အပ္ပကေနပိ မေဓာဝီတိ၊ 'အပ္ပကေနပိ မေဓာဝီ'စသော။
ဣမံ ဓမ္မဒေသနံ၊ ဤ တရားဒေသနာတော်ကို။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
ရာဇဂဟံ ဥပနိဿာယ၊ ရာဇဂြိုဟ်မြို့ကို အမှီပြု၍။
ဇီဝကမ္ဗဝနေ ဝိဟရန္တော၊ ဇီဝကသရက်ဥယျာဉ်ကျောင်း၌ နေတော်မူစဉ်။
စူဠပန္ထကတ္ထေရံ အာရဗ္ဘ ကထေသိ၊ စူဠပန္ထကထေရ်ကို အကြောင်းပြု၍ ဟောတော်မူပြီ။
တတ္ထ၊ ထိုသို့ ဟောတော်မူရာ၌။
စူဠပန္ထကဿ နိဗ္ဗတ္တိ၊ စူဠပန္ထကထေရ်၏ အဖြစ်အပျက်ကို။
တာဝ ကထေတဗ္ဗာ၊ ရှေးဦးစွာ ဆိုသင့်ဆိုထိုက်၏။
ရာဇဂဟေ ဓနသေဋ္ဌိကုလဿ၊ ရာဇဂြိုဟ်မြို့၌ ပစ္စည်းရှိသူဌေးမျိုး၏။
ဓီတာ၊ သမီးသည်။
အတ္တနော ဒါသေနေဝ သဒ္ဓိံ၊ မိမိ၏ ကျွန်နှင့်သာ အတူတကွ။
သန္ထဝံ ကတွာ၊ ပေါင်းဖော်မှုကို ပြု၍။
အညေပိ မေ၊ အခြားသူတို့သည်လည်း ငါသူဌေးသမီး၏။
ဣမံ ကမ္မံ ဇာနေယျုန္တိ ဘီတာ၊ ဤကျွန်နှင့်ပေါင်းဖော်မှုကို သိကုန်ရာ၏ဟု ကြောက်၍။
"အမှေဟိ ဣမသ္မိံ ဌာနေ၊ ငါတို့သည် ဤအရပ်၌။
ဝသိတုံ န သက္ကာ၊ နေခြင်းငှာ မတတ်ကောင်း။
သစေ မေ မာတာပိတရော၊ အကယ်၍ ငါ၏ မိဖတို့သည်။
ဣမံ ဒေါသံ ဇာနိဿန္တိ၊ ကျွန်နှင့် ပေါင်းဖော်သည့် ဤအပြစ်ကို သိကုန်အံ့။
ခဏ္ဍာခဏ္ဍံ ကရိဿန္တိ၊ အပိုင်းငယ် အပိုင်းကြီးကို ပြုကုန်လတ္တံ့။
ဝိဒေသံ ဂန္တွာ ဝသိဿာမာတိ၊ အရပ်တစ်ပါးသို့ သွား၍ နေကုန်အံ့"ဟု။
ဧဝံ အာဟ ဣတိ၊ ဤသို့ ပြောပြီ ဤသို့ ပြောပြီး၍။
ဟတ္ထသာရံ ဂဟေတွာ၊ လက်ထဲ၌ ရှိသော အဖိုးတန်ပစ္စည်းကို ယူ၍။
အဂ္ဂဒွါရေန နိက္ခမိတွာ၊ မြတ်သောတံခါးဖြင့် ထွက်၍။
"ယတ္ထ ဝါ တတ္ထ ဝါ၊ အမှတ်မထား တစ်ပါးပါးသောအရပ်၌ အကြင် ထိုအတိအကျ မပြောနိုင်သောအရပ်၌။
အညေဟိ အဇာနနဋ္ဌာနံ၊ အခြားသူတို့သည် မသိအပ်သော အရပ်သို့။
ဂန္တွာ ဝသိဿာမာတိ၊ သွား၍ နေကုန်အံ့"ဟု တွေးကြ၍။
ဥဘောပိ အဂမံသု၊ ချစ်သူနှစ်ယောက်တို့သည်လည်း သွားကုန်ပြီ။
ဧကသ္မိံ ဌာနေ ဝသန္တာနံ တေသံ၊ တစ်ခုသောဌာန၌ နေကြကုန်သော ထိုကျွန်နှင့် သူဌေးသမီးတို့၏။
သံဝါသံ အနွာယ၊ ပေါင်းဖော်မှုကို စွဲ၍။
တဿာ ကုစ္ဆိယံ၊ ထိုသူဌေးသမီး၏ ဝမ်း၌။
ဂဗ္ဘော ပတိဋ္ဌာသိ၊ ကိုယ်ဝန်သည် တည်ပြီ။
သာ ဂဗ္ဘပရိပါကံ အာဂမ္မ၊ ထိုသူဌေးသမီးသည် ကိုယ်ဝန့်ရင့်မှုကို အကြောင်းပြု၍။
"မေ ဂဗ္ဘော၊ ငါ၏ ကိုယ်ဝန်သည်။
ပရိပါကံ ဂတော၊ ရင့်ကျက်မှုသို့ ရောက်ပြီ။
ဉာတိဗန္ဓုဝိရဟိတေ ဌာနေ၊ ဆွေမျိုးမိတ်ဆွေကင်းသော နေရာ၌။
ဂဗ္ဘဝုဋ္ဌာနံ နာမ၊ ကိုယ်ဝန်မှ ထရခြင်း မီးဖွားရခြင်းမည်သည်။
ဥဘိန္နမ္ပိ အမှာကံ ဒုက္ခမေဝ၊ နှစ်ယောက်လည်းဖြစ်ကုန်သော ငါတို့အား ဆင်းရဲသည်သာတည်း။
ကုလဂေဟမေဝ ဂစ္ဆာမာတိ၊ မိဘဆွေမျိုးအိမ်သို့သာ သွားကုန်အံ့"ဟု။
သာမိကေန သဒ္ဓိံ မန္တေသိ၊ ကျွန်လင်ယောကျ်ားနှင့်အတူ တိုင်ပင်ပြီ။
သော၊ ထိုကျွန်ယောကျ်ားသည်။
"သစာ အဟံ ဂမိဿာမိ၊ အကယ်၍ ငါသည် သွားအံ့။
မေ ဇီဝိတံ နတ္ထီတိ စိန္တေတွာ၊ ငါ၏ အသက်သည် မရှိတော့"ဟု ကြံ၍။
အဇ္ဇ ဂစ္ဆာမ၊ ယနေ့ သွားကုန်အံ့။
သွေ ဂစ္ဆာမာတိ၊ နက်ဖြန် သွားကုန်အံ့ဟု။
ဒိဝသေ အတိက္ကာမေသိ၊ နေ့ရက်တို့ကို ကျော်လွန်စေပြီ။
သာ၊ ထိုသူဌေးသမီးသည်။
"အယံ ဗာလော၊ ဤလူမိုက်သည်။
အတ္တနော ဒေါသမဟန္တတာယ၊ မိမိ၏ အပြစ်ကြီးသည်၏အဖြစ်ကြောင့်။
ဂန္တုံ န ဥဿဟတိ၊ သွားခြင်းငှာ မဝံ့။
မာတာပိတရော နာမ ဧကန္တဟိတာ၊ မိဖတို့မည်သည် ဧကန်အကျိုးစီးပွားလိုလားကုန်၏။
အယံ ဂစ္ဆတု ဝါ မာ ဝါ၊ ဤလင်ယောကျ်ားသည် သွားသည်ဖြစ်စေ မသွားသည်ဖြစ်စေ။
မယာ ဂန္တုံ ဝဋ္ဋတီတိ၊ ငါသည် သွားခြင်းငှာ သင့်၏"ဟု။
စိန္တေသိ၊ ကြံပြီ။
သာ တသ္မိံ ဂေဟာ နိက္ခန္တေ၊ ထိုသူဌေးသမီးသည် ထိုလင်ဖြစ်သူသည် အိမ်မှ ထွက်သော်။
ဂေဟပရိက္ခာရံ ပဋိသာမေတွာ၊ အိမ်ရှိပစ္စည်းကို သိုမှီးသိမ်းဆည်း၍။
အတ္တနော ကုလဃရံ၊ မိမိ၏ မိဖဆွေမျိုးအိမ်သို့။
ဂတဘာဝံ၊ သွားကြောင်းကို။
အနန္တရဂေဟဝါသီနံ အာရောစေတွာ၊ အိမ်နီးချင်းတို့အား ပြောကြား၍။
မဂ္ဂံ ပဋိပဇ္ဇိ၊ လမ်းသို့ သွားပြီ။
အထ သော ပုရိသော၊ အိမ်ရှင်မပြန်သွားရာထိုအခါ၌ ထိုယောကျ်ားသည်။
ဃရံ အာဂတော၊ အိမ်သို့ ပြန်လာသော်။
တံ အဒိသွာ၊ ထိုအိမ်ရှင်မကို မမြင်၍။
ပဋိဝိဿကေ ပုစ္ဆိတွာ၊ အိမ်နီးချင်းတို့ကို မေး၍။
ကုလဃရံ ဂတာတိ သုတွာ၊ မိဖဆွေမျိုးအိမ်သို့ ပြန်သွား၏ဟု ကြားရ၍။
ဝေဂေန အနုဗန္ဓိတွာ၊ အရှိန်အဟုန်ဖြင့် အစဉ်လိုက်၍။
အန္တရာမဂ္ဂေ သမ္ပါပုဏိ၊ လမ်းခရီးအကြား၌ ကောင်းစွာမီပြီ။
တဿာပိ တတ္ထေဝ၊ ထိုသူဌေးသမီး၏လည်း ထိုမီရာအရပ်၌ပင်။
ဂဗ္ဘဝုဋ္ဌာနံ အဟောသိ၊ ကိုယ်ဝန်မှ ထခြင်းမီးဖွားခြင်းသည် ဖြစ်ပြီ။
သော၊ ထိုယောကျ်ားသည်။
ဘဒ္ဒေ ဣဒံ ကိန္တိ ပုစ္ဆိ၊ နှမ ဤသည်ကား ဘာလဲဟု မေးပြီ။
သာမိ ဧကော ပုတ္တော ဇာတောတိ၊ အိုအရှင် တစ်ယောက်သော သားသည် ဖွားပြီးဟု ပြောပြီ။
ဣဒါနိ ကိံ ကရိဿာမာတိ၊ ယခုအခါ၌ ဘာကို ပြုကုန်အံ့နည်းဟု မေးပြီ။
"ယဿ အတ္ထာယ၊ အကြင်မီးဖွားမှု၏ အကျိုးငှာ။
မယံ ကုလဃရံ ဂစ္ဆေယျာမ၊ ငါတို့သည် မိဖဆွေမျိုးအိမ်သို့ သွားကုန်ရာ၏။
တံ ကမ္မံ အန္တရာဝ နိပ္ဖန္နံ၊ ထိုမီးဖွားမှုသည် မိဘထံ မရောက်မီလမ်းကြောင်း၌ပင် ပြီးစီးပြီ။
တတ္ထ ဂန္တွာ၊ ထိုမိဖဆွေမျိုးအိမ်သို့ သွား၍။
ကိံ ကရိဿာမ နိဝတ္တာမာတိ၊ ဘာကို ပြုကုန်အံ့နည်း နစ်ကုန်အံ့ (ပြန်ဆုတ်ကုန်အံ့)ဟု ပြော၍။
ဒွေပိ ဧကစိတ္တာ ဟုတွာ နိဝတ္တိံသု၊ နှစ်ယောက်လုံးတို့သည်လည်း တူသောစိတ်ရှိကုန်သည် ဖြစ်၍ ပြန်ဆုတ်ကုန်ပြီ။
တဿ ဒါရကဿ နာမံ စ၊ ထိုကလေး၏ အမည်ကိုလည်း။
ပန္ထေ ဇာတတ္တာ၊ လမ်း၌ မွေးဖွားသည်၏ အဖြစ်ကြောင့်။
ပန္ထကောတိ အကံသု၊ ပန္ထကဟု ပြုကုန်, မှည့်ကုန်ပြီ။
တဿာ နစိရဿေဝ၊ ထိုသူဌေးသမီးအား မကြာမြင့်မီ၌ပင်။
အပရောပိ ဂဗ္ဘော ပတိဋ္ဌဟိ၊ နောက်တစ်ဦးလည်းဖြစ်သော ကိုယ်ဝန်သည် တည်ပြီ။
သဗ္ဗံ ပုရိမနယေနေဝ ဝိတ္ထာရေတဗ္ဗံ၊ တိုင်ပင်မှုစသော အလုံးစုံကို ရှေးနည်းဖြင့်သာ အကျယ်ချဲ့ သိပါလေ။
တဿာပိ ဒါရကဿ ပန္ထေ ဇာတတ္တာ၊ ထိုနောက်မွေးသောသူငယ်၏လည်း လမ်း၌ မွေးသည်၏အဖြစ်ကြောင့်။
ပဌမဇာတဿ နာမံ၊ ပထမမွေးကလေး၏ အမည်ကို။
မဟာပန္ထကောတိ ကတွာ၊ မဟာပန္ထကဟု ပြု၍,မှည့်၍။
ဣတရဿ နာမံ၊ သည့်ပြင်နောက်မွေးကလေး၏ အမည်ကို။
စူဠပန္ထကောတိ အကံသု၊ စူဠပန္ထကဟု ပြုကြ မှည့်ကြကုန်ပြီ။
တေ ဒွေပိ ဒါရကေ ဂဟေတွာ၊ ထိုလင်မယားတို့သည် ကလေးနှစ်ယောက်တို့ကိုလည်း ယူ၍။
အတ္တနော ဝသနဋ္ဌာနမေဝ အာဂတာ၊ မိမိတို့၏ နေရာဌာနသို့သာ ပြန်လာကုန်ပြီ။
တတ္ထ ဝသန္တာနံ၊ ထိုအရပ်တစ်ပါး၌ နေကုန်သော။
တေသံ အယံ မဟာပန္ထကဒါရကော၊ ထိုလင်မယားတို့၏ ဤမဟာပန္ထကသူငယ်သည်။
အညေ ဒါရကေ၊ အခြားကုန်သော သူငယ်တို့ကို။
စူဠပိတာ မဟာပိတာတိ၊ ဘထွေး ဘကြီးဟုလည်းကောင်း။
အယျကော အယျိကာတိ စ၊ အဖိုး အဖွားဟုလည်းကောင်း။
ဝဒန္တေ သုတွာ၊ ခေါ်သည်တို့ကို ကြားရ၍။
"အမ္မ အညေ ဒါရကာ၊ အိုအမေ အခြားကုန်သော ကလေးတို့သည်။
စူဠပိတာ မဟာပိတာတိပိ ဝဒန္တိ၊ ဘထွေး ဘကြီးဟုလည်း ခေါ်ကြကုန်၏။
အယျကော အယျိကာတိပိ ဝဒန္တိ၊ အဖိုးအဖွားဟုလည်း ခေါ်ကြကုန်၏။
အမှာကံ ဉာတကာ နတ္ထီတိ၊ ကျွန်တော်တို့၏ ဆွေမျိုးတို့သည် မရှိကုန်သလော"ဟု။
မာတရံ ပုစ္ဆိ၊ မိခင်ကို မေးပြီ။
အာမ တာတ၊ မှန်၏ ငါ့သား။
ဧတ္ထ တုမှာကံ ဉာတကာ နတ္ထိ၊ ဤအရပ်၌ သင်ချစ်သားတို့၏ ဆွေမျိုးတို့သည် မရှိကုန်။
ရာဇဂဟနဂရေ ပန ဓနသေဋ္ဌိ နာမ၊ ရာဇဂြိုဟ်မြို့၌ကား ဓနသေဋ္ဌိမည်သော သူဌေးသည်။
ဝေါ အယျကော၊ သင်ချစ်သားတို့၏ အဖိုးတည်း။
တတ္ထ တုမှာကံ၊ ထိုရာဇဂြိုဟ်မြို့၌ သင်ချစ်သားတို့၏။
ဉာတကာ ဗဟူတိ၊ ဆွေမျိုးတို့ကား များကုန်၏ဟု ပြောပြီ။
ကသ္မာ တတ္ထ၊ အဘယ့်ကြောင့် ထိုရာဇဂြိုဟ်မြို့သို့။
န ဂစ္ဆထ အမ္မာတိ၊ မသွားကုန်သနည်း အမေဟု မေးပြီ။
သာ အတ္တနော အဂမနကာရဏံ၊ ထိုအမျိုးသမီးသည် မိမိ၏မသွားခြင်းအကြောင်းကို။
ပုတ္တဿ အကထေတွာ၊ သားမဟာပန္ထကအား မပြောကြားမူ၍။
ပုတ္တေသု ပုနပ္ပုနံ ကထေန္တေသု၊ သားနှစ်ယောက်တို့သည် ထပ်ခါထပ်ခါ ပြောကြကုန်သော်။
"ဣမေ ဒါရကာ မံ၊ ဤသားငယ်တို့သည် ငါ့ကို။
အတိဝိယ ကိလမေန္တိ၊ အလွန်လျှင် စိတ်ပင်ပန်းစေကုန်၏။
နော မာတာပိတရော၊ ငါတို့၏ မိဖတို့သည်။
နော ဒိသွာ၊ ငါတို့ကို တွေ့မြင်၍။
မံသံ ခါဒိဿန္တိ ကိံ၊ အသားကို စားကြအံ့လော။
ဧဟိ ဒါရကာနံ၊ လာပါရှင် သားသူငယ်တို့အား။
အယျကကုလံ ဒဿေဿာမာတိ၊ အဖိုးအမျိုးကို ပြကြပါစို့ဟု ပြောပြီ။
အဟံ သမ္မုခါ ဘဝိတုံ န သက္ခိဿာမိ၊ ငါသည် သင့်ဖခင် မျက်မှောက်၌ ဖြစ်ခြင်းငှာ မစွမ်းနိုင်လတ္တံ့။
တံ ပန တတ္ထ နယိဿာမီတိ၊ နင့်ကိုကား ထိုဖခင်မြို့သို့ ပို့ပေးအံ့ ဟုပြောပြီ။
"သာဓု အယျ၊ ကောင်းပြီအရှင်။
ယေန ကေနစိ ဥပါယေန၊ တစ်မျိုးမျိုးသော နည်းလမ်းဖြင့်။
ဒါရကာနံ အယျကကုလမေဝ၊ သားငယ်တို့အား အဖိုးအမျိုးကိုသာ။
ဒဋ္ဌုံ ဝဋ္ဋတီတိ၊ တွေ့မြင်ရခြင်းငှာသင့်၏"ဟု ပြော၍။
ဒွေပိ ဇနာ ဒါရကေ အာဒါယ၊ လင်မယားနှစ်ယောက်တို့သည်လည်း သားငယ်တို့ကို ခေါ်ယူ၍။
အနုပုဗ္ဗေန ရာဇဂဟံ ပတွာ၊ အစဉ်အားဖြင့် ရာဇဂြိုဟ်မြို့သို့ ရောက်၍။
နဂရဒွါရေ ဧကိဿာ၊ မြို့တံခါး၌ တစ်ဆောင်သော။
သာလာယ နိဝါသံ ကတွာ၊ ဇရပ်၌နေမှုကို ပြု၍။
ဒါရကမာတာ ဒွေ ဒါရကေ ဂဟေတွာ၊ သူငယ်တို့မိခင်သည် သားနှစ်ယောက်တို့ကို ခေါ်ယူ၍။
အာဂတဘာဝံ မာတာပိတူနံ အာရောစာပေသိ၊ လာကြောင်းကို မိဖတို့အား ပြောကြားစေပြီ။
တေ တံ သာသနံ သုတွာ၊ ထိုမိဖတို့သည် ထိုသတင်းစကားကို ကြားရ၍။
"သံသာရေ ဝိစရန္တာနံ၊ သံသရာ၌ လည်ရသူတို့အား။
ပုတ္တော နာမ နတ္ထိ န၊ သားမည်သည် မရှိဖူးသည် မဟုတ်။
ဓီတာ နာမ နတ္ထိ န၊ သမီးမည်သည် မရှိဖူးသည် မဟုတ်။
တေ အမှာကံ မဟာပရာဓိကာ၊ ထိုသူနှစ်ယောက်တို့သည် ငါတို့၏အပေါ်၌ ကျူးလွန်ပြစ်, ကြီးမားများပြားကုန်၏။
တေဟိ အမှာကံ စက္ခုပထေ၊ ထိုသူနှစ်ယောက်တို့သည် မိဖဖြစ်သူငါတို့၏ မျက်စိလမ်းကြောင်း၌ (မျက်စိမြင်လောက်ရာ၌)။
ဌာတုံ န သက္ကာ၊ တည်ခြင်းငှာ မတတ်ကောင်းကုန်။
ဧတ္တကံ ဓနံ ပန ဂဟေတွာ၊ ဤမျှလောက်သော ဥစ္စာကိုကား ယူ၍။
ဒွေပိ ဇနာ ဖာသုကဋ္ဌာနံ၊ လင်မယားနှစ်ယောက်တို့သည်လည်း ချမ်းသာရာဌာနသို့။
ဂန္တွာ ဇီဝန္တု၊ သွား၍ အသက်မွေးကြကုန်။
ဒါရကေ ပန ဣဓ ပေသေန္တူတိ၊ ကလေးတို့ကိုကား ဤဖိုးဖွားအိမ်သို့ ပို့လိုက်ကြကုန်"ဟု ပြောကုန်ပြီ။
သေဋ္ဌိဓီတာ မာတာပိတူဟိ၊ သူဌေးသမီးသည် မိဖတို့သည်။
ပေသိတံ ဓနံ ဂဟေတွာ၊ ပို့စေအပ်သော ပစ္စည်းကို ယူ၍။
ဒါရကေ အာဂတဒူတာနံယေဝ၊ သားငယ်နှစ်ယောက်တို့ကို လာသောတမန်တို့၏သာ။
ဟတ္ထေ ဒတွာ ပေသေသိ၊ လက်၌ ပေး၍ ပို့လိုက်ပြီ။
ဒါရကာ အယျကကုလေ ဝဍ္ဎန္တိ၊ သူငယ်တို့သည် အဖိုးအဖွားအမျိုးထံ၌ ကြီးပြင်းကုန်၏။
တေသု စူဠပန္ထကော အတိဒဟရော၊ ထိုသူငယ်တို့တွင် စူဠပန္ထကသည် အလွန်ငယ်သေး၏။
မဟာပန္ထကော ပန အယျကေန သဒ္ဓိံ၊ မဟာပန္ထကသည်ကား အဖိုးနှင့်အတူ။
ဒသဗလဿ ဓမ္မကထံ၊ ဘုရားရှင်၏ တရားစကားကို။
သောတုံ ဂစ္ဆတိ၊ နာယူခြင်းငှာ သွား၏။
သတ္ထု သမ္မုခါ ဓမ္မံ၊ ဘုရားရှင်၏ မျက်မှောက်တော်၌ တရားကို။
နိစ္စံ သုဏန္တဿ တဿ၊ အမြဲနာယူသော ထိုမဟာပန္ထက၏။
စိတ္တံ ပဗ္ဗဇ္ဇာယ နမိ၊ စိတ်သည် ရှင်ပြုခြင်းငှာ ညွတ်ပြီ။
သော အယျကံ၊ ထိုမဟာပန္ထကသည် အဖိုးကို။
"သစေ တုမှေ သမ္ပဋိစ္ဆထ၊ အကယ်၍ သင်အဖိုးတို့သည် လက်ခံကုန်အံ့။
အဟံ ပဗ္ဗဇေယျန္တိ၊ ကျွန်တော် ရှင်ပြုပါအံ့"ဟု။
အာဟ၊ ပြောပြီ။
ကိံ ဝဒေသိ တာတ၊ ဘယ်လို ပြောသနည်း ငါ့မြေး။
သကလလောကဿ ပဗ္ဗဇ္ဇာတောပိ၊ တစ်လောကလုံး၏ ရှင်ပြုခြင်းထက်လည်း။
တဝ ပဗ္ဗဇ္ဇာ ဧဝ၊ သင်ငါ့မြေး၏ ရှင်ပြုခြင်းသည်သာ။
မယှံ ဘဒ္ဒိကာ၊ ငါအဖိုးအတွက် ကောင်းမြတ်၏။
သစေ သက္ကောသိ၊ အကယ်၍ စွမ်းနိုင်အံ့။
ပဗ္ဗဇ တာတာတိ သမ္ပဋိစ္ဆိတွာ၊ ရှင်ပြုလော့ ငါ့မြေးဟု လက်ခံ၍။
သတ္ထု သန္တိကံ ဂတော၊ ဘုရားရှင်၏ အထံသို့ ခေါ်သွားပြီ။
သတ္ထာ၊ မြတ်စွာဘုရားသည်။
"မဟာသေဋ္ဌိ ဒါရကော၊ အိုသူဌေးကြီး ကလေးငယ်ကို။
တေ လဒ္ဓေါ ကိံတိ၊ သင်သူဌေးကြီးသည် ရအပ်ပြီလောဟု မေးတော်မူပြီ။
အာမ ဘန္တေ အယံ ဒါရကော၊ မှန်ပါဘုရား ဤကလေးငယ်သည်ကား။
မယှံ နတ္တာ၊ တပည့်တော်၏ မြေးပါတည်း။
တုမှာကံ သန္တိကေ၊ ရှင်တော်ဘုရားတို့၏ အထံတော်၌။
ပဗ္ဗဇာမီတိ ဝဒတီတိ အာဟ၊ ရှင်ပြုမည်ဟု ပြောနေပါ၏ဟု လျှောက်ထားပြီ။
သတ္ထာ အညတရံ၊ ဘုရားရှင်သည် တစ်ပါးသော။
ပိဏ္ဍစာရိကံ ဘိက္ခုံ၊ ဆွမ်းခံလှည့်လည်သော ရဟန်းကို။
"ဣမံ ဒါရကံ ပဗ္ဗာဇေဟီတိ အာဏာပေသိ၊ ဤသူငယ်ကို ရှင်ပြုပေးလော့ဟု ခိုင်းတော်မူပြီ။
ထေရော တဿ၊ ဘုရားခိုင်းစေအပ်သော မထေရ်သည် ထိုမဟာပန္ထကအား။
တစပဉ္စကကမ္မဋ္ဌာနံ အာစိက္ခိတွာ ပဗ္ဗာဇေသိ၊ အရေလျှင်ငါးခုမြောက်ရှိသော ကမ္မဋ္ဌာန်းကို ဟောကြား၍ ရှင်ပြုပေးပြီ။
သော ဗဟုံ ဗုဒ္ဓဝစနံ၊ ထိုကိုရင်မဟာပန္ထကသည် များစွာသော ဘုရားစကားတော်ကို။
ဥဂ္ဂဏှိတွာ ပရိပုဏ္ဏဝဿော၊ သင်ယူ၍ အသက်ပြည့်သော်။
ဥပသမ္ပဒံ လဘိ၊ ရဟန်းအဖြစ်သို့ ရပြီ။
ဥပသမ္ပန္နော ဟုတွာ၊ ရဟန်းသည် ဖြစ်၍။
ယောနိသော မနသိကာရေ၊ အသင့်အားဖြင့် နှလုံးသွင်းမှု၌။
ကမ္မံ ကရောန္တော၊ အလုပ်ကို ပြုလုပ်သော်။
အရဟတ္တံ ပါပုဏိ၊ ရဟန္တာအဖြစ်သို့ ရောက်ပြီ။
သော ဈာနသုခေန မဂ္ဂသုခေန၊ ထိုမဟာပန္ထကထေရ်သည် ဈာန်ချမ်းသာဖြင့်လည်းကောင်း မဂ်ချမ်းသာဖြင့်လည်းကောင်း။
ဖလသုခေန ဝီတိနာမေန္တော၊ ဖိုလ်ချမ်းသာဖြင့်လည်းကောင်း ကုန်လွန်စေလျက်။
ဣမံ သုခံ စူဠပန္ထကဿ၊ ဤဈာန်မဂ်ဖိုလ် ချမ်းသာကို စူဠပန္ထကအား။
ဒါတုံ သက္ကာ နု ခေါတိ စိန္တေသိ၊ ပေးခြင်းငှာ တတ်ကောင်းအံ့လောဟု တွေးပြီ။
တတော အယျကသေဋ္ဌိဿ၊ ထိုသို့တွေးခြင်းကြောင့် အဖိုးသူဌေး၏။
သန္တိကံ ဂန္တွာ၊ အထံသို့ သွား၍။
"မဟာသေဋ္ဌိ သစေ၊ အိုသူဌေးကြီး အကယ်၍။
တုမှေ သမ္ပဋိစ္ဆထ၊ သင်သူဌေးကြီးတို့သည် လက်ခံကုန်အံ့။
အဟံ စူဠပန္ထကံ၊ ငါသည် စူဠပန္ထကကို။
ပဗ္ဗာဇေယျန္တိ အာဟ၊ ရှင်ပြုပေးအံ့"ဟု ပြောပြီ။
ပဗ္ဗာဇေထ ဘန္တေတိ၊ ရှင်ပြုပေးတော်မူပါကုန်ဘုရားဟု လျှောက်ထားပြီ။
ထေရော စူဠပန္ထကဒါရကံ ပဗ္ဗာဇေတွာ၊ မဟာပန္ထကထေရ်သည် စူဠပန္ထကညီသူငယ်ကို ရှင်ပြုပေးပြီး၍။
ဒသသု သီလေသု ပတိဋ္ဌာပေသိ၊ ဆယ်ပါးကုန်သော သီလတို့၌ တည်စေပြီ။
စူဠပန္ထကသာမဏေရော ပဗ္ဗဇိတွာဝ၊ စူဠပန္ထကသာမဏေသည် ရှင်ပြုပြီး၍သာ။
ဒန္ဓော အဟောသိ၊ ဉာဏ်လေးသည် ဖြစ်ပြီ။
သိယာ ပါတော၊ ရံခါ နံနက်စောစော၌။
ဖုလ္လံ အဝီတဂန္ဓံ၊ ပွင့်သောမကင်းသော အနံ့ရှိသော။
သုဂန္ဓံ ကောကနဒံ၊ ကောင်းသောအနံ့ရှိသော ကောကနဒမည်သော။
ပဒုမံ ယထာ၊ ပွင့်ချပ်တစ်ရာရှိ ကြာနီကိုကဲ့သို့လည်းကောင်း။
အန္တလိက္ခေ တပန္တံ၊ ကောင်းကင်၌ ထွန်းလင်းတောက်ပနေသော။
အာဒိစ္စံ ဣဝ၊ နေမင်းကိုကဲ့သို့လည်းကောင်း။
ဝိရောစမာနံ၊ တင့်တယ်သောမူသော။
အင်္ဂီရသံ ပဿ၊ ကိုယ်တော်မှ ထွက်သော တလက်လက် ရောင်ခြည်တော်ရှိတော်မူသော မြတ်စွာဘုရားကို လွန်စွာလေးနက်ယုံကြည်ချက်ဖြင့်, နှစ်သက်ပျော်ရွှင်, ဖူးမြင်ပါလော့။
(ဥပမာန ဥပမေယျ ပဒနှစ်ပါး စသော နိယံအားကိုး၍ ဤဂါထာနက်ကို ရေးလိုက်သည်)။
ဣမံ ဧကဂါထံ၊ ဤတစ်ဂါထာကို။
စတူဟိ မာသေဟိ၊ လေးလတို့ဖြင့်။
ဂဏှိတုံ နာသက္ခိ၊ ရအောင်သင်ယူခြင်းငှာ မစွမ်းနိုင်ပြီ။
သော ကဿပသမ္မာသမ္ဗုဒ္ဓကာလေ၊ ထိုရှင်စူဠပန္ထကသည် ကဿပဘုရားရှင် လက်ထက်တော်၌။
ပဗ္ဗဇိတွာ ပညဝါ ဟုတွာ၊ ရှင်ရဟန်းပြု၍ ဉာဏ်ရှိသူသည် ဖြစ်၍။
အညတရဿ ဒန္ဓဘိက္ခုနော၊ တစ်ပါးသော ဉာဏ်လေးသော ရဟန်းအား။
ဥဒ္ဒေသဂ္ဂဟဏကာလေ၊ ပါဠိတော်သင်ယူရာအခါ၌။
ပရိဟာသကေဠိံ အကာသိ ကိရ၊ ပြက်ရယ်ပြောင်လှောင်မှုကို ပြုခဲ့သတဲ့။
သော ဘိက္ခု တေန ပရိဟာသေန၊ ထိုဉာဏ်လေးသော ရဟန်းသည် ထိုပြက်ရယ်ပြုမှုကြောင့်။
လဇ္ဇိတော ဥဒ္ဒေသံ နေဝ ဂဏှိ၊ ရှက်၍ ပါဠိတော်ကို မသင်ယူပြီ။
သဇ္ဈာယံ န အကာသိ၊ ပြန်လှန်ရွတ်ဆိုမှုကို မပြုပြီ။
တေန ကမ္မေန အယံ၊ ထိုပြက်ရယ်ပြောင်လှောင်မှုကြောင့် ဤ ရှင်စူဠပန္ထကသည်။
ပဗ္ဗဇိတွာဝ ဒန္ဓော ဇာတော၊ ရှင်ပြုပြီး၍ပင် ဉာဏ်လေးသည် ဖြစ်ပြီ။
ဂဟိတဂဟိတံ ပဒံ၊ သင်ယူအပ်ပြီးသင်ယူအပ်ပြီးသော ရှေးခေါ်အောက်အောက်ပုဒ်သည်။
ဥပရိဥပရိ ပဒံ၊ နောက်ခေါ်အထက်အထက် ပုဒ်ကို။
ဂဏှန္တဿ နဿတိ၊ သင်ယူနေစဉ် မေ့ပျောက်သွား၏။
ဣမမေဝ ဂါထံ ဂဟေတုံ၊ ပဒုမံယထာစသော ဤဂါထာကိုပင် အရသင်ယူခြင်းငှာ။
ဝါယမန္တဿ တဿ၊ အားထုတ်နေဆဲဖြစ်သော ထိုရှင်စူဠပန္ထကအား။
စတ္တာရော မာသာ အတိက္ကန္တာ၊ လေးလတို့သည် လွန်ကုန်ပြီ။
အထ နံ၊ လေးလလွန်ရာထိုအခါ၌ ထိုရှင်စူဠပန္ထကကို။
စူဠပန္ထက တွံ၊ အိုစူဠပန္ထက သင်သည်။
ဣမသ္မိံ သာသနေ အဘဗ္ဗော၊ ဤသာသနာတော်၌ ကျွတ်ထိုက်သူမဟုတ်။
စတူဟိ မာသေဟိ ဧကမ္ပိ ဂါထံ၊ လေးလတို့ဖြင့် တစ်ဂါထာကိုပင်လည်း။
ဂဟေတုံ န သက္ကောသိ၊ ရအောင်သင်ယူခြင်းငှာ မစွမ်းနိုင်။
ပဗ္ဗဇိတကိစ္စံ ပန တွံ၊ ရဟန်းကိစ္စကိုကား သင်သည်။
ကထံ မတ္ထကံ ပါပေဿသိ၊ အဘယ်မှာလျှင် အထွဋ်အထိပ်သို့ ရောက်စေနိုင်အံ့နည်း။
ဣတော နိက္ခမ ဣတိ အာဟ ဣတိ၊ ဤကျောင်းမှ ထွက်လော့ဟု ပြောပြီ ဤသို့ပြောပြီး၍။
ဝိဟာရာ နိက္ကဍ္ဎိ၊ ကျောင်းမှ နှင်ထုတ်ပြီ။
စူဠပန္ထကော၊ ရှင်စူဠပန္ထကသည်။
ဗုဒ္ဓသာသနေ သိနေဟေန၊ ဘုရားသာသနာတော်၌ ချစ်မြတ်နိုးခြင်းကြောင့်။
ဂိဟိဘာဝံ န ပတ္ထေတိ၊ လူ့အဖြစ်ကို မတောင့်တ, မလိုချင်။
တသ္မိံ စ ကာလေ မဟာပန္ထကော၊ ထိုအခါ၌လည်း မဟာပန္ထကထေရ်သည်။
ဘတ္တုဒ္ဒေသကော ဟောတိ၊ ဆွမ်းညွန်းရဟန်းသည် ဖြစ်နေ၏။
ကောမာရဘစ္စော ဇီဝကော၊ အဘယမင်းသား မွေးစားအပ်သော ဇီဝကသည်။
ဗဟုံ ဂန္ဓမာလံ အာဒါယ၊ များစွာသော နံ့သာ,ပန်းကို ယူ၍။
အတ္တနော အမ္ဗဝနံ ဂန္တွာ၊ မိမိ၏ သရက်ဥယျာဉ်ကျောင်းသို့ သွား၍။
သတ္ထာရံ ပူဇေတွာ၊ ဘုရားရှင်ကို ပူဇော်၍။
ဓမ္မံ သုတွာ၊ တရားတော်ကို နာယူ၍။
အာသနာ ဥဋ္ဌာယ၊ နေရာမှ ထ၍။
ဒသဗလံ ဝန္ဒိတွာ၊ ဘုရားရှင်ကို ရှိခိုး၍။
မဟာပန္ထကံ ဥပသင်္ကမိတွာ၊ မဟာပန္ထကထေရ်သို့ ချဉ်းကပ်၍။
ဘန္တေ သတ္ထု သန္တိကေ၊ "အိုအရှင်ဘုရား ဘုရားရှင်၏အထံတော်၌။
ဘိက္ခူ ကိတ္တကာတိ ပုစ္ဆိ၊ ရဟန်းတို့သည် အဘယ်မျှ ရှိပါကုန်သနည်းဟု မေးလျှောက်ပြီ။
ပဉ္စမတ္တာနိ ဘိက္ခုသတာနီတိ၊ ရဟန်းငါးရာတို့တည်း ဟုဖြေပြီ။
"ဘန္တေ သွေ ဗုဒ္ဓပ္ပမုခါနိ၊ အိုအရှင်ဘုရား နက်ဖြန်၌ ဘုရားအမှူးရှိကုန်သော။
ပဉ္စဘိက္ခုသတာနိ အာဒါယ၊ ရဟန်းငါးရာတို့ကို ပင့်ယူ၍။
အမှာကံ နိဝေသနေ၊ တပည့်တော်ဇီဝကတို့၏ အိမ်၌။
ဘိက္ခံ ဂဏှထာတိ၊ ဆွမ်းကို ခံယူတော်မူပါကုန်"ဟု ပင့်လျှောက်ပြီ။
"ဥပါသက စူဠပန္ထကော နာမ ဘိက္ခု၊ အိုဥပါသကာ ဇီဝက စူဠပန္ထကမည်သော ရဟန်းသည်။
ဒန္ဓော အဝိရုဠှိဓမ္မော၊ ဉာဏ်လေး၏ မစည်ပင်ခြင်းသဘော ရှိ၏။
တံ ဌပေတွာ၊ ထိုစူဠပန္ထကကို ချန်ထား၍။
သေသာနံ နိမန္တနံ သမ္ပဋိစ္ဆာမီတိ၊ ကြွင်းကျန်သော ရဟန်းတို့အား ပင့်ဖိတ်ခြင်းကို လက်ခံ၏"ဟု။
ထေရော အာဟ၊ မဟာပန္ထကထေရ်သည် မိန့်ပြီ။
တံ သုတွာ စူဠပန္ထကော၊ မဟာပန္ထကထေရ်၏ ထိုစကားကိုကြားရ၍ စူဠပန္ထကသည်။
"ထေရော ဧတ္တကာနံ ဘိက္ခူနံ၊ ငါ့အစ်ကိုထေရ်သည် ဤမျှငါးရာအတိုင်းအရှည်ရှိကုန်သော ရဟန်းတို့အား။
နိမန္တနံ သမ္ပဋိစ္ဆန္တော၊ ပင့်ဖိတ်မှုကို လက်ခံသော်။
မံ ပရိဗာဟိရံ ကတွာ သမ္ပဋိစ္ဆတိ၊ ငါ့ကိုဘေးဖယ်သည်ကို ပြု၍ လက်ခံ၏။
နိဿံသယံ မယှံ၊ မချွတ် ငါ၏။
ဘာတိကဿ စိတ္တံ၊ အစ်ကို မဟာပန္ထက၏ မေတ္တာစိတ်သည်။
မယိ ဘိန္နံ ဘဝိဿတိ၊ ငါ့အပေါ်၌ ပျက်စီးသည် ဖြစ်လတ္တံ့။
ဣဒါနိ မယှံ၊ ယခုအခါ၌ ငါ့အား။
ဣမိနာ သာသနေန ကိံ၊ ဤသာသနာတော်ဖြင့် ဘာအကျိုးရှိအံ့နည်း။
ဂိဟီ ဟုတွာ၊ လူသည် ဖြစ်၍။
ဒါနာဒီနိ ပုညာနိ၊ ဒါနစကုန်သော ကောင်းမှုတို့ကို။
ကရောန္တော ဇီဝိဿာမီတိ စိန္တေသိ၊ ပြုလျက် အသက်မွေးအံ့"ဟု ကြံပြီ။
သော ပုနဒိဝသေ ပါတောဝ၊ ထိုစူဠပန္ထကသည် နောက်နေ့၌ စောစောပင်။
ဂိဟီ ဘဝိဿာမီတိ ပါယာသိ၊ လူသည် ဖြစ်အံ့ဟု သွားပြီ။
သတ္ထာ ပစ္စူသကာလေယေဝ၊ ဘုရားရှင်သည် လင်းအားကြီးကာလ၌ပင်။
လောကံ ဩလောကေန္တော၊ သတ္တလောကကို ကြည့်တော်မူသော်။
ဣမံ ကာရဏံ ဒိသွာ၊ ဤအကြောင်းကို သိမြင်တော်မူ၍။
ပဌမတရံ ဂန္တွာ၊ အထူးရှေးဦးစွာ ကြွတော်မူ၍။
စူဠပန္ထကဿ ဂမနမဂ္ဂေ၊ စူဠပန္ထက၏ သွားရာလမ်း၌။
ဒွါရကောဋ္ဌကေ စင်္ကမန္တော အဋ္ဌာသိ၊ တံခါးမုခ်၌ စင်္ကြံလျှောက်လျက် တည်တော်မူပြီ။
စူဠပန္ထကော ဃရံ ဂစ္ဆန္တော၊ စူဠပန္ထကသည် အဖိုးအိမ်သို့ သွားသော်။
သတ္ထာရံ ဒိသွာ၊ ဘုရားရှင်ကို မြင်၍။
ဥပသင်္ကမိတွာ ဝန္ဒိ၊ ချဉ်းကပ်၍ ရှိခိုးပြီ။
အထ နံ သတ္ထာ၊ ရှိခိုးရာထိုအခါ၌ ထိုစူဠပန္ထကကို ဘုရားရှင်သည်။
"စူဠပန္ထက တွံ ပန၊ အိုစူဠပန္ထက သင်သည်ကား။
ဣမာယ ဝေလာယ ကဟံ၊ ဤအချိန်၌ ဘယ်သို့။
ဂစ္ဆသီတိ အာဟ၊ သွားအံ့နည်း"ဟု မိန့်တော်မူပြီ။
ဘန္တေ မံ၊ အိုရှင်တော်ဘုရား တပည့်တော်ကို။
ဘာတာ နိက္ကဍ္ဎတိ၊ အကိုမဟာပန္ထကထေရ်သည် နှင်ထုတ်၏။
တေန အဟံ၊ ထိုသို့ နှင်ထုတ်ခြင်းကြောင့် တပည့်တော်သည်။
ဝိဗ္ဘမိတုံ ဂစ္ဆာမီတိ၊ လူထွက်ခြင်းငှာ သွားပါ၏ဟု လျှောက်ပြီ။
"စူဠပန္ထက တဝ ပဗ္ဗဇ္ဇာ နာမ၊ အိုစူဠပန္ထက သင်၏ ရှင်ရဟန်းအဖြစ်မည်သည်။
မမ သန္တကာ၊ ငါဘုရား၏ ပစ္စည်းတည်း။
ဘာတရာ နိက္ကဍ္ဎိတော၊ အစ်ကိုသည် နှင်ထုတ်အပ်သော်။
ကသ္မာ မမ သန္တိကံ နာဂဉ္ဆိ၊ အဘယ့်ကြောင့် ငါဘုရား၏အထံတော်သို့ မလာသနည်း။
ဧဟိ တေ ဂိဟိဘာဝေန ကိံ၊ လာလော့ သင့်အား လူ့အဖြစ်ဖြင့် ဘာအကျိုးရှိအံ့နည်း။
မမ သန္တိကေ ဘဝိဿသီတိ၊ ငါဘုရား၏ အထံတော်၌ ဖြစ်ရလတ္တံ့"ဟု မိန့်တော်မူ၍။
ဘဂဝါ စူဠပန္ထကံ၊ ဘုရားရှင်သည် စူဠပန္ထကကို။
အာဒါယ ဂန္တွာ၊ ခေါ်ယူ၍ ကြွတော်မူ၍။
ဂန္ဓကုဋိပ္ပမုခေ နိသီဒါပေတွာ၊ ဂန္ဓကုဋိဦး၌ ထိုင်စေ၍။
"စူဠပန္ထက တွံ၊ အိုစူဠပန္ထကသင်သည်။
ပုရတ္ထာဘိမုခေါ ဟုတွာ၊ အရှေ့အရပ်ရှေးရှုသော မျက်နှာရှိသည် ဖြစ်၍။
ဣမံ ပိလောတိကံ၊ ဤအဝတ်ကြမ်းကို။
ရဇောဟရဏံ ရဇောဟရဏန္တိ၊ ရဇောဟရဏံ ရဇောဟရဏံ ဟုဆို၍။
ပရိမဇ္ဇန္တော ဣဓေဝ ဟောဟီတိ၊ ဆုပ်နယ်လျက် ဤနေရာ၌ပင် ဖြစ်လော့"ဟုမိန့်၍။
ဣဒ္ဓိယာ အဘိသင်္ခတံ၊ တန်ခိုးဖြင့် ဖန်ဆင်းအပ်သော။
ပရိသုဒ္ဓံ ပိလောတိကာခဏ္ဍံ ဒတွာ၊ စင်ကြယ်သော အဝတ်ကြမ်းပိုင်းကို ပေးတော်မူ၍။
ကာလေ အာရောစိတေ၊ ဆွမ်းစားချိန်ကို လျှောက်ထားအပ်သော်။
ဘိက္ခုသင်္ဃပရိဝုတော၊ ရဟန်းအပေါင်း ခြံရံအပ်၍။
ဇီဝကဿ ဂေဟံ ဂန္တွာ၊ ဇီဝက၏ အိမ်သို့ ကြွတော်မူ၍။
ပညတ္တာသနေ နိသီဒိ၊ ခင်းထားအပ်သောနေရာ၌ ထိုင်နေတော်မူပြီ။
စူဠပန္ထကောပိ သူရိယံ ဩလောကေန္တော၊ စူဠပန္ထကသည်လည်း နေကို ကြည့်၍။
တံ ပိလောတိကာခဏ္ဍံ၊ ထိုအဝတ်ကြမ်းပိုင်းကို။
ရဇောဟရဏံ ရဇောဟရဏန္တိ၊ ရဇောဟရဏံ ရဇောဟရဏံဟု ဆို၍။
ပရိမဇ္ဇန္တော နိသီဒိ၊ ဆုပ်နယ်လျက် ထိုင်နေပြီ။
ပရိမဇ္ဇန္တဿ ပရိမဇ္ဇန္တဿ တဿ၊ ဆုပ်နယ်သော ဆုပ်နယ်သော ထိုစူဠပန္ထက၏။
တံ ပိလောတိကာခဏ္ဍံ ကိလိဋ္ဌံ အဟောသိ၊ ထိုအဝတ်ကြမ်းပိုင်းသည် ညစ်နွမ်းသည် ဖြစ်ပြီ။
တတော၊ ထို့နောင်မှ။
"ဣဒံ ပိလောတိကာခဏ္ဍံ၊ ဤအဝတ်ကြမ်းပိုင်းသည်။
အတိဝိယ ပရိသုဒ္ဓံ၊ အလွန်တရာပင် စင်ကြယ်၏။
ပန ဣမံ အတ္တဘာဝံ နိဿာယ၊ သို့သော်လည်း ဤခန္ဓာကိုယ်ကို မှီ၍။
ပုရိမပကတိံ ဝိဇဟိတွာ၊ အလွန်စင်ကြယ်သော ရှေ့သဘောကို စွန့်၍။
ဧဝံ ကိလိဋ္ဌံ ဇာတံ၊ ဤသို့ ညစ်နွမ်းသည် ဖြစ်ရပြီ။
သင်္ခါရာ အနိစ္စာ ဝတာတိ၊ သင်္ခါရတို့သည် မမြဲကုန်စွတကားဟု။
ခယဝယံ ပဋ္ဌပေန္တော၊ ကုန်မှုပျက်မှု သိသော ဝိပဿနာဉာဏ်ကို ဖြစ်စေလျက်။
ဝိပဿနံ ဝဍ္ဎေသိ၊ ဝိပဿနာကို ပွားစေပြီ။
သတ္ထာ၊ ဘုရားရှင်သည်။
"စူဠပန္ထကဿ စိတ္တံ၊ စူဠပန္ထက၏ စိတ်သည်။
ဝိပဿနံ အာရုဠှံ၊ ဝိပဿနာသို့ တက်ပြီ"။
ဣတိ ဉ တွာ၊ ဤသို့ သိတော်မူ၍။
"စူဠပန္ထက တွံ၊ အိုစူဠပန္ထက သင်သည်။
ဧတံ ပိလောတိကာခဏ္ဍမေဝ၊ ဤအဝတ်ကြမ်းပိုင်းသည်သာ။
သံကိဋ္ဌံ ရဇော ရဉ္ဇိတံ၊ ညစ်နွမ်းသည့် မြူဖြင့်ဆိုးအပ်သည်။
ဇာတန္တိ၊ ဖြစ်၏ဟု။
သညံ မာ ကရိ၊ အမှတ်သညာကို မပြုလင့်။
ပန တေ အဗ္ဘန္တရေ၊ အဟုတ်သော်ကား သင်၏ ကိုယ်တွင်း၌။
ရာဂရဇာဒယော အတ္ထိ၊ ရာဂမြူစသည်တို့သည် ရှိကုန်၏။
တေ ဟရာဟီတိ ဝတွာ၊ ထိုရာဂမြူစသည်တို့ကို ပယ်ရှားလော့"ဟု မိန့်တော်မူ၍။
ဩဘာသံ ဝိဿဇ္ဇေတွာ၊ ကိုယ်တောင်အရောင်အလင်းကို လွှတ်တော်မူ၍။
ပုရတော နိသိန္နောဝိယ၊ စူဠပန္ထကရှေ့၌ ထိုင်နေတော်မူဘိသကဲ့သို့။
ပညာယမာနရူပေါ ဟုတွာ၊ ထင်ရှားသောသဘောရှိသည် ဖြစ်၍။
ရာဂေါ ရဇော ဝုစ္စတိ၊ ရာဂကို ရဇဟူ၍ ခေါ်ဆိုအပ်၏။
ရေဏု န စ ပန ဝုစ္စတိ၊ မြူမှုန်ကို ရဇဟူ၍ မခေါ်ဆိုအပ်။
ရဇောတိ ဧတံ၊ ရဇဟူသော ဤနာမည်သည်။
ရာဂဿ အဓိဝစနံ၊ ရာဂ၏ နာမည်တည်း။
ဧတံ ရဇံ ဝိပ္ပဇဟိတွာ၊ ဤရာဂမြူကို အကြွင်းမဲ့ပယ်စွန့်ခြင်းကြောင့်။
ဘိက္ခဝေါ တေ၊ ရဟန်းဖြစ်တော်မူကြကုန်သော ထိုပုဂ္ဂိုလ်တို့သည်။
ဝိဂတရဇဿ သာသနေ ဝိဟရန္တိ၊ ရာဂမြူ အကြွင်းမဲ့ ကင်းတော်မူသော မြတ်စွာဘုရား၏ သာသနာတော်၌ နေတော်မူကြကုန်၏။
ဒေါသော ရဇော ဝုစ္စတိ၊ ဒေါသကို ရဇဟူ၍ ခေါ်ဆိုအပ်၏။
ရေဏု န စ ပန ဝုစ္စတိ၊ မြူမှုန်ကို ရဇဟူ၍ မခေါ်ဆိုအပ်။
ရဇောတိ ဧတံ၊ ရဇဟူသော ဤအမည်သည်။
ဒေါသဿ အဓိဝစနံ၊ ဒေါသ၏ နာမည်တည်း။
ဧတံ ရဇံ ဝိပ္ပဇဟိတွာ၊ ဤဒေါသမြူကို အကြွင်းမဲ့ပယ်စွန့်ခြင်းကြောင့်။
ဘိက္ခဝေါ တေ၊ ရဟန်းဖြစ်တော်မူကြကုန်သော ထိုပုဂ္ဂိုလ်တို့သည်။
ဝိဂတရဇဿ သာသနေ ဝိဟရန္တိ၊ ဒေါသမြူ အကြွင်းမဲ့ ကင်းတော်မူသော မြတ်စွာဘုရား၏ သာသနာတော်၌ နေတော်မူကြကုန်၏။
မောဟော ရဇော ဝုစ္စတိ၊ မောဟကို ရဇဟူ၍ ခေါ်ဆိုအပ်၏။
ရေဏု န စ ပန ဝုစ္စတိ၊ မြူမှုန်ကို ရဇဟူ၍ မခေါ်ဆိုအပ်။
ရဇောတိ ဧတံ၊ ရဇဟူသော ဤနာမည်သည်။
မောဟဿ အဓိဝစနံ၊ မောဟ၏ နာမည်တည်း။
ဧတံ ရဇံ ဝိပ္ပဇဟိတွာ၊ ဤမောဟမြူကို အကြွင်းမဲ့ပယ်စွန့်ခြင်းကြောင့်။
ဘိက္ခဝေါ တေ၊ ရဟန်းဖြစ်တော်မူကြကုန်သော ထိုပုဂ္ဂိုလ်တို့သည်။
ဝိဂတရဇဿ သာသနေ ဝိဟရန္တိ၊ မောဟမြူ အကြွင်းမဲ့ ကင်းတော်မူသော မြတ်စွာဘုရား၏ သာသနာတော်၌ နေတော်မူကြကုန်၏။
ဣမာ ဂါထာ အဘာသိ၊ ဤသုံးဂါထာတို့ကို ဟောတော်မူပြီ။
ဂါထာပရိယောသာနေ စူဠပန္ထကော၊ သုံးဂါထာတို့ အဆုံး၌ စူဠပန္ထကသည်။
ပဋိသမ္ဘိဒါဟိ သဟ၊ ပဋိသမ္ဘိဒါလေးပါးတို့နှင့်အတူ။
အရဟတ္တံ ပါပုဏိ၊ ရဟန္တာအဖြစ်သို့ ရောက်ပြီ။
ပဋိသမ္ဘိဒါဟိယေဝ အဿ၊ ပဋိသမ္ဘိဒါလေးပါးတို့နှင့် အတူသာလျှင် ထိုရှင်စူဠပန္ထကအား။
တီဏိ ပိဋကာနိ အာဂမံသု၊ ပိဋကသုံးပုံတို့သည် နှုတ်တက်အာဂုမ် ရောက်လာကုန်ပြီ။
သော ပုဗ္ဗေ ရာဇာ ဟုတွာ၊ ထိုအရှင်စူဠပန္ထကသည် ရှေး၌ မင်းသည် ဖြစ်၍။
နဂရံ ပဒက္ခိဏံ ကရောန္တော၊ မြို့ကို လက်ယာရစ်လှည့်လည်သည်ကို ပြုသော်။
နလာဋတော သေဒေ မုစ္စန္တေ၊ နဖူးမှ ချွေးသည် လွတ်သော်, ထွက်သော်။
ပရိသုဒ္ဓေန သာဋကေန၊ စင်ကြယ်သော အဝတ်ဖြင့်။
နလာဋန္တံ ပုဉ္ဆိ၊ နဖူးစွန်ကို သုတ်ပြီ။
သာဋကော ကိလိဋ္ဌော အဟောသိ၊ အဝတ်သည် ညစ်နွမ်းသည် ဖြစ်ပြီ။
သော၊ ရှင်စူဠပန္ထကအလောင်း ထိုမင်းသည်။
"ဣမံ သရီရံ နိဿာယ၊ ဤခန္ဓာကိုယ်ကို အမှီပြု၍။
ဧဝရူပေါ ပရိသုဒ္ဓေါ သာဋကော၊ ဤသို့သဘောရှိသော စင်ကြယ်သော အဝတ်သည်။
ပကတိံ ဝိဇဟိတွာ၊ ပင်ကိုရင်းသဘောကို စွန့်၍။
ကိလိဋ္ဌော ဇာတော၊ ညစ်နွမ်းသည် ဖြစ်ရပြီ။
သင်္ခါရာ အနိစ္စာဝတာတိ၊ သင်္ခါရတို့သည် မမြဲကုန်စွတကား"ဟု။
အနိစ္စသညံ ပဋိလဘိ ကိရ၊ အမှတ်သညာကို အဖန်ဖန်ရဖူးသတဲ့။
တေန ကာရဏေန အဿ၊ ထိုအကြောင်းကြောင့် ထိုရှင်စူဠပန္ထကအား။
ရဇောဟရဏမေဝ ပစ္စယော ဇာတော၊ ရဇောဟရဏကမ္မဋ္ဌာန်းသည်သာလျှင် မဂ်ဖိုလ်၏ အားကြီးသော အကြောင်းသည် ဖြစ်ပြီ။
ကောမာရဘစ္စော ဇီဝကောပိ ခေါ၊ အဘယမင်းသား မွေးစားအပ်သော ဇီဝကသည်လည်း။
ဒသဗလဿ ဒက္ခိဏောဒကံ ဥပနာမေသိ၊ မြတ်စွာဘုရားအား အလှူရေစက်ကို ဆက်ကပ်ပြီ။
သတ္ထာ၊ ဘုရားရှင်သည်။
"ဇီဝက ဝိဟာရေ ဘိက္ခူ အတ္ထီ နနု၊ အိုဇီဝက ကျောင်း၌ ရဟန်းတို့သည် ရှိကြသေးသည် မဟုတ်လော"။
ဣတိ ဟတ္ထေန ပတ္တံ ပိဒဟိ၊ ဤသို့မိန့်တော်မူ၍ လက်တော်ဖြင့် သပိတ်တော်ကို ပိတ်တော်မူပြီ။
မဟာပန္ထကော၊ ရှင်မဟာပန္ထကသည်။
"ဘန္တေ ဝိဟာရေ၊ အိုရှင်တော်ဘုရား ကျောင်း၌။
ဘိက္ခူ နတ္ထီတိ၊ ရဟန်းတို့သည် မရှိကြတော့ပါဟု။
အာဟ၊ လျှောက်ပြီ။
သတ္ထာ၊ ဘုရားရှင်သည်။
အတ္ထိ ဇီဝကာတိ အာဟ၊ ရှိကြသေး၏ ဇီဝက"ဟု မိန့်တော်မူပြီ။
ဇီဝကော၊ ဇီဝကသည်။
"ဘဏေ တေန ဟိ ဂစ္ဆ၊ အိုအချင်း ထိုသို့ဖြစ်လျှင် သွားချေ။
ဝိဟာရေ ဘိက္ခူနံ၊ ကျောင်း၌ ရဟန်းတို့၏။
အတ္ထိဘာဝံ ဝါ နတ္ထိဘာဝံ ဝါ ဇာနာဟီတိ၊ ရှိကြောင်းကိုလည်းကောင်း မရှိကြောင်းကိုလည်းကောင်း သိအောင်ပြုခဲ့လော့"ဟု မှာ၍။
ပုရိသံ ပေသေသိ၊ အမှုထမ်းယောကျ်ားကို စေခိုင်းပြီ။
တသ္မိံ ခဏေ စူဠပန္ထကော၊ ဇီဝကစေလွှတ်ရာ ထိုအခါ၌ ရှင်စူဠပန္ထကသည်။
"မယှံ ဘာတိကော၊ ငါ၏ အစ်ကို မဟာပန္ထကထေရ်သည်။
ဝိဟာရေ ဘိက္ခူ၊ ကျောင်း၌ ရဟန်းတို့သည်။
နတ္ထီတိ ဘဏတိ၊ မရှိပါကုန်ဟု လျှောက်၏။
ဝိဟာရေ ဘိက္ခူနံ၊ ကျောင်း၌ ရဟန်းတို့၏။
အတ္ထိဘာဝံ အဿ၊ ရှိကြောင်းကို ထိုနောင်တော် မဟာပန္ထကထေရ်အား။
ပကာသေဿာမီတိ၊ ငါပြအံ့"ဟု တွေး၍။
သကလံ အမ္ဗဝနံ၊ အလုံးစုံသော သရက်ဥယျာဉ်ကို။
ဘိက္ခူနံယေဝ ပူရေသိ၊ ရဟန်းတို့ဖြင့်သာ ပြည့်စေပြီ။
ဧကစ္စေ ဘိက္ခူ၊ အချို့ကုန်သော ရဟန်းတို့သည်။
စီဝရကမ္မံ ကရောန္တိ၊ သင်္ကန်းချုပ်မှုကို ပြုကုန်၏။
ဧကစ္စေ ရဇနကမ္မံ၊ ရဟန်းအချို့တို့သည် သင်္ကန်းဆိုးမှုကိုလည်းကောင်း။
ဧကစ္စေ သဇ္ဈာယံ ကရောန္တိ၊ ရဟန်းအချို့တို့သည် ရွတ်အံသရဇ္ဈာယ်မှုကိုလည်းကောင်း ပြုကုန်၏။
ဣတိ ဧဝံ အညမညံ အသဒိသံ၊ ဤကဲ့သို့ တစ်ပါးနှင့်တစ်ပါး အလုပ်မတူသော။
ဘိက္ခုသဟဿံ မာပေသိ၊ ရဟန်းတစ်ထောင်ကို ဖန်ဆင်းထားပြီ။
သော ပုရိသော ဝိဟာရေ၊ ခိုင်းလိုက်သော ထိုအမှုထမ်းယောကျ်ားသည် ကျောင်း၌။
ဗဟူ ဘိက္ခူ ဒိသွာ၊ ရဟန်းများစွာတို့ကို တွေ့မြင်ရ၍။
နိဝတ္တိတွာ၊ ပြန်နစ်၍, အိမ်ပြန်လာ၍။
"အယျ သကလံ အမ္ဗဝနံ၊ သခင်ကြီး သရက်ဥယျာဉ်တစ်ခုလုံးသည်။
ဘိက္ခူဟိ ပရိပုဏ္ဏန္တိ၊ ရဟန်းတို့ဖြင့် ပြည့်နေပါ၏"ဟု။
ဇီဝကဿ အာရောစေသိ၊ ဇီဝကအား ပြောကြားပြီ။
ထေရောပိ ပန္ထကော၊ ရှင်စူဠပန္ထကထေရ်သည်လည်း။
ရမ္မေ တတ္ထေဝ အမ္ဗဝနေ၊ မွေ့လျော်ရာဖြစ်သော ထိုသရက်ဥယျာဉ်၌ပင်။
အတ္တာနံ၊ မိမိကိုယ်ကို။
သဟဿက္ခတ္တုံ နိမ္မိနိတွာန၊ အကြိမ်တစ်ထောင် ဖန်ဆင်း၍။
ယာဝ ကာလပ္ပဝေဒနာ၊ ဆွမ်းစာရာ ကာလကို သိစေရာအချိန်တိုင်အောင်။
နိသီဒိ၊ နေပြီ။
ဣတိ၊ ဤကား မှတ်သားဖို့ ကဗျာတည်း။
အထ သတ္ထာ တံ ပုရိသံ၊ ဇီဝကအား ပြောကြားရာထိုအခါ၌ ဘုရားရှင်သည် ထိုအပင့်သွားသော ယောကျ်ားကို။
"ဝိဟာရံ ဂန္တွာ၊ ကျောင်းသို့ သွား၍။
သတ္ထာ စူဠပန္ထကံ နာမ၊ ဘုရားရှင်သည် စူဠပန္ထကမည်သော ရဟန်းကို။
ပက္ကောသတီတိ၊ ခေါ်တော်မူ၏ဟု။
ဝဒေဟီတိ အာဟ၊ လျှောက်ထားလော့"ဟု မိန့်တော်မူပြီ။
တေန ဂန္တွာ တထာဝုတ္တေ၊ ထိုအပင့်သွားယောကျ်ားသည် ကျောင်းသွား၍ ဘုရားရှင် ထိုမိန့်မှာတိုင်း လျှောက်ထားအပ်သော်။
အဟံ စူဠပန္ထကော၊ ငါသည် စူဠပန္ထကတည်း။
အဟံ စူဠပန္ထကောတိ၊ ငါသည် စူဠပန္ထကတည်းဟု။
မုခသဟဿံ ဥဋ္ဌဟိ၊ ပါးစပ်တစ်ထောင်သည် ပြော, ထပြီ။
ပုရိသော ဂန္တွာ၊ အပင့်သွားယောကျ်ားသည် ဘုရားရှင်ထံ ပြန်သွား၍။
"ဘန္တေ တေ သဗ္ဗေပိ၊ အိုရှင်တော်ဘုရား ထိုရဟန်းအားလုံးတို့သည်လည်း။
စူဠပန္ထကာယေဝ နာမာတိ အာဟ၊ စူဠပန္ထကမည်ကုန်သည်ချည်းတဲ့"ဟု လျှောက်ထားပြီ။
တေန ဟိ တွံ ဂန္တွာ၊ ထိုသို့ဖြစ်လျှင် သင်ယောကျ်ားသည် သွား၍။
ယော ပဌမံ၊ အကြင်ရဟန်းသည် ပထမဆုံး။
အဟံ စူဠပန္ထကောတိ ဝဒတိ၊ ငါသည် စူဠပန္ထကတည်းဟု ပြောဆို၏။
တံ ဟတ္ထေ ဂဏှ၊ ပထမဆုံး စူဠပန္ထကဟုပြောသော ထိုရဟန်းကို လက်၌ကိုင်လော့။
အဝသေသာ အန္တရဓာယိဿန္တီတိ၊ ကျန်ရဟန်းတို့သည် ကွယ်ပျောက်သွားကြလိမ့်မည်ဟု မိန့်တော်မူပြီ။
သော တထာ အကာသိ၊ ထိုအပင့်သွားယောကျ်ားသည် ဘုရားမှာတော်မူသော ထိုအခြင်းအရာအားဖြင့် ပြုပြီ။
တာဝဒေဝ သဟဿမတ္တာ၊ ပထမပြောသည့် ရဟန်းလက်ကို ထိုကိုင်လိုက်ရာ ခဏ၌ပင် တစ်ထောင်အတိုင်းအရှည် ရှိကုန်သော။
ဘိက္ခူ အန္တရဓာယိံသု၊ ရဟန်းတို့သည် ကွယ်ပျောက်ကုန်ပြီ။
ထေရော တေန ပုရိသေန၊ စူဠပန္ထကထေရ်သည် ထိုအပင့်လာသော ယောကျ်ားနှင့်။
သဒ္ဓိံ အဂမာသိ၊ အတူ ဆွမ်းစားကြွသွားပြီ။
သတ္ထာ ဘတ္တကိစ္စပရိယောသာနေ ဇီဝကံ၊ ဘုရားရှင်သည် ဆွမ်းကိစ္စအပြီး၌ ဇီဝကကို။
"ဇီဝက စူဠပန္ထကဿ၊ အိုဇီဝက စူဠပန္ထက၏။
ပတ္တံ ဂဏှ၊ သပိတ်ကို ယူလော့။
အယံ တေ၊ ဤစူဠပန္ထကသည် သင့်အား။
အနုမောဒနံ ကရိဿတီတိ၊ အနုမောဒနာတရား ဟောခြင်းကို ပြုလိမ့်မည်ဟု မိန့်ပြီ။
ဇီဝကော တထာ အကာသိ၊ ဇီဝကသည် ဘုရားမိန့်တော်မူသည့် ထိုအခြင်းအရာအားဖြင့် ပြုပြီ။
ထေရော သီဟနာဒံ၊ စူဠပန္ထကမထေရ်သည် ခြင်္သေ့တို့ဟိန်းဟောက်သံကို။
နဒန္တော တရုဏသီဟော ဝိယ၊ ဟိန်းဟောက်သော ခြင်္သေ့ပျိုကဲ့သို့။
တီဏိ ပိဋကာနိ သံခေါဘေတွာ၊ ပိဋကသုံးပုံတို့ကို မွှေနှောက်ချောက်ချားစေ၍။
အနုမောဒနံ အကာသိ၊ အနုမောဒနာတရားဟောခြင်းကို ပြုပြီ။
သတ္ထာ အာသနာ ဥဋ္ဌာယ၊ ဘုရားရှင်သည် နေရာမှ ထတော်မူ၍။
ဘိက္ခုသင်္ဃပရိဝါရော ဝိဟာရံ ဂန္တွာ၊ ရဟန်းအပေါင်းအခြံအရံရှိ၍ ကျောင်းသို့ ကြွတော်မူ၍။
ဘိက္ခူဟိ ဝတ္တေ ဒဿိတေ၊ ရဟန်းတို့သည် ဝတ်ကြီးဝတ်ငယ်ကို ပြအပ်ပြီးသော်။
အာသနာ ဥဋ္ဌာယ၊ နေရာမှ ထတော်မူ၍။
ဂန္ဓကုဋိပ္ပမုခေ ဌတွာ၊ ဂန္ဓကုဋိဦး၌ ရပ်တော်မူ၍။
ဘိက္ခုသံဃဿ သုဂတောဝါဒံ ဒတွာ၊ ရဟန်းအပေါင်းအား ဘိက္ခဝေ အပ္ပမာဒေန စသော ဘုရားတို့ဩဝါဒကို ပေးတော်မူ၍။
ကမ္မဋ္ဌာနံ ကထေတွာ၊ ကမ္မဋ္ဌာန်းကို ဟောတော်မူ၍။
ဘိက္ခုသံဃံ ဥယျောဇေတွာ၊ ရဟန်းအပေါင်းကို လွှတ်လိုက်တော်မူ၍။
သုရဘိဂန္ဓဝါသိတံ ဂန္ဓကုဋိံ ပဝိသိတွာ၊ ကောင်းသော အနံ့တို့ဖြင့် ထုံမွှမ်းအပ်သော ဂန္ဓကုဋီသို့ ဝင်တော်မူ၍။
ဒက္ခိဏေန ပဿေန၊ လက်ယာဖြစ်သော နံပါးဖြင့်။
သီဟသေယျံ ဥပဂတော၊ မြင့်မြတ်သော ကိန်းစက်ခြင်းသို့ ကပ်ရောက်တော်မူပြီ။
အထ သာယနှသမယေ၊ ကပ်ရောက်ပြီးရာ ထိုအခါ၌ ညနေချမ်းအခါ၌။
ဓမ္မသဘာယံ ဘိက္ခူ၊ တရားသဘင်၌ ရဟန်းတို့သည်။
ဣတော စိတော စ သမောသရိတွာ၊ ထိုမှဤမှလည်း သက်ရောက်စုဝေးတော်မူကြ၍။
ရတ္တကမ္ဗလသာဏိံ ပရိက္ခိပန္တာ ဝိယ နိသီဒိတွာ၊ ကမ္ဗလာနီတင်းတိမ်ကို ကာရန်ကုန်ဘိသကဲ့သို့ နေကြ၍။
"အာဝုသော မဟာပန္ထကော၊ အို ငါ့ရှင်တို့ မဟာပန္ထကထေရ်သည်။
စူဠပန္ထကဿ အဇ္ဈာသယံ အဇာနန္တော၊ စူဠပန္ထက၏ အလိုဆန္ဒကို မသိ၍။
စတူဟိ မာသေဟိ၊ လေးလတို့ဖြင့်။
ဧကဂါထံ ဂဏှိတုံ န သက္ကောတိ၊ တစ်ဂါထာကို ရအောင်သင်ပေးခြင်းငှာ မစွမ်းနိုင်။
အယံ ဒန္ဓောတိ၊ ဤစူဠပန္ထကသည် ဉာဏ်လေး၏ဟု။
ဝိဟာရာ နိက္ကဍ္ဎိ၊ ကျောင်းမှ နှင်ထုတ်ပြီ။
သမ္မာသမ္ဗုဒ္ဓေါ ပန အတ္တနော၊ ဘုရားရှင်သည်ကား မိမိ၏။
အနုတ္တရဓမ္မရာဇတာယ အဿ၊ အမြတ်ဆုံးတရားမင်း၏အဖြစ်ကြောင့် ထိုစူဠပန္ထကအား။
ဧကသ္မိံယေဝ အန္တရဘတ္တေ၊ ဆွမ်းတစ်ထပ်စာ အကြား၌ပင်။
ပဋိသမ္ဘိဒါဟိ သဟ၊ ပဋိသမ္ဘိဒါလေးပါးတို့နှင့် အတူ။
အရဟတ္တံ အဒါသိ၊ ရဟန္တာအဖြစ်သို့ ပေးတော်မူပြီ။
တီဏိ ပိဋကာနိ၊ ပိဋကသုံးပုံတို့သည်။
ပဋိသမ္ဘိဒါဟိယေဝ အာဂတာနိ၊ ပဋိသမ္ဘိဒါလေးပါးတို့နှင့် အတူသာ လာကုန်ပြီ။
ဗုဒ္ဓါနံ ဗလံ နာမ၊ ဘုရားရှင်တို့၏ စွမ်းအားတော် မည်သည်ကား။
အဟော မဟန္တန္တိ၊ အော် ကြီးကျယ်မြင့်မြတ်ပါပေစွ"ဟု။
သတ္ထု ဂုဏကထံ အာရဘိံသု၊ ဘုရားရှင်၏ ဂုဏ်တော်နှင့်စပ်သောစကားကို အားထုတ်ပြောကြားကုန်ပြီ။
အထ ဘဂဝါ၊ ထိုအခါ၌ ဘုရားရှင်သည်။
ဓမ္မသဘာယံ၊ တရားသဘင်၌။
ဣမံ ကထာပဝတ္တိံ ဉ တွာ၊ ဤစကားဖြစ်နေသည်ကို သိတော်မူ၍။
အဇ္ဇ မယာ ဂန္တုံ ဝဋ္ဋတီတိ၊ ယခု ငါဘုရားသည် သွားခြင်းငှာ သင့်၏ဟု ဆင်ခြင်တော်မူ၍။
ဗုဒ္ဓသေယျာယ ဥဋ္ဌာယ၊ ဘုရားတို့ကိန်းစက်မှုမှ ထတော်မူ၍။
သုရတ္တဒုပဋ္ဋံ နိဝါသေတွာ၊ ကောင်းစွာနီမြန်းသော နှစ်ထပ်သင်းပိုင်ကို ပြင်ဝတ်တော်မူ၍။
ရတ္တကမ္ဗလသဒိသံ သုဂတမဟာစီဝရံ ပါရုပိတွာ၊ ကမ္ဗလာနီနှင့်တူသော ဘုရားသင်္ကန်းတော်ကြီးကို ရုံတော်မူ၍။
သုရဘိဂန္ဓကုဋိတော နိက္ခမ္မ၊ ကောင်းသောအနံံရှိသော ဂန္ဓကုဋိတိုက်တော်မှ ထွက်တော်မူ၍။
မတ္တဝါရဏော ဝိယ၊ အမုန်ယစ်သော ဆင်ပြောင်ကြီးကဲ့သို့လည်းကောင်း။
သီဟဝိက္ကန္တဝိလာသေန ဝိဇမ္ဘမာနော သီဟော ဝိယ၊ ခြင်္သေ့တို့၏ရဲရင့်သော တင့်တယ်မှုဖြင့် ကိုယ်လက်ဆန့်တန်းသော ခြင်္သေ့ကဲ့သို့လည်းကောင်း။
အနန္တာယ ဗုဒ္ဓလီလာယ၊ အဆုံးအပိုင်းအခြား မရှိသော ဘုရားတို့၏ တင့်တယ်ခြင်းဖြင့်။
ဓမ္မသဘံ ဂန္တွာ၊ တရားသဘင်သို့ ကြွတော်မူ၍။
အလင်္ကတမဏ္ဍပမဇ္ဈေ၊ တန်ဆာဆင်အပ်သော မဏ္ဍပ်အလယ်၌။
သုပညတ္တဝရဗုဒ္ဓါသနံ အဘိရုယှ၊ ကောင်းစွာခင်းထားအပ်သော မြတ်သော ဘုရားနေရာတော်သို့ တက်တော်မူ၍။
ဆဗ္ဗဏ္ဏဗုဒ္ဓရသ္မိယော ဝိဿဇ္ဇေန္တော၊ ခြောက်သွယ်သောဘုရားရောင်ခြည်တော်တို့ကို လွှတ်တော်မူလျက်။
အဏ္ဏဝကုစ္ဆိံ ဩဘာသယမာနော၊ ပင်လယ်ဝမ်းဗိုက်ခေါ်သည့် ပင်လယ်အလယ်ခေါင်ကို ထွန်းလင်းတောက်ပစေသော။
ယုဂန္ဓရမတ္ထကေ ဗာလသူရိယော ဝိယ၊ ယုဂန်ဓိုရ်တောင်ထိပ်က နေလုလင်ကဲ့သို့။
အာသနမဇ္ဈေ နိသီဒိ၊ နေရာအလယ်၌ ထိုင်တော်မူပြီ။
သမ္မာသမ္ဗုဒ္ဓေ အာဂတမတ္တေ ပန၊ ဘုရားရှင်သည် လာကာမျှ ဖြစ်သော်ကား။
ဘိက္ခုသင်္ဃော ကထံ ပစ္ဆိန္ဒိတွာ၊ ရဟန်းအပေါင်းသည် ပြောလက်စစကားကို ဖြတ်၍။
တုဏှီ အဟောသိ၊ တိတ်တိတ်ဆိတ်ဆိတ်သည် ဖြစ်ပြီ။
သတ္ထာ မုဒုကေန မေတ္တစိတ္တေန၊ ဘုရားရှင်သည် နူးညံ့သော မေတ္တာစိတ်ဖြင့်။
ပရိသံ ဩလောကေတွာ၊ ပရိသတ်ကို ကြည့်တော်မူ၍။
"အယံပရိသာ အတိဝိယ သောဘတိ၊ ဤရဟန်းပရိသတ်သည် အလွန်ပင် တင့်တယ်၏။
ဧကဿပိ ဟတ္ထကုက္ကုစ္စံ ဝါ ပါဒကုက္ကုစ္စံ ဝါ၊ ရဟန်းတစ်ပါး၏သော်မှလည်း လက်၏မကောင်းသော အပြုအမူသည်လည်းကောင်း ခြေထောက်၏ မကောင်းသော အပြုအမူသည်လည်းကောင်း။
ဥက္ကာသိတသဒ္ဒေါ ဝါ ခိပိတသဒ္ဒေါ ဝါ နတ္ထိ၊ ချောင်းဆိုးသံသည်လည်းကောင်း ချေဆတ်သံသည်လည်းကောင်း မရှိ။
သဗ္ဗေပိ ဣမေ ဗုဒ္ဓဂါရဝေန သဂါရဝါ၊ ဤရဟန်းအားလုံးတို့သည်လည်း ဘုရားရိုသေလေးစားမှုဖြင့် ဂါရဝတရားရှိကြ၍။
ဗုဒ္ဓတေဇေန တဇ္ဇိတာ၊ ငါဘုရားတန်ခိုး အခြိမ်းအခြောက်ခံရကုန်၍။
မယိ အာယုကပ္ပမ္ပိ၊ ငါဘုရားသည် အာယုကပ်ပတ်လုံးလည်း။
အကထေတွာ နိသိန္နေ၊ မပြောမူ၍ ထိုင်နေတော်မူသော်။
ပဌမံ ကထံ၊ စပြောသော စကားကို။
သမုဋ္ဌာပေတွာ န ကထေဿန္တိ၊ ဖြစ်စေ၍ မပြောကုန်လတ္တံ့။
ကထာသမုဋ္ဌာပနဝတ္တံ နာမ၊ စကားစတင်ဖြစ်စေသည့် ကျင့်ဝတ်မည်သည်ကို။
မယာဝ ဇာနိတဗ္ဗံ၊ ငါဘုရားသည်ပင် သိထိုက်၏။
အဟမေဝ ပဌမံ၊ ငါဘုရားသည်သာ ရှေးဦးစွာ။
ကထေဿာမီတိ၊ ပြောတော်မူအံ့"ဟု ဆင်ခြင်တော်မူ၍။
မဓုရေန ဗြဟ္မဿရေန၊ သာယာချိုမြိန်သော မြင့်မြတ်သောအသံတော်ဖြင့်။
ဘိက္ခူ အာမန္တေတွာ၊ ရဟန်းတို့ကို ခေါ်တော်မူ၍။
"ဘိက္ခဝေ ဧတရဟိ၊ ထိုရဟန်းတို့ ယခုအခါ၌။
ကာယ ကထာယ၊ အဘယ်မည်သော စကားဖြင့်။
သန္နိသိန္နာ အတ္ထ နု၊ ကောင်းစွာထိုင်နေကုန်သည် ဖြစ်ကြသနည်း။
ဝေါ ဝိပ္ပကတာ၊ သင်တို့၏ ပြောမပြီးသေးသော။
အန္တရာကထာ ကာ စ ပန၊ ကြားစကားသည် အဘယ်သည်လေနည်း။"
ဣတိ အာဟ၊ ဤသို့ မေးတော်မူပြီ။
"ဘန္တေ မယံ၊ ရှင်တော်ဘုရား တပည့်တော်တို့သည်။
ဣမသ္မိံ ဌာနေ နိသိန္နာ၊ ဤနေရာ၌ ထိုင်နေကြပြီး၍။
အညံ တိရစ္ဆာနကထံ န ကထေမ၊ အခြားသော မဂ်ဖိုလ်ကန့်လန့်စကားကို မပြောဆိုပါကုန်။
ပန တုမှာကံ ဂုဏေယေဝ၊ အဟုတ်သော်ကား ရှင်တော်ဘုရားတို့၏ ဂုဏ်တော်တို့ကိုသာ။
'အာဝုသော မဟာပန္ထကော၊ ငါ့ရှင်တို့ ရှင်မဟာပန္ထကသည်။
စူဠပန္ထကဿ အဇ္ဈာသယံ အဇာနန္တော၊ ရှင်စူဠပန္ထက၏ စိတ်ဆန္ဒကို မသိ၍။
စတူဟိ မာသေဟိ ဧကံဂါထံ၊ လေးလတို့ဖြင့် တစ်ဂါထာကို။
ဂဏှိတုံ န သက္ကောတိ၊ သင်ယူခြင်းငှာ ဤစူဠပန္ထကမစွမ်းနိုင်။
အယံ ဒန္ဓောတိ၊ ဤစူဠပန္ထကသည် ဉာဏ်လေး၏ဟု။
ဝိဟာရာ နိက္ကဍ္ဎိ၊ ကျောင်းမှ နှင်ထုတ်ပြီ"။
သမ္မာသမ္ဗုဒ္ဓေါ ပန အနုတ္တရဓမ္မရာဇတာယ၊ ဘုရားရှင်သည်ကား အမြတ်ဆုံးတရားမင်း၏ အဖြစ်ကြောင့်။
အဿ ဧကသ္မိံယေဝ အန္တရဘတ္တေ၊ ထိုရှင်စူဠပန္ထကအား ဆွမ်းတစ်ထပ်စာ အကြား၌ပင်။
ပဋိသမ္ဘိဒါဟိ သဟ၊ ပဋိသမ္ဘိဒါလေးပါးတို့နှင့် အတူ။
အရဟတ္တံ အဒါသိ၊ ရဟန္တာအဖြစ်သို့ ပေးပြီ။
ဗုဒ္ဓါနံ ဗလံ နာမ၊ ဘုရားရှင်တို့၏ စွမ်းအားမည်သည်။
အဟော မဟန္တန္တိ၊ အော် ကြီးကျယ်မြင့်မြတ်လှပါပေစွ'ဟု။
ဝဏ္ဏယမာနာ နိသိန္နာ အမှ၊ ချီးမွမ်းပြောဆိုကြလျက် ထိုင်နေကုန်သည် ဖြစ်ကုန်၏"။
ဣတိ၊ ဤသို့ လျှောက်ထားကုန်ပြီ။
သတ္ထာ ဘိက္ခူနံ၊ ဘုရားရှင်သည် ရဟန်းတို့၏။
ကထံ သုတွာ၊ စကားကို ကြားတော်မူ၍။
"ဘိက္ခဝေ စူဠပန္ထကော၊ အိုရဟန်းတို့ စူဠပန္ထကသည်။
မံ နိဿာယ၊ ငါဘုရားကို မှီ၍။
ဣဒါနိ တာဝ ဓမ္မေသု၊ ယခုအခါ၌ ရှေးဦးစွာ မဂ်ဖိုလ်တရားတို့၌။
ဓမ္မမဟန္တတံ ပတ္တော၊ တရားအားဖြင့် ကြီးကျယ်မြင့်မြတ်သူ အဖြစ်သို့ ရောက်ပြီ။
ပုဗ္ဗေ ပန မံ နိဿာယ၊ ရှေး၌ကား ငါဘုရားကို မှီ၍။
ဘောဂေသုပိ၊ လောကီဥစ္စာတို့၌လည်း။
ဘောဂမဟန္တတံ ပါပုဏီတိ အာဟ၊ ဥစ္စာအားဖြင့် ကြီးကျယ်မြင့်မြတ်သူအဖြစ်သို့ ရောက်ဖူးပြီ"ဟု မိန့်တော်မူပြီ။
ဘိက္ခူ တဿ အတ္ထဿ အာဝိဘာဝတ္ထံ၊ ရဟန်းတို့သည် ထိုဝတ္ထုကြောင်း၏ ထင်ရှားဖြစ်ခြင်းငှာ။
ဘဂဝန္တံ ယာစိံသု၊ ရှင်တော်ဘုရားကို တောင်းပန်ကုန်ပြီ။
ဘဂဝါ ဘဝန္တရေန ပဋိစ္ဆန္နံ၊ ဘုရားရှင်သည် ဘဝတစ်ပါးဖြင့် ဖုံးလွှမ်းအပ်သော။
ကာရဏံ ပါကဋံ အကာသိ၊ အကြောင်းအရာကို ထင်ရှားသည်ကို ပြုတော်မူပြီ။
အတီတေ ကာသိရဋ္ဌေ၊ ရှေးလွန်လေပြီးသောအခါ၌ ကာသိတိုင်း၌။
ဗာရာဏသိယံ ဗြဟ္မဒတ္တေ၊ ဗာရာဏသီမြို့၌ ဗြဟ္မဒတ်မင်းသည်။
ရဇ္ဇံ ကာရေန္တေ၊ မင်းအဖြစ်ကို ပြုသော်။
ဗောဓိသတ္တော သေဋ္ဌိကုလေ နိဗ္ဗတ္တိတွာ၊ ဘုရားလောင်းသည် သူဌေးမျိုး၌ ဖြစ်၍။
ဝယပ္ပတ္တော သေဋ္ဌိဋ္ဌာနံ လဘိတွာ၊ အရွယ်ရောက်သော် သူဌေးရာထူးကို ရ၍။
စူဠသေဋ္ဌိ နာမ အဟောသိ၊ စူဠသူဌေးမည်သည် ဖြစ်ပြီ။
သော ပဏ္ဍိတော ဗျတ္တော၊ ထိုစူဠသူဌေးသည် ပညာရှိ၏ ကျွမ်းကျင်၏။
သဗ္ဗနိမိတ္တာနိ ဇာနာတိ၊ နိမိတ်အားလုံးတို့ကို နားလည်၏။
သော ဧကဒိဝသံ၊ ထိုစူဠသူဌေးသည် တစ်နေ့သ၌။
ရာဇုပဋ္ဌာနံ ဂစ္ဆန္တော၊ မင်းခစားဖို့ သွားသော်။
အန္တရဝီထိယံ မတမူသိကံ ဒိသွာ၊ နန်းတော်မရောက်မီ လမ်းအကြား၌ ကြွက်သေကို မြင်၍။
တင်္ခဏညေဝ နက္ခတ္တံ သမာနေတွာ၊ ကြွက်သေမြင်ရာ ထိုခဏ၌ပင် နက္ခတ်ကို တွက်ချက်၍။
"စက္ခုမတာ ကုလပုတ္တေန၊ ပညာမျက်စိရှိသော အမျိုးကောင်းသားသည်။
ဣမံ ဥန္ဒူရံ ဂဟေတွာ၊ ဤကြွက်သေကို ယူ၍။
ပုတ္တဒါရဘရဏဉ္စ ကာတုံ၊ သားသမီးမယားကျွေးမွေးခြင်းကိုလည်း ပြုခြင်းငှာ။
ကမ္မန္တေ စ ပယောဇေတုံ၊ စီးပွားရေးလုပ်ငန်းတို့ကိုလည်း ပြုလုပ်ခြင်းငှာ။
သက္ကာတိ ဣဒံ အာဟ၊ စွမ်းနိုင်၏"ဟူသော ဤစကားကို ပြောပြီ။
အညတရော ဒုဂ္ဂတကုလပုတ္တော၊ တစ်ယောက်သော ဆင်းရဲသောအမျိုးကောင်းသားသည်။
သေဋ္ဌိဿ တံ ဝစနံ သုတွာ၊ စူဠသူဌေး၏ ထိုစကားကို ကြားရ၍။
အယံ အဇာနိတွာ န ကထေဿတီတိ၊ ဤစူဠသူဌေးသည် မသိဘဲ မပြောလတ္တံ့ဟု တွေး၍။
တံ မူသိကံ ဂဟေတွာ၊ ထိုကြွက်သေကို ကောက်ယူ၍။
ဧကသ္မိံ အာပဏေ ဗိဠာလဿအတ္ထာယ၊ စျေးဆိုင်တစ်ဆိုင်၌ ကြောင်စာ၏ အကျိုးငှာ။
ဝိက္ကိဏိတွာ ကာကဏိကံ လဘိတွာ၊ ရောင်း၍ တစ်ချင်ရွေးကို ရ၍။
တာယ ကာကဏိကာယ ဖာဏိတံ ဂဟေတွာ၊ ထိုတစ်ချင်ရွေးဖြင့် ထန်းလျက်ကို ဝယ်ယူ၍။
ဧကေန ဃဋေန ပါနီယံ ဂဏှိ၊ ရေအိုးတစ်လုံးဖြင့် သောက်ရေကို ယူပြီ။
သော အရညတော အာဂစ္ဆန္တေ၊ ထိုဆင်းရဲသော အမျိုးကောင်းသားသည် တောထဲမှ ပြန်လာကုန်သော။
မာလာကာရေ ဒိသွာ၊ ပန်းသည်တို့ကို တွေ့၍။
ထောကံ ထောကံ ဖာဏိတခဏ္ဍံ ဒတွာ၊ အနည်းငယ် အနည်းငယ်သော ထန်းလျက်ချမ်းကို ပေး၍။
ဥဠုင်္ကေန ပါနီယံ အဒါသိ၊ မှုတ်ဖြင့် သောက်ရေကို ပေးပြီ။
တေ စ အဿ၊ ထိုပန်းသည်တို့သည်လည်း ထိုဆင်းရဲသော အမျိုးကောင်းသားအား။
ဧကေကံ ပုပ္ဖမုဋ္ဌိံ အဒံသု၊ ပန်းတစ်ဆုပ်တစ်ဆုပ်ကို ပေးကုန်ပြီ။
သော တေန ပုပ္ဖမူလေန၊ ထိုဆင်းရဲသော အမျိုးကောင်းသားသည် ထိုပန်းဖို့ဖြင့်။
ပုနဒိဝသေပိ ဖာဏိတဉ္စ၊ နောက်နေ့၌လည်း ထန်းလျက်ကိုလည်းကောင်း။
ပါနီယဃဋဉ္စ ဂဟေတွာ၊ သောက်ရေအိုးကိုလည်းကောင်း ယူ၍။
ပုပ္ဖာရာမမေဝ ဂတော၊ ပန်းခြံသို့သာ သွားပြီ။
တဿ တံ ဒိဝသံ၊ ထိုဆင်းရဲသောအမျိုးကောင်းသားအား ထိုနေ့၌။
မာလာကာရာ အဍ္ဎောစိတကေ၊ ပန်းသည်တို့သည် တစ်ဝက်ခူးပြီးကုန်သော။
ပုပ္ဖဂစ္ဆေ ဒတွာ အဂမံသု၊ ပန်းခြုံတို့ကို ပေး၍ သွားကုန်ပြီ။
သော န စိရဿေဝ၊ ထိုဆင်းရဲသောအမျိုးကောင်းသားသည် မကြာမီ၌ပင်။
ဣမိနာ ဥပါယေန အဋ္ဌကဟာပဏေ လဘိ၊ ဤနည်းဖြင့် ငွေရှစ်ကျပ်တို့ကို ရပြီ။
ပုန ဧကသ္မိံ ဝါတဝုဋ္ဌိဒိဝသေ၊ တစ်ဖန် တစ်ခုသော လေမိုးကျရာနေ့၌။
ရာဇုယျာနေ ဗဟူ၊ မင်းဥယျာဉ်တော်၌ များစွာကုန်သော။
သုက္ခဒဏ္ဍကာ စ သာခါ စ ပလာသဉ္စ၊ ကိုင်းခြောက်တို့ကိုလည်းကောင်း ကိုင်းစိုတို့ကိုလည်းကောင်း အရွက်ကိုလည်းကောင်း။
ဝါတေန ပါတိတံ ဟောတိ၊ လေသည် ချိုးချအပ်, ချွေချအပ်သည် ဖြစ်၏။
ဥယျာနပါလော ဆဍ္ဍေတုံ၊ ဥယျာဉ်စောင့်သည် စွန့်ပစ်ခြင်းငှာ။
ဥပါယံ န ပဿတိ၊ နည်းလမ်းကို မမြင်။
သော တတ္ထ ဂန္တွာ၊ ထိုဆင်းရဲသောအမျိုးကောင်းသားသည် ထိုဥယျာဉ်သို့ သွား၍။
"သစေ ဣမာနိ ဒါရုပဏ္ဏာနိ၊ အကယ်၍ ဤထင်း, သစ်ရွက်တို့ကို။
မယှံ ဒဿသိ၊ ငါ့အားပေးအံ့။
အဟံ တေ၊ ငါသည် သင်ဥယျာဉ်စောင့်၏။
ဣမာနိ သဗ္ဗာနိ နီဟရိဿာမီတိ၊ ဤ ထင်း သစ်ရွက်အားလုံးတို့ကို ထုတ်ဆောင်အံ့"ဟု။
ဥယျာနပါလံ အာဟ၊ ဥယျာဉ်စောင့်ကို ပြောပြီ။
သော ဂဏှ အယျာတိ သမ္ပဋိစ္ဆိ၊ ထိုဥယျာဉ်စောင့်သည် ယူပါ အမောင်ဟု ဝန်ခံပြီ။
စူဠန္တေဝါသိကော ဒါရကာနံ၊ စူဠသူဌေးသည်တပည့်သည် ကလေးသူငယ်တို့၏။
ကီဠနမဏ္ဍလံ ဂန္တွာ၊ ကစားကွင်းသို့ သွား၍။
ဖာဏိတံ ဒတွာ၊ ထန်းလျက်ကိုပေး၍။
မုဟုတ္တေန သဗ္ဗာနိ ဒါရုပဏ္ဏာနိ၊ တစ်မုဟုတ်ချင်းဖြင့် ထင်းသစ်ရွက်အားလုံးတို့ကို။
နီဟရာပေတွာ ဥယျာနဒွါရေ၊ အပြင်ထုတ်စေ၍ ဥယျာဉ်တံခါးပေါက် အနီး၌။
ရာသိံ ကာရေသိ၊ အပုံကို ပြုစေပြီ။
တဒါ ရာဇကုမ္ဘကာရော၊ ထိုအခါ၌ ဘုရင့်အိုးထိန်းသည်သည်။
ရာဇကုလေ ဘာဇနာနံ ပစနတ္ထာယ၊ မင်းမျိုးက အိုးခွက်တို့ကို ဖုတ်ခြင်းငှာ။
ဒါရူနိ ပရိယေသမာနော၊ ထင်းတို့ကို ရှာသော်။
ဥယျာနဒွါရေ တာနိ ဒိသွာ၊ ဥယျာဉ်တံခါးပေါက်အနီး၌ ထိုထင်းသစ်ရွက်တို့ကို မြင်၍။
တဿ ဟတ္ထတော၊ ထိုဆင်းရဲသော အမျိုးကောင်းသား၏ လက်မှ။
ကိဏိတွာ ဂဏှိ၊ ဝယ်၍ ယူပြီ။
တံ ဒိဝသံ စူဠန္တေဝါသိကော၊ ထိုထင်းရောင်းသောနေ့၌ စူဠသူဌေး၏တပည့်သည်။
ဒါရုဝိက္ကယေန သောဠသကဟာပဏေ၊ ထင်းရောင်းခြင်းကြောင့် ငွေ ၁၆-ကျပ်တို့ကိုလည်းကောင်း။
စာဋိအာဒီနိ ပဉ္စ ဘာဇနာနိ စ လဘိ၊ အိုးတုတ်ကြီး အစရှိကုန်သော အိုးငါးလုံးတို့ကိုလည်းကောင်း ရပြီ။
သော စတုဝီသတိယာ ကဟာပဏေသု ဇာတေသု၊ ထိုစူဠသူဌေးတပည့်သည် ငွေ ၂၄-ကျပ်တို့သည် ဖြစ်ကုန်, ရှိကုန်လတ်သော်။
အယံ ဥပါယော အတ္ထီတိ၊ ဤမည်သော နည်းလမ်းသည် ရှိ၏ဟု တွေး၍။
နဂရဒွါရတော အဝိဒူရေ ဌာနေ၊ မြို့တံခါးမှ မဝေးသော ဌာန၌။
ဧကံ ပါနီယစာဋိံ ဌပေတွာ၊ သောက်ရေအိုးကြီးတစ်လုံးကို ထား၍။
ပဉ္စသတေ တိဏဟာရကေ၊ မြက်ထမ်းသမားငါးရာတို့ကို။
ပါနီယေန ဥပဋ္ဌဟိ၊ သောက်ရေဖြင့် ပြုစုပြီ။
တေ၊ ထိုမြက်ထမ်းသမားငါးရာတို့သည်။
"သမ္မ တွံ၊ အိုမိတ်ဆွေ သင်သည်။
အမှာကံ ဗဟူပကာရော၊ ငါတို့အား ကျေးဇူးများ၏။
ကိံ တေ ကရောမာတိ အာဟံသု၊ ဘာကို သင့်အတွက်ပြုရကုန်အံ့နည်း"ဟု ပြောကုန်ပြီ။
သော မယှံ ကိစ္စေ၊ ထိုစူဠသူဌေးတပည့်သည် ငါ၏ အမှုကိစ္စသည်။
ဥပ္ပန္နေ ကရိဿထာတိ ဝတွာ၊ ဖြစ်ပေါ်လာသော် ပြုကြရမည်ဟု ပြော၍။
ဣတော စိတော စ ဝိစရန္တော၊ ထိုမှ ဤမှလည်း လှည့်လည်လျက်။
ထလပထကမ္မိကေန စ ဇလပထကမ္မိကေန စ သဒ္ဓိံ၊ ကုန်းလမ်းအလုပ်ရှင်နှင့် လည်းကောင်း ရေလမ်းအလုပ်ရှင်နှင့်လည်းကောင်း အတူတကွ။
မိတ္တသန္ထဝံ အကာသိ၊ မိတ်ဖွဲ့မှုကို ပြုပြီ။
တဿ ထလပထကမ္မိကော၊ ထိုစူဠသူဌေးတပည့်အား ကုန်းလမ်းအလုပ်ရှင်သည်။
"သွေ ဣမံ နဂရံ၊ နက်ဖြန်၌ ဤဗာရာဏသီမြို့သို့။
အဿဝါဏိဇကော ပဉ္စအဿသတာနိ၊ မြင်းကုန်သည်သည် မြင်းငါးရာတို့ကို။
ဂဟေတွာ အာဂမိဿတီတိ အာစိက္ခိ၊ ယူ၍ လာလိမ့်မည်ဟု ပြောပြီ။
သော တဿ ဝစနံ သုတွာ၊ ထိုစူဠသူဌေးတပည့်သည် ထိုကုန်းလမ်းအလုပ်ရှင်၏ စကားကို ကြားရ၍။
တိဏဟာရကေ၊ မြက်ထမ်းသမားတို့ကို။
"အဇ္ဇ မယှံ၊ ယနေ့ ငါ့အား။
ဧကေကံ တိဏကလာပံ ဒေထ၊ တစ်ထုံးတစ်ထုံးသော မြက်ထုံးကို ပေးကြလော့။
မယာ တိဏေ အဝိက္ကိဏိတေ စ၊ ငါသည် မြက်ကို မရောင်းအပ်သော်ကား။
အတ္တနော တိဏံ မာ ဝိက္ကိဏထာတိ အာဟ၊ မိမိတို့၏ မြက်ကို မရောင်းကြလင့်"ဟု ပြောပြီ။
တေ သာဓူတိ သမ္ပဋိစ္ဆိတွာ၊ ထိုမြက်ထမ်းသမားတို့သည် ကောင်းပြီဟု ဝန်ခံ၍။
ပဉ္စ တိဏကလာပသတာနိ အာဟရိတွာ၊ မြက်ထုံး ငါးရာတို့ကို ဆောင်ယူ၍။
တဿ ဃရေ ပါပယိံသု၊ ထိုစူဠသူဌေးတပည့်၏ အိမ်သို့ အရောက် ပို့ပေးကုန်ပြီ။
အဿဝါဏိဇော သကလနဂရေ၊ မြင်းကုန်သည်သည် တစ်မြို့လုံး၌။
အဿာနံ ဂေါစရံ အလဘိတွာ၊ မြင်းတို့အတွက် အစာကို မရ၍။
တဿ သဟဿံ ဒတွာ၊ ထိုစူဠသူဌေးတပည့်အား တစ်ထောင်ကို ပေး၍။
တံ တိဏံ ဂဏှိ၊ ထိုမြက်ထုံးငါးရာကို ဝယ်ယူရပြီ။
တတော ကတိပါဟစ္စယေန၊ ထို့နောက် နှစ်ရက်သုံးရက်လွန်သဖြင့်။
အဿ ဇလပထကမ္မိကော သဟာယော၊ ထိုစူဠသူဌေးတပည့်၏ ရေလမ်းအလုပ်ရှင်ဖြစ်သော သူငယ်ချင်းသည်။
"ပဋ္ဋနမှိ မဟာနာဝါ အာဂတာတိ၊ ဆိပ်ကမ်း၌ လှေကြီးသည် (သင်္ဘောသည်) ဆိုက်ရောက်လာ၏"ဟု။
အာရောစေသိ၊ ပြောကြားပြီ။
သော၊ ထိုစူဠသူဌေးတပည့်သည်။
အယံ ဥပါယော အတ္ထီတိ၊ ဤနည်းလမ်းသည် ရှိ၏ဟု တွေး၍။
အဋ္ဌဟိ ကဟာပဏေဟိ၊ ငွေရှစ်ကျပ်တို့ဖြင့်။
သဗ္ဗပရိဝါရသမ္ပန္နံ တာဝကာလိကံ၊ အခြံအရံ အပြည့်အစုံပါသော အခိုက်အတန့် ငှားအပ်သော။
ရထံ ဂဟေတွာ၊ ရထားကို ငှားယူ၍။
မဟန္တေန ယသေန၊ များစွာသော အခြွေအရံဖြင့်။
နာဝါပဋ္ဋနံ ဂန္တွာ၊ လှေဆိပ်သင်္ဘောဆိပ်သို့ သွား၍။
ဧကံ အင်္ဂုလိမုဒ္ဒိကံ၊ တစ်ကွင်းသော လက်စွပ်ကို။
နာဝိကဿ သစ္စကာရံ ဒတွာ၊ လှေသူကြီး, သင်္ဘောပိုင်ရှင်အား ကတိထားခြင်း စရန်ပေးခြင်းကို ပေး၍။
အဝိဒူရေ ဌာနေ၊ မဝေးသော နေရာ၌။
သာဏိယာ ပရိက္ခိပါပေတွာ နိသိန္နော၊ တင်းတိမ်ကို ကာရံစေ၍ နေလျက်။
"ဗာဟိရတော ဝါဏိဇေသု အာဂတေသု၊ ပြင်ပမှ ကုန်သည်တို့သည် လာကုန်သော်။
တတိယေန ပဋိဟာရေန၊ တတိယဖြစ်သော တံခါးဖြင့်။
မံ အာရောစေထာတိ၊ ငါ့ကို လာပြောကြ"ဟု။
ပုရိသေ အာဏာပေသိ၊ အခြွေအရံယောကျ်ားတို့ကို စေခိုင်းထားပြီ။
နာဝါ အာဂတာတိ သုတွာ၊ သင်္ဘောသည် ဆိုက်ရောက်လာ၏ဟု ကြား၍။
ဗာရာဏသိတော သတမတ္တာ ဝါဏိဇာ၊ ဗာရာဏသီမြို့မှ တစ်ရာအတိုင်းအရှည်ရှိကုန်သော ကုန်သည်တို့သည်။
ဘဏ္ဍံ ဂဏှာမာတိ အာဂမိံသု၊ ကုန်ပစ္စည်းကို ဝယ်ယူကုန်အံ့ဟု လာကြကုန်ပြီ။
ဘဏ္ဍံ တုမှေ န လဘိဿထ၊ ကုန်ပစ္စည်းကို သင်တို့သည် ဝယ်ရကြလိမ့်မည်မဟုတ်။
အသုကဋ္ဌာနေ နာမ၊ ဤမည်သော ဌာန၌။
မဟာဝါဏိဇေန၊ ကုန်သည်ကြီးသည်။
သစ္စကာရော ဒိန္နောတိ၊ ကတိထားခြင်း, စရန်ပေးခြင်းကို ပေးအပ်ပြီဟု ပြောကုန်ပြီ။
တေ တံ သုတွာ၊ ထိုကုန်သည်တစ်ရာတို့သည် ထိုစရန်ပေးထားအပ်ပြီဟူသော စကားကို ကြားရ၍။
တဿ သန္တိကံ အာဂတာ၊ ထိုစူဠသူဌေးတပည့်၏ အထံသို့ လာကုန်ပြီ။
ပါဒမူလိကပုရိသာ၊ ခြေရင်းအလုပ်အကျွေးလူတို့သည်။
ပုရိမသညာဝသေန၊ ရှေး၌ပေးထားသော အမှတ်သညာအစွမ်းအားဖြင့်။
တတိယေန ပဋိဟာရေန၊ တတိယဖြစ်သော တံခါးဖြင့်။
တေသံ အာဂတဘာဝံ အာရောစေသုံ၊ ထိုကုန်သည်တစ်ရာတို့၏ လာကြောင်းကို ပြောကုန်ပြီ။
သတမတ္တာ တေ ဝါဏိဇာ၊ တစ်ရာအတိုင်းအရှည်ရှိကုန်သော ထိုကုန်သည်တို့သည်။
ဧကေကံ သဟဿံ ဒတွာ၊ တစ်ထောင် တစ်ထောင်စီကို ပေး၍။
တေန သဒ္ဓိံ၊ ထိုစူဠသူဌေးတပည့်နှင့် အတူတကွ။
နာဝါယ ပတ္တိကာ ဟုတွာ၊ သင်္ဘောပေါ်ပါ ကုန်ပစ္စည်း၏ ဝေစုရှိသူတို့သည် ဖြစ်ကြ၍။
ပုန ဧကေကံ သဟဿံ ဒတွာ၊ တစ်ဖန် တစ်ထောင်စီ တစ်ထောင်စီကို ပေး၍။
ပတ္တိံ ဝိဿဇ္ဇာပေတွာ၊ ဝေစုကို စွန့်လွှတ်စေ၍။
ဘဏ္ဍံ အတ္တနော သန္တကံ အကံသု၊ သင်္ဘောပါကုန်ပစ္စည်းကို မိမိတို့၏ ဥစ္စာကို ပြုကုန်ပြီ။
စူဠန္တေဝါသိကော၊ စူဠသူဌေးတပည့်သည်။
ဒွေသတသဟဿာနိ ဂဏှိတွာ၊ ငွေနှစ်သိန်းတို့ကို ယူ၍။
ဗာရာဏသိံ အာဂန္တွာ၊ ဗာရာဏသီမြို့သို့ လာ၍။
မေ ကတညုနာ၊ ငါသည် ကျေးဇူးသိတတ်သူသည်။
ဘဝိတုံ ဝဋ္ဋတီတိ၊ ဖြစ်ခြင်းငှာသင့်၏ ဟုတွေး၍။
ဧကံ သတသဟဿံ ဂါဟာပေတွာ၊ တစ်သိန်းကို ယူခိုင်း၍။
စူဠသေဋ္ဌိဿ သမီပံ ဂတော၊ စူဠသူဌေး၏ အနားသို့ သွားပြီ။
အထ နံ သေဋ္ဌိ၊ သွားရာထိုအခါ၌ ထိုစူဠန္တေဝါသိကကို စူဠသူဌေးသည်။
"တာတ တေ ကိံ ကတွာ၊ အိုအမောင် သင်သည် ဘယ်သို့ ပြုလုပ်၍။
ဣဒံ ဓနံ လဒ္ဓန္တိ ပုစ္ဆိ၊ ဤပစ္စည်းကို ရအပ်သနည်း"ဟု မေးပြီ။
သော၊ ထိုစူဠန္တေဝါသိကသည်။
"တုမှေဟိ ကထိတဥပါယေ ဌတွာ၊ အရှင်သူဌေးမင်းတို့သည် ပြောဆိုအပ်သောနည်းလမ်း၌ တည်၍။
စတုမာသမ္ဘန္တရေယေဝ လဒ္ဓန္တိ၊ လေးလအတွင်း၌ပင် ရအပ်ပြီ"ဟု။
မတမူသိကံ အာဒိံ ကတွာ၊ ကြွက်သေကို အစကို ပြု၍။
သဗ္ဗံ ဝတ္ထုံ ကထေသိ၊ အလုံးစုံသော အကြောင်းအရာကို ပြောပြပြီ။
စူဠသေဋ္ဌိ တဿ ဝစနံ သုတွာ၊ ဘုရားလောင်းစူဠသူဌေးသည် ထိုစူဠန္တေဝါသိက၏ စကားကို ကြားရ၍။
"ဣဒါနိ ဧဝရူပံ ဒါရကံ၊ ယခုအခါ၌ ဤသို့ သဘောရှိသော သူငယ်ကို။
မမ သန္တကံ၊ ငါ၏ဥစ္စာကို။
ကာတုံ ဝဋ္ဋတီတိ၊ ပြုခြင်းငှာ သင့်၏"ဟုတွေး၍။
အတ္တနော ဝယပ္ပတ္တံ ဓီတရံ ဒတွာ၊ မိမိ၏ အရွယ်ရောက်သော သမီးကို ပေး၍။
သကလကုဋုမ္ဗဿ သာမိကံ အကာသိ၊ ပစ္စည်းအားလုံး၏ ပိုင်ရှင်ကို ပြုပြီ။
သော သေဋ္ဌိနော အစ္စယေန၊ ထိုစူဠန္တေဝါသိကသည် စူဠသူဌေး၏ကွယ်လွန်ရာအခါ၌။
တသ္မိံ နဂရေ သေဋ္ဌိဋ္ဌာနံ လဘိ၊ ထိုဗာရာဏသီမြို့၌ သူဌေးရာထူးကို ရပြီ။
ဗောဓိသတ္တောပိ ယထာကမ္မံ အဂမာသိ၊ ဘုရားလောင်းစူဠသူဌေးသည်လည်း ကံအားလျော်စွာ လားပြီ။
သမ္မာသမ္ဗုဒ္ဓေါပိ ဣမံ ဓမ္မဒေသနံ ကထေတွာ၊ ဘုရားရှင်သည်လည်း ဤတရားဒေသနာတော်ကို ဟောတော်မူ၍။
ဣမံ ဂါထံ အဘိသမ္ဗုဒ္ဓေါဝ ကထေသိ၊ ဤဂါထာကို ဘုရားဖြစ်တော်မူပြီးမှသာ ဟောတော်မူပြီ။ ဂါထာအနက်ကား။
၄။ အဏုံ အဂ္ဂိံဝ သန္ဓမံ ဣဝ၊ အနည်းငယ်သော မီးကို မှုတ်သူကဲ့သို့။
ဝိစက္ခဏော မေဓာဝီ၊ ရောင်းရေးဝယ်တာ ကျွမ်းကျင်သော ပညာရှိသည်။
အပ္ပကေနပိ ပါဘတေန၊ အနည်းငယ်မျှလည်း ဖြစ်သော အရင်းအနှီးဖြင့်။
အတ္တာနံ သမုဋ္ဌာပေတိ၊ မိမိကိုယ်ကို ကြီးကျယ်မြင့်မြတ်သူ, ကောင်းစွာ ဖြစ်စေ၏။
တတ္ထ၊ ထိုဂါထာ၌။
အပ္ပကေနပီတိ၊ အပ္ပကေနပိ ဟူသည်ကား။
ထောကေနပိ ပရိတ္တကေနပိ၊ အနည်းငယ်မျှလည်းဖြစ်သော။
(ပါဘတေန၊ အရင်းအနှီးဖြင့်)။
မေဓာဝီတိ၊ မေဓာဝီဟူသည်ကား။
ပညဝါ၊ ပညာရှိသူတည်း။
ပါဘတေနာတိ၊ ပါဘတေန ဟူသည်ကား။
ဘဏ္ဍမူလေန၊ အရင်းအနှီးဖြင့်တည်း။
ဝိစက္ခဏောတိ၊ ဝိစက္ခဏော ဟူသည်ကား။
ဝေါဟာရကုသလော၊ ရောင်းရေးဝယ်တာ ကျွမ်းကျင်သောတည်း။
သမုဋ္ဌာပေတိ အတ္တာနန္တိ၊ သမုဋ္ဌာပေတိ အတ္တာနံ ဟူသည်ကား။
မဟန္တံ ဓနဉ္စ ယသဉ္စ ဥပ္ပါဒေတွာ၊ များစွာသော ဥစ္စာကိုလည်းကောင်း အခြံအရံကိုလည်းကောင်း ဖြစ်စေ၍။
တတ္ထ အတ္တာနံ သဏ္ဌာပေတိ ပတိဋ္ဌာပေတိ၊ ထိုများစွာသော ဥစ္စာအခြွေအရံ၌ မိမိကိုယ်ကို ကောင်းစွာတည်စေ၏။
ယထာ ကိံ၊ အဘယ်ကဲ့သို့နည်းဟူမူကား။
အဏုံ အဂ္ဂိံဝ သန္ဓမံ ဣဝ၊ အနည်းငယ်သော မီးကို မှုတ်သူကဲ့သို့တည်း။
ပဏ္ဍိတပုရိသော၊ ပညာရှိယောကျ်ားသည်။
ပရိတ္တံ အဂ္ဂိံ၊ အနည်းငယ်သော မီးကို။
အနုက္ကမေန၊ အစဉ်အားဖြင့်။
ဂေါမယစုဏ္ဏာဒီနိ ပက္ခိပိတွာ၊ နွားချေးခြောက်မှုန့်စသည်တို့ကို ထည့်၍။
မုခဝါတေန ဓမန္တော၊ နှုတ်ခမ်းလေဖြင့် မှုတ်လျက်။
သမုဋ္ဌာပေတိ ဝဍ္ဎေတိ ယထာ၊ ဖြစ်စေ, ပွားစေသကဲ့သို့။
မဟန္တံ အဂ္ဂိက္ခန္ဓံ ကရောတိ ယထာ၊ ကြီးစွာသော မီးပုံကို ပြုဘိသကဲ့သို့။
ဧဝမေဝ ပဏ္ဍိတော၊ ဤအတူသာ ရောင်းဝယ်ကျွမ်းကျင်, ပညာရှင်သည်။
ထောကမ္ပိ ပါဘတံ လဘိတွာ၊ အနည်းငယ်မျှလည်းဖြစ်သော အရင်းအနှီးကို ရ၍။
နာနာ ဥပါယေဟိ ပယောဇေတွာ၊ နည်းလမ်းအမျိုးမျိုးတို့ဖြင့် အားထုတ်၍။
ဓနဉ္စ ယသဉ္စ ဝဍ္ဎေတိ၊ ဥစ္စာကိုလည်းကောင်း အခြံအရံကိုလည်းကောင်း တိုးပွားစေ၏။
ဝဍ္ဎေတွာ စပန တတ္ထ၊ တိုးပွားစေပြီး၍ကား ထိုဥစ္စာအခြံအရံ၌။
အတ္တာနံ ပတိဋ္ဌာပေတိ၊ မိမိကိုယ်ကို တည်စေ၏။
ဝါ ပန၊ တစ်နည်းသော်ကား။
တာယ ဧဝ ဓနယသမဟန္တတာယ၊ ထိုဥစ္စာ အခြံအရံများသည်၏ အဖြစ်ဖြင့်သာ။
အတ္တာနံ သမုဋ္ဌာပေတိ၊ မိမိကိုယ်ကို ထင်ရှားသူ ဖြစ်စေ၏။
အဘိညာတံ ပါကဋံ ကရောတိ၊ အသိအမှတ်ပြုခံရသူကို ထင်ရှားသူကို ပြု၏။
ဣတိ အတ္ထော၊ ဤအသိအမှတ်ပြု ခံရသူကို, ထင်ရှားသူကို ပြု၏ဟူသည် သမုဋ္ဌာပေတိ အတ္တာနံပါဠိ၏ အနက်အဓိပ္ပါယ်တည်း။
ဣတိ ဘဂဝါ၊ ဤသို့လျှင် ဘုရားရှင်သည်။
"ဘိက္ခဝေ စူဠပန္ထကော၊ အိုရဟန်းတို့ စူဠပန္ထကသည်။
မံ နိဿာယ၊ ငါဘုရားကို မှီ၍။
ဣဒါနိ ဓမ္မေသု၊ ယခုအခါ၌ လောကုတ္တရာတရားတို့၌။
ဓမ္မမဟန္တတံ ပတ္တော၊ တရားတို့ဖြင့်ကြီးကျယ်မြင့်မြတ်သူအဖြစ်သို့ ရောက်၏။
ပုဗ္ဗေ ပန ဘောဂေသုပိ၊ ရှေး၌ကား စီးပွားဥစ္စာတို့၌လည်း။
ဘောဂမဟန္တတံ ပါပုဏီတိ၊ စီးပွားဥစ္စာတို့ဖြင့်ကြီးကျယ်မြင့်မြတ်သူအဖြစ်သို့ ရောက်ဖူးပြီ"ဟု။
ဧဝံ ဣမံ ဓမ္မဒေသနံ ဒဿေတွာ၊ ဤသို့ ဤတရားဒေသနာတော်ကို ပြတော်မူပြီး၍။
ဒွေ ဝတ္ထူနိ ကထေတွာ၊ ပစ္စုပ္ပန်, အတိတ်ဝတ္ထုအကြောင်း နှစ်ခုတို့ကို ဟောတော်မူ၍။
အနုသန္ဓိံ ဃဋေတွာ၊ အနုသန္ဓေကို ဆက်စပ်တော်မူ၍။
"တဒါ စူဠန္တေဝါသိကော၊ ထိုအခါက စူဠန္တေဝါသိကသည်။
စူဠပန္ထကော အဟောသိ၊ ယခုစူဠပန္ထကသည် ဖြစ်လာပြီ။
စူဠကသေဋ္ဌိ ပန၊ ထိုအခါက စူဠသူဌေးသည်ကား။
အဟမေဝ အဟောသိန္တိ၊ ယခုငါဘုရားသည်သာ ဖြစ်လာပြီ"ဟု။
ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
ဣတိ ဒေသနံ နိဋ္ဌာပေသိ၊ ဤသို့ ဇာတ်ပေါင်း၍ တရားဒေသနာတော်ကို ပြီးဆုံးစေတော်မူပြီ။
**စူဠသေဋ္ဌိဇာတကဝဏ္ဏနာ စတုတ္ထာ**၊ **လေးခုမြောက် ဖြစ်သော စူဠသေဋ္ဌိဇာတ်အဖွင့်တည်း။**