**အာရောဂျမိစ္ဆေ ပရမဉ္စ လာဘန္တိ** ဣဒံ၊ အာရောဂျမိစ္ဆေ ပရမဉ္စ လာဘဲ အစရှိသော ဤတရားဒေသနာကို။
သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။
ဧကံ အတ္ထကုသလံ ကုလပုတ္တ၊ တစ်ယောက်သော ကောင်းကျိုးစီးပွားကျွမ်းကျင်သော အမျိုးကောင်းသားကို။
အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
ဟိ သာဝတ္ထိယံ၊ ချဲ့ဦးအံ့ သာဝတ္ထိမြို့၌။
ဧကဿ မဟာဝိဘဝဿ သေဋ္ဌိနော၊ တစ်ယောက်သော စည်းစိမ် ဥစ္စာ များစွာရှိသော သူဌေး၏။
ဇာတိယာ သတ္တဝသော ပုတ္တော၊ မွေးဖွားသည်မှ ခုနစ်နှစ်သာရှိသေးသော သားသည်။
ပညဝါ အတ္ထကုသလော၊ ပညာကြီး၏ကောင်းကျိုးစီးပွား ကျွမ်းကျင်၏။ ။
သော ဧကဒိဝသံ၊ ထိုခုနစ်နှစ်သားကလေးသည် တစ်နေ့၌။
ပိတရံ ဥပသင်္ကမိတွာ၊ ဖခင်သို့ ချဉ်းကပ်၍။
အတ္ထဿ ဒွါရပခုံ နာမ ပုစ္ဆ၊ ကြီးပွားခြင်း၏ အကြောင်း သိလိုသည့်ပြဿနာမည်သည်ကို မေးပြီ။
သော တံ န ဇာနာတိ၊ ထိုဖခင်သူဌေးသည် ထိုအမေးကို ဖြေဖို့ရန် မသိ။
အထ အဿ၊ ထိုအခါ ထိုဖခင်သူဌေး၏။
“အယံ ပဥာ အတိသုခုမော၊ ဤအမေးသည် အလွန် သိမ်မွေ့၏။
သဗ္ဗညုဗုဒ္ဓံ ဌပေတွာ၊ သဗ္ဗညုမြတ်စွာဘုရားကို ချန်ထား၍။
ဥပရိ ဘဝဂ္ဂေန၊ အထက်၌ ဘဝဂ်ဖြင့်လည်းကောင်း။
ဟေဋ္ဌာ အဝီစိနာ စ၊ အောက်၌ အဝီစိဖြင့်လည်းကောင်း။
ပရိစ္ဆိန္နေ လောကသန္နိဝါသေ၊ ပိုင်းခြားအပ်သော သတ္တဝါတို့နေရာဌာန၌။
ဧတံ ပခုံ ကထေတုံ၊ ဤအမေးကို ဖြေဆိုခြင်းငှာ။
အညော သမတ္ထော နာမ၊ ဘုရားမှတစ်ပါး အခြားသော စွမ်းနိုင်သူမည်သည်။
နတ္ထီတိ ဧတံ အဟောသိ၊ မရှိ”ဟူသော ဤအကြံသည် ဖြစ်ပြီ။
သော ပုတ္တံ အာဒါယ၊ ထိုသူဌေးသည် သားငယ်ကို ခေါ်ယူ၍။
ဗဟုံ မာလာဂန္ဓဝိလေပနံ ဂါဟာပေတွာ၊ များစွာသော ပန်း, နံ့သာ, နံ့ သာပျောင်းကို ယူစေ၍။
ဇေတဝနံ ဂန္တွာ၊ ဇေတဝန် ကျောင်းတော်သို့ သွား၍။
သတ္ထာရံ ပူဇေတွာ ဝန္ဒိတွာ၊ ဘုရားရှင်ကို ပူဇော်၍ ရှိခိုး၍။
ဧကမန္တံ နိသိန္နော ဘဂဝန္တံ၊ သင့်လျော်ရာ၌ ထိုင်လျက် မြတ်စွာဘုရားကို။
“ဘန္တေ အယံ ဒါရကော၊ အရှင်ဘုရား ဤကလေးသည်။
ပညဝါ အတ္ထကုသလော၊ ပညာကြီး၏ ကောင်းကျိုးစီးပွားကျွမ်းကျင်၏။
အတ္ထဿ ဒွါရပဉှံ နာမ၊ ကြီးပွား ခြင်း၏ အကြောင်းသိလိုသည့် ပြဿနာမည်သည်ကို။
မံ ပုစ္ဆိ၊ တပည့်တော်ကို မေးပြီ။
အဟံ တံ ပခုံ အဇာနန္တော၊ တပည့်တော်သည် ထိုအမေးကို ဖြေရန် မသိ ရကား။
တုမှာကံ သန္တိကံ အာဂတော၊ ရှင်တော်ဘုရားတို့၏ ထံတော်သို့ လာခဲ့ ပါပြီ။
သာဓု ဘန္တေ၊ တောင်းပန်ပါ၏ အရှင်ဘုရား။
မေ ဘဂဝါ၊ တပည့်တော်အား မြတ်စွာဘုရားသည်။
တံ ပဥံ တထေတူတိ၊ ထိုအမေးကို ဖြေကြားတော်မူပါ”ဟု။
ဧတံ အဝေါစ၊ ဤစကားကို လျှောက်ထားပြီ။
သတ္ထာ၊ ဘုရားရှင်သည်။
“ဥပါသက ပုဗ္ဗေပိ အဟံ၊ ဥပါသကာ ရှေးကလည်း ငါဘုရားကို။
ဣမိနာ ကုမာရကေန၊ ဤကလေးသည်။
ဧတံ ပခုံ ပုဋ္ဌော၊ ဤအမေးကို မေးအပ်ဖူးပြီ။
မယာ စ အဿ ကထိတော၊ ငါသည်လည်း ဤကလေးအား ဖြေကြားအပ်ဖူးပြီ။
တဒါ နံ၊ ထိုအခါက ထိုအဖြေကို။
ဧသော ဇာနာတိ၊ ဤကလေးသည် သိ၏။
ဣဒါနိ ပန ဘဝသင်္ခေပဂတတ္တာ၊ ယခုအခါ၌ကား ဘဝအကျဉ်းချုံး ရောက်သည့် အဖြစ်ကြောင့်။
န သလ္လက္ခေတီတိ ဝတွာ၊ မမှတ်မိ”ဟု မိန့်တော် မူ၍။
တေန ယာစိတော၊ ထိုသူဌေးသည် တောင်းပန်အပ်ရကား။
အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။
ဗြဟ္မဒတ္တေ ရဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။
မဟာဝိဘဝေါ သေဌိ၊ အဟောသိစည်းစိမ်ဥစ္စာများစွာ ပြီ။
အထ အဿ၊ ထိုအခါ ထိုဘုရားလောင်း၏။
ဇာတိယာ၊ ရှိသော သူဌေးသည် ဖြစ်ပြီ။
အထ အဿ သတ္တဝဿိကော ပုတ္တော၊ မွေးဖွားသည်မှ ခုနစ်နှစ်သာရှိသေးသော သားသည်။
ပညဝါ အတ္ထကုသလော၊ ပညာကြီး၏ ကောင်းကျိုးစီးပွား ကျွမ်းကျင်၏။
သော ဧကဒိဝသံ၊ ကိုသားငယ်သည် တစ်နေ့၌။
ပိတရံ ဥပသင်္ကမိတွာ၊ ဖခင်ဘုရား လောင်းသို့ ချဉ်းကပ်၍။
“တာတ အတ္ထဿ၊ ဖခင် ကြီးပွားခြင်း၏။
ဒွါရံ နာမ ကိန္တိ၊ အကြောင်းမည်သည် အဘယ်နည်း”ဟု။
အတ္ထဿ ဒွါရပဉှံ ပုစ္ဆိ၊ ကြီးပွား ခြင်း၏အကြောင်း သိလိုကြောင်းကို မေးပြီ။
အထ အဿ ပိတာ၊ ထိုအခါ ထိုသားငယ်အား ဖခင်ဘုရားလောင်းသည်။
တံ ပခုံ ကထေန္တော၊ ထိုသိလိုသော အမေးကို ဖြေလိုရကား။
အာရောဂျံ ပရမံ လာဘံ၊ ကိုယ်စိတ်နှစ်ဖြာ ရောဂါမရှိခြင်းဖြစ်သော မြင့်မြတ်သော လာဘ်ကိုလည်းကောင်း။
သီလဥ ဝုဒ္ဓါနုမတံ သုတူ၊ ကိုယ်ကျင့် သီလကိုလည်းကောင်း, ပညာဂုဏ်ကြီးသူတို့ဩဝါဒကိုလည်းကောင်း, ကြောင်း ကျိုးမှီသည့် ဗဟုသုတကိုလည်းကောင်း။
ဣစ္ဆေ၊ အလိုရှိရာ၏။
ဓမ္မာနုဝတ္တီ စ၊ သုစရိုက်တရား အစဉ်လိုက်စားသည်လည်း။
(သိယာ၊ ဖြစ်ရာ၏)။
အလီနတာ စ၊ စိတ်ဓာတ်ရေးရာ မတွန့်ဆုတ်သည်၏ အဖြစ်သည်လည်း။
(သိယာ၊ ရှိရာ၏)။
ပမုခါ ဧတေ ဆ၊ မြင့်မြတ်ကုန်သော ဤတရားခြောက်ပါးတို့သည်။
အတ္ထဿ ဒွါရာ၊ ကြီးပွားခြင်း၏ အကြောင်းတို့တည်း။
တတ္ထ၊ ထိုဂါထာ၌။
**အာရောဂျမိစ္ဆေ ပရမဉ္စ လာဘန္တိ**၊ အာရောဂျမိစ္ဆေ ပရမဉ္စ လာဘံ ဟူသော ပါဌ်၌။
စကာရော နိပါတမတ္တံ၊ စအက္ခရာသည် နိပါတ်မျှ သာတည်း။
တာတ ပဌမမေဝ၊ ချစ်သား ပဌမဆုံးပင်။
အာရောဂျသင်္ခါတံ ပရမံ လာဘံ၊ ကိုယ်စိတ်နှစ်ဖြာ ရောဂါမရှိခြင်းဟုဆိုအပ်သော မြတ်သော လာဘ်ကို။
ဣစ္ဆေယျာတိ၊ အလိုရှိရာ၏ဟု။
ဣမံ အတ္ထံ ဒီပေန္တော၊ ဤအနက်အဓိပ္ပါယ်ကို ပြလိုရကား။
ဧဝံ အာဟ၊ ဤသို့ ဆိုပြီ။
တတ္ထ အာရောဂျံ နာမ၊ ထိုစကားရပ်၌ အာရောဂျ မည်သည်။
သရီရဿ စေဝ စိတ္တဿ စ၊ ရုပ်ကိုယ်၏လည်းကောင်း စိတ်၏လည်းကောင်း။
အရောဂဘာပေါ၊ ရောဂါမရှိသည့်အဖြစ်တည်း။
အနာတုရတာ၊ နာကျင်မှုမရှိသည့်အဖြစ်တည်း။
ဟိ သရီရေ၊ ချဲ့ဦးအံ့ ရုပ်ကိုယ် သည်။
ရောဂါတုရေ၊ ရောဂါဖြင့် နာကျင်သော်။
အလဇ္ဇီ ဘောဂလာဘံ၊ မရအပ် သေးသော ရထိုက်သည့် စည်းစိမ်ကို။
ဥပ္ပါဒေတုံ နေဝ သက္ကောတိ၊ ဖြစ်စေခြင်းငှာ မစွမ်းနိုင်။
လဒ္ဓံ ပရိဘုဉ္ဇိ တုံ န၊ ရအပ်ပြီးသော စည်းစိမ်ကို သုံးဆောင်ခံစားခြင်းငှာ မစွမ်းနိုင်။
အနာတုရေ ပန၊ မနာကျင်သော်ကား။
ဧတံ ဥဘယမ္ပိ သက္ကောတိ၊ ဤနှစ်ပါးစုံကိုလည်း စွမ်းနိုင်၏။
စိတ္တေ စ ကိလေသာတုရေ၊ စိတ်သည်လည်း ကိလေသာဖြင့် နာကျင်သော်။
အလက္ခံ ဈာနာဒိဘေဒံ၊ မရအပ်သေးသော ဈာန်စ သည် အပြားရှိသော။
လာဘံ ဥပ္ပါဒေတုံ နေဝ သက္ကောတိ၊ ရထိုက်သည်ကို ဖြစ်စေခြင်းငှာ မစွမ်းနိုင်။
လက္ခံ ပုန၊ ရအပ်ပြီးဈာန်စသည်ကို တစ်ဖန်။
သမာပတ္တိ ဝသေန ပရိဘုဉ္စိတုံ န၊ သမာပတ်ဝင်စားခြင်းအစွမ်းဖြင့် သုံးဆောင်ခံစားခြင်းငှာ မစွမ်းနိုင်။
ဧတသ္မိံ အနာရောဂျေ သတိ၊ ဤအာရောဂျမရှိမူသည် ဖြစ်ခဲ့သော်။
အလဒ္ဓေါ လာဘောပိ၊ မရအပ်သေးသော လာဘ်ကိုလည်း။
န လဗ္ဘတိ၊ မရအပ် မရနိုင်။ လဒ္ဓေါပိရအပ်ပြီးသော လာဘ်သည်လည်း။
နိရတ္ထကော အဟောသိ၊ အသုံးမဝင် အကျိုးမရှိသည် ဖြစ်၏။
ဧတသ္မိံ အသတိ ပန၊ ဤမကျန်းမာခြင်းသည် မရှိသော်ကား။
အလဒ္ဓေါ လာဘောပိ၊ မရအပ်သေးသော လာဘ်ကိုလည်း။
လဗ္ဘတိ၊ ရနိုင်၏။
လဒ္ဓေါပိ၊ ရအပ်ပြီးသော လာဘ်သည်လည်း။
သာတ္ထကော ဟောတိ၊ အသုံးဝင်အကျိုးရှိသည် ဖြစ်၏။
ဣတိ အာရောဂျံ၊ ထို့ကြောင့် ကိုယ်စိတ် နှစ်ဖြာ ရောဂါမရှိခြင်းသည်။
ပရမော လာဘော နာမ၊ မြင့်မြတ်သော လာဘ် မည်၏။
တံ သဗ္ဗပဌမံ ဣစ္ဆိဗ္ဗံ၊ ထိုကိုယ်စိတ်နှစ်ဖြာ ရောဂါမရှိခြင်းကို အလုံးစုံတို့မှ ရှေးဦးစွာ အလိုရှိထိုက်၏။
ဣဒံ အတ္ထဿ၊ ဤကိုယ်စိတ်နှစ်ဖြာ ရောဂါမရှိခြင်းသည် ကြီးပွားခြင်း၏။
ဧကံ ဒွါရံ၊ တစ်ခုသော အကြောင်းတည်း။
ဣတိ အယံ၊ ဤဆိုအပ်ခဲ့ပြီးသည်ကား။
ဧတ္ထ၊ ဤအာရောဂျမိစ္ဆေ ပရမဉ္စ လာဘံ ပါဌ်၌။
အတ္ထော၊ အကျယ်အနက်တည်း။
**သီလဉ္ဇာ** တိ၊ သီလဉ္စ ဟူသည်ကား။
အာစာရ သီလံ၊ ကိုယ်ကျင့်သီလကိုတည်း။
ဣမိနာ၊ ဤသီလ,ပုဒ်ဖြင့်။
လောကစာရိတ္တံ၊ လောကစာရိတ္တအကျင့်ကို။
ဒဿတိ၊ ပြ၏။
**ဗုဒ္ဓါနုမတန္တိ**၊ ဗုဒ္ဓါနုမတံ ဟူသည် ကား။
ဂုဏဝုဒ္ဓါနံ ပဏ္ဍိတာနံ အနုမတံ၊ ဂုဏ်ကြီးကုန်သော ပညာရှိတို့၏ လျော်သော အသိတည်း။
ဣမိနာ၊ ဤဗုဒ္ဓါနုမတံ ပုဒ်ဖြင့်။
ဉာဏသမ္ပန္နာနံ ဂရုနံ၊ ဉာဏ်နှင့် ပြည့်စုံကုန်သော အလေးဂရုပြုထိုက်သူတို့၏။
ဩဝါဒ ဒဿတိ၊ ဩဝါဒကို ပြ၏။
**သုတဉ္ဇာ** တိ၊ သုတဉ္စ ဟူသည်ကား။
ကာရဏနိဿိတံ သုတံ၊ အကြောင်းကို မှီသော ဗဟုသုတကိုတည်း။
ဣမိနာ၊ ဤသုတဉ္စပုဒ်ဖြင့်။
ဣမသ္မိံ လောကေ အတ္ထနိဿိတံ၊ ဤလောက၌ ကြောင်းကျိုးကို မှီသော။
ဗာဟုဿစ္စံ ဒဿတိ၊ ဗဟုသုဟများခြင်းကို ပြ၏။
**ဓမ္မာနုဝတ္ထိ စာ**တိ၊ ဓမ္မာနုဝတ္တီ ဟူသည်ကား။
တိဝိဓဿ သုစရိတဓမ္မဿ အနုဝတ္တနံ၊ သုံးပါးအပြားရှိသော သုစရိုက်တရားကို လျော်စွာကျင့်ခြင်းသည်တည်း။
ဣမိနာ၊ ဓမ္မာနုဝတ္တီ စ ဟူသော ဤပုဒ်ဖြင့်။
ဒုစ္စရိတဓမ္မံ ဝဇ္ဇေတွာ၊ ဒုစရိုက်တရားကို ရှောင်ကြဉ်၍။
သုစရိတဓမ္မဿ၊ သုစရိုက်တရားကို။
အနုဝတ္တနဘာဝံ ဒဿတိ၊ ကျင့်ကြောင်းကို ပြ၏။
**အလီနတာ စာ** တိ၊ အလီနတာ စဟူသည်ကား။
စိတ္တဿ၊ စိတ်၏။
အလီနတာ အနီစတာ၊ မတွန့်ဆုတ်သည်၏အဖြစ်တည်း မညံ့သည်၏အဖြစ်တည်း။
ဣမိနာ၊ ဤအလီနတာ စ ပုဒ်ဖြင့်။
စိတ္တဿ အသင်္ဘောစတံ၊ စိတ်၏ မတွန့်ဆုတ်သည်၏ အဖြစ်ကို။
ပဏီတဘာဝံ၊ ကောင်းသည်၏အဖြစ်ကို။
ဥတ္တမဘာဝံ ဒဿေတိ၊ မြင့်မြတ်သည်၏ အဖြစ်ကို ပြ၏။
**အတ္ထဿ ဒွါရာ ပမုခါ ဆဠေတေ** တိ၊ အတ္ထဿ ဒွါရာ ပမုခါ ဆဠေတေ ဟူသော ပါဌ်၌။
အတ္ထော နာမ ဝုဒ္ဓိ၊ အတ္ထမည်သည် ကြီးပွားခြင်းတည်း။
ဝုဒ္ဓိသင်္ခါတဿ၊ ဝုဒ္ဓိဟု ခေါ်ဆိုအပ်သော။
လောကိယ လောကုတ္တရဿ၊ လောကီ,လောကုတ္တရာဖြစ်သော။
တဿ အတ္ထဿ၊ ထိုကြီးပွား ခြင်း၏။
ဒွါရာ ဥပါယာ အဓိဂမမုခါနိ၊ အကြောင်းတို့သည် ရကြောင်းတို့သည်။
ပမုခါ ဥတ္တမာ၊ မြင့်မြတ်ကုန်သော။
ဧတေ ဆ၊ ဤခြောက်ပါးတို့တည်း။
ဣတိ၊ ဤကား ဂါထာဖွင့်အပြီးတည်း။
ဧဝံ ဗောဓိသတ္တော ပုတ္တဿ၊ ဤသို့ ဘုရားလောင်းသည် သားငယ်အား။
အတ္ထဿ ဒွါရပဉှံ ကထေသိ၊ ကြီးပွားခြင်း၏ သိလိုသောအကြောင်းကို ဖြေဆိုပြီ။
သော တတော ပဋ္ဌာယ၊ ထိုသားငယ်သည် ထိုနေ့မှ စ၍။
တေသု ဆသု ဓမ္မေသု ဝတ္တိ၊ ထိုခြောက်ပါးကုန်သော ကြီးပွားကြောင်းတရားတို့၌ ဖြစ်ပြီ ကျင့်ပြီ။
ဗောဓိသတ္တောပိ၊ ဘုရားလောင်းသည်လည်း။
ဒါနာဒီနိ ပုညာနိ ကတွာ၊ ဒါနအစရှိ ကုန်သော ကောင်းမှုတို့ကို ပြု၍။
ယထာကမ္မံ ဂတော၊ ကံအားလျော်စွာ လားပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာကို ဆောင်တော်မူ၍ ။
“တဒါ ပုတ္တောဝ၊ ထိုအခါက သားသည်ပင်။
ပစ္စုပ္ပန္နပုတ္တော၊ ယခု ပစ္စုပ္ပန်သားတည်း။
မဟာသေဋ္ဌိ ပန၊ သူဌေးကြီးသည်ကား။
အဟမေဝ အဟောသိန္တိ၊ ငါဘုရားသည်သာ ဖြစ်လာပြီ”ဟု။
ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
အတ္ထဿဒွါရဇာတကဝဏ္ဏနာ စတုတ္ထာ၊ လေးခုမြောက်ဖြစ်သော အတ္ထဿဒွါရဇာတ်အဖွင့်တည်း။