**မညေ သောဝဏ္ဏယော ရာသီ**တိ ဣဒံ၊ မညေ သောဝဏ္ဏယော ရာသိ စသော ဤတရားဒေသနာတော်ကို။
သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်။
သာရိပုတ္တတ္ထေရဿ သဒ္ဓိဝိဟာရိကံ၊ အရှင်သာရိပုတ္တရာထေရ်၏ ဥပဇ္ဈာယ်ယူ အတူနေတပည့်ကို။
အာရဗ္ဘ ကထေသိ၊ အကြောင်းပြု၍ ဟောတော်မူပြီ။
သော ဘိက္ခု သုဗ္ဗစော၊ ထိုရဟန်းသည် ပြောဆိုရကောင်းသည်။
ဝစနက္ခမော အဟောသိ ကိရ၊ အပြောခံနိုင်သည် ဖြစ်ပြီတဲ့။
ထေရဿ မဟန္တေန ဥဿာဟေန၊ အရှင်သာရိပုတ္တရာထေရ်အား ကြီးစွာသော အားထုတ်မှုဖြင့်။
ဥပကာရံ ကရောတိ၊ ကျေးဇူးကို ပြု၏။
အထ ဧကံ သမယံ၊ ထိုအခါ တစ်ပါးသော အခါ၌။
ထေရော သတ္ထာရံ အာပုစ္ဆိတွာ၊ အရှင်သာရိပုတ္တရာထေရ်သည် ဘုရားရှင်ကို ပန်ကြား၍။
စာရိကံ စရန္တော၊ ခရီးဒေသစာရီကို လှည့်လည်သော်။
ဒက္ခိဏာဂိရိဇနပဒံ အဂမာသိ၊ ဒက္ခိဏာဂိရိဇနပုဒ်သို့ သွားပြီ။
သော ဘိက္ခု တတ္ထ ဂတကာလေ၊ ထိုတပည့်ရဟန်းသည် ထိုဒက္ခိဏာဂိရိဇနပုဒ်သို့ ရောက်ရာကာလ၌။
မာနတ္ထဒ္ဓေါ ဟုတွာ၊ မာနထန်သည် ဖြစ်၍။
ထေရဿ ဝစနံ န ကရောတိ၊ အရှင်သာရိပုတ္တရာထေရ်၏ စကားကို မပြု မလိုက်နာ။
ပန အာဝုသော၊ အဟုတ်သော်ကား ငါ့ရှင်။
ဣဒံ နာမ ကရောဟီတိ ဝုတ္တေ၊ ဤမည်သော အမှုကို ပြုလော့ဟု ပြောအပ်သော်။
ထေရဿ ပဋိပက္ခော ဟောတိ၊ အရှင်သာရိပုတ္တရာထေရ်၏ ဆန့်ကျင်ဖက်သည် ဖြစ်၏။
ထေရော၊ အရှင်သာရိပုတ္တရာထေရ်သည်။
တဿ အာသယံ န ဇာနာတိ၊ ထိုအတူနေတပည့်၏ အလိုဆန္ဒကို မသိနိုင် ဖြစ်ရ၏။
သော တတ္ထ၊ ထိုအရှင်သာရိပုတ္တရာထေရ်သည် ထိုဒက္ခိဏာဂိရိဇနပုဒ်၌။
စာရိကံ စရိတွာ၊ ဒေသစာရီကို လှည့်လည်ပြီး၍။
ပုန ဇေတဝနံ အာဂတော၊ တစ်ဖန် ဇေတဝန်ကျောင်းတော်သို့ ပြန်လာပြီ။
ထေရဿ သော ဘိက္ခု၊ အရှင်သာရိပုတ္တရာထေရ်၏ ထိုအတူနေ တပည့်ရဟန်းသည်။
ဇေတဝနဝိဟာရံ အာဂတကာလတော ပဋ္ဌာယ၊ ဇေတဝန်ကျောင်းတော်သို့ ပြန်ရောက်ရာကာလမှ စ၍။
ပုန တာဒိသောဝ ဇာတော၊ တစ်ဖန် ထိုအပြောခံသူအလား, ရှုစားအပ်သူသည်ပင် ဖြစ်ပြန်ပြီ။
ထေရော တထာဂတဿ၊ အရှင်သာရိပုတ္တရာထေရ်သည် ဘုရားရှင်အား။
"ဘန္တေ မယှံ၊ ရှင်တော်ဘုရားတပည့်တော်၏။
ဧကော သဒ္ဓိဝိဟာရိကော၊ တစ်ပါးသော အတူနေတပည့်သည်။
ဧကသ္မိံ ဌာနေ၊ တစ်ခုသော နေရာ၌။
သတေန ကီတဒါသော ဝိယ ဟောတိ၊ ငွေတစ်ရာဖြင့် ဝယ်ယူအပ်သော ကျွန်ကဲ့သို့ ဖြစ်၏။
ဧကသ္မိံ ဌာနေ၊ တစ်ခုသောနေရာ၌။
မာနတ္ထဒ္ဓေါ ဟုတွာ၊ မာနထန်သည် ဖြစ်၍။
ဣဒံ နာမ ကရောဟီတိ ဝုတ္တေ၊ ဤမည်သော အမှုကို ပြုလော့ဟု ပြောအပ်သော်။
ပဋိပက္ခော ဟောတီတိ အာရောစေသိ၊ ပဋိပက္ခသည် ဖြစ်ပါ၏"ဟု လျှောက်ပြီ။
သတ္ထာ၊ ဘုရားရှင်သည်။
"သာရိပုတ္တ အယံ ဘိက္ခု၊ အို သာရိပုတ္တရာ ဤသင့်အတူနေ တပည့်ရဟန်းသည်။
ဣဒါနေဝ န ဧဝံသီလော၊ ယခုသာ ဤသို့အကျင့်သီလရှိသည် မဟုတ်သေး။
ပုဗ္ဗေပိ ဧသော၊ ရှေးကလည်း ဤသင့်အတူနေ တပည့်သည်။
ဧကံ ဌာနံ ဂတော၊ တစ်ခုသော နေရာသို့ ရောက်သော်။
သတေန ကီတဒါသော ဝိယ ဟောတိ၊ ငွေတစ်ရာဖြင့် ဝယ်ယူအပ်သော ကျွန်ကဲ့သို့ ဖြစ်၏။
ဧကံ ဌာနံ ဂတော၊ တစ်ခုသော နေရာသို့ ရောက်သော်။
ပဋိပက္ခော ပဋိသတ္တု ဟောတီတိ၊ ပဋိပက္ခသည် ရန်သူသည် ဖြစ်၏"ဟု။
ဝတွာ ထေရေန ယာစိတော၊ မိန့်တော်မူသော် အရှင်သာရိပုတ္တရာထေရ်သည် တောင်းပန်အပ်ရကား။
အတီတံ အာဟရိ၊ အတိတ်ကို ဆောင်တော်မူပြီ။
အတီတေ ဗာရာဏသိယံ၊ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၌။
ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ၊ ဗြဟ္မဒတ်မင်းသည် မင်းအဖြစ်ကို ပြုသော်။
ဗောဓိသတ္တော ဧကသ္မိံ ကုဋုမ္ဗိယကုလေ၊ ဘုရားလောင်းသည် တစ်ခုသော သူကြွယ်မျိုး၌။
ပဋိသန္ဓိံ ဂဏှိ၊ ပဋိသန္ဓေကို ယူပြီ။
တဿ သဟာယကော၊ ထိုဘုရားလောင်း၏ သူငယ်ချင်းဖြစ်သော။
ဧကော ကုဋုမ္ဗိကော သယံ မဟလ္လကော၊ တစ်ယောက်သော သူကြွယ်သည် ကိုယ်တိုင်ကား အသက်ကြီး၏။
အဿ ဘရိယာ ပန တရုဏီ၊ ထိုသူငယ်ချင်းသူကြွယ်၏ မယားကား အပျိုဖြစ်၏။
သာ တံ နိဿာယ၊ ထိုမယားသည် ထိုသူကြွယ်ကို မှီ၍။
ပုတ္တံ ပဋိလဘိ၊ သားကို ရပြီ။
သော၊ ထိုသူငယ်ချင်း သူကြွယ်သည်။
"အယံ ဣတ္ထီ တရုဏတ္တာ၊ ဤငါ့မိန်းမသည် ပျိုရွယ်သည့်အဖြစ်ကြောင့်။
မမ အစ္စယေန၊ ငါ၏ ကွယ်လွန်ခြင်းကြောင့်။
ကဉ္စိဒေဝ ပုရိသံ ဂဟေတွာ၊ တစ်စုံတစ်ယောက်သာလျှင်ဖြစ်သော ယောကျ်ားကို ယူ၍။
ဣမံ ဓနံ ဝိနာသေယျ၊ ဤငါ့ပစ္စည်းကို ဖျက်ဆီးရာ၏။
မေ ပုတ္တဿ န ဒဒေယျ၊ ငါ၏ သားအား မပေးတန်ရာ။
အဟံ ဣမံ ဓနံ၊ ငါသည် ဤငါ့ပစ္စည်းကို။
ပထဝိဂတံ၊ မြေ၌ထားသည်ကို။
ယန္နူန ကရေယျန္တိ စိန္တေသိ၊ ပြုရမူ ကောင်းလေစွ"ဟု ကြံ၍။
ဣတိ၊ ဤသို့ ကြံပြီး၍။
ဃရေ နန္ဒံ နာမ ဒါသံ ဂဟေတွာ၊ အိမ်က နန္ဒမည်သော ကျွန်ကို ခေါ်ယူ၍။
အရညံ ဂန္တွာ၊ တောသို့ သွား၍။
ဧကသ္မိံ ဌာနေ၊ တစ်ခုသော နေရာ၌။
တံ ဓနံ နိဒဟိတွာ၊ ထိုဥစ္စာကို မြှုပ်ထား၍။
တဿ အာစိက္ခိတွာ၊ ထိုနန္ဒကျွန်အား ပြောကြား၍။
"တာတ နန္ဒ ဣမံ ဓနံ၊ ချစ်သား နန္ဒ ဤငါ့ပစ္စည်းကို။
မမ အစ္စယေန၊ ငါ၏ ကွယ်လွန်ရာအခါ၌။
မယှံ ပုတ္တဿ အာစိက္ခေယျာသိ၊ ငါ၏သားအား ပြောကြားပါလေ။
နံ စ မာ ပရိစ္စဇသီတိ၊ ထိုငါ့သားလေးကိုလည်း မစွန့်ပါလင့်"ဟု။
ဩဝဒိတွာ ကာလံ အကာသိ၊ မှာကြားဆုံးမ၍ ကွယ်လွန်မှုကို ပြုပြီ။
အဿ ပုတ္တောပိ အနုက္ကမေန၊ ထိုကွယ်လွန်သောသူကြွယ်၏ သားသည်လည်း အစဉ်အားဖြင့်။
ဝယပ္ပတ္တော ဇာတော၊ အရွယ်ရောက်သည် ဖြစ်ပြီ။
အထ နံ မာတာ၊ အရွယ်ရောက်ရာ ထိုအခါ၌ ထိုသူကြွယ်သားကို မိခင်သည်။
"တာတ တဝ ပိတာ၊ အိုချစ်သား မင်း၏ အဖသည်။
နန္ဒံ ဒါသံ ဂဟေတွာ၊ နန္ဒမည်သော ကျွန်ကို ခေါ်ယူ၍။
ဓနံ နိဓေသိ၊ ပစ္စည်းကို မြှုပ်ထားပြီ။
တံ အာဟရာပေတွာ၊ ထိုမြှုပ်ထားသော ပစ္စည်းကို ဆောင်ယူခိုင်း၍။
ကုဋုမ္ဗံ သဏ္ဌပေဟီတိ အာဟ၊ ပစ္စည်းကို ကောင်းစွာ ထားလော့"ဟု ပြောပြီ။
သော ဧကဒိဝသံ နန္ဒံ၊ ထိုသူကြွယ်သားသည် တစ်နေ့၌ နန္ဒကျွန်ကို။
"မာတုလ မယှံ ပိတရာ၊ အိုဦးရီး ကျွန်တော်၏ ဖခင်သည်။
နိဒဟိတံ ကိဉ္စိ ဓနံ၊ မြှုပ်ထားအပ်သော တစ်စုံတစ်ခုသော ပစ္စည်းသည်။
အတ္ထိ ဣတိ အာဟ၊ ရှိပါသလော"ဟု မေးပြီ။
အာမ သာမီတိ၊ မှန်ပါ ရှိပါ၏ သခင်ဟု ဖြေပြီ။
ကုဟိံ တံ နိဒဟိတန္တိ၊ ဘယ်မှာ ထိုပစ္စည်းကို မြှုပ်ထားအပ်သနည်းဟု မေးပြီ။
အရညေ သာမီတိ၊ တော၌ပါ သခင်ဟု ဖြေပြီ။
တေန ဟိ ဂစ္ဆာမာတိ၊ ထိုသို့ဖြစ်လျှင် သွားကြစို့ဟု ပြော၍။
ကုဒ္ဒါလပိဋကံ အာဒါယ၊ ပေါက်တူး ခြင်းတောင်းကို ယူ၍။
နိဓိဋ္ဌာနံ ဂန္တွာ၊ ပစ္စည်းအိုးရှိရာနေရာသို့ သွား၍။
မာတုလ ဓနံ ကဟန္တိ အာဟ၊ အိုဦးရီးပစ္စည်းကား အဘယ်မှာနည်းဟု မေးပြီ။
နန္ဒော အာရုယှ၊ ကျွန်နန္ဒသည် တက်၍။
ဓနမတ္ထကေ ဌတွာ၊ ဥစ္စာထက်၌ တည်၍။
ဓနံ နိဿာယ၊ ဥစ္စာကို မှီ၍။
မာနံ ဥပ္ပါဒေတွာ၊ မာနကို ဖြစ်စေ၍။
"ဒါသိပုတ္တ အရေ စေဋက၊ ကျွန်မသားဖြစ်သော ဟယ် အစေခံလေး။
ဣမသ္မိံ ဌာနေ တေ ဓနံ၊ ဤနေရာ၌ မင်း၏ပစ္စည်းသည်။
ကုတောတိ၊ ဘယ်မှာရှိအံ့နည်း"ဟု။
ကုမာရံ အက္ကောသတိ၊ သူကြွယ်သားကို ဆဲ၏။
ကုမာရော တဿ ဖရုသဝစနံ၊ သူကြွယ်သားသည် ထိုကျွန်နန္ဒ၏ ရိုင်းပျသော စကားကို။
သုတွာ အသုဏန္တော ဝိယ၊ ကြားသော်လည်း မကြားသကဲ့သို့။
တေန ဟိ ဂစ္ဆာမာတိ၊ ထိုသို့ဖြစ်လျှင် ပြန်ကြစို့ဟု ပြော၍။
တံ ဂဟေတွာ ပဋိနိဝတ္တိတွာ၊ ထိုကျွန်နန္ဒကို ခေါ်ယူ၍ တစ်ဖန်ဆုတ်နစ်ခဲ့၍။
ပုန ဒွေတယော ဒိဝသေ၊ တစ်ဖန် နှစ်ရက် သုံးရက်တို့ကို။
အတိက္ကမိတွာ အဂမာသိ၊ ကျော်လွန်သော် ပစ္စည်းရှိရာ သွားပြန်ပြီ။
နန္ဒော တထေဝ အက္ကောသတိ၊ ကျွန်နန္ဒသည် ထိုရှေးအတူသာ ဆဲပြန်၏။
ကုမာရော တေန သဒ္ဓိံ၊ သူကြွယ်သားသည် ထိုကျွန်နန္ဒနှင့် အတူ။
ဖရုသဝစနံ အဝတွာဝ နိဝတ္တိတွာ၊ ရိုင်းပျသောစကားကို မပြောမူ၍သာ ပြန်လာ၍။
"အယံ ဒါသော ဣတော ပဋ္ဌာယ၊ ဤကျွန်နန္ဒသည် ဤအိမ်မှ စ၍ကား။
ဓနံ အာစိက္ခိဿာမီတိ ဂစ္ဆတိ၊ ပစ္စည်းကို ပြောမည်ဟု ပြော၍ သွား၏။
ဂန္တွာ ပန မံ အက္ကောသတိ၊ သွားပြီး၍ကား ငါ့ကို ဆဲ၏။
တတ္ထ ကာရဏံ န ဇာနာမိ၊ ထိုသို့ ပြုရာ၌ အကြောင်းကို ငါမသိ။
မေ ပိတု သဟာယော၊ ငါ၏ ဖခင်၏ သူငယ်ချင်းဖြစ်သော။
ကုဋုမ္ဗိကော အတ္ထိ ခေါ ပန၊ သူကြွယ်သည် ရှိသည်သာ။
တံ ပဋိပုစ္ဆိတွာ၊ ထိုသူကြွယ်ကို တစ်ဖန်မေး၍။
ဇာနိဿာမီတိ၊ သိရအံ့"ဟု ကြံ၍။
ဗောဓိသတ္တဿ သန္တိကံ ဂန္တွာ၊ ဘုရားလောင်း၏ အထံသို့သွား၍။
သဗ္ဗံ တံ ပဝတ္တိံ အာရောစေတွာ၊ အလုံးစုံသော ထိုအဖြစ်ကို ပြောကြား၍။
"တာတ ကာရဏံ၊ အို ဖခင် အကြောင်းကား။
ကိံ နု ခေါတိ ပုစ္ဆိ၊ အဘယ်ပါနည်း"ဟု မေးပြီ။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။
"တာတ ယသ္မိံ ဌာနေ ဌိတော၊ အို ချစ်သား အကြင်နေရာ၌ တည်နေလျက်။
တေ နန္ဒော အက္ကောသတိ၊ သင့်အား နန္ဒကျွန်သည် ဆဲရေး၏။
တေ ပိတု သန္တကံ၊ သင်၏ ဖခင်၏ ဥစ္စာဖြစ်သော။
ဓနံ တတ္ထေဝ၊ ပစ္စည်းသည်ကား ထိုနန္ဒကျွန်တည်ရှိ, ဆဲရေးရာအရပ်၌ပင်တည်း။
တသ္မာ ယဒါ၊ ထို့ကြောင့် အကြင်အခါ။
တေ နန္ဒော အက္ကောသတိ၊ သင့်အား ကျွန်နန္ဒသည် ဆဲ၏။
တဒါ နံ၊ ဆဲရာထိုအခါ၌ ထိုကျွန်နန္ဒကို။
ရေ ဒါသ ဧဟိ၊ ဟဲ့ကျွန် လာ။
ကိံ အက္ကောသသီတိ အာကဍ္ဎိတွာ၊ ဘာ့ကြောင့် ဆဲရသနည်းဟု ဆွဲငင်၍။
တံ ဌာနံ ဘိန္ဒိတွာ၊ ထိုကျွန်နန္ဒရပ်တည်ဆဲ ဌာနကို ဖောက်ခွဲ၍။
ကုလသန္တကံ ဓနံ နီဟရိတွာ၊ အမျိုးဥစ္စာဖြစ်သော ပစ္စည်းကို ထုတ်ယူ၍။
ဒါသံ ဥက္ခိပါပေတွာ၊ ကျွန်နန္ဒကို အမ,ခိုင်း၍။
ဓနံ အာဟရာတိ ဝတွာ၊ ပစ္စည်းကို ယူဆောင်လော့"ဟု ပြော၍။
ဣမံ ဂါထံ အာဟ၊ ဤဂါထာကို ရွတ်ဆိုပြီ။
ဂါထာအနက်ကား--
၃၉။ အာမဇာတော နန္ဒကော ဒါသော၊ ကိုယ်တိုင်ကျွန်ခံသူမှ ပေါက်ဖွားသော နန္ဒကမည်သော ကျွန်သည်။
ယတ္ထ ဌိတော၊ အကြင်နေရော၌ တည်နေလျက်။
ထုလ္လာနိ ဂဇ္ဇတိ၊ ရိုင်းပျသော စကားတို့ကို ကြုံးဝါးပြောဆို၏။
(တတ္ထေဝ၊ ကြုံးဝါးပြောဆိုရာ ထိုနေရာ၌ပင်)။
သောဝဏ္ဏယော ရာသိ၊ ရွှေ ငွေ စသော ရတနာ ဟူသော အစုအပုံသည်လည်းကောင်း။
သောဝဏ္ဏမာလာ စ၊ ရွှေပန်းကုံးသည်လည်းကောင်း။
(အတ္ထီတိ၊ ရှိ၏ဟု)။
မညေ၊ ငါထင်၏။
တတ္ထ၊ ထိုဂါထာ၌။
**မညေ**တိ၊ မညေ ဟူသည်ကား။
ဧဝံ အဟံ ဇာနာမိ၊ ဤသို့ ငါသည် သိရှိထင်မှတ်နေ၏တည်း။
**သောဝဏ္ဏယော**တိ၊ သောဝဏ္ဏယော ဟူသော ပုဒ်၌။
ဧတေသံ ဝဏ္ဏော သုန္ဒရော၊ ဤပစ္စည်းတို့၏ အဆင်းသည် ကောင်း၏။
ဣတိ သောဝဏ္ဏာနိ၊ ထို့ကြောင့် သောဝဏ္ဏမည်ကုန်၏။
ကာနိ တာနိ၊ ထိုသောဝဏ္ဏမည်ကုန်သော ပစ္စည်းတို့ကား အဘယ်တို့နည်း။
ရဇတမဏိကဉ္စနပဝါဠာဒီနိ ရတနာနိ၊ ငွေ ပတ္တမြား ရွှေ သန္တာ စကုန်သော ရတနာတို့တည်း။
ဟိ ဣမသ္မိံ ဌာနေ၊ မှန်၏ ဤနေရာ၌။
သဗ္ဗာနိ ဧတာနိ၊ အလုံးစုံကုန်သော ထိုရတနာတို့ကို။
သုဝဏ္ဏာနီတိ အဓိပ္ပေတာနိ၊ သုဝဏ္ဏတို့ဟဟူ၍ အလိုရှိအပ်ကုန်၏။
တေသံ ရာသိ၊ ထိုရတနာတို့၏ အစုသည်။
သောဝဏ္ဏယော ရာသိ၊ သောဝဏ္ဏယရာသိ မည်၏။
**သောဝဏ္ဏမာလာ စာ**တိ၊ သောဝဏ္ဏမာလာ စ ဟူသည်ကား။
တုယှံ ပိတုသန္တကာ သုဝဏ္ဏမာလာ စ၊ သင်၏ ဖခင် ဥစ္စာဖြစ်သော ရွှေပန်းကုံးသည်လည်း။
ဧတ္ထေဝါတိ မညာမိ၊ နန္ဒကျွန် ကြုံးဝါးသော ထိုနေရာ၌ပင်တည်းဟု ငါထင်မှတ် သိရှိ၏။
**နန္ဒကော ယတ္ထ ဒါသော**တိ၊ နန္ဒကော ယတ္ထ ဒါသော ဟူသည်ကား။
ယသ္မိံ ဌာနေ၊ အကြင်နေရာ၌။
နန္ဒကော ဒါသော ဌိတော၊ နန္ဒမည်သော ကျွန်သည် ရပ်တည်လျက်တည်း။
**အာမဇာတော**တိ၊ အာမဇာတော ဟူသည်ကား။
အဟံ ဝေါ၊ ကျွန်မသည် ရှင်တို့၏။
ဒါသီ အာမ ဣတိ၊ ကျွန်မသည် မှန်ပါ၏ဟု။
ဧဝံ ဒါသဗျံ ဥပဂတာယ၊ ဤသို့ ကျွန်မအဖြစ်သို့ ထပ်ရောက်သော။
အာမဒါသိ သင်္ခါတာယ ဒါသိယာ ပုတ္တော၊ အလိုလို ကျွန်ခံသူမ,ဟု ဆိုအပ်သော ကျွန်မ၏သားတည်း။
**ဌိတော ထုလ္လာနိ ဂဇ္ဇတီ**တိ၊ ဌိတော ထုလ္လာနိ ဂဇ္ဇတိ ဟူသည်ကား။
သော ယသ္မိံ ဌာနေ ဌိတော၊ ထိုကျွန်နန္ဒသည် အကြင်ဌာန၌ ရပ်တည်လျက်။
ထုလ္လာနိ ဖရုသဝစနာနိ ဝဒတိ၊ ရုန့်ရင်းကုန်သော စကားတို့ကို ရိုင်းပျကုန်သော စကားတို့ကို ပြောဆို၏။
တေ ကုလသန္တကံ ဓနံ၊ သင်၏ အမျိုးဥစ္စာဖြစ်သော ပစ္စည်းသည်။
တတ္ထေဝ၊ ထိုနန္ဒကျွန်ရိုင်းပျသောစကား ပြောကြားရာဌာန၌ပင်တည်း။
ဧဝံ အဟံ၊ ဤကဲ့သို့ ငါသည်။
တံ မညာမိ၊ ထိုပစ္စည်းကို ထင်မြင်၏။
ဣတိ ဗောဓိသတ္တော၊ ဤကဲ့သို့ ဘုရားလောင်းသည်။
ကုမာရဿ ဓနဂ္ဂဟဏူပါယံ အာစိက္ခိ၊ သူငယ်ချင်းသားကလေးအား ပစ္စည်းယူဖို့ နည်းလမ်းကို ပြောကြားပြီ။
ကုမာရော ဗောဓိသတ္တံ ဝန္ဒိတွာ၊ ဘုရားလောင်းသူငယ်ချင်းသားကလေးသည် ဘုရားလောင်းကို ရှိခိုး၍။
ဃရံ ဂန္တွာ၊ အိမ်သို့ သွား၍။
နန္ဒံ အာဒါယ၊ နန္ဒကျွန်ကို ခေါ်ယူ၍။
နိဓိဋ္ဌာနံ ဂန္တွာ၊ ဥစ္စာမြှုပ်ရာ ဌာနသို့ သွား၍။
ယထာနုသိဋ္ဌံ ပဋိပဇ္ဇိတွာ၊ ဘုရားလောင်းသင်ပြအပ်သည် အားလျော်စွာ ကျင့်သုံး၍။
ဓနံ အာဟရိတွာ၊ မြှုပ်ထားသော ပစ္စည်းကို ဆောင်ယူ၍။
ကုဋုမ္ဗံ သဏ္ဌပေတွာ၊ ဥစ္စာကို ကောင်းစွာ တည်စေ၍။
ဗောဓိသတ္တဿ ဩဝါဒေ ဌိတော၊ ဘုရားလောင်း၏ ဩဝါဒ၌ တည်လျက်။
ဒါနာဒီနိ ပုညာနိ ကတွာ၊ ဒါနအစရှိကုန်သော ကောင်းမှုတို့ကို ပြု၍။
ဇီဝိတပရိယောသာနေ ယထာကမ္မံ ဂတော၊ အသက်အဆုံး၌ ကံအားလျော်စွာ လားပြီ။
သတ္ထာ၊ ဘုရားရှင်သည်။
"ပုဗ္ဗေပိ ဧသော၊ ရှေးကလည်း ဤရဟန်းသည်။
ဧဝံသီလောယေဝါတိ ဝတွာ၊ ဤသို့သော သဘောရှိသည်သာ"ဟု မိန့်တော်မူ၍။
ဓမ္မဒေသနံ အာဟရိတွာ၊ တရားဒေသနာကို ဆောင်တော်မူ၍။
အနုသန္ဓိံ ဃဋေတွာ၊ အနုသန္ဓေကို စပ်တော်မူ၍။
"တဒါ နန္ဒော၊ ထိုအခါက နန္ဒကျွန်သည်။
သာရိပုတ္တဿ သဒ္ဓိဝိဟာရိကော အဟောသိ၊ သာရိပုတ္တရာ၏ အတူနေတပည့်သည် ဖြစ်လာပြီ။
ပဏ္ဍိတကုဋုမ္ဗိကော ပန၊ ပညာရှိသူကြွယ်သည်ကား။
အဟမေဝ အဟောသိန္တိ၊ ငါဘုရားသည်သာ ဖြစ်လာပြီ"ဟု။
ဇာတကံ သမောဓာနေသိ၊ ဇာတ်ကို ပေါင်းတော်မူပြီ။
**နန္ဒဇာတကဝဏ္ဏနာ နဝမာ**၊ **ကိုးခုမြောက် ဖြစ်သော နန္ဒဇာတ်အဖွင့်တည်း။**