Issues
Select Version
Sujanābhivaṃsa-သုဇနာဘိဝံသ
မြန်မာဘာသာ
Jātaka-aṭṭhakathā(Paṭhamo bhāgo)
Jātaka-aṭṭhakathā(Paṭhamo bhāgo)

[139] 9. Ubhatobhaṭṭhajātakavaṇṇanā

Author: Sujanābhivaṃsa-သုဇနာဘိဝံသ @ IAPT

**အက္ခီ ဘိန္နပဋော နဋ္ဌော** တိ ဣဒံ၊ အက္ခီ ဘိန္နာ ပဋော နဋ္ဌော စသော ဤဒေသနာတော်ကို။ သတ္ထာ ဝေဠုဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဝေဠုဝန် ကျောင်းတော်၌ နေတော်မူစဉ်။ ဒေဝဒတ္တံ အာရဗ္ဘ ကထေသိ၊ ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူပြီ။
တဒါ ဓမ္မသဘာယံ ဘိက္ခူ၊ ထိုအခါ တရားသ ဘင်၌ ရဟန်းတို့သည်။ “အာဝုသော ဥဘတောပဒိတ္တံ၊ အို. ငါရှင်တို့ အစွန်း နှစ်ဖက်တောက်လောင်နေသော။ မဇ္ဈေ ဂူထဂတံ၊ အလယ်၌ ကျင်ကြီးပေနေ သော။ ဆဝါလာတံ၊ တံစူးဝါးသည်။ အရညေ ကဋ္ဌ တ္ထံ၊ တောထဲ၌ ယင်းကိစ္စကို။ နေဝ ဖရတိ သေယျထာပိ နာမ၊ မပြီးစေသကဲ့သို့။ ဂါမေ ကဋ္ဌ တ္ထံ၊ ရွာထဲ၌ ထင်းကိစ္စ ကို။ န ဖရတိ သေယျထာပိ နာမ၊ မပြီးစေသကဲ့သို့။ ဧ၀မေဝ ဒေဝဒတ္တော၊ ဤအတူသာ ဒေဝဒတ်သည်။ ဧဝရူပေ၊ ဤသို့သဘောရှိသော။ နိယျာနိကသာသ နေ၊ ဝဋ်ဆင်းရဲမှထုတ်ဆောင်သောသာသနာ၌။ ပဗ္ဗဇိတွာ၊ ရှင်ပြုပြီး၍။ ဥဘတော ဘဋ္ဌော၊ နှစ်မျိုးစုံမှ လျှောကျသည်လည်းကောင်း။ ဥဘတော ပရိဗာဟိရော၊ နှစ်မျိုးစုံမှ အပဖြစ်ရသည်လည်းကောင်း။ ဇာဟော၊ ဖြစ်ရပြီ။ ဂိဟိပရိဘောဂါ စ၊ လူ၏စည်းစိမ်မှလည်း။ ပရိဟီနော၊ ဆုတ်ယုတ်ပြီ။ သာမညတ္ထဥ္စ၊ ရဟန်းအဖြစ်အကျိုးကိုလည်း။ န ပရိပူရေတီတိ၊ မပြည့်စုံစေနိုင်”ဟု။ ကထံ သမုဋ္ဌာပေသုံ၊ စကားကို ဖြစ်စေကုန်ပြီ။
သတ္ထာ အာဂန္တွာ၊ ဘုရားရှင်သည် ကြွလာတော်မူ၍။ “ဘိက္ခဝေ ဧတရဟိ၊ အို. ရဟန်းတို့ ယခုအခါ။ ကာယ ကထာယ သန္နိသိန္နာ၊ အဘယ်မည်သော စကားဖြင့် ကောင်းစွာထိုင်နေကြသည်။ အတ္ထ နုတိ ပုစ္ဆိ တွာ၊ ဖြစ်ကြသနည်းဟု မေးတော်မူ၍။ ဣမာယ နာမာတိ ဝုတ္တေ၊ ဤမည်သော စကားဖြင့်ပါဟု လျှောက်ထားအပ်သော်။ ဘိက္ခဝေ ဒေဝဒတ္တော၊ အို. ရဟန်းတို့ ဒေဝဒတ်သည်။ ဣဒါနေဝ ဥဘတော၊ ယခုအခါ၌သာ နှစ်မျိုးစုံမှ။ ဘဋ္ဌာ န ဟောတိ၊ လျှောကျသည် မဟုတ်သေး။ အတီတေပိ၊ ရှေးအခါကလည်း နှစ်မျိုးစုံမှ။ ဘဠော အဟောသိယေဝါတိ ဝတွာ၊ လျှောကျသည်။ ဥဘတော၊ ဖြစ်ဖူးသည်သာ”ဟု မိန့်တော်မူ၍။ အတီတံ အာဟရိ၊ အတိတ်ကို ဆောင်ပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။ ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။ ဗောဓိသတ္တော ရုက္ခဒေဝတာ၊ ဘုရားလောင်းသည် ရုက္ခစိုးနတ်၏။ ဟုတွာ နိဗ္ဗတ္တိ၊ အဖြစ်ဖြင့် ဖြစ်ပြီ။
တဒါ ဧကသ္မိံ ဂါမကေ၊ ထိုအခါ တစ်ခုသော ရွာငယ်၌။ ဗာဠိသိကာ ဝသန္တိ၊ ငါးမျှားချိတ်သမားတို့သည် နေကုန်၏။
အထ ဧကော ဗာဠိသိကော၊ ထိုအခါ တစ်ယောက်သော ငါးမျှားချိတ်သမားသည်။ ဗဠိသံ အာဒါယ၊ ငါးမျှား ချိတ်ကို ယူ၍။ ဒဟရေန ပုတ္တေန သဒ္ဓိံ၊ ငယ်သော သားနှင့် အတူ။ ယသ္မိံ သောဗွေ ပကတိယာပိ၊ အကြင်ချောက်ကြား၌ ပင်ကိုယ်အားဖြင့်လည်း။ ဗာဠိသိကာ မစ္ဆေ ဂဏှန္တိ၊ ငါးမျှားချိတ်သမားတို့သည် ငါးတို့ကို ဖမ်းယူကုန်၏။ တတ္ထ ဂန္တွာ၊ ထိုချောက်ကြားသို့ သွား၍။ ဗဠိသံ ခိပိ၊ ငါးမျှားချိတ်ကို ပစ်ချပြီ။
ဗဠိသော ဥဒကပဋိစ္ဆန္န၊ ငါးမျှားချိတ်သည် ရေဖုံးလွှမ်းအပ်သော။ ဧကသ္မိံ ခါဏုကေ လဂ္ဂိ၊ တစ်ခုသော သစ်ငုတ်၌ ချိတ်မိနေပြီ။
ဗာဠိသိကော၊ တံငါးမျှားချိတ်သမားသည် ထိုငါးမျှားချိတ်ကို။ အာကမိတုံ အသက္ကောန္တော၊ ရအောင်ဆွဲငင်ခြင်းငှါ မစွမ်း နိုင်သော်။ “အဟံ ဗဠိသော မဟာမစ္ဆေ၊ ဤငါးမျှားချိတ်သည် ငါးကြီး၌။ လဂ္ဂေါ ဘဝိဿတိ၊ ချိတ်မိသည် ဖြစ်လိမ့်မည်။ ပုတ္တကံ မာတုသန္တိကံ၊ သားငယ်ကို မိခင်၏ထံသို့။ ပေသေတွာ၊ စေလွှတ်၍။ ပဋိဝိဿကေဟိ သဒ္ဓိံ၊ အိမ်နီးချင်းတို့နှင့် အတူ။ ကလဟံ ကာရာပေမိ၊ ရန်ဖြစ်ခြင်းကို ပြုစေအံ့။ ဧဝံ ဣတော ကောစိ၊ ဤသို့ ရန်ဖြစ်ထားသော် ဤငါးဖမ်း၍ ရသည်မှ မည်သူသည်မျှ။ ကောဋ္ဌာသံ၊ ဝေစုကို။ န ပစ္စာသီသိဿတီတိ၊ မမျှော်လတံ့”ဟု။ စိန္တေသိ၊ တွေးတောပြီ။
သော ပုတ္တံ၊ ထိုငါးမျှားချိတ်သမားသည် သားငယ်ကို။ “တာတ ဂစ္ဆ၊ အို. ချစ်သား သွားပါချေ။ အမှေဟိ မဟာမစ္ဆဿ၊ ငါတို့သည် ငါးကြီးကို။ လဒ္ဓဘာဝံ၊ ဖမ်းရ ကြောင်းကို။ မာတု အာစိက္ခာဟိ၊ မိခင်အား ပြောကြားပါချေ။ ပဋိဝိဿကေဟိ သဒ္ဓိံ၊ အိမ်နီးချင်းတို့နှင့်အတူ။ ကလဟံ ကရောဟိ ကိရာတိ၊ ရန်ဖြစ်ခြင်းကို ပြုထားပါလော့တဲ့ဟု။ ဝဒေဟီတိ အာဟ၊ သွားပြောချေ”ဟု ပြောပြီ။
သော ပုတ္တံ ပေသေတွာ၊ ထိုငါးမျှားချိတ်သမားသည် သားငယ်ကို စေလွှတ်ပြီး၍။ ဗဠိသံ အာကပိတုံ၊ ငါးမျှားချိတ်ကို ဆွဲငင်ခြင်းငှါ။ အသက္ကောန္တော၊ မစွမ်းနိုင်ရကား။ ရဇ္ဈစ္ဆေဒနဘယေန၊ ကြိုးပြတ်မည်ကို ကြောက်သောကြောင့်။ ဥတ္တရိသာဋကံ ထလေ ဌပေတွာ၊ အပေါ်ရုံအဝတ်ကို ကုန်းပေါ်၌ ထား၍။ ဥဒကံ ဩတရိတွာ၊ ရေထဲသို့ ဆင်းသက်၍။ မစ္ဆလောဘေန၊ ငါးရလိုသော လောဘဖြင့်။ မတ္တံ ဥပ ဓာရေန္တော၊ ငါးကို ရှာဖွေသော်။ ခါဏုကေဟိ ပဟရိတွာ၊ သစ်ငုတ်တို့ဖြင့် ခိုက်မိ၍။ ဒွေပိ အကွီနိ ဘိန္ဒိ၊ နှစ်ဘက်လည်းဖြစ်ကုန်သော မျက်စိတို့ကို ဖျက်ဆီးပြီ။
အဿ ထလေ ဌပိတသာဋကမ္ပိ၊ ထိုငါးမျှားချိတ်သမား၏ ကုန်းပေါ်၌ ထားအပ်သော အဝတ်ကိုလည်း။ စောရော ဟရိ၊ ခိုးသူသည် ဆောင်ယူသွားပြီ။
သော ဝေဒနာ ပ္ပတ္တော ဟုတွာ၊ ထိုငါးမျှားချိတ်သမားသည် ဆင်းရဲဝေဒနာသို့ ရောက်သည်ဖြစ်၍။ တ္ထေန အက္ခီနိ ဥပီဠယမာနော၊ လက်ဖြင့် မျက်စိတို့ကို ပိတ်လျက်။ ဂဟေတွာ ဥဒကာ ဥတ္တရိတွာ၊ ယူ၍ ရေမှ တက်၍။ ကမ္မမာနော၊ တုန်တုန်လှုပ်လှုပ်။ သာဋကံ ပရိယေသတိ၊ အဝတ်ကို ရှာ၏။
အဿ သာပိ ဘရိယာ၊ ထိုငါးမျှားချိတ်သမား၏ ထိုမယားသည်လည်း။ “ကလဟံ ကတွာ၊ ခိုက်ရန်မှုကို ပြု၍။ ကဿစိ၊ မည်သူ၏မျှ။ အပစ္စာသီသနဘာဝံ၊ မမျှော်လင့်ကြောင်းကို။ ကရိဿာမီတိ၊ ပြုမည်”ဟု တွေး၍။ ဧကသ္မိံယေဝ ကဏ္ဏေ၊ တစ်ဖက်သာဖြစ်သော နား၌။ တာလပဏ္ဏံ ပိဠန္ဓိ တွာ၊ ထန်းရွက်ကို ပန်ဆင်၍။ ဧကံ အက္ခိံ၊ တစ်ဖက်သော မျက်စိကို။ ဥက္ခလိမသိယာ အဉ္စေ တွာ၊ ခွန်စားဖိုမင်ဖြင့် မျက်ကွင်း ကွင်း၍။ ကုက္ကု ရံ အင်္ကေန အာဒါယ၊ ခွေးကို ရင်ခွင်ဖြင့် ပိုက်ယူ၍။ အဂမာသိ၊ အိမ်နီးချင်းအိမ်သို့ သွားပြီ။
အထ နံ၊ ထိုအခါ ပဋိပိဿကယရံ ထိုအမျိုးသမီးကို။ ဧကာ သဟာယိကာ၊ တစ်ယောက်သော သူငယ်ချင်းမသည်။ တေ ဧကသ္မိံ ကဏ္ဏေယေဝ၊ သင်၏ တစ်ဘက်သော နား၌သာ။ တာလပဏ္ဏ ပိန္တိတံ၊ ထန်းရွက်ကို ပန်ဆင်အပ်ပြီ။ ဧကံ အတ္ထိ အဉ္ဇိတံ၊ တစ်လုံးသော မျက်စိကိုသာ ဆေးကွင်းအပ်ပြီ။ ပိယပုတ္တံ ဝိယ ကုက္ကုရံ၊ ချစ်စွာသော သားကဲ့သို့ ခွေးကို။ အင်္ကေန အာဒါယ၊ ရင်ခွင်ဖြင့် ပိုက်ယူ၍။ ဃရတော ယရံ ဂစ္ဆသိ၊ တစ်အိမ်မှ တစ်အိမ်သို့ နင်သွားနေ၏။ ဥမ္မတ္တိကာ ဇာတာ၊ အရူးမသည် ဖြစ်သည်။ အသိ ကိန္တိ၊ ဖြစ်သလား”ဟု။ ဧဝံ အာဟ၊ ဤသို့ ပြောပြီ။
“အဟံ န ဥမ္မတ္တိကာ၊ ငါသည်ကား မရူးပါ။ တွံ ပန မံ၊ နင်သည်ကား ငါ့ကို။ အကာရဏေန၊ အကြောင်း မဲ့ဖြင့်။ အက္ကောသသိ ပရိဘာသသိ၊ ဆဲရေး၏ ခြိမ်းခြောက်၏။ ဣဒါနိ တံ၊ ယခုအခါ နင့်ကို။ ဂါမဘောဇကဿ၊ ရွာစား၏။ သန္တိကံ ဂန္တွာ၊ အထံသို့ သွား၍။ အဋ္ဌကဟာပဏေ၊ ရှစ်ကျပ်ကုန်သော အသပြာတို့ကို။ ဒဏ္ဍာပေဿာမီတိ၊ ဒဏ်ပေးစေအံ့”ဟု ပြော၍။ ဧဝံ ကလဟံ ကတွာ၊ ဤသို့ ငြင်းခုံမှုကို ပြုကြ၍။ ဥဘောပိ ဂါမဘောဇကဿ၊ အမျိုးသမီးနှစ်ဦးတို့သည်လည်း ရွာစား၏။ သန္တိကံ အဂမံသု၊ အထံသို့ သွားကြပြီ။
ကလဟေ ဝိသောဓိယမာနေ၊ ငြင်းခုံမှုကို သုတ်သင် စစ်ဆေးအပ်သော်။ တဿာယေဝ မတ္ထကေ၊ ထိုရန်စသူ အမျိုးသမီး၏သာ အပေါ်၌။ ဒဏ္ဍော ပတိ၊ ငွေဒဏ်သည် ကျရောက်ပြီ။
အထ နံ ဗန္ဓိ တွာ၊ ထိုအခါ ထိုရန်စသူအမျိုးသမီးကို ဖွဲ့ချည်၍။ ဒဏံ ဒေဟီတိ၊ ဒဏ်ငွေကို ပေးလော့ဟု ပြော၍။ ပေါထေတုံ အာရဘိံသု၊ ရိုက်ပုတ်ခြင်းငှာ အားထုတ်ကြပြီ။
ရုက္ခဒေဝတာ ဂါမေ၊ ဘုရားလောင်းရုက္ခစိုးနတ်သည် ရွာ၌။ တဿာ ဣမံ ပဝတ္တိ၊ ထိုရန်စသူအမျိုး သမီး၏ ဤအဖြစ်ကိုလည်းကောင်း။ အရည အဿာ၊ တောထဲ၌ ထိုရန်စသူအမျိုးသမီး၏။ ပတိနော ဟံ ဗျသနံ၊ လင်ယောက်ျား၏ ပျက်စီးမှုကိုလည်းကောင်း။ ဒိသွာ ခန္တရေ ဌိတာ၊ တွေ့မြင်ရ၍ ပင်စည် အကြား၌ ရပ်တည်လျက်။ “ဘော ပုရိသ တုယှံ၊ အို . ယောက်ျား အသင် ယောက်ျား၏။ ကမ္မန္တော၊ လုပ်ငန်းဟူသမျှသည်။ ဥဒကေပိ ထလေပိ ပဒုဋ္ဌော၊ ရေ၌လည်းကောင်း ကုန်း၌လည်းကောင်း ပျက်စီးပြီ။ ဥဘတော ဘဋ္ဌော၊ နှစ်မျိုးလုံးမှ လျှောကျပျက်စီးသည်။ ဇာတောတိ ဝတ္ထာ၊ ဖြစ်ပြီ”ဟု ပြော၍။
အက္ခီ ဘိန္နာ၊ မျက်စိနှစ်လုံးတို့သည် ပျက်ကုန်ပြီ။ ပဋော နဋ္ဌော၊ ပုဆိုးသည် ပျောက်သွားပြီ။ သခိဂေဟေစ၊ အိမ်ကအိမ်ရှင်မသည်လည်း။ ဘဏ္ဍနံ၊ ငြင်းခုံမှုကို (ကတံ= ပြုအပ်ပြီ)။
ဥဒကမှိ ထလမှိ စ၊ ရေထဲ၌လည်းကောင်း ကုန်ပေါ်၌လည်းကောင်း။ ကမ္မန္တာ၊ လုပ်ငန်းတို့သည်။ ဥဘတော ပဒုဋ္ဌာ၊ နှစ်နေရာလုံးတို့၌ ပျက်စီးကုန်ပြီ။
တတ္ထ၊ ထိုဂါထာ၌။ **သခိဂေဟေ စ ဘဏ္ဍနန္တိ**၊ သခိဂေဟေ စ ဘဏ္ဍနံဟူသော ပါဌ်၌။ သင်္ခ နာမ သဟာယိကာ၊ သင်္ခမည်သည် သူငယ်ချင်းမတည်း။ ဂေဟေ တဝ၊ အိမ်က သင်၏။ တဿာ ဘရိယာယ စ၊ ထိုမယားသည်လည်း။ ဘဏ္ဍနံ ကတံ၊ ငြင်းခုံမှုကို ပြုအပ်ပြီ။ ဘဏ္ဍနံ ကတွာ၊ ငြင်းခုံမှုကို ပြု၍။ ဗဇ္ဇိတွာ ပေါထေတွာ၊ တုတ်ချည်၍ ရိုက်နှက်၍။ ဒဏ္ဍ ဒါပိယတိ၊ ဒဏ်ငွေကို အပေးခိုင်းခံရ၏။
**ဥဘတော ပဒုဋ္ဌာ ကမ္မန္တာ** တိ၊ ဥဘတော ပဒုဋ္ဌာ ကမ္မန္တာ ဟူသည်။ ဧဝံ တဝ ဒီသုပိ ဌာနေသု၊ ဤသို့ သင်၏ နှစ်မျိုးလည်း ဖြစ်ကုန်သော ဌာနတို့၌။ ကမ္မန္တာ ပဒုဋ္ဌာယေဝ ဘိန္နာ ယေဝ၊ လုပ်ငန်းတို့သည် ပျက်စီးကုန်သည်သာတည်း။
ကတရေသု ဒွီ သု၊ ဘယ် နှစ်ဌာနတို့၌နည်း။
**ဥဒကမှိ စ ထလမှိ စ**၊ ရေထဲလည်းကောင်း ကုန်းပေါ်လည်း ကောင်း။ ဣတိ၊ ဤနှစ်ဌာနတို့၌တည်း။ အက္ခိဘေဒေနပဋနာသေန စ၊ မျက်စိ ပျက်ခြင်းဖြင့်လည်းကောင်း အဝတ်ပျောက်ခြင်းဖြင့်လည်း ကောင်း။ ဥဒကေ ကမ္မန္တာ ပဒုဋ္ဌာ၊ ရေထဲက လုပ်ငန်းတို့သည် ပျက်စီးကုန်ပြီ။ သခိဂေဟေ ဘဏ္ဍနေန၊ အိမ်က အိမ်ရှင်မ၏ ငြင်းခုံခြင်းဖြင့်။ ထလေ ကမ္မန္တာ ပဒုဋ္ဌာ၊ ကုန်းပေါ်က လုပ်ငန်းတို့သည် ပျက်စီးကုန်ပြီ။ ဣတိ၊ ဤကား ဂါထာဖွင့် အပြီးတည်း။
သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ၊ ဘုရားရှင်သည် ဤတရားဒေသနာ တော်ကို ဆောင်တော်မူ၍။ “တဒါ ဗာဠိသိကော၊ ထိုရှေးအခါက ငါးမျှားချိတ် သမားသည်။ ဒေဝဒတ္တော အဟောသိ၊ ဒေဝဒတ်သည် ဖြစ်လာပြီ။ ရုက္ခဒေဝတာ ပန၊ ရုက္ခစိုးနတ်သည်ကား။ အဟမေဝ အဟောသိန္တိ၊ ငါဘုရားသည်သာ ဖြစ်လာ ပြီ”ဟု။ ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
**ဥဘတောဘဋ္ဌဇာတကဝဏ္ဏနာ နဝမာ၊ ဥဘတောဘဋ္ဌဇာတ်အဖွင့် သည်နဝမတည်း။**