတ်ကောင်း။
ဧဝံ၊ ဤကဲ့သို့။
ဗဟိဝဠဉ္နနကာနံ၊ နန်းပြင်သုံးဆောင်သူတို့၏။
ဂဟဏူပါယော၊ ယူဖို့ရာ နည်းလမ်းကို။
နေဝ ဒိဿတိ၊ မတွေ့ ရ။
အန္တောဥယျာနေ၊ ဥယျာဉ်တော် အတွင်း၌။
ဝဠဉ္ဇနကာနံ၊ သုံးဆောင်သူတို့၏။
ဂဟဏူပါယော၊ ယူဖို့နည်းလမ်းကို ။
ဒိဿတိ၊ မတွေ့ရ။
ဣမိနာ ဒုဂ္ဂတမနုဿန၊ ဤဆင်းရဲသားလူသည်။
သေဋ္ဌိဿ န မေ ဒိန္နန္တိ၊ သူဌေးအား ကျွန်တော်မျိုးသည် ပေးအပ်ပါပြီဟု။
ကထေန္တေန၊ ပြောဆို သဖြင့်။
အတ္တနော မောက္ခတ္ထာယ၊ မိမိ၏ လွတ်မြောက်ဖို့အကျိုးငှာ။
ကထိတံ ဘဝိဿတိ၊ ပြောဆိုအပ်သည် ဖြစ်လတံ့။
“ပုရောဟိတဿ မေ ဒိန္နန္တိ၊ ပုရောဟိတ် အား ကျွန်တော်မျိုးသည် ပေးအပ်ပါပြီ”ဟု။
ကထေန္တေန သေဋ္ဌိနာပိ၊ ပြောဆိုသော သူဌေးကြီးသည်လည်း။
ဧကတော ဟုတွာ၊ တစ်ပေါင်းတည်းဖြစ်၍။
နိတ္ထရိ ဿာမီတိ စိန္တေတွာ၊ အမှုထုတ်ဆောင်ပြီဟု တွေး၍။
ကထိတံ ဘဝိဿတိ၊ ဆိုအပ် သည် ဖြစ်လတံ့။
ဂန္ဓဗ္ဗဿ မေ ဒိန္တိ၊ စောင်းသမားအား ကျွန်တော်မျိုးသည် ပေးအပ်ပြီဟု။
ကထေန္တေန ပုရောဟိတေနာပိ၊ ပြောဆိုသော ပုရောဟိတ်သည် လည်း။
ဗန္ဓနာဂါရေ၊ နှောင်အိမ်ထဲ၌။
ဂန္ဓဗ္ဗံ နိဿာယ၊ စောင်းသမားကို အမှီပြု၍။
သုခေန၊ ချမ်းသာစွာ။
ဝသိဿာမာတိ စိန္တေတွာ၊ နေကြမည်ဟု တွေး၍။
ကထိတံ ဘဝိဿတိ၊ ပြောဆိုအပ်သည် ဖြစ်လတံ့။
ဝဏ္ဏဒါသိယာ မေ ဒိန္တိ၊ ပြည့်တန်ဆာမ အား ကျွန်တော်မျိုးသည် ပေးအပ်ပါပြီဟု
။ ကထေန္တေန ဂန္ဓဗ္ဗေနာပိ၊ ပြောဆိုသော စောင်းသမားသည်လည်း။
ဧကန္တေန အနုက္ကဏ္ဏိတာ၊ ဧကန်အားဖြင့် မငြီးငွေ့ကြ ကုန်သည်။
ဘဝိဿာမာတိ စိန္တေတွာ၊ ဖြစ်ကြလိမ့်မည်ဟု တွေး၍။
ကထိတံ ဘဝိဿတိ၊ ဆိုအပ်သည် ဖြစ်လတံ့။
ဣမေဟိ ပဉ္စဟိပိ၊ ဤငါးယောက်တို့သည် လည်း။
စောရေဟိ န ဘဝိတဗ္ဗံ၊ ခိုးသူတို့သည် မဖြစ်တန်ရာ။
ဥယျာနေ မက္ကဋာ ဗဟူ၊ ဥယျာဉ်တော်၌ မျောက်တို့သည် များလှကုန်၏။
ပိဠန္ဓနေန၊ မဟာသာရ တန်ဆာသည်။
ဧကိဿာ မက္ကဋိယာ ဟတ္ထိ၊ တစ်ကောင်သော မျောက်မ၏ လက်၌။
အာရုဠှေန ဘဝိတဗ္ဗန္တိ၊ ရောက်နေသည် ဖြစ်တန်ရာ၏”ဟု။
စိန္တေသိ၊ တွေးမိပြီ။
သော ရာဇာနံ ဥပသင်္ကမိတွာ၊ ထိုဘုရားလောင်းသည် မင်းသို့ ချဉ်းကပ် ၍။
“မဟာရာဇ စောရေ၊ အို.. မင်းမြတ် ခိုးသူတို့ကို။
အမှာကံ နိယျာဒေထ၊ ကျွန်တော်မျိုးတို့အား အပ်နှင်းကြပါကုန်။
မယံ တံ ကိစ္စံ၊ ကျွန်တော်မျိုးတို့သည်ထိုပစ္စည်းပျောက်မှုကိစ္စကို။
သောဓေဿာမာတိ အာဟ၊ ရှင်းလင်းကြပါမည်”ဟု လျှောက်ထားပြီ။
ရာဇာ၊ ဗြဟ္မဒတ်မင်းသည်။
“သာဓု ပဏ္ဍိတ၊ ကောင်းပြီ အို. . ပညာရှိ။
သောဓေဟီတိ၊ ရှင်းလင်းပေးပါလော့” ဟု။
တဿ နိယျာဒေသိ ထိုဘုရားလောင်းအား အပ်နှင်းပြီ။
ဗောဓိသတ္တော အတ္တနော၊ ဘုရားလောင်းသည် မိမိ၏။
ဒါသပုရိသေ ပက္ကော သာပေတွာ၊ ကျွန်ယောက်ျားတို့ကို ခေါ်စေ၍။
တေ ပဉ္စဇနေ၊ ထိုငါးယောက်သော လူတို့ကို။
ဧကသ္မိံယေဝ ဌာနေ ဝသာပေတွာ၊ တစ်နေရာတည်း၌ပင် နေစေ၍။
သမန္တာ အာရက္ခံ ကတွာ၊ ပတ်ပတ်လည်မှ အစောင့်အရှောက်ကို ထားမှုပြု၍။
ကဏ္ဏ ဒတွာ၊ နားကို ပေး၍ ။
“ယံ တေ၊ အကြင်စကားကို ထိုငါးယောက်တို့သည်။
အညမညံ ကထေန္တိ၊ အချင်းချင်း ပြောကြကုန်၏။
တံ မယှံ၊ ထိုပြောစကားကို ငါ့အား။
အာရောစေထာတိ၊ ပြောကြလော့”ဟု။
ဝတွာ ပက္ကာမိ၊ မှာထား၍ ထွက်သွားပြီ။
တေ တထာ အကံသု၊ ထိုဘုရားလောင်းကျွန်တို့သည် ထိုဘုရား လောင်းမှာသည့်အတိုင်း ပြုကြပြီ။
တတော မနုဿာနံ၊ ထိုအခါမှ လူတို့၏။
သန္နိ သိန္နဝေလာယ၊ ကောင်းစွာချမ်းသာစွာနေသည့်အချိန်၌။
သေဋ္ဌိ တံ ဂဟပတိကံ၊ သူဌေးကြီးသည် ထိုဇနပုဒ်သားလူကို။
“အရေ ဒုဋ္ဌဂဟပတိ၊ ဟယ်သူကြွယ်ပျက်။
တယာ အဟံ၊ သင်သည် ငါ့ကိုလည်းကောင်း။
မယာ တွံ ဝါ၊ ငါသည် သင့်ကိုလည်း ကောင်း။
ကဟံ ဒိဋ္ဌပုဗ္ဗော၊ ဘယ်နေရာ ဘယ်အခါက တွေ့မြင်ဖူးသနည်း။
ကဒါ တေ၊ ဘယ်ခါက သင်သည်။
မယှံ ပိဠန္ဓနံ၊ ငါ့အား မဟာသာရတန်ဆာကို။
ဒိဋ္ဌိ အာဟ၊ ပေးအပ်သနည်း”ဟု ပြောပြီ။ (ရှေးအာဟဖြစ်စေ နောက်အာဟဖြစ်စေ ပိုသည်။ )
သော၊ ထိုဇနပုဒ်သားသည်။
“သာမိ မဟာသေဋ္ဌိ၊ အို. အရှင်သူဌေးကြီး။
အဟံ၊ ကျွန်တော်မျိုးသည်။
မဟာသာရံနာမ၊ မဟာသာရမည်သော။
ရုက္ခသာရ ပါဒကံ၊ သစ်သားနှစ်အခြေရှိသော။
မဉ္စပီဌမိ န ဇာနာမိ၊ ညောင်စောင်းအင်းပျဉ်ကို သော်မှလည်း မသိပါ။
“ပန တံ နိဿာယ၊ သို့သော်လည်း အရှင်သူဌေးကြီးကို အမှီပြု၍။
မောက္ခံ လဘိဿာမီတ၊ လွတ်မြောက်မှုကို ရလိမ့်မည်'ဟု တွေး၍။
ဧဝံ အဝစံ၊ ဤသို့ ပြောမိခဲ့ပါပြီ။
မေ မာကုဇ္ဈ သာမီတိ အာဟ၊ ကျွန်တော်မျိုးအား စိတ်မဆိုးပါလင့် အရှင်သူဌေးကြီးဟု ပြောပြီ။
ပုရောဟိတောပိ၊ ပုရောဟိတ်သည် လည်း။
“မဟာသေဋ္ဌိ တွံ၊ အို. သူဌေးကြီး သင်သည်။
ဣမိနာ အတ္တနော အဒိန္နက မေဝ၊ ဤဇနပုဒ်သားသည် မိမိအား မပေးအပ်သော မဟာသာရတန်ဆာကိုပင်။
မယှံ ကထံ အဒါသီတိ၊ ငါအား ဘယ်ကဲ့သို့ ပေးပြီနည်း”ဟု။
သေဋ္ဌိ အာဟ၊ သူဌေးကို ပြောပြီ။
“ဒွေ မယမ္ပိ ဣဿရာ၊ နှစ်ယောက်ကုန်သော ငါတို့သည်လည်း အစိုးရသူဖြစ်ကုန်၏။
အမှာကံ ဧကတော ဟုတွာ၊ ငါတို့နှစ်ယောက်၏ တပေါင်းတည်း ဖြစ်၍။
ဌိတကာလေ ကမ္မံ၊ တည်ရှိရာကာလ၌ လုပ်ငန်းကိစ္စသည်။
ခိပ္ပံ နိပ္ဖဇ္ဇိဿတီတိ၊ လျင်စွာ ပြီးစီးလိမ့်မည်ဟု။
ကထေသိန္တိ၊ ပြောမိပါပြီ”ဟု။
(သေဋ္ဌိ အာဟ၊ သူဌေးသည် ပြောပြီ)။
ဂန္ဓဗ္ဗောပိ၊ စောင်းသမားသည်လည်း။
“ဗြာဟ္မဏ ကဒါ၊ အို. ပုဏ္ဏား ဘယ်အခါက။
တယာ မယှံ၊ သင်သည် ငါ့အား။
ပိဠန္ဓနံ ဒိဋ္ဌိမဟာသာရတန်ဆာကို ပေးအပ်သနည်း”ဟု။
ပုရောဟိတံ အာဟ၊ ပုရောဟိတ်ကို ပြောပြီ။
“အဟံ တံ နိဿာယ၊ ငါပုရောဟိတ်သည် သင်စောင်းသမားကို မှီ၍။
ဝသနဋ္ဌာနေ၊ နေရာဌာန၌။
သုခံ ဝသိဿာမီတိ၊ ချမ်းသာစွာ နေမည်ဟုတွေး၍။
ကထေသိန္တိ၊ ပြောမိခဲ့ပြီ”ဟု(ပုရောဟိတော အာဟပုရောဟိတ်က ပြောပြီ)။
ဝဏ္ဏဒါသီပိ ဂန္ဓဗ္ဗံ၊ အဆင်းကျွန်မ ပြည့်တန်ဆာမသည်လည်း စောင်းသမားကို။
“အရေ ဒုဋ္ဌဂန္ဓဗ္ဗ အဟံ၊ ဟယ်စောင်းသမားပျက် ငါသည်။
ကဒါ တဝ၊ ဘယ်အခါက သင်၏။
သန္တိကံ ဂတပုဗ္ဗာ၊ အထံသို့ ရောက်ဖူးသနည်း။
တွံ ဝါ မမ သန္တိကံ၊ သင်သည်မူလည်း ငါ၏ ထံသို့အာဂတပုဗ္ဗောလာဖူးသနည်း။
ကဒါ တေ မယှံ၊ ဘယ်အခါက သင်သည် ငါ့အား။
ပိဠန္ဓန ဒိဋ္ဌိ အာဟ၊ မဟာသာရ တန်ဆာကို ပေးအပ်သနည်း”ဟု ပြောပြီ။
“ဘဂိနိ ကိကာရဏာ ကုဇ္ဈသိ၊ အို. ချစ်နှမ အဘယ့်ကြောင့် စိတ်ဆိုးသနည်း။
ပဉ္စသု အမှေသု၊ ငါးယောက်ကုန် သော ငါတို့သည်။
ဧကတော ဝသန္တေသု၊ တစ်ပေါင်းတည်း နေကြရသော်။
ဃရာဝါသော ဘဝိဿတိ၊ အိမ်ရာတည်ထောင် နေရခြင်းသည် ဖြစ်လိမ့်မည်။
အနုက္ကဏ္ဏမာနာ သုခံ၊ မငြီးမငွေ့ ပျော်မွေ့ကြလျှက် ချမ်းသာစွာ။
ဝသိဿာမာတိ၊ နေကြရလိမ့်မည်ဟု တွေး၍။
ကထေသိန္တိ၊ ပြောခဲ့ပြီ”ဟု(ဂန္ဓဗ္ဗော အာဟ= စောင်းသမားသည် ပြောကြားပြီ)။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။
ဇိတမနုဿာနံ သန္တိကာ၊ စေခိုင်းအပ်သူလူတို့၏ ထံမှ။
တံ ကထံ သုတွာ၊ ပြောကြ သည့်ထိုစကားကို ကြားရ၍။
တေသံ အစောရဘာဝံ၊ ထိုငါးဦးတို့၏ ခိုးသူမဟုတ် ကြောင်းကို။
တထတော ဉတွာ၊ အမှန်အားဖြင့် သိရ၍။
“မက္ကဋိယာ ဂဟိတ ပိဠန္ဓနံ၊ မျောက်မသည် ယူအပ်သော မဟာသာရတန်ဆာကို။
ဥပါယေနေဝ ပါတေဿာမီတိ၊ နည်းလမ်းဖြင့်ပင် ကျစေမည်”ဟု တွေး၍။
ဂေဠုမယာနိ ဗဟူနိ၊ ဘောလုံးဖြင့်ပြီးကုန်သော များစွာကုန်သော။
ပိဠန္ဓနာနိ ကာရေတွာ၊ အဆ တန်ဆာတို့ကို ပြုစေ၍။
ဥယျာနေ၊ ဥယျာဉ်ထဲက။
မက္ကဋိယော ဂါဟာပေတွာ၊ မျောက်မတို့ကို ဖမ်းယူစေ၍။
ဟတ္ထပါဒဂီဝါသု ဂေဏ္ဍပိဠန္ဓနာနိ၊ လက်ခြေ လည်ပင်းတို့၌ ဘောလုံးတန်ဆာတို့ကို။
ပိဠန္ဓာပေတွာ ဝိဿဇ္ဇသိ၊ ဆင်မြန်းစေ၍ လွှတ်လိုက်ပြီ။
ဣတရာ မက္ကဋီ၊ ဤမှတစ်ပါးသော မျောက်မသည်။
ပိဠန္ဓနံ ရက္ခမာနာ၊ မဟာသာရတန်ဆာကို စောင့်ရှောက်လျက်။
ဥယျာနေ ဧဝ နိသီဒိ၊ ဥယျာဉ်ထဲ၌သာ နေပြီ။
ဗောဓိသတ္တော မနုဿ၊ ဘုရားလောင်းသည် မိမိလူတို့ကို။
“တုမှေ ဂစ္ဆထ၊ သင်တို့သည် သွားကြကုန်။
ဥယျာနေ၊ ဥယျာဉ်ထဲက။
သဗ္ဗာ မက္ကဋိယော၊ အားလုံးကုန်သော မျောက်မတို့ကို။
ဥပဓာရေထ၊ စူးစမ်းကြကုန်လော့။
ယဿာ၊ အကြင်မျောက်မ၏။
(သန္တိကေ၊ အထံ၌)။
တံ ပိဠန္ဓနံ ပဿထ၊ ထိုမဟာသာရ တန်ဆာကို တွေ့ ရကုန်၏။
တံ ဥတ္တာသေတ္တာ၊ ထိုမျောက်မကို ထိတ်လန့်စေ၍။
ပိဠန္ဓနံ ဂဏှထာတိ၊ မဟာသာရတန်ဆာကို ယူကြ”ဟု။
အာဏာပေသိ၊ စေခိုင်း ထားပြီ။
တာပိ ခေါ မက္ကဋိယော၊ ဘောလုံးတန်ဆာရကြသည့် ထိုမျောက်မတို့သည် လည်း။
“ပိဠန္ဓနံ နော လန္တိ၊ အဆင်တန်ဆာကို ငါတို့သည် ရအပ်ပြီ” ဟု။
တုဋ္ဌ ပဟဋ္ဌာ၊ နှစ်သက်ရွှင်လန်းကြ၍။
ဥယျာနေ ဝိစရန္တိယော၊ ဥယျာဉ်ထဲ၌ လှည့်လည် ကြလျှက်။
တဿာ သန္တိကံ ဂန္တွာ၊ မဟာသာရတန်ဆာယူထားသော ထိုမျောက်မ ၏ အထံသို့ သွားကြ၍။
အမှာကံ ပိဠန္ဓနံ၊ ငါတို့၏ အဆင်တန်ဆာကို။
ပဿဣတိ အာဟံသု၊ ကြည့်ပါဟု ပြောကြပြီ။
သာ မက္ကဋီ အသဟမာနာ၊ ထိုမျောက်မသည် မခံနိုင်ရကား။
ဣမိနာ ဂေဏ္ဍပိဠန္ဓနေန၊ ဤဘောလုံးတန်ဆာဖြင့်။
ကိန္တိ၊ ဘာလုပ် မည်နည်းဟုပြော၍။
မုတ္တာဟာရံ ပိဒ္ဓိတွာ နိက္ခမိ၊ မဟာသာရပုလဲသွယ်ကို ဆင်မြန်း၍ ထွက်လာပြီ။
အထ နံ၊ ထိုအခါ ထိုမျောက်မကို။
တေ ပုရိသာ ဒိသွာ၊ ဘုရားလောင်း၏ ထိုလူတို့သည် မြင်ကြ၍။
ပိဠန္ဓနံ ဆဍ္ဍာပေတွာ၊ ပုလဲသွယ် တန်ဆာကို စွန့်ပစ်စေ၍။
အာဟရိတွာ၊ ဆောင်ယူခဲ့ပြီး၍။
ဗောဓိသတ္တဿ အဒံသု၊ ဘုရားလောင်းအား ပေးကြပြီ။
သော တံ အာဒါယ၊ ထိုဘုရားလောင်း သည် ထိုပုလဲသွယ်ကို ယူခဲ့၍။
ရညော ဒဿေတွာ၊ မင်းအား ပြပြီး၍။
“ဒေဝ ဣဒံ၊ အို. အရှင်မင်းကြီး ဤသည်ကား။
တေ ပိဠန္ဓနံ၊ အရှင်မင်းကြီး၏ ပုလဲသွယ် တန်ဆာပါတည်း။
တေ ပဉ္စပိ အစောရာ၊ ထိုငါးယောက်ကုန်သော သူတို့သည်လည်း ခိုးသူမဟုတ်ကြပါ။
ဣဒံ ပန ဥယျာနေ၊ ဤမဟာသာရပုလဲသွယ်ကိုကား ဥယျာဉ်ထဲက။
မက္ကဋိယာ အာဘတန္တိ အာဟ၊ မျောက်မသည် ယူထားအပ်ပါ ပြီ”ဟု လျှောက်ပြီ။
ပဏ္ဍိတ ကထံ ပန၊ အို. ပညာရှိ အဘယ်သို့လျှင်။
မက္ကဋိယာ ဟတ္ထံ အာရုဠှဘာဝေါ၊ မျောက်မ၏ လက်သို့ ပုလဲသွယ်ရောက်နေကြောင်းကို။
တေ ဉာတော၊ သင်ပညာရှိသည် သိအပ်ပါသနည်း။
ကထံ တေ ဂဟိတန္တိ၊ အဘယ် သို့လျှင် သင်ပညာရှိသည် ရအောင်ယူအပ်ပါသနည်းဟုမေးပြီ။
သော သဗ္ဗ အာစိက္ခိ၊ ထိုဘုရားလောင်းသည် အကြောင်းအရာအလုံးစုံကို လျှောက်ထားပြီ။
ရာဇာ တုဋ္ဌမာနသော၊ ဗြဟ္မဒတ်မင်းသည် နှစ်သက်သော စိတ်ရှိ၍။
“သင်္ဂါမ သီသာဒီသု နာမ၊ ရှေ့တန်းစစ်မြေစသည်တို့မည်သည်၌။
သူရာဒယော၊ ရဲရင့်သူ စသည်တို့ကို။
ဣတ္ထိတဗ္ဗာ ဟောန္တီတိ၊ အလိုရှိထိုက်ကုန်သည် ဖြစ်ကုန်၏”ဟု ပြော၍။
ဗောဓိသတ္တဿ ထုတိံ ကရောန္တော၊ ဘုရားလောင်းအား ချီးမွမ်းမှုကို ပြုလိုရကား။
ဥက္ကဠေ သူရံ ဣစ္ဆန္တိ၊ တိုက်ပွဲနီးကပ်သော် ရဲရင့်သူကို အလိုရှိကုန်၏။
မန္တီသု အကုတူဟလံ၊ ပြုသင့် မပြုသင့်တိုင်ပင်သူတို့တွင် စကားမပေါက်ကြား သူကို။
(ဣစ္ဆန္တိ၊ အလိုရှိကုန်၏)။
အန္နပါနမှိ ပိယဉ္စ၊ စားကောင်းသောက်ဖွယ်ရှိ သော်ကား ချစ်သူကိုလျှင်။
(ဣစ္ဆန္တိ၊ လိုလားတောင့်တကုန်၏။)
အတ္ထ ဇာတေ စ ပဏ္ဍိတံ၊ ခက်ခဲနက်နဲသည့် အကြောင်းအရာသည် ဖြစ်နေရှိနေ သော်ကား ပညာရှိသူကို။
(ဣစ္ဆန္တိ၊ လိုလားတောင့်တကုန်၏)။
တတ္ထ၊ ထိုဂါထာ၌။
**ဥက္ကဋ္ဌ** တိ ဥပကဋ္ဌ၊ ဥက္ကဋ္ဌဟူသည်ကား စစ်ပွဲနီးကပ် သော်တည်း။
သင်္ဂါမေ သမ္ပဟာရေ၊ စစ်မြေပြင်၌ တိုက်ပွဲသည်။
ဥဘတောဗျူဠှေ ဝတ္တမာနေ၊ နှစ်ဘက်ရှေးရှု နီးနီးကပ်ကပ်သည် ဖြစ်နေသော်တည်း။
ဣတိ အတ္ထော၊ ဤကား ဥက္ကဋ္ဌ၏ အနက်တည်း။
**သူရမိစ္ဆန္တီ** တိ၊ သူရမိစ္ဆန္တိ ဟူသည် ကား။
မတ္ထကေ အသနိယာ၊ ထိပ်၌ မိုးကြိုးသည်။
ပတမာနာယပိ၊ ကျပါသော်လည်း။
အပလာယိနံ သူရံ ဣစ္ဆန္တိ၊ ထွက်မပြေးသော ရဲရင့်သူကို အလိုရှိကုန်၏ ။
တသ္မိံ ခဏေ ဧဝရူပေါ၊ ထိုတိုက်ပွဲ နီးကပ်ရာအခါ၌ ဤသို့သတ္တိကောင်းသော သဘောရှိသော။
သင်္ဂါမယောဓော၊ တိုက်ပွဲဝင်စစ်သားကို။
ပတ္တေတဗ္ဗော ဟောတိ၊ တောင်းတထိုက်သည် ဖြစ်၏။
**မန္တီသု အကုတူဟလန္တိ**၊ မန္တသု အကုတူဟလံဟူသည်ကား။
ကတ္တပ္ပာကတ္တဗ္ဗကိစ္စ၊ ပြုသင့်မပြုသင့်ကိစ္စကို သမ္မန္တနကာလေ ဥပ္ပန္နေဆွေးနွေးတိုင်ပင်ရာအခါသည် ဖြစ်လသော်။
မန္တသု၊ တိုင်ပင်သူတို့တွင်။
ယော အကုတူဟလော အဝိကိဏ္ဏဝါစော၊ အကြင်သူသည် အုတ်အုတ်ကျက်ကျက် မရှိ၍ ဖရိုဖရဲကျဲသော စကားမရှိ၍။
မန္တ န ဘိန္ဒတိ၊ တိုင်ပင်ထားသည်ကို မဖျက်ဆီးတတ်။
တံ ဣစ္ဆန္တိ၊ ထိုစကားလုံသူကို အလိုရှိကြ ကုန်၏။
တာဒိသော၊ ထိုသို့ရှုအပ်သော စကားလုံသူသည်။
တေသု ဌာနေသု၊ ထိုအရေးကြီးတိုင်ပင်ရာဌာနတို့၌။
ပတ္တေတဗ္ဗော ဟောတိ၊ တောင့်တထိုက်သည် ဖြစ်၏တည်း။
**ပိယဉ္စ အန္ဓပါနမှီ** တိ၊ ပိယဉ္စ အန္နပါနမှိဟူသည်ကား။
မဓုရေ အန္ဒ ပါနေ ပစ္စုပဋ္ဌိတေ၊ ချိုမြိန်ကောင်းမြတ်သော စားသောက်ဖွယ်သည် ရှေးရှုအနီး တည်လသော်။
သဟပရိဘုဉ္ဇနတ္ထာယ၊ အတူစားသောက်ဖို့ရာအကျိုးငှာ။
ပိယပုဂ္ဂလံ ပန္တိ၊ ချစ်ခင်သူပုဂ္ဂိုလ်ကို တောင့်တကြကုန်၏တည်း။
တာဒိသော၊ ထိုသို့ရှုအပ်သော ချစ်ခင်သူကို။
တသ္မိံ ကာလေ၊ ထိုစားကောင်းသောက်ဖွယ်ရှိရာ အခါ၌။
ပစ္စေတဗ္ဗော ဟောတိ၊ တောင့်တထိုက်သည် ဖြစ်၏။
**အတ္ထ ဇာတေ ပဏ္ဍိတန္တိ**၊ အတ္ထု ဇာတေ စ ပဏ္ဍိတံဟူသည်ကား။
အတ္ထဂမ္ဘီရေ၊ အနက် အဓိပ္ပါယ်အားဖြင့် နက်နဲသော။
ဓမ္မဂမ္ဘီရေ၊ ပါဠိစကားလုံးအားဖြင့် နက်နဲသော့။
ကိသို့ဒေဝ ကာရဏေ ဝါ၊ တစ်စုံတစ်ခုသာလျှင်ဖြစ်သော အကြောင်းသည်သော် လည်းကောင်း။
အညေ ဝါ ဥပ္ပန္နေ၊ အမေးပြဿနာသည်သော်လည်းကောင်း ဖြစ်ပေါ်လသော်။
ပဏ္ဍိတံ ဝိစက္ခဏံ ဣစ္ဆန္တိ၊ တတ်သိမျှော်မြင် ပညာရှင်ကို အလိုရှိ ကုန်၏တည်း။
ဟိ တထာရူပေါ်၊ မှန်၏ ထိုသို့သဘောရှိသော တံတ်သိမျှော်မြင် ပညာရှင်ကို။
တသ္မိံ သမယေ၊ ခက်ခဲနက်နဲသည့် အကြောင်းပြဿနာပေါ်လာရာ ထိုအခါ၌။
ပစ္စေတဗ္ဗော ဟောတိ၊ တောင့်တလိုက်သည် ဖြစ်၏။
ဣတိ၊ ဤကား ဂါထာဖွင့်အပြီးတည်း။
ဧဝံ ဗောဓိသတ္တံ၊ ဤသို့ ဗြဟ္မဒတ်မင်းသည် ဘုရားလောင်းအမတ်ကို။
ဝဏ္ဏတွာ ထောမေတွာ၊ ချီးကျူး၍ ထောမနာ၍။
ယနဝဿံ ဝဿန္တော မဟာမေယော ဝိယ၊ သဲသဲမဲမဲမိုးကို ရွာချစေသော မိုးကြီးကဲ့သို့။
သတ္တဟိ ရတနေဟိ ပူဇေတွာ၊ ခုနှစ်ပါးကုန်သော ရတနာတို့ဖြင့် ပူဇော်၍။
တဿ ဩဝါဒေ ဌတွာ၊ ထိုဘုရားလောင်း၏ ဩဝါဒ၌ တည်၍။
ဒါနာဒီနိ ပုညာနိ ကတွာ၊ ဒါနစကုန်သော ကောင်းမှုတို့ကို ပြု၍။
ယထာကမ္မံ ဂတော၊ ကံအားလျော်စွာ လားပြီ။
ဗောဓိ သက္ကောပိ ယထာကမ္မံ ဂတော၊ ဘုရားလောင်းသည်လည်း ကံအားလျော်စွာ လားပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာ တော်ကို ဆောင်တော်မူ၍။
ထေရဿ ဂုဏံ ကထေတွာ၊ ရှင်အာနန္ဒာထေရ်၏ ဂုဏ်အရည်အချင်းကို ဟောတော်မူ၍။
“တဒါ ရာဇာ၊ ထိုအခါက မင်းသည်။
အာနန္ဒော အဟောသိ၊ အာနန္ဒာသည် ဖြစ်လာပြီ။
ပဏ္ဍိတာမစ္စော ၀န၊ ပညာရှိ အမတ်သည်ကား။
အဟမေဝ အဟောသိန္တိ၊ ငါဘုရားသည်သာ ဖြစ်လာပြီ”ဟု။
ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
မဟာသာရဇာတကဝဏ္ဏနာ ဒုတိယာ၊ နှစ်ခုမြောက်ဖြစ်သော မဟာသာရဇာတ်အဖွင့်တည်း။