**အဗဒ္ဓါ တတ္ထ ဗဇ္ဈန္တီ** တိဣဒံ၊ အဗဒ္ဓါတတ္တ ဗဇ္ဈီ အစရှိသော ဤတရား ဒေသနာတော်ကို။
သတ္တာ ဇေတဝန တရမာ၊ ဘုရားရှင်သည် ကောဝန် ကျောင်းတော်၌ နေတော်မူစဉ်။
စိဉ္စမာဏ၀ိကာရာဏသီ၊ မာဏကို အကြောင်းပြု၍ ဟောတော်မူပြီ။
တသာ ဝ တ္ထု၊ ထိုစိဉ္စမာဏဝိကာ၏ဝတ္ထု ကြောင်း သည်။
ဒွါဒသကနိပါတေ၊ ဒွါဒသကနိပါတ်၌။
**မဟာပဒုမဇာတကေ** အာဝိ ဘဝိဿတိ၊ မဟာပဒုမဇာတ်၌ ထင်ရှားစွာ ဖြစ်လတံံ။
တဒါ ၀န အတ္တ၊ ထိုအခါ၌ ကား ဘုရားရှင်သည်။
“ဘိက္ခဝေ စိဉ္စမာဏ၀ိကာ၊ အို. . ရဟန်းတို့ စိဉ္စမာဏသည် ယခုအခါ၌သာ။
မံ အဘူကေန၊ ငါဘုရားကို မဟုတ်မမှန်သည်ဖြင့်။
န အဗ္ဘာစိက္ခတိ၊ စွပ်စွဲသည်မဟုတ်သေး။
ပုဗ္ဗေ ပိ အဗ္ဘာစိက္ခယေဝါသိ၊ ရှေးကလည်း စွပ်စွဲဖူးသည်သာ”ဟု။
ဝကွာ၊ မိန့်တော်မူ၍။
အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။
ဗြဟ္မဒတ္တေ ရဇ္ဇံကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုလတ်သော်။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။
ပုရောဟိတဿ ဂေဟေ၊ ပုရောဟိတ်၏ အိမ်၌။
နိဗ္ဗတ္တိတွာ ၀ယပ္ပတ္တော၊ ဖြစ်၍ အရွယ်ရောက်သော်။
ပိတု အစ္စယေန၊ အဖ၏ ကွယ်လွန်ရာ အခါ၌။
တဿပ ပုရောဟိတော အဟောသိ၊ ထိုဗြဟ္မဒတ်မင်း၏ပင် ပုရောဟိတ် သည် ဖြစ်ပြီ။
တေန အဂ္ဂမဟေသိယာ၊ ထိုဗြဟ္မဒတ်မင်းသည် မိဖုရားခေါင်ကြီး အား။
“ဘဒ္ဒေ ယံ ဣစ္ဆသိ၊ အို. . ချစ်နှမ အကြင်အရာဝတ္ထုကို အလိုရှိ၏။
တံ ပဒေယျာသီတိ၊ ထိုအလိုရှိသည်ကို ပြောဆိုပါလော့”ဟု။
ဝရော ဒိန္နော ဟောတိ၊ ဆုကို ပေးအပ်သည် ဖြစ်၏။
သာ၊ ထိုမိဖုရားကြီးသည်။
“မယှံ အညော ပရော နာမ၊ ကျွန်တော်မျိုးမအား အခြားသော ဆုမည်သည်ကို။
န ဒုလ္လဘော၊ ရဖို့ မခက်ခဲပါ။
ဣတော ပဋ္ဌာယ ပန၊ ဤနေ့မှ စ၍ကား။
အညာ ဣတ္ထိ၊ အခြားသော အမျိုးသမီးကို ။
တေ ကိလေသဝသေန၊ သင်မင်းကြီးသည် ကိလေသာ၏ အစွမ်း ဖြင့်။
န ဩလောကေတဗ္ဗာတိ၊ မကြည့်ရဟု။
ဧဝံ အာဟ၊ ဤသို့ ဆုစကားပြော ကြားပြီ။
သော ပဋိက္ခိပိတွာ၊ ထိုဗြဟ္မဒတ်မင်းသည် တောင်းသည့်ဆုပယ်ချ၍။
ပုနပ္ပုနံ နိပီဠိယမာနော၊ ထပ်ခါထပ်ခါ နှိပ်စက်ခံရ၍။
တဿာ ဝစနံ၊ ထိုမိဖုရားကြီး၏စကားကို။
အတိက္ကမိတုံ အသက္ကောန္တော၊ ကျော်လွန်ခြင်းငှာ မစွမ်းနိုင်ရကား။
သမ္ပဋိစ္ဆိတွာ၊ ဝန်ခံ၍။
တတော ပဋ္ဌာယ၊ ထိုဝန်ခံရာ နေ့မှ စ၍။
သောဠသသ နာဋကိတ္ထိသဟဿေသု၊ တစ်သောင်းခြောက်ထောင်သော ကချေသည်မတို့တွင်။
ဧကိတ္တိတ္ထိ၊ တစ်ယောက်သော အမျိုးသမီးကိုသော်မှလည်း။
ကိလေသဝသေန န ဩလောကေသိ၊ ကိလေသာ၏အစွမ်းဖြင့် မကြည့်ပြီ။
အထ အဿ၊ ထိုအခါ ထိုဗြဟ္မဒတ်မင်း၏။
ပစ္စန္တော ကုပ္ပိ၊ တိုင်းစွန်ပြည်နားသည် ပျက်စီးပြီ (သူပုန်ထပြီ)။
ပစ္စန္တေ ဌိတာ ယောဓာ၊ တိုင်းစွန်ပြည်နား၌ တည်ရှိကုန် သော စစ်ဗိုလ်စစ်သားတို့သည်။
စောရေဟိ သဒ္ဓိံ၊ ခိုးသားတို့နှင့် အတူ။
ဒွေ တယော သင်္ဂါမေ ကတွာ၊ နှစ်ကြိမ်သုံးကြိမ်ကုန်သော တိုက်ခိုက်မှုတို့ကို ပြုပြီး၍။
ဣတော ဥတ္တရိ၊ ဤနှစ်ကြိမ်သုံးကြိမ်ထက် အလွန်။
မယံ န သက္ကောမာတိ၊ ကျွန်တော်မျိုးတို့ သည် မစွမ်းနိုင်ကြပါ”ဟု။
ရညော ပဏ္ဏ ပေသေသုံ၊ ဗြဟ္မဒတ်မင်းအား သဝဏ်လွှာ ကို ပေးပို့ဆက်သကုန်ပြီ။
ရာဇာ တတ္ထ ဂန္တုကာမော၊ ဗြဟ္မဒတ်မင်းသည် ထိုတိုင်းစွန် ပြည်နားသို့ သွားလို၍။
ဗလကာယံ သံဟရိတွာ၊ ဗိုလ်ပါအပေါင်းကို စုရုံး၍။
တံ ပက္ကောသာပေတွာ၊ ထိုမိဖုရားကြီးကို ခေါ်စေ၍။
“ဘဒ္ဒေ အဟံ၊ ချစ်နှစ်မ ငါသည်။
ပစ္စန္တံ ဂစ္ဆာမိ၊ တိုင်းစွန်ပြည်နားသို့ သွားအံ့။
တတ္ထ နာနာပ္ပကာ ရာနိ၊ ထိုတိုင်းစွန် ပြည်နား၌ အထူး အထူးအပြားပြားကုန်သော။
ယုဒ္ဓါနိ ဟောန္တိ၊ တိုက်ခိုက်မှုတို့ သည် ဖြစ်ကုန်၏။ ဇ
ယပရာဇယောပိ အနိဗဒ္ဓေါ၊ နိုင်မှုရှုံးမှုသည်လည်း မခိုင်မြဲ။
တာဒိသေသု ဌာနေသု၊ ထိုကဲ့သို့ရှုအပ်ကုန်သော နေရာဌာနတို့၌။
မာတုဂါမော ဒုပ္ပရိဟာရော၊ မာတုဂါမကို စောင့်ရှောက်ရခက်ခဲ၏။
တွံ ဣဓေဝ၊ သင်မိဖုရားကြီး သည် ဤမြို့တော်၌ပင်။
နိဝတ္တာဟီတိ အာဟ၊ ပြန်ဆုတ်ပါလော”ဟု ပြောပြီ။
သာ၊ ထိုမိဖုရားကြီးသည်။
“ဒေဝ မယာ၊ ရှင်မင်းကြီး ကျွန်တော်မျိုးမသည်။
နိဝတ္တိဘုံ န သက္ကာတိ၊ ပြန်ဆုတ်ခြင်းငှာ မစွမ်းနိုင်ပါ”ဟုပြော၍။
ပုနပ္ပုနံ ရညာ ပဋိက္ခိတ္တာ၊ ထပ်ခါထပ်ခါ ဗြဟ္မဒတ်မင်းသည် ပယ်ချအပ်သော်။
“တေန ဟိ ဧကေကံ ယောဇနံ၊ ထိုသို့ဖြစ်ခဲ့လျှင် တစ်ယူဇနာတစ်ယူဇနာသို့။
ဂန္တွာမယှံ၊ ရောက်သွားသော် ကျွန် တော်မျိုးမ၏။
သုခဒုက္ခဇာနနတ္ထံ၊ သုခဒုက္ခသိရန်အကျိုးငှာ။
ဧကေကံ မနုဿံ၊ တစ်ယောက် တစ်ယောက်သော လူကို။
ပေသေယျာထာတိ အာဟ၊ စေတော် မူကြပါ”ဟု လျှောက်ထားပြီ။
ရာဇာ၊ ဗြဟ္မဒတ်မင်းသည်။
သာမူတိ သမ္ပဋိစ္ဆေတွာ၊ ကောင်းပါပြီဟု ဝန်ခံ၍။
ဗောဓိသတ္တံ နဂရေ ဌပေတွာ၊ ဘုရားလောင်းပုရောဟိတ်ကို မြို့တော်၌ ထားခဲ့၍။
မဟန္တေန ဗလကာယေန၊ များစွာသော စစ်သည်အပေါင်း နှင့်။
နိက္ခမိတွာ ဂစ္ဆန္တော၊ မြို့တော်မှထွက်၍ စစ်တိုက်သွားသော်။
ယောဇနေ ယောဇနေ၊ တစ်ယူဇနာတိုင်း တစ်ယူဇနာတိုင်း၌။
ဧကေကံ ပုရိသံ၊ တစ်ယောက် တစ်ယောက်သော ယောက်ျားကို။
“အမှာကံ အာရောဂျံ၊ ငါတို့၏ ရောဂါကင်း ကွာကျမ်းမာခြင်းကို။
အာရောစေတွာ၊ မိဖုရားကြီးအား လျှောက်ထား၍။
ဒေဝီယာ သုခဒုက္ခံ၊ မိဖုရားကြီး၏ သုခဒုက္ခကို။
ဇာနိတွာ အာဂစ္ဆာတိ ပေသေသိ၊ သိ၍ လာလော့”ဟု စေလွှတ်ပြီ။
သာ၊ ထိုမိဖုရားကြီးသည်။
အာဂတာဂတံ ပုရိသံ၊ ရောက်လာရောက်လာတိုင်းသော ယောက်ျားကို။
“ရာဇာ ကိမတ္ထံ၊ မင်းကြီးသည် ဘယ်အကျိုးငှာ။
တံ ပေသေတီတိ ပုဗ္ဘိတွာ၊ မင့်ကို စေလွှတ်လိုက်သနည်း”ဟု မေးပြီး၍။
“တုမှာကံ၊ သင်မိဖုရားကြီးတို့၏။
သုခဒုက္ခဇာနနတ္ထာယာတိ၊ သုခဒုက္ခ သိဖို့ရာအကျိုးငှာ”ဟု။
ဝုတ္တေ၊ လျှောက်ထားအပ်သော်။
“တေန ဟိ ဧဟီတိ၊ ထိုသို့ဖြစ်လျှင် လာလော့”ဟုပြော၍။
တေန သဒ္ဓိံ၊ ထိုရောက်လာသော မင်းချင်းနှင့် အတူ။
အသဒ္ဓမ္မံ ပဋိသေဝတိ၊ မသူတော်တရားကို မှီဝဲ၏။
ရာဇာ ဒွိတ္တိသယောဇန မဂ္ဂံ၊ ဗြဟ္မဒတ်မင်းသည် သုံးဆယ့်နှစ်ယူဇနာ ခရီးကို။
ဂစ္ဆန္တော၊ ရောက်သွားသော်။
ဒွိတ္တိံ သဇနေ ပေသေသိ၊ သုံးဆယ့်နှစ်ယောက်သော မင်းချင်းတို့ကို စေလွှတ်ပြီ။
သာ သဗ္ဗေဟိပိ တေဟိ သဒ္ဓိံ၊ ထိုမိဖုရားကြီးသည် အားလုံးလည်းဖြစ်ကုန်သော ထိုရောက်လာသူတို့နှင့် အတူ။
တထေဝ အကာသိ၊ ထိုရှေးအတူသာ မသူတော် တရားကို ပြုကျင့်ပြီ။
ရာဇာ ပစ္စတ္တံ ဝူပသမေတွာ၊ ဗြဟ္မဒတ်မင်းသည် ပစ္စန္တရာဇ်ကို ငြိမ်းအေးစေ၍။
ဇနပဒံ သမဿာသေတွာ၊ ဇနပုဒ်ကို သက်သာရာရစေ၍။
ပုန အာဂစ္ဆန္တောပိ၊ တဖန် ပြည်တော်ပြန်လာသော်လည်း။
တထေဝ၊ လိုသွားစဉ်အတူပင်။
ဒွတ္တိသ ဇနေ ပေသေသိ၊ သုံးကျိပ်နှစ်ယောက်သော မင်းချင်းတို့ကို စေလွှတ်ပြီ။
တေဟိပိ သဒ္ဓံ၊ ထိုမိဖုရားကြီးသည် ထိုသုံးကျိပ်နှစ်ယောက်တို့နှင့်လည်း အတူ။
တထေဝ ဝိပ္ပဋိပန္ထိယေဝ၊ ထိုရှင်ဘုရင်သွားစဉ်အတူပင် ဖေါက်ပြန်၍ ကျင့်သည်သာ တည်း။
ရာဇာ အာဂန္တွာ၊ ဗြဟ္မဒတ်မင်းသည် ပြန်လာ၍။
ဇယက္ခန္ဓာဝါရဋ္ဌာနေ ဌတွာ၊ အောင်တပ်ချရာဌာန၌ ရပ်တည်၍။
နဂရံ ပဋိဇဂ္ဂါပေတိ၊ မြို့တော်ကို ရှင်းလင်းသုတ်သင်စေလော့ဟု။
ဗောဓိသတ္တဿ ပဏ္ဏံ ပေသေသိ၊ ဘုရားလောင်း ၏ထံသို့ သဝဏ်လွှာကို ပေးပို့စေပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။
သကလနဂရံ၊ ဗာရာဏသီတစ်မြို့လုံးကို။
ပဋိဇဂ္ဂါပေတွာ၊ သုတ်သင်ရှင်းလင်းစေ ပြီး၍။
ရာဇနိဝေသနံ ပဋိဇဂ္ဂါပေန္တော၊ မင်းနန်းတော်ကို သုတ်သင်ရှင်း လင်းစေ သော်။
ဒေဝိယာ ဝသနဋ္ဌာနံ အဂမာသိ၊ မိဖုရားကြီး၏ နေရာဌာနသို့ သွားပြီ။
ဗောဓိသတ္တဿ ရူပသောဘဂ္ဂပ္ပတ္တံ ကာယံ၊ ဘုရားလောင်း၏ ရုပ်တင့်တယ်မှု အထွဋ်အထိပ်ရောက်သော ကိုယ်ကို။
သာ ဒိသွာ၊ ထိုမိဖုရားကြီးသည် တွေ့မြင် အိပ်ရာပေါ်သို့ ရ၍။
သဏ္ဌာတုံ အသက္ကောန္တီ၊ ကောင်းစွာတည်ခြင်းငှါ မစွမ်းနိုင်ရကား။
“ဧဟိ ဗြာဟ္မဏ၊ လာလော့ ပုဏ္ဏား။
သယနံ အဘိရူဟာတိ အာဟ၊ တက်လော့”ဟု ပြောပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။
ဧဝံ မာ အဝစ၊ ဤသို့ မပြောပါလင့်။
ရာဇာပိ ဂရု၊ မင်းတရားကိုလည်း အလေးဂရုပြုရပါ၏။
အကုသလမ္ပိ ဘာယာမိ၊ အကုသိုလ်ကိုလည်း ကြောက်လှပါ၏။
ဧဝံ ကာတုံ၊ ဤကဲ့သို့ ပြုလုပ်ခြင်းငှါ။
မယာ န သက္ကာတိ အာဟ၊ ကျွန်တော်မျိုးသည် မစွမ်း နိုင်ပါ”ဟု ပြောပြီ။
စတုသဋ္ဌိယာ ပါဒမူလိကာနံ၊ ခြောက်ဆယ့်လေးယောက်သော ခြေရင်းစောင့်အမှုထမ်းတို့သည်။
ရာဇာ နေဝ ဂရု၊ မင်းကို လုံးဝဂရု မစိုက်အပ်။
အကုသလံ န ဘာယန္တိ၊ အကုသိုလ်ကို မကြောက်ကြကုန်။
တဝေဝ ရာဇာ ဂရု၊ သင်သည်သာ ရှင်ဘုရင်ကို အလေးဂရုပြုအပ်၏။
တွံယေဝ စ၊ သင်သည်သာလျှင် လည်း။
အကုသလံ ဘာယသီတိ၊ အကုသိုလ်ကို ကြောက်၏ဟုပြောပြီ။
အာမ ဒေဝိ၊ မှန်ပါ ရှင်မိဖုရား။
သစေ တေသမ္ပိ၊ အကယ်၍ ထိုခြေရင်း စောင့်တို့အား လည်း။
ဧဝံ ဘဝေယျ၊ ဤသို့ဖြစ်ငြားအံ့။
ဧဝရူပံ န ကရေယျံ၊ ဤသို့သဘောရှိသော မသူတော်တရားကို မပြုကုန်ရာ။
အဟံ ပန ဇာနမာနော၊ ကျွန်တော်မျိုးသည်ကား တတ်သိနားလည်၍။
ဧဝရူပံ သာဟသိယကမ္မံ၊ ဤသို့သဘောရှိသော အနိုင် ကျင့်သည့်အပြုအမူကို။
န ကရိဿာမီတိ၊ မပြုအံ့ဟုပြောပြီ။
ကိံ ဗဟုံ ဝိပ္ပလပသိ၊ ဘယ်မည်သော စကားများစွာကို ယောင်ရမ်းပြောဆိုနေသနည်း။
သစေ မေ ၀စနံ န ကရောသိ၊ အကယ်၍ ငါ၏ စကားကို မပြုလုပ်အံ့။
တေ သီသံ၊ သင်ပုရောဟိတ် ၏ ဦးခေါင်းကို ။
ဆိန္ဒာပေဿာမီတိ၊ ဖြတ်စေအံဟုပြောပြီ။
ဧကသ္မိံ အတ္တဘာဝေ၊ တစ်ခုသော ဘဝ၌။
သီသံ တာဝ တိဋ္ဌတု၊ ဦးခေါင်းသည် တည်ရှိပါစေဦး။
အတ္တ ဘာဝသဟဿာ၊ ဘဝပေါင်းတစ်ထောင်၌။
သီသေ ဆိဇ္ဇန္တေပိ၊ ဦးခေါင်းကို အဖြတ် ခံရသော်လည်း။
မယာ ဧဝရူပံ၊ ငါသည် ဤသို့သဘောရှိသော အမှုကို။
ကာတုံ န သက္ကာတိ၊ ပြုခြင်းငှာ မစွမ်းနိုင်ပါဟုပြောပြီ။
သာ၊ ထိုမိဖုရားကြီသည်။
“ဟောတု၊ ဖြစ်ပါစေ ရှိပါစေ။
ဇာနိဿာမီတိ၊ ငါသည် သိအောင်ပြုမည်”ဟုပြော၍။
ဗောဓိ သတ္တံ တဇ္ဇေတွာ၊ ဘုရားလောင်းကို ခြိမ်းခြောက်၍။
အတ္တနော ဂဗ္ဘိ ပဝိသိတွာ၊ မိမိ၏ အခန်းသို့ ဝင်၍။
သရီရေ နခဝဠဉ္စံ ဒဿေတွာ၊ ကိုယ်ပေါ်၌ လက်သဲခြစ်ရာ ကို ပြ၍။
တေလေန ဂတ္တာနိ အပ္ပဋိတွာ၊ ဆီဖြင့် ကိုယ်တို့ကို သုတ်လိမ်း၍။
ကိလိဋ္ဌဝတ္ထံ နိဝါသေတ္တာ၊ ညစ်နွမ်းသော အဝတ်ကို ဝတ်၍ (ကိုယ်ပေါ်၌ နေစေ၍)။
ဂိလာနာလယံ ကတွာ၊ နာဟန်ကို ပြု၍။
“ရညာ၊ မင်းကြီးသည်။
ကဟံ ဒေဝီတိ ဝုတ္တေ၊ ဘယ်မှာနည်း မိဖုရားကြီး”ဟု မေးအပ်သော်။
ဂီလာနာတိ၊ မကျန်းမာပါဟု။
ကထေယျာထာတိ၊ လျှောက်ထားကြ”ဟု။
ဒါသိယော အာဏာပေသိ၊ ကျွန်မတို့ ကို အာဏာပေးထားပြီ။
ဗောဓိသတ္တောပိ အညော၊ ဘုရားလောင်းသည်လည်း မင်းအား။
ပဋိပထံ အဂမာသိ၊ ရင်ဆိုင်ခရီးသို့ သွားရောက်ပြီ။
ရာဇာ နဂရံ၊ မင်းသည် မြို့တော်ကို။
ပဒက္ခိဏံ ကတွာ၊ လက်ယာရစ်လှည့်လည်မှုကို ပြု၍။
ပါသာဒံ အာရုယှ၊ နန်းပြသာဒ်သို့ တက်ပြီး၍။
ဒေဝီ အပဿန္တော၊ မိဖုရားကြီးကို မတွေ့ရသော်။
“ကဟံ ဒေဝီတိ ပုစ္ဆိ၊ ဘယ်မှာနည်း မိဖုရားကြီး”ဟု မေးပြီ။
ဂိလာနာ ဒေဝါတိ၊ မကျန်းမာပါ အရှင်မင်းမြတ်”ဟုလျှောက်ထားကြပြီ။
သောပိ သိရိဂဗ္ဘိ ပဝိသိတွာ၊ ထိုမင်းသည်လည်း ကျက်သရေခန်းသို့ ဝင်ပြီး၍။
တဿာ ပိဋ္ဌိံ ပရိမဇ္ဇန္တော၊ ထိုမိဖုရားကြီး၏ ကျောကို ပွတ်သတ်လျက်။
“ဘဒွေ တေ၊ အို. . ရှင်မိဖုရား ရှင်မိဖုရားအား။
ကိံ အဖာသုကန္တိ ပုစ္ဆိ၊ အဘယ်မည်သော မချမ်းသာခြင်း ပါနည်း”ဟု မေးပြီ။
သာ တုဏှီ အဟောသိ၊ ထိုမိဖုရားကြီးသည် ဆိတ်ဆိတ်သည် ဖြစ်ပြီ။
တတိယဝါရေ ရာဇာနံ ဩလောကေတွာ၊ တတိယအကြိမ်၌ မင်းကြီးကို စိမ်းစိမ်းကြည့်၍။
“မဟာရာဇ တွမ္ပိ ဇီဝသိနာမ၊ အို. . မင်းမြတ် အရှင်မင်းမြတ် သည်လည်း အသက်ရှင်သည်မည်သေးပါ၏လော။
မာဒိသာ ဣတ္ထိယောပိ၊ ဘုရားကျွန်မကဲ့သို့ ရှုစားအပ်ကုန်သော အမျိုးသမီးတို့သည်လည်း။
သဿာမိကာ ယေဝ နာမာတိ အာဟ၊ အိမ်ထောင်ရှင် ရှိသူမည်ကြသေးပါရဲ့လား”ဟု ပြောပြီ။
“ဘဒွေ ဧတံ ကိန္တိ၊ အိုချစ်နှမ ဤစကားသည် ဘာစကားနည်း”ဟု မေးပြီ။
တုမှေဟိ နဂရံ ရက္ခနတ္ထာယ၊ သင်မောင်တော်တို့သည် မြို့တော်ကို စောင့်ရှောက်ခြင်းငှာ။
ဌပိတော ပုရောဟိတော၊ ထားအပ်ခဲ့သော ပုရောဟိတ်သည်။
တုမှာကံ နိဝေသနံ၊ မောင်တော်မင်းကြီးတို့၏ နန်းတော်ကို။
ပဋိဇဂ္ဂါမီတိ၊ သုတ်သင်ရှင်းလင်းအံ့ဟု ပြော၍။
ဣဓ အာဂန္တွာ၊ ဤအခန်းသို့ ရောက်လာ၍။
အတ္တနော ဝစနံ၊ မိမိ၏ ပြောစကားကို။
အကရောန္တံ မံ ပဟရိတွာ၊ မပြုသော ကျွန်တော်မကို ရိုက်ပုတ်၍။
အတ္တနော မနံ ပူရေတွာ၊ မိမိ၏ စိတ်နှလုံးကို ပြည့်စေ၍။
ဂတောတိ၊ သွားပါပြီဟု လျှောက်ပြီ။
ရာဇာ အဂ္ဂိမှိ၊ မင်းသည် မီး၌။
ပက္ခိတ္တလောဏသက္ခရာ ဝိယ၊ ထည့် အပ်သော ဆားခဲကဲ့သို့။
ကောဓေန တဋတဋာယန္တော၊ အမျက်ဒေါသဖြင့် တဖြတ် ဖြတ်အသံထွက်လျက်။
သိရိဂစ္ဆာ နိက္ခမိတွာ၊ ကျက်သရေခန်းမှ ထွက်ခဲ့ပြီး၍။
ဒေါဝါရိကပါဒမူလိကာဒယော၊ တံခါးမှူးခြေတော်ရင်းစောင့်စသည်တို့ကို ။
ပက္ကော သာပေတွာ၊ ခေါ်စေ၍။
“ဘဏေ ဂစ္ဆထ၊ အချင်းတို့ သွားကြ။
ပုရောဟိတံ၊ ပုရောဟိတ်ကို။
ပစ္ဆာဗာဟံ ဗဇ္ဇိတွာ၊ လက်မောင်းနောက်ပြန် ဖွဲ့ချည်၍။
ဝဇ္ဈဘာဝပတ္တံ ကတွာ၊ အသတ်ခံထိုက်သူအဖြစ်ရောက်သည်ကို ပြု၍။
နဂရာ နီဟရိတွာ၊ မြို့တွင်းမှ ထုတ်ဆောင်၍။
အာဃာတနံ နေတွာ၊ သူသတ်ကုန်းသို့ ဆောင်ယူ၍။
အဿ သီသံ၊ ထိုပုရောဟိတ်၏ ခေါင်းကို။
ဆိန္ဒထာတိ အာဟ၊ ဖြတ်ကြလော”ဟု အမိန့်ချပြီ။
တေ ဝေဂေန ဂန္တွာ၊ ထိုတံခါးမှူးခြေတော်ရင်းစောင့် စသည်တို့သည် အဟုန်ဖြင့် သွားကြ၍။
တံ ပစ္ဆာဗာဟံ ဗဇ္ဓိတွာ၊ ထိုပုရောဟိတ်ကို လက်မောင်းနောက်ပြန် ဖွဲ့ချည်ပြီး၍။
ဝဇ္ဈဘေရိံ စရာပေသုံ၊ သတ်မည့်စည်ကို လှည့်လည်စေကုန်ပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။
“အဒ္ဓါ တာယ ဒုဋ္ဌဒေဝိယာ၊ စင်စစ် ထိုမိဖုရားပျက်သည်။
ရာဇာ၊ မင်းတရားကြီးကို။
ပုရေတရမေဝ ပရိဘိန္နော၊ ဦးအောင်ပင်လျှင် ဖျက်ဆီးအပ်ပြီ။
အဇ္ဇ ဒါနိ အဟံ၊ ယနေ့ ယခု ငါသည်။
အတ္တနော ဗလေနေဝ၊ မိမိ၏ စွမ်းရည်ဖြင့်ပင်။
အတ္တာနံ၊ မိမိကိုယ်ကို။
မောစေဿာမီတိ စိန္တေသိ၊ လွတ်မြောက်စေမည်”ဟု တွေးလိုက်ပြီ။
သော တေ ပုရိသေ၊ ထိုဘုရား လောင်းသည် တိုလာရောက် ဖမ်းဆီးသော ယောက်ျားတို့ကို။
“ဘော တုမှေ၊ အို အချင်းတို့ သင်တို့သည်။
မံ မာရေန္တာ၊ ငါ့ကို သတ်ကြသော်။
ရညော ဒ တွာဝ၊ မင်းကြီးအား ပြပြီး၍သာ။
မာရေထာတိ အာဟ၊ သတ်ကြပါ”ဟု ပြောပြီ။
ကိံ ကာရဏာတိ၊ ဘာ့ကြောင့်နည်းဟုမေးကြပြီ။
အဟံ ရာဇကမ္မိကော၊ ငါသည် မင်းမှုလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ရ၏။
မေ ကတံ ကမ္မံ ဗဟု၊ ငါသည် ပြုအပ်ခဲ့ သော မင်းမှုသည်ကား များလှ၏။
မဟာနိဓိဋ္ဌာနာနိ ဗဟူနိ ဇာနာမိ၊ ဥစ္စာအိုး တည်ရာဖြစ်ကုန်သော နေရာများစွာတို့ကို ငါသိ၏။
ရာဇကုဋမ္ဗံ မယာ ဝိစာရိတံ၊ မင်းတရားကြီးပစ္စည်းများကို ငါသည် စီရင်။
သစေ မံ၊ အကယ်၍ ငါ့ကို။ ရညော န ဒဿေထမင်းကြီးအား မပြကြအံ့။
ဗဟုံ ဓနံ နဿတိ၊ မင်းကြီး ပစ္စည်းများစွာသည် ပျက်စီးလိမ့်မည်။
မယာ ရညော၊ ငါသည် မင်းကြီးအား။
သာပတေယျေ အာစိက္ခိတေ၊ ပစ္စည်းဥစ္စာကို ပြောကြားအပ်ပြီးသော်။
ပစ္ဆာ ကာတဗ္ဗံ ကရောထာတိ၊ နောက်၌ ပြုသင့်သည်ကို ပြုကြပါ”ဟုပြောပြီ။
တေ၊ ထိုအဖမ်းဆီးလာသည့် ယောက်ျားတို့သည် ထိုဘုရားလောင်းပုရောဟိတ်ကို။
ရညော ဒဿယိံသု၊ ဗြဟ္မဒတ်မင်းအား ပြကြပြီ။
ရာဇာ တံ ဒိသွာဝ၊ မင်းသည် ထိုပုရောဟိတ်ကို မြင်လျင်မြင်ခြင်းပင်။
“ဘော ဗြာဟ္မဏ ကသ္မာ၊ အို. . ပုဏ္ဏား ဘာ့ကြောင့်။
မယိ လဇ္ဇံ န အကာသိ၊ ငါ၌ အရှက်အကြောက်ကို မပြုဘိသနည်း။
ကသ္မာ တေ၊ အဘယ့်ကြောင့် သင်သည်။
ဧဝရူပံ ပါပကမ္မံ၊ ဤသို့သဘောရှိသော မကောင်းမှုကို။
ကတန္တိ အာဟ၊ ပြုအပ်သနည်း”ဟု မေးပြီ။
မဟာရာဇ အဟံ၊ အို. . မင်းမြတ် ကျွန်တော်မျိုးသည်။
သောတ္ထိယကုလေ ဇာတော၊ ကောင်းမြတ် စင်ကြယ်သည့်အမျိုး၌ ဖြစ်သူပါတည်း။
မယာ ကုန္ထကိပိလ္လိကမတ္တောပိ၊ ကျွန်တော် မျိုးသည် ပိုးရခြပုံးမျှလည်းဖြစ်သော။
ပါဏာတိပါတော န ကတပုဗ္ဗော၊ သူ့အသက် သတ်မှုကို မပြုအပ်ဘူးပါ။
တိဏသလာကမတ္တမ္ပိ အဒိန္နံ၊ မြက်ဝါးခြမ်းစိပ်မျှလည်း ဖြစ်သော ပိုင်ရှင်မပေးသည့်ပစ္စည်းကို။
န အဒိန္နပုဗ္ဗ၊ မယူအပ်ဖူးပါ။
လောဘ ဝသေန ပရေသံ ဣတ္ထီ၊ လောဘ၏အစွမ်းဖြင့် အခြားသူတို့၏ အမျိုးသမီးကို ။
အကွီနိ ဥမ္မီလေတွာပိ၊ မျက်စိတို့ကို ဖွင့်၍သော်မှလည်း။
န ဩလောကိတပုဗ္ဗာ၊ မကြည့်အပ်ဘူးပါ။
ဟဿဝသေနပိ၊ ရယ်ရွှင်ခြင်းအစွမ်းအားဖြင့်သော်မှလည်း။
မုသာ န ဘာသိတပုဗ္ဗာ၊ မုသားစကားကို မပြောအပ်ဘူးပါ။
ကုသဂ္ဂေနာပိ၊ သမန်း မြက်ဖျားဖြင့်သော်မှလည်း။
မဇ္ဇံ န ပီတပုဗ္ဗံ၊ ယစ်မျိုးပစ္စည်းကို မသောက်ဘူး မသုံးစွဲ ဘူးပါ။
အဟံ တုမှေသု နိရပရာဓော၊ ကျွန်တော်မျိုးသည် ရှင်မင်းကြီးတို့အပေါ်၌ အပြစ်မရှိပါ။
သာ ပန ဗာလာ လောဘဝသေန၊ ထိုအမိုက်မသည်ကား လောဘ၏ အစွမ်းဖြင့်။
မံ ဟတ္ထ ဂဟေတွာ၊ ကျွန်တော်မျိုးကို လက်၌ ကိုင်၍။
မယာ ပဋိက္ခိတ္တာ၊ ကျွန်တော်မျိုးက ပယ်ချအပ်သော်။
မံ တဇ္ဇေတွာ၊ ကျွန်တော်မျိုးကို ခြိမ်းခြောက် ၍။
အတ္တနာ ကတံ ပါပံ၊ မိမိသည် ပြုအပ်ပြီးသော မကောင်းမှုကို။
ဥတ္တာနံ ကတွာ၊ ပေါ်လွင်ထင်ရှားသည်ကို ပြု၍။
မမ အာစိက္ခိတွာ၊ ကျွန်တော်မျိုးအား ထုတ်ဖေါ် ပြောကြား၍။
အန္တောဂက္ကံ ပဝိဋ္ဌာ၊ အခန်းတွင်းသို့ ဝင်သွားပါပြီ။
အဟံ နိရပရာဓော၊ ကျွန်တော်မျိုးသည်ကား အပြစ်မရှိပါ။
ပဏ္ဏံ ဂဟေတွာ၊ မင်းတရားစာလွှာကို ယူ၍။
အာဂတာ စတုသဋ္ဌိဇနာ ပန၊ လာကြကုန်သော ခြောက်ဆယ့်လေးယောက်သော ခြောက်ဆယ့်လေးယောက်တို့ကို ခေါ်စေတော်မူ၍။
“တာယ ဝစနံ၊ ထိုမိဖုရား၏ ပြောစကားကို။
ဝေါ ကတံ န ကတန္တိ၊ သင်တို့သည် ပြုအပ်သလော မပြုအပ်သ လောဟု။
ပုစ္ဆ ဒေဝါတိ၊ တော်မူပါ အရှင်မင်းမြတ်”ဟု လျှောက်ထားပြီ။
ရာဇာ တယ တေ စတုသဋ္ဌိဇနေ၊ မင်းသည် ထိုခြောက်ဆယ့်လေးယောက်တို့ကို။
ဗန္ဓာပေတွာ ဖွဲ့ချည်စေ၍။
ဒေဝိံ ပက္ကောသာပေတွာ၊ မိဖုရားကြီးကို ခေါ်စေတော်မူ၍။
“ ဧတေဟိ သဒ္ဓိံ၊ သင်မိဖုရားသည် ဤခြောက်ဆယ့်လေးယောက်သော သူတို့နှင့် အတူ။
ပါပံ ကတံ၊ မကောင်းမှုကို ပြုအပ်သလော။
အကတန္တိ ပုစ္ဆိ၊ မပြုအပ်သ လော”ဟု မေးပြီ။
ကတံ ဒေဝါတိ ဝုတ္တေ၊ ပြုအပ်ပါပြီ အရှင်မင်းကြီးဟု လျှောက်ထား အပ်သော်။
တေ ပစ္ဆာဗာဟံ၊ ထိုခြောက်ဆယ့်လေးယောက်သော သူတို့ကို လက်မောင်းနောက်ပြန်။
ဗန္ဓာပေတော၊ ဖွဲ့ချည်စေ၍။
“ဣမေသံ စတုသဋ္ဌိဇနာနံ၊ ဤခြောက်ဆယ့်လေးယောက်သော သူတို့၏။
သီသာနိ ဆိန္ဒထာတိ၊ ဦးခေါင်း တို့ကို ဖြတ်ကြလော”ဟု။
အာဏာပေသိ၊ အာဏာပေးပြီ။
အထ နံ ဗောဓိသတ္တော၊ ထိုအခါ ထိုဗြဟ္မဒတ်မင်းကို ဘုရားလောင်းသည်။
“မဟာရာဇ ဧတေသံ၊ အို. . မင်းမြတ် ဤခြောက်ဆယ့်လေးယောက်သော သူတို့အား။
ဒေါသော နတ္ထိ၊ အပြစ်သည် မရှိပါ။
ဒေဝီ အတ္တနော ရုစိ၊ မိဖုရားကြီး သည် မိမိ၏ အလိုဆန္ဒကို။
ကာရာပေသိ၊ ပြုခိုင်းပါပြီ။
ဧတေ နိရပရာဓာ၊ ဤခြောက် ဆယ့်လေးယောက်တို့ကား အပြစ်မရှိကြပါ။
တသ္မာ နေသံ ခမထ၊ ထို့ကြောင့် ထိုခြောက်ဆယ့်လေးယောက်တို့အား သည်းခံတော်မူပါကုန်။
တဿာပိ ဒေါသော နတ္ထိ၊ ထိုမိဖုရားကြီးမှာလည်း အပြစ်သည် မရှိပါ။
ဣတ္ထိယော နာမ၊ အမျိုးသမီးတို့ မည်သည်။
မေထုနဓမ္မေန အတိတ္တာမေထုန်အကျင့်ဖြင့် တင်းတိမ်သည်မရှိကြပါ။
ဟိ ဧသော၊ မှန်၏ ထိုသို့မတင်းတိမ်ခြင်းသည်။
ဇာတိသဘာဝေါ၊ သန္ဓေပါသဘော တည်း။
ဧတာသံ၊ ထိုအမျိုးသမီးတို့အား။
ခမိတဗ္ဗယုတ္တမေဝ၊ သည်းခံသင့်မှုနှင့် ယှဉ်စပ်သည်သာ။
ဟောတိ၊ ဖြစ်၏။
တသ္မာ ဧတိဿာပိ၊ ထို့ကြောင့် ထိုမိဖုရားကြီး အားလည်း။
ခမထာတိ၊ သည်းခံတော်မူကြပါ”ဟု။
နာနပ္ပကာရေန၊ အထူးထူး အပြားပြားအားဖြင့်။
ရာဇာနံ သညာပေတွာ၊ ဗြဟ္မဒတ်မင်းကို သိစေ၍။
စတုသဌိပိ ဇနေ၊ ထိုခြောက်ဆယ့်ယောက်သော တို့လည်းကောင်း။
ဗာလံ၊ ထိုအမိုက်မမိဖုရားကိုလည်းကောင်း။
မောစာပေတွာ၊ သေဘေးမှ လွတ်မြောက်စေ၍။
သဗ္ဗေသံ ယထာသကာနိ ဌာနာနိ၊ အလုံးစုံသော သူတို့အား အကြင်အကြင်မိမိဥစ္စာဖြစ်ကုန်သော ရာထူးတို့ကို။
ဒါပေသိ၊ ပေးစေပြီ။
ဧဝံ၊ ဤသို့ ပေးစေလောက်အောင်။
တေ သဗ္ဗေ မောစေတွာ၊ ထိုအလုံးစုံသော သူတို့ကို သေဘေးမှ လွတ်စေ၍။
သကဌာနေ ပတိဋ္ဌာပေတွာ၊ မိမိလက်ရှိရာထူး၌ တည်စေ ပြီး၍။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။
ရာဇာနံ ဥပသင်္ကမိတွာ၊ မင်းသို့ ချဉ်းကပ်၍။
“မဟာရာဇ အန္ဓဗာလာနံ နာမ၊ အို. . မင်းမြတ် ကန်းမိုက်သူမည် သည်တို့၏။
အဝတ္ထုကေန ဝစနေန၊ အကြောင်းမဲ့ဖြစ်သော စကားကြောင့်။
အဗန္ဓိ တဗ္ဗယုတ္တကာ၊ မနှောင်ဖွဲ့သင့်သည်နှင့် စပ်ယှဉ်ကုန်သော။
ပဏ္ဍိတာပိ၊ ပညာရှိ တို့သည်လည်း။
ပစ္ဆာဗာဟံ ဗုဒ္ဓါ၊ လက်မောင်းနောက်ပြန် နှောင်ဖွဲ့ခံရကုန်၏။
ပဏ္ဍိတာနံ၊ ပညာရှိတို့၏။
ကာရဏယုတ္တေန ဝစနေန၊ အကြောင်းနှင့်ယှဉ်သော စကားကြောင့်။
ပစ္ဆာဗာဟံ ဗဒ္ဓါပိ၊ လက်မောင်းနောက်ပြန်နှောင်ဖွဲ့ခံရသူတို့ သည်လည်း။
မုတ္တာ၊ သေဘေးမှပင် လွတ်မြောက်ကြကုန်၏။
ဧဝံ ဗာလာ နာမ၊ ဤကဲ့သို့ မိုက်သူတို့မည်သည်။
အဗဇ္ဇိတဗ္ဗယုတ္တကေပိ၊ မနှောင်ဖွဲ့သင့်သည်နှင့် ယှဉ်စပ်သော သူတို့ကိုသော်မှလည်း။
ဗန္ဓာပေန္တိ၊ နှောင်ဖွဲ့စေကြကုန်၏။
ပဏ္ဍိတာ ဗဒ္ဓေပိ၊ ပညာရှိတို့သည်ကား အနှောင်ဖွဲ့ခံရသူတို့ကိုသော်မှလည်း။
မောစေန္တီ တိ ဝတွာ၊ လွတ်မြောက်စေကြ၏”ဟု လျှောက်ထား၍။
ယတ္ထ ဗာလာ ပဘာသရေ၊ အကြင်နေရာ အကြင်ကိစ္စ၌ မိုက်သူတို့သည် ပြောဆိုကုန်၏။
တတ္ထ အဗဒ္ဓါ ဗစ္ဈန္တိ၊ ထိုမိုက်သူတို့ပြောရာဌာနကိစ္စ၌ မနှောင်ဖွဲ့ထိုက်သူတို့သည် အနှောင်အဖွဲ့ခံကုန်၏။
ယတ္ထ ဓီရာ ပဘာသရေ၊ အကြင်နေရာ,အကြင်ကိစ္စ၌ ပညာရှိတို့သည် ပြောဆိုကုန်၏။
တတ္ထ ဗဒ္ဓါပိ မုန္တိ၊ ပညာရှိတို့ ပြောသည့်ထိုနေရာထိုကိစ္စ၌ အနှောင် အဖွဲ့ခံရသူတို့သည် သော်မှလည်း လွတ်မြောက်ကုန်၏။
တတ္ထ၊ ထိုဂါထာ၌။
**အဗဒ္ဓါ** တိ အဗဇ္ဇိတဗ္ဗယုတ္တကာ၊ အဗဒ္ဓါဟူသည်ကား မနှောင်ဖွဲ့သင့်သည်နှင့် စပ်ယှဉ်သောသူတို့တည်း။
**ပဘာသရေ** တိ၊ ပဘာသရေ ဟူသည်ကား။
ပဘာသန္တိ ဝဒန္တိ ကထေန္တိ၊ ပြောကုန်၏ ဆိုကုန်၏ ပြောကြား ကုန်၏တည်း။
ရညော၊ “မယာ ဣ ဧဝံ မဟာသတ္တော= ဤသို့ ဘုရားလောင်းသည်။
ဣမာယ ဂါထာယ၊ ဤဂါထာဖြင့် မင်းအား။
ဓမ္မံ ဒေသေတွာ၊ တရားကို ဟောကြား၍။
“ ဒုက္ခ၊ ငါသည် ဤဒုက္ခကို။
အဂါရေ ဝသနဘာဝေန၊ အိမ်၌ နေသည့်အဖြစ်ကြောင့် ။
လဒ္ဓံ၊ ရရှိခံစားအပ်ပြီ။
ဣဒါနိ မေ၊ ယခုအခါ ငါ့မှာ။
အဂါရေန ကိစ္စံ နတ္ထိ၊ အိမ်ဖြင့် အလုပ်ကိစ္စသည် မရှိ။
မေ ပဗ္ဗဇ္ဇံ၊ ကျွန်တော်မျိုးအား ရသေ့ရဟန်းပြုခြင်းကို။
အနုဇာန ဒေဝါတိ၊ ခွင့်ပြုတော်မူပါ မင်းကြီး”ဟု လျှောက်ထား၍။
ပဗ္ဗဇ္ဇံ အနု ဇာနာပေတွာ၊ ရသေ့ရဟန်းအဖြစ်ကို ခွင့်ပြုစေ၍။
အဿုမုခံ ဉာတိဇနံ၊ မျက်နှာ၌ မျက်ရေရှိသော ဆွေမျိုးအပေါင်းကိုလည်းကောင်း။
မဟန္တံ ဝိဘဝံ စ ပဟာယ၊ များမြတ်လှစွာသော စည်းစိမ်ဥစ္စာကိုလည်းကောင်း ပယ်စွန့်၍။
ဣသိပဗ္ဗဇ္ဇံ ပဗ္ဗဇိတွာ၊ ရသေ့ရဟန်းအဖြစ်သို့ ကပ်ရောက်၍။
ဟိမဝန္တေ ဝသန္တော၊ ဟိမဝန္တာ၌ နေလျက်။
အဘိညာ စ သမာပတ္တိယော စ၊ အဘိညာဉ်တို့ကိုလည်းကောင်း သမာ ပတ်တို့ကိုလည်းကောင်း။
နိဗ္ဗတ္တေတွာ၊ ဖြစ်စေ၍။
ဗြဟ္မလောကပရာယဏော အဟောသိ၊ ဗြဟ္မာ့ပြည်လျှင် လည်းလျောင်းရာရှိသည် ဖြစ်ပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာ တော်ကို ဆောင်တော်မူ၍။
“တဒါ ဒုဋ္ဌဒေဝီ၊ ထိုရှေးအခါက ပျက်စီးသော မိဖုရား ကြီးသည်။
စိဉ္စမာဏဝိကာ အဟောသိ၊ စိဉ္စမာဏသည် ဖြစ်လာပြီ။
ရာဇာ အာနန္ဒော၊ ဗြဟ္မဒတ်မင်းကား အာနန္ဒာတည်း။
ပုရောဟိတော ပန၊ ပုရောဟိတ် ပုဏ္ဏားသည်ကား။
အဟမေဝ အဟောသိန္တိ၊ ငါဘုရားသည်သာ ဖြစ်လာပြီ”ဟု။
ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
ဗန္ဓနမောက္ခဇာတကဝဏ္ဏနာ ဒသမာ၊ ဆယ်ခုမြောက်ဖြစ်သော ဗန္ဓနမောက္ခဇာတ်အဖွင့်တည်း။
ဟံစိဝဂ္ဂေါ ဒွါဒသမော၊ တစ်ဆယ့်နှစ်ခုမြောက်ဖြစ်သော ဟံစိဝဂ်တည်း။
တဿ ဥဒ္ဒါနံ၊ ထိုဟံစိဝဂ်၏ အကျဉ်းချုပ်ခေါင်းစဉ်ကား။
ဂဒြဘပဉှာ အမရာ၊ ဂဒြဘပဉှ ဇာတ်လည်းကောင်း အမရာဒေဝီပဉှ ဇာတ် လည်းကောင်း။
သိင်္ဂါလံ မိတစိန္တိ စ၊ သိင်္ဂါလဇာတ်လည်းကောင်း မိတစိန္တီ ဇာတ်လည်းကောင်း။
အနုသာသိကဒုဗ္ဗစံ၊ အနုသာသိကာဇာတ် ဒုဗ္ဗဇာတ် လည်းကောင်း။
တိတ္တိရံ ဝဋ္ဋကံ ပုန၊ တိတ္တိရဇာတ်လည်းကောင်း ဝဋ္ဋဇာတ် လည်းကောင်း တစ်ဖန်။
အကာလရာဝိ ဗန္ဓနံ၊ အကာလရာပိဇာတ်လည်း ကောင်း ဗန္ဓနမောက္ခဇာတ်လည်းကောင်း။
ဣတိ၊ ဤသည်ပင်တည်း။