**ယော ဝေ ဓမ္မံ ဓဇံ ကတွာ** တိဣဒံ၊ ယော ဝေ ဓမ္မံ ဓဇံ ကတွာအစရှိသော ဤတရားဒေသနာတော်ကို။
သတ္တာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။
ဧကံ ကုဟကဘိက္ခုံ၊ တစ်ပါးသော အံ့ဖွယ်သရဲပြုတတ်သော ရဟန်းကို။
အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
ဟိ တဒါ၊ မှန်၏ ထိုအခါ၌။
သတ္တာ တဿ၊ ဘုရားရှင်သည် ထိုရဟန်း၏။
ကုဟကဘာဝေ အာရောစိတေ၊ အံ့ဩဖွယ်ပြုတတ်ကြောင်းကို လျှောက်ထားအပ်သော်။
“ဘိက္ခဝေ ဣဒါနေဝ န၊ အို. . ရဟန်းတို့ယခုအခါ၌သာ မဟုတ်သေး။
ပုဗ္ဗေပိ ဧသော၊ ရှေးကလည်း ဤရဟန်းသည်။
ကုဟကောယေ ဝါတိ ဝတွာ၊ အံ့ဩဖွယ်ပြုတတ်သည်သာ”ဟု မိန့်တော်မူ၍။
အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။
ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုလတ်သော်။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။
မူသိကယောနိယံ၊ ကြွက်မျိုး၌။
ပဋိသန္ဓေိံ ဂဟေတွာ၊ ပဋိသန္ဓေကို ယူ၍။
ဝုဍ္ဎိ မနွာယ၊ ကြီးပြင်းမှုကို အစွဲပြု၍။
မဟာသရီရော၊ ကြီးသော ကိုယ်ရှိသည်။
သူကရစ္ဆာပကသဒိသော ဟုတွာ၊ ဝက်ပေါက်လေးနှင့် တူသည် ဖြစ်၍။
အနေကသတမူသိကာဟိ ပရိဝုတော၊ ရာပေါင်းများစွာသော ကြွက်တို့သည် ခြံရံအပ်လျက်။
အရညေ ဝိဟရတိ၊ တောထဲ၌ နေ၏။
အထ ဧကော သိင်္ဂါလော၊ ထိုအခါ တစ်ကောင်သော မြေခွေးသည်။
ဣတော စိတော စ ဝိစရန္တော၊ ဤမှလည်း ဤမှလည်း လှည့်လည်သော်။
တံ မူသိကယူထံ ဒိသွာ၊ ထိုကြွက်အုပ်ကို တွေ့ရ၍။
ဣမာ မူသိကာ ဝစ္ဆေတွာ၊ ဤကြွက်တို့ကို လှည့်စား၍။
ခါဒိဿာမီတိ စိန္တေတွာ၊ စားမည်ဟု တွေး၍။
မူသိကာနံ အာသယဿ၊ ကြွက်တို့၏ နေရာ၏။
အဝိဒူရေ သူရိယာဘိမုခေါ၊ မနီးမဝေး၌ နေသို့ရှေ့ရသော မျက်နှာရှိ၍။
ဝါတံ ပိဝန္တော၊ လေကို သောက်လျက် (ပါးစပ်ဟထားလျက်)။
ဧကေန ပါဒေန အဋ္ဌာသိ၊ တစ်ချောင်းတည်းသော ခြေဖြင့် ရပ်ပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်း သည်။
ဂေါစရာယ စရမာနော၊ အစာရှာရန်အကျိုးငှာ လှည့်လည်သော်။
တံ ဒိသွာ၊ ထိုမြေခွေးကို တွေ့၍။
“ဧသော သီလဝါ၊ ဤမြေခွေးသည် သီလရှိသည်
ဘဝိဿတီတိ၊ ဖြစ်လတံ့”ဟု တွေး၍။
တဿ သန္တိကံ ဂန္တွာ၊ ထိုမြေခွေး၏ အထံသို့ သွား၍။
“ဘန္တေ တွံ၊ အို. . အရှင် အရှင်သည်။
ကော နာမောတိ ပုစ္ဆိ၊ အဘယ် အမည်ရှိသနည်း”ဟု မေးပြီ။
ဓမ္မိကာ နာမာတိ၊ ဓမ္မိကမည်၏ဟု ဖြေပြီ။
စတ္တာရော ပါဒေ၊ လေးချောင်းကုန်သော ခြေတို့ကို။
ဘူမိယံ အဋ္ဌပေတွာ၊ မြေပေါ်၌ မထား။
ပါဒေ၊ ငါသည် မူ။
ဧကေနေဝ၊ ခြေတစ်ချောင်းတည်းဖြင့်သာ။
ကသ္မာ ဌိတော၊ အဘယ်ကြောင့် တည်နေသည်။
အသီတိ၊ ဖြစ်သနည်းဟု မေးပြီ။
မယိ စတ္တာရော၊ လေးချောင်းလုံးကုန်သော ခြေတို့ကို။
ပထဝိံ ယံ ဌပေန္တေ၊ မြေပေါ်၌ ထားသော်။
ပထဝီ ဝဟိတုံ န သက္ကောတိ၊ မြေကြီးသည် ဆောင်ထားခြင်းငှာ မစွမ်းနိုင်။
တသ္မာ ဧကေနေဝ၊ ထို့ကြောင့် ခြေတစ်ချောင်းတည်းဖြင့်သာ။
တိဋ္ဌာ မီတိ၊ တည်နေ၏ဟု ဖြေပြီ။
မုခံ ဝိဝရိတွာ၊ ခံတွင်းကို ဖွင့်၍။
ကသ္မာ ရှိတော၊ အဘယ့်ကြောင့် တည် နေသည်။
အသီတိ၊ ဖြစ်သနည်းဟု မေးပြီ။
မယံ အညံ၊ ငါတို့သည် လေမှတစ်ပါး အခြားကို။
န ဘက္ခယာမ၊ မစားကြကုန်(အစာမပြုကြကုန်)။
ဝါတမေဝ ဘက္ခ ယာမာတိ၊ လေကိုသာ စားကြ၏ (အစာပြုကြပါကုန်၏)ဟုဖြေပြီ။
အထ ကသ္မာ၊ ထိုသို့ဖြစ်လျှင် အဘယ့်ကြောင့်။
သူရိယာဘိမုခေါ တိဋ္ဌသီတိ၊ နေသို့ ရှေးရှုသော မျက်နှာရှိသည်ဖြစ်၍ တည်နေသနည်းဟု မေးပြီ။
သူရိယံ နမဿာမီတိ၊ နေကို ငါ ရှိခိုး၏ဟု ဖြေပြီ။
ဗောဓိသတ္တော တဿ၊ ဘုရားလောင်းသည် ထိုမြေခွေး၏။
ဝစနံ သုတွာ၊ စကားကို ကြားရ၍။
ဧသော သီလဝါ၊ ဤမြေခွေးသည် သီလ ရှိသည်။
ဘဝိဿတီတိ၊ ဖြစ်လိမ့်မည်ဟု တွေး၍။
တတော ပဋ္ဌာယ၊ ထိုနေ့မှစ၍။
မူသိကဂဏေန သဒ္ဓိံ၊ ကြွက်အုပ်နှင့်အတူ။
သာယံ ပါတံ၊ ညနေချမ်း၌ လည်ကောင်း မနက်စောစော၌လည်းကောင်း
။ တဿ ဥပဋ္ဌာနံ ဂစ္ဆတိ၊ ထိုမြေခွေးအား ခစားခြင်းငှာ သွား၏။
အထ အဿ၊ ထိုအခါ ထိုဘုရားလောင်း၏။
ဥပဋ္ဌာနံ ကတွာ၊ ခစားမှုကို ပြုပြီး၍။
ဂမနကာလေ သိင်္ဂါလော၊ သွားရာအခါ၌ မြေခွေးသည်။
သဗ္ဗပစ္ဆိမံ မူသိကံ၊ အားလုံးတို့နောက်ဆုံးဖြစ်သော ကြွက်ကို။
ဂဟေတွာ မံသံ ခါဒိတွာ၊ ဖမ်းယူ၍ အသားကို ကိုက်စား၍။
အဇ္ဈောဟ ရိတွာ မုခံ၊ မျိုချ၍ ခံတွင်းကို။
ပုဉ္စိတွာ တိဋ္ဌတိ၊ သုတ်သင်၍ တည်နေ၏။
အနုပုဗ္ဗေန မူသိကဂဏော၊ အစဉ်အားဖြင့် ကြွက်အုပ်သည်။
တနုကော ဇာတော၊ နည်းသွားသည် ဖြစ်ပြီ။
မူသိကာ၊ ကြွက်တို့သည်။
“ပုဗ္ဗေ အမှာကံ၊ ရှေးက ငါတို့၏။
အယံ အာသယော နပ္ပဟောတိ၊ ဤနေရာသည် မနေလောက်။
နိရန္တရာ တိဋ္ဌာမ၊ အကြားမရှိကုန်ဘဲ တည်နေကြရ၏။
ဣဒါနိ သိထိလာ၊ ယခုအခါ၌ကား လျော့ကုန်၏။
ဧဝမ္ပိ အာသယော၊ ဤသို့ လျော့သော်လည်း နေရာသည်။
န ပူရတော၊ ကြွက်တို့ဖြင့် မပြည့်သည်သာ။
ဧတံ က နု ခေါတိ၊ ဤကြွက်နည်းပါးခြင်းသည် အဘယ့်ကြောင့် နည်း”ဟု။
ဗောဓိသတ္တဿ၊ ဘုရားလောင်းအား။
တံ ပဝတ္တိ အာရောစေသုံ၊ ထိုအဖြစ်ကို ပြောကြားကုန်ပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။
“ကေန ကာရဏေန မူသိကာ၊ အဘယ်အကြောင်းကြောင့် ကြွက်တို့သည်။
တနုတ္တံ ဂတာ ခေါတိ၊ နည်းပါးသည့်အဖြစ်သို့ ရောက်ကြသနည်း”ဟု။
စိန္တေန္တော သိင်္ဂါလေ၊ တွေးတောသော် မြေခွေးအပေါ်၌။
အာသက် ဌပေတွာ၊ သံသယကို ထား၍။
နံ ဝီမံသိဿာမိ ဣတိ၊ ထိုမြေခွေးကို စူးစမ်းမည်ဟု တွေး၍။
ဥပဌာနကာလေ သေသမူသိကာ၊ ဆည်းကပ်ရာအချိန်၌ ကြွင်းသော ကြွက်တို့ကို (မူသိကေဟု ဒုတိယန္တသာ= ရှိသင့်သည်)။
ပုရတော ကတွာ၊ ရှေ့မှ ပြု၍။
သယံ ပစ္ဆတော အဟောသိ၊ မိမိကိုယ်တိုင်ကား နောက်မှ ဖြစ်ပြီ။
သိင်္ဂါလော တဿ၊ မြေခွေးသည် ထိုဘုရားလောင်း၏။
ဥပရိ ပက္ခန္ဒိ၊ အပေါ်သို့ပြေးလာပြီ။
ဗောဓိသတ္တော အတ္တနော၊ ဘုရားလောင်းသည် မိမိကို။
ဂဟဏတ္ထာယ တံ၊ ဖမ်းယူဖို့အကျိုးငှာ ထိုမြေခွေးကို။
ပက္ခန္တံ ဒိသွာ နိဝတ္တိတွာ၊ ပြေးလာသည်ကို တွေ့ ရ၍ နောက်သို့ ဆုတ်တည့်၍။
“ဘော သိင်္ဂါလ တေ၊ အို. . မြေခွေး သင်မြေခွေး၏။
ဣဒံ ဝတသမာဒါနံ၊ ဤဝတ်အကျင့် ဆောက်တည်ခြင်းသည်။
ဓမ္မသုဓမ္မတာယ န၊ တရားအကျင့် အလွန်ကောင်းသည်၏အဖြစ်ကြောင့် မဟုတ်။
ပန ပရေသံ၊ စင်စစ်သော်ကား သူတပါးတို့ကို။
ဟိသနတ္ထာယ ဓမ္မံ၊ ညှဉ်းဆဲဖို့အကျိုးငှာ ကျင့်ဝတ်တရားကို။
ဓဇံ ကတွာ၊ အလံတံခွန်ကို ပြုလုပ်၍။
စရသီတိ ဝတွာ၊ သွားလာလှည့်လည်၏ဟု ပြောပြီး၍။
ယော ဓမ္မံ၊ အကြင်သူသည် ကုသလကမ္မပထတရားကို။
ဝေ ဓဇံ ကတွာ၊ စင်စစ် အလံတံခွန်ကို ပြု၍။
ဘူတာနိ ဝိဿာသယိတွာ၊ သတ္တဝါတို့ကို အကျွမ်းဝင်မှုရှိသည်တို့ကို ပြု၍။
နိဂူဠှော၊ ဖုံးကွယ်လျက်။
ပါပံ မာ စရေ၊ မကောင်းမှုကို ပြုကျင့်၏။
(တဿ၊ ထိုသူ၏)။
တံ ဝတံ၊ ထိုအကျင့်ကား။
ဗိဠာရံ နာမ၊ ကြောင်နှင့်တူစွာ ကောက်ကျစ်သော အကျင့်မည်၏။
တတ္ထ၊ ထိုဂါထာ၌။
**ယော ဝေ** တိ၊ ယော ဝေဟူသည်ကား။
ခတ္တိယာဒီသု၊ ခတ္တိယမျိုးစသည်တို့တွင်။
ယော ကောစိဒေဝ၊ အမှတ်မရှိတစ်ပါးပါးသော သူ သာတည်း။
**ဓမ္မံ ဓဇံ ကတွာ** တိ၊ ဓမ္မံ ဓဇံ ကတွာဟူသည်ကား။
ဒသကုသလ ကမ္မပထဓမ္မံ၊ ကုသလကမ္မပထတရား(၁၀)ပါးကို။
ဓဇံ ကတွာ၊ အလံတံခွန်ကို ပြု၍တည်း။
ကူဋံ ကရောန္တောဝိယ၊ အထွဋ်အထိပ်ကို ပြုဘိသကဲ့သို့။
ဥဿာ ပေတွာ၊ စိုက်ထောင်၍။
ဒဿန္တော၊ ပြလျက်။
ဣတိ အတ္ထော၊ ဤကား ဓမ္မံ ဓဇံ ကတွာအနက်တည်း။
**ဝိဿာသယိတွာ** တိ၊ ဝိဿာသယိတွာ ဟူသည်ကား။
အယံ သီလဝါတိ၊ ဤသူကား သီလရှိ၏ဟု။
သညာယ၊ မှတ်ထင်မှုဖြင့်။
သဉ္ဇာတ ဝိဿာသာနိ ကတွာ၊ ကောင်းစွာဖြစ်သည့် ချစ်ကျွမ်းဝင်မှုရှိသည်တို့ကို ပြု၍။
**ဗိဠာရံ နာမ တံ ဝတန္တိ**၊ ဗိဠာရံ နာမ တံ ဝတံဟူသည်ကား။
ဧဝံ တံ ဓမ္မံ၊ ဤကဲ့သို့ ထိုကုသလကမ္မပထတရားဆယ်ပါးကို။
ဓဇံ ကတွာ၊ အလံတံခွန်ကို ပြု၍။
ရဟော ပါပါနိ၊ ကွယ်ရာ၌ မကောင်းမှုတို့ကို။
ကရောန္တဿ ဝတံ၊ ပြုသူ၏ အကျင့်သည်။
ကေရာဋိကဝတံ နာမ ဟောတိ၊ ကောက်ကျစ်သော အကျင့် မည်သည် ဖြစ်၏။
ဣတိ အတ္တော၊ ဤကား စတုတ္ထပါဒအနက်တည်း။
မူသိကရာဇာ ကထေန္တောဝ၊ ကြွက်မင်းသည် ပြောလျက်ပင်သာ။
ဥပ္ပတိတွာ တဿ၊ ခုန်၍ ထိုမြေခွေး၏။
ဂီဝါယံ ပတိတွာ၊ လည်ပင်းပေါ်၌ ကျ၍။
ဟနုကဿ ဟေဋ္ဌာ၊ မေးရိုး၏ အောက်၌။
အန္တောဂလနာဠိယံ ဍံသိတွာ၊ လည်ပင်းအတွင်း ကြော၌ ကိုက်၍။
ဂလနာဠိံ ဖာလေတွာ၊ လည်ချောင်းရိုးကို ဖောက်ခွဲ၍။
ဇီဝိတက္ခယံ ပါပေသိ၊ အသက်ကုန်ခြင်းသို့ ရောက်စေပြီ။
မူသိကဂဏော နိဝတ္တိတွာ၊ ကြွက်အုပ်သည် ပြန်ဆုတ်လာ၍။
သိင်္ဂါလံ မုရု မုရူတိ၊ မြေခွေးကို မြို့မြို့ဟု။
ခါဒိတွာ အဂမာသိ၊ ကိုက်စား၍ သွားပြီ။
ပဌမဂတာဝ အဿ၊ ပဌမရောက် လာကြသော ကြွက်တို့သည်သာ ထိုမြေခွေး၏။
မံသံ လဘိံ သု ကိရ၊ အသားကိုားကြရသတဲ့။
ပစ္ဆာ အာဂတာ၊ နောက်မှ ရောက်လာကြသော ကြွက်တို့သည်။
န လဘိံသု၊ မစားရကုန်ပြီ။
တတော ပဋ္ဌာယ၊ ထိုနေမှ စ၍။
မူသိကဂဏော၊ ကြွက်အုပ်သည်။
နိဗ္ဗယော ဇာတော၊ ဘေးကင်းသည် ဖြစ်ပြီ။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာဘုရားရှင်သည် ဤတရားဒေသနာကို ဆောင်တော်မူ၍။
“တဒါ သိင်္ဂါလော၊ ထိုရှေးအခါက မြေခွေးသည်။
ကုဟကဘိက္ခု အဟောသိ၊ အံ့ဩဖွယ်ပြုတတ်သော ရဟန်းသည် ဖြစ်လာပြီ။
မူသိကရာဇာ ပန၊ ကြွက်မင်းသည်ကား။
အဟမေဝ အဟောသိ၊ ငါဘုရားသည်သာ ဖြစ်လာပြီ”ဟု။
ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
ဗိဠာရဇာတကဝဏ္ဏနာ အဋ္ဌမာ၊ ဗိဠာရဇာတ်အဖွင့်သည်အဋ္ဌမတည်း။